Part-2 🐈

ကျွန်တော်ရဲ့မနက်ခင်းထဲမှာ ဒီနေ့နိုးထခဲ့တာအကောင်းဆုံးဘဲ ။ Satang ရဲ့အော်နိုးမှာလည်း မကြားရဘူး။ ကုတင်ကအိအိလေးတောင် ဖြစ်နေသေး။

အင်းး ..ငါညကသောက်တာများသွားတာဘဲ ခေါင်းနည်းနည်းကိုက်နေတယ်။ အိပ်ယာထမှဖြစ်မယ်။ မျက်လုံးဖွင့်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ....

ဒါငါ့အခန်းလည်းမဟုတ်ဘူး ဘယ်သူ့အခန်းလဲ ညကဘယ်သူ့ငါ့ကိုလိုက်ပို့တာလဲ ။သူမေးခွန်းပေါင်းများစွာနဲ့ ခေါင်းကိုက်နေချိန် တံခါးဖွင့်လာတာမို့....

"နိုးပြီလား ငါမင်းအတွက်အမူးပြေတဲ့ ဟင်းရည်လေးချက်ထားတယ် ခဏနေဆင်းလာခဲ့နော်"

ဟမ်သူကဘယ်လိုလုပ် ဒါဆိုဒါကသူအိမ်လား ငါကသူ့အိပ်ခန်းထဲထိ ဘယ်လိုကနေဘယ်လို ...

"ညကမင်းအရမ်းမူးနေလို့ ‌ငါခေါ်လာပေးတာ "

"အော် ..ကျေးဇူးပါ ငါကိုယ်လက်မျက်နှာသန့်စင်ပြီးရင်ဆင်းလာပါ့မယ်"

သူအခန်းပြင်ထွက်သွားမှဘဲ သူ့ကုတင်ပေါ်ထိုင်ချမိကာ တွေးတောနေသည်။ မူးမဲ့မူးတော့လည်း သူ့ရှေ့မှာမှမူးရတယ်လို့ ခုတော့သူ့အိပ်ခန်းထိတောင်ရောက်နေရပြီ။

Gemini ခုနကကြောင်ပေါက်လေး ဘုမသိဘမသိရုပ်လေးကိုအူယားလွန်းလို့ ဟင်းတွေတူးကုန်တော့မလို့ သူအိမ်ကိုမပါပါအောင် ခေါ်ခဲ့ရတာ။

ဖြစ်စဉ်ကဒီလို ထိုညက...

ကျွန်တော့်ရင်ခွင်ထဲမှာ ကောင်လေးကမှီပြီးအိပ်ပျော်နေသည်မို့ ကိုယ်လဲနည်းနည်းသောက်ပြီးထမယ် ‌ပေါ့။ အဲ့အချိန်မှာ အတန်းခေါင်းဆောင်က...

"အယ် သူမှောက်သွားပြီလား ဒီကိုပေးလေငါပြန်လိုက်ပို့လိုက်မယ် Fourth ကို"

သူ့ရင်ခွင်ထဲက ကြောင်ပေါက်လေးကို ဆွဲထုတ်မဲ့လုပ်ရပ်မျိုး သူမလုပ်ပါလုပ်ရအောင် ရူးနေတာလဲမဟုတ်။ သူများရင်ခွင်မှာမှီပြီး ချစ်စရာကောင်းနေတဲ့ပုံလေးမပြစေချင်တာမို့။

"ရပါတယ် ကျွန်တော်ဘဲခေါ်သွားမယ် မကိုင်နဲ့သူ့ကို"

အတန်းခေါင်းဆောင် ကြောင်တောင်တောင်ဖြစ်သွားသည်ကို သူလဲသိသည်။ တစ်ခြားဟာရပေမဲ့ မင်းကိုတော့မရဘူး ငါ့ဘဲပိုင်တာမို့....

အတွေးထဲကသူရုန်းထွက်လိုက်ရာ ကြောင်ပေါက်လေးအသံကိုကြားတာမို့ စားဖို့ပြင်ဆင်လိုက်သည်။

သူကိုယ်လက်သန့်စင်နေချိန် ဖုန်း၀င်လာတာမို့....

"မင်းငါ့ကိုအိမ်ပြန်မခေါ်သွားဘဲ ဘယ်ရောက်နေတာလဲ!!!"

ထင်တယ် Fourth သူ့ကိုအော်တော့မယ်ဆိုတာ သူလဲမူးသွားတော့ဘယ်တတ်နိုင်မလဲ ။ ဒါတောင်သူ့ကိုအတန်းခေါင်းဆောင်လိုက်ပို့လို့ ။အဲ့လိုမဟုတ်ရင် Satang ဘ၀လေးကဟူး...

"မေးနေတယ်လေ Satang!!!!!!"

"နားတွေကန်းတော့မယ် ကျောင်းဆရာရေ ငါမူးသွားလို့ပါ‌ဆို ဒါနဲ့မင်းကဘယ်မှာ"

"ငါ Gemini အိမ်မှာ"

"ဟမ် Jumini အိမ်မှာမိုက်တယ်မလား လူကရုပ်ချောမျိုးရိုးကချမ်းသာတော့ ရှယ်ပဲမလား"

"Gemini လို့ နာမည်မှန်အောင်ခေါ်"

သူပြောလည်း သူပြောချင်တာပြောပြီးဖုန်းချသွားသည်။ တော်တော်ကောင်းတဲ့ သူငယ်ချင်းလေး သူ့ကိုယုံစားပြီးပွဲလိုက်လာတာ ခုတော့သူများအိမ်ရောက်နေ...

သူချက်ထားတဲ့အမူးပြေဟင်းရည် သောက်ရန်အောက်ထပ်ကိုဆင်းလာရာ လှေကားကနေ သူ့နောက်ကျောကိုကြည့်မိသည်။

အေပရွန်ကိုသေချာစည်းနှောင်ပြီး လက်အကြောတွေနဲ့ဟင်းချက်နေတာတဲ့ ဘက်စုံတော်တဲ့သူဘဲ။ သူလာတာမြင်တော့...

"လာ ပြီးရင်ထမင်းစားသွားနော် ငါလက်ရာကောင်းမကောင်းမြည်ပေးပါအုန်း"

"အမ် အင်းမင်းလဲတူတူစားလာလေ"

"အင်း "

နှစ်ယောက်သားဘာစကားမှမပြောဘဲ တိတ်တဆိတ်ထမင်းသာငုံစားနေခဲ့သည်။ သူ့လက်ရာတကယ်ကောင်းတာဘဲ သူ့လိုမျိုးလူကိုရတဲ့မိန်းကလေးကံကောင်းအုန်းမည်။

"မင်းအခုဘာအလုပ်တွေလုပ်နေလဲ Fourth"

"ထွေထွေထူးထူးမရှိပါဘူး ကျောင်းဆရာအလုပ်ပဲလုပ်နေတယ် မင်းရော"

"ငါ့အိမ်ကစီးပွားရေးဖြစ်တဲ့ ကုမ္ပဏီမှာဦးဆောင်နေရတယ်"

သူ့ကိုခေါင်းညိတ်ပြပြီး ထမင်းစားတာနှစ်ယောက်လုံးပြီးသွားပြီမို့ ။ အိမ်ပြန်ဖို့ကျွန်တော်သူ့ကိုပြောချင်ပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်က သူ့အ၀တ်တွေကို နောက်တစ်ခါမှပေးဖြစ်တော့မည်။

"လာလေ ငါ့အလုပ်၀င်ရင်းမင်းကိုလိုက်ပို့မယ်"

"အာ အားနာစရာကြီး မနေ့ကမှပြန်တွေ့တာကို ငါတော်တော်ဒုက္ခပေးမိပြီ"

"မင်းကငါ့အတွက် ဒုက္ခမဟုတ်ရပါဘူး"

သူကသေချာစိုက်ကြည့်ပြီး ပြောနေသည်မို့ ကြောင်တောင်တောင်ဖြစ်သွားတဲ့ကျွန်တော့်ပုံကိုသူကရယ်သည်။

"အခုထိ အူတူတူလေးမင်းက သွားမယ်"

နောက်တစ်ခါအကျီပြန်ပေးပြီးရင် မင်းနဲ့ငါထပ်တွေ့ရတော့မယ်မထင်ပါဘူး။ သူ့ကားမောင်းနေတာဘေးကနေကြည့်ရင်း ဘေးတစောင်းကြည့်လဲ တော်တော်ကြည့်ကောင်းတဲ့သူ...

"အိမ်ကိုဘယ်လိုသိတာလဲ အိမ်ထဲ၀င်အုန်းမလား Gemini"

"အမ် ...အဲ့တာအတန်းခေါင်းဆောင် ပြောပြလို့ပါ အေးဆေးပေါ့နောက်ဆိုအမြဲလာကမှာ သွားပြီနော်"

သူပြောသွားတဲ့စကားကို နားမလည်ဘဲကျန်ခဲ့တာက ကျွန်တော်ဘဲ အမြဲလာကမယ်ဆိုတာ ၊ မသိတော့ဘူး ဒီနေ့နားရက်မို့တော်သေးတယ် ကလေးတွေကိုစာသင်ပိတ်ရက်မို့.။

_________________________________________

"Hello အဘိုးကျွန်တော့်သူ့ကိုတွေ့ပြီ အဘိုးသိလားလို့"

Italy မှာနေတုန်းကလည်း ဒီကလေးသူ့ဟိုကောင်လေးကို ဘယ်လောက်သဘောကျကြောင်း ပွင့်လင်းစွာပြောပြထားသည်။ အခုလဲသူ့ရဲ့ဖူးစာရှင်လေးကို တွေ့ရလို့ပျော်နေသတဲ့ သူ့မြေးကိုပြုံးပျော်စေတဲ့ သူဆိုရင်သူမငြင်းပါ။

"ငါ့မြေးက အပျော်လွန်ပြီး ဒီကအဘိုးကြီးကိုမေ့နေပြီမလား"

"No ပါမေ့စရာလား ကိုယ့်ကောင်လေးနဲ့တူတူ အဘိုးဆီကိုလာတွေ့မှာပေါ့ ဟီး"

"ဖုန်းထဲကနေရယ်သံကြားရပေမဲ့ မျက်နှာကြီးကိုပါမြင်နေရပြီ "

"ဟာ အဘိုးကလည်း"

"ဟား ဟား ဟား ကဲကဲအလုပ်ကိုသေချာလုပ် အဘိုးနားတော့မို့"

"မြေးလေးတူလေး အလည်လာလိမ့်မယ်ဂရုစိုက်ပေးလိုက်အုန်းနော်"

"ကြိုးစားနေပါတယ်ဗျာ ကိုယ့်ချစ်သူကျောင်းဆရာလေးအတွက် အဘိုးလည်းနားနားနေနေ ဂရုစိုက်ပါ ၊ အယ့်အရှုပ်ထုပ်လေးကတစ်မျိုး "

သူ့မြေးတွေများစွာရှိပေမဲ့ ဒီကလေးကိုတော့အရမ်းလဲချစ်သလိုအလိုလဲလိုက်ခဲ့ရတဲ့ မြေးလေးမို့ ဘယ်သူနဲ့ယှဉ်ယှဉ်ပထမအမြဲပေးခဲ့တယ်။ အချစ်ခံရတဲ့‌ကလေးလေးက သူ့သွန်သင်ဆုံးမမှုအောက်မှာ အခုဆိုကုမ္ပဏီပိုင်ရှင်ကြီးကိုဖြစ်နေပြီ ပီတိအပြုံးများစွာနှင့် အဘိုးတစ်ယောက်ဂုဏ်ယူနေသည်။

___________________________________

ကျောင်းပိတ်ရက်လေး သူမနေ့က၀တ်ထားတဲ့ ဟိုတစ်ယောက်ရဲ့အကျီတွေလျှော်ပေးပြီးပြီမို့ သွားပေးဖို့ပဲကျန်တော့တယ်။ ဒီတစ်ခါတွေ့ပြီးရင်တော့ ထပ်တွေ့စရာမရှိလောက်တော့ပါဘူး။

"Fourth မင်းဟိုနေ့ကသူ့အခန်းထဲမှာအိပ်ခဲ့ရတာဆိုတော့ အခန်းအပြင်ဆင်ဘယ်လိုလဲ"

"အင်း မေးစရာမလိုအောင် အများကြီးသန့်ပြီး လူကြီးလူကောင်းပီသတယ်"

"Woo Jumini ကတကယ်ကြီးမိုက်တာဘဲ ကောင်မလေးတွေသသဲသဲလှုပ် ပိုင်ဆိုင်ချင်တာမမှားဘူး"

"Gemini လို့"

သူ့ကိုရယ်ပြပြီး လစ်ခနဲပြေးထွက်သွားတော့သည်။ တကယ့်ဘဲနာမည်ကအဲ့လောက်လည်းမခက်ဘဲ မှားနေတယ်။ ဟိုကသိရင် မကောင်းဘူးလေ။ သူငယ်ချင်းဖြစ်ပြီး သူ့နာမည်မေ့ရလားဆိုပြီး။

တင်းတောင်! တင်းတောင်!

"အိမ်ရှေ့မှာဘယ်သူလဲ မသိဘူး Satang ရေသွားဖွင့်အုန်း ငါ့ချက်နေရင်းမို့"

သူ့သူငယ်ချင်းတံခါးသွားဖွင့်ရော ဖွင့်လားမသိ၊အသံလည်းမကြား ဘယ်သူလာတာမို့ ငြိမ်ကုတ်နေရတာလဲ။ မဖြစ်သေးပါဘူး သူထွက်ကြည့်မှ..

"Satang ဘယ်သူမို့....အယ် Gemini ဘယ်လိုဖြစ်လို့ဒီကို"

"အော် အလည်လာတာလေ မနေ့ကမင်းငါ့အိမ်ကိုလာတယ်၊ ဒီနေ့ငါမင်းအိမ်ကိုလာတယ်လေ"

သူ့အိမ်ကိုကျွန်တော်က အလည်လာတာမှမဟုတ်တာ သူ့ခေါ်သွားတာကို ထားလိုက်ပါ ပြီးပြီသားကိစ္စတွေကို...

"မင်းတို့နှစ်ယောက်က တူတူနေတာလား"

ကျွန်တော်နဲ့ Satang ကိုကြည့်၍ သူကမေးလာသည်။ မေးပုံကလည်း မျက်မှောင်ကြီးကိုကြုတ်လို့ ဘာတွေအလိုမကျတာလဲ။

"အင်း ကျောင်းပြီးတော့ တူတူနေဖြစ်တာ ဘာလို့လဲ"

"အော် ကောင်းပါတယ်"

Satang တွေးမိသည်။ ဒီကောင်နှစ်ကောင်ကြားကနေ မတ်တပ်ရပ်နေကတာ ပဲလှော်စားညှပ်နေသလိုဘဲ အိမ်ပေါ်တက်ပြီး ဂိမ်းဆော့တာဘဲကောင်းတယ်။

သူက ကျွန်တော့သူငယ်ချင်းအိမ်ပေါ်တက်သွားနဲ့ မျက်နှာကသိသိသာသာပြန်ပြုံးသွားခဲ့သည်။ တကယ်ဘဲ ဘယ်လိုလူလဲ တတ်နိုင်တယ်။

"ငါမင်းအကျီလျှော်ထားတယ် ရော့"

"အာမယူတော့ပါဘူး ယူထားလိုက်တော့ ပြီးတော့ငါ့အကျီမဟုတ်ပါဘူး။ မင်းကို၀တ်ပေးထားတာ အသစ်တစ်ထည်မို့ ရပါတယ်"

"အော် ဒါဆိုသောက်စရာအအေးသွားယူပေးမယ် ထိုင်စောင့်အုန်း"

"အင်း "

‌သူ့ရှေ့က ဟိုကြောင်ပေါက်လေးထွက်သွားသည်နှင့် အိမ်ပတ်ပတ်လည်ကိုမျက်လုံးကစားမိသည်။ ဟိုကောင်နဲ့ဘာလို့တူတူနေမှန်းမသိ တစ်ယောက်ထဲနေတာမဟုတ်ဘူး ။နောက်ကျငါနဲ့နေမှ အတိုးနဲ့အင်း........

"အအေးကမဆိုးဘူး ဒါဆိုနောက်လဲလာလည်မယ်နော် "

"အမ် အင်းအင်း"

သူထွက်သွားတာနဲ့ လှေကားကနေအသည်းသန်ပြေးလာသော Satang တစ်ခုခုမေးခံရတော့မယ်လို့ သူအာရုံရနေပြီ။

"မင်းနဲ့သူက အဲ့လောက်ထိခင်လို့လား အိမ်တွေလာရတဲ့ထိလေ တစ်မျိုးဘဲနော် "

"အော် မတွေ့တာကြာလို့ပါ ပုံမှန်ပါဘဲ"

ပုံမှန်သူငယ်ချင်းနှစ်ယောက်ကပြန်ဆုံတာ အိမ်လည်တာမထူးဆန်းပါဘူး။ ဒီလိုပဲအတွေးထဲရောက်နေတာကောင်းတယ် ကျောင်းသားဘ၀တုန်းကလို သူ့အပေါ်ရှိတဲ့ခံစားချက်တွေကို ထိန်းချုပ်ထားရတာမလွယ်တာမို့။

______________________________________________

"ဦးဦး သားနဲ့ဆော့ပေး တစ်ယောက်ထဲပျင်းတယ်"

"နေစမ်းပါကွာ ငါ့ကောင်လေးနဲ့အမြဲတွေ့ရဖို့ ဘာလုပ်ကမလဲအကြံထုတ်နေတယ်"

"ဟိုက ဦးကိုမကြိုက်ဘူးမလား "

"ကလေးကလေးလိုနေစမ်းပါ dindin ။မင်းကလူကသာ ၆နှစ် စကားကမိုးထိတက်"

"ဟွန့် "

သူ့ဟာသူတောင် သူ့ကြောင်ပေါက်လေးကို ဘယ်လိုလှည့်ကွက်နဲ့ သူ့ထပ်တွေ့ရမလဲစဉ်းစားမကလို့အကြပ်ရိုက်နေပါတယ်ဆို။

ငါအရေးကြီးတာကို မေ့နေတာဘဲ။ ညံ့လိုက်တာ Gemini ရာ ငါ့ကိုကူညီမဲ့သူက အနားရှိနေတာတောင် ငါကအဝေးကြီးလိုက်စဉ်းစားနေတယ်။

ကလေး ဟုတ်တယ်! ကလေးကအဓိကလေ သူ့ကြောင်ပေါက်လေးကကျောင်းဆရာဆိုတော့ စာသင်ပေးရတယ်။ သူ့တူလေး dindinကိုစာသင်ခိုင်းရင်း အိမ်မှာစာသင်ခိုင်းမယ် ၊နေ့တိုင်းမြင်ရမယ် ကွက်တိ။

အို !!တယ်တော်တဲ့ငါဘဲ။ အကြံစည်ဖော်ဖို့ရန် သူ့မစောင့်စည်းနိုင်တော့ပါ။

"ဦး ရူးသွားပြီလား တစ်ယောက်ထဲပြုံးနေတယ်"

"ဘာကွ လာခဲ့စမ်း မိရင်နာမယ်"

ပိတ်ရက်မှာ တူလေးနဲ့အတူတူပြေးလိုက်တမ်း ကစားနေခဲ့တဲ့ ကုမ္ပဏီ CEOကလည်း ကလေးနည်းတူ ချစ်စရာကောင်းနေပါသည်။

ကလေးလေးကိုမိအောင်ဖမ်းပြီး ဆော့ပြီးနောက် ကလေးကိုအကူညီတောင်းရမယ်။ ဘာနဲ့ခြောက်‌ရခြောက်ရ ..

"dindinကို ဦးလေးတစ်ခုမေးမယ် သေချာဖြေနော်"

"ဟုတ် ဦးဦး"

"ဦးအတွက် ချစ်စရာကောင်းတဲ့ချစ်သူလေးရစေချင်ဘူးလား"

"ရမှာလဲမဟုတ်ဘဲ လာမေးနေသေးတယ်ဗျာ"

ဒီကလေးတော့ ကိုင်ပေါက်လိုက်ရင်သေတော့မယ်။ ဟူး စိတ်ထိန်းသူကို ငါကကြားကနေကူညီခိုင်းရမှာမို့ ။ဒီကလေးကိုအခုတော့ညင်သာမှရမယ်။

သူ့ပေါင်ပေါ်ကောက်တင်လိုက်တော့ ငြိမ်ကုတ်သွားတာဘဲ ။ဆူခံရမယ်ထင်လို့နေမယ်.....

"ဦးအတွက် dindinကစာသင်ပေးကမယ်"

"အာ မေမေကကျောင်းထားပေးထားတာ သားစာပိုင်ပါတယ်"

"ရှည်လိုက်တာ ငါ့အစ်မသားရယ် စာသင်ဆိုသင်လိုက် ငါ့နောက်နေ့ခေါ်လာမယ် ဆင်းတော့ငါ့ပေါင်ပေါ်ကနေ"

"ဘယ်သူကထိုင်ချင်နေလို့လဲ ဦးဦးဘဲအတင်းထိုင်ခိုင်းပြီး"

သူနဲ့ဒီကလေး ဘယ်လိုရှေ့ဆက်ကမလဲ တွေးရင်းလန့်တောင်လန့်လာသည်။ သူရဲ့ကျောင်းဆရာလေးက စာသင်တာကိုလက်ခံပေးရင်ကောင်းမယ်။

____________________________________________

"ဒီနေ့တော့ ဒီလောက်ဘဲနော် ဆရာသင်ထားတဲ့စာတွေ သားသားတို့မီးမီး‌တို့ သေချာကျက်ရမယ်နော်"

"ဟုတ်ကဲ့ပါဆရာ"(တစ်ပြိုင်တည်း)

ကလေးတွေအားလုံးဆင်းသွားတာနဲ့ သူလည်းအိမ်ပြန်ဖို့အဆောင်ကနေဆင်းလာရာ ကားအဖြူရောင်ကြီးကညဘက်မှာထင်းပြီး တောက်ပြောင်နေသည်။ သူ့ဒီကားကိုမမှတ်မိစရာအကြောင်းမရှိပါ တစ်စုံတစ်ယောက်ကားမှန်းတန်းသိပါသည်။

"ငါမင်းကိုစောင့်နေတာ အိမ်လိုက်ပို့မယ် ပြောစရာလည်းရှိလို့"

သူပြောစရာရှိတာမို့ ကျွန်တော်လဲသူ့ကားပေါ်တက်ရင်း ပစ္စည်းတွေကျန်ခဲ့လား အိတ်ထဲခဏစစ်နေရင်း၊ သူ့ကအနားကိုကပ်လာသည်မို့ အနောက်ကိုဆုတ်မိသွားသည်။

တကယ်ဘာလေးလည်း ကျောင်းဆရာရေ၊ ကိုယ့်ကို့အသဲယားအောင် ဒီလိုအပြုအမှုတွေထပ်မလုပ်ပါနဲ့ကွာ။

"ဟိုဘာလို့ အဲ့လောက်အနီးကပ်နေတာလဲ"

ထိုအချိန်ခုံကခါးပတ်ကို သူကိုယ်တိုင်သေချာပတ်ပေးလိုက်ခြင်းကြောင့် မေးမိလိုက်တဲ့ကိုယ့်ကိုတောင် ရှက်သွားရသည်။ ဘာတွေတွေးနေမိတာလဲ ...

"ရပြီ လုံခြုံအောင်ခါးပတ် ပတ်ထားပါ"

ကားပေါ်မှာနှစ်ယောက်သား ငြိမ်သက်စွာ တစ်ယောက်မှစကားမစရင် မပြောသောအခြေနေကြောင့် ခေါ်လာမိတဲ့ကိုယ်ကဘဲစကားစကမည်ဖြစ်သည်။

"ငါမင်းကိုအကူညီတောင်းချင်တာရှိတယ် မင်းကူညီနိုင်မဲ့အရာပါဘဲ"

"ပြောကြည့်လေ ငါ့တတ်နိုင်ရင်ကူညီပါ့မယ်"

"ငါ့အိမ်ကတူလေးက စာအရမ်းညံ့တယ်၊ ကျောင်းကဆရာမသင်တဲ့စာတွေ လိုက်မမှီဘူး။ မင်းကဘဲသင်ပေးနိုင်မလား ငါ့တူလေးကိုဟင်"

သင်ပေးဖို့ကသူ့အတွက်မခက်ခဲပါဘူး။ ကလေးတွေကိုလည်းအခုလက်ရှိသင်နေဆဲမို့ ဒါပေမဲ့ဒီကကလေးတွေနဲ့ဆို သူ့တူလေးနေရတာခက်ခဲနေမှာစိုးသည်။

"အင်း သင်ပေးဖို့ကအဆင်ပြေပါတယ် ဒီကကလေးတွေနဲ့နေဖို့ကြအဆင်ပြေပါ့မလား"

"အာ ငါ့တူလေးကိုဒီအဆောင်မှာမသင်ပါဘူး"

"ဟမ် အဲ့တာဆိုဘယ်မှာသင်မှာလဲ"

Gemini တစ်ယောက်ပြုံးနေခဲ့သည့် အကြောင်းရင်းက သူ့အိမ်လေးကို ကောင်လေးကိုမရောက်ရောက်အောင် ခေါ်မဲ့အစီစဉ် အောင်မြင်တော့မည်။

"မင်းဒီကကလေးတွေသင်ပြီးရင် အိမ်လိုက်သင်ပေးလေ ငါ့အိမ်မှာဆို လွတ်လွတ်လပ်လပ်သင်လို့ရတယ်"

စာသင်ရဖို့ကအဆင်ပြေပေမဲ့ သူ့အိမ်ကိုညကြီးထိနေရဖို့ကြ သူ့အတွက်နည်းနည်း ဂယက်ထတော့မည်။ နဂိုထဲကသူ့ကိုတွေ့ရင် လူကရင်ခုန်တာထိန်းမရဖြစ်နေတာ..

"ငါ့စာသင်ပေးပြီးရင် အိမ်ပြန်နောက်ကျလိမ့်မယ်"

"ဒါခက်သ့လား မင်းငါတို့နဲ့တူတူလာနေလေ ။အခုလဲအဆောင်မှာနေနေတာပဲကို နော်"

ဒါကသူရဲ့တစ်ဖက်ခြမ်းလား ချွဲနေသလိုဘဲစကားပြောအမူအရာက သူ့သူငယ်ချင်း Satang အတွက်လည်းစဉ်းစားရအုန်းမည်။

"ဟို...Sa"

"ငါဒီတစ်ခါပဲ ကူညီခိုင်းတာပါကွာ သူ့စာမေးပွဲပြီးရင်မင်းလဲကိုယ့်အိမ်ကို ပြန်နေလေ"

လက်မခံချင်ပေမဲ့ လက်ခံအောင်ပြောနေသော သူကသူဖြစ်တာမို့ မငြင်းနိုင်တာလဲသူပါဘဲ။ အဲ့တော့ သူ့ပြောသလိုလုပ်ယုံဘဲပေါ့ ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။

"မင်းနောက်နေ့ဘဲ အိမ်ကနေပြောင်းလာခဲ့လိုက်နော်(၃)လပါဘဲနေရမှာ"

ချက်ချင်းကြီး သူလုပ်ချင်ရင်အကုန်မြန်မြန်ဆန်ဆန် လုပ်ရမှဖြစ်မည်။ သူ့တူလေးကို (၃)လပြီးရင် ငါလည်းသူနဲ့ထပ်တွေ့စရာမလိုလောက်ပါဘူးလေ။

_______________________________________________

စာသင်ပြီးတာမို့ခြေလက်ခဏသန့်စင်ရန် ရေချိုးခန်းထဲခဏ၀င်ရာ ဧည့်သည်ခန်းဆိုတော့ လူမရှိလောက်ပါဘူး။
ကျွန်တော်လက်ဆေးပြီးအထွက် သူရဲ့အပေါ်ပိုင်းဗလာကြီးနဲ့ထိပ်တိုက်တိုးသည်။

ကျွန်တော်လည်းအမြန်ရှောင်ချင်ဇောကြောင့် ပြေးထွက်လိုက်ရာ ရေချိုးခန်းကရေနှင့်ချော်လဲ၍ ရုတ်တရက်သူ့ရင်ခွင်ထဲရောက်သွားသည်။

အောက်ကနေအေးစက်စက် တစ်ခုခုနဲ့ ကျွန်တော့်ခါးတွေကထိစပ်နေတာမို့ အောက်ငုံ့ကြည့်ရာ........

_________________________________________________

ရှည်ရှည်ဝေးဝေး ဆက်မပြောတော့ပါဘူး ကြိုက်ရင်တူတူဆက်လိုက်ခဲ့ပါရှင်။

kiki 🐈
Vote လေးပေးကြပါချစ်ရင် 🤭💕


Comment