Part 15


(Zawgyi)


ေဆာင္း တစ္ေယာက္မွိုင္ေနတာကို
ေသာ္တာခ်ိဳတစ္ေယာက္ခမ်ာ ၾကည့္ေန၍မရေတာ့ေပ
ေမးရေတာ့မည္


"ေဆာင္း ဘာျဖစ္ေနတာတုန္း "


"ကိုကို႔ကို လြမ္းလို႔ "


" ျပန္လာမွာေပါ့ဟယ္ နင္ကလည္း"


"ညကလည္း ဖုန္းဆက္တာမကိုင္ဘူး"


"မအားလို႔ေနမွာေပါ့"


ကိုကို႔ဆီကို ညကဖုန္းဆက္တာမရေပ
ဖုန္းေတာ့မကိုင္ေပမယ့္ message
ေတာ့ ျပန္ပို႔သည္။


'အဘိုးတို႔နဲ႕ စကားေျပာေနလို႔
မနက္မွဖုန္းျပန္ဆက္လိုက္မယ္'


အခုမနက္.ေက်ာင္းမသြားခင္မွာလည္း ကိုကို႔ဆီက ဖုန္းမလာေပ
မ်က္လုံးအိမ္မွာ မ်က္ရည္ေတြေဝ့သီလာသည္...
တစ္ေန႕ေလာက္ ေဝးသြားတာနဲ႕ ကိုကိုက ငယ့္ကိုေတာင္ ဂ႐ုမစိုက္နိုင္ေတာ့ဘူးေပါ့...ငယ္ ကိုကို႔ကို ခ်စ္မိတာမမွား ေလာက္ပါဘူးေနာ္...
မ်က္ရည္ေတြက စီးက်လာျပန္သည္
ကိုကိုနဲ႕ ပတ္သက္ရင္အေသးအမႊား ကိစၥေလးေတြေတာင္ ေဆာင္း မခံနိုင္
ကိုကို႔ကို အဆုံးစြန္ထိ ႐ူးမိုက္ေနမိတာ
ကိုကိုက ေဆာင္းေပၚကို ခ်စ္ေပးေနတဲ့ အခ်စ္ေတြကို သံသယမဝင္သင့္ေပမယ့္ တစ္ခါတစ္ေလက် ကိုကိုသာေဆာင္းကို တကယ္မခ်စ္ခဲ့ရင္ .....
ဆိုတဲ့ စိတ္ပ်က္စရာ အေတြးေတြက ဝင္ ဝင္လာတတ္သည္။
ေဆာင္း ကိုကိုနဲ႕ပတ္သက္လာရင္ ႏုလြန္းတဲ့ ႏွလုံးသားက ပိုႏုလာကာ
လုံဝကို အထိအခိုက္မခံနိုင္ေပ။
သူတစ္ေယာက္တည္းကိုပဲ ပထမဆုံးခ်စ္ဖူးခဲ့သူမို႔ သူ႕ေၾကာင့္အခ်စ္ကို နားလည္လာရသူမို႔ အရမ္းကိုတြယ္တာလြန္းမိသည္...။


X x x x x x x x x x x x x x x X


ငယ္ နဲ႕ျပႆနာတက္ၿပီး ခရီးထြက္လာရေတာ့ သြန္းစိတ္ထဲတြင္ အဆင္ေျပလွေပ
အဘိုးရဲ႕ ေမြးေန႕မို႔သာပဲ မတတ္သာလို႔
သြားရတာ
ငယ္ စိတ္ဆိုးေရာေျပေနၿပီလား


ရန္ကုန္က အဘိုးအိမ္ကိုေရာက္တာနဲ႕
အဘိုးနဲ႕ စကားေတြေျပာေနလိုက္တာ
ညနက္ေတာ့သည္
အဘိုးလည္း သူ႕ေျမးေလးကို လြမ္းေနရွာမွာေပါ့ အဘိုးနဲ႕သာ စကားေျပာေနရတာ စိတ္ေတြက ငယ့္ဆီမွာပင္
ငယ္ကို ဟိုေန႕ညေနက ကိစၥကို ေသခ်ာေမးကာ ရွင္းရဦးမည္....
အဘိုးနဲ႕စကားေျပာၿပီးေတာ့ အခ်ိန္က
ညဥ့္နက္ေနၿပီျဖစ္၍ ငယ္လည္း အိပ္ေနေလာက္ၿပီ သြန္းလည္း ဖုန္းဆက္ခ်င္ေပမယ့္ ဆက္လို႔အဆင္မေျပေတာ့ေပ။


မနက္ေရာက္ေတာ့လည္း ဖုန္းဆက္ဖို႔ေဝး ငယ့္အေၾကာင္းေတာင္ စဥ္းစားခ်ိန္မရေပ.....
.
ဟင္း....
သက္ျပင္းသာ တြင္တြင္ခ်ကာ အိပ္ရာေပၚလွဲရင္း တစ္ေန႕လုံး ပင္ပန္းသမွ်ကို အနားယူကာ အိပ္စက္ျခင္းသို႔.......


နားထဲကို က်ယ္ေလာင္တဲ့ ဖုန္းသံကဝင္လာသျဖင့္ အိပ္မက္ကမၻာလွလွေလးမွ အလန့္တၾကား ထြက္လာရကာ အိပ္စက္ျခင္းမွ နိုးလာခဲ့ရသည္.....


"ငယ္..."


"ကိုကို အိပ္ေနတာလား"


"နိုးေနပါၿပီ"


"လြမ္းတယ္..."


"မနက္ျပန္လာမယ္"


"လြမ္းတယ္ "


"ခ်စ္တယ္...."


တဖက္မွရယ္သံေလးကို ၾကားလိုက္ရသည္


"ငယ္..ဟိုညေနက..."


"အဲ့ဒါ ငယ့္သူငယ္ခ်င္းပါ ငယ္ငယ္တုန္းကတည္းက ခင္တဲ့သူငယ္ခ်င္း
အခု ၉တန္းက်မွ ျပန္ေတြ႕တာ..."


"ဟုတ္လား...ဒါေပမယ့္ကြာ အဲ့ေလာက္ႀကီးထိ နီးနီးကပ္ကပ္မေနနဲ႕ကြာ..ကို မႀကိဳက္ဘူး"


"ငယ္ ေရွာင္ပါ့မယ္ "


"ခ်စ္တယ္ေနာ္ ငယ္"


"ငယ္ေရာပဲ..."


"အခုဘယ္မွာလဲ"


"အိမ္မွာ..... "


"ကိုကိုေရမခ်ိဳးရေသးဘူးမလား
ေရသြားခ်ိဳးေတာ့..."


"ဟုတ္ကဲ့ပါ... ငယ္ ကိုကို႔ကိုပဲ ခ်စ္တယ္မလား"


"ခ်စ္ပါတယ္ လို႔..."


"ေရသြားခ်ိဳးၿပီေနာ္"


"အင္း..အင္း.."


ကိုကိုနဲ႕ ဖုန္းေျပာၿပီး ေဆာင္း အခန္းတံခါးကို လာေခါက္သည္


"ငယ္ေလးေရ.... ထမင္းစားရေအာင္"


"ဟုတ္... "


အခန္းထဲမွထြက္ကာ ထမင္းစားခန္းထဲကို ဝင္ကာ မာမီႏွင့္အတူ ထမင္းစားလိုက္သည္....
အရင္တုန္းကေတာ့ သားအမိႏွစ္ေယာက္ စကားေတြေျပာေလ့ရွိေပမယ့္ ဒီေန႕ေတာ့ စကားတစ္ခြန္းမွ မေျပာျဖစ္ေပ....


ထမင္းစားၿပီးသြား၍ အိမ္ေပၚကို တက္မယ္ျပဳေနစဥ္


"ေဆာင္းႏွင္းစက္!!!"


"အင္း...ဒယ္ဒီ"


"နင္ ဘယ္လိုလုပ္ရပ္ကို လုပ္တာလဲ
ဟမ္...ငါမ်က္ႏွာကိုမွမေထာက္ နင္..
နင္ ေတာ္ေတာ္သတၱိေတြေကာင္း ေနတယ္ေပါ့ "


"ဒယ္ဒီက သမီးအေၾကာင္းကို စိတ္ဝင္စားေနတာလား ဟုတ္လား
အံ့ၾသစရာပဲ"


"ေတာက္...နင္..."


ေဒါသေတြျဖင့္ စကားတင္သာမက လက္ပါ႐ြယ္လာသည္


"ကိုမင္းလူ... ရွင္ က်မ သမီးကို လက္ပါဖို႔မလိုဘူး "


"နင့္သမီးက ငါ့ကို အရွက္ခြဲေနတာ
မိန္းမတန္မဲ့ ေယာက္်ားေတြနဲ႕ ရန္ျဖစ္ရတယ္လို႔"


"ရွင္နဲ႕ ဘာဆိုင္လို႔လဲ က်မ သမီးမွန္တယ္ ရွင္ ဘာမွမသိပဲ ေျပာမေနနဲ႕
ရွင္ဘာသာ ရွင္ကိစၥရွင္လုပ္စမ္းပါ
အလုပ္ေတြပဲ လုပ္ေနစမ္းပါ
သမီးက ရွင့္သမီးမဟုတ္ဘူးဆို...ရွင္ဂ႐ုစိုက္မေနပါနဲ႕... "


"အမ်ားအသိမွာ သူကငါ့သမီးပဲ"


"ဒယ္ဒီသြားပါေတာ့......
ဒယ္ဒီ့ရဲ႕ သိကၡာေတြကိုခ်ေနတဲ့ သမီးရဲ႕ မ်က္ႏွာကို ေနာက္ထပ္လာလည္း မၾကည့္နဲ႕ ဒယ္ဒီ့ကိုလည္း မျမင္ခ်င္ေတာ့ဘူး...အမ်ားလူေတြသိေအာင္လည္း ေၾကျငာလိုက္ ဒယ္ဒီ့သမီးက က်မမဟုတ္ပါဘူးလို႔ "


ေျပာစရာရွိတာ အကုန္ေျပာၿပီး
အိမ္ေပၚထပ္ကို တက္သြားလိုက္ေတာ့တယ္
အခန္းထဲကိုဝင္ကာ ကုတင္ေပၚမွာ ထိုင္လ်က္ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေတြကို ျပန္ေတြးၾကည့္မိတယ္....


ေန႕လယ္က ေက်ာင္းမွာ ထမင္းစားဆင္းခ်ိန္ ေသာ္နဲ႕အတူ မုန့္ေစ်းတန္းကို သြားကာ ျပန္အလာ အေပၚထပ္ကို တက္မယ့္ေလွကားရင္းမွာ ေယာက္်ားေလးေတြ ငါးေယာက္ေလာက္ရပ္ေနၾကသည္


"ေဟ့ ေဆာင္းေလး...ကိုကိုတို႔ကို လွည့္ၾကည့္ဦးေလ "


ေဆာင္း တုံ႕ခနဲရပ္လိုက္တယ္
ေသာ္ကေတာ့ ေဆာင္းလက္ကိုဆြဲကာ
ေခၚေနေပမယ့္ ေဆာင္းရပ္ၿမဲသာရပ္မိသည္....


"ေဟ့..ေနမ်ိဳးေအာင္ မင္းအခ်စ္ေလးက ရပ္ေနၿပီကြ စကားသြားေျပာေလကြာ.."


"ေနာက္ဘက္ကၾကည့္ေတာ့မွ အေတာ္လွတယ္ေနာ္ ရွိသင့္သေလာက္ေတာ့ မရွိေပမယ့္..."


"ေဟ့ေကာင္ေတြ ဘာစကားေျပာတာလဲ"


ဘယ္ကေရာက္လာမွန္း မသိတဲ့ ထက္မႉးအိမ္က ဝင္ေျပာေလသည္...


"မင္းက ဘာလဲ သူက မင္းေစာ္မို႔လို႔လား သူက ငါ့....အားးးး"


" ဟာ....!!! "


အကုန္လုံးရဲ႕အာေမဋိတ္အသံေတြနဲ႕အတူ ေနမ်ိဳးေအာင္ဆိုတဲ့ ေကာင္ရဲ႕ ေအာ္သံက်ယ္ကိုလည္း ပီပီျပင္ျပင္ႀကီး ၾကားလိုက္ရသည္....
ေလွကားေဘးနားက အုတ္အကာေပၚမွာ ရွိတဲ့ စတီးတုတ္တစ္ေခ်ာင္းနဲ႕
ေနမ်ိဳးေအာင္ဆိုတဲ့ေကာင္ရဲ႕ ေခါင္းကိုအားျပင္းျပင္းျဖင့္ ရိုက္လိုက္သည္....


ဆရာမေတြလည္း ေဆာင္းတို႔ဆီေရာက္လာကာ အကုန္လုံးကို နားေနခန္းထဲသို႔ ေခၚသြားကာ စစ္ေမးေတာ့သည္....
ေဆာင္းနဲ႕ ဟိုေကာင္ေတြေတာ့ မိဘေတြေခၚကာ ခံဝန္လက္မွတ္ထိုးလိုက္ရသည္ ။
ေနမ်ိဳးေအာင္ဆိုတဲ့ ေကာင္ကေတာ့
ေဆာင္း.လက္ဆေၾကာင့္ ေျခာက္ခ်က္ခ်ဳပ္လိုက္ရသည္ ။


ကိုကိုနဲ႕ ပတ္သက္ၿပီး အလိုမက်မႈေတြျဖစ္ေနတဲ့စိတ္ ေယာက်္ားေတြရဲ႕ ပိုင္စိုးပိုင္နင္း ေျပာေနတဲ့ စကားသံေတြက ေဆာင္းေဒါသေတြကို အဆုံးစြန္ထိေရာက္ေအာင္ တြန္းပို႔ေန၍ ဒီလိုကိစၥမ်ိဳးကို ေဆာင္းက်ဴးလြန္မိျခင္းျဖစ္သည္..။


ကိုကိုသိရင္ေတာ့ ေဆာင္းကို ဆူဦးမလားမသိဘူး...


နာရီကိုၾကည့္လိုက္ေတာ့ ၁၁နာရီထိုးေတာ့မည္ အခ်ိန္ေတြကုန္တာျမန္လိုက္တာ ဖုန္းကိုလွမ္းယူလိုက္ကာ
ကိုကို႔ထံ ဖုန္းေခၚလိုက္သည္...


"ဟယ္လို..."


အသံက ကိုကို႔အသံမဟုတ္သျဖင့္
ေဆာင္းနည္းနည္းေတာ့ေၾကာင္သြားသည္...


"ဟယ္လို...ဘယ္သူလဲမသိဘူး"


"အာ..မမသြန္းေရာ "


"ေမာင္က အိပ္ေနတယ္...
ဘယ္သူလဲမသိဘူး"


ေဆာင္း ဖုန္းေတာင္လက္က လြတ္က်သြားသည္
ေမာင္ တဲ့လား အိပ္ခန္းထဲထိေတာင္ ေရာက္ေနတဲ့ ပုံစံမ်ိဳးႀကီးမလား
ကိုကို....ငယ့္ကို ဘယ္လိုသေဘာထားေနတာလဲ


ဒယ္ဒီေၾကာင့္ေရာ ကိုကို႔ေၾကာင့္ေရာ
ေဆာင္းေတာ့ ဒီည မ်က္ရည္ေတြျဖင့္
အိပ္စက္ျခင္းကို လြတ္ရေတာ့မယ္...


ခင္ဗ်ားေၾကာင့္
မ်က္ရည္ေတြနဲ႕
လွဲေလ်ာင္းခဲ့ရတဲ့
ညေတြမ်ားၿပီရယ္......



▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫


အမွားေတြပါရင္ ေတာင္းပန္ပါတယ္ 🙏🙏🙏


A.kan❣



✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴



(Unicode)


ဆောင်း တစ်ယောက်မှိုင်နေတာကို
သော်တာချိုတစ်ယောက်ခမျာ ကြည့်နေ၍မရတော့ပေ
မေးရတော့မည်


"ဆောင်း ဘာဖြစ်နေတာတုန်း "


"ကိုကို့ကို လွမ်းလို့ "


" ပြန်လာမှာပေါ့ဟယ် နင်ကလည်း"


"ညကလည်း ဖုန်းဆက်တာမကိုင်ဘူး"


"မအားလို့နေမှာပေါ့"


ကိုကို့ဆီကို ညကဖုန်းဆက်တာမရပေ
ဖုန်းတော့မကိုင်ပေမယ့် message
တော့ ပြန်ပို့သည်။


'အဘိုးတို့နဲ့ စကားပြောနေလို့
မနက်မှဖုန်းပြန်ဆက်လိုက်မယ်'


အခုမနက်.ကျောင်းမသွားခင်မှာလည်း ကိုကို့ဆီက ဖုန်းမလာပေ
မျက်လုံးအိမ်မှာ မျက်ရည်တွေဝေ့သီလာသည်...
တစ်နေ့လောက် ဝေးသွားတာနဲ့ ကိုကိုက ငယ့်ကိုတောင် ဂရုမစိုက်နိုင်တော့ဘူးပေါ့...ငယ် ကိုကို့ကို ချစ်မိတာမမှား လောက်ပါဘူးနော်...
မျက်ရည်တွေက စီးကျလာပြန်သည်
ကိုကိုနဲ့ ပတ်သက်ရင်အသေးအမွှား ကိစ္စလေးတွေတောင် ဆောင်း မခံနိုင်
ကိုကို့ကို အဆုံးစွန်ထိ ရူးမိုက်နေမိတာ
ကိုကိုက ဆောင်းပေါ်ကို ချစ်ပေးနေတဲ့ အချစ်တွေကို သံသယမဝင်သင့်ပေမယ့် တစ်ခါတစ်လေကျ ကိုကိုသာဆောင်းကို တကယ်မချစ်ခဲ့ရင် .....
ဆိုတဲ့ စိတ်ပျက်စရာ အတွေးတွေက ဝင် ဝင်လာတတ်သည်။
ဆောင်း ကိုကိုနဲ့ပတ်သက်လာရင် နုလွန်းတဲ့ နှလုံးသားက ပိုနုလာကာ
လုံဝကို အထိအခိုက်မခံနိုင်ပေ။
သူတစ်ယောက်တည်းကိုပဲ ပထမဆုံးချစ်ဖူးခဲ့သူမို့ သူ့​ကြောင့်အချစ်ကို နားလည်လာရသူမို့ အရမ်းကိုတွယ်တာလွန်းမိသည်...။


X x x x x x x x x x x x x x x X


ငယ် နဲ့ပြဿနာတက်ပြီး ခရီးထွက်လာရတော့ သွန်းစိတ်ထဲတွင် အဆင်ပြေလှပေ
အဘိုးရဲ့ မွေးနေ့မို့သာပဲ မတတ်သာလို့
သွားရတာ
ငယ် စိတ်ဆိုးရောပြေနေပြီလား


ရန်ကုန်က အဘိုးအိမ်ကိုရောက်တာနဲ့
အဘိုးနဲ့ စကားတွေပြောနေလိုက်တာ
ညနက်တော့သည်
အဘိုးလည်း သူ့မြေးလေးကို လွမ်းနေရှာမှာပေါ့ အဘိုးနဲ့သာ စကားပြောနေရတာ စိတ်တွေက ငယ့်ဆီမှာပင်
ငယ်ကို ဟိုနေ့ညနေက ကိစ္စကို သေချာမေးကာ ရှင်းရဦးမည်....
အဘိုးနဲ့စကားပြောပြီး​တော့ အချိန်က
ညဥ့်နက်နေပြီဖြစ်၍ ငယ်လည်း အိပ်နေလောက်ပြီ သွန်းလည်း ဖုန်းဆက်ချင်ပေမယ့် ဆက်လို့အဆင်မပြေတော့ပေ။


မနက်ရောက်တော့လည်း ဖုန်းဆက်ဖို့ဝေး ငယ့်အကြောင်းတောင် စဥ်းစားချိန်မရပေ.....
.
ဟင်း....
သက်ပြင်းသာ တွင်တွင်ချကာ အိပ်ရာပေါ်လှဲရင်း တစ်နေ့လုံး ပင်ပန်းသမျှကို အနားယူကာ အိပ်စက်ခြင်းသို့.......


နားထဲကို ကျယ်လောင်တဲ့ ဖုန်းသံကဝင်လာသဖြင့် အိပ်မက်ကမ္ဘာလှလှလေးမှ အလန့်တကြား ထွက်လာရကာ အိပ်စက်ခြင်းမှ နိုးလာခဲ့ရသည်.....


"ငယ်..."


"ကိုကို အိပ်နေတာလား"


"နိုးနေပါပြီ"


"လွမ်းတယ်..."


"မနက်ပြန်လာမယ်"


"လွမ်းတယ် "


"ချစ်တယ်...."


တဖက်မှရယ်သံလေးကို ကြားလိုက်ရသည်


"ငယ်..ဟိုညနေက..."


"အဲ့ဒါ ငယ့်သူငယ်ချင်းပါ ငယ်ငယ်တုန်းကတည်းက ခင်တဲ့သူငယ်ချင်း
အခု ၉တန်းကျမှ ပြန်တွေ့တာ..."


"ဟုတ်လား...ဒါပေမယ့်ကွာ အဲ့လောက်ကြီးထိ နီးနီးကပ်ကပ်မနေနဲ့ကွာ..ကို မကြိုက်ဘူး"


"ငယ် ​ရှောင်ပါ့မယ် "


"ချစ်တယ်နော် ငယ်"


"ငယ်ရောပဲ..."


"အခုဘယ်မှာလဲ"


"အိမ်မှာ..... "


"ကိုကိုရေမချိုးရသေးဘူးမလား
ရေသွားချိုးတော့..."


"ဟုတ်ကဲ့ပါ... ငယ် ကိုကို့ကိုပဲ ချစ်တယ်မလား"


"ချစ်ပါတယ် လို့..."


"ရေသွားချိုးပြီနော်"


"အင်း..အင်း.."


ကိုကိုနဲ့ ဖုန်းပြောပြီး ဆောင်း အခန်းတံခါးကို လာခေါက်သည်


"ငယ်လေးရေ.... ထမင်းစားရအောင်"


"ဟုတ်... "


အခန်းထဲမှထွက်ကာ ထမင်းစားခန်းထဲကို ဝင်ကာ မာမီနှင့်အတူ ထမင်းစားလိုက်သည်....
အရင်တုန်းကတော့ သားအမိနှစ်ယောက် စကားတွေပြောလေ့ရှိပေမယ့် ဒီနေ့တော့ စကားတစ်ခွန်းမှ မပြောဖြစ်ပေ....


ထမင်းစားပြီးသွား၍ အိမ်ပေါ်ကို တက်မယ်ပြုနေစဥ်


"ဆောင်းနှင်းစက်!!!"


"အင်း...ဒယ်ဒီ"


"နင် ဘယ်လိုလုပ်ရပ်ကို လုပ်တာလဲ
ဟမ်...ငါမျက်နှာကိုမှမထောက် နင်..
နင်​ တော်​တော်သတ္တိတွေကောင်း နေတယ်ပေါ့ "


"ဒယ်ဒီက သမီးအ​ကြောင်းကို စိတ်ဝင်စားနေတာလား ဟုတ်လား
အံ့သြစရာပဲ"


"တောက်...နင်..."


ဒေါသတွေဖြင့် စကားတင်သာမက လက်ပါရွယ်လာသည်


"ကိုမင်းလူ... ရှင် ကျမ သမီးကို လက်ပါဖို့မလိုဘူး "


"နင့်သမီးက ငါ့ကို အရှက်ခွဲနေတာ
မိန်းမတန်မဲ့ ယောက်ျားတွေနဲ့ ရန်ဖြစ်ရတယ်လို့"


"ရှင်နဲ့ ဘာဆိုင်လို့လဲ ကျမ သမီးမှန်တယ် ရှင် ဘာမှမသိပဲ ပြောမနေနဲ့
ရှင်ဘာသာ ရှင်ကိစ္စရှင်လုပ်စမ်းပါ
အလုပ်တွေပဲ လုပ်နေစမ်းပါ
သမီးက ရှင့်သမီးမဟုတ်ဘူးဆို...ရှင်ဂရုစိုက်မနေပါနဲ့... "


"အများအသိမှာ သူကငါ့သမီးပဲ"


"ဒယ်ဒီသွားပါတော့......
ဒယ်ဒီ့ရဲ့ သိက္ခာတွေကိုချနေတဲ့ သမီးရဲ့ မျက်နှာကို နောက်ထပ်လာလည်း မကြည့်နဲ့ ဒယ်ဒီ့ကိုလည်း မမြင်ချင်တော့ဘူး...အများလူတွေသိအောင်လည်း ကြေငြာလိုက် ဒယ်ဒီ့သမီးက ကျမမဟုတ်ပါဘူးလို့ "


ပြောစရာရှိတာ အကုန်ပြောပြီး
အိမ်ပေါ်ထပ်ကို တက်သွားလိုက်တော့တယ်
အခန်းထဲကိုဝင်ကာ ကုတင်ပေါ်မှာ ထိုင်လျက် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတယ်....


နေ့လယ်က ကျောင်းမှာ ထမင်းစားဆင်းချိန် သော်နဲ့အတူ မုန့်စျေးတန်းကို သွားကာ ပြန်အလာ အပေါ်ထပ်ကို တက်မယ့်လှေကားရင်းမှာ ယောက်ျားလေးတွေ ငါးယောက်လောက်ရပ်နေကြသည်


"ဟေ့ ဆောင်းလေး...ကိုကိုတို့ကို လှည့်ကြည့်ဦးလေ "


ဆောင်း တုံ့ခနဲရပ်လိုက်တယ်
သော်ကတော့ ဆောင်းလက်ကိုဆွဲကာ
ခေါ်နေပေမယ့် ဆောင်းရပ်မြဲသာရပ်မိသည်....


"ဟေ့..နေမျိုးအောင် မင်းအချစ်လေးက ရပ်နေပြီကွ စကားသွားပြောလေကွာ.."


"နောက်ဘက်ကကြည့်တော့မှ အတော်လှတယ်နော် ရှိသင့်သလောက်တော့ မရှိပေမယ့်..."


"ဟေ့ကောင်တွေ ဘာစကားပြောတာလဲ"


ဘယ်ကရောက်လာမှန်း မသိတဲ့ ထက်မှူးအိမ်က ဝင်ပြောလေသည်...


"မင်းက ဘာလဲ သူက မင်းစော်မို့လို့လား သူက ငါ့....အားးးး"


" ဟာ....!!! "


အကုန်လုံးရဲ့အာမေဋိတ်အသံတွေနဲ့အတူ နေမျိုးအောင်ဆိုတဲ့ ကောင်ရဲ့ အော်သံကျယ်ကိုလည်း ပီပီပြင်ပြင်ကြီး ကြားလိုက်ရသည်....
​လှေကားဘေးနားက အုတ်အကာပေါ်မှာ ရှိတဲ့ စတီးတုတ်တစ်ချောင်းနဲ့
နေမျိုးအောင်ဆိုတဲ့ကောင်ရဲ့ ခေါင်းကိုအားပြင်းပြင်းဖြင့် ရိုက်လိုက်သည်....


ဆရာမတွေလည်း ဆောင်းတို့ဆီရောက်လာကာ အကုန်လုံးကို နားနေခန်းထဲသို့ ခေါ်သွားကာ စစ်မေးတော့သည်....
ဆောင်းနဲ့ ဟိုကောင်တွေတော့ မိဘတွေခေါ်ကာ ခံဝန်လက်မှတ်ထိုးလိုက်ရသည် ။
နေမျိုးအောင်ဆိုတဲ့ ကောင်ကတော့
ဆောင်း.လက်ဆကြောင့် ခြောက်ချက်ချုပ်လိုက်ရသည် ။


ကိုကိုနဲ့ ပတ်သက်ပြီး အလိုမကျမှုတွေဖြစ်နေတဲ့စိတ် ယောကျ်ားတွေရဲ့ ပိုင်စိုးပိုင်နင်း ပြောနေတဲ့ စကားသံတွေက ဆောင်းဒေါသတွေကို အဆုံးစွန်ထိရောက်အောင် တွန်းပို့နေ၍ ဒီလိုကိစ္စမျိုးကို ဆောင်းကျူးလွန်မိခြင်းဖြစ်သည်..။


ကိုကိုသိရင်တော့ ဆောင်းကို ဆူဦးမလားမသိဘူး...


နာရီကိုကြည့်လိုက်တော့ ၁၁နာရီထိုးတော့မည် အချိန်တွေကုန်တာမြန်လိုက်တာ ဖုန်းကိုလှမ်းယူလိုက်ကာ
ကိုကို့ထံ ဖုန်းခေါ်လိုက်သည်...


"ဟယ်လို..."


အသံက ကိုကို့အသံမဟုတ်သဖြင့်
ဆောင်းနည်းနည်းတော့ကြောင်သွားသည်...


"ဟယ်လို...ဘယ်သူလဲမသိဘူး"


"အာ..မမသွန်းရော "


"မောင်က အိပ်နေတယ်...
ဘယ်သူလဲမသိဘူး"


ဆောင်း ဖုန်းတောင်လက်က လွတ်ကျသွားသည်
မောင် တဲ့လား အိပ်ခန်းထဲထိတောင် ရောက်နေတဲ့ ပုံစံမျိုးကြီးမလား
ကိုကို....ငယ့်ကို ဘယ်လိုသဘောထားနေတာလဲ


ဒယ်ဒီကြောင့်ရော ကိုကို့​ကြောင့်ရော
ဆောင်းတော့ ဒီည မျက်ရည်တွေဖြင့်
အိပ်စက်ခြင်းကို လွတ်ရတော့မယ်...


ခင်ဗျားကြောင့်
မျက်ရည်တွေနဲ့
လှဲလျောင်းခဲ့ရတဲ့
ညတွေများပြီရယ်......




▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫◾▫


အမှားတွေပါရင် တောင်းပန်ပါတယ် 🙏🏻🙏🏻🙏🏻


A.kan❣

Comment