Part-(34.1)

ေမာင္ မသိခဲ့ဘူး
ေမာင္ ကပိုင္တယ္လို႔ ေျပာခဲ့တဲ့သူက
ေမာင့္ရဲ႕ စိတ္ဝိဉာဥ္ ခနၶာ အားလံုး ကို ပိုင္ဆိုင္ၿပီးသားျဖစ္ေနတယ္ဆိုတာ

ေမာင္မသိခဲ့ဘူး
မရစ္ပတ္ေအာင္ ေနခဲ့တဲ့ ႀကိဳးေတြက ေမွာ္ဝင္ေနခဲ့ သလို ေမာင့္ ကို တုတ္ေႏွာင္ထား ေနၿပီဆိုတာ

ေမာင္မသိခဲ့ဘူး
မေတာ္တဆ ေျခ ခ်မိခဲ့တဲ့ ႏြံ ေသးေသးေလး က ေမာင့္ကိုျပန္လမ္းမဲ့ သြားခဲ့ ၿပီဆိုတာ

.... ..... ..... ..... ..... ..... ..... ..... .....

အခန္းတံခါးကို ဖြင့္ ဝင္လိုက္ေတာ့ မဟူရာေရာင္ အခန္းႀကီးထဲမွာ တစ္စံုတစ္ေယာက္ေသာ သူက ႐ွိမေန

အဝတ္အစားေတြကို လဲလိုက္ၿပီး ေမာင္ထြက္လာေတာ့ လည္း တစ္စံုတစ္ေယာက္က အခန္းထဲကို ေရာက္မလာခဲ့ျပန္ဘူး
ေရာက္မလာခဲ့ သူက မလာခဲ့ေတာ့
ေမာင္ပဲ ေမာင့္ပိုင္ဆိုင္မႈ ေလး ႐ွိရာကို သြားရေတာ့မည္။
လသာေဆာင္ အခန္းထဲ ဝင္လာေတာ့ Jeon Jimin ကဆိုဖာေပၚတြင္ထိုင္လ်ွက္ တစ္ေနရာကို စူးစိုက္ၿပီးၾကည့္ ေနခဲ့သည္။
ေမာင္ မ်က္ဝန္းေတြ ကို မွိတ္ကာ သက္ျပင္းခ်လိုက္ရင္း ျဖည္းျဖည္း ေလ်ွာက္သြားလိုက္ျပီးJeon Jimin ၏ ျမင္လႊာေ႐ွ႕ ပိတ္ရပ္လိုက္မွ အရည္ၾကည္ရစ္သိုင္းေနတဲ့ ေမွးက်ဥ္းက်ဥ္း မ်က္ဝန္းတစ္စံု က ေမာ္ၾကည့္လာသည္။

"ေမာင္"

"အဆင္ မေျပတာတစ္ခုခု႐ွိလို႔ လား"

ပန္းေရာင္ေျပးေနတဲ့ ပါးမို႔မို႔ေလး ေတြအား ေမာင္က လက္မႏွင့္ ဖိပြတ္ရင္းေမးလာသည္။

"ေမာင္ ငါ့ကို ဘာလို႔ မခ်စ္တာလဲ"

"....."

"ငါက... ငါက မင္းအတြက္ အစားထိုးခံ မဟုတ္လားေမာင္"

ပါးႏုႏုေလးေတြေပၚလႈတ္႐ွားေနေသာ ေမာင့္ လက္ေတြက ရပ္တန္႔သြားရကာ မ်က္ခံုးေတြ ကတြန္႔ခ်ိဳးလာရသည္။
သည္ေမးခြန္း ဘာျဖစ္လို႔ ေမးတာလဲ
Jeon Jimin ကသူ႔ကို ခ်စ္ဖို႔ပဲ သိတဲ့ သူေလ
အရင္တုန္းကေရာ အခုေရာ သူ႔ကိုခ်စ္ဖို႔ကလြဲလို႔ဘာဆို ဘာမွမသိခဲ့တဲ့သူ
ဘယ္သူကJeon Jimin စိတ္ကို ေဆးခတ္လိုက္တာလဲ

"ငါ အဆင္ ေျပမေနဘူးေမာင္
ငါ့ကို မခ်စ္ရင္ေတာင္ ငါက မင္းကို ခ်စ္ေပးရင္ ဘဝႀကီးက အဆင္ေျပၿပီလို႔ထင္ခဲ့တာ

ဒါေပမယ္ ့ အစားထိုးခံရတယ္ ဆိုတာႀကီးက ငါ့စိတ္ေတြကို ဂြၽမ္းထိုး ေမွာက္ခံု ျဖစ္သြားသလိုပဲ ငါနာက်င္ရလြန္းလို႔ပါ

ငါတို႔ ကြာ႐ွင္းၾကရေအာင္လားေမာင္"

"Jeon Jimin!!!"

ပခံုးေတြ ကို တင္းတင္းဖိဆုပ္ကာ လႈတ္ယမ္းလိုက္ေတာ့ ခနၶာကိုယ္ေလးကတုန္ကနဲ
မ်က္ဝန္းေတြထဲမွာ... ေမာင့္မ်က္ဝန္းေတြထဲမွာ သူတစ္ခါမွ မေတြ႔ဘူးတဲ့ အရိပ္အေယာင္ေတြ

အရမ္းအနၱရာယ္မ်ားတဲ့ အရိပ္ အေယာင္ေတြကို ေတြ႔လိုက္ရတာမို႔ ဆရာဝန္ေလး အေတာ္ပင္ တုန္လႈတ္သြားရသည္။

"ေျပာ မင္းကို ဘယ္သူေျပာလဲ
ေမာင္က အစားထိုးတယ္ဆိုတာ ကို ဘယ္ေကာင့္ ပါးစပ္က ေျပာလဲ
အ႐ွင္မထားဘူး အကုန္သတ္ပစ္လိုက္မယ္"

ေမာင့္ရဲ႕ ျပင္း႐ွေနတဲ့ အသက္႐ွဴ သံေတြက ဆရာဝန္ေလးကို ဖိႏွိပ္ေနတဲ့ အင္အားႀကီးရပ္ဝန္းတစ္ခုလို အားအင္ေတြမဲ့ေစသည္။

လည္ပင္းဝနားတြင္ တစ္ဆို႔ေနေသာ အရာမ်ားက ယခုခ်ိန္တြင္ေတာ့အလုပ္မျဖစ္ေအာင္ ဟန္႔တားေနၾကပါေသာ္လည္း....

သူေျခတစ္လွမ္းေလာက္ အရဲစြန္႔ၾကည့္မွ လက္႐ွိအေျခအေနကို သူေက်ာ္လႊားႏိုင္လိမ့္မည္။

"ဘယ္သူမွ မေျပာဘူး
ဘယ္သူ႔ကိုမွလည္း အျပစ္တင္ေနစရာမလိုဘူး
ေမာင္.. မင္းငါ့ကို မခ်စ္ဘူးေလကြာ
အဲဒါေၾကာင့္ ငါတို႔...."

"ေတာ္လိုက္ေတာ့! !!မင္းလည္းေမာင့္ကို မခ်စ္ပါဘူး

ဘယ္တုန္းကမွလည္းမခ်စ္ခဲ့ဘူး
ဒါေၾကာင့္ မင္းေမာင့္ကို ခန ခန ထားသြားခဲ့တာ

တုတ္ထား ခ်ည္ထားတာေတာင္မွ လြတ္လမ္းေတြကို အျမဲ႐ွာေနခဲ့တာ
အေသ သတ္ခ်င္ေနခဲ့တာ

မင္းေမာင့္ကို အေသသတ္ဖို႔ျပန္လာခဲ့တာ
Jeon Jung Kook ဆိုတဲ့ ေကာင္ကိုသတ္ဖို႔ မင္းအတြက္ အခ်စ္ဆိုတာ လက္နက္မဟုတ္လား"

"ျဖန္း!!!"

႐ိုက္ခ်က္ေၾကာင့္ လည္ထြက္သြားတဲ့ ေမာင္ က ဆရာဝန္ေလး ဘက္ကို လွည့္မၾကည့္လာခဲ့ေတာ့
ေမး႐ိုးႀကီးေတြသာ ေထာင္ထေနခဲ့သည္။

ဆိုးလိုက္တဲ့ေမာင္ဆိုတာ
တစ္ခုမွ မယံုခဲ့ဘူးဆို လ်ွင္ေတာင္ သူခ်စ္တာေလးေတာ့ ယံုေပးလို႔ အတန္တန္ ေတာင္းဆိုထားခဲ့ပါ လ်ွက္နဲ႔
အထင္မေသးလိုက္ပါနဲ႔ လို႔ ႀကိဳႀကိဳတင္တင္ ခယ ခဲ့ပါလ်ွက္ႏွင့္

"ငါ့အေဖ...အဲဒါ ငါ့အေဖ မဟုတ္လား"

ေမာင္က ခ်က္ခ်င္းလွည့္ၾကည့္လာခဲ့ကာ မလႈတ္မယွက္ သူ႔ကိုစိုက္ၾကည့္ ေနခဲ့ သည္က အသက္မဲ့ေနတဲ့ သူလို

တစ္ခ်ိန္တည္းမွာပင္ ေမာင္မ်က္ဝန္းေတြက သူ႔ကို အသနားခံေနသည့္ အရိပ္အေယာင္ေတြ ေျပာင္းလဲ သြားသလိုပါပဲလား...

ဘာျဖစ္ လို႔လဲ ေမာင္
ဘာျဖစ္လို႔ ငါ့ကို မျငင္းတာလဲ
ေမာင္ေသဆိုေသ ႐ွင္ဆို႐ွင္ ေမာင့္ေစစားရာအတိုင္း ႐ွိေနခဲ့ သူက

ေမာင္ညာေနတာ တစ္ေလာကလံုးသိေနလ်ွင္ေတာင္ သူမ်က္စိစံုမွိတ္ယံုပစ္လိုက္မွာ

ဘာမွမသိနားမလည္သူတစ္ေယာက္လို တံုးအပစ္လိုက္မွာ

အခ်စ္မခံရတာက နာလိုက္တာေမာင္ရယ္

ဆရာဝန္ေလးက သူထိုင္ေနသည့္ေဘးတြင္ ႐ွိေနေသာ စကၠဴဘူးေလးအား ကမ္းေပးလာသည္။
ေမာင္႔လက္ေတြက စကၠဴ ဘူးေလးကို အားမပါစြာဆြဲယူလိုက္ၿပီး တုန္ယင္ေနေသာလက္ေတြကို ထိန္းခ်ဳပ္ကာ ဖြင့္ခ်လိုက္သည္။

သူ သိမ္းဆည္းခြင့္မရခဲ့သည့္ ျပန္မရႏိုင္ေတာ့ေသာ အမွတ္တရပံုရိပ္ ေတြ
ျပံဳးရႊင္ေနတဲ့ဆရာ ျပံဳးရႊင္ေနေသာသူ
သိပ္႐ိုး႐ွင္းခဲ့တာပဲကို

ယခုခ်ိန္မွာ လွခဲ့တဲ့အတိတ္စားမ်က္ႏွာေလးတစ္ခုကေတာင္ အက်ဥ္းတန္လို႔

ဒဏ္ရာေတြကို ဆားေတြသိပ္ခံလိုက္ရတယ္တဲ့လား

မနာပါဘူး မိုးၿပိဳလို႔ အေမွာင္ က်ေတာ့ မည့္ အေျခအေနျဖစ္သြား ရံုပါပဲ
သူမနာေသးပါဘူး

"မင္း ေမာင့္ကို ဘယ္တုန္းကမွ မယံုျကည္ခဲ့ဘူးပဲ"

တိုးညင္းတဲ့ ေရရြတ္သံေလး၏ အဆံုးမွာ
Jeon Jimin က အခန္း၏ တစ္ေနရာတြင္႐ွိေနေသာ စင္ေလးေပၚမွ အပင္မဲ့ အိုးေလးကိုလက္ေသးေသးေတြႏွင့္ လွမ္းထိ လိုက္သည္။

အဖံုးပါေသေသ သပ္သပ္ေလး ဖံုးထားသည့္ အိုးေလးက ပန္းစင္ႀကီးေပၚမွာ သီးျခား ျဖစ္တည္လို႔....

"မင္းဆိုးခဲ့တယ္ေလေမာင္

မင္းအမ်ားႀကီး ဆိုးခဲ့တာ

မင္းဘယ္ေလာက္ဆိဳးဆိဳး ငါအမ်ားႀကီး ယံုေပးႏိုင္ခဲ့တာ

ငါ့အေဖေၾကာင့္ ငါခံစားေနခဲ့ရတယ္လို႔ မင္းထင္လား

ငါကမိဘေတြထက္ လူမွန္းသိတတ္စအရြယ္ကတည္းက မင္းမ်က္ႏွာကိုပဲ ၾကည့္လာခဲ့တဲ့သူပါ

ငါက အစားထိုးခံ မျဖစ္ခ်င္တာ

ငါမင္းကိုေမးမယ္ေမာင္ မင္းစိတ္ထဲမွာ မ႐ွိတဲ့သူတစ္ေယာက္ရဲ႕ အ႐ိုးျပာအိုးကို ႏွစ္ခ်ီၿပီး သိမ္းဆည္းထားမွာတဲ့လား
မင္းကိုသိ သလို

မင္းရဲ႕ အစြဲအလန္းေတြကိုလည္း ငါသိခဲ့တာမို႔
ငါမယံု ရဲေနတာပါ ေမာင္ရယ္"

ေမာင္ သိခဲ့တာေပါ့
Jeon Jimin က ထက္ျမက္လြန္းသည္ဆိုတာ

ဲမသိႏိုင္ခဲ့တာက အခ်ိန္တိုေလးအတြင္း သည္ေလာက္ ကေသာင္းကနင္းဆန္လွတဲ့ မေကာင္းမကန္းရက္စြဲႀကီးက ႀကိဳႀကိဳတင္တင္ ေရာက္လာခဲ့သည္ကိုပဲ

ေမာင္စိတ္ကျပင္ဆင္ထားခဲ့တယ္လို႔ထင္ခဲ့ေသာ္လည္း လက္ေတြ႔မွာေတာ့ ကူကယ္ရာေတြမဲ့လို႔

ယံုေအာင္႐ွင္းမျပေတာ့ပါဘူး
ဘယ္အရာေတြကို မွလည္းသက္ေသမထူခ်င္သလို
ဘယ္ဘုရားကိုမွလည္း မတိုင္တည္ခ်င္ေတာ့

မေကာင္းခဲ့သည့္ အတိတ္ဆိုးဆိုးကလည္း လက္႐ွိကာလမွာ အယံုအၾကည္ မဲ့ေလာက္တဲ့ သက္ေရာက္မႈ ေတြ ရလဒ္ေတြႏွင့္ အဆိုးစာရင္းဝင္ေစျပန္သည္
သည့္အတိုင္းေလးပဲ ျမင္ပါေစေတာ့
သူကလူဆိုးပဲ ထူးၿပီးေတာ့ နာစရာေတြ႐ွိမေနခဲ့

"မင္းထင္ ခ်င္သလိုသာ ထင္လိုက္ေတာ့
မင္းအျမင္မွာေကာင္းရင္ ေမာင္ကေကာင္းတဲ့သူေပါ့

မင္းအျမင္မွာဆိုးေနခဲ့ရင္ ေမာင္ကဆိုးတဲ့သူေပါ့

ေမာင္ ဆိုးဆိုးေကာင္းေကာင္း မင္းသတ္မွတ္ခ်င္သလို သတ္မွတ္လိုက္

တစ္ခုေတာ့႐ွိတယ္ Jeon Jimin မင္းထြက္သြားမယ္ဆို ေမာင္မင္းကို သတ္ၿပီး ေမာင့္အနားမွာ ဆက္ထားဦးမွာပဲ

ေမာင့္ကိုနာ က်င္ေအာင္လုပ္လြန္းတဲ့ မင္းကို တစိမ့္စိမ့္ ထိုင္ၾကည့္ေနမွာ
ေမာင္ေသတဲ့အထိ ၾကည့္ေနမွာ"

"ဘာျဖစ္လို႔လဲ ဒီ႐ုပ္ ဒီခနၶာကိုယ္ မင္းအရမ္းမက္ေမာၿပီး မစြန္႔လြတ္ႏိုင္ ျဖစ္ေနတဲ့ ငါက သိပ္တူေနလို႔ေလ
မင္းရင္ထဲမွာ ႐ွိေနတဲ့သူနဲ႔ သိပ္တူေနလို႔
ခ်စ္လို႔မွ မဟုတ္ဘဲ
မင္း ဆနၵ ေတြအတြက္ ငါက..."

ေမာင့္ရဲ႕ေျခလွမ္းေတြက သိပ္မ်ားမ်ားစားစားမလွမ္းစြာ သူ႔ဆီ ေရာက္လာခဲ့ ၿပီး လက္တစ္ဖက္က ေျမာက္တက္သြားသည္။

"ျဖန္း!"

႐ိုက္ခ်က္သည္ အားမေသးခဲ့ပါ။အရင္းခံမွ အားနည္းေနသူသည္ ေမာင့္ေျခရင္းမွာ ေခြက်သြားရသည္။

ဘာျဖစ္လို႔မ်ား ပါးကမနာဘဲ ရင္ဘတ္ကနာေနရတာလဲ

ကိုယ့္ကို မခ်စ္လို႔႐ိုက္ခံရတာပဲ
ကိုယ့္ကိုယ္ကို မုန္းဖို႔ေကာင္းေအာင္ မဆီမဆိိုင္ေနရာေတြက နာေနခဲ့လိုက္တာမ်ား...

အ႐ိုက္ခံရသူထက္ ႐ိုက္တဲ့သူကလည္း ပိုနာေနခဲ့သည့္ဟန္

ေမာင္က သူ႐ိုက္လိုက္တဲ့လက္ကို ေၾကာင္ေၾကာင္အအႏွင့္တစ္ခ်က္ၾကည့္သည္။

ထို့ေနာက္မ်က္ရည္ေတြႏွင့္ နီရဲေနတဲ့ ေမာင့္မ်က္ဝန္းေတြက သူ႔ကို စိုက္ၾကည့္ေနခဲ့သည္။
ေမာင့္ရင္ဘတ္ထဲမွ ဆိုးဆိုးဝါးဝါးေဝဒနာတစ္ခုက ႏွိပ္စက္လာသည္။တုတ္ဓားလက္နက္ေတြကို ေတာင္ သူစာရင္းထဲ မထည့္ခဲ့ဘူးေလ
ဘယ္လိုေတာင္ ေမာင့္ရာဇဝင္႐ိုင္းရတာလဲ

"ေမာင္နာတယ္ အရမ္းနာတယ္ Jeon Jimin
ေမာင္အရမ္းနာေနတာမို႔ မေျပာပါနဲ႔"

"ေမာင္!"

ေမာင္က ဘာ့ေၾကာင့္ မ်က္ရည္က်ေနရတာလဲ
ဘာ့ေၾကာင့္ နာေနခဲ့ရတာလဲ
အ႐ိုက္ခံခဲ့ရတာသူပါ
မခ်စ္မွမခ်စ္တာ...ဘာျဖစ္လို႔ ေမာင္က ငိုေနရတာလဲ
မင္းမ်က္ရည္ေတြက ငါ့ကို ပိုနာေနျပန္ၿပီေမာင္

လဲက်ေနသည့္ ဆရာဝန္ေလးေ႐ွ႕ ဒူးေထာက္ထိုင္ခ်လာတဲ့
ေမာင့္ႏႈတ္ခမ္းပါးေလးေတြက ထူးထူးျခားျခား ျပံဳးေနခဲ့ျပန္သည္။

မ်က္ရည္ေတြ ၾကားက ျပံဳးေနတဲ့ေမာင့္ပံုစံက ႀကီးႀကီးမားမား တစ္ခုခု ျဖစ္ေတာ့မည့္ အေနအထားပါပဲ
ဆရာဝန္ေလးက ေမာင့္လည္ပင္းမွဆြဲႀကိဳးကို ႐ုတ္တရက္ ဆြဲျဖဳတ္လိုက္ၿပီး

"ငါမင္းကို မခ်စ္ေတာ့ဘူး"

"အင္း...မခ်စ္နဲ႔ေပါ့

ေမာင့္ကို မခ်စ္ေပမယ့္
ေမာင့္ အနားမွာေတာ့ ေနရလိမ့္မယ္ Ji Ji"

Jeon Jimin ကေျပာင္းလဲလြယ္လိုက္တာ
ေမာင့္ကို မခ်စ္ေတာ့ဘူးတဲ့

"မင္း ဘာလုပ္"

လည္ပင္းဆီမွ စစ္ကနဲ ခံစားလိုက္ရကာ အားအင္းေတြမ႐ွိေတာ့သလိုခံစားလိုက္ရသည္။ လဲက်ေတာ့မည့္ ခနၶာကိုယ္ေလးကို ေမာင္က ရင္ခြင္ထဲ သိမ္းေပြ႔ထားၿပီး

"Jeon Jimin မင္းၾကားေနတယ္ဆိုတာ ေမာင္သိတယ္

မင္းေျပာသလိုပဲ ေမာင္က မင္းကို အရမ္းမက္ေမာတယ္

ေမာင့္မွာ မင္းပဲ႐ွိတာ

ကမၻာေပၚမွာ မင္းနဲ႔တူတဲ့သူ ဘယ္နွေယာက္႐ွိ႐ွိ မင္းတစ္ေယာက္တည္း ကိုပဲ ေမာင္မက္ေမာခဲ့တာ

ေမာင္ခ်စ္မျပတတ္ဘူး Jiminရယ္
မင္းယံုေအာင္လည္း ႐ွင္းမျပတတ္ဘူး

မင္းက အစားထိုးခံ မဟုတ္သလို
အသံုးခ်ခံ လည္း မဟုတ္ခဲ႔ဘူး

မင္းက ဒီကမၻာေပၚမွာ တစ္ေယာက္တည္း႐ွိတဲ့ ေမာင့္ေယာက်္ား ပါ"

ေမာင္က ဆရာဝန္ေလးကို ခပ္တင္းတင္း ေလးဖက္ထားၿပီး စကားေတြေျပာေနခဲ့သည္။

ရင္ခြင္ထဲက ေခါင္းလံုးလံုးေလးကို ဆြဲဖြၿပီး သူတစ္ေယာက္တည္းစကားေတြေျပာေနခဲ့ပံုက ေလာကႀကီးထဲမွာ သူတို႔ႏွစ္ဦးပဲ ႐ွိေတာ့သလို

အခ်ိန္ခနေလး အတြင္းမွာ ေမာင္ရင္ဘတ္မွ စိုစြတ္မႈ ေလးကို ခံစား လိုက္ရၿပီး ေမာင္က ျပံဳကာ ေခါင္းလံုးလံုးေလးကို ဖိကပ္နမ္းသည္။

တစ္သက္လံုး မ်က္ရည္က်ရမွာကို မုန္းတီးသူ မ်က္ရည္ေတြက သူႏွင့္မအပ္စပ္သည့္အရာေတြ ျဖစ္သလိုေနခဲ႔သူက

မ်က္ႏွာေခ်ာေခ်ာေပၚက က်ဆင္းလာသည့္ ေမာင္႕ရဲ႕ မုန္းစရာေကာင္းတဲ့ အားနည္းရာ သက္ေသေတြ ကိုေတာ့ ေမာင္မသုတ္ဖယ္အားခဲ့ဘူး

Jeon Jimin က သူ႔ကို မခ်စ္ေတာ့ လို႔တဲ့ေလ သည္ အျဖစ္မ႐ွိတဲ့ဟာေတြက ႐ူးခ်င္စရာေကာင္းေအာင္ က်လာၾကတာ

ဆရာဝန္ေလးကို ေပြ႔ခ်ီလိုက္ၿပီး ဆိုဖာေပၚတင္လိုက္ကာ အသာအယာ ခ်ၿပီး ေမာင္ကအခ်ိန္အေတာ္ၾကာသည္အထိ ထိုင္ၾကည့္ေနခဲ့သည္။

ဆြဲျကိုးကို ဖိဆုပ္ထားတဲ့ လက္ေသးေသး ေလးေတြကို ႏႈတ္ခမ္းပါးပါးေတြႏွင့္ ဖိကပ္နမ္းသည္။

မင္းသိလားေတာ့ မသိဘူး ေမာင္တစ္ပြင့္ခ်င္းေႁခြ ခ်လိုက္တဲ့ အနမ္းတိုင္းဟာ
ေမာင္းမင္းကို အ႐ွံုးေပးေနခဲ့တာပါ Jiminရယ္

ေမာင္မင္းကို အ႐ွံုးႀကီး႐ွံုးသြားၿပီဆိုတာ
သည္ေန႔ပဲ ေမာင္ သိလိုက္ရတယ္

"ေမာင္က လက္ေတြ႔သမား
ေမာင္က လက္ေတြ႔ လုပ္ျပရတာကို သိပ္ႀကိဳက္တာ

ေမာင္ျပန္လာတဲ့ အခါ မင္းအတြက္ အေျဖ တစ္ခုခု ရလာမွာပါ

Jeon Jimin က လိမ္လိမ္မာမာနဲ႔ ေစာင့္ေနေနာ္"

ေမာင့္ကို မလႈတ္မယွက္ၾကည့္ေနတဲ့ ေမာင့္ပိုင္ဆိုင္မႈ ေလး၏ နဖူးျပင္ ပါးျပင္ေလး ထူထဲထဲ ႏႈတ္ခမ္းေလးေတြေပၚအနမ္းေလးေတြေႁခြ ခ်လိုက္ကာ ေမာင္က အခန္းထဲမွ ေနာက္ ကို တစ္ခ်က္မွ လွည့္မၾကည့္ဘဲ ထြက္သြားခဲ့သည္။

ခ်စ္ရက္နဲ႔ မခ်စ္ဘူးေျပာရတာလည္း ကမၻာၿပိဳရတာပါပဲ ေမာင္ရယ္....

အခန္းျပင္သို႔ ေရာက္လာတဲ့ နယ္ေျမသခင္က ေသြးဆာေနတဲ့ သား႐ိုင္းတစ္ေကာင္လိုပဲ လက္ထဲတြင္ ေသနတ္တစ္လက္ကို ကိုင္ထားခဲ့သည္။

အတြင္းေရးမႉး ၏ မ်က္ႏွာသည္လည္းတည္တင္းလို႔ သခင္ေလး၏ အမိန္႔ကို ေစာင့္စားေနခဲ့သည္။

"ဒီေန႔တစ္ေယာက္ေယာက္ ေသရလိမ့္မယ္ Hoseok
Rose May ကိုေခၚလိုက္"

မၾကာလိုက္သည့္ အခ်ိန္ကာလ တစ္ခုမွာေတာ့ နယ္ေျမတို႔၏ သခင္ အိမ္ႀကီး႐ွင္တို႔ရဲ႕ ကားတန္းႀကီးက စံအိမ္ႀကီးေအာက္မွ ထြက္ခြာသြားေတာ့ သည္။

..... ..... ..... ..... ..... ..... ..... ..... ......

ရံုးတက္လိုက္ အမ်ိဳးမ်ိဳးေခ်ာင္ပိတ္ တိုက္ခိုက္ေနတဲ့ အစ္မေပးလာသည့္ ျပႆ နာေတြကိုေျဖ႐ွင္းလိုက္ႏွင့္ ဘဝသည္သာယာမေနခဲ့

ကြန္ဒိုလည္းမျပန္ခ်င္

မာမီ့စံအိမ္က အသံၾကားသည္ႏွင့္ ေဝးေဝးက ေ႐ွာင္ခ်င္မိသည့္ ဧရိယာမို႔ အနားေတာင္သြား မသီျဖစ္

Hyung အိမ္ကေတာ့ သူ႔အတြက္ စိတ္ခ်မ္းသာမႈ လံုးလံုးမ႐ွိေတာင္ စိတ္ဖိအားေတြ အနည္းငယ္ေလ်ာ့က်ေစသည္။

က်န္းမာေရးမေကာင္း သည့္ အေျခအေနမို႔ သူႀကိဳက္တတ္သည့္ဟင္းေတြျဖင့္ hyung က ညေနတိုင္း အစာဝင္ေအာင္ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္ ျဖင့္ ဂ႐ုစိုက္႐ွာသည္။

ေယာက္ဖက သူ႔ရဲ႕မူ ပိုင္အျပံဳးခ်ိဳခ်ိဳ ေတြႏွင့္ ဖတ္ဖူးတဲ့ စာေပေတြထဲက စိတ္ခြန္အားေတြကို သူ႔ကို ဖလွယ္ ေပးတတ္သည္။

တစ္သက္လံုး Jeon Jung Kook ဟူေသာ ပုဒ္မ အႀကီးႀကီးႏွင့္အျမင္မၾကည္ခံ ခဲ့ရသူ ေယာက္ဖက အခုမွ ေဘာင္ဝင္သြားေတာ့ အေတာ္ေလးေက်နပ္ေနသည့္ပံု

ဘဝကေတာ့ ေန႔ခံ ညစံပင္

မာမီသည္ အရင္ကလို အေၾကာင္းျပခ်က္ေတြသံုးၿပီးေတာ့ သူ႔ကိုျပန္မေခၚခဲ့
လႊတ္ထားတာေတာ့ မျဖစ္ႏိုင္

စီးပြားသိပ္ဆန္သည့္ လူတိုင္းက အျမတ္ကိုမၾကည့္ဘဲႏွင့္ အပ္တိုတစ္ေခ်ာင္းေတာင္ရင္းဖို႔ လက္တြန္႔တတ္တာ Tae အသိ

"Tae ေဆးေသာက္ဖို႔ ေမ့မယ္ေနာ္"

"ေသာက္ၿပီးပါၿပီ Hyung"

အခန္းထဲသို႔ ညဝတ္အက်ႌ ပန္းေရာင္ေလးကို ဝတ္ဆင္ထားၿပီး ဝင္လာတဲ့ hyung က ဘယ္ေတာ့မွ အသက္ႀကီးမသြားတဲ့ နတ္ဘုရားတစ္ပါးလိုပဲ
ေခ်ာေမာျခင္းေတြက အနည္းအက်ဥ္းေတာင္ယုတ္ေလ်ာ့မေနခဲ့

အလုပ္ေတြ ၾကားထဲမွ ေခါင္းေထာင္ၾကည့္လိုက္ၿပီး မ်က္ဝန္းေတြကို အနားေပးကာ ဇက္ကို လက္ေခ်ာင္းလွလွေတြႏွင့္ဖိပြတ္လိုက္သည္။
Hyung က Tae ေ႐ွ႕က ထိုင္ခံုေပၚတြင္ ေျခခ်ိတ္ ထိုင္ေနခဲ့ၿပီး မမွိတ္မသုန္ သူ႔ေ႐ွ႕မွာတင္အရြယ္ေရာက္လာခဲ့သည့္ အစိမ္းရင့္ရင့္ အရြက္လွလွေလးအား ၾကည့္ေနခဲ့သည္။

"တစ္ခုခု ေျပာစရာ ႐ွိေနလို႔လား Hyung"

"အင္း...ေမးစရာ႐ွိတယ္ပဲဆိုရမွာေပါ့ကြာ"

တစ္ခါတစ္ေလ ျဖစ္ခ်င္ရာ လုပ္ခ်င္ရာကို ဇိုးဇိုးဇတ္ဇတ္ လုပ္ပစ္တတ္သူက တစ္ခါတစ္ရံမွာ ေတာ့ သူမဟုတ္သလို ခြင့္ေတာင္းေနတတ္သည္။

Hyung ဘယ္ေလာက္ လုပ္ႏိုင္လဲဆို အိမ္ကလူေတြ အျမင္ကို ဂ႐ုမစိုက္စြာ သည္ေန႔အသိေပးၿပီး ေနာက္တစ္ေန႔ ေယာက်္ားတစ္ေယာက္ကို ခ်က္ခ်င္းေကာက္ယူပစ္တာမ်ိဳး

"ေမးေလ ေျဖႏိုင္တာဆို ေျဖေပးရမွာေပါ့"

Hyung ၏ မ်က္ေစာင္းက သူဆီကို တန္းတန္း မတ္မတ္က်ေရာက္လာခဲ့ သည္။

"အေကာင္းေျပာမလို႔ Tae မေနာက္နဲ႔"

အတည္ေပါက္ ဆိုေတာ့လည္း မေနာက္ရဲ
Hyung ျဖစ္ေနတာေၾကာင့္ဆို ပိုမွန္ေပလိမ့္မည္။

"ဒါဆိုလည္း ေမးဗ်ာ"

"Share ေတြ ဘာ့လို႔ ဝယ္ေနတာလဲ"

Hyungမ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္ေတာ့ ပကတိတည္တည္ၿငိမ္ၿငိမ္ပဲ သူ႔ကို ၾကည့္ေနခဲ့သည္။

Kim Seok Jin ဆိုသည့္ သူ႔အစ္ကို ကို ေလ်ွာ့တြက္လို႔မရတာ အဲဒါေတြပါသည္။

အခုကိစၥက သူႏွင့္သူ႔အတြင္းေရးမႉး ေရာင္းသည့္ သူမ်ားက လြဲလို႔ ဘယ္သူမွ မသိသည့္သည့္ ကိစၥေတြကို Hyung ကေအးေအးလူလူ ပင္ေမးေနခဲ့သည္။

အိမ္ေထာင္က်ၿပီးကတည္းက စီးပြားေရးဘက္ကို ေျခဦးမလွည့္ေတာ့စြာ မီးဖိုေခ်ာင္ထဲတြင္ ေယာက်ာ္စားဖို႔ ခ်က္ျပဳတ္ေနတတ္သည့္ Hyung

ေယာက်္ားမ်က္ႏွာတစ္ကမၻာတည္ေနတတ္သည့္ သူ၏ ဦးေႏွာက္က
Jeon group ၏ အၾကံေပးဆိုသည့္ဂုဏ္ပုဒ္ႏွင့္ လိုက္ဖက္စြာ ေနာက္ကြယ္မွာ ေကာင္းေကာင္း လုပ္ကိုင္ႏိုင္ေနဆဲ

"လိုခ်င္လို႔"

Seok Jin ေခါင္းကို အသာယမ္းသည္။ကေလးေတြ အမွတ္အေတး ႀကီးပံုကလည္း

"အဲေလာက္ထိလုပ္ဖို႔လိုလို့လား Tae"

"အပိုင္ရမွ ျဖစ္မွာမိုလို႔ပါ"

"အားလံုးကိုလား"

"အကုန္လံုးေတာ့ မဟုတ္ေပမယ့္ အတိုင္းအတာ တစ္ခုအထိေပါ့"

တိတ္ဆိတ္ေနေသာ အခန္းထဲမွာ Hyung ၏ သက္ျပင္းခ်သံ သဲ့သဲ့ ေလးက ထြက္ေပၚလာသည္။

"လက္ညိဳးမေကာင္းရင္လက္ညိဳး လက္မမေကာင္းရင္ လက္မပဲ ျဖစ္ပါေစ Tae
အကုန္လံုးကို ဝါးလံုး႐ွည္႐ွည္နဲ႔ သိမ္း႐ိုက္လို႔မရဘူး
အျပစ္မလုပ္ထားတဲ့ သူေတြအတြက္ နစ္နာမႈက ႀကီးတယ္"

"Tae နားလည္ပါတယ္"

"Hyung ကပြဲျကည့္ ပရိတ္သတ္မို႔ အခုကတည္းက ႀကိဳေျပာထားမယ္ ကိုယ့္ကို ခ်စ္တဲ့သူ ကိုယ့္ကိုယံုၾကည္ေပးေနတဲ့သူကို အႏိုင္ရခ်င္တယ္ဆိုတဲ့ ဆနၵတစ္ခုတည္းနဲ႔တင္ အသံုးမခ်မိေစနဲ႔"

Hyung ဘာကိုဆိုလိုလဲ သူအတတ္သိပါသည္။

"Tae အတတ္ႏိုင္ဆံုး ႀကိဳးစားပါ့မယ္"

"အင္း...Hyung ကေလးေလးက လိမၼာတယ္ဆိုတာ Hyung ကယံုၿပီးသား"

ရြက္စိမ္းေလးသိတာေပါ့ Hyung အျမင္မွာ သူ႔လက္ေပၚမွာ ႀကီးလာတဲ့ Tae က CEO ႀကီးျဖစ္ေနလဲ ဘယ္ေတာ့မွ မႀကီးေသးဘူးဆိုတာ

"ေနာက္တစ္ခုေမး မယ္"

"ေမးဦးမွာလား"

ၿငီးတြားေနတဲ့ Tae က သူေမးခြန္းေမးမည္ကို စိုးရိမ္ေနသည့္ဟန္
သူ႔ေမးခြန္းေတြက လည္း တစ္ခြန္းဆိုတစ္ခြန္း လြတ္လမ္းကို အေျပးအလြား ႐ွာယူေနရသည္။

"အင္းေမးဦးမွာ"

Tae ကအားမပါစြာ ေခါင္းၿငိမ့္ျပရင္း ေျပာပါဆိုသည့္ အထာဖမ္းသည္။

"မင္းမွာ ျပည့္စံုလံုေလာက္ေနခဲ့တာပဲ
ဘာျဖစ္လို႔ ဒီတစ္စိတ္တစ္ပိုင္းေလာက္ေလးနဲ႔ မၾကည့္ ခ်င္တဲ့မ်က္ႏွာေတြကို သြားၾကည့္တယ္
ခက္ခက္ခဲခဲ ဒုကၡ မင္းခံေနခဲ့တယ္
ဘာ့ေၾကာင့္လဲ"

"...."

29.11.22

Unicode

မောင် မသိခဲ့ဘူး
မောင် ကပိုင်တယ်လို့ ပြောခဲ့တဲ့သူက
မောင့်ရဲ့ စိတ်ဝိဉာဉ် ခန္ဓာ အားလုံး ကို ပိုင်ဆိုင်ပြီးသားဖြစ်နေတယ်ဆိုတာ

မောင်မသိခဲ့ဘူး
မရစ်ပတ်အောင် နေခဲ့တဲ့ ကြိုးတွေက မှော်ဝင်နေခဲ့ သလို မောင့် ကို တုတ်နှောင်ထား နေပြီဆိုတာ

မောင်မသိခဲ့ဘူး
မတော်တဆ ခြေ ချမိခဲ့တဲ့ နွံ သေးသေးလေး က မောင့်ကိုပြန်လမ်းမဲ့ သွားခဲ့ ပြီဆိုတာ

.... ..... ..... ..... ..... ..... ..... ..... .....

အခန်းတံခါးကို ဖွင့် ဝင်လိုက်တော့ မဟူရာရောင် အခန်းကြီးထဲမှာ တစ်စုံတစ်ယောက်သော သူက ရှိမနေ

အဝတ်အစားတွေကို လဲလိုက်ပြီး မောင်ထွက်လာတော့ လည်း တစ်စုံတစ်ယောက်က အခန်းထဲကို ရောက်မလာခဲ့ပြန်ဘူး
ရောက်မလာခဲ့ သူက မလာခဲ့တော့
မောင်ပဲ မောင့်ပိုင်ဆိုင်မှု လေး ရှိရာကို သွားရတော့မည်။
လသာဆောင် အခန်းထဲ ဝင်လာတော့ Jeon Jimin ကဆိုဖာပေါ်တွင်ထိုင်လျှက် တစ်နေရာကို စူးစိုက်ပြီးကြည့် နေခဲ့သည်။
မောင် မျက်ဝန်းတွေ ကို မှိတ်ကာ သက်ပြင်းချလိုက်ရင်း ဖြည်းဖြည်း လျှောက်သွားလိုက်ပြီးJeon Jimin ၏ မြင်လွှာရှေ့ ပိတ်ရပ်လိုက်မှ အရည်ကြည်ရစ်သိုင်းနေတဲ့ မှေးကျဉ်းကျဉ်း မျက်ဝန်းတစ်စုံ က မော်ကြည့်လာသည်။

"မောင်"

"အဆင် မပြေတာတစ်ခုခုရှိလို့ လား"

ပန်းရောင်ပြေးနေတဲ့ ပါးမို့မို့လေး တွေအား မောင်က လက်မနှင့် ဖိပွတ်ရင်းမေးလာသည်။

"မောင် ငါ့ကို ဘာလို့ မချစ်တာလဲ"

"....."

"ငါက... ငါက မင်းအတွက် အစားထိုးခံ မဟုတ်လားမောင်"

ပါးနုနုလေးတွေပေါ်လှုတ်ရှားနေသော မောင့် လက်တွေက ရပ်တန့်သွားရကာ မျက်ခုံးတွေ ကတွန့်ချိုးလာရသည်။
သည်မေးခွန်း ဘာဖြစ်လို့ မေးတာလဲ
Jeon Jimin ကသူ့ကို ချစ်ဖို့ပဲ သိတဲ့ သူလေ
အရင်တုန်းကရော အခုရော သူ့ကိုချစ်ဖို့ကလွဲလို့ဘာဆို ဘာမှမသိခဲ့တဲ့သူ
ဘယ်သူကJeon Jimin စိတ်ကို ဆေးခတ်လိုက်တာလဲ

"ငါ အဆင် ပြေမနေဘူးမောင်
ငါ့ကို မချစ်ရင်တောင် ငါက မင်းကို ချစ်ပေးရင် ဘဝကြီးက အဆင်ပြေပြီလို့ထင်ခဲ့တာ

ဒါပေမယ့် အစားထိုးခံရတယ် ဆိုတာကြီးက ငါ့စိတ်တွေကို ဂျွမ်းထိုး မှောက်ခုံ ဖြစ်သွားသလိုပဲ ငါနာကျင်ရလွန်းလို့ပါ

ငါတို့ ကွာရှင်းကြရအောင်လားမောင်"

"Jeon Jimin!!!"

ပခုံးတွေ ကို တင်းတင်းဖိဆုပ်ကာ လှုတ်ရမ်းလိုက်တော့ ခန္ဓာကိုယ်လေးကတုန်ကနဲ
မျက်ဝန်းတွေထဲမှာ... မောင့်မျက်ဝန်းတွေထဲမှာ သူတစ်ခါမှ မတွေ့ဘူးတဲ့ အရိပ်အယောင်တွေ

အရမ်းအန္တရာယ်များတဲ့ အရိပ် အယောင်တွေကို တွေ့လိုက်ရတာမို့ ဆရာဝန်လေး အတော်ပင် တုန်လှုတ်သွားရသည်။

"ပြော မင်းကို ဘယ်သူပြောလဲ
မောင်က အစားထိုးတယ်ဆိုတာ ကို ဘယ်ကောင့် ပါးစပ်က ပြောလဲ
အရှင်မထားဘူး အကုန်သတ်ပစ်လိုက်မယ်"

မောင့်ရဲ့ ပြင်းရှနေတဲ့ အသက်ရှူ သံတွေက ဆရာဝန်လေးကို ဖိနှိပ်နေတဲ့ အင်အားကြီးရပ်ဝန်းတစ်ခုလို အားအင်တွေမဲ့စေသည်။

လည်ပင်းဝနားတွင် တစ်ဆို့နေသော အရာများက ယခုချိန်တွင်တော့အလုပ်မဖြစ်အောင် ဟန့်တားနေကြပါသော်လည်း....

သူခြေတစ်လှမ်းလောက် အရဲစွန့်ကြည့်မှ လက်ရှိအခြေအနေကို သူကျော်လွှားနိုင်လိမ့်မည်။

"ဘယ်သူမှ မပြောဘူး
ဘယ်သူ့ကိုမှလည်း အပြစ်တင်နေစရာမလိုဘူး
မောင်.. မင်းငါ့ကို မချစ်ဘူးလေကွာ
အဲဒါကြောင့် ငါတို့...."

"တော်လိုက်တော့! !!မင်းလည်းမောင့်ကို မချစ်ပါဘူး

ဘယ်တုန်းကမှလည်းမချစ်ခဲ့ဘူး
ဒါကြောင့် မင်းမောင့်ကို ခန ခန ထားသွားခဲ့တာ

တုတ်ထား ချည်ထားတာတောင်မှ လွတ်လမ်းတွေကို အမြဲရှာနေခဲ့တာ
အသေ သတ်ချင်နေခဲ့တာ

မင်းမောင့်ကို အသေသတ်ဖို့ပြန်လာခဲ့တာ
Jeon Jung Kook ဆိုတဲ့ ကောင်ကိုသတ်ဖို့ မင်းအတွက် အချစ်ဆိုတာ လက်နက်မဟုတ်လား"

"ဖြန်း!!!"

ရိုက်ချက်ကြောင့် လည်ထွက်သွားတဲ့ မောင် က ဆရာဝန်လေး ဘက်ကို လှည့်မကြည့်လာခဲ့တော့
မေးရိုးကြီးတွေသာ ထောင်ထနေခဲ့သည်။

ဆိုးလိုက်တဲ့မောင်ဆိုတာ
တစ်ခုမှ မယုံခဲ့ဘူးဆို လျှင်တောင် သူချစ်တာလေးတော့ ယုံပေးလို့ အတန်တန် တောင်းဆိုထားခဲ့ပါ လျှက်နှင့်
အထင်မသေးလိုက်ပါနဲ့ လို့ ကြိုကြိုတင်တင် ခယ ခဲ့ပါလျှက်နှင့်

"ငါ့အဖေ...အဲဒါ ငါ့အဖေ မဟုတ်လား"

မောင်က ချက်ချင်းလှည့်ကြည့်လာခဲ့ကာ မလှုတ်မယှက် သူ့ကိုစိုက်ကြည့် နေခဲ့ သည်က အသက်မဲ့နေတဲ့ သူလို

တစ်ချိန်တည်းမှာပင် မောင်မျက်ဝန်းတွေက သူ့ကို အသနားခံနေသည့် အရိပ်အယောင်တွေ ပြောင်းလဲ သွားသလိုပါပဲလား...

ဘာဖြစ် လို့လဲ မောင်
ဘာဖြစ်လို့ ငါ့ကို မငြင်းတာလဲ
မောင်သေဆိုသေ ရှင်ဆိုရှင် မောင့်စေစားရာအတိုင်း ရှိနေခဲ့ သူက

မောင်ညာနေတာ တစ်လောကလုံးသိနေလျှင်တောင် သူမျက်စိစုံမှိတ်ယုံပစ်လိုက်မှာ

ဘာမှမသိနားမလည်သူတစ်ယောက်လို တုံးအပစ်လိုက်မှာ

အချစ်မခံရတာက နာလိုက်တာမောင်ရယ်

ဆရာဝန်လေးက သူထိုင်နေသည့်ဘေးတွင် ရှိနေသော စက္ကူဘူးလေးအား ကမ်းပေးလာသည်။
မောင့်လက်တွေက စက္ကူ ဘူးလေးကို အားမပါစွာဆွဲယူလိုက်ပြီး တုန်ယင်နေသောလက်တွေကို ထိန်းချုပ်ကာ ဖွင့်ချလိုက်သည်။

သူ သိမ်းဆည်းခွင့်မရခဲ့သည့် ပြန်မရနိုင်တော့သော အမှတ်တရပုံရိပ် တွေ
ပြုံးရွှင်နေတဲ့ဆရာ ပြုံးရွှင်နေသောသူ
သိပ်ရိုးရှင်းခဲ့တာပဲကို

ယခုချိန်မှာ လှခဲ့တဲ့အတိတ်စာမျက်နှာလေးတစ်ခုကတောင် အကျဉ်းတန်လို့

ဒဏ်ရာတွေကို ဆားတွေသိပ်ခံလိုက်ရတယ်တဲ့လား

မနာပါဘူး မိုးပြိုလို့ အမှောင် ကျတော့ မည့် အခြေအနေဖြစ်သွား ရုံပါပဲ
သူမနာသေးပါဘူး

"မင်း မောင့်ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူးပဲ"

တိုးညင်းတဲ့ ရေရွတ်သံလေး၏ အဆုံးမှာ
Jeon Jimin က အခန်း၏ တစ်နေရာတွင်ရှိနေသော စင်လေးပေါ်မှ အပင်မဲ့ အိုးလေးကိုလက်သေးသေးတွေနှင့် လှမ်းထိ လိုက်သည်။

အဖုံးပါသေသေ သပ်သပ်လေး ဖုံးထားသည့် အိုးလေးက ပန်းစင်ကြီးပေါ်မှာ သီးခြား ဖြစ်တည်လို့....

"မင်းဆိုးခဲ့တယ်လေမောင်

မင်းအများကြီး ဆိုးခဲ့တာ

မင်းဘယ်လောက်ဆိုးဆိုး ငါအများကြီး ယုံပေးနိုင်ခဲ့တာ

ငါ့အဖေကြောင့် ငါခံစားနေခဲ့ရတယ်လို့ မင်းထင်လား

ငါကမိဘတွေထက် လူမှန်းသိတတ်စအရွယ်ကတည်းက မင်းမျက်နှာကိုပဲ ကြည့်လာခဲ့တဲ့သူပါ

ငါက အစားထိုးခံ မဖြစ်ချင်တာ

ငါမင်းကိုမေးမယ်မောင် မင်းစိတ်ထဲမှာ မရှိတဲ့သူတစ်ယောက်ရဲ့ အရိုးပြာအိုးကို နှစ်ချီပြီး သိမ်းဆည်းထားမှာတဲ့လား
မင်းကိုသိ သလို

မင်းရဲ့ အစွဲအလန်းတွေကိုလည်း ငါသိခဲ့တာမို့
ငါမယုံ ရဲနေတာပါ မောင်ရယ်"

မောင် သိခဲ့တာပေါ့
Jeon Jimin က ထက်မြက်လွန်းသည်ဆိုတာ

မသိနိုင်ခဲ့တာက အချိန်တိုလေးအတွင်း သည်လောက် ကသောင်းကနင်းဆန်လှတဲ့ မကောင်းမကန်းရက်စွဲကြီးက ကြိုကြိုတင်တင် ရောက်လာခဲ့သည်ကိုပဲ

မောင့်စိတ်ကပြင်ဆင်ထားခဲ့တယ်လို့ထင်ခဲ့သော်လည်း လက်တွေ့မှာတော့ ကူကယ်ရာတွေမဲ့လို့

ယုံအောင်ရှင်းမပြတော့ပါဘူး
ဘယ်အရာတွေကို မှလည်းသက်သေမထူချင်သလို
ဘယ်ဘုရားကိုမှလည်း မတိုင်တည်ချင်တော့

မကောင်းခဲ့သည့် အတိတ်ဆိုးဆိုးကလည်း လက်ရှိကာလမှာ အယုံအကြည် မဲ့လောက်တဲ့ သက်ရောက်မှု တွေ ရလဒ်တွေနှင့် အဆိုးစာရင်းဝင်စေပြန်သည်
သည့်အတိုင်းလေးပဲ မြင်ပါစေတော့
သူကလူဆိုးပဲ ထူးပြီးတော့ နာစရာတွေရှိမနေခဲ့

"မင်းထင် ချင်သလိုသာ ထင်လိုက်တော့
မင်းအမြင်မှာကောင်းရင် မောင်ကကောင်းတဲ့သူပေါ့

မင်းအမြင်မှာဆိုးနေခဲ့ရင် မောင်ကဆိုးတဲ့သူပေါ့

မောင် ဆိုးဆိုးကောင်းကောင်း မင်းသတ်မှတ်ချင်သလို သတ်မှတ်လိုက်

တစ်ခုတော့ရှိတယ် Jeon Jimin မင်းထွက်သွားမယ်ဆို မောင်မင်းကို သတ်ပြီး မောင့်အနားမှာ ဆက်ထားဦးမှာပဲ

မောင့်ကိုနာ ကျင်အောင်လုပ်လွန်းတဲ့ မင်းကို တစိမ့်စိမ့် ထိုင်ကြည့်နေမှာ
မောင်သေတဲ့အထိ ကြည့်နေမှာ"

"ဘာဖြစ်လို့လဲ ဒီရုပ် ဒီခန္ဓာကိုယ် မင်းအရမ်းမက်မောပြီး မစွန့်လွတ်နိုင် ဖြစ်နေတဲ့ ငါက သိပ်တူနေလို့လေ
မင်းရင်ထဲမှာ ရှိနေတဲ့သူနဲ့ သိပ်တူနေလို့
ချစ်လို့မှ မဟုတ်ဘဲ
မင်း ဆန္ဒ တွေအတွက် ငါက..."

မောင့်ရဲ့ခြေလှမ်းတွေက သိပ်များများစားစားမလှမ်းစွာ သူ့ဆီ ရောက်လာခဲ့ ပြီး လက်တစ်ဖက်က မြောက်တက်သွားသည်။

"ဖြန်း!"

ရိုက်ချက်သည် အားမသေးခဲ့ပါ။အရင်းခံမှ အားနည်းနေသူသည် မောင့်ခြေရင်းမှာ ခွေကျသွားရသည်။

ဘာဖြစ်လို့များ ပါးကမနာဘဲ ရင်ဘတ်ကနာနေရတာလဲ

ကိုယ့်ကို မချစ်လို့ရိုက်ခံရတာပဲ
ကိုယ့်ကိုယ်ကို မုန်းဖို့ကောင်းအောင် မဆီမဆိုင်နေရာတွေက နာနေခဲ့လိုက်တာများ...

အရိုက်ခံရသူထက် ရိုက်တဲ့သူကလည်း ပိုနာနေခဲ့သည့်ဟန်

မောင်က သူရိုက်လိုက်တဲ့လက်ကို ကြောင်ကြောင်အအနှင့်တစ်ချက်ကြည့်သည်။

ထို့နောက်မျက်ရည်တွေနှင့် နီရဲနေတဲ့ မောင့်မျက်ဝန်းတွေက သူ့ကို စိုက်ကြည့်နေခဲ့သည်။
မောင့်ရင်ဘတ်ထဲမှ ဆိုးဆိုးဝါးဝါးဝေဒနာတစ်ခုက နှိပ်စက်လာသည်။တုတ်ဓားလက်နက်တွေကို တောင် သူစာရင်းထဲ မထည့်ခဲ့ဘူးလေ
ဘယ်လိုတောင် မောင့်ရာဇဝင်ရိုင်းရတာလဲ

"မောင်နာတယ် အရမ်းနာတယ် Jeon Jimin
မောင်အရမ်းနာနေတာမို့ မပြောပါနဲ့"

"မောင်!"

မောင်က ဘာ့ကြောင့် မျက်ရည်ကျနေရတာလဲ
ဘာ့ကြောင့် နာနေခဲ့ရတာလဲ
အရိုက်ခံခဲ့ရတာသူပါ
မချစ်မှမချစ်တာ...ဘာဖြစ်လို့ မောင်က ငိုနေရတာလဲ
မင်းမျက်ရည်တွေက ငါ့ကို ပိုနာနေပြန်ပြီမောင်

လဲကျနေသည့် ဆရာဝန်လေးရှေ့ ဒူးထောက်ထိုင်ချလာတဲ့
မောင့်နှုတ်ခမ်းပါးလေးတွေက ထူးထူးခြားခြား ပြုံးနေခဲ့ပြန်သည်။

မျက်ရည်တွေ ကြားက ပြုံးနေတဲ့မောင့်ပုံစံက ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မည့် အနေအထားပါပဲ
ဆရာဝန်လေးက မောင့်လည်ပင်းမှဆွဲကြိုးကို ရုတ်တရက် ဆွဲဖြုတ်လိုက်ပြီး

"ငါမင်းကို မချစ်တော့ဘူး"

"အင်း...မချစ်နဲ့ပေါ့

မောင့်ကို မချစ်ပေမယ့်
မောင့် အနားမှာတော့ နေရလိမ့်မယ် Ji Ji"

Jeon Jimin ကပြောင်းလဲလွယ်လိုက်တာ
မောင့်ကို မချစ်တော့ဘူးတဲ့

"မင်း ဘာလုပ်"

လည်ပင်းဆီမှ စစ်ကနဲ ခံစားလိုက်ရကာ အားအင်းတွေမရှိတော့သလိုခံစားလိုက်ရသည်။ လဲကျတော့မည့် ခန္ဓာကိုယ်လေးကို မောင်က ရင်ခွင်ထဲ သိမ်းပွေ့ထားပြီး

"Jeon Jimin မင်းကြားနေတယ်ဆိုတာ မောင်သိတယ်

မင်းပြောသလိုပဲ မောင်က မင်းကို အရမ်းမက်မောတယ်

မောင့်မှာ မင်းပဲရှိတာ

ကမ္ဘာပေါ်မှာ မင်းနဲ့တူတဲ့သူ ဘယ်နှယောက်ရှိရှိ မင်းတစ်ယောက်တည်း ကိုပဲ မောင်မက်မောခဲ့တာ

မောင်ချစ်မပြတတ်ဘူး Jiminရယ်
မင်းယုံအောင်လည်း ရှင်းမပြတတ်ဘူး

မင်းက အစားထိုးခံ မဟုတ်သလို
အသုံးချခံ လည်း မဟုတ်ခဲ့ဘူး

မင်းက ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်းရှိတဲ့ မောင့်ယောက်ျား ပါ"

မောင်က ဆရာဝန်လေးကို ခပ်တင်းတင်း လေးဖက်ထားပြီး စကားတွေပြောနေခဲ့သည်။

ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို ဆွဲဖွပြီး သူတစ်ယောက်တည်းစကားတွေပြောနေခဲ့ပုံက လောကကြီးထဲမှာ သူတို့နှစ်ဦးပဲ ရှိတော့သလို

အချိန်ခနလေး အတွင်းမှာ မောင်ရင်ဘတ်မှ စိုစွတ်မှု လေးကို ခံစား လိုက်ရပြီး မောင်က ပြုံကာ ခေါင်းလုံးလုံးလေးကို ဖိကပ်နမ်းသည်။

တစ်သက်လုံး မျက်ရည်ကျရမှာကို မုန်းတီးသူ မျက်ရည်တွေက သူနှင့်မအပ်စပ်သည့်အရာတွေ ဖြစ်သလိုနေခဲ့သူက

မျက်နှာချောချောပေါ်က ကျဆင်းလာသည့် မောင့်ရဲ့ မုန်းစရာကောင်းတဲ့ အားနည်းရာ သက်သေတွေ ကိုတော့ မောင်မသုတ်ဖယ်အားခဲ့ဘူး

Jeon Jimin က သူ့ကို မချစ်တော့ လို့တဲ့လေ သည် အဖြစ်မရှိတဲ့ဟာတွေက ရူးချင်စရာကောင်းအောင် ကျလာကြတာ

ဆရာဝန်လေးကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်တင်လိုက်ကာ အသာအယာ ချပြီး မောင်ကအချိန်အတော်ကြာသည်အထိ ထိုင်ကြည့်နေခဲ့သည်။

ဆွဲကြိုးကို ဖိဆုပ်ထားတဲ့ လက်သေးသေး လေးတွေကို နှုတ်ခမ်းပါးပါးတွေနှင့် ဖိကပ်နမ်းသည်။

မင်းသိလားတော့ မသိဘူး မောင်တစ်ပွင့်ချင်းခြွေ ချလိုက်တဲ့ အနမ်းတိုင်းဟာ
မောင်းမင်းကို အရှုံးပေးနေခဲ့တာပါ Jiminရယ်

မောင်မင်းကို အရှုံးကြီးရှုံးသွားပြီဆိုတာ
သည်နေ့ပဲ မောင် သိလိုက်ရတယ်

"မောင်က လက်တွေ့သမား
မောင်က လက်တွေ့ လုပ်ပြရတာကို သိပ်ကြိုက်တာ

မောင်ပြန်လာတဲ့ အခါ မင်းအတွက် အဖြေ တစ်ခုခု ရလာမှာပါ

Jeon Jimin က လိမ်လိမ်မာမာနဲ့ စောင့်နေနော်"

မောင့်ကို မလှုတ်မယှက်ကြည့်နေတဲ့ မောင့်ပိုင်ဆိုင်မှု လေး၏ နဖူးပြင် ပါးပြင်လေး ထူထဲထဲ နှုတ်ခမ်းလေးတွေပေါ်အနမ်းလေးတွေခြွေ ချလိုက်ကာ မောင်က အခန်းထဲမှ နောက် ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ချစ်ရက်နဲ့ မချစ်ဘူးပြောရတာလည်း ကမ္ဘာပြိုရတာပါပဲ မောင်ရယ်....

အခန်းပြင်သို့ ရောက်လာတဲ့ နယ်မြေသခင်က သွေးဆာနေတဲ့ သားရိုင်းတစ်ကောင်လိုပဲ လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ထားခဲ့သည်။

အတွင်းရေးမှူး ၏ မျက်နှာသည်လည်းတည်တင်းလို့ သခင်လေး၏ အမိန့်ကို စောင့်စားနေခဲ့သည်။

"ဒီနေ့တစ်ယောက်ယောက် သေရလိမ့်မယ် Hoseok
Rose May ကိုခေါ်လိုက်"

မကြာလိုက်သည့် အချိန်ကာလ တစ်ခုမှာတော့ နယ်မြေတို့၏ သခင် အိမ်ကြီးရှင်တို့ရဲ့ ကားတန်းကြီးက စံအိမ်ကြီးအောက်မှ ထွက်ခွာသွားတော့ သည်။

..... ..... ..... ..... ..... ..... ..... ..... ......

ရုံးတက်လိုက် အမျိုးမျိုးချောင်ပိတ် တိုက်ခိုက်နေတဲ့ အစ်မပေးလာသည့် ပြဿ နာတွေကိုဖြေရှင်းလိုက်နှင့် ဘဝသည်သာယာမနေခဲ့

ကွန်ဒိုလည်းမပြန်ချင်

မာမီ့စံအိမ်က အသံကြားသည်နှင့် ဝေးဝေးက ရှောင်ချင်မိသည့် ဧရိယာမို့ အနားတောင်သွား မသီဖြစ်

Hyung အိမ်ကတော့ သူ့အတွက် စိတ်ချမ်းသာမှု လုံးလုံးမရှိတောင် စိတ်ဖိအားတွေ အနည်းငယ်လျော့ကျစေသည်။

ကျန်းမာရေးမကောင်း သည့် အခြေအနေမို့ သူကြိုက်တတ်သည့်ဟင်းတွေဖြင့် hyung က ညနေတိုင်း အစာဝင်အောင် ချော့တစ်ခါခြောက်တစ်လှည့် ဖြင့် ဂရုစိုက်ရှာသည်။

ယောက်ဖက သူ့ရဲ့မူ ပိုင်အပြုံးချိုချို တွေနှင့် ဖတ်ဖူးတဲ့ စာပေတွေထဲက စိတ်ခွန်အားတွေကို သူ့ကို ဖလှယ် ပေးတတ်သည်။

တစ်သက်လုံး Jeon Jung Kook ဟူသော ပုဒ်မ အကြီးကြီးနှင့်အမြင်မကြည်ခံ ခဲ့ရသူ ယောက်ဖက အခုမှ ဘောင်ဝင်သွားတော့ အတော်လေးကျေနပ်နေသည့်ပုံ

ဘဝကတော့ နေ့ခံ ညစံပင်

မာမီသည် အရင်ကလို အကြောင်းပြချက်တွေသုံးပြီးတော့ သူ့ကိုပြန်မခေါ်ခဲ့
လွှတ်ထားတာတော့ မဖြစ်နိုင်

စီးပွားသိပ်ဆန်သည့် လူတိုင်းက အမြတ်ကိုမကြည့်ဘဲနှင့် အပ်တိုတစ်ချောင်းတောင်ရင်းဖို့ လက်တွန့်တတ်တာ Tae အသိ

"Tae ဆေးသောက်ဖို့ မေ့မယ်နော်"

"သောက်ပြီးပါပြီ Hyung"

အခန်းထဲသို့ ညဝတ်အင်္ကျီ ပန်းရောင်လေးကို ဝတ်ဆင်ထားပြီး ဝင်လာတဲ့ hyung က ဘယ်တော့မှ အသက်ကြီးမသွားတဲ့ နတ်ဘုရားတစ်ပါးလိုပဲ
ချောမောခြင်းတွေက အနည်းအကျဉ်းတောင်ယုတ်လျော့မနေခဲ့

အလုပ်တွေ ကြားထဲမှ ခေါင်းထောင်ကြည့်လိုက်ပြီး မျက်ဝန်းတွေကို အနားပေးကာ ဇက်ကို လက်ချောင်းလှလှတွေနှင့်ဖိပွတ်လိုက်သည်။
Hyung က Tae ရှေ့က ထိုင်ခုံပေါ်တွင် ခြေချိတ် ထိုင်နေခဲ့ပြီး မမှိတ်မသုန် သူ့ရှေ့မှာတင်အရွယ်ရောက်လာခဲ့သည့် အစိမ်းရင့်ရင့် အရွက်လှလှလေးအား ကြည့်နေခဲ့သည်။

"တစ်ခုခု ပြောစရာ ရှိနေလို့လား Hyung"

"အင်း...မေးစရာရှိတယ်ပဲဆိုရမှာပေါ့ကွာ"

တစ်ခါတစ်လေ ဖြစ်ချင်ရာ လုပ်ချင်ရာကို ဇိုးဇိုးဇတ်ဇတ် လုပ်ပစ်တတ်သူက တစ်ခါတစ်ရံမှာ တော့ သူမဟုတ်သလို ခွင့်တောင်းနေတတ်သည်။

Hyung ဘယ်လောက် လုပ်နိုင်လဲဆို အိမ်ကလူတွေ အမြင်ကို ဂရုမစိုက်စွာ သည်နေ့အသိပေးပြီး နောက်တစ်နေ့ ယောက်ျားတစ်ယောက်ကို ချက်ချင်းကောက်ယူပစ်တာမျိုး

"မေးလေ ဖြေနိုင်တာဆို ဖြေပေးရမှာပေါ့"

Hyung ၏ မျက်စောင်းက သူဆီကို တန်းတန်း မတ်မတ်ကျရောက်လာခဲ့ သည်။

"အကောင်းပြောမလို့ Tae မနောက်နဲ့"

အတည်ပေါက် ဆိုတော့လည်း မနောက်ရဲ
Hyung ဖြစ်နေတာကြောင့်ဆို ပိုမှန်ပေလိမ့်မည်။

"ဒါဆိုလည်း မေးဗျာ"

"Share တွေ ဘာ့လို့ ဝယ်နေတာလဲ"

Hyungမျက်ဝန်းတွေကို စိုက်ကြည့်လိုက်တော့ ပကတိတည်တည်ငြိမ်ငြိမ်ပဲ သူ့ကို ကြည့်နေခဲ့သည်။

Kim Seok Jin ဆိုသည့် သူ့အစ်ကို ကို လျှော့တွက်လို့မရတာ အဲဒါတွေပါသည်။

အခုကိစ္စက သူနှင့်သူ့အတွင်းရေးမှူး ရောင်းသည့် သူများက လွဲလို့ ဘယ်သူမှ မသိသည့်သည့် ကိစ္စတွေကို Hyung ကအေးအေးလူလူ ပင်မေးနေခဲ့သည်။

အိမ်ထောင်ကျပြီးကတည်းက စီးပွားရေးဘက်ကို ခြေဦးမလှည့်တော့စွာ မီးဖိုချောင်ထဲတွင် ယောက်ျာစားဖို့ ချက်ပြုတ်နေတတ်သည့် Hyung

ယောက်ျားမျက်နှာတစ်ကမ္ဘာတည်နေတတ်သည့် သူ၏ ဦးနှောက်က
Jeon group ၏ အကြံပေးဆိုသည့်ဂုဏ်ပုဒ်နှင့် လိုက်ဖက်စွာ နောက်ကွယ်မှာ ကောင်းကောင်း လုပ်ကိုင်နိုင်နေဆဲ

"လိုချင်လို့"

Seok Jin ခေါင်းကို အသာရမ်းသည်။ကလေးတွေ အမှတ်အတေး ကြီးပုံကလည်း

"အဲလောက်ထိလုပ်ဖို့လိုလို့လား Tae"

"အပိုင်ရမှ ဖြစ်မှာမိုလို့ပါ"

"အားလုံးကိုလား"

"အကုန်လုံးတော့ မဟုတ်ပေမယ့် အတိုင်းအတာ တစ်ခုအထိပေါ့"

တိတ်ဆိတ်နေသော အခန်းထဲမှာ Hyung ၏ သက်ပြင်းချသံ သဲ့သဲ့ လေးက ထွက်ပေါ်လာသည်။

"လက်ညိုးမကောင်းရင်လက်ညိုး လက်မမကောင်းရင် လက်မပဲ ဖြစ်ပါစေ Tae
အကုန်လုံးကို ဝါးလုံးရှည်ရှည်နဲ့ သိမ်းရိုက်လို့မရဘူး
အပြစ်မလုပ်ထားတဲ့ သူတွေအတွက် နစ်နာမှုက ကြီးတယ်"

"Tae နားလည်ပါတယ်"

"Hyung ကပွဲကြည့် ပရိတ်သတ်မို့ အခုကတည်းက ကြိုပြောထားမယ် ကိုယ့်ကို ချစ်တဲ့သူ ကိုယ့်ကိုယုံကြည်ပေးနေတဲ့သူကို အနိုင်ရချင်တယ်ဆိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့တင် အသုံးမချမိစေနဲ့"

Hyung ဘာကိုဆိုလိုလဲ သူအတတ်သိပါသည်။

"Tae အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

"အင်း...Hyung ကလေးလေးက လိမ္မာတယ်ဆိုတာ Hyung ကယုံပြီးသား"

ရွက်စိမ်းလေးသိတာပေါ့ Hyung အမြင်မှာ သူ့လက်ပေါ်မှာ ကြီးလာတဲ့ Tae က CEO ကြီးဖြစ်နေလဲ ဘယ်တော့မှ မကြီးသေးဘူးဆိုတာ

"နောက်တစ်ခုမေး မယ်"

"မေးဦးမှာလား"

ငြီးတွားနေတဲ့ Tae က သူမေးခွန်းမေးမည်ကို စိုးရိမ်နေသည့်ဟန်
သူ့မေးခွန်းတွေက လည်း တစ်ခွန်းဆိုတစ်ခွန်း လွတ်လမ်းကို အပြေးအလွား ရှာယူနေရသည်။

"အင်းမေးဦးမှာ"

Tae ကအားမပါစွာ ခေါင်းငြိမ့်ပြရင်း ပြောပါဆိုသည့် အထာဖမ်းသည်။

"မင်းမှာ ပြည့်စုံလုံလောက်နေခဲ့တာပဲ
ဘာဖြစ်လို့ ဒီတစ်စိတ်တစ်ပိုင်းလောက်လေးနဲ့ မကြည့် ချင်တဲ့မျက်နှာတွေကို သွားကြည့်တယ်
ခက်ခက်ခဲခဲ ဒုက္ခ မင်းခံနေခဲ့တယ်
ဘာ့ကြောင့်လဲ"

"...."

29.11.22

Comment