I lost My Love ep11

Zawgyi

       
အားက်န္႔မရွိေတာ့ဘူး

ဓားဝိညာဥ္ထြက္ေပၚလာျခင္းဟာ လူတိုင္းအတြက္အံ့ၾသစရာတစ္ခု ဓားဝိညာဥ္ဆိုသည္မွာ ေတာင္အရွင္တိုင္းရလွသည္မဟုတ္ အလြန္ထူးျခားေသာ သန္႔စင္တဲ့ဝိညာဥ္ပိုင္ဆိုင္မွသာ ဓားဝိညာဥ္အားပိုင္ဆိုင္ရသည္....အခုဝမ္ရိေပၚရဲ႕ဓားဟာ ဝိညာဥ္ရလာၿပီမို႔ အကုန္လံုးဟာ အံ့ၾသေနေလရဲ႕.....

ထိုအခ်ိန္မွာပဲ ေတာင္သခင္ေတြဟာ စိုးရိမ္တႀကီးနဲ႔ တပည့္ေတြဟာ မဟူရာေခ်ာင္နက္ပြင့္လာတာေၾကာင့္ ျပႆနာတက္လာနိုင္တယ္.....

ထိုအခ်ိန္

အမဲလိုက္ကြင္းထဲမွ မီးရွဴးပန္းမ်ားဟာ ေနရာဆက္တိုက္ဆိုသလိုေပၚထြက္လာေလရဲ႕......

ေတာင္သခင္ေတြဟာ ဓားဝိညာဥ္ေပၚထြက္လာတာကိုေတာင္ ဂရုမစိုက္နိုင္ သူတို႔တပည့္ေတြအတြက္သာ စိတ္ပူမႈေတြ ႀကီးထြားေနသည္မို႔.....

ဝူမင္းရန္မွစကာ အျခားေတာင္သထင္ေတြဟာ ၿပိဳင္ပြဲထဲဝင္သြားၿပီးတပည့္ေတြကို ကာကြယ္ရန္ေနရာအနွံ႔အျပားအားသြားခဲ့ၾကတယ္...ဝမ္ရိေပၚမွာေတာ့ မဟူရာေခ်ာက္နက္ရွိရာသို႔...
ထိုအခ်ိန္ ေရွာင္က်န္႔မွာ အိပ္မက္မိစၧာနဲ႔ေတြ႕ၿပီး...စည္းပြင့္သြားခဲ့တယ္...
ထိုအခ်ိန္မွာပဲ....ေဘးနားကလူေတြအားလံုးဟာ ေသသြားခဲ့တယ္..ဝမ္ရိေပၚရဲ႕ဓားဟာလဲ ေရွာင္က်န္႔ေဘနားက အိပ္မက္မိစၧာကိုသာ တိုက္ခိုက္ေနခဲ့တယ္....
မဟူရာေခ်ာက္နက္ကိုေရာက္တာနဲ႔ ဝမ္ရိေပၚတစ္ေယာက္ ပီခ်န္ကိုျပန္သိမိးကာ.....
၂ေယာက္မ်က္နွာခ်င္းဆိုင္ၿပီးစိတ္ထဲကပဲဆက္သြယ္မိသည္ သူတိုာ၂ေယာက္ေျပာတဲ့စကားအား မည္သူမ်ွၾကားနိုင္မည္မဟုတ္....

အိပ္မက္မိစၧာ....ခင္ဗ်ား

ဝမ္ရိေပၚ....မင္း

မေမ်ွာ္လင့္တဲ့သူက မေမ်ွာ္လင့္တဲ့ေနရာမွာျပန္ေတြ႕တတ္ရတာပဲ ဟက္...ေလာကႀကီးကဆန္းၾကယ္လွခ်ည္လား...

ဝမ္ရိေပၚ အမွန္တိုင္းေျပာရရင္ လြန္ခဲ့တဲ့နွစ္ေတြကကိစၥအတြက္ ငါေနာင္တမရခဲ့ဘူး အခု ငါသခင္ေလးကို ျပန္ေခၚသြားရမယ္ ဒီနွစ္ေတြအတြင္း သခင္ေလးကိုေစာင့္ေရွာက္တဲ့အတြက္ေက်ဇူးတင္ပါတယ္....

မလိုဘူး....

အခုသခင္ေလးက ျပနိလာခ်ိန္တန္ၿပီ...ကူညီေပးဖို႔ေတာင္းပန္ပါတယ္ သခင္ေလးမွာအမုန္းတရားမရွိဘူး...မင္းပဲသူ႔ကိုျဖဴစင္ေအာင္ပ်ိဳးေထာင္ခဲ့လို႔ မင္းပဲ သူ႔ကိုအေရာင္ျပန္ဆိုးေပးပါ...

ကံၾကမၼာကလြန္ဆန္မရေတာ့ဘူးလား....

ကံၾကမၼာဆိုတာ ဘယ္အခ်ိန္မွာမ်ား လြန္ဆန္နိုင္လို႔လဲ....

က်ဳပ္လုပ္ေပးမယ္ ဒါမယ့္ခင္ဗ်ားတို႔ကတိတစ္ခုေပးပါ....

ေျပာပါ ေတာင္သခင္...

အားက်န္႔ကို ခင္ဗ်ားတို႔ပ်ိဳးေထာင္တဲ့ေနရာမွာ လူသတ္သမားလံုးလံုးမျဖစ္ပါေစနဲ႔.....ၿပီးေတာ့ မလြန္ဆန္နိုင္လို႔ လူသတ္သမားျဖစ္တဲ့အခါ စာနာစိတ္ရွိေအာင္ျပဳစုေပးပါ.....သူဘယ္အခ်ိန္ေရာက္ေရာက္ က်ဳပ္ကိုသတိမရပါေစနဲ႔.....

ေကာင္းပါၿပီ

မ်က္နွာခ်င္းဆိူင္ၿပီး ၾကည့္ေနတဲ့ ၂ေယာက္ၾကား ေရွာင္က်န္႔နားမလည္နိုင္ပါ.....

ရုတ္တရက္ ပီခ်န္ကဓားအိမ္ထဲမွထြက္လာကာ ေရွာင္က်န္႔ရဲ႕နွလံုးအိမ္တည့္တည့္ထိုးစိုက္ၿပီး....ဝမ္ရိေပၚမွာ အသူရာေခ်ာက္နက္ထဲ ေရွာင္က်န္႔အားတြန္းခ်ခဲ့ေတာ့သည္...ေရွာင္က်န္႔ရဲ႕ဓား ေဆြျပန္႔ဟာလဲ အစိတ္စိတ္အမႊမႊာ ထိုအခ်္န္အိပ္မက္မိစၦာက ဝမ္ရိေပၚကိုတိုက္ခိုက္ၿပီး ဒဏ္ရာရေအာင္လုပ္ေပးခဲ့တယ္.....

ဝမ္ရိေပၚလဲ ကမ္းပါးမွာ ထိုင္ၿပီး ဓားအစအနေတြေကာက္ကာ ငိုေနခ်ိန္ အားလံုးေရာက္လာၾကၿပီး ဘယ္လိုျဖစ္ၾကလဲေမးတဲ့အခါမွေတာ့ ဝမ္ရိေပၚဟာ ေမ့လဲသြားခဲ့တဟ္

သူသတိျပန္ရလာေတာ့ ေတာင္အေနာက္ဘက္မွာ...ေရွာင္က်န္႔ရဲ႕ဓားကိုေျမျမႇုပ္ေပးၿပီး  ၇ရက္တိတိ ေျမပံုနားကမခြာပဲေနခဲ့တယ္...အသက္ေကာင္းေကာင္းရွင္မယ္ဆိုတာဝမ္ရိေပၚသိေပမယ့္....သူ႔အနားမွာအားက်န္႔မရွိဘူးဆိုတဲ့ခံစားခ်က္ဟာ သူ႔ရဲ႕နွလံုးသားစုတ္ျပတ္သြားဖို႔လံုေလာက္တယိ....

အခ်ိန္ေတြသာတေ႐ြ႕ေ႐ြ႕ကုန္ဆံုးေနေပမယ့္ ဝမ္ရိေပၚအခန္းထဲက ေရွာင္က်န္႔ဆိုတဲ့ေခၚသံကေတာ့ တစ္ေန႔ကို၄ေခါက္ေလာက္ၾကားရစၿမဲ....

ယင္းဟြမ္ဟြမ္မွာ သူ႔ဆရာကို အႀကိမ္ႀကိမ္ေျဖာင္းဖ်ခဲ့ေပမယ့္ မေျပာင္းလဲပဲရွိေနခဲ့တယ္....

နွစ္ေတြ လေတြ ရက္ေတြေျပာင္းလဲခဲ့ၿပီး အားက်န္႔မရွိတာ ၃နွစ္ေတာင္ရွိသြားခဲ့ၿပီပဲ အခ်ိန္ေတြဟာ အကုန္ျမန္လိုက္တာ.....
ထိုအခ်ိန္ဝမ္ရိေပၚေရာက္ေနတာက ေရွာင္က်န္႔ဆိုတဲ့ ေက်ာက္တိုင္စိုက္ထားတဲ့ ေျမပံုေလးမွာ မိုးရာသီဝင္စျဖစ္လို႔ ေကာင္းကင္တစ္ခုလံုးအုံ႕ဆိုင္းမႈိင္းျပေနေပမယ့္...ဝမ္ရိေပၚတစ္ေယာက္ ထိုေနရာေလးမွာရပ္ၿပီး အေဖာ္လုပ္ေပးေနဆဲ....

အားက်န္႔ မင္းငယ္ငယ္က မိုးခ်ိန္းရင္ မင္းေၾကာက္တတ္တယ္သိလား အာ့ေၾကာင့္ရွစ္စြမ္းက ဒီေန႔အားက်န္႔ကိုအေဖာ္လုပ္ေပးမယ္....အားက်နိ႔မွတ္မိလား ဒီေန႔အားက်န္႔မရွိေတာ့တာ ၃နွစ္ေျမာက္ေန႔ ၃နွစ္ေျမာက္က်မွ မိုးေတြကအံု႔ဆိုင္းေနရတယ္လို႔

ထိုစကားလံုးမ်ားေျပာၿပီးတဲ့အခ်ိန္ေနာပ္ပိုင္း ေလထုဟာတိတ္ဆိတ္ၿပီး မိုးၿခိမ္းသံ သစ္႐ြက္တိုက္ခတ္သံေတြသာ ဆူညံေနခဲ့တယ္ မၾကာခင္အခ်ိန္မွာပဲ မိုးျပင္းေလျပင္းေတြက်ေရာက္လာခဲ့ေတာ့တယ္......အဲ့အခ်ိန္ထိ သူထိုေျမပံုေလးနားကမခြာေသး ထိုင္ခ်လိုက္တာ ေျမပံုေလးကိုအသက္မဲ့စြာစိုက္ၾကည့္ေနမိေတာ့သည္.....

ေကာင္းကင္ေပၚမ်က္နွာမူၿပီး

*မိုးနတ္မင္းႀကီးရယ္ မိုး႐ြာခ်ၿပီး က်ဳပ္ရဲ႕ ပါးျပင္ေပၚကမ်က္ရည္ေတြနဲ႔ နွလံုးသားကို မိုးေရနဲ႔အတူ ယူေဆာင္သြားေပးပါ*
❤️💚❤️💚❤️💚❤️💚❤️💚❤️
ဒီေန႔တစ္ေန႔တည္း Fic၂ပုဒ္လံုးကိုဆက္လိုက္နိုင္တယ္....ဝမ္းသာမိပါတယ္ ေပၚေတာ္မူျပန္ေရာက္လာၿပီ စိတ္မပ်က္ဘဲအခုထိပါးေပးေနတဲ့ဒါဒါေလးေတြ Aini
စာဖတ္ပရိတ္သတ္မ်ားအားအစဥ္ေလးစားလ်က္
Author- Huang Xiao Wang

Uni

အားကျန့်မရှိတော့ဘူး

ဓားဝိညာဉ်ထွက်ပေါ်လာခြင်းဟာ လူတိုင်းအတွက်အံ့သြစရာတစ်ခု ဓားဝိညာဉ်ဆိုသည်မှာ တောင်အရှင်တိုင်းရလှသည်မဟုတ် အလွန်ထူးခြားသော သန့်စင်တဲ့ဝိညာဉ်ပိုင်ဆိုင်မှသာ ဓားဝိညာဉ်အားပိုင်ဆိုင်ရသည်....အခုဝမ်ရိပေါ်ရဲ့ဓားဟာ ဝိညာဉ်ရလာပြီမို့ အကုန်လုံးဟာ အံ့သြနေလေရဲ့.....

ထိုအချိန်မှာပဲ တောင်သခင်တွေဟာ စိုးရိမ်တကြီးနဲ့ တပည့်တွေဟာ မဟူရာချောင်နက်ပွင့်လာတာကြောင့် ပြဿနာတက်လာနိုင်တယ်.....

ထိုအချိန်

အမဲလိုက်ကွင်းထဲမှ မီးရှူးပန်းများဟာ နေရာဆက်တိုက်ဆိုသလိုပေါ်ထွက်လာလေရဲ့......

တောင်သခင်တွေဟာ ဓားဝိညာဉ်ပေါ်ထွက်လာတာကိုတောင် ဂရုမစိုက်နိုင် သူတို့တပည့်တွေအတွက်သာ စိတ်ပူမှုတွေ ကြီးထွားနေသည်မို့.....

ဝူမင်းရန်မှစကာ အခြားတောင်သထင်တွေဟာ ပြိုင်ပွဲထဲဝင်သွားပြီးတပည့်တွေကို ကာကွယ်ရန်နေရာအနှံ့အပြားအားသွားခဲ့ကြတယ်...ဝမ်ရိပေါ်မှာတော့ မဟူရာချောက်နက်ရှိရာသို့...
ထိုအချိန် ရှောင်ကျန့်မှာ အိပ်မက်မိစ္ဆာနဲ့တွေ့ပြီး...စည်းပွင့်သွားခဲ့တယ်...
ထိုအချိန်မှာပဲ....ဘေးနားကလူတွေအားလုံးဟာ သေသွားခဲ့တယ်..ဝမ်ရိပေါ်ရဲ့ဓားဟာလဲ ရှောင်ကျန့်ဘေနားက အိပ်မက်မိစ္ဆာကိုသာ တိုက်ခိုက်နေခဲ့တယ်....
မဟူရာချောက်နက်ကိုရောက်တာနဲ့ ဝမ်ရိပေါ်တစ်ယောက် ပီချန်ကိုပြန်သိမိးကာ.....
၂ယောက်မျက်နှာချင်းဆိုင်ပြီးစိတ်ထဲကပဲဆက်သွယ်မိသည် သူတိုာ၂ယောက်ပြောတဲ့စကားအား မည်သူမျှကြားနိုင်မည်မဟုတ်....

အိပ်မက်မိစ္ဆာ....ခင်ဗျား

ဝမ်ရိပေါ်....မင်း

မမျှော်လင့်တဲ့သူက မမျှော်လင့်တဲ့နေရာမှာပြန်တွေ့တတ်ရတာပဲ ဟက်...လောကကြီးကဆန်းကြယ်လှချည်လား...

ဝမ်ရိပေါ် အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့နှစ်တွေကကိစ္စအတွက် ငါနောင်တမရခဲ့ဘူး အခု ငါသခင်လေးကို ပြန်ခေါ်သွားရမယ် ဒီနှစ်တွေအတွင်း သခင်လေးကိုစောင့်ရှောက်တဲ့အတွက်ကျေဇူးတင်ပါတယ်....

မလိုဘူး....

အခုသခင်လေးက ပြနိလာချိန်တန်ပြီ...ကူညီပေးဖို့တောင်းပန်ပါတယ် သခင်လေးမှာအမုန်းတရားမရှိဘူး...မင်းပဲသူ့ကိုဖြူစင်အောင်ပျိုးထောင်ခဲ့လို့ မင်းပဲ သူ့ကိုအရောင်ပြန်ဆိုးပေးပါ...

ကံကြမ္မာကလွန်ဆန်မရတော့ဘူးလား....

ကံကြမ္မာဆိုတာ ဘယ်အချိန်မှာများ လွန်ဆန်နိုင်လို့လဲ....

ကျုပ်လုပ်ပေးမယ် ဒါမယ့်ခင်ဗျားတို့ကတိတစ်ခုပေးပါ....

ပြောပါ တောင်သခင်...

အားကျန့်ကို ခင်ဗျားတို့ပျိုးထောင်တဲ့နေရာမှာ လူသတ်သမားလုံးလုံးမဖြစ်ပါစေနဲ့.....ပြီးတော့ မလွန်ဆန်နိုင်လို့ လူသတ်သမားဖြစ်တဲ့အခါ စာနာစိတ်ရှိအောင်ပြုစုပေးပါ.....သူဘယ်အချိန်ရောက်ရောက် ကျုပ်ကိုသတိမရပါစေနဲ့.....

ကောင်းပါပြီ

မျက်နှာချင်းဆိူင်ပြီး ကြည့်နေတဲ့ ၂ယောက်ကြား ရှောင်ကျန့်နားမလည်နိုင်ပါ.....

ရုတ်တရက် ပီချန်ကဓားအိမ်ထဲမှထွက်လာကာ ရှောင်ကျန့်ရဲ့နှလုံးအိမ်တည့်တည့်ထိုးစိုက်ပြီး....ဝမ်ရိပေါ်မှာ အသူရာချောက်နက်ထဲ ရှောင်ကျန့်အားတွန်းချခဲ့တော့သည်...ရှောင်ကျန့်ရဲ့ဓား ဆွေပြန့်ဟာလဲ အစိတ်စိတ်အမွှမွှာ ထိုအခ်ျန်အိပ်မက်မိစ္ဆာက ဝမ်ရိပေါ်ကိုတိုက်ခိုက်ပြီး ဒဏ်ရာရအောင်လုပ်ပေးခဲ့တယ်.....

ဝမ်ရိပေါ်လဲ ကမ်းပါးမှာ ထိုင်ပြီး ဓားအစအနတွေကောက်ကာ ငိုနေချိန် အားလုံးရောက်လာကြပြီး ဘယ်လိုဖြစ်ကြလဲမေးတဲ့အခါမှတော့ ဝမ်ရိပေါ်ဟာ မေ့လဲသွားခဲ့တဟ်

သူသတိပြန်ရလာတော့ တောင်အနောက်ဘက်မှာ...ရှောင်ကျန့်ရဲ့ဓားကိုမြေမြှုပ်ပေးပြီး ရှောင်ကျန့် ၇ရက်တိတိ အုတ်ဂူနားကမခွာပဲနေခဲ့တယ်...အသက်ကောင်းကောင်းရှင်မယ်ဆိုတာဝမ်ရိပေါ်သိပေမယ့်....သူ့အနားမှာအားကျန့်မရှိဘူးဆိုတဲ့ခံစားချက်ဟာ သူ့ရဲ့နှလုံးသားစုတ်ပြတ်သွားဖို့လုံလောက်တယိ....

အချိန်တွေသာတရွေ့ရွေ့ကုန်ဆုံးနေပေမယ့် ဝမ်ရိပေါ်အခန်းထဲက ရှောင်ကျန့်ဆိုတဲ့ခေါ်သံကတော့ တစ်နေ့ကို၎ခေါက်လောက်ကြားရစမြဲ....

ယင်းဟွမ်ဟွမ်မှာ သူ့ဆရာကို အကြိမ်ကြိမ်ဖြောင်းဖျခဲ့ပေမယ့် မပြောင်းလဲပဲရှိနေခဲ့တယ်....

နှစ်တွေ လတွေ ရက်တွေပြောင်းလဲခဲ့ပြီး အားကျန့်မရှိတာ ၃နှစ်တောင်ရှိသွားခဲ့ပြီပဲ အချိန်တွေဟာ အကုန်မြန်လိုက်တာ.....
ထိုအချိန်ဝမ်ရိပေါ်ရောက်နေတာက ရှောင်ကျန့်ဆိုတဲ့ ကျောက်တိုင်စိုက်ထားတဲ့ မြေပုံလေးမှာ မိုးရာသီဝင်စဖြစ်လို့ ကောင်းကင်တစ်ခုလုံးအုံ့ဆိုင်းမှိုင်းပြနေပေမယ့်...ဝမ်ရိပေါ်တစ်ယောက် ထိုနေရာလေးမှာရပ်ပြီး အဖော်လုပ်ပေးနေဆဲ....

အားကျန့် မင်းငယ်ငယ်က မိုးချိန်းရင် မင်းကြောက်တတ်တယ်သိလား အာ့ကြောင့်ရှစ်စွမ်းက ဒီနေ့အားကျန့်ကိုအဖော်လုပ်ပေးမယ်....အားကျနိ့မှတ်မိလား ဒီနေ့အားကျန့်မရှိတော့တာ ၃နှစ်မြောက်နေ့ ၃နှစ်မြောက်ကျမှ မိုးတွေကအုံ့ဆိုင်းနေရတယ်လို့

ထိုစကားလုံးများပြောပြီးတဲ့အချိန်နောပ်ပိုင်း လေထုဟာတိတ်ဆိတ်ပြီး မိုးခြိမ်းသံ သစ်ရွက်တိုက်ခတ်သံတွေသာ ဆူညံနေခဲ့တယ် မကြာခင်အချိန်မှာပဲ မိုးပြင်းလေပြင်းတွေကျရောက်လာခဲ့တော့တယ်......အဲ့အချိန်ထိ သူထိုမြေပုံလေးနားကမခွာသေး ထိုင်ချလိုက်တာ မြေပုံလေးကိုအသက်မဲ့စွာစိုက်ကြည့်နေမိတော့သည်.....

ကောင်းကင်ပေါ်မျက်နှာမူပြီး

*မိုးနတ်မင်းကြီးရယ် မိုးရွာချပြီး ကျုပ်ရဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေနဲ့ နှလုံးသားကို မိုးရေနဲ့အတူ ယူဆောင်သွားပေးပါ*
❤️💚❤️💚❤️💚❤️💚❤️💚❤️
ဒီနေ့တစ်နေ့တည်း Fic၂ပုဒ်လုံးကိုဆက်လိုက်နိုင်တယ်....ဝမ်းသာမိပါတယ် ပေါ်တော်မူပြန်ရောက်လာပြီ စိတ်မပျက်ဘဲအခုထိပါးပေးနေတဲ့ဒါဒါလေးတွေ Aini
စာဖတ်ပရိတ်သတ်များအားအစဉ်လေးစားလျက်
Author- Huang Xiao Wang

Comment