Final

ရုတ်တရက်မို့ ကျွန်တော်နဲ့ Satang ကြောင်‌တောင်တောင်ဖြစ်သွားသည်။ ပြီးမှသူဘာဖြစ်လို့ ဒေါသထွက်နေသလဲကို အရင်မေးကြည့်ရမည်ဖြစ်သည်။

"gem ဘာဖြစ်တာလဲ လူတွေကြည့်နေတယ်လေ၊ အသံကိုတိုးတိုးပြောပါ"

"ဘာကိစ္စတိုးတိုးပြောကမှာလဲ မင်းတို့ကအခုဘယ်လိုပတ်သတ်နေတာလဲပြော"

ဘာကိုမြင်လို့ gemအဲ့လောက်စိတ်တိုသွားလဲသူမသိပါ။ ဒါပေမဲ့လူတွေကြည့်နေသည်မို့ စကားပြောရန်အပြင်ကိုဆွဲခေါ်လာခဲ့တော့သည်။

"ပြော ငါကဘာလုပ်လို့လဲ ပြီးတော့ gem ကဘာကိုစိတ်တိုနေတာလဲ"

သူ့ဆီကစကားကြောင့် ချက်ချင်းမျက်လုံးခြင်းဆုံအောင် လှည့်ကြည့်လိုက်သည်။ ဘာကိုစိတ်တိုတာလဲတဲ့ မေးလဲမေးတတ်တယ် လူမြင်ကွင်းမှာဖြစ်ချင်တိုင်းဖြစ်နေတာကြီးကို ဘာဖြစ်နေလည်းလို့ဖြေစေချင်လဲ။

"ဟမ်..ငါ့ကိုပြောပြလေ gem"

"မင်းကအခု ဘာမှမသိတဲ့ပုံစံနဲ့ ခုနကနမ်းနေတဲ့သူမဟုတ်တော့သလိုဘဲနော် Fourth Nattawat Jirochtikul "

နာမည်အပြည့်အစုံခေါ်တာကြောင့် သူ့ဒေါသတော်တော်ထွက်နေတယ်ဆိုတာသိသာပါသည်။ နမ်းနေတယ်ဘယ်သူနဲ့လဲ ရှင်းရှင်းလင်းလင်း ဖြေရှင်းဖို့လိုပြီ။

"ငါတို့နမ်းနေတာမဟုတ်ပါဘူး မင်းအမြင်မှားတာပါ။ ငါ့မျက်စိစပ်သွားလို့ သူ့ကိုကူညီခိုင်းယုံပါ"

"တကယ်လား"

ကျွန်တော်သေချာရှင်းပြမှဘဲ သူစိတ်တိုတာဖြည်းဖြည်းခြင်းလျော့သွားသည်။ ဆိုင်ထဲမှာခုနကအော်လိုက်တာ အကုန်လုံးတောင်လန့်ကုန်တယ်။

ကျွန်တော်တို့နှစ်ယောက် အချင်းချင်းပြန်အဆင်ပြေသွားလို့တော်ပါသေးသည်။ သူ့ကိုအဖြေပေးမို့ ကူစဉ်းစားပေးတဲ့ Satang တောင်ဘယ်ရောက်သွားလဲမသိ။

"အဟွတ်....ကိုယ်နည်းနည်းစိတ်တိုမိသွားတယ် Sry"

"ဟုတ်ရဲ့လား နည်းနည်းဘဲဆိုတာ "

"အဲ့တာက အရင်ကလည်းမင်းတို့က အရမ်းရင်းနှီးဖူးတာမို့ ငါတလွဲထင်သွားတာပါ။ ဒါနဲ့ငါ့အတွက်အဖြေကော"

သူကိုယ်တိုင်လည်း ဒီကိစ္စအတွက်အဖြေကိုစဉ်းစားပြီးပါပြီ ။ ဒါပေမဲ့အခုတော့ မပေးသေးဘူး နည်းနည်းတော့အချိန်စောင့်ရအုန်းမည်။

"အင်း စဉ်းစားထားပါတယ် gem တစ်နေ့သိရမှာပါ"
_________________________________________

ဒီနေ့အဘိုးကမြန်မာနိုင်ငံကို အလည်လာတာမို့ သူလေဆိပ်ကိုသွားကြိုရမည်။ တူလေးနဲ့တူတူလေဆိပ်ကို ထွက်ခဲ့ကြရာ ..

"ဦးဦး ဘိုဘိုးကသားကို ပြောတာ ဧည့်သည်ခေါ်လာမယ်တဲ့ ဘယ်သူလဲသိလား"

"ဘယ်သိမတုန်း dindin ဦးကိုလဲဘာမှမပြောထားဘူး"

တူကြီးနှစ်ယောက်စောင့်နေရင်း လေယာဉ်ဆင်းလာပြီဖြစ်တာကြောင့် လူရှာဖို့သွားရတော့သည်။

"ဘိုးဘိုး သားသားဒီမှာ"

ကလေးမျက်စိတဲ့ကောင်းနေရော သူကအရင်တွေ့ဒီကမနည်းရှာရတယ်။ အဘိုးကကျန်းမာရေးကောင်းကောင်းမွန်မွန်ပြန်ဖြစ်လာပြီမို့ သူကိုယ်တိုင်လည်းပျော်ပါသည်။

"ဘယ်လိုလဲ Gemini အလုပ်အကိုင် အဆင်ပြေတယ်မလား"

"မေးစရာတောင်မလိုဘူး အဘိုးမြေးဘဲကို"

"ဒါဆို အချစ်ရေးကောငါ့မြေး "

"သူကအဖြေမပေးသေးဘူး အဘိုးရာ ကိုယ်သူ့ကိုဘယ်လောက်သဘောကျရလဲ၊ ကိုယ့်အသိဆုံးကို သူကအချိန်ကြာအောင်လုပ်နေသေးတယ်"

သူတို့မြေးဘိုးတွေစကားပြောနေတုန်း နောက်ကခြေသံကြားလို့လှည့်ကြည့်ရာ..

"Hi Mr: Gemini ကိုယ်ကဒီကိုကိုယ်စားလှယ်နဲ့ပတ်သတ်ပြီးလာရတာပါ အဘိုးနဲ့လည်းရင်းနှီးပါတယ်"

အဘိုးကိုဘယ်သူလဲလို့ မျက်စပစ်ရရာမှ အဘိုးကမမိတ်ဆက်ပေးရသေးတာကို သတိရသွားသည်။

"သူနာမည်က July လေ ငါတို့ရဲ့စီးပွားပိုင်နဲ့ရင်းနှီးတယ်။ သူ့ကတကယ်တော်ပြီး ကောင်းမွန်တဲ့ကိုယ်စားလှယ်မို့ မင်းအနားမှာ အတွင်းရေးမှူးအဖြစ်ခန့်မလို့"

အဘိုးကမမေးမစမ်း လုပ်ချလိုက်ပြန်ပြီ။ မိန်းကလေးကတကယ့်သက်ရပ်ပြီး ထက်မြတ်တဲ့ပုံပေမဲ့ ။သူကတစ်ယောက်ထဲအလုပ်လုပ်ကတာကြိုက်သည်။ ဘယ်အတွင်းရေးမှူးမှမလိုချင်ပါ နောက်ဆို အဲ့တာတွေကရှင်းရခက်တာတွေ။

"Aww . ဟုတ်ကဲ့ပါ ကိုယ့်နာမည်ကအဘိုးပြောပြထားတယ်မလား"

"သူကမင်းတို့အိမ်မှာဘဲ နေလိမ့်မယ်။ အိမ်မှာအဒေါ်ကြီးလည်းရှိတော့ သူနေကတာအဆင်ပြေမှာပါ"

အဘိုးပြောတာလဲ ဟုတ်သည်မို့၊သူလည်းဘာမှထပ်မငြင်းတော့ပါ။ ဟိုအိမ်က ကလေးလေးကိုပြောထားရအုန်းမည်။ လူသစ်တွေလာမယ်ဆိုတာ တော်ကြာအထင်လွဲမှာတွေ မလိုချင်ပါ။

အဘိုးတို့ကိုအိမ်မှာနေရချပြီးတာနဲ့ သူအလုပ်ကိုပြန်သွားရအုန်းမည်။ အိမ်မှာ fourth မရှိတာ‌ကြောင့် ပြောပြဖို့အခွင့်ရေးမရလိုက်သေး။ ရုံးကိုဟိုတစ်ယောက်ကိုပါ တစ်ခါထဲခေါ်သွားရမည် ကြိုတင်လေ့လာရအောင် အဘိုးကထည့်ပေးလိုက်ခြင်းဖြစ်သည်။

စာသင်ပြီးလို့အိမ်ပြန်လာသည်နှင့် အိမ်ကအရင်လိုမတိတ်ဆိတ်ဘဲ စကားသံတော်တော်များများကြားနေရသည်မို့ အထဲ၀င်ကြည့်ရာ အဘိုးတစ်ယောက်နဲ့ dindinစကားပြောနေတာတွေ့သည်။ အဘိုးကဖော်ရွှေစွာပြုံးပြသည်မို့ သူလည်းပြန်ပြုံးပြခဲ့သည်။

"dindinရဲ့ ဆရာမလားကလေးက အဘိုးက Gemini အဘိုးပါ လာလည်ကြတာ"

"ဟုတ်ကဲ့ပါ ဘိုးဘိုး"

သူ့မြေးကြိုက်တာလည်း မမှားပါဘူး၊ ဒီလောက်ချစ်စရာကောင်းပြီး လူကြီးတွေအပေါ်ရိုသေတာ လူရွေးတော်တယ်ပြောရမယ်။ မြန်မြန်နေရာချပေးချင်ပေမဲ့ အခုထိကလေးတွေက အချိန်ဆွဲနေကြသေးတယ်ထင်ပါတယ်။

"ဆရာလှလှလေး တီတီတစ်ယောက်လဲပါတယ်သိလား။ လှပါတယ် ဒါပေမဲ့ ဆရာလှလှလေးလောက်လှဘူး"

ကလေးပြောတဲ့သူကဘယ်သူမှန်းမသိပေမဲ့ နောက်ထပ်ဧည့်သည်တစ်ယောက်ပါသေးတယ်ထင်ပါတယ်။ ‌အပေါ်ထပ်တက်ကာ ရေချိုးပြီးအောက်ထပ်ကိုဆင်းလာကာ စာသင်ဖို့ကလေးကိုခေါ်မည့်အလုပ် ကားသံကြားသောကြောင့် ခဏတော့ကြည့်မိသည်။

gem ကားပေါ်ကဘယ်သူပါလိမ့် ။သူတို့ထက်အသက်ကြီးမဲ့ပုံဘဲ ဒီအချိန်ကြီးကိုအိမ်လိုက်လာတာလား။

အိမ်ကိုရောက်ရောက်ချင်း fourth အပေါက်၀ကငေးနေတာကိုမြင်နေသည်နှင့် အပြေးသွားကာစကားစလိုက်သည်။

"fourth ဒါငါ့အတွင်းရေးမှူးအသစ်လေ မင်းနဲ့မိတ်ဆက်ပေးမို့ဘဲ အိမ်မှာမင်းမရှိသေးတာမို့"

"မဂ်လာပါ အစ်မဗျ ကျွန်တော်နာမည်က"

"တို့ သိပြီးပါပြီရှင်။ Gemini ကအကုန်ပြောပြလို့ တကယ်ချစ်စရာကောင်းတာဘဲ နော်"

ဘာတွေပြောထားလဲမသိတာကြောင့် မျက်စောင်းထိုးလိုက်ရသည်။ အစ်မကိုတော့ ပြုံးယုံပဲပြုံးပြလိုက်သည်။ ဒါနဲ့ဒီအစ်မကဧည့်သည်ဆိုတဲ့ တစ်ယောက်နေမယ်။

"ကဲကဲ ဒီအဘိုးကြီးလဲ နားချင်ပြီ၊ မင်းတို့လဲနားကြတော့"

အားလုံးအိမ်ပေါ်တက်ကြသွားပေမဲ့ ။ သူအဖြေပေးရမည့်ကိစ္စကို စဉ်းစားရန်ခြံထဲမှာခဏသွားထိုင်နေလိုက်သည်။

အပေါ်ထပ်မှာ ကြောင်ပေါက်လေးမရှိတာမို့ သူရှာဖွေရင်း ‌ခြံထဲဆင်းနေသည် သူ့ကိုတွေ့ပါပြီ။

"ဘာတွေထိုင်ပြီး တွေးနေတာလဲ "

"ဒီတိုင်းဟိုဟိုဒီဒီပါ မင်းကောအလုပ်မှာအဆင်ပြေရဲ့လား"

"ပြေပါတယ် မပြေတာအချစ်ရေးလေ "

သူ့ကိုဘဲတည့်တိုးပြောတာမို့ မသိချင်ယောင်ဆောင်ကာနေနေရသည်။ သူ့ကိုယ်တိုင်လဲ ကျောင်းထဲကသဘောကျရတဲ့ gemကိုဘာတွေက တားဆီးနေသလဲမသိပါဘူး ။

"ငါ့အကောင်းဆုံး စဉ်းစားနေတာပါ မင်းနားလည်မယ်မလား"

"ငါ့ဘက်ကဘာတွေ လိုအပ်သေးလည်းစဉ်းစားနေတာ"

"ကဲပါ ကိုယ်လဲအိပ်တော့မယ် မင်းလဲနားတော့"

နှစ်ယောက်လုံးဘက်က ဘာတွေလိုအပ်ချက်တွေရှိနေသေးတာလဲ ပြိုင်မပြောချင်တော့တာကြောင့် အိမ်ပေါ်တက်ပြီး အခန်းထဲတွင်လည်းလွယ်လွယ်မအိပ်စက်နိုင်သေးပါ။

တကယ်ဘဲဘာကိုလုပ်ပေးကမလဲ ငါ့အကုန်လုပ်ပေးနေတာဘဲကို fourth အရူးလေးရဲ့တကယ်ပါဘဲ။
___________________________________________

အလုပ်မှာမပျော်ရွှင်တဲ့ သူတို့ရဲ့သူဌေးကိုဘယ်လိုလုပ်ပေးရမလဲမသိတော့သော ၀န်ထမ်းများလည်းရှိသည်။ July အလုပ်တင်ပြစရာရှိတာမို့ ၀င်လာရာ ..

"ဘာတွေဖြစ်နေတာလဲ Gemini အစ်မကိုတိုင်ပင်လို့ရပါတယ်။ အစ်မတစ်ယောက်လိုပွင့်လင်းစွာ ပေါ့"

"အင်း..ကိုယ့်ကောင်လေးက အဖြေတောင်းထားတာမပေးသေးလို့ ကိုယ်တို့ကတူတူအိပ်ပြီးပြီကို သူကဘာတွေစဉ်းစားနေလဲမသိဘူး"

"ဒါဆို 'ချစ်တယ်'ဆိုတဲ့ စကားကောသူ့ကိုပြောပြီးပြီလား"

ဟုတ်သားဘဲ။ သူဒီစကားကို မပြောရသေးတာမေ့နေတာ။ အဲ့ဒါကြောင့် ကြောင်ပေါက်လေးကစဉ်းစားနေရတာနေမယ်။ တော်တော်တုံးတဲ့ငါ့ဘဲ သေချာစီစဉ်ပြီး ဖွင့်ပြောမယ်။

"ကျေးဇူး ကိုယ်ဘယ်လိုဖွင့်ပြောရမလဲ"

"သူ့ကြိုက်လောက်မဲ့နေရာပေါ့ လက်ထပ်ခွင့်ပါတောင်းလို့ရသွားရင် အဆင်ပြေသွားတာပေါ့"

သူ့အကြံစည်ကို တိုင်ပင်ကာအဘိုးကိုအရင်ပြောပြထားသည်။ ပိတ်ရက်ကြရင် ဒီအကြံစည်ကိုအကောင်ထည်ဖော်ရမည်။ ကျိန်းသေပေါက်ကိုယ်တို့ နီးစပ်မှာပါ fourth ။

ပိတ်ရက်မှာ အလုပ်ရှုပ်နေသော CEOကြီးတစ်ယောက်ရှိနေပေမဲ့ ဘာမှမသိဘဲအိမ်မှာစာသင်ပေးနေတဲ့ကောင်လေးလည်းရှိပါတယ်။

"dindin သေချာကြည့်နော် နားမလည်ရင်ဆရာကိုပြန်မေးပါ"

"ဟုတ်ကဲ့ ဆရာလှလှလေး"

ဒီနေ့ gemကိုတစ်နေ့လုံးမတွေ့တာမို့ ဘယ်သွားလဲမသိ‌ပါ။ အလုပ်ရှုပ်လွန်းလို့ ပိတ်ရက်တောင် မအားကတဲ့ထိပင်ပန်းနေတော့မှာဘဲ။

"dindin ရဲ့ဦးဦး ဘယ်သွားလဲသိလားဟင်"

"သိဘူးသိဘူး ဟိုတီတီနဲ့မနက်ထဲကထွက်သွားတာဘဲ"

တစ်ခြားစိတ်၀င်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ညဘက်ရောက်တဲ့ထိဘာတွေများ အလုပ်ရှုပ်နေကြလဲမသိ။ ကြားထဲသူ့ကပါ အဖြေကိုစဉ်းစားနေတာကြောင့် စိတ်ကုန်မှာလဲစိုးသည်။

ဖုန်းသံမြည်လာတာမို့ လန့်တောင်လန့်သွားရသည်။ ဒီအချိန်ကြီးဘယ်သူဆက်တာလဲ။

"Hello သားရေ အဘိုးဆီကိုခဏလာပါအုန်း မြေးလေးပါခေါ်ခဲ့နော် နေရာပို့လိုက်မယ် "

အဘိုးဆီကမက်ဆေ့ရသည်နှင့် သူကောdindinကောအပြေးအလွှားလာရသည်။ လူကြီးကဖုန်းဆက်တာဆိုတော့ ဘာဖြစ်တာလဲ မသိတာမို့။

"အဘိုးဘာဖြစ်လို့လဲ ကျွန်တော်တို့ကိုခေါ်တာ "

"‌ရောက်လာပြီဘဲ ဟိုနားကအဆောင်နောက်ကို ခဏ‌သွားလိုက်အုန်း ။မင်းကိုတွေ့ချင်တဲ့သူရှိတယ်"

မုန့်ဆိုင်ရဲ့အဆောင်နောက်မှာ အခန်းအကျယ်ကြီးလို့ ရုံကြီးရှိတာမို့ ဘယ်သူကဒီနေရာကိုခေါ်ခိုင်းတာပါလိမ့်။

ဟောခန်းရုံကြီးကိုသွားရာ တိတ်ဆိတ်နေပြီး ဘာအသံမှမကြားရတာ နည်းနည်းလန့်စရာကောင်းသည်။ အခန်းဆောင်ကြီးထဲ ၀င်လိုက်တာနဲ့ ပူဖောင်းလေးတွေတန်းစီထားသည်ကိုတွေ့ရသည်မို့ ဘာပွဲရှိတာပါလိမ့်။

"fourth ကိုယ့်ဆီကိုတစ်လမ်းခြင်းလျှောက်လာခဲ့ပါ"

ဒါက သူ့အသံမလား သူကဘာလို့ဒီမှာရှိနေတာလဲ။ သူ့အသံဆိုတာနဲ့ လူကချက်ချင်းမြန်မြန်လျှောက်သွားလိုက်သည်။

"gem ဒါကဘာတွေလဲ"

အခုသူတို့နှစ်ယောက်ဘေးပတ်ပတ်လည်က ပန်းဥယျာဉ်ကိုရောက်နေတာနဲ့တူသည်မို့ ဘာတွေလုပ်ထားတာလဲမသိ။ အရမ်းလှတာတော့ သေချာသည် ပန်းရနံ့လေးကလေလာရာမွှေးပျံ့နေတာကြောင့် စိတ်ထဲကြည်နူးနေသည်။

"fourth ကိုယ့်ကိုကြည့် ကိုယ်ကမင်းကိုကျောင်းထဲက သဘောကျခဲ့ရတဲ့သူပါ။ မင်းကိုစတွေ့ထဲက ကိုယ့်ရဲ့ရင်ခုန်သံကို ကိုယ့်အတိုင်းမသိကြားနေရတာ။ ကိုယ့်မင်းနဲ့ခင်ခွင့်ရအောင်လဲ တမင်လုပ်ခဲ့တာ မင်းနဲ့ရင်းနှီးချင်လို့လေ။ မင်းကိုပေးတဲ့ချိုချဉ်တွေက ကိုယ့်ဘက်ကမေတ္တာရှိနေကြောင်း သွယ်ဝိုက်စွာပြောတဲ့နည်းပါ။ လူတွေကအချိုကိုပိုကြိုက်ကြတယ်မလား ။ ကိုယ့်လဲမင်းကိုချိုချဉ်ပေးတာက ကိုယ့်ဘ၀မှာမင်းကချိုချဉ်လေးနဲ့တူတယ်။ စစချင်းစားရတာ ချဉ်ပေမဲ့နောက်ပိုင်းကျစားလေချိုလေ အရမ်းစားကောင်းသလို မင်းကကိုယ့်မင်းအကြောင်းသိလေ မင်းကိုကိုယ့်ရဲ့ချစ်စိတ်တွေကပိုပြီးသိသာလာတယ်။ ကိုယ့်အဘိုးရဲ့ရောဂါကြောင့်‌ပြန်သွားရပေမဲ့ မင်းကိုကိုယ့်ဆက်သွယ်သေးတယ် ဒါပေမဲ့ဖုန်းလေးကအဲ့နေ့မှာဘဲပျောက်သွားတယ်။ ကိုယ်အခုပြန်လာတာကလည်း မင်းတစ်ယောက်ထဲကြောင့်ပါ ။ မင်းကိုကိုယ့်အများကြီးမြတ်နိုးရတာပါ ကိုယ့်ရဲ့ကြောင်ပေါက်လေးရယ်"

gemဆီက ထိုစကားအားလုံးကိုကြားလိုက်ရသောအခါ သူမျက်၀န်းမှာမျက်ရည်အိုင်များ ဖြစ်ပေါ်လာရသည်။ ျကယ်မသိခဲ့တာ ကိုယ့်ဘက်ကဘဲတစ်ဖတ်သတ် စိတ်၀င်စားနေတယ်ထင်နေခဲ့မိတာ အခုတော့ အချင်းချင်းမြတ်နိုးနေကြတာသိရတော့ သူ့ရဲ့၆နှစ်တာစောင့်ရတဲ့ လူသားကိုမြတ်နိုးလွန်းလို့ ရူးမတတ်ပါဘဲ။

"fourth ကိုယ်မင်းကိုချစ်တယ် မင်းတစ်ယောက်ထဲကိုဘဲချစ်တယ်၊မင်းရှိတဲ့အရပ်ကိုဘဲ ကိုယ်မျက်နှာမူချင်တယ်။ မင်းက‌နေကြာပန်းလေးဆို ကိုယ်ကနေမင်းကြီးလေ။ နေကြာပန်းလေးတွေကနေမင်းကြီးရှိတဲ့အရပ်ကိုဘဲမျက်နှာမူတယ် "

"အရမ်းချစ်တယ် gem မင်းကငါရဲ့ပထမဆုံးသောအချစ်ကိုခံစားမိစေတဲ့သူပါ ။ ငါလည်းမင်းနဲ့ထပ်တူမင်းကိုပြောမပြတတ်အောင် မြတ်နိုးရပါတယ်"

ရေး!!!!!!!!

အနောက်ဘက်က လက်ခုပ်သံတွေထွက်လာတာမို့ ကျွန်တော်လန့်သွားရသည်။ ဒါအဘိုးရယ်၊တူလေးရယ်၊ဟိုအစ်မရယ် အကုန်လုံးကသိပြီးသားပေါ့ ။ ငါ့ကိုအဲ့လောက်တောင်ချစ်ရလား gemရယ်။

"ကဲကဲ လက်ထပ်ခွင့်ရောတောင်းအုန်းမှာလား မြေး"

"‌ဟား!! အဘိုးကဗျာ ကျွန်တော်တို့ကအခုယူရင်တောင်ရနေပြီဗျ"

"ဟာ gemနော်"

သူ့ကြောင်ပေါက်လေးကို ရင်ခွင်ထဲထည့်ကာ သူအရမ်းပျော်မိပါသည်။ လူဘ၀တစ်လျှောက်မှာ ကိုယ့်ချစ်ရတဲ့သူနဲ့ထပ်တူ မေတ္တာတရားတွေရှိနေခြင်းက ဘာနဲ့မှမတူအောင်ကံကောင်းခြင်းတစ်ခုပါဘဲ။ မင်းအနားမှာငါရှိနေသ၍မင်းကငါ့ဘ၀ရဲ့ မရှိမဖြစ်နေရောင်ခြည်လေးပါ မြတ်နိုးရသူရဲ့ နဖူးလေးကိုနမ်းကာ သူရဲ့နောက်နေ့ရက်တွေမှာပျော်ရွှင်စွာဖြတ်သန်းရတော့မည်။

ဒီတစ်ခေါက်တိုသွားတယ်ဆိုပေမဲ့ သဘောကျပေးလို့ ကျေးဇူးတင်ပါတယ်ရှင်💞🙏

တစ်ပုဒ်လဲပြီးသွားပြန်ပြီ၊ ကိုယ့်ကြိုးစားပြီးအသစ်တွေနဲ့ပြန်လာပါ့မယ်။ စာဖတ်သူတွေကိုချစ်တယ်ရှင့်။
စာဖတ်သူတွေကို အကောင်းဆုံးတွေဘဲဖတ်စေချင်တာပါ။

‌kiki 🐈
Vote လေးပေးကြပါချစ်ရင် 🤭💕

Comment