Part -1 🐈

ဆောင်းတွင်းရဲ့အေးစက်တဲ့ ရာသီဥတုဓာတ်ကိုရင်ဆိုင်းရင်း လေအေးသယ်ဆောင်ရာ၌ကို ဆောင်းနှင်းခဲလေးများအသက်၀င်စွာ ရွေ့လျားနေသည်။

"Fourth ဟင်းချက်နေတာလား တံခါးပိတ်အုန်းအအေးပတ်မယ်"

"အောင်း .. Satang ကျောင်းကပြန်လာတာလားဘာသတင်းကြားလဲ"

"အင်း ဒီတစ်ခေါက်တော့ သတင်းထူးတယ်ကွ ငါတို့ကျောင်းတုန်းကတစ်၀က်တစ်ပျက် ထွက်သွားတဲ့တစ်ယောက်လေ နာမည်ကဘယ်သူ Jumini ဆိုလား"

"မင်းကတစ်ခန်းထဲနေပြီး ခုထိမှားနေတယ် Geminiပါကွာ"

"အေးအဲ့နာမည်ကွာ သူကဒီတစ်ခါတွေ့ဆုံပွဲကို ဒကာခံမယ်လို့ကြားတယ်"

အင်း..သူလည်းနှစ်တွေကြာသွားတော့ အရင်ထဲကချမ်းသာတဲ့သူက အခုဆိုပိုအဆင်ပြေနေလောက်မှာပါ။အဆင်ပြေအောင်လဲ မင်းနေနေတယ်မလား ...

"သူကျောင်းကပြောင်းသွားတာ ကြာပြီမလား Fourth "

" ၆နှစ် သူကျောင်းကနေထွက်သွားပြီး အမိမြေကိုစွန့်ခွာသွားတာ ၆နှစ်ရှိပြီ "

ကျွန်တော်ဟာသူနဲ့ပတ်သတ်ရင် အချိန်တွေကုန်လို့ကုန်မှန်းမသိဘဲ သူ့အကြောင်းအမြဲစုံစမ်းခဲ့ပေမယ့်။ မအောင်မြင်ခဲ့ဘူး သူတို့မိသားစုကအရမ်းချမ်းသာတာမို့ ဘယ်လိုမှသတင်းအစအနမရခဲ့ဘူး။

ကျောင်းထဲကသူနဲ့သိပ်မရင်းနှီးပေမဲ့ သူကကျွန်တော့်ရင်ဘတ်ထဲကို အမြဲတမ်းလာရိုက်ခတ်နေတဲ့နှလုံးသားလေးရဲ့ပဲ့ကိုင်ရှင်ဆိုတာ သိခဲ့ရတာကြာပါပြီ။

________________________________________________

သူကိုယ်တိုင်သေချာရွေးငှားထားတဲ့ဆိုင်က အကောင်းစားဆိုင်၀ယ်ကျွေးထဲက သူကောင်းကောင်းနေနေဆိုတာသိရတာမို့ သူနဲ့ထပ်တူပျော်ရွှင်ရပါတယ်။

ကျွန်တော်တို့ရောက်တော့ အတန်းသားတော်တော်များများကရောက်နှင့်နေပြီဖြစ်သည်။ နဂိုထဲကတစ်ခြားလူတွေနဲ့ ရောနှောကတာမကြိုက်တဲ့အတွက် ခုံတစ်ခုံကိုယူလိုက်ပြီးထိုင်နေလိုက်သည်။ သူ့ကိုတော့ခုထိမတွေ့ရသေးပါ။

"အတန်းခေါင်းဆောင်ရေ ၀ယ်ကျွေးမဲ့သူကော ဗျာကျွန်တော်တို့သက်သက် အရှက်ခွဲရင်ပြေးမှာနော်"

Satang ကအမြဲကျောင်းသားဘ၀ထဲက အတန်းခေါင်းဆောင်ဆိုအမြဲစနောက်သည်။

"သူလာနေပါပြီကွ မင်းတို့ကလည်း."

ကျောင်းသားအဖွဲ့မိန်းကလေးတွေထဲကတစ်ယောက်က ...

"အရင်ထဲ ကျောင်းကလူချောလေးကအရမ်းချောတာ အခုဆို အွီးးးးးးးးအရမ်းမိမိုက်နေမှာဘဲ "

သူကအဲ့လိုအခုထိကို အတန်းထဲရဲ့မိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာကော ရေပန်းစားတဲ့လူချောလေးတစ်ယောက်ဖြစ်နေဆဲ...

ထိုအချိန်ဆိုင်ထဲကို ကားအနက်မကျခဲမကျအရောင်နဲ့ ကားတစ်စီး၀င်ရောက်လာသည်။ သူဆိုင်ကိုမော့ကြည့်ကာပြုံးလိုက်သည် တော်တော်ပြောင်းလဲသွားတာပဲဆိုင်ခန်းတွေက.....

လှေကားထစ်ကခြေလှမ်းသံကြောင့်အကုန်လုံးကထိုနေရာကိုဘဲ စူးစိုက်ကြည့်ကာ သူလာမှာကိုစောင့်နေကြ၍ သူ့ကိုမြင်သောအခါ မိန်း‌ကလေးများကအော်ကြသည်။

"Omg Gemini omgg အရမ်းချောတာပဲ အရင်တုန်းကထက်"

"တကယ်ကြီးမိမိုက်နေတာဘဲ ရည်းစားတော်ချင်သွားပြီကောင်မရေ"

"Gemini မင်းကအရင်လိုဘဲ နာမည်ကြီးဆဲပါကွာ "

"မဟုတ်ရပါဘူး အတန်းခေါင်းဆောင်ရာ"

သူရေသောက်ရင်းသာ သေချာကြည့်မိသည်။ ၀တ်ပုံစားပုံကော နေပုံထိုင်ပုံကော မင်းအများကြီးရင့်ကျက်လာတဲ့အတွက်ငါဂုဏ်ယူပါတယ် သူငယ်ချင်းရေ။

လက်မှာနာရီနဲ့အရမ်းကို ပြည့်စုံတဲ့သခင်လေးတစ်ပါးပါဘဲ။သူငေးနေတုန်း သူ့ဘက်လှည့်လာတာမို့ သူလဲတစ်ခြားနေရာကိုအကြည့်လွှဲလိုက်ရသည်။ ဟူး အရင်လိုဘဲ မင်းနဲ့ဆိုငါကပြာယာခပ်နေတာ....

"ဒါနဲ့ Gemini ကောင်မလေးရှိပြီလားရှင့်"

ကောင်မလေးတွေက ဒီကိစ္စကိုသိချင်သလို သူကိုယ်တိုင်လဲဒီအရာကိုသိချင်သည်။ သူထောင့်စွန်းဝိုင်းမှာထိုင်ပြီး သူပြန်ဖြေမဲ့စကားကိုနားစွင့်ထားလိုက်သည်။ ဟိုမှာအနေများလာတော့ ဟိုဘက်မှာသူ့ကိုမကြိုက်တဲ့သူရှိမှာမဟုတ်လောက်ပါဘူး ။

"အာ မရှိပါဘူး ငါက Single ဖြစ်နေဆဲပါဘဲ"

"အားးးးးးးး ရည်းစားမရှိသေးဘူးတဲ့ ငါတို့ကြိုးစားလို့ရသေးတယ်"

"ဟယ့် ငါအရင်ကြိုက်တာ"

"ဟိုကမိန်းမတွေ စိတ်မ၀င်စားဘူးဆိုရင်ရော"

အဖွဲ့ထဲကမိန်းကလေးတစ်ယောက်ပြောမှ ကျန်တဲ့မိန်းကလေးများငြိမ်ကျသွားသည်။

သူ့အဖြေကကျွန်တော်လုံး၀မထင်ထားတဲ့အဖြေမျိုးဖြစ်သည်။ မဖြစ်နိုင်တာသူ့လိုအရမ်းချောပြီး ငွေကြေးပြည့်စုံတယ်သူက ကောင်မလေးမရှိဘူးဆိုတာဖြစ်နိုင်ပါ့မလား။ ဒါပေမဲ့ သူ့မှာအတွဲမရှိတဲ့အတွက် တစ်ခြားမိန်းကလေးတွေပျော်သလို ကျွန်တော်ကိုယ်တိုင်လည်း ပြုံးနေခဲ့သည်။

"ဟျောင့် Jumini နဲ့မင်းကကျောင်းတုန်းကခင်တယ်မလား စကားသွားပြောလေ"

"မင်းကိုငါပြောနေတယ် Gemini လို့Jumini မဟုတ်ဘူး"

ဒီတစ်ယောက်လဲနာမည်အမှန်ပြောပြလဲ နာမည်အမှားဘဲခေါ်နေတယ် တကယ်ပြင်မရတော့ဘူးလားမသိဘူး။

အကုန်လုံးလည်းစားစရာတွေလာပို့သောအခါ သူ့ခုံနဲ့သူထိုင်ကြပြီး ကျွန်တော်နဲ့သူကမျက်နှာချင်းဆိုင် ထိုင်ရတာမို့နည်းနည်းရှိန်မိသည်။ အစားအသောက်စားလည်းတစ်ချို့တွေက စကားပြောနေကြပေမဲ့ ကျွန်တော်ကငြိမ်ငြိမ်လေးဘဲ ထိုင်နေခဲ့သည်။

သူ့ကိုတစ်ချက်ဘာလုပ်နေမလဲ လှမ်းကြည့်ရာ သူကကျွန်တော့်ကိုသေချာကြည့်နေတာနဲ့ တိုး၍ တစ်ခြားဘက်ကိုကြည့်ချင်ယောင်ဆောင်ရသည်။

"ကဲကဲ စားပြီးရင်သောက်ကြရအောင် ကိုယ့်အရှိန်ကိုယ်ထိန်းနော် မင်းတို့"

အတန်းခေါင်းဆောင်ကအားလုံးကို သေချာမှာကြားသည်။ သူတို့ကအခုကျောင်းသားတွေမဟုတ်ကြတောတဲ့ လူလတ်ပိုင်းအရွယ်ရောက်နေကြပြီမို့ အန္တရယ်‌ဖြစ်မှာစိုးလို့ ကားမောင်းပြန်ရတာကြောင့် သတိပေးသည်။

ကျွန်တော်ကအစထဲက မသောက်နိုင်ပါ နည်းနည်းစီသောက်ရင်း ငြိမ်ငြိမ်လေးထိုင်နေတာက ကျွန်တော်မူးနေတာဖြစ်သည်။

မိန်းကလေးတွေအားလုံးလည်းအရမ်းမူးနေပြီး အကုန်လုံးကမှောက်နေကြချိန် ကျွန်တော်လည်း‌ရီဝေဝေတော့ဖြစ်နေသည်။ ထိုအချိန်ကျွန်တော့်ဆီကိုလျှောက်လာတဲ့ဘယ်သူပါလိမ့် ။

"အခုချိန်ထိ မသောက်နိုင်ဘဲသောက်နေတုန်းဘဲနော် Fourth "

သူလား ဘယ်လိုလုပ်ဒီဘက်ထိရောက်လာတာလည်း ကျွန်တော့်ဘေးနားကခုံမှာ၀င်ထိုင်ကာ သူစ စကားပြောဖို့ရန်ထိုင်လိုက်သည်။ ကျွန်တော်မူးနေတာတွေတောင် ပြေချင်သွားသည်။ ကျွန်တော်တို့နှစ်ယောက်မတွေ့ဖြစ်တာ (၆)နှစ်ရှိပြီလေ...

"အင်း ငါမသောက်နိုင်သေးဘူး ဒါနဲ့မင်းဟိုနိုင်ငံမှာ အဆင်ပြေတယ်မလား"

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့က တစ်ခန်းထဲသူငယ်ချင်းတွေမို့ စပ်မိစပ်ရာတော့ မေးကအုန်းမည်။ သူနဲ့အနီးကပ်နေရရင်ကို ကျွန်တော့်ကဂနာမငြိမ်ဖြစ်တတ်တာမို့ ဒီတိုင်းထိုင်နေမဲ့အစား စကားစမြည်ပြောလိုက်သည်။

"အင်းအဆင်ပြေပါတယ် မပြေတာကလူ"

"ဟမ် လူကဘာဖြစ်လို့လဲ"

"ဒါနဲ့မင်းကောဆိုင်သူရှိနေပြီလား Fourth "

သူကကျွန်တော့်အဖြေကို သေချာမျှော်လင့်နေသလို စူးစိုက်ကြည့်နေတာမို့ ကျွန်တော်မြန်မြန်ဖြေလိုက်ရသည်။

"မရှိသေးပါဘူး ငါတစ်ယောက်ထဲပါဘဲ"

အခုသူမျက်နှာကပြုံးသွားတာလား အင်းလေသူကအရင်‌ထဲကပြုံးရင်ကိုအရမ်းချောတာကို စကားတပြောပြောနဲ့သောက်ရင်း ခွက်အရေအတွက်များလာသောကြောင့်ကျွန်တော်မူးနေသည်။

"မင်းကော မလွမ်းဘူးလား ငါ့ကို"

ဘယ်လိုမေးလိုက်တာလဲ မသိပေမယ့်။ ငါမင်းကိုမလွမ်းဘဲနေမလား ငါကမင်းရဲ့အင်း.....သူငယ်ချင်းတစ်ယောက်ဘဲလေ လွမ်းပါတယ်။

_________________________________________________

သူတို့ကျောင်းတက်တုန်းကအချိန်တွေကိုပြန်သွားရမယ်ဆိုရင်....

အဲ့တုန်းကကျွန်တော်ကကျောင်းမှာ လူတိုင်းနဲ့တရင်းတနှီးပေါင်းသင်းတာမရှိသလို အတန်းထဲကလူတွေကလည်းအလိုက်အထိုက်ပဲစကားပြောဖြစ်သည်။ တစ်နေ့ကျောင်းစောစော လာရာတွင် တစ်စုံတစ်ယောက်က၀င်တိုက်လိုက်သည်ကလည်း သူကိုယ်တိုင်ကလည်း အတန်းချိန်နောက်ကျမှာစိုးလို့ကြောင့် သူ့အမှားလဲပါတာမို့ တောင်းပန်ရန်အကြည့် .....

ကျွန်တော့်တို့ကျောင်းရဲ့ အလယ်တန်းလူချောလေးတစ်ယောက်ဆိုတာသူဘဲဖြစ်နိုင်မည်ဟု ကျွန်တော်မှတ်ချက်ပေးမိသည်။ ငယ်ငယ်လေးနဲ့အရမ်းချောတာပဲ တောင်းပန်ဖို့ကိစ္စသတိရ၍ စကားပြောမည်အလုပ်...

"ကျောင်းရုံးခန်းကိုသွားချင်လို့ ဘယ်ကိုသွားကမလဲဟင်"

" ဒီတိုင်းတန်းတန်းသွားပြီး ဘေးကိုချိုးလိုက်ရင်တွေ့ပါလိမ့်မယ်"

သူကခေါင်းညိတ်ပြပြီး ကျွန်တော့်ရှေ့ကတန်းထွက်သွားသည်။ သူကဘယ်အခန်းကျမလည်းမသိပေမယ့် သူ့ကျတဲ့အခန်းကမိန်းကလေးတွေအသံကဆူညံနေတော့မှာဘဲ။ သူကအရမ်းချောတာကို...

အခန်းထဲမှာကျွန်တော်ရောက်တာနောက်မကျသေးတာမို့နောက်ဆုံးရှေ့ကခုံက သူ့နေရာသူ၀င်ထိုင်ရင်း ဆရာအလာ‌ကိုစောင့်နေချိန် အခန်းထဲကိုဆရာ၀င်လာပြီး နောက်ကကျောင်းသားတစ်ယောက်လည်းပါလာသည်။ သူမနက်ကတွေ့ခဲ့တဲ့ နတ်သားလေးကဒီအခန်းကျတာလား။

"ကဲကလေးတွေ ဒီကလေးကကျောင်းသားသစ်ဘဲ အားလုံးလက်တွဲခေါ်ပေးပြီး ခင်မင်မှုရှိကြပါ"

"ဟုတ်ကဲ့ ကိုယ့်နာမည် Gemini ပါ "

သူကနာမည်ကိုမိတ်ဆက်ပေးတာနဲ့ ထုံးစံအတိုင်းမိန်းကလေးတွေရဲ့မျက်လုံးတွေက သူ့ဆီမှာဘဲပေါ့။

ကျွန်တော့်လည်းသူ့ကိုတချက်ခိုးကြည့်လိုက်ရာ သူမျက်လုံးတွေကကျွန်တော့်ရှိမှာတဲ့ ။ချက်ချင်းအကြည့်လွဲလိုက်သည်။ တကယ်ပါဘဲ ဗရုတ်ကျလိုက်တာ ကိုယ့်ရင်ဘတ်ကိုဖိထားမိသည်။

သူကထိုင်ဖို့နေရာရှာတဲ့အခါ ကောင်လေး/ကောင်မလေးတွေ နေရာရှင်းလင်းပေးသည်။ သဘောကသူတို့ဘေးမှာထိုင်ဖို့ပေါ့..

ဒါပေမဲ့ သူထိုင်လိုက်တာက ကျွန်တော့်ထိုင်ခုံရဲ့မျက်စောင်းထိုးကခုံလွတ်လေးမှာ သူတစ်ယောက်ထဲထိုင်ချင်လို့နေပါ့မယ်။

ကျောင်းတက်ရတဲ့ရက်တွေ တဖြည်းဖြည်းအချိန်ကုန်လာသလို သူနဲ့ကျွန်တော့်ရင်းနှီးမှုကလည်းမသိမသာလေး ပိုခင်လာကြသည်။

သူကပေါင်းကြည့်တော့ တကယ့်စိတ်ရင်းကောင်ပြီး အနေအေးတဲ့ပုံစံဆိုတော့ ကျွန်တော့်လည်းခင်မင်ရတာ အဆင်ပြေသည်။

ခင်မင်တဲ့နေ့က သူစကားစလာပြောတာက...

"ရော့ မင်းအတွက်ချိုချဉ် ငါတို့ခင်ကြမယ်လေ ငါ့မင်းကိုခင်တဲ့‌အနေနဲ့ ငါ့ချိုချဉ်ပေးမယ်"

ကျွန်တော့်လည်း ကြောင်တောင်တောင်ဖြစ်သွားကာ သူပေးတဲ့ချိုချဉ်ကိုယူလိုက်သည်။ သူကပါးလေးတွေရဲနေပြီး ကျွန်တော့်ကိုပြုံးပြသည်။

ထိုနေ့က ချိုချဉ်တွေကတစ်လုံးပြီးတစ်လုံး ကျွန်တော့်ရဲ့လွယ်အိတ်ထဲမှာ အပြည့်နေရာယူလာသည်။ ကျွန်တော့်မစားတော့ဘူး ငြင်းရင်လဲ သူ့ကိုမခင်ဘူးလားဟုပြောသာကြောင့် အမြဲယူရသည်။ ကျွန်တော်တို့ခင်မင်မှုက သာမန်ပါဘဲ....

ကျွန်တော့်ရဲ့စိတ်က သူနဲ့တွေ့ရင်ဗရုတ်သုတ်ခဖြစ်တယ်၊ နမော်နမဲ့နိုင်လွန်းတယ် ။သူ့အပေါ်ဘာစိတ်ရှိနေတာလဲဆိုတာ သူကျောင်းကထွက်သွားမှ သိလိုက်ရသည်။ သူပေးတဲ့ချိုချဉ်အခွံလေးတွေကို သပ်သပ်ရပ်ရပ်သေချာသိမ်းဆည်းထားတဲ့အထိ ခံစားချက်တွေရှိနေခဲ့တာပါ။

_________________________________________________

"ဟင် မူးနေရင်တော်တေ့ာလေ အိမ်မပြန်နိုင်ဘဲနေမယ် "

ငါ့အတိတ်ကိုပြန်တွေးရင် သူ့စကားသံကြားမှအတိတ်ကနိုးထလိုက်သည်။ သူမေးတာဘာလဲသေချာကြာပေမဲ့ သူမရတော့ဘူး အရမ်းမူးနေတာမို့.....

"ဟမ် ငါက........ဒုတ်!!"

ခုံနှင့်ခေါင်းစောင့်မယ်ထင်ပေမယ့်တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်‌ကျယ်ထဲကိုရောက်သွားသည်။ ဒီလူကိုယ်သင်းနံ့ကအရမ်းမွှေးတယ် သူအိပ်ပျော်သွားတော့သည်။

ကိုယ့်နေရာမှာတစ်ခြားသူရှိမှာလည်း မလိုချင်ခဲ့ပါဘူး။ မင်းကကိုယ့်အတွက် နေရာတစ်နေရာမှာစောင့်နေမယ်ဆိုတာ ကိုယ်ယုံတယ်လေ ။ခုလဲကြည့်မူးသွားပြီ ရင်ခွင်ထဲထည့်ထားပြီး သူကတော့နည်းနည်းထပ်သောက်နေခဲ့သည်။

ကိုယ်အများကြီးလွမ်းနေတာ မင်းဆီကိုပြန်ရောက်အောင် အများကြီးကြိုးစားခဲ့ရတာမို့ ဒီတစ်ခါတော့မင်းနဲ့ကိုယ်တို့ကြားဘာအလွှာမှာမခြားတော့ပါဘူး။

ကိုယ်ရဲ့ကျောင်းဆရာလေးက အရမ်းချစ်စရာကောင်းလာတာက လွဲရင်ကျန်တာဘာမှမပြောင်းလဲသွားဘူး။ ကြောင်ပေါက်လေး (Meow meow 🐈)

_________________________________________________

အင်းး ..ငါညကသောက်တာများသွားတာဘဲ ခေါင်းနည်းနည်းကိုက်နေတယ်။ အိပ်ယာထမှဖြစ်မယ်။ မျက်လုံးဖွင့်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ....

ဒါငါ့အခန်းလည်းမဟုတ်ဘူး ဘယ်သူ့အခန်းလဲ ညကဘယ်သူ့ငါ့ကိုလိုက်ပို့တာလဲ ။သူမေးခွန်းပေါင်းများစွာနဲ့ ခေါင်းကိုက်နေချိန် တံခါးဖွင့်လာတာမို့....

"နိုးပြီလား ငါမင်းအတွက်အမူးပြေတဲ့ ဟင်းရည်လေးချက်ထားတယ် ခဏနေဆင်းလာခဲ့နော်"

အချစ်တို့ရေ ကိုယ်ရဲ့အသစ်လေးကိုသဘောကျရဲ့လား။
ဒီဇာတ်လမ်းလေးကိုလည်းတူတူ စည်းမျောလိုက်ပါပေးပါအုန်း ။ကိုယ့် Update မြန်တာသိတယ်မလား ။ အရင်ကအပုဒ်ကစရေးတာအမှားတွေရှိပေမဲ့ ဒီအပုဒ်မှာပိုကောင်းအောင်ကြိုးစားရေးပါ့မယ်။

kiki 🐈
Vote လေးပေးကြပါချစ်ရင် 🤭💕

Comment