11부

လူသူထူထပ်သော အန္တရာယ်နေရာသို့ ဆိုရာ ဒုတိယပိရောက်ရှိလာခဲ့၏။

သစ်သားစားပွဲပေါ်၌ ရှိသော လက်နက်အချို့။ မြောက်များလှသော မြှားတို့နှင့်အတူ ဓားရှည်နှင့် ဓားတိုများ။

" ဒီမြှားက မဏ္ဏာန်တို့နဲ့ စီရင်ထားတဲ့ မြှား "
‌
ငွေရောင်အဆင်းရှိသော မြှားတစ်ချောင်းအား မြှောက်ရင်း ဘယ့်ဟျွန်းက ဆိုလေသည်။ သန့်ရှင်းသော ရေတို့နှင့်အတူ မဏ္ဏာန်များဖြင့် စီရင်ထားသော ထိုငွေမြှားသည် သာမန်လူအတွက်ဆိုရင် ထူးဆန်းမည်တော့ မဟုတ်ပင်မဲ့ မိစ္ဆာတစ်ကောင်အတွက်တော့ ပူပြင်းသော မီးတို့ကြား လောင်မြိုက်နေသည့် ခံစားချက်ကို ခံစားစေလိမ့်မည်။

" မင်းကြိုက်တာယူနိုင်တယ် "

ဆိုရာ့၏ လက်ချောင်းများ ဦးတည်ရာသည် ငွေရောင်အဆင်းရှိသော မြှားဆီသို့။

" ဒီမြှားနဲ့ဆို အဲ့ကောင်ရော လမ်းမှာလာ‌ရှုပ်တဲ့ လူတွေရောပါ ရှင်းလို့ရလောက်တယ် "

" ဆိုရာ အရှင်တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

" အရှင့်ကို မထိဘူး "

" ကောင်းပါပြီ "

ဒါပင်မဲ့ သူ့လမ်းမှာ လာရှုပ်ရင်တော့ အရှင်လဲ မသိဘူး။

သေချာပေါက် မနက်ဖြန်ဟာ ပတ်ခ်ဆောင်းဟွန်းရဲ့ နောက်ဆုံးနေ့ပင် ဖြစ်လိမ့်မည်။

-----

အရင်နေ့တွေကနဲ့မတူ ယနေ့သည် သာယာလို့နေ၏။ သူတို့ အလုပ်နှင့် သူတို့ရှုပ်နေကြပင်မဲ့ တိုင်းသူပြည်သားတို့သည် ယခုလို အလုပ်အား ချောချောမွေ့မွေ့ ပြုလုပ်နိုင်ဖို့ ဆောင်မပေးထားတဲ့ အရှင်ဟီဆွန်းအား ကျေးဇူးတင်လို့ မဆုံးပင် ဖြစ်နေကြ၏။

ဤသို့ တိုင်းသူပြည်သားများ၏ နှစ်ခြိုက်မှုကို ရရှိထားတဲ့ အရှင်ဟာလဲ နေ့ရက်တိုင်းလိုလို မျက်နှာတော်၌ အပြုံးများဝေဆာလို့ နေပါသည်။

" လက်ဝဲရံ "

" ဘုရား "

အနားသို့ရောက်လာတဲ့ လက်ဝဲရံ၏ မျက်လွှာတို့နှင့်အတူ ခန္ဓာဟာလဲ ရှေသို့ကိုင်းထားလျက်။

" ရာသီဥတု သာယာလိုက်တာ တောကစားထွက်ရအောင် ငါကိုယ်တော့် ကြင်ယာတော်နဲ့ မောင်မင်း ကြင်ယာတော်ပါ လိုက်ချင်ခေါ်ခဲ့ကွာ "

" မှန်လှပါဘုရား "

ဘယ်သွားသွား ဘယ်လာလာ ကြင်ယာတော်မပါမဖြစ်တဲ့ အရှင်နဲ့ လက်ဝဲရံအား တိုင်းသူပြည်သားများတောင် မှတ်မိကုန်ကြလေပြီ။

နန်းတော်၏ ကြည်ပြာရီဝေနေသော ရေကန်ဘေး၌ ထိုင်နေသော ဂျယ်ယွန်းနှင့် နေရောင်ဖြာကျနေသော ဂျယ်ယွန်းအား ပုံတူရေးဆွဲပေးနေသော ဆောင်းဟွန်း။

ဝတ်ရုံတော် ဖြူလွှလွှအား ဆင်မြန်းထားတဲ့ ဆောင်းဟွန်းဟာ ယခုတလော သူ့ရဲ့ ကျန်းမာသန်စွမ်းလွန်းလှတဲ့ ဆံနွယ်ရှည်တို့အား တစ်ဝက်ခွဲစည်းကာ ချထားရသည်ကို နှစ်ချိုက်နေလေ၏။

ဂျယ်ယွန်းသည်လဲ ပန်းနုရောင် ဝတ်ရုံ‌တော်နှင့်အတူ ဆံနွယ်ရှည်တို့အား တစ်ဝက်ခွဲစည်းထားပြီး အဖြူရောင် ဖဲကြိုးလေးဖြင့် ချည်နှောင်ထား၏။

အလှကိုယ်စီဖြင့် ပြိုင်လှနေတော့တာပဲ။

" မင်းသား ရှင်းမ်ဂျယ်ယွန်းနဲ့ ပတ်ခ်ဆောင်းဟွန်း ကိုဂါရဝပြုပါတယ် "

ခန္ဓာအား ရှေ့သို့ကိုင်းညွှန့်ကာ မူရာ့၏ အသံဟာလဲ ပျော့ပျောင်းလျက်။

" မူရာပါလား "

" အရှင်က တောကစားထွက်ဖို့ ပင့်ခိုင်းလိုက်လို့ပါ "

" ဆောင်းဟွန်း သွားကြမလား "

" သွားကြမယ်လေ ငါလဲ တောအုပ်ထဲမရောက်ဖူးဘူး "

အရှင့်၏ ကမ်းလှမ်းမှုနှင့်အတူ သူတို့လေးယောက်သား တောအုပ်ငယ်လေးထဲ မြင်းကိုယ်စီ စီးကာထွက်လာခဲ့ကြ၏။ သူတို့မသိသည်က လက်ဝဲရံနှင့် လက်ဝဲရံ၏ ကြင်ယာတော်တို့အား အန္တရာယ်ဟာ ကြိုတင် စောင့်မျှော်နေလေပြီ။

ခွာရိုက်သံ ကြမ်းကြမ်းတို့၏ အနောက်တွင်တော့ အရှင့်၏ မြှားပြစ်စွမ်းရည်အား ပြသမှုစတင်၏။ စီးတော်မြင်း၏ အားကုန်ပြေးသံ ၊ အရှင့်၏ လက်ချောင်းသွယ်သွယ်များမှ ညှပ်ထားသော မြှားတို့ဟာ ကာယကံရှင်၏ အလို ၊ အလင်း၏ အမြန်နှုန်းအတိုင်း ထွက်သွား၏။

မူရာသည်လဲ အားကျမခံ မြှားကျည်တောက်မှ မြှားတစ်ချောင်းထုတ်ကာ ကောင်းကင်ယံထက် ပျံသန်းနေသော ပိတုန်းငှက်တစ်ကောင်အား မြှားဖြင့် လှမ်းပြစ်လိုက်၏။

ဆောင်းဟွန်း နဲ့ ဂျယ်ယွန်းတို့က‌တော့ ပွဲကြည့် ပရိသတ်သကဲ့သို့ပင်..။

" လက်ရည် မကျသေးဘူးပဲ အရှင်က "

" ငါကိုယ်တော်က ဒီ့ထက်ပိုတော်လာမဲ့ ကိန်းပဲရှိတော့တာ လက်ဝဲရံ "

မျက်ခုံးနှင့် ပခုံးများအား ပင့်ကာ မော်ကြွားကာဆိုလာသော အရှင့်အား ရယ်နှောနှောဖြင့်သာ မူရာတုန့်ပြန်လိုက်၏။

" နားကြရအောင် ဒီသစ်ပင် အရိပ်ကောင်းတယ် "

အတန်ကြာအောင် မြင်းဖြင့် ခရီးနှင်လာခဲ့သည်က တစ်ကြောင်း ၊ သူ့ထက်ငါ အလျှင်စလို သားကောင်တို့အား မုဆိုးကဲ့သို့ အမဲလိုက်ခဲ့ရသည်က တစ်ကြောင်းမို့ အနည်းငယ်တော့ ပြိုင်းစပြလာ၏။

ထို့ကြောင့် အရိပ်ကောင်းကောင်းရသည့် သစ်‌ပင်အောက် စီးတော်မြင်းတို့အား ကြိုးချည်လိုက်ရင်း နားလိုက်ကြ၏။

တကျီကျီ အော်နေတဲ့ ငှက်တို့၏ အသံ ၊ လေတိုက်တိုင်း တစ်ချက်တစ်ချက် ယိမ်းနွဲ့ကာ သစ်ရွက်ယှက်သံတို့ဟာ နားစည်အား ပဲ့တင်ထပ်လျက်။

" မူရာ ငါဗိုက်ဆာလို့ ဒီနားတစ်ဝိုက် ဘာရှိလဲကြည့်လိုက်အုံးမယ် "

" ‌လိုက်ခဲ့ရအုံးမလား "

" ရတယ်နေခဲ့ "

နှဖူးစည်းတို့ ဆင်မြန်းထားတဲ့ နှဖူးလှလှအား ဆောင်းဟွန်းဟာ အနမ်းပေးရင်းထထွက်သွား၏။

နေအုံး..။

မကောင်းတဲ့ အငွေ့အသက် ၊ တစ်ယောက်ယောက်ရှိတယ်။

" ဟွန်းနေအုံး! "

ခါးသွယ်သွယ်လေးအား ဆွဲရင်း ရင်ခွင်ထဲ ထည့်သွင်းချိန် တစ်ဖက်က လာတဲ့ မြှားတစ်ချောင်း။ သာမန်မြှားတွေလို မဟုတ်ပဲ ငွေရောင်အဆင်းရှိသည့် မြှား။

ပင်စည်သို့ စိုက်သွားတဲ့ထိုမြှားအား ဆွဲထုတ်ကာ ကြည့်လိုက်တော့ မဏ္ဌာန်တို့ဖြင့် စီရင်ထားသော မြှားတစ်ချောင်း။

" ‌ဝေ့! သွေးစုပ်ဖုတ်ကောင်! "

အထက်စီးဆန်လွန်းသည့် ‌လေသံပိုင်ရှင်။

သစ်ပင်အကွယ်မှ ထွက်လာတဲ့ အသံပိုင်ရှင်နှင့်အတူ သူ၏ နောက်လိုက်ငယ်သားများ။ အနက်ရောင် ဝတ်ရုံတော်နှင့်အတူ လက်စီးအနက် ၊ နှဖူးစည်းအနီ သန်မာလွန်းသည့် လက်ချောင်းများမှ ကိုင်ဆောင်ခြင်းခံထားရသော မြှား များနှင့် ဓားရှည်များ။

ဘယ်ဘက် မျက်ခုံးနှင့် မျက်ခမ်းအောက်တွင် နှစ်လက်မခန့် ရှိတဲ့ မျက်လုံးအား ထက်ဝက်ဖြတ်ထားသော အမာရွတ်တစ်ခု။

" ဟန်ဘယ့်ဟျွန်း.. "

" ဂါရဝပြုပါတယ် အရှင် "

ခန္ဓာအားကိုင်းညွှန့်လာတဲ့ ဘယ့်ဟျွန်း။

မူရာ့၏ ကိုင်ဆောင်ရာ ဓား၏ ညွန့်ရာသည် ဘယ့်ဟျွန်းနှင့် နောက်လိုက်ငယ်သားများ ဆီသို့။

" လက်ဝဲရံ ခများရဲ့ကြင်ယာတော်ရှေ့က ဖယ်တော်မူပါ "

ရဲတင်းလွန်းသည်။

အကြည့်စူးစူး ၊ မာန်ပါနေသည့် အကြည့်တို့၏ အဓိပ္ပာယ်သည် သားရဲတစ်ကောင်ကဲ့သို့ပင် ရဲတင်းလှသည့် သားကောင်အား စိုက်ကြည့်နေတော့သည်။

" ဘာတွေများ လိုချင် တတ်မတ်နေတာလဲ "

" ကျုပ်တို့လိုချင်တာ ပတ်ခ်ဆောင်းဟွန်း "

မူရာ့နောက်က ဆောင်းဟွန်းဟာလဲ မျက်နှာငယ်လေးနဲ့။ ဒီလောက်ဆို သဘောပေါက်လိုက်ပြီ ဆိုရာက သူ့ကို လုပ်ကြံပြီ။

" ဆရာ ‌ပတ်ခ်ဆောင်းဟွန်းပဲ ခေါ်သွားရင် ‌ပျင်းနေမှာပေါ့ သူ့သူငယ်ချင်း အလှလေးကိုပါ ‌ခေါ်သွားလိုက်မယ်လေ "

ရန်သူ့အား ဓားဖြင့်ရွယ်ထားသော အရှင့်၏ အနောက်မှ အမျိုးသားငယ်အား ဆိုလိုခြင်းဖြစ်၏။ ဝတ်ရုံအောက်က လက်ချောင်းသွယ်သွယ်တို့ဟာ ဒေါသကြောင့် အကြောတို့ဟာ ‌ကာယကံရှင်၏ မာနကဲ့သို့ပင် ထောင်လွှားလျက်။

" ကြာတယ် ချကွာ! "

ရန်သူ့ဘက်က စစ်ကြေငြာလိုက်သည့်အခါ လေထုဟာ တည်ငြိမ်ရာမှ ရုပ်ရုပ်သဲသဲ ဖြစ်ပေါ်လာ၏။ လှုပ်ရှားလိုက်တိုင်း ဝှေ့ခနဲပါလာတတ်တဲ့ အရှင့်ရဲ့ ဝတ်ရုံမိုးသားပြာရောင်၌ သွေးအချို့ဟာ စွန်းထင်နေလေရဲ့။

မူရာ့၏ နူးညံ့သည့် မျက်ဝန်းတို့ဟာ ခြင်္သေ့တစ်ကောင်ကဲ့သို့ စူးရဲကာ ခက်ထန်နေတော့သည်။

" ဟွန်း ပြေးတော့ "

မြေပြင်၌ လဲကျနေသော ရန်သူ့၏ ဓားအားကောက်ရင်း ဂျယ်ယွန်းလက်ကိုဆွဲကာ တောထဲမှ ထွက်၏။ အနောက်မှလိုက်လာသော ‌မြင်းခွာသံတို့ဟာ တဖြေးဖြေးနီးကပ်လာ၏ အသေးစား စစ်ပွဲလေးကြောင့် မြင်းများဟာ လွတ်ကုန်ကာ ဆန့်ကျင်ဖက်သို့ ပြေးသွားတာကြောင့် မြန်နိုင်သလောက်သာ ခပ်မြန်မြန် ပြေးကြရ၏။

" ဟိုး ဟိုး ညံ့လိုက်တဲ့ မင်းသားပါလား မြင်းနဲ့လိုက်တဲ့ ရန်သူတွေကို ပြေးရုံနဲ့ လွတ်မြောက်မယ်ထင်နေတာလား "

မာနနှင့်အတူ အောင်နိုင်သူအသံဖြင့် ဆိုလေသည့် အမျိုးသမီးတစ်ယောက်။ မေးနေစရာတောင် မလိုထိုလူမှာ ပတ်ခ်ဆိုရာ ဖြစ်လေသည်။ ဟွားရန်းရဲ့ မင်းသမီးတစ်ပါးလဲ ဖြစ်သလို ကောက်ကျစ်လွန်းသည့် အမျိုးသမီးတစ်ပါးအဖြစ် နောင်လာနောက်သားများ သိရှိကုန်ပေမည်။

ထိုမင်းသမီးရဲ့ သမိုင်းဟာ ညံ့‌လိမ့်မည်။

မြင်းပေါ်က ဆင်းလာတဲ့သူမ၏ လက်ထဲ၌ ငွေရောင်မြှားတံအား အဆင်သင့်ညှပ်ထား၏။ နိုင်ငံရဲ့ လက်ဝဲရံ အရှင့်၏ အားကိုးအားထားရသော စစ်မတ်တစ်ပါးရဲ့ ကြင်ယာတော်ဟာ ယခုလို ရန်သူ့လက်ထဲမှာ လွယ်လွယ်နဲ့ သေရမှာလား။

တင်းကြပ်စွာ ကိုင်ထားတဲ့ ဓားလက်ကိုင်ရိုးနှင့်အတူ မျက်ဝန်းတို့ဟာလဲ စူးရှသည့် အကြည့်တို့အား လက်ကိုင်ဆောင်ထား၏။

" ပတ်ခ်‌ဆိုရာ တစ်လှမ်းတိုးတာနဲ့ ငရဲကိုပို့ပြစ်မှာနော် "

အသံတို့ဟာ တုန်ရီနေရ၏။

စိတ်တို့ဟာလဲ ကြောက်လန့်မှုတွေနဲ့အတူ ဒေါသတို့ဟာ ပါဝင်နေလေ၏။

" ဟက်! မြှားတစ်ချက်စိုက်တာနဲ့ နင်အရင်ငါ့ထက် ငရဲသွားရမှာသိလား "

ရှေ့သို့ တိုးလာတဲ့ ဆိုရာ့အား တစ်ချက်လောက် ခုတ်လိုက်တော့ လက်ဖမိုးဖြူဖြူနုနုဟာ ဓားရှရာတစ်ခု ထွက်ပေါ်လာခဲ့သည်။

အများနဲ့ နှစ်ယောက်ဆိုတာက မမျှတသလို သူက စွမ်းအားရှင်လဲ မဟုတ်။ လရောင်ဖြာကျသည့်အချိန်မှာသာ အားအင်သစ်သည့် ဆောင်းဟွန်းအတွက်တော့ ယခုတွင် အရှုံးအား ရင်ဝယ်ပိုက်ထားသည့် ပုံစံ။

" ဆောင်းဟွန်း ဖြစ်ပါ့မလား "

" အရှင်ပေးထားတဲ့ ဓားမြှောင်နဲ့ တိုက်ကြည့်ပါ "

လက်တစ်ဝါးစာလောက် ရှိတဲ့ သမင်ပုံစံ ထွင်းထု‌ထား သောဓားသွားနှင့်အတူ လက်ကိုင်ရိုးရှိသည့် ဓားမြှောင်တစ်ချောင်းထဲနဲ့ ရန်သူ့အား တိုက်ခိုက်ရမည်ဆိုတာ အနည်းငယ်တော့ ကြောက်မိပါသည်။

" သတ္တိကိုတော့ ချီးကျူးမိပါရဲ့လေ "

ဆောင်းဟွန်းရဲ့ မျက်ဝန်းတို့ဟာ စိန်ခေါ်မှုကို ပြသနေလေရဲ့။

ထိုအနီးအနား ငှက်ကလေးများနှင့် လေထုအေးစက်စက်ဟာ တိုက်ပွဲငယ်လေးကြောင့် သွေးများစွန်းထင်နေသော နေရာလေးဖြစ်ခဲ့လေ၏။

တိုင်းပြည်အား မေတ္တာတို့ဖြင့် အုပ်ချုပ်သော အရှင့်၏ ကြင်ယာတော်နှင့်အတူ အရှင့်လက်ဝဲရံ၏ ကြင်ယာတော်တို့သည် နှလုံးသားရေးရာတွင်သာမက တိုက်ရေးခိုက်ရေး ကိုယ်ခံပညာတွင်လည်း တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပါသေးသည်။

လေထဲသို့ ဝှေ့ခနဲပါလာတတ်တဲ့ ဆံနွယ်အနက်တို့ ၊ ဝတ်ရုံတော် ဖြူလွှလွှတို့နှင့် ချောမောလှပသော မျက်နှာထက် သွေးတို့ဟာ တန်ဆာဆင်၏။

ကွယ်လွန်သူတို့သည် သွေးများဖြင့် မရှု့မလှသေပွဲဝင်ခဲ့ရ၏။

လူအင်အားဟာ မမျှသော်ညား ကံကောင်းစွာဖြင့် ဆောင်းဟွန်းတို့ဘက် ဟာအနိုင်ပိုင်းနိုင်ခဲ့သည်။

ဒဏ်ရာများဖြင့် ပြည့်နှံ့နေတဲ့ ဆိုရာဟာ တစ်ယိမ်းတစ်ယိုင်ဖြင့် ဆောင်းဟွန်းအနား လာ၏။ မြေပြင်ပေါ် လဲကျနေတဲ့ ဆောင်းဟွန်းဟာ မဏ္ဏာန်စီရင်ထားသော မြှားဖြင့် ယှက်ထိထား၏။

ဆိုရာ့၏ ဓားရှည်ဟာ လေထဲသို့မြောက်ချိန် ကျောပြင်သို့ ကျရောက်လာတဲ့ နာကျင်မှုတစ်ခု။

သုံးလက်မခန့် ထူသော သစ်သားအား ကိုင်ထားတဲ့ ဂျယ်ယွန်းရဲ့ မျက်နှာဟာ ဒေါသကြောင့် ခက်ထန်နေရင်း မြေပြင်သို့ မောက်ယက်သား လဲကျနေတဲ့ ပတ်ခ်ဆိုရာ့အား မကျေနပ်သလို ကြည့်နေ၏။

" ဆောင်းဟွန်းရရဲ့လား "

လဲကျနေသော ဆောင်းဟွန်းကို ထူကာ ထိုနေရာမှ တက်နိုင် သလောက် ပြေးရမည်ဖြစ်သည်။

" ဆောင်းဟွန်း တောင့်ထားနော် ငါတို့အရှင်တို့ကို ရှာပြီးတောထဲက ထွက်ရမယ် "

" အရူးလေး မြှားယှက်ထိရုံလောက်နဲ့ ငါဘာမှမဖြစ်ပါဘူး "

လိမ်မိပြန်သည်။

မူးဝေနေသော ခေါင်း ၊ နာကျင်နေသော ခန္ဓာကိုယ်နှင့် လောင်မြိုက်နေသော ခံစားချက်တို့အား သယ်ဆောင်ထားရတဲ့ ခန္ဓာကိုယ်ကြောင့် ခြေထောက်တောင် မ‌နည်းမနေရ၏။

" ဟွန်း "

ခပ်လှမ်းလှမ်းမှ ပြေးလာတဲ့ လက်ဝဲရံနှင့်အတူ သွေးများပေကျံနေတဲ့ အရှင်။ တွဲထားသော ဆောင်းဟွန်းအား မူရာ့ဆီလွှဲပြောင်းပေးလိုက်ရင်း ဂျယ်ယွန်းဟာလဲ အရှင် တစ်ခုခုဖြစ်ထားလား၏ စစ်ဆေး၏။

" ဟွန်း ဘာဖြစ်ထားလဲဟင် ဟာကွာ! မောင်တော် သိပ်တုံးတာပဲ မရောက်ဖူး‌တဲ့တောထဲမှာ ရန်သူတွေနဲ့ ပြေးလွှားဖို့ ခွင့်ပြုပေးခဲ့မိတယ် "

" တိုးတိုးနေ မောင်တော် ငါ့ကိုအဲ့လောက်မဖက်ထားနဲ့ ချပေး "

တင်းကြပ်စွာ ဖက်ထားတဲ့ မူရာ့အားခွင့်တောင်း၏။ ဖြေးဖြေးချင်း အောက်ချပေး‌ပင်မဲ့ ရင်ခွင်ထဲတော့ ထည့်ထားစမြဲပင်။

" မြှားယှက်ထိထားတာ "

" မောင်တော် တောင်းပန်ပါတယ် မှားသွားပါတယ် ခွင့်လွှတ်ပါနော် နောက်တစ်ခါ ဟွန်းကိုရန်သူတွေနဲ့ ရင်ဆိုင်ရအောင် မလုပ်ပါဘူး "

ငိုယိုကာ ပြောနေတဲ့ ‌မူရာ့၏ နှုတ်ခမ်းထူထူအား လက်ချောင်းသွယ်သွယ်ဖြင့် ဖိကပ်ရင်း ဆက်မပြောရန်သတိပေး၏။

" မောင်တော့် မျက်ရည်တွေကို မုန်းတယ် မငိုပါနဲ့ "

ချစ်ရသူ၏ အမိန့်တော်အတိုင်း မူရာဟာ ပါးပြင်၌ တန်ဆာဆင်နေသော မျက်ရည်ဥဖြူဖြူတို့အား အကြမ်းပတမ်းပွတ်သပ်၏။

" ခနလောက် နားလိုက်ကြရအောင် ဆောင်းဟွန်းလဲ ပင်ပန်းနေမှာပေါ့ ငါကုပေးပါ့မယ် မူရာ သိပ်ပြီးလဲ မစိုးရိမ်ပါနဲ့ "

" ကောင်းပြီ ကောင်းပြီ ဟွန်း! မောင်တော့်ကို အားယူပြီးထနော် ဟုတ်ပြီလား "

ဆောင်းဟွန်းခေါင်းညှိမ့် ပြပြီးသည်နှင့် ပိုးသားကဲ့သို့ နူးညံ့သည့် ခန္ဓာကိုယ်လေးအား ဖြေးဖြေးချင်း ထူရင်း သစ်ပင်၏ ပင်စည်၌ မှီရန် ဖြေးဖြေးချင်း လျှောက်စေ၏။

မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွားသည့် အဖြစ်အပျက်သည် သိပ်ကိုမှ လျှင်မြန်လွန်းပါသည်။

နူးညံ့လွန်းသည့် အသားအရည်အား ပိုင်ဆိုင်ထားသည့် ‌ရင်ဝမှ ထိုးထွက်လာသော မြှားတစ်စင်း။ သွေးနီရဲရဲတို့သည် ဝတ်ရုံတော် ဖြူလွှလွှ၌ နှင်းဆီမြစ်ဖြစ်ထွန်း ခဲ့၏။

မြေပြင်သို့ အရုပ်ကြိုးပျက်သဖွယ် လဲကျသွားတဲ့ ဆောင်းဟွန်းအား ထိန်းကိုင်ရင်း မူရာဟာ ရင်ခွင်ထက် နားခိုစေသည်။

" ဟွန်း! ဟွန်း မ..မထားခဲ့ပါနဲ့.. မ..မောင်တော် ရူးလိမ့်မယ်.. "

" ငို..ငိုနေတာ..အ့..လား "

" ဟင့်အင်း မောင်တော် မငိုဘူး "

ငိုသံတို့ ရောထွေးနေတဲ့ အသံနဲ့တောင် မောင်တော်ဟာ သူစိတ်ချမ်းသာဖို့ လိမ်ပါတယ်တဲ့လား။

တုန်ရီနေတဲ့ လက်ချောင်းတို့ဟာ မူရာ့၏ နှင်းဆီဖြူ ပွင့်ချပ်ကဲ့သို့ နူးညံ့လှသည့် မျက်နှာအား ထိကိုင်၏။ ထို့နောက် နာကျင်မှုများကြားမှ လှပသော အပြုံးတစ်ခုအား ဆင်မြန်း၏။

" ချစ်ပေးခဲ့လို့... ကျေးဇူးတင်..
တင်ပါတယ်.. "

" ဟွန်း အားမလျော့လိုက်နဲ့ မျက်လုံးတွေမမှိတ်လိုက်နဲ့ မောင်တော့်အနားက ထွက်မသွားနဲ့ "

လက်ဝဲရံ သခင်လေးသည် ချစ်ရသူအား ဆုံးရှုံးရတော့မည်မို့ သွေးရူးသွေးတမ်း ပြောဆိုကာ အမိန့်များအား ပေးနေလေ၏။

သို့သော် နောက်ဆုံးထွက်သက်အထိ ချစ်ရသူဟာ လက်ဝဲရံ၏ စကားအား နားထောင်ခဲ့လေသည်။ အရည်များ ကြည်လဲ့နေသော မျက်ဝန်းတို့ဟာ ထွက်သက်အထိ မူရာ့၏ ပုံသဏ္ဍာန်အား မှတ်သွားသည့် အလား။

ဒီ တိုင်းပြည်မှာ ဆောင်းဟွန်း ရှိနေသရွေ့ ၊ သူဟာ ဆောင်းဟွန်းကို အစွမ်းကုန် ကာကွယ်ပေးမယ် ၊ ဆောင်းဟွန်း အသက်ရှင်ရင် မူရာလဲ ရှင်မယ်။ အကယ်လို့ ဆောင်းဟွန်းသာ သူ့နားမရှိတော့ရင် မူရာဟာလဲ ဒီလောကမှ နေစရာ အကြောင်းမရှိတော့ပေ။

ထိုစကားဟာ ဟွန်းကို ဘန်ဂျမင်မှန်းစသိတဲ့ညက ကိုယ့်ကိုယ်ကို ကတိပေးခဲ့တဲ့ စကား။ ‌အခုဟွန်းက မရှိတော့ဘူး ၊ သူဟာလဲ ‌ဒီလောကကြီးကို တွယ်ကပ်နေစရာ မလိုတော့ဘူး။

ဓားအိမ်အတွင်းမှ ဓားထုတ်သံတို့ ကြားရခိုက် အရှင်ဟာ အပြေးအလွှားတားပင်မဲ့ မမှီတော့ပေ။

" မူရာ မလုပ်နဲ့!! "

လက်ဆွဲတော့ဓားဟာ မူရာ၏ စိတ်တိုင်းကျ ဝမ်းဗိုက်အားဖောက်ထွင်း သွား၏။

ကံတရားဟာ သေချာပေါက် သူတို့ကို မျက်နှာသာမပေးခဲ့ပေ ၊ ချစ်ရသူတွေ စုံစည်းရခြင်းကို ကံကြမ္မာဟာ နှစ်ချိုက်သည့် ပုံဟာမပေါ်ခဲ့ပေ။ ဆောင်းဟွန်းဘေးနားတွင် လောကကြီးအား စိတ်နာ၍ ထွက်သွားသူ မူရာဟာလဲ ထွက်သက်တွင် ရေရွတ်ခဲ့သည့် အမည်ဟာ 'ဟွန်း' တဲ့လေ။

အရှင့်၏ လက်ဝဲရံ ဂျယ်ယွန်းရဲ့ သူငယ်ချင်း။ သူ့ရှေ့မှာတင် တပြိုင်နက်ထဲ ထွက်သွားတဲ့အတွက် ဂျယ်ယွန်းသည်လဲ ကမ္ဘာပျက်နေသည့် ပုံစံ။

နန်း‌တွင်း၌ ကျန်ခဲ့သော ဂျယ်ယွန်း၏ ပုံတူပန်းချီလေးသည်လဲ တစ်ဝက်တစ်ပျက်ဖြင့် ရေးဆွဲသူအား လွမ်းစွတ်ခြင်းသာ ကျန်ရစ်ခဲ့တော့မည်။

" နောက်ဘဝသာ ရှိရင် ငါကိုယ်တော့်ရဲ့ ညီတော်အဖြစ်ပဲ ပြန်လာခဲ့ပါ မူရာ "

" ဆောင်းဟွန်း မင်းနဲ့ငါနဲ့ သူငယ်ချင်းသက်တမ်း တစ်လျှောက်မှာ ပျော်စရာတွေပဲ ကြုံတွေ့အောင် ဖန်တီးပေးလို့ ကျေးဇူးတင်မိပါတယ် ကောင်းကောင်းသွားပါ "

-------

" ပတ်ခ်ဆောင်းဟွန်း ထတော့! "

ပါးပြင်ပေါ်သို့ ကျရောက်လာတဲ့ ခပ်စပ်စပ် လက်ဝါးချက်။ လန့်ဖြန့်ကာ ‌ထထိုင်မိတော့ ကြီးမားလှတဲ့ တိုက်ခန်းတစ်ခု၏ ဧည့်ခန်းတွင် သူဟာ အိပ်ပျော်နေခဲ့သည်။

ကြီးမားလှတဲ့ ဝတ်ရုံတွေအစား oversized t-shirt အဖြူတစ်ထည် အားလိုက်ဖက်စေလိုငှာ အနက်ရောင် ဘောင်းဘီအတိုကို ဝတ်ဆင်ထား၏။

အိမ်မက်အရှည်ကြီး မက်ခဲ့ပုံပဲ။

" ပင်ပန်းလိုက်တာ "

" ဘာကို ပင်ပန်းတာလဲ မနေ့ကညနေထဲက အိပ်နေတာ ဒီနေ့နေ့ခင်းထိပဲ "

ပွစိပွစိပြောကာ ဆောနူသည် ဆောင်းဟွန်းဖွထားသော အရှုပ်ကို ရှင်းရ၏။

" Idol ဖြစ်ပြီး image လေးတောင် မထိန်းနိုင်ဘူး "

Idol? အာ..ဟုတ်သား။

ပတ်ခ်ဆောင်းဟွန်းဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်။ ဖန်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ idol တစ်ယောက်ဖြစ်ပြီး ချောမောလွန်းသည့် ရုပ်ရည်ကြောင့် သေမတတ် ကြိုက်ကြတဲ့ မိန်းမပျိုလေးများသာ ပိုင်ဆိုင်ထားတဲ့ idol တစ်‌ယောက်။

" မူရာ.. "

ထူးဆန်းသည့် နာမည်ကိုပိုင်ဆိုင်ထားတဲ့ ကောင်လေး။ ခပ်ထူထူနှုတ်ခမ်း ၊ ဖြူဖွေးလှသည့် အသားရည် ၊ အရပ်ရှည်ရှည် ခပ်ဩဩ လေသံ။ ‌သူ့ထက် ငယ်ရွယ်ပုံရတဲ့ ထိုကောင်လေးဟာ အိမ်မက်ထဲမှာတောင် ဒီလောက် ကြည့်ကောင်းနေတာ အပြင်မှာဆို ဘယ်လိုလုပ်မလဲ။

" ပတ်ခ်ဆောင်းဟွန်း ထတော့! Music Bank သွားရအုံးမယ် "

" ထပြီဟ! "

လဲစရာ ရှိတဲ့အဝတ်အစားလဲကာ အလုပ်ကို ပြန်ကြိုးစားရအုံးမည်။

ညကြမှ မင်းအကြောင်း ပြန်တွေးတာပေါ့ ကောင်လေးရယ်။ အခုတော့ ကိုယ်အလုပ်ကြိုးစားလိုက်အုံးမယ်။

------
14.3.2024

ဟဲဟဲ နောက်ကျသွားတယ်

Comment