Part - 15

🌨🎈 နိုင်းစေမာန်ရဲ့ တိတ်ဆိတ်ခြင်းကလေးငယ်🎈🌨
Part - 15


၁၀၅ မိုင် ယာဥ်ရပ်နားစခန်း...


" ကလေးလေး... အစပ်အများကြီး စားလို့မရဘူးလေ... ဗိုက်နာမယ်...အဲအဲ နေဦးလေ... ဟင်းချိုက ပူမယ်..."


ညစာမစားခဲ့ရပဲ ရန်ကုန်ဆင်းလာရသည်မို့ ယံလေးဗိုက်ဆာနေပေပြီ... ထို့ပြင် တတ်တူးနှင့်လူများကြားနေရသည်က တကယ်တော့မသက်သာပေ... နိုင်းကြောင့်သာ ရဲရဲတင်းတင်းနေနိုင်ရခြင်းပင်...


သို့သော်...သို့သော်လည်းပေါ့... ဒီပုပ်ထဲကဒီပဲဖြစ်သွားရသော နိုင်းကိုတော့ ယံလေး စိတ်မကောင်းပေမယ့် ထွက်ပြေးခွင့်ရပါက ဒီအသိုင်းအဝိုင်းမှ ထွက်ပြေးရန်သာချောင်းနေမိသည်... ကိုကို့ကိုလည်း ထားပစ်ခဲ့ရန် ...


ကိုယ်တိုင်မစားနိုင်ရပဲ ယံလေးစားဖို့ အဆင်ပြေအောင် လုပ်ပေးနေသော နိုင်းကိုကြည့်ရင်း ယံလေးစိတ်ထဲ ဒွိဟများစွာ ကူးလူးနေရသည်...


မိုင်တိုင် ၁၀၅ တွင် အဝေးပြေးကားများ ရပ်နားလေသည်မို့ စည်ကားကာ ညနက်နက်တွင် ပွဲစျေးတန်းကြီးကဲ့သို့ပင်...


" ကလေးလေး... ဟင်းချိုလည်းနွေးပြီ ဖြည်းဖြည်းစားနော်... ကားပေါ်ထိုင်လိုက်ရင်း အစာမကြေဖြစ်မယ်... ကားပေါ်မှာလည်း စားဖို့ ပြီးရင် ကိုကိုတို့ အသီးဝယ်ကျမယ်နော်..."


ယံလေးခေါင်းငြိမ့်ပြလိုက်မိသည်...
အိပ်ပျော်နေသည်မဟုတ်သော်လည်း မှိန်း​​နေမိသည်မို့ နားထဲကြားမိရသလောက်... ယံလေး သူ့ကိုကိုကို သနားမိသလို ကြောက်လည်းကြောက်မိသည်...


" သားငယ်...မင်းလည်းစားထားနော်..လမ်းမှာဗိုက်ဆာရင် ဆိုင်တန်းမရှိဘူး "


အဖေဖြစ်သူက သားဖြစ်သူပါးစပ်ထဲ တစ်လုတ်မှ မဝင်သေးသည်မို့ သတိပေးရလေတော့သည်...


" ဟုတ်...ရတယ် ဖေဖေ..."


ထိုမှသာ မှာထားသည်ကို တစ်လုတ်တစ်ဆုပ်စားရင်း နိုင်းစားခြင်းအမှုကို အဆုံးသတ်လေသည်...


စားသောက်ပြီးစီး၍ ကားပေါ်တတ်ခါနီးတွင်...


" ကိုကို "


နိုင်းလက်ကိုဆွဲကာ ခေါ်သံလေးထွက်လာသည်မို့ ...


" ဟင် ကလေး...ပြောလေ...ဘာစားချင်သေးလဲ..."


ယံလေးက အကင်ဆိုင်တန်းဘက်သိို့ မေးငေါ့ပြသည်မို့ နိုင်း ယံလေးလက်ကိုဆွဲကာ ထိုဆိုင်တန်းဘက်သွားမိရသည်...


အကင်များရွေးလိုက်...စားလိုက်ဖြင့် ကြည်လင်နေသော ကလေးငယ်အားကြည့်ကာ နိုင်းလည်း စိတ်သက်သာရာရလေသည်...
အကင်ဆိုင်တန်းသွားမှန်းသိနေသော ဦးဆက်နေမာန် တို့လည်း တကူးတကလိုက်မနေပေးတော့၍ နိုင်းပင်စိတ်ထဲလွတ်လပ်နေလေသည်...


" ကိုကို "


" အွန်း .... အာ...ကလေး...ဘယ်သွားမလို့လဲ "


ယံလေးတစ်ယောက် နိုင်းလက်ကိုဆွဲကာ ယံလေး ကားလမ်းမဘက်သို့ပြေးလေတော့သည်... တကယ်တော့ ယံလေးထွက်ပြေးရန် အလစ်ကိုချောင်းချင်၍ အကင်ဆိုင်ဘက်လာသည်ကို နိုင်းမရိပ်မိလိုက်ရပေ...


လှစ်လှစ်မြည်အောင်ပင် ပြေးနေသော ယံလေး... နိုင်းအားဆွဲထားသည့် လက်ပင် ချွေးစေးများပြန်နေလေပြီ...


" ကလေး အရမ်းမောနေပြီလား "


မိနစ်နှစ်ဆယ်ခန့်ကြာ...ကားလမ်းတစ်လျှောက် မရပ်မနားပြေးနေခဲ့ပြီး ဦးဆက်နေမာန် တို့အား မျက်ခြေဖြတ်နိုင်ခဲ့ပြီဟု အတည်ပြုကာ ယံလေးခြေလှမ်းတို့ ရပ်တန့်ပြီး အမောဖြေလေသည်...


" ကလေးလေး... အရမ်းမောနေပြီလား ဖူးးဖူးးးး "


ယံလေးနဖူးထက်က ချွေးများအား မှုတ်ပေးလိုက်ရင်း နိုင်းလည်းအသက်ဝအောင်ရှုရလေတော့သည်...


" ကို...ကိုကို "


" ဟင်းး အင်း ကလေးလေး "


... ယံလေးတို့ ဒီတစ်ခါ ဘယ်သူမှဖမ်းလို့ မရမယ့်နေရာကို ပြေးကျရအောင်နော်...


" အင်း ကလေးလေး "


မဖြစ်နိုင်ဘူးဆိုတာ သိနေပေမယ့် နိုင်းလောလောဆယ် မငြင်းရက်... နဂိုတည်းမှ ကြောက်ရွံ့ရပါသည်ဆိုသော တတ်တူးနှင့်လူများကြား ဒီကလေးငယ် ဘယ်လောက်တောင် အားတင်းနေထိုင်နိုင်ရပါမည်နည်း... သွေး၏ရန်...ဖေဖေ့၏ရန်ဖြင့် ကလေးငယ်လည်း စိတ်မချမ်းသာဖြစ်နေရသည်ကို နိုင်းသိပါသည်...


ပွမ်းးးး


မီးရောင်အားရုတ်တရက်ဖွင့်လိုက်ကာ နိုင်းတို့ဘေးသို့ ဝုန်းခနဲရောက်ချလာသော ကားက တမင်ညစ်၍ နိုင်းတို့နောက်မှ တိတ်တိတ်လေး ပါလာလေမှန်းသိသာစေသည်...


ကားမှန်တစ်ချပ်ပွင့်လာကာ ဦးဆက်နေမာန်၏ ခနဲ့ပြုံးတစ်ချက်နှင့်အတူ...


" ဟားဟား ဘယ်လိုလဲကွ ကြယ်ဝဠာ အပြေးလေ့ကျင့်ခန်းကို ဝါသနာပါတယ်ထင်တယ်...ခဏခဏကိုပြေးနေတော့တာပါလား "


" ဟင်..."


" ကဲ မပြေးနေပါနဲ့တော့... ဟာ..ဟေ့ဟေ့..ဟားဟား ပြေးပြန်ပြီကွာ...ဟားဟား "


ဦးဆက်နေမာန်၏ စကားမဆုံးလိုက် ယံလေးဆက်ခနဲ ပြေးပြန်လေသည်...
နိုင်း ဆွဲကာပြေးနေသော ယံလေးအား ဆွဲကာတားဆီးလိုက်သည်မို့ ယံလေး အံ့သြဟန် လှည့်ကြည့်လာလေသည်...


" ကိုကို "


" ကလေး..မပြေးနဲ့တော့ ကိုကိုတို့ မလွတ်တော့ဘူး "


" ကိုကို "


" ကလေးရယ်...ကိုကို... "


နိုင်း စကားတို့ရှာမရတော့... ဘယ်လိုစကားလုံးမျိုးနဲ့ နှစ်သိမ့်ရမယ်မသိ...


အနားသို့ရောက်လာသော ဦးဆက်နေမာန်၏ လူနှစ်ယောက်က ယံလေးအား တစ်ဖက်တစ်ချက် ဖမ်းချုပ်ထားလေသည်...


" မချုပ်နဲ့ ကျွန်တော့ကလေးကို ကျွန်တော်ခေါ်မယ်...ဖယ် လက်တွေဖယ်လိုက် "


နိုင်းစကားကြောင့် ထိုလူများ လက်လွှတ်ပေးလိုက်သည်...
နိုင်း ယံလေး၏ လက်မောင်းအား လှမ်း၍ ဆုပ်ကိုင်လိုက်ချိန် ယံလေးက အထိမခံ ခါထုတ်လာလေသည်... အကြည့်များတွင်လည်း နိုင်းအား မယုံကြည်နိုင်သော အကြည့်များဖြင့်...


" ကလေးလေး...ကိုကိုက "


... ခင်ဗျားက သူရဲဘောကြောင်တဲ့လူပဲ ဟက် ထွက်မပြေးရဲဘူးဟုတ်လား ခင်ဗျားအဖေလက်ထဲမှာ ကျွန်တော်က လုံးပါးပါးပြီးသေသွားမှာ အဲဲ့ဒါကို ခင်ဗျားသိလား...


" ကိုကို...ကိုကိုရှိပါတယ် ကလေးရယ်... ကလေးကို ဖေဖေထိလို့တောင် မရစေရပါဘူး... နော်...ကလေး..ကိုကိုလေ..."


... တော် ခင်ဗျားကို မုန်းတယ် ခင်ဗျားလည်း ခင်ဗျားအဖေလိုပဲ ...


" ဟင့်အင်း ကလေးလေး ကိုကို့ကို အဲ့လိုမပြောပါနဲ့ ကိုကို့ကို "


ဦးဆက်နေမာန်.." ကျစ်...ကြာတယ်ကွာ... သွားစရာရှိသေးတယ်.. အချိန်ဆွဲမနေကျနဲ့ Hanery ခေါ်ခဲ့တော့ကွာ..."


" ကလေးလေး သွားရအောင်နော်..."


... မလိုက်ဘူး မလိုက်နိုင်ဘူး ခင်ဗျားကိုလည်း မယုံတော့... အင့်! !


ယံလေးစကားမဆုံးလိုက် Henery ၏ လက်ဝါးစောင်းတစ်ချက်က ယံလေး၏ ဂုတ်ပိုးတစ်နေရာသို့ ဆက်ခနဲကျရောက်လာပြီး ယံလေးခွေကျသွားရလေသည်...


မြေပေါ်မကျနိုင်ခင် နိုင်း ဆီးကာပွေ့ယူလိုက်ပြီး ဖက်ကာပင် ငိုကြွေးမိရတော့သည်...


" ဟင့်..အီးဟီးဟီး...ကလေးလေးရယ်...ကလေးလေးကို ကိုကိုမကာကွယ်နိုင်မှာကြောက်တယ်...ကလေးရယ်...ကိုကို့ကိုမမုန်းပါနဲ့ "


" အစ်ကိုလေး...သွားကျပါစို့ ကျွန်တော်ပွေ့လာခဲ့မယ်..."


" ဟင့်...ရတယ်.. ကျွန်တော့ဘာသာပဲ ပွေ့မယ် "


နိုင်း ယံလေးအား ပွေ့ကာ ကားထက်တင်လိုက်သော်လည်း ကူရှင်ပေါ်ပင် မတင်တော့ ယံလေးအား ကလေးပိစိလေးသဖွယ်ပင် ပေါင်ထက်တင်ကာ ထွေးဖက်ထားပေးရင်း နိုင်း မရှက်နိုင်တော့ သည်းထန်စွာပင် ငိုကြွေးမိရတော့သည်...


: ကလေးရယ်...ကိုကိုမကောင်းခဲ့တာပါ.. ကလေးလေးကို ဖေဖေတို့လုပ်ကြံခဲ့တုန်းကလည်း ကိုကိုမတားဆီးနိုင်ခဲ့ဘူး... ကလေးရယ် ကိုကိုတို့ကံဆိုးလိုက်တာ...ကိုကိုတို့ကံမကောင်းလိုက်တာ ကလေးရယ်... ကိုကို့ကိုမမုန်းပါနဲ့ မမုန်းနဲ့နော်...:


" ဟင့်..ကိုကို့ကို မမုန်းပါနဲ့ ကလေးရယ် "


စိတ်ထဲမှ တောင်းဆိုနေရင်း နိုင်းနှုတ်မှ စကားသံတို့ လျှံကျလာတော့ ဦးဆက်နေမာန် သားငယ်ဖြစ်သူကိုလှည့်ကြည့်ကာ စိတ်မကောင်းဟန် ခေါင်းခါ၍ ကြည့်နေလေသည်...


ယံလေးအားဖက်၍ အရူးမီးဝိုင်းငိုကြွေးနေသည့်သားကို ဒီ့ထက်ပင် ပို၍ရင့်ကျက်စေချင်မိသည်... အသက်ပင် မငယ်တော့သော သားငယ်က သူ့ထက်ဆယ်နှစ်မျှငယ်သော ကလေးတစ်ယောက်အပေါ် ထိုမျှထိ ချစ်နေလိမ့်မည်ဟု ဦးဆက်နေမာန်မတွေးခဲ့ဘူး၍ အံ့သြနေမိသည်...


" ငိုချင်ရင်လည်း ဝအောင်ငိုထားသားငယ်... ဒါပေမယ့် နောက်ဆို အဲ့လိုစိတ်ပျော့နေလို့တော့ မဖြစ်ဘူးနော်... "


" ကျွန်တော် စိတ်ပျော့လားမပျော့လား ဖေဖေသိပါတယ်...အခုက...ဟင့်...အခုက.. သားတို့ဘာသာသားတို့ အဆင်ပြေနေတဲ့ ဘဝထဲကို ဖေဖေနဲ့သွေးကရောက်လာပြီး ဖျက်ဆီးတာလေ...ဟင့် အီးးး သားနဲ့ သားကလေးလေးက ဖေဖေတို့လောက် ချမ်းချမ်းသာသာမနေရပေမယ့် ပျော်တယ်ဖေဖေရဲ့ အီးဟီးးး "


မျက်ရည်များတွေတွေကျကာ ရှိုက်ငိုလိုက်ပြောလိုက် ရင်ခွင်ထဲမှ ယံလေး၏ မျက်နှာလေးအား ဖွဖွကိုင်လိုက်ဖြင့် အဖေဖြစ်သူကို ရန်တွေ့နေသော နိုင်းကြောင့် ဦးဆက်နေမာန် စိတ်ထဲမကောင်းဖြစ်ရတော့သည်...


သို့သော်လည်း...


" မင်းကမှ အပြန်အလှန်ချစ်ခြင်းနဲ့ ဆုံရပါသေးတယ်ကွာ...မင့်အမေကို သူ့အဖေလက်ထဲကနေ ငါမနည်းလုခဲ့ရတာ "


" ဟင့်... အဲဲဒါဖေဖေ့ကိစ္စ သားကိစ္စမဟုတ်ဘူး...သားတို့ချစ်သူနှစ်ယောက်က အပြန်အလှန်ချစ်တယ်...အပြန်အလှန်နားလည်တယ်... အခုဖေဖေလုပ်လို့ သားကို... သားကလေးလေးက မုန်းသွားပြီ အဲ့ဒါ ဖေဖေ့ကြောင့် ဟင့်...အီးဟီး ဖေဖေကြောင့် ကလေးလေးက မုန်းသွားတာ "


ပြောရင်းဆိုရင်း ကိုယ့်ကိုကိုယ် ' သား ' ဟု သုံးနှုန်းကာ ကလေးဆန်သွားလေသော သားဖြစ်သူကိုကြည့်ပြီး ဦးဆက်နေမာန် ပြုံးလိုက်မိသည်...
အမွှာညီအစ်ကိုတွင် အစ်ကိုဖြစ်သူ နေစေတမာန်က ငယ်ငယ်တည်းက မာမာချာချာ ကြမ်းကြမ်းတမ်းတမ်း နေထိုင်တတ်သော်လည်း သားငယ်ဖြစ်သူ နိုင်းစေတမာန်ကတော့ နူးနူးညံ့ညံ့ပင် အမေဖြစ်သူ မသက်ရှည်ကို ပိုချစ်ကာ... ပို၍လည်း ကပ်တွယ်တတ်သူပင်...


ပြောရလျှင် သားနှစ်ယောက်က တစ်ယောက်က အဖေတူ၍ တစ်ယောက်က အမေတူလေသည်...


" သားငယ်ရယ်...သားငယ်မေတ္တာတွေကို သူနားလည်မှာပါ "


" အီးဟီးဟီး...ဖေဖေတို့က မကောင်းဘူး အီးဟီးးး "


" အေးပါ အေးပါကွာ.. ဖေဖေတို့မကောင်းတာ မငိုနဲ့တော့နော်...တိတ်တိတ်..."


သုံးနှစ်သားလေးအား ချော့မော့သလို ဦးဆက်နေမာန်ချော့မော့ရလေသည်...


ဟင်းးး ဒီပုံစံနဲ့တော့ မဲခေါင်က လူတွေကိုဦးဆောင်ပြီး ရှမ်းမြောက်က မိုးသောက်သွေးအဖွဲ့ကို နိုင်ပါ့မလား...


ဦးဆက်နေမာန် မျက်နှာများနားရွက်များပါ ရဲရဲတွတ်အောင် ငိုယိုနေသော သားဖြစ်သူအားကြည့်ရင်း ရင်မောရပြန်သည်...


ယံလေးရှေ့တွင်တော့ လူကြီးသူမကြီးလုပ်နေသော သားက အခုတော့ ကလေးကြီးကိုဖြစ်လို့ပါလား...ဟင်းးး မင်းမြတ်ဝဠာရေ ငါတော့မင်းကို သားစဥ်မြေးဆက်ကို ရှုံးနေရပါတော့လားကွာ...


................


တဖြည်းဖြည်းသာ ခြံဝန်းကျယ်ထဲလှိမ့်ဝင်လာသော ကားသုံးစင်းအား ကြိုဆိုနေသူက သုံးဆယ်ခန့်ဖြစ်နေသည်...
အိမ်တော်၏ ခမ်းနားထည်ဝါမှုက မိုးသောက်အိမ်တော်ထက်မနည်းပါး...
ယံလေးကြည့်ရင်း နိုင်းကိုအံ့သြမိရသည်...
နိုင်း၏ သိုသိုသိပ်သိပ်နေထိုင်ပုံက တကယ်ပင် ဒီလိုမိသားစုတစ်ခုကဟု ထင်နိုင်စရာမရှိ...ရိုးရိုးရှင်းရှင်းလေးပင်...


ခြံဝန်း၏ထောင့်မှ ဒါန်းလေးဆီမမှိတ်မသုန်ကြည့်လာသော နိုင်း၏ အကြည့်ကြောင့် ထိုဒါန်းလေးတွင် သူ့ကိုကိုမည်သို့ အမှတ်တရများရှိနေမလဲဟုတော့ တွေးလိုက်မိသည်...


" ကလေး...အဲ့ဒီ့ဒါန်းလေးကလေ...ကိုကိုနဲ့ မေမေနဲ့ အမြဲစီးနေတာသိလား "


". ............."


" ကလေးလည်း စိတ်ပင်ပန်းရင် ဒါန်းလေးလာစီးလေ နည်းနည်းအဆင်ပြေသွားမှာ "


". ............"


တုံ့ပြန်မှုမရှိ ငြိမ်သက်နေသော ယံလေးအား နိုင်း စိတ်မကောင်းစွာတစ်ချက်ကြည့်ရင်း အသံတိတ်သက်ပြင်းများသာ အကြိမ်ကြိမ်ချမိနေရလေသည်...


မနက်လင်းခါနီး ယံလေးသတိပြန်ရလာကတည်းက နိုင်းကိုပိုမိုတူးခါးစွာဆက်ဆံလာလေသည်... နိုင်းသိပါသည်... ထွက်ပြေးကျသည်ဆိုသော်လည်း မလွတ်မှန်းသိသည့် ဇာတ်လမ်းမို့ နိုင်းအားမထုတ်ခဲ့ခြင်းအား ယံလေး စိတ်နာနေခြင်းဖြစ်သည်... ပြီးတော့ အကြောင်းကြောင်းတွေဖြင့် နိုင်းမည်သို့ထွက်ပြေးနိုင်ရပါမည်နည်း...


: ကလေးရယ်...ကိုကို့ကိုနားလည်ပေးပါ ကလေးအတွက်ပဲ ကိုကိုစဥ်းစားပြီးဆုံးဖြတ်ခဲ့တာပါ... :


နိုင်းရင်ထဲ နုံးခွေနေရပြီး ကြာမြင့်စွာငိုကြွေးထားမိခြင်းကြောင့် မျက်လုံးများ မို့အစ်နေတုန်းပင်...


ဆင်ဝင်အောက် ကားရပ်လိုက်သည်နှင့် တစ်ယောက်မှ ကားတံခါးလာဖွင့်ပေးလေသည်... အိမ်ထိန်း ဦးရာကျော်...
ကားတံခါးပွင့်သွားသည်နှင့် ဦးဆက်နေမာန် ဘာစကားမှမဆို အိမ်ထဲတန်းဝင်သွားလေပြီ...


" အစ်ကိုလေးစေတမာန်..."


အသံကြောင့် ကားထဲမှ ထွက်ခါနီးနိုင်းမော့ကြည့်မိရသည်...


" ဟင်...ဖိုးဖိုးရှိနေတာလား "


" ရှိနေပါတယ်...အစ်ကိုလေး... "


" နေကောင်းတယ်မို့လား ကျွန်တော် တစ်ခါတစ်ခါတော့ အမှတ်ရမိပါတယ် "


" ဟုတ်ကဲ့..."


နိုင်းနှုတ်ဆက်စကားအား လက်စဖြတ်ကာ ယံလေးအား လှည့်ခေါ်လိုက်သည်...


" ကလေး လာလေ ဆင်းပါ..."


ယံလေးလည်း ကားထဲမှထွက်ကာ မြေပြင်ပေါ် ခြေချမိယုံသာရှိသေးသည်...


" စေတမာန်...ဟင်...စေတမာန်...ဟင့်...မ..မသေဘူးနော်...မင်း..မင်းကွာ "


တန်းစီကာ ရပ်နေသူထဲမှတစ်ယောက် နိုင်းအား ပြေးကာဖက်၍ ငိုလေသည်...
ရုတ်တရက်မို့ နိုင်းလန့်သွားကာ ယံလေး၏လက်ကိုပင် အားကိုးတကြီးကိုင်ဆုပ်လိုက်မိရသည်... သို့သော်လည်း ပြန်လည်ခါထုတ်ခြင်းခံလိုက်ရကာ ယံလေးတစ်ယောက်အိမ်ထဲသို့ ခပ်စောင့်စောင့်ဝင်ရောက်သွားသည်ကိုမြင်လိုက်ရသည်...


" ဟို...ဘယ်...ဘယ်သူလဲဗျာ..ကျွန်တော့ကိုသိတာလား "


" စေတမာန်... ငါလေ... ငါ... ရှိုင်းနေခန့်လေ...မင်းနဲ့ငါ ထိုင်းနယ်စပ်မှာ နှစ်ယောက်တည်း ထွက်ပြေးရင်းသုံးရက်တောင် တောထဲမျက်စိလည်ခဲ့ဘူးတယ်လေကွာ..."


" အာ..ဟို...ဒါဆို လူမှားနေပြီထင်တယ်..."


" ဟင်..."


ဦးရာကျော်.." လူလေး ဒါက အစ်ကိုလေးနေစေတမာန်ရဲ့ အမွှာညီလေးပါကွယ်... အစ်ကိုလေး...အခန်းကိုကျွန်တော်လိုက်ပို့ပါမယ်.. ဧည့်သည်လူလေးလည်း တော်တော်ပင်ပန်းလာတယ်ထင်တယ်... အစ်ကိုလေးရောပဲ မျက်နှာလေးတွေတောင် နွမ်းနေပြီ "


" အဲ့ဒါ ကျွန်တော့အမျိုးသားပါဖိုးဖိုး သူ့ကိုပိုပြီး ကရုစိုက်ပေးပါ သူက စကားမပြောနိုင်လို့ပါ "


" အော်...ဟုတ်ကဲ့ စိတ်ချပါ အစ်ကိုလေး..."


နိုင်းအိမ်ထဲဝင်သွားချိန်...ယံလေးတစ်ယောက် ယောင်တောင်တောင်ဖြင့်ရပ်နေ​လေသည်...


" ကလေးလေး..လာ...ကိုကို့အခန်းသွားမယ် "


". ........."


နိုင်းသည်ကိုမတုံ့ပြန်... ခပ်မဆိတ်သာ..


ဦးရာကျော်.. " ဧည့်သည်ခန်းတစ်ခုစီစဥ်ပေးပါမယ်..ဒီသားလေးအတွက် "


" ဟင့်အင်း ဖိုးဖိုး သူက ကျွန်တော့အခန်းမှာပဲ နေရမှာ..."


စူးခနဲနိုင်းအားမော့ကြည့်လာသော အကြည့်စိမ်းကြောင့် နိုင်း နင်ခနဲဖြစ်သွားလေသည်... မသိလျှင် အခုမှတွေ့ဘူးမြင်ဘူးသူများက တစ်ခန်းတည်းအတူမနေချင်သည့်ပုံဖြင့်...
နိုင်းယံလေး၏ နားသို့ကပ်ကာ ခပ်တိုးတိုး ချိမ်းချောက်လိုက်သည်...


" ကလေးလေး ကိုကိုနဲ့မနေရင် မလုံခြုံဘူးနော်...ဖေဖေက ကလေးကို သတ်မယ်တကဲကဲလုပ်နေတာ "


" ဟွန့်..."


ယံလေးဆီမှ မျက်စောင်းတစ်ချက် ဒိုင်းခနဲကျလာသော်လည်း ဘာစကားမှမဆိုတော့..


" ရတယ်..ဖိုးဖိုး ကျွန်တော့တို့ဘာသာပဲ သွားလိုက်မယ်..."


" ဟုတ်ကဲ့ "


နိုင်း ယံလေး၏ ပုခုံးအားဖွဖွဖက်ကာ နေထိုင်ခဲ့ဘူးသော အခန်းဆီခေါ်လာခဲ့လိုက်သည်...
အခန်းထဲရောက်သည်နှင့် ပုခုံးပေါ်မှ နိုင်း၏လက်များအား အတင်းဖယ်ခါထုတ်နေသော ယံလေးကြောင့် နိုင်းစိတ်မကောင်းစွာကြည့်ရင်း သက်ပြင်းချလိုက်မိရသည်...


" ကလေးလေး...ရေအရင်ချိုးလိုက်နော်... ကိုကို ကလေးစားဖို့သွားယူပေးမယ် အခုလောလောဆယ် အစိမ်းသက်သက် ဖြစ်နေမှာဆိုတော့ ထမင်းစားခန်းမှာ စားဖို့ အဆင်မပြေမှာစိုးလို့ပါ "


". .........."


" ကလေး ရေချိုးခန်းက ဒီမှာနော်...ကိုကို ဒီမှာ သဘက်ထားခဲ့မယ်...လောလောဆယ် အဝတ်အစားကတော့ ကိုကို့အဝတ်တွေပဲ ယူဝတ်ထားနော်...ဒီထဲမှာ အင်းးး ညဝတ်အင်္ကျီတွေရှိတယ်... ပေါ့ပေါ့ပါးပါး နေနော် ကလေးလေး "


". ..........."


တစ်ယောက်တည်းသာ တစ်လျှောက်လုံး ပြောလိုက်ပြလိုက်ဖြင့် နိုင်းမနားနိုင်သေး... သူ့အား ခံစားချက်မဲ့သော အကြည့်ဖြင့်သာကြည့်နေသော ယံလေးအားကြည့်ကာ မီးဖိုခန်းဆီထွက်လာခဲ့လေသ​ည်... ကိုယ်တိုင်ကတော့ ရင်တစ်ခုလုံးပူပြင်းနေကာ ဘာအစားမှ သွင်းလို့ရမည်မဟုတ်...
.......


ကလစ်...


" ကလေး...ကိုကိုစွပ်ပြုတ်ယူလာတယ်... ကလေးဗိုက်ဆာ...ဟင်..."


ဂလု...


အသက်နှစ်ဆယ်ဟုဆိုသော်လည်း နုနယ်လွန်းသော ယံလေးက ဆယ့်ခုနှစ်ဆယ့်ရှစ်နှစ်ခန့်သာ ရုပ်တင်လေသည်...
ထိုသည်ကို နိုင်း၏ အင်္ကျီပွပွကြီးအား ဝတ်ထားသည်မို့ အင်္ကျီက ဒူးဆစ်နီးပါးပင် ရှည်လျားလေသည်... သို့သော် ဘေးတွင်ဝိုက်ထားသော ပုံစံမို့ ထိုအဝိုက်အမြင့်က ယံလေး၏ ပေါင်လည်အထက်ပင်ရောက်လုရောက်ခင်...


နိုင်းဝင်လာလာချင်း ဘေးတစ်စောင်းမြင်လိုက်ရသော ယံလေးကြောင့် ရုတ်တရက် တံတွေးပင်မြိုချမိသွားရသည်...


" က...ကလေးလေး...ဟို...စွပ်...စွပ်ပြုတ် စားလေ...ကိုကို ရေ.. ရေချိုးလိုက်ဦးမယ်နော် "


အထစ်ထစ်အငေါ့ငေါ့စကားတို့ မပီမပြင်ဆိုရင်း နိုင်းစွပ်ပြုတ်ပန်းကန်အား စားပွဲပေါ်တင်ပေးထားခဲ့ပြီး ရေချိုးခန်းသို့ပြေးရလေသည်...


ကလေး၏ မျက်နှာထားက မည်သို့ဖြစ်နေမည်ကိုနိုင်းမသိလိုက်...
အကြောင်းက ဝင်လာကတည်းကပင် ထိုကလေးငယ်၏ ပေါင်တံနုနုကိုသာကြည့်ရင်း ရေချိုးခန်းသို့ဝင်ခဲ့ရသည်မို့...


( နိုင်း is နှာဘူး 😝😝)


Part 16 will be. ......
#ဖတ်ပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ...
#ဖတ်မယ့်သူမရှိတဲ့ကြားကရှိစုမဲ့စုဖတ်ပေးတဲ့သူလေးတွေမို့ကျန်းမာရေးကရုစိုက်ကျပါလို့


🌨🎈 နိုင္းေစမာန္ရဲ႕ တိတ္ဆိတ္ျခင္းကေလးငယ္🎈🌨
Part - 15


၁၀၅ မိုင္ ယာဥ္ရပ္နားစခန္း...


" ကေလးေလး... အစပ္အမ်ားႀကီး စားလို႔မရဘူးေလ... ဗိုက္နာမယ္...အဲအဲ ေနဦးေလ... ဟင္းခ်ိဳက ပူမယ္..."


ညစာမစားခဲ့ရပဲ ရန္ကုန္ဆင္းလာရသည္မို႔ ယံေလးဗိုက္ဆာေနေပၿပီ... ထို႔ျပင္ တတ္တူးႏွင့္လူမ်ားၾကားေနရသည္က တကယ္ေတာ့မသက္သာေပ... နိုင္းေၾကာင့္သာ ရဲရဲတင္းတင္းေနနိုင္ရျခင္းပင္...


သို႔ေသာ္...သို႔ေသာ္လည္းေပါ့... ဒီပုပ္ထဲကဒီပဲျဖစ္သြားရေသာ နိုင္းကိုေတာ့ ယံေလး စိတ္မေကာင္းေပမယ့္ ထြက္ေျပးခြင့္ရပါက ဒီအသိုင္းအဝိုင္းမွ ထြက္ေျပးရန္သာေခ်ာင္းေနမိသည္... ကိုကို႔ကိုလည္း ထားပစ္ခဲ့ရန္ ...


ကိုယ္တိုင္မစားနိုင္ရပဲ ယံေလးစားဖို႔ အဆင္ေျပေအာင္ လုပ္ေပးေနေသာ နိုင္းကိုၾကည့္ရင္း ယံေလးစိတ္ထဲ ဒြိဟမ်ားစြာ ကူးလူးေနရသည္...


မိုင္တိုင္ ၁၀၅ တြင္ အေဝးေျပးကားမ်ား ရပ္နားေလသည္မို႔ စည္ကားကာ ညနက္နက္တြင္ ပြဲေစ်းတန္းႀကီးကဲ့သို႔ပင္...


" ကေလးေလး... ဟင္းခ်ိဳလည္းႏြေးၿပီ ျဖည္းျဖည္းစားေနာ္... ကားေပၚထိုင္လိုက္ရင္း အစာမေၾကျဖစ္မယ္... ကားေပၚမွာလည္း စားဖို႔ ၿပီးရင္ ကိုကိုတို႔ အသီးဝယ္က်မယ္ေနာ္..."


ယံေလးေခါင္းၿငိမ့္ျပလိုက္မိသည္...
အိပ္ေပ်ာ္ေနသည္မဟုတ္ေသာ္လည္း မွိန္းေနမိသည္မို႔ နားထဲၾကားမိရသေလာက္... ယံေလး သူ႕ကိုကိုကို သနားမိသလို ေၾကာက္လည္းေၾကာက္မိသည္...


" သားငယ္...မင္းလည္းစားထားေနာ္..လမ္းမွာဗိုက္ဆာရင္ ဆိုင္တန္းမရွိဘူး "


အေဖျဖစ္သူက သားျဖစ္သူပါးစပ္ထဲ တစ္လုတ္မွ မဝင္ေသးသည္မို႔ သတိေပးရေလေတာ့သည္...


" ဟုတ္...ရတယ္ ေဖေဖ..."


ထိုမွသာ မွာထားသည္ကို တစ္လုတ္တစ္ဆုပ္စားရင္း နိုင္းစားျခင္းအမႈကို အဆုံးသတ္ေလသည္...


စားေသာက္ၿပီးစီး၍ ကားေပၚတတ္ခါနီးတြင္...


" ကိုကို "


နိုင္းလက္ကိုဆြဲကာ ေခၚသံေလးထြက္လာသည္မို႔ ...


" ဟင္ ကေလး...ေျပာေလ...ဘာစားခ်င္ေသးလဲ..."


ယံေလးက အကင္ဆိုင္တန္းဘက္သိို႔ ေမးေငါ့ျပသည္မို႔ နိုင္း ယံေလးလက္ကိုဆြဲကာ ထိုဆိုင္တန္းဘက္သြားမိရသည္...


အကင္မ်ားေ႐ြးလိုက္...စားလိုက္ျဖင့္ ၾကည္လင္ေနေသာ ကေလးငယ္အားၾကည့္ကာ နိုင္းလည္း စိတ္သက္သာရာရေလသည္...
အကင္ဆိုင္တန္းသြားမွန္းသိေနေသာ ဦးဆက္ေနမာန္ တို႔လည္း တကူးတကလိုက္မေနေပးေတာ့၍ နိုင္းပင္စိတ္ထဲလြတ္လပ္ေနေလသည္...


" ကိုကို "


" အြန္း .... အာ...ကေလး...ဘယ္သြားမလို႔လဲ "


ယံေလးတစ္ေယာက္ နိုင္းလက္ကိုဆြဲကာ ယံေလး ကားလမ္းမဘက္သို႔ေျပးေလေတာ့သည္... တကယ္ေတာ့ ယံေလးထြက္ေျပးရန္ အလစ္ကိုေခ်ာင္းခ်င္၍ အကင္ဆိုင္ဘက္လာသည္ကို နိုင္းမရိပ္မိလိုက္ရေပ...


လွစ္လွစ္ျမည္ေအာင္ပင္ ေျပးေနေသာ ယံေလး... နိုင္းအားဆြဲထားသည့္ လက္ပင္ ေခြၽးေစးမ်ားျပန္ေနေလၿပီ...


" ကေလး အရမ္းေမာေနၿပီလား "


မိနစ္ႏွစ္ဆယ္ခန့္ၾကာ...ကားလမ္းတစ္ေလွ်ာက္ မရပ္မနားေျပးေနခဲ့ၿပီး ဦးဆက္ေနမာန္ တို႔အား မ်က္ေျချဖတ္နိုင္ခဲ့ၿပီဟု အတည္ျပဳကာ ယံေလးေျခလွမ္းတို႔ ရပ္တန့္ၿပီး အေမာေျဖေလသည္...


" ကေလးေလး... အရမ္းေမာေနၿပီလား ဖူးးဖူးးးး "


ယံေလးနဖူးထက္က ေခြၽးမ်ားအား မႈတ္ေပးလိုက္ရင္း နိုင္းလည္းအသက္ဝေအာင္ရႈရေလေတာ့သည္...


" ကို...ကိုကို "


" ဟင္းး အင္း ကေလးေလး "


... ယံေလးတို႔ ဒီတစ္ခါ ဘယ္သူမွဖမ္းလို႔ မရမယ့္ေနရာကို ေျပးက်ရေအာင္ေနာ္...


" အင္း ကေလးေလး "


မျဖစ္နိုင္ဘူးဆိုတာ သိေနေပမယ့္ နိုင္းေလာေလာဆယ္ မျငင္းရက္... နဂိုတည္းမွ ေၾကာက္႐ြံ႕ရပါသည္ဆိုေသာ တတ္တူးႏွင့္လူမ်ားၾကား ဒီကေလးငယ္ ဘယ္ေလာက္ေတာင္ အားတင္းေနထိုင္နိုင္ရပါမည္နည္း... ေသြး၏ရန္...ေဖေဖ့၏ရန္ျဖင့္ ကေလးငယ္လည္း စိတ္မခ်မ္းသာျဖစ္ေနရသည္ကို နိုင္းသိပါသည္...


ပြမ္းးးး


မီးေရာင္အား႐ုတ္တရက္ဖြင့္လိုက္ကာ နိုင္းတို႔ေဘးသို႔ ဝုန္းခနဲေရာက္ခ်လာေသာ ကားက တမင္ညစ္၍ နိုင္းတို႔ေနာက္မွ တိတ္တိတ္ေလး ပါလာေလမွန္းသိသာေစသည္...


ကားမွန္တစ္ခ်ပ္ပြင့္လာကာ ဦးဆက္ေနမာန္၏ ခနဲ႕ၿပဳံးတစ္ခ်က္ႏွင့္အတူ...


" ဟားဟား ဘယ္လိုလဲကြ ၾကယ္ဝဠာ အေျပးေလ့က်င့္ခန္းကို ဝါသနာပါတယ္ထင္တယ္...ခဏခဏကိုေျပးေနေတာ့တာပါလား "


" ဟင္..."


" ကဲ မေျပးေနပါနဲ႕ေတာ့... ဟာ..ေဟ့ေဟ့..ဟားဟား ေျပးျပန္ၿပီကြာ...ဟားဟား "


ဦးဆက္ေနမာန္၏ စကားမဆုံးလိုက္ ယံေလးဆက္ခနဲ ေျပးျပန္ေလသည္...
နိုင္း ဆြဲကာေျပးေနေသာ ယံေလးအား ဆြဲကာတားဆီးလိုက္သည္မို႔ ယံေလး အံ့ၾသဟန္ လွည့္ၾကည့္လာေလသည္...


" ကိုကို "


" ကေလး..မေျပးနဲ႕ေတာ့ ကိုကိုတို႔ မလြတ္ေတာ့ဘူး "


" ကိုကို "


" ကေလးရယ္...ကိုကို... "


နိုင္း စကားတို႔ရွာမရေတာ့... ဘယ္လိုစကားလုံးမ်ိဳးနဲ႕ ႏွစ္သိမ့္ရမယ္မသိ...


အနားသို႔ေရာက္လာေသာ ဦးဆက္ေနမာန္၏ လူႏွစ္ေယာက္က ယံေလးအား တစ္ဖက္တစ္ခ်က္ ဖမ္းခ်ဳပ္ထားေလသည္...


" မခ်ဳပ္နဲ႕ ကြၽန္ေတာ့ကေလးကို ကြၽန္ေတာ္ေခၚမယ္...ဖယ္ လက္ေတြဖယ္လိုက္ "


နိုင္းစကားေၾကာင့္ ထိုလူမ်ား လက္လႊတ္ေပးလိုက္သည္...
နိုင္း ယံေလး၏ လက္ေမာင္းအား လွမ္း၍ ဆုပ္ကိုင္လိုက္ခ်ိန္ ယံေလးက အထိမခံ ခါထုတ္လာေလသည္... အၾကည့္မ်ားတြင္လည္း နိုင္းအား မယုံၾကည္နိုင္ေသာ အၾကည့္မ်ားျဖင့္...


" ကေလးေလး...ကိုကိုက "


... ခင္ဗ်ားက သူရဲေဘာေၾကာင္တဲ့လူပဲ ဟက္ ထြက္မေျပးရဲဘူးဟုတ္လား ခင္ဗ်ားအေဖလက္ထဲမွာ ကြၽန္ေတာ္က လုံးပါးပါးၿပီးေသသြားမွာ အဲဲ့ဒါကို ခင္ဗ်ားသိလား...


" ကိုကို...ကိုကိုရွိပါတယ္ ကေလးရယ္... ကေလးကို ေဖေဖထိလို႔ေတာင္ မရေစရပါဘူး... ေနာ္...ကေလး..ကိုကိုေလ..."


... ေတာ္ ခင္ဗ်ားကို မုန္းတယ္ ခင္ဗ်ားလည္း ခင္ဗ်ားအေဖလိုပဲ ...


" ဟင့္အင္း ကေလးေလး ကိုကို႔ကို အဲ့လိုမေျပာပါနဲ႕ ကိုကို႔ကို "


ဦးဆက္ေနမာန္.." က်စ္...ၾကာတယ္ကြာ... သြားစရာရွိေသးတယ္.. အခ်ိန္ဆြဲမေနက်နဲ႕ Hanery ေခၚခဲ့ေတာ့ကြာ..."


" ကေလးေလး သြားရေအာင္ေနာ္..."


... မလိုက္ဘူး မလိုက္နိုင္ဘူး ခင္ဗ်ားကိုလည္း မယုံေတာ့... အင့္! !


ယံေလးစကားမဆုံးလိုက္ Henery ၏ လက္ဝါးေစာင္းတစ္ခ်က္က ယံေလး၏ ဂုတ္ပိုးတစ္ေနရာသို႔ ဆက္ခနဲက်ေရာက္လာၿပီး ယံေလးေခြက်သြားရေလသည္...


ေျမေပၚမက်နိဳင္ခင္ နိုင္း ဆီးကာေပြ႕ယူလိုက္ၿပီး ဖက္ကာပင္ ငိုေႂကြးမိရေတာ့သည္...


" ဟင့္..အီးဟီးဟီး...ကေလးေလးရယ္...ကေလးေလးကို ကိုကိုမကာကြယ္နိုင္မွာေၾကာက္တယ္...ကေလးရယ္...ကိုကို႔ကိုမမုန္းပါနဲ႕ "


" အစ္ကိုေလး...သြားက်ပါစို႔ ကြၽန္ေတာ္ေပြ႕လာခဲ့မယ္..."


" ဟင့္...ရတယ္.. ကြၽန္ေတာ့ဘာသာပဲ ေပြ႕မယ္ "


နိုင္း ယံေလးအား ေပြ႕ကာ ကားထက္တင္လိုက္ေသာ္လည္း ကူရွင္ေပၚပင္ မတင္ေတာ့ ယံေလးအား ကေလးပိစိေလးသဖြယ္ပင္ ေပါင္ထက္တင္ကာ ေထြးဖက္ထားေပးရင္း နိုင္း မရွက္နိုင္ေတာ့ သည္းထန္စြာပင္ ငိုေႂကြးမိရေတာ့သည္...


: ကေလးရယ္...ကိုကိုမေကာင္းခဲ့တာပါ.. ကေလးေလးကို ေဖေဖတို႔လုပ္ႀကံခဲ့တုန္းကလည္း ကိုကိုမတားဆီးနိုင္ခဲ့ဘူး... ကေလးရယ္ ကိုကိုတို႔ကံဆိုးလိုက္တာ...ကိုကိုတို႔ကံမေကာင္းလိုက္တာ ကေလးရယ္... ကိုကို႔ကိုမမုန္းပါနဲ႕ မမုန္းနဲ႕ေနာ္...:


" ဟင့္..ကိုကို႔ကို မမုန္းပါနဲ႕ ကေလးရယ္ "


စိတ္ထဲမွ ေတာင္းဆိုေနရင္း နိုင္းႏႈတ္မွ စကားသံတို႔ လွ်ံက်လာေတာ့ ဦးဆက္ေနမာန္ သားငယ္ျဖစ္သူကိုလွည့္ၾကည့္ကာ စိတ္မေကာင္းဟန္ ေခါင္းခါ၍ ၾကည့္ေနေလသည္...


ယံေလးအားဖက္၍ အ႐ူးမီးဝိုင္းငိုေႂကြးေနသည့္သားကို ဒီ့ထက္ပင္ ပို၍ရင့္က်က္ေစခ်င္မိသည္... အသက္ပင္ မငယ္ေတာ့ေသာ သားငယ္က သူ႕ထက္ဆယ္ႏွစ္မွ်ငယ္ေသာ ကေလးတစ္ေယာက္အေပၚ ထိုမွ်ထိ ခ်စ္ေနလိမ့္မည္ဟု ဦးဆက္ေနမာန္မေတြးခဲ့ဘူး၍ အံ့ၾသေနမိသည္...


" ငိုခ်င္ရင္လည္း ဝေအာင္ငိုထားသားငယ္... ဒါေပမယ့္ ေနာက္ဆို အဲ့လိုစိတ္ေပ်ာ့ေနလို႔ေတာ့ မျဖစ္ဘူးေနာ္... "


" ကြၽန္ေတာ္ စိတ္ေပ်ာ့လားမေပ်ာ့လား ေဖေဖသိပါတယ္...အခုက...ဟင့္...အခုက.. သားတို႔ဘာသာသားတို႔ အဆင္ေျပေနတဲ့ ဘဝထဲကို ေဖေဖနဲ႕ေသြးကေရာက္လာၿပီး ဖ်က္ဆီးတာေလ...ဟင့္ အီးးး သားနဲ႕ သားကေလးေလးက ေဖေဖတို႔ေလာက္ ခ်မ္းခ်မ္းသာသာမေနရေပမယ့္ ေပ်ာ္တယ္ေဖေဖရဲ႕ အီးဟီးးး "


မ်က္ရည္မ်ားေတြေတြက်ကာ ရွိုက္ငိုလိုက္ေျပာလိုက္ ရင္ခြင္ထဲမွ ယံေလး၏ မ်က္ႏွာေလးအား ဖြဖြကိုင္လိုက္ျဖင့္ အေဖျဖစ္သူကို ရန္ေတြ႕ေနေသာ နိုင္းေၾကာင့္ ဦးဆက္ေနမာန္ စိတ္ထဲမေကာင္းျဖစ္ရေတာ့သည္...


သို႔ေသာ္လည္း...


" မင္းကမွ အျပန္အလွန္ခ်စ္ျခင္းနဲ႕ ဆုံရပါေသးတယ္ကြာ...မင့္အေမကို သူ႕အေဖလက္ထဲကေန ငါမနည္းလုခဲ့ရတာ "


" ဟင့္... အဲဲဒါေဖေဖ့ကိစၥ သားကိစၥမဟုတ္ဘူး...သားတို႔ခ်စ္သူႏွစ္ေယာက္က အျပန္အလွန္ခ်စ္တယ္...အျပန္အလွန္နားလည္တယ္... အခုေဖေဖလုပ္လို႔ သားကို... သားကေလးေလးက မုန္းသြားၿပီ အဲ့ဒါ ေဖေဖ့ေၾကာင့္ ဟင့္...အီးဟီး ေဖေဖေၾကာင့္ ကေလးေလးက မုန္းသြားတာ "


ေျပာရင္းဆိုရင္း ကိုယ့္ကိုကိုယ္ ' သား ' ဟု သုံးႏႈန္းကာ ကေလးဆန္သြားေလေသာ သားျဖစ္သူကိုၾကည့္ၿပီး ဦးဆက္ေနမာန္ ၿပဳံးလိုက္မိသည္...
အမႊာညီအစ္ကိုတြင္ အစ္ကိုျဖစ္သူ ေနေစတမာန္က ငယ္ငယ္တည္းက မာမာခ်ာခ်ာ ၾကမ္းၾကမ္းတမ္းတမ္း ေနထိုင္တတ္ေသာ္လည္း သားငယ္ျဖစ္သူ နိုင္းေစတမာန္ကေတာ့ ႏူးႏူးညံ့ညံ့ပင္ အေမျဖစ္သူ မသက္ရွည္ကို ပိုခ်စ္ကာ... ပို၍လည္း ကပ္တြယ္တတ္သူပင္...


ေျပာရလွ်င္ သားႏွစ္ေယာက္က တစ္ေယာက္က အေဖတူ၍ တစ္ေယာက္က အေမတူေလသည္...


" သားငယ္ရယ္...သားငယ္ေမတၱာေတြကို သူနားလည္မွာပါ "


" အီးဟီးဟီး...ေဖေဖတို႔က မေကာင္းဘူး အီးဟီးးး "


" ေအးပါ ေအးပါကြာ.. ေဖေဖတို႔မေကာင္းတာ မငိုနဲ႕ေတာ့ေနာ္...တိတ္တိတ္..."


သုံးႏွစ္သားေလးအား ေခ်ာ့ေမာ့သလို ဦးဆက္ေနမာန္ေခ်ာ့ေမာ့ရေလသည္...


ဟင္းးး ဒီပုံစံနဲ႕ေတာ့ မဲေခါင္က လူေတြကိုဦးေဆာင္ၿပီး ရွမ္းေျမာက္က မိုးေသာက္ေသြးအဖြဲ႕ကို နိုင္ပါ့မလား...


ဦးဆက္ေနမာန္ မ်က္ႏွာမ်ားနား႐ြက္မ်ားပါ ရဲရဲတြတ္ေအာင္ ငိုယိုေနေသာ သားျဖစ္သူအားၾကည့္ရင္း ရင္ေမာရျပန္သည္...


ယံေလးေရွ႕တြင္ေတာ့ လူႀကီးသူမႀကီးလုပ္ေနေသာ သားက အခုေတာ့ ကေလးႀကီးကိုျဖစ္လို႔ပါလား...ဟင္းးး မင္းျမတ္ဝဠာေရ ငါေတာ့မင္းကို သားစဥ္ေျမးဆက္ကို ရႈံးေနရပါေတာ့လားကြာ...


................


တျဖည္းျဖည္းသာ ၿခံဝန္းက်ယ္ထဲလွိမ့္ဝင္လာေသာ ကားသုံးစင္းအား ႀကိဳဆိုေနသူက သုံးဆယ္ခန့္ျဖစ္ေနသည္...
အိမ္ေတာ္၏ ခမ္းနားထည္ဝါမႈက မိုးေသာက္အိမ္ေတာ္ထက္မနည္းပါး...
ယံေလးၾကည့္ရင္း နိုင္းကိုအံ့ၾသမိရသည္...
နိုင္း၏ သိုသိုသိပ္သိပ္ေနထိုင္ပုံက တကယ္ပင္ ဒီလိုမိသားစုတစ္ခုကဟု ထင္နိုင္စရာမရွိ...ရိုးရိုးရွင္းရွင္းေလးပင္...


ၿခံဝန္း၏ေထာင့္မွ ဒါန္းေလးဆီမမွိတ္မသုန္ၾကည့္လာေသာ နိုင္း၏ အၾကည့္ေၾကာင့္ ထိုဒါန္းေလးတြင္ သူ႕ကိုကိုမည္သို႔ အမွတ္တရမ်ားရွိေနမလဲဟုေတာ့ ေတြးလိုက္မိသည္...


" ကေလး...အဲ့ဒီ့ဒါန္းေလးကေလ...ကိုကိုနဲ႕ ေမေမနဲ႕ အၿမဲစီးေနတာသိလား "


". ............."


" ကေလးလည္း စိတ္ပင္ပန္းရင္ ဒါန္းေလးလာစီးေလ နည္းနည္းအဆင္ေျပသြားမွာ "


". ............"


တုံ႕ျပန္မႈမရွိ ၿငိမ္သက္ေနေသာ ယံေလးအား နိုင္း စိတ္မေကာင္းစြာတစ္ခ်က္ၾကည့္ရင္း အသံတိတ္သက္ျပင္းမ်ားသာ အႀကိမ္ႀကိမ္ခ်မိေနရေလသည္...


မနက္လင္းခါနီး ယံေလးသတိျပန္ရလာကတည္းက နိုင္းကိုပိုမိုတူးခါးစြာဆက္ဆံလာေလသည္... နိုင္းသိပါသည္... ထြက္ေျပးက်သည္ဆိုေသာ္လည္း မလြတ္မွန္းသိသည့္ ဇာတ္လမ္းမို႔ နိုင္းအားမထုတ္ခဲ့ျခင္းအား ယံေလး စိတ္နာေနျခင္းျဖစ္သည္... ၿပီးေတာ့ အေၾကာင္းေၾကာင္းေတြျဖင့္ နိုင္းမည္သို႔ထြက္ေျပးနိုင္ရပါမည္နည္း...


: ကေလးရယ္...ကိုကို႔ကိုနားလည္ေပးပါ ကေလးအတြက္ပဲ ကိုကိုစဥ္းစားၿပီးဆုံးျဖတ္ခဲ့တာပါ... :


နိုင္းရင္ထဲ ႏုံးေခြေနရၿပီး ၾကာျမင့္စြာငိုေႂကြးထားမိျခင္းေၾကာင့္ မ်က္လုံးမ်ား မို႔အစ္ေနတုန္းပင္...


ဆင္ဝင္ေအာက္ ကားရပ္လိုက္သည္ႏွင့္ တစ္ေယာက္မွ ကားတံခါးလာဖြင့္ေပးေလသည္... အိမ္ထိန္း ဦးရာေက်ာ္...
ကားတံခါးပြင့္သြားသည္ႏွင့္ ဦးဆက္ေနမာန္ ဘာစကားမွမဆို အိမ္ထဲတန္းဝင္သြားေလၿပီ...


" အစ္ကိုေလးေစတမာန္..."


အသံေၾကာင့္ ကားထဲမွ ထြက္ခါနီးနိုင္းေမာ့ၾကည့္မိရသည္...


" ဟင္...ဖိုးဖိုးရွိေနတာလား "


" ရွိေနပါတယ္...အစ္ကိုေလး... "


" ေနေကာင္းတယ္မို႔လား ကြၽန္ေတာ္ တစ္ခါတစ္ခါေတာ့ အမွတ္ရမိပါတယ္ "


" ဟုတ္ကဲ့..."


နိုင္းႏႈတ္ဆက္စကားအား လက္စျဖတ္ကာ ယံေလးအား လွည့္ေခၚလိုက္သည္...


" ကေလး လာေလ ဆင္းပါ..."


ယံေလးလည္း ကားထဲမွထြက္ကာ ေျမျပင္ေပၚ ေျခခ်မိယုံသာရွိေသးသည္...


" ေစတမာန္...ဟင္...ေစတမာန္...ဟင့္...မ..မေသဘူးေနာ္...မင္း..မင္းကြာ "


တန္းစီကာ ရပ္ေနသူထဲမွတစ္ေယာက္ နိုင္းအား ေျပးကာဖက္၍ ငိုေလသည္...
႐ုတ္တရက္မို႔ နိုင္းလန့္သြားကာ ယံေလး၏လက္ကိုပင္ အားကိုးတႀကီးကိုင္ဆုပ္လိုက္မိရသည္... သို႔ေသာ္လည္း ျပန္လည္ခါထုတ္ျခင္းခံလိုက္ရကာ ယံေလးတစ္ေယာက္အိမ္ထဲသို႔ ခပ္ေစာင့္ေစာင့္ဝင္ေရာက္သြားသည္ကိုျမင္လိုက္ရသည္...


" ဟို...ဘယ္...ဘယ္သူလဲဗ်ာ..ကြၽန္ေတာ့ကိုသိတာလား "


" ေစတမာန္... ငါေလ... ငါ... ရွိုင္းေနခန့္ေလ...မင္းနဲ႕ငါ ထိုင္းနယ္စပ္မွာ ႏွစ္ေယာက္တည္း ထြက္ေျပးရင္းသုံးရက္ေတာင္ ေတာထဲမ်က္စိလည္ခဲ့ဘူးတယ္ေလကြာ..."


" အာ..ဟို...ဒါဆို လူမွားေနၿပီထင္တယ္..."


" ဟင္..."


ဦးရာေက်ာ္.." လူေလး ဒါက အစ္ကိုေလးေနေစတမာန္ရဲ႕ အမႊာညီေလးပါကြယ္... အစ္ကိုေလး...အခန္းကိုကြၽန္ေတာ္လိုက္ပို႔ပါမယ္.. ဧည့္သည္လူေလးလည္း ေတာ္ေတာ္ပင္ပန္းလာတယ္ထင္တယ္... အစ္ကိုေလးေရာပဲ မ်က္ႏွာေလးေတြေတာင္ ႏြမ္းေနၿပီ "


" အဲ့ဒါ ကြၽန္ေတာ့အမ်ိဳးသားပါဖိုးဖိုး သူ႕ကိုပိုၿပီး က႐ုစိုက္ေပးပါ သူက စကားမေျပာနိုင္လို႔ပါ "


" ေအာ္...ဟုတ္ကဲ့ စိတ္ခ်ပါ အစ္ကိုေလး..."


နိုင္းအိမ္ထဲဝင္သြားခ်ိန္...ယံေလးတစ္ေယာက္ ေယာင္ေတာင္ေတာင္ျဖင့္ရပ္ေနေလသည္...


" ကေလးေလး..လာ...ကိုကို႔အခန္းသြားမယ္ "


". ........."


နိုင္းသည္ကိုမတုံ႕ျပန္... ခပ္မဆိတ္သာ..


ဦးရာေက်ာ္.. " ဧည့္သည္ခန္းတစ္ခုစီစဥ္ေပးပါမယ္..ဒီသားေလးအတြက္ "


" ဟင့္အင္း ဖိုးဖိုး သူက ကြၽန္ေတာ့အခန္းမွာပဲ ေနရမွာ..."


စူးခနဲနိုင္းအားေမာ့ၾကည့္လာေသာ အၾကည့္စိမ္းေၾကာင့္ နိုင္း နင္ခနဲျဖစ္သြားေလသည္... မသိလွ်င္ အခုမွေတြ႕ဘူးျမင္ဘူးသူမ်ားက တစ္ခန္းတည္းအတူမေနခ်င္သည့္ပုံျဖင့္...
နိုင္းယံေလး၏ နားသို႔ကပ္ကာ ခပ္တိုးတိုး ခ်ိမ္းေခ်ာက္လိုက္သည္...


" ကေလးေလး ကိုကိုနဲ႕မေနရင္ မလုံၿခဳံဘူးေနာ္...ေဖေဖက ကေလးကို သတ္မယ္တကဲကဲလုပ္ေနတာ "


" ဟြန့္..."


ယံေလးဆီမွ မ်က္ေစာင္းတစ္ခ်က္ ဒိုင္းခနဲက်လာေသာ္လည္း ဘာစကားမွမဆိုေတာ့..


" ရတယ္..ဖိုးဖိုး ကြၽန္ေတာ့တို႔ဘာသာပဲ သြားလိုက္မယ္..."


" ဟုတ္ကဲ့ "


နိုင္း ယံေလး၏ ပုခုံးအားဖြဖြဖက္ကာ ေနထိုင္ခဲ့ဘူးေသာ အခန္းဆီေခၚလာခဲ့လိုက္သည္...
အခန္းထဲေရာက္သည္ႏွင့္ ပုခုံးေပၚမွ နိုင္း၏လက္မ်ားအား အတင္းဖယ္ခါထုတ္ေနေသာ ယံေလးေၾကာင့္ နိုင္းစိတ္မေကာင္းစြာၾကည့္ရင္း သက္ျပင္းခ်လိဳက္မိရသည္...


" ကေလးေလး...ေရအရင္ခ်ိဳးလိုက္ေနာ္... ကိုကို ကေလးစားဖို႔သြားယူေပးမယ္ အခုေလာေလာဆယ္ အစိမ္းသက္သက္ ျဖစ္ေနမွာဆိုေတာ့ ထမင္းစားခန္းမွာ စားဖို႔ အဆင္မေျပမွာစိုးလို႔ပါ "


". .........."


" ကေလး ေရခ်ိဳးခန္းက ဒီမွာေနာ္...ကိုကို ဒီမွာ သဘက္ထားခဲ့မယ္...ေလာေလာဆယ္ အဝတ္အစားကေတာ့ ကိုကို႔အဝတ္ေတြပဲ ယူဝတ္ထားေနာ္...ဒီထဲမွာ အင္းးး ညဝတ္အကၤ်ီေတြရွိတယ္... ေပါ့ေပါ့ပါးပါး ေနေနာ္ ကေလးေလး "


". ..........."


တစ္ေယာက္တည္းသာ တစ္ေလွ်ာက္လုံး ေျပာလိုက္ျပလိုက္ျဖင့္ နိုင္းမနားနိုင္ေသး... သူ႕အား ခံစားခ်က္မဲ့ေသာ အၾကည့္ျဖင့္သာၾကည့္ေနေသာ ယံေလးအားၾကည့္ကာ မီးဖိုခန္းဆီထြက္လာခဲ့ေလသည္... ကိုယ္တိုင္ကေတာ့ ရင္တစ္ခုလုံးပူျပင္းေနကာ ဘာအစားမွ သြင္းလို႔ရမည္မဟုတ္...
.......


ကလစ္...


" ကေလး...ကိုကိုစြပ္ျပဳတ္ယူလာတယ္... ကေလးဗိုက္ဆာ...ဟင္..."


ဂလု...


အသက္ႏွစ္ဆယ္ဟုဆိုေသာ္လည္း ႏုနယ္လြန္းေသာ ယံေလးက ဆယ့္ခုႏွစ္ဆယ့္ရွစ္ႏွစ္ခန့္သာ ႐ုပ္တင္ေလသည္...
ထိုသည္ကို နိုင္း၏ အကၤ်ီပြပြႀကီးအား ဝတ္ထားသည္မို႔ အကၤ်ီက ဒူးဆစ္နီးပါးပင္ ရွည္လ်ားေလသည္... သို႔ေသာ္ ေဘးတြင္ဝိုက္ထားေသာ ပုံစံမို႔ ထိုအဝိုက္အျမင့္က ယံေလး၏ ေပါင္လည္အထက္ပင္ေရာက္လုေရာက္ခင္...


နိုင္းဝင္လာလာခ်င္း ေဘးတစ္ေစာင္းျမင္လိုက္ရေသာ ယံေလးေၾကာင့္ ႐ုတ္တရက္ တံေတြးပင္ၿမိဳခ်မိသြားရသည္...


" က...ကေလးေလး...ဟို...စြပ္...စြပ္ျပဳတ္ စားေလ...ကိုကို ေရ.. ေရခ်ိဳးလိုက္ဦးမယ္ေနာ္ "


အထစ္ထစ္အေငါ့ေငါ့စကားတို႔ မပီမျပင္ဆိုရင္း နိုင္းစြပ္ျပဳတ္ပန္းကန္အား စားပြဲေပၚတင္ေပးထားခဲ့ၿပီး ေရခ်ိဳးခန္းသို႔ေျပးရေလသည္...


ကေလး၏ မ်က္ႏွာထားက မည္သို႔ျဖစ္ေနမည္ကိုနိုင္းမသိလိုက္...
အေၾကာင္းက ဝင္လာကတည္းကပင္ ထိုကေလးငယ္၏ ေပါင္တံႏုႏုကိုသာၾကည့္ရင္း ေရခ်ိဳးခန္းသို႔ဝင္ခဲ့ရသည္မို႔...


( နိုင္း is ႏွာဘူး 😝😝)


Part 16 will be. ......
#ဖတ္ေပးသူတိုင္းကိုေက်းဇူးတင္ပါတယ္ဗ်ာ...
#ဖတ္မယ့္သူမရွိတဲ့ၾကားကရွိစုမဲ့စုဖတ္ေပးတဲ့သူေလးေတြမို႔က်န္းမာေရးက႐ုစိုက္က်ပါလို႔








Comment