အပိုင်း(၁၉)

နှင်းမှုံအိမ်ပြန်ရောက်ပြီးသိပ်မကြာခင်ရွာထဲ၌သတင်းကဟိုးလင်းတကြော်ကြော်ဖြစ်သွားသည်။အကြောင်းကား နှင်းမှုံက ပယောဂနိုင်သည်ဟုပင်။ဟုတ်သည်မဟုတ်သည်အပထား ဖုတ်ဝင်နေသည့်သူကိုအမိန့်ပေးနိုင်သည့်အဆင့်ဟု၍ပင် မြှောက်ထိုးပင့်ကော်လုပ်နေကြသည်။

"ဟုတ်လို့လားဟဲ့။"

"ညည်းအေ....တကယ်ပါဆို။ကျုပ်ကိုထွန်းတောက်ကပြန်ပြောပြတာတော့်။နှင်းမှုံကလက်ညှိုးငေါက်ငေါက်ထိုးပြီး ဘုန်းကြီးကျောင်းကိုအခုသွား! ဆိုပြီး အမိန့်ပေးလိုက်တာတဲ့။"

"ကျုပ်ဖြင့်ပြောရင်းကြက်သီးတောင်ထတယ်။လူတွေဒီလောက်အပြောများနေတာ ကိုညည်းမို့လို့မယုံတယ်။"

"အိုတော် ဒီလောက်သတင်းထူးနေမှတော့ မယုံချင်လည်းယုံရတော့မှာပဲ။ကျုပ်ကလယ်ထဲထမင်းပို့နေလို့ မသိလိုက်လို့။သိများသိရင်ဖြင့် ထိပ်ဆုံးကပေါ့။"

တစ်ယောက်တစ်ခွန်း တစ်ယောက်တစ်ခွန်းဖြင့်နှင်းမှုံအိမ်ကလူစီသွားသည်။အနည်းငယ်နေသာနေပြီဖြစ်၍နှင်းမှုံကတော့ငုပ်တုပ်ကလေးသာထထိုင်သည်။အထုပ်ကြီးအထုပ်ငယ်၊အမွှေးတိုင်ဖယောင်း‌တိုင်ဖြင့် သူ့အားကုပ်ကုပ်ကလေးလာကြည့်ကြသူများအား အထူးအဆန်းဖြစ်နေသည်။

"အရီး။"

"ရှင်..ကလေး။"

"ကျုပ်ဖင်ကွဲသွားတာကို ရွာထဲကလူတွေသိသွားသေးလား။"

"ပေါက်ပေါက်ရှာရှာကွယ်....ဘယ်လိုသိမှာတုန်း။သမီးကိုကြည့်တာ ဒီတစ်ယောက်ပဲရှိတယ်။"

"အဲ့ဆိုသူတို့ကဘာလာလုပ်တာတုန်း။"

"ဗျို့...ဘာလာလုပ်ကြတာတုန်း။"

နှင်းမှုံကမေးငေါ့မေးလိုက်သည့်အခါ ရှိသမျှသွားကိုအသားကုန်ဖြဲရင်း ပြုံးပြလာကြသည်။

"ဟဲဟဲ ဒီလိုပါဆရာမလေးမှုံမှုံ။"

"ရို့! ဘာမှုံမှုံလဲ...ကျုပ်နာမည်မိစပ်စု။"

"အေး အေးပါ ဆရာမလေးစပ်စပ်ရယ်။ငါတို့ကလေ နင်အပနှင်တယ်ဆိုလို့ လာပြီးပူဇော်တာပါ။"

"ဘာကြီးလဲ။အဲ့ဒါဘယ်သူပြောတာလဲ။"

"ဟာ နင်ကလည်း။နင့်သတင်းရွာထဲမှပြန့်နေတာမသိဘူးလား။မနက်ကဖုတ်ကိုစပ်စုမကိုယ်တိုင် အမိန့်ပေးပြီး ထုတ်လိုက်တာဆိုပြီးလေ။"

နှင်းမှုံဟာဒေါ်ခင်စောမူနှင့်အတူတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းကြောင်အသွားသည်။

"ရှင်....ဒီကလေးကလား။"

"မဟုတ်လောက်ပါဘူး။သတင်းမှားပဲထင်တယ်။ကလေးကအဲ့သလိုတွေမတတ်ပါဘူး။"

"ဟော ဒေါက်တာရယ်။ကျုပ်တို့ကမဟုတ်ပဲပြောပါ့မလား။မဟုတ်မှ ဖုတ်ထုတ်ဉာဏ် ပူဇော်ခနည်းမှာစိုးလို့လား။"

"...................."

ဒေါ်ခင်စောမူကချက်ခြင်းပင်နှုတ်ဆိတ်သွားသည်။ပွင့်ပွင့်လင်းလင်းတည့်တိုးပြောချတာကသူ့အတွက်အနည်းငယ်တော့အနေခက်စေသည်။

"ကျုပ်မိန်းမကမဟုတ်ပါဘူးလို့ပြောနေတာကို...။"

"ကဲ မှုံကြီးရယ်။အိုက်တင်ခံမနေနဲ့ ရုပ်ရှင်မင်းသမီးဖြစ်လာမှာလည်းမဟုတ်ဘူး။ကျုပ်တို့အိမ်ကိုသာ ဖုတ်မဝင်နိုင်အောင်အစီအမံလေးလုပ်ပေးစမ်းပါအုံး။"

"ဟာတော် မတရုတ်မကလည်းကျုပ်ဖုတ်မထုတ်ပါဘူးဆို။"

အသားမဲမဲနှင့်အမျိုးသမီးအား နှင်းမှုံကလက်ကာပြရင်းငြင်းသည်။

"ဒါဆိုလည်း အေ ဟို.... အဆောင်လေးတော့ပေး။အဲ့ဒါတော့ညည်းသိကိုသိတယ်။မငြင်းနဲ့မှုံကြီး။"

"ဟုတ်တယ် ဟုတ်တယ်။"

"ငါတို့ဉာဏ်ပူဇော်ခပေးမှာပါဟ။"

တစ်ယောက်တစ်ပေါက်ပြောလာသည်မလို့နှင်းမှုံခေါင်းနောက်လာသည်။

"ရတယ်!ပေးမယ် ပေးမယ်။တိုးတိုးနေပြီးမျက်လုံးမှိတ်ထားကြ။"

နှင်းမှုံစကားကြောင့်ချက်ခြင်းပင်တိတ်ရင်းမျက်လုံးမှိတ်သွားကြသည်။သူမြန်မြန်ပဲဒေါ်ခင်စောမူအနားကပ်ရင်း အစီအစဉ်ဆွဲလိုက်သည်။ချစ်ရသူဟာသူ့စကားကြောင့်မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားသော်ညားဒီလူအုပ်မြန်မြန်ပြန်ဖို့ရာအတွက်ခေါင်းညိတ်ရှာသည်။

"မှိတ်ထားကြနော်.....ပြီးရင် ကိုယ့်အိမ်ကိုအာရုံပြု။"

"အာရုံပြုပြီးရင် အိမ်ကိုခြံတံခါးအထပ်သုံးဆယ်လောက်ကာထားတယ်လို့ တွေးပစ်လိုက်။အိမ်ထဲမှာ မြွေအကောင်လေးရာ၊ကင်းအကောင်သုံးဆယ်နဲ့ဖားပြုတ်လေးကောင်ရှိတယ်လို့တွေးထား။"

"ဟိုလေ ဆရာမလေး။အဲ့ဒီ့ခြံထဲမှာကျုပ်တို့ အသက်ရှင်ပါ့မလား။"

"ပြန်မမေးနဲ့။အစီအရင်လုပ်နေတာလေ။တွေးထားသေချာ။"

"ဟုတ် ဟုတ်ကဲ့။"

ဒေါ်ခင်စောမူကအသာအယာပင်သူ့အနားရောက်လာသဖြင့်မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

"ကဲမျက်လုံးဖွင့်ကြပါ......အခုဖုတ်မဝင်န်ုင်အောင်ဖုတ်တားဆေးပေးမယ်။အားလုံးလိုချင်ကြလား။"

"လိုချင်ပါတယ်။"

"လိုချင်တာပေါ့တော်။"

"ဟုတ်ပါ့။"

"ပေးမှာပါအားလုံးကို။တစ်ချက်တော့ရှိတယ်။အခုကစပြီး အပျိုနဲ့အအိုခွဲပြီးထိုင်ပေးရမယ်။ဖုတ်မှာလည်းအပျိုအအိုရှိလို့ တားဆေးမတူဘူး။"

"အဲ့ဒီ့တော့ အိမ်ထောင်သည်တွေဒီဘက်ကိုလာ။အပျို၊လူပျိုတွေဒီဘက်ကိုလာ။တစ်ခုလပ်မုဆိုးမတွေဘာညာပါရင်တော့ အဲ့လိုပဲသပ်သပ်ခွဲထိုင်ပေးပေါ့။"

"ဟုတ်ကဲ့ပါဆရာမလေး။ကျုပ်တို့ကိုသာသေချာစောင့်ရှောက်ပေးပါ။"

နှင်းမှုံကခေါင်းတညိတ်ညိတ်နှင့်ဆရာကြီးစတိုင်ဖမ်းနေသည်။မိန့်မိန့်ကြီးထိုင်ရင်းမပါသည့်မုတ်ဆိတ်မွှေးကိုသပ်လိုက်သေးသည်။

"ကဲ အိမ်ထောင်သည်တွေရှေ့တိုး။လင်ရောမယားရောရှိရမယ်နော်။သေချာမှကျုပ်အရှေ့ကိုတစ်ယောက်ချင်းလာခဲ့။"

"ဟုတ် ဟုတ်ကဲ့ဆရာမလေး။"

"ဟဲ့ ဟဲ့ ငါ့နေရာ။"

"ငါအရင်ရောက်တာ။"

"ဆေးကအတူတူပဲမလို့မလုနဲ့။စကားများနေတာနဲ့တင်အာနိသင်တွေကုန်တော့မှာပဲ။"

နှင်းမှုံကညှောင့်လေ လူတွေကယွစိတက်နေဖြစ်နေသည်။ချက်ခြင်းပင်တိတ်၍သူ့အရှေ့လာထိုင်ကုန်ကြသည်မှာမနည်းမနော။

"ကဲရော.....ဟောဒီမှာတစ်ဇွန်း။တစ်ယောက်ကိုတစ်ဇွန်းပဲရမယ်နော်။စက္ကူနဲ့ထုပ်လေးလိုက်မယ်။"

"တစ်ဇွန်းဆိုတော့ဖုတ်က‌တားလို့ရပါ့မလားတော့်။"

"အိုတော် ကျုပ်ပြောတာကိုဆုံးအောင်နားထောင်ပါအုံး။ဒီမယ် ဒီဆေးကတအားစွမ်းတာနော်။အိမ်ထောင်သည်တွေဒီဆေးကိုသောက်လိုက်တာနဲ့ တန်ခိုးတွေအစွမ်းပြပြီး တော်တို့အိမ်ကြီးယိမ်းထိုးနေမှာ။ဒါပေမယ့် တစ်ချက်ကတော့ တစ်ယောက်ထဲသောက်လို့မရဘူးနော်။လုံးဝပဲ။တော်တို့ယောက်ျားတွေမိန်းမတွေနဲ့အတူရှိမှသောက်။"

"ဒါကအိမ်ထောင်ဖုတ်တားဆေးလို့ခေါ်တယ်။"

"အေးပါ အေးပါအေ။ဒီမှာဉာဏ်ပူဇော်ခ။"

ပိုက်ဆံခေါက်ရက်ကလေးထုတ်ပေးလာသည်မလို့နှင်းမှုံမျက်လုံးပြူးသွားသည်။

"ကျုပ်ကခုနှစ်ရက်သားသမီးတွေကိုကယ်တင်နေတာမလို့မယူပါဘူး။ကဲကဲ နောက်တစ်ယောက်။"

တစ်ယောက်တစ်ဇွန်းစီထည့်ရင်းဆေးကိုစက္ကူထုပ်ကလေးဖြင့်ထုတ်ပေးသည်။ပုံမှန်ဆိုလျှင်တော်တော်များများပေးလို့ရနိုင်ပေမယ့် သူကမြင်းကြောထခဲ့မိလို့ ဆေးကအတော်ကုန်နေပြီဖြစ်သည်။

"ဒီတစ်ခါအပျိုလေးတွေနော်....အပျိုလူပျိုတွေတန်းစီ။"

"အမ်အမ် ဟုတ်ပြီ။မတိုးကြနဲ့နော်။ဒီဆေးကတော့ အိမ်ထောင်သည်ဆေးနဲ့မတူဘူး။ဘာကွာလဲဆိုရင်သူတို့ကနှစ်ယောက်အားလေ။တော်တို့ကအပျို၊လူပျိုတွေဆိုတော့ တစ်ယောက်အားပေါ့။ကျုပ်မိန်းမနဲ့ကျုပ်ကတော့ နှစ်ယောက်အား သိတယ်မလား။"

"ဟုတ်ဟုတ်သိပါတယ်။"

"အဲ့ဒီ့တော့ဒီဆေးအတွက် အစီအမံအရ ခွေးထီးနဲ့ခွေးမလိုတယ်။တော်တို့အိမ်ကဖြစ်ဖြစ်လမ်းကခွေးပဲဖြစ်ဖြစ်ရတယ်။ဒါပေမယ့် လမ်းကခွေးဆိုရင်တော်တို့ခြံထဲကိုခေါ်လာရမယ်နော်။ပြီးတော့ ခွေးထီးနဲ့ခွေးမ မရရင် ခွေးထီးနဲ့ခွေးထီးလည်းရတယ်။ဟီးဟီး။"

" အဲ့ဒီ့တော့....ကျုပ်ပြောချင်တာက အပျိုလူပျိုရှိတဲ့အိမ်ကခွေးကိုဒီဆေးအစာထဲထည့်ကျွေးရမယ်။ခွေးမရှိရင်လမ်းကခေါ်ပြီးအိမ်မှာ‌မွေးရမယ်။"

"ရှင်းကြလား။"

"ရှင်းပါတယ်ဆရာမလေး။"

"ဟုတ်ပြီ တစ်ထုပ်စီယူကြ။"

ဆေးထုပ်ကိုတစ်ယောက်ပြီးတစ်ယာက်ယူရင်း လူကအနည်းငယ်ရှင်းသွားပြီဖြစ်သည်။
နှင်းမှုံကတော့ ပြုံးစိစိနှင့်အူမြူးနေသည်။နာနေလို့မမွှေရကာမှ အမွှေအိုးကသူ့အိမ်အထိဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည်မဟုတ်ပါလား။

"ဆေးကကုန်တော့မှာနော်သမီး .......။"

"ဟုတ်တယ်လေမိန်းမရဲ့ ဒါပေမယ့်ကျုပ်သောက်ဖို့တော့ချန်ထားအုံးမှာပေါ့။အရီးကျုပ်ကိုအနိုင်ကျင့်ထားတာလေ။ငှဲ ငှဲ ငှဲ ငှဲ။"

"ဆရာမလေး ကျုပ်တို့ကရော။"

"အဟမ်း လာပါလာပါ။ကျုပ်အစီအမံပေးမှာပါ။တစ်ခုလပ်မုဆိုးဖို၊မုဆိုးမတွေအတွက်အကောင်းဆုံးအစီအမံကတော့ ဒီဆေးကိုယူပြီး အမြန်ဆုံး နောက်အိမ်ထောင်ပြုကြဖို့ပါပဲ။"

"ဟင်။ဒါဆိုကျုပ်တို့ကမဖြစ်မနေကြီးနောက်ယောက်ျားယူရမှာလား။"

"အဲ့လိုလည်းမဟုတ်ဘူး။ဒီဆေးကိုယူပြီး နောက်အိမ်ထောင်ပြုမှအိမ်ထောင်သည်ဖြစ်ပြီး သူတို့လိုအသုံးချလို့ရမှာမလား။အိမ်ထောင်မပြုချင်ဘူး ဆိုတဲ့လူတွေအတွက်ကလည်း နည်းရှိသပါ့တော်။"

"ဟောဒီမှာ......မင်းတုန်းမင်းခေတ်ကကျန်ရှိခဲ့တဲ့မျိုးစေ့။နှစ်ကြာပြီနော်ဒီမျိုးစေ့က။ကုန်ကုန်ပြောရရင်နှစ်ပေါင်းရာချီနေပြီ။"

"အဲ့ အဲ့တော့ နှစ်ပေါင်းရာချီနေတဲ့မျိုးစေ့ကိုဘာလုပ်ရမှာလဲဆရာမလေး။"

"ကျုပ်ပေးတဲ့မျိုးစေ့ကိုခြံဝမှာစိုက်၊ပြီးရင် ဟောဒီဆေးကိုရေဖျော်ပြီးလောင်း။သီးလာတဲ့အသီးကဖုတ်တားဆေးပဲတော်။တကယ်တားတာနော်။"

"ဟာဗျာ ကျေးဇူးတင်လိုက်တာဆရာမလေးရယ်။ကျုပ်တို့က ခွေးထီးနဲ့ခွေးမလည်းဖမ်းစရာမလိုဘူး၊ယောက်ျား၊မိန်းမဘေးမှာရှိမှသောက်စရာ‌လည်းမလိုဘူး။အပင်လေး စိုက်ရုံပဲကို ဘယ်လောက်အေးချမ်းလိုက်သလဲ။"

"ဟုတ်ပါ့တော်ဟုတ်ပါ့။ဒါနဲ့ မျိုးစေ့ကဘာအသီးတုန်းဆရာမလေး။"

"မင်းတုန်းမင်းအစီမံအရကျုပ်ကြိုပြောပြလို့မရဘူး။ဒါပေမယ့်သီးလာတဲ့အသီးကိုစားရင်တော့တုတ်ကြီးတဲ့ အုပ်ကြီးဖြစ်မှာသေချာတယ်။"

ပေါက်တက်ကရပြောနေသည့်သူ့ကလေးကိုကြည့်ရင်းဒေါ်ခင်စောမူကရယ်ချင်စိတ်ကိုထိန်းနေရသည်။ဘာမှမသိအယုံလွယ်သည့်လူအချို့ကတော့ပြောသမျှအဟုတ်ကြီးထင်ရင်း ဆေးထုပ်တစ်ထုပ်စီယူကာပြန်သွားကြသည်။

"သမီးကလည်းကွာ လူကြီးတွေကိုအရူးလုပ်လိုက်ပြန်ပြီ။"

"ကျုပ်ကသူတို့ပြောတဲ့အတိုင်းဖုတ်ကိုတားပေးတာပါနော်။အရီးမှမသိတာ။"

"ကဲကွယ်....မသိတဲ့ဟောဒီကအရီးကို သမီးကပဲပြောပြမလား။"

"ကျုပ်ပေးလိုက်တာရှင်းရှင်းလေးပါနော်။သူတို့အဲ့ဆေးတွေသောက်ပြီး ကလေးတွေအများကြီး၊ခွေးတွေအများကြီး မွေးတော့ ကျုပ်တို့ရွာ လူတွေအများကြီးတိုးတာပေါ့။အဲ့ကြ သရဲတွေကလန့်ပြီးဖုတ်မဝင်ရဲကြတော့ဘူးလေ။"

"ဟောကလေးရယ် ဖြစ်ရမယ်။ဒါဆိုအသီးကရော။"

"အဲ့ဒါကကျုပ်သူကြီးဆီကခိုးလာတဲ့သခွားသီးစေ့။ဟိုဘက်ရွာကိုမှောင်ခိုရောင်းမလို့ပါဆို ပေးလိုက်ရပြီ။"

"သမီးဟာလေ တကယ့်ချစ်မွှေးကလေး။"

"အရီးချစ်တယ်မလား။"

နှင်းမှုံစကားကြောင့်ဒေါ်ခင်စောမူကအချစ်ပိုစွာထိုကလေးပါးကို‌ဆွဲညှစ်လိုက်သည်။

"သိပ်ချစ်တာပါကလေးရယ်။"

Moneyaungchal

ႏွင္းမႈံအိမ္ျပန္ေရာက္ၿပီးသိပ္မၾကာခင္႐ြာထဲ၌သတင္းကဟိုးလင္းတေၾကာ္ေၾကာ္ျဖစ္သြားသည္။အေၾကာင္းကား ႏွင္းမႈံက ပေယာဂႏိုင္သည္ဟုပင္။ဟုတ္သည္မဟုတ္သည္အပထား ဖုတ္ဝင္ေနသည့္သူကိုအမိန္႔ေပးႏိုင္သည့္အဆင့္ဟု၍ပင္ ေျမႇာက္ထိုးပင့္ေကာ္လုပ္ေနၾကသည္။

"ဟုတ္လို႔လားဟဲ့။"

"ညည္းေအ....တကယ္ပါဆို။က်ဳပ္ကိုထြန္းေတာက္ကျပန္ေျပာျပတာေတာ့္။ႏွင္းမႈံကလက္ညိႇဳးေငါက္ေငါက္ထိုးၿပီး ဘုန္းႀကီးေက်ာင္းကိုအခုသြား! ဆိုၿပီး အမိန္႔ေပးလိုက္တာတဲ့။"

"က်ဳပ္ျဖင့္ေျပာရင္းၾကက္သီးေတာင္ထတယ္။လူေတြဒီေလာက္အေျပာမ်ားေနတာ ကိုညည္းမို႔လို႔မယုံတယ္။"

"အိုေတာ္ ဒီေလာက္သတင္းထူးေနမွေတာ့ မယုံခ်င္လည္းယုံရေတာ့မွာပဲ။က်ဳပ္ကလယ္ထဲထမင္းပို႔ေနလို႔ မသိလိုက္လို႔။သိမ်ားသိရင္ျဖင့္ ထိပ္ဆုံးကေပါ့။"

တစ္ေယာက္တစ္ခြန္း တစ္ေယာက္တစ္ခြန္းျဖင့္ႏွင္းမႈံအိမ္ကလူစီသြားသည္။အနည္းငယ္ေနသာေနၿပီျဖစ္၍ႏွင္းမႈံကေတာ့ငုပ္တုပ္ကေလးသာထထိုင္သည္။အထုပ္ႀကီးအထုပ္ငယ္၊အေမႊးတိုင္ဖေယာင္း‌တိုင္ျဖင့္ သူ႕အားကုပ္ကုပ္ကေလးလာၾကည့္ၾကသူမ်ားအား အထူးအဆန္းျဖစ္ေနသည္။

"အရီး။"

"႐ွင္..ကေလး။"

"က်ဳပ္ဖင္ကြဲသြားတာကို ႐ြာထဲကလူေတြသိသြားေသးလား။"

"ေပါက္ေပါက္႐ွာ႐ွာကြယ္....ဘယ္လိုသိမွာတုန္း။သမီးကိုၾကည့္တာ ဒီတစ္ေယာက္ပဲ႐ွိတယ္။"

"အဲ့ဆိုသူတို႔ကဘာလာလုပ္တာတုန္း။"

"ဗ်ိဳ႕...ဘာလာလုပ္ၾကတာတုန္း။"

ႏွင္းမႈံကေမးေငါ့ေမးလိုက္သည့္အခါ ႐ွိသမွ်သြားကိုအသားကုန္ၿဖဲရင္း ျပဳံးျပလာၾကသည္။

"ဟဲဟဲ ဒီလိုပါဆရာမေလးမႈံမႈံ။"

"႐ို႕! ဘာမႈံမႈံလဲ...က်ဳပ္နာမည္မိစပ္စု။"

"ေအး ေအးပါ ဆရာမေလးစပ္စပ္ရယ္။ငါတို႔ကေလ နင္အပႏွင္တယ္ဆိုလို႔ လာၿပီးပူေဇာ္တာပါ။"

"ဘာႀကီးလဲ။အဲ့ဒါဘယ္သူေျပာတာလဲ။"

"ဟာ နင္ကလည္း။နင့္သတင္း႐ြာထဲမွျပန္႔ေနတာမသိဘူးလား။မနက္ကဖုတ္ကိုစပ္စုမကိုယ္တိုင္ အမိန္႔ေပးၿပီး ထုတ္လိုက္တာဆိုၿပီးေလ။"

ႏွင္းမႈံဟာေဒၚခင္ေစာမူႏွင့္အတူတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းေၾကာင္အသြားသည္။

"႐ွင္....ဒီကေလးကလား။"

"မဟုတ္ေလာက္ပါဘူး။သတင္းမွားပဲထင္တယ္။ကေလးကအဲ့သလိုေတြမတတ္ပါဘူး။"

"ေဟာ ေဒါက္တာရယ္။က်ဳပ္တို႔ကမဟုတ္ပဲေျပာပါ့မလား။မဟုတ္မွ ဖုတ္ထုတ္ဉာဏ္ ပူေဇာ္ခနည္းမွာစိုးလို႔လား။"

"...................."

ေဒၚခင္ေစာမူကခ်က္ျခင္းပင္ႏႈတ္ဆိတ္သြားသည္။ပြင့္ပြင့္လင္းလင္းတည့္တိုးေျပာခ်တာကသူ႕အတြက္အနည္းငယ္ေတာ့အေနခက္ေစသည္။

"က်ဳပ္မိန္းမကမဟုတ္ပါဘူးလို႔ေျပာေနတာကို...။"

"ကဲ မႈံႀကီးရယ္။အိုက္တင္ခံမေနနဲ႔ ႐ုပ္႐ွင္မင္းသမီးျဖစ္လာမွာလည္းမဟုတ္ဘူး။က်ဳပ္တို႔အိမ္ကိုသာ ဖုတ္မဝင္ႏိုင္ေအာင္အစီအမံေလးလုပ္ေပးစမ္းပါအုံး။"

"ဟာေတာ္ မတ႐ုတ္မကလည္းက်ဳပ္ဖုတ္မထုတ္ပါဘူးဆို။"

အသားမဲမဲႏွင့္အမ်ိဳးသမီးအား ႏွင္းမႈံကလက္ကာျပရင္းျငင္းသည္။

"ဒါဆိုလည္း ေအ ဟို.... အေဆာင္ေလးေတာ့ေပး။အဲ့ဒါေတာ့ညည္းသိကိုသိတယ္။မျငင္းနဲ႔မႈံႀကီး။"

"ဟုတ္တယ္ ဟုတ္တယ္။"

"ငါတို႔ဉာဏ္ပူေဇာ္ခေပးမွာပါဟ။"

တစ္ေယာက္တစ္ေပါက္ေျပာလာသည္မလို႔ႏွင္းမႈံေခါင္းေနာက္လာသည္။

"ရတယ္!ေပးမယ္ ေပးမယ္။တိုးတိုးေနၿပီးမ်က္လုံးမွိတ္ထားၾက။"

ႏွင္းမႈံစကားေၾကာင့္ခ်က္ျခင္းပင္တိတ္ရင္းမ်က္လုံးမွိတ္သြားၾကသည္။သူျမန္ျမန္ပဲေဒၚခင္ေစာမူအနားကပ္ရင္း အစီအစဥ္ဆြဲလိုက္သည္။ခ်စ္ရသူဟာသူ႕စကားေၾကာင့္မ်က္လုံးျပဴးမ်က္ဆံျပဴးျဖစ္သြားေသာ္ညားဒီလူအုပ္ျမန္ျမန္ျပန္ဖို႔ရာအတြက္ေခါင္းညိတ္႐ွာသည္။

"မွိတ္ထားၾကေနာ္.....ၿပီးရင္ ကိုယ့္အိမ္ကိုအာ႐ုံျပဳ။"

"အာ႐ုံျပဳၿပီးရင္ အိမ္ကိုျခံတံခါးအထပ္သုံးဆယ္ေလာက္ကာထားတယ္လို႔ ေတြးပစ္လိုက္။အိမ္ထဲမွာ ေႁမြအေကာင္ေလးရာ၊ကင္းအေကာင္သုံးဆယ္နဲ႔ဖားျပဳတ္ေလးေကာင္႐ွိတယ္လို႔ေတြးထား။"

"ဟိုေလ ဆရာမေလး။အဲ့ဒီ့ျခံထဲမွာက်ဳပ္တို႔ အသက္႐ွင္ပါ့မလား။"

"ျပန္မေမးနဲ႔။အစီအရင္လုပ္ေနတာေလ။ေတြးထားေသခ်ာ။"

"ဟုတ္ ဟုတ္ကဲ့။"

ေဒၚခင္ေစာမူကအသာအယာပင္သူ႕အနားေရာက္လာသျဖင့္မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။

"ကဲမ်က္လုံးဖြင့္ၾကပါ......အခုဖုတ္မဝင္ႏ္ုင္ေအာင္ဖုတ္တားေဆးေပးမယ္။အားလုံးလိုခ်င္ၾကလား။"

"လိုခ်င္ပါတယ္။"

"လိုခ်င္တာေပါ့ေတာ္။"

"ဟုတ္ပါ့။"

"ေပးမွာပါအားလုံးကို။တစ္ခ်က္ေတာ့႐ွိတယ္။အခုကစၿပီး အပ်ိဳနဲ႔အအိုခြဲၿပီးထိုင္ေပးရမယ္။ဖုတ္မွာလည္းအပ်ိဳအအို႐ွိလို႔ တားေဆးမတူဘူး။"

"အဲ့ဒီ့ေတာ့ အိမ္ေထာင္သည္ေတြဒီဘက္ကိုလာ။အပ်ိဳ၊လူပ်ိဳေတြဒီဘက္ကိုလာ။တစ္ခုလပ္မုဆိုးမေတြဘာညာပါရင္ေတာ့ အဲ့လိုပဲသပ္သပ္ခြဲထိုင္ေပးေပါ့။"

"ဟုတ္ကဲ့ပါဆရာမေလး။က်ဳပ္တို႔ကိုသာေသခ်ာေစာင့္ေ႐ွာက္ေပးပါ။"

ႏွင္းမႈံကေခါင္းတညိတ္ညိတ္ႏွင့္ဆရာႀကီးစတိုင္ဖမ္းေနသည္။မိန္႔မိန္႔ႀကီးထိုင္ရင္းမပါသည့္မုတ္ဆိတ္ေမႊးကိုသပ္လိုက္ေသးသည္။

"ကဲ အိမ္ေထာင္သည္ေတြေ႐ွ႕တိုး။လင္ေရာမယားေရာ႐ွိရမယ္ေနာ္။ေသခ်ာမွက်ဳပ္အေ႐ွ႕ကိုတစ္ေယာက္ခ်င္းလာခဲ့။"

"ဟုတ္ ဟုတ္ကဲ့ဆရာမေလး။"

"ဟဲ့ ဟဲ့ ငါ့ေနရာ။"

"ငါအရင္ေရာက္တာ။"

"ေဆးကအတူတူပဲမလို႔မလုနဲ႔။စကားမ်ားေနတာနဲ႔တင္အာနိသင္ေတြကုန္ေတာ့မွာပဲ။"

ႏွင္းမႈံကေညႇာင့္ေလ လူေတြကယြစိတက္ေနျဖစ္ေနသည္။ခ်က္ျခင္းပင္တိတ္၍သူ႕အေ႐ွ႕လာထိုင္ကုန္ၾကသည္မွာမနည္းမေနာ။

"ကဲေရာ.....ေဟာဒီမွာတစ္ဇြန္း။တစ္ေယာက္ကိုတစ္ဇြန္းပဲရမယ္ေနာ္။စကၠဴနဲ႔ထုပ္ေလးလိုက္မယ္။"

"တစ္ဇြန္းဆိုေတာ့ဖုတ္က‌တားလို႔ရပါ့မလားေတာ့္။"

"အိုေတာ္ က်ဳပ္ေျပာတာကိုဆုံးေအာင္နားေထာင္ပါအုံး။ဒီမယ္ ဒီေဆးကတအားစြမ္းတာေနာ္။အိမ္ေထာင္သည္ေတြဒီေဆးကိုေသာက္လိုက္တာနဲ႔ တန္ခိုးေတြအစြမ္းျပၿပီး ေတာ္တို႔အိမ္ႀကီးယိမ္းထိုးေနမွာ။ဒါေပမယ့္ တစ္ခ်က္ကေတာ့ တစ္ေယာက္ထဲေသာက္လို႔မရဘူးေနာ္။လုံးဝပဲ။ေတာ္တို႔ေယာက်္ားေတြမိန္းမေတြနဲ႔အတူ႐ွိမွေသာက္။"

"ဒါကအိမ္ေထာင္ဖုတ္တားေဆးလို႔ေခၚတယ္။"

"ေအးပါ ေအးပါေအ။ဒီမွာဉာဏ္ပူေဇာ္ခ။"

ပိုက္ဆံေခါက္ရက္ကေလးထုတ္ေပးလာသည္မလို႔ႏွင္းမႈံမ်က္လုံးျပဴးသြားသည္။

"က်ဳပ္ကခုႏွစ္ရက္သားသမီးေတြကိုကယ္တင္ေနတာမလို႔မယူပါဘူး။ကဲကဲ ေနာက္တစ္ေယာက္။"

တစ္ေယာက္တစ္ဇြန္းစီထည့္ရင္းေဆးကိုစကၠဴထုပ္ကေလးျဖင့္ထုတ္ေပးသည္။ပုံမွန္ဆိုလွ်င္ေတာ္ေတာ္မ်ားမ်ားေပးလို႔ရႏိုင္ေပမယ့္ သူကျမင္းေၾကာထခဲ့မိလို႔ ေဆးကအေတာ္ကုန္ေနၿပီျဖစ္သည္။

"ဒီတစ္ခါအပ်ိဳေလးေတြေနာ္....အပ်ိဳလူပ်ိဳေတြတန္းစီ။"

"အမ္အမ္ ဟုတ္ၿပီ။မတိုးၾကနဲ႔ေနာ္။ဒီေဆးကေတာ့ အိမ္ေထာင္သည္ေဆးနဲ႔မတူဘူး။ဘာကြာလဲဆိုရင္သူတို႔ကႏွစ္ေယာက္အားေလ။ေတာ္တို႔ကအပ်ိဳ၊လူပ်ိဳေတြဆိုေတာ့ တစ္ေယာက္အားေပါ့။က်ဳပ္မိန္းမနဲ႔က်ဳပ္ကေတာ့ ႏွစ္ေယာက္အား သိတယ္မလား။"

"ဟုတ္ဟုတ္သိပါတယ္။"

"အဲ့ဒီ့ေတာ့ဒီေဆးအတြက္ အစီအမံအရ ေခြးထီးနဲ႔ေခြးမလိုတယ္။ေတာ္တို႔အိမ္ကျဖစ္ျဖစ္လမ္းကေခြးပဲျဖစ္ျဖစ္ရတယ္။ဒါေပမယ့္ လမ္းကေခြးဆိုရင္ေတာ္တို႔ျခံထဲကိုေခၚလာရမယ္ေနာ္။ၿပီးေတာ့ ေခြးထီးနဲ႔ေခြးမ မရရင္ ေခြးထီးနဲ႔ေခြးထီးလည္းရတယ္။ဟီးဟီး။"

" အဲ့ဒီ့ေတာ့....က်ဳပ္ေျပာခ်င္တာက အပ်ိဳလူပ်ိဳ႐ွိတဲ့အိမ္ကေခြးကိုဒီေဆးအစာထဲထည့္ေကြၽးရမယ္။ေခြးမ႐ွိရင္လမ္းကေခၚၿပီးအိမ္မွာ‌ေမြးရမယ္။"

"႐ွင္းၾကလား။"

"႐ွင္းပါတယ္ဆရာမေလး။"

"ဟုတ္ၿပီ တစ္ထုပ္စီယူၾက။"

ေဆးထုပ္ကိုတစ္ေယာက္ၿပီးတစ္ယာက္ယူရင္း လူကအနည္းငယ္႐ွင္းသြားၿပီျဖစ္သည္။
ႏွင္းမႈံကေတာ့ ျပဳံးစိစိႏွင့္အူျမဴးေနသည္။နာေနလို႔မေမႊရကာမွ အေမႊအိုးကသူ႕အိမ္အထိဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ခ်လာသည္မဟုတ္ပါလား။

"ေဆးကကုန္ေတာ့မွာေနာ္သမီး .......။"

"ဟုတ္တယ္ေလမိန္းမရဲ႕ ဒါေပမယ့္က်ဳပ္ေသာက္ဖို႔ေတာ့ခ်န္ထားအုံးမွာေပါ့။အရီးက်ဳပ္ကိုအႏိုင္က်င့္ထားတာေလ။ငွဲ ငွဲ ငွဲ ငွဲ။"

"ဆရာမေလး က်ဳပ္တို႔ကေရာ။"

"အဟမ္း လာပါလာပါ။က်ဳပ္အစီအမံေပးမွာပါ။တစ္ခုလပ္မုဆိုးဖို၊မုဆိုးမေတြအတြက္အေကာင္းဆုံးအစီအမံကေတာ့ ဒီေဆးကိုယူၿပီး အျမန္ဆုံး ေနာက္အိမ္ေထာင္ျပဳၾကဖို႔ပါပဲ။"

"ဟင္။ဒါဆိုက်ဳပ္တို႔ကမျဖစ္မေနႀကီးေနာက္ေယာက်္ားယူရမွာလား။"

"အဲ့လိုလည္းမဟုတ္ဘူး။ဒီေဆးကိုယူၿပီး ေနာက္အိမ္ေထာင္ျပဳမွအိမ္ေထာင္သည္ျဖစ္ၿပီး သူတို႔လိုအသုံးခ်လို႔ရမွာမလား။အိမ္ေထာင္မျပဳခ်င္ဘူး ဆိုတဲ့လူေတြအတြက္ကလည္း နည္း႐ွိသပါ့ေတာ္။"

"ေဟာဒီမွာ......မင္းတုန္းမင္းေခတ္ကက်န္႐ွိခဲ့တဲ့မ်ိဳးေစ့။ႏွစ္ၾကာၿပီေနာ္ဒီမ်ိဳးေစ့က။ကုန္ကုန္ေျပာရရင္ႏွစ္ေပါင္းရာခ်ီေနၿပီ။"

"အဲ့ အဲ့ေတာ့ ႏွစ္ေပါင္းရာခ်ီေနတဲ့မ်ိဳးေစ့ကိုဘာလုပ္ရမွာလဲဆရာမေလး။"

"က်ဳပ္ေပးတဲ့မ်ိဳးေစ့ကိုျခံဝမွာစိုက္၊ၿပီးရင္ ေဟာဒီေဆးကိုေရေဖ်ာ္ၿပီးေလာင္း။သီးလာတဲ့အသီးကဖုတ္တားေဆးပဲေတာ္။တကယ္တားတာေနာ္။"

"ဟာဗ်ာ ေက်းဇူးတင္လိုက္တာဆရာမေလးရယ္။က်ဳပ္တို႔က ေခြးထီးနဲ႔ေခြးမလည္းဖမ္းစရာမလိုဘူး၊ေယာက်္ား၊မိန္းမေဘးမွာ႐ွိမွေသာက္စရာ‌လည္းမလိုဘူး။အပင္ေလး စိုက္႐ုံပဲကို ဘယ္ေလာက္ေအးခ်မ္းလိုက္သလဲ။"

"ဟုတ္ပါ့ေတာ္ဟုတ္ပါ့။ဒါနဲ႔ မ်ိဳးေစ့ကဘာအသီးတုန္းဆရာမေလး။"

"မင္းတုန္းမင္းအစီမံအရက်ဳပ္ႀကိဳေျပာျပလို႔မရဘူး။ဒါေပမယ့္သီးလာတဲ့အသီးကိုစားရင္ေတာ့တုတ္ႀကီးတဲ့ အုပ္ႀကီးျဖစ္မွာေသခ်ာတယ္။"

ေပါက္တက္ကရေျပာေနသည့္သူ႕ကေလးကိုၾကည့္ရင္းေဒၚခင္ေစာမူကရယ္ခ်င္စိတ္ကိုထိန္းေနရသည္။ဘာမွမသိအယုံလြယ္သည့္လူအခ်ိဳ႕ကေတာ့ေျပာသမွ်အဟုတ္ႀကီးထင္ရင္း ေဆးထုပ္တစ္ထုပ္စီယူကာျပန္သြားၾကသည္။

"သမီးကလည္းကြာ လူႀကီးေတြကိုအ႐ူးလုပ္လိုက္ျပန္ၿပီ။"

"က်ဳပ္ကသူတို႔ေျပာတဲ့အတိုင္းဖုတ္ကိုတားေပးတာပါေနာ္။အရီးမွမသိတာ။"

"ကဲကြယ္....မသိတဲ့ေဟာဒီကအရီးကို သမီးကပဲေျပာျပမလား။"

"က်ဳပ္ေပးလိုက္တာ႐ွင္း႐ွင္းေလးပါေနာ္။သူတို႔အဲ့ေဆးေတြေသာက္ၿပီး ကေလးေတြအမ်ားႀကီး၊ေခြးေတြအမ်ားႀကီး ေမြးေတာ့ က်ဳပ္တို႔႐ြာ လူေတြအမ်ားႀကီးတိုးတာေပါ့။အဲ့ၾက သရဲေတြကလန္႔ၿပီးဖုတ္မဝင္ရဲၾကေတာ့ဘူးေလ။"

"ေဟာကေလးရယ္ ျဖစ္ရမယ္။ဒါဆိုအသီးကေရာ။"

"အဲ့ဒါကက်ဳပ္သူႀကီးဆီကခိုးလာတဲ့သခြားသီးေစ့။ဟိုဘက္႐ြာကိုေမွာင္ခိုေရာင္းမလို႔ပါဆို ေပးလိုက္ရၿပီ။"

"သမီးဟာေလ တကယ့္ခ်စ္ေမႊးကေလး။"

"အရီးခ်စ္တယ္မလား။"

ႏွင္းမႈံစကားေၾကာင့္ေဒၚခင္ေစာမူကအခ်စ္ပိုစြာထိုကေလးပါးကို‌ဆြဲညႇစ္လိုက္သည္။

"သိပ္ခ်စ္တာပါကေလးရယ္။"

Moneyaungchal

Comment