13*

Unicode

မနေ့ထဲကပြီးရမယ့် ဓာတ်ပုံရိုက်ခြင်းဟာ ထယ်ယောင်းရဲ့အာရုံပျံ့နေမှုကြောင့်မပြီးလိုက်၊ ထို့ကြောင့်ဒီနေ့ဆက်ရိုက်ရသည်။
နှုတ်ခမ်းနီကြော်ငြာတာကြောင့် ဆွဲဆောင်မှုရှိအောင်ရိုက်ရသည်။ ရင်ဘတ်အနည်းငယ်လစ်ဟပြတာမျိုးပေါ့၊ မော်ဒယ်မလေးကလဲ နှုတ်ခမ်းအရောင်တောက်တောက်နဲ့ ခပ်မိုက်မိုက်ပုံစံလေးဝတ်ထားသည်။

"ထယ်ယောင်း ကြယ်သီးတွေအကုန်ဖြုတ်လိုက်ပါလား"

"ဗျာ!"

"အဲ့တာဆိုပိုမိုက်သွားမယ်"

"အဲ့တာက.. ဟို.. မဖြစ်ဘူးဗျ"

"ဘာဖြစ်လို့လဲ ၂ပုံလောက်ပဲရိုက်မှာပါ
ဆွဲဆောင်မှုအားပြင်းပြင်းလေးပေါ့"

"မဖြစ်လို့ပါ တောင်းပန်ပါတယ်"

"မဟုတ်သေးပါဘူး မနေ့ထဲကအခုထိပြောရတာအဆင်မပြေဘူး ထယ်ယောင်းကဘယ်လိုဖြစ်ချင်နေတာလဲ အခုမှနာမည်ကရကာစနော်၊ ဒါမျိုးတွေနဲ့ဆွဲဆောင်ရမှာလေ
အပေါ်ပိုင်းလေးပြတာလောက်နဲ့တော့ ဘာမှဖြစ်မသွားပါဘူး"

ကင်မရာသမား၏ လွန်ကြူးလာသောစကားတွေကြောင့် တစ်ချို့ဝန်ထမ်းတွေမျက်မှောင်ကြုံ့ကုန်ကြသည်။ ဘယ်လိုတောင်အဓိပ္ပါယ်မရှိလိုက်လဲ၊ အောင်မြင်ဖို့ ဖော်ချွတ်နေရမှာလား၊ သောက်ချီးပဲ။
ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ကြယ်သီးအကုန်မချွတ်ပြနိုင်တာပါ၊ ဒီလူ့စကားကတော့တော်တော်လွန်တယ်၊ မဟုတ်မခံစိတ်လေးဖြစ်လာတော့ ထယ်ယောင်းပြန်ပြောဖို့ပြင်လိုက်စဥ်..

"ဒီမှာ!  ဖော်ချွတ်နေမှအောင်မြင်မှာလား
ဒါဆို ခင်ဗျားလဲ ရိုက်ကွင်းလာရင်ဘာမှဝတ်မလာနဲ့လေ ပိုအောင်မြင်အောင်လို့၊ ဒါပေမယ့်.. ခင်ဗျားရုပ်နဲ့ဆို  ခွေးတောင်လှည့်မဟောင်လောက်ဘူး  ဟက်"

ဂျွန်ဂျောင်ဂုပြောဆိုလိုက်မှုကြောင့် ကျွန်တော်ပြောမှာတောင်လေထဲမှာပျောက်သွားရသည်။
ဟိုဓာတ်ပုံဆရာလဲမျက်နှာကြီးနီလာပြီး အတော်ဒေါသထွက်နေဟန် ..

"မင်းး ဘာပြောတယ်!"

"နားမကောင်းဘူးလား  ပြန်ပြောပေးရအုံးမလား"

"တောက်!! မင်းရိုင်းလှချည်လား"

"ခင်ဗျားကကော တစ်ဖက်လူကို ဒီလိုလူအများရှေ့မှာပြောဆိုနေတာကျ သိပ်ကိုယဥ်ကျေးနေတယ်ပေါ့? နှုတ်ခမ်းနီကြော်ငြာတာလေ  အရမ်းဆွဲဆောင်မှုရှိတာတွေကိုပြချင်နေတယ်ဆိုရင်လဲ အပြာမော်ဒယ်တွေကိုသွားရိုက်ပေးလိုက်"

"ငါဆက်မလုပ်နိုင်ဘူး!"

"ဘယ်သူကကောဆက်လုပ်ခိုင်းနေမယ်ပြောလဲ ထွက်သွားလိုက်တော့"

"ငါ့ရသင့်ငွေကကော!"

"ဟက်! 
ရော့.. နှစ်ဆပေးလိုက်တယ်
ဒီငွေတွေနဲ့ အရင်ဆုံးခင်ဗျားရဲ့စိတ်တွေကိုသန့်စင်အောင်ပြုပြင်လိုက်"

ငွေကိုတော့ရအောင်ယူသွားသေးတာ၊ တကယ်စိတ်ပျက်စရာ၊ အဆင့်ကိုမရှိဘူး။

ထိုလူထွက်သွားတော့ ဓာတ်ပုံရိုက်ပေးဖို့ကလူရှာရတော့မည်၊ အခုဘယ်လိုဆက်လုပ်ကြမည်နည်း၊ ရိုက်ကွင်းကဒီနေ့ရပ်မှာလား၊ ဆက်လုပ်မှာလား။

ဂျောင်ဂုကတော့ တစ်ဖက်ကသူဌေးနှင့်စကားပြောနေပြီး ခဏအကြာ ကင်မရာကိုလာကိုင်လေသည်။
သူရိုက်ပေးမလို့တော့မဟုတ်လောက်ပါဘူးနော်။

"ဓာတ်ပုံဆရာက ချက်ချင်းကြီးခေါ်ဖို့ကခက်မှာ၊ အဲ့တာကြောင့် အခုကျွန်တော်ကဆက်ရိုက်ပေးမှာမို့ postပေးလို့ရပါပြီ"

ခဏတော့ထယ်ယောင်းကြောင်သွားရသည်။ နောက်မှသတိကပ်ကာ postလုပ်နေရပေမယ့် ရင်တွေတုန်နေလေသည်။
ဘာလို့လဲ ရှက်နေတာလား၊ မဟုတ်ပါဘူး ငါဘာလို့ရှက်ရမှာလဲ၊ သူကဘာမို့လို့လဲ။

ကင်မရာကိုလဲမကြည့်နိုင်ပဲဖြစ်နေတော့
ဂျောင်ဂုက..

"ထယ်ယောင်းက ဒီကိုကြည့်ပေးပါလား
အဲ့တာဆိုပိုကောင်းသွားမှာ"

"အင်း"

ကင်မရာတည့်တည့်လှမ်းကြည့်ရတာက သူနဲ့အကြည့်ချင်းဆုံနေသလိုခံစားနေရတော့ ဘာကြောင့်မှန်းမသိ အနေရခက်လှသည်။
ဟိုလူရိုက်ပေးတုန်းကတောင် အေးအေးလူလူနဲ့ပြီးသွားခဲ့တာကို၊ စိတ်လျှော့ သူကဓာတ်ပုံဆရာ၊ ဟုတ်တယ် ဓာတ်ပုံဆရာ။

ဘာလိုလိုနဲ့ ရိုက်လာလိုက်တာ နေ့လည် ၂နာရီလောက်ကျ ပြီးသွားလေသည်။
စက်ပစ္စည်းတွေသိမ်းနေကြချိန် ထယ်ယောင်းလဲအဝတ်အစားပြန်လဲ မိတ်ကပ်တွေဖျက်ပြီးပြန်ထွက်လာတော့ ဂျောင်ဂုပြန်သွားတာကိုတွေ့လိုက်ရသည်။
အရင်နေ့တွေလိုမလာတော့၊
မလာတော့ဘာအရေးလဲ နားအေးတယ်။

အတွေးတွေရှင်းထုတ်ပြီး အိမ်ပြန်ဖို့သာပြင်လိုက်သည်၊ အပြင်ရောက်တော့ လူအုံနေကြတာကြောင့် ဘာဖြစ်တာလဲဟုစပ်စုရန်သွားကြည့်လိုက်တော့ ဂျောင်ဂု!
မေ့မြောနေသောသူ့အား ဝန်ထမ်းတစ်ယောက်ကလှုပ်နှိုးနေလေသည်။

"ဘာဖြစ်တာလဲ"

"CEOကရုတ်တရက်ကြီးမေ့လဲသွားလို့"

"ဆေးရုံ ပို့ရမယ်လေ
Taxi.. taxi တားလိုက်! အမြန်!!"

ဂျောင်ဂုအားဝန်ထမ်းကောင်လေးတွေကိုမခိုင်းကာ taxiပေါ်သို့တင်ခိုင်းလိုက်သည်။
နောက်တော့ ကျွန်တော်ပဲဆေးရုံကိုပို့ဖို့လိုက်သွားလိုက်တော့သည်။
ဒီတိုင်း.. လူသားချင်းစာနာတာပါ။

ဆေးရုံရောက်တော့ ဆရာဝန်ကစမ်းသပ်ပြီး အားဆေးတစ်လုံးချိတ်ပေးလေသည်။

"လူနာနဲ့ဘာတော်လဲ"

"ဟို..  မိတ် ဆွေတွေပါ"

"သူ့မိသားစုတွေရှိလား"

"မ ရှိ ဘူး"

"ခက်တော့နေပါပြီ ဒါဆိုခင်ဗျားကသူ့မိတ်ဆွေဆိုတော့ နည်းနည်းဂရုစိုက်လိုက်ပါအုံး လူနာကအတော်အားနည်းနေတယ်၊ အိပ်ရေးလဲမမှန်ဘူး၊ အစားသေချာမစားဘူးထင်တယ် နောက်ပြီး အရက်တွေပဲသောက်နေပုံရတယ်၊ အဲ့လိုဆက်လုပ်နေရင် အစာအိမ်ပြသနာတွေဖြစ်လာလိမ့်မယ် အရက်ကြောင့်လဲ အသည်းလဲထိခိုက်နိုင်တယ် ဒါဆိုရင်တော့ လူနာကအားနည်းနေတာနဲ့ အခြေအနေတွေဆိုးသွားလိမ့်မယ်၊
အခုကတော့ အားနည်းနေရုံပဲမို့စိုးရိမ်စရာသိပ်မရှိပေမယ့် ကြာလာရင်တော့ ကျွန်တော်ပြောသလိုဖြစ်လာလိမ့်မယ် ဂရုစိုက်လိုက်ပါအုံး၊ ဒီဆေးကုန်သွားရင် ကျွန်တော့်ကိုလာခေါ်လိုက်ပါ"

"ဟုတ်ကဲ့ဆရာ"

"ခွင့်ပြုပါအုံး"

ခေါင်းအသာငြိမ့်ပြလိုက်ပြီး ကုတင်ပေါ်၌ ဖြူဖျော့နေသောသူ့အားကြည့်ကာ သက်ပြင်းချမိသည်။ ထားခဲ့လိုက်ပြန်ရင်လဲ ဟင်းး မဖြစ်သေး၊ ဘာကြောင့်များ အစားမစား၊ အရက်သောက်ပြီးနေနေရတာလဲ အခုလိုတွေဖြစ်အောင်ထိ၊ မင်းဟာလေ သိပ်ကိုရူးတာပဲ။

ကုတင်ဘေးကခုံ၌ထိုင်ကာ မနက်ထဲကဖြူဖျော့နေသောသူ့ကိုပြန်မြင်ယောင်လာသည်။
မင်းပဲအရမ်းတွေခံစားနေရတဲ့သူလိုမလုပ်ပါနဲ့လားဂျောင်ဂုရယ်၊ ငါ့မှာမင်းကိုယုံကြည်ဖို့အားမရှိသေးဘူး၊ ငါဘယ်လောက်အထိဒုက္ခတွေများခဲ့ရသလဲဆို မင်းနဲ့အတူရှိနေတုန်းရော မင်းနဲ့ခွဲခွာပြီးချိန်ရောပဲ။

အဆိုးထဲကအကောင်းလို့တွေးပြီး ငါ့ဘဝကိုတောက်ပအောင်လုပ်ပြီးရှင်သန်နေတာ၊ မင်းကကောဘယ်လိုတွေရှင်သန်နေတာလဲ၊ နောက်ဘဝကိုကူးသွားဖို့များလုပ်နေတာလား ဂျောင်ကု။

"ငယ်~ ငယ်~"

မျက်လုံးမဖွင့်ပါပဲ သွေးရောင်မရှိသောနှုတ်ခမ်းတွေကနေ မပွင့်တစ်ပွင့်အသံနှင့် ငယ်ဟုခေါ်ကာ မျက်ရည်များနှင့်ဂျောင်ဂု။

"မသွား ပါ နဲ့~ မထားခဲ့ ပါ နဲ့~
ကို  ရူးတော့မယ်ငယ်~"

မျက်လုံးတော့ပွင့်မလာ ဒါပေမယ့် ထားမသွားဖို့တွေတတွတ်တွတ်ပြောပြီး ရှိုက်သံတွေကပိုမိုကျယ်လောင်လာလေသည်။
အသက်ရှူတာလဲပြင်းလာပြီး ခက်ခက်ခဲခဲအသက်ရှူနေရတဲ့ပုံစံဖြစ်လာတာကြောင့် ထယ်ယောင်းလန့်လာရသည်။

"ဂျောင်ဂု! ဂျောင်ကု သတိထားအုံးလေ
ဂျောင်ဂု!"

"မသွားပါနဲ့! ငယ်..  ကိုယ့်ရဲ့ငယ် "

"မသွားဘူး ဘယ်မှမသွားဘူးမို့ စိတ်လျှော့ပါအုံး"

ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး ဆံပင်တွေကိုသပ်ပေးကာ ရင်ဘတ်ကိုခပ်ဖွဖွပုတ်ပေးနေလိုက်သည်။
မျက်လုံးအနည်းငယ်ပွင့်လာပြီး ထယ်ယောင်းအားသေချာကြည့်ကာ..

"ကိုယ့်ရဲ့ငယ်  ထားမသွားပါနဲ့.. နော်"

တစ်ဖန်ပြန်ငြိမ်သက်သွားသောဂျောင်ဂု။
မငြိမ်သက်နိုင်သူကထယ်ယောင်းပင်၊ ဒီပုံစံနဲ့ဂျောင်ဂုကိုမြင်ရတာ တကယ်စိတ်မကောင်းဘူး၊ ငါမင်းကိုမုန်းတယ်လေဂျောင်ဂု၊ မင်းအရင်ပုံစံအတိုင်း အသစ်တွဲလိုက်ပါလား၊ ငါ့ကိုအခုလိုအခက်တွေ့အောင်လုပ်နေတော့မှာလား ဂျောင်ဂုရဲ့။

ဂျောင်ဂုအိမ်မက်ထဲဝယ် သူဟာထယ်ယောင်းကိုဖမ်းဆုပ်လို့မရခဲ့ပါ။
ထယ်ယောင်းကလဲတစ်ယောက်တည်းမဟုတ်ပါ။



bunnybear_75




Zawgyi



မေန႕ထဲကၿပီးရမယ့္ ဓာတ္ပုံရိုက္ျခင္းဟာ ထယ္ေယာင္းရဲ႕အာ႐ုံပ်ံ့ေနမႈေၾကာင့္မၿပီးလိုက္၊ ထို႔ေၾကာင့္ဒီေန႕ဆက္ရိုက္ရသည္။
ႏႈတ္ခမ္းနီေၾကာ္ျငာတာေၾကာင့္ ဆြဲေဆာင္မႈရွိေအာင္ရိုက္ရသည္။ ရင္ဘတ္အနည္းငယ္လစ္ဟျပတာမ်ိဳးေပါ့၊ ေမာ္ဒယ္မေလးကလဲ ႏႈတ္ခမ္းအေရာင္ေတာက္ေတာက္နဲ႕ ခပ္မိုက္မိုက္ပုံစံေလးဝတ္ထားသည္။

"ထယ္ေယာင္း ၾကယ္သီးေတြအကုန္ျဖဳတ္လိုက္ပါလား"

"ဗ်ာ!"

"အဲ့တာဆိုပိုမိုက္သြားမယ္"

"အဲ့တာက.. ဟို.. မျဖစ္ဘူးဗ်"

"ဘာျဖစ္လို႔လဲ ၂ပုံေလာက္ပဲရိုက္မွာပါ
ဆြဲေဆာင္မႈအားျပင္းျပင္းေလးေပါ့"

"မျဖစ္လို႔ပါ ေတာင္းပန္ပါတယ္"

"မဟုတ္ေသးပါဘူး မေန႕ထဲကအခုထိေျပာရတာအဆင္မေျပဘူး ထယ္ေယာင္းကဘယ္လိုျဖစ္ခ်င္ေနတာလဲ အခုမွနာမည္ကရကာစေနာ္၊ ဒါမ်ိဳးေတြနဲ႕ဆြဲေဆာင္ရမွာေလ
အေပၚပိုင္းေလးျပတာေလာက္နဲ႕ေတာ့ ဘာမွျဖစ္မသြားပါဘူး"

ကင္မရာသမား၏ လြန္ၾကဴးလာေသာစကားေတြေၾကာင့္ တစ္ခ်ိဳ႕ဝန္ထမ္းေတြမ်က္ေမွာင္ႀကဳံ႕ကုန္ၾကသည္။ ဘယ္လိုေတာင္အဓိပၸါယ္မရွိလိုက္လဲ၊ ေအာင္ျမင္ဖို႔ ေဖာ္ခြၽတ္ေနရမွာလား၊ ေသာက္ခ်ီးပဲ။
ကိုယ့္အေၾကာင္းႏွင့္ကိုယ္ဖို႔ ၾကယ္သီးအကုန္မခြၽတ္ျပနိုင္တာပါ၊ ဒီလူ႕စကားကေတာ့ေတာ္ေတာ္လြန္တယ္၊ မဟုတ္မခံစိတ္ေလးျဖစ္လာေတာ့ ထယ္ေယာင္းျပန္ေျပာဖို႔ျပင္လိုက္စဥ္..

"ဒီမွာ!  ေဖာ္ခြၽတ္ေနမွေအာင္ျမင္မွာလား
ဒါဆို ခင္ဗ်ားလဲ ရိုက္ကြင္းလာရင္ဘာမွဝတ္မလာနဲ႕ေလ ပိုေအာင္ျမင္ေအာင္လို႔၊ ဒါေပမယ့္... ခင္ဗ်ား႐ုပ္နဲ႕ဆို  ေခြးေတာင္လွည့္မေဟာင္ေလာက္ဘူး  ဟက္"

ဂြၽန္ေဂ်ာင္ကုေျပာဆိုလိုက္မႈေၾကာင့္ ကြၽန္ေတာ္ေျပာမွာေတာင္ေလထဲမွာေပ်ာက္သြားရသည္။
ဟိုဓာတ္ပုံဆရာလဲမ်က္ႏွာႀကီးနီလာၿပီး အေတာ္ေဒါသထြက္ေနဟန္ ..

"မင္းး ဘာေျပာတယ္!"

"နားမေကာင္းဘူးလား  ျပန္ေျပာေပးရအုံးမလား"

"ေတာက္!! မင္းရိုင္းလွခ်ည္လား"

"ခင္ဗ်ားကေကာ တစ္ဖက္လူကို ဒီလိုလူအမ်ားေရွ႕မွာေျပာဆိုေနတာက် သိပ္ကိုယဥ္ေက်းေနတယ္ေပါ့? ႏႈတ္ခမ္းနီေၾကာ္ျငာတာေလ  အရမ္းဆြဲေဆာင္မႈရွိတာေတြကိုျပခ်င္ေနတယ္ဆိုရင္လဲ အျပာေမာ္ဒယ္ေတြကိုသြားရိုက္ေပးလိုက္"

"ငါဆက္မလုပ္နိုင္ဘူး!"

"ဘယ္သူကေကာဆက္လုပ္ခိုင္းေနမယ္ေျပာလဲ ထြက္သြားလိုက္ေတာ့"

"ငါ့ရသင့္ေငြကေကာ!"

"ဟက္! 
ေရာ့.. ႏွစ္ဆေပးလိုက္တယ္
ဒီေငြေတြနဲ႕ အရင္ဆုံးခင္ဗ်ားရဲ႕စိတ္ေတြကိုသန့္စင္ေအာင္ျပဳျပင္လိုက္"

ေငြကိုေတာ့ရေအာင္ယူသြားေသးတာ၊ တကယ္စိတ္ပ်က္စရာ၊ အဆင့္ကိုမရွိဘူး။

ထိုလူထြက္သြားေတာ့ ဓာတ္ပုံရိုက္ေပးဖို႔ကလူရွာရေတာ့မည္၊ အခုဘယ္လိုဆက္လုပ္ၾကမည္နည္း၊ ရိုက္ကြင္းကဒီေန႕ရပ္မွာလား၊ ဆက္လုပ္မွာလား။

ေဂ်ာင္ကုကေတာ့ တစ္ဖက္ကသူေဌးႏွင့္စကားေျပာေနၿပီး ခဏအၾကာ ကင္မရာကိုလာကိုင္ေလသည္။
သူရိုက္ေပးမလို႔ေတာ့မဟုတ္ေလာက္ပါဘူးေနာ္။

"ဓာတ္ပုံဆရာကခ်က္ခ်င္းႀကီးေခၚဖို႔ကခက္မွာ၊ အဲ့တာေၾကာင့္ အခုကြၽန္ေတာ္ကဆက္ရိုက္ေပးမွာမို႔ postေပးလို႔ရပါၿပီ"

ခဏေတာ့ထယ္ေယာင္းေၾကာင္သြားရသည္။ ေနာက္မွသတိကပ္ကာ postလုပ္ေနရေပမယ့္ ရင္ေတြတုန္ေနေလသည္။
ဘာလို႔လဲ ရွက္ေနတာလား၊ မဟုတ္ပါဘူး ငါဘာလို႔ရွက္ရမွာလဲ၊ သူကဘာမို႔လို႔လဲ။

ကင္မရာကိုလဲမၾကည့္နိုင္ပဲျဖစ္ေနေတာ့
ေဂ်ာင္ကုက..
"ထယ္ေယာင္းက ဒီကိုၾကည့္ေပးပါလား
အဲ့တာဆိုပိုေကာင္းသြားမွာ"

"အင္း"

ကင္မရာတည့္တည့္လွမ္းၾကည့္ရတာက သူနဲ႕အၾကည့္ခ်င္းဆုံေနသလိုခံစားေနရေတာ့ ဘာေၾကာင့္မွန္းမသိအေနရခက္လွသည္။
ဟိုလူရိုက္ေပးတုန္းကေတာင္ ေအးေအးလူလူနဲ႕ၿပီးသြားခဲ့တာကို၊ စိတ္ေလွ်ာ့ သူကဓာတ္ပုံဆရာ၊ ဟုတ္တယ္ ဓာတ္ပုံဆရာ။

ဘာလိုလိုနဲ႕ ရိုက္လာလိုက္တာ ေန႕လည္ ၂နာရီေလာက္က်ၿပီးသြားေလသည္။
စက္ပစၥည္းေတြသိမ္းေနၾကခ်ိန္ ထယ္ေယာင္းလဲအဝတ္အစားျပန္လဲ မိတ္ကပ္ေတြဖ်က္ၿပီးျပန္ထြက္လာေတာ့ ေဂ်ာင္ကုျပန္သြားတာကိုေတြ႕လိုက္ရသည္။
အရင္ေန႕ေတြလိုမလာေတာ့၊
မလာေတာ့ဘာအေရးလဲ နားေအးတယ္။

အေတြးေတြရွင္းထုတ္ၿပီး အိမ္ျပန္ဖို႔သာျပင္လိုက္သည္၊ အျပင္ေရာက္ေတာ့ လူအုံေနၾကတာေၾကာင့္ ဘာျဖစ္တာလဲဟုစပ္စုရန္သြားၾကည့္လိုက္ေတာ့ ေဂ်ာင္ကု!
ေမ့ေျမာေနေသာသူ႕အား ဝန္ထမ္းတစ္ေယာက္ကလႈပ္ႏွိုးေနေလသည္။

"ဘာျဖစ္တာလဲ"

"CEOက႐ုတ္တရက္ႀကီးေမ့လဲသြားလို႔"

"ေဆး႐ုံ ပို႔ ရမယ္ ေလ
Taxi.. taxi တားလိုက္! အျမန္!!"

ေဂ်ာင္ကုအားဝန္ထမ္းေကာင္ေလးေတြကိုမခိုင္းကာ taxiေပၚသို႔တင္ခိုင္းလိုက္သည္။
ေနာက္ေတာ့ ကြၽန္ေတာ္ပဲေဆး႐ုံကိုပို႔ဖို႔လိုက္သြားလိုက္ေတာ့သည္။
ဒီတိုင္း.. လူသားခ်င္းစာနာတာပါ။

ေဆး႐ုံေရာက္ေတာ့ ဆရာဝန္ကစမ္းသပ္ၿပီး အားေဆးတစ္လုံးခ်ိတ္ေပးေလသည္။

"လူနာနဲ႕ဘာေတာ္လဲ"

"ဟို..  မိတ္ ေဆြေတြပါ"

"သူ႕မိသားစုေတြရွိလား"

"မ ရွိ ဘူး"

"ခက္ေတာ့ေနပါၿပီ ဒါဆိုခင္ဗ်ားကသူ႕မိတ္ေဆြဆိုေတာ့ နည္းနည္းဂ႐ုစိုက္လိုက္ပါအုံး လူနာကအေတာ္အားနည္းေနတယ္၊ အိပ္ေရးလဲမမွန္ဘူး၊ အစားေသခ်ာမစားဘူးထင္တယ္ ေနာက္ၿပီး အရက္ေတြပဲေသာက္ေနပုံရတယ္၊ အဲ့လိုဆက္လုပ္ေနရင္ အစာအိမ္ျပသနာေတြျဖစ္လာလိမ့္မယ္ အရက္ေၾကာင့္လဲအသည္းလဲထိခိုက္နိုင္တယ္ ဒါဆိုရင္ေတာ့ လူနာကအားနည္းေနတာနဲ႕ အေျခအေနေတြဆိုးသြားလိမ့္မယ္၊
အခုကေတာ့ အားနည္းေန႐ုံပဲမို႔စိုးရိမ္စရာသိပ္မရွိေပမယ့္ ၾကာလာရင္ေတာ့ ကြၽန္ေတာ္ေျပာသလိုျဖစ္လာလိမ့္မယ္ ဂ႐ုစိုက္လိုက္ပါအုံး၊ ဒီေဆးကုန္သြားရင္ ကြၽန္ေတာ့္ကိုလာေခၚလိုက္ပါ"

"ဟုတ္ကဲ့ဆရာ"

"ခြင့္ျပဳပါအုံး"

ေခါင္းအသာၿငိမ့္ျပလိုက္ၿပီး ကုတင္ေပၚ၌ ျဖဴေဖ်ာ့ေနေသာသူ႕အားၾကည့္ကာ သက္ျပင္းခ်မိသည္။ ထားခဲ့လိုက္ျပန္ရင္လဲ ဟင္းး မျဖစ္ေသး၊ ဘာေၾကာင့္မ်ား အစားမစားပဲေနေနရတာလဲ အခုလိုေတြျဖစ္ေအာင္ထိ၊ မင္းဟာေလ သိပ္ကို႐ူးတာပဲ။

ကုတင္ေဘးကခုံ၌ထိုင္ကာ မနက္ထဲကျဖဴေဖ်ာ့ေနေသာသူ႕ကိုျပန္ျမင္ေယာင္လာသည္။
မင္းပဲအရမ္းေတြခံစားေနရတဲ့သူလိုမလုပ္ပါနဲ႕လားေဂ်ာင္ကုရယ္၊ ငါ့မွာမင္းကိုယုံၾကည္ဖို႔အားမရွိေသးဘူး၊ ငါဘယ္ေလာက္အထိဒုကၡေတြမ်ားခဲ့ရသလဲဆို မင္းနဲ႕အတူရွိေနတုန္းေရာ မင္းနဲ႕ခြဲခြာၿပီးခ်ိန္ေရာပဲ၊

အဆိုးထဲကအေကာင္းလို႔ေတြးၿပီး ငါ့ဘဝကိုေတာက္ပေအာင္လုပ္ၿပီးရွင္သန္ေနတာ၊ မင္းကေကာဘယ္လိုေတြရွင္သန္ေနတာလဲ၊ ေနာက္ဘဝကိုကူးသြားဖို႔မ်ားလုပ္ေနတာလား ေဂ်ာင္ကု။

"ငယ္~~ ငယ္~~"

မ်က္လုံးမဖြင့္ပါပဲ ေသြးေရာင္မရွိေသာႏႈတ္ခမ္းေတြကေန မပြင့္တစ္ပြင့္အသံႏွင့္ ငယ္ဟုေခၚကာ မ်က္ရည္မ်ားႏွင့္ေဂ်ာင္ကု။

"မသြား ပါ နဲ႕~~ မထားခဲ့ ပါ နဲ႕~~
ကို  ႐ူးေတာ့မယ္ငယ္~"

မ်က္လုံးေတာ့ပြင့္မလာ ဒါေပမယ့္ ထားမသြားဖို႔ေတြတတြတ္တြတ္ေျပာၿပီး ရွိုက္သံေတြကပိုမိုက်ယ္ေလာင္လာေလသည္။
အသက္ရႉတာလဲျပင္းလာၿပီး ခက္ခက္ခဲခဲအသက္ရႉေနရတဲ့ပုံစံျဖစ္လာတာေၾကာင့္ ထယ္ေယာင္းလန့္လာရသည္။

"ေဂ်ာင္ကု! ေဂ်ာင္ကု သတိထားအုံးေလ
ေဂ်ာင္ကု!"

"မသြားပါနဲ႕! ငယ္..  ကိုယ့္ရဲ႕ငယ္ "

"မသြားဘူး ဘယ္မွမသြားဘူးမို႔ စိတ္ေလွ်ာ့ပါအုံး"

ပါးျပင္ေပၚကမ်က္ရည္ေတြကိုသုတ္ေပးလိုက္ၿပီး ဆံပင္ေတြကိုသပ္ေပးကာ ရင္ဘတ္ကိုခပ္ဖြဖြပုတ္ေပးေနလိုက္သည္။
မ်က္လုံးအနည္းငယ္ပြင့္လာၿပီး ထယ္ေယာင္းအားေသခ်ာၾကည့္ကာ
"ကိုယ့္ရဲ႕ငယ္  ထားမသြားပါနဲ႕ေနာ္"

တစ္ဖန္ျပန္ၿငိမ္သက္သြားေသာေဂ်ာင္ကု။
မၿငိမ္သက္နိုင္သူကထယ္ေယာင္းပင္၊ ဒီပုံစံနဲ႕ေဂ်ာင္ကုကိုျမင္ရတာ တကယ္စိတ္မေကာင္းဘူး၊ ငါမင္းကိုမုန္းတယ္ေလေဂ်ာင္ကု၊ မင္းအရင္ပုံစံအတိုင္းအသစ္တြဲလိုက္ပါလား၊ ငါ့ကိုအခုလိုအခက္ေတြ႕ေအာင္လုပ္ေနေတာ့မွာလား ေဂ်ာင္ကုရဲ႕။

ေဂ်ာင္ကုအိမ္မက္ထဲဝယ္ သူဟာထယ္ေယာင္းကိုဖမ္းဆုပ္လို႔မရခဲ့ပါ။
ထယ္ေယာင္းကလဲတစ္ေယာက္တည္းမဟုတ္ပါ။




bunnybear_75

Comment