Part - 9

🌨🎈 နိုင်းစေမာန်ရဲ့ တိတ်ဆိတ်ခြင်းကလေးငယ်🎈🌨
  Part - 9


" ကလေးလေးရေ..ကလေး...ကိုကိုပြန်ရောက်...ကလေး...ဟင်..."


ညနေစောင်း ခြောက်နာရီဝန်းကျင်ခန့် မှောင်ရီပျိုးချိန်မှ နိုင်းအိမ်သို့ပြန်ရောက်လေသည်... အမောပြေ ကလေးငယ်၏မျက်နှာလေးအား ကြည့်လိုက်မည်ဟု အားခဲထားသော်လည်း အိမ်ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက နိုင်း၏စိုးရိမ်စိတ်က ငယ်ထိပ်သို့ဆိုက်သွားသည်...


ဧည့်ခန်းတစ်ခုလုံး ပစ္စည်းများပွရှုပ်နေကာ..စစ်ပွဲတစ်ခုဖြစ်ပျက်ခဲ့သည့် အလားပင်... ပြီးတော့ ယံလေးလည်းမရှိနေတော့....


" ကလေး...ကလေးရေ..ဟင့်..ဟင့်...ကလေး "


ကိုကိုမှားတာ...ကိုကိုမှားတာပါ...ကိုကိုကလေးကိုတစ်ယောက်တည်းထားပစ်ခဲ့မိတယ်... သွေးတို့လက်ထဲ ကလေးငယ်ပါသွားပြီ...


နိုင်းရင်ဘက်တစ်ခုလုံးအား ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ပျက်စီးကြေမွသွားပြီး နောင်တတရားတို့က ဝင်ရောက်လာခဲ့သည်...


အီးးးးဟီးးးးး ကလေးးး ကိုကိုမှားတာ...အီးဟီးးးး ဟင့်...


နိုင်း အနီးရှိခုံလေးပေါ်သို့ အရုပ်ကြိုးပျက် ပစ်ထိုင်ချမိရကာ...ရှိုက်ကြီးတငင်ပင် ငိုကြွေးမိရသည်... ကလေးကိုသူတို့ခေါ်သွားပြီမို့ နိုင်းဘယ်ကိုလိုက်ရှာရမှန်းမသိ...


ထိုစဥ် ပုခုံးထက်နွေးခနဲဖြစ်သွားရသည်မို့ နိုင်းမော့ကြည့်လိုက်ရာ...


" ဟင်...ကလေး..."


မျက်ဝန်းဝိုင်းနက်နက်လေးဖြင့် အကြောင်သားငုံ့ကြည့်နေသော ကလေးငယ်...


... ကိုကို ဘာလို့ငိုနေတာလဲ သွားတာလည်း အကြာကြီးပဲ... ကိုကို...ကိုကိုဘာလို့ငိုနေတာလဲဟင် ဘာဖြစ်လို့လဲဟင် ...


ပြောရင်း ယံလေးမျက်ရည်များဝိုင်းလာပြီး...တစ်ဖြည်းဖြည်း မျက်ရည်များစီးကျလာသည်...


ထိုပုံကိုကြည့်ကာ နိုင်းရယ်လိုက်ရမလား အရှိန်မပျက် ဆက်ပဲငိုရဦးမလားမသိတော့...


ယံလေးက လက်ထဲတွင်ယောင်းမတစ်ချောင်းကိုင်ကာ မျက်နှာတစ်ခုလုံးရော လက်များပါ အိုးမဲများပေပွနေပြီး ငိုလိုက်တော့ မျက်ရည်စီးကြောင်းပင် မဲကာပေကျံနေသည်...


နိုင်းအလျှင်အမြန်ပင် ထရပ်ကာ ယံလေးအား ပွေ့ဖက်မိလိုက်ရင်း... နိုင်းငိုနေသည်မို့ သူပါရော၍ ငိုနေသော ကလေးပေါက်အား ကျောကိုသပ်ပေးလိုက်မိသည်...


" ကလေးလေး...မငိုနဲ့တော့ ကိုကိုဘာမှမဖြစ်ဘူး ကလေးကိုမတွေ့လို့ငိုတာ ကလေးလေးကရော ဘယ်တွေရောက်နေတာလဲ..ပြီးတော့တစ်အိမ်လုံး ဘာတွေဖြစ်ထားတာလဲ "


... ယံလေး...ဟင့်...ယံလေးက ကိုကိုနဲ့ယံလေးစားဖို့ ထမင်းဟင်းတွေချက်နေတာ...အိမ်ကပွနေတာက အိမ်ဝိုင်းထဲက ကလေးတွေက ယံလေးနဲ့အတူလာနေပေးရင်း ဟင့်...ဆော့ထားတာ..ဟင့်..ကိုကိုကဘာလို့ငိုတာလဲ ကိုကိုငိုတော့ ယံလေးလည်း ငိုချင်တာပေါ့...


" အင်း အင်း မငိုနဲ့တော့နော်...တိတ် တိတ်... ထမင်းဟင်းတွေချက်နေတယ် ဟုတ်လား... ချက်တတ်လို့လား "


နိုင်းအမေးတွင်မှ ယံလေးခေါင်းကိုခါရမ်းပြလေသည်... ဆံနွယ်တိုလေးများက ဘေးတစ်ဖက်တစ်ချက်ဆီပင် ဝဲကနဲပျံကာသွားလေသည်...


နိုင်းသိလိုက်ပါပြီ...
...ဒီညတော့...ညစာငတ်ပြီ ဟု...


ထိုမှပင် ယံလေးတစ်ယောက်တစ်ခုခုကို သတိရသွားသယောင် မီးဖိုးခန်းသို့ လှစ်ခနဲပြေးလေသည်...နိုင်းလည်းမနေနိုင်တော့ နောက်မှဝင်လိုက်သွားမိသည်...


အပိုပြောခြင်းမဟုတ်ရ...
အင်းအားပြင်း မုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခက်ထားသလို မီးဖိုခန်းကျဥ်းလေးက ပြောင်းဆန်နေတော့သည်...


" ကလေးလေး...ပေး ယောင်းမ ကိုကိုဆက်ချက်လိုက်မယ်..."


ဆန်စိလေးများ ပွကာပေကြံနေသော ထမင်းအိုးလေးအား ကယ်တင်လို့ရလိုရငြား နိုင်းပြောလိုက်သော်လည်း စေတနာပရပွ...အိုးမဲပရပွဖြင့် ယံလေးကတော့ ခေါင်းခါရှာသည်... သူဆက်ချက်မည်ပေါ့.


" ကလေးလေးက ရေချိုးလိုက်တော့နော်... ကိုကိုချက်လိုက်မယ်လေ... "


... ကိုကိုပင်ပန်းလာတာကို နားပါ ယံလေးချက်ပါ့မယ်....
...


နောက်ဆုံးတွင်တော့ အောက်ပိုင်းများတူးခြစ်နေပြီး အပေါ်မှပျော့စိကာနေသော ထမင်းအိုးအား လက်လွတ်ဆုံးရှုံးခံလိုက်ရကာ ခေါက်ဆွဲထုတ်ထဲ ကြက်ဥတစ်လုံးစီဖောက်ထည့်၍ စပယ်ရှယ်Dinner ပွဲကြီး ကျင်းပလိုက်ရလေသည်...
...


အိမ်ပြင်မှာ ပုရစ်သံပိုးမွှားသံလေးများက တစီစီညံနေသည်...
ဝိုင်း (ခြံဝန်းပါ .. တစ်ချို့အညာဒေသသုံးပေါ့..) အတွင်းမှ အိမ်လေးများစီမှ ဟိုတစ်စုဒီတစ်စုမီးရောင်လေးများက ဟိုတစ်ကွက် ဒီတစ်ကွက်...
အချို့သောအိမ်လေးများမှ ကလေးစာကျက်သံ သဲ့သဲ့ကိုလည်းကြားရလေသည်...


နိုင်း ကုတင်ဘောင်ကိုမှီကာ ထိုင်နေပြီး သူ့ရှေ့မှ လက်ဟန်အမူအရာဖြင့် တစ်နေ့တာ အတွေ့အကြုံများ ဖလှယ်နေရှာသော ကလေးအား ကြည့်နေမိသည်...


... ကိုကိုသိလား အဲ့ကလေးလေးက ပြောတယ်... ဒီအိမ်ဝိုင်းထောင့်က ညောင်ပင်အောက်များ ညနေဆို ဘယ်သူမှမသွားရဲတော့ဘူးတဲ့...


" အင် ဘာလို့လဲ "


... အိုက်ယား ကိုကို သရဲမှ အမွှေးတွေပါ ရှည်အောင် အကောင်ကြီးတာတဲ့...


ပြောရင်းကြက်သီးထသွားသလို ကျောပြင်လေးပါ တွန့်ခါရင်း အားပါးတရပြောနေသော ကလေးငယ်က မီးရောင်မှိန်မှိန်အောက်တွင် မျက်လုံးလေးများပင် တဖျက်ဖျက်လက်နေလေသည်...
ကလေးလေးခမျှာ တစ်နေကုန်မတွေ့ရပဲ ခုမှတွေ့ရသည့် ကိုကို့ကို ပြောဖို့ စကားတွေအများကြီး စုထားရှာသည်ထင်...


... ကိုကိုရယ် ယံလေးတော့ ကြောက်လိုက်တာ အဲ့သရဲဆိုတာကြီးက အိမ်ထဲမဝင်နိုင်လို့တော်သေးတယ်တဲ့ အော် ပြီးတော့လေ ကိုကို သူ့သူငယ်ချင်းက ဒီနှစ်ကျောင်းနှုတ်ခံရတယ်တဲ့...


" ဟင် ဘာလို့ "


နိုင်းခေါင်းညိတ်ကာ နားထောင်နေရသော်လည်း ခြေလက်များကိုက်ခဲကာ ညောင်နာနာဖြစ်နေပေပြီ... တစ်နေကုန် နေပူထဲ တာလီပေးထားရသည်မို့... ဖျားချင်နေပေပြီ...


... အော်...ဘိုးဘွားစဥ်ဆက် ပိုင်လာတဲ့လုပ်ငန်းလုပ်ရမှာတဲ့...


" အော် ဘာလုပ်ငန်းလဲ "


... တောင်းစားတာလေ...


" အမ်..."


... ဟုတ်တယ်..ကိုကို သနားပါတယ်...


" အင်း..."


... ကိုကို ဟိုဘက်လေး...တစ်အိမ်ကျော်က အဒေါ်ကြီးကပြောတယ်.. ဒီနားနီးက စျေးကိုသူကနေ့တိုင်းသွားတာတဲ့ အဲ့ဒါ...........


နိုင်း ယံလေးပြောသည်ကို ဆက်မကြားနိုင်တော့ ပင်ပန်းလွန်းသော ခန္ဓာကိုယ်က လေးပင်လွန်းသော မျက်ခွံများကို ပင့်တင်မထားနိုင်တော့...နားထောင်ရင်း နားထောင်ရင်း...( အဲ လက်အမူအရာများကို ကြည့်ရင်းကြည့်ရင်း) အိပ်ပျော်သွားလေပြီ...


အင်းးးးးး အင်းးးးးးး
ဟင်းးးးးးး


ညနက်ချိန်တွင် နိုင်းညည်းညူသံများ ထွက်လာလေပြီ... ယံလေး အိပ်နေရင်းမှ နိုင်း၏ ညည်းညူသံများကြောင့် နိုးလာရရင်း နိုင်းကိုနှိုးရလေသည်...


လက်မောင်းအား ကိုင်ချိန်မှ ကိုယ်ပူနေသည်ကိုသိရလေသည်...


... ကိုက်ို...ကိုကို ထပါဦး ကိုကို...


ခပ်ကြမ်းကြမ်းလှုပ်ခါလိုက်မှပင် နိုင်းနိုးလာလေပြီး.. မပွင့်တပွင့်မျက်လုံးတို့က ယံလေးကိုကြည့်ကာ...


" ကလေးလေး..ဘာဖြစ်လို့လဲ အော် ရှူးပေါက်ချင်လို့လား..."


တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေကာ ကလေးငယ်အား အိမ်သာပို့ရန် နိုင်းအတင်းကြုံးထလေသည်...
သရဲကြောက်သည်ဟု ညဦးပိုင်းမှပင် ပြောထားသော ကလေးကြောင့် နိုင်းထင်လိုက်သည်က ရှူးထတည်ပေးရန်သာ...


... ကိုကိုဖျားနေပြီ...


" ကိုကိုလား အင်း...နည်းနည်းဖျားချင်တာထင်တယ်.. ကလေးလေးမပူနဲ့ အိပ်တော့နော်... "


အိပ်တော့နော်ဟု ပြောရင်း ပြန်လည်အိပ်ပျော်ချင်နေသော နိုင်းက မျက်ခုံးများအား ကျုံ့ကာထားလေပြန်သည်...
ထိုးကိုက်နေသောခေါင်းနှင့် တစ်ဆစ်ဆစ် နာကျင်နေသော ခန္ဓာကိုယ်က ကြာကြာနိုးထခွင့်မပေး... ပြန်လည်အိပ်ပျော်သွားရလေသည်...
.....


... ကိုကို...ကိုကို...ထ...ယံလေးဆေးကြိုထားတယ်... ကိုက်ို...


လက်မောင်းအား အတင်းလှုပ်ခါ၍ နှိုးလာပြန်သဖြင့် နိုင်းနိုးလာရသည်.. နဖူးထက်ရေစိုဝတ်လေးရှိနေသည်ကို ခံစားရပြီး ပန်ကန်လုံးလေးကိုင်ထားသော ကလေးငယ်က နိုင်းအားဆေးတိုက်ရန်ကြိုးစားနေခြင်းဖြစ်သည်...


ဟင်... ! မိုးတောင်တော်တော်လင်းနေပြီပဲ.. ဆေးကြိုထားတယ်တဲ့...


သေချာတာပေါ့.. ယံလေးကိုယ်တိုင်ကြိုထားတဲ့ဆေးဆိုတာ...
အကြောင်းက ယံလေးမျက်နှာထက် မနေ့ကလိုပင် အိုးမဲလေးများ ကျံပေနေပြန်သည်...


နိုင်းကိုယ့်ဘာသာတွေးလိုက်မိသည်...
' လျှပ်စစ်ဒယ်အိုးတစ်လုံးတော့ ဝယ်ကိုဝယ်ရတော့မယ်...'


အားးးးးး !!!


" ကလေး...ဘာတွေလဲ...ပူစပ်စပ်ချိုပြီပြီ အရသာနဲ့ "


ဆေးကြိုထားသည်ဆိုသဖြင့် ရှည်ရှည်ဝေးဝေးတွေးမနေတော့ နိုင်းယူကာမော့ချပစ်လိုက်သည်...ဆေးကြိုထားသည်ဆိုသဖြင့် ခါးလိမ့်မည်ထင်ထားသော်လည်း တကယ်ရလာသည့်အရသာက ပူစပ်စပ် ချိုပြီပြီ...


... ဟုတ်တယ်ကိုကို...


" ကလေးလေး..ဆေးရောဟုတ်ရဲ့လား ဘာတွေကြိုထားတာလဲ...ဘယ်သူကပြောတာလဲ "


... အော်..ကိုကိုကလည်း မယုံသင်္ကာနဲ့ အဟုတ်ဆေးကြိုထားတာ တိုင်းရင်းဆေးနော်...


" ကလေးကို ဒီဆေးတိုက်ရမယ်လို့ ဘယ်သူပြောတာလဲ "


... ဟိုဘက်အိမ်က အန်တီနှစ်ယောက်ပြောတာ...အဲ့...ယံလေးကိုပြောတာမဟုတ်ဘူး သူတို့ဘာသာပြောတာ.. အန်တီတစ်ယောက်ကပြောတယ်...သူ့သမီးနေမကောင်းဘူးတဲ့... ကိုက်ခဲနေတယ်တဲ့... အာ့နဲ့ ကိုကိုကလည်း ညက အိပ်ရင်းအပူတွေတတ်ပြီး ကိုက်ခဲနေတယ်လို့ ညည်းနေတော့ ယံလေးက တိတ်တိတ်လေးဆက်နားထောင်နေတာ...အိုးးးကိုကိုရေ ဆေးနည်းပါရလိုက်တာ...တော်သေးတယ်..ဆေးက ကြိုရလွယ်လို့...


နိုင်းအခုထိနားလည်သယောင် မလည်သယောင်မို့ ဘာမှမပြောပဲနားထောင်နေလိုက်သည်...လည်ချောင်းတစ်လျှောက်တော့ ပူဆင်းနေလေပြီ...


... နောက်အန်တီတစ်ယောက်ကပြောတယ်...'ဒါများ ဂျင်းနဲ့ထန်းလျှက်နဲ့ ကြိုပြီးတိုက်လိုက်လေ' တဲ့... အာ့နဲ့ယံလေးလည်း ကိုကို့အတွက်ကြိုပြီးတိုက်တာ ကိုကိုနေကောင်းတော့မှာ...


သေလိုက်စမ်း နိုင်းစေမာန်... ဟု နိုင်းစိတ်ထဲမှပင် ကိုယ့်ကိုကိုယ် ဆဲလိုက်မိသည်...
တစ်ဦးတည်းသောသား ....
မွေးစားခံရတော့လည်း အစ်ကိုဖြစ်သူနဲ့ ယံလေးတစ်ယောက်...မိန်းကလေးများဖြင့်လည်း နီးနီးစပ်စပ်မရှိဘူးခဲ့...


မိန်းကလေးများ ဓမ္မတာကြောင့်ဖြစ်သည့် ကိုက်ခဲမှုနှင့် နေပူထဲအနေများသွားသောကြောင့် ဖျားနာသော မိမိ၏ကိုက်ခဲမှုအား ထပ်တူပြု ကုသပေးလေသော...ကလေးငယ်အား ရယ်လည်းရယ်ချင်... ငိုလည်းငိုချင်...
နိုင်းတစ်ခွန်းသာ ထပ်မံတောင်းဆိုလိုက်သည်...


" နောက်ဆို...ကေသီပန်လေးနဲ့ရောဖျော်ပြီးတိုက်ရတယ်...ကလေးရဲ့ "


... အာ..ကိုကိုကလည်း အဲ့ဒါက မိန်းကလေးဆေးလေ...


အော်...ဒါတော့သိသားပဲ ငါ့ယောက်ျားရယ် ဟု...နိုင်း ရယ်လိုက်မိသည်...


... ကိုက်ို... နေလို့ကောင်းသွားပြီမို့လား...


" ဟုတ်ပါ့ဗျာ... ကိုကိုချွေးထွက်ပြီး ပေါ့သွားတယ်... ကလေးလေးက တော်လိုက်တာ..."


မ်ိန်းကလေးများအတွက် ရိုးရာဆေးကို ယံလေးမသိသည်ကို မပြောလိုတော့...ကေသီပန်နှင့်ဝေးသွားရသည်ဖြင့်ပင် နိုင်းကျေနပ်လိုက်လေသည်...


မထနိုင်ထနိုင်ဖြင့်ပင် နိုင်းထကာ ထမင်းချက်ပေးပြီး ဟင်းအားဖြစ်သလိုပင် စီစဥ်ပေးလိုက်သည်...


မူးဝေကာ နည်းနည်းလှုပ်ယုံဖြင့် နာကျင်နေသော ကိုယ့်ကိုကိုယ် အားမရ..


" ကလေး... ကိုကို့ကိုဆန်ပြုတ်ပြုတ်ပေးနော်...ပြုတ်တတ်လား...ထမင်းစေ့ အနေအထားကိုကျော်သွားပြီး ထမင်းစေ့ကွဲကွဲလေးတွေ ဖြစ်အောင်ကျိုရတယ် "


... ကိုကိုကလည်း ရေနဲ့ဆန်နဲ့ပြုတ်တာပဲကို...


" အင်းအင်း...ဟုတ်ပါပြီ ဒါဆို ကိုကိုခဏလှဲလိုက်ဦးမယ်... ဟင်းတွေလည်းချက်ပြီးပြီ ကလေးဆန်ပြုတ်ပြုတ်လို့အဆင်မပြေရင် ကိုကို့ကိုပြောနော်..."


... ဟုတ်...နားနေပါကိုကိုရယ်...


ဆန်ပြုတ်ပြုတ်တာကိုတော့ ယံလေးကိုပဲ အားကိုးလိုက်ကာ နိုင်းအိပ်ယာထဲဝင်ခွေနေလိုက်သည်... ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်လိုက်လျှင်တော့ နေကောင်းပါပြီလေဟု အားတင်းလိုက်ရင်း မှေးခနဲ အိပ်ပျော်သွားရလေသည်...
....


... ကိုကို...ကိုကို...


" ဟင်...အင်...ကလေး..."


... ကိုကို ထ...ဆေးသောက်ရအောင်...


" အင်း ဆန်ပြုတ်ရပြီလား ကလေး.."


... ဆန်ပြုတ်ကလေ ဒီလောက်ကျိုနေတာကို ထမင်းစေ့အကွဲလေးတွေမဖြစ်သေးဘူး...


ဟိုက်.......


နိုင်း ယိုင်တိုင်တိုင်ပင် ထလိုက်ပြီး... ယံလေး၏ မကွဲနိုင်သော ထမင်းစေ့ဆန်ပြုတ်အားကြည့်လိုက်လေသည်...


" ကလေးလေး... ဆန်ဘယ်လောက်ပြုတ်ထားတာလဲ..."


... နို့ဆီဗူး တစ်လုံးလေ... ကိုကိုမဝမှာစိုးလို့...


" အင်းပါကလေးရယ်.. ကိုကိုက ဆန်ပြုတ်ပြုတ်ရင် ဆန်လက်တစ်ဆုပ်လောက်ပဲ သုံးရတယ်ဆိုတာ မပြောလိုက်မိတာ... "


... ဟင်...ဟုတ်လား...ဒါဆို ယံလေးဆန်ပြုတ်က...


" အင်း ဟုတ်ပါ့ မန္တလေးတစ်မြို့လုံးကို အလှူပေးလို့တောင်ရတယ်... "


... ဟီးးးးး ယံလေးက သိမှမသိပဲ...


" ကဲ ကိုကို့ကို ပန်ကန်တစ်လုံးပေး..."


ဆန်ပြုတ်အိုးထဲမှ သုံးပုံနှစ်ပုံလောက်အား ခပ်ထုတ်ပစ်ကာ ရေထပ်ထည့်၍ ဆန်ပြုတ်ကျိုရလေတော့သည်...
နေမကောင်းဖြစ်မှပင်...ကိုယ့်ကလေးငယ် ဘယ်လောက်တော်ကြောင်း နိုင်းသိလိုက်ရလေသည်...
...


Part 10 will. ...
#ဒီတစ်ပိုင်းကနိုင်းနဲ့ယံလေးသီးသန့်ပါ
#တစ်ပတ်ကျော်လောက်ထပ်ပြီးUpdateမပေးနိုင်မှာမို့_တွေ့ပုချိ
#ဖတ်ပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်


🌨🎈 နိုင္းေစမာန္ရဲ႕ တိတ္ဆိတ္ျခင္းကေလးငယ္🎈🌨
  Part - 9


" ကေလးေလးေရ..ကေလး...ကိုကိုျပန္ေရာက္...ကေလး...ဟင္..."


ညေနေစာင္း ေျခာက္နာရီဝန္းက်င္ခန့္ ေမွာင္ရီပ်ိဳးခ်ိန္မွ နိုင္းအိမ္သို႔ျပန္ေရာက္ေလသည္... အေမာေျပ ကေလးငယ္၏မ်က္ႏွာေလးအား ၾကည့္လိုက္မည္ဟု အားခဲထားေသာ္လည္း အိမ္ေရာက္ေရာက္ခ်င္း ျမင္လိုက္ရသည့္ျမင္ကြင္းက နိုင္း၏စိုးရိမ္စိတ္က ငယ္ထိပ္သို႔ဆိုက္သြားသည္...


ဧည့္ခန္းတစ္ခုလုံး ပစၥည္းမ်ားပြရႈပ္ေနကာ..စစ္ပြဲတစ္ခုျဖစ္ပ်က္ခဲ့သည့္ အလားပင္... ၿပီးေတာ့ ယံေလးလည္းမရွိေနေတာ့....


" ကေလး...ကေလးေရ..ဟင့္..ဟင့္...ကေလး "


ကိုကိုမွားတာ...ကိုကိုမွားတာပါ...ကိုကိုကေလးကိုတစ္ေယာက္တည္းထားပစ္ခဲ့မိတယ္... ေသြးတို႔လက္ထဲ ကေလးငယ္ပါသြားၿပီ...


နိုင္းရင္ဘက္တစ္ခုလုံးအား ဆုတ္ၿဖဲခံလိုက္ရသကဲ့သို႔ ပ်က္စီးေၾကမြသြားၿပီး ေနာင္တတရားတို႔က ဝင္ေရာက္လာခဲ့သည္...


အီးးးးဟီးးးးး ကေလးးး ကိုကိုမွားတာ...အီးဟီးးးး ဟင့္...


နိုင္း အနီးရွိခုံေလးေပၚသို႔ အ႐ုပ္ႀကိဳးပ်က္ ပစ္ထိုင္ခ်မိရကာ...ရွိုက္ႀကီးတငင္ပင္ ငိုေႂကြးမိရသည္... ကေလးကိုသူတို႔ေခၚသြားၿပီမို႔ နိုင္းဘယ္ကိုလိုက္ရွာရမွန္းမသိ...


ထိုစဥ္ ပုခုံးထက္ႏြေးခနဲျဖစ္သြားရသည္မို႔ နိုင္းေမာ့ၾကည့္လိုက္ရာ...


" ဟင္...ကေလး..."


မ်က္ဝန္းဝိုင္းနက္နက္ေလးျဖင့္ အေၾကာင္သားငုံ႕ၾကည့္ေနေသာ ကေလးငယ္...


... ကိုကို ဘာလို႔ငိုေနတာလဲ သြားတာလည္း အၾကာႀကီးပဲ... ကိုကို...ကိုကိုဘာလို႔ငိုေနတာလဲဟင္ ဘာျဖစ္လို႔လဲဟင္ ...


ေျပာရင္း ယံေလးမ်က္ရည္မ်ားဝိုင္းလာၿပီး...တစ္ျဖည္းျဖည္း မ်က္ရည္မ်ားစီးက်လာသည္...


ထိုပုံကိုၾကည့္ကာ နိုင္းရယ္လိုက္ရမလား အရွိန္မပ်က္ ဆက္ပဲငိုရဦးမလားမသိေတာ့...


ယံေလးက လက္ထဲတြင္ေယာင္းမတစ္ေခ်ာင္းကိုင္ကာ မ်က္ႏွာတစ္ခုလုံးေရာ လက္မ်ားပါ အိုးမဲမ်ားေပပြေနၿပီး ငိုလိုက္ေတာ့ မ်က္ရည္စီးေၾကာင္းပင္ မဲကာေပက်ံေနသည္...


နိုင္းအလွ်င္အျမန္ပင္ ထရပ္ကာ ယံေလးအား ေပြ႕ဖက္မိလိုက္ရင္း... နိုင္းငိုေနသည္မို႔ သူပါေရာ၍ ငိုေနေသာ ကေလးေပါက္အား ေက်ာကိုသပ္ေပးလိုက္မိသည္...


" ကေလးေလး...မငိုနဲ႕ေတာ့ ကိုကိုဘာမွမျဖစ္ဘူး ကေလးကိုမေတြ႕လို႔ငိုတာ ကေလးေလးကေရာ ဘယ္ေတြေရာက္ေနတာလဲ..ၿပီးေတာ့တစ္အိမ္လုံး ဘာေတြျဖစ္ထားတာလဲ "


... ယံေလး...ဟင့္...ယံေလးက ကိုကိုနဲ႕ယံေလးစားဖို႔ ထမင္းဟင္းေတြခ်က္ေနတာ...အိမ္ကပြေနတာက အိမ္ဝိုင္းထဲက ကေလးေတြက ယံေလးနဲ႕အတူလာေနေပးရင္း ဟင့္...ေဆာ့ထားတာ..ဟင့္..ကိုကိုကဘာလို႔ငိုတာလဲ ကိုကိုငိုေတာ့ ယံေလးလည္း ငိုခ်င္တာေပါ့...


" အင္း အင္း မငိုနဲ႕ေတာ့ေနာ္...တိတ္ တိတ္... ထမင္းဟင္းေတြခ်က္ေနတယ္ ဟုတ္လား... ခ်က္တတ္လို႔လား "


နိုင္းအေမးတြင္မွ ယံေလးေခါင္းကိုခါရမ္းျပေလသည္... ဆံႏြယ္တိုေလးမ်ားက ေဘးတစ္ဖက္တစ္ခ်က္ဆီပင္ ဝဲကနဲပ်ံကာသြားေလသည္...


နိုင္းသိလိုက္ပါၿပီ...
...ဒီညေတာ့...ညစာငတ္ၿပီ ဟု...


ထိုမွပင္ ယံေလးတစ္ေယာက္တစ္ခုခုကို သတိရသြားသေယာင္ မီးဖိုးခန္းသို႔ လွစ္ခနဲေျပးေလသည္...နိုင္းလည္းမေနနိုင္ေတာ့ ေနာက္မွဝင္လိုက္သြားမိသည္...


အပိုေျပာျခင္းမဟုတ္ရ...
အင္းအားျပင္း မုန္တိုင္းတစ္ခုဝင္ေရာက္တိုက္ခက္ထားသလို မီးဖိုခန္းက်ဥ္းေလးက ေျပာင္းဆန္ေနေတာ့သည္...


" ကေလးေလး...ေပး ေယာင္းမ ကိုကိုဆက္ခ်က္လိုက္မယ္..."


ဆန္စိေလးမ်ား ပြကာေပႀကံေနေသာ ထမင္းအိုးေလးအား ကယ္တင္လို႔ရလိုရျငား နိုင္းေျပာလိုက္ေသာ္လည္း ေစတနာပရပြ...အိုးမဲပရပြျဖင့္ ယံေလးကေတာ့ ေခါင္းခါရွာသည္... သူဆက္ခ်က္မည္ေပါ့.


" ကေလးေလးက ေရခ်ိဳးလိုက္ေတာ့ေနာ္... ကိုကိုခ်က္လိုက္မယ္ေလ... "


... ကိုကိုပင္ပန္းလာတာကို နားပါ ယံေလးခ်က္ပါ့မယ္....
...


ေနာက္ဆုံးတြင္ေတာ့ ေအာက္ပိုင္းမ်ားတူးျခစ္ေနၿပီး အေပၚမွေပ်ာ့စိကာေနေသာ ထမင္းအိုးအား လက္လြတ္ဆုံးရႈံးခံလိုက္ရကာ ေခါက္ဆြဲထုတ္ထဲ ၾကက္ဥတစ္လုံးစီေဖာက္ထည့္၍ စပယ္ရွယ္Dinner ပြဲႀကီး က်င္းပလိုက္ရေလသည္...
...


အိမ္ျပင္မွာ ပုရစ္သံပိုးမႊားသံေလးမ်ားက တစီစီညံေနသည္...
ဝိုင္း (ၿခံဝန္းပါ .. တစ္ခ်ိဳ႕အညာေဒသသုံးေပါ့..) အတြင္းမွ အိမ္ေလးမ်ားစီမွ ဟိုတစ္စုဒီတစ္စုမီးေရာင္ေလးမ်ားက ဟိုတစ္ကြက္ ဒီတစ္ကြက္...
အခ်ိဳ႕ေသာအိမ္ေလးမ်ားမွ ကေလးစာက်က္သံ သဲ့သဲ့ကိုလည္းၾကားရေလသည္...


နိုင္း ကုတင္ေဘာင္ကိုမွီကာ ထိုင္ေနၿပီး သူ႕ေရွ႕မွ လက္ဟန္အမူအရာျဖင့္ တစ္ေန႕တာ အေတြ႕အႀကဳံမ်ား ဖလွယ္ေနရွာေသာ ကေလးအား ၾကည့္ေနမိသည္...


... ကိုကိုသိလား အဲ့ကေလးေလးက ေျပာတယ္... ဒီအိမ္ဝိုင္းေထာင့္က ေညာင္ပင္ေအာက္မ်ား ညေနဆို ဘယ္သူမွမသြားရဲေတာ့ဘူးတဲ့...


" အင္ ဘာလို႔လဲ "


... အိုက္ယား ကိုကို သရဲမွ အေမႊးေတြပါ ရွည္ေအာင္ အေကာင္ႀကီးတာတဲ့...


ေျပာရင္းၾကက္သီးထသြားသလို ေက်ာျပင္ေလးပါ တြန့္ခါရင္း အားပါးတရေျပာေနေသာ ကေလးငယ္က မီးေရာင္မွိန္မွိန္ေအာက္တြင္ မ်က္လုံးေလးမ်ားပင္ တဖ်က္ဖ်က္လက္ေနေလသည္...
ကေလးေလးခမွ်ာ တစ္ေနကုန္မေတြ႕ရပဲ ခုမွေတြ႕ရသည့္ ကိုကို႔ကို ေျပာဖို႔ စကားေတြအမ်ားႀကီး စုထားရွာသည္ထင္...


... ကိုကိုရယ္ ယံေလးေတာ့ ေၾကာက္လိုက္တာ အဲ့သရဲဆိုတာႀကီးက အိမ္ထဲမဝင္နိုင္လို႔ေတာ္ေသးတယ္တဲ့ ေအာ္ ၿပီးေတာ့ေလ ကိုကို သူ႕သူငယ္ခ်င္းက ဒီႏွစ္ေက်ာင္းႏႈတ္ခံရတယ္တဲ့...


" ဟင္ ဘာလို႔ "


နိုင္းေခါင္းညိတ္ကာ နားေထာင္ေနရေသာ္လည္း ေျခလက္မ်ားကိုက္ခဲကာ ေညာင္နာနာျဖစ္ေနေပၿပီ... တစ္ေနကုန္ ေနပူထဲ တာလီေပးထားရသည္မို႔... ဖ်ားခ်င္ေနေပၿပီ...


... ေအာ္...ဘိုးဘြားစဥ္ဆက္ ပိုင္လာတဲ့လုပ္ငန္းလုပ္ရမွာတဲ့...


" ေအာ္ ဘာလုပ္ငန္းလဲ "


... ေတာင္းစားတာေလ...


" အမ္..."


... ဟုတ္တယ္..ကိုကို သနားပါတယ္...


" အင္း..."


... ကိုကို ဟိုဘက္ေလး...တစ္အိမ္ေက်ာ္က အေဒၚႀကီးကေျပာတယ္.. ဒီနားနီးက ေစ်းကိုသူကေန႕တိုင္းသြားတာတဲ့ အဲ့ဒါ...........


နိုင္း ယံေလးေျပာသည္ကို ဆက္မၾကားနိုင္ေတာ့ ပင္ပန္းလြန္းေသာ ခႏၶာကိုယ္က ေလးပင္လြန္းေသာ မ်က္ခြံမ်ားကို ပင့္တင္မထားနိုင္ေတာ့...နားေထာင္ရင္း နားေထာင္ရင္း...( အဲ လက္အမူအရာမ်ားကို ၾကည့္ရင္းၾကည့္ရင္း) အိပ္ေပ်ာ္သြားေလၿပီ...


အင္းးးးးး အင္းးးးးးး
ဟင္းးးးးးး


ညနက္ခ်ိန္တြင္ နိုင္းညည္းၫူသံမ်ား ထြက္လာေလၿပီ... ယံေလး အိပ္ေနရင္းမွ နိုင္း၏ ညည္းၫူသံမ်ားေၾကာင့္ နိုးလာရရင္း နိုင္းကိုႏွိုးရေလသည္...


လက္ေမာင္းအား ကိုင္ခ်ိန္မွ ကိုယ္ပူေနသည္ကိုသိရေလသည္...


... ကိုက်ို...ကိုကို ထပါဦး ကိုကို...


ခပ္ၾကမ္းၾကမ္းလႈပ္ခါလိုက္မွပင္ နိုင္းနိုးလာေလၿပီး.. မပြင့္တပြင့္မ်က္လုံးတို႔က ယံေလးကိုၾကည့္ကာ...


" ကေလးေလး..ဘာျဖစ္လို႔လဲ ေအာ္ ရႉးေပါက္ခ်င္လို႔လား..."


တစ္ေယာက္တည္းေမး တစ္ေယာက္တည္းေျဖကာ ကေလးငယ္အား အိမ္သာပို႔ရန္ နိုင္းအတင္းႀကဳံးထေလသည္...
သရဲေၾကာက္သည္ဟု ညဦးပိုင္းမွပင္ ေျပာထားေသာ ကေလးေၾကာင့္ နိုင္းထင္လိုက္သည္က ရႉးထတည္ေပးရန္သာ...


... ကိုကိုဖ်ားေနၿပီ...


" ကိုကိုလား အင္း...နည္းနည္းဖ်ားခ်င္တာထင္တယ္.. ကေလးေလးမပူနဲ႕ အိပ္ေတာ့ေနာ္... "


အိပ္ေတာ့ေနာ္ဟု ေျပာရင္း ျပန္လည္အိပ္ေပ်ာ္ခ်င္ေနေသာ နိုင္းက မ်က္ခုံးမ်ားအား က်ဳံ႕ကာထားေလျပန္သည္...
ထိုးကိုက္ေနေသာေခါင္းႏွင့္ တစ္ဆစ္ဆစ္ နာက်င္ေနေသာ ခႏၶာကိုယ္က ၾကာၾကာနိုးထခြင့္မေပး... ျပန္လည္အိပ္ေပ်ာ္သြားရေလသည္...
.....


... ကိုကို...ကိုကို...ထ...ယံေလးေဆးႀကိဳထားတယ္... ကိုက်ို...


လက္ေမာင္းအား အတင္းလႈပ္ခါ၍ ႏွိုးလာျပန္သျဖင့္ နိုင္းနိုးလာရသည္.. နဖူးထက္ေရစိုဝတ္ေလးရွိေနသည္ကို ခံစားရၿပီး ပန္ကန္လုံးေလးကိုင္ထားေသာ ကေလးငယ္က နိုင္းအားေဆးတိုက္ရန္ႀကိဳးစားေနျခင္းျဖစ္သည္...


ဟင္... ! မိုးေတာင္ေတာ္ေတာ္လင္းေနၿပီပဲ.. ေဆးႀကိဳထားတယ္တဲ့...


ေသခ်ာတာေပါ့.. ယံေလးကိုယ္တိုင္ႀကိဳထားတဲ့ေဆးဆိုတာ...
အေၾကာင္းက ယံေလးမ်က္ႏွာထက္ မေန႕ကလိုပင္ အိုးမဲေလးမ်ား က်ံေပေနျပန္သည္...


နိုင္းကိုယ့္ဘာသာေတြးလိုက္မိသည္...
' လွ်ပ္စစ္ဒယ္အိုးတစ္လုံးေတာ့ ဝယ္ကိုဝယ္ရေတာ့မယ္...'


အားးးးးး !!!


" ကေလး...ဘာေတြလဲ...ပူစပ္စပ္ခ်ိဳၿပီၿပီ အရသာနဲ႕ "


ေဆးႀကိဳထားသည္ဆိုသျဖင့္ ရွည္ရွည္ေဝးေဝးေတြးမေနေတာ့ နိုင္းယူကာေမာ့ခ်ပစ္လိုက္သည္...ေဆးႀကိဳထားသည္ဆိုသျဖင့္ ခါးလိမ့္မည္ထင္ထားေသာ္လည္း တကယ္ရလာသည့္အရသာက ပူစပ္စပ္ ခ်ိဳၿပီၿပီ...


... ဟုတ္တယ္ကိုကို...


" ကေလးေလး..ေဆးေရာဟုတ္ရဲ႕လား ဘာေတြႀကိဳထားတာလဲ...ဘယ္သူကေျပာတာလဲ "


... ေအာ္..ကိုကိုကလည္း မယုံသကၤာနဲ႕ အဟုတ္ေဆးႀကိဳထားတာ တိုင္းရင္းေဆးေနာ္...


" ကေလးကို ဒီေဆးတိုက္ရမယ္လို႔ ဘယ္သူေျပာတာလဲ "


... ဟိုဘက္အိမ္က အန္တီႏွစ္ေယာက္ေျပာတာ...အဲ့...ယံေလးကိုေျပာတာမဟုတ္ဘူး သူတို႔ဘာသာေျပာတာ.. အန္တီတစ္ေယာက္ကေျပာတယ္...သူ႕သမီးေနမေကာင္းဘူးတဲ့... ကိုက္ခဲေနတယ္တဲ့... အာ့နဲ႕ ကိုကိုကလည္း ညက အိပ္ရင္းအပူေတြတတ္ၿပီး ကိုက္ခဲေနတယ္လို႔ ညည္းေနေတာ့ ယံေလးက တိတ္တိတ္ေလးဆက္နားေထာင္ေနတာ...အိုးးးကိုကိုေရ ေဆးနည္းပါရလိုက္တာ...ေတာ္ေသးတယ္..ေဆးက ႀကိဳရလြယ္လို႔...


နိုင္းအခုထိနားလည္သေယာင္ မလည္သေယာင္မို႔ ဘာမွမေျပာပဲနားေထာင္ေနလိုက္သည္...လည္ေခ်ာင္းတစ္ေလွ်ာက္ေတာ့ ပူဆင္းေနေလၿပီ...


... ေနာက္အန္တီတစ္ေယာက္ကေျပာတယ္...'ဒါမ်ား ဂ်င္းနဲ႕ထန္းလွ်က္နဲ႕ ႀကိဳၿပီးတိုက္လိုက္ေလ' တဲ့... အာ့နဲ႕ယံေလးလည္း ကိုကို႔အတြက္ႀကိဳၿပီးတိုက္တာ ကိုကိုေနေကာင္းေတာ့မွာ...


ေသလိုက္စမ္း နိုင္းေစမာန္... ဟု နိုင္းစိတ္ထဲမွပင္ ကိုယ့္ကိုကိုယ္ ဆဲလိုက္မိသည္...
တစ္ဦးတည္းေသာသား ....
ေမြးစားခံရေတာ့လည္း အစ္ကိုျဖစ္သူနဲ႕ ယံေလးတစ္ေယာက္...မိန္းကေလးမ်ားျဖင့္လည္း နီးနီးစပ္စပ္မရွိဘူးခဲ့...


မိန္းကေလးမ်ား ဓမၼတာေၾကာင့္ျဖစ္သည့္ ကိုက္ခဲမႈႏွင့္ ေနပူထဲအေနမ်ားသြားေသာေၾကာင့္ ဖ်ားနာေသာ မိမိ၏ကိုက္ခဲမႈအား ထပ္တူျပဳ ကုသေပးေလေသာ...ကေလးငယ္အား ရယ္လည္းရယ္ခ်င္... ငိုလည္းငိုခ်င္...
နိုင္းတစ္ခြန္းသာ ထပ္မံေတာင္းဆိုလိုက္သည္...


" ေနာက္ဆို...ေကသီပန္ေလးနဲ႕ေရာေဖ်ာ္ၿပီးတိုက္ရတယ္...ကေလးရဲ႕ "


... အာ..ကိုကိုကလည္း အဲ့ဒါက မိန္းကေလးေဆးေလ...


ေအာ္...ဒါေတာ့သိသားပဲ ငါ့ေယာက္်ားရယ္ ဟု...နိုင္း ရယ္လိုက္မိသည္...


... ကိုက်ို... ေနလို႔ေကာင္းသြားၿပီမို႔လား...


" ဟုတ္ပါ့ဗ်ာ... ကိုကိုေခြၽးထြက္ၿပီး ေပါ့သြားတယ္... ကေလးေလးက ေတာ္လိုက္တာ..."


မ်ိန်းကလေးများအတွက် ရိုးရာေဆးကို ယံေလးမသိသည္ကို မေျပာလိုေတာ့...ေကသီပန္ႏွင့္ေဝးသြားရသည္ျဖင့္ပင္ နိုင္းေက်နပ္လိုက္ေလသည္...


မထနိုင္ထနိုင္ျဖင့္ပင္ နိုင္းထကာ ထမင္းခ်က္ေပးၿပီး ဟင္းအားျဖစ္သလိုပင္ စီစဥ္ေပးလိုက္သည္...


မူးေဝကာ နည္းနည္းလႈပ္ယုံျဖင့္ နာက်င္ေနေသာ ကိုယ့္ကိုကိုယ္ အားမရ..


" ကေလး... ကိုကို႔ကိုဆန္ျပဳတ္ျပဳတ္ေပးေနာ္...ျပဳတ္တတ္လား...ထမင္းေစ့ အေနအထားကိုေက်ာ္သြားၿပီး ထမင္းေစ့ကြဲကြဲေလးေတြ ျဖစ္ေအာင္က်ိဳရတယ္ "


... ကိုကိုကလည္း ေရနဲ႕ဆန္နဲ႕ျပဳတ္တာပဲကို...


" အင္းအင္း...ဟုတ္ပါၿပီ ဒါဆို ကိုကိုခဏလွဲလိုက္ဦးမယ္... ဟင္းေတြလည္းခ်က္ၿပီးၿပီ ကေလးဆန္ျပဳတ္ျပဳတ္လို႔အဆင္မေျပရင္ ကိုကို႔ကိုေျပာေနာ္..."


... ဟုတ္...နားေနပါကိုကိုရယ္...


ဆန္ျပဳတ္ျပဳတ္တာကိုေတာ့ ယံေလးကိုပဲ အားကိုးလိုက္ကာ နိုင္းအိပ္ယာထဲဝင္ေခြေနလိုက္သည္... ဆန္ျပဳတ္ေလးေသာက္ၿပီး ေဆးေသာက္လိုက္လွ်င္ေတာ့ ေနေကာင္းပါၿပီေလဟု အားတင္းလိုက္ရင္း ေမွးခနဲ အိပ္ေပ်ာ္သြားရေလသည္...
....


... ကိုကို...ကိုကို...


" ဟင္...အင္...ကေလး..."


... ကိုကို ထ...ေဆးေသာက္ရေအာင္...


" အင္း ဆန္ျပဳတ္ရၿပီလား ကေလး.."


... ဆန္ျပဳတ္ကေလ ဒီေလာက္က်ိဳေနတာကို ထမင္းေစ့အကြဲေလးေတြမျဖစ္ေသးဘူး...


ဟိုက္.......


နိုင္း ယိုင္တိုင္တိုင္ပင္ ထလိုက္ၿပီး... ယံေလး၏ မကြဲနိုင္ေသာ ထမင္းေစ့ဆန္ျပဳတ္အားၾကည့္လိုက္ေလသည္...


" ကေလးေလး... ဆန္ဘယ္ေလာက္ျပဳတ္ထားတာလဲ..."


... နို႔ဆီဗူး တစ္လုံးေလ... ကိုကိုမဝမွာစိုးလို႔...


" အင္းပါကေလးရယ္.. ကိုကိုက ဆန္ျပဳတ္ျပဳတ္ရင္ ဆန္လက္တစ္ဆုပ္ေလာက္ပဲ သုံးရတယ္ဆိုတာ မေျပာလိုက္မိတာ... "


... ဟင္...ဟုတ္လား...ဒါဆို ယံေလးဆန္ျပဳတ္က...


" အင္း ဟုတ္ပါ့ မႏၱေလးတစ္ၿမိဳ႕လုံးကို အလႉေပးလို႔ေတာင္ရတယ္... "


... ဟီးးးးး ယံေလးက သိမွမသိပဲ...


" ကဲ ကိုကို႔ကို ပန္ကန္တစ္လုံးေပး..."


ဆန္ျပဳတ္အိုးထဲမွ သုံးပုံႏွစ္ပုံေလာက္အား ခပ္ထုတ္ပစ္ကာ ေရထပ္ထည့္၍ ဆန္ျပဳတ္က်ိဳရေလေတာ့သည္...
ေနမေကာင္းျဖစ္မွပင္...ကိုယ့္ကေလးငယ္ ဘယ္ေလာက္ေတာ္ေၾကာင္း နိုင္းသိလိုက္ရေလသည္...
...


Part 10 will. ...
#ဒီတစ္ပိုင္းကနိုင္းနဲ႕ယံေလးသီးသန့္ပါ
#တစ္ပတ္ေက်ာ္ေလာက္ထပ္ၿပီးUpdateမေပးနိုင္မွာမို႔_ေတြ႕ပုခ်ိ
#ဖတ္ေပးသူတိုင္းကိုေက်းဇူးတင္ပါတယ္

Comment