Part-(19.2)

အခ်ိန္မွန္ႏိုးတတ္တဲ့ အက်င့္ေလးက အလင္းေရာင္ ေဖာက္မဝင္ႏိုင္တဲ့ မဟူရာေရာင္အခန္းက်ယ္ႀကီးထဲ ေရာက္ေနခဲ့ခ်ိန္မွာေတာင္ မေျပာင္းမလဲ ...

မ်က္ဝန္း ေတြဖြင့္လိုက္တာႏွင့္ အနက္ေရာင္ေတြႏွင့္ မိႈင္းထေနခဲ့တဲ့ အခန္းႀကီးထဲမွာ ညအိပ္မီးေရာင္ ေလးသည္ ထြန္းလင္းေနဆဲ

ေဘးဘက္ကိုျကည့္မိေတာ့ လစ္လပ္ေနတဲ့ ကုတင္တစ္ဖက္ျခမ္းက ျပန္႔ျပဴးေနဆဲ အိပ္ယာခင္းကို လက္ျဖင့္အသာအယာ ဖိပြတ္မိေတာ့ အထိအေတြ ့ေတြက ေအးစက္စက္

"သူ ညကဘယ္မွာ သြားအိပ္ေနတာလဲ"

မ်က္ခံုးတန္းလွလွေတြက စုက်ံဳ႕သြားရသည္။ သူကေတာ့ အိပ္ခ်င္ရာအိပ္ေနၿပီး သူမ်ားကို ေတာ့ အိပ္ခ်င္သည့္ေနရာ ေပးမအိပ္ တတ္လည္းတတ္ႏိုင္သည့္လူ

ေရခ်ိဳးခန္းဝင္မည္ေၾကာင့္ မတ္တပ္ရပ္လိုက္ေတာ့ ေျခေထာက္ေတြက အရင္ေန႔ကေလာက္မနာက်င္ေတာ့ လံုးလံုးေပ်ာက္သြားတာလဲ မဟုတ္...
အနည္းငယ္ေတာ့ အခ်ိန္ယူရလိမ့္မည္မွန္း သူသေဘာေပါက္မိပါသည္။

ေရခ်ိဳးခန္း ဝင္ၿပီးခ်ိန္တြင္လည္း သူ႔ရဲ႕ ဂြစာက ေရာက္မလာခဲ့ ျပန္ဘူး..
ေရာက္မလာလည္း ဘာအေရး သူတစ္ေယာက္တည္း ယိုင္တိယိုင္တိုင္ ျဖင့္ အနည္းငယ္ ထိန္းကာေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။
ေအာက္ထပ္ေရာက္သည္ႏွင့္ ထမင္းစားခန္းမွာ ေလးေလးက စားပြဲရွည္ျကီးတြင္ထိုင္ေနေလၿပီ
လူေအးႀကီး ကထံုးစံအတိုင္း စာတစ္အုပ္ ေကာ္ဖီတစ္ခြက္ျဖင့္ တစ္ေန႔တာကို ေအးေအးခ်မ္းခ်မ္းပင္ အစျပဳေနခဲ့သည္။

"Morning ေလးေလး"

သူႏႈတ္ဆက္လိုက္မွ စာအုပ္ေပၚ က ေက်ာ္ၾကည့္လာကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပံဳးျပလ်ွက္

"Morning Mochi"

Jimin စားပြဲ တြင္ဝင္မထိုင္အားေသး မီးဖိုခန္းထဲဝင္သြား တာမို႔ Namjoon မ်က္စိတစ္ဆံုးလိုက္ၾကည့္ရင္း ေခါင္းကို အသာယမ္းကာ ျပံဳးလ်ွက္ စာဆက္ဖတ္ေနခဲ့ သည္။ ဆယ္မိနစ္ ခန့္အၾကာမွ ျပန္ထြက္လာသူက Namjoon ေ႐ွ႕မွာ ဝင္ထိုင္လာကာ ေကာ္ဖီတစ္ခြက္ကို သူႏွင့္အတူ ေသာက္ေနခဲ့သည္။

"ေကာ္ဖီ ေသာက္မွာပဲကို သူတို႔ကို မွာလိုက္တာနဲ႔ ရေနတာကို ေျခေထာက္ေတြ နာေနေသးတာမဟုတ္လား"

"ျကက္သား ေပါင္းၿပီး စြတ္ျပဳတ္ေလးလဲ လုပ္ခ်င္ေသးလို႔ပါ ေလးေလး"

ကိုယ့္ခနၶာကိုယ္ အဆင္မေျပေနတဲ့ အခ်ိန္မွာ သည္ကေလး အပင္ပန္းေတြခံေနျပန္သည္။

"Mochi စားခ်င္တာဆို သူတို႔ကိုေျပာလိုက္တာနဲ႔ ရၿပီ ဒါမွမဟုတ္ သူတို႔လက္ရာကို မႀကိဳက္လို႔လား"

"မဟုတ္ပါဘူးေလးေလးရဲ႕ Jeon အတြက္ပါ"

"ေဟ..သူတစ္ခုခု ေနမေကာင္းျဖစ္ေနလို႔လား"

"သူေနေကာင္းပါတယ္ မနက္တိုင္းသူ႔မနက္စာကို ကြၽန္ေတာ့္ကို ျပင္ခိုင္းလို႔ပါ"

"ေျသာ္.."

ေျသာ္ တစ္လံုးသာ ေျပာႏိုင္ေတာ့သည္။ တူေတာ္ေမာင္က စိတ္အေျပာင္းအလဲသည္ အခုျဖဴေနလွ်င္ တစ္မိနစ္ၾကာ တစ္ခါေလာက္ အမဲ ေျပာင္းႏိုင္တာမို႔ သူ႔မအံျသ

မနက္စာကို ေကာင္းေပ့ၫြန္႔ေပ့ဆိုမွစားခ်င္တတ္သူက စိတ္တိုင္းမက်တိုင္း မီးဖိုခန္းမွ chef ေတြကိုျပႆ နာ႐ွာတတ္သည္။ သူေရာက္လာတဲ့ရက္ေတြအတြင္း တကယ့္ ျပႆ နာအိုးက မနက္တိုင္း ေပ်ာက္ေပ်ာက္သြားရကာ Jimin ဆိုတဲ့ chef ေလးဆီမွာ ျမဲေနခဲ့သည္ကို

"Mochi"

"ဗ်ာ"

"သားငယ္ေလးဆီ ျပန္လာေပးလို႔ ေက်းဇူးတင္ပါတယ္"

"ဘာျဖစ္လို႔ ေက်းဇူးတင္ေနရတာလဲေလးေလးရယ္ သူကကြၽန္ေတာ္ျပန္လာလို႔ စိတ္အေႏွာက္အယွက္ ျဖစ္ခ်င္ျဖစ္ေနမွာ"

"သူေပ်ာ္ ေနတာ"

"ဗ်ာ"

"သားငယ္ေလးက သူစိတ္ထဲ႐ွိရာကို ထုတ္ေျပာတတ္တဲ့သူမဟုတ္ဘူး သူ႔ွွႏုတ္ထြက္စကားတိုင္းကို အတည္ ယူလို႔မရဘူး"

"....."

"ေလးေလးလည္း မၾကာခင္ ျပန္ရေတာ့မွာ တစ္ခုခုဆို သားငယ္ကို ယံုယံုၾကည္ၾကည္ ႐ွိေနဖို႔က Mochi အတြက္ အေရးႀကီးတယ္ သားငယ္အနားမွာ ႐ွိေနေပးလို႔ ေလးေလး ထပ္ၿပီး ေက်းဇူးတင္ပါတယ္"

ေလးေလးေျပာတာေတြ သူနားမလည္ အနည္းငယ္ေတာ့ ေတြေဝသြားရသည္။ ေလးေလးကေတာ့ သူ႔စာအုပ္ေလးကိုယူၿပီး ထ ထြက္သြားေခ်ၿပီ

သူတို႔အိမ္ေထာင္ေရးရဲ႕ အစက မလွပခဲ့ ဘူး အနားသတ္ေလး မညီမညာျဖင့္ တည္ေဆာက္ခဲ့ၾကသည္။ ခြၽတ္ေခ်ာ္ ေနတဲ့ ဆက္ႏြယ္မႈေလးတစ္ခု
လူဆိုးေလးက သူ႔ကိုမၾကည္ျဖဴခဲ့ ..
မၾကည္ျဖဴသည့္ ဆက္ဆံေရးတစ္ခုကို အိမ္ေထာင္ေရးဆိုသည့္ ေဘာင္ႀကီးႀကီးျဖင့္ ခတ္ပစ္ႏိုင္ခဲ့တာ ဘာ့ေၾကာင့္မ်ားလဲ

သူသိသည့္ Jeon ရဲ႕ စိတ္႐ွည္ သည္းခံ ျခင္းေတြသည္ အကန္႔အသတ္ ႏွင့္
မ်က္ႏွာ ေလတိုက္ခံရတာေလးကိုေတာင္ ေဒါသထြက္ေနတတ္တဲ့ ဂြစာ
သူမ်ားက တစ္ခါျပန္ေက်ာသည့္ အခါ သူက ငါးခါေလာက္ျပန္ေက်ာရမွာ ေက်နပ္မည့္သူ
အဆံုးသတ္ေတြးၾကည့္ ရမည္ ဆိုလွ်င္ Jeonဆိုတဲ့႔ေယာက်ာ္းကို Jimin ေလာက္သည္းခံႏိုင္တဲ့သူမေမြးေသးလို႔သာ Jimin ကိုယူလိုက္ရျခင္းျဖစ္မည္ဟုသာ သိပ္အဆီအေငၚမတည့္ေသာ အေျဖသည္ လံုးလံုးလ်ားလ်ား ထြက္လာသည္။

"ဟြန္႔..ဂြစာ ဘယ္အခ်ိန္အထိ ဂ်စ္တိုက္ေနဦးမွာလဲ"

အေပၚထပ္ ျပန္ေရာက္ခ်ိန္ထိ Jeon ကေရာက္မလာခဲ့ အနက္ေရာင္ လိုက္ကာစေတြကိုဖယ္႐ွားလိုက္ေတာ့ မွန္ျပင္ ေတြ အျပည့္ကာရံထားတဲ့ တစ္ဖက္ျခမ္းမွ သစ္ပင္ပန္းမန္ေတြႏွင့္ အခန္းက်ယ္တစ္ခုကို ျမင္လိုက္ရသည္။

ဆက္သြယ္ရာ မွန္တံခါးခ်ပ္ ေလးကိုတြန္းဖြင့္ ၿပီးဝင္သြားေတာ့ လသာေဆာင္ အခန္းမွန္းသူသိလိုက္သည္။

ပန္းႏြယ္ေတြ အေခြလိုက္ မိုးထားတဲ့ တစ္ေယာက္အိပ္ ကုတင္ နီးပါး႐ွိတဲ့ ဆိုဖာက်ယ္ႀကီးေပၚမွာ ေမွးစက္ေနတဲ့ မဟူရာေရာင္ နတ္ဘုရားက သိပ္ထည္ဝါေနခဲ့ သည္။

သိပ္ေခ်ာ သိပ္ျပည့္စံုသည့္ ႐ုပ္ရည္ႏွင့္ထိုလူသားဟာ အ႐ွိန္အဝါ အျပည့္ႏွင့္ အားလံုးက ဦးၫႊတ္ခ်င္စရာ..
Jimin အတြက္ ယခုအခ်ိန္အခိုက္အတန္႔ေလးသည္ သိပ္ေအးခ်မ္းရသည္
အိပ္ေနပံု ေလးကအျပစ္ကင္းစင္လွသည့္ ကေလးေလးသဖြယ္ Jeon ကသိပ္ခ်စ္စရာေကာင္းသည္ဟုထင္မိသည္။

ႏႈတ္ခမ္းပါးပါးေတြက စကားေတြထြက္က်လာသည္ႏွင့္ ခဲႏွင့္အထုခံလိုက္ရသလို ခ်စ္ဖို႔မေကာင္းေတာ့
ဆိုဖာက်ယ္ႀကီးေဘး တြင္႐ွိေသာ ခံုပုေလးမွာ ဝင္ထိုင္ လိုက္ကာ အလိုမက်ခ်ိန္ႏွင့္မတူ ေျပျပစ္စြာ႐ွိေနတဲ့မ်က္ခံုးေတြကို ေငးစိုက္ၾကည့္ေနမိသည္။

"ၾကည့္လို႔ ဝၿပီလား"

"ဟင္"

"မဝေသးရင္ ဆက္အိပ္ေပးမလို႔ပါ"

ထံုးစံအတိုင္း ခ်စ္ဖို႔မေကာင္းေတာ့
Jimin မ်က္ႏွာ၏ အပူ႐ွိန္က သိသိသာသာတက္လာသည္ကို ခံစားလိုက္ရသည္။သို႔ေသာ္ အညံ့ေတာ့ မခံႏိုင္ေပ အိပ္ေနလို႔ ထိုင္ၾကည့္ေနခဲ့တာ သူ႔အျပစ္မွမဟုတ္

"မင္းမနက္စာ မစားလို႔ လာၾကည့္တာ အိပ္ေပ်ာ္ေနတာနဲ႔ မႏိႈးျဖစ္ေတာ့တာ ငါသြားေတာ့မယ္"

ထသြားေတာ့မည္အျပဳ Jeonကသူ႔လက္ေတြကိုဆြဲခ်တာမို႔ Jeon အိပ္စက္ရာနံေဘး အထိန္းအကြပ္မဲ့ ျပဳတ္က်သြားရသည္။လက္ေမာင္းသားေတြႏွင့္ ထိန္ေပြ႔ထားသူေၾကာင့္နာက်င္ျခင္းေတာ့မျဖစ္.. Jeon က ႏုညံ့ျခင္းေတြႏွင့္ ဘယ္တုန္းက မွမအပ္စပ္ခဲ့

အေနာက္ကေန သိမ္းေပြ႔ ကာ လည္ပင္းေတြၾကားထဲ ေခါင္းတိုးလာသည္။ႏႈတ္ခမ္းေတြႏွင့္ တမင္တကာ ပြတ္တိုက္ေနခဲ့တာမို႔ ဆရာဝန္ေလးက ႐ုန္းကန္ေနခဲ့သည္။ေမာင္ကအဲလိုပဲ သူ႔ကိုဆို အ႐ုပ္ေလးတစ္႐ုပ္လို လုပ္ခ်င္ရာ လုပ္တတ္ေသးသည္။ၿပီးေတာ့ သူမဟုတ္သလိုပဲ မ်က္ႏွာ ႐ွစ္ေခါက္ခ်ိဳးႏွင့္

"ဖယ္..လႊတ္"

"ေမာင့္ကို စိတ္ပူေနတာမဟုတ္လား"

"မပူဘူး"

"ပူေနပါတယ္"

"ဘယ္ေနရာက မွမပူဘူး"

ေမာင္က ခပ္ေသာ့ေသာ့ရယ္သည္ အသံေလးေတြထြက္လာတဲ့အထိ
ဖက္ထားရာမွ အတင္းလူးလဲထလိုက္ကာ စိုက္ပ်ိဳးထားတဲ့ သစ္ပင္ ပန္းပင္ေလးေတြကို ေလ်ွာက္ပတ္ၾကည့္မိသည္။

ေမာင္က အိပ္မေနေတာ့ ဆိုဖာကိုမွီလ်ွက္လက္ပိုက္ကာ မ်က္ေတာင္မခတ္တန္း ပန္းေတြၾကားမွာေလ်ွာက္သြားေနတဲ့ သူ႔ရဲ႕ ပိုင္ဆိုင္မႈေလးကို ႐ႈစားေနသည္။

"ပန္းေတြထက္ေတာင္လွ ေနတာပဲ"

တီးတိုးေရရြတ္မႈသည္ တစ္ကိုယ္တည္းၾကားရရံုသာ
႐ူးေလာက္ေအာင္လွတယ္ ျပဳစားႏိုင္ျခင္းေတြက အတိုင္းထက္အလြန္
ထိုလူသားရဲ႕ လက္ထဲမွာဝဲဖက္ ရင္အံုႀကီးတစ္ခုလံုးၿပိဳဆင္းမသြားဖို႔ အျမဲတမ္းသတိခ်ပ္ခဲ့ရတာမ်ိဳး

သိပ္အတၱႀကီးတဲ့ ႏွလံုးသားဟာ ခ်စ္မိတာႏွင့္ တစ္ဖက္စြန္းကို မျမင္ႏိုင္ေတာ့ေလာက္ေအာင္ တစ္ဖက္စြန္းကို ေရာက္ေရာက္သြားတတ္တာမို႔ အေႏွာင္အဖြဲ႔ေတြ သံေယာဇဥ္ေတြ ကို မၿငိတြယ္ ရေလေအာင္ ေနပစ္လိုက္တာက အေကာင္းဆံုးေသာ နည္းလမ္းဟုထင္သည္။

Park Jimin ဆိုတဲ့သိပ္လွတဲ့ ထိုလူသားက သူ႔ကိုလ်စ္လ်ဴ ႐ႈ ေက်ာခိုင္းခဲ့ၿပီးမွ ျပန္ေရာက္လာခဲ့ တဲ့ ထူးဆန္းတဲ့ ႀကိဳ း
သူလြယ္လြယ္ႏွင့္ ျဖတ္ေတာက္ခဲ့တဲ့ ႀကိဳးေတြႏွင့္မတူတဲ့ တရားဝင္တုတ္ေႏွာင္ခြင့္ သူကိုယ္တိုင္ေပးထားခဲ့တဲ့ႀကိဳး
ႀကိဳးကေလးက တျခားႀကိဳးေတြနဲ႔မတူ သူလိုရာကို ေဆာ့ကစား၍မရ အခ်ိန္မေရြသူ႔ကိုတုတ္ေႏွာင္ႏိုင္တဲ အစြမ္းသတၱိေတြနဲ႔

"မထိနဲ႔"

ေအးစက္စက္ ထြက္ေပၚလာတဲ့ ေမာင့္အသံဟာ တိတ္ဆိတ္တဲ့ ပတ္ဝန္းက်င္ မွာဟိန္းထြက္လာသည္။ တစ္ေလ်ွာက္လံုး လွည့္ပတ္ ၾကည့္႐ႈ့ ေနခ်ိန္တုန္းက ဘာမွမေျပာခဲ့သူဟာ အခန္းေထာင့္မွအဆင့္ဆင့္ပန္းအိုး စင္ေလးေတြရဲ့အထဲမွ Jimin ရင္ဘတ္ေလာက္ အထိျမင့္တဲ့ စင္ေလးေပၚမွ အပင္မ႐ွိတဲ့ ပံုစံဆန္း အိုးေလးကို ထိေတြ႔မည္အျပဳ တားျမစ္ျခင္းကိုခံလိုက္ရသည္။

ေျပာေျပာဆိုဆို အနားေရာက္လာသူက Jimin ႏွင့္ ပန္းအိုးစင္ေတြၾကား ရပ္လိုက္သူသည္။ မ်က္ခံုးတန္းေတြက သူ႔ပံုစံအတိုင္း စုက်ံဳ႕လို႔

"တအားစပ္စုတယ္ေနာ္ Jeon Jimin"

"ငါအပင္ေတြၾကည့္ေနတာေလ ၾကည့္လို႔မရဘူးလား မၾကည္ေစခ်င္ဘူးဆို မစိုက္နဲ႔ေပါ့"

"အဲအိုးထဲမွာ ခင္ဗ်ားဘာပင္ျမင္လို႔လဲ"

"မျမင္ပါဘူး..ဒါေပမယ့္ အိုးကေလးက ခ်စ္စရာေကာင္းေနသလားလို႔"

ေမာင့္မ်က္ႏွာႀကီးသည္ တျဖည္းျဖည္း မည္းေမွာင္လာျပန္သည္။

"အဲလိုပဲ ခ်စ္စရာေလးေတြဆိုၿပီး ခင္ဗ်ားမ်က္လံုးထဲမွာ ခ်စ္ဖို႔ေကာင္းတိုင္း သြားကိုင္ေနတာပဲလား"

"ငါကိုင္ခ်င္ ကိုင္မွာေပါ့"

Jeon Jimin တို႔ကလည္းမေခပါ ကိုင္ေတာ့ ဘာျဖစ္လဲ ဆိုသည့္မ်က္ႏွာေပးျဖင့္ ဘယ္သူ႔မွ ဂ႐ုမစိုက္ဘူး ဆိုတဲ့ အေနအထား

"အဲဒါဆိုလဲကိုင္လိုက္ေတာ့"

လက္ႏွစ္ဖက္ကို လ်ွင္လ်ွင္ျမန္ျမန္ ဆြဲယူၿပီး အိုးေပၚတင္ေပးလိုက္ေတာ့ ေၾကာင္ၾကည့္လာသည္။

"အဲထဲမွာ က်ဳပ္ရဲ႕လုပ္ျခံဳေရးအရ ဗံုးထည့္ထားတယ္ ခင္ဗ်ားလႈတ္တာနဲ႔ ေပါက္ကြဲသြားမွာ အ႐ိုးတျခား အသားတျခားပဲ"

"ဘာ!!!!"

ေအာင္ျမင္ လွေသာ ဆရာဝန္ေလး၏ ေအာ္သံက်ယ္ႀကီးသည္ မွန္အကာအရံေတြပင္ေပါက္ကြဲထြက္ေတာ့မတတ္

"လူယုတ္မာ!!!ငါ့ကိုျပန္လုပ္ေပး"

"ရႊတ္"

ပါးတစ္ဖက္ကိုအနမ္းခံလိုက္ရတာေၾကာင့္ အသက္အနၱရာယ္ၾကားမွ ေဒါသေတြသည္ Park Jimin ပီပီသ သ မနည္းမေနာ ထြက္လာၾကသည္။

"ေမႊးေနတာဘဲ ေနာက္တစ္ဖက္ကို ယုတ္မာဦးမွပါ ရႊတ္"

"ရား...ေခြးေကာင္ Jeon Jung Kook ငါ့ကိုလႊတ္ေပးလို႔"

ခါးလွလွေလးေပၚ ဖက္တြယ္ ကာ လည္ဂုတ္ေဖြးေဖြးေလးအေပၚထပ္နမ္းမိသည္။ သူပိုင္ဆိုင္တဲ့ ဒီအရာေတြကို နမ္းခ်င္စိတ္ေတြသည္ ဆရာဝန္ ေလး သူ႔အနားကို ေရာက္လာကတည္းက...

ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ စြာေနသူသည္ပန္းအိုးကိုလည္းလက္မလႊတ္ရဲ
ႏႈတ္ခမ္းပါး ေတြေရြ႔လ်ွားေနတဲ့ ခနၶာကိုယ္အစိတ္အပိုင္းေတြ အလိုက္ ၾကက္သီးေမြးညင္းေလးေတြထ၍ အေရာင္ေတြေျပာင္းေနခဲ့သည္မွာ ေဆးႏုႏုေရးျခယ္ထားတဲ့အႏုစိတ္ပန္းခ်ီကားေလးတစ္ခ်ပ္ပမာ

ေမာင္က အက်ႌေအာက္က လူမသိသူမသိတဲ့ အစိတ္အပိုင္း ေတြအထိ ရမ္းကားလာတဲ့ အခါ ေျခေထာက္ ေတြႏွင့္ ေနာက္ျပန္ ကန္မည္အျပဳ႕ ေမာင္သည္ကြၽမ္းက်င္ပိုင္ႏိုင္စြာ တိမ္းေ႐ွာင္ႏိုင္ခဲ့သည္။ ရလဒ္အေနနဲ႔ ပခံုးေပၚမွ သြားရာ အကြင္းလိုက္ႀကီးသည္ ေမာင္မေက်နပ္သည္ေၾကာင့္မွတ္သားခဲ့တဲ့ အမွတ္အသားအျဖစ္ ထင္က်န္ရစ္ခဲ့သည္။

ေမာင့္ကိုသူမႏိုင္ပါ Mr.Jeon ၏ စနစ္ေၾကာင့္ Jeon စံအိမ္မွာ ကိုယ္ခံပညာ သင္ခဲ့ရသည္။ လက္ရည္ စမ္းတိုင္းသင္လြယ္တတ္လြယ္ ေမာင္ဟာ သူမ်ားထက္ ေျခတစ္လွမ္းပိုသာခဲ့တာခ်ည္း။Jimin ရဲ႕အရည္အခ်င္းသည္ ေမာင္ကလြဲရင္ ဘယ္သူမဆို အလဲထိုးႏိုင္သည့္အေနအထား... ေမာင္ဟာ သူ႔ရဲ႕ႁခြင္းခ်က္
ေမာင္မ်က္ဝန္းစူးစူးေတြႏွင့္ ၾကည့္လိုက္ၿပီဆိုတာႏွင့္ သူအျမဲ အရံႈးေပးခဲ့ရတာ က်င့္သားေတာင္ ရေနတဲ့အထိ
ေမာင္က သူ႔ကိုဘဝအဆက္ဆက္ အႏိုင္ရဖို႔ ဆုေတြေတာင္းခဲ့သည့္အလား အၾကည့္တစ္ခ်က္ ကပင္တုန္လႈတ္ေစတဲ့ အထိ သူ႔ဘဝရဲ႕ အရာရာကိုေစစားႏိုင္သူ

"မင္းေသခ်င္ေနၿပီထင္တယ္ "

"စြာေနလိုက္တာ ေယာက်္ားက နမ္းတာေလ မေ႐ွာင္ေကာင္းဘူး ေယာက်ာ္းက ၾကင္ၾကင္နာနာ ေလး႐ွိေနေပးခ်ိန္ ၿငိမ္ၿငိမ္ေလး ေနေပးမွေပါ့"

"မင္းမွာ ၾကင္နာတယ္ ဆိုတာေရာ႐ွိေသးရဲ႕လား"

ေမာင္က အနည္းငယ္ ေတာ့ေတြေတြေဝေဝေလး ျဖစ္သြားကာ

"ေမာင္တျခားသူေတြကို ၾကင္နာေပးဖို႔ စိတ္မဝင္စားဘူး.. မင္းအတြက္ သီးသန္႔ ႀကိဳးစားေနရတာ"

ျဖစ္ႏိုင္ပါသည္။ အလိမ္အညာ ေတြ မဟုတ္မွန္း ....ၾကင္နာေပးဖို႔ ႀကိဳးစားေနသည္ ဆိုတဲ့စကားေလးတင္ Park Jimin တို႔ ေလေပၚေျမာက္တက္သြားသည့္အလား
လက္႐ွိအေျခအေနကိုပင္ သတိမရေတာ့

အထပ္ထပ္ေတာင္ ေက်းဇူးျပန္တင္ရမည့္ အေနအထား ေမာင္က သူ႔အေပၚမွာ အရင္ထက္ တျဖည္းျဖည္း ေျပာင္းလဲလာတာကိုေတာ့ ခံစားမိလာတယ္ မႏုညံ႔တတ္ေသးတာကလြဲလို႔.. ဆိုးေနေသးတာကလြဲလို႔

ေမာင္က သူ႔ရဲ႕ပါးေတြကို ေထြးဆုပ္ကာ ႏႈတ္ခမ္း လွလွေတြေပၚ ပါးလ်လ်ႏႈတ္ခမ္းငယ္ဟာ ခံစားလာသည္။ ေႏြးေထြးတယ္ ခ်ိဳခ်ိဳၿမိန္ၿမိန္ေလး ၿငိမ့္ေညာင္းလွတဲ့ သံစဥ္တစ္ခုဟာ နားထဲေပ်ာ္ဝင္စီးဆင္းေနသလိုပဲ ကာရံညီေနတဲ့ ကဗ်ာ ေလးတစ္ပုဒ္အလား

ေမာင့္လည္တိုင္ေတြဖက္တြယ္ လ်ွက္ တံု႔ျပန္မိေတာ့ေမာင့္မ်က္ဝန္ေတြ ထဲရယ္ျမဴးရိပ္ေလးသန္းသြားတာ မ်က္ဝန္းအလွေတြကိုေမွးမွိတ္ထားတဲ့ေမာင့္ပိုင္ဆိုင္မႈေလးမျမင္ႏိုင္ခဲ့။ တင္ပါး ေအာက္က သိမ္းေပြ႔ၿပီး ေမာင့္ခါးမွာ သြယ္လ်ွတဲ့ ေျခတံေတြကို ခ်ိတ္ေစၿပီး အနမ္းေတြကိုဆက္ေစသည္။

ေမာင္က ဆိုဖာေပၚသို႔ အသာအယာ ခ်လ်ွက္ ယစ္မူးဖြယ္ရာ အနမ္းဖြဖြေတြနဲ႔ သူ႔ကိုေခ်ာ့ ျမဴ ေနသေယာင္... ထို႔ေနာက္ လည္တိုင္ လွလွေလးေတြဆီကူးလူးလို႔ ေမာင္းက သူရဲ႕ သြားရာေလးေပၚခပ္ဖြဖြေလး သူ႔ႏွာေခါင္းခြၽန္ခြၽန္ေလးနစ္ဝင္မတတ္နမ္းသည္။

ေမး႐ိုးသြယ္သြယ္ေလးေတြ တေလ်ွာက္ ဖိပြတ္ဆြဲသြားတဲ့ အခ်ိန္ေတြဆို ေရခဲျပင္မွာ ျဖတ္ေလ်ွာက္ေနခဲ့ရသူလို ေအးခနဲ
ႏႈတ္ခမ္းဖူးဖူးေတြကို ျပန္လည္ ေထြးဆုပ္ခ်ိန္မွာ ေတာ့ ပူေႏြး႐ွိန္းျမေနတဲ့ အေငြ႔အသက္ ေတြက တစ္ကိုယ္လံုးလႊမ္းျခံဳ ရစ္သိုင္းေနခဲ့သည္။
ေမာင္က အနမ္းမွာေတာင္ သူ႔အေပၚသက္ေရာက္မႈ႐ွိ႐ွိ အစြမ္းကုန္ျခယ္လွယ္ႏိုင္တဲ့ အထိ လႊမ္းမိုး ႏိုင္စြမ္း႐ွိသူပါ။
ေမာင့္အနမ္းေတြက ေလာကႀကီးကို ေမ့သြားကာ တိမ္ေတြပၚလြင့္ထြက္သြားရသည့္အလား

အေတာ္ၾကာၾကာ နမ္း႐ိႈက္ၿပီးတဲ့ေနာက္မွာ ရင္အုပ္က်ယ္က်ယ္ႀကီးကို ခပ္ဖြဖြပုတ္လ်ွက္ တားဆီးရသည္။ အနမ္းေတြရဲ႕ အဆံုးသတ္မွာ ေမာင့္ပိုင္ဆိုင္မႈေလးသည္ လႈတ္ပင္မလႈတ္ႏိုင္ေတာ့သည္အထိ အသက္ကို အမိအရလု႐ွဴ ေနခဲ့သည္။

"မင္းေတာ္ေတာ္ဆိုးတာပဲ"

"အင္း..ေမာင္ကဆိုးတယ္"

လူဆိုးငယ္ဟာလြန္ခဲ့တဲ့ႏွစ္ေတြကအတိုင္း မေျပာင္းမလဲ ဂ်စ္တစ္တစ္ အမူအရာေလးေတြျဖင့္
လိမၼာမည္ ထင္ခဲ့တာ... ရင့္ရင့္က်က္က်က္ လူႀကီးေလးအသြင္ေဆာင္ထားတဲ့ ေမာင့္ပံုစံေလးဟာ သူႏွင့္ဆိုလ်ွင္ မေျပာင္းမလဲ ထြက္ေပၚလာတတ္ျမဲ

"ေမာင္ ဗိုက္ဆာလာၿပီ"

"ငါမလိုက္ေတာ့ဘူး ၾကက္ေပါင္းထားတယ္"

"ရတယ္...ရတယ္ ေမာင္ဖာသာပဲ သြားလိုက္ေတာ့မယ္ Jeon Jiminက ေနသာသလိုေန"

နဖူးထက္ ခပ္ဖြဖြေလး နမ္းကာ ထြက္ခြာသြားတဲ့ ေမာင့္ရဲ႕ လျခမ္းေကြးအျပံဳးေလးကို ဆရာဝန္ေလး မျမင္ႏိုင္ခဲ့ပါ။
တံခါးဝနားအေရာက္ တံခါးဖြင့္မည္အျပဳ

"Jeon Jung Kook!!!!လူယုတ္မာ ငါ့ကိုညာသြားတယ္ အခုျပန္လာခဲ့ "

ေမာင့္ရဲ႕ ပိုင္ဆိုင္မႈ ေလးက ေဒါသေၾကာင့္ တစ္ကိုယ္လံုးစေတာ္ဘယ္ရီေလးပမာနီေစြ႔လို..စိတ္႐ွိလက္႐ွိဆို ထု႐ိုက္ပစ္ခ်င္ေနမိေသာ္လည္း လူဆိုးေကာင္၏ေျခလွမ္းေတြကို လက္႐ွိအေျခအေနအရလိုက္လို႔ မျဖစ္ႏုိုင္...

"ေမာင့္ရဲ႕ ဗံုးေလး ေပါက္ကြဲေနၿပီ ပဲ"

ေမာင္ကဆြဲေဆာင္မႈ႐ွိစြာ မ်က္ဝန္းတစ္ဖက္ကို ေမွးမိွတ္ လို႔ အသည္းယားေအာင္ လုပ္ျပသြားေသးသည္။

"အား!!!ငါစိတ္တိုလို႔ ေသေတာ့မွာပဲ"

ေဒါသအိုး ေလး၏ ဒါသမီးလ်ွံေတြသည္ တဝုန္းဝုန္း ထေတာက္လို႔

.... .... .... .... .... .... ..... ... ..... ..... ....

ဖုန္းထဲက အိပ္ေပ်ာ္ေနတဲ့ ပံုရိပ္ငယ္ဟာ သက္မဲ့ ပံုရိပ္ေလးျဖစ္လင့္ကစား သူ႔နွလံုးသားေတြခုန္လွုတ္ဖို႔ လံုေလာက္သည္။ သူျပံဳးေပ်ာ္ေနဖို႔ လံုေလာက္ သည္ ။ သူအရမ္းခ်စ္ဖို႔ လံုေလာက္သည္။

ပံုရိပ္ငယ္ကို လက္ေခ်ာင္းလွလွေတြႏွင့္ထိေတြ႔ပြတ္သပ္မိသည္။ သူမ်ားေတြရဲ႕ LDRSက ဘယ္လိုေနလဲ သူမသိ...
သူ႔ရဲ႕အေဝးက ခ်စ္သူကို သူ႐ူးမတတ္လြမ္းေနရတာေတာ့ အမွန္ ဘယ္လိုေန ႏိုင္ၾကတာလဲ သူတိတ္တဆိတ္ခ်ီးက်ဴ းမိသည္။
ဖုန္းဖန္သားျပင္ထက္က ပံုရိပ္ငယ္ကို အသည္းပံုႏႈတ္ခမ္းေတြ ထိေတြ႔ကာ ျပန္ပိတ္လိုက္သည္။

"ကြၽန္ေတာ္ အရမ္းလြမ္းေနရတယ္ ခင္ဗ်ားရယ္...ခင္ဗ်ားေရာ ကြၽန္ေတာ့္ကို လြမ္းေနမယ္မဟုတ္လား"

အလြမ္းေတြ ျမန္ျမန္ သိမ္းဆည္းကာ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြျဖစ္တဲ့ အ႐ွံုး အျမတ္ ကိန္းဂဏန္း ေတြထဲ ေခါင္းစိုက္ကာ စိတ္ႏွစ္ရျပန္သည္။အလြမ္းေတြအနည္းငယ္ ေလ်ာ့ပါးသြားသလိုပင္ အလံုးစံု ေတာ့ မဟုတ္ခဲ့

ျမင္ေနရခ်ိန္တြင္ေတာင္ လြမ္းေနရသည့္အေနအထားတစ္ခုေပမို႔ အလြမ္းေတြေပ်ာက္ကြယ္သြားဖို႔ဆိုတာ သူ႔အတြက္ မျဖစ္ႏိုင္ေသးသည့္အရာတစ္ခု

"CEO ဧည့္သည္ လာပါတယ္"

"ဝင္လာခိုင္းလိုက္"

တံခါးဖြင့္သံ ခပ္သဲ့သဲ့ရဲ႕ေနာက္မွာအနီးကပ္ေရာက္လာသူကို မၾကည့္အားေသး..

"ထိုင္ပါ"

"အလုပ္ထဲ ဒီေလာက္ေတာင္ စိတ္ႏွစ္ေနႏိုင္ၿပီဆိုေတာ့ အေတာ္ေလးေနေကာင္းေနၿပီထင္တယ္"

"Hyung"

အခ်ိန္တိုင္း ေခ်ာေမာ ေနခဲ့တဲ့Hyung က သူ႔ရဲ႕ အေ႐ွ႕မွာ ဝင္ထိုင္လိုက္သည္က ႂကြႂကြရြရြ ေလး

"ငါမင္းကို လာၾကည့္တာ အဆင္ေျပရဲ႕ လားလို႔"

"လြမ္းေနရတာကလြဲလို႔ က်န္တာ အကုန္အေကာင္းပဲ"

Hyung ကျပံဳးသည္။နားလည္ပါတယ္ဆိုတဲ့ အၾကည့္ေတြနဲ႔

"ငါ့ ေယာက်ာ္းကို ေတာင္ လြမ္းလာသလိုပဲ"

အလုပ္ကို လက္စသတ္လိုက္ၿပီး Hyung ကိုအာရံုစိုက္လိုက္သည္။

"Hyung တို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ပိုင္ဆိုင္ထားရတဲ့ အေျခအေနတစ္ခု ကြၽန္ေတာ္တို႔က အခုမွ ပူပူေႏြးေႏြး ခ်စ္သူျဖစ္စေလး..စာနာပါဗ်ာ"

"အိမ္ေထာင္သည္ အလြမ္းက ပိုၿပီးေတာ့ နက္နက္႐ိႈင္း႐ိႈင္း ရင့္သန္တယ္ "

"Hyung ကဗ်ာ ကြၽန္ေတာ့္ဆီလာတာ Hyung ေယာက်္ားကို လြမ္းျပမလို႔လား
ကြၽန္ေတာ္ ကိုယ့္ အပူနဲ႔ကိုယ္ေတာင္ မနည္း"

ကိုယ္ကလြမ္းေနတာထက္ ပိုပိုသာသာေလး ပိုလြမ္းျပေနတဲ့ Hyung ေၾကာင့္ သူအေတာ္ေလးရင္ခံခ်င္ေနပါသည္။

"ေရာ့"

သူ႔အေ႐ွ႕သို႔ က်ေရာက္လာတဲ့ မီးခိုးေရာင္ စာအိတ္ငယ္က ဘာမွလိပ္မူထားျခင္းမ႐ွိ အနံ႔အသက္မ႐ွိတဲ့ ႐ိုး႐ိုး႐ွင္း႐ွင္းေလး
ပံုစံေလးကိုၾကည့္ျခင္းအားျဖင့္ ကိုယ္ကိုယ္တိုင္ျပဳလုပ္ထားတဲ့ စာအိတ္ေလးမွန္းသိသာလွသည္။

"ငါ့ေယာက်္ား ရဲ႕စာေတြနဲ႔ ကပ္ပါလာတာ မင္းဒီက အစ္ကိုႀကီးကို ႐ို႐ိုက်ိဳးက်ိဳးေလးဆက္ဆံသင့္တယ္လို႔ မထင္ဘူးလား "

ရင္ဘတ္ကို ပုတ္ျပလ်ွက္ ဝင့္ဝင့္ႂကြားႂကြားဆိုလာသူေၾကာင့္ Tae မတ္တပ္ရပ္လိုက္ၿပီး Hyung ရဲ႕လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္ကာ

"ကြၽန္ေတာ့္ရဲ႕ Hyung ကအေကာင္းဆံုး"

မ်က္ဝန္းေတြ ေမွးမွိတ္က်ေနခဲ့တဲ့ အထိ box smile ေလးက အသက္ဝင္လို႔..
ဒီကေလး ျပံဳးရႊင္ေနေတာ့Seok Jin သူပါေရာေယာင္ ျပံဳးမိရသည္အထိ
မင္းကို Hyung ဒီလိုေလးပဲ ျမင္ခ်င္တာပါ ကေလးရယ္..

စကားအနည္းငယ္ ေျပာဆိုၿပီးHyung ႏႈတ္ဆက္ကာ ျပန္သြားမွ သူလည္းအလုပ္သိမ္းကာ ကြန္ဒိုျပန္ျဖစ္ခဲ့ သည္။ ေရခ်ိဳးေနခဲ့ အခ်ိန္အထိ အျပံဳးေတြကတစိမ့္စိမ့္ ဘာေတြစာထဲေရးထားမလဲ ႀကိဳရင္ခုန္ရသည္။

ဖုန္းသံုးခြင့္ပိတ္ထားျခင္းသည္ ဟိုဘုကလန္႔ေကာင္၏ စနစ္မကင္း နယ္ေျမလံုျခံဳေရးအရတဲ့ ႏိုင္ငံျခားေတြ ခရီးထြက္ခ်ိန္မွာေတာ့ vd callႏွင့္ အလြမ္းေျပရသည္ ။ တစ္ခါတစ္ရံ အခြင့္သာတဲ့အခါ ဖုန္းေလးဆက္တတ္ပါေသးသည္။

အာလံုးၿပီးစီးသြားေတာ့ ကုတင္ေပၚတင္ကာ စာအိတ္ေလးကို နမ္း႐ွံုလိုက္ၿပီး အသာအယာ ဖြင့္ေဖာက္ ၾကည့္ျဖစ္သည္။

သို႔.... ခ်စ္သူလို႔ အစခ်ီထားတဲ့ စာလႊာေလးက ဘယ္ေလာက္ခ်စ္ေၾကာင္း ဘယ္ေလာက္လြမ္းေၾကာင္းေတြ ဖြဲ႔ဖြဲ႔ႏြဲ႔ႏြဲ႔မ႐ွိလွေသာ္လည္း...
သူအလုပ္ကိစၥအနည္းငယ္ ႐ႈတ္ေနေၾကာင္း စိတ္မပူဖို႔ႏွင့္ ရြက္စိမ္းေလး ၏ က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ အထပ္ထပ္မွာတဲ့ ႐ိုး႐ွင္းလွတဲ့ အေၾကာင္းရာေလးေတြသာ
႐ိုး႐ွင္းလွေသာ္လည္း ဖတ္ေနသူ၏ မ်က္ဝန္းအိမ္မွ မ်က္ရည္ေတြ ဝဲတက္လာရသည္အထိ ထပ္ခါထပ္ခါ ဖတ္မိေနခဲ့သည္။

"ငါဘာျဖစ္ေနတာလည္း..ငါဝမ္းသာေနရမွာ ဟုတ္တယ္ ငါဝမ္းသာေနရမွာ"

မ်က္ရည္ ေတြက အခ်ိန္မေရြးဖြင့္လို႔ရတဲ့ အဖြင့္အပိတ္ခလုတ္ေတြမို႔ အပိတ္ဘက္ကိုသာ အားစိုက္ သိမ္းဆည္းလိုက္သည္။

"ကြၽန္ေတာ္ ခင္ဗ်ားကို တစ္ေန႔ထက္တစ္ေန႔ ပိုပို ခ်စ္လာမိတယ္ဗ်ာ"

11.7.22

AN-ဒီေန႔ပဲအပ္ေပးလိုက္ၿပီေနာ္😘😘

Unicode

အချိန်မှန်နိုးတတ်တဲ့ အကျင့်လေးက အလင်းရောင် ဖောက်မဝင်နိုင်သော မဟူရာရောင်အခန်းကျယ်ကြီးထဲ ရောက်နေခဲ့ချိန်မှာတောင် မပြောင်းမလဲ ...

မျက်ဝန်း တွေဖွင့်လိုက်တာနှင့် အနက်ရောင်တွေနှင့် မှိုင်းထနေခဲ့တဲ့ အခန်းကြီးထဲမှာ ညအိပ်မီးရောင် လေးသည် ထွန်းလင်းနေဆဲ

ဘေးဘက်ကိုကြည့်မိတော့ လစ်လပ်နေတဲ့ ကုတင်တစ်ဖက်ခြမ်းက ပြန့်ပြူးနေဆဲ အိပ်ယာခင်းကို လက်ဖြင့်အသာအယာ ဖိပွတ်မိတော့ အထိအတွေ့တွေက အေးစက်စက်

"သူ ညကဘယ်မှာ သွားအိပ်နေတာလဲ"

မျက်ခုံးတန်းလှလှတွေက စုကျုံ့သွားရသည်။ သူကတော့ အိပ်ချင်ရာအိပ်နေပြီး သူများကို တော့ အိပ်ချင်သည့်နေရာ ပေးမအိပ် တတ်လည်းတတ်နိုင်သည့်လူ

ရေချိုးခန်းဝင်မည်ကြောင့် မတ်တပ်ရပ်လိုက်တော့ ခြေထောက်တွေက အရင်နေ့ကလောက်မနာကျင်တော့ လုံးလုံးပျောက်သွားတာလဲ မဟုတ်...
အနည်းငယ်တော့ အချိန်ယူရလိမ့်မည်မှန်း သူသဘောပေါက်မိပါသည်။

ရေချိုးခန်း ဝင်ပြီးချိန်တွင်လည်း သူ့ရဲ့ ဂွစာက ရောက်မလာခဲ့ ပြန်ဘူး..
ရောက်မလာလည်း ဘာအရေး သူတစ်ယောက်တည်း ယိုင်တိယိုင်တိုင် ဖြင့် အနည်းငယ် ထိန်းကာအောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်သည်နှင့် ထမင်းစားခန်းမှာ လေးလေးက စားပွဲရှည်ကြီးတွင်ထိုင်နေလေပြီ
လူအေးကြီး ကထုံးစံအတိုင်း စာတစ်အုပ် ကော်ဖီတစ်ခွက်ဖြင့် တစ်နေ့တာကို အေးအေးချမ်းချမ်းပင် အစပြုနေခဲ့သည်။

"Morning လေးလေး"

သူနှုတ်ဆက်လိုက်မှ စာအုပ်ပေါ် က ကျော်ကြည့်လာကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလျှက်

"Morning Mochi"

Jimin စားပွဲ တွင်ဝင်မထိုင်အားသေး မီးဖိုခန်းထဲဝင်သွား တာမို့ Namjoon မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း ခေါင်းကို အသာရမ်းကာ ပြုံးလျှက် စာဆက်ဖတ်နေခဲ့ သည်။ ဆယ်မိနစ် ခန့်အကြာမှ ပြန်ထွက်လာသူက Namjoon ရှေ့မှာ ဝင်ထိုင်လာကာ ကော်ဖီတစ်ခွက်ကို သူနှင့်အတူ သောက်နေခဲ့သည်။

"ကော်ဖီ သောက်မှာပဲကို သူတို့ကို မှာလိုက်တာနဲ့ ရနေတာကို ခြေထောက်တွေ နာနေသေးတာမဟုတ်လား"

"ကြက်သား ပေါင်းပြီး စွတ်ပြုတ်လေးလည်း လုပ်ချင်သေးလို့ပါ လေးလေး"

ကိုယ့်ခန္ဓာကိုယ် အဆင်မပြေနေသော အချိန်မှာ သည်ကလေး အပင်ပန်းတွေခံနေပြန်သည်။

"Mochi စားချင်တာဆို သူတို့ကိုပြောလိုက်တာနဲ့ ရပြီ ဒါမှမဟုတ် သူတို့လက်ရာကို မကြိုက်လို့လား"

"မဟုတ်ပါဘူးလေးလေးရဲ့ Jeon အတွက်ပါ"

"ဟေ..သူတစ်ခုခု နေမကောင်းဖြစ်နေလို့လား"

"သူနေကောင်းပါတယ် မနက်တိုင်းသူ့မနက်စာကို ကျွန်တော့်ကို ပြင်ခိုင်းလို့ပါ"

"သြော်.."

သြော် တစ်လုံးသာ ပြောနိုင်တော့သည်။ တူတော်မောင်က စိတ်အပြောင်းအလဲသည် အခုဖြူနေလျှင် တစ်မိနစ်ကြာ တစ်ခါလောက် အမဲ ပြောင်းနိုင်တာမို့ သူ့မအံသြ

မနက်စာကို ကောင်းပေ့ညွန့်ပေ့ဆိုမှစားချင်တတ်သူက စိတ်တိုင်းမကျတိုင်း မီးဖိုခန်းမှ chef တွေကိုပြဿ နာရှာတတ်သည်။ သူရောက်လာတဲ့ရက်တွေအတွင်း တကယ့် ပြဿ နာအိုးက မနက်တိုင်း ပျောက်ပျောက်သွားရကာ Jimin ဆိုတဲ့ chef လေးဆီမှာ မြဲနေခဲ့သည်ကို

"Mochi"

"ဗျာ"

"သားငယ်လေးဆီ ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်"

"ဘာဖြစ်လို့ ကျေးဇူးတင်နေရတာလဲလေးလေးရယ် သူကကျွန်တော်ပြန်လာလို့ စိတ်အနှောက်အယှက် ဖြစ်ချင်ဖြစ်နေမှာ"

"သူပျော် နေတာ"

"ဗျာ"

"သားငယ်လေးက သူစိတ်ထဲရှိရာကို ထုတ်ပြောတတ်တဲ့သူမဟုတ်ဘူး သှူ့နုတ်ထွက်စကားတိုင်းကို အတည် ယူလို့မရဘူး"

"....."

"လေးလေးလည်း မကြာခင် ပြန်ရတော့မှာ တစ်ခုခုဆို သားငယ်ကို ယုံယုံကြည်ကြည် ရှိနေဖို့က Mochi အတွက် အရေးကြီးတယ် သားငယ်အနားမှာ ရှိနေပေးလို့ လေးလေး ထပ်ပြီး ကျေးဇူးတင်ပါတယ်"

လေးလေးပြောတာတွေ သူနားမလည် အနည်းငယ်တော့ တွေဝေသွားရသည်။ လေးလေးကတော့ သူ့စာအုပ်လေးကိုယူပြီး ထ ထွက်သွားချေပြီ

သူတို့အိမ်ထောင်ရေးရဲ့ အစက မလှပခဲ့ ဘူး အနားသတ်လေး မညီမညာဖြင့် တည်ဆောက်ခဲ့ကြသည်။ ချွတ်ချော် နေတဲ့ ဆက်နွယ်မှုလေးတစ်ခု
လူဆိုးလေးက သူ့ကိုမကြည်ဖြူခဲ့ ..
မကြည်ဖြူသည့် ဆက်ဆံရေးတစ်ခုကို အိမ်ထောင်ရေးဆိုသည့် ဘောင်ကြီးကြီးဖြင့် ခတ်ပစ်နိုင်ခဲ့တာ ဘာ့ကြောင့်များလဲ

သူသိသည့် Jeon ရဲ့ စိတ်ရှည် သည်းခံ ခြင်းတွေသည် အကန့်အသတ် နှင့်
မျက်နှာ လေတိုက်ခံရတာလေးကိုတောင် ဒေါသထွက်နေတတ်တဲ့ ဂွစာ
သူများက တစ်ခါပြန်ကျောသည့် အခါ သူက ငါးခါလောက်ပြန်ကျောရမှာ ကျေနပ်မည့်သူ
အဆုံးသတ်တွေးကြည့် ရမည် ဆိုလျှင် Jeonဆိုတဲ့ ယောက်ျားကို Jimin လောက်သည်းခံနိုင်တဲ့သူမမွေးသေးလို့သာ Jimin ကိုယူလိုက်ရခြင်းဖြစ်မည်ဟုသာ သိပ်အဆီအငေါ်မတည့်သော အဖြေသည် လုံးလုံးလျားလျား ထွက်လာသည်။

"ဟွန့်..ဂွစာ ဘယ်အချိန်အထိ ဂျစ်တိုက်နေဦးမှာလဲ"

အပေါ်ထပ် ပြန်ရောက်ချိန်ထိ Jeon ကရောက်မလာခဲ့ အနက်ရောင် လိုက်ကာစတွေကိုဖယ်ရှားလိုက်တော့ မှန်ပြင် တွေ အပြည့်ကာရံထားတဲ့ တစ်ဖက်ခြမ်းမှ သစ်ပင်ပန်းမန်တွေနှင့် အခန်းကျယ်တစ်ခုကို မြင်လိုက်ရသည်။

ဆက်သွယ်ရာ မှန်တံခါးချပ် လေးကိုတွန်းဖွင့် ပြီးဝင်သွားတော့ လသာဆောင် အခန်းမှန်းသူသိလိုက်သည်။

ပန်းနွယ်တွေ အခွေလိုက် မိုးထားတဲ့ တစ်ယောက်အိပ် ကုတင် နီးပါးရှိသော ဆိုဖာကျယ်ကြီးပေါ်မှာ မှေးစက်နေတဲ့ မဟူရာရောင် နတ်ဘုရားက သိပ်ထည်ဝါနေခဲ့ သည်။

သိပ်ချော သိပ်ပြည့်စုံသည့် ရုပ်ရည်နှင့်ထိုလူသားဟာ အရှိန်အဝါ အပြည့်နှင့် အားလုံးက ဦးညွှတ်ချင်စရာ..
Jimin အတွက် ယခုအချိန်အခိုက်အတန့်လေးသည် သိပ်အေးချမ်းရသည်
အိပ်နေပုံ လေးကအပြစ်ကင်းစင်လှသည့် ကလေးလေးသဖွယ် Jeon ကသိပ်ချစ်စရာကောင်းသည်ဟုထင်မိသည်။

နှုတ်ခမ်းပါးပါးတွေက စကားတွေထွက်ကျလာသည်နှင့် ခဲနှင့်အထုခံလိုက်ရသလို ချစ်ဖို့မကောင်းတော့
ဆိုဖာကျယ်ကြီးဘေး တွင်ရှိသော ခုံပုလေးမှာ ဝင်ထိုင် လိုက်ကာ အလိုမကျချိန်နှင့်မတူ ပြေပြစ်စွာရှိနေတဲ့မျက်ခုံးတွေကို ငေးစိုက်ကြည့်နေမိသည်။

"ကြည့်လို့ ဝပြီလား"

"ဟင်"

"မဝသေးရင် ဆက်အိပ်ပေးမလို့ပါ"

ထုံးစံအတိုင်း ချစ်ဖို့မကောင်းတော့
Jimin မျက်နှာ၏ အပူရှိန်က သိသိသာသာတက်လာသည်ကို ခံစားလိုက်ရသည်။သို့သော် အညံ့တော့ မခံနိုင်ပေ အိပ်နေလို့ ထိုင်ကြည့်နေခဲ့တာ သူ့အပြစ်မှမဟုတ်

"မင်းမနက်စာ မစားလို့ လာကြည့်တာ အိပ်ပျော်နေတာနဲ့ မနှိုးဖြစ်တော့တာ ငါသွားတော့မယ်"

ထသွားတော့မည်အပြု Jeonကသူ့လက်တွေကိုဆွဲချတာမို့ Jeon အိပ်စက်ရာနံဘေး အထိန်းအကွပ်မဲ့ ပြုတ်ကျသွားရသည်။လက်မောင်းသားတွေနှင့် ထိန်ပွေ့ထားသူကြောင့်နာကျင်ခြင်းတော့မဖြစ်.. Jeon က နုညံ့ခြင်းတွေနှင့် ဘယ်တုန်းက မှမအပ်စပ်ခဲ့

အနောက်ကနေ သိမ်းပွေ့ ကာ လည်ပင်းတွေကြားထဲ ခေါင်းတိုးလာသည်။နှုတ်ခမ်းတွေနှင့် တမင်တကာ ပွတ်တိုက်နေခဲ့တာမို့ ဆရာဝန်လေးက ရုန်းကန်နေခဲ့သည်။မောင်ကအဲလိုပဲ သူ့ကိုဆို အရုပ်လေးတစ်ရုပ်လို လုပ်ချင်ရာ လုပ်တတ်သေးသည်။ပြီးတော့ သူမဟုတ်သလိုပဲ မျက်နှာ ရှစ်ခေါက်ချိုးနှင့်

"ဖယ်..လွှတ်"

"မောင့်ကို စိတ်ပူနေတာမဟုတ်လား"

"မပူဘူး"

"ပူနေပါတယ်"

"ဘယ်နေရာက မှမပူဘူး"

မောင်က ခပ်သော့သော့ရယ်သည် အသံလေးတွေထွက်လာတဲ့အထိ
ဖက်ထားရာမှ အတင်းလူးလဲထလိုက်ကာ စိုက်ပျိုးထားတဲ့ သစ်ပင် ပန်းပင်လေးတွေကို လျှောက်ပတ်ကြည့်မိသည်။

မောင်က အိပ်မနေတော့ ဆိုဖာကိုမှီလျှက်လက်ပိုက်ကာ မျက်တောင်မခတ်တန်း ပန်းတွေကြားမှာလျှောက်သွားနေတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုလေးကို ရှုစားနေသည်။

"ပန်းတွေထက်တောင်လှ နေတာပဲ"

တီးတိုးရေရွတ်မှုသည် တစ်ကိုယ်တည်းကြားရရုံသာ
ရူးလောက်အောင်လှတယ် ပြုစားနိုင်ခြင်းတွေက အတိုင်းထက်အလွန်
ထိုလူသားရဲ့ လက်ထဲမှာဝဲဖက် ရင်အုံကြီးတစ်ခုလုံးပြိုဆင်းမသွားဖို့ အမြဲတမ်းသတိချပ်ခဲ့ရတာမျိုး

သိပ်အတ္တကြီးတဲ့ နှလုံးသားဟာ ချစ်မိတာနှင့် တစ်ဖက်စွန်းကို မမြင်နိုင်တော့လောက်အောင် တစ်ဖက်စွန်းကို ရောက်ရောက်သွားတတ်တာမို့ အနှောင်အဖွဲ့တွေ သံယောဇဉ်တွေ ကို မငြိတွယ် ရလေအောင် နေပစ်လိုက်တာက အကောင်းဆုံးသော နည်းလမ်းဟုထင်သည်။

Park Jimin ဆိုတဲ့သိပ်လှတဲ့ ထိုလူသားက သူ့ကိုလျစ်လျူ ရှု ကျောခိုင်းခဲ့ပြီးမှ ပြန်ရောက်လာခဲ့ တဲ့ ထူးဆန်းတဲ့ ကြိုး
သူလွယ်လွယ်နှင့် ဖြတ်တောက်ခဲ့တဲ့ ကြိုးတွေနှင့်မတူတဲ့ တရားဝင်တုတ်နှောင်ခွင့် သူကိုယ်တိုင်ပေးထားခဲ့တဲ့ကြိုး
ကြိုးကလေးက တခြားကြိုးတွေနှင့်မတူ သူလိုရာကို ဆော့ကစား၍မရ အချိန်မရွေးသူ့ကိုတုတ်နှောင်နိုင်တဲ အစွမ်းသတ္တိတွေနှင့်

"မထိနဲ့"

အေးစက်စက် ထွက်ပေါ်လာတဲ့ မောင့်အသံဟာ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် မှာဟိန်းထွက်လာသည်။ တစ်လျှောက်လုံး လှည့်ပတ် ကြည့်ရှု့ နေချိန်တုန်းက ဘာမှမပြောခဲ့သူဟာ အခန်းထောင့်မှအဆင့်ဆင့်ပန်းအိုး စင်လေးတွေရဲ့အထဲမှ Jimin ရင်ဘတ်လောက် အထိမြင့်တဲ့ စင်လေးပေါ်မှ အပင်မရှိတဲ့ ပုံစံဆန်း အိုးလေးကို ထိတွေ့မည်အပြု တားမြစ်ခြင်းကိုခံလိုက်ရသည်။

ပြောပြောဆိုဆို အနားရောက်လာသူ

Jimin နှင့် ပန်းအိုးစင်တွေကြား ရပ်လိုက်သူသည် မျက်ခုံးတန်းတွေက သူ့ပုံစံအတိုင်း စုကျုံ့လို့

"တအားစပ်စုတယ်နော် Jeon Jimin"

"ငါအပင်တွေကြည့်နေတာလေ ကြည့်လို့မရဘူးလား မကြည်စေချင်ဘူးဆို မစိုက်နဲ့ပေါ့"

"အဲအိုးထဲမှာ ခင်ဗျားဘာပင်မြင်လို့လဲ"

"မမြင်ပါဘူး..ဒါပေမယ့် အိုးကလေးက ချစ်စရာကောင်းနေသလားလို့"

မောင့်မျက်နှာကြီးသည် တဖြည်းဖြည်း မည်းမှောင်လာပြန်သည်။

"အဲလိုပဲ ချစ်စရာလေးတွေဆိုပြီး ခင်ဗျားမျက်လုံးထဲမှာ ချစ်ဖို့ကောင်းတိုင်း သွားကိုင်နေတာပဲလား"

"ငါကိုင်ချင် ကိုင်မှာပေါ့"

Jeon Jimin တို့ကလည်းမခေပါ ကိုင်တော့ ဘာဖြစ်လဲ ဆိုသည့်မျက်နှာပေးဖြင့် ဘယ်သူ့မှ ဂရုမစိုက်ဘူး ဆိုတဲ့ အနေအထား

"အဲဒါဆိုလဲကိုင်လိုက်တော့"

လက်နှစ်ဖက်ကို လျှင်လျှင်မြန်မြန် ဆွဲယူပြီး အိုးပေါ်တင်ပေးလိုက်တော့ ကြောင်ကြည့်လာသည်။

"အဲထဲမှာ ကျုပ်ရဲ့လုပ်ခြုံရေးအရ ဗုံးထည့်ထားတယ် ခင်ဗျားလှုတ်တာနဲ့ ပေါက်ကွဲသွားမှာ အရိုးတခြား အသားတခြားပဲ"

"ဘာ!!!!"

အောင်မြင် လှသော ဆရာဝန်လေး၏ အော်သံကျယ်ကြီးသည် မှန်အကာအရံတွေပင်ပေါက်ကွဲထွက်တော့မတတ်

"လူယုတ်မာ!!!ငါ့ကိုပြန်လုပ်ပေး"

"ရွှတ်"

ပါးတစ်ဖက်ကိုအနမ်းခံလိုက်ရတာကြောင့် အသက်အန္တရာယ်ကြားမှ ဒေါသတွေသည် Park Jimin ပီပီသ သ မနည်းမနော ထွက်လာကြသည်။

"မွှေးနေတာဘဲ နောက်တစ်ဖက်ကို ယုတ်မာဦးမှပါ ရွှတ်"

"ရား...ခွေးကောင် Jeon Jung Kook ငါ့ကိုလွှတ်ပေးလို့"

ခါးလှလှလေးပေါ် ဖက်တွယ် ကာ လည်ဂုတ်ဖွေးဖွေးလေးအပေါ်ထပ်နမ်းမိသည်။ သူပိုင်ဆိုင်တဲ့ သည်အရာတွေကို နမ်းချင်စိတ်တွေသည် ဆရာဝန် လေး သူ့အနားကို ရောက်လာကတည်းက...

နှုတ်ခမ်းတထော်ထော်နှင့် စွာနေသူသည်ပန်းအိုးကိုလည်းလက်မလွှတ်ရဲ
နှုတ်ခမ်းပါး တွေရွေ့လျှားနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အလိုက် ကြက်သီးမွေးညင်းလေးတွေထ၍ အရောင်တွေပြောင်းနေခဲ့သည်မှာ ဆေးနုနုရေးခြယ်ထားတဲ့အနုစိတ်ပန်းချီကားလေးတစ်ချပ်ပမာ

မောင်က အင်္ကျီအောက်က လူမသိသူမသိတဲ့ အစိတ်အပိုင်း တွေအထိ ရမ်းကားလာတဲ့ အခါ ခြေထောက် တွေနှင့် နောက်ပြန် ကန်မည်အပြု့ မောင်သည်ကျွမ်းကျင်ပိုင်နိုင်စွာ တိမ်းရှောင်နိုင်ခဲ့သည်။ ရလဒ်အနေနှင့် ပခုံးပေါ်မှ သွားရာ အကွင်းလိုက်ကြီးသည် မောင်မကျေနပ်သည်ကြောင့်မှတ်သားခဲ့တဲ့ အမှတ်အသားအဖြစ် ထင်ကျန်ရစ်ခဲ့သည်။

မောင့်ကိုသူမနိုင်ပါ Mr.Jeon ၏ စနစ်ကြောင့် Jeon စံအိမ်မှာ ကိုယ်ခံပညာ သင်ခဲ့ရသည်။ လက်ရည် စမ်းတိုင်းသင်လွယ်တတ်လွယ် မောင်ဟာ သူများထက် ခြေတစ်လှမ်းပိုသာခဲ့တာချည်း။Jimin ရဲ့အရည်အချင်းသည် မောင်ကလွဲလျှင် ဘယ်သူမဆို အလဲထိုးနိုင်သည့်အနေအထား... မောင်ဟာ သူ့ရဲ့ခြွင်းချက်
မောင်မျက်ဝန်းစူးစူးတွေနှင့် ကြည့်လိုက်ပြီဆိုတာနှင့် သူအမြဲ အရှုံးပေးခဲ့ရတာ ကျင့်သားတောင် ရနေတဲ့အထိ
မောင်က သူ့ကိုဘဝအဆက်ဆက် အနိုင်ရဖို့ ဆုတွေတောင်းခဲ့သည့်အလား အကြည့်တစ်ချက် ကပင်တုန်လှုတ်စေတဲ့ အထိ သူ့ဘဝရဲ့ အရာရာကိုစေစားနိုင်သူ

"မင်းသေချင်နေပြီထင်တယ် "

"စွာနေလိုက်တာ ယောက်ျားက နမ်းတာလေ မရှောင်ကောင်းဘူး ယောက်ျားက ကြင်ကြင်နာနာ လေးရှိနေပေးချိန် ငြိမ်ငြိမ်လေး နေပေးမှပေါ့"

"မင်းမှာ ကြင်နာတယ် ဆိုတာရောရှိသေးရဲ့လား"

မောင်က အနည်းငယ် တော့တွေတွေဝေဝေလေး ဖြစ်သွားကာ

"မောင်တခြားသူတွေကို ကြင်နာပေးဖို့ စိတ်မဝင်စားဘူး.. မင်းအတွက် သီးသန့် ကြိုးစားနေရတာ"

ဖြစ်နိုင်ပါသည်။ အလိမ်အညာ တွေ မဟုတ်မှန်း ....ကြင်နာပေးဖို့ ကြိုးစားနေသည် ဆိုတဲ့စကားလေးတင် Park Jimin တို့ လေပေါ်မြောက်တက်သွားသည့်အလား
လက်ရှိအခြေအနေကိုပင် သတိမရတော့

အထပ်ထပ်တောင် ကျေးဇူးပြန်တင်ရမည့် အနေအထား မောင်က သူ့အပေါ်မှာ အရင်ထက် တဖြည်းဖြည်း ပြောင်းလဲလာတာကိုတော့ ခံစားမိလာတယ် မနုညံ့တတ်သေးတာကလွဲလို့.. ဆိုးနေသေးတာကလွဲလို့

မောင်က သူ့ရဲ့ပါးတွေကို ထွေးဆုပ်ကာ နှုတ်ခမ်း လှလှတွေပေါ် ပါးလျလျနှုတ်ခမ်းငယ်ဟာ ခံစားလာသည်။ နွေးထွေးတယ် ချိုချိုမြိန်မြိန်လေး ငြိမ့်ညောင်းလှတဲ့ သံစဉ်တစ်ခုဟာ နားထဲပျော်ဝင်စီးဆင်းနေသလိုပဲ ကာရံညီနေတဲ့ ကဗျာ လေးတစ်ပုဒ်အလား

မောင့်လည်တိုင်တွေဖက်တွယ် လျှက် တုံ့ပြန်မိတော့မောင့်မျက်ဝန်တွေ ထဲရယ်မြူးရိပ်လေးသန်းသွားတာ မျက်ဝန်းအလှတွေကိုမှေးမှိတ်ထားတဲ့မောင့်ပိုင်ဆိုင်မှုလေးမမြင်နိုင်ခဲ့။ တင်ပါး အောက်က သိမ်းပွေ့ပြီး မောင့်ခါးမှာ သွယ်လျှတဲ့ ခြေတံတွေကို ချိတ်စေပြီး အနမ်းတွေကိုဆက်စေသည်။

မောင်က ဆိုဖာပေါ်သို့ အသာအယာ ချလျှက် ယစ်မူးဖွယ်ရာ အနမ်းဖွဖွတွေနှင့် သူ့ကိုချော့ မြူ နေသယောင်... ထို့နောက် လည်တိုင် လှလှလေးတွေဆီကူးလူးလို့ မောင်းက သူရဲ့ သွားရာလေးပေါ်ခပ်ဖွဖွလေး သူ့နှာခေါင်းချွန်ချွန်လေးနစ်ဝင်မတတ်နမ်းသည်။

မေးရိုးသွယ်သွယ်လေးတွေ တလျှောက် ဖိပွတ်ဆွဲသွားတဲ့ အချိန်တွေဆို ရေခဲပြင်မှာ ဖြတ်လျှောက်နေခဲ့ရသူလို အေးခနဲ
နှုတ်ခမ်းဖူးဖူးတွေကို ပြန်လည် ထွေးဆုပ်ချိန်မှာ တော့ ပူနွေးရှိန်းမြနေတဲ့ အငွေ့အသက် တွေက တစ်ကိုယ်လုံးလွှမ်းခြုံ ရစ်သိုင်းနေခဲ့သည်။

မောင်က အနမ်းမှာတောင် သူ့အပေါ်သက်ရောက်မှုရှိရှိ အစွမ်းကုန်ခြယ်လှယ်နိုင်တဲ့ အထိ လွှမ်းမိုး နိုင်စွမ်းရှိသူပါ။
မောင့်အနမ်းတွေက လောကကြီးကို မေ့သွားကာ တိမ်တွေပါ်လွင့်ထွက်သွားရသည့်အလား

အတော်ကြာကြာ နမ်းရှိုက်ပြီးတဲ့နောက်မှာ ရင်အုပ်ကျယ်ကျယ်ကြီးကို ခပ်ဖွဖွပုတ်လျှက် တားဆီးရသည်။ အနမ်းတွေရဲ့ အဆုံးသတ်မှာ မောင့်ပိုင်ဆိုင်မှုလေးသည် လှုတ်ပင်မလှုတ်နိုင်တော့သည်အထိ အသက်ကို အမိအရလုရှူ နေခဲ့သည်။

"မင်းတော်တော်ဆိုးတာပဲ"

"အင်း..မောင်ကဆိုးတယ်"

လူဆိုးငယ်ဟာလွန်ခဲ့တဲ့နှစ်တွေကအတိုင်း မပြောင်းမလဲ ဂျစ်တစ်တစ် အမူအရာလေးတွေဖြင့်
လိမ္မာမည် ထင်ခဲ့တာ... ရင့်ရင့်ကျက်ကျက် လူကြီးလေးအသွင်ဆောင်ထားတဲ့ မောင့်ပုံစံလေးဟာ သူနှင့်ဆိုလျှင် မပြောင်းမလဲ ထွက်ပေါ်လာတတ်မြဲ

"မောင် ဗိုက်ဆာလာပြီ"

"ငါမလိုက်တော့ဘူး ကြက်ပေါင်းထားတယ်"

"ရတယ်...ရတယ် မောင်ဖာသာပဲ သွားလိုက်တော့မယ် Jeon Jiminက နေသာသလိုနေ"

နဖူးထက် ခပ်ဖွဖွလေး နမ်းကာ ထွက်ခွာသွားတဲ့ မောင့်ရဲ့ လခြမ်းကွေးအပြုံးလေးကို ဆရာဝန်လေး မမြင်နိုင်ခဲ့ပါ။
တံခါးဝနားအရောက် တံခါးဖွင့်မည်အပြု

"Jeon Jung Kook!!!!လူယုတ်မာ ငါ့ကိုညာသွားတယ် အခုပြန်လာခဲ့ "

မောင့်ရဲ့ ပိုင်ဆိုင်မှု လေးက ဒေါသကြောင့် တစ်ကိုယ်လုံးစတော်ဘယ်ရီလေးပမာနီစွေ့လို..စိတ်ရှိလက်ရှိဆို ထုရိုက်ပစ်ချင်နေမိသော်လည်း လူဆိုးကောင်၏ခြေလှမ်းတွေကို လက်ရှိအခြေအနေအရလိုက်လို့ မဖြစ်နိုင်...

"မောင့်ရဲ့ ဗုံးလေး ပေါက်ကွဲနေပြီ ပဲ"

မောင်ကဆွဲဆောင်မှုရှိစွာ မျက်ဝန်းတစ်ဖက်ကို မှေးမှိတ် လို့ အသည်းယားအောင် လုပ်ပြသွားသေးသည်။

"အား!!!ငါစိတ်တိုလို့ သေတော့မှာပဲ"

ဒေါသအိုး လေး၏ ဒါသမီးလျှံတွေသည် တဝုန်းဝုန်း ထတောက်လို့

.... .... .... .... .... .... ..... ... ..... ..... ....

ဖုန်းထဲက အိပ်ပျော်နေတဲ့ ပုံရိပ်ငယ်ဟာ သက်မဲ့ ပုံရိပ်လေးဖြစ်လင့်ကစား သူ့နှလုံးသားတွေခုန်လှုတ်ဖို့ လုံလောက်သည်။ သူပြုံးပျော်နေဖို့ လုံလောက် သည် ။ သူအရမ်းချစ်ဖို့ လုံလောက်သည်။

ပုံရိပ်ငယ်ကို လက်ချောင်းလှလှတွေနှင့်ထိတွေ့ပွတ်သပ်မိသည်။ သူများတွေ၏ LDRSက ဘယ်လိုနေလဲ သူမသိ...
သူ့ရဲ့အဝေးက ချစ်သူကို သူရူးမတတ်လွမ်းနေရတာတော့ အမှန် ဘယ်လိုနေ နိုင်ကြတာလဲ သူတိတ်တဆိတ်ချီးကျူးမိသည်။
ဖုန်းဖန်သားပြင်ထက်က ပုံရိပ်ငယ်ကို အသည်းပုံနှုတ်ခမ်းတွေ ထိတွေ့ကာ ပြန်ပိတ်လိုက်သည်။

"ကျွန်တော် အရမ်းလွမ်းနေရတယ် ခင်ဗျားရယ်...ခင်ဗျားရော ကျွန်တော့်ကို လွမ်းနေမယ်မဟုတ်လား"

အလွမ်းတွေ မြန်မြန် သိမ်းဆည်းကာ တစ်နေ့တာလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အရှုံး အမြတ် ကိန်းဂဏန်း တွေထဲ ခေါင်းစိုက်ကာ စိတ်နှစ်ရပြန်သည်။အလွမ်းတွေအနည်းငယ် လျော့ပါးသွားသလိုပင် အလုံးစုံ တော့ မဟုတ်ခဲ့

မြင်နေရချိန်တွင်တောင် လွမ်းနေရသည့်အနေအထားတစ်ခုပေမို့ အလွမ်းတွေပျောက်ကွယ်သွားဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်သေးသည့်အရာတစ်ခု

"CEO ဧည့်သည် လာပါတယ်"

"ဝင်လာခိုင်းလိုက်"

တံခါးဖွင့်သံ ခပ်သဲ့သဲ့ရဲ့နောက်မှာအနီးကပ်ရောက်လာသူကို မကြည့်အားသေး..

"ထိုင်ပါ"

"အလုပ်ထဲ ဒီလောက်တောင် စိတ်နှစ်နေနိုင်ပြီဆိုတော့ အတော်လေးနေကောင်းနေပြီထင်တယ်"

"Hyung"

အချိန်တိုင်း ချောမော နေခဲ့တဲ့Hyung က သူ့ရဲ့ အရှေ့မှာ ဝင်ထိုင်လိုက်သည်က ကြွကြွရွရွ လေး

"ငါမင်းကို လာကြည့်တာ အဆင်ပြေရဲ့ လားလို့"

"လွမ်းနေရတာကလွဲလို့ ကျန်တာ အကုန်အကောင်းပဲ"

Hyung ကပြုံးသည်။နားလည်ပါတယ်ဆိုတဲ့ အကြည့်တွေနှင့်

"ငါ့ ယောက်ျားကို တောင် လွမ်းလာသလိုပဲ"

အလုပ်ကို လက်စသတ်လိုက်ပြီး Hyung ကိုအာရုံစိုက်လိုက်သည်။

"Hyung တို့က တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားရတဲ့ အခြေအနေတစ်ခု ကျွန်တော်တို့က အခုမှ ပူပူနွေးနွေး ချစ်သူဖြစ်စလေး..စာနာပါဗျာ"

"အိမ်ထောင်သည် အလွမ်းက ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ရင့်သန်တယ် "

"Hyung ကဗျာ ကျွန်တော့်ဆီလာတာ Hyung ယောက်ျားကို လွမ်းပြမလို့လား
ကျွန်တော် ကိုယ့် အပူနဲ့ကိုယ်တောင် မနည်း"

ကိုယ်ကလွမ်းနေတာထက် ပိုပိုသာသာလေး ပိုလွမ်းပြနေတဲ့ Hyung ကြောင့် သူအတော်လေးရင်ခံချင်နေပါသည်။

"ရော့"

သူ့အရှေ့သို့ ကျရောက်လာသော မီးခိုးရောင် စာအိတ်ငယ်က ဘာမှလိပ်မူထားခြင်းမရှိ အနံ့အသက်မရှိတဲ့ ရိုးရိုးရှင်းရှင်းလေး
ပုံစံလေးကိုကြည့်ခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်ပြုလုပ်ထားတဲ့ စာအိတ်လေးမှန်းသိသာလှသည်။

"ငါ့ယောက်ျား ရဲ့စာတွေနဲ့ ကပ်ပါလာတာ မင်းဒီက အစ်ကိုကြီးကို ရိုရိုကျိုးကျိုးလေးဆက်ဆံသင့်တယ်လို့ မထင်ဘူးလား "

ရင်ဘတ်ကို ပုတ်ပြလျှက် ဝင့်ဝင့်ကြွားကြွားဆိုလာသူကြောင့် Tae မတ်တပ်ရပ်လိုက်ပြီး Hyung ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ

"ကျွန်တော့်ရဲ့ Hyung ကအကောင်းဆုံး"

မျက်ဝန်းတွေ မှေးမှိတ်ကျနေခဲ့တဲ့ အထိ box smile လေးက အသက်ဝင်လို့..
သည်ကလေး ပြုံးရွှင်နေတော့Seok Jin သူပါရောယောင် ပြုံးမိရသည်အထိ
မင်းကို Hyung သည်လိုလေးပဲ မြင်ချင်တာပါ ကလေးရယ်..

စကားအနည်းငယ် ပြောဆိုပြီးHyung နှုတ်ဆက်ကာ ပြန်သွားမှ သူလည်းအလုပ်သိမ်းကာ ကွန်ဒိုပြန်ဖြစ်ခဲ့ သည်။ ရေချိုးနေခဲ့ အချိန်အထိ အပြုံးတွေကတစိမ့်စိမ့် ဘာတွေစာထဲရေးထားမလဲ ကြိုရင်ခုန်ရသည်။

ဖုန်းသုံးခွင့်ပိတ်ထားခြင်းသည် ဟိုဘုကလန့်ကောင်၏ စနစ်မကင်း နယ်မြေလုံခြုံရေးအရတဲ့ နိုင်ငံခြားတွေ ခရီးထွက်ချိန်မှာတော့ vd callနှင့် အလွမ်းပြေရသည် ။ တစ်ခါတစ်ရံ အခွင့်သာတဲ့အခါ ဖုန်းလေးဆက်တတ်ပါသေးသည်။

အာလုံးပြီးစီးသွားတော့ ကုတင်ပေါ်တင်ကာ စာအိတ်လေးကို နမ်းရှုံ့လိုက်ပြီး အသာအယာ ဖွင့်ဖောက် ကြည့်ဖြစ်သည်။

သို့.... ချစ်သူလို့ အစချီထားတဲ့ စာလွှာလေးက ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်လွမ်းကြောင်းတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့မရှိလှသော်လည်း...
သူအလုပ်ကိစ္စအနည်းငယ် ရှုတ်နေကြောင်း စိတ်မပူဖို့နှင့် ရွက်စိမ်းလေး ၏ ကျန်းမာရေးကို ဂရုစိုက်ဖို့ အထပ်ထပ်မှာတဲ့ ရိုးရှင်းလှတဲ့ အကြောင်းရာလေးတွေသာ
ရိုးရှင်းလှသော်လည်း ဖတ်နေသူ၏ မျက်ဝန်းအိမ်မှ မျက်ရည်တွေ ဝဲတက်လာရသည်အထိ ထပ်ခါထပ်ခါ ဖတ်မိနေခဲ့သည်။

"ငါဘာဖြစ်နေတာလည်း..ငါဝမ်းသာနေရမှာ ဟုတ်တယ် ငါဝမ်းသာနေရမှာ"

မျက်ရည် တွေက အချိန်မရွေးဖွင့်လို့ရတဲ့ အဖွင့်အပိတ်ခလုတ်တွေမို့ အပိတ်ဘက်ကိုသာ အားစိုက် သိမ်းဆည်းလိုက်သည်။

"ကျွန်တော် ခင်ဗျားကို တစ်နေ့ထက်တစ်နေ့ ပိုပို ချစ်လာမိတယ်ဗျာ"

11.7.22

AN-ဒီနေ့ပဲအပ်ပေးလိုက်ပြီနော်😘😘

Comment