I Lost My Love ep9

Zawgyi


               အချစ်သည်သာ အေးမြရာ








အာ့.....








ချစ် ချစ်တယ်....










ထိုအချိန်မှာပဲ....




ဘာ!!!!!!!!
ဘယ်လို!!!!
ဟင်!!!!!
ဟာ!!!!
ရှစ်စွမ်း!!!!×2
























ရှစ်စွမ်း...










❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️


Author- Huan Xiao Wang
 
Uni


 အချစ်သည်သာ အေးမြရာ


ဝမ်ရိပေါ်သတိမေ့ပြီး သွေးတွေအန်တာ အကြိမ်ပေါင်းမရေတွက်နိုင်တော့ဘူး နှုတ်ခမ်းတွေကဖြူလျော့နေပြီး ယွီပင်းလဲချွေးဇောတွေသာပြန်နေသည် ရှောင်ကျနိ့မှာလဲ ဝမ်ရိပေါ်၏လက်ကိုကိုင်ကာ ရှစ်စွမ်းဟုသာ တစ်ကျော်ကျော်ခေါ်နေသည်မို့ ယင်းဟွမ်ဟွမ်နဲ့ ကျင်းလင်မှာပြောရမယ့်စကားလုံးတွေကို ပြန်မြိုသိပ်ကာ မျက်နှာမသာမယာနဲ့သာနေနေရသည်.... ကျန်းချန်နဲ့ လန်ရှီးချန်မှာတော့ ပြောခန်းမရှိစွာပဲ မျက်နှာမသာမယာဖြစ်ယုံတင်မကပါပဲ စိုးရိမ်မှုတွေကအထင်းသားနဲ့ ပိရောင်ကတော့ ဆေးကျမ်းတွေသာအထပ်ထပ်အခါခါလှန်နေသည်......သူတို့တွေစိုးရိမ်နေသလောက် ဝမ်ရိပေါ်မှာတော့..


ပန်းပေါင်းစုံတွေပွင့်လန်းပြီး မြူနှင်းတွေနဲ့ ယုန်တွေ ရှဉ့်တွေပြေးလွှားနေတဲ့နေရာတစ်ခု တောတောင်တွေကသာယာတယ် ရေကန်အကျယ်ကြီးရှိတယ် ရေကန်ရဲ့အပေါ်မှာ ရေတံခွန်သေးသေးလေးရှိတယ် ရေတွေကကန်ထဲမှာလည်ပတ်ပြီးစီးဆင်းနေလို့ လိုင်းလုံးသေးသေးလေးတွေ ကြည်စိမ့်နေတဲ့ရေတွေရဲ့အောက်မှာ ကျောက်စရစ်ခဲရောင်စုံရှိတယ်တဲ့ ကျောက်ခဲလေးတွေက အဖြူ အနီ အဝါ အပြာနဲ့ရောင်စုံလှတယ် ပုံသဏ္ဍာန်အမျိမျိုးနဲ့မို့ ကြည်လက်နေတဲ့ရေတွေပေါ်မှာတောင် အရောင်လာဟပ်တယ်....ရောင်စုံငါးလေးတွေကပြေးလွှားပြီး ရောင်စုံကျောက်တုံးတွေပေါ်မှာ ရေညှိလေးတွေရှိတယ်..စိမ်းဖန့်ဖန့်ရေညှိပင်လေးတွေက ရောင်စုံကျောက်တုံးတွေပေါ်မှာဖြစ်လို့ အရမ်းလှပတဲ့မြင်ကွင်းတစ်ခု


ငါဘယ်နေရာရောက်နေတာလဲ....တော်တော်လှတယ်...အားကျန့်ကိုနောက်ဆိုခေါ်လာရမယ်...ဒါမယ့်ငါ့ခန္ဓာကိုယ်ကဘာလို့အရမ်းအားနည်းနေတာလဲ...


အာ့.....
ထိုစဉ်ဝမ်ရိပေါ်ရဲ့ခေါင်းထဲမှာစူးကနဲနာကျင်မှုနဲ့အတူ သူအိပ်ယာပေါ်မှာလဲနေတဲ့အချိန်ကိုပြန်သတိရမိတော့...မျက်ရည်တွေကအသွင်သွင်စီးဆင်းလို့နေလေရဲ့ ပြီးနောက်


ငါ....ငါသေသွားပြီလား မဖြစ်နိုင်တာ မိုးကြိုးဆူးကြိမ်လုံးဒဏ်လောက်နဲ့ ငါ့မသေနိုင်ပါဘူး....


ထိုစဉ်......မြူကြားထဲမှထွက်လာသောလူတစ်ယောက် သူနဲ့မတူညီစွာဝတ်စားထားပြီး ဆံပင်ကခပ်တိုတိုနဲ့လူရဲ့မျက်နှာက သူနဲ့တူညီတယ်.....ထို့နောက်


ဝမ်ရိပေါ် ငါကမင်းရဲ့ခန္ဓာကိုယ်ထဲမှာပိတ်လှောင်ထားတဲ့ဝိညာဉ်တစ်ခုပဲ....မင်းရှောင်ကျန့်ကိုတကယ်ချစ်လား.....


ချစ် ချစ်တယ်....


ဟက်....အာ့ဆိုငါ့ရဲ့ရှင်သန်ခွင့်ကိုမင်းကိုပေးမယ် သူနဲ့ပျော်ရွှင်စွာနေပါ....မင်းငါ့ကိုသိမယ်ထင်ပါတယ်..


သိတယ် ထူးဆန်းတဲ့လူကြီး.....မင်းကြောင့်ငါနေတဲ့နေရာက ဖန်တီးထားတာဆိုတာသိခဲ့ရတာ..ဒါမယ့်ငါအဲ့လိုနေရာကိုသံယောဇဉ်တွယ်မိတယ်.....


အင်းမင်းသံယောဇဉ်တွယ်တဲ့နေရာကိုငါပြန်ပို့ပေးမယ် ဒါမယ့်မင်းရဲ့အခွင့်အရေးကဒီတစ်ကြိမ်ထဲ ပြီးတော့ငါနဲ့လဲလှယ်မှုတစ်ခုလုပ်ရမယ်


ငါသာပြန်သွားရမယ်ဆိုရင် ဘာဖြစ်ဖြစ်သဘောတူတယ်..


ထိုအချိန်မှာပဲ....


ဦးလေးယွီ ရှစ်စွမ်း ရှစ်စွမ်းအသက်မရှူတော့ဘူး.....


ဘာ!!!!!!!!
ဘယ်လို!!!!
ဟင်!!!!!
ဟာ!!!!
ရှစ်စွမ်း!!!!×2


ကိုယ်စီ ကိုယ်စီအာမေဋိတ်သံများထွက်ပြီးတဲ့နောက်မှာတော့
ယွီပင်းတစ်ယောက်....သွေးခုန်နှုန်းစမ်းကြည့်တဲ့အခါမှာတော့
သွေးခုန်နှုန်းဟာ ပကတိငြိမ်သက်ပြီး လက်တွေခြေတွေမှာလဲအေးစပြုလာလေပြီ တစ်ကိုယ်လုံးအေးသွားတဲ့အချိန်....အငွေ့အဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်....ယွီပင်းတစ်ယောက်မျက်ရည်များစီးကျပြီး အသံကတုန်ယင်စွာဖြင့်.....


ဆရာတူအကိုဝမ် အသက်မရှိတော့ဘူး....


ရှောင်ကျန့်တစ်ယောက်အရုပ်ကြိုးပြတ်ထိုင်ချကာ....မဖြစ် မဖြစ်နိုင်ဘူး.........


ရှီးချန်.ဖြစ်သွားပြီရှောင်ကျန့်.....ဖြစ်သွားခဲ့ပြီ


ကျန်းချန်.အား!!!!!!ငါစောက်သုံးမကျလို့ ငါသာအချိန်မှီကယ်တင်နိုင်ခဲ့ရင် ငါသာသူ့ကိုရှောင်ကျန့်အကြောင်းမပြောပြခဲ့ရင် အရာအားလုံးအဆင်ပြေနေမှာ


ပိရောင်.ကျန်းချန် နင့်အမှားမဟုတ်ဘူး ငါ့အမှား ငါသာ ငါသာဆေးကျမ်းတွေထဲမှာ ဆေးနည်းတွေကိုမြန်မြန်ရှာတွေ့ခဲ့ရင် သူအဲ့လိုမဖြစ်ဘူး


ယွီပင်း.ဆရာတူအကိုနဲ့အမတို့အမှားမဟုတ်ပါဘူး ကျတော့်အမှားပါ....ကျတော်ပညာမပြည့်ဝလို့ ဆရာတူအကိုဒီလိုဖြစ်ရတာ......


ယင်းဟွမ်ဟွမ်နဲ့ကျင်းလင်မှာတော့ သူတို့ရှစ်စွမ်းနားထိုင်ကာ တစ်အိအိဖြင့်ငိုနေလေတော့သည်........
ရှောင်ကျန့်တစ်ယောက်မှာ ကျောက်ရုပ်ကဲ့သို့ငြိမ်သက်နေဆဲရာက သူ့ရှစ်စွမ်းကိုဖက်ကာ...


ရှစ်စွမ်း....ကျတော်မလိုချင်ဘူး ရှစ်စွမ်းမရှိတဲ့ဘဝကြီးကို ရှစ်စွမ်းမရှိဘဲကျတော်ဘယ်လိုနေရမှာလဲ....ရှစ်စွမ်း ရှစ်စွမ်း!!!!!


ထိုစဉ်ရင်ခွင်ထဲမှလူသားက အသံတိုးလျစွာဖြင့်...


အားကျန့်...ရှစ်စွမ်းပြန်လာပြီလေ...


ရှစ်စွမ်း...


ကျန်တဲ့လူများမှာလဲ....ကြောင်အစွာနေလေရဲ့...


ရှစ်စွမ်း ကျတော်ကစိတ်ပူနေခဲ့တာ...ရှစ်စွမ်းထားမသွားရဘူးနော်ကျတော့်ကို...


အင်းစိတ်ချ....ရှစ်စွမ်းရဲ့အားကျန့်ကိုထားမသွားဘူး...


*ရှစ်စွမ်းသိလား အချစ်သည်သာအေးမြရာတဲ့ ရှစ်စွမ်းကကျတော့်အချစ်မို့ ရှစ်စွမ်းသည်သာကျတော့်ရဲ့အေးချမ်းရာ အေးမြရာမို့ ကျတော့်ရဲ့အေးချမ်းရာလေးကို ကျတော်ကအပူတွေထပ်မပေးပါဘူးရှစ်စွမ်း*


*အားကျန့်....အကျန့်ကမီးဆိုရင် ရှစ်စွမ်းကအားကျန့်အတွက်ရေပဲ ပူလောင်နေတဲ့အားကျန့်ဘဝကို ဝမ်ရိပေါ်ဆိုတဲ့ အားကျန့်ရှစ်စွမ်းကရေဖြစ်ပြီးအေးချမ်းအောင်ဆောင်ရွက်ပေးမှာလေ*
❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️
အဟမ်း ဆေးရုံရောက်နေလို့ စာမတင်ဖြစ်တာပါရှင် ရှင်လေးတို့လဲနေနိုင်တယ် ကျမကိုUpdateတောင်လာမတောင်းဘူး upဆိုပြီးလေးတောင်မမန့်ကြဘူး နေနိုင်သောရှင်လေးတို့ကို ကျမစိတ်ဆိုးတယ် အဲ့တော့ ရှင်လေးတို့ကိုအပြသ်ပေးတဲ့အနေနဲ့ ဒဏ္ဍာရီတွင် တွင်စေခဲ့သောကိုupပေးမယ်....အယ်ဒါနဲ့ ဒါဒါတစ်ယောက်တောင်းထားတဲ့ ကျတော့်ရဲ့ဒေါက်တာရှပ်ပြာလေးကိုအရင်ရေးပေးမယ်နော် မွေးနေ့လက်ဆောင်ပေးမယ်ဆိုတဲ့ ဒါဒါလေးက ၁လပိုင်းမှဆိုတော့စောင့်ပေးပါအုံးရှင့် ဟွမ့်ရဲ့မူပိုင်ficနှစ်ပုဒ်ကိုခနနားပြီး zhanyi ficဖြစ်တဲ့
ကျတော့်ရဲ့ဒေါက်တာရှပ်ပြာလေးကိုအရင်စတင်ပါမယ်ရှင့် ပြီးတော့ဟွမိ့ရဲ့သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်ရေးပေးရအုံးမှာပါရှင့် ဘယ်လိုပုံစံလာမယ်တော့မသိပါဘူးရှင့် ဒါမယ့်အဲ့ficလေးတွေနဲ့ပြန်လာပါအုံးမယ်.......


Author- Huan Xiao Wang

Comment