Part -23

# Unicode #

ထယ်ယောင်း....ကိုကို့စိတ်အားထက်သန်နေမှန်းသိပေမဲ့ နောက်ထပ်ကလေးယူဖို့ သူသတ္တိမရှိ...နောက်ထပ်ရင်သွေးလေးပါ နူးနူးလေးလိုဆို..ထယ်ယောင်းတို့က သူ့ကို ဒုက္ခခံခိုင်းဖို့ လူ့လောကထဲဆွဲခေါ်သလိုဖြစ်နေမည်...


ဒါကြောင့် သူကလေးမယူချင်..ကိုကို့ကို အမှန်တိုင်းပြောလိုက်ရင် ကိုကိုနာကျင်ရမှာအမှန်...ဒီတော့ သူဘာကို ဆက်လုပ်ရမှန်းမသိတော့...တစ်ယောက်လောက် အကြံဉာဏ်ပေးကြပါ သူရှေ့ဆက်လုပ်ရမဲ့အရာတစ်ခုလောက်...

«« ကိုယ်ဝန်တားဆေး »»


ထယ်ယောင်း အတွင်းရေးမှုးဟန်နဲ့ပြောခဲ့တဲ့စကားတွေကို သတိရလာ၏။ခေတ်မီတားဆေးတွေသုံးရင် ကိုကိုက ငြင်းဆန်လိမ့်မယ်...ကိုကိုက ကလေးယူဖို့ကြိုးစားနေတာ..သူသာ တားဆေးတိုက်ရင် သူနဲ့ ကိုကို့ကြားမှာ ပြဿနာဖြစ်လိမ့်မယ်...ဒီတော့ အတွင်းရေးမှုးဟန်ပြောတဲ့ တားဆေးကို ကိုကိုကို လိမ်ပြီး တိုက်ရမယ်...တိုင်းရင်းဆေးကိုတော့ ကိုကိုခွဲခြားမသိလောက်ပါဘူး...


ထယ်ယောင်း ကိုကို့မသိအောင် ကိုယ်ဝန်တားဆေးတိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အနေနဲ့ အတူနေတာတို့..အထဲမှာမပြီးဆုံးတာတို့ကို ရှောင်ရင်ရပေမဲ့ အဲ့နည်းတွေက ကလေးထပ်ယူမဲ့ ကိုကို့ရဲ့မျှော်လင့်ချက်ကို ပေါ်ပေါ်ထင်ထင် ရိုက်ချသလိုဖြစ်နေမယ် ..ဒါ့ကြောင့် ထယ်ယောင်း အတွင်းရေးမှုးဟန်ကို အကူညီတောင်းပြီး တိုင်းရင်းဆေးဝယ်ရမည်။


"နောင်တဟူသည် နောင်မှရတတ်သည့်အမျိုးဆိုတာကိုတော့ ထယ်ယောင်းမေ့နေတဲ့ပုံပင်..."


~

~

~


အခန်းထဲရောက်တော့ မောင်မရှိတာကြောင့် အလုပ်ခန်းထဲမှာဆိုတာ သိလိုက်၏။ ဂျောင်ဂုလည်း လိုက်မသွားတော့ဘဲ...စာရေးစားပွဲရှေ့က ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။


*ငါ့လေနဲ့ မောင့်ကို နှစ်သိမ့်ပေးချင်ပေမဲ့ ဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိ..သမီးလေးအခုလိုဖြစ်တာငါနဲ့တူတာဆိုရင်.ငါမွေးဖွားလာတာ အမှားတစ်ခုလား!...မောင်ကရော ငါ့ကို အမှားတစ်ခုလို့မြင်လား!...ငါက အမှားတစ်ခုဆိုလည်း ငါပြင်ဆင်ချင်သေးတယ်မောင်...မင်းနဲ့တူတဲ့ သာမာန်ကလေးတစ်ယောက်ကို ငါမွေးပေးပြီး ပြင်ဆင်ချင်တယ်မောင်... *



*အမြဲတမ်း ငါ့မျက်ဝန်းတွေကိုကြည့်ပြီး စကားဆိုတတ်တဲ့မောင်က ဒီနေ့ ပထမဦးဆုံး ငါ့မျက်ဝန်းတွေကို ကြည့်မနေခဲ့ဘူး..ဒါပေမဲ့ မောင်က ငါ့ကို နာကျင်အောင်လုပ်မှာ မဟုတ်ပါဘူး .. မောင်က ငါ့ကိုနားလည်ပါတယ်..ပြီးတော့.. ငါ့ကလေးတိုင်းနဲ့ ငါနဲ့တော့မတူနိုင်ပါဘူး..ငါယုံတယ်...*



ဂျောင်ဂု တွေတွေလေးငေးကာ သူ့ရင်ထဲကစကားတွေကို စာအုပ်လေးထဲချရေးလိုက်၏။မျက်ရည်စတွေကလည်း စာရွက်ပေါ်ကျသွားပြီး ရေကွက်လေးဖြစ်လာသည်။



~

~



" ဂျောင်ဂုတို့လို ချို့ယွင်းချက်ရှိတဲ့သူတွေစိတ်က တခြားသူတွေထက်ပိုပြီးနုနုယ်တယ်တဲ့..နုနယ်လွန်းတဲ့ စိတ်ဟာ ဒဏ်ရာရသွားရင် သာမန်လူတွေထက် နာကျည်းတတ်တယ်ဆိုတာ...သိခဲ့ရင်..."



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


" အတွင်းရေးမှူးဟန်..မင်း အစ်ကို မိန်းမအတွက် တားဆေး ဝယ်ပြီးပြီလား..."


" ဗျာ! "



CEO...က ခဏလာခဲ့ဖို့ ပြောတော့ အလုပ်ကိစ္စပြောမယ်မှတ်နေတာ ‌အခုလိုမေးလိုက်တော့ ဘယ်လိုပြန်ဖြေရမှန်းမသိ...ပြီးဝောာ့ CEO..က တားဆေးကို ဘာလုပ်မလို့ပါလိမ့်...



" အတွင်းရေးမှူးဟန်...ငါပြောတာ ကြားလား..."

" အတွင်းရေးမှုးဟန်!!."


ထယ်ယောင်းက နှစ်ခါလောက် အော်ခေါ်မှ အလန့်တကြား လူကိုကြည့်လာတဲ့ အတွင်းရေးမှုးဟန်...


" ဟုတ်ကဲ့..CEO..ကျွန်တော် မနက်ဖြန်မှ မှာရမှာပါ..ဒီနေ့အလုပ်တွေများလို့ပါ.."

"ဒါဆို..အတွင်းရေးမှုးဟန်ရဲ့ အလုပ်တွေကို တခြားသူတွေကို လုပ်ခိုင်းလိုက်...ပြီးရင် အခုချက်ချင်း တားဆေးသွားဝယ် ...ငါ့အတွက်ပါ ပိုဝယ်လာခဲ့.."


" ဗျာ!!..C...CEO...တား...တားဆေးက..အစ်ကိုလေး..ကိုတိုက်မလို့လား~.."

ထယ်ယောင်း ဘာမှမပြောဘဲ ငြိမ်သက်နေသည်။ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်၏။အတွင်းရေးမှုးဟန်ကိုကြည့်တော့ နားမလည်သည့် အကြည့်တွေနဲ့ သူ့ကိုကြည့်နေသည် ။သူလည်း အဲ့လိုမလုပ်ချင်ပေမဲ့ .သူသတ္တိမရှိတဲ့အတွက် လုပ်မှရမည်.." တစ်ခါသေဖူး..ပျဉ်ဖိုးနားလည် " တဲ့ သူနောက်ထပ် အဖြစ်မျိုးကို ပြုလုပ်ဖို့ အင်အားမရှိတော့ဘူး..နူးနူးလေးကိုဘဲ ‌လုံခြုံပြီးပြီးပြည့်စုံအောင်ထားပြီး နေတော့မယ်..နူးနူးလေးရှိရင်ရပါပြီ...




" ဟုတ်တယ်..ဟန်~..မင်းက ငါကုမ္ပဏီ စဝင်တည်းက ငါ့ရဲ့ဘေးမှာ အတွင်းရေးမှုး ကောင်းတစ်ယောက်အနေနဲ့ရော ညီအစ်ကို တစ်ယောက်အနေနဲ့ရော..အဖော်ပြုပေးခဲ့တယ်..အဲ့တော့ ငါ...မင်းကို မလိမ်ချင်ပါဘူး..ငါအမှန်တိုင်းပြောပြမယ်.."



ထယ်ယောင်းလည်း နူးနူးလေးရဲ့ အကြောင်းနဲ့ ဆရာဝန်ပြောခဲ့တာတွေရော..ကိုကိုကလေးထပ်ယူဖို့ပြောတာပါ ဟန့်..ကိုပြောပြလိုက်၏။


" CEO..အစ်ကိုလေးဂျောင်ဂုကို အသိမပေးဘဲ အခုလိုလုပ်တာမကောင်းဘူးထင်တယ်..အစ်ကိုလေးဂျောင်ဂု သိသွားရင်..တော်တော်ခံစားရမယ်ထင်တယ်.."

" ငါနားလည်တယ်..ဟန် .ဒါပေမဲ့ ကိုကိုမသိရင် ဘာမှမဖြစ်ဘူးလေ..ပြီးတော့ ဒီကိစ္စက မင်းနဲ့ငါဘဲသိတာ...အဲ့တော့ ကိုကိုမသိနိုင်ဘူး...ကိုကိုက ကလေးယူဖို့ စိတ်ထက်သန်နေတဲ့အချိန်မှာ ငါက မယူချင်ကြောင်းပြောရင် ကိုကို စိတ်ဒဏ်ရာရသွားလိမ့်မယ်..ငါ ကိုကို့ကို မနာကျင်စေခြင်ဘူး..ငါ့ကို ကူညီပါဟန်..."

ဟန်လည်း ပထမဆုံးအကြိမ် CEO ကအကူညီတောင်းတာမို့ အစ်ကိုလေးဂျောင်ဂုအပေါ်မတရားမှန်းသိပေမဲ့ ကူညီပေးချင်သည်။CEO အနေနဲ့လည်း..သူ့မျိုးဆက်တွေက deaf-mute ဖြစ်မှာစိုးရိမ်တာလည်းမှန်သည်။သာမန်လူတွေတောင် ရှင်သန်ဖို့ခက်ခဲတဲ့လောကကြီးမှာ..သူတို့လိုချို့ယွင်းသူလေးတွေက ပိုပြီး ရှင်သန်ဖို့ခက်ခဲ့ကြသည်။ လူအများစုက သူတို့လေးတွေကို ကြင်နာသနားဖို့ထက်..ဖိနှပ်ပြီး အထင်သေးချင်ကြ၏။ဒါ့ကြောင့်လည်း.. deaf-mute အများစုက အားငယ်စိတ်ဝင်ပြီး...စိတ်ဓာတ်ကျရောဂါတွေရလာတတ်သည်။သူတို့လိုလူတွေက အများပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မှုကို လိုအပ်ကြသည်။ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ကိုတွေရင် အလိုလို နှာခေါင်းရှုံ့ပြီး..ဘေးဖယ်ထားတတ်တဲ့လူများသာ ရှိ၏။ဒါ့ကြောင့်လည်း CEO က စိုးရိမ်တာဖြစ်သင့်သည်။

" ဟုတ်ကဲ့..ကျွန်တော် ကူညီပါ့မယ်..အစ်ကိုလေးကိုလည်း ပြန်မပြောပါဘူး.."

" ကျေးဇူးကွာ...ဟန်.."

" ရပါတယ်..CEO "

ထယ်ယောင်းရင်ထဲက အပူကြောင့် သက်ပြင်းချလိုက်သည်။ကိုကိုသာ ဒီကိစ္စကိုသိသွားရင်...



~

~

~



*~.သား...နူးနူးလေး အိပ်သွားပြီလား.~*


ချယ်ယောင်း စာရေးပြီးမေးတော့ ဂျောင်ဂုက ခေါင်းငြိမ့်ပြလိုက်သည်။အခုရက်ပိုင်းဂျောင်ဂုလေး မျက်နှာက သိပ်ပြီးမရွှင်လန်း..နူးနူးလေး ကိစ္စကို သူ့အမှားလို့ခံယူနေပုံရသည်။



*~.မာမီ..သားတို့ နောက်ထပ်ရင်သွေးထပ်ယူမလို့...ဒါပေမဲ့ အခုရက်ပိုင်း မောင့်ကိုကြည့်ရတာတစ်မျိုးဘဲ..ကလေးယူဖို့ပြောတိုင်း... မျက်နှာသိပ်မကောင်းဘူး..မောင်က သားနဲ့ ကလေးမယူချင်တော့တာလားမသိဘူး.~*



ချယ်ယောင်းလည်း စာကိုဖတ်ပြီး ဇဝေဇဝါဖြစ်သွားရသည်။သားထယ်က တကယ်ဘဲ ကလေးမယူချင်တော့တာလား..ဒါပေမဲ့လည်း ဂျောင်ဂုလေးကို စိတ်မကောင်းဖြစ်အောင်လို့တော့မလုပ်ချင်




*~.မဟုတ်လောက်ပါဘူး ..သားရယ်..သားထယ်က အခုရက်ပိုင်း အလုပ်များနေလို့ မျက်နှာမကောင်းတာနေမှာပါ..သားထယ် ကလေးအရမ်းလိုချင်တာလည်း သား သိသားဘဲ...စိတ်မကောင်းဖြစ်စရာတွေ မတွေးပါနဲ့ကွယ်..‌ဟုတ်ပြီလား.~*



ချယ်ယောင်းရဲ့စာကိုဖတ်ပြီး ဂျောင်ဂု အပြုံးလေးဖြင့်ခေါင်းငြိမ့်လိုက်သည်။



* မာမီပြောတာ ဟုတ်လောက်မှာပါ...မောင်က အလုပ်များလို့နေမှာ...မောင်အရင်က ငါ့ကို ကလေးတွေမွေးပေးဖို့ပြောဖူးတာဘဲ..မောင်က သူ့ရင်သွေးလေးတွေကို အရမ်းချစ်တာ... ငါကိုယ်ကအတွေးလွန်နေတာနေမှာ...မောင်က ငါ့ဖြစ်တည်မှုတိုင်းကို မြတ်နိုးတယ်တဲ့..ငါ့ကလေးလေးတွေက ငါနဲ့တူရင်တောင် လက်ခံတယ်လို့ပြောခဲ့တာဘဲ..အဲ့အတိုင်းဘဲ နူးနူးလေးကိုလည်း လက်ခံပြီး ဂရုစိုက်တယ်လေ...ဒါပေမဲ့ ငါပြောနိုင်တာကတော့ နောက်ထပ်ရင်သွေးလေးကငါမဟုတ်ဘဲ မင်းနဲ့တူမှာသေချာတယ် မောင်...*


ဂျောင်ဂုအတွေးတွေဖြင့် မျက်နှာလေးကကြည်လင်လာပြီး..အရင်လို အေးချမ်းတဲ့မျက်နှာလေးဖြစ်သွားသည်။

>အကယ်၍ ‌သူ့ရဲ့မောင်လုပ်မဲ့အရာကိုသိသွားရင်ရော ပြုံးနိုင်ပါ့မလား<



~

~

~





ညနေ အိမ်ပြန်ရောက်တည်းက ရေချိုး ထမင်းစားပြီး သမီးလေးနဲ့ ကိုကို့ကို ခဏလောက်အချိန်ပေးပြီးမှ အလုပ်တွေပါလာသဖြင့် ကုန်းရုန်းပြီးလုပ်လိုက်တာ အခုမှပြီးသွား၏။နာရီကိုကြည့်တော့ ည ဆယ်နာရီခွဲနေပြီ...အိပ်ချိန်ရောက်သဖြင့်...အခန်းထဲဝင်လာတော့ ကိုကိုက စာအုပ်တစ်အုပ်ကိုဖတ်နေတုန်းပင်..ကြည့်ရတာ သူ့ကို စောင့်နေတာများလား..သမီးလေးကိုကြည့်လိုက်တော့ သူ့ကုတင်ပေါ်မှာ အိပ်မောကျနေပြီ...သူတို့အခန်းက ကျယ်တာမို့ သမီးလေးအတွက် ကုတင်တစ်လုံးသက်သက်ဝယ်ပေးကာ သူတို့အခန်းထဲမှာဘဲ အိပ်စေသည်။ငယ်သေးတာမို့ အခန်းခွဲမအိပ်စေချင်တဲ့ ကိုကိုရဲ့ ဆန္ဒကြောင့်ပင်..


အိပ်ပျော်နေတဲ့ သမီးငယ်ရဲ့ ဘေးနားသွားပြီး နဖူးပြင်လေးကိုနမ်းလိုက်သည်။သမီးလေးက ပါးစပ်ကလေးဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ အရမ်းချစ်ဖို့ကောင်း၏။သမီးလေးနဲ့ကိုကို ကိုသာ..ဦးစားပေးပြီးစောင့်ရှောက်ပေးချင်တာက သူ့ရဲ့ဆန္ဒ အမှန် ..ပါးပါးတူသမီးမို့...အသက်နဲ့ထပ်တူ တန်ဖိုးထားပြီး မြတ်နိုးရသည်။


* သမီးကလွှဲပြီး ဒယ်ဒီ ဘာမှ မလိုအပ်တော့ဘူး..အဲ့ကြောင့်..နောက်ထပ်ကလေးငယ်ကို ပေးမဲ့အချိန်တွေ အချစ်တွေအစား..သမီးနဲ့ ကိုကို့ကိုဘဲ ပေးပြီး ချစ်မယ်လို့ ဒယ်ဒီ ဆုံးဖြတ်ထားတယ်...ဒယ်ဒီ့ လုပ်ရက်က မှန်ပါတယ်နော်..သမီးငယ်!....ဒယ်ဒီ..သမီးလိုမျိုး..နောက်ထပ်ရင်သွေးလေးသာ ပိုင်ဆိုင်ရမယ်ဆိုရင်လေ~..ဒယ်ဒီ..ရူးသွားမှာ သမီး...ဒါ့ကြောင့် ဒယ်ဒီ သမီးကိုဘဲ ပိုပြီးဂရုစိုက်ပေးပြီးချစ်‌ပေးမှာမလို့ ဒယ်ဒီနဲ့ ပါးပါးလက်ထဲမှာ..လှလှပပနဲ့ ကြီးပြင်းလာနော်..*


ထယ်ယောင်း သမီးတဲ့ နဖူးပေါ်ဝဲကျနေတဲ့ ဆံသားနုနုလေးတွေကို သပ်တင်ပေးပြီး အေး‌အေးချမ်းချမ်းအိပ်‌ပျော်နေတဲ့ မျက်နှာလေးကိုကြည့်ကာ စိတ်ထဲမှ ပြောဆိုနေမိသည်။

ဂျောင်ဂုကတော့ မောင့် အခန်းထဲရောက်လာတာသိတာကြောင့် ဖတ်လက်စစာအုပ်ကို ချပြီး မောင့်ကိုကြည့်လိုက်တော့ သမီးလေးရဲ့ မျက်နှာကို စိုက်ကြည့်နေပြီး..တစ်ခုခုကို တွေးနေသယောင်..

ခဏကြာတော့ သမီးရဲ့ ကုတင်ပေါ်ကနေ ဆင်းလာပြီး ဂျောင်ဂုထိုင်နေတဲ့ ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။


*~.ကိုကို မအိပ်သေးဘူးလား..သမီးလေးတောင် အိပ်ပျော်နေပြီ.~*


*~.မအိပ်သေးဘူးမောင်..သမီးက အစောကြီးတည်းက အိပ်ပျော်သွားတာ..ငါက မောင့်ကိုစောင့်ရင်း စာဖတ်နေတာ..‌မောင် အလုပ်ပြီးပြီဆို အိပ်ကြမယ်လေ.~*

ဂျောင်ဂုက စာအုပ်ထဲရေးပြပြီး...ဖတ်လက်စစာအုပ်ကို သွားသိမ်းတော့ ထယ်ယောင်း ချီတုံချတုံပုံစံမျိုးနဲ့ကျန်ခဲ့သည်။ထယ်ယောင်း ကိုကို့ကို ဒီနေ့ ဆေးစတိုက်ဖို့ကြံနေ၏။အရင်နေ့တွေကလည်း..သူလုပ်သင့်မလုပ်သင့်စဉ်းစားနေတာနဲ့ မတိုက်ဖြစ်..ကိုကိုနဲ့လည်း အခုရက်ပိုင်း အတူမနေဖြစ်ပေမဲ့ နူးနူးလေး ဆေးရုံ မသွားခင်တုန်းကတော့ ခဏခဏ အတူတူနေဖြစ်သည်။ဒါ့ကြောင့် အချိန်မဆွဲဘဲ ဆေးတိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ကိုကို့ကို ခဏဟူသည့် သဘောဖြင့် လက်ဖဝါးလေး ထောင်ပြပြီး အခန်းထဲက ထွက်လာခဲ့သည်။ ကိုကိုကတော့ သူ့ကို အထူးအဆန်းသာကြည့်နေပြီးကျန်ခဲ့၏။


မီးဖိုခန်းထဲ အရင်ဝင်ကာ ရေနွေးနွေးလေးနဲ့ ဟန် ဝယ်ပေးတဲ့ ဆေးကို ဘောင်းဘီအိပ်ထဲကနေထုတ်၍တစ်ထုပ်ဖောက်လိုက်ပြီး ရောစပ်ဖျော်ကာ ပန်းကန်သေးသေးလေး‌ထဲထည့်လိုက်သည်။ကျန်တဲ့ဆေးထုပ်တွေကို သူ့အလုပ်စားပွဲက အံဆွဲထဲမှာသိမ်းထားခဲ့၏။ ဆေးက တစ်နေ့တစ်ကြိမ်ပုံမှန်တိုက်ပေးရမှာဖြစ်ပြီး နေ့စဉ်ရက်မပြတ်ပါက အတူတူနေတာတောင် ကလေးမရနိုင်ဘူးလို့ ဟန်ကပြောတာဘဲ..



အခန်းရှေ့ရောက်တော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပန်းကန်နဲ့ရေခွက်ထည့်ထားတဲ့ ဗန်းကို လက်တစ်ဖက်ဖြင့်တင်းတင်းကိုင်ကာ တံခါးကိုဖို့ပြီး..ဝင်လိုက်၏။



ကိုကိုကတော့ သူ့လက်ထဲက ဗန်းကိုသာ အာရုံရောက်နေသည်။ မျက်လုံးလေးတွေက ဝိုင်းစက်ပြီး ဘာလဲလို့မေးနေသယောင်..ထယ်ယောင်း ဗန်းကို စားပွဲပေါ်တင်ပြီး ကိုကို့ကို‌စာရေးပြလိုက်၏။



*~.ဆေး‌!..ကိုကို..ကိုကို အားရှိအောင် တိုင်းရင်းအားဆေး တိုက်မလို့ အခုရက်ပိုင်းကိုကို ပိန်သွားသလိုဘဲ~..ဒီဆေးက အရမ်းကောင်းတယ် ကိုကို..စားဝင်အိပ်ပျော်စေပြီး ပင်ပန်းနွမ်းနယ်မှုတွေကိုပျောက်တယ်တဲ့ ပြီးတော့ ကိုကိုက ကိုယ်ဝန်ဆောင်မှာဆိုတော့ အားရှိမှရမယ်လေ.....အဲ့ဒါကြောင့် ကိုကိုသောက်ရမယ်..မောင် နေ့တိုင်းတိုက်မှာ..ဟုတ်ပြီလား..*



ထယ်ယောင်းရဲ့စာကိုဖတ်ပြီး ဂျောင်ဂု ခေါင်းလေးငြိမ့်ပြ၏။ပြီးတော့ ပြုံးပြုံးလေးဖြင့် မောင်ယူလာတဲ့ ဆေးမည်းမည်းရည်တွေကို တစ်ကျိုက်တည်းသောက်လိုက်သည်။

ထယ်ယောင်းကတော့ ဆေးသောက်နေတဲ့ ကိုကို့ကို ကြည့်ပြီး..ရင်ထဲမကောင်းပေ..


* မောင်တောင်းပန်ပါတယ် ကိုကို...မောင် လုပ်ရက်ကို နားလည်ပေးပါ ..*

ထယ်ယောင်း ဆေးခါးခါးကြီးကို ကြိတ်မှိတ်မျိုချနေရလို့ မျက်နှာ လေးရှုံ့မဲ့မဲ့ဖြစ်‌နေတဲ့ ကိုကို့ ကိုကြည့်ပြီး စိတ်ထဲကနေ တောင်းပန်နေမိသည်။


ဂျောင်ဂု ခါးသက်လှတဲ့ဆေးကြီးကြောင့် ပျို့အန်တက်ချင်လာသော်လည်း မောင်က သူကိုယ်ဝန်ဆောင်လို့ရအောင် အားဆေးတိုက်နေတာဟူသည့်အသိလေးဖြင့် ကြိတ်မှိတ်မျိုချနေမိသည်။ လည်ချောင်းတစ်လျှောက်ပူဆင်းပြီး ခါးသက်တဲ့ အရသာက ဆိုးလှ၏။ပျို့တက်လာတဲ့ အန်ချင်စိတ်ကြောင့် ရေအမြန်ယူပြီးသောက်လိုက်မှနေသာထိုင်သာ ရှိသွားသည်။


*~.မောင်..ပန်းကန်တွေသွားသိမ်းလိုက်အုံးမယ်..ခဏစောင့်နော် ပြီးရင် အိပ်ကြမယ်.~*

ထယ်ယောင်း စာရေးပြပြီး..ပန်းကန်‌နဲ့ရေခွက်ကို လင်ဗန်းထဲထည့်ပြီး အောက်ထပ်ဆင်းသွားလိုက်၏။


မီးဖိုခန်းထဲရောက်မှ တင်းထားတဲ့စိတ်တွေကို ဖြေလျော့ပစ်လိုက်သည်။အကယ်၍ ကိုကိုသာ သူတိုက်တဲ့ဆေးတွေက သူတို့ရဲ့ ရင်သွေးလေးကို တားဆီးထားမှန်းသိခဲ့ရင် .ခုနကလို ပြုံးပြုံးပျော်ပျော် သောက်ပါအုံးမလား...


* မောင် အတ္တကြီးမှန်းသိပါတယ် ကိုကို..ဒါပေမဲ့ မောင် ဆက်ပြီး အတ္တကြီးပါရစေ..*


ဝေ့ဝံလာတဲ့ မျက်ရည်တွေကို မျက်တောင်ဖြင့် တစ်ချက်နှစ်ချက်ပုတ်ကာ သိမ်းလိုက်ပြီး ‌ပန်းကန်း ဆေးလိုက်သည်။အားလုံးပြီးမှ မီးပိတ်ကာ အပေါ်ထပ်အခန်းထဲဝင်သွားလိုက်၏။ကိုကိုကတော့ ကုတင်ပေါ်မှာ ထိုင်နေပြီး သူအလာကိုစာင့်နေတုန်းပင်...အိပ်ငိုက်နေပေမဲ့ တင်းခံကာ သူလာတဲ့အထိစောင့်နေပုံရသည်။သူ့ကိုမြင်တော့ပြုံးပြပြီး ခေါင်းအုံးကို နေရာပြန်ချနေ၏။ သူလည်း အခန်းမီးကိုပိတ်ကာ ညမီးအိမ်မှုန်ပျပျလေးကို ထွန်းလိုက်သည်။


ကုတင်ပေါ်တက်ပြီး လှဲချလိုက်ကာ သူ့ဘေးက ကိုကိုရဲ့ ကိုယ်လုံးနွေးနွေးလေးကို ရင်ခွင်ထဲ ‌ထည့်ထားလိုက်၏။ ကိုကိုက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့မော့ကြည့်လာပြီး ..ထယ်ယောင်းရဲ့ မေးစေ့ကို ဖွဖွလေးနမ်းလာသည်။ ထယ်ယောင်းလည်း ကိုကိုရဲ့ ခေါင်းလုံးလုံးလေးကို နမ်းကာ ရင်ခွက်ထဲ တင်းနေအောင်ဖက်ပြီး မျက်ဝန်းတွေကို မှိတ်ချလိုက်သည်။


* Good night ပါ ကိုကို မောင့်ကို အိပ်မက်ထဲမှာ ထည့်မက်နော် မောင့်တို့စကားပြောလို့ရအောင်..မောင်လည်း အိပ်မက်ထဲမှာ ကိုကိုနဲ့နူးနူးလေးကို ထည့်မက်မယ်..မောင်တို့မိသားစုလေး အိပ်မက်ကမ္ဘာထဲမှာ ရယ်ရယ်မောမော စကားပြောကြမယ် *



*မောင့်ရဲ့ရင်ခွင်ကြီးက နွေးလိုက်တာ...ငါ့ကို နားလည်ပြီး ကိုယ်ဝန်ဆောင်ခွင့်ပေးလို့ ကျေးဇူးပါမောင်..မောင်တိုက်တဲ့ဆေးက ခါးပြီးပူပေမဲ့ မောင်က ငါ့အတွက်စဉ်းစားပြီးဝယ်တိုက်တာမလို့ ငါသောက်မယ်မောင်..ပြီးရင် ငါတို့ရဲ့ ကမ္ဘာထဲကို နောက်ထပ် ကလေးလေးတစခယောက်ခေါ်ကြမယ်နော်..ဒီတစ်ခါ မင်းနဲ့ တူတဲ့ကလေးလေးပေါ့..*


ဂျောင်ဂု မျက်မှိတ်ပြီး အတွေး ထဲမှာပျော်ရွှင်နေမိသည်။ မောင့်ရဲ့ ယောကျာ်းဆန်တဲ့ ကိုယ်သင်းနံ့ကို ရှုရှိုက်ရင်း ရင်ခွင်ထဲ တိုးဝင်လိုသည်။



~

~

~




မောင်က မနက်စောစော အလုပ်ရှိတာမလို့ ကုမ္ပဏီကို အစောကြီးတည်းက ထွက်သွားသည်။နူးနူး‌လေးကို သူ့အဘွားက ‌အခန်းထဲမှာ ထိန်းပေးနေတာကြောင့် သူ ဟင်းချက်နေလိုက်သည်။နေ့လည်လည်း ထမင်းပြန်မစားဖြစ်ဘူးလို့‌ပြောတဲ့ မောင့်ကြောင့် နေ့လည်စာသွားပို့ဖို့ပြင်နေတုန်းဗိုက်ထဲက အောင့်တက်လာ၏။သူမောင်တိုက်တဲ့ တိုင်းရင်းဆေးကို သောက်နေတာ တစ်ပတ်လောက်ရှိပြီ...ညတိုင်းမောင်က ဂရုတစိုက်နဲ့တိုက်နေတာမို့ ဂျောင်ဂုလည်း ပုံမှန်သောက်ဖြစ်သည်။



ခဏကြာရင်သက်သာသွားမှာပါဆိုတဲ့စိတ်နဲ့ နေ့လည်စာကိုသာ ပြင်ဆင်လိုက်သည်။ သို့သော် ဗိုက်ထဲကနေ အောင့်ရုံတင်မဟုတ်ဘဲ ကိုက်ပြီးနာလာတာကြောင့် ချွေးစေးတွေပြန်လာသည်။ ခံစားချက်ကြီးက နူးနူးလေးမွေးတုန်းကထက်တောင် ပိုနာကျင်ရတဲ့ ခံစားချက်ကြီး။ ဗိုက်ကို လက်တစ်ဖက်ဖြင့်ဖိကာ ခါးအနည်းငယ်ကိုင်းပြီး ‌လက်တစ်ဖက်ဖြင့် စားပွဲကို အားပြုထားကာ မနည်းမတ်တပ်ရပ်နေရ၏။အမြင်အာရုံတွေလည်း ဝေဝါးလာကာ...နာကျင်မှုက အတိုင်းထက်အလွန်ပင်...ယိမ်းယိုင်လာတဲ့ ခြေထောက်တွေကြောင့် လူက လဲကျချင်သလိုလိုဖြစ်လာသည်။



* အာ့!...အောင့်လိုက်တာ...မားမား...သားဘာဖြစ်တာလဲမသိဘူး..အာ့!...*


နာကျင်မှုကြောင့် အလူးအလဲအော်ဟစ်ချင်ပေမဲ့ အသံကထွက်မလာတာကြောင့် နှုတ်ခမ်းကို ပေါက်ထွက်လုမတတ်ကိုက်ထားမိ၏။


" အစ်ကိုလေး ! ဘာဖြစ်လို့လဲ!!..."


ဘေးနားက အိမ်အကူကောင်မလေးက သူ့ရဲ့ လက်မောင်းကို ဆုပ်ကိုင်ကာ မေးသဖြင့် ကောင်မလေးကို သူကြည့်လိုက်တော့ မျက်လုံးထဲမှာ ပုံရိပ်တွေအများကြီး ထွက်နေသည်။



" ဟမ်!... သွေး! သွေး!! တွေ..!.. အစ်ကိုလေး... အောက်ပိုင်းမှာ သွေးတွေဆင်းနေတယ်!! "


ကောင်မလေးက သူ့အောက်ပိုင်းကို လက်ညိုးထိုးပြီး ပါးစပ်က တစ်ခုခုပြောနေတာကြောင့်ရော စိုစိစိ ဖြစ်လာတဲ့ ခံစားချက်ကြီးကြောင့်ရော ငုံကြည့်လိုက်တော့ အမြင်အာရုံဝါးနေပေမဲ့ မိုးပြာရောင် သူ့ရဲ့ ချည်သားဘောင်းဘီဒူးတိုလေးမှာ ပေနေတဲ့သွေးတွေနဲ့ ခြေသလုံးကို စီးကျနေတဲ့ နီညိုရောင်သွေးတွေကိုတော့ ဝေဝေဝါးဝါးမြင်ရသည်။ တဆက်တည်း..ရင်ထဲ ထိတ်လန့်သွားပြီး.. ကြောက်စိတ်ဝင်သွားသည်။

* မဖြစ်နိုင်ဘူး! ဟင့်အင်!.. မဟုတ်လောက်ဘူး!! *


ခေါင်းတွေ ဇွတ်အတင်းခါကာ ငြင်းဆန်နေပေမဲ့ ပိုပြီးဆင်းလာတဲ့သွေးတွေက လက်တွေ့ဆိုတာကိုပြနေသယောင်...အဖြစ်အပျက်တွေကို လက်မခံနိုင်တာကြောင့် ငိုချမိသည်။ချွေးစေးတွေနဲ့ မျက်ရည်တွေက ရောထွေးနေ၏။


* ကလေးလေး..မင်းရှိနေတာလား...ပါးပါးတောင်းပန်ပါတယ် ပါးပါး မသိလိုက်ဘူး!...ပါးပါးဆီက ထွက်မသွားပါနဲ့နော်!..ပါးပါး အမှားလုပ်လိုက်မိလို့ .. ကလေးလေး အခုလိုဖြစ်တာလား..ဘာမှ မဖြစ်လိုက်ပါနဲ့ကလေးရယ်..*

စိတ်ထဲမှာရေရွတ်ပြောဆိုနေရင်း ဂျောင်ဂုဂဲ့ အမြင်အာရုံတွေပိတ်ကျသွားပြီး လူက ကြမ်းပြင်ပေါ် ခွေကျသွားသညါ။


" လုပ်ကြပါအုံး!!..လာကြပါအုံး.! အစ်ကိုလေး! အစ်ကိုလေး! သွေးတွေဆင်းပြီးမေ့လဲသွားလို့!! .. သခင်မကြီး!.ဒေါ်ကြီးဂျူး!.. အစ်ကိုလေး မေ့လဲသွားလို့..သွေးတွေလည်း တအားဆင်းနေတယ်..အားလုံးမြန်မြန်လာကြပါ !! မြန်မြန်! "



အိမ်အကူမလေးက ငိုလည်းငို အော်လည်းခေါ်သဖြင့် ချယ်ယောင်း ဂျူးနဲ့ အလုပ်သမားတွေ စိုးရိမ်တကြီးအပြောအလွှားနဲ့ မီးဖိုခန်းထဲဝင်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မှင်သတ်သွားကြ၏။


" ဟင်!.. ဂျောင်ဂုလေး.."


" ဟယ်..သားလေး ! "


" အစ်..အစ်ကိုလေး ! "


ဂျောင်ဂုက သွေးအိုင်ထဲမှာ ဖြူဖြူဖျော့ဖျော့ပုံစံလေးနဲ့မေ့လဲနေသည်။


~

~

~




Good night ပါသဲငယ်လေးတို့😘💜💜💜💜💜💜💜



Thanks for votes , feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜








______________________________________






# Zawgyi #

ထယ္ေယာင္း....ကိုကို႔စိတ္အားထက္သန္ေနမွန္းသိေပမဲ့ ေနာက္ထပ္ကေလးယူဖို႔ သူသတၱိမရွိ...ေနာက္ထပ္ရင္ေသြးေလးပါ ႏူးႏူးေလးလိုဆို..ထယ္ေယာင္းတို႔က သူ႕ကို ဒုကၡခံခိုင္းဖို႔ လူ႕ေလာကထဲဆြဲေခၚသလိုျဖစ္ေနမည္...


ဒါေၾကာင့္ သူကေလးမယူခ်င္..ကိုကို႔ကို အမွန္တိုင္းေျပာလိုက္ရင္ ကိုကိုနာက်င္ရမွာအမွန္...ဒီေတာ့ သူဘာကို ဆက္လုပ္ရမွန္းမသိေတာ့...တစ္ေယာက္ေလာက္ အႀကံဉာဏ္ေပးၾကပါ သူေရွ႕ဆက္လုပ္ရမဲ့အရာတစ္ခုေလာက္...

«« ကိုယ္ဝန္တားေဆး »»


ထယ္ေယာင္း အတြင္းေရးမႈးဟန္နဲ႕ေျပာခဲ့တဲ့စကားေတြကို သတိရလာ၏။ေခတ္မီတားေဆးေတြသုံးရင္ ကိုကိုက ျငင္းဆန္လိမ့္မယ္...ကိုကိုက ကေလးယူဖို႔ႀကိဳးစားေနတာ..သူသာ တားေဆးတိုက္ရင္ သူနဲ႕ ကိုကို႔ၾကားမွာ ျပႆနာျဖစ္လိမ့္မယ္...ဒီေတာ့ အတြင္းေရးမႈးဟန္ေျပာတဲ့ တားေဆးကို ကိုကိုကို လိမ္ၿပီး တိုက္ရမယ္...တိုင္းရင္းေဆးကိုေတာ့ ကိုကိုခြဲျခားမသိေလာက္ပါဘူး...


ထယ္ေယာင္း ကိုကို႔မသိေအာင္ ကိုယ္ဝန္တားေဆးတိုက္ဖို႔ ဆုံးျဖတ္လိုက္သည္။ သူ႕အေနနဲ႕ အတူေနတာတို႔..အထဲမွာမၿပီးဆုံးတာတို႔ကို ေရွာင္ရင္ရေပမဲ့ အဲ့နည္းေတြက ကေလးထပ္ယူမဲ့ ကိုကို႔ရဲ႕ေမွ်ာ္လင့္ခ်က္ကို ေပၚေပၚထင္ထင္ ရိုက္ခ်သလိုျဖစ္ေနမယ္ ..ဒါ့ေၾကာင့္ ထယ္ေယာင္း အတြင္းေရးမႈးဟန္ကို အကူညီေတာင္းၿပီး တိုင္းရင္းေဆးဝယ္ရမည္။


"ေနာင္တဟူသည္ ေနာင္မွရတတ္သည့္အမ်ိဳးဆိုတာကိုေတာ့ ထယ္ေယာင္းေမ့ေနတဲ့ပုံပင္..."


~

~

~


အခန္းထဲေရာက္ေတာ့ ေမာင္မရွိတာေၾကာင့္ အလုပ္ခန္းထဲမွာဆိုတာ သိလိုက္၏။ ေဂ်ာင္ဂုလည္း လိုက္မသြားေတာ့ဘဲ...စာေရးစားပြဲေရွ႕က ထိုင္ခုံမွာဝင္ထိုင္လိုက္သည္။


*ငါ့ေလနဲ႕ ေမာင့္ကို ႏွစ္သိမ့္ေပးခ်င္ေပမဲ့ ဘယ္လိုႏွစ္သိမ့္ေပးရမယ္မွန္းမသိ..သမီးေလးအခုလိုျဖစ္တာငါနဲ႕တူတာဆိုရင္.ငါေမြးဖြားလာတာ အမွားတစ္ခုလား!...ေမာင္ကေရာ ငါ့ကို အမွားတစ္ခုလို႔ျမင္လား!...ငါက အမွားတစ္ခုဆိုလည္း ငါျပင္ဆင္ခ်င္ေသးတယ္ေမာင္...မင္းနဲ႕တူတဲ့ သာမာန္ကေလးတစ္ေယာက္ကို ငါေမြးေပးၿပီး ျပင္ဆင္ခ်င္တယ္ေမာင္... *



*အၿမဲတမ္း ငါ့မ်က္ဝန္းေတြကိုၾကည့္ၿပီး စကားဆိုတတ္တဲ့ေမာင္က ဒီေန႕ ပထမဦးဆုံး ငါ့မ်က္ဝန္းေတြကို ၾကည့္မေနခဲ့ဘူး..ဒါေပမဲ့ ေမာင္က ငါ့ကို နာက်င္ေအာင္လုပ္မွာ မဟုတ္ပါဘူး .. ေမာင္က ငါ့ကိုနားလည္ပါတယ္..ၿပီးေတာ့.. ငါ့ကေလးတိုင္းနဲ႕ ငါနဲ႕ေတာ့မတူနိုင္ပါဘူး..ငါယုံတယ္...*



ေဂ်ာင္ဂု ေတြေတြေလးေငးကာ သူ႕ရင္ထဲကစကားေတြကို စာအုပ္ေလးထဲခ်ေရးလိုက္၏။မ်က္ရည္စေတြကလည္း စာ႐ြက္ေပၚက်သြားၿပီး ေရကြက္ေလးျဖစ္လာသည္။



~

~



" ေဂ်ာင္ဂုတို႔လို ခ်ိဳ႕ယြင္းခ်က္ရွိတဲ့သူေတြစိတ္က တျခားသူေတြထက္ပိုၿပီးႏုႏုယ္တယ္တဲ့..ႏုနယ္လြန္းတဲ့ စိတ္ဟာ ဒဏ္ရာရသြားရင္ သာမန္လူေတြထက္ နာက်ည္းတတ္တယ္ဆိုတာ...သိခဲ့ရင္..."



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


" အတြင္းေရးမႉးဟန္..မင္း အစ္ကို မိန္းမအတြက္ တားေဆး ဝယ္ၿပီးၿပီလား..."


" ဗ်ာ! "



CEO...က ခဏလာခဲ့ဖို႔ ေျပာေတာ့ အလုပ္ကိစၥေျပာမယ္မွတ္ေနတာ ‌အခုလိုေမးလိုက္ေတာ့ ဘယ္လိုျပန္ေျဖရမွန္းမသိ...ၿပီးေဝာာ့ CEO..က တားေဆးကို ဘာလုပ္မလို႔ပါလိမ့္...



" အတြင္းေရးမႉးဟန္...ငါေျပာတာ ၾကားလား..."

" အတြင္းေရးမႈးဟန္!!."


ထယ္ေယာင္းက ႏွစ္ခါေလာက္ ေအာ္ေခၚမွ အလန႔္တၾကား လူကိုၾကည့္လာတဲ့ အတြင္းေရးမႈးဟန္...


" ဟုတ္ကဲ့..CEO..ကြၽန္ေတာ္ မနက္ျဖန္မွ မွာရမွာပါ..ဒီေန႕အလုပ္ေတြမ်ားလို႔ပါ.."

"ဒါဆို..အတြင္းေရးမႈးဟန္ရဲ႕ အလုပ္ေတြကို တျခားသူေတြကို လုပ္ခိုင္းလိုက္...ၿပီးရင္ အခုခ်က္ခ်င္း တားေဆးသြားဝယ္ ...ငါ့အတြက္ပါ ပိုဝယ္လာခဲ့.."


" ဗ်ာ!!..C...CEO...တား...တားေဆးက..အစ္ကိုေလး..ကိုတိုက္မလို႔လား~.."

ထယ္ေယာင္း ဘာမွမေျပာဘဲ ၿငိမ္သက္ေနသည္။ၿပီးမွ သက္ျပင္းတစ္ခ်က္ ခ်လိဳက္၏။အတြင္းေရးမႈးဟန္ကိုၾကည့္ေတာ့ နားမလည္သည့္ အၾကည့္ေတြနဲ႕ သူ႕ကိုၾကည့္ေနသည္ ။သူလည္း အဲ့လိုမလုပ္ခ်င္ေပမဲ့ .သူသတၱိမရွိတဲ့အတြက္ လုပ္မွရမည္.." တစ္ခါေသဖူး..ပ်ဥ္ဖိုးနားလည္ " တဲ့ သူေနာက္ထပ္ အျဖစ္မ်ိဳးကို ျပဳလုပ္ဖို႔ အင္အားမရွိေတာ့ဘူး..ႏူးႏူးေလးကိုဘဲ ‌လုံၿခဳံၿပီးၿပီးျပည့္စုံေအာင္ထားၿပီး ေနေတာ့မယ္..ႏူးႏူးေလးရွိရင္ရပါၿပီ...




" ဟုတ္တယ္..ဟန္~..မင္းက ငါကုမၸဏီ စဝင္တည္းက ငါ့ရဲ႕ေဘးမွာ အတြင္းေရးမႈး ေကာင္းတစ္ေယာက္အေနနဲ႕ေရာ ညီအစ္ကို တစ္ေယာက္အေနနဲ႕ေရာ..အေဖာ္ျပဳေပးခဲ့တယ္..အဲ့ေတာ့ ငါ...မင္းကို မလိမ္ခ်င္ပါဘူး..ငါအမွန္တိုင္းေျပာျပမယ္.."



ထယ္ေယာင္းလည္း ႏူးႏူးေလးရဲ႕ အေၾကာင္းနဲ႕ ဆရာဝန္ေျပာခဲ့တာေတြေရာ..ကိုကိုကေလးထပ္ယူဖို႔ေျပာတာပါ ဟန႔္..ကိုေျပာျပလိုက္၏။


" CEO..အစ္ကိုေလးေဂ်ာင္ဂုကို အသိမေပးဘဲ အခုလိုလုပ္တာမေကာင္းဘူးထင္တယ္..အစ္ကိုေလးေဂ်ာင္ဂု သိသြားရင္..ေတာ္ေတာ္ခံစားရမယ္ထင္တယ္.."

" ငါနားလည္တယ္..ဟန္ .ဒါေပမဲ့ ကိုကိုမသိရင္ ဘာမွမျဖစ္ဘူးေလ..ၿပီးေတာ့ ဒီကိစၥက မင္းနဲ႕ငါဘဲသိတာ...အဲ့ေတာ့ ကိုကိုမသိနိုင္ဘူး...ကိုကိုက ကေလးယူဖို႔ စိတ္ထက္သန္ေနတဲ့အခ်ိန္မွာ ငါက မယူခ်င္ေၾကာင္းေျပာရင္ ကိုကို စိတ္ဒဏ္ရာရသြားလိမ့္မယ္..ငါ ကိုကို႔ကို မနာက်င္ေစျခင္ဘူး..ငါ့ကို ကူညီပါဟန္..."

ဟန္လည္း ပထမဆုံးအႀကိမ္ CEO ကအကူညီေတာင္းတာမို႔ အစ္ကိုေလးေဂ်ာင္ဂုအေပၚမတရားမွန္းသိေပမဲ့ ကူညီေပးခ်င္သည္။CEO အေနနဲ႕လည္း..သူ႕မ်ိဳးဆက္ေတြက deaf-mute ျဖစ္မွာစိုးရိမ္တာလည္းမွန္သည္။သာမန္လူေတြေတာင္ ရွင္သန္ဖို႔ခက္ခဲတဲ့ေလာကႀကီးမွာ..သူတို႔လိုခ်ိဳ႕ယြင္းသူေလးေတြက ပိုၿပီး ရွင္သန္ဖို႔ခက္ခဲ့ၾကသည္။ လူအမ်ားစုက သူတို႔ေလးေတြကို ၾကင္နာသနားဖို႔ထက္..ဖိႏွပ္ၿပီး အထင္ေသးခ်င္ၾက၏။ဒါ့ေၾကာင့္လည္း.. deaf-mute အမ်ားစုက အားငယ္စိတ္ဝင္ၿပီး...စိတ္ဓာတ္က်ေရာဂါေတြရလာတတ္သည္။သူတို႔လိုလူေတြက အမ်ားပတ္ဝန္းက်င္ရဲ႕ ဂ႐ုစိုက္မႈကို လိုအပ္ၾကသည္။ဒါေပမဲ့ လက္ေတြ႕မွာေတာ့ သူတို႔ကိုေတြရင္ အလိုလို ႏွာေခါင္းရႈံ႕ၿပီး..ေဘးဖယ္ထားတတ္တဲ့လူမ်ားသာ ရွိ၏။ဒါ့ေၾကာင့္လည္း CEO က စိုးရိမ္တာျဖစ္သင့္သည္။

" ဟုတ္ကဲ့..ကြၽန္ေတာ္ ကူညီပါ့မယ္..အစ္ကိုေလးကိုလည္း ျပန္မေျပာပါဘူး.."

" ေက်းဇူးကြာ...ဟန္.."

" ရပါတယ္..CEO "

ထယ္ေယာင္းရင္ထဲက အပူေၾကာင့္ သက္ျပင္းခ်လိဳက္သည္။ကိုကိုသာ ဒီကိစၥကိုသိသြားရင္...



~

~

~



*~.သား...ႏူးႏူးေလး အိပ္သြားၿပီလား.~*


ခ်ယ္ေယာင္း စာေရးၿပီးေမးေတာ့ ေဂ်ာင္ဂုက ေခါင္းၿငိမ့္ျပလိုက္သည္။အခုရက္ပိုင္းေဂ်ာင္ဂုေလး မ်က္ႏွာက သိပ္ၿပီးမ႐ႊင္လန္း..ႏူးႏူးေလး ကိစၥကို သူ႕အမွားလို႔ခံယူေနပုံရသည္။



*~.မာမီ..သားတို႔ ေနာက္ထပ္ရင္ေသြးထပ္ယူမလို႔...ဒါေပမဲ့ အခုရက္ပိုင္း ေမာင့္ကိုၾကည့္ရတာတစ္မ်ိဳးဘဲ..ကေလးယူဖို႔ေျပာတိုင္း... မ်က္ႏွာသိပ္မေကာင္းဘူး..ေမာင္က သားနဲ႕ ကေလးမယူခ်င္ေတာ့တာလားမသိဘူး.~*



ခ်ယ္ေယာင္းလည္း စာကိုဖတ္ၿပီး ဇေဝဇဝါျဖစ္သြားရသည္။သားထယ္က တကယ္ဘဲ ကေလးမယူခ်င္ေတာ့တာလား..ဒါေပမဲ့လည္း ေဂ်ာင္ဂုေလးကို စိတ္မေကာင္းျဖစ္ေအာင္လို႔ေတာ့မလုပ္ခ်င္




*~.မဟုတ္ေလာက္ပါဘူး ..သားရယ္..သားထယ္က အခုရက္ပိုင္း အလုပ္မ်ားေနလို႔ မ်က္ႏွာမေကာင္းတာေနမွာပါ..သားထယ္ ကေလးအရမ္းလိုခ်င္တာလည္း သား သိသားဘဲ...စိတ္မေကာင္းျဖစ္စရာေတြ မေတြးပါနဲ႕ကြယ္..‌ဟုတ္ၿပီလား.~*



ခ်ယ္ေယာင္းရဲ႕စာကိုဖတ္ၿပီး ေဂ်ာင္ဂု အၿပဳံးေလးျဖင့္ေခါင္းၿငိမ့္လိုက္သည္။



* မာမီေျပာတာ ဟုတ္ေလာက္မွာပါ...ေမာင္က အလုပ္မ်ားလို႔ေနမွာ...ေမာင္အရင္က ငါ့ကို ကေလးေတြေမြးေပးဖို႔ေျပာဖူးတာဘဲ..ေမာင္က သူ႕ရင္ေသြးေလးေတြကို အရမ္းခ်စ္တာ... ငါကိုယ္ကအေတြးလြန္ေနတာေနမွာ...ေမာင္က ငါ့ျဖစ္တည္မႈတိုင္းကို ျမတ္နိုးတယ္တဲ့..ငါ့ကေလးေလးေတြက ငါနဲ႕တူရင္ေတာင္ လက္ခံတယ္လို႔ေျပာခဲ့တာဘဲ..အဲ့အတိုင္းဘဲ ႏူးႏူးေလးကိုလည္း လက္ခံၿပီး ဂ႐ုစိုက္တယ္ေလ...ဒါေပမဲ့ ငါေျပာနိုင္တာကေတာ့ ေနာက္ထပ္ရင္ေသြးေလးကငါမဟုတ္ဘဲ မင္းနဲ႕တူမွာေသခ်ာတယ္ ေမာင္...*


ေဂ်ာင္ဂုအေတြးေတြျဖင့္ မ်က္ႏွာေလးကၾကည္လင္လာၿပီး..အရင္လို ေအးခ်မ္းတဲ့မ်က္ႏွာေလးျဖစ္သြားသည္။

>အကယ္၍ ‌သူ႕ရဲ႕ေမာင္လုပ္မဲ့အရာကိုသိသြားရင္ေရာ ၿပဳံးနိုင္ပါ့မလား<



~

~

~





ညေန အိမ္ျပန္ေရာက္တည္းက ေရခ်ိဳး ထမင္းစားၿပီး သမီးေလးနဲ႕ ကိုကို႔ကို ခဏေလာက္အခ်ိန္ေပးၿပီးမွ အလုပ္ေတြပါလာသျဖင့္ ကုန္း႐ုန္းၿပီးလုပ္လိုက္တာ အခုမွၿပီးသြား၏။နာရီကိုၾကည့္ေတာ့ ည ဆယ္နာရီခြဲေနၿပီ...အိပ္ခ်ိန္ေရာက္သျဖင့္...အခန္းထဲဝင္လာေတာ့ ကိုကိုက စာအုပ္တစ္အုပ္ကိုဖတ္ေနတုန္းပင္..ၾကည့္ရတာ သူ႕ကို ေစာင့္ေနတာမ်ားလား..သမီးေလးကိုၾကည့္လိုက္ေတာ့ သူ႕ကုတင္ေပၚမွာ အိပ္ေမာက်ေနၿပီ...သူတို႔အခန္းက က်ယ္တာမို႔ သမီးေလးအတြက္ ကုတင္တစ္လုံးသက္သက္ဝယ္ေပးကာ သူတို႔အခန္းထဲမွာဘဲ အိပ္ေစသည္။ငယ္ေသးတာမို႔ အခန္းခြဲမအိပ္ေစခ်င္တဲ့ ကိုကိုရဲ႕ ဆႏၵေၾကာင့္ပင္..


အိပ္ေပ်ာ္ေနတဲ့ သမီးငယ္ရဲ႕ ေဘးနားသြားၿပီး နဖူးျပင္ေလးကိုနမ္းလိုက္သည္။သမီးေလးက ပါးစပ္ကေလးဟၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာ အရမ္းခ်စ္ဖို႔ေကာင္း၏။သမီးေလးနဲ႕ကိုကို ကိုသာ..ဦးစားေပးၿပီးေစာင့္ေရွာက္ေပးခ်င္တာက သူ႕ရဲ႕ဆႏၵ အမွန္ ..ပါးပါးတူသမီးမို႔...အသက္နဲ႕ထပ္တူ တန္ဖိုးထားၿပီး ျမတ္နိုးရသည္။


* သမီးကလႊဲၿပီး ဒယ္ဒီ ဘာမွ မလိုအပ္ေတာ့ဘူး..အဲ့ေၾကာင့္..ေနာက္ထပ္ကေလးငယ္ကို ေပးမဲ့အခ်ိန္ေတြ အခ်စ္ေတြအစား..သမီးနဲ႕ ကိုကို႔ကိုဘဲ ေပးၿပီး ခ်စ္မယ္လို႔ ဒယ္ဒီ ဆုံးျဖတ္ထားတယ္...ဒယ္ဒီ့ လုပ္ရက္က မွန္ပါတယ္ေနာ္..သမီးငယ္!....ဒယ္ဒီ..သမီးလိုမ်ိဳး..ေနာက္ထပ္ရင္ေသြးေလးသာ ပိုင္ဆိုင္ရမယ္ဆိုရင္ေလ~..ဒယ္ဒီ..႐ူးသြားမွာ သမီး...ဒါ့ေၾကာင့္ ဒယ္ဒီ သမီးကိုဘဲ ပိုၿပီးဂ႐ုစိုက္ေပးၿပီးခ်စ္‌ေပးမွာမလို႔ ဒယ္ဒီနဲ႕ ပါးပါးလက္ထဲမွာ..လွလွပပနဲ႕ ႀကီးျပင္းလာေနာ္..*


ထယ္ေယာင္း သမီးတဲ့ နဖူးေပၚဝဲက်ေနတဲ့ ဆံသားႏုႏုေလးေတြကို သပ္တင္ေပးၿပီး ေအး‌ေအးခ်မ္းခ်မ္းအိပ္‌ေပ်ာ္ေနတဲ့ မ်က္ႏွာေလးကိုၾကည့္ကာ စိတ္ထဲမွ ေျပာဆိုေနမိသည္။

ေဂ်ာင္ဂုကေတာ့ ေမာင့္ အခန္းထဲေရာက္လာတာသိတာေၾကာင့္ ဖတ္လက္စစာအုပ္ကို ခ်ၿပီး ေမာင့္ကိုၾကည့္လိုက္ေတာ့ သမီးေလးရဲ႕ မ်က္ႏွာကို စိုက္ၾကည့္ေနၿပီး..တစ္ခုခုကို ေတြးေနသေယာင္..

ခဏၾကာေတာ့ သမီးရဲ႕ ကုတင္ေပၚကေန ဆင္းလာၿပီး ေဂ်ာင္ဂုထိုင္ေနတဲ့ ဆိုဖာမွာ ဝင္ထိုင္လိုက္သည္။


*~.ကိုကို မအိပ္ေသးဘူးလား..သမီးေလးေတာင္ အိပ္ေပ်ာ္ေနၿပီ.~*


*~.မအိပ္ေသးဘူးေမာင္..သမီးက အေစာႀကီးတည္းက အိပ္ေပ်ာ္သြားတာ..ငါက ေမာင့္ကိုေစာင့္ရင္း စာဖတ္ေနတာ..‌ေမာင္ အလုပ္ၿပီးၿပီဆို အိပ္ၾကမယ္ေလ.~*

ေဂ်ာင္ဂုက စာအုပ္ထဲေရးျပၿပီး...ဖတ္လက္စစာအုပ္ကို သြားသိမ္းေတာ့ ထယ္ေယာင္း ခ်ီတုံခ်တဳံပုံစံမ်ိဳးနဲ႕က်န္ခဲ့သည္။ထယ္ေယာင္း ကိုကို႔ကို ဒီေန႕ ေဆးစတိုက္ဖို႔ႀကံေန၏။အရင္ေန႕ေတြကလည္း..သူလုပ္သင့္မလုပ္သင့္စဥ္းစားေနတာနဲ႕ မတိုက္ျဖစ္..ကိုကိုနဲ႕လည္း အခုရက္ပိုင္း အတူမေနျဖစ္ေပမဲ့ ႏူးႏူးေလး ေဆး႐ုံ မသြားခင္တုန္းကေတာ့ ခဏခဏ အတူတူေနျဖစ္သည္။ဒါ့ေၾကာင့္ အခ်ိန္မဆြဲဘဲ ေဆးတိုက္ဖို႔ ဆုံးျဖတ္လိုက္၏။

ကိုကို႔ကို ခဏဟူသည့္ သေဘာျဖင့္ လက္ဖဝါးေလး ေထာင္ျပၿပီး အခန္းထဲက ထြက္လာခဲ့သည္။ ကိုကိုကေတာ့ သူ႕ကို အထူးအဆန္းသာၾကည့္ေနၿပီးက်န္ခဲ့၏။


မီးဖိုခန္းထဲ အရင္ဝင္ကာ ေရႏြေးႏြေးေလးနဲ႕ ဟန္ ဝယ္ေပးတဲ့ ေဆးကို ေဘာင္းဘီအိပ္ထဲကေနထုတ္၍တစ္ထုပ္ေဖာက္လိုက္ၿပီး ေရာစပ္ေဖ်ာ္ကာ ပန္းကန္ေသးေသးေလး‌ထဲထည့္လိုက္သည္။က်န္တဲ့ေဆးထုပ္ေတြကို သူ႕အလုပ္စားပြဲက အံဆြဲထဲမွာသိမ္းထားခဲ့၏။ ေဆးက တစ္ေန႕တစ္ႀကိမ္ပုံမွန္တိုက္ေပးရမွာျဖစ္ၿပီး ေန႕စဥ္ရက္မျပတ္ပါက အတူတူေနတာေတာင္ ကေလးမရနိုင္ဘူးလို႔ ဟန္ကေျပာတာဘဲ..



အခန္းေရွ႕ေရာက္ေတာ့ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ပန္းကန္နဲ႕ေရခြက္ထည့္ထားတဲ့ ဗန္းကို လက္တစ္ဖက္ျဖင့္တင္းတင္းကိုင္ကာ တံခါးကိုဖို႔ၿပီး..ဝင္လိုက္၏။



ကိုကိုကေတာ့ သူ႕လက္ထဲက ဗန္းကိုသာ အာ႐ုံေရာက္ေနသည္။ မ်က္လုံးေလးေတြက ဝိုင္းစက္ၿပီး ဘာလဲလို႔ေမးေနသေယာင္..ထယ္ေယာင္း ဗန္းကို စားပြဲေပၚတင္ၿပီး ကိုကို႔ကို‌စာေရးျပလိုက္၏။



*~.ေဆး‌!..ကိုကို..ကိုကို အားရွိေအာင္ တိုင္းရင္းအားေဆး တိုက္မလို႔ အခုရက္ပိုင္းကိုကို ပိန္သြားသလိုဘဲ~..ဒီေဆးက အရမ္းေကာင္းတယ္ ကိုကို..စားဝင္အိပ္ေပ်ာ္ေစၿပီး ပင္ပန္းႏြမ္းနယ္မႈေတြကိုေပ်ာက္တယ္တဲ့ ၿပီးေတာ့ ကိုကိုက ကိုယ္ဝန္ေဆာင္မွာဆိုေတာ့ အားရွိမွရမယ္ေလ.....အဲ့ဒါေၾကာင့္ ကိုကိုေသာက္ရမယ္..ေမာင္ ေန႕တိုင္းတိုက္မွာ..ဟုတ္ၿပီလား..*



ထယ္ေယာင္းရဲ႕စာကိုဖတ္ၿပီး ေဂ်ာင္ဂု ေခါင္းေလးၿငိမ့္ျပ၏။ၿပီးေတာ့ ၿပဳံးၿပဳံးေလးျဖင့္ ေမာင္ယူလာတဲ့ ေဆးမည္းမည္းရည္ေတြကို တစ္က်ိဳက္တည္းေသာက္လိုက္သည္။

ထယ္ေယာင္းကေတာ့ ေဆးေသာက္ေနတဲ့ ကိုကို႔ကို ၾကည့္ၿပီး..ရင္ထဲမေကာင္းေပ..


* ေမာင္ေတာင္းပန္ပါတယ္ ကိုကို...ေမာင္ လုပ္ရက္ကို နားလည္ေပးပါ ..*

ထယ္ေယာင္း ေဆးခါးခါးႀကီးကို ႀကိတ္မွိတ္မ်ိဳခ်ေနရလို႔ မ်က္ႏွာ ေလးရႈံ႕မဲ့မဲ့ျဖစ္‌ေနတဲ့ ကိုကို႔ ကိုၾကည့္ၿပီး စိတ္ထဲကေန ေတာင္းပန္ေနမိသည္။


ေဂ်ာင္ဂု ခါးသက္လွတဲ့ေဆးႀကီးေၾကာင့္ ပ်ိဳ႕အန္တက္ခ်င္လာေသာ္လည္း ေမာင္က သူကိုယ္ဝန္ေဆာင္လို႔ရေအာင္ အားေဆးတိုက္ေနတာဟူသည့္အသိေလးျဖင့္ ႀကိတ္မွိတ္မ်ိဳခ်ေနမိသည္။ လည္ေခ်ာင္းတစ္ေလွ်ာက္ပူဆင္းၿပီး ခါးသက္တဲ့ အရသာက ဆိုးလွ၏။ပ်ိဳ႕တက္လာတဲ့ အန္ခ်င္စိတ္ေၾကာင့္ ေရအျမန္ယူၿပီးေသာက္လိုက္မွေနသာထိုင္သာ ရွိသြားသည္။


*~.ေမာင္..ပန္းကန္ေတြသြားသိမ္းလိုက္အုံးမယ္..ခဏေစာင့္ေနာ္ ၿပီးရင္ အိပ္ၾကမယ္.~*

ထယ္ေယာင္း စာေရးျပၿပီး..ပန္းကန္‌နဲ႕ေရခြက္ကို လင္ဗန္းထဲထည့္ၿပီး ေအာက္ထပ္ဆင္းသြားလိုက္၏။


မီးဖိုခန္းထဲေရာက္မွ တင္းထားတဲ့စိတ္ေတြကို ေျဖေလ်ာ့ပစ္လိုက္သည္။အကယ္၍ ကိုကိုသာ သူတိုက္တဲ့ေဆးေတြက သူတို႔ရဲ႕ ရင္ေသြးေလးကို တားဆီးထားမွန္းသိခဲ့ရင္ .ခုနကလို ၿပဳံးၿပဳံးေပ်ာ္ေပ်ာ္ ေသာက္ပါအုံးမလား...


* ေမာင္ အတၱႀကီးမွန္းသိပါတယ္ ကိုကို..ဒါေပမဲ့ ေမာင္ ဆက္ၿပီး အတၱႀကီးပါရေစ..*


ေဝ့ဝံလာတဲ့ မ်က္ရည္ေတြကို မ်က္ေတာင္ျဖင့္ တစ္ခ်က္ႏွစ္ခ်က္ပုတ္ကာ သိမ္းလိုက္ၿပီး ‌ပန္းကန္း ေဆးလိုက္သည္။အားလုံးၿပီးမွ မီးပိတ္ကာ အေပၚထပ္အခန္းထဲဝင္သြားလိုက္၏။ကိုကိုကေတာ့ ကုတင္ေပၚမွာ ထိုင္ေနၿပီး သူအလာကိုစာင့္ေနတုန္းပင္...အိပ္ငိုက္ေနေပမဲ့ တင္းခံကာ သူလာတဲ့အထိေစာင့္ေနပုံရသည္။သူ႕ကိုျမင္ေတာ့ၿပဳံးျပၿပီး ေခါင္းအုံးကို ေနရာျပန္ခ်ေန၏။ သူလည္း အခန္းမီးကိုပိတ္ကာ ညမီးအိမ္မႈန္ပ်ပ်ေလးကို ထြန္းလိုက္သည္။


ကုတင္ေပၚတက္ၿပီး လွဲခ်လိဳက္ကာ သူ႕ေဘးက ကိုကိုရဲ႕ ကိုယ္လုံးႏြေးႏြေးေလးကို ရင္ခြင္ထဲ ‌ထည့္ထားလိုက္၏။ ကိုကိုက မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ေမာ့ၾကည့္လာၿပီး ..ထယ္ေယာင္းရဲ႕ ေမးေစ့ကို ဖြဖြေလးနမ္းလာသည္။ ထယ္ေယာင္းလည္း ကိုကိုရဲ႕ ေခါင္းလုံးလုံးေလးကို နမ္းကာ ရင္ခြက္ထဲ တင္းေနေအာင္ဖက္ၿပီး မ်က္ဝန္းေတြကို မွိတ္ခ်လိဳက္သည္။


* Good night ပါ ကိုကို ေမာင့္ကို အိပ္မက္ထဲမွာ ထည့္မက္ေနာ္ ေမာင့္တို႔စကားေျပာလို႔ရေအာင္..ေမာင္လည္း အိပ္မက္ထဲမွာ ကိုကိုနဲ႕ႏူးႏူးေလးကို ထည့္မက္မယ္..ေမာင္တို႔မိသားစုေလး အိပ္မက္ကမၻာထဲမွာ ရယ္ရယ္ေမာေမာ စကားေျပာၾကမယ္ *



*ေမာင့္ရဲ႕ရင္ခြင္ႀကီးက ႏြေးလိုက္တာ...ငါ့ကို နားလည္ၿပီး ကိုယ္ဝန္ေဆာင္ခြင့္ေပးလို႔ ေက်းဇူးပါေမာင္..ေမာင္တိုက္တဲ့ေဆးက ခါးၿပီးပူေပမဲ့ ေမာင္က ငါ့အတြက္စဥ္းစားၿပီးဝယ္တိုက္တာမလို႔ ငါေသာက္မယ္ေမာင္..ၿပီးရင္ ငါတို႔ရဲ႕ ကမၻာထဲကို ေနာက္ထပ္ ကေလးေလးတစခေယာက္ေခၚၾကမယ္ေနာ္..ဒီတစ္ခါ မင္းနဲ႕ တူတဲ့ကေလးေလးေပါ့..*


ေဂ်ာင္ဂု မ်က္မွိတ္ၿပီး အေတြး ထဲမွာေပ်ာ္႐ႊင္ေနမိသည္။ ေမာင့္ရဲ႕ ေယာက်ာ္းဆန္တဲ့ ကိုယ္သင္းနံ႕ကို ရႈရွိုက္ရင္း ရင္ခြင္ထဲ တိုးဝင္လိုသည္။



~

~

~




ေမာင္က မနက္ေစာေစာ အလုပ္ရွိတာမလို႔ ကုမၸဏီကို အေစာႀကီးတည္းက ထြက္သြားသည္။ႏူးႏူး‌ေလးကို သူ႕အဘြားက ‌အခန္းထဲမွာ ထိန္းေပးေနတာေၾကာင့္ သူ ဟင္းခ်က္ေနလိုက္သည္။ေန႕လည္လည္း ထမင္းျပန္မစားျဖစ္ဘူးလို႔‌ေျပာတဲ့ ေမာင့္ေၾကာင့္ ေန႕လည္စာသြားပို႔ဖို႔ျပင္ေနတုန္းဗိုက္ထဲက ေအာင့္တက္လာ၏။သူေမာင္တိုက္တဲ့ တိုင္းရင္းေဆးကို ေသာက္ေနတာ တစ္ပတ္ေလာက္ရွိၿပီ...ညတိုင္းေမာင္က ဂ႐ုတစိုက္နဲ႕တိုက္ေနတာမို႔ ေဂ်ာင္ဂုလည္း ပုံမွန္ေသာက္ျဖစ္သည္။



ခဏၾကာရင္သက္သာသြားမွာပါဆိုတဲ့စိတ္နဲ႕ ေန႕လည္စာကိုသာ ျပင္ဆင္လိုက္သည္။ သို႔ေသာ္ ဗိုက္ထဲကေန ေအာင့္႐ုံတင္မဟုတ္ဘဲ ကိုက္ၿပီးနာလာတာေၾကာင့္ ေခြၽးေစးေတြျပန္လာသည္။ ခံစားခ်က္ႀကီးက ႏူးႏူးေလးေမြးတုန္းကထက္ေတာင္ ပိုနာက်င္ရတဲ့ ခံစားခ်က္ႀကီး။ ဗိုက္ကို လက္တစ္ဖက္ျဖင့္ဖိကာ ခါးအနည္းငယ္ကိုင္းၿပီး ‌လက္တစ္ဖက္ျဖင့္ စားပြဲကို အားျပဳထားကာ မနည္းမတ္တပ္ရပ္ေနရ၏။အျမင္အာ႐ုံေတြလည္း ေဝဝါးလာကာ...နာက်င္မႈက အတိုင္းထက္အလြန္ပင္...ယိမ္းယိုင္လာတဲ့ ေျခေထာက္ေတြေၾကာင့္ လူက လဲက်ခ်င္သလိုလိုျဖစ္လာသည္။



* အာ့!...ေအာင့္လိုက္တာ...မားမား...သားဘာျဖစ္တာလဲမသိဘူး..အာ့!...*


နာက်င္မႈေၾကာင့္ အလူးအလဲေအာ္ဟစ္ခ်င္ေပမဲ့ အသံကထြက္မလာတာေၾကာင့္ ႏႈတ္ခမ္းကို ေပါက္ထြက္လုမတတ္ကိုက္ထားမိ၏။


" အစ္ကိုေလး ! ဘာျဖစ္လို႔လဲ!!..."


ေဘးနားက အိမ္အကူေကာင္မေလးက သူ႕ရဲ႕ လက္ေမာင္းကို ဆုပ္ကိုင္ကာ ေမးသျဖင့္ ေကာင္မေလးကို သူၾကည့္လိုက္ေတာ့ မ်က္လုံးထဲမွာ ပုံရိပ္ေတြအမ်ားႀကီး ထြက္ေနသည္။



" ဟမ္!... ေသြး! ေသြး!! ေတြ..!.. အစ္ကိုေလး... ေအာက္ပိုင္းမွာ ေသြးေတြဆင္းေနတယ္!! "


ေကာင္မေလးက သူ႕ေအာက္ပိုင္းကို လက္ညိုးထိုးၿပီး ပါးစပ္က တစ္ခုခုေျပာေနတာေၾကာင့္ေရာ စိုစိစိ ျဖစ္လာတဲ့ ခံစားခ်က္ႀကီးေၾကာင့္ေရာ ငုံၾကည့္လိုက္ေတာ့ အျမင္အာ႐ုံဝါးေနေပမဲ့ မိုးျပာေရာင္ သူ႕ရဲ႕ ခ်ည္သားေဘာင္းဘီဒူးတိုေလးမွာ ေပေနတဲ့ေသြးေတြနဲ႕ ေျခသလုံးကို စီးက်ေနတဲ့ နီညိုေရာင္ေသြးေတြကိုေတာ့ ေဝေဝဝါးဝါးျမင္ရသည္။ တဆက္တည္း..ရင္ထဲ ထိတ္လန႔္သြားၿပီး.. ေၾကာက္စိတ္ဝင္သြားသည္။

* မျဖစ္နိုင္ဘူး! ဟင့္အင္!.. မဟုတ္ေလာက္ဘူး!! *


ေခါင္းေတြ ဇြတ္အတင္းခါကာ ျငင္းဆန္ေနေပမဲ့ ပိုၿပီးဆင္းလာတဲ့ေသြးေတြက လက္ေတြ႕ဆိုတာကိုျပေနသေယာင္...အျဖစ္အပ်က္ေတြကို လက္မခံနိုင္တာေၾကာင့္ ငိုခ်မိသည္။ေခြၽးေစးေတြနဲ႕ မ်က္ရည္ေတြက ေရာေထြးေန၏။


* ကေလးေလး..မင္းရွိေနတာလား...ပါးပါးေတာင္းပန္ပါတယ္ ပါးပါး မသိလိုက္ဘူး!...ပါးပါးဆီက ထြက္မသြားပါနဲ႕ေနာ္!..ပါးပါး အမွားလုပ္လိုက္မိလို႔ .. ကေလးေလး အခုလိုျဖစ္တာလား..ဘာမွ မျဖစ္လိုက္ပါနဲ႕ကေလးရယ္..*

စိတ္ထဲမွာေရ႐ြတ္ေျပာဆိုေနရင္း ေဂ်ာင္ဂုဂဲ့ အျမင္အာ႐ုံေတြပိတ္က်သြားၿပီး လူက ၾကမ္းျပင္ေပၚ ေခြက်သြားသညါ။


" လုပ္ၾကပါအုံး!!..လာၾကပါအုံး.! အစ္ကိုေလး! အစ္ကိုေလး! ေသြးေတြဆင္းၿပီးေမ့လဲသြားလို႔!! .. သခင္မႀကီး!.ေဒၚႀကီးဂ်ဴး!.. အစ္ကိုေလး ေမ့လဲသြားလို႔..ေသြးေတြလည္း တအားဆင္းေနတယ္..အားလုံးျမန္ျမန္လာၾကပါ !! ျမန္ျမန္! "



အိမ္အကူမေလးက ငိုလည္းငို ေအာ္လည္းေခၚသျဖင့္ ခ်ယ္ေယာင္း ဂ်ဴးနဲ႕ အလုပ္သမားေတြ စိုးရိမ္တႀကီးအေျပာအလႊားနဲ႕ မီးဖိုခန္းထဲဝင္လာေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ မွင္သတ္သြားၾက၏။


" ဟင္!.. ေဂ်ာင္ဂုေလး.."


" ဟယ္..သားေလး ! "


" အစ္..အစ္ကိုေလး ! "


ေဂ်ာင္ဂုက ေသြးအိုင္ထဲမွာ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ပုံစံေလးနဲ႕ေမ့လဲေနသည္။


~

~

~




Good night ပါသဲငယ္ေလးတို႔😘💜💜💜💜💜💜💜



Thanks for votes , feedback and comment.


I Love my readers forever ❤️

I PURPLE YOUR 💜













Comment