I Lost My Love ep10

Zawgyi


















ရှစ်စွမ်း ရှစ်စွမ်း








ဟုတ်ရှစ်စွမ်း






ဟုတ်ရှစ်စွမ်း.....




ဟုတ်ရှစ်စွမ်း........






၃လကြာပြီးနောက်


အားကျန့်....


ဗျာရှစ်စွမ်း.....




ဟုတ်ရှစ်စွမ်း.....




အင်း....




ဟုတ်ရှစ်စွမ်း....




ကျင်းလင်...


ဗျာရှစ်စွမ်း.....




















အားကျန့်.....


ရှစ်စွမ်း......




ဟုတ်ရှစ်စွမ်း......


ပိုင်ကျင့်တောင်ထွဋ်








ဟုတ်လားဘယ်မှာလဲ....




ဟုတ်ပ အရမ်းချောတာပဲ....








ဒုန်းဂျိမ်းဂျိမ်း


ဟင်.....






ဝမ်ရိပေါ်ပင်.....







❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️


Author - Huan Xiao Wang


Uni


မဟူရာချောက်နက်ကိုမကျော်လွှားနိုင်ဘူးတဲ့


ဝမ်ရိပေါ်အသက်ပြန်ရှင်လာပြီးနောက်ပိုင်း ရှောင်ကျန့်တစ်ယောက် အနားကမခွာဘဲ တောက်တဲ့လိုကပ်ကာ


ရှစ်စွမ်းလေတိုက်မှာမနေနဲ့ အအေးမိမယ်...


ရှစ်စွမ်း သိုင်းမလေ့ကျင့်နဲ့အုံး ဒဏ်ရာတွေကပျောက်ကာစ


ရှစ်စွမ်း ထမင်းစားချိန်ရောက်ပြီ


ရှစ်စွမ်းရေချိုးဖို့ ရေနွေးဆက်ပေးမယ်....


ရှစ်စွမ်းရေ အဝတာအစားထူထူဝတ်


ရှစ်စွမ်းစောင်သေချာခြုံလေဗျာ


ရှစ်စွမ်း ရှစ်စွမ်း
အစရှိသဖြင့်လိုက်ပြောကာ တောက်တဲ့ဖြစ်နေတော့သည်.....


အားကျန့်ရယ် ရှစ်စွမ်းကလေးမဟုတ်ပါဘူးကွာ.....


ကလေးမဟုတ်လို့လိုက်ပြောနေရတာပေါ့ရှစ်စွမ်းရယ် ကလေးသာဆို လွှတ်ထားလိုက်ပြီ ပြီးတော့
ရှစ်စွမ်းက နေကောင်းပျောက်ကာစလေ......


အေးပါကွာ....အခုတော့ သွားနားတော့နော် အားကျန့်ကလိမ္မာပါတယ်ကွာ....နော် ပြီးတော့ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲအတွက် ပြင်ဆင်ရမယ်လေ အဲ့အချိန် အကျန့်ကိုရှစ်စွမ်းအနိုက်ရစေချင်တယ်.....


ဟုတ်ရှစ်စွမ်း


*မဟူရာချောက်နက်ကိုကျော်လွှားလို့ရပါ့မလား*


ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲမှာ ပါမယ့်တပည့်တွေစာရင်းကို အားကျန့်ပဲစုပြီး ပိုင်ကျင့်တောင်ထွဋ်သခင် ဝူမင်းရန်ကို ပေးလိုက်ပါ.....
သိုင်းပြိုင်ပွဲကနောက်သုံးလနေရင်စမှာဆိုတော့ အားကျန့်ကသန်မာဖို့လိုတယ်.....


ဟုတ်ရှစ်စွမ်း.....


အင်း......အားကျန့် ရှစ်စွမ်းအတွက်မပူပဲ ကိုယ့်အရေးကိုယ်သာစိတ်ပူပေးပါ ဟုတ်ပြီလား.......


ဟုတ်ရှစ်စွမ်း........


ထိုအချိန်ကစကာ ဂိုဏ်းတွေအသီးသီးက လေ့ကျင့်မှုကိုစတင်ပါတော့တယ်.....ရှောင်ကျန့်မှာလဲ လေ့ကျင့်ရင်းနဲ့ပေါ့


တစ်ရက်ထက်တစ်ရက် ကုန်ဆုံးလာတာနဲ့အမျှ ဝမ်ရိပေါ်ရဲ့စိတ်ထဲမှာ စိုးရိမ်မှုသာကြီးမားလာသည်........


၃လကြာပြီးနောက်


အားကျန့်....


ဗျာရှစ်စွမ်း.....


ကျင်းလင်ကိုသွားခေါ်ခဲ့....


ဟုတ်ရှစ်စွမ်း.....


ရှစ်စွမ်းကျွန်တော့်ကိုခေါ်တယ်ဆို.....


အင်း....


အားကျန့်ရှစ်စွမ်းအတွက် ဆန်ပြုတ်လေးပြုတ်ပေးနိုင်မလား ငါးဆန်ပြုတ်နော်.....ပြီးတော့ အတွင်းအားနဲ့ ငါးကိုလွယ်လွယ်မနူးစေနဲ့ ပုံမှန်နူးတာကိုစားချင်တာ....


ဟုတ်ရှစ်စွမ်း....


ရှောင်ကျန့်ထွက်သွားပြီးနောက်..


ကျင်းလင်...


ဗျာရှစ်စွမ်း.....


ရှစ်စွမ်းမင်းကိုတောင်းဆိုစရာရှိတယ်.....


ဗျာ.....ကျင်းလင်ရဲ့ရင်ထဲမှာ အံ့သြမှုတွေနဲ့ နားမလည်မှုတွေကအပြည့်...သူ့ဆရာဟာ ဘယ်တပည့်ကိုမှတောင်းဆိုဖို့မပြောလေနှင့်  အခက်အခဲဘယ်လောက်ပြင်းထန်ပြင်းထန် ကိစ္စတစ်ခုကိုမဖြစ်ဖြစ်အောင်လုပ်တဲ့သူ.....အခုတောင်းဆိုမယ်ဆိုတော့....


ကျင်းလင် ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲမှာ အားကျန့်ကိုစောင့်ရှေညက်ပေးပါ ရှစ်စွမ်းတောင်းဆိုပါတယ်ကွာ.......


ရှစ် ရှစ်စွမ်း ရှောင်ကျန့်ကိုရှစ်စွမ်းချစ်တာသိပေမယ့် ရှစ်စွမ်းရဲ့မာနတွေကိုခဝါချလောက်တဲ့ထိရှစ်စွမ်းမချစ်သင့်ဘူး....ကြာရင်အဲ့လိုချစ်တာက ရှစ်စွမ်းကိုပြန်ထိခိုက်လိမ့်မယ်.....


ရှစ်စွမ်းတောင်းဆိုပါတယ်ကျင်းလင်......တကယ်တောင်းဆိုပါတယ်......


ကျင်းလင်မှာအသံတွေက ကတုန်ကယင်ဖြင့် ရှစ်စွမ်းရ
ယ်....လို့သာပြောနိုင်တော့သည်မို့.....မျက်လွှာကိုသာချထားမိသည်.....


တစ်ဖက်က ငါးဆန်ပြုတ် ပြုတ်နေသောရှောင်ကျန့်မှာတော့ အတွေးပေါင်းမြောက်မြားစွာနဲ့သာ ဆန်ပြုတ်ကို ဆက်လက်ပြုတ်လေတယ်.......


ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲနေ့


ဒီနေ့မှာတော့ သိုင်းပြိုင်ပွဲဖြစ်သည့်တိုင် လူအားလုံးအလုပ်ရှုပ်နေလေရဲ့ ဆူညံပူညံနဲ့


အားကျန့်.....


ရှစ်စွမ်း......


ဘယ်လိုအရာတွေပဲဖြစ်လာပါစေ အားကျန့်ကိုရှစ်စွမ်းမမုန်းဘူးနော် လူနဲ့မိစ္ဆာဆိုတာ အတူတူပဲ ကောင်းတဲ့မိစ္ဆာရှိတယ် မကောင်းတဲ့မိစ္ဆာရှိတယ် လူထဲမှာ အဲ့လူကမကောင်းဘူးဆို သူကဆိုးရွားတဲ့ မိစ္ဆာတစ်ကောင်ပဲ မိစ္ဆာထဲမှာအင်မတန်မှစိတ်ထားမြင့်မြတ်ရင် သူကကောငိးတဲ့သူပဲ....မိစ္ဆာတွေအားလုံးကသေဖို့မထိုက်တန်ဘူးနော်အားကျန့်.....


ဟုတ်ရှစ်စွမ်း......


ပိုင်ကျင့်တောင်ထွဋ်


ဒီနေ့မှာတော့ ပထမအဆင့်အနေနဲ့ အမဲလိုက်ပွဲကိုကျင်းပမယ် ဝိညာဉ်သားရဲ ၅ထောင်နဲ့ ဧရိယာက ၄၀မိုင်ပတ်ဝန်းကျင်....အများဆုံးအမဲလိုက်နိုင်သူကနောက်တစ်ဆင့်ကိုတက်လှမ်းမယ်.....


ထိုအချိန်ရှင်းဝူတောင်ရဲ့တပည့်မများပြောနေသည်ကတော့


ပိုင်ကျင့်တောင်ထွဋ်သခင်ရဲ့ တပည့်ကြီး ဝူပိုင်ယွဲ့လောက်ချောတဲ့သူတွေ့ပြီ.....


ဟုတ်လားဘယ်မှာလဲ....


ဆရာဦးလေး ဝမ်ရဲ့တပည့်လေ ရှောင်ကျန့်တဲ့ အရမ်းချောတာပဲ ဟိုမှာကြည့်စမ်း နှုတ်ခမ်းအောက်ကမှဲ့နက်လေးနဲ့.....


ဟုတ်ပ အရမ်းချောတာပဲ....


ကဲ....အားလုံးပြိုင်ပွဲစမယ်.....


ထိုအချိန်ကစပြီး တပည့်တွေအသီးသီး တောထဲကိုဝင်ကာ အမဲလိုက်ခြင်းကိုစတင်ပါတော့တယ်......


တပည့်တွေအမဲလိုက်နေချိန်အတွင်း..... မြေငလျင်ဟာပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့တော့တယ်...မြေငလျင်လှုပ်နေချိန်မှာပဲ..အသံနက်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တော့တယ်....


ဒုန်းဂျိမ်းဂျိမ်း


ဟင်.....


ထိုအချိန် တောင်သခင်တွေရဲ့ မျက်လုံးတွေဟာ အဆမတန်ပြူးကျယ်သွားကြပြီး...သူတို့ရဲ့တပည့်တွေအတွက် စိုးရိမ်မှုတွေသာကြီးစိုးလာခဲ့တော့တယ်.....သူတို့အားလုံးသိလိုက်သည်က.....


မဟူရာချောက်နက် ပွင့်လာပြီး
မိစ္ဆာဘုရင်ဟာ လွတ်မြောက်ဖို့အတွက်အားယူနေပြီဆိုတာပါပဲ အဲ့တာအပြင် သားရဲတိရစ္ဆာန်ပေါင်မြောက်မြားစွာထွက်လာပြီး သူတို့ရဲ့တပည့်တွေကိုဒုက္ခပေးနိုင်ခြင်းကြောင့်ပဲ.....
ထိုအထဲမှာ စိတ်ပူမှုအကြီးဆုံးက......


ဝမ်ရိပေါ်ပင်.....


မဟူရာချောက်နက်ကိုမကျော်လွှားနိုင်တော့ဘူးလား....
လို့တီးတိုးရေရွတ်ပြီး မျက်ဝန်းများကိုမှိတ်ချချိန်...မျက်ဝန်းထဲမှ မျက်ရည်ဟာ ပါးပြင်ပေါ်သို့လှိမ့်ဆင်းပြီး သူ့ရဲ့ပီချန်ဓားပေါ်သို့.....


ထိုအချိန်ဓားဝိညာဉ်အသက်ဝင်လာကာ ဓားဟာပျံထွက်သွားလေရဲ့.....အားလုံးရဲ့ပါးစပ်မှ အာမေဋိတ်အသံများအသီးသီးထွက်ကာ......မယုံကြည်နိုင်ခြင်းများစွာနဲ့......


ဝူပိုင္ယြဲ႕














❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️💚❤️
အသက်ရှိသေးကြောင်းလာပြတာ....updateလာတောင်းထားတာတွေ့တော့ တင်ပေးတယ်နော်....ကျောင်းစာတွေနဲ့ရှုပ်နေလို့ ဒီဘက်ကိုမလှည့်ဖြစ်တာ နောက်ကျရင် အချိန်ရရင်ရသလိုတင်ပေပါ့မယ်နော်


Author - Huan Xiao Wang

Comment