Part -5
# Unicode #
ထယ်ယောင်း နိုးလာတော့ မျက်လုံးမဖွင့်သေးဘဲလက်တွေနဲ့ အိပ်ရာကိုစမ်းကြည့်တော့ သူ့ဘေးနေရာမှာ လစ်ဟာမှုကိုသာ တွေ့ရသဖြင့် ချက်ချင်းထထိုင်ပြီး ကြည့်လိုက်တော့..ကိုကိုက မရှိတော့ပေ....နိုးလာရင် ကိုကို့ကို ရင်ခွင်ထဲထည့်ပြီး....မနက်ခင်း အနမ်းလေးပေးပြီး ..မနက်ခင်း လေ့ကျင့်ခန်း‌လေးလုပ် ချင်ကာမှ ကိုကိုက စောစောထသွားတော့..ထယ်ယောင်းတို့ ခဲလေသမျှသဲရေကျတာဘဲ....
စိတ်ပျက်ပျက်နဲ့ မျက်နှာကို လက်ဖြင့် ဖိပွတ်ပြီး..ကုတင်ထက် လက်နောက်ပြန်ထောက်ဖို့ လက်ချလိုက်တော့....မာမာအရာတစ်ခုပေါ်ချမိသဖြင့်....ကြည့်လိုက်တော့..စာအုပ်ဖြစ်နေသည်။...စာအုပ်က ညက သူနဲ့ကိုကို စာရေးပြီးပြောနေကြတဲ့စာအုပ်...ထယ်ယောင်းလည်း...စာအုပ်ကို ယူပြီး ဖွင့်ကြည့်လိုက်တော့..
*~.ငါ မင်းကို ချစ်မိနေပြီ ထင်တယ် ....မဟုတ်ဘူး...ကိုကို မင်းကို ချစ်တယ် မောင်.~*
တစ်ကြောင်းတောင် မပြည့်တဲ့ စာလေးပေမဲ့ ထယ်ယောင်း အတွက်တော့..အဖိုးမဖြတ်နိုင်တဲ့ စကားလေးတည်ရှိရာ မျက်နှာပြင်လေး ဖြစ်နေတာကြောင့်..တန်ဖိုးထားမိသည်။
" ကိုကိုက ငါ့ကို ချစ်တယ်တဲ့...ရေး...ကိုကိုက ချစ်တယ်တဲ့..မောင်အရမ်းပျော်တာဘဲ ကိုကိုရယ် ..."
ထယ်ယောင်း ကုတင်ပေါ်ကမဆင်းဘဲ အရူးတစ်ယောက်လို ရယ်ကာ...တစ်ယောက်တည်း အကျယ်ကြီးပြောနေမိသည်။
" ကိုကိုရေ ....ကိုကိုရေ... "
ကင်မ်ဂျောင်ဂုက မနက်စောစော လူကို ရင်အကြီးကြီး နဲ့ အပြင်းစားခုန်အောင် လုပ်ပြီးပျောက်နေတာကြောင့်...တကျော်ကျော်အော်ခေါ်ကာ အခန်းထဲက ထွက်လာခဲ့သည်။လက်ထဲမှာ ကိုကိုရေးထားတဲ့ စာအုပ်နဲ့ ဘောပင်လေးလည်းပါ၏။
"ကိုကို....ကို~...အာ!..ကိုကိုက နားမှ မကြားတာ..ထယ်ယောင်းရာ..မင်းခေါ်တာကို ဘယ်လိုသိမှာလဲ...."
အလောတကြီးခေါ်ပြီးမှ ကိုကို့အကြောင်းသတိရပြီး...မခေါ်တော့ဘဲ ကိုကိုရှိလောက်မည့် မီးဖိုဆောင်ကိုသာ အရင်ထွက်လာခဲ့လိုက်သည်။ရင်ခုန်အောင်လုပ်တဲ့ သူဆီက တန်ရာတန်ကြေးတော့ ပြန်ယူရမှာပေါ့...
တွေ့ပါပြီး အေပရွန် ခဲရောင်လေးဝတ်ထားပြီး ချက်ပြုတ်နေတဲ့ ကိုကို..တစ်ခုခုကိုတွေးဆဆပုံစံလေးနဲ့ အတွေးလွန်နေပုံက ချစ်စရာကောင်းသည်။ဒါပေမဲ့ သူ ကိုကိုစတွေ့တည်းက ကိုကိုက အတွေးလွန်နေတတ်တာကို သတိထားမိ၏။ဘာတွေတွေးနေမှန်းမသိပေမဲ့ ကိုကိုရဲ့ အတွေးထဲမှာ သူရော အမြဲရှိနေမလား သိချင်မိသည်။
" ကိုကို~.."
အနားသွားပြီး ပခုံးလေးကိုင်ကာ..ခေါ်လာတော့ သူ့ကို လှည့်ကြည့်လာတဲ့ ကိုကို...
"မောင့်အတွက် မနက်စာပြင် နေတာလား...."
ကိုကိုက ပါးနပ်သည်။ သူနဲ့တွေ့တာ မကြာသေးပေမဲ့ သူဘာကို ပြောမှန်း နားလည်နေပြီ..အခုလည်း ခေါင်းလေးငြိမ့်ပြပြီး..လက်ဖဝါးလေးနဲ့ ခဏစောင့်ပါဆိုတဲ့ အဓိပ္ပာယ်လေး လုပ်ပြနေ၏။
ဟင်းချက်နေတဲ့ ကိုကို့ကို နောက်ကျောကနေဖက်ပြီး...ဆံပက်စလေးတွေကို နှုတ်ခမ်းနဲ့ ထိကပ်ပြီး နမ်းလိုက်...လည်တိုင်လေးကို နမ်းလိုက် နှောက်ယှက်နေတဲ့သူ...
မနေတတ်တော့တဲ့ ကိုကိုက မျက်နှာလေးရဲရဲ နီကာ သူ့ရင်ခွင်ထဲက ရုန်းနေ၏။
" ချောက်!. "
ထယ်‌ယောင်း ဂတ်စ်မီးဖို ခလုတ်ကို ပိတ်ကာ ကိုကို့ကို ပွေ့ချီလိုက်တော့...ပြူးပြူးကြောင်ကြောင် ပုံစံလေးနဲ့...ကြည့်လာတဲ့ကိုကိုရဲ့ မျက်ဝန်းတွေက ဘာကြောင့် ချီတာလဲဟု မေးနေသယောင်...
" ဒေါ်ကြီးဂျူး~..ကိုကိုချက်တဲ့ မနက်စာကို ပန်းကန်ထဲ ထည့်ပြီး ပြင်ပေးထားနော်...ခဏနေ ကျွန်တော်တို့ ဆင်းလာခဲ့မယ်..."
အနားမှာ မတ်တပ်ရပ်စောင့်နေတံ့ ဒေါ်ကြီးဂျူးကို မှာပြီး ကိုကို့ကို ချီကာ အပေါ်ထပ်ပြန်တက်လာခဲ့သည်။ ကုတင်ထက် ကိုကို့ကို ထိုင်စေလိုက်ပြီး သူက ကိုကို့ရှေ့ ဒူးတစ်ဖက် ထောက်ကာ ကိုကို့ရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်သည်။
*~.မောင့်ကို ချစ်တာ တကယ်လား ကိုကို.~*
ထယ်ယောင်း စာရေးပြီး မေးလိုက်တော့...ကိုကိုက ခေါင်းငြိမ့်ပြသည်။
*~.မောင်လည်း ကိုကို့ကို အရမ်းချစ်တယ်...ဘဝနဲ့ ရင်းပြီးတော့ကို ချစ်တယ် ကိုကို.~*
*~ငါက..စွံ့အနားမကြားတစ်ယောက်မို့..ကြာရင် မောင် ငြီးငွေ့လာပြီး ငြိုငြင်လာမှာ ငါကြောက်တယ်မောင်...~*
ညိုးငယ်တဲ့ မျက်နှာလေးနဲ့ ရေးပြီးပေးတော့ ထယ်ယောင်း ရင်ထဲမကောင်းပေ...ကိုကိုက ဖြစ်မလာမဲ့အရာတွေ အတွက် စိုးရိမ်စိတ်တွေဝက်နေ၏။သူအဲ့စိတ်တွေကို သူ့အချစ်တွေနဲ့ ချေဖျက်ပေးမယ်။
*~.မောင်က ဘယ်တော့ မှ ကိုကို့အပေါ်ငြီးငွေ့မှာ မဟုတ်ဘူး ကိုကို.~*
*~ငါက ပွဲမတိုးတဲ့ ခင်ပွန်းတစ်ယောက်မို့ ကြာလာရင် မင်းအရှက်ရမှာ ငါစိုးရိမ်တယ်မောင်...ပြီးတော့...ငါတို့သာ ကွဲကွာသွားရင်..အထိခိုက်ရဆုံးသူက ငါဘဲ ဖြစ်လိမ့်မယ်မောင်...မင်း ငါ့ကို လက်ထပ်ဖို့ ငြင်းဆန်သင့်တယ်...~*
*~.ကိုကို ကိုပိုင်ဆိုင်ချင်လွန်းလို့ မောင် ကိုယ်တိုင်ကိုက ဒယ်ဒီတို့ကို လက်ထပ်ခိုင်းတာပါ..ပြီးတော့ ကိုကိုက မောင့်ရဲ့ ဘဝဘဲ မောင်ဘယ်ဝော့ာမှ ကိုကို့ကို ခွဲသွားမှာမဟုတ်ဘူး.~*
*~မောင်...မင်း ငါ့ကို လက်ထပ်ရလို့ နောင်တမရပါဘူးနော်~*
*~.မောင် ကိုကို ကို လက်ထပ်ရလို့ ဘယ်တော့မှ နောင်တ မရဘူး ကိုကို.~*
ထယ်ယောင်း ကိုကို့ကို ရင်ခွင်ထဲဖက်ထားလိုက်တော့ ကိုကိုက သူရေးပြတဲ့စာကိုဖတ်ပြီးပြုံးနေသည်။
" ကိုကို~..မောင့်ကို..ကလေးတွေ အများကြီး မွေးပေးရမယ်နော်..ငါးယောက်..ကလေးငါးယောက် မောင့်ကို မွေးပေးနော် ကိုကို.."
သူ့စာလေးကြောင့် အရှက်သည်းသွားတဲ့ ကိုကို့ရဲ့ မျက်နှာလေးက ချစ်စရာပင်....
"မောင်ရယ် ကိုကိုရယ်..ကလေးလေးတွေရယ်..အိမ်ကြီးကြီးတစ်လုံးမှာ ပျော်ပျော်ရွင်ရွင် သက်ဆုံးတိုင် နေသွားကြမယ်နော်.."
သူ့စကားကို သိတဲ့ကိုကိုက သူ့ရင်ခွင်ထဲ ခေါင်းဝှက်ကာ မျက်နှာလေးရဲလာသည်။
*~ကတိနော်..မောင်~*
*~.ကတိ.~*
နှစ်ယောက်သား အကြည့်ဆုံရာကနေ မျက်လုံးချင်းစကားပြောပြီး ကတိပေးလိုက်ကြသည်။
သူတို့ရဲ့ အိမ်ထောင်ရေးက အဆုံးထိပျော်ရွှင်သွားရမယ်လို့ သူထင်ခဲ့၏။သူ့ကို မောင်က ပျော်ရွင်စေလိမ့်မယ်လို့ သူတွေးခဲ့မိတာ အမှားဖြစ်နေခဲ့ရင်....
~
~
~
~
~
~
"ဝေါ... ဝေါ.... ဝေါ... "
မိုးရာသီမို့ အချိန်ပြည့်ရွာ‌နေတဲ့ မိုးစက်တွေကို ဂျောင်ဂု အကြောင်းမဲ့ ငေးကြည့်နေမိသည်။ သူမိုးရွာထဲ ပြေးလွှားဆော့ကစားချင်တယ်...မိုးရေလေးတွေကို ထိတွေ့ချင်တယ်...မိုးအသံလေးတွေကိုကြားချင်တယ်...ဒါတွေက သူငယ်ငယ်တည်းက ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု..မားမားတို့က သူ့ကို အိမ်ထဲကနေ အိမ်ပြင်ပေးမထွက်ခဲ့သဖြင့် အရာတွေကို သူမသိ...မိုးရွာတိုင်း တခြားကလေးတွေဆော့ကစားနေတာကို ငေးမောကြည့်ရင်း...အားကျခဲ့ရတာ..ငယ်ဘဝ အမှတ်တရက ဘာလဲ ဘယ်လိုမျိုးဆော့ကစားခဲ့ရလဲ..သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲ..မေးရင် သူခေါင်းခါပြမိမှာ အမှန်ပင်...သူ့ကိုတွေ့ရင် နှာခေါင်းရှုံ့ပြီး မခေါ်မပြောလုပ်တတ်တဲ့သူတွေကြောင့် ပါးပါးတို့က အိမ်ပြင်မထွက်ခိုင်း...သူခံစားရမှာဆိုးလို့တဲ့..လူတွေရဲ့ ကဲ့ရဲ့သံတွေကို သူမကြားရပေမဲ့ သူမြင်နေရတယ်လေ....
ပြတင်းပေါက်ကနေ မိုးရွာတာကို ငေးကြည့်နေတုန်း..သူ့ခါးကို ရစ်တွယ်လာတဲ့ လက်တစ်စုံက ပြောစရာမလိုအောင် မောင်မှန်းသိသည်။
*~. နိုးလာပြီလား မောင်.~*
အင်္ကျီအိတ်ထဲ အသင့်စောင်ထားတဲ့ စာအုပ်သေးသေးလေးနဲ့ ဘောပင်ထုတ်ကာ မောင့်ကိုမေးလိုက်၏။
မောင်က သူ့ကို ဆွဲလှည့်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်ကာ...တစိမ့်စိမ့်‌ကြည့်မေတာကြောင့် ရင်ခုန်လာသည်။ မောင်နဲ့ အတူနေတာ တစ်လကျော်ပေမဲ့ အခုထိ မောင့်ရဲ့ အကြည့်တွေကို ကျင့်သားမရသေး မရင်ဆိုင်ရဲသေးပေ....
" နိုးလာပြီ...ကိုကို...မောင်နိုးနိုးချင်း ကိုကို့ကို မတွေ့လို့ လိုက်ရှာနေတာ ကိုကိုက မိုးရွာတာကို ကြည့်နေတာဘဲ..."
" မိုးရွာတာကို ကြိုက်လားကိုကို.."
*~. ကြိုက်တယ်မောင်...ငါကို မွေးတဲ့ အချိန်မှာ မိုးတွေသည်းသည်းမဲမဲ ရွာနေတာလို့ မားမားက ပြောတယ်..အဲ့ဒါကြောင့် ထင်တယ် မိုးရွာရင် ငါသိပ်ကြိုက်တာမောင်.~*
*~.ဆော့မလား ကိုကို...မောင်နဲ့ အတူ မိုးရွာထဲ ထွက်ဆော့မလား.~*
မျက်လုံးအရောင်လဲ့လဲ့လေးများနဲ့ မိုးရွာတာကို ငေးကြည့်နေတာကြောင့် ထယ်ယောင်းမေးလိုက်တော့ ကိုကိုက..မျက်လုံးတောက်တောက်ကလေးများဖြင့် အလှဆုံးပြုံးကာ ခေါင်းငြိမ့်ပြသည်။ကိုကို့ရဲ့ မျက်လုံးတွေက...ပြုံးရောင်သန်းရင် အရမ်းလှတာ ကြယ်တွေလို တလက်လက်နဲ့..တောက်ပနေ၏။
သူနဲ့ ကိုကို လက်ချင်းတွဲပြီး အောက်ထပ်ကိုပြေးဆင်းကာ အိမ်ရှေ့ မြက်ခင်းပြင်မှာ ပြေးလွှားဆော့ကစားကြသည်။ မိုးရွာထဲက ဆော့တာကို ကိုကိုအရမ်းပျော်နေသည်ထင် ရယ်လိုက်တာများ ပါးချိုင့်လေးတွေပေါ်ပြီး မျက်လုံးလေးတွေက ပျော်မြူးရိပ်သန်းနေ၏။သူလည်း ငယ်ငယ်ကသာ ဆော့တာ အရွယ်ရောက်လာတော့မိုးရွာရင် မဆော့ဖြစ်တော့..အခုမှ ကိုကိုဆော့ချင်မှန်းသိလို့ အတူဆော့ပေးတာ...
" ကိုကို...မောင် ဖမ်းမှာနော်...မမိအောင်ပြေး..."
သူပြောတော့ ခပ်ဝေးဝေးကို ပြေးသွားကာ..မကြောက်ဖူး လိုက်ဖမ်းဆိုတဲ့ ပုံစံမျိုးနဲ့ လျှာထုတ်သောင်ပြတဲ့ ကိုကို...
" မောင်လာပြီ...မိရင်ကိုကိုတော့မလွယ်ဘူး..."
ထယ်ယောင်းကပြောပြီး ကိုကိုပြေးတဲ့နောက်ကို လိုက်တော့ ကိုကိုက ရယ်ကာ...ပတ်ပြေးနေသည်။ ထိုမြင်ကွင်းလေးက မြင်ရသူအဖို့ စိတ်ကြည်နူးစရာပင်...အိမ်ပေါက်ဝကနေကြည့်နေကြတဲ့ ဒေါ်ကြီးဂျူးနဲ့ အိမ်အကူတွေရော...အိမ်အပေါ်ထပ် ပြတင်းပေါက်က ကြည့်နေကျတဲ့ ကင်မ်မောင်နှံရော အပြုံးတွေနဲ့ပင်။
"အစ်ကို ချယ်တို့ သားလေး ရယ်နေတာမြင်တယ်မလား..သားလေး အရွယ်ရောက်တည်းက အခုလို ရယ်တာ ချယ်ပထမဆုံး မြင်ဖူးတာဘဲ.."
"ဟုတ်တယ်..ချယ်..ဂျောင်ဂုလေးက သားရဲ့ အပြုံးအရယ်တွေကို ဖြစ်ပေါ်စေတဲ့ လာဒ်ကောင်လေးဘဲ...အစ်ကိုတို့ မိသားစုထဲသူလေးရောက်လာတာ ကံကောင်းတာဘဲ..."
"ဟုတ်တယ်နော်...အစ်ကို..."
~
~
~
"ဒေါ်ကြီးဂျူး...အစ်ကိုလေးက ပြုံးရင် လှတယ်နော်...ကျွန်မတော့ဖြင့် အစ်ကိုလေးပြုံးတာ အခုမှ မြင်ဖူးတော့တယ်...အစ်ကိုလေး ဂျောင်ဂုကလည်း ရယ်နေတာ ကလေးလေးကျနေတာဘဲ အရမ်းချစ်ဖို့ကောင်းတယ်နော်.."
"အွန်း...သူတို့ နှစ်ယောက်က လိုက်ဖတ်တယ်..ထယ်လေးပ ဒေါ်ကြီး ထိန်းကျောင်းခဲ့ရတဲ့ ကလေးဆိုတော့ အခုလို ပျော်နေတာတွေ့ရတာ စိတ်ချမ်းသာတာဘဲ..."
~
~
~
~
မိုးရွာထဲက အချစ်ငှက် နှစ်ကောင်ကတော့ ပြေးလွှားဆော့ကစားနေကြသည်မှာ မရပ်မနားပင်...
"မိပြီ...ကိုကို့ကို မောင်မိသွားပြီ..."
ထယ်ယောင်းက ဂျောင်ဂုရဲ့ ခါးလေးကို ချုပ်ပြီး ပြောတော့ ဂျောင်ဂုက ရယ်ပြီး ရုန်းသဖြင့် ထယ်ယောင်းက ပြန်ဆွဲကာ ရယ်မိသည်။ ကိုကို့က တကယ့်ကလေးလေး မိတာတောင် အရှုံးမပေးဘဲ ပြေးချင်နေသေးတာ
သူ့ဆွဲလို့ အရမ်းနာသွားမှာ စိုးသဖြင့် လွတ်ပေးလိူက်နော့ ကိုကို အဆိုးလေးက ပြေးသွားသည်။သူ့ကိုပြန်လှည့်ကြည့်ပြီး ရယ်ပြနေပုံက ထပ်ပြီး ဖမ်းခိုင်းနေသေးတဲ့ပုံ...
"မောင် လာပြီနော် .. ဒီတစ်ခါတော့ ကိုကို့ကို လွတ်မပေးတော့ဘူး..."
ထယ်ယောင်းက ပြေးနေတဲ့ ကိုကို့နောက်ကို ဖြေးဖြေးလေးပြေးကာ လိုက်ဖမ်းနေ၏။သူပြေးဖမ်းရင် မိပေမဲ့ သူမလိုက်နိုင်ဘူးထင်ပြီး ပြုံးပျော်နေတဲ့ ကိုကို့မျက်နှာလေးကြောင့် တမင်အရှုံးပေးနေမိသည်။
ထိုနေ့က မိုးမတိတ်မချင်းဆော့နေတဲ့ ကိုကို့ကြောင့် ထယ်ယောင်းလည်း အိမ်ပေါ်မတက်ရ..မိုးတိတ်တော့ ခေါ်‌တာတောင် နှုတ်ခမ်းဆူနေလို့ နမ်းလိုက်တော့ မျက်စောင်းလှလှလေးထိုးလာတဲ့ ကိုကို...အဝတ်စားလဲခိုင်းပြီး နွေးနွေးထွေးထွေးဝတ်ခိုင်းကာ...ထမင်းကျွေးပြီး ဆေးသောက်ခိုင်းရ၏။ မိုးရေဆော့ကစားတာ အတော်ကြာတော့ ဖျားမှာစိုးရိမ်ရသည်။ သူက ခံနိုင်ရည်ရှိပေမဲ့ ကိုကိုက နုနုဖတ်ဖတ်လေးလေ...
~
~
~
~
~
"ကိုကို မောင် အလုပ်သွားတော့မယ်နော်...မွ!.."
အလုပ်သွားခါးနီ ကိုကိုက ကားနားထိလိုက်ပို့တာကြောင့် ကိုကို့လက်ထဲက wallet ကိုယူပြီး နဖူးလေးကို နမ်းကာပြောလိုက်တော့ ခေါင်းငြိမ့်ပြီး ပြုံးပြတဲ့ ကိုကို....
"မောင် စောစောပြန်လာမယ်နော်...နေ့လည်ကျရင် မောင့်ဆီကို နေ့လည်စာ လာပို့ပေးနော် ကိုကို..."
သူ့စကားကြောင့် ဖြစ်ပါ့မလားဆိုတဲ့ အကြည့်တွေနဲ့ မေးလာတဲ့ ကိုကို...
အိမ်ထောင်သက်နှစ်လအတွင်းမှာ ကိုကိုရဲ့ မျက်လုံး ကစကားတွေကို သူက နားလည်လာပြီး...သူပြောတဲ့ စကားတွေကိုလည်း ကိုကိုက နားလည်လာတာကြောင့် စကားအများကြီး ပြောရတဲ့ အခါမျိုးသာ စာရေးပြကြရ၏။
*~.ဖြစ်တယ် ကိုကို...မောင့် ရဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ ကိုကိုက ကုမ္မဏီကို လာပိုင်ခွင့်ရှိတယ် ပြီးတော့ ကိုကိုနဲ့ လက်ထပ်ထားနာ မောင်ဘယ်တော့မှ ဖုံးကွယ်မှာ မဟုတ်ဘူး ကိုကို.~*
သူရေးပြတဲ့စာကြောင့် ကိုကိုက ပြုံးပြပြီး ခေါင်းငြိမ့်လာသည်။ သူလည်း ကားစက်နိုးပြီး ထွက်လာခဲ့၏။
ဂျောင်ဂု ကားမောင်းပြီး ထွက်သွားတဲ့ မောင့်ကိုကြည့်ပြီး မျက်ရည်ဝဲမိသည်။မောင်က သူ့လို လူမျိုးကို လူအများကြီးရှိတဲ့ ‌မောင့်ကုမ္မဏီကို လာခိုင်းတာက သူ့ကို ချစ်လို့ပေါ့..သူ့ရဲ့ ချို့ယွင်းချက်ကြောင့် လူတွေကဲ့ရဲ့မှာကို မရှက်ဘဲ ရဲရဲဝံ့ဝံ့ ထုတ်ပြရဲတာ..မောင်လို လူမျိုးနဲ့ လက်ထပ်ရတာ သူကံကောင်းတာပင်...လောကကြီးက သူ့ပေါ် မရက်စက်လောက်ပါဘူး....
~
~
~
" အစ်ကိုလေး ဘာလုပ်ပေးရမလဲ....ခိုင်းစရာရှိလို့လားဟင်..."
သူမီးဖိုချောင်ထဲ ဝင်လာတာတွေ့တော့..‌အိမ်အကူမလေးတွေက ပြာပြာသလဲ မေးလာကျ၏။ နားလည်တဲ့သူက ပြုံးပြီး ခေါင်းခါပြလိုက်သည်။
" ဂျောင်ဂုလေး...ဒေါ်ကြီးဂျူး ဘာလုပ်ပေးရမလဲ..."
*~.မောင့်အတွက် နေ့လည်စာကို သား..ကိုယ်တိုင် ချက်ပြီး ပို့ချင်လို့ ဒေါ်ကြီးဂျူး.~*
သူစာရေးပြတော့ ဒေါ်ကြီးတို့က ဖတ်ပြီး..သူရေးပြတဲ့စာမျက်နှာမှာ ထပ်ပြီး စာရေးလိုက်သည် ။
*~.သား ပင်ပန်းမှာပေါ့...ဒေါ်ကြီးတို့ ချက်ပြီးမှ သွားပို့ပါလား သားရယ်.~*
*~.သား ကိုယ်တိုင်ချက်တဲ့ ဟင်းကို မောင့်ကို ကျွေးချင်လို့ပါ.~*
စိတ်အားထက်သန်နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လာတာကြောင့် ဂျူးတို့လည်း နောက်ဆုတ်ပေးလိုက်တော့ အပြစ်ကင်းစင်တဲ့ အပြုံးလေးနဲ့ ဝင်ပြီး ချက်နေ၏။တကယ်ပါ ဂျောင်ဂုလေး ပြုံးတာ ကလေးလေးလိုဘဲ အရမ်းအပြစ်ကင်းတာ...စိတ်ထားလေးကလည်း ကောင်းပြီး နူးညံ့သိမ်မွေ့သည်။ဒါ့ကြောင့် အစ်ကိုလေးက အသည်းစွဲဖြစ်နေတာ ....
ဂျောင်ဂုက ထယ်ယောင်းအတွက် မမောနိုင်မပန်းနိုင်ဘဲ ကောင်းနိုးရာရာတွေ ချက်ပြုတ်နေသည်။ ပြုံးရယ်ပြီး အချစ်တွေအပြည့်နဲ့ ချက်ပြုတ်နေတဲ့ ဟင်းလျာလေး‌တွေမို့ အရာသာက ကမ္ဘာ့ အကောင်းဆုံးဖြစ်မှာ ကျိန်းသေပင်....အိမ်အကူတွေနဲ့ ဒေါ်ကြီးဂျူးလည်း သူတို့အစ်ကိုလေးရဲ့ ခင်ပွန်းကို ကြည့်ပြီး ပီတိတွေဖြာမိသလို ချစ်စရာကောင်းလွန်းတာကြောင့် အသည်းတယားယား...ဂျောင်ဂုရဲ့ မျက်လုံးလေးတွေထဲမှာ ထယ်ယောင်းအတွက် အချစ်တွေနဲ့ ချက်ပြုတ်နေတာ အတိုင်းသားမြင်နေရသည်။ ဂျောင်ဂုရဲ့ မျက်ဝန်းလေးတွေက လိမ်ညာလို့မရတဲ့ မျက်ဝန်းလေးတွေပင်...အချစ်အမုန်းနဲ့ ခံစားချက်တွေကို မျက်ဝန်းလေးတွေကို ကြည့်ရုံနဲ့ အတိုင်းသားမြင်နေရ၏။
ချယ်ယောင်း အောက်ထပ်ဆင်းလာတော့ မီးဖိုချောင် ပေါက်ဝမှ မတ်တပ်ရပ်ပြီး ကြည့်နေကြတဲ့ အိမ်အကူတွေကြောင့် သွားပြီးကြည့်လိုက်တော့ ဂျောင်ဂုလေး ဟင်းချက်တာကို ငေးကြည့်နေကြခြင်းပင်...
ဂျောင်ဂုလေးရဲ့ မျက်နှာလေးက အပူအပင်ကင်းမဲ့ပြီး အေးချမ်းသည်။ သူလေးကို မြင်တာနဲ့ အလိုလို အပူတွေ ငြိမ်းအေးသွားစေတဲ့ ကလေးပင်...တကယ့်အကြည်ဓာတ်လေးပေါ့...
"ထယ်လေးကို နေ့လည်စာ ပို့ပေးဖို့ ချက်ပြုတ်နေတာလေ..အစ်မချယ်..ဂျူးတို့ကိုတောင် ဘာမှ ကူမလုပ်ခိုင်းဘူး.."
သူ့ကိုမြင်တော့ ဂျူးက ပြောနေသည်။သူလည်း သမက်လေးကို ပြုံးပြီးကြည့်နေမိ၏။
"အစ်မချယ်တို့ သမက်ရကံကောင်းတယ်နော်...ဂျောင်ဂုလေးက..အစစအရာရာပြီးပြည့်စုံတဲ့ ကလေးတစ်ယောက်ဘဲ...မျက်နှာလေးကလည်း အေးချမ်းပြီး စိတ်ထားလေးကလည်း နူးညံ့တယ်..ပြီစတော့ ထယ်လေးကိုလည်း အရမ်းချစ်တယ် ."
ဂျူးက သူတို့နဲ့ နေလာတာ ထယ်ယောင်းလေး တစ်သက်မို့ မိသားစုတွေလို ဖြစ်နေတာကြောင့်...ပြောရဲဆိုရဲသလို...သူတို့လည်း..ဂျူးရဲ့စကားတွေကို အလေးထားသည်။
"ဟုတ်တယ်..ဂျူး...ချယ်တွေးမိတာက ချယ်တို့သားလေးကိုရတဲ့သူက ကံကောင်းမယ်လို့လေ..ဒါပေမဲ့ အခုတော့..ဂျောင်ဂုလေးကို ရလို့ ချယ်တို့သားက ကံကောင်းတယ်လို့ မြင်မိတော့တယ်.."
"ဟုတ်တယ်နော် အစ်မချယ်.... "
သူတို့လည်း ဆက်မကြည့်တော့ဘဲ..ချယ်က ခြံထဲဆင်းကာ ပန်းပင်တွေ စိုက်နေသလို..ဂျူးတို့လည်း လုပ်စရာရှိတာလုပ်နေလိုက်သည်။ဂျောင်ဂုလည်း...ထယ်ယောင်းအတွက်နေ့လည်စာကို ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတာ ပင်ပန်းရကောင်းမှန်းမသိ...
~
~
~
~
~
To be next.. part..,
" သူက အ နေတာလား.."
"မင်းတို့....CEO က ဆွံအနားမကြားတဲ့သူနဲ့ လက်ထပ်ထားတာလား..."
*~.ကျွန်တော့်ကိုပြောချင်ပြောပါ မောင့်ကို ဆွဲမထည့်ပါနဲ့.~*
ဂျောင်ဂု ငိုပြီး.. စိတ်ထဲကပြန်ပြောနေသော်လည်း အပြင်မှာစကားတစ်လုံးမှတောင်ထွက်မလာ...ပထမအဆုံးအကြိမ် ကိုယ့်ဘဝကိုယ် အားမလိုအားမရ ဖြစ်မိတာပင်...သူပြောချင်တာကို သူ့မျက်လုံးလေးတွေကနေ နားလည်အောင် ကြည့်ပေးကြပါ...
~
~
~
~
~
Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜
Thanks for votes, feedback and comment.
I Love my readers forever ❤️
I PURPLE YOUR 💜
______________________________________
# Zawgyi #
" ကိုကိုရေ ....ကိုကိုရေ... "
" ကိုကို~.."
" ချောက်!. "
*~ငါက ပွဲမတိုးနဲ့ ခင်ပွန်းတစ်ယောက်မို့ ကြာလာရင် မင်းအရှက်ရမှာ ငါစိုးရိမ်တယ်မောင်...ပြီးတော့...ငါတို့သာ ကွဲကွာသွားရင်..အထိခိုက်ရဆုံးသူက ငါဘဲ ဖြစ်လိမ့်မယ်မောင်...မင်း ငါ့ကို လက်ထပ်ဖို့ ငြင်းဆန်သင့်တယ်...~*
*~.ကိုကို ကိုပိုင်ဆိုင်ချင်လွန်းလို့ မောင် ကိုယ်တိုင်ကိုက ဒယ်ဒီတို့ကို လက်ထပ်ခိုင်းတာပါ..ပြီးတော့ ကိုကိုက မောင့်ရဲ့ ဘဝဘဲ မောက်ဘယ်ဝော့ာမှ ကိုကို့ကို ခွဲသွားမှာမဟုတ်ဘူး.~*
*~ကတိနော်..မောင်~*
*~.ကတိ.~*
~
~
~
~
~
~
"ဝေါ... ဝေါ.... ဝေါ... "
*~. နိုးလာပြီလား မောင်.~*
"ဟုတ်တယ်နော်...အစ်ကို..."
~
~
~
~
~
~
~
~
~
~
~
~
~
~
~
"ဟုတ်တယ်နော် အစ်မချယ်.... "
~
~
~
~
~
To be next.. part..,
" သူက အ နေတာလား.."
~
~
~
~
~
I PURPLE YOUR 💜
Comment