Part -25

# Unicode #

ကိုကို့ကိုကြည့်နေတုန်း ကိုကိုကမျက်လုံးမှိတ်ထားပေမဲ့ မျက်ရည်လေးတွေစီးကျလာပြီး နှုတ်ခမ်းပါးလေးတွေကလည်း တဆက်ဆက်တုန်‌လာသည်။

" ကိုကို! ကိုကို! သတိထားပါအုံး! ကိုကို! "

ထယ်ယောင်း ဆေးပိုက်တပ်မထားတဲ့လက်ကလေးကို ဖြေးဖြေးလှုပ်ပြီးခေါ်လိုက်တော့ မျက်ခွံလေးတွေလှုပ်လာပြီး မျက်လုံးပွင့်လာ၏။

" ကိုကို!.. သတိရပြီလား~ .. ခဏ! မောင် ဒေါက်တာခေါ်ထားတယ်.."

ထယ်ယောင်း အခန်းထဲက ခလုတ်နီလေးကို နှိတ်ပြီး ကိုကို့ကိုပြောလိုက်တော့ ကိုကိုက ခေါင်းငြိမ့်ပြသည်။

ဆရာဝန်နဲ့သူနာပြု နှစ်ယောက် ရောက်လာပြီး.. ကိုကို့ကို စမ်းသပ်ပေးနေကြ၏။

" စိုးရိမ်စရာမရှိတော့ပါဘူး.. နောက်တစ်ရက်နေပြီးရင် ဆေးရုံဆင်းလို့ရပြီ.. ကလေးက ပြန်ယူချင်ရင် သားအိမ်ထိခိုက်မှုမရှိတာကြောင့်ယူလို့ရတယ် ပြီးတော့ ခင်ဗျားတို့သုံးနေတဲ့ဆေးက သားအိမ်အတွက်ဘေးမဖြစ်တာကြောင့် ကလေးလိုချင်ရင် ဆေးဖြတ်လိုက်တာနဲ့ ခဏအကြာမှာ ကိုယ်ဝန်ပြန်ဆောင်လို့ရတယ် "

" ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော် နားလည်ပါတယ်.. ပြီးတော့ တားဆေးကို ဘယ်အချိန်လောက်ပြန်တိုက်လို့ရလဲမသိဘူး ဒေါက်တာ... "


" တစ်လ ပြည့်ရင် ပြန်ပြီးသုံးလို့ရပါပြီ "

" ကျေးဇူးပါ ဒေါက်တာ.."

" ရပါတယ်ဗျ.. ခွင့်ပြုပါအုံး "

ဆရာဝန်တွေထွက်သွားတော့ အခန်းထဲမှာ သူနဲ့ကိုကိုသာ ကျန်ခဲ့သည်။ ဆရာဝန်ရှိတုန်းကလည်း သူနဲ့ဆရာဝန် ပြောသမျှကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စူးစမ်းနေမှန်းသိပေမဲ့ ထယ်ယောင်း ဂရုမထားမိဘဲမေးလိုက်၏။အခုလည်း သူ့ကို မျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်လာသည်။

*~. ကိုကို ဆန်ပြုတ်စားမလား... မောင် ဆေးရုံက ကန်တင်းမှာ သွားဝယ်ပေးမယ်... ဒေါ်ကြီးဂျုးတို့က ညစာလာပို့ပေးမှာဆိုပေမဲ့ နောက်ကျမယ်ထင်တယ်.~*

သူစာအုပ်ထဲမှာရေးပြပြီး ပေးလိုက်တော့ ဖတ်ပြီးတာနဲ့ စာအုပ်ထဲမှာ ပြန်ရေးနေတဲ့ကိုကို..

*~.ငါ မစားချင်သေးဘူး မောင်.. ဒါနဲ့ ငါ.. ငါဘာဖြစ်တာလဲမောင်... ဧကန္တ ငါ.. ငါကိုယ်ဝန်ပျက်ကျတာလား..မောင် ငါ့ကို မညာနဲ့နော် အမှန်တိုင်းဖြေ.~*

ထယ်ယောင်း ကိုကို့ရဲ့ စာကိုဖတ်ပြီး ပင့်သက်ရှိုက်လိုက်သည်။

" ဟင်းး"

" ဟုတ်တယ် ကိုကို "

မောင်က ခေါင်းငြိမ့်ပြီး မျက်နှာမသာမယာနဲ့ပြောတာကြောင့် သူ့ကိုယ်ဝန်ပျက်ကျတာ အမှန်မှန်းသိလိုက်ပြီ..အဲ့ဒါကြောင့် အိပ်မက်ထဲမှာ သမီးလေးက ပြန်လာလို့မရဘူးလို့ပြော‌တာ.. သမီးလေး အရမ်းဝမ်းနည်းနေခဲ့တာ


သူ့အမူအရာကိုကြည့်ပြီး မျက်လုံးတွေမှာ မျက်ရည်ဥတွေပြည့်လာပြီး တလိမ့်လိမ့်ပြိုဆင်းလာတဲ့ ကိုကို.. နှာခေါင်းတွေနီရဲပြီး နှုတ်ခမ်းပါးလေးတွေက တဆက်ဆက်တုန်ယင်ပြီး ငိုလာ၏။

" ကိုကို! ကိုကို ! မငိုရဘူးလေ! မောင့်ကိုကြည့်! မငိုနဲ့နော် "

ထယ်ယောင်းက ကိုကို့ရဲ့ မျက်နှာလေးကို လက်ဖြင့်ထိန်းကိုင်ပြီး ပြောလိုက်တော့ သူ့ရင်ခွင်ထဲထိုးဝင်ပြီး ငိုချလာတဲ့ကိုကို..

" မောင်! မောင် မတားတော့ပါဘူး ကိုကို... ငိုလိုက်ပါ.. ပြီးရင်တော့ မောင်တို့ မိသားစုပျော်ပျော်ရွင်ရွင်ပြန်နေကြမယ်.. "

" မောင်တို့ ဒုတိယရင်သွေးလေး ‌ဖျက်ဆီးမိလို့ မောင်တောင်းပန်ပါတယ် ကိုကို "

ထယ်ယောင်း ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးပြီး မကြားနိုင်မှန်းသိပေမဲ့ ပြောလိုက်မိသည်။

* ကလေးရေ.. ဒယ်ဒီ တောင်းပန်ပါတယ်... ဒယ်ဒီသတ္တိမရှိခဲ့လို့.. ကလေးလေးထိခိုက်ရတာ... ဒယ်ဒီ့ကို ခွင့်မလွှတ်ပါနဲ့ ကလေး..*

ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေ မသိမသာခိုးသုတ်ပြီး ကိုကို့ကို တင်းသထက်တင်းအောင် ဖက်ထားလိုက်၏။

* မောင်! ငါ.. ငါလေ မင်းနဲ့တူ‌တဲ့ သမီးလေးကို မထိန်းသိမ်းနိုင်ခဲ့ဘူး ဘယ်အရာက ‌ငါနဲ့ ငါ့သမီးလေးကို ခွဲခဲ့မှန်းငါမသိဘူး .. ငါတောင်းပန်ပါတယ် ငါ့အသုံးမကျလို့ မောင့်ရဲ့သွေးသားလေးပျက်ဆီးရတာ.. *

* ငါ သမီးလေးကို အိပ်မက်မက်တယ်မောင်.. ငါ့တို့သမီးလေးကလေ အရမ်းကြောက်နေခဲ့တာ.. ငါ့အမှားကြောင့်ပါ.. ငါ့အမှားကြောင့် သမီးလေးထိခိုက်ရတာ.. ငါသာ သမီးလေးရှိနေမှန်းသိခဲ့ရင် ဂရုစိုက်မှာ.. အခုတော့ မောင်ရယ် ငါရဲ့ ပေါ့ဆမှုကြောင့် သမီးလေးအသက်‌ဆုံးရှုံးရတယ်.. ငါ .. ငါရင်တွေ တအားနာတာဘဲ မောင်.. ငါ့ရင်တွေမွစာကြဲပြီး အရမ်းနာတယ် ငါက ကိုယ့်သားသမီးတောင် မကာကွယ်ပေးနိုင်တဲ့ မိဘဘဲ.. ငါက ! ငါက အသုံးမကျတဲ့ မိဘဘဲမောင်...*

မောင့်ရင်ခွင်ထဲတိုးဝင်ပြီး ကလေးငယ်တစ်ဦးလို ရှိုက်ငိုမိသည်။ကလေးတစ်ယောက်ဆုံးရှုံးရတဲ့ခံစားချက်က သူ့အတွက် သေမတက်ခံစားရသည်။လောကကြီးက သူ့ကို ခံစားချက်မျိုးစုံကို ခံစားစေချင်ပုံရသည်။‌

ပထမဦးဆုံး မောင့်ကို ချစ်စေခဲ့သည်။ မိဘတွေကို ဆုံးရှုံးခဲ့ရလို့ အသည်းခိုက်မတက်နာကျင်စေခဲ့သည်။နူးနူးလေးကို မွေးဖွားခဲ့ရလို့ အတိုင်းမသိပျော်ရွှင်စေခဲ့သည်။ တဖန် နူးနူးလေးက သူ့လို deaf-mute တစ်ယောက်မို့ ယူကြုံးမရ ဖြစ်စေခဲ့သည်။အခု ရင်သွေးလေးဆုံးရှုံးရလို့ နှလုံး‌ကွဲကြေမတတ်ခံစားစေခဲ့သည်။ နောက်ပြီး ဘာတွေမြန်း ထပ်ပြီး တွေ့ကြုံရအုံးမှာလဲ.. အပျော်နဲ့အငို တစ်လှည့်ဆီတွဲနေတဲ့ လောကကြီးက သူ့အတွက် နောက်ထပ်အပျော်တွေရှိစေအုံးမှာလား...

~

~

~


ဆေးရုံမှာ တစ်ရက်လောက်နေပြီး ဆင်းခဲ့သည်။သမီးကလည်း သူ့ကိုလွှမ်းနေပုံရ၏။မျက်စိအောက်ကနေ အပျောက်မခံဘဲဖြစ်နေသည်။

အခုလည်း အရုပ်လေးတွေ ဘေးပတ်လည်ချထားပြီး သူနဲ့အတူဆော့ခိုင်းနေသည်။တစ်ချက်တစ် မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့မော့ကြည့်လာပြီး သူ့အခြေနေကို အကဲခတ်တတ်သေးသည်။

လမ်းလျှောက်တတ်ပြီမို့ သွားချင်တဲ့နေရာရှိရင် ခြေထောက်ဖြူဖြူတုတ်တုတ်လေးတွေနဲ့ တတောက်တောက်လျှောက်ကာ သွားတတ်တာကြောင့် မျက်ခြေပြတ်လို့မရ.. တွေ့ရာကို ပါးစပ်ထဲထည့်တတ်တဲ့အရွယ်မို့ အလစ်ပေးလို့လည်းမရပေ..

သမီးလေးက ယုန်ရုပ်လေးကို ကိုင်ပြီး ယုန်နားရွက်ကို ပါးစပ်ဖြင့်ကိုက်ကာ သူ့ကို ကြည့်နေ၏။အရုပ်ကိုကိုက်ထားတာကြောင့် ပါးစပ်တစ်ဝိုက်သရေတွေပေနေပြီး သွားပိစိလေးတွေက တစွန်းတစပေါ်နေသည်။

အရုပ်က မာတာမို့ နူးနူးလေးရဲ့သွားနာမှာစိုးပြီး ပါးစပ်ထဲကနေ ထုတ်ပေးလိုက်တော့ မျက်နှာချိုသွေးပြီးရယ်ပြလာ၏။မျက်စောင်းလေးထိုးပြီး ပါးစပ်က သရေတွေကို ပဝါအသန့်လေးနဲ့သုတ်ပေးလိုက်သည်။

သမီးကတော့ သူ့ မျက်နှာမကောင်းမှန်းသိတာကြောင့် မတ်တပ်ရပ်ပြီး သူ့ပါးပြင်လေးကိုကိုင်လာ၏။ပါးပြင်ကိုထိလာတဲ့လက်သေးသေးလေးတွေကို အုပ်ကိုင်လိုက်ပြီး သမီးရဲ့ မျက်နှာလေးကို စိုက်ကြည့်လိုက်မိသည်။

စကားလည်မပြောတတ်သလို ကြားလည်းမကြားနိုင်တဲ့ သူတို့နှစ်ယောက်ကတော့ အချင်းချင်းဆက်သွယ်လို့ရသည်ထင် သူ့ကို နှစ်သိမ့်တဲ့ အကြည့်ကြည့်နေတဲ့ သမီးကြောင့် အားတက်မိသည်။သမီးကို ရင်ခွင်ထဲထည့်ပြီး ထွေးပွေ့ထားမိသည်။ သမီးရဲ့ ရင်ခွင်နွေးနွေးလေးကြောင့် ရင်ထဲက အပူတွေပြေပျောက်သွားမိသည်။အိပ်မက်ထဲက သမီးငယ်လေးအကြောင်းသတိရသွား‌တော့ ဂျောင်ဂု မျက်ရည်တွေ ဝဲလာ၏။သမီးလေးရဲ့ ကိုယ်လုံးလေးက နူးနူးလေးလို နွေးမနေဘဲ အေးစက်နေခဲ့တာလေ..

လူသားသဏ္ဌာန်တောင် မဖြစ်သေးတဲ့ သွေးသားလေးက သူ မစောင့်ရှောက်နိုင်လို့ ဆုံးရှုံးခဲ့ရတာလေ..ပြီးတော့ မောင့်ကိုလည်း အရမ်းအားနာတာဘဲ သူ့ကြောင့် မောင့်ရဲ့သွေးသားလေးပျက်ဆီးသွားတာ..ဒါတောင်မောင်က သူ့ကိုအပြစ်မမြင်ဘဲ နွေး‌နွေးထွေးထွေးဆက်ဆံခဲ့တာ...မောင်က သူ့ပေါ်မှာ နားအလည်ဆုံးလူသားပင်..သူ့မျက်ရည်တွေကို မကြိုက်တဲ့မောင်က သူ့ကို ဆေးရုံမှာသာငိုခိုင်းပြီး အိမ်ရောက်ရင် ပျော်ပျော်ရွှင်ရွှင်နေဖို့ ပြောခဲ့၏။သူ့မောင်က သူ့ကိုအရမ်းချစ်တာ..

~

~

~


အိပ်ခါနီးမို့ ထယ်ယောင်း အလုပ်ခန်းထဲက ဆေးတစ်ထုပ်ကိုယူကာ မီးဖိုခန်းထဲဝင်ပြီး ရေနွေးနွေးလေးနဲ့ဖျော်ကာ ပန်ကန်သေးသေးလေးထဲထည့်ပြီး ဖန်ခွက်ထဲလည်း ရေထည့်လိုက်သည်။အားလုံးပြီးစီးတော့ ဗန်းထဲထည့်ကာ အခန်းထဲဝင်လာလိုက်၏။

သမီးရဲ့ကုတင်ပေါ်မှာ ကိုကိုက သမီးလေးကို သိပ်နေတာကြောင့် ထယ်ယောင်း ဗန်းကို စားပွဲပေါ်ချထားပြီး ခဏငြိမ်ပြီးစောင့်နေလိုက်သည်။ ကိုကိုက သမီးငယ်ကို ဘေးတစ်စောင်းအနေထားဖြင့် ရင်ခွင်ထဲထည့်ကာ တင်ပါးလုံးလုံးလေးတွေကို ဖွဖွလေးပုတ်သိပ်နေ၏။‌သူထိုင်နေတဲ့ နေရာက ကိုကိုတို့သားအဖနဲ့မျက်နှာချင်းဆိုင်မို့ အတိုင်းသားမြင်နေရသည်။

ကိုကို့ရင်ခွင်ထဲက သမီးငယ်က အသက်ရှုသံလေးတွေမှန်လာမှ အိပ်ပျော်သွားမှန်းသေချာသွား၏။ကိုကိုကတော့ သမီးလေးမနိုးအောင် ဖြေးဖြေးလေးထပြီး နဖူးလေးကို ဖွဖွလေးနမ်းပြီးမှ ဂွမ်းစောင်လေးခြုံပေးကာ သူ့ရှိရာ လျှောက်လာတဲ့ကိုကို။ အဖြူရောင်ညအိပ်ဝတ်စုံလေးနဲ့ ကြွကြွရွရွလျှောက်လာတဲ့ ကိုကိုပုံစံက ညလနတ်သားလေးနဲ့တောင်တူသေးသည်။ကျော့ရှင်းတဲ့အလှတွေနဲ့ ပြေပျစ်တဲ့ဟန်ပန်က ပန်းလေးတစ်ပွင့်နှယ်..အဲ့ပန်းလေးက သူ့ရဲ့ စောင့်ရှောက်မှုအောက်မှာ လှလှပပနဲ့ရှိနေစေချင်၏။

* မောင်ပြောဖူးတယ်နော် ... ကိုကို.. မောင့်ဘဝမှာ ကိုကိုကလွှဲပြီး ဘယ်အရာကမှ အရေးမကြီးဘူးလို့..ကိုကိုရှိနေရင် အားလုံး အဆင်ပြေတယ်..အဲ့ဒါကြောင့် မောင့်ကို နားလည်ပေးပါ ကိုကို *

သူ့ဘေးနားရောက်လာတဲ့ကိုကို့ကို ပြုံးပြီးကြည့်လိုက်သည်။ကိုကိုကတော့ သု့ကို တစ်ချက်သာကြည့်ပြီး စားပွဲပေါ်က လင်ဗန်းကိုသာ အာရုံရောက်နေသည်။

ပြီးတော့မှ သူ့ကို " ဆေးသောက်ရမှာလား " ဟူသည့်အကြည့်တွေနဲ့ ကြည့်လာတာကြောင့် ခေါင်းငြိမ့်ပြလိုက်၏။

*~.ကိုကိုဆေးမသောက်တာ တစ်လပြည့်ပြီလေ.. အခုပြန်သောက်ရအောင်.. ဒီနေ့ကစပြီး ပုံမှန်သောက်ရမယ် ကိုကိုအားရှိအောင်.~*

ထယ်ယောင်းရဲ့စာကို ဖတ်ပြီး ခေါင်းငြိမ့်ပြတဲ့ ကိုကို..

ဂျောင်ဂုလည်း ဆေးခွက်ကိုယူပြီး ပါးစပ်နားတေ့လိုက်တော့ စိမ်းရွှင်အနံ့ကြီးကြောင့် ခေါင်းမူးသွားသည်။ မသောက်တာ တစ်လကြာတော့ သူ့အတွက် အသစ်လိုပြန်ဖြစ်နေ၏။အသက်အောင်ပြီး တစ်ခါတည်းမော့သောက်လိုက်ကာ ရေခွက်ကို‌ပါ မော့သောက်လိုက်သည်။ ဒါတောင် အခါးအရသာက လျှာပေါ်မှာ စွဲထင်နေပြီး လည်ချောင်းတစ်လျှောက်ပူဆင်းသွား၏။

ထယ်ယောင်းက ကိုကိုဆေးသောက်ပြီးမှ ပန်းကန်တွေကို သွားဆေးလိုက်သည်။ပြီးမှ အခန်းထဲပြန်ဝင်လာ၏။

" အိပ်ရအောင် ကိုကို~.."

ထယ်ယောင်း ကိုကို့ရဲ့ ပခုံးလေးကနေဖက်ကာ ကုတင်ပေါ်ခေါ်သွားလိုက်သည်။ ကုတင်ပေါ်ရောက်တော့ ကိုကို့ကို သူ့ရဲ့ရင်ခွင်ထဲမှာထည့်ပြီးဖက်ထားလိုက်သည်။

ရင်ခွင်ထဲက ကိုကိုက သူ့ရဲ့ခါးကို ဖက်တွယ်ပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ သူ့ရဲ့ ရင်ဘတ်ထိကပ်ထားပုံက အသည်းယားစရာ...နှုတ်ခမ်းပါးလေးတွေကလည်း နီရဲဖူးစိုနေပြီး မျက်လုံးမှိတ်ထားသဖြင့် မြင်နေရတဲ့ မျက်တောင်ထူထူရှည်ရှည်လေးတွေက ကော့ညွတ်နေ၏။

" Good night ကိုကို..အိပ်မက်လှလှမက်ပါစေ.. "

ထယ်ယောင်း နဖူးပြင်လေးကို ဖွဖွလေးနမ်းလိုက်ပြီး မျက်လုံးမှိတ်ပြီး အိပ်စက်ခြင်းဆီသို့ကူးပြောင်းလိုက်သည်။

ဂျောင်ဂုလည်း မောင့်ရဲ့ နှုတ်ခမ်းထူထူလေးနဲ့ ထိကပ်ခံလိုက်ရတာကြောင့် ပြုံးလိုက်မိသည်။

* Good night မောင်.. ငါ့ကို ချစ်ပေးပြီး နားလည်ပေးလို့ကျေးဇူးပါ မောင်..*

~

~

~


အခုဆိုရင် ကိုကိုက အရင်ကလောက် မှိုင်‌တွေမနေတော့ဘဲ တက်တက်ကြွကြွဖြစ်လာပြီ.. နူးနူးလေးကလည်း အဘိုးအဘွားတွေရဲ့ ဂရုစိုက်မှုနဲ့ သူတို့ရဲ့စောင့်ရှောက်မှုကြားမှာ ချစ်စရာကလေးငယ်လေးအဖြစ်တည်ရှိနေ၏။ နူးနူးလေး နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းလောက်ဘဲလိုတော့တာကြောင့် ကင်မ်စံအိမ်မှာ အလုပ်ရှုပ်နေကြသည်။ကိုကိုလည်း အရင်ကထက် အသားလေးတွေပြည့်လာကာ ပါးလေးတွေဖောင်းလာ၏။သူ ကိုကို့ကို ဆေးတိုက်နေတာလည်း သုံးလကျော်ပြီ.. တစ်နေ့မှမပြတ်.. အပတ်တိုင်းလည်း သုံးရက်လောက်အတူနေဖြစ်ကြသည်။သုံးလကျော်တာတောင် ကိုယ်ဝန်မရသေးတာကြောင့် ကိုကိုက ကိုယ်ဝန်ပျက်ကျတဲ့အရှိန်ကြောင့် ကိုယ်ဝန်မလွယ်နိုင်သေးတာလားဟု မေးမေးတတ်သည်။သူလည်း ဟုတ်တယ်ဘဲဖြေမိ၏။သူတိုက်နေတဲ့ဆေးကြောင့်လို့တော့ ကိုကိုက သံသယမဝင်...

" သားထယ်.. အပြင်အဆင်တွေကို မှာပြီးပြီလား.. ပြီးတော့ အစားအသောက်တွေရော.. "

" ဟုတ် ! မာမီ သားအကုန်စီစဉ်ပြီးပြီ.."

အတွေးလွန်နေတုန်း မာမီက ခေါ်လိုက်တာမို့ လက်ရှိကိုပြန်ရောက်လာ၏။

" ဥယျာဉ်နဲ့ ခြံထဲကအပင်တွေကိုရော ရှင်းလင်းပြီး အလှဆင်ခိုင်းထားလား မာမီ "

" အခု ခြံထဲမှာ အလုပ်သမားတွေလုပ်နေတယ်လေ.. စံအိမ်အတွင်းပိုင်းကိုတော့ သူတို့ ခြံထဲပြီးမှ လုပ်ခိုင်းလိုက်မယ်.."

" ဟုတ်! မာမီ... ဒါနဲ့ သမီးလေးရော.. "

" မြေးလေးက သူ့အဘိုးနဲ့ ဆော့ပြီး အပင်ပန်းလွန်လို့ အိပ်ပျော်သွားပြီ.."

" အာ~...ဟုတ်လား သားက ဒီနေ့ ကိုကိုနဲ့ သမီးလေးအတွက် ဝတ်စုံသွားကြည့်ကြမလားလို့ "

" မြေးလေးနိုးရင် သွားကြည့်ကြပေါ့..ညနေစောင်းမှပြန်လာခဲ့လေ.. သားတို့ မိသားစု လိုက် အပြင်မထွက်တာကြာပြီမလား.."

" ဟုတ်..အဲ့ဆို သမီးလေးနိုးရင်သွားလိုက်မယ် မာမီ.. သားအပေါ်ထပ်ခဏသွားလိုက်အုံးမယ်!"

မာမီက ခေါင်းငြိမ့်ပြတာနဲ့ ထယ်ယောင်း အပေါ်ထပ်အခန်းထဲ တက်သွားလိုက်၏။ကိုကိုက သူတို့အခန်းကို သန့်ရှင်းရေးလုပ်နေတာလေ.. မလုပ်ပါနဲ့ပြောလည်း သူတို့နှစ်ယောက်ရဲ့ အခန်းမို့ တခြားသူကို ဝင်ပြီး မရှင်းစေချင်ဘူးတဲ့..

" ကိုကို.. ကိုကို.."

အခန်းထဲဝေ့ကြည့်လိုက်တော့ မရှိသဖြင့် ထယ်ယောင်း မျက်စိလည်သွားသည်။ သေချာပေါက် အခန်းထဲမှာပါ။

" ကိုကို.. ကို~.."

ခေါ်နေတုန်း ရေချိုးခန်းထဲကနေ ထွက်လာတာမို့ ထယ်ယောင်း အပြေးသွားလိုက်သည်။

" ဘာလုပ်နေတာလဲ ကိုကို..!"

ထယ်ယောင်းပြောတာကို နားလည်တဲ့ကိုကို လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြသည်။ဆိုလိုတာက လက်သွားဆေးတဲ့သဘော..

ထယ်ယောင်း ကိုကို့ကို ကုတင်နားခေါ်လာပြီး ထိုင်ခိုင်းလိုက်ကာ သူက စာအုပ်နဲ့ဘောပင်ကို သွားယူလိုက်သည်။

*~.ကိုကို နောက်တစ်နာရီလောက်နေရင် အပြင်သွားကြမယ်.. သမီးလေးနဲ့ ကိုကို့အတွက် အဝတ်စားသွားဝယ်မယ် ပြီးရင် မောင်တို့ လျှောက်လည်ကြမယ်.~*

သူ့စာကိုဖတ်ပြီး ပြုံးရောင်သန်းသွားတဲ့ ကိုကို..

*~.သွားကြမယ် မောင်..ငါတို့ အပြင်မသွားရတာကြာပြီမလား.. သမီးလေးရော.~*

*~.သမီးလေးက ဒယ်ဒီတို့ အခန်းမှာ အိပ်ပျော်နေတယ် နောက်တစ်နာရီလောက်ဆို နိုးပါပြီ ကိုကိုပြင်ဆင်လို့ရအောင်လာပြောတာ သမီးလေးနိုးတာနဲ့ သန့်ရှင်းရေးလုပ်ပေးပြီး သွားကြမယ်ကိုကို.~*

ဂျောင်ဂုက ခေါင်းငြိမ့်ပြပြီး.. သမီးအတွက် အဝတ်စားရွေးဖို့ ထလိုက်တော့ ထယ်ယောင်းက လက်ကနေ ဆွဲချလိုက်တော့ အထွေးလိုက် အပုံသား ထယ်ယောင်း ရင်ခွင်ထဲကျသွားသည်။အိမ်ထောင်သက် နှစ်နှစ်ကျော်ပေမဲ့ မောင်နဲ့ပတ်သတ်ရင် ရင်ခုန်ပြီးရှက်တတ်တဲ့ စိတ်ကမပျောက်သေး ပြီးတော့ မောင့်ရဲ့အထိအတွေ့တွေကိုလည်း ကျင့်သားမရသေးဘဲ ရှက်သွေးကြွယ်နေတတ်သည်။

အခုလည်း မောင့်ရင်ခွင်ထဲက မရုန်းပေမဲ့ ရှက်လို့နီမြန်းနေတဲ့မျက်နှာလေးကို မောင့်ရင်ခွင်ထဲအပ်ထားလိုက်၏။

ထယ်ယောင်း ရင်ခွင်ထဲမှာ ရှက်သွေးကြွယ်နေတဲ့ ကိုကို့ရဲ့ မျက်နှာနုနုလေးကို မေးဖျားကနေကိုင်ကာမေ့ပြီး တစိုက်မတ်မတ်ကြည့်လိုက်သည်။

" မောင့်အနားနေမယ်ဆိုတာမရှိဘူး အချိန်ပြည့် သမီးဝေယျာဝစ္စတွေနဲ့ဘဲ အလုပ်ရှုပ်နေတော့တာဘဲ.. မောင်အတွက်အချိန်မပေးတာ ကြာပြီနော် အခုရက်ပိုင်းဆို ပိုတောင်ဆိုးသေး ညအိပ်ချိန်လောက်ဘဲ အနားကပ်တာ .. ဟွန့်! "

ထယ်ယောင်းစူပုတ်‌နေတဲ့ မျက်နှာနဲ့ ပြောလိုက်တော့ ဂျောင်ဂုရဲ့မျက်နှာလေးက ပြုံးယောင်သန်းသွားသည်။ မောင့်မျက်နှာအမူအရာကိုကြည့်တာနဲ့ မောင်သဝန်တိုနေမှန်းသိသာလှသည်။တိုစရာရှားလို့ သမီးနဲ့မှ..

သူကလည်းသူဘဲလေ.. သမီးက နည်းနည်းကြီးလာတော့ သမီးအတွက် အာဟာရဖြစ်မဲ့ ဟင်းလေးတွေချက်ရ.. သမီးငယ်နဲ့ အချိန်ပေးပြီးဆော့ပေးရနဲ့ မောင့်နားကပ်ချိန်သိပ်မရှိ... သမီးလေးအိပ်‌တဲ့အချိန်မှသာ မောင့်အနား နေသည်။အခုရက်ပိုင်းလည်း သမီးငယ်ရဲ့မွေးနေ့အတွက်ပြင်ဆင်ပေးနေတာကြောင့် သူလည်း ဝိုင်းကူလုပ်ပေးရင်း မောင့်နဲ့ နေချိန်မရှိ..ဒီတော့ မောင် စိတ်အလိုမကျဖြစ်မယ်ဆိုလည်း ဖြစ်ချင်စရာလေ...

" ပြွတ်စ်! "

" ဟမ်! ကိုကို! "

ထယ်ယောင်းရဲ့ နှုတ်ခမ်းကို အသံမြည်အောင် နမ်းစုပ်လိုက်တာကြောင့် ထယ်ယောင်း အံ့အားသင့်သွားပြီး ခေါ်လိုက်တော့ လူကိုပြုံးစစနဲ့ကြည့်လာ၏။

" အားးးး အသည်းယားလိုက်တာကွာ.. မွ! ဖျစ်ညစ်ပစ်လိုက်ချင်တာ မွ! ကင်မ်ဂျောင်ဂုက ဘာတွေစားလို့အဲ့လောက်အသည်းယားဖို့ကောင်းနေတာလဲ..ဟမ်! "

ထယ်ယောင်း ကိုကိုရဲ့ ကိုယ်လုံးလေးကို ဖျစ်ညစ်ပြီး ပါးမို့မို့လေးတွေကို နမ်းပြီးပြောလိုက်တော့ မျက်လုံးလေးမှိတ်ကာ ခံယူနေတဲ့ ကိုကို..

သူ့ရင်ခွင်ထဲမှာရှိနေတဲ့ ကိုကို့ရဲ့ ဆံသားနုနုလေးတွေကို ပွတ်သပ်ပြီး အပေါ်စီးကမြင်‌နေရတဲ့ မျက်နှာနုနုလေးကို အသေးစိတ်လိုက်ကြည့်နေမိ၏။ဘယ်လောက်ကြည့်ကြည့် ရိုးမသွားတဲ့ အလှတရားတွေနဲ့ ကိုကို့ ကိုပိုင်ဆိုင်ရတာ ထယ်ယောင်း အတွက် ဘုရားပေးတဲ့ ဆုလာဒ်ပင်... ဘာစကားမှပြောလို့မရလည်း ငေးကြည့်နေရုံလေးနဲ့တင်သူကျေနပ်သည်။

သူ့ရင်ခွင်ထဲမှာ နာရီဝက်လောက်နေပြီးမှ ရုန်းလာတဲ့ ကိုကို..

" ဘာဖြစ်လို့လဲ ကိုကို.. "

သူကပြန်ဖတ်ပြီးပြောတော့ ခေါင်းခါပြပြီးပြန်ရုန်းလာသည်။

" အပြင်သွားဖို့ ပြင်ဆင်မလို့လား.."

ထယ်ယောင်းပြောလိုက်တော့ ခေါင်းငြိမ့်ပြတဲ့ ကိုကို..

" ဟုတ်ပြီ မောင် လွှတ်ပေးမယ် .."

ထယ်ယောင်းလက်ကလွှတ်တော့ ကိုကိုက သမီးရဲ့ ဗီရိုဆီသွားကာ သမီးအတွက် ပန်းနုရောင်ဂါဝန်လေးထုတ်ပြီး ပန်းဆီရောင် ဘောင်ဘီသေးသေးလေးလည်းထုတ်လိုက်သည်။ပြီးတော့ အပြာရောင် မွေးပွ လက်ရှည်အင်္ကျီထူလေးကို ထုတ်ပြီးမှ ကုတင်ပေါ်တင်ထားလိုက်၏။

ဂျောင်ဂု နူးနူးလေးအတွက် အဝတ်စားပြင်ပြီးတော့.. ‌လက်ဆွဲအိတ်အနက်လေးထဲကို တစ်သျှူး အစိုနဲ့ အခြောက်၊ဝတ်စုံအပိုနှစ်ထည်၊ ဒိုက်ဘာနှစ်ခုနဲ့ လိုအပ်တဲ့ပစ္စည်းအစုံကို ထည့်ထားလိုက်သည်။ပြီးမှ မောင်နဲ့ သူ့ဗီရိုထဲကနေ သူတို့အတွက် အဝတ်စားထုတ်ပြီး မောင့်ဆီပြန်လာလိုက်၏။မောင်ကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ်လိုက်ကြည့်နေသည်။

*~.မောင် ရေချိုးတော့..ပြီးမှ ငါချိုးမယ်.. အင်္ကျီထုတ်ပေးပြီးပြီ.~*

ကိုကိုက စာရေးပြတော့ ထယ်ယောင်းလည်းကုတင်ပေါ်ကနေထလိုက်သည်။

" မွ! မောင်ရေသွားချိုးပြီ.."

ပါးဖောင်းဖောင်းလေးကိုနမ်းပြီး တဘတ်ကိုယူကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်။ကျန်ခဲ့တဲ့ဂျောင်ဂုကတော့ ပြုံးပြီးမောင့်ရဲ့ကျောပြင်ကျယ်ကို ကြည့်နေမိသည်။‌

~

~

~

Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜






______________________________________




# Zawgyi #

ကိုကို႔ကိုၾကည့္ေနတုန္း ကိုကိုကမ်က္လုံးမွိတ္ထားေပမဲ့ မ်က္ရည္ေလးေတြစီးက်လာၿပီး ႏႈတ္ခမ္းပါးေလးေတြကလည္း တဆက္ဆက္တုန္‌လာသည္။

" ကိုကို! ကိုကို! သတိထားပါအုံး! ကိုကို! "

ထယ္ေယာင္း ေဆးပိုက္တပ္မထားတဲ့လက္ကေလးကို ေျဖးေျဖးလႈပ္ၿပီးေခၚလိုက္ေတာ့ မ်က္ခြံေလးေတြလႈပ္လာၿပီး မ်က္လုံးပြင့္လာ၏။

" ကိုကို!.. သတိရၿပီလား~ .. ခဏ! ေမာင္ ေဒါက္တာေခၚထားတယ္.."

ထယ္ေယာင္း အခန္းထဲက ခလုတ္နီေလးကို ႏွိတ္ၿပီး ကိုကို႔ကိုေျပာလိုက္ေတာ့ ကိုကိုက ေခါင္းၿငိမ့္ျပသည္။

ဆရာဝန္နဲ႕သူနာျပဳ ႏွစ္ေယာက္ ေရာက္လာၿပီး.. ကိုကို႔ကို စမ္းသပ္ေပးေနၾက၏။

" စိုးရိမ္စရာမရွိေတာ့ပါဘူး.. ေနာက္တစ္ရက္ေနၿပီးရင္ ေဆး႐ုံဆင္းလို႔ရၿပီ.. ကေလးက ျပန္ယူခ်င္ရင္ သားအိမ္ထိခိုက္မႈမရွိတာေၾကာင့္ယူလို႔ရတယ္ ၿပီးေတာ့ ခင္ဗ်ားတို႔သုံးေနတဲ့ေဆးက သားအိမ္အတြက္ေဘးမျဖစ္တာေၾကာင့္ ကေလးလိုခ်င္ရင္ ေဆးျဖတ္လိုက္တာနဲ႕ ခဏအၾကာမွာ ကိုယ္ဝန္ျပန္ေဆာင္လို႔ရတယ္ "

" ဟုတ္ကဲ့ ေဒါက္တာ ကြၽန္ေတာ္ နားလည္ပါတယ္.. ၿပီးေတာ့ တားေဆးကို ဘယ္အခ်ိန္ေလာက္ျပန္တိုက္လို႔ရလဲမသိဘူး ေဒါက္တာ... "


" တစ္လ ျပည့္ရင္ ျပန္ၿပီးသုံးလို႔ရပါၿပီ "

" ေက်းဇူးပါ ေဒါက္တာ.."

" ရပါတယ္ဗ်.. ခြင့္ျပဳပါအုံး "

ဆရာဝန္ေတြထြက္သြားေတာ့ အခန္းထဲမွာ သူနဲ႕ကိုကိုသာ က်န္ခဲ့သည္။ ဆရာဝန္ရွိတုန္းကလည္း သူနဲ႕ဆရာဝန္ ေျပာသမွ်ကို မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ စူးစမ္းေနမွန္းသိေပမဲ့ ထယ္ေယာင္း ဂ႐ုမထားမိဘဲေမးလိုက္၏။အခုလည္း သူ႕ကို မ်က္လုံးဝိုင္းႀကီးေတြနဲ႕ၾကည့္လာသည္။

*~. ကိုကို ဆန္ျပဳတ္စားမလား... ေမာင္ ေဆး႐ုံက ကန္တင္းမွာ သြားဝယ္ေပးမယ္... ေဒၚႀကီးဂ်ဳးတို႔က ညစာလာပို႔ေပးမွာဆိုေပမဲ့ ေနာက္က်မယ္ထင္တယ္.~*

သူစာအုပ္ထဲမွာေရးျပၿပီး ေပးလိုက္ေတာ့ ဖတ္ၿပီးတာနဲ႕ စာအုပ္ထဲမွာ ျပန္ေရးေနတဲ့ကိုကို..

*~.ငါ မစားခ်င္ေသးဘူး ေမာင္.. ဒါနဲ႕ ငါ.. ငါဘာျဖစ္တာလဲေမာင္... ဧကႏၱ ငါ.. ငါကိုယ္ဝန္ပ်က္က်တာလား..ေမာင္ ငါ့ကို မညာနဲ႕ေနာ္ အမွန္တိုင္းေျဖ.~*

ထယ္ေယာင္း ကိုကို႔ရဲ႕ စာကိုဖတ္ၿပီး ပင့္သက္ရွိုက္လိုက္သည္။

" ဟင္းး"

" ဟုတ္တယ္ ကိုကို "

ေမာင္က ေခါင္းၿငိမ့္ၿပီး မ်က္ႏွာမသာမယာနဲ႕ေျပာတာေၾကာင့္ သူ႕ကိုယ္ဝန္ပ်က္က်တာ အမွန္မွန္းသိလိုက္ၿပီ..အဲ့ဒါေၾကာင့္ အိပ္မက္ထဲမွာ သမီးေလးက ျပန္လာလို႔မရဘူးလို႔ေျပာ‌တာ.. သမီးေလး အရမ္းဝမ္းနည္းေနခဲ့တာ


သူ႕အမူအရာကိုၾကည့္ၿပီး မ်က္လုံးေတြမွာ မ်က္ရည္ဥေတြျပည့္လာၿပီး တလိမ့္လိမ့္ၿပိဳဆင္းလာတဲ့ ကိုကို.. ႏွာေခါင္းေတြနီရဲၿပီး ႏႈတ္ခမ္းပါးေလးေတြက တဆက္ဆက္တုန္ယင္ၿပီး ငိုလာ၏။

" ကိုကို! ကိုကို ! မငိုရဘူးေလ! ေမာင့္ကိုၾကည့္! မငိုနဲ႕ေနာ္ "

ထယ္ေယာင္းက ကိုကို႔ရဲ႕ မ်က္ႏွာေလးကို လက္ျဖင့္ထိန္းကိုင္ၿပီး ေျပာလိုက္ေတာ့ သူ႕ရင္ခြင္ထဲထိုးဝင္ၿပီး ငိုခ်လာတဲ့ကိုကို..

" ေမာင္! ေမာင္ မတားေတာ့ပါဘူး ကိုကို... ငိုလိုက္ပါ.. ၿပီးရင္ေတာ့ ေမာင္တို႔ မိသားစုေပ်ာ္ေပ်ာ္႐ြင္႐ြင္ျပန္ေနၾကမယ္.. "

" ေမာင္တို႔ ဒုတိယရင္ေသြးေလး ‌ဖ်က္ဆီးမိလို႔ ေမာင္ေတာင္းပန္ပါတယ္ ကိုကို "

ထယ္ေယာင္း ေက်ာျပင္ေလးကို ဖြဖြေလးပုတ္ေပးၿပီး မၾကားနိုင္မွန္းသိေပမဲ့ ေျပာလိုက္မိသည္။

* ကေလးေရ.. ဒယ္ဒီ ေတာင္းပန္ပါတယ္... ဒယ္ဒီသတၱိမရွိခဲ့လို႔.. ကေလးေလးထိခိုက္ရတာ... ဒယ္ဒီ့ကို ခြင့္မလႊတ္ပါနဲ႕ ကေလး..*

ပါးျပင္ေပၚက်လာတဲ့ မ်က္ရည္ေတြ မသိမသာခိုးသုတ္ၿပီး ကိုကို႔ကို တင္းသထက္တင္းေအာင္ ဖက္ထားလိုက္၏။

* ေမာင္! ငါ.. ငါေလ မင္းနဲ႕တူ‌တဲ့ သမီးေလးကို မထိန္းသိမ္းနိုင္ခဲ့ဘူး ဘယ္အရာက ‌ငါနဲ႕ ငါ့သမီးေလးကို ခြဲခဲ့မွန္းငါမသိဘူး .. ငါေတာင္းပန္ပါတယ္ ငါ့အသုံးမက်လိဳ႕ ေမာင့္ရဲ႕ေသြးသားေလးပ်က္ဆီးရတာ.. *

* ငါ သမီးေလးကို အိပ္မက္မက္တယ္ေမာင္.. ငါ့တို႔သမီးေလးကေလ အရမ္းေၾကာက္ေနခဲ့တာ.. ငါ့အမွားေၾကာင့္ပါ.. ငါ့အမွားေၾကာင့္ သမီးေလးထိခိုက္ရတာ.. ငါသာ သမီးေလးရွိေနမွန္းသိခဲ့ရင္ ဂ႐ုစိုက္မွာ.. အခုေတာ့ ေမာင္ရယ္ ငါရဲ႕ ေပါ့ဆမႈေၾကာင့္ သမီးေလးအသက္‌ဆုံးရႈံးရတယ္.. ငါ .. ငါရင္ေတြ တအားနာတာဘဲ ေမာင္.. ငါ့ရင္ေတြမြစာႀကဲၿပီး အရမ္းနာတယ္ ငါက ကိုယ့္သားသမီးေတာင္ မကာကြယ္ေပးနိုင္တဲ့ မိဘဘဲ.. ငါက ! ငါက အသုံးမက်တဲ့ မိဘဘဲေမာင္...*

ေမာင့္ရင္ခြင္ထဲတိုးဝင္ၿပီး ကေလးငယ္တစ္ဦးလို ရွိုက္ငိုမိသည္။ကေလးတစ္ေယာက္ဆုံးရႈံးရတဲ့ခံစားခ်က္က သူ႕အတြက္ ေသမတက္ခံစားရသည္။ေလာကႀကီးက သူ႕ကို ခံစားခ်က္မ်ိဳးစုံကို ခံစားေစခ်င္ပုံရသည္။‌

ပထမဦးဆုံး ေမာင့္ကို ခ်စ္ေစခဲ့သည္။ မိဘေတြကို ဆုံးရႈံးခဲ့ရလို႔ အသည္းခိုက္မတက္နာက်င္ေစခဲ့သည္။ႏူးႏူးေလးကို ေမြးဖြားခဲ့ရလို႔ အတိုင္းမသိေပ်ာ္႐ႊင္ေစခဲ့သည္။ တဖန္ ႏူးႏူးေလးက သူ႕လို deaf-mute တစ္ေယာက္မို႔ ယူႀကဳံးမရ ျဖစ္ေစခဲ့သည္။အခု ရင္ေသြးေလးဆုံးရႈံးရလို႔ ႏွလုံး‌ကြဲေၾကမတတ္ခံစားေစခဲ့သည္။ ေနာက္ၿပီး ဘာေတြျမန္း ထပ္ၿပီး ေတြ႕ႀကဳံရအုံးမွာလဲ.. အေပ်ာ္နဲ႕အငို တစ္လွည့္ဆီတြဲေနတဲ့ ေလာကႀကီးက သူ႕အတြက္ ေနာက္ထပ္အေပ်ာ္ေတြရွိေစအုံးမွာလား...

~

~

~


ေဆး႐ုံမွာ တစ္ရက္ေလာက္ေနၿပီး ဆင္းခဲ့သည္။သမီးကလည္း သူ႕ကိုလႊမ္းေနပုံရ၏။မ်က္စိေအာက္ကေန အေပ်ာက္မခံဘဲျဖစ္ေနသည္။

အခုလည္း အ႐ုပ္ေလးေတြ ေဘးပတ္လည္ခ်ထားၿပီး သူနဲ႕အတူေဆာ့ခိုင္းေနသည္။တစ္ခ်က္တစ္ မ်က္လုံးဝိုင္းဝိုင္းႀကီးေတြနဲ႕ေမာ့ၾကည့္လာၿပီး သူ႕အေျခေနကို အကဲခတ္တတ္ေသးသည္။

လမ္းေလွ်ာက္တတ္ၿပီမို႔ သြားခ်င္တဲ့ေနရာရွိရင္ ေျခေထာက္ျဖဴျဖဴတုတ္တုတ္ေလးေတြနဲ႕ တေတာက္ေတာက္ေလွ်ာက္ကာ သြားတတ္တာေၾကာင့္ မ်က္ေျချပတ္လို႔မရ.. ေတြ႕ရာကို ပါးစပ္ထဲထည့္တတ္တဲ့အ႐ြယ္မို႔ အလစ္ေပးလို႔လည္းမရေပ..

သမီးေလးက ယုန္႐ုပ္ေလးကို ကိုင္ၿပီး ယုန္နား႐ြက္ကို ပါးစပ္ျဖင့္ကိုက္ကာ သူ႕ကို ၾကည့္ေန၏။အ႐ုပ္ကိုကိုက္ထားတာေၾကာင့္ ပါးစပ္တစ္ဝိုက္သေရေတြေပေနၿပီး သြားပိစိေလးေတြက တစြန္းတစေပၚေနသည္။

အ႐ုပ္က မာတာမို႔ ႏူးႏူးေလးရဲ႕သြားနာမွာစိုးၿပီး ပါးစပ္ထဲကေန ထုတ္ေပးလိုက္ေတာ့ မ်က္ႏွာခ်ိဳေသြးၿပီးရယ္ျပလာ၏။မ်က္ေစာင္းေလးထိုးၿပီး ပါးစပ္က သေရေတြကို ပဝါအသန႔္ေလးနဲ႕သုတ္ေပးလိုက္သည္။

သမီးကေတာ့ သူ႕ မ်က္ႏွာမေကာင္းမွန္းသိတာေၾကာင့္ မတ္တပ္ရပ္ၿပီး သူ႕ပါးျပင္ေလးကိုကိုင္လာ၏။ပါးျပင္ကိုထိလာတဲ့လက္ေသးေသးေလးေတြကို အုပ္ကိုင္လိုက္ၿပီး သမီးရဲ႕ မ်က္ႏွာေလးကို စိုက္ၾကည့္လိုက္မိသည္။

စကားလည္မေျပာတတ္သလို ၾကားလည္းမၾကားနိုင္တဲ့ သူတို႔ႏွစ္ေယာက္ကေတာ့ အခ်င္းခ်င္းဆက္သြယ္လို႔ရသည္ထင္ သူ႕ကို ႏွစ္သိမ့္တဲ့ အၾကည့္ၾကည့္ေနတဲ့ သမီးေၾကာင့္ အားတက္မိသည္။သမီးကို ရင္ခြင္ထဲထည့္ၿပီး ေထြးေပြ႕ထားမိသည္။ သမီးရဲ႕ ရင္ခြင္ႏြေးႏြေးေလးေၾကာင့္ ရင္ထဲက အပူေတြေျပေပ်ာက္သြားမိသည္။အိပ္မက္ထဲက သမီးငယ္ေလးအေၾကာင္းသတိရသြား‌ေတာ့ ေဂ်ာင္ဂု မ်က္ရည္ေတြ ဝဲလာ၏။သမီးေလးရဲ႕ ကိုယ္လုံးေလးက ႏူးႏူးေလးလို ႏြေးမေနဘဲ ေအးစက္ေနခဲ့တာေလ..

လူသားသဏၭာန္ေတာင္ မျဖစ္ေသးတဲ့ ေသြးသားေလးက သူ မေစာင့္ေရွာက္နိုင္လို႔ ဆုံးရႈံးခဲ့ရတာေလ..ၿပီးေတာ့ ေမာင့္ကိုလည္း အရမ္းအားနာတာဘဲ သူ႕ေၾကာင့္ ေမာင့္ရဲ႕ေသြးသားေလးပ်က္ဆီးသြားတာ..ဒါေတာင္ေမာင္က သူ႕ကိုအျပစ္မျမင္ဘဲ ႏြေး‌ႏြေးေထြးေထြးဆက္ဆံခဲ့တာ...ေမာင္က သူ႕ေပၚမွာ နားအလည္ဆုံးလူသားပင္..သူ႕မ်က္ရည္ေတြကို မႀကိဳက္တဲ့ေမာင္က သူ႕ကို ေဆး႐ုံမွာသာငိုခိုင္းၿပီး အိမ္ေရာက္ရင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနဖို႔ ေျပာခဲ့၏။သူ႕ေမာင္က သူ႕ကိုအရမ္းခ်စ္တာ..

~

~

~


အိပ္ခါနီးမို႔ ထယ္ေယာင္း အလုပ္ခန္းထဲက ေဆးတစ္ထုပ္ကိုယူကာ မီးဖိုခန္းထဲဝင္ၿပီး ေရႏြေးႏြေးေလးနဲ႕ေဖ်ာ္ကာ ပန္ကန္ေသးေသးေလးထဲထည့္ၿပီး ဖန္ခြက္ထဲလည္း ေရထည့္လိုက္သည္။အားလုံးၿပီးစီးေတာ့ ဗန္းထဲထည့္ကာ အခန္းထဲဝင္လာလိုက္၏။

သမီးရဲ႕ကုတင္ေပၚမွာ ကိုကိုက သမီးေလးကို သိပ္ေနတာေၾကာင့္ ထယ္ေယာင္း ဗန္းကို စားပြဲေပၚခ်ထားၿပီး ခဏၿငိမ္ၿပီးေစာင့္ေနလိုက္သည္။ ကိုကိုက သမီးငယ္ကို ေဘးတစ္ေစာင္းအေနထားျဖင့္ ရင္ခြင္ထဲထည့္ကာ တင္ပါးလုံးလုံးေလးေတြကို ဖြဖြေလးပုတ္သိပ္ေန၏။‌သူထိုင္ေနတဲ့ ေနရာက ကိုကိုတို႔သားအဖနဲ႕မ်က္ႏွာခ်င္းဆိုင္မို႔ အတိုင္းသားျမင္ေနရသည္။

ကိုကို႔ရင္ခြင္ထဲက သမီးငယ္က အသက္ရႈသံေလးေတြမွန္လာမွ အိပ္ေပ်ာ္သြားမွန္းေသခ်ာသြား၏။ကိုကိုကေတာ့ သမီးေလးမနိုးေအာင္ ေျဖးေျဖးေလးထၿပီး နဖူးေလးကို ဖြဖြေလးနမ္းၿပီးမွ ဂြမ္းေစာင္ေလးၿခဳံေပးကာ သူ႕ရွိရာ ေလွ်ာက္လာတဲ့ကိုကို။ အျဖဴေရာင္ညအိပ္ဝတ္စုံေလးနဲ႕ ႂကြႂကြ႐ြ႐ြေလွ်ာက္လာတဲ့ ကိုကိုပုံစံက ညလနတ္သားေလးနဲ႕ေတာင္တူေသးသည္။ေက်ာ့ရွင္းတဲ့အလွေတြနဲ႕ ေျပပ်စ္တဲ့ဟန္ပန္က ပန္းေလးတစ္ပြင့္ႏွယ္..အဲ့ပန္းေလးက သူ႕ရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ လွလွပပနဲ႕ရွိေနေစခ်င္၏။

* ေမာင္ေျပာဖူးတယ္ေနာ္ ... ကိုကို.. ေမာင့္ဘဝမွာ ကိုကိုကလႊဲၿပီး ဘယ္အရာကမွ အေရးမႀကီးဘူးလို႔..ကိုကိုရွိေနရင္ အားလုံး အဆင္ေျပတယ္..အဲ့ဒါေၾကာင့္ ေမာင့္ကို နားလည္ေပးပါ ကိုကို *

သူ႕ေဘးနားေရာက္လာတဲ့ကိုကို႔ကို ၿပဳံးၿပီးၾကည့္လိုက္သည္။ကိုကိုကေတာ့ သု႔ကို တစ္ခ်က္သာၾကည့္ၿပီး စားပြဲေပၚက လင္ဗန္းကိုသာ အာ႐ုံေရာက္ေနသည္။

ၿပီးေတာ့မွ သူ႕ကို " ေဆးေသာက္ရမွာလား " ဟူသည့္အၾကည့္ေတြနဲ႕ ၾကည့္လာတာေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္၏။

*~.ကိုကိုေဆးမေသာက္တာ တစ္လျပည့္ၿပီေလ.. အခုျပန္ေသာက္ရေအာင္.. ဒီေန႕ကစၿပီး ပုံမွန္ေသာက္ရမယ္ ကိုကိုအားရွိေအာင္.~*

ထယ္ေယာင္းရဲ႕စာကို ဖတ္ၿပီး ေခါင္းၿငိမ့္ျပတဲ့ ကိုကို..

ေဂ်ာင္ဂုလည္း ေဆးခြက္ကိုယူၿပီး ပါးစပ္နားေတ့လိုက္ေတာ့ စိမ္း႐ႊင္အနံ႕ႀကီးေၾကာင့္ ေခါင္းမူးသြားသည္။ မေသာက္တာ တစ္လၾကာေတာ့ သူ႕အတြက္ အသစ္လိုျပန္ျဖစ္ေန၏။အသက္ေအာင္ၿပီး တစ္ခါတည္းေမာ့ေသာက္လိုက္ကာ ေရခြက္ကို‌ပါ ေမာ့ေသာက္လိုက္သည္။ ဒါေတာင္ အခါးအရသာက လွ်ာေပၚမွာ စြဲထင္ေနၿပီး လည္ေခ်ာင္းတစ္ေလွ်ာက္ပူဆင္းသြား၏။

ထယ္ေယာင္းက ကိုကိုေဆးေသာက္ၿပီးမွ ပန္းကန္ေတြကို သြားေဆးလိုက္သည္။ၿပီးမွ အခန္းထဲျပန္ဝင္လာ၏။

" အိပ္ရေအာင္ ကိုကို~.."

ထယ္ေယာင္း ကိုကို႔ရဲ႕ ပခုံးေလးကေနဖက္ကာ ကုတင္ေပၚေခၚသြားလိုက္သည္။ ကုတင္ေပၚေရာက္ေတာ့ ကိုကို႔ကို သူ႕ရဲ႕ရင္ခြင္ထဲမွာထည့္ၿပီးဖက္ထားလိုက္သည္။

ရင္ခြင္ထဲက ကိုကိုက သူ႕ရဲ႕ခါးကို ဖက္တြယ္ၿပီး ပါးေဖာင္းေဖာင္းေလးေတြနဲ႕ သူ႕ရဲ႕ ရင္ဘတ္ထိကပ္ထားပုံက အသည္းယားစရာ...ႏႈတ္ခမ္းပါးေလးေတြကလည္း နီရဲဖူးစိုေနၿပီး မ်က္လုံးမွိတ္ထားသျဖင့္ ျမင္ေနရတဲ့ မ်က္ေတာင္ထူထူရွည္ရွည္ေလးေတြက ေကာ့ၫြတ္ေန၏။

" Good night ကိုကို..အိပ္မက္လွလွမက္ပါေစ.. "

ထယ္ေယာင္း နဖူးျပင္ေလးကို ဖြဖြေလးနမ္းလိုက္ၿပီး မ်က္လုံးမွိတ္ၿပီး အိပ္စက္ျခင္းဆီသို႔ကူးေျပာင္းလိုက္သည္။

ေဂ်ာင္ဂုလည္း ေမာင့္ရဲ႕ ႏႈတ္ခမ္းထူထူေလးနဲ႕ ထိကပ္ခံလိုက္ရတာေၾကာင့္ ၿပဳံးလိုက္မိသည္။

* Good night ေမာင္.. ငါ့ကို ခ်စ္ေပးၿပီး နားလည္ေပးလို႔ေက်းဇူးပါ ေမာင္..*

~

~

~


အခုဆိုရင္ ကိုကိုက အရင္ကေလာက္ မွိုင္‌ေတြမေနေတာ့ဘဲ တက္တက္ႂကြႂကြျဖစ္လာၿပီ.. ႏူးႏူးေလးကလည္း အဘိုးအဘြားေတြရဲ႕ ဂ႐ုစိုက္မႈနဲ႕ သူတို႔ရဲ႕ေစာင့္ေရွာက္မႈၾကားမွာ ခ်စ္စရာကေလးငယ္ေလးအျဖစ္တည္ရွိေန၏။ ႏူးႏူးေလး ႏွစ္ႏွစ္ျပည့္ဖို႔ ရက္ပိုင္းေလာက္ဘဲလိုေတာ့တာေၾကာင့္ ကင္မ္စံအိမ္မွာ အလုပ္ရႈပ္ေနၾကသည္။ကိုကိုလည္း အရင္ကထက္ အသားေလးေတြျပည့္လာကာ ပါးေလးေတြေဖာင္းလာ၏။သူ ကိုကို႔ကို ေဆးတိုက္ေနတာလည္း သုံးလေက်ာ္ၿပီ.. တစ္ေန႕မွမျပတ္.. အပတ္တိုင္းလည္း သုံးရက္ေလာက္အတူေနျဖစ္ၾကသည္။သုံးလေက်ာ္တာေတာင္ ကိုယ္ဝန္မရေသးတာေၾကာင့္ ကိုကိုက ကိုယ္ဝန္ပ်က္က်တဲ့အရွိန္ေၾကာင့္ ကိုယ္ဝန္မလြယ္နိုင္ေသးတာလားဟု ေမးေမးတတ္သည္။သူလည္း ဟုတ္တယ္ဘဲေျဖမိ၏။သူတိုက္ေနတဲ့ေဆးေၾကာင့္လို႔ေတာ့ ကိုကိုက သံသယမဝင္...

" သားထယ္.. အျပင္အဆင္ေတြကို မွာၿပီးၿပီလား.. ၿပီးေတာ့ အစားအေသာက္ေတြေရာ.. "

" ဟုတ္ ! မာမီ သားအကုန္စီစဥ္ၿပီးၿပီ.."

အေတြးလြန္ေနတုန္း မာမီက ေခၚလိုက္တာမို႔ လက္ရွိကိုျပန္ေရာက္လာ၏။

" ဥယ်ာဥ္နဲ႕ ၿခံထဲကအပင္ေတြကိုေရာ ရွင္းလင္းၿပီး အလွဆင္ခိုင္းထားလား မာမီ "

" အခု ၿခံထဲမွာ အလုပ္သမားေတြလုပ္ေနတယ္ေလ.. စံအိမ္အတြင္းပိုင္းကိုေတာ့ သူတို႔ ၿခံထဲၿပီးမွ လုပ္ခိုင္းလိုက္မယ္.."

" ဟုတ္! မာမီ... ဒါနဲ႕ သမီးေလးေရာ.. "

" ေျမးေလးက သူ႕အဘိုးနဲ႕ ေဆာ့ၿပီး အပင္ပန္းလြန္လို႔ အိပ္ေပ်ာ္သြားၿပီ.."

" အာ~...ဟုတ္လား သားက ဒီေန႕ ကိုကိုနဲ႕ သမီးေလးအတြက္ ဝတ္စုံသြားၾကည့္ၾကမလားလို႔ "

" ေျမးေလးနိုးရင္ သြားၾကည့္ၾကေပါ့..ညေနေစာင္းမွျပန္လာခဲ့ေလ.. သားတို႔ မိသားစု လိုက္ အျပင္မထြက္တာၾကာၿပီမလား.."

" ဟုတ္..အဲ့ဆို သမီးေလးနိုးရင္သြားလိုက္မယ္ မာမီ.. သားအေပၚထပ္ခဏသြားလိုက္အုံးမယ္!"

မာမီက ေခါင္းၿငိမ့္ျပတာနဲ႕ ထယ္ေယာင္း အေပၚထပ္အခန္းထဲ တက္သြားလိုက္၏။ကိုကိုက သူတို႔အခန္းကို သန႔္ရွင္းေရးလုပ္ေနတာေလ.. မလုပ္ပါနဲ႕ေျပာလည္း သူတို႔ႏွစ္ေယာက္ရဲ႕ အခန္းမို႔ တျခားသူကို ဝင္ၿပီး မရွင္းေစခ်င္ဘူးတဲ့..

" ကိုကို.. ကိုကို.."

အခန္းထဲေဝ့ၾကည့္လိုက္ေတာ့ မရွိသျဖင့္ ထယ္ေယာင္း မ်က္စိလည္သြားသည္။ ေသခ်ာေပါက္ အခန္းထဲမွာပါ။

" ကိုကို.. ကို~.."

ေခၚေနတုန္း ေရခ်ိဳးခန္းထဲကေန ထြက္လာတာမို႔ ထယ္ေယာင္း အေျပးသြားလိုက္သည္။

" ဘာလုပ္ေနတာလဲ ကိုကို..!"

ထယ္ေယာင္းေျပာတာကို နားလည္တဲ့ကိုကို လက္ဖဝါးႏွစ္ဖက္ကို ပြတ္ျပသည္။ဆိုလိုတာက လက္သြားေဆးတဲ့သေဘာ..

ထယ္ေယာင္း ကိုကို႔ကို ကုတင္နားေခၚလာၿပီး ထိုင္ခိုင္းလိုက္ကာ သူက စာအုပ္နဲ႕ေဘာပင္ကို သြားယူလိုက္သည္။

*~.ကိုကို ေနာက္တစ္နာရီေလာက္ေနရင္ အျပင္သြားၾကမယ္.. သမီးေလးနဲ႕ ကိုကို႔အတြက္ အဝတ္စားသြားဝယ္မယ္ ၿပီးရင္ ေမာင္တို႔ ေလွ်ာက္လည္ၾကမယ္.~*

သူ႕စာကိုဖတ္ၿပီး ၿပဳံးေရာင္သန္းသြားတဲ့ ကိုကို..

*~.သြားၾကမယ္ ေမာင္..ငါတို႔ အျပင္မသြားရတာၾကာၿပီမလား.. သမီးေလးေရာ.~*

*~.သမီးေလးက ဒယ္ဒီတို႔ အခန္းမွာ အိပ္ေပ်ာ္ေနတယ္ ေနာက္တစ္နာရီေလာက္ဆို နိုးပါၿပီ ကိုကိုျပင္ဆင္လို႔ရေအာင္လာေျပာတာ သမီးေလးနိုးတာနဲ႕ သန႔္ရွင္းေရးလုပ္ေပးၿပီး သြားၾကမယ္ကိုကို.~*

ေဂ်ာင္ဂုက ေခါင္းၿငိမ့္ျပၿပီး.. သမီးအတြက္ အဝတ္စားေ႐ြးဖို႔ ထလိုက္ေတာ့ ထယ္ေယာင္းက လက္ကေန ဆြဲခ်လိဳက္ေတာ့ အေထြးလိုက္ အပုံသား ထယ္ေယာင္း ရင္ခြင္ထဲက်သြားသည္။အိမ္ေထာင္သက္ ႏွစ္ႏွစ္ေက်ာ္ေပမဲ့ ေမာင္နဲ႕ပတ္သတ္ရင္ ရင္ခုန္ၿပီးရွက္တတ္တဲ့ စိတ္ကမေပ်ာက္ေသး ၿပီးေတာ့ ေမာင့္ရဲ႕အထိအေတြ႕ေတြကိုလည္း က်င့္သားမရေသးဘဲ ရွက္ေသြးႂကြယ္ေနတတ္သည္။

အခုလည္း ေမာင့္ရင္ခြင္ထဲက မ႐ုန္းေပမဲ့ ရွက္လို႔နီျမန္းေနတဲ့မ်က္ႏွာေလးကို ေမာင့္ရင္ခြင္ထဲအပ္ထားလိုက္၏။

ထယ္ေယာင္း ရင္ခြင္ထဲမွာ ရွက္ေသြးႂကြယ္ေနတဲ့ ကိုကို႔ရဲ႕ မ်က္ႏွာႏုႏုေလးကို ေမးဖ်ားကေနကိုင္ကာေမ့ၿပီး တစိုက္မတ္မတ္ၾကည့္လိုက္သည္။

" ေမာင့္အနားေနမယ္ဆိုတာမရွိဘူး အခ်ိန္ျပည့္ သမီးေဝယ်ာဝစၥေတြနဲ႕ဘဲ အလုပ္ရႈပ္ေနေတာ့တာဘဲ.. ေမာင္အတြက္အခ်ိန္မေပးတာ ၾကာၿပီေနာ္ အခုရက္ပိုင္းဆို ပိုေတာင္ဆိုးေသး ညအိပ္ခ်ိန္ေလာက္ဘဲ အနားကပ္တာ .. ဟြန႔္! "

ထယ္ေယာင္းစူပုတ္‌ေနတဲ့ မ်က္ႏွာနဲ႕ ေျပာလိုက္ေတာ့ ေဂ်ာင္ဂုရဲ႕မ်က္ႏွာေလးက ၿပဳံးေယာင္သန္းသြားသည္။ ေမာင့္မ်က္ႏွာအမူအရာကိုၾကည့္တာနဲ႕ ေမာင္သဝန္တိုေနမွန္းသိသာလွသည္။တိုစရာရွားလို႔ သမီးနဲ႕မွ..

သူကလည္းသူဘဲေလ.. သမီးက နည္းနည္းႀကီးလာေတာ့ သမီးအတြက္ အာဟာရျဖစ္မဲ့ ဟင္းေလးေတြခ်က္ရ.. သမီးငယ္နဲ႕ အခ်ိန္ေပးၿပီးေဆာ့ေပးရနဲ႕ ေမာင့္နားကပ္ခ်ိန္သိပ္မရွိ... သမီးေလးအိပ္‌တဲ့အခ်ိန္မွသာ ေမာင့္အနား ေနသည္။အခုရက္ပိုင္းလည္း သမီးငယ္ရဲ႕ေမြးေန႕အတြက္ျပင္ဆင္ေပးေနတာေၾကာင့္ သူလည္း ဝိုင္းကူလုပ္ေပးရင္း ေမာင့္နဲ႕ ေနခ်ိန္မရွိ..ဒီေတာ့ ေမာင္ စိတ္အလိုမက်ျဖစ္မယ္ဆိုလည္း ျဖစ္ခ်င္စရာေလ...

" ႁပြတ္စ္! "

" ဟမ္! ကိုကို! "

ထယ္ေယာင္းရဲ႕ ႏႈတ္ခမ္းကို အသံျမည္ေအာင္ နမ္းစုပ္လိုက္တာေၾကာင့္ ထယ္ေယာင္း အံ့အားသင့္သြားၿပီး ေခၚလိုက္ေတာ့ လူကိုၿပဳံးစစနဲ႕ၾကည့္လာ၏။

" အားးးး အသည္းယားလိုက္တာကြာ.. မြ! ဖ်စ္ညစ္ပစ္လိုက္ခ်င္တာ မြ! ကင္မ္ေဂ်ာင္ဂုက ဘာေတြစားလို႔အဲ့ေလာက္အသည္းယားဖို႔ေကာင္းေနတာလဲ..ဟမ္! "

ထယ္ေယာင္း ကိုကိုရဲ႕ ကိုယ္လုံးေလးကို ဖ်စ္ညစ္ၿပီး ပါးမို႔မို႔ေလးေတြကို နမ္းၿပီးေျပာလိုက္ေတာ့ မ်က္လုံးေလးမွိတ္ကာ ခံယူေနတဲ့ ကိုကို..

သူ႕ရင္ခြင္ထဲမွာရွိေနတဲ့ ကိုကို႔ရဲ႕ ဆံသားႏုႏုေလးေတြကို ပြတ္သပ္ၿပီး အေပၚစီးကျမင္‌ေနရတဲ့ မ်က္ႏွာႏုႏုေလးကို အေသးစိတ္လိုက္ၾကည့္ေနမိ၏။ဘယ္ေလာက္ၾကည့္ၾကည့္ ရိုးမသြားတဲ့ အလွတရားေတြနဲ႕ ကိုကို႔ ကိုပိုင္ဆိုင္ရတာ ထယ္ေယာင္း အတြက္ ဘုရားေပးတဲ့ ဆုလာဒ္ပင္... ဘာစကားမွေျပာလို႔မရလည္း ေငးၾကည့္ေန႐ုံေလးနဲ႕တင္သူေက်နပ္သည္။

သူ႕ရင္ခြင္ထဲမွာ နာရီဝက္ေလာက္ေနၿပီးမွ ႐ုန္းလာတဲ့ ကိုကို..

" ဘာျဖစ္လို႔လဲ ကိုကို.. "

သူကျပန္ဖတ္ၿပီးေျပာေတာ့ ေခါင္းခါျပၿပီးျပန္႐ုန္းလာသည္။

" အျပင္သြားဖို႔ ျပင္ဆင္မလို႔လား.."

ထယ္ေယာင္းေျပာလိုက္ေတာ့ ေခါင္းၿငိမ့္ျပတဲ့ ကိုကို..

" ဟုတ္ၿပီ ေမာင္ လႊတ္ေပးမယ္ .."

ထယ္ေယာင္းလက္ကလႊတ္ေတာ့ ကိုကိုက သမီးရဲ႕ ဗီရိုဆီသြားကာ သမီးအတြက္ ပန္းႏုေရာင္ဂါဝန္ေလးထုတ္ၿပီး ပန္းဆီေရာင္ ေဘာင္ဘီေသးေသးေလးလည္းထုတ္လိုက္သည္။ၿပီးေတာ့ အျပာေရာင္ ေမြးပြ လက္ရွည္အကၤ်ီထူေလးကို ထုတ္ၿပီးမွ ကုတင္ေပၚတင္ထားလိုက္၏။

ေဂ်ာင္ဂု ႏူးႏူးေလးအတြက္ အဝတ္စားျပင္ၿပီးေတာ့.. ‌လက္ဆြဲအိတ္အနက္ေလးထဲကို တစ္သ်ႉး အစိုနဲ႕ အေျခာက္၊ဝတ္စုံအပိုႏွစ္ထည္၊ ဒိုက္ဘာႏွစ္ခုနဲ႕ လိုအပ္တဲ့ပစၥည္းအစုံကို ထည့္ထားလိုက္သည္။ၿပီးမွ ေမာင္နဲ႕ သူ႕ဗီရိုထဲကေန သူတို႔အတြက္ အဝတ္စားထုတ္ၿပီး ေမာင့္ဆီျပန္လာလိုက္၏။ေမာင္ကေတာ့ သူ႕ရဲ႕ လႈပ္ရွားမႈေတြကို အေသးစိတ္လိုက္ၾကည့္ေနသည္။

*~.ေမာင္ ေရခ်ိဳးေတာ့..ၿပီးမွ ငါခ်ိဳးမယ္.. အကၤ်ီထုတ္ေပးၿပီးၿပီ.~*

ကိုကိုက စာေရးျပေတာ့ ထယ္ေယာင္းလည္းကုတင္ေပၚကေနထလိုက္သည္။

" မြ! ေမာင္ေရသြားခ်ိဳးၿပီ.."

ပါးေဖာင္းေဖာင္းေလးကိုနမ္းၿပီး တဘတ္ကိုယူကာ ေရခ်ိဳးခန္းထဲဝင္သြားလိုက္သည္။က်န္ခဲ့တဲ့ေဂ်ာင္ဂုကေတာ့ ၿပဳံးၿပီးေမာင့္ရဲ႕ေက်ာျပင္က်ယ္ကို ၾကည့္ေနမိသည္။‌

~

~

~

Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜

Thanks for votes, feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜


Comment