7*

Unicode

"ဂျီမင်~~"

ထယ်ယောင်းဟာရောက်သည်နှင့် ဂျီမင်အားဖက်ကာငိုပါတော့သည်။
ရုတ်တရက်ကြီးရောက်ချလာပြီးငိုနေသော​ထယ်ယောင်းကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေရသည်။

"ထယ်ယောင်း ဘာဖြစ်လာတာလဲ?
ဘာလို့ငိုနေတာလဲ"

မေးတာကိုလဲမဖြေ တအီအီနဲ့သာငိုနေလေသည်။

"ထယ်ယောင်း ငိုနေတာလား.. ဘာဖြစ်လို့လဲ?"

အပြင်ကပြန်ရောက်လာသောဟိုဆော့ဟာလဲ ထိုအခြေအနေကိုထူးဆန်းစွာနဲ့မေးနေပေမယ့် အဖြေကိုကိုယ်တိုင်ပင်မသိသောဂျီမင်ကလဲခေါင်းသာခါပြသည်။
ထယ်ယောင်းကလဲမဖြေ။
တော်တန်ကြာသည်အထိငိုပြီးကာမှ ငူငူငိုင်ငိုင်ကြီးထိုင်ကာ မေးသောမေးခွန်းအားဖြေလေသည်။

"ငါ.. ငါ ဂျောင်ဂုနဲ့ ကွာရှင်းဖို့ပြောခဲ့ပြီ၊
ငါအခုထွက်လာခဲ့ပြီ သူ့ဆီကနေ"

"ဟင်? တကယ်ကြီးလား"

"ဘယ်လို? တကယ်ဆုံးဖြတ်ပြီးပြီပေါ့ထယ်ယောင်း"

တစ်ယောက်တစ်ပေါက်ဖြင့် အံ့သြစွာမေးမိလေသည်။
ထယ်ယောင်းပြောထားသည်က သူအနားနေပြီးဒုက္ခပေးအုံးမယ်တဲ့၊ အဲ့တာကလဲအချိန်၂လ။ အခုဟာကချက်ချင်းကြီးကွာရှင်းတော့မယ်တဲ့။

"ငါ.. သူ့အနားနေပြီးဒုက္ခပေးမယ်ဆိုပေမယ့် သူ့လုပ်ရပ်တွေကို မျက်ကွယ်ပြုနေနေရတာတကယ်မွန်းကြပ်လာပြီ၊ ဒါကြောင့်ငါထွက်လာလိုက်တာ၊ အခုသူ့ဘာသာဖြစ်ချင်တာဖြစ်ပါစေ၊ ငါ့ကိုကတိတွေထပ်ပေးပြီးတောင်းပန်နေပေမယ့် ငါမယုံကြည်နိုင်တော့ဘူး၊  အမြဲတောင်းပန်စကား၊ ချစ်စကားတွေပြောပြီး ငါ့ကိုလိမ်လည်နေတာ၊ ငါမုန်းလိုက်တာဂျောင်ဂုကို"

"လက်ခံတယ်တဲ့လား ကွာရှင်းဖို့ကို"

"ဘယ်သဘောတူပါ့မလဲ ငိုယိုပြီးငါ့ကိုဆွဲထားတာပေါ့"

"ဂျောင်ဂုက နားလည်ရတော့ခက်သား
ထားပါလေ အခုကကော ဘာဆက်လုပ်မှာလဲ
ဂျောင်ဂုကတော့ ဒီတိုင်းငြိမ်နေမယ့်သူမဟုတ်ဘူး၊ မင်းကိုရှာမှာပဲ၊ငါတို့ဆီနေမယ်ဆိုလဲရတယ်၊ ဒါပေမယ့် ငါတို့အိမ်တွေကိုလဲသိနေတော့ တွေ့သွားနိုင်တယ်၊ ဘယ်လိုလုပ်ချင်လဲ"

"ငါစဥ်းစားထားတာတစ်ခုတော့ရှိတယ် အဲ့တာကိုတော့မနက်ဖြန်မှမင်းတို့ကိုပြောမယ်
ငါအခုခဏလောက်နားချင်တယ်၊ ဂျီမင် ကားသော့ပေးပါလား ငါမင်းအိမ်သွားနေနေမယ်"

"အင်း ဗိုက်ဆာရင်လဲစားထားနော် ရေခဲသေတ္တာထဲမှာဟင်းတွေရှိတယ်"

"အင်း ငါသွားပြီ"

စက်ပိတ်ထားသောဖုန်းတွင် အဝင်ဖုန်းတွေဝင်နေတာကိုတော့ မသိလေပါ။

***

မနေ့ကအကြောင်းအရာတွေကိုသေချာပြောပြလိုက်ပြီး အခုတော့အဝေးကနေဒုက္ခပေးမယ်လို့ဆုံးဖြတ်ထားကြောင်း ပြောလိုက်သည်။

"မင်းဘာလုပ်မလို့လဲထယ်ယောင်း"

"ငါ.. သူမကြိုက်တာတွေကိုလုပ်ဖို့ဆုံးဖြတ်ထားတယ်၊ နောက်ပြီး ငါဝါသနာပါမှန်းမသိပါနေတဲ့ မင်းသားအလုပ်၊ ငါလုပ်မယ်"

"တကယ်ပြောနေတာလားထယ်ယောင်း"

"တကယ်ပေါ့ ငါနောက်နေတဲ့ပုံပေါက်နေလို့လားဂျီမင်"

"လုပ်တာကဟုတ်ပါပြီ လွယ်လွယ်နဲ့တော့ဖြစ်လာမှာမဟုတ်ဘူးနော်  မင်းအများကြီးကြိုးစားရမှာ
ဂျောင်ဂုကိုစိတ်အနှောင့်အယှက်ပေးချင်တာတစ်ခုတည်းနဲ့ဆိုရင်လဲမလုပ်နဲ့ ပင်ပန်းတယ်"

"ငါဝါသနာပါပါတယ်ဆိုဟိုဆော့ရာ ငါလုပ်မယ်၊ ဂျောင်ဂုကိုစိတ်ဒုက္ခပေးချင်တာကော ငါ့ရဲ့ဝါသနာကြောင့်ကောပဲ ငါလုပ်မယ်"

"ဟုတ်ပါပြီ ဒါဆိုလဲမင်းသဘောပဲ
ငါတို့မှာ အဲ့နယ်ပယ်ကအသိတွေရှိတာမို့ မင်းစိတ်ပူစရာတော့မလိုပါဘူး

နောက်ပြီး ကွာရှင်းဖို့ကိုကော.. ဘယ်လိုတုန်း ရှေ့နေနဲ့ပဲလုပ်မှာလား"

"အင်း သူကလွယ်လွယ်နဲ့လက်ခံမှာမှမဟုတ်တာ"

"အင်း လုပ်ချင်တာတွေအကုန်လုပ်ပြီးအဆင်ပြေအောင်နေ၊ အတိတ်ကဟာတွေကိုလဲ သင်ခန်းစာအဖြစ်ထားပြီး မေ့သင့်တာတွေကိုမေ့ပစ်လိုက်၊ အဓိကက မင်းပျော်နေဖို့ပဲ၊ ငါတို့ကုမ္ပဏီသွားတော့မှာမို့ အဆင်ပြေသလိုသာနေ"

"ကျေးဇူး ဂျီမင်"

"မလိုတာတွေကို၊ ကဲပါ သွားပြီ"

"အင်း ဂရုစိုက်သွားကြ"

ဂျွန်ဂျောင်ဂု မင်းလဲမင်းဘဝနဲ့မင်းဆိုပေမယ့် မပျော်ရွှင်ရပါစေနဲ့၊ ဒါ..ငါအဖြစ်ချင်ဆုံးဆန္ဒတစ်ခုပဲ။

လန်းဆန်းသွားအောင်ရေချိုးလိုက်ပြီး စက်ပိတ်ထားသောဖုန်းအားဖွင့်ကြည့်လိုက်ချိန် ဂျောင်ဂုဆီက အဝင်ဖုန်းတွေဝင်လာသည်။

"တောင်းပန်တာတွေ၊ ထားမသွားဖို့တွေပဲပြောအုံးမယ်မလား မကြားချင်တော့ဘူး၊ မင်းဘာသာခံစားပြီးနေနေလိုက်"

•
•
•

"အာ့  တောင်းပန်ပါတယ် ထွက်မသွားပါနဲ့! ငယ်!!"

"ဂျွန်"

ထိတ်လန့်စွာနိုးထလာမိတော့ ပထမဆုံးမြင်ရသည်က ထယ်ယောင်းကိုမဟုတ် ဆုန်းနာရာတဲ့။

"သတိရလာပြီလား တော်သေးတာပေါ့ဂျွန်ရယ်"

"ငယ်ကော ထယ်ယောင်းဘယ်မှာလဲ?
ခေါ်ပေး  ခေါ်ပေးလို့!"

"စိတ်အေးအေးထားပါအုံး
ဒဏ်ရာတွေနဲ့လေ အရမ်းမလှုပ်ရှားနဲ့အုံး
ဆရာဝန်ခေါ်လိုက်အုံးမယ်"

"ဆရာဝန်မလိုဘူး! ငယ့်ကိုခေါ်ပေး!  ကင်မ်ထယ်ယောင်းကိုခေါ်ပေးလို့!!

ခေါ်ပေး! ခေါ်ပေး! အခုခေါ်ပေး!!"

စိတ်လွတ်နေတဲ့လူလိုအော်ဟစ်နေတာကြောင့် နာရာလဲလန့်လာရသည်။
ဆရာဝန်တွေအမြန်ပြေးခေါ်ကာ အော်ဟစ်ကာ ငိုနေသောဂျောင်ဂုအား မနည်းချုပ်တည်းကြကာ စိတ်ငြိမ်ဆေးထိုးပေးလိုက်ကြသည်။
ထိုအခါမှ အနည်းငယ်ငြိမ်ကျသွားလေသည်။
ဒါပေမယ့် ပါးစပ်ကကင်မ်ထယ်ယောင်းနာမည်အားရွတ်နေတုန်း။

"ထယ်ယောင်း  ငါ့ရဲ့ငယ်ကိုခေါ်ပေးပါ"

"အင်း ခေါ်ပေးမှာမို့ အခုငြိမ်ငြိမ်လေးနေပေးပါနော် ဒဏ်ရာတွေကမသက်သာသေးပါဘူး ၊ အရမ်းလှုပ်ရှားလို့မဖြစ်ဘူးလေ၊ သွေးထွက်လွန်ထားတာမို့အားနည်းနေလိမ့်မယ်"

"ဘာလို့ ဒီကိုရောက်နေရတာလဲ
ငယ့်နောက်ကိုလိုက်သွားတာလေ ဘာလို့.. ဒီရောက်နေရတာလဲ"

"ကားတိုက်ခံရလို့ပါ ဒီကအမျိုးသမီးကခေါ်လာပေးတာပါ"

"နာရာ.. ထယ်ယောင်းနဲ့တွေ့သေးလား
ဒီကိုလာသေးလား"

"အနားယူလိုက်ပါအုံးဂျွန်
ထယ်ယောင်းခဏနေလာပါလိမ့်မယ်"

"အင်းနော် ကျွန်တော်ဒီလိုဖြစ်နေရင် ငယ်ကဒီတိုင်းထားမှာမဟုတ်ပါဘူး ကျွန်တော့်ကိုလာကြည့်မှာပေါ့"

"အဲ့တာကြောင့် ထယ်ယောင်းမလာခင်လေး ခဏလောက်အိပ်လိုက်ပါအုံး"

အခြေအနေတည်ငြိမ်သွားပေမယ့် ဂျောင်ဂုဟာအပေါက်ဝကိုသာ ကြည့်လို့နေလေသည်။
ဘယ်လိုတွေဖြစ်သွားကြလဲမသိပေမယ့် အခုအခြေအနေမှာရောက်မလာသောထယ်ယောင်းအား သူမအမြင်ကတ်မိပါသည်။

ဂျောင်ဂုဆီကဖုန်းဝင်လာတော့ သူမပျော်သွားပေမယ့် တစ်ဖက်ကဂျောင်ဂုမဟုတ်ပဲ ဖုန်းပိုင်ရှင်ကားတိုက်ခံထားရသည်ဆိုတာကြောင့် အမြန်အဆန်ပင်ဆေးရုံသို့ထွက်လာလိုက်တာ။
မြင်လိုက်ရတော့ ခေါင်းမှာပတ်တီးအဖွေးသား၊ မျက်နှာချောချောထက်၌လဲ ပွန်းပဲ့ရာတွေနဲ့၊ ခြေထောက်လဲကျိုးသွားသေးသည်တဲ့။

ကင်မ်ထယ်ယောင်းကတော့အခုထက်ထိကိုပေါ်မလာသေး၊ ငါ့ကြောင့်ပဲပြသနာတွေများသွားကြသလား။ အို ... အဲ့တာတွေထားပါ၊ အခုအခြေအနေကတော့ငါ့လက်ထဲမှာပဲ၊ ငါသာဒီအခြေအနေကိုသေချာဆုပ်ကိုင်နိုင်ရင် ဂျွန်ကငါ့အပိုင်ဖြစ်လာလိမ့်မယ်။

°
°

"ဂျီမင်.. ငါလေ နိုင်ငံခြားမှာအနုပညာနဲ့ပက်သတ်တာ သွားသင်ရင်ကောင်းမလား"

ညရောက်တော့ ဂျီမင်နဲ့အတူထမင်းစားနေရင်း စကားစမိလိုက်သည်။

"မင်းအဲ့လိုလုပ်ချင်တယ်မလား ဒါဆိုလုပ်ပေါ့"

"ဒါပေမယ့်.. သွားဖို့အတွက်က"

"ပူမနေနဲ့ မင်းမှာငါနဲ့ဟိုဆော့ရှိတာမေ့နေပြီလား ငါတို့ကကုမ္ပဏီတစ်ခုလုံးပိုင်တယ်ဆိုတာသိတယ်နော်"

"ငါမင်းတို့ကို အားနာလှပြီ"

"ကျစ်  ပြောစရာလူတွေမဟုတ်ဘူးထယ်ယောင်း မင်းကငါတို့နှစ်ယောက်အတွက်ဘယ်လောက်အဖိုးတန်လဲ မသိဘူးလား
ဒါပေမယ့် .."

"ဒါပေမယ့်"

"အောင်မြင်သွားရင်တော့ ပိုက်ဆံ၂ဆပြန်ပေးရမယ် ဟားဟား"

"ပေးရမှာပေါ့ ငါ့သူငယ်ချင်းအကောင်းစားလေးကို ၂ဆမဟုတ်ဘူး ၃ဆပေးမယ်"

"ကြည့်ကြသေးတာပေါ့ကွာ"

"ကျေးဇူးပါနော် ငါမင်းတို့ကိုဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိပါဘူး"

"ငါတို့အတွက်မင်းကျေးဇူးတွေမလိုတာသိတယ်မလား မင်းပျော်နေဖို့ပဲအဓိက၊ ဒါကြောင့်ကျန်တာတွေကိုတွေးပူမနေနဲ့၊
မင်းလုပ်ချင်တာ မင်းဖြစ်ချင်တဲ့အရာတွေကိုအကုန်ဖြစ်အောင်လုပ်ပြီး ဘဝအသစ်တစ်ခုမှာပျော်အောင်နေပေး ဒါငါတို့အဖြစ်ချင်ဆုံးဆန္ဒပဲ"

"အင်းး ငါကြိုးစားမှာပါ"

"ဘယ်တော့သွားမလဲ စီစဥ်ပေးမယ်လေ"

"နောက်တစ်ပတ်လောက်နေရင်သွားချင်တယ်
ငါဒီ​ကနေအမြန်ဆုံးသွားချင်တာ"

"အင်း ငါစီစဥ်ပေးထားမယ် ကျောင်းတွေစုံစမ်းထား"

"အင်း"

တစ်ပတ်အတောအတွင်းအကုန်စီစဥ်ပြီးတော့ အိမ်မက်တစ်ခုကိုလက်ကိုင်ထားကာ နိုင်ငံရပ်ခြားသို့ပညာသင်ထွက်သွားလေသည်။
အောင်မြင်မှုတွေနဲ့ပြန်လာခဲ့မယ် ငါ့ရဲ့မွေးရပ်မြေ။

**

တစ်ပတ်အတွင်း ချောင်ကျသွားသောမျက်နှာရယ်၊ ညိုမဲနေသောမျက်ကွင်းတွေရယ်၊ ဆေးရုံထက်ကလူတစ်ယောက်ရဲ့ပုံစံဟာ မြင်ရက်စရာမရှိပါပေ။
ထယ်ယောင်းကိုသာရှာနေသော၊ ခေါ်ပေးရန်တသွင်သွင်ပြောနေသောဂျောင်ဂုအား နာရာဘယ်အချိန်ထိသည်းခံနိုင်မည်နည်း။



bunnybear_75

Zawgyi


"ဂ်ီမင္~~"

ထယ္ေယာင္းဟာေရာက္သည္ႏွင့္ ဂ်ီမင္အားဖက္ကာငိုပါေတာ့သည္။
႐ုတ္တရက္ႀကီးေရာက္ခ်လာၿပီးငိုေနေသာ​ထယ္ေယာင္းေၾကာင့္ ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနရသည္။

"ထယ္ေယာင္း ဘာျဖစ္လာတာလဲ?
ဘာလို႔ငိုေနတာလဲ"

ေမးတာကိုလဲမေျဖ တအီအီနဲ႕သာငိုေနေလသည္။

"ထယ္ေယာင္း ငိုေနတာလား.. ဘာျဖစ္လို႔လဲ?"

အျပင္ကျပန္ေရာက္လာေသာဟိုေဆာ့ဟာလဲ ထိုအေျခအေနကိုထူးဆန္းစြာနဲ႕ေမးေနေပမယ့္ အေျဖကိုကိုယ္တိုင္ပင္မသိေသာဂ်ီမင္ကလဲေခါင္းသာခါျပသည္။
ထယ္ေယာင္းကလဲမေျဖ။
ေတာ္တန္ၾကာသည္အထိငိုၿပီးကာမွ ငူငူငိုင္ငိုင္ႀကီးထိုင္ကာ ေမးေသာေမးခြန္းအားေျဖေလသည္။

"ငါ.. ငါ ေဂ်ာင္ကုနဲ႕ ကြာရွင္းဖို႔ေျပာခဲ့ၿပီ၊
ငါအခုထြက္လာခဲ့ၿပီ သူ႕ဆီကေန"

"ဟင္? တကယ္ႀကီးလား"

"ဘယ္လို? တကယ္ဆုံးျဖတ္ၿပီးၿပီေပါ့ထယ္ေယာင္း"

တစ္ေယာက္တစ္ေပါက္ျဖင့္အံ့ၾသစြာေမးမိေလသည္။
ထယ္ေယာင္းေျပာထားသည္က သူအနားေနၿပီးဒုကၡေပးအုံးမယ္တဲ့၊ အဲ့တာကလဲအခ်ိန္၂လ။ အခုဟာကခ်က္ခ်င္းႀကီးကြာရွင္းေတာ့မယ္တဲ့။

"ငါ.. သူ႕အနားေနၿပီးဒုကၡေပးမယ္ဆိုေပမယ့္ သူ႕လုပ္ရပ္ေတြကို မ်က္ကြယ္ျပဳေနေနရတာတကယ္မြန္းၾကပ္လာၿပီ၊ ဒါေၾကာင့္ငါထြက္လာလိုက္တာ၊ အခုသူ႕ဘာသာျဖစ္ခ်င္တာျဖစ္ပါေစ၊ ငါ့ကိုကတိေတြထပ္ေပးၿပီးေတာင္းပန္ေနေပမယ့္ ငါမယုံၾကည္နိုင္ေတာ့ဘူး၊  အၿမဲေတာင္းပန္စကား၊ ခ်စ္စကားေတြေျပာၿပီး ငါ့ကိုလိမ္လည္ေနတာ၊ ငါမုန္းလိုက္တာေဂ်ာင္ကုကို"

"လက္ခံတယ္တဲ့လား ကြာရွင္းဖို႔ကို"

"ဘယ္သေဘာတူပါ့မလဲ ငိုယိုၿပီးငါ့ကိုဆြဲထားတာေပါ့"

"ေဂ်ာင္ကုကနားလည္ရေတာ့ခက္သား ထားပါေလ အခုကေကာဘာဆက္လုပ္မွာလဲ
ေဂ်ာင္ကုကေတာ့ဒီတိုင္းၿငိမ္ေနမယ့္သူမဟုတ္ဘူး၊ မင္းကိုရွာမွာပဲ၊ငါတို႔ဆီေနမယ္ဆိုလဲရတယ္ ဒါေပမယ့္ ငါတို႔အိမ္ေတြကိုလဲသိေနေတာ့ ေတြ႕သြားနိုင္တယ္၊ ဘယ္လိုလုပ္ခ်င္လဲ"

"ငါစဥ္းစားထားတာတစ္ခုေတာ့ရွိတယ္ အဲ့တာကိုေတာ့မနက္ျဖန္မွမင္းတို႔ကိုေျပာမယ္ ငါအခုခဏေလာက္နားခ်င္တယ္၊ ဂ်ီမင္ ကားေသာ့ေပးပါလား ငါမင္းအိမ္သြားေနေနမယ္"

"အင္း ဗိုက္ဆာရင္လဲစားထားေနာ္ ေရခဲေသတၱာထဲမွာဟင္းေတြရွိတယ္"

"အင္း ငါသြားၿပီ"

စက္ပိတ္ထားေသာဖုန္းတြင္ အဝင္ဖုန္းေတြဝင္ေနတာကိုေတာ့ မသိေလပါ။

***
မေန႕ကအေၾကာင္းအရာေတြကိုေသခ်ာေျပာျပလိုက္ၿပီး အခုေတာ့အေဝးကေနဒုကၡေပးမယ္လို႔ဆုံးျဖတ္ထားေၾကာင္းေျပာလိုက္သည္။

"မင္းဘာလုပ္မလို႔လဲထယ္ေယာင္း"

"ငါ.. သူမႀကိဳက္တာေတြကိုလုပ္ဖို႔ဆုံးျဖတ္ထားတယ္၊ ေနာက္ၿပီး ငါဝါသနာပါမွန္းမသိပါေနတဲ့ မင္းသားအလုပ္၊ ငါလုပ္မယ္"

"တကယ္ေျပာေနတာလားထယ္ေယာင္း"

"တကယ္ေပါ့ ငါေနာက္ေနတဲ့ပုံေပါက္ေနလို႔လားဂ်ီမင္"

"လုပ္တာကဟုတ္ပါၿပီ လြယ္လြယ္နဲ႕ေတာ့ျဖစ္လာမွာမဟုတ္ဘူးေနာ္  မင္းအမ်ားႀကီးႀကိဳးစားရမွာ
ေဂ်ာင္ကုကိုစိတ္အႏွောင့္အယွက္ေပးခ်င္တာတစ္ခုတည္းနဲ႕ဆိုရင္လဲမလုပ္နဲ႕ ပင္ပန္းတယ္"

"ငါဝါသနာပါပါတယ္ဆိုဟိုေဆာ့ရာ ငါလုပ္မယ္၊ ေဂ်ာင္ကုကိုစိတ္ဒုကၡေပးခ်င္တာေကာ ငါ့ရဲ႕ဝါသနာေၾကာင့္ေကာပဲ ငါလုပ္မယ္"

"ဟုတ္ပါၿပီ ဒါဆိုလဲမင္းသေဘာပဲ
ငါတို႔မွာ အဲ့နယ္ပယ္ကအသိေတြရွိတာမို႔ မင္းစိတ္ပူစရာေတာ့မလိုပါဘူး

ေနာက္ၿပီး ကြာရွင္းဖို႔ကိုေကာ.. ဘယ္လိုတုန္း ေရွ႕ေနနဲ႕ပဲလူပ္မွာလား"

"အင္း သူကလြယ္လြယ္နဲ႕လက္ခံမွာမွမဟုတ္တာ"

"အင္း လုပ္ခ်င္တာေတြအကုန္လုပ္ၿပီးအဆင္ေျပေအာင္ေန၊ အတိတ္ကဟာေတြကိုလဲ သင္ခန္းစာအျဖစ္ထားၿပီး ေမ့သင့္တာေတြကိုေမ့ပစ္လိုက္၊ အဓိကက မင္းေပ်ာ္ေနဖို႔ပဲ၊ ငါတို႔ကုမၸဏီသြားေတာ့မွာမို႔ အဆင္ေျပသလိုသာေန"

"ေက်းဇူး ဂ်ီမင္"

"မလိုတာေတြကို၊ ကဲပါ သြားၿပီ"

"အင္း ဂ႐ုစိုက္သြားၾက"

ဂြၽန္ေဂ်ာင္ကု မင္းလဲမင္းဘဝနဲ႕မင္းဆိုေပမယ့္ မေပ်ာ္႐ႊင္ရပါေစနဲ႕၊ ဒါ..ငါအျဖစ္ခ်င္ဆုံးဆႏၵတစ္ခုပဲ။

လန္းဆန္းသြားေအာင္ေရခ်ိဳးလိုက္ၿပီး စက္ပိတ္ထားေသာဖုန္းအားဖြင့္ၾကည့္လိုက္ခ်ိန္ ေဂ်ာင္ကုဆီက အဝင္ဖုန္းေတြဝင္လာသည္။

"ေတာင္းပန္တာေတြ၊ ထားမသြားဖို႔ေတြပဲေျပာအုံးမယ္မလား မၾကားခ်င္ေတာ့ဘူး၊ မင္းဘာသာခံစားၿပီးေနေနလိုက္"

•
•
•
"အာ့  ေတာင္းပန္ပါတယ္ ထြက္မသြားပါနဲ႕! ငယ္!!"

"ဂြၽန္"

ထိတ္လန့္စြာနိုးထလာမိေတာ့ ပထမဆုံးျမင္ရသည္က ထယ္ေယာင္းကိုမဟုတ္ အင္နာရာတဲ့။

"သတိရလာၿပီလား ေတာ္ေသးတာေပါ့ဂြၽန္ရယ္"

"ငယ္ေကာ ထယ္ေယာင္းဘယ္မွာလဲ?
ေခၚေပး  ေခၚေပးလို႔!"

"စိတ္ေအးေအးထားပါအုံး
ဒဏ္ရာေတြနဲ႕ေလ အရမ္းမလႈပ္ရွားနဲ႕အုံး
ဆရာဝန္ေခၚလိုက္အုံးမယ္"

"ဆရာဝန္မလိုဘူး! ငယ့္ကိုေခၚေပး!  ကင္မ္ထယ္ေယာင္းကိုေခၚေပးလို႔!!

ေခၚေပး! ေခၚေပး! အခုေခၚေပး!!"

စိတ္လြတ္ေနတဲ့လူလိုေအာ္ဟစ္ေနတာေၾကာင့္ နာရာလဲလန့္လာရသည္။
ဆရာဝန္ေတြအျမန္ေျပးေခၚကာ ေအာ္ဟစ္ကာ ငိုေနေသာေဂ်ာင္ကုအား မနည္းခ်ဳပ္တည္းၾကကာ စိတ္ၿငိမ္ေဆးထိုးေပးလိုက္ၾကသည္။
ထိုအခါမွ အနည္းငယ္ၿငိမ္က်သြားေလသည္။
ဒါေပမယ့္ ပါးစပ္ကကင္မ္ထယ္ေယာင္းနာမည္အား႐ြတ္ေနတုန္း။

"ထယ္ေယာင္း  ငါ့ရဲ႕ငယ္ကိုေခၚေပးပါ"

"အင္း ေခၚေပးမွာမို႔ အခုၿငိမ္ၿငိမ္ေလးေနေပးပါေနာ္ ဒဏ္ရာေတြကမသက္သာေသးပါဘူး ၊ အရမ္းလႈပ္ရွားလို႔မျဖစ္ဘူးေလ၊ ေသြးထြက္လြန္ထားတာမို႔အားနည္းေနလိမ့္မယ္"

"ဘာလို႔ ဒီကိုေရာက္ေနရတာလဲ
ငယ့္ေနာက္ကိုလိုက္သြားတာေလ ဘာလို႔.. ဒီေရာက္ေနရတာလဲ"

"ကားတိုက္ခံရလို႔ပါ ဒီကအမ်ိဳးသမီးကေခၚလာေပးတာပါ"

"နာရာ.. ထယ္ေယာင္းနဲ႕ေတြ႕ေသးလား
ဒီကိုလာေသးလား"

"အနားယူလိုက္ပါအုံးဂြၽန္
ထယ္ေယာင္းခဏေနလာပါလိမ့္မယ္"

"အင္းေနာ္ ကြၽန္ေတာ္ဒီလိုျဖစ္ေနရင္ ငယ္ကဒီတိုင္းထားမွာမဟုတ္ပါဘူး ကြၽန္ေတာ့္ကိုလာၾကည့္မွာေပါ့"

"အဲ့တာေၾကာင့္ ထယ္ေယာင္းမလာခင္ေလး ခဏေလာက္အိပ္လိုက္ပါအုံး"

အေျခအေနတည္ၿငိမ္သြားေပမယ့္ ေဂ်ာင္ကုဟာအေပါက္ဝကိုသာၾကည့္လို႔ေနေလသည္။
ဘယ္လိုေတြျဖစ္သြားၾကလဲမသိေပမယ့္ အခုအေျခအေနမွာေရာက္မလာေသာထယ္ေယာင္းအား သူမအျမင္ကတ္မိပါသည္။

ေဂ်ာင္ကုဆီကဖုန္းဝင္လာေတာ့ သူမေပ်ာ္သြားေပမယ့္ တစ္ဖက္ကေဂ်ာင္ကုမဟုတ္ပဲ ဖုန္းပိုင္ရွင္ကားတိုက္ခံထားရသည္ဆိုတာေၾကာင့္ အျမန္အဆန္ပင္ေဆး႐ုံသို႔ထြက္လာလိုက္တာ။
ျမင္လိုက္ရေတာ့ ေခါင္းမွာပတ္တီးအေဖြးသား၊ မ်က္ႏွာေခ်ာေခ်ာထက္၌လဲပြန္းပဲရာေတြနဲ႕၊ ေျခေထာက္လဲက်ိဳးသြားေသးသည္တဲ့။

ကင္မ္ထယ္ေယာင္းကေတာ့အခုထက္ထိကိုေပၚမလာေသး၊ ငါ့ေၾကာင့္ပဲျပသနာေတြမ်ားသြားၾကသလား။ အို ... အဲ့တာေတြထားပါ၊ အခုအေျခအေနကေတာ့ငါ့လက္ထဲမွာပဲ၊ ငါသာဒီအေျခအေနကိုေသခ်ာဆုပ္ကိုင္နိုင္ရင္ ဂြၽန္ကငါ့အပိုင္ျဖစ္လာလိမ့္မယ္။
(ေအာ္.. ဒီဂဏန္းမလဲေနာ္ ေတာ္ေတာ္ျဖစ္ေနတာပါ အီးသာေကြၽးခ်င္ေတာ့တယ္)

°
°
"ဂ်ီမင္.. ငါေလ နိုင္ငံျခားမွာအႏုပညာနဲ႕ပက္သတ္တာသြားသင္ရင္ေကာင္းမလား"

ညေရာက္ေတာ့ ဂ်ီမင္နဲ႕အတူထမင္းစားေနရင္း စကားစမိလိုက္သည္။

"မင္းအဲ့လိုလုပ္ခ်င္တယ္မလား ဒါဆိုလုပ္ေပါ့"

"ဒါေပမယ့္.. သြားဖို႔အတြက္က"

"ပူမေနနဲ႕ မင္းမွာငါနဲ႕ဟိုေဆာ့ရွိတာေမ့ေနၿပီလား ငါတို႔ကကုမၸဏီတစ္ခုလုံးပိုင္တယ္ဆိုတာသိတယ္ေနာ္"

"ငါမင္းတို႔ကို အားနာလွၿပီ"

"က်စ္  ေျပာစရာလူေတြမဟုတ္ဘူးထယ္ေယာင္း မင္းကငါတို႔ႏွစ္ေယာက္အတြက္ဘယ္ေလာက္အဖိုးတန္လဲမသိဘူးလား
ဒါေပမယ့္ .."

"ဒါေပမယ့္"

"ေအာင္ျမင္သြားရင္ေတာ့ ပိုက္ဆံ၂ဆျပန္ေပးရမယ္ ဟားဟား"

"ေပးရမွာေပါ့ ငါ့သူငယ္ခ်င္းအေကာင္းစားေလးကို ၂ဆမဟုတ္ဘူး ၃ဆေပးမယ္"

"ၾကည့္ၾကေသးတာေပါ့ကြာ"

"ေက်းဇူးပါေနာ္ ငါမင္းတို႔ကိုဘယ္လိုေက်းဇူးဆပ္ရမွန္းေတာင္မသိပါဘူး"

"ငါတို႔အတြက္မင္းေက်းဇူးေတြမလိုတာသိတယ္မလား မင္းေပ်ာ္ေနဖို႔ပဲအဓိက၊ ဒါေၾကာင့္က်န္တာေတြကိုေတြးပူမေနနဲ႕၊
မင္းလုပ္ခ်င္တာ မင္းျဖစ္ခ်င္တဲ့အရာေတြကိုအကုန္ျဖစ္ေအာင္လုပ္ၿပီး ဘဝအသစ္တစ္ခုမွာေပ်ာ္ေအာင္ေနေပး ဒါငါတို႔အျဖစ္ခ်င္ဆုံးဆႏၵပဲ"

"အင္းး ငါႀကိဳးစားမွာပါ"

"ဘယ္ေတာ့သြားမလဲ စီစဥ္ေပးမယ္ေလ"

"ေနာက္တစ္ပတ္ေလာက္ေနရင္သြားခ်င္တယ္
ငါဒီ​ကေနအျမန္ဆုံးသြားခ်င္တာ"

"အင္း ငါစီစဥ္ေပးထားမယ္ ေက်ာင္းေတြစုံစမ္းထား"

"အင္း"

တစ္ပတ္အေတာအတြင္းအကုန္စီစဥ္ၿပီးေတာ့ အိမ္မက္တစ္ခုကိုလက္ကိုင္ထားကာ နိုင္ငံရပ္ျခားသို႔ပညာသင္ထြက္သြားေလသည္။
ေအာင္ျမင္မႈေတြနဲ႕ျပန္လာခဲ့မယ္ ငါ့ရဲ႕ေမြးရပ္ေျမ။

တစ္ပတ္အတြင္း ေခ်ာင္က်သြားေသာမ်က္ႏွာရယ္၊ ညိုမဲေနေသာမ်က္ကြင္းေတြရယ္၊ ေဆး႐ုံထက္ကလူတစ္ေယာက္ရဲ႕ပုံစံဟာ ျမင္ရက္စရာမရွိပါေပ။
ထယ္ေယာင္းကိုသာရွာေနေသာ၊ ေခၚေပးရန္တသြင္သြင္ေျပာေနေသာေဂ်ာင္ကုအား နာရာဘယ္အခ်ိန္ထိသည္းခံနိုင္မည္နည္း။


bunnybear_75

Comment