အပိုင်း(၁)

ရွာအဝင်လမ်းဟာ လှည်းသံတညံညံ၊ဖုန်တထောင်းထောင်းဖြင့် နှုတ်ခွန်းဆက်သနေသည်။အနည်းငယ်အိုက်စက်စက်ရှိတာကြောင့် လှည်းပေါ်မှလူအချို့သည် ယပ်တောင်ကလေး တဖျက်ဖျက်ဖြင့် စိတ်ထွေနေကြပြန်သည်။

ကိုဖိုးတုတ်၏နှင်တံကလေးသည် သားတော်မောင် နွားနှစ်ကောင်အားဟိုတို့ ဒီတို့နှင့်မထိတထိ ကြိမ်းမောင်းနေသည်။ဒါကြောင့်လည်း သူကြီးကပြောတာဖြစ်လိမ့်မည်။
" ဒီကောင်က နွားကိုအားကြီးညှာတာကွ! ငါ‌ဆို စိတ်မရှည်ဘူး ရိုက်ရိုးသေမှာ"ဆေးတံရှည်အားကိုက်တာ မပီတပီပြောသောလေသံကိုလည်း ကိုဖိုးတုတ်နားရည်ဝနေလှပြီ‌။

"ရှေ့တဖြတ်လယ်ကွက်ကျော်ရင် ရောက်တော့မှာဗျ။စိတ်ရှည်ကြပါအုံး။"

ပါလာသည့်ဧည့်သည်တို့အား နှိုးဆော်လျက် ခပ်ပြုံးပြုံးနှင့်လှည်းမောင်းနေသည်။ရုပ်ရည်အသင့်တင့်နှင့် ခန့်ခန့်ညားညား ကိုဖိုးတုတ်ဟာ သူကြီးသားမတ်ဖြစ်လာတော့မည့်သူပင်။တယ်လည်းသဘောကောင်းသလို ခိုင်းရလည်းဖင်ပေါ့မှတော့ သူကြီးအကြိုက်ပေါ့။

"ရောက်အုံးမှပါပဲဖိုးတုတ်ရယ်....ငါ့မှာဖြင့်ကိုယ့်အစ်ကို ကိုမတွေ့ရပဲ လမ်းတင် ပူလို့သေတော့မယ်။"

"ဟာ အဲ့သလောက်တောင်ပူလို့လားဗျ"

"ဟေ့ ပူတာပေါ့။ငါတို့မြို့မှာဆို မော်တော်ကားလေးစီးရင်း အေးအေးလူလူ
ဖလွတ် ဖလွတ်နဲ့ လိုရာကိုတန်းရောက်နေပြီ"

မဲ့တစ်ခါရွဲ့တစ်ခါဆိုလာသည်မလို့ ကိုဖိုးတုတ်၏ရယ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။‌ကြီးတင်ဘေးမှလူအချို့သည်လည်း ခပ်ပြုံးပြုံးနှင့်ဖြစ်နေကြသည်။

"ဟားဟားဟား...ဖလွတ်ဖလွတ်လို့ မြည်ရဲ့လားကြီးတင်ရဲ့"

"အို နင်ကလည်း မော်တော်ကားပါဆို ဖလွတ်ဖလွတ်တော့မြည့်ပါ့မလား။ဘလူးဘလူးဆိုပြီးမြည်တာပေါ့ဟဲ့။အဲ့ဒီ့ဘလူးဘူးဆိုတာကိုငါက ဘယ်လိုမျိုးအသံထွက်ပြရမလဲ။"
"ဒုံးဝေးလိုက်တာအေ။"

"ကျုပ်ကဒုံးမဝေးပါဘူးကြီးတင်ရ။အခုတင်ပဲ ဘလူးဘလူးဘူး ဆိုတာကို ‌ကြီးတင်ပြောလိုက်ပြီမဟုတ်ဘူးလား။ဟားဟားဟား။"

"တော်တော်။ငါ့ကိုကြံဖန်ပြီး မပြောစမ်းနဲ့။"

လူငယ်ဆန်ဆန်နေကာမျက်မှန်ကြီးနှင့် ကြီးတင်ဆိုသည့်အမျိုးသမီးဟာ သူကြီး၏ညီမလည်းဖြစ်ပြန်သည်။သဘောလည်းကောင်းသလို စိတ်ကလည်းဆတ်သည်မလို့ ကိုဖိုးတုတ်တို့ခင်ဗျာ ချစ်ကြောက် ရိုသေ ဖြစ်နေရသည်။

"နို့...နေပါအုံးကြီးတင်ရ။ကျုပ်မသိတာရှိလို့"

"ဘာတုန်း။နင့်ဟာက အဆန်း။"

"ဒီလိုလေ့ဗျာ။ကြီးတင်က ရွာမှာမနေပဲ မြို့မှာဘာလို့အခြေချလိုက်ရတာတုန်း။အဲ့လိုမှမဟုတ်လည်း ကျုပ်တို့ရွာကို ခနခနလာလို့ရသားပဲ။အခုတော့ဖြင့် လမ်းတောင်မသိ၊ရွာနဲ့ဓာတ်မတည့်ဖြစ်ကုန်ပြီ။"

"ဟဲ့ မနေဆို ငါ့ယောက်ျား နင်တို့ဘကြီးကမြို့ပေါ်မှာကိုး။အလုပ်အကိုင်ကလည်း ဒီမှာထက်ပိုကောင်းတယ်။အဲ့ဒီတော့နေတာပေါ့ဟဲ့ ကြိုက်မှကြိုက်ပဲ"

"ခပ်စိပ်စိပ်တော့အလည်လာလို့ရရဲ့သားနဲ့ဗျာ။ကြီးတင်ရွာမပြန်တာက ကျုပ် နှစ်ဆယ့်ငါးနှစ်ကတည်းကပဲ။အခုဆို သုံးဆယ်ကျော်နေရောပေါ့။"

"ကဲ ငါ့တူ။နင့်ကို ခေါက်မိတော့မယ်။လိုရာကိုသာမောင်းစမ်းပါ။နွားကလည်းနှေးနှေး ကွေးကွေးနဲ့။ငါ့ယောင်းမလည်းပူလို့မီးသွေးခဲဖြစ်တော့မယ်။တကတည်း ခေါင်လိုက်တဲ့မွေးရပ်မြေ"

ယောင်းမဆိုသည့် စကားကြောင့်ကိုဖိုးတုတ်ဟာ လှည်းအနောက်သို့သမင်လည်ပြန်ကြည့်လိုက်မိသည်။သူနှင့်သိတာဆိုလို့ ကြီးတင်တစ်ယောက်သာပါသည်။ကျန်လူများက ခပ်အေးအေးနှင့်အနေစိမ့်လှသည်မလို့ကိုဖိုးတုတ်ကစကားမစရဲ။မြို့သူတွေဟာတယ်လည်းမာနကြီးသကိုး။

"သူကြီး!!!သူကြီးရေ....သူကြီးရဲ့။"
"ကျုပ်ကိုဆင်းကြည့်ပါအုံးလား။ဗိုက်တွေလည်းဆာလှပေါ့ သူကြီးရယ်...."

"ဟဲ့! တိတ်စမ်း။ငါမသေသေးဘူး။"

ဆေးတံကိုကိုက်ရင်းသူကြီးဦးလှမောင်ဟာအလောတကြီးနှင့် လှေကားမှ‌ဆင်းလာခဲ့သည်။ဝဝဖိုင်းဖိုင်းနှင့်တစ်ခွန်းဆိုတစ်ခွန်း အော်ငေါက်၍ပြောတတ်သူမလို့ သိပ်ကိုစနောက်လို့ကောင်းနေသည်။

"မိန်းကလေးဖြစ်ပြီး အိနြေရရနေစမ်း။"

"ကျုပ်ကထိပ်တုံးကြီးနဲ့ကားယားကြီးဖြစ်နေတာ‌တော့်။ဘယ်လိုလုပ်အိနြေရမှာတုန်း။"

"ဪ။နင်ဟိုဘက်ရွာက ရွှေဘုတ်တို့ ဘဲဥမတို့နဲ့ရန်ဖြစ်တော့ အိနြေရတယ်ပေါ့။ငါလုပ်ထလိုက်ရ!။"

သူကြီးဦးလှမောင်ဟာ တစ်ချက်မျှရိုက်ရန်ရွယ်ရင်း အံကိုကြိတ်ပစ်လိုက်သည်။ရွာက ကွန်း‌တောင်ကိုင်၊ ပန်းတောင်ကိုင်သာဆိုတယ်။စပ်စလူးခါချက်က ကမ်းကုန်သည်။
သူကြီးပြောလည်းခန၊ထိပ်တုံးဖြင့်နေရတာကို ဒင်းကပျော်နေသေးသည်။

"ကျုပ်ကလည်းအိနြေရတယ်လို့ပြောပါဘူးတော့်။"

"တိတ်စမ်း။ တအောင့်နေမြို့ကငါ့ညီမလာ
လိမ့်မယ်။ဧည့်သည်‌တွေလည်းပါလာမယ်။အဲ့ဒီ့တော့နင်....ဘယ်မှမသွားရဘူးမှတ်။"

"ဟာ....သူကြီးကလည်း!"

"ဘာမှသူကြီးကမလည်းနဲ့။အိမ်မှာနေပြီး ဧည့်သည်တွေစားဖို့သောက်ဖို့ နင့်အကြီးနဲ့ကူချက်၊ပြီးမှအိမ်ပြန်ရမယ်။"

ဟင်းချက်ခိုင်းသည်မလို့မျက်နှာက ကွက်ခနဲပင်။မိန်းကလေးဖြစ်ပြီး ရွာရိုးကိုးပေါက်လျှောက်လည်၊ငှက်ပစ်၊ကလေးကုလားလုပ်ပြီး ကမြင်းကြောထ၊လူတစ်ကာကိုပတ်မွှေ၊စပ်စုစိန်လုပ်ပြီးသတင်းသယ်လွန်းလို့လည်း မိစပ်စုဆိုတဲ့ နာမည်ပြောင်တောင်ရထားလိုက်သေး။အဲ့ဒီ့လောက်မွှေတဲ့ဒင်း၊ဒီတစ်ခါတော့ ပညာကောင်းကောင်းပေးရမည်။

"ချက်ဆိုလည်း ကျုပ်ကိုထိပ်တုံးကြီးကဖြုတ်ပေးအုံး။ညောင်းကိုက်နေတာပဲတော့်။"

"နင့်ရဲ့မှုန်သုန်နေတဲ့မျက်နှာကြောကြောင့်မဖြုတ်ပေးဘူး!ဧည့်သည်တွေလာမှဖြုတ်ပေးမယ်။"

"သူကြီးကလည်း.....အဲ့ဆို ကျုပ်ကရုပ်ကလေးလှတပတနဲ့ အရှက်ကွဲသွားမှာပေါ့တော့်။"

"ကွဲကွဲ ငါ‌မပြောလိုက်ချင်ဘူး၊နပန်းသွားလုံးနေတာဖြင့် ထမီမနိုင်ပုဝါမနိုင်၊နင့်ကိုယ်နင် မိန်းမပျိုလေးဆိုတာကိုသတိရစမ်း!!။"

"သူတို့ကကျုပ်ကိုရန်လာစတာကိုးလို့!"

"ငါ့ကိုပြန်မပြောနဲ့!!"

တစ်ချက်ငေါက်လိုက်သည်မလို့ဇာတ်ကလေးကပုဝင်သွားသည်။ဆူပြန်ရင်လည်းမျက်နှာဘေးကသနားစဖွယ်၊အကြောတင်းပြန်ရင်လည်း ဖြတ်ရိုက်ချင်စရာပင်။

"မပြောဆိုလည်းမပြောတော့ပါဘူး။ဒီထိပ်တုံးကြီးတော့ကျုပ်ကိုဖြုတ်ပေးသူကြီးရယ်....ဒီမျက်နှာကြီးလည်း မလုပ်တော့ဘူး။"
"ကျုပ်တို့သူကြီးအကြိုက် ပြုံးပြမယ်လေ နော့!"

မျက်လုံးကလေးကလယ်ကလယ်ဖြင့် သူကြီးဦးလှမောင်ထံအသနားခံနေရှာသည်။ငယ်ငယ်ကတည်းက သမီးအရင်းလိုချစ်ရသူမလို့ သူကြီးမှာမနေသာ။စပ်စလူးထလည်းသူ၊ချွဲတတ်ရင်လည်းသူ၊သူကြီးအနားကြာကြာနေနိုင်တာဟာ သူပဲရှိသည်။

"ဒါဆိုလည်း ပြုံးပြစမ်းငါ့ကို"

သူကြီးဟာစိတ်မရှည်စွာဖြင့် နှင်းမှုံအရှေ့ဆောင့်ကျောက်ထိုင်ရင်း စိုက်ကြည့်သည်။

"အဟမ်း! ပထမဆုံး အပြုံးလေး။သူကြီးအတွက်ငါးသလောက်အပြုံးလေး"

လက်ကလေးဖြင့် ကားယားကားယားလုပ်ကာမဆီမဆိုင်ကလေးတစ်ယောက်အသွင်ယူနေသည်။

"ဟောဒီမှာတော့....ငါးခူအပြုံးလေး"

"အမ်း.....ဒါလေးကြပြန်တော့လည်း သူကြီးအကြိုက် ငါးဇင်ရိုင်းအပြုံးလေး။ဘယ့်နှယ်လဲ။ကျုပ်လှတယ်မလားတော့်"

"အေး။လှတယ် လှတယ်။ဒီလိုအပြုံးမျိုးနဲ့ဆို ညည်းခွက်တစ်လုံးနဲ့ ဓမ္မာရုံရှေ့ သွားတောင်းလို့ရပြီ"

"‌သူကြီးကကျုပ်ဆို အကောင်းကိုမပြောဘူး!!"

ဆူပုတ်ပုတ်နှင့်သူကြီးအားစိုက်ကြည့်ကာနှုတ်ခမ်းကတတောင်လောက်ထော်ထွက်လာသည်။

"ဗျို့!သူကြီး။ ကြီးတင်တို့ရောက်ပြီဗျို့"

ကိုဖိုးတုတ်၏အသံကြောင့်သူကြီးဟာ နောက်လှည့်ကြည့်သည်။နှင်းမှုံသည်လည်းမဆီမဆိုင်လိုက်ကြည့်မိပြန်သည်။မြို့ကလူတွေဆိုတာ ဘယ်လိုမျိုးပါလဲလို့ သူသိချင်မိသည်။ကာချယ်မှုန့်တွေနဲ့မိန်းမကြီးတွေများလား။မထော်မနန်း ပုဆိုးကြီးနဲ့ဘိုးဖိနပ်တွေဝတ်ဆင်ထားသည့် ‌ဦးကြီး‌‌တွေများလား။

"ဟေ။မြန်လှချည်လားကွ!"

"သူကြီးကသာမြန်နေတာ။ကြီးတင်ကတော့ နှေးလို့ဆိုပြီး ကျုပ်ကိုတစ်လမ်းလုံးငေါက်လာတာဗျ"

"ငါ့အထုပ်တွေအရင်ချစမ်းပါဟယ်"

"ဟားဟားဟား။ငါ့ညီမကတော့ စိတ်မြန်လက်မြန်ပဲဟေ့"

သူကြီး၏ရယ်သံဟာအနီးနားတစ်ဝိုက်ကိုလွှမ်းမိုးသွားသည်။လှည်းအနီးတိုးကပ်သွားရင်းရပ်ကြည့်နေသည့်သူကြီးအား နှင်းမှုံစပ်စုနေသည်။လှည်းပေါ်မှဆင်းတဲ့သူကဆင်း၊အထုပ်ချတဲ့သူကချနှင့် အလုပ်ကရှုပ်နေသည်။ဘယ်သူ့ကိုမှသဲသဲကွဲကွဲမမြင်ရသေးပေ။

"အစ်ကိုကြီးကလည်း သိပ်ဝလာတာပဲ။ဝက်သားဟင်းချည်းပဲ စားနေတုန်းမို့လား"

"ဟားဟား ငါကဒါပဲကြိုက်တာကိုးမိတင်ရဲ့။ကဲပါလေ..... အိမ်ပေါ်တက်ပြီးပြောကြစို့၊အပြင်မှာနေရှိန်တယ် ငါ့ညီမရဲ့။ဧည့်သည်တွေလည်း လာကြ လာကြ"

သူကြီး၏ဧည့်ဝတ်ကျေမှုအား ခေါင်းကလေးပင်ခါလိုက်ရင်း လက်ထောက်ကြည့်နေမိသည်။မျက်လုံးကိုပြူးပြလို့လည်းမရ။ရယ်ပြလို့လည်းမရ။သူ့ကိုထိပ်တုံးဖြုတ်ပေးဖို့အထိမသိချင်ယောင်ဆောင်နေသည်။ကိုကြီးဖိုးတုတ်ကလည်း လှည်းသိမ်းသွားပြန်သည်။

"အရီး....ဟိုအရီး"

"ဟင်"

မသဲမကွဲလှည့်ကြည့်လာသည့်အမျိုးသမီးကြီးဟာ ရုပ်ရှင်မင်းသမီးအလား လှပလွန်းသည်။ကာချယ်မှုန့်တွေ၊ပန်းဆီရောင်နှုတ်ခမ်းနီတွေ၊စူးစူးရှရှအနံ့တွေအစား ယဉ်ယဉ်ကလေးနှင့်ကြည့်လို့ကောင်းသည်။

"သမီး ခေါ်လိုက်တာလား"

"ဟုတ်။"

ခေါင်းကလေးညိမ့်ပြသည့်အခါ အိမ်ပေါ်မတက်ပဲ သူ့အနားလျှောက်လို့လာသည်။

"ကျုပ်ကိုလေ ထိပ်တုံးလေးဖြုတ်ပေးပါ့လားဟင်။ညောင်းနေပြီအရီးရဲ့"

"ထိပ်တုံးကသမီးကို ဘာဖြစ်လို့ခတ်ထားရတာတုန်း။ကလေးကိုကွယ်"

"အဲ့တာက ကျုပ်ရန်ဖြစ်လို့အရီးရဲ့။ကျုပ်ကိုရန်လာစတော့လေ အဲ့ဒီ့ ဘဲဥမရဲ့ဆံပင်ကိုဆွဲ အနားက ဇီးပင်အောက် ဝှီး ခနဲ ကျုပ်ပစ်သွင်းပလိုက်တာ"
"နောက်ပြီး ရွှေဘုတ်ကကျုပ်ကို တုတ်နဲ့ချပါလေရောလား။အဲ့တာနဲ့ ဘယ်ရမလဲ ကျုပ်ကထမီကိုပြင်ဝတ်ပြီး သူ့ဆီပြေးဝင်လုံးပလိုက်တာတော့်"

အားကြိုးမာန်တက်ရန်ပွဲအကြောင်းအား လက်ဟန်ခြေဟန်ဖြင့်ရှင်းပြနေသည့်ထိုကလေးအား ရယ်ချင်လှသည်။ရုပ်ကလေးကချစ်မွှေးတော့ပါသည်။သေးသေးကွေးကွေး ကလေးနှင့် ချစ်စရာကလေးပင်။

"သမီးနာမည်က ဘယ်လိုခေါ်လဲ"

"မြနှင်းမှုံပါအရီး။ရွာထဲကလူတွေကတော့ ကျုပ်ကိုမိစပ်စုလို့ခေါ်တယ် ဟီးဟီး။"

"ဟုတ်ပါပြီကွယ်။ထိပ်တုံးဖြုတ်ပေးရမယ် မဟုတ်လား"

"ဟုတ်အရီး။အဲ့ တိုင်လေးအနောက်မှာ သော့ရှိတယ်အရီး"

လက်ညှိုးထိုးပြသည့်နေရာအားသွားလျက် တွေ့သည့်သော့အား အသာအယာဖြုတ်ကာ ထိုကလေးရှေ့ ထိုင်ချလိုက်သည်။

"ဒီလိုကြည့်တော့လည်း အရီးကတော်တော့်ကိုချောတာပဲ တော့်။ရုပ်ရှင်မင်းသမီးလားအရီးက"

"မဟုတ်ပါဘူးသမီးရယ်။ဆရာဝန်ပါကွယ်။"

"အိုး။ဒါဆို လူတွေဖင်ကိုမြင်ဖူးမှာပေါ့နော့"

တုန့်ပြန်လာသည့်စကားဟာ တကယ်ပဲမသိသည်လား။အလွန်ပင်ရိုးသားလွန်းနေသည်။ပါလာသည့်သော့အားအသာအယာဖြုတ်ကာထိပ်တုံးကို မ ပေးတော့ ခြေထောက်ကလေးကအလိုက်သင့်ရုတ်သွားသည်။

"အဲ့ဒီ့လိုမပြောရဘူးသမီးရဲ့ တင်ပါးလို့ပြောရတယ်။ဆေးထိုးတဲ့အခါ တင်ပါးကြီးတော့အကုန်ဘယ်မြင်ရပါ့မလဲကွယ်၊နည်းနည်းပေါ့။"

"သမီးပြောသလို လူတွေတင်ပါးကိုတော့နည်းနည်းစီမြင်ရတာပေါ့ကွယ်"

"အဲ့တာကနာလားဟင်အရီး။ကျုပ်ကကြားပဲကြားဖူးတာတော့်။မမြင်ဖူးဘူး။ရွာမှာဆို ဆေးဆရာဆီသွား ပေးတဲ့အမှုန့်တွေယူလာ ရေနွေးလေးနဲ့မော့ချ။နောက်နေ့ အပျောက်ပဲ။"

"ဒီရွာမှာနေနေတုန်းတော့ သမီးနေမကောင်းတဲ့အခါ ဆေးထိုးအပ်ကြီးကိုလည်းမြင်ရမယ်၊နာမနာလည်းသိရမယ်။ဟုတ်ပြီလားကလေး"

"ဟုတ်အရီး။"

Moneyaungchal
ဒါလေးကတော့ ထုံးစံအတိုင်းအရမ်းအရှည်ကြီးမဟုတ်ပဲ တောရွာ vibeကလေးရအောင်
ရေးမယ့်အသစ်ကလေးပါ။ကျွန်တော်နားမယ်ပြောထားပေမယ့် မျှော်နေတဲ့သူတွေရှိလို့ ကြိုရေးထားတဲ့အပိုင်းကလေးလာတင်ပေးတာပါခင်ဗျ။ update ကတော့ကြာကောင်းကြာနိုင်ပါတယ်။ခပ်ချိုချိုလေးနဲ့ တစ်ခါမှမခေါ်ဖူးကြတဲ့နာမ်စားကလေးနဲ့အတူ ပြန်လာပါပြီ။

႐ြာအဝင္လမ္းဟာ လွည္းသံတညံညံ၊ဖုန္တေထာင္းေထာင္းျဖင့္ ႏႈတ္ခြန္းဆက္သေနသည္။အနည္းငယ္အိုက္စက္စက္႐ွိတာေၾကာင့္ လွည္းေပၚမွလူအခ်ိဳ႕သည္ ယပ္ေတာင္ကေလး တဖ်က္ဖ်က္ျဖင့္ စိတ္ေထြေနၾကျပန္သည္။

ကိုဖိုးတုတ္၏ႏွင္တံကေလးသည္ သားေတာ္ေမာင္ ႏြားႏွစ္ေကာင္အားဟိုတို႔ ဒီတို႔ႏွင့္မထိတထိ ႀကိမ္းေမာင္းေနသည္။ဒါေၾကာင့္လည္း သူႀကီးကေျပာတာျဖစ္လိမ့္မည္။
" ဒီေကာင္က ႏြားကိုအားႀကီးညႇာတာကြ! ငါ‌ဆို စိတ္မ႐ွည္ဘူး ႐ိုက္႐ိုးေသမွာ"ေဆးတံ႐ွည္အားကိုက္တာ မပီတပီေျပာေသာေလသံကိုလည္း ကိုဖိုးတုတ္နားရည္ဝေနလွၿပီ‌။

"ေ႐ွ႕တျဖတ္လယ္ကြက္ေက်ာ္ရင္ ေရာက္ေတာ့မွာဗ်။စိတ္႐ွည္ၾကပါအုံး။"

ပါလာသည့္ဧည့္သည္တို႔အား ႏိႈးေဆာ္လ်က္ ခပ္ျပဳံးျပဳံးႏွင့္လွည္းေမာင္းေနသည္။႐ုပ္ရည္အသင့္တင့္ႏွင့္ ခန္႔ခန္႔ညားညား ကိုဖိုးတုတ္ဟာ သူႀကီးသားမတ္ျဖစ္လာေတာ့မည့္သူပင္။တယ္လည္းသေဘာေကာင္းသလို ခိုင္းရလည္းဖင္ေပါ့မွေတာ့ သူႀကီးအႀကိဳက္ေပါ့။

"ေရာက္အုံးမွပါပဲဖိုးတုတ္ရယ္....ငါ့မွာျဖင့္ကိုယ့္အစ္ကို ကိုမေတြ႕ရပဲ လမ္းတင္ ပူလို႔ေသေတာ့မယ္။"

"ဟာ အဲ့သေလာက္ေတာင္ပူလို႔လားဗ်"

"ေဟ့ ပူတာေပါ့။ငါတို႔ၿမိဳ႕မွာဆို ေမာ္ေတာ္ကားေလးစီးရင္း ေအးေအးလူလူ
ဖလြတ္ ဖလြတ္နဲ႔ လိုရာကိုတန္းေရာက္ေနၿပီ"

မဲ့တစ္ခါ႐ြဲ႕တစ္ခါဆိုလာသည္မလို႔ ကိုဖိုးတုတ္၏ရယ္သံက က်ယ္ေလာင္စြာထြက္ေပၚလာသည္။‌ႀကီးတင္ေဘးမွလူအခ်ိဳ႕သည္လည္း ခပ္ျပဳံးျပဳံးႏွင့္ျဖစ္ေနၾကသည္။

"ဟားဟားဟား...ဖလြတ္ဖလြတ္လို႔ ျမည္ရဲ႕လားႀကီးတင္ရဲ႕"

"အို နင္ကလည္း ေမာ္ေတာ္ကားပါဆို ဖလြတ္ဖလြတ္ေတာ့ျမည့္ပါ့မလား။ဘလူးဘလူးဆိုၿပီးျမည္တာေပါ့ဟဲ့။အဲ့ဒီ့ဘလူးဘူးဆိုတာကိုငါက ဘယ္လိုမ်ိဳးအသံထြက္ျပရမလဲ။"
"ဒုံးေဝးလိုက္တာေအ။"

"က်ဳပ္ကဒုံးမေဝးပါဘူးႀကီးတင္ရ။အခုတင္ပဲ ဘလူးဘလူးဘူး ဆိုတာကို ‌ႀကီးတင္ေျပာလိုက္ၿပီမဟုတ္ဘူးလား။ဟားဟားဟား။"

"ေတာ္ေတာ္။ငါ့ကိုၾကံဖန္ၿပီး မေျပာစမ္းနဲ႔။"

လူငယ္ဆန္ဆန္ေနကာမ်က္မွန္ႀကီးႏွင့္ ႀကီးတင္ဆိုသည့္အမ်ိဳးသမီးဟာ သူႀကီး၏ညီမလည္းျဖစ္ျပန္သည္။သေဘာလည္းေကာင္းသလို စိတ္ကလည္းဆတ္သည္မလို႔ ကိုဖိုးတုတ္တို႔ခင္ဗ်ာ ခ်စ္ေၾကာက္ ႐ိုေသ ျဖစ္ေနရသည္။

"ႏို႔...ေနပါအုံးႀကီးတင္ရ။က်ဳပ္မသိတာ႐ွိလို႔"

"ဘာတုန္း။နင့္ဟာက အဆန္း။"

"ဒီလိုေလ့ဗ်ာ။ႀကီးတင္က ႐ြာမွာမေနပဲ ၿမိဳ႕မွာဘာလို႔အေျခခ်လိုက္ရတာတုန္း။အဲ့လိုမွမဟုတ္လည္း က်ဳပ္တို႔႐ြာကို ခနခနလာလို႔ရသားပဲ။အခုေတာ့ျဖင့္ လမ္းေတာင္မသိ၊႐ြာနဲ႔ဓာတ္မတည့္ျဖစ္ကုန္ၿပီ။"

"ဟဲ့ မေနဆို ငါ့ေယာက်္ား နင္တို႔ဘႀကီးကၿမိဳ႕ေပၚမွာကိုး။အလုပ္အကိုင္ကလည္း ဒီမွာထက္ပိုေကာင္းတယ္။အဲ့ဒီေတာ့ေနတာေပါ့ဟဲ့ ႀကိဳက္မွႀကိဳက္ပဲ"

"ခပ္စိပ္စိပ္ေတာ့အလည္လာလို႔ရရဲ႕သားနဲ႔ဗ်ာ။ႀကီးတင္႐ြာမျပန္တာက က်ဳပ္ ႏွစ္ဆယ့္ငါးႏွစ္ကတည္းကပဲ။အခုဆို သုံးဆယ္ေက်ာ္ေနေရာေပါ့။"

"ကဲ ငါ့တူ။နင့္ကို ေခါက္မိေတာ့မယ္။လိုရာကိုသာေမာင္းစမ္းပါ။ႏြားကလည္းေႏွးေႏွး ေကြးေကြးနဲ႔။ငါ့ေယာင္းမလည္းပူလို႔မီးေသြးခဲျဖစ္ေတာ့မယ္။တကတည္း ေခါင္လိုက္တဲ့ေမြးရပ္ေျမ"

ေယာင္းမဆိုသည့္ စကားေၾကာင့္ကိုဖိုးတုတ္ဟာ လွည္းအေနာက္သို႔သမင္လည္ျပန္ၾကည့္လိုက္မိသည္။သူႏွင့္သိတာဆိုလို႔ ႀကီးတင္တစ္ေယာက္သာပါသည္။က်န္လူမ်ားက ခပ္ေအးေအးႏွင့္အေနစိမ့္လွသည္မလို႔ကိုဖိုးတုတ္ကစကားမစရဲ။ၿမိဳ႕သူေတြဟာတယ္လည္းမာနႀကီးသကိုး။

"သူႀကီး!!!သူႀကီးေရ....သူႀကီးရဲ႕။"
"က်ဳပ္ကိုဆင္းၾကည့္ပါအုံးလား။ဗိုက္ေတြလည္းဆာလွေပါ့ သူႀကီးရယ္...."

"ဟဲ့! တိတ္စမ္း။ငါမေသေသးဘူး။"

ေဆးတံကိုကိုက္ရင္းသူႀကီးဦးလွေမာင္ဟာအေလာတႀကီးႏွင့္ ေလွကားမွ‌ဆင္းလာခဲ့သည္။ဝဝဖိုင္းဖိုင္းႏွင့္တစ္ခြန္းဆိုတစ္ခြန္း ေအာ္ေငါက္၍ေျပာတတ္သူမလို႔ သိပ္ကိုစေနာက္လို႔ေကာင္းေနသည္။

"မိန္းကေလးျဖစ္ၿပီး အိေျႏရရေနစမ္း။"

"က်ဳပ္ကထိပ္တုံးႀကီးနဲ႔ကားယားႀကီးျဖစ္ေနတာ‌ေတာ့္။ဘယ္လိုလုပ္အိေျႏရမွာတုန္း။"

"ဪ။နင္ဟိုဘက္႐ြာက ေ႐ႊဘုတ္တို႔ ဘဲဥမတို႔နဲ႔ရန္ျဖစ္ေတာ့ အိေျႏရတယ္ေပါ့။ငါလုပ္ထလိုက္ရ!။"

သူႀကီးဦးလွေမာင္ဟာ တစ္ခ်က္မွ်႐ိုက္ရန္႐ြယ္ရင္း အံကိုႀကိတ္ပစ္လိုက္သည္။႐ြာက ကြန္း‌ေတာင္ကိုင္၊ ပန္းေတာင္ကိုင္သာဆိုတယ္။စပ္စလူးခါခ်က္က ကမ္းကုန္သည္။
သူႀကီးေျပာလည္းခန၊ထိပ္တုံးျဖင့္ေနရတာကို ဒင္းကေပ်ာ္ေနေသးသည္။

"က်ဳပ္ကလည္းအိေျႏရတယ္လို႔ေျပာပါဘူးေတာ့္။"

"တိတ္စမ္း။ တေအာင့္ေနၿမိဳ႕ကငါ့ညီမလာ
လိမ့္မယ္။ဧည့္သည္‌ေတြလည္းပါလာမယ္။အဲ့ဒီ့ေတာ့နင္....ဘယ္မွမသြားရဘူးမွတ္။"

"ဟာ....သူႀကီးကလည္း!"

"ဘာမွသူႀကီးကမလည္းနဲ႔။အိမ္မွာေနၿပီး ဧည့္သည္ေတြစားဖို႔ေသာက္ဖို႔ နင့္အႀကီးနဲ႔ကူခ်က္၊ၿပီးမွအိမ္ျပန္ရမယ္။"

ဟင္းခ်က္ခိုင္းသည္မလို႔မ်က္ႏွာက ကြက္ခနဲပင္။မိန္းကေလးျဖစ္ၿပီး ႐ြာ႐ိုးကိုးေပါက္ေလွ်ာက္လည္၊ငွက္ပစ္၊ကေလးကုလားလုပ္ၿပီး ကျမင္းေၾကာထ၊လူတစ္ကာကိုပတ္ေမႊ၊စပ္စုစိန္လုပ္ၿပီးသတင္းသယ္လြန္းလို႔လည္း မိစပ္စုဆိုတဲ့ နာမည္ေျပာင္ေတာင္ရထားလိုက္ေသး။အဲ့ဒီ့ေလာက္ေမႊတဲ့ဒင္း၊ဒီတစ္ခါေတာ့ ပညာေကာင္းေကာင္းေပးရမည္။

"ခ်က္ဆိုလည္း က်ဳပ္ကိုထိပ္တုံးႀကီးကျဖဳတ္ေပးအုံး။ေညာင္းကိုက္ေနတာပဲေတာ့္။"

"နင့္ရဲ႕မႈန္သုန္ေနတဲ့မ်က္ႏွာေၾကာေၾကာင့္မျဖဳတ္ေပးဘူး!ဧည့္သည္ေတြလာမွျဖဳတ္ေပးမယ္။"

"သူႀကီးကလည္း.....အဲ့ဆို က်ဳပ္က႐ုပ္ကေလးလွတပတနဲ႔ အ႐ွက္ကြဲသြားမွာေပါ့ေတာ့္။"

"ကြဲကြဲ ငါ‌မေျပာလိုက္ခ်င္ဘူး၊နပန္းသြားလုံးေနတာျဖင့္ ထမီမႏိုင္ပုဝါမႏိုင္၊နင့္ကိုယ္နင္ မိန္းမပ်ိဳေလးဆိုတာကိုသတိရစမ္း!!။"

"သူတို႔ကက်ဳပ္ကိုရန္လာစတာကိုးလို႔!"

"ငါ့ကိုျပန္မေျပာနဲ႔!!"

တစ္ခ်က္ေငါက္လိုက္သည္မလို႔ဇာတ္ကေလးကပုဝင္သြားသည္။ဆူျပန္ရင္လည္းမ်က္ႏွာေဘးကသနားစဖြယ္၊အေၾကာတင္းျပန္ရင္လည္း ျဖတ္႐ိုက္ခ်င္စရာပင္။

"မေျပာဆိုလည္းမေျပာေတာ့ပါဘူး။ဒီထိပ္တုံးႀကီးေတာ့က်ဳပ္ကိုျဖဳတ္ေပးသူႀကီးရယ္....ဒီမ်က္ႏွာႀကီးလည္း မလုပ္ေတာ့ဘူး။"
"က်ဳပ္တို႔သူႀကီးအႀကိဳက္ ျပဳံးျပမယ္ေလ ေနာ့!"

မ်က္လုံးကေလးကလယ္ကလယ္ျဖင့္ သူႀကီးဦးလွေမာင္ထံအသနားခံေန႐ွာသည္။ငယ္ငယ္ကတည္းက သမီးအရင္းလိုခ်စ္ရသူမလို႔ သူႀကီးမွာမေနသာ။စပ္စလူးထလည္းသူ၊ခြၽဲတတ္ရင္လည္းသူ၊သူႀကီးအနားၾကာၾကာေနႏိုင္တာဟာ သူပဲ႐ွိသည္။

"ဒါဆိုလည္း ျပဳံးျပစမ္းငါ့ကို"

သူႀကီးဟာစိတ္မ႐ွည္စြာျဖင့္ ႏွင္းမႈံအေ႐ွ႕ေဆာင့္ေက်ာက္ထိုင္ရင္း စိုက္ၾကည့္သည္။

"အဟမ္း! ပထမဆုံး အျပဳံးေလး။သူႀကီးအတြက္ငါးသေလာက္အျပဳံးေလး"

လက္ကေလးျဖင့္ ကားယားကားယားလုပ္ကာမဆီမဆိုင္ကေလးတစ္ေယာက္အသြင္ယူေနသည္။

"ေဟာဒီမွာေတာ့....ငါးခူအျပဳံးေလး"

"အမ္း.....ဒါေလးၾကျပန္ေတာ့လည္း သူႀကီးအႀကိဳက္ ငါးဇင္႐ိုင္းအျပဳံးေလး။ဘယ့္ႏွယ္လဲ။က်ဳပ္လွတယ္မလားေတာ့္"

"ေအး။လွတယ္ လွတယ္။ဒီလိုအျပဳံးမ်ိဳးနဲ႔ဆို ညည္းခြက္တစ္လုံးနဲ႔ ဓမၼာ႐ုံေ႐ွ႕ သြားေတာင္းလို႔ရၿပီ"

"‌သူႀကီးကက်ဳပ္ဆို အေကာင္းကိုမေျပာဘူး!!"

ဆူပုတ္ပုတ္ႏွင့္သူႀကီးအားစိုက္ၾကည့္ကာႏႈတ္ခမ္းကတေတာင္ေလာက္ေထာ္ထြက္လာသည္။

"ဗ်ိဳ႕!သူႀကီး။ ႀကီးတင္တို႔ေရာက္ၿပီဗ်ိဳ႕"

ကိုဖိုးတုတ္၏အသံေၾကာင့္သူႀကီးဟာ ေနာက္လွည့္ၾကည့္သည္။ႏွင္းမႈံသည္လည္းမဆီမဆိုင္လိုက္ၾကည့္မိျပန္သည္။ၿမိဳ႕ကလူေတြဆိုတာ ဘယ္လိုမ်ိဳးပါလဲလို႔ သူသိခ်င္မိသည္။ကာခ်ယ္မႈန္႔ေတြနဲ႔မိန္းမႀကီးေတြမ်ားလား။မေထာ္မနန္း ပုဆိုးႀကီးနဲ႔ဘိုးဖိနပ္ေတြဝတ္ဆင္ထားသည့္ ‌ဦးႀကီး‌‌ေတြမ်ားလား။

"ေဟ။ျမန္လွခ်ည္လားကြ!"

"သူႀကီးကသာျမန္ေနတာ။ႀကီးတင္ကေတာ့ ေႏွးလို႔ဆိုၿပီး က်ဳပ္ကိုတစ္လမ္းလုံးေငါက္လာတာဗ်"

"ငါ့အထုပ္ေတြအရင္ခ်စမ္းပါဟယ္"

"ဟားဟားဟား။ငါ့ညီမကေတာ့ စိတ္ျမန္လက္ျမန္ပဲေဟ့"

သူႀကီး၏ရယ္သံဟာအနီးနားတစ္ဝိုက္ကိုလႊမ္းမိုးသြားသည္။လွည္းအနီးတိုးကပ္သြားရင္းရပ္ၾကည့္ေနသည့္သူႀကီးအား ႏွင္းမႈံစပ္စုေနသည္။လွည္းေပၚမွဆင္းတဲ့သူကဆင္း၊အထုပ္ခ်တဲ့သူကခ်ႏွင့္ အလုပ္က႐ႈပ္ေနသည္။ဘယ္သူ႕ကိုမွသဲသဲကြဲကြဲမျမင္ရေသးေပ။

"အစ္ကိုႀကီးကလည္း သိပ္ဝလာတာပဲ။ဝက္သားဟင္းခ်ည္းပဲ စားေနတုန္းမို႔လား"

"ဟားဟား ငါကဒါပဲႀကိဳက္တာကိုးမိတင္ရဲ႕။ကဲပါေလ..... အိမ္ေပၚတက္ၿပီးေျပာၾကစို႔၊အျပင္မွာေန႐ွိန္တယ္ ငါ့ညီမရဲ႕။ဧည့္သည္ေတြလည္း လာၾက လာၾက"

သူႀကီး၏ဧည့္ဝတ္ေက်မႈအား ေခါင္းကေလးပင္ခါလိုက္ရင္း လက္ေထာက္ၾကည့္ေနမိသည္။မ်က္လုံးကိုျပဴးျပလို႔လည္းမရ။ရယ္ျပလို႔လည္းမရ။သူ႕ကိုထိပ္တုံးျဖဳတ္ေပးဖို႔အထိမသိခ်င္ေယာင္ေဆာင္ေနသည္။ကိုႀကီးဖိုးတုတ္ကလည္း လွည္းသိမ္းသြားျပန္သည္။

"အရီး....ဟိုအရီး"

"ဟင္"

မသဲမကြဲလွည့္ၾကည့္လာသည့္အမ်ိဳးသမီးႀကီးဟာ ႐ုပ္႐ွင္မင္းသမီးအလား လွပလြန္းသည္။ကာခ်ယ္မႈန္႔ေတြ၊ပန္းဆီေရာင္ႏႈတ္ခမ္းနီေတြ၊စူးစူး႐ွ႐ွအနံ႔ေတြအစား ယဥ္ယဥ္ကေလးႏွင့္ၾကည့္လို႔ေကာင္းသည္။

"သမီး ေခၚလိုက္တာလား"

"ဟုတ္။"

ေခါင္းကေလးညိမ့္ျပသည့္အခါ အိမ္ေပၚမတက္ပဲ သူ႕အနားေလွ်ာက္လို႔လာသည္။

"က်ဳပ္ကိုေလ ထိပ္တုံးေလးျဖဳတ္ေပးပါ့လားဟင္။ေညာင္းေနၿပီအရီးရဲ႕"

"ထိပ္တုံးကသမီးကို ဘာျဖစ္လို႔ခတ္ထားရတာတုန္း။ကေလးကိုကြယ္"

"အဲ့တာက က်ဳပ္ရန္ျဖစ္လို႔အရီးရဲ႕။က်ဳပ္ကိုရန္လာစေတာ့ေလ အဲ့ဒီ့ ဘဲဥမရဲ႕ဆံပင္ကိုဆြဲ အနားက ဇီးပင္ေအာက္ ဝွီး ခနဲ က်ဳပ္ပစ္သြင္းပလိုက္တာ"
"ေနာက္ၿပီး ေ႐ႊဘုတ္ကက်ဳပ္ကို တုတ္နဲ႔ခ်ပါေလေရာလား။အဲ့တာနဲ႔ ဘယ္ရမလဲ က်ဳပ္ကထမီကိုျပင္ဝတ္ၿပီး သူ႕ဆီေျပးဝင္လုံးပလိုက္တာေတာ့္"

အားႀကိဳးမာန္တက္ရန္ပြဲအေၾကာင္းအား လက္ဟန္ေျခဟန္ျဖင့္႐ွင္းျပေနသည့္ထိုကေလးအား ရယ္ခ်င္လွသည္။႐ုပ္ကေလးကခ်စ္ေမႊးေတာ့ပါသည္။ေသးေသးေကြးေကြး ကေလးႏွင့္ ခ်စ္စရာကေလးပင္။

"သမီးနာမည္က ဘယ္လိုေခၚလဲ"

"ျမႏွင္းမႈံပါအရီး။႐ြာထဲကလူေတြကေတာ့ က်ဳပ္ကိုမိစပ္စုလို႔ေခၚတယ္ ဟီးဟီး။"

"ဟုတ္ပါၿပီကြယ္။ထိပ္တုံးျဖဳတ္ေပးရမယ္ မဟုတ္လား"

"ဟုတ္အရီး။အဲ့ တိုင္ေလးအေနာက္မွာ ေသာ့႐ွိတယ္အရီး"

လက္ညိႇဳးထိုးျပသည့္ေနရာအားသြားလ်က္ ေတြ႕သည့္ေသာ့အား အသာအယာျဖဳတ္ကာ ထိုကေလးေ႐ွ႕ ထိုင္ခ်လိုက္သည္။

"ဒီလိုၾကည့္ေတာ့လည္း အရီးကေတာ္ေတာ့္ကိုေခ်ာတာပဲ ေတာ့္။႐ုပ္႐ွင္မင္းသမီးလားအရီးက"

"မဟုတ္ပါဘူးသမီးရယ္။ဆရာဝန္ပါကြယ္။"

"အိုး။ဒါဆို လူေတြဖင္ကိုျမင္ဖူးမွာေပါ့ေနာ့"

တုန္႔ျပန္လာသည့္စကားဟာ တကယ္ပဲမသိသည္လား။အလြန္ပင္႐ိုးသားလြန္းေနသည္။ပါလာသည့္ေသာ့အားအသာအယာျဖဳတ္ကာထိပ္တုံးကို မ ေပးေတာ့ ေျခေထာက္ကေလးကအလိုက္သင့္႐ုတ္သြားသည္။

"အဲ့ဒီ့လိုမေျပာရဘူးသမီးရဲ႕ တင္ပါးလို႔ေျပာရတယ္။ေဆးထိုးတဲ့အခါ တင္ပါးႀကီးေတာ့အကုန္ဘယ္ျမင္ရပါ့မလဲကြယ္၊နည္းနည္းေပါ့။"

"သမီးေျပာသလို လူေတြတင္ပါးကိုေတာ့နည္းနည္းစီျမင္ရတာေပါ့ကြယ္"

"အဲ့တာကနာလားဟင္အရီး။က်ဳပ္ကၾကားပဲၾကားဖူးတာေတာ့္။မျမင္ဖူးဘူး။႐ြာမွာဆို ေဆးဆရာဆီသြား ေပးတဲ့အမႈန္႔ေတြယူလာ ေရေႏြးေလးနဲ႔ေမာ့ခ်။ေနာက္ေန႔ အေပ်ာက္ပဲ။"

"ဒီ႐ြာမွာေနေနတုန္းေတာ့ သမီးေနမေကာင္းတဲ့အခါ ေဆးထိုးအပ္ႀကီးကိုလည္းျမင္ရမယ္၊နာမနာလည္းသိရမယ္။ဟုတ္ၿပီလားကေလး"

"ဟုတ္အရီး။"

Moneyaungchal
ဒါေလးကေတာ့ ထုံးစံအတိုင္းအရမ္းအ႐ွည္ႀကီးမဟုတ္ပဲ ေတာ႐ြာ vibeကေလးရေအာင္
ေရးမယ့္အသစ္ကေလးပါ။ကြၽန္ေတာ္နားမယ္ေျပာထားေပမယ့္ ေမွ်ာ္ေနတဲ့သူေတြ႐ွိလို႔ ႀကိဳေရးထားတဲ့အပိုင္းကေလးလာတင္ေပးတာပါခင္ဗ်။ update ကေတာ့ၾကာေကာင္းၾကာႏိုင္ပါတယ္။ခပ္ခ်ိဳခ်ိဳေလးနဲ႔ တစ္ခါမွမေခၚဖူးၾကတဲ့နာမ္စားကေလးနဲ႔အတူ ျပန္လာပါၿပီ။

Comment