29(uni+zaw)


စိတ်ဖိစီးမှုတွေ များနေသည့်အပြင် အတွေးများစွာသည်လည်း ဦးနှောက်ထဲ ယောက်ယက်ခတ် စွာဖြင့် စိုးမိုးထားသည့်ကြောင့် ညလုံးပေါက်ပင် ဗမာ အိပ်မပျော်ခဲ့ပေ၊၊  အတွေးလွန်ခြင်းသည် စိတ်အတွက် မကောင်းမှန်းသိသော်ငြား  မတွေးပဲ နဲ့ မနေနိုင်သော ဗမာ အခြေအနေက အနည်းငယ်တော့ ဆိုးရွား၏၊၊

လိုက်ကာဖြူများကို အနည်းငယ်ဟ လို့  အပြင်ပန်း  ပတ်ဝန်းကျင်အား ဗမာ ကြည့်မိတော့ ကောင်းကင်မှ အလင်းရောင်  ဖျော့ဖျော့ကို  မြင်နေရပြီဖြစ်သည်၊၊ ထို့နောက်  ကုတင်ဘေးက စားပွဲပေါ် တင်ထားသော  နာရီ ထံ ဗမာ   လှည့်ကြည့်မိပြန်တော့  မနက်6 နာရီပင် ရှိနေ ပြီ ဖြစ်သည်၊၊


ခွဲစိတ်ခန်းဝင်ရမဲ့ အချိန်က ဘယ်လောက်မှ မလိုတော့သည်ကြောင့်  ဗမာ စိတ်လှုပ်ရှားနေမိသည်မှာ  လက်တွေပင် တုန်ယင်နေသည်အထိဖြစ်၏၊၊   ထို့ပြင် ကြိမ်နှုန်းမြန်နေသော နှလုံးခုန်သံမှာလည်း တစ်ခုခုကို စိုးထိတ်နေဟန်ရှိသည်၊၊


အသက်ပြင်းပြင်းရှူထုတ်လျက် စိတ်လှုပ်ရှားမှုတွေကို ငြိမ်သက်ရန် ဗမာ မနည်းကြိုးစားယူရသည်၊၊  အရာရာဟာ အချိန်တန်လျှင် အကုန်လုံး အဆင်ပြေသွားမယ်မှန်းသိသော်ငြား  တုန်ရီနေသော ကိုယ် ကို ကိုယ်တော့ ဗမာ ဘယ်လိုမှ တည်ငြိမ်အောင်မလုပ်နိုင်ချေ၊၊


  ဒီလို  အချိန်မှာ ဗမာ အတွက်နှစ်သိမ့် အားပေးမှု လိုအပ်နေတာက မှန်ကန်သော်လည်း တစ်ခြားလူဆီကမဟုတ်ပဲ    ထို နှစ် သိမ့်အားပေးမှုက လွှားဆီကနေသာ မျှော်လင့်မိသည်၊၊ 


ပြီးခဲ့သော အတိတ်က နေ့ရက်တွေဆီ အတွေးများက ပျံ့လွင့် သွားလေတော့  ခံစားချက်အဖုံဖုံမှာ ရှုပ်ထွေးစွာ ရှိလှပြီးဗမာ  မျက်ဝန်းထဲမှ မျက်ရည်ကြည်များပင် ဝေ့တတ်လာခဲ့ရသည်၊၊


ဘာအပူအပင်မှမရှိခဲ့သော  ငယ်ဘဝအချိန်နှင့် လွှားနဲ့ တွေ့ဆုံးခဲ့သော အချိန်ခဏတာအတွင်းက အခုချိန်ထိ ဗမာ အတွက် ချိုမြိန်ပါသေး၏၊၊ အရင်က အကြောင်းများကို  လွှားကတော့ မေ့သွားလောက်မဲ့ ပုံ ရသော်လည်း  ဗမာကတော့ တစ်ခုခြင်းစီကို အသေးစိတ်  မှတ်မိနေပါသေးသည်၊၊

ရည်စားပေါင်းများစွာ ပွေရှုပ်ခဲ့သော ဗမာ ငယ်ဘဝထဲ အချစ်ဦးဖြစ်ခဲ့သော လွှားကိုတော့ နှစ်နှစ်ကာကာပင် အခုချိန်ထိ ချစ်နေပါသေးသည်၊၊  ဆုတောင်းများ မကောင်းခဲ့လေသလားတော့ ဗမာ မသိပေမဲ့  ယခု ဘဝ၌တော့ တစ်ဖတ်ထဲ သတ်မည့် အချစ်၌သာ မျောလွင့်နေရပြီး ဝဋ်ကြွေးဆိုရင်တောင်မှ ကျေကျေနပ်နပ်ပါပင်

အချိန်တိုင်း လှုပ်ရှားနေသော ပင်လယ်ရေမျက်နှာပြင်ကို    ဗမာ ငေးကြည့်ကာဖြင့် အတွေးရောက်နေမိသည်မှာ နေမင်း၏ အရောင်ပင် အခန်းထဲသို့ တိုးဝင်လာသည်အထိဖြစ်သည်၊၊  နေရောင်ခြည်၏ အနွေးဓာတ်ခပ်မျှင်မျှင်ကို ခံစားနေရပြီး ဗမာ ပြတင်းတံခါးကို ဖွင့်လျက်  ဝရံတာ ဆီသို့ လျှောက်ထွက်လာတော့  ပင်လယ်မှ တိုက်ခတ်လာသော လေနုအေးကို လတ်ဆတ်စွာပင်ခံစားရသည်၊၊


ပင်လယ်လေကြောင့် တစ်ခဏတာ အတွင်းဗမာ စိတ်ကလေး လန်းဆန်း ကာဖြင့်  ရှုပ်ထွေးနေသော စိတ်မှာလဲ အနည်းငယ်သက်သာရာ ရ၏၊၊ များ မကြာမီ အချိန်အတွင်းတော့   ခွဲခန်းဝင်ဖို့အတွက် ဗမာ ကို လွှားက လာခေါ်ပေလိမ့်မည်၊၊ 


ဝရံတာ၌သာ ဗမာ ရပ်လို့ ပင်လယ်၏ ရှုခင်းကို ကြည့်နေမိသည်မှာ အချိန်တော်ကြာသည်အထိပင်ဖြစ်၏၊၊ အတွေးလွန်တတ်တဲ့ လူတစ်ယောက်မို့  တစ်ခုခုဆီ စိတ်မနှစ် ဘူးဆိုတာနဲ့ ဗမာ ဦးခေါင်းထဲသို့ အတွေးပေါင်းများစွာက အလုအယက် ကို ဝင်ရောက်လာတာပါပဲ


"ခွန်းဗမာရစ်"


မတင်းမာသော လေသံအနေအထားနဲ့ ရင်နှီးနေသော ကိုယ်ငွေ့ကပါ ဗမာ နှာဖျားထံသို့ တိုးဝှေ့လာ လေတော့  လွှားရောက်လာပြီမှန်း သိလိုက်ပြီဖြစ်၏၊၊ ပင်လယ်၏ ရှူခင်းတွေကို ကြည့်နေရာမှ ဗမာ အနောက်သို့ လှည့်ကြည့်တော့  ဝရံတာ တံခါးဝ၌  ဘောင်းဘီအိတ်ကပ်ထဲ  ဟိုဘက်ဒီဘက်  လက်နှစ်ဖက်ထည့်ထားကာဖြင့်  ဗမာကို စူးစိုက်ကြည့်နေသော လွှားကို တွေ့သည်၊၊


ထူထဲသော မျက်ခုံးတန်းနက်နက်နှစ်ခုက ထုံးစံအတိုင်း တွန့်ချိုးထားမြဲ အခြေအနေဖြစ်ပြီး  စူးရှနေသော မျက်ဝန်းဝါတွေကတော့ တစ်ဖက်လူအား သူထံပါးသို့  ဒူးထောက်ခစားစေဖို့ပင်လုံလောက်၏၊၊  ဖြောင့်ဆင်းနေသော နှာတံနဲ့ ပြုံးခဲသော ပိရိသေသပ်သည့် နှုတ်ခမ်းပါးတွေက  ပန်းရောင်  သဏ္ဌာန် ရှိနေသည်၊၊

  လွှား၏  ဝတ်နေကျဖြစ်သော ကုတ် အင်္ကျီ အရှည်ကတော့မပါမဖြစ်ပင်ဖြစ်ပြီး အထဲ၌တော့ အစိမ်းနုကို ခံဝတ်ထားသည်၊၊ ရှည်လျားလွန်းသော ခြေတန်ရှည် တွေကတော့ အနက်ရောင် ဘောင်းဘီရှည်ကို ပြောင်လက် နေသော  ဖိနပ်အနက်ရောင်နှင့် ပနံ့သင့်စွာပင် တွဲဖက်ဝတ်ဆင်ထား၏၊၊


"ဘာကြည့်တာလဲ ခင်ဗျား"


အရင်လို လေသံက တင်းမာ မနေသော်လည်း မပျော့ပြောင်းပဲ ထွက်လာသော လွှား၏ အသံက ဗမာ အတွက်တော့ စွဲမက် ချင်စရာပင်ကောင်း၏၊၊  ဒီအမျိုးသား ဒီလူထံပါးမှာ   လူရော စိတ်ရော ခန္ဓာရော အလဲလဲအပြိုပြိုနဲ့ပင်ဖြစ်ရပြီး   ဒီအမျိုးသားဆီက အချစ်ကိုရဖို့အတွက် အသက်နဲ့ပင်လောင်းကြေးထပ်ရမည်ဆိုရင်တောင် ဗမာက ရဲရဲ ကြီး အသက်ပေးဖို့ လက်ခံမိအုံးမှာ

"ကြည့်ကောင်းလို့ မင်းက"


"အပိုတွေပြောမနေနဲ့၊၊ အခု  ခွဲခန်းဝင်ဖို့သွားမယ်"


ဗမာ ကို ကျောခိုင်းသွားသော ကျောပြင်ကျယ်နဲ့ လွှားက  ရက်စက်ဆုံး လူသားရယ်ပါလေ 


"လွှား"


ဗမာ ခေါ်သံကို လွှားက ကြားသော်လည်း မကြားချင်ယောင်ဆောင်နေမှန်း သိသာစွာနဲ့ လမ်းလျှောက်ထွက်သွားသည်မှာ အနောက်၌ ကျန်ခဲ့သည့် ဗမာ ကို တစ်ချက်မျှပင် လှည့်မကြည့်ပေ၊၊


"Zero!"

"ဘာတုန်း!"


လွှားလို့ မဟုတ်ပါပဲ Zero လို့ ဗမာ ခေါ်မှပင်  လမ်းလျှောက်နေတာကို ရပ်၍ ဗမာ ဘက်သို့ လွှားက လှည့်ကြည့်လာတော့သည်၊၊ တကယ်ကို လွှားလို့ခေါ်ရင် အရေးမစိုက်တာပဲ

"ငါကို တစ်ခါလောက် ဖက်....."


"Darling"


ဗမာ စကားမဆုံးခင်၌   ဇိုရာဆိုသော မိန်းကလေး၏ ချွဲနွဲ့  အသံက ထွက်လာပြီး လွှား ၏ လက်မောင်းတစ်ဖက်ကို သေချာစွာပင် ထိုမိန်းကလေးက  ဆုပ်ကိုင်လာခဲ့သည်၊၊ လွှားကတော့ ဗမာ ကိုသာ စိုက်ကြည့်နေပြီး  ပြောလက်စ စကားကို ဆက်ပြောဖို့ အကြည့်နဲ့ ပြောကြားနေသယောင်

လွှားဘေးနား၌ ရဲရဲတင်းတင်းမရပ်ရဲသော ဗမာ ကို ဗမာပဲ အပြစ်တင်ရမလား ဒါမှဟုတ်  လွှား၏ လက်ကို ဖမ်းဆုပ်ကိုင်ဖို့အတွက် မရဲတင်းစွာ ရှိနေသော မိမိစိတ်ကိုပဲ အပြစ်ဖို့ရာမလား ဆိုတာ ဗမာ ကောင်းကောင်းမသိတော့ပေ၊၊


တစ်ခါလောက်ပင် ခွဲခန်းမဝင်ခင် လွှား ၏ ပွေ့ဖက်မှုကို ဗမာ ခံယူချင်သော်လည်း အခုအခြေအနေက မဖြစ်နိုင်တော့ဟန်၊၊ လွှား လက်မောင်းကို သူ့အပိုင်လား ဆုပ်ကိုင်လျက် ရဲတင်းစွာ ရပ်နေသော ဇိုရာ ဆို့သည့် မိန်းကလေး၏ အကြည့်တွေက ဗမာ ကို မနှစ်မြှို သလိုပင် ကြည့်နေလျှင်  ဘာကြောင့်မှန်းမသိ ဗမာ အကြည့်တွေကိုသာ ရှောင်ဖယ်မိသည်၊၊


မျိုးတူခြင်းကိုမှ မသန့်စင်သော စိတ်တွေ ထားမိနေသည့်ဆိုထဲက ဗမာက အများအမြင်မှာ တအားကို ရွံ့စရာကောင်းတဲ့လူဆိုတာက သေချာသလောက်ပါပဲ၊၊ လွှားဆီကနေ ဗမာ မျှော်လင့်ခဲ့သော နှစ်သိမ့်မှုလေးက မရရှိနိုင်တော့ မှန်း သိလိုက်ပြီမို့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည်၊၊

ဗမာ ၏ ဖြစ်တည်နေမှုက  တစ်ဖက်လူဖြစ်သော လွှား အတွက် အရေးမပါတဲ့ အရာမလို့  ဘာမှ ထပ်၍ မမျှော်လင့်မိဖို့ ဗမာ မိမိကိုယ်ကို   သတိအထပ်ထပ် ပေးရပြန်သည်၊၊ မဟုတ်လျှင် မရနိုင်မှန်းသိလျက်နဲ့  လွှားအပေါ် ဗမာ မျှော်လင့်ချက်တွေ ထားနေမိအုံးမှာ


လိုက်ဖက်လှသော ဖြစ်တည်မှုသဖွယ်ရပ်နေသော လွှားနဲ့ ဇိုရာ တို့နှစ်ယောက်ကို ကြည့်ရင်း ဗမာ မိမိ အင်္ကျီ ၏ အောက်ဖျားစကိုသာ ကျစ်နေအောင်ဆုပ်ကိုင်ထားမိသည်၊၊ နာကျင်နေသော နှလုံးသားက သွေးစိမ်းရှင်ရှင်တို့ ထွက်နေသည့်အလား နာကျင်မှုသည် ပပျောက်နိုင်ဖို့ငှာ ဆေးမရှိသလိုပင်

ဝမ်းနည်းလွန်း၍ လှိုက်တတ်လာသော ခံစားချက်နှင့်  ထွက်လာတော့ မည် မျက်ရည်တွေကို ဗမာ မနည်း ထိန်းချုပ်ကာပင် လွှားထံမှ အကြည့်လွဲကာဖြင့်  ထိုနေရာကနေ ရှောင်ဖယ်ထွက်လာခဲ့တော့သည်၊၊

"Darling  သွားရအောင်လေ"


"အစ်   အစ် Dar...Darling. ...!!"


ရုတ်တရက်  ဇိုရာ၏ လည်းပင်းကို ထညစ်လာသော Zero ကြောင့်   မနည်းရုန်းကန်မိလျှင် ပိုတိုးကာ အားထည့်၍ Zeroက  ဖိညစ်လာခဲ့သည်၊၊ သန်မာလွန်းတဲ့ Zero ၏ လက်တွေကြား ဇိုရာမှာ ရုန်းကန်နေမိရင်း မယုံနိုင်သလိုသာဖြစ်မိတော့သည်၊၊ 

စူးရှနေသော မျက်ဝန်းတွေထဲ ဇိုရာကို သတ်ဖြတ်တော့ မဲ့ အရိပ်အယောင်များက ရောယှက်နေသည်ကြောင့်   ဇိုရာ ကြောက်ရွံ့တုန်လှုပ်လာခဲ့သည်၊၊

"နောက်ခါ  ကျုပ် သက်ဆိုင်သူအရှေ့  ပါးစပ်မဖွာနဲ့  "


"အစ် အင့် လွှတ်   အဟွတ်  အင့်!"


Zero လက်တွေကို ထုရိုက်လျက်  လွှတ်ပေးဖို့ပြောနေသော ဇိုရာ ကို မလွှတ်ပေးဖြစ်ပဲ ပို၍သာ  အားထည့်လို့ လည်းပင် ညစ်ထားမိသည်၊၊  ခွန်းဗမာရစ် ၏ အရည်ကြည်ဝေ့နေသော မျက်ဝန်းတွေနှင့် အထင်လွဲသွားသော အမူအရာက ဘယ်ရယ်မဟုတ် Zero ကို ဒေါသ ထွက်စေ၏၊၊


တလိပ်လိပ် တတ်လာသော ဒေါသတွေက  ထိန်းချုပ်ကွပ်ကဲမှု မဲ့လာလျှင်  Zero လက်ထဲ အသက်ရှူကျပ် ၍ ရုန်းကန်နေသော ဇိုရာကို  ရှင်းပြစ်ဖို့ ဖိအားပေးလာခဲ့သည်၊၊ ဇိုရာ  လည်ပင်း၌ နေရာယူထားသော  Zero၏ လက်ကို အားပို၍ ထည့်မိချိန်

" Leader  ဆက်မလုပ်ပါနဲ့တော့   ခွန်းဗမာရစ်  ခွဲခန်းဝင်ဖို့က အရေးကြီးပါတယ်၊၊ ဒီမိန်းကလေးကို ချထားလိုက်ပါ"


ဇေဗန်မှာ အပြေးအလွှား ပင်ရောက်ချလာရပြီး အသိစိတ်လွတ်မတတ်ဖြစ်နေသော Leaderကို ခွန်းဗမာရစ် အကြောင်းပြောကာဖြင့် အသိဝင်အောင်ပြန်လုပ်ယူရသည်၊၊ တော်သေးသည်က  ခွန်းဗမာရစ် အကြောင်းပြောလိုက်တာနဲ့  လည်ပင်းညစ်ထားသော မိန်းကလေးကို ခပ်ဝေးဝေးသို့ Leader က  ပြစ်ထုတ်လိုက်ခြင်းပင်ဖြစ်သည်၊၊ မဟုတ်လျှင်တော့  ဟိုမိန်းကလေးက Leader လက်နဲ့ပင် ဒီနေရာတင် အသက်ပျောက်နိုင်ချေရှိ၏၊၊


" မင်း သူကို ခေါ်သွားလိုက်တော့၊၊ နောက် ငါမျက်စိရှေ့ ပေါ်မလာစေ နဲ့"

ဇိုရာဆိုသော မိန်းကလေးကို သူမ၏ ဖခင်ကြောင့်သာ Zero ဒီအချိန်ထိ သည်းခံနေခဲ့တာဖြစ်၏၊၊ အလဲအလှယ် လုပ်ဖို့အတွက် အစက ခွန်းဗမာရစ် ကို Zero ကြံရွယ်ထားသော်လည်း  တစ်နေ့ထက်တစ်နေ့  ခွန်းဗမာရစ် ကို တစ်ခြားသူလက်ထဲ ထည့်ပေးဖို့ တစ်ခုခုက လွန်ဆွဲ နေသလို ရှိသည်မို့ ခွန်းဗမာရစ် ကို Zero အနားမှာသာ ခေါ်ထားဖို့ဆုံးဖြတ်ခဲ့ပြီး  ဇိုရာ  ကိုတော့ အလဲအလှယ် လုပ်ဖို့ ကြံစည်ထားသည်၊၊


ဇိုရာ၏ ဖခင်က  Russia  ၏ ခေါင်းကြီးပိုင်းတွေထဲက တစ်ဦးဖြစ်ပေမဲ့ မြေအောက် လောကနဲ့တော့ ကင်းရှင်းသော လူတစ်ယောက်ဖြစ်သည်၊၊ ထို့ကြောင့် Zero အနေနဲ့တော့ တုံးအ သော စီးပွားရေးရှင်တစ်ယောက်ကို ငွေနဲ့မျှားပြီး တစ်ဖက်လှည့်နဲ့ပင်  သူ့သမီးအား အလဲအလှယ် လုပ်ရသည်မှာ အလွန်လွယ်ကူလွန်း၏၊၊


တရားမျှတသည်ပဲ ဖြစ်ဖြစ် တရားမမျှတဘူး ဟုပဲ ဆိုဆို ခွန်းဗမာရစ် ကို အနားမှာ ခေါ်ထားဖို့ Zero ဆုံးဖြတ်ပြီးပြီးမို့  Zero ၏ ရှေ့ဆက်လမ်းကို ဖြောင့်ဖြူးအောင်အတွက်  တစ်ချို့လူတွေကိုတော့ သေချာပေါက် စတေးရမည်၊၊


Zero လုပ်ကိုင် နေသော မြေအောက် အမှောင်ထုလုပ်ငန်းတွေမှာ တရားမျှတမှုသည် မရှိပဲ တုံးအ သူသည်သာ ခံရမည့် ထုံးစံပင်ဖြစ်၏၊၊  သံယောဇဉ် တွယ်ကပ်လို့မရသော လုပ်ငန်း တွေဖြစ်ပြီး  ခံစားချက်တွေကို ရှေ့တန်းတင်လို့မရသော  လုပ်ငန်းလည်းဖြစ်သည်၊၊


ဇိုရာကို ဇေဗန်က  တွဲခေါ်၍ Zero အရှေ့ကနေ ထွက်သွားတော့သည်၊၊ ထို့ကြောင့်  နောက်လှည့်မကြည့်စတမ်း လျှောက်ထွက်သွားပါသော ခွန်းဗမာရစ် အနောက်သို့ Zero ခြေလှမ်းကျဲ များနှင့် မှီအောင် လိုက်လာခဲ့တော့သည်၊၊


" ဟေ့ နေဦး ခင်ဗျား လမ်းသိလို့လား"


ခပ်မြန်မြန်သွားနေသော ခွန်းဗမာရစ် ၏ လက်ကို Zero ဖမ်းဆွဲ ကာ အနားသို့ ဆွဲကပ်စေလိုက်တော့  အသံတိတ်မျက်ရည်ကျနေသော  ခွန်းဗမာရစ် ၏ ပုံစံကို တွေ့ရသည်၊၊ မျက်တောင်ရှည်တွေက မျက်ရည်ကြောင့်စိုစွတ်နေပြီး မျက်ဝန်းသားတွေသည်လည်းရဲတတ်ကာပင်ရှိ၏၊၊ ထို့ပြင်  နှာထိပ်အပြင် လည်းပင်းနဲ့ မျက်နှာမှာလည်း အရောင်ခပ်ရဲရဲကို ဖြစ်နေလေသည်၊၊


"ဟေ့ ဘာကိစ္စ ငိုတာလဲ၊၊ ခွဲခန်းမ ဝင်ချင်လို့လား"


"ဖယ်    လွှတ်ငါကို "


Zero အမေးကို မဖြေပဲ ခွန်းဗမာရစ် က Zero ဆုပ်ကိုင်ထားသော လက်ကို သာ ခါချကာဖြင့် လွတ်အောင် ရုန်းနေလေသည်၊၊


"ကျုပ်ကို ကြည့် ခွန်းဗမာရစ်"


"ဟင့်အင်း   ဖယ်  ဖယ်လို့!!"


"ကျုပ်ကိုကြည့်စမ်း ခင်ဗျား!!"


ဗမာ ခေါင်းနောက်မှ ဆံပင်တွေကို ဆုပ်ကိုင်ကာဖြင့် လွှားက ဗမာ ခေါင်းကို မော့စေကာပင် သူနဲ့အကြည့်ခြင်းဆုံစေသည်၊၊  ထို့နောက် လွှားက ဗမာ မျက်နှာကို စူးစိုက်ကြည့်နေသည်မှာ ပေါက်ထွက်မတတ်ထိပင်ဖြစ်၏၊၊  ဘယ်အချိန်အခါမျိုးမှာပဲ ဖြစ်ဖြစ် လွှား၏  စူးရဲနေသော မျက်ဆန်ဝါတွေကတော့  နစ်မွန်းချင်စရာကောင်းနေတုန်းပင်ဖြစ်သည်၊၊


"  ဘာလို့ ငိုနေတာလဲ၊၊  ခင်ဗျား  ယောကျ်ားလေး မဟုတ်လား ဘာကိစ္စ အဲ့လောက်အငိုသန်နေရတာလဲ"

"  ငါလောက် နာကျင်ဖူးမှ ငါဘာလို့ အခုလို ငိုနေ ရလဲဆိုတာ မင်းနားလည်မှာ"

မျက်ရည်တွေ စီးကျနေရင်းနဲ့ ဗလုံးဗထွေး ထွက်လာသော ခွန်းဗမာရစ် ၏ စကားက နည်းနည်းတော့ ကွဲအက်အက်နိုင်၏၊၊ အခုထက်ထိကို  ခွန်းဗမာရစ် က အငိုမရပ်နိုင်သေးတာ


"မင်း  ငါကို လွှတ် အွန့်!"

ရုတ်တရက် ဆန်စွာဗမာ နှုတ်ခမ်းတွေကို  သိမ်းပိုက်လာသော  လွှားက အသည်းအသန် နိုင်လှပြီး မွတ်မွတ်သိပ်သိပ်ကို ရှိလှသည်၊၊  မာတောင့်နေသော ရင်ဘတ်ကို ဗမာ ထုရိုက်ကာဖြင့် ရုန်းကန်သော်လည်း  ဘယ်အချိန်ခါမှ လွတ်မြောက်ခြင်းမရှိခဲ့သလိုပါပဲ  သန်မာ လွန်းတဲ့ လွှား ၏ ခန္ဓာကတော့ ပုံမှန်အတိုင်းသာ ငြိမ်သက်နေသည်၊၊


လွှား၏ လက်တစ်ဖက်က ဗမာ၏ ခေါင်းနောက်မှ ဆံပင်ကို ဆုပ်ကိုင်ကာဖြင့် ခေါင်းငြိမ်စေရန် ထိန်းချုပ်ထားပြီး   လွှား၏ ကျန်လက်တစ်ဖက်ကတော့ ဗမာ ၏ ခါးကို ဖတ်တွယ်ကာဖြင့် သူခန္ဓာကိုယ်နဲ့ ကွာမထွက်သွားအောင် နီးကပ်ထားစေ၏၊၊

ဗမာ နှုတ်ခမ်းတွေကို ပြတ်ထွက်လုမတတ် အသည်းအသန် နမ်းရှိုက်နေသော လွှားက  အသက်ရှူချိန်ပင်မပေးပဲ သူ၏ အကျင့်တိုင်းပင် သူစိတ်တိုင်းကျသာ တဇွတ်ထိုးဆန်လှစွာ  လုပ်ဆောင်၏၊၊


မိနစ်ပိုင်းမျှထိ စိတ်တိုင်းကျ နမ်းရှိုက်ပြီးနောက်မှ လွှားက  ဗမာ ကို လွတ်ပေးလာ၏၊၊ ထို့နောက် ဗမာ ပါးပြင်ပေါ်၌ ကျန်ရှိနေသေးသော မျက်ရည်ဆများကို   လွှားက ဖိနမ်းလျက် သူ၏ နှုတ်ခမ်းဖြင့် ပွတ်တိုက်လာသည်၊၊

ဗမာ၏  မျက်ခွံ   များပေါ်သို့ လည်း  လွှား၏ နှုတ်ခမ်း နွေးနွေးက နေရာယူလာခဲ့သည်၊၊  ထို့ပြင် လွှားက ဗမာ  မျက်နှာအနှံ့သို့ တရွရွ ဖြင့် လိုက်နမ်းနေလျှင်  ဗမာ မနေမတတ်စွာ ရုန်းမိတော့  ခါးမှ ဆုပ်ကိုင်ထားသော လွှား၏ လက်တွေသည်တင်းကျပ်လာကာဖြင့် ခန္ဓာကိုယ် နှစ်ခုကို  ပို၍ပင် ပူးကပ်စေသည်၊၊

" တော်....   တော်တော့ လို့ မာန်ထောင်လွှား!!"

ဗမာ မျက်နှာပေါ်သို့ ခြေချနေသော လွှား ၏ နှုတ်ခမ်းတွေက တဖြည်းဖြည်းနဲ့  လည်ပင်း သားတွေဆီသို့ ဦးတည်လာခဲ့သည်၊၊ ဗမာ တော်တော့လို့ပြောလည်း နားမဝင်စွာနဲ့ စိတ်ကြိုက်သာ ပြုမှုနေသော လွှားက  တကယ်ကို တဇွတ်ထိုး တဇောက်ကန်းပင်၊၊


ပူနွေးစိုစွတ်သော လျှာဖျား၏ အထိအတွေ့သည် ဗမာ၏ လည်ပင်းသားထံသို့ ကျရောက်လာလျှင်ဗမာ  ကျောတစ်လျှောက်မှာ စိမ့်တတ်လာပြီး  ကျောချမ်းလာခဲ့၏၊၊  ရုန်းကန်နေလည်း အရာဝင်သည်မရှိပဲ  ဗမာ ၏ ခန္ဓာကိုယ်သည် လွှား ၏ စိတ်တိုင်းကျသာ ရှိစေသည်၊၊


"Zero  တော်တော့လို့!"


" ခင်ဗျား  ကျစ် !  ကျုပ်  အရှိန်ပျက်တယ်"


Zero ဆိုသော နာမ်စားကို ဗမာ  လေသံမြှင့်လို့ ခေါ်မှပင်  လွှား၏ ပွတ်သပ်နမ်းရှိုက်မှုတွေက ရပ်တန့်သွားတော့သည်၊၊ သို့ပေမဲ့ ဗမာ ခန္ဓာကိုယ် ကတော့ လွှား၏ ရင်ဘတ်အနီးမှာ သာရှိသေးပြီး    ခပ်ဝေးဝေးအနေအထားရောက်ဖို့  ဗမာ ရုန်းကြည့်ပါသော်လည်း  အရာမထင်ပေ၊၊

" မင်း ငါကိုလွှတ်တော့ ၊၊ ခွဲခန်းဝင်ရအုံးမှာ ဖယ်"

"ခင်ဗျားကို  ခွဲခန်းထဲထိ ကျုပ်လိုက်ပို့ပေးမယ်"


"မလိုဘူး ၊၊ လမ်းကိုသာ ပြောပြ ငါဘာသာသွားမယ်"


ဂျစ်တစ်တစ် ဆန်သော အကျင့်စရိုက်သည်  လွှားဆီမှတင်မဟုတ်ပဲ ဗမာ ဆီ၌လည်း အနည်းငယ်ကိန်းအောင်းစွာပင်ရှိ၏၊၊ ထို့ကြောင့် ထို ဂျစ်တစ်တစ်အကျင့်စရိုက်က ထကြွလာလျှင်  ဘာဘဲ ပြောပြော  တစ်ဖက်လူစကားကို ဗမာ နားထောင်ချင်စိတ်မရှိတော့ပေ၊၊  ကန့်လန့်တိုက်ဖို့ကိုသာ ရွေးချယ်မိတော့သည်၊၊


"ခွန်းဗမာရစ် "

"ဘာလဲ!"


"ခင်ဗျား ယောကျ်ား ပြောစကားကို တစ်ခါလောက်နားထောင်စမ်း"


"မထောင်ဘူး"

စိတ်မရှည်သလိုမျိုးနဲ့  ဗမာ ကိုကြည့်ပြီး သက်ပြင်းချလိုက်သော လွှားက   ဗမာ ခန္ဓာကိုယ် ကို  ခပ်ဝေးဝေးသို့ တွန်းထုတ်လာ၏၊၊ ထို့နောက်  ဘောင်းဘီအိတ်ကပ်ထဲသို့ သူလက်နှစ်ဖက်ကို တစ်ဖက်စီ ထည့်ကာဖြင့်


"ရှေ့တည့်တည့်လျှောက်သွားပြီး ညာကွေ့လိုက်"

ထိုမျှသော စကားကို ဆိုပြီးတာနဲ့  လွှားက  ဗမာ ကို ကျောခိုင်းကာပင်  လှည့်ထွက်သွားတော့သည်၊၊   ဗမာ မှာ တော့ ကိုယ်ဘာသာ သွားမယ်ပြောထားပြီး အခု တစ်ကယ်လည်း ကိုယ်ဘာသာ တစ်ယောက်ထဲ သွားရမယ်ဆိုလေတော့ ဘာကို အလိုမကျမှန်းမသိ   စိတ်ထဲ မတင်မကျကြီးကို ဖြစ်လေသည်၊၊


ပြတ်သားနိုင်လွန်းသော လွှားကတော့ ကျောခိုင်းလှည့်ထွက်သွားသည်မှာ များ  အနောက်သို့ တစ်ချက်မှပင် လှည့်မကြည့်ပေ၊၊  ခံစားချက်မရှိတဲ့ လူကို ချစ်မိနေရသည်ကလဲ ဗမာ ၏ ဝဋ်ကြွေးကံ မြင့်မားခြင်းပင်ဖြစ်ပါလိမ့်မည်၊၊


လွှားပြောတဲ့ လမ်းညွှန်ချက်အတိုင်း ဗမာ လျှောက်လာလေတော့   အခန်းတစ်ခုရှေ့၌ ဆရာဝန် လေးယောက်က ရပ်စောင့်နေသည်ကိုတွေ့ရ၏၊၊  ဗမာ  ထို အခန်းနားသို့ ရောက်လာတော့


"ခွဲခန်းဝင်မဲ့ ခွန်းဗမာရစ် လားဗျ"


"ဟုတ်"


"ဒီမှာ လက်မှတ်ထိုးပေးပါဦးဗျ၊၊ ပြီးတာနဲ့   ခွဲခန်းဝင်လို့ရပါပြီ"


ဆရာဝန်တစ်ယောက်ထိုးပေးလာသော စာရွက်နဲ့ ဘောပင်ကို ဗမာ လှမ်းယူလိုက်ပြီး လက်ပေါ်မှာတင်၍  လတ်မှတ်ထိုးပေးလိုက်လေသည်၊၊ ထို့နောက် ထိုဆရာဝန်ကပင်ဦးဆောင်၍ ဗမာ ကို ခွဲထန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်၊၊


ဗမာ ကို ခွဲစိတ်မည်နေရာက ဆေးရုံမှာလို့ ဗမာ ထင်ထားခဲ့သော်လည်း အခုတော့ ဒီကျွန်းမှာပဲမလို့ နည်းနည်းတော့ အံ့သြမိသည်၊၊ ထို့ပြင်  ခွဲခန်းထဲ၌ ပစ္စည်းကိရိယာက စုံလင်သည့်အပြင် ဆရာဝန်များသည်လည်း ဆယ်ယောက်ထက်မနည်းကို ရှိ၏၊၊ ထိုဆရာဝန်များကို ကြည့်ပုံအရ နယ်နယ်ရရလူများမဟုတ်မှန်း ဗမာ အလိုလိုကို ရိပ်မိပါသည်၊၊  ထို့နောက်  ဆရာဝန်တစ်ယောက်သည် ဗမာကို  လူနာ ဝတ်စုံ လာပေးသည်ကြောင့်  ဗမာ လဲဝတ်လိုက်လေ သည်၊၊


"မေ့ဆေး ထိုးတော့မယ်နော် ကောင်လေး "


ဗမာ ကုတင်ပေါ်သို့  တတ်လိုက်သည်နှင့် ဆရာဝန်တစ်ဦးက ကြည်လင်သော အသံအနေအထားဖြင့် ပြောလာလေသည်၊၊ ထို့ကြောင့် ဗမာလည်း ထိုဆရာဝန်ကို ခေါင်းသာ ညိတ်ပြလိုက်တော့သည်၊၊


ဆေးအပ်သည် ဗမာ ၏ အကြောထဲသို့ ဝင်ရောက်လာပြီးချိန်၌ ဗမာ၏ အမြင်အာရုံမှာ ဝေဝါးလာကာဖြင့် အသိစိတ်အာရုံသည်လည်း   မဲမှောင်နေသော အနက်ဆုံးအပိုင်းထဲသို့  တိုးဝင်ကာဖြင့် လွင့်မျော သွားလေတော့သည်၊၊

"အကုန် အဆင့်သင့်ဖြစ်ပါပြီ၊၊ ခွဲစိတ်ခြင်းက စလို့ရပြီ"

အကူဆရာဝန်ဆီမှ အဆင့်သင့်ဖြစ်ကြောင်း အသံထွက်လာပြီးနောက်  ခွဲခန်းထဲသို့  ခေါင်းဆောင် ဆရာဝန်ကြီးနှင့်အတူ  တွဲဖက် ခွဲစိတ်မည် အရပ်ထောင်းထောင်းမောင်းမောင်းရှိလှသော ဆရာဝန်တစ်ယောက်က ဝင်ရောက်လာလေသည်၊၊


အခု အဓိက ခွဲစိတ်မည် ဆရာဝန်နှစ်ယောက်မှာ တစ်ယောက်က ဆေး၌ ပရဂူဘွဲ့ရထားသော ဆရာဝန်ကြီးဖြစ်ပြီး ကျန်တစ်ယောက်ကမူ   ဆေးလက်မှတ် ကောင်းမွန်စွာ ရထားသော်လည်း  ဆရာဝန်အဖြစ် လုပ်ဆောင် ခြင်းမရှိပဲ  မြေအောက်လမ်းကိုသာ လျှောက်လှမ်းနေသူဖြစ်သည်၊၊

ဒီနေ့ ခွန်းဗမာရစ် ကို ခွဲစိတ်ဖို့အတွက်  Zero နေ့မနားညမနားနဲ့ပင် အလုပ်များကို တစ်ဖက်  ဆေးပညာပိုင်းကို  ပြန်လေ့လာရသည်က တစ်ဖက်ဖြင့် အချိန်တွေကုန်ဆုံးခဲ့သည်၊၊


ဆေးပညာနဲ့ ကျောင်းပြီးထားသည့်အပြင် ဆရာဝန်လက်မှတ်ရထားသောငြား  Zeroကတော့ စီးပွားရေးရှင်သာ လုပ်နေသည့်မလို့ ဆေးပညာနဲ့ အနည်းငယ်အလှမ်းဝေးနေသည်ကတော့ အမှန်ပင်ဖြစ်သည်၊၊ သို့သော်  ပြန်လေ့လာခဲ့သည်မှာ လနဲ့ချီပင်ရှိပြီမလို့ ဒီခွဲစိတ်မှု၌ Zero  ပါဝင်ရန် အဆင့်သင့်ပင် ဖြစ်နေလေပြီ၊၊


သေချာပေါက် ခွန်းဗမာရစ် ကို ပြန်လည်ရှင်သန်ရန်အတွက် ကြိုစား လုပ်ဆောင်ရမည့် ဒီကိစ္စက   နေ့မနားညမနား Zero လုပ်ခဲ့ရတာများနှင့် ယဥ်လျှင် တန်သည်လို့ဆိုရမည်၊၊  ကြိုးစားမှု၏ ရလဒ်အရ ခွန်းဗမာရစ် က လူကောင်းတစ်ယောက် ဖြစ်လာမှကိုဖြစ်မည်၊၊ ဒါမှလဲ Zero ပြုမူသမျှကို ခံနိုင်ရည်ရှိမည်လေ

"မစ္စတာ Zero   အခု ခွဲစိတ်မှုက  အစားထိုးမအောင်မြင်ရင် ဘယ်လိုလုပ်မလဲ"

ခွဲစိတ်ဖို့အတွက် ပစ္စည်းများ အဆင့်သင့်ဖြစ်အောင်  ချနေစဥ်  ဆရာဝန်ကြီးက  Zero နားကပ်လို့ မေးလာခဲ့သည်၊၊  တစ်ခါမှ ခွဲစိတ်ခန်းမဝင်ခဲ့ဖူးသော Zero အပေါ် ယုံကြည်မှု မရှိနေသော ဆရာဝန်ကြီးကိုလဲ Zero အပြစ်သွားပြောလို့မရပေ၊၊   ဆရာဝန်ကြီး  မယုံနိုင်ဖြစ်တာကလဲ ဖြစ်သင့်သည်ပဲလေ


"ခွန်းဗမာရစ် နဲ့ ကိုက်ညီဖို့ ရာခိုင်နှုန်း များတဲ့ နှလုံးက သုံးခုရှိတယ်မလား"


"အင်း၊၊  သွေးလည်း အလုံအလောက်ရှိတယ်၊၊ ဒါပေမဲ့  အဲ့ နှလုံးသုံးခုကသာ အစားထိုးမှာ မအောင်မြင်ရင်...."

"ကျုပ်နှလုံးကို  ထုတ်ပြိး ခွန်းဗမာရစ် ထဲ ထည့်ပေး"


အံသြသလို ကြည့်လာသော ဆရာဝန်က Zero ၏ စကားကို မယုံသင်္ကာ သလိုရှိ၏၊၊


"စကားကို အလွယ်မပြောနဲ့ မစ္စတာ Zero"

"ကျုပ်က ပြောရင် တည်တယ်၊၊  အဲ့နှလုံးသုံးခုနဲ့သာမရရင် ကျုပ်နှလုံးကို ထုတ်ပြီး  ထည့်ပေးလိုက်"


"ဒါပေမဲ့..."

"စကားများမနေပဲ ခွဲစိတ်မှု စရအောင်၊၊  မှတ်ထားနော် Doctor  ဒီ ခွဲစိတ်မှုက  တစ်စုံ တစ်ခု လွဲမှားလို့မဖြစ်ဘူးဆိုတာ ၊၊ မဟုတ်ရင်တော့   Doctor  ရဲ့ ဆွေစဥ်မျိူးဆက်အတွက် မတွေးဝံ့စရာပဲ"


ဆရာဝန်၏ တုန်လှုပ်နေသော မျက်ဝန်းတွေက ကြောက်ရွံ့မှု၏ ပြယုဂ် တစ်ခုပင်ဖြစ်ပြီး Zero ကို ခေါင်းငုံ့အရိုအသေ ပေးကာဖြင့် ခွဲစိတ်မှုကို စတင်ရန် ကုတင်တစ်ဖက်ဘေး၌ နေရာယူ၏၊၊ ထို့ကြောင့် Zero လည်း ခွန်းဗမာရစ် လဲလျောင်း နေသော ကုတင်တစ်ဖက်ဘေး၌ နေရာ ဝင်ယူလိုက်လေသည်၊၊


ကုတင်ပေါ်၌ မေ့မျောနေသော ခွန်းဗမာရစ် ၏ မျက်နှာကိုကြည့်ပြီး  Zero စိတ်အနည်းငယ်လှုပ် ရှားနေမိပြီး   ဘာမှ အတွေးမရောက်စေရန်  စိတ်ငြိမ်အောင် ကြိုးစားရသည်၊၊ သေချာပေါက် ခွန်းဗမာရစ် ကို  လူကောင်းတစ်ယောက်ဖြစ်အောင်  Zero ပြုပြင်ပြီး ခေါ်ဆောင်လာခဲ့အုံးမှာပါ

ခွဲစိတ်ခန်းထဲမှာ  လိုအပ်သော ပစ္စည်းကိရိယာများကို တောင်းဆိုနေသော ဆရာဝန်နှစ်ယောက်၏ အသံနှင့်  တစ်ခြားသော အကူဆရာဝန်များ၏ လိုအပ်သော ပစ္စည်းများ ယူဆောင်နေသော အသံတို့သာ ထွက်ပေါ်နေသည်၊၊ နည်းနည်းရှုပ်ထွေးလှသော အခြေအနေမှာ ရှိပြီး အားစိုက်လုပ်နေရသော အဓိက  ဆရာဝန် နှစ်ယောက်သည်လည်း  နဖူးကချွေး ခြေမထိ ကျရောက်သလိုပင် နားထင်ကြော များတင်းလျက်  ချွေးပေါက်ပေါက်ပင်ကျနေလေပြီ၊၊


"သွေးသွင်းဖို့ သွေးထုတ်တွေ ထပ်ယူခဲ့"


မာန်ဖီစွာ ထွက်လာသော စကားနောက် ဆရာဝန်အကူများက  လျင်မြန်စွာပင် အသည်းအသန် လှုပ်ရှားကြ၏၊၊   လိုအပ်သည့် လုပ်ဆောင်မှုများအပြင် နှလုံးကိုလည်း သေချာ ဂရုတစိုက်  ထည့်သွင်းရသည်ကြောင့် ခွဲစိတ်ချိန်သည် တစ်ခြား ခွဲစိတ်မှု အချိန်ထက် ပို၍ ပင် အချိန်ကြာမြင့်လေသည်၊၊


"မစ္စတာ Zero  စိတ်ကိုငြိမ်ငြိမ်ထားပြီးလုပ်မယ်နော်  ၊၊  တစ်ခု ခု လွဲချော် လို့မဖြစ်ဘူးမလား  ၊၊ စိတ်မငြိမ်ရင်  တစ်ခြားဆရာဝန်က ဆက်လုပ်ပါလိမ့်မယ် ၊၊ မစ္စတာ Zero ဖယ်လိုက်ပါ"

"စကားများမနေပဲ ဆက်လုပ်စမ်း၊၊ ကျုပ် ကရတယ်"


တစ်ဖန် စကားပြောသံမှာ ပြန်၍ တိတ်ဆိတ်သွားလျက် ခွဲစိတ်မှုကို အာရုံပြန်စိုက်ကြ၏၊၊  အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးတဲ့နောက်  နှလုံးအစားထိုးကုသမှုသည်လည်း အောင်မြင်စွာပင် ပြီးဆုံးခဲ့သည်၊၊ ရပ်တန့်သွားသော နှခုန်နှုန်းကြောင့်  Zero နဲ့ ဆရာဝန်ကြီးတို့မှာ အသည်းအသန် လုပ်ခဲ့ရသေး၏၊၊ သို့သော် နောက်ဆုံးမှာတော့ ကိုက်ညီသော နှလုံးတစ်ခုနဲ့ပင် ခွန်းဗမာရစ် ကို ခွဲစိတ်မှုသည်အောင်မြင်ခဲ့သည်၊၊


" အဆုံးသတ် ချုပ်ဖို့အတွက်   Doctor ကပဲ   တာဝန်ယူလိုက်ပါ့မယ်၊၊ မစ္စတာ Zero  သွားနားလို့ရပါပြီ"


"အင်း"


လုပ်နိုင်လိမ့်မယ်လို့မထင်ခဲ့ပေမဲ့  တကယ်တမ်း ခွန်းဗမာရစ် အတွက် ခွဲစိတ်မှုသည် အောင်မြင်ခဲ့လေတော့  Zero  ပထမဦးဆုံးအနေဖြင့် တစ်စုံတစ်ယောက်အတွက် မျက်ရည်ပင်ကျမိသည်၊၊ နာကျင်လွန်း၍မဟုတ်ပဲ ပျော်လွန်း၍သာ

ခွဲစိတ်ခန်းဝင်သော အင်္ကျီ များကိုချွတ်ပြီး ခန္ဓာကိုယ် ကို သန့်စင်ပြီးနောက် Zero  ခွဲခန်းထဲကနေ ထွက်လာခဲ့တော့သည်၊၊ ခွဲစိတ်ချိန်သည်  7 နာရီလောက်ထိကို အချိန်ပေးခဲ့ရပြီး  အသက်နဲ့လောင်းကြေးထပ်ရသော ကစားပွဲတစ်ခုလိုပင် အတုန်တုန်အယင်ယင်နဲ့ပင်ပြီးဆုံးခဲ့သည်၊၊ အခုတော့  ခွန်းဗမာရစ် နိုးထလာမည့်အချိန်ကိုသာ စောင့်ရမည်ဖြစ်ပြီး ကျန်သည် နှလုံးနဲ့ပက်သက်သော ကိစ္စကတော့  လူကောင်းတစ်ယောက်လိုပင် ကောင်းမွန်သွားပြီဖြစ်၏၊၊


"Leader  နားအုံးမလား"

ခွဲခန်းအပြင်ဘက်၌ စောင့်နေသော ဇေဗန်က   Zero ထွက်လာသည်ကို မြင်တော့အမေးပြု၏၊၊ ဇေဗန်က ခွဲစိတ်မှု အကြောင်း Zero ကို စကားမစသောလည်း  Zero ၏ မျက်နှာအမူအရာကို ကြည့်၍ ခွဲစိတ်မှုအောင်မြင်ကြောင်း ကောက်ချက် ချလိုက်ပုံပင်ရသည်၊၊


"ထွက်ခွာဖို့အသင့်ပြင်၊၊ ဇေဗီယာကိုလဲ လှမ်းဆက်သွယ်လိုက် စနှိုက်ဖာ သမားတွေ အဆင့်သင့် လုပ်ထားဖို့"


"ကောင်းပါပြီ"


Island ၏ ယာဥ်ရပ်နားရာ နေရာသို့ ခြေလှမ်းကျဲ များနဲ့  လျှောက်သွားသော Leader နောက်  ဇေဗန်မှာ အမြန်သုတ်ခြေတင်ကာ လိုက်ရ၏၊၊  ခွဲခန်းထဲက ပြန်ထွက်လာသည့် Leaderက မျက်ဝန်းသားတွေ ရဲနေသော်လည်း တည်ငြိမ်နေသော ပုံစံမို့ ခွဲစိတ်မှုက ရာနှုန်းပြည့်  အောင်မြင်ကြောင်း ဇေဗန် သိလိုက်ပြီဖြစ်သည်၊၊

ခွဲစိတ်မှုသာ မအောင်မြင်ပဲ တစ်ခုခု လွဲမှားရင်တော့ Leader က အခုလို တည်ငြိမ်ပုံပေါက်နေမည်မဟုတ်ပေ၊၊ ထို့ပြင် ခွဲခန်းအကြာကြီး ဝင်ထားသော Leaderက  မနားပဲ Mission  ကို တန်းလုပ်မည်ဆိုတာကြောင့်  ဇေဗန် Leader ကို တွေးပူရပါသေးသည်၊၊


ခွန်းအတွက် ကိုယ််တိုင် ခွဲခန်းဝင်ဖို့ Leader ဘယ်လို  နေ့မနား ညမနားနဲ့ လုပ်ခဲ့ရလဲ ဆိုတာ အနေနီးနေသော ဇေဗန်ကသာ ကောင်းကောင်းသိ၏၊၊ ထို့ကြောင့် Leader ကို သနားမိတယ်ဆိုလဲ မှန်သည်၊၊   ညဘက်တွေ ကောင်းကောင်းမအိပ်ထားသော Leader က Mission လုပ်နေစဥ်အတွင်း ပြစ်လဲ သွားမှာကိုလဲ ဇေဗန် တွေးပူရပြန်ပါသည်၊၊


Leader၏ အခြေအနေကြည့်ပုံ အရတော့ အဆင်ပြေနေသေးပေမဲ့   လူတစ်ယောက်၏ ခံစားချက်ကို အပေါ်ပိုင်းလေးကြည့်ယုံနဲ့  အလွယ်တော့ မတွေးသင့်သည်မို့  ဇေဗန်မှာ Leader ကို မျက်စိဒေါက်ထောင့် ကို လိုက်ကြည့်နေရသည်၊၊


ရဟတ်ယာဉ် ထဲ တန်းဝင်သွားသော Leader က  ရဟတ်ယာဉ် ထဲ ရောက်သည်ဆိုရင်ပဲ အပေါ်ကုတ် အင်္ကျီ ကို ချွတ်လျက်  အတွင်း၌ လက်နက်အပြည့် တပ်ဆင်ထားသော ဝတ်စုံအနက်ကို ဝတ်လျက်    လက်အိတ်အနက်ကို ဝတ်ပြီးနောက် အပေါ်ကနေ ကုတ် အင်္ကျီ အရှည်အနက်ကို ပြန်ဝတ်၏၊၊ ထို့နောက်  မျက်နှာတစ်ခြမ်းက ပြုံးယောင်သမ်းနေသော လဲ တစ်ခြမ်းကတော့ ပပ်ကြားအက် နေသော အနေအထားရှိသည့်  မျက်နှာဖုံးကို Leader က  မျက်နှာ၌ တပ်ဆင်ပြီးနောက် ရဟတ်ယာဉ် ကို ထွက်ခွာဖို့အချက်ပြ၏၊၊


ဇေဗန်လည်း  ပြင်ဆင်စရာရှိသော ကိစ္စများနှင့် Leader  ညွှန်းကြားထားသည့် ကိစ္စများကို လုပ်ဆောင်ပြီးနောက် ဦးတည်ရာဖြစ်သော နေရာသို့ ရဟတ်ယာဉ် ဖြင့်  ထွက်ခွာခဲ့တော့သည်၊၊


ပုံမှန်ကတော့ ယာဥ်မောင်းသမားတစ်ယောက်ရှိသောလဲ ယခု Mission အရ  Leader နဲ့ ဇေဗန်သာ ရဟတ် ထဲပါလာခဲ့ပြီး ယာဥ်မောင်းတာဝန်ကိုတော့ ဇေဗန်ကသာ လုပ်ဆောင်သည်၊၊  Leaderကတော့ ရဟတ် ယာဥ်၏ နောက်ခန်း၌ ထိုင်လျက်  laptop ဖန်သားပြင်သို့အကြည့်ပို့လျက်  အလုပ်လုပ်နေပုံရသည်၊၊

"ဘယ်အချိန် ရောက်မလဲ"


"နောက် ဆယ်မိနစ်ဆို  ကျုပ်တို့ အဓိက စခန်းနားကို ရောက်ပြီ Leader"


အရှိန်တင်လျက် ရဟတ်ယာဉ် ကို မောင်းလာပြီးနောက် သိပ်မကြာခင်အချိန်တွင်းမှာတင်  ရဟတ်ယာဉ် သည် စခန်းနား၌ ဆိုက်ကပ်လာခဲ့သည်၊၊  ရဟတ်ယာဉ် ပေါ်ကနေ Leader နှင့် ဇေဗန်ဆင်းလာတော့  တန်းစီလျက် အဆင့်သင့်စောင့်နေသော အနက်ရောင်ဝတ်စုံနှင့် လူတွေက တပြေးညီထဲပင် ခေါင်းငုံ့ကာ အရိုအသေ ပေးကြသည်၊၊


" Leader  ခဏနေ ရင် ပြစ်ခတ်မှု စတင်ပါ့မယ်၊၊ တစ်ဖက်က မသိခင် အလစ်တိုက်မှာ မလို့  နည်းနည်းတော့ ကျုပ်တို့ အမြန်အပြီးသတ်ဖို့လိုမယ်"

တန်းစီနေသော လူတွေ၏ ထိပ်၌ ရှိသော ဇေဗီယာက Zero အနားသို့  ကပ်လျက် ပြောလာ၏၊၊    ဒီစခန်းနဲ့ တစ်ဖက်က  Fox ဂိုဏ်း၏ ပင်မစခန်းနဲ့က မိုင်အနည်းငယ်ကွာခြားသော်လည်း  လက်ပြစ်ဗုံးနှင့် လောင်ချာတွေသာ အလုံအလောက်ရှိလျှင် Zero တို့ဘက်က နိုင်ဖို့များသည်၊၊

Fox ဂိုဏ်း သည်လည်း  ဂိုဏ်း ကြီးတွေထဲက တစ်ခုပင်ဖြစ်သည့်မို့ အမြစ်ဖြတ်ရှင်းလင်းဖို့ရာ သိပ်တော့မလွယ်ကူချေ၊၊  အရင်က Zero ၏ ဂိုဏ်း ဖြစ်သော Dargon  ဂိုဏ်း နဲ့ fox  ဂိုဏ်း သည် သစ္စာခံထားသော ဂိုဏ်း နှစ်ခုဖြစ်သော်လည်း  fox က သစ္စာဖောက်လျက် မာန်ဟုန်မှိုင်းနှင့် ပူပေါင်းနေကြောင်း သတင်းရထားသည်မလို့  အခုလို  အလစ်တိုက်လျက် အမြစ်ဖြတ်မည့် အစီအစဉ် က ဖြစ်ပေါ်လာရသည်၊၊


Zero တို့ ဂိုဏ်း ဘက်က စတင် သစ္စာ ဖောက်သည်မဟုတ်တာကြောင့် အခု ကစားပွဲက တစ်ဖက် fox ဂိုဏ်း ရသင့်သည် ပြစ်ဒဏ် လို့သာ ဆိုရမည်၊၊ ဒါက မျှတခြင်းပါပင်၊၊


" လောင်ချာနဲ့ လက်ပြစ်ဗုံးကို အသင့်ပြင်ထား ၊၊ခေါင်းဆောင် ကို ငါကိုယ်တိုင်  ကိုင်တွယ်မယ်"


"Leader  fox ဂိုဏ်း က မြသဲဖြူကို  တစ်ခါထဲ ခေါ်ဆောင်ခဲ့ရမလား"

ဇေဗန်၏ သတိပေးစကားကိုကြားမှ မြသဲဖြူကို နှိပ်စက် ပြီးဖမ်းထားသည်ကို Zero ပြန်သတိရတော့သည်၊၊   ခွန်းဗမာရစ် အပေါ် အပြစ်ပြုထားလို့  မြသဲဖြူကို နှိပ်စက် ထားတာက မှန်သလို  သစ္စာဖောက်၏ သမီးမလို့လဲ နှိပ်စက်ထားခြင်းဖြစ်သည်၊၊


အသက်ဖျော့ဖျော့သာ ထား  ထားသည့် မြသဲဖြူသည်  သူ၏ နေရက်က ဒီနေ့နောက်ဆုံးဖြစ်လိမ့်မည်၊၊  သူအဖေနဲ့အတူ  Zero က ပို့ဆောင်ပေးမှာ ဆိုလဲ မှန်၏၊၊


"ခေါ်ခဲ့ "


"သိပါပြီ Leader"

အဓိကစခန်းနား၌ ဝိုင်းထားသော Zero လက်အောက်က စနှိုက်ဖာသမားအများအပြားရှိပြီး ရှေ့ဆုံးက တတ်မည့်  လူအင်အားသည်လည်း အနည်းငယ်များ၏၊၊  fox ဂိုဏ်း ၏ ပင်မစခန်းရဲ့ လျို့ဝှက် လမ်းကြောင်းထဲသို့ Zeroက အရင်ဆုံးဖောက်ဝင်ရမည်ဖြစ်ပြီး Zero အချက်ပြမှသာ ကျန်သည့်လူများက အသီးသီး လှုပ်ရှားကြမည် ဖြစ်သည်၊၊


   ရန်သူ၏  အဓိက ဂူအတွင်းထဲသို့ တစ်ယောက်ထဲ ဝင်ရောက်သည်က     နည်းနည်း စွန်စားရာကျပေမဲ့ Zero လုပ်ကိုင်သော အလုပ်က  စွန့်စားရမည့်  လုပ်ငန်းတွေပဲမလို့  အထူးအဆန်းတော့ မရှိပေ၊၊

"Leader  ကျုပ်လိုက်ခဲ့ရမလား၊၊ ကျုပ် Leader ကိုစိတ်မချဘူး"


Zero ထွက်ခွာမည် ပြင်ဆင်  Zero အရှေ့ကနေ ရပ်လျက်  ဇေဗန်က  စိတ်မချစွာ စကားဆိုလာ၏၊၊  အခုမှ လည်း ဒီလို ကိစ္စတွေက လုပ်ဖူးသည် မဟုတ်ပဲ စိုးရိမ်တတ်လွန်းသော ဇေဗန်ကို  Zero အရှေ့ကနေ တွန်းဖယ်ကဖြင့်    လမ်းကြောင်းအတိုင်းသာ တိတ်တဆိတ် ထွက်ခွာ လာခဲ့တော့သည်၊၊


"Zero ကြားလား  ငါအသံ  ၊၊ တစ်ခုခုဖြစ်ရင် အချက်ပြ ခလုတ်နှိပ်ဖို့မမေ့နဲ့နော်"

ဆက်သွယ်ရေးကိရိယာမှ  ဇေထက်ရှား၏ အသံကို  Zero စကြားရ၏၊၊   လျိုဝှက်လမ်းကြောင်းကို ဇေထက်ရှားက  laptop ထဲကနေ စောင့်ကြည့်နေပြီး Zero ၏ လှုပ်ရှားမှုကိုလဲ ဇေထက်ရှားက မြင်နေရမှာ ဖြစ်သည်၊၊  သို့သော်လည်း တတွတ်တွတ် လှမ်းပြောနေသော ဇေထက်ရှားကြောင့် Zero သိပ်ပြီးစိတ်မကြည်တော့ပေ၊၊

" Zero သေချာဂရုစိုက်မယ်နော် တစ်ခုခုဖြစ်ရင် မင်းနောက်မှာ ငါပါလာတယ် ၊၊ လှမ်းပြောလို့ရတယ်"

Zero နဲ့ အနေအထားခပ်လှမ်းလှမ်းကနေ တိတ်တဆိတ်လိုက်ပါလာသော  အောင်ခွန်းခသည်လဲ  မိနစ် မခြားပဲ ဆက်သွယ်ရေးကိရိယာကို သုံးလျက်  Zero ကို  ဂရုစိုက်ဖို့သာ အတန်တန်ပြောနေလေသည်၊၊    Zero က ကလေးတစ်ယောက်မဟုတ်သော်လည်း  ကလေးလိုပင် ဂရုစိုက်နေသော  လူတွေကြောင့် အနေကျပ်ရသည်မှာ အမှန်ပင်ဖြစ်၏၊၊ ထို့ပြင် ကပ်မ လိုက်လာဖို့ Zero ပြောခဲ့သော်လည်း အောင်ခွန်းခကတော့ အခု ကပ်လိုက်လာလေသည်၊၊


ဆက်သွယ်ရေးကိရိယာကို Zero ဖြုတ်ချလိုက်ပြီးနောက်  အရှေ့၌ လမ်းကိုသာ အာရုံစိုက်ကာဖြင့်   fox ခေါင်းဆောင်ရှိမည် နေရာကို  တဖြည်းဖြည်းနဲ့ ပင် ချည်းကပ်လာခဲ့သည်၊၊


ထွက်ပေါက်ဖြစ်သော တံခါးပေါက်ဝနဲ့ နီးကပ်လာလေ  တစ်ဖက်ခန်းမှ စကားပြောနေကြသော လူတွေ၏ အသံကို စကြားရလေပင် ဖြစ်သည်၊၊  ဒီအခန်းက  fox ခေါင်းဆောင်နေသော နေရာကို သွားဖို့အတွက် ကြားခံအနေနဲ့ ရှိသော အစောင့် ၏ အခန်းပင်ဖြစ်သည်၊၊  ပျမ်းမျှ ခြင်းအားဖြင့် ဒီအခန်းထဲ၌ အစောင့် လေးယောက်ထက်ပို၍ ရှိနိုင်သည်၊၊


ဝုန်း !!


တံခါးကို ဆောင့်ကန်ဖွင့်လျက် စကားများနေသော အစောင့်တွေကို  အခွင်းကောင်းယူကာဖြင့်   Zero အမြဲ သုံးနေကျ လက်နက်ဖြစ်သော ငွေမှင်ရောင် နဂါးအပ်နှင့် ပြစ်ပေါက် လိုက်လျှင် အသံမထွက်နိုင်စွာပဲ  အစောင့်တွေမှာ တအစ်အစ်နဲ့ပင် ပြစ်လှဲ ကျတော့သည်၊၊  


အသံတိတ်သာ ရှင်းရမည်မို့ သေနတ်ကို  သုံးလို့မဖြစ်သေးပေ၊၊ ထို့ကြောင့် အဆိပ်ပြင်း နဲ့ လုပ်ထားသော ငွေမှင်ရောင် နဂါးအပ်ကိုသာ Zero အသုံးချလျက် fox ခေါင်းဆောင် ရှိရာသို့ အမြန် သွားရပေမည်၊၊


အစောင့်အခန်းထဲ၌ ရှိနေသော တံခါး နောက်တစ်ချက်ကို  Zero ဖွင့်မည်ပြင်စဥ်မှာပင်

"ခဏလေး Zero "


Zero ပခုံးကို ကိုင်ကာ  အောင်ခွန်းခက လှမ်းတာလာ၏၊၊ မလိုက်လာဖို့ ပြောတာတောင် အောင်ခွန်းခက  ခပ်ခွာခွာကနေ လိုက်လာလို့ Zero မှာ  တင်းနေသော်လည်း  အခုတော့ အောင်ခွန်းခက Zero အနားပင် ရောက်လာလေသည်၊၊ အမိန့်စကားကို သိပ်နာခံတဲ့ကောင်ပဲ


" တစ်ခုခုမူမမှန်သလိုပဲ ၊၊ fox ခေါင်းဆောင် ရှိတဲ့နေရာသွားဖို့ အရမ်း လွယ်ကူနေတယ် မထင်ဘူးလား"


အောင်ခွန်းခက အခန်းပတ်လည်ကို သေချာကြည့်ရှုလျက်  မသင်္ကာသလို ဆိုလာ၏၊၊ Zero လည်း လွယ်ကူ စွာ သွားလာနိုင်ခြင်းအပေါ်အနည်းငယ် သံသယ ဝင်မိပေမဲ့  ဘာဘဲဖြစ်ဖြစ် စထွက်လာခဲ့ပြီးပြီးမို့ အဆုံးထိတော့ လျှောက်ရမည်၊၊


အစောပိုင်း fox ဂိုဏ်း နဲ့ ဆွေးနွေးထားသော Mission မှာ Zero အစား ကျော်ဇော်ကို လွှတ်လိုက်တာဖြစ်ပြီး Fox ဂိုဏ်း ကို ဖြိုချဖို့အတွက်တော့ Zero ကိုယ်တိုင်လာသည်မို့  fox ဂိုဏ်း ခေါင်းဆောင် က သတိထားမိလောက်မည် မဟုတ်ပေ၊၊


"ငါအရှေ့က ဖယ်" 


"နေအုံး၊၊ ငါတံခါးဖွင့်ပြီး   အစောင့်တွေကို ကာပြစ်ပေးမယ်  မင်းက အခြေအနေကြည့်လှုပ်ရှား"


Zero ကို တံခါးအဖွင့်မခံ ပဲ အောင်ခွန်းခက သူကိုယ်တိုင်ပင်  လော့မချထားသော တံခါးကို ဆောင့်ကန်ဖွင့်လျက် အထဲသို့ ပြေးဝင်လေသည်၊၊ ထို့နောက် ထိုအခန်းထဲက သေနတ်သံမှာဆက်တိုက်ကို  ပေါ်ထွက်လာခဲ့သည်၊၊


အောင်ခွန်းခ အခန်းထဲပြေးဝင်သွားထဲက Zero ထက်ကြပ်မကွာ ကပ်၍ လိုက်ဝင်ခဲ့သည်ကြောင့်  ဆယ်ယောက်လောက်ရှိသော အစောင့် အုပ်စုကို အချိန်တို အတွင်းမှာပင် ရှင်းလင်းနိုင်ခဲ့သည်၊၊


ဒီအခန်းသည် ကျယ်ဝန်းပြီး  အိမ်ကြီးတစ်ခု၏ ဧည့်ခန်းကျယ်နီးပါးလောက်ကို ရှိ၏၊၊  ဖွဲ့စည်းပုံ ကို လေ့လာထားချက်အရ  ဒီအခန်း၌ fox ဂိုဏ်း ခေါင်းဆောင် ရှိနေမည်ဟု ဆိုပေမဲ့ အခုမူ အစောင့် ဆယ်ယောက်လောက်သာရှိသည်၊၊ ထို့ပြင် အသံတစ်ခုမှ မကြားရလောက်အောင် တိတ်ဆိတ်နေသည့်ကြောင့်  မူမမှန်ခြင်းမှာ ပို၍ ပင်သိသာလာလေသည်၊၊


"Zero    လျို့ဝှက်လမ်းကြောင်းနဲ့ ဖွဲ့စည်းပုံ ကို ဘယ်သူ စုံစမ်းတာလဲ"


"ဇေဗီယာ"


Zero အဖြေအဆုံး အနည်းငယ် တွေးဆဆ ဖြစ်သွားသော အောင်ခွန်းခက ခဏလောက်တော့ ငြိမ်သက်သွားလေသည်၊၊ ထို့နောက်  Zero ကို  အပြင်က လူတွေကို အချက်ပြဖို့ မျက်နှာရိပ် လှမ်းပြပြီး လက်နက်ကို အဆင့်သင့်လုပ်ထားရန်လည်း လက်ဟန်လှမ်းပြသည်၊၊


ချွတ်ထားသော ဆက်သွယ်ရေးကိရိယာကို Zero နား၌ ပြန်တပ်ဆင်ပြီးနောက်  အပြင်က အဖွဲ့များကို လှုပ်ရှားရန်  အမိန့်ပေးလိုက်၏၊၊ ထို့နောက် Zero ခါး၌ ထိုးထားသော သေနတ်နှစ်လတ်ကို  လက်တစ်ဖက်စီ၌ ကိုင်ပြီးနောက်  တိတ်ဆိတ်နေသော အခန်းပတ်လည်ကို  လှည်ပတ်ကြည့်ရှူမိသည်၊၊

"  ဟားးးးမစ္စတာ Zeroက   အခုလို လာတိုက်မယ်လို့တောင်မထင်ထားဘူးနော်"


တိတ်ဆိတ်နေသော  အခန်း၏ တစ်နေရာကနေ  ရယ်မော လျက် fox ဂိုဏ်း ခေါင်းဆောင်က ထွက်လာပြီးနောက် အခန်းပြည့်လုနီးပါး  အနက်ရောင်ဝတ်စုံတွေဝတ်ထားသော  လူတွေက Zero နဲ့ အောင်ခွန်းခကို ဝိုင်းလိုက်လေသည်၊၊ အခုလို အခြေအနေက Zero တို့ ဂိုဏ်း ၏ သတင်းပေါက်ကြားသွားကြောင်းဖြစ်ပြီး  သူလျှို ရှိနေကြောင်းလဲ ဖော်ပြလိုက်သလိုပင်၊၊


အပြင်ဘက်၌တော့ ပြစ်ခတ်နေသော  သေနတ်သံများနှင့် ဗုံးများ၏ အသံများကို ကြားနေရပြီး Fox ဂိုဏ်း သည်လည်း  ကြိုတင်ပြင်ဆင်ထားပုံ ရ၏၊၊ fox ဂိုဏ်း က ကြိုတင်ပြင်ဆင်ထားတယ်ဆိုရင်တောင်မှပဲ Zero က လူအင်အားအလုံအလောက် ခေါ်ဆောင်လာသည်မလို့   ဒီပွဲ၌ မနိုင်မှာကို တော့ စိတ်ပူစရာမလိုပေ၊၊ သို့ပေမဲ့  အခု လူအများနှင့် နှစ်ယောက် ဝိုင်းခံ ထားရသော အခြေအနေကတော့ ဖောက်ထွက်ဖို့ရာ ခက်ခဲ လိမ့်မည်၊၊


"သစ္စာဖောက်ကို  လာတိုက်တာပဲ ဆန်းသလား"


ထိုင်ခုံ ၌ ဝင်ထိုင်လိုက်သော  fox ဂိုဏ်း ခေါင်းဆောင် က Zero ကို မျက်မှောင်ကုတ် လျက် စိုက်ကြည်လာသည်၊၊ ဒီပုံစံဆိုရင်တော့ သူသစ္စာဖောက်ဆိုတာ  Zero မသိသေးလောက်ဘူးလို့ တွက်ဆ ထားတဲ့ပုံပင်


"စကားစမြည်ပြော ပြီး ညှိနှိုင်းကြမလား၊၊  Dragon  ဂိုဏ်း နဲ့ တကယ်  မတိုက်ခိုက်ချင်ဘူးလေ "


"ခွေးစကား ပြောနိုင်သေးတယ် စောက်ရှက်က တစ်စက်လေးမှ မရှိဘူးပဲ"


ဒိုင်းးဒိုင်းးး!!!!!


Zero လက်ထဲမှ ငွေမှင်ရောင် နဂါးအပ်ကို လျင်မြန်စွာပင်  ထိုင်နေသော  fox ဂိုဏ်း ခေါင်းဆောင်ဆီပြစ်ထုတ်လိုက်ပေမဲ့  အစောင့် တစ်ယောက်၏ အကာအကွယ် ကြောင့်  fox ဂိုဏ်း ခေါင်းဆောင်မှာ ဘာမှမဖြစ်သွားလိုက်ပေ၊၊  ထို့ပြင် Zero ထံ ပြစ်ခတ်လာသော  သေနတ် ကျည်တွေကတော့ ခပ်များများပါပဲ


ကျည်ကာ အင်္ကျီ  ရှိသည်က တစ်ကြောင်း  လျင်မြန်စွာ   ရှောင်လွဲနိုင်ပြီး  တိုက်ခိုက်မှုတို့သည် စိပ်သည်မလို့ Zero သေနတ်တစ်ချက်မှ မထိသေးပေ၊၊ အောင်ခွန်းခသည်လည်း  သူတစ်ပြန်ငါတစ်ပြန် ပြစ်ခတ်ရင်းဖြင့်    ဂျောင်ကြသော နေရာ ကို အကာအကွယ် ယူကာ တန်ပြန် ပြစ်၏၊၊


"ငါ ခေါင်းဆောင် ကိုရှင်းမယ်၊၊ မင်းကာပြစ်ပေးထား"


Zero လှမ်းအော်တော့   အောင်ခွန်းခက   လက်ဖြင့် အိုခေ ဟု လုပ်ပြပြီး ပြစ်ခတ်မှုသည်နှစ်ဆ ဖြစ်လာတော့သည်၊၊ Zero သည်လည်း  အစောင့်များကို   ပြစ်ခတ်နေပါသော်ငြား  တစ်ဖတ်က  လူအင်အားများနေသည်ကြောင့် တော်တော်နဲ့ ပြစ်ခတ်မှုမှာ မပြီးနိုင်မစီးနိုင်ထိကို ဖြစ်၏၊၊

ဒိုင်းးးဒိုင်းးးး!!!   ဝုန်းးး!!

Fox ဂိုဏ်း ခေါင်းဆောင်သည် သူလူများ၏ အကာအကွယ် ကို ယူလျက်  အပြင်ပြေးထွက်ဖို့ ကြံ၏၊၊  အဆက်မပြတ် ပြစ်ခတ်နေသော သေနတ်တွေကြောင့်  Zero   Fox ဂိုဏ်း ခေါင်းဆောင်ဆီသို့ ချည်းကပ်ဖို့ရာ အနည်းငယ် အခက်ခဲ ရှိလှသည် ၊၊  

အကာအကွယ် ယူထားသော ထောင့်မှ ထွက်လျက်   တွေ့သမျှလူတွေကို Zero ရှင်းပြစ်ပြီး  Fox ဂိုဏ်း ခေါင်းဆောင်နောက်ကို အမြန်ပြေးလိုက်ရသည်၊၊ အောင်ခွန်းခကတော့  Zero အနောက်ဘက်ခြမ်း၌ မပြီးပြတ်စွာ ကျန်ရှိနေသေးသော်  အစောင့်များကို တာဝန်ယူ ဖြေရှင်းလေသည်၊၊


"ခင်ဗျား ဘယ်ပြေးမလဲ! "

Fox ဂိုဏ်း ခေါင်းဆောင်ကို အကာအကွယ် ပေးနေသော ကောင်တွေကို  သေနတ်နဲ့ Zero ပြစ်ခတ်ရှင်းပြစ်ပြီးနောက်  ခေါင်းဆောင် ဖြစ်သူကိုတော့  ခြေထောက်ကို သေနတ်ဖြင့်ပြစ်လိုက်လေသည်၊၊ ခြေထောက် သေနတ်ထိသွားသော Fox ဂိုဏ်း ခေါင်းဆောင်ကတော့   အောက်ခင်း၌ လူးလိမ့်နေပြီး တွားသွားကာဖြင့် Zeroနဲ့ ဝေးရာကို သွား၏၊၊


"အခုမှပြေးလွတ်ချင်တယ်ပေါ့"


အားးးးး!!!


ဒဏ်ရာ ရထားသော Fox ဂိုဏ်း ခေါင်းဆောင်၏ ခြေထောက်ကို  Zero အားပါပါနဲ့ တတ်နင်းထားလိုက်တော့ အားခေါင်ခြစ်အော်သံက ဆူညံ့စွာပင်ထွက်လာလေသည်၊၊

မှောက်ခုံဖြစ်နေသော Fox ဂိုဏ်း ခေါင်းဆောင်ကို ပက်လက်အနေအထားသို့  Zero ပြန်လှည့်လိုက်တော့   ဓားအသေးတစ်ချောင်းနဲ့ ရုတ်တရက် ပင် ကောက်ပေါက်လာသည်မလို့  Zero ရှောင်လိုက်သော်လည်း  လက်မောင်း ကိုတော့ အနည်းငယ် ရှက်ထိသွားသေးသည်၊၊

ခွပ် ခွပ်  ခွပ်!!!

Fox ဂိုဏ်း ခေါင်းဆောင်အပေါ်သို့ Zero တတ်ခွလျက်  လက်သီးချက်ပြင်းပြင်းကို အဆက်မပြတ်ပင်   ထိုးကြိတ်မိသည်၊၊ ကိုယ်အသားကို နာအောင် လုပ်တဲ့ လူကို Zero ထုံစံအရ ညှာတာလေ့ မရှိသည်ကြောင့်  စိတ်လွတ်စွာပင်  Fox ဂိုဏ်း ခေါင်းဆောင်၏ မျက်နှာကို  ထိုးကြိတ်နေမိတော့သည်၊၊


" Leader  အပြင်ဘက်က လူတွေ အကုန် ရှင်းထုတ်ပြီးပါပြီ"

မောပန်းလျက် ဒဏ်ရာ အနည်းငယ်ရနေသော Leader အနား ဇေဗန် သွားကာဖြင့် ပြောလေတော့  Fox ဂိုဏ်း ခေါင်းဆောင်အပေါ်တတ်ခွထားရာမှ Leader က  မျက်နှာဖုံး ချွတ်လျက် မတ်တတ်ထရပ်လာခဲ့သည်၊၊ Leader ထိုးကြိတ်ထားသော  Fox ဂိုဏ်း ခေါင်းဆောင်ကတော့  မလှုပ်နိုင်တော့ပဲ ငြိမ်သက်နေ၏၊၊


" Leader  မြသဲဖြူကို ကျုပ်ခေါ်လာပါပြီ"

Zero တို့ အနားသို့   ဇေဗီယာက မြသဲဖြူကို ဖမ်းခေါ်၍ လျှောက်လာခဲ့သည်၊၊  မြသဲဖြူ၏ မျက်နှာသည်ဖြူဖျော့နေပြီး အသွေးရောင် မရှိတော့သော်လည်း  အသက်ရှိနေသေး၏၊၊  ခပ်မှေးမှေးပွင့်နေသော မျက်ဝန်းလွှာတွေကြားကနေ Zero တို့ဘက်ကို မြသဲဖြူက   ကြည့်နေသေးသည်၊၊


ဇေဗီယာသည် မြသဲဖြူကို သူ့အဖေနားသို့ ပြစ်ချလျက် Zero ရပ်နေသော နောက်၌ လာဝင်ရပ်သည်၊၊  ပြီးခဲ့တဲ့ လလောက်ထဲက ဇေဗီယာ၏ အပြုအမူ တွေသည့် Zero အထင် အနည်းငယ် ထူးဆန်းနေသော်လည်း   သေချာ မစစ်ဆေးမိပဲ လွှတ်ထားခဲ့သည်၊၊ အခုတော့ နည်းနည်း ဇေဗီယာကို  Zero သင်္ကာမကင်း ဖြစ်လာသလိုပါပဲ


"သားအဖ နှစ်ယောက်လုံးကို အတူတူ ပို့ပေးမယ်"


"ရှင်    လူယုတ်မာကောင် !"

အားထည့်အော်လာသော မြသဲဖြူ၏ အသံသည် ဟိန်းထွက်နေပြီး နောက်ဆုံးလက်ကျန်အားကို  သုံးကာ အော်လိုက်ပုံရ၏၊၊


လှဲကျနေသော မြသဲဖြူအနား Zero  တိုးကပ်ကာဖြင့် ငုံ့ကိုင်းလိုက်လေတော့ မထင်မှတ်ထားစွာပင်   ကြိုးချည်ထားသော မြသဲဖြူလက်မှာ လွတ်လာလျက်  ဘူးအသေးတစ်ခုထဲမှ အရည်များဖြင့် Zero ၏ မျက်လုံးတည့်တည့်ကို ပတ်လာ‌ခဲ့သည်၊၊

အားးးး!!


ထိုအရည်များက ပူပြင်းကာ ကျိန်းစပ်စေပြီး မျက်စိကန်းဖို့အတွက်လုံလောက်သော အက်စစ် ရည်များ ပင်ဖြစ်ပြီး Zero ၏ အော်သံသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင် အနှံ့ ဟိန်းထွက်သွားလေတော့ သည်၊၊


"Leader !!"


"ဟားးးကျွန်မတို့သားအဖ သေလည်း ရှင်ကတော့ ဒုက္ခိတ အဖြစ်ကျန်ခဲ့ရမယ်"


ဒိုင်းး ဒိုင်းးး!!!

အငွေ့ထွက်နေသော   မျက်လုံး တစ်ဖက်ခြမ်းကို အုပ်ကိုင်လျက် အော်နေသော Leader အနား  ဇေဗန်ပြေးသွားလိုက်ပြီးနောက် မြသဲဖြူနှင့် သူ့အဖေကို သေနတ်ဖြင့် ပြစ်သတ်လိုက်တော့သည်၊၊  ဖမ်းချုပ်ထားခံရသော မြသဲဖြူဆီမှာ ဘာကြောင့် အက်စစ်အရည်က ရှိနေလဲ ဆိုတာ ဇေဗန်း မတွေးမိတော့ပဲ  မျက်လုံးအုပ်ကာ အော်နေသော Leader ကိုသာ ဇေဗန်  ပခုံးပေါ်ထမ်းတင်ကာဖြင့် ထိုအဆောက်အအုံထဲကနေ  ပြေးထွက်လာတော့သည်၊၊


ဇေဗန်အနောက်ကနေ  အစ်ကို ဇေဗီယာက   ပြေးလိုက်လာပြီး  ထပ်ဆင့်ပင်  အောင်ခွန်းခ ကပါ  ပြေးလိုက်လာလေသည်၊၊   Leader ၏ ခန္ဓာကိုယ် သည် လေးနစ်နေသော်လည်း  အရင်ကထက်တော့ အနည်းငယ်ပေါ့နေ၏၊၊ 


Leader  ကို ထမ်းထားသည့်အတိုင်းနှင့် အဆောက်အအုံ အပြင်ဘက်သို့ ရောက်လာတော့ အဆင့်သင့်စောင့်နေသော ကားကို တွေ့သည်မလို့ ထိုကားထဲ Leader ရော ဇေဗန်ပါ တစ်ခါထဲ ဝင်ထိုင်လိုက်တော့သည်၊၊  ထို့နောက်  အစ်ကို ဇေဗီယာနှင့်  အောင်ခွန်းခ ကပါ  ဝင်ထိုင်လာပြီးနောက် ကားသည် အမြန်ပင်ထွက်ခွာတော့သည်၊၊


" Leader ခဏလေး အောင့်ထားနော် ကျုပ်တို့ ဆေးရုံရောက်တော့မယ်"


ဘယ်လောက်ပဲ ခွန်အားရှိကာ သန်မာ တဲ့လူဆိုပါစေ  မျက်လုံးထဲ အက်စစ်အပက်ခံရသည့် ခံစားချက်ကတော့ ထိန်းမရအောင် ဆိုးရွာ မည်မှာ အသေအချာပင်ဖြစ်သည်၊၊   အံ့တင်းတင်း ကြိတ်လျက်  ငြိမ်နေသော Leader က  မအော်တော့ပေမဲ့  နာကျင်မှုကို အောင့်ထားပုံရပြီး  လက်သီးကို ခပ်တင်းတင်းဆုပ်ထား၏၊၊

Leader ဖိမှိတ်ထားသော  မျက်လုံး တစ်ဖက်ထံမှ သွေးရည်များက  ပါးပြင်တစ်လျှောက် စီးကျလာလျှင် ကားအတွင်း ပါလာသော လူများမှာ ခြေမကိုင်မိလက်မကိုင်မိပင်ဖြစ် ကုန်တော့၏၊၊


Leader အပေါ်သုံးလိုက်သော အက်စစ်မှာ ရိုးရိုး အက်စစ်ဖြစ်မဲ့ပုံမရပဲ အထူးထုတ်တွေထဲက တစ်ခုပင်ဖြစ်လိမ့်မည်၊၊ ထို့ကြောင့် ဇေဗန် ခပ်ရေးရေး တွေးမိသည်က  အဖွဲ့ဝင်တွေထဲ တစ်ဖက်အဖွဲ့၏ သူလျှို ရှိနေပြီ ဆိုတာပင်ဖြစ်သည်၊၊


" တောက်စ် !!  ဘယ်လိုဖြစ်တာလဲ၊၊ မင်းတို့ နှစ်ယောက်  Zero ကို ကာကွယ်ပါလို့ အတန်တန် မမှာထားဘူးလား  ဟမ်!!"

အောင်ခွန်းခ သည် ဘေးနား၌ ထိုင်နေသော ဇေဗီယာ၏ လည်ပင်း အင်္ကျီ စကိုဆွဲကာဖြင့်  ကျိန်းမောင်းမိတော့သည်၊၊  ကိုယ်ညီ အရင်းလို ဖြစ်နေသော Zero ကို  ကာကွယ်ပေးဖို့   အောင်ခွန်းခ ဒီ Mission မှာ ပါဝင်ခဲ့သော်လည်း  အဆုံးမှာတော့ မကာကွယ်လိုက်နိုင်သည်ကြောင့် စို့နစ်နေမှုကြီးကသာ  ရင်တွင်းထဲ ပေါ်ပေါက်လာ၏၊၊


ထိခိုက် ဒဏ်ရာရသူမှာ  အကုန်လုံး သူဒဏ်ရာနဲ့ သူဆိုပေမဲ့  Zero ၏ ဒဏ်ရာမှ မျက်လုံးဖြစ်နေသည်မို့ အဆိုးဆုံး လို့ဆိုရမည်၊၊    နာကျင်မှု ကြောင့်မအော်မိအောင် ထိန်းနေသော Zero ၏ မျက်နှာသည်  နဖူး အကြောများထောင်ထကာဖြင့်  ချွေးစေးများလည်းထွက်နေသေးသည်၊၊ Zero ၏   ထိုပုံစံကို ကြည့်ပြီး  အောင်ခွန်းခ  လူသတ်ချင်စိတ်ပင်ပေါက်လာရ၏၊၊

တိတ်ဆိတ်သွားသော ကားထဲ  အသံတစ်သံမှ မရှိတော့ပဲ ကား၏ အရှိန်သည်လည်း   ဖြောင့်ဖြူးနေသော ကားလမ်းမကျယ်ထက် အလင်း၏ အရှိန်နှုန်းဖြင့် ဆေးရုံရှိရာသို့ ဦးတည်ကာ  ပင် မြန်ဆန်စွာ မောင်းနှင်၏၊၊


ဇေဗန်ကို   အရင် တစ်နှစ်တုန်းက  Leader ပေးခဲ့သော  ပါဝါ အသေးလေးကို   ဇေဗန် သွားရာ ဆောင်ထားသည့်မို့ အခုချိန်၌ ထို  ပါဝါ အသေးလေးက အသုံးဝင်လေသည်၊၊  ထို ပါဝါအသေးလေးကို သုံးကာဖြင့် Leader မျက်ဝန်းထဲမှ ထွက်ကျလာသော သွေးများကို ဇေဗန်  တုန်ယင်နေသော  လက်များဖြင့်  အသာအယာ သုတ်ပေးလိုက်၏၊၊


မဝေးဘူးလို့သာ ဆိုသော်လဲ နာရီဝက်လောက်ထိ ကားစီးပြီးမှ သာ ဆေးရုံထဲသို့ ရောက်လာခဲ့ကြသည်၊၊  လူနာ တွန်းလှည်းပေါ်၌  Leaderကို တင်ပြီးနောက်  အရေးပေါ် အခန်းထဲသို့ ဆရာဝန်များက အသည်းအသန် ပင်ခေါ်ဆောင်သွားတော့သည်၊၊ ထို့ကြောင့်  ထိုအရေးပေါ်အခန်းရှေသို့  ဇေဗန်တို့ အုပ်စုမှာ  အပြေးလိုက်ရ၏၊၊

" ဇေဗန်  မင်း ကျောမှာ သေနတ်ထိထားသေးတယ်မလား၊၊  ဆေးကုသမှု သွားခံယူလိုက်"


မာကြောစွာ ထွက်လာသော အောင်ခွန်းခ၏ အသံကြောင့်  ဇေဗန် ငေးတိငေးငိုင်စွာနဲ့  အရေး ပေါ်အခန်းရှေ့ ထိုင်နေရာမှ အသိဝင်လာခဲ့သည်၊၊  Leader ဖြစ်ကထဲက   ဇေဗန် မိမိ ဒဏ်ရာကို ဂရုမမူမိပဲ  Leader ကို ဆေးရုံပို့ဖို့သာ စိတ်လောနေသည်မို့  ဒဏ်ရာကို ခဏမေ့သွားခဲ့သည်၊၊အခု အောင်ခွန်းခ က ဇေဗန်ကို သတိပေးတော့မှပင်  ဒဏ်ရာက တဆစ်ဆစ် နာနေသည်ကို သတိမူမိတော့သည်၊၊


ဇေဗန်၏ အစ်ကို ဇေဗီယာသည်လည်း  ခြေထောက်တစ်ဖက် ဒဏ်ရာ ရထားသည်မို့    ဇေဗန်လည်း   အစ်ကို ဇေဗီယာကို တွဲကူကာဖြင့်  ဆေးကုသရန်  ခေါ်လာခဲ့တော့သည်၊၊


လူရှင်းသွားသော အရေးပေါ်အခန်းရှေ့  အောင်ခွန်းခ တစ်ယောက်သာ ကျန်ရှိခဲ့၏၊၊  ထွက်လာသော ဒေါသတွေကို ပုံချစရာ လူမရှိသည်ကြောင့် အကြောင်းမဲ့စွာနဲ့သာ  ဆေးရုံ နံရံကို  အောင်ခွန်းခ အချက်ပေါင်းများစွာ ပိတ်ထိုးနေမိတော့သည်၊၊


နံရံကို ထိုးသည့် ထိုးချက်မှာ များလာသည်ကြောင့်   အောင်ခွန်းခ၏  လက်ခုံမှာ စုတ်ပြတ်လျက်ဖြင့် သွေးများပင်ကျလာလေသည်၊၊

"ခ   မလုပ်နဲ့ တော်တော့"


ထပ်ထိုးတော့မည့် အောင်ခွန်းခ၏ လက်ကို ဖမ်းဆွဲကာဖြင့်  ဇေထက်ရှားက  သူရင်ခွင်ထဲသို့ ဆွဲထည့်ကာပင် လှုပ်မရအောင်  ဖက်တွယ်လာသည်၊၊

"ဖယ်စမ်း  ဇေထက်ရှား  ၊၊ လွှတ်စမ်း ကွာ !!"


ဇေထက်ရှား၏ ရင်ဘတ်တွေကို   ထုရိုက်တွန်းထိုးကာပင် လွတ်မြောက်အောင်လုပ်သော်လည်း အတင်းကာရော ပြန်လည် ဖက်တွယ်လာသည် ဇေထက်ရှားကြောင့် အောင်ခွန်းခမှာ မလွတ်မြောက်နိုင်ပဲ ရှိ၏၊၊  အသည်းအသန်  ပြေးလိုက်လာပုံ ရသော ဇေထက်ရှားက အသက်ရှူနှုန်းတွေပင် မြန်ဆန်နေသည်၊၊

" Zero  ..."


" အင်း ငါသတင်းကြားတယ်၊၊ အဆင်ပြေသွားမှာပါ ၊၊ သန်မာတဲ့  လူမလို့ Zero အဆင်ပြေမှာပါ"


"Zero အခုလို ဖြစ်တာငါကြောင့် ၊၊ ငါသေချာ မကာကွယ်ပေးနိုင်ခဲ့လို့"

ဇေထက်ရှား၏ ရင်ဘတ်မှာ စတင်စိုစွတ်လာသည်ကြောင့်  ခ တစ်ယောက် ငိုလာပြီဆိုတာကို ရိပ်မိလိုက်ပြီဖြစ်သည်၊၊  Zero ၏ သတင်းကြားကြားချင်း ဇေထက်ရှားလည်း ထိန်းမနိုင်အောင် စိတ်တို့ ရှုပ်ထွေးသွားပေမဲ့    မနည်းထိန်းချုပ်လျက် ဆေးရုံကို  အမြန် အရောက်  လာခဲ့ရခြင်းဖြစ်သည်၊၊

"မငိုနဲ့နော်  Zero က ငိုတဲ့ လူတွေကို ဟောက်တတ်တာ သိတယ်မလား၊၊  မင်းထင်ထားတာ ထက် Zero က သန်မာတာမလို့  အဆင်ပြေမှာပါ   ၊၊  မငိုနဲ့တော့ခ   အဆင်ပြေသွားမှာပါ"


အရေးပေါ် အခန်းရှေ့မှတင်  ဇေထက်ရှား ရင်ခွင်ထဲ၌   တအီအီ ငိုနေသော  ခ ကို ချော့ပြောရသည်မှာ အချိန်အတော်ကြာသည်အထိပင်ဖြစ်သည်၊၊ထို့နောက်   အရေးပေါ်အခန်းထဲကနေ ဆရာဝန်တစ်ယောက်ထွက်လာတော့မှပဲ  တအီအီ ငိုနေသော ခ  က  အငို တိတ်တော့သည်၊၊

" ဆရာ  ကျွန်တော် တို့ လူနာ အခြေအနေ ဘယ်လို ရှိလဲဗျ ၊၊ အဆင်ပြေရဲ့လား"

" လူနာရဲ့ မျက်လုံး တစ်ဖက်ကတော့ လုံးလုံးကို ပျက်စီးသွားတာပါ၊၊  နောက်ပြီး  လက်မောင်းက ရှက်ထိထားတဲ့ ဓားဒဏ်ရာမှာ  အဆိပ် ရှိကြောင်းတွေ့ထားပါတယ်၊၊ အဲ့တာမလို့ အခု   လူနာ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေပါ၊၊ ကျွန်တော် တို့အနေနဲ့ လည်း အကောင်းဆုံးကြိုးစားပေးနေပါတယ်"

စိတ်မကောင်းစွာနဲ့ ပြောလာသော ဆရာဝန်၏ စကားက  ဓားသွားတွေလိုပါပဲ  ကြားရသူအဖို့ နာကျင်စေသည်မှာ မလွဲဧကန်ပင်ဖြစ်သည်၊၊


"မျက်လုံးက အစားထိုးပြန်ကုသလို့ ရနိုင်လား"


တုန်ယင်အက်ကွဲစွာ နဲ့  ခ  ၏  မေးသံမှာ  ထွက်လာခဲ့သည်၊၊

"  အစားထိုးကုသမှုက  မရနိုင်တော့ပါဘူး၊၊ ဘာလို့ဆို အက်စစ်အရည်က မျက်လုံးထဲက အကြောအကုန်ကို သေသွားစေတာကြောင့်ပါပဲ"  

ဆရာဝန်စကားအဆုံး   ခ မှာ  ခြေမခိုင်စွာပင် ပြိုကျသည်ကြောင့် ဇေထက်ရှားမှာ ခ ၏ ခန္ဓာကိုယ် ကို ဖမ်းဆွဲထားလိုက်ရ၏၊၊ 


"  ကျေးဇူးပြုပြီး   လူနာကို အတတ်နိုင်ဆုံး ကယ်တင်ပေးပါ ဆရာ "


" ဟုတ်ကဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေးမှာပါ၊၊   အခုတော့  အရေးပေါ်  သွေးလိုအပ်နေတာမို့ သွားခွင့်ပြုပါအုံး"

ဆေးအကူမလေး ဖြစ်သော  ဆရာမ တစ်ယောက်က  သွေးအိတ်ထည့်ထားသော တွန်းလှည်းအသေးကို တွန်းလာလျက်   ဇေထက်ရှားတို့နဲ့ စကားပြောနေသော ဆရာဝန်ကို ကမ်းပေးလာသည်ကြောင့် စကားပြောဆိုနေခြင်းမှာ အစပြတ်တောက်သွားတော့သည်၊၊ ထို့နောက် ဆရာဝန်သည်လည်း   တွန်းလှည်းကို ယူကာဖြင့် အရေးပေါ်အခန်းထဲသို့ အမြန်ဝင်သွားတော့၏၊၊


" ဇေထက်ရှား"

"အင်း  ငါနားထောင်နေတယ် ပြောလေ "


"Zero က  Zero ..."


" အင်း ဆက်ပြောလေ  ခ"


အရမ်းဝမ်းနည်းနေသော ခ ကို  ထပ်မံ၍  ရင်ခွင်ထဲ ထည့်ဖက်ကာပင် ဇေထက်ရှား နှစ်သိမ့်ပေးရသည်၊၊ ဇေထက်ရှား ကိုယ်တိုင်က  Zero ကြောင့်  ဝမ်းနည်း နေပါသော်လည်း အတတ်နိုင်ဆုံးတော့ ထိန်းထားမိသည်၊၊

"  Zero က  မျက်လုံးတစ်ဖက်ကို သူ့ဘဝအဆုံးထိ  ဆုံးရှုံး ရတော့မှာပေါ့  "


"........"

"ဇေထက်ရှား  ငါမေးတာကိုဖြေလေ ၊၊    မဟုတ်ဘူးလို့ ဖြေပေး၊၊ Zero  ဘာမှမဖြစ်ဘူးလို့ ဖြေပေး  အီးးးးအင့်ဟင့်  ဟင့်!!"


ရှိုက်သံတွေနဲ့ ဗလုံးဗထွေး ထွက်လာသော ခ ၏  အမေးစကားတွေအတွက် ဇေထက်ရှားမှာ ပေးစရာ အဖြေ မရှိတော့ပေ၊၊  ပြန်ကောင်းလာမှာ မှန်သော်လည်း   Zeroက မျက်လုံး တစ်ဖက်တော့ ဆုံးရှုံးသွားရမှာ ဖြစ်၏၊

အရေးပေါ်အခန်းရှေ့  တော်တော်နဲ့အငိုမတိတ်နိုင်သော ကောင်လေးကို   ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာ ပွေ့ဖက်လျက်ဖြင့် နှစ်သိမ့်နေသော ကောင်လေးသည်လည်း အသံတိတ်နဲ့ပင် မျက်ရည်ကျနေခဲ့ပါသေး၏၊၊

///////////////


Zawgyi

စိတ္ဖိစီးမႈေတြ မ်ားေနသည့္အျပင္ အေတြးမ်ားစြာသည္လည္း ဦးေႏွာက္ထဲ ေယာက္ယက္ခတ္ စြာျဖင့္ စိုးမိုးထားသည့္ေၾကာင့္ ညလုံးေပါက္ပင္ ဗမာ အိပ္မေပ်ာ္ခဲ့ေပ၊၊  အေတြးလြန္ျခင္းသည္ စိတ္အတြက္ မေကာင္းမွန္းသိေသာ္ျငား  မေတြးပဲ နဲ႕ မေနနိုင္ေသာ ဗမာ အေျခအေနက အနည္းငယ္ေတာ့ ဆိုး႐ြား၏၊၊

လိုက္ကာျဖဴမ်ားကို အနည္းငယ္ဟ လို႔  အျပင္ပန္း  ပတ္ဝန္းက်င္အား ဗမာ ၾကည့္မိေတာ့ ေကာင္းကင္မွ အလင္းေရာင္  ေဖ်ာ့ေဖ်ာ့ကို  ျမင္ေနရၿပီျဖစ္သည္၊၊ ထို႔ေနာက္  ကုတင္ေဘးက စားပြဲေပၚ တင္ထားေသာ  နာရီ ထံ ဗမာ   လွည့္ၾကည့္မိျပန္ေတာ့  မနက္6 နာရီပင္ ရွိေန ၿပီ ျဖစ္သည္၊၊


ခြဲစိတ္ခန္းဝင္ရမဲ့ အခ်ိန္က ဘယ္ေလာက္မွ မလိုေတာ့သည္ေၾကာင့္  ဗမာ စိတ္လႈပ္ရွားေနမိသည္မွာ  လက္ေတြပင္ တုန္ယင္ေနသည္အထိျဖစ္၏၊၊   ထို႔ျပင္ ႀကိမ္ႏႈန္းျမန္ေနေသာ ႏွလုံးခုန္သံမွာလည္း တစ္ခုခုကို စိုးထိတ္ေနဟန္ရွိသည္၊၊


အသက္ျပင္းျပင္းရႉထုတ္လ်က္ စိတ္လႈပ္ရွားမႈေတြကို ၿငိမ္သက္ရန္ ဗမာ မနည္းႀကိဳးစားယူရသည္၊၊  အရာရာဟာ အခ်ိန္တန္လွ်င္ အကုန္လုံး အဆင္ေျပသြားမယ္မွန္းသိေသာ္ျငား  တုန္ရီေနေသာ ကိုယ္ ကို ကိုယ္ေတာ့ ဗမာ ဘယ္လိုမွ တည္ၿငိမ္ေအာင္မလုပ္နိုင္ေခ်၊၊


  ဒီလို  အခ်ိန္မွာ ဗမာ အတြက္ႏွစ္သိမ့္ အားေပးမႈ လိုအပ္ေနတာက မွန္ကန္ေသာ္လည္း တစ္ျခားလူဆီကမဟုတ္ပဲ    ထို ႏွစ္ သိမ့္အားေပးမႈက လႊားဆီကေနသာ ေမွ်ာ္လင့္မိသည္၊၊ 


ၿပီးခဲ့ေသာ အတိတ္က ေန႕ရက္ေတြဆီ အေတြးမ်ားက ပ်ံ့လြင့္ သြားေလေတာ့  ခံစားခ်က္အဖုံဖုံမွာ ရႈပ္ေထြးစြာ ရွိလွၿပီးဗမာ  မ်က္ဝန္းထဲမွ မ်က္ရည္ၾကည္မ်ားပင္ ေဝ့တတ္လာခဲ့ရသည္၊၊


ဘာအပူအပင္မွမရွိခဲ့ေသာ  ငယ္ဘဝအခ်ိန္ႏွင့္ လႊားနဲ႕ ေတြ႕ဆုံးခဲ့ေသာ အခ်ိန္ခဏတာအတြင္းက အခုခ်ိန္ထိ ဗမာ အတြက္ ခ်ိဳၿမိန္ပါေသး၏၊၊ အရင္က အေၾကာင္းမ်ားကို  လႊားကေတာ့ ေမ့သြားေလာက္မဲ့ ပုံ ရေသာ္လည္း  ဗမာကေတာ့ တစ္ခုျခင္းစီကို အေသးစိတ္  မွတ္မိေနပါေသးသည္၊၊

ရည္စားေပါင္းမ်ားစြာ ေပြရႈပ္ခဲ့ေသာ ဗမာ ငယ္ဘဝထဲ အခ်စ္ဦးျဖစ္ခဲ့ေသာ လႊားကိုေတာ့ ႏွစ္ႏွစ္ကာကာပင္ အခုခ်ိန္ထိ ခ်စ္ေနပါေသးသည္၊၊  ဆုေတာင္းမ်ား မေကာင္းခဲ့ေလသလားေတာ့ ဗမာ မသိေပမဲ့  ယခု ဘဝ၌ေတာ့ တစ္ဖတ္ထဲ သတ္မည့္ အခ်စ္၌သာ ေမ်ာလြင့္ေနရၿပီး ဝဋ္ေႂကြးဆိုရင္ေတာင္မွ ေက်ေက်နပ္နပ္ပါပင္

အခ်ိန္တိုင္း လႈပ္ရွားေနေသာ ပင္လယ္ေရမ်က္ႏွာျပင္ကို    ဗမာ ေငးၾကည့္ကာျဖင့္ အေတြးေရာက္ေနမိသည္မွာ ေနမင္း၏ အေရာင္ပင္ အခန္းထဲသို႔ တိုးဝင္လာသည္အထိျဖစ္သည္၊၊  ေနေရာင္ျခည္၏ အေႏြးဓာတ္ခပ္မွ်င္မွ်င္ကို ခံစားေနရၿပီး ဗမာ ျပတင္းတံခါးကို ဖြင့္လ်က္  ဝရံတာ ဆီသို႔ ေလွ်ာက္ထြက္လာေတာ့  ပင္လယ္မွ တိုက္ခတ္လာေသာ ေလႏုေအးကို လတ္ဆတ္စြာပင္ခံစားရသည္၊၊


ပင္လယ္ေလေၾကာင့္ တစ္ခဏတာ အတြင္းဗမာ စိတ္ကေလး လန္းဆန္း ကာျဖင့္  ရႈပ္ေထြးေနေသာ စိတ္မွာလဲ အနည္းငယ္သက္သာရာ ရ၏၊၊ မ်ား မၾကာမီ အခ်ိန္အတြင္းေတာ့   ခြဲခန္းဝင္ဖို႔အတြက္ ဗမာ ကို လႊားက လာေခၚေပလိမ့္မည္၊၊ 


ဝရံတာ၌သာ ဗမာ ရပ္လို႔ ပင္လယ္၏ ရႈခင္းကို ၾကည့္ေနမိသည္မွာ အခ်ိန္ေတာ္ၾကာသည္အထိပင္ျဖစ္၏၊၊ အေတြးလြန္တတ္တဲ့ လူတစ္ေယာက္မို႔  တစ္ခုခုဆီ စိတ္မႏွစ္ ဘူးဆိုတာနဲ႕ ဗမာ ဦးေခါင္းထဲသို႔ အေတြးေပါင္းမ်ားစြာက အလုအယက္ ကို ဝင္ေရာက္လာတာပါပဲ


"ခြန္းဗမာရစ္"


မတင္းမာေသာ ေလသံအေနအထားနဲ႕ ရင္ႏွီးေနေသာ ကိုယ္ေငြ႕ကပါ ဗမာ ႏွာဖ်ားထံသို႔ တိုးေဝွ႕လာ ေလေတာ့  လႊားေရာက္လာၿပီမွန္း သိလိုက္ၿပီျဖစ္၏၊၊ ပင္လယ္၏ ရႉခင္းေတြကို ၾကည့္ေနရာမွ ဗမာ အေနာက္သို႔ လွည့္ၾကည့္ေတာ့  ဝရံတာ တံခါးဝ၌  ေဘာင္းဘီအိတ္ကပ္ထဲ  ဟိုဘက္ဒီဘက္  လက္ႏွစ္ဖက္ထည့္ထားကာျဖင့္  ဗမာကို စူးစိုက္ၾကည့္ေနေသာ လႊားကို ေတြ႕သည္၊၊


ထူထဲေသာ မ်က္ခုံးတန္းနက္နက္ႏွစ္ခုက ထုံးစံအတိုင္း တြန့္ခ်ိဳးထားၿမဲ အေျခအေနျဖစ္ၿပီး  စူးရွေနေသာ မ်က္ဝန္းဝါေတြကေတာ့ တစ္ဖက္လူအား သူထံပါးသို႔  ဒူးေထာက္ခစားေစဖို႔ပင္လုံေလာက္၏၊၊  ေျဖာင့္ဆင္းေနေသာ ႏွာတံနဲ႕ ၿပဳံးခဲေသာ ပိရိေသသပ္သည့္ ႏႈတ္ခမ္းပါးေတြက  ပန္းေရာင္  သဏၭာန္ ရွိေနသည္၊၊

  လႊား၏  ဝတ္ေနက်ျဖစ္ေသာ ကုတ္ အကၤ်ီ အရွည္ကေတာ့မပါမျဖစ္ပင္ျဖစ္ၿပီး အထဲ၌ေတာ့ အစိမ္းႏုကို ခံဝတ္ထားသည္၊၊ ရွည္လ်ားလြန္းေသာ ေျခတန္ရွည္ ေတြကေတာ့ အနက္ေရာင္ ေဘာင္းဘီရွည္ကို ေျပာင္လက္ ေနေသာ  ဖိနပ္အနက္ေရာင္ႏွင့္ ပနံ႕သင့္စြာပင္ တြဲဖက္ဝတ္ဆင္ထား၏၊၊


"ဘာၾကည့္တာလဲ ခင္ဗ်ား"


အရင္လို ေလသံက တင္းမာ မေနေသာ္လည္း မေပ်ာ့ေျပာင္းပဲ ထြက္လာေသာ လႊား၏ အသံက ဗမာ အတြက္ေတာ့ စြဲမက္ ခ်င္စရာပင္ေကာင္း၏၊၊  ဒီအမ်ိဳးသား ဒီလူထံပါးမွာ   လူေရာ စိတ္ေရာ ခႏၶာေရာ အလဲလဲအၿပိဳၿပိဳနဲ႕ပင္ျဖစ္ရၿပီး   ဒီအမ်ိဳးသားဆီက အခ်စ္ကိုရဖို႔အတြက္ အသက္နဲ႕ပင္ေလာင္းေၾကးထပ္ရမည္ဆိုရင္ေတာင္ ဗမာက ရဲရဲ ႀကီး အသက္ေပးဖို႔ လက္ခံမိအုံးမွာ

"ၾကည့္ေကာင္းလို႔ မင္းက"


"အပိုေတြေျပာမေနနဲ႕၊၊ အခု  ခြဲခန္းဝင္ဖို႔သြားမယ္"


ဗမာ ကို ေက်ာခိုင္းသြားေသာ ေက်ာျပင္က်ယ္နဲ႕ လႊားက  ရက္စက္ဆုံး လူသားရယ္ပါေလ 


"လႊား"


ဗမာ ေခၚသံကို လႊားက ၾကားေသာ္လည္း မၾကားခ်င္ေယာင္ေဆာင္ေနမွန္း သိသာစြာနဲ႕ လမ္းေလွ်ာက္ထြက္သြားသည္မွာ အေနာက္၌ က်န္ခဲ့သည့္ ဗမာ ကို တစ္ခ်က္မွ်ပင္ လွည့္မၾကည့္ေပ၊၊


"Zero!"

"ဘာတုန္း!"


လႊားလို႔ မဟုတ္ပါပဲ Zero လို႔ ဗမာ ေခၚမွပင္  လမ္းေလွ်ာက္ေနတာကို ရပ္၍ ဗမာ ဘက္သို႔ လႊားက လွည့္ၾကည့္လာေတာ့သည္၊၊ တကယ္ကို လႊားလို႔ေခၚရင္ အေရးမစိုက္တာပဲ

"ငါကို တစ္ခါေလာက္ ဖက္....."


"Darling"


ဗမာ စကားမဆုံးခင္၌   ဇိုရာဆိုေသာ မိန္းကေလး၏ ခြၽဲႏြဲ႕  အသံက ထြက္လာၿပီး လႊား ၏ လက္ေမာင္းတစ္ဖက္ကို ေသခ်ာစြာပင္ ထိုမိန္းကေလးက  ဆုပ္ကိုင္လာခဲ့သည္၊၊ လႊားကေတာ့ ဗမာ ကိုသာ စိုက္ၾကည့္ေနၿပီး  ေျပာလက္စ စကားကို ဆက္ေျပာဖို႔ အၾကည့္နဲ႕ ေျပာၾကားေနသေယာင္

လႊားေဘးနား၌ ရဲရဲတင္းတင္းမရပ္ရဲေသာ ဗမာ ကို ဗမာပဲ အျပစ္တင္ရမလား ဒါမွဟုတ္  လႊား၏ လက္ကို ဖမ္းဆုပ္ကိုင္ဖို႔အတြက္ မရဲတင္းစြာ ရွိေနေသာ မိမိစိတ္ကိုပဲ အျပစ္ဖို႔ရာမလား ဆိုတာ ဗမာ ေကာင္းေကာင္းမသိေတာ့ေပ၊၊


တစ္ခါေလာက္ပင္ ခြဲခန္းမဝင္ခင္ လႊား ၏ ေပြ႕ဖက္မႈကို ဗမာ ခံယူခ်င္ေသာ္လည္း အခုအေျခအေနက မျဖစ္နိုင္ေတာ့ဟန္၊၊ လႊား လက္ေမာင္းကို သူ႕အပိုင္လား ဆုပ္ကိုင္လ်က္ ရဲတင္းစြာ ရပ္ေနေသာ ဇိုရာ ဆို႔သည့္ မိန္းကေလး၏ အၾကည့္ေတြက ဗမာ ကို မႏွစ္ျမႇို သလိုပင္ ၾကည့္ေနလွ်င္  ဘာေၾကာင့္မွန္းမသိ ဗမာ အၾကည့္ေတြကိုသာ ေရွာင္ဖယ္မိသည္၊၊


မ်ိဳးတူျခင္းကိုမွ မသန့္စင္ေသာ စိတ္ေတြ ထားမိေနသည့္ဆိုထဲက ဗမာက အမ်ားအျမင္မွာ တအားကို ႐ြံ႕စရာေကာင္းတဲ့လူဆိုတာက ေသခ်ာသေလာက္ပါပဲ၊၊ လႊားဆီကေန ဗမာ ေမွ်ာ္လင့္ခဲ့ေသာ ႏွစ္သိမ့္မႈေလးက မရရွိနိုင္ေတာ့ မွန္း သိလိုက္ၿပီမို႔ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိသည္၊၊

ဗမာ ၏ ျဖစ္တည္ေနမႈက  တစ္ဖက္လူျဖစ္ေသာ လႊား အတြက္ အေရးမပါတဲ့ အရာမလို႔  ဘာမွ ထပ္၍ မေမွ်ာ္လင့္မိဖို႔ ဗမာ မိမိကိုယ္ကို   သတိအထပ္ထပ္ ေပးရျပန္သည္၊၊ မဟုတ္လွ်င္ မရနိုင္မွန္းသိလ်က္နဲ႕  လႊားအေပၚ ဗမာ ေမွ်ာ္လင့္ခ်က္ေတြ ထားေနမိအုံးမွာ


လိုက္ဖက္လွေသာ ျဖစ္တည္မႈသဖြယ္ရပ္ေနေသာ လႊားနဲ႕ ဇိုရာ တို႔ႏွစ္ေယာက္ကို ၾကည့္ရင္း ဗမာ မိမိ အကၤ်ီ ၏ ေအာက္ဖ်ားစကိုသာ က်စ္ေနေအာင္ဆုပ္ကိုင္ထားမိသည္၊၊ နာက်င္ေနေသာ ႏွလုံးသားက ေသြးစိမ္းရွင္ရွင္တို႔ ထြက္ေနသည့္အလား နာက်င္မႈသည္ ပေပ်ာက္နိုင္ဖို႔ငွာ ေဆးမရွိသလိုပင္

ဝမ္းနည္းလြန္း၍ လွိုက္တတ္လာေသာ ခံစားခ်က္ႏွင့္  ထြက္လာေတာ့ မည္ မ်က္ရည္ေတြကို ဗမာ မနည္း ထိန္းခ်ဳပ္ကာပင္ လႊားထံမွ အၾကည့္လြဲကာျဖင့္  ထိုေနရာကေန ေရွာင္ဖယ္ထြက္လာခဲ့ေတာ့သည္၊၊

"Darling  သြားရေအာင္ေလ"


"အစ္   အစ္ Dar...Darling. ...!!"


႐ုတ္တရက္  ဇိုရာ၏ လည္းပင္းကို ထညစ္လာေသာ Zero ေၾကာင့္   မနည္း႐ုန္းကန္မိလွ်င္ ပိုတိုးကာ အားထည့္၍ Zeroက  ဖိညစ္လာခဲ့သည္၊၊ သန္မာလြန္းတဲ့ Zero ၏ လက္ေတြၾကား ဇိုရာမွာ ႐ုန္းကန္ေနမိရင္း မယုံနိုင္သလိုသာျဖစ္မိေတာ့သည္၊၊ 

စူးရွေနေသာ မ်က္ဝန္းေတြထဲ ဇိုရာကို သတ္ျဖတ္ေတာ့ မဲ့ အရိပ္အေယာင္မ်ားက ေရာယွက္ေနသည္ေၾကာင့္   ဇိုရာ ေၾကာက္႐ြံ႕တုန္လႈပ္လာခဲ့သည္၊၊

"ေနာက္ခါ  က်ဳပ္ သက္ဆိုင္သူအေရွ႕  ပါးစပ္မဖြာနဲ႕  "


"အစ္ အင့္ လႊတ္   အဟြတ္  အင့္!"


Zero လက္ေတြကို ထုရိုက္လ်က္  လႊတ္ေပးဖို႔ေျပာေနေသာ ဇိုရာ ကို မလႊတ္ေပးျဖစ္ပဲ ပို၍သာ  အားထည့္လို႔ လည္းပင္ ညစ္ထားမိသည္၊၊  ခြန္းဗမာရစ္ ၏ အရည္ၾကည္ေဝ့ေနေသာ မ်က္ဝန္းေတြႏွင့္ အထင္လြဲသြားေသာ အမူအရာက ဘယ္ရယ္မဟုတ္ Zero ကို ေဒါသ ထြက္ေစ၏၊၊


တလိပ္လိပ္ တတ္လာေသာ ေဒါသေတြက  ထိန္းခ်ဳပ္ကြပ္ကဲမႈ မဲ့လာလွ်င္  Zero လက္ထဲ အသက္ရႉက်ပ္ ၍ ႐ုန္းကန္ေနေသာ ဇိုရာကို  ရွင္းျပစ္ဖို႔ ဖိအားေပးလာခဲ့သည္၊၊ ဇိုရာ  လည္ပင္း၌ ေနရာယူထားေသာ  Zero၏ လက္ကို အားပို၍ ထည့္မိခ်ိန္

" Leader  ဆက္မလုပ္ပါနဲ႕ေတာ့   ခြန္းဗမာရစ္  ခြဲခန္းဝင္ဖို႔က အေရးႀကီးပါတယ္၊၊ ဒီမိန္းကေလးကို ခ်ထားလိုက္ပါ"


ေဇဗန္မွာ အေျပးအလႊား ပင္ေရာက္ခ်လာရၿပီး အသိစိတ္လြတ္မတတ္ျဖစ္ေနေသာ Leaderကို ခြန္းဗမာရစ္ အေၾကာင္းေျပာကာျဖင့္ အသိဝင္ေအာင္ျပန္လုပ္ယူရသည္၊၊ ေတာ္ေသးသည္က  ခြန္းဗမာရစ္ အေၾကာင္းေျပာလိုက္တာနဲ႕  လည္ပင္းညစ္ထားေသာ မိန္းကေလးကို ခပ္ေဝးေဝးသို႔ Leader က  ျပစ္ထုတ္လိုက္ျခင္းပင္ျဖစ္သည္၊၊ မဟုတ္လွ်င္ေတာ့  ဟိုမိန္းကေလးက Leader လက္နဲ႕ပင္ ဒီေနရာတင္ အသက္ေပ်ာက္နိုင္ေခ်ရွိ၏၊၊


" မင္း သူကို ေခၚသြားလိုက္ေတာ့၊၊ ေနာက္ ငါမ်က္စိေရွ႕ ေပၚမလာေစ နဲ႕"

ဇိုရာဆိုေသာ မိန္းကေလးကို သူမ၏ ဖခင္ေၾကာင့္သာ Zero ဒီအခ်ိန္ထိ သည္းခံေနခဲ့တာျဖစ္၏၊၊ အလဲအလွယ္ လုပ္ဖို႔အတြက္ အစက ခြန္းဗမာရစ္ ကို Zero ႀကံ႐ြယ္ထားေသာ္လည္း  တစ္ေန႕ထက္တစ္ေန႕  ခြန္းဗမာရစ္ ကို တစ္ျခားသူလက္ထဲ ထည့္ေပးဖို႔ တစ္ခုခုက လြန္ဆြဲ ေနသလို ရွိသည္မို႔ ခြန္းဗမာရစ္ ကို Zero အနားမွာသာ ေခၚထားဖို႔ဆုံးျဖတ္ခဲ့ၿပီး  ဇိုရာ  ကိုေတာ့ အလဲအလွယ္ လုပ္ဖို႔ ႀကံစည္ထားသည္၊၊


ဇိုရာ၏ ဖခင္က  Russia  ၏ ေခါင္းႀကီးပိုင္းေတြထဲက တစ္ဦးျဖစ္ေပမဲ့ ေျမေအာက္ ေလာကနဲ႕ေတာ့ ကင္းရွင္းေသာ လူတစ္ေယာက္ျဖစ္သည္၊၊ ထို႔ေၾကာင့္ Zero အေနနဲ႕ေတာ့ တုံးအ ေသာ စီးပြားေရးရွင္တစ္ေယာက္ကို ေငြနဲ႕မွ်ားၿပီး တစ္ဖက္လွည့္နဲ႕ပင္  သူ႕သမီးအား အလဲအလွယ္ လုပ္ရသည္မွာ အလြန္လြယ္ကူလြန္း၏၊၊


တရားမွ်တသည္ပဲ ျဖစ္ျဖစ္ တရားမမွ်တဘူး ဟုပဲ ဆိုဆို ခြန္းဗမာရစ္ ကို အနားမွာ ေခၚထားဖို႔ Zero ဆုံးျဖတ္ၿပီးၿပီးမို႔  Zero ၏ ေရွ႕ဆက္လမ္းကို ေျဖာင့္ျဖဴးေအာင္အတြက္  တစ္ခ်ိဳ႕လူေတြကိုေတာ့ ေသခ်ာေပါက္ စေတးရမည္၊၊


Zero လုပ္ကိုင္ ေနေသာ ေျမေအာက္ အေမွာင္ထုလုပ္ငန္းေတြမွာ တရားမွ်တမႈသည္ မရွိပဲ တုံးအ သူသည္သာ ခံရမည့္ ထုံးစံပင္ျဖစ္၏၊၊  သံေယာဇဥ္ တြယ္ကပ္လို႔မရေသာ လုပ္ငန္း ေတြျဖစ္ၿပီး  ခံစားခ်က္ေတြကို ေရွ႕တန္းတင္လို႔မရေသာ  လုပ္ငန္းလည္းျဖစ္သည္၊၊


ဇိုရာကို ေဇဗန္က  တြဲေခၚ၍ Zero အေရွ႕ကေန ထြက္သြားေတာ့သည္၊၊ ထို႔ေၾကာင့္  ေနာက္လွည့္မၾကည့္စတမ္း ေလွ်ာက္ထြက္သြားပါေသာ ခြန္းဗမာရစ္ အေနာက္သို႔ Zero ေျခလွမ္းက်ဲ မ်ားႏွင့္ မွီေအာင္ လိုက္လာခဲ့ေတာ့သည္၊၊


" ေဟ့ ေနဦး ခင္ဗ်ား လမ္းသိလို႔လား"


ခပ္ျမန္ျမန္သြားေနေသာ ခြန္းဗမာရစ္ ၏ လက္ကို Zero ဖမ္းဆြဲ ကာ အနားသို႔ ဆြဲကပ္ေစလိုက္ေတာ့  အသံတိတ္မ်က္ရည္က်ေနေသာ  ခြန္းဗမာရစ္ ၏ ပုံစံကို ေတြ႕ရသည္၊၊ မ်က္ေတာင္ရွည္ေတြက မ်က္ရည္ေၾကာင့္စိုစြတ္ေနၿပီး မ်က္ဝန္းသားေတြသည္လည္းရဲတတ္ကာပင္ရွိ၏၊၊ ထို႔ျပင္  ႏွာထိပ္အျပင္ လည္းပင္းနဲ႕ မ်က္ႏွာမွာလည္း အေရာင္ခပ္ရဲရဲကို ျဖစ္ေနေလသည္၊၊


"ေဟ့ ဘာကိစၥ ငိုတာလဲ၊၊ ခြဲခန္းမ ဝင္ခ်င္လို႔လား"


"ဖယ္    လႊတ္ငါကို "


Zero အေမးကို မေျဖပဲ ခြန္းဗမာရစ္ က Zero ဆုပ္ကိုင္ထားေသာ လက္ကို သာ ခါခ်ကာျဖင့္ လြတ္ေအာင္ ႐ုန္းေနေလသည္၊၊


"က်ဳပ္ကို ၾကည့္ ခြန္းဗမာရစ္"


"ဟင့္အင္း   ဖယ္  ဖယ္လို႔!!"


"က်ဳပ္ကိုၾကည့္စမ္း ခင္ဗ်ား!!"


ဗမာ ေခါင္းေနာက္မွ ဆံပင္ေတြကို ဆုပ္ကိုင္ကာျဖင့္ လႊားက ဗမာ ေခါင္းကို ေမာ့ေစကာပင္ သူနဲ႕အၾကည့္ျခင္းဆုံေစသည္၊၊  ထို႔ေနာက္ လႊားက ဗမာ မ်က္ႏွာကို စူးစိုက္ၾကည့္ေနသည္မွာ ေပါက္ထြက္မတတ္ထိပင္ျဖစ္၏၊၊  ဘယ္အခ်ိန္အခါမ်ိဳးမွာပဲ ျဖစ္ျဖစ္ လႊား၏  စူးရဲေနေသာ မ်က္ဆန္ဝါေတြကေတာ့  နစ္မြန္းခ်င္စရာေကာင္းေနတုန္းပင္ျဖစ္သည္၊၊


"  ဘာလို႔ ငိုေနတာလဲ၊၊  ခင္ဗ်ား  ေယာက်္ားေလး မဟုတ္လား ဘာကိစၥ အဲ့ေလာက္အငိုသန္ေနရတာလဲ"

"  ငါေလာက္ နာက်င္ဖူးမွ ငါဘာလို႔ အခုလို ငိုေန ရလဲဆိုတာ မင္းနားလည္မွာ"

မ်က္ရည္ေတြ စီးက်ေနရင္းနဲ႕ ဗလုံးဗေထြး ထြက္လာေသာ ခြန္းဗမာရစ္ ၏ စကားက နည္းနည္းေတာ့ ကြဲအက္အက္နိုင္၏၊၊ အခုထက္ထိကို  ခြန္းဗမာရစ္ က အငိုမရပ္နိုင္ေသးတာ


"မင္း  ငါကို လႊတ္ အြန့္!"

႐ုတ္တရက္ ဆန္စြာဗမာ ႏႈတ္ခမ္းေတြကို  သိမ္းပိုက္လာေသာ  လႊားက အသည္းအသန္ နိုင္လွၿပီး မြတ္မြတ္သိပ္သိပ္ကို ရွိလွသည္၊၊  မာေတာင့္ေနေသာ ရင္ဘတ္ကို ဗမာ ထုရိုက္ကာျဖင့္ ႐ုန္းကန္ေသာ္လည္း  ဘယ္အခ်ိန္ခါမွ လြတ္ေျမာက္ျခင္းမရွိခဲ့သလိုပါပဲ  သန္မာ လြန္းတဲ့ လႊား ၏ ခႏၶာကေတာ့ ပုံမွန္အတိုင္းသာ ၿငိမ္သက္ေနသည္၊၊


လႊား၏ လက္တစ္ဖက္က ဗမာ၏ ေခါင္းေနာက္မွ ဆံပင္ကို ဆုပ္ကိုင္ကာျဖင့္ ေခါင္းၿငိမ္ေစရန္ ထိန္းခ်ဳပ္ထားၿပီး   လႊား၏ က်န္လက္တစ္ဖက္ကေတာ့ ဗမာ ၏ ခါးကို ဖတ္တြယ္ကာျဖင့္ သူခႏၶာကိုယ္နဲ႕ ကြာမထြက္သြားေအာင္ နီးကပ္ထားေစ၏၊၊

ဗမာ ႏႈတ္ခမ္းေတြကို ျပတ္ထြက္လုမတတ္ အသည္းအသန္ နမ္းရွိုက္ေနေသာ လႊားက  အသက္ရႉခ်ိန္ပင္မေပးပဲ သူ၏ အက်င့္တိုင္းပင္ သူစိတ္တိုင္းက်သာ တဇြတ္ထိုးဆန္လွစြာ  လုပ္ေဆာင္၏၊၊


မိနစ္ပိုင္းမွ်ထိ စိတ္တိုင္းက် နမ္းရွိုက္ၿပီးေနာက္မွ လႊားက  ဗမာ ကို လြတ္ေပးလာ၏၊၊ ထို႔ေနာက္ ဗမာ ပါးျပင္ေပၚ၌ က်န္ရွိေနေသးေသာ မ်က္ရည္ဆမ်ားကို   လႊားက ဖိနမ္းလ်က္ သူ၏ ႏႈတ္ခမ္းျဖင့္ ပြတ္တိုက္လာသည္၊၊

ဗမာ၏  မ်က္ခြံ   မ်ားေပၚသို႔ လည္း  လႊား၏ ႏႈတ္ခမ္း ေႏြးေႏြးက ေနရာယူလာခဲ့သည္၊၊  ထို႔ျပင္ လႊားက ဗမာ  မ်က္ႏွာအႏွံ႕သို႔ တ႐ြ႐ြ ျဖင့္ လိုက္နမ္းေနလွ်င္  ဗမာ မေနမတတ္စြာ ႐ုန္းမိေတာ့  ခါးမွ ဆုပ္ကိုင္ထားေသာ လႊား၏ လက္ေတြသည္တင္းက်ပ္လာကာျဖင့္ ခႏၶာကိုယ္ ႏွစ္ခုကို  ပို၍ပင္ ပူးကပ္ေစသည္၊၊

" ေတာ္....   ေတာ္ေတာ့ လို႔ မာန္ေထာင္လႊား!!"

ဗမာ မ်က္ႏွာေပၚသို႔ ေျခခ်ေနေသာ လႊား ၏ ႏႈတ္ခမ္းေတြက တျဖည္းျဖည္းနဲ႕  လည္ပင္း သားေတြဆီသို႔ ဦးတည္လာခဲ့သည္၊၊ ဗမာ ေတာ္ေတာ့လို႔ေျပာလည္း နားမဝင္စြာနဲ႕ စိတ္ႀကိဳက္သာ ျပဳမႈေနေသာ လႊားက  တကယ္ကို တဇြတ္ထိုး တေဇာက္ကန္းပင္၊၊


ပူေႏြးစိုစြတ္ေသာ လွ်ာဖ်ား၏ အထိအေတြ႕သည္ ဗမာ၏ လည္ပင္းသားထံသို႔ က်ေရာက္လာလွ်င္ဗမာ  ေက်ာတစ္ေလွ်ာက္မွာ စိမ့္တတ္လာၿပီး  ေက်ာခ်မ္းလာခဲ့၏၊၊  ႐ုန္းကန္ေနလည္း အရာဝင္သည္မရွိပဲ  ဗမာ ၏ ခႏၶာကိုယ္သည္ လႊား ၏ စိတ္တိုင္းက်သာ ရွိေစသည္၊၊


"Zero  ေတာ္ေတာ့လို႔!"


" ခင္ဗ်ား  က်စ္ !  က်ဳပ္  အရွိန္ပ်က္တယ္"


Zero ဆိုေသာ နာမ္စားကို ဗမာ  ေလသံျမႇင့္လို႔ ေခၚမွပင္  လႊား၏ ပြတ္သပ္နမ္းရွိုက္မႈေတြက ရပ္တန့္သြားေတာ့သည္၊၊ သို႔ေပမဲ့ ဗမာ ခႏၶာကိုယ္ ကေတာ့ လႊား၏ ရင္ဘတ္အနီးမွာ သာရွိေသးၿပီး    ခပ္ေဝးေဝးအေနအထားေရာက္ဖို႔  ဗမာ ႐ုန္းၾကည့္ပါေသာ္လည္း  အရာမထင္ေပ၊၊

" မင္း ငါကိုလႊတ္ေတာ့ ၊၊ ခြဲခန္းဝင္ရအုံးမွာ ဖယ္"

"ခင္ဗ်ားကို  ခြဲခန္းထဲထိ က်ဳပ္လိုက္ပို႔ေပးမယ္"


"မလိုဘူး ၊၊ လမ္းကိုသာ ေျပာျပ ငါဘာသာသြားမယ္"


ဂ်စ္တစ္တစ္ ဆန္ေသာ အက်င့္စရိုက္သည္  လႊားဆီမွတင္မဟုတ္ပဲ ဗမာ ဆီ၌လည္း အနည္းငယ္ကိန္းေအာင္းစြာပင္ရွိ၏၊၊ ထို႔ေၾကာင့္ ထို ဂ်စ္တစ္တစ္အက်င့္စရိုက္က ထႂကြလာလွ်င္  ဘာဘဲ ေျပာေျပာ  တစ္ဖက္လူစကားကို ဗမာ နားေထာင္ခ်င္စိတ္မရွိေတာ့ေပ၊၊  ကန့္လန့္တိုက္ဖို႔ကိုသာ ေ႐ြးခ်ယ္မိေတာ့သည္၊၊


"ခြန္းဗမာရစ္ "

"ဘာလဲ!"


"ခင္ဗ်ား ေယာက်္ား ေျပာစကားကို တစ္ခါေလာက္နားေထာင္စမ္း"


"မေထာင္ဘူး"

စိတ္မရွည္သလိုမ်ိဳးနဲ႕  ဗမာ ကိုၾကည့္ၿပီး သက္ျပင္းခ်လိဳက္ေသာ လႊားက   ဗမာ ခႏၶာကိုယ္ ကို  ခပ္ေဝးေဝးသို႔ တြန္းထုတ္လာ၏၊၊ ထို႔ေနာက္  ေဘာင္းဘီအိတ္ကပ္ထဲသို႔ သူလက္ႏွစ္ဖက္ကို တစ္ဖက္စီ ထည့္ကာျဖင့္


"ေရွ႕တည့္တည့္ေလွ်ာက္သြားၿပီး ညာေကြ႕လိုက္"

ထိုမွ်ေသာ စကားကို ဆိုၿပီးတာနဲ႕  လႊားက  ဗမာ ကို ေက်ာခိုင္းကာပင္  လွည့္ထြက္သြားေတာ့သည္၊၊   ဗမာ မွာ ေတာ့ ကိုယ္ဘာသာ သြားမယ္ေျပာထားၿပီး အခု တစ္ကယ္လည္း ကိုယ္ဘာသာ တစ္ေယာက္ထဲ သြားရမယ္ဆိုေလေတာ့ ဘာကို အလိုမက်မွန္းမသိ   စိတ္ထဲ မတင္မက်ႀကီးကို ျဖစ္ေလသည္၊၊


ျပတ္သားနိုင္လြန္းေသာ လႊားကေတာ့ ေက်ာခိုင္းလွည့္ထြက္သြားသည္မွာ မ်ား  အေနာက္သို႔ တစ္ခ်က္မွပင္ လွည့္မၾကည့္ေပ၊၊  ခံစားခ်က္မရွိတဲ့ လူကို ခ်စ္မိေနရသည္ကလဲ ဗမာ ၏ ဝဋ္ေႂကြးကံ ျမင့္မားျခင္းပင္ျဖစ္ပါလိမ့္မည္၊၊


လႊားေျပာတဲ့ လမ္းၫႊန္ခ်က္အတိုင္း ဗမာ ေလွ်ာက္လာေလေတာ့   အခန္းတစ္ခုေရွ႕၌ ဆရာဝန္ ေလးေယာက္က ရပ္ေစာင့္ေနသည္ကိုေတြ႕ရ၏၊၊  ဗမာ  ထို အခန္းနားသို႔ ေရာက္လာေတာ့


"ခြဲခန္းဝင္မဲ့ ခြန္းဗမာရစ္ လားဗ်"


"ဟုတ္"


"ဒီမွာ လက္မွတ္ထိုးေပးပါဦးဗ်၊၊ ၿပီးတာနဲ႕   ခြဲခန္းဝင္လို႔ရပါၿပီ"


ဆရာဝန္တစ္ေယာက္ထိုးေပးလာေသာ စာ႐ြက္နဲ႕ ေဘာပင္ကို ဗမာ လွမ္းယူလိုက္ၿပီး လက္ေပၚမွာတင္၍  လတ္မွတ္ထိုးေပးလိုက္ေလသည္၊၊ ထို႔ေနာက္ ထိုဆရာဝန္ကပင္ဦးေဆာင္၍ ဗမာ ကို ခြဲထန္းထဲသို႔ ေခၚေဆာင္လာခဲ့သည္၊၊


ဗမာ ကို ခြဲစိတ္မည္ေနရာက ေဆး႐ုံမွာလို႔ ဗမာ ထင္ထားခဲ့ေသာ္လည္း အခုေတာ့ ဒီကြၽန္းမွာပဲမလို႔ နည္းနည္းေတာ့ အံ့ၾသမိသည္၊၊ ထို႔ျပင္  ခြဲခန္းထဲ၌ ပစၥည္းကိရိယာက စုံလင္သည့္အျပင္ ဆရာဝန္မ်ားသည္လည္း ဆယ္ေယာက္ထက္မနည္းကို ရွိ၏၊၊ ထိုဆရာဝန္မ်ားကို ၾကည့္ပုံအရ နယ္နယ္ရရလူမ်ားမဟုတ္မွန္း ဗမာ အလိုလိုကို ရိပ္မိပါသည္၊၊  ထို႔ေနာက္  ဆရာဝန္တစ္ေယာက္သည္ ဗမာကို  လူနာ ဝတ္စုံ လာေပးသည္ေၾကာင့္  ဗမာ လဲဝတ္လိုက္ေလ သည္၊၊


"ေမ့ေဆး ထိုးေတာ့မယ္ေနာ္ ေကာင္ေလး "


ဗမာ ကုတင္ေပၚသို႔  တတ္လိုက္သည္ႏွင့္ ဆရာဝန္တစ္ဦးက ၾကည္လင္ေသာ အသံအေနအထားျဖင့္ ေျပာလာေလသည္၊၊ ထို႔ေၾကာင့္ ဗမာလည္း ထိုဆရာဝန္ကို ေခါင္းသာ ညိတ္ျပလိုက္ေတာ့သည္၊၊


ေဆးအပ္သည္ ဗမာ ၏ အေၾကာထဲသို႔ ဝင္ေရာက္လာၿပီးခ်ိန္၌ ဗမာ၏ အျမင္အာ႐ုံမွာ ေဝဝါးလာကာျဖင့္ အသိစိတ္အာ႐ုံသည္လည္း   မဲေမွာင္ေနေသာ အနက္ဆုံးအပိုင္းထဲသို႔  တိုးဝင္ကာျဖင့္ လြင့္ေမ်ာ သြားေလေတာ့သည္၊၊

"အကုန္ အဆင့္သင့္ျဖစ္ပါၿပီ၊၊ ခြဲစိတ္ျခင္းက စလို႔ရၿပီ"

အကူဆရာဝန္ဆီမွ အဆင့္သင့္ျဖစ္ေၾကာင္း အသံထြက္လာၿပီးေနာက္  ခြဲခန္းထဲသို႔  ေခါင္းေဆာင္ ဆရာဝန္ႀကီးႏွင့္အတူ  တြဲဖက္ ခြဲစိတ္မည္ အရပ္ေထာင္းေထာင္းေမာင္းေမာင္းရွိလွေသာ ဆရာဝန္တစ္ေယာက္က ဝင္ေရာက္လာေလသည္၊၊


အခု အဓိက ခြဲစိတ္မည္ ဆရာဝန္ႏွစ္ေယာက္မွာ တစ္ေယာက္က ေဆး၌ ပရဂူဘြဲ႕ရထားေသာ ဆရာဝန္ႀကီးျဖစ္ၿပီး က်န္တစ္ေယာက္ကမူ   ေဆးလက္မွတ္ ေကာင္းမြန္စြာ ရထားေသာ္လည္း  ဆရာဝန္အျဖစ္ လုပ္ေဆာင္ ျခင္းမရွိပဲ  ေျမေအာက္လမ္းကိုသာ ေလွ်ာက္လွမ္းေနသူျဖစ္သည္၊၊

ဒီေန႕ ခြန္းဗမာရစ္ ကို ခြဲစိတ္ဖို႔အတြက္  Zero ေန႕မနားညမနားနဲ႕ပင္ အလုပ္မ်ားကို တစ္ဖက္  ေဆးပညာပိုင္းကို  ျပန္ေလ့လာရသည္က တစ္ဖက္ျဖင့္ အခ်ိန္ေတြကုန္ဆုံးခဲ့သည္၊၊


ေဆးပညာနဲ႕ ေက်ာင္းၿပီးထားသည့္အျပင္ ဆရာဝန္လက္မွတ္ရထားေသာျငား  Zeroကေတာ့ စီးပြားေရးရွင္သာ လုပ္ေနသည့္မလို႔ ေဆးပညာနဲ႕ အနည္းငယ္အလွမ္းေဝးေနသည္ကေတာ့ အမွန္ပင္ျဖစ္သည္၊၊ သို႔ေသာ္  ျပန္ေလ့လာခဲ့သည္မွာ လနဲ႕ခ်ီပင္ရွိၿပီမလို႔ ဒီခြဲစိတ္မႈ၌ Zero  ပါဝင္ရန္ အဆင့္သင့္ပင္ ျဖစ္ေနေလၿပီ၊၊


ေသခ်ာေပါက္ ခြန္းဗမာရစ္ ကို ျပန္လည္ရွင္သန္ရန္အတြက္ ႀကိဳစား လုပ္ေဆာင္ရမည့္ ဒီကိစၥက   ေန႕မနားညမနား Zero လုပ္ခဲ့ရတာမ်ားႏွင့္ ယဥ္လွ်င္ တန္သည္လို႔ဆိုရမည္၊၊  ႀကိဳးစားမႈ၏ ရလဒ္အရ ခြန္းဗမာရစ္ က လူေကာင္းတစ္ေယာက္ ျဖစ္လာမွကိုျဖစ္မည္၊၊ ဒါမွလဲ Zero ျပဳမူသမွ်ကို ခံနိုင္ရည္ရွိမည္ေလ

"မစၥတာ Zero   အခု ခြဲစိတ္မႈက  အစားထိုးမေအာင္ျမင္ရင္ ဘယ္လိုလုပ္မလဲ"

ခြဲစိတ္ဖို႔အတြက္ ပစၥည္းမ်ား အဆင့္သင့္ျဖစ္ေအာင္  ခ်ေနစဥ္  ဆရာဝန္ႀကီးက  Zero နားကပ္လို႔ ေမးလာခဲ့သည္၊၊  တစ္ခါမွ ခြဲစိတ္ခန္းမဝင္ခဲ့ဖူးေသာ Zero အေပၚ ယုံၾကည္မႈ မရွိေနေသာ ဆရာဝန္ႀကီးကိုလဲ Zero အျပစ္သြားေျပာလို႔မရေပ၊၊   ဆရာဝန္ႀကီး  မယုံနိုင္ျဖစ္တာကလဲ ျဖစ္သင့္သည္ပဲေလ


"ခြန္းဗမာရစ္ နဲ႕ ကိုက္ညီဖို႔ ရာခိုင္ႏႈန္း မ်ားတဲ့ ႏွလုံးက သုံးခုရွိတယ္မလား"


"အင္း၊၊  ေသြးလည္း အလုံအေလာက္ရွိတယ္၊၊ ဒါေပမဲ့  အဲ့ ႏွလုံးသုံးခုကသာ အစားထိုးမွာ မေအာင္ျမင္ရင္...."

"က်ဳပ္ႏွလုံးကို  ထုတ္ၿပိး ခြန္းဗမာရစ္ ထဲ ထည့္ေပး"


အံၾသသလို ၾကည့္လာေသာ ဆရာဝန္က Zero ၏ စကားကို မယုံသကၤာ သလိုရွိ၏၊၊


"စကားကို အလြယ္မေျပာနဲ႕ မစၥတာ Zero"

"က်ဳပ္က ေျပာရင္ တည္တယ္၊၊  အဲ့ႏွလုံးသုံးခုနဲ႕သာမရရင္ က်ဳပ္ႏွလုံးကို ထုတ္ၿပီး  ထည့္ေပးလိုက္"


"ဒါေပမဲ့..."

"စကားမ်ားမေနပဲ ခြဲစိတ္မႈ စရေအာင္၊၊  မွတ္ထားေနာ္ Doctor  ဒီ ခြဲစိတ္မႈက  တစ္စုံ တစ္ခု လြဲမွားလို႔မျဖစ္ဘူးဆိုတာ ၊၊ မဟုတ္ရင္ေတာ့   Doctor  ရဲ႕ ေဆြစဥ္မ်ိဴးဆက္အတြက္ မေတြးဝံ့စရာပဲ"


ဆရာဝန္၏ တုန္လႈပ္ေနေသာ မ်က္ဝန္းေတြက ေၾကာက္႐ြံ႕မႈ၏ ျပယုဂ္ တစ္ခုပင္ျဖစ္ၿပီး Zero ကို ေခါင္းငုံ႕အရိုအေသ ေပးကာျဖင့္ ခြဲစိတ္မႈကို စတင္ရန္ ကုတင္တစ္ဖက္ေဘး၌ ေနရာယူ၏၊၊ ထို႔ေၾကာင့္ Zero လည္း ခြန္းဗမာရစ္ လဲေလ်ာင္း ေနေသာ ကုတင္တစ္ဖက္ေဘး၌ ေနရာ ဝင္ယူလိုက္ေလသည္၊၊


ကုတင္ေပၚ၌ ေမ့ေမ်ာေနေသာ ခြန္းဗမာရစ္ ၏ မ်က္ႏွာကိုၾကည့္ၿပီး  Zero စိတ္အနည္းငယ္လႈပ္ ရွားေနမိၿပီး   ဘာမွ အေတြးမေရာက္ေစရန္  စိတ္ၿငိမ္ေအာင္ ႀကိဳးစားရသည္၊၊ ေသခ်ာေပါက္ ခြန္းဗမာရစ္ ကို  လူေကာင္းတစ္ေယာက္ျဖစ္ေအာင္  Zero ျပဳျပင္ၿပီး ေခၚေဆာင္လာခဲ့အုံးမွာပါ

ခြဲစိတ္ခန္းထဲမွာ  လိုအပ္ေသာ ပစၥည္းကိရိယာမ်ားကို ေတာင္းဆိုေနေသာ ဆရာဝန္ႏွစ္ေယာက္၏ အသံႏွင့္  တစ္ျခားေသာ အကူဆရာဝန္မ်ား၏ လိုအပ္ေသာ ပစၥည္းမ်ား ယူေဆာင္ေနေသာ အသံတို႔သာ ထြက္ေပၚေနသည္၊၊ နည္းနည္းရႈပ္ေထြးလွေသာ အေျခအေနမွာ ရွိၿပီး အားစိုက္လုပ္ေနရေသာ အဓိက  ဆရာဝန္ ႏွစ္ေယာက္သည္လည္း  နဖူးကေခြၽး ေျခမထိ က်ေရာက္သလိုပင္ နားထင္ေၾကာ မ်ားတင္းလ်က္  ေခြၽးေပါက္ေပါက္ပင္က်ေနေလၿပီ၊၊


"ေသြးသြင္းဖို႔ ေသြးထုတ္ေတြ ထပ္ယူခဲ့"


မာန္ဖီစြာ ထြက္လာေသာ စကားေနာက္ ဆရာဝန္အကူမ်ားက  လ်င္ျမန္စြာပင္ အသည္းအသန္ လႈပ္ရွားၾက၏၊၊   လိုအပ္သည့္ လုပ္ေဆာင္မႈမ်ားအျပင္ ႏွလုံးကိုလည္း ေသခ်ာ ဂ႐ုတစိုက္  ထည့္သြင္းရသည္ေၾကာင့္ ခြဲစိတ္ခ်ိန္သည္ တစ္ျခား ခြဲစိတ္မႈ အခ်ိန္ထက္ ပို၍ ပင္ အခ်ိန္ၾကာျမင့္ေလသည္၊၊


"မစၥတာ Zero  စိတ္ကိုၿငိမ္ၿငိမ္ထားၿပီးလုပ္မယ္ေနာ္  ၊၊  တစ္ခု ခု လြဲေခ်ာ္ လို႔မျဖစ္ဘူးမလား  ၊၊ စိတ္မၿငိမ္ရင္  တစ္ျခားဆရာဝန္က ဆက္လုပ္ပါလိမ့္မယ္ ၊၊ မစၥတာ Zero ဖယ္လိုက္ပါ"

"စကားမ်ားမေနပဲ ဆက္လုပ္စမ္း၊၊ က်ဳပ္ ကရတယ္"


တစ္ဖန္ စကားေျပာသံမွာ ျပန္၍ တိတ္ဆိတ္သြားလ်က္ ခြဲစိတ္မႈကို အာ႐ုံျပန္စိုက္ၾက၏၊၊  အခက္အခဲေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ၿပီးတဲ့ေနာက္  ႏွလုံးအစားထိုးကုသမႈသည္လည္း ေအာင္ျမင္စြာပင္ ၿပီးဆုံးခဲ့သည္၊၊ ရပ္တန့္သြားေသာ ႏွခုန္ႏႈန္းေၾကာင့္  Zero နဲ႕ ဆရာဝန္ႀကီးတို႔မွာ အသည္းအသန္ လုပ္ခဲ့ရေသး၏၊၊ သို႔ေသာ္ ေနာက္ဆုံးမွာေတာ့ ကိုက္ညီေသာ ႏွလုံးတစ္ခုနဲ႕ပင္ ခြန္းဗမာရစ္ ကို ခြဲစိတ္မႈသည္ေအာင္ျမင္ခဲ့သည္၊၊


" အဆုံးသတ္ ခ်ဳပ္ဖို႔အတြက္   Doctor ကပဲ   တာဝန္ယူလိုက္ပါ့မယ္၊၊ မစၥတာ Zero  သြားနားလို႔ရပါၿပီ"


"အင္း"


လုပ္နိုင္လိမ့္မယ္လို႔မထင္ခဲ့ေပမဲ့  တကယ္တမ္း ခြန္းဗမာရစ္ အတြက္ ခြဲစိတ္မႈသည္ ေအာင္ျမင္ခဲ့ေလေတာ့  Zero  ပထမဦးဆုံးအေနျဖင့္ တစ္စုံတစ္ေယာက္အတြက္ မ်က္ရည္ပင္က်မိသည္၊၊ နာက်င္လြန္း၍မဟုတ္ပဲ ေပ်ာ္လြန္း၍သာ

ခြဲစိတ္ခန္းဝင္ေသာ အကၤ်ီ မ်ားကိုခြၽတ္ၿပီး ခႏၶာကိုယ္ ကို သန့္စင္ၿပီးေနာက္ Zero  ခြဲခန္းထဲကေန ထြက္လာခဲ့ေတာ့သည္၊၊ ခြဲစိတ္ခ်ိန္သည္  7 နာရီေလာက္ထိကို အခ်ိန္ေပးခဲ့ရၿပီး  အသက္နဲ႕ေလာင္းေၾကးထပ္ရေသာ ကစားပြဲတစ္ခုလိုပင္ အတုန္တုန္အယင္ယင္နဲ႕ပင္ၿပီးဆုံးခဲ့သည္၊၊ အခုေတာ့  ခြန္းဗမာရစ္ နိုးထလာမည့္အခ်ိန္ကိုသာ ေစာင့္ရမည္ျဖစ္ၿပီး က်န္သည္ ႏွလုံးနဲ႕ပက္သက္ေသာ ကိစၥကေတာ့  လူေကာင္းတစ္ေယာက္လိုပင္ ေကာင္းမြန္သြားၿပီျဖစ္၏၊၊


"Leader  နားအုံးမလား"

ခြဲခန္းအျပင္ဘက္၌ ေစာင့္ေနေသာ ေဇဗန္က   Zero ထြက္လာသည္ကို ျမင္ေတာ့အေမးျပဳ၏၊၊ ေဇဗန္က ခြဲစိတ္မႈ အေၾကာင္း Zero ကို စကားမစေသာလည္း  Zero ၏ မ်က္ႏွာအမူအရာကို ၾကည့္၍ ခြဲစိတ္မႈေအာင္ျမင္ေၾကာင္း ေကာက္ခ်က္ ခ်လိဳက္ပုံပင္ရသည္၊၊


"ထြက္ခြာဖို႔အသင့္ျပင္၊၊ ေဇဗီယာကိုလဲ လွမ္းဆက္သြယ္လိုက္ စႏွိုက္ဖာ သမားေတြ အဆင့္သင့္ လုပ္ထားဖို႔"


"ေကာင္းပါၿပီ"


Island ၏ ယာဥ္ရပ္နားရာ ေနရာသို႔ ေျခလွမ္းက်ဲ မ်ားနဲ႕  ေလွ်ာက္သြားေသာ Leader ေနာက္  ေဇဗန္မွာ အျမန္သုတ္ေျခတင္ကာ လိုက္ရ၏၊၊  ခြဲခန္းထဲက ျပန္ထြက္လာသည့္ Leaderက မ်က္ဝန္းသားေတြ ရဲေနေသာ္လည္း တည္ၿငိမ္ေနေသာ ပုံစံမို႔ ခြဲစိတ္မႈက ရာႏႈန္းျပည့္  ေအာင္ျမင္ေၾကာင္း ေဇဗန္ သိလိုက္ၿပီျဖစ္သည္၊၊

ခြဲစိတ္မႈသာ မေအာင္ျမင္ပဲ တစ္ခုခု လြဲမွားရင္ေတာ့ Leader က အခုလို တည္ၿငိမ္ပုံေပါက္ေနမည္မဟုတ္ေပ၊၊ ထို႔ျပင္ ခြဲခန္းအၾကာႀကီး ဝင္ထားေသာ Leaderက  မနားပဲ Mission  ကို တန္းလုပ္မည္ဆိုတာေၾကာင့္  ေဇဗန္ Leader ကို ေတြးပူရပါေသးသည္၊၊


ခြန္းအတြက္ ကိုယ္္တိုင္ ခြဲခန္းဝင္ဖို႔ Leader ဘယ္လို  ေန႕မနား ညမနားနဲ႕ လုပ္ခဲ့ရလဲ ဆိုတာ အေနနီးေနေသာ ေဇဗန္ကသာ ေကာင္းေကာင္းသိ၏၊၊ ထို႔ေၾကာင့္ Leader ကို သနားမိတယ္ဆိုလဲ မွန္သည္၊၊   ညဘက္ေတြ ေကာင္းေကာင္းမအိပ္ထားေသာ Leader က Mission လုပ္ေနစဥ္အတြင္း ျပစ္လဲ သြားမွာကိုလဲ ေဇဗန္ ေတြးပူရျပန္ပါသည္၊၊


Leader၏ အေျခအေနၾကည့္ပုံ အရေတာ့ အဆင္ေျပေနေသးေပမဲ့   လူတစ္ေယာက္၏ ခံစားခ်က္ကို အေပၚပိုင္းေလးၾကည့္ယုံနဲ႕  အလြယ္ေတာ့ မေတြးသင့္သည္မို႔  ေဇဗန္မွာ Leader ကို မ်က္စိေဒါက္ေထာင့္ ကို လိုက္ၾကည့္ေနရသည္၊၊


ရဟတ္ယာဥ္ ထဲ တန္းဝင္သြားေသာ Leader က  ရဟတ္ယာဥ္ ထဲ ေရာက္သည္ဆိုရင္ပဲ အေပၚကုတ္ အကၤ်ီ ကို ခြၽတ္လ်က္  အတြင္း၌ လက္နက္အျပည့္ တပ္ဆင္ထားေသာ ဝတ္စုံအနက္ကို ဝတ္လ်က္    လက္အိတ္အနက္ကို ဝတ္ၿပီးေနာက္ အေပၚကေန ကုတ္ အကၤ်ီ အရွည္အနက္ကို ျပန္ဝတ္၏၊၊ ထို႔ေနာက္  မ်က္ႏွာတစ္ျခမ္းက ၿပဳံးေယာင္သမ္းေနေသာ လဲ တစ္ျခမ္းကေတာ့ ပပ္ၾကားအက္ ေနေသာ အေနအထားရွိသည့္  မ်က္ႏွာဖုံးကို Leader က  မ်က္ႏွာ၌ တပ္ဆင္ၿပီးေနာက္ ရဟတ္ယာဥ္ ကို ထြက္ခြာဖို႔အခ်က္ျပ၏၊၊


ေဇဗန္လည္း  ျပင္ဆင္စရာရွိေသာ ကိစၥမ်ားႏွင့္ Leader  ၫႊန္းၾကားထားသည့္ ကိစၥမ်ားကို လုပ္ေဆာင္ၿပီးေနာက္ ဦးတည္ရာျဖစ္ေသာ ေနရာသို႔ ရဟတ္ယာဥ္ ျဖင့္  ထြက္ခြာခဲ့ေတာ့သည္၊၊


ပုံမွန္ကေတာ့ ယာဥ္ေမာင္းသမားတစ္ေယာက္ရွိေသာလဲ ယခု Mission အရ  Leader နဲ႕ ေဇဗန္သာ ရဟတ္ ထဲပါလာခဲ့ၿပီး ယာဥ္ေမာင္းတာဝန္ကိုေတာ့ ေဇဗန္ကသာ လုပ္ေဆာင္သည္၊၊  Leaderကေတာ့ ရဟတ္ ယာဥ္၏ ေနာက္ခန္း၌ ထိုင္လ်က္  laptop ဖန္သားျပင္သို႔အၾကည့္ပို႔လ်က္  အလုပ္လုပ္ေနပုံရသည္၊၊

"ဘယ္အခ်ိန္ ေရာက္မလဲ"


"ေနာက္ ဆယ္မိနစ္ဆို  က်ဳပ္တို႔ အဓိက စခန္းနားကို ေရာက္ၿပီ Leader"


အရွိန္တင္လ်က္ ရဟတ္ယာဥ္ ကို ေမာင္းလာၿပီးေနာက္ သိပ္မၾကာခင္အခ်ိန္တြင္းမွာတင္  ရဟတ္ယာဥ္ သည္ စခန္းနား၌ ဆိုက္ကပ္လာခဲ့သည္၊၊  ရဟတ္ယာဥ္ ေပၚကေန Leader ႏွင့္ ေဇဗန္ဆင္းလာေတာ့  တန္းစီလ်က္ အဆင့္သင့္ေစာင့္ေနေသာ အနက္ေရာင္ဝတ္စုံႏွင့္ လူေတြက တေျပးညီထဲပင္ ေခါင္းငုံ႕ကာ အရိုအေသ ေပးၾကသည္၊၊


" Leader  ခဏေန ရင္ ျပစ္ခတ္မႈ စတင္ပါ့မယ္၊၊ တစ္ဖက္က မသိခင္ အလစ္တိုက္မွာ မလို႔  နည္းနည္းေတာ့ က်ဳပ္တို႔ အျမန္အၿပီးသတ္ဖို႔လိုမယ္"

တန္းစီေနေသာ လူေတြ၏ ထိပ္၌ ရွိေသာ ေဇဗီယာက Zero အနားသို႔  ကပ္လ်က္ ေျပာလာ၏၊၊    ဒီစခန္းနဲ႕ တစ္ဖက္က  Fox ဂိုဏ္း၏ ပင္မစခန္းနဲ႕က မိုင္အနည္းငယ္ကြာျခားေသာ္လည္း  လက္ျပစ္ဗုံးႏွင့္ ေလာင္ခ်ာေတြသာ အလုံအေလာက္ရွိလွ်င္ Zero တို႔ဘက္က နိုင္ဖို႔မ်ားသည္၊၊

Fox ဂိုဏ္း သည္လည္း  ဂိုဏ္း ႀကီးေတြထဲက တစ္ခုပင္ျဖစ္သည့္မို႔ အျမစ္ျဖတ္ရွင္းလင္းဖို႔ရာ သိပ္ေတာ့မလြယ္ကူေခ်၊၊  အရင္က Zero ၏ ဂိုဏ္း ျဖစ္ေသာ Dargon  ဂိုဏ္း နဲ႕ fox  ဂိုဏ္း သည္ သစၥာခံထားေသာ ဂိုဏ္း ႏွစ္ခုျဖစ္ေသာ္လည္း  fox က သစၥာေဖာက္လ်က္ မာန္ဟုန္မွိုင္းႏွင့္ ပူေပါင္းေနေၾကာင္း သတင္းရထားသည္မလို႔  အခုလို  အလစ္တိုက္လ်က္ အျမစ္ျဖတ္မည့္ အစီအစဥ္ က ျဖစ္ေပၚလာရသည္၊၊


Zero တို႔ ဂိုဏ္း ဘက္က စတင္ သစၥာ ေဖာက္သည္မဟုတ္တာေၾကာင့္ အခု ကစားပြဲက တစ္ဖက္ fox ဂိုဏ္း ရသင့္သည္ ျပစ္ဒဏ္ လို႔သာ ဆိုရမည္၊၊ ဒါက မွ်တျခင္းပါပင္၊၊


" ေလာင္ခ်ာနဲ႕ လက္ျပစ္ဗုံးကို အသင့္ျပင္ထား ၊၊ေခါင္းေဆာင္ ကို ငါကိုယ္တိုင္  ကိုင္တြယ္မယ္"


"Leader  fox ဂိုဏ္း က ျမသဲျဖဴကို  တစ္ခါထဲ ေခၚေဆာင္ခဲ့ရမလား"

ေဇဗန္၏ သတိေပးစကားကိုၾကားမွ ျမသဲျဖဴကို ႏွိပ္စက္ ၿပီးဖမ္းထားသည္ကို Zero ျပန္သတိရေတာ့သည္၊၊   ခြန္းဗမာရစ္ အေပၚ အျပစ္ျပဳထားလို႔  ျမသဲျဖဴကို ႏွိပ္စက္ ထားတာက မွန္သလို  သစၥာေဖာက္၏ သမီးမလို႔လဲ ႏွိပ္စက္ထားျခင္းျဖစ္သည္၊၊


အသက္ေဖ်ာ့ေဖ်ာ့သာ ထား  ထားသည့္ ျမသဲျဖဴသည္  သူ၏ ေနရက္က ဒီေန႕ေနာက္ဆုံးျဖစ္လိမ့္မည္၊၊  သူအေဖနဲ႕အတူ  Zero က ပို႔ေဆာင္ေပးမွာ ဆိုလဲ မွန္၏၊၊


"ေခၚခဲ့ "


"သိပါၿပီ Leader"

အဓိကစခန္းနား၌ ဝိုင္းထားေသာ Zero လက္ေအာက္က စႏွိုက္ဖာသမားအမ်ားအျပားရွိၿပီး ေရွ႕ဆုံးက တတ္မည့္  လူအင္အားသည္လည္း အနည္းငယ္မ်ား၏၊၊  fox ဂိုဏ္း ၏ ပင္မစခန္းရဲ႕ လ်ိဳ႕ဝွက္ လမ္းေၾကာင္းထဲသို႔ Zeroက အရင္ဆုံးေဖာက္ဝင္ရမည္ျဖစ္ၿပီး Zero အခ်က္ျပမွသာ က်န္သည့္လူမ်ားက အသီးသီး လႈပ္ရွားၾကမည္ ျဖစ္သည္၊၊


   ရန္သူ၏  အဓိက ဂူအတြင္းထဲသို႔ တစ္ေယာက္ထဲ ဝင္ေရာက္သည္က     နည္းနည္း စြန္စားရာက်ေပမဲ့ Zero လုပ္ကိုင္ေသာ အလုပ္က  စြန့္စားရမည့္  လုပ္ငန္းေတြပဲမလို႔  အထူးအဆန္းေတာ့ မရွိေပ၊၊

"Leader  က်ဳပ္လိုက္ခဲ့ရမလား၊၊ က်ဳပ္ Leader ကိုစိတ္မခ်ဘဴး"


Zero ထြက္ခြာမည္ ျပင္ဆင္  Zero အေရွ႕ကေန ရပ္လ်က္  ေဇဗန္က  စိတ္မခ်စြာ စကားဆိုလာ၏၊၊  အခုမွ လည္း ဒီလို ကိစၥေတြက လုပ္ဖူးသည္ မဟုတ္ပဲ စိုးရိမ္တတ္လြန္းေသာ ေဇဗန္ကို  Zero အေရွ႕ကေန တြန္းဖယ္ကျဖင့္    လမ္းေၾကာင္းအတိုင္းသာ တိတ္တဆိတ္ ထြက္ခြာ လာခဲ့ေတာ့သည္၊၊


"Zero ၾကားလား  ငါအသံ  ၊၊ တစ္ခုခုျဖစ္ရင္ အခ်က္ျပ ခလုတ္ႏွိပ္ဖို႔မေမ့နဲ႕ေနာ္"

ဆက္သြယ္ေရးကိရိယာမွ  ေဇထက္ရွား၏ အသံကို  Zero စၾကားရ၏၊၊   လ်ိဳဝွက္လမ္းေၾကာင္းကို ေဇထက္ရွားက  laptop ထဲကေန ေစာင့္ၾကည့္ေနၿပီး Zero ၏ လႈပ္ရွားမႈကိုလဲ ေဇထက္ရွားက ျမင္ေနရမွာ ျဖစ္သည္၊၊  သို႔ေသာ္လည္း တတြတ္တြတ္ လွမ္းေျပာေနေသာ ေဇထက္ရွားေၾကာင့္ Zero သိပ္ၿပီးစိတ္မၾကည္ေတာ့ေပ၊၊

" Zero ေသခ်ာဂ႐ုစိုက္မယ္ေနာ္ တစ္ခုခုျဖစ္ရင္ မင္းေနာက္မွာ ငါပါလာတယ္ ၊၊ လွမ္းေျပာလို႔ရတယ္"

Zero နဲ႕ အေနအထားခပ္လွမ္းလွမ္းကေန တိတ္တဆိတ္လိုက္ပါလာေသာ  ေအာင္ခြန္းခသည္လဲ  မိနစ္ မျခားပဲ ဆက္သြယ္ေရးကိရိယာကို သုံးလ်က္  Zero ကို  ဂ႐ုစိုက္ဖို႔သာ အတန္တန္ေျပာေနေလသည္၊၊    Zero က ကေလးတစ္ေယာက္မဟုတ္ေသာ္လည္း  ကေလးလိုပင္ ဂ႐ုစိုက္ေနေသာ  လူေတြေၾကာင့္ အေနက်ပ္ရသည္မွာ အမွန္ပင္ျဖစ္၏၊၊ ထို႔ျပင္ ကပ္မ လိုက္လာဖို႔ Zero ေျပာခဲ့ေသာ္လည္း ေအာင္ခြန္းခကေတာ့ အခု ကပ္လိုက္လာေလသည္၊၊


ဆက္သြယ္ေရးကိရိယာကို Zero ျဖဳတ္ခ်လိဳက္ၿပီးေနာက္  အေရွ႕၌ လမ္းကိုသာ အာ႐ုံစိုက္ကာျဖင့္   fox ေခါင္းေဆာင္ရွိမည္ ေနရာကို  တျဖည္းျဖည္းနဲ႕ ပင္ ခ်ည္းကပ္လာခဲ့သည္၊၊


ထြက္ေပါက္ျဖစ္ေသာ တံခါးေပါက္ဝနဲ႕ နီးကပ္လာေလ  တစ္ဖက္ခန္းမွ စကားေျပာေနၾကေသာ လူေတြ၏ အသံကို စၾကားရေလပင္ ျဖစ္သည္၊၊  ဒီအခန္းက  fox ေခါင္းေဆာင္ေနေသာ ေနရာကို သြားဖို႔အတြက္ ၾကားခံအေနနဲ႕ ရွိေသာ အေစာင့္ ၏ အခန္းပင္ျဖစ္သည္၊၊  ပ်မ္းမွ် ျခင္းအားျဖင့္ ဒီအခန္းထဲ၌ အေစာင့္ ေလးေယာက္ထက္ပို၍ ရွိနိုင္သည္၊၊


ဝုန္း !!


တံခါးကို ေဆာင့္ကန္ဖြင့္လ်က္ စကားမ်ားေနေသာ အေစာင့္ေတြကို  အခြင္းေကာင္းယူကာျဖင့္   Zero အၿမဲ သုံးေနက် လက္နက္ျဖစ္ေသာ ေငြမွင္ေရာင္ နဂါးအပ္ႏွင့္ ျပစ္ေပါက္ လိုက္လွ်င္ အသံမထြက္နိုင္စြာပဲ  အေစာင့္ေတြမွာ တအစ္အစ္နဲ႕ပင္ ျပစ္လွဲ က်ေတာ့သည္၊၊  


အသံတိတ္သာ ရွင္းရမည္မို႔ ေသနတ္ကို  သုံးလို႔မျဖစ္ေသးေပ၊၊ ထို႔ေၾကာင့္ အဆိပ္ျပင္း နဲ႕ လုပ္ထားေသာ ေငြမွင္ေရာင္ နဂါးအပ္ကိုသာ Zero အသုံးခ်လ်က္ fox ေခါင္းေဆာင္ ရွိရာသို႔ အျမန္ သြားရေပမည္၊၊


အေစာင့္အခန္းထဲ၌ ရွိေနေသာ တံခါး ေနာက္တစ္ခ်က္ကို  Zero ဖြင့္မည္ျပင္စဥ္မွာပင္

"ခဏေလး Zero "


Zero ပခုံးကို ကိုင္ကာ  ေအာင္ခြန္းခက လွမ္းတာလာ၏၊၊ မလိုက္လာဖို႔ ေျပာတာေတာင္ ေအာင္ခြန္းခက  ခပ္ခြာခြာကေန လိုက္လာလို႔ Zero မွာ  တင္းေနေသာ္လည္း  အခုေတာ့ ေအာင္ခြန္းခက Zero အနားပင္ ေရာက္လာေလသည္၊၊ အမိန့္စကားကို သိပ္နာခံတဲ့ေကာင္ပဲ


" တစ္ခုခုမူမမွန္သလိုပဲ ၊၊ fox ေခါင္းေဆာင္ ရွိတဲ့ေနရာသြားဖို႔ အရမ္း လြယ္ကူေနတယ္ မထင္ဘူးလား"


ေအာင္ခြန္းခက အခန္းပတ္လည္ကို ေသခ်ာၾကည့္ရႈလ်က္  မသကၤာသလို ဆိုလာ၏၊၊ Zero လည္း လြယ္ကူ စြာ သြားလာနိုင္ျခင္းအေပၚအနည္းငယ္ သံသယ ဝင္မိေပမဲ့  ဘာဘဲျဖစ္ျဖစ္ စထြက္လာခဲ့ၿပီးၿပီးမို႔ အဆုံးထိေတာ့ ေလွ်ာက္ရမည္၊၊


အေစာပိုင္း fox ဂိုဏ္း နဲ႕ ေဆြးေႏြးထားေသာ Mission မွာ Zero အစား ေက်ာ္ေဇာ္ကို လႊတ္လိုက္တာျဖစ္ၿပီး Fox ဂိုဏ္း ကို ၿဖိဳခ်ဖိဳ႕အတြက္ေတာ့ Zero ကိုယ္တိုင္လာသည္မို႔  fox ဂိုဏ္း ေခါင္းေဆာင္ က သတိထားမိေလာက္မည္ မဟုတ္ေပ၊၊


"ငါအေရွ႕က ဖယ္" 


"ေနအုံး၊၊ ငါတံခါးဖြင့္ၿပီး   အေစာင့္ေတြကို ကာျပစ္ေပးမယ္  မင္းက အေျခအေနၾကည့္လႈပ္ရွား"


Zero ကို တံခါးအဖြင့္မခံ ပဲ ေအာင္ခြန္းခက သူကိုယ္တိုင္ပင္  ေလာ့မခ်ထားေသာ တံခါးကို ေဆာင့္ကန္ဖြင့္လ်က္ အထဲသို႔ ေျပးဝင္ေလသည္၊၊ ထို႔ေနာက္ ထိုအခန္းထဲက ေသနတ္သံမွာဆက္တိုက္ကို  ေပၚထြက္လာခဲ့သည္၊၊


ေအာင္ခြန္းခ အခန္းထဲေျပးဝင္သြားထဲက Zero ထက္ၾကပ္မကြာ ကပ္၍ လိုက္ဝင္ခဲ့သည္ေၾကာင့္  ဆယ္ေယာက္ေလာက္ရွိေသာ အေစာင့္ အုပ္စုကို အခ်ိန္တို အတြင္းမွာပင္ ရွင္းလင္းနိုင္ခဲ့သည္၊၊


ဒီအခန္းသည္ က်ယ္ဝန္းၿပီး  အိမ္ႀကီးတစ္ခု၏ ဧည့္ခန္းက်ယ္နီးပါးေလာက္ကို ရွိ၏၊၊  ဖြဲ႕စည္းပုံ ကို ေလ့လာထားခ်က္အရ  ဒီအခန္း၌ fox ဂိုဏ္း ေခါင္းေဆာင္ ရွိေနမည္ဟု ဆိုေပမဲ့ အခုမူ အေစာင့္ ဆယ္ေယာက္ေလာက္သာရွိသည္၊၊ ထို႔ျပင္ အသံတစ္ခုမွ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနသည့္ေၾကာင့္  မူမမွန္ျခင္းမွာ ပို၍ ပင္သိသာလာေလသည္၊၊


"Zero    လ်ိဳ႕ဝွက္လမ္းေၾကာင္းနဲ႕ ဖြဲ႕စည္းပုံ ကို ဘယ္သူ စုံစမ္းတာလဲ"


"ေဇဗီယာ"


Zero အေျဖအဆုံး အနည္းငယ္ ေတြးဆဆ ျဖစ္သြားေသာ ေအာင္ခြန္းခက ခဏေလာက္ေတာ့ ၿငိမ္သက္သြားေလသည္၊၊ ထို႔ေနာက္  Zero ကို  အျပင္က လူေတြကို အခ်က္ျပဖို႔ မ်က္ႏွာရိပ္ လွမ္းျပၿပီး လက္နက္ကို အဆင့္သင့္လုပ္ထားရန္လည္း လက္ဟန္လွမ္းျပသည္၊၊


ခြၽတ္ထားေသာ ဆက္သြယ္ေရးကိရိယာကို Zero နား၌ ျပန္တပ္ဆင္ၿပီးေနာက္  အျပင္က အဖြဲ႕မ်ားကို လႈပ္ရွားရန္  အမိန့္ေပးလိုက္၏၊၊ ထို႔ေနာက္ Zero ခါး၌ ထိုးထားေသာ ေသနတ္ႏွစ္လတ္ကို  လက္တစ္ဖက္စီ၌ ကိုင္ၿပီးေနာက္  တိတ္ဆိတ္ေနေသာ အခန္းပတ္လည္ကို  လွည္ပတ္ၾကည့္ရႉမိသည္၊၊

"  ဟားးးးမစၥတာ Zeroက   အခုလို လာတိုက္မယ္လို႔ေတာင္မထင္ထားဘူးေနာ္"


တိတ္ဆိတ္ေနေသာ  အခန္း၏ တစ္ေနရာကေန  ရယ္ေမာ လ်က္ fox ဂိုဏ္း ေခါင္းေဆာင္က ထြက္လာၿပီးေနာက္ အခန္းျပည့္လုနီးပါး  အနက္ေရာင္ဝတ္စုံေတြဝတ္ထားေသာ  လူေတြက Zero နဲ႕ ေအာင္ခြန္းခကို ဝိုင္းလိုက္ေလသည္၊၊ အခုလို အေျခအေနက Zero တို႔ ဂိုဏ္း ၏ သတင္းေပါက္ၾကားသြားေၾကာင္းျဖစ္ၿပီး  သူလွ်ို ရွိေနေၾကာင္းလဲ ေဖာ္ျပလိုက္သလိုပင္၊၊


အျပင္ဘက္၌ေတာ့ ျပစ္ခတ္ေနေသာ  ေသနတ္သံမ်ားႏွင့္ ဗုံးမ်ား၏ အသံမ်ားကို ၾကားေနရၿပီး Fox ဂိုဏ္း သည္လည္း  ႀကိဳတင္ျပင္ဆင္ထားပုံ ရ၏၊၊ fox ဂိုဏ္း က ႀကိဳတင္ျပင္ဆင္ထားတယ္ဆိုရင္ေတာင္မွပဲ Zero က လူအင္အားအလုံအေလာက္ ေခၚေဆာင္လာသည္မလို႔   ဒီပြဲ၌ မနိုင္မွာကို ေတာ့ စိတ္ပူစရာမလိုေပ၊၊ သို႔ေပမဲ့  အခု လူအမ်ားႏွင့္ ႏွစ္ေယာက္ ဝိုင္းခံ ထားရေသာ အေျခအေနကေတာ့ ေဖာက္ထြက္ဖို႔ရာ ခက္ခဲ လိမ့္မည္၊၊


"သစၥာေဖာက္ကို  လာတိုက္တာပဲ ဆန္းသလား"


ထိုင္ခုံ ၌ ဝင္ထိုင္လိုက္ေသာ  fox ဂိုဏ္း ေခါင္းေဆာင္ က Zero ကို မ်က္ေမွာင္ကုတ္ လ်က္ စိုက္ၾကည္လာသည္၊၊ ဒီပုံစံဆိုရင္ေတာ့ သူသစၥာေဖာက္ဆိုတာ  Zero မသိေသးေလာက္ဘူးလို႔ တြက္ဆ ထားတဲ့ပုံပင္


"စကားစျမည္ေျပာ ၿပီး ညွိႏွိုင္းၾကမလား၊၊  Dragon  ဂိုဏ္း နဲ႕ တကယ္  မတိုက္ခိုက္ခ်င္ဘူးေလ "


"ေခြးစကား ေျပာနိုင္ေသးတယ္ ေစာက္ရွက္က တစ္စက္ေလးမွ မရွိဘူးပဲ"


ဒိုင္းးဒိုင္းးး!!!!!


Zero လက္ထဲမွ ေငြမွင္ေရာင္ နဂါးအပ္ကို လ်င္ျမန္စြာပင္  ထိုင္ေနေသာ  fox ဂိုဏ္း ေခါင္းေဆာင္ဆီျပစ္ထုတ္လိုက္ေပမဲ့  အေစာင့္ တစ္ေယာက္၏ အကာအကြယ္ ေၾကာင့္  fox ဂိုဏ္း ေခါင္းေဆာင္မွာ ဘာမွမျဖစ္သြားလိုက္ေပ၊၊  ထို႔ျပင္ Zero ထံ ျပစ္ခတ္လာေသာ  ေသနတ္ က်ည္ေတြကေတာ့ ခပ္မ်ားမ်ားပါပဲ


က်ည္ကာ အကၤ်ီ  ရွိသည္က တစ္ေၾကာင္း  လ်င္ျမန္စြာ   ေရွာင္လြဲနိုင္ၿပီး  တိုက္ခိုက္မႈတို႔သည္ စိပ္သည္မလို႔ Zero ေသနတ္တစ္ခ်က္မွ မထိေသးေပ၊၊ ေအာင္ခြန္းခသည္လည္း  သူတစ္ျပန္ငါတစ္ျပန္ ျပစ္ခတ္ရင္းျဖင့္    ေဂ်ာင္ၾကေသာ ေနရာ ကို အကာအကြယ္ ယူကာ တန္ျပန္ ျပစ္၏၊၊


"ငါ ေခါင္းေဆာင္ ကိုရွင္းမယ္၊၊ မင္းကာျပစ္ေပးထား"


Zero လွမ္းေအာ္ေတာ့   ေအာင္ခြန္းခက   လက္ျဖင့္ အိုေခ ဟု လုပ္ျပၿပီး ျပစ္ခတ္မႈသည္ႏွစ္ဆ ျဖစ္လာေတာ့သည္၊၊ Zero သည္လည္း  အေစာင့္မ်ားကို   ျပစ္ခတ္ေနပါေသာ္ျငား  တစ္ဖတ္က  လူအင္အားမ်ားေနသည္ေၾကာင့္ ေတာ္ေတာ္နဲ႕ ျပစ္ခတ္မႈမွာ မၿပီးနိုင္မစီးနိုင္ထိကို ျဖစ္၏၊၊

ဒိုင္းးးဒိုင္းးးး!!!   ဝုန္းးး!!

Fox ဂိုဏ္း ေခါင္းေဆာင္သည္ သူလူမ်ား၏ အကာအကြယ္ ကို ယူလ်က္  အျပင္ေျပးထြက္ဖို႔ ႀကံ၏၊၊  အဆက္မျပတ္ ျပစ္ခတ္ေနေသာ ေသနတ္ေတြေၾကာင့္  Zero   Fox ဂိုဏ္း ေခါင္းေဆာင္ဆီသို႔ ခ်ည္းကပ္ဖို႔ရာ အနည္းငယ္ အခက္ခဲ ရွိလွသည္ ၊၊  

အကာအကြယ္ ယူထားေသာ ေထာင့္မွ ထြက္လ်က္   ေတြ႕သမွ်လူေတြကို Zero ရွင္းျပစ္ၿပီး  Fox ဂိုဏ္း ေခါင္းေဆာင္ေနာက္ကို အျမန္ေျပးလိုက္ရသည္၊၊ ေအာင္ခြန္းခကေတာ့  Zero အေနာက္ဘက္ျခမ္း၌ မၿပီးျပတ္စြာ က်န္ရွိေနေသးေသာ္  အေစာင့္မ်ားကို တာဝန္ယူ ေျဖရွင္းေလသည္၊၊


"ခင္ဗ်ား ဘယ္ေျပးမလဲ! "

Fox ဂိုဏ္း ေခါင္းေဆာင္ကို အကာအကြယ္ ေပးေနေသာ ေကာင္ေတြကို  ေသနတ္နဲ႕ Zero ျပစ္ခတ္ရွင္းျပစ္ၿပီးေနာက္  ေခါင္းေဆာင္ ျဖစ္သူကိုေတာ့  ေျခေထာက္ကို ေသနတ္ျဖင့္ျပစ္လိုက္ေလသည္၊၊ ေျခေထာက္ ေသနတ္ထိသြားေသာ Fox ဂိုဏ္း ေခါင္းေဆာင္ကေတာ့   ေအာက္ခင္း၌ လူးလိမ့္ေနၿပီး တြားသြားကာျဖင့္ Zeroနဲ႕ ေဝးရာကို သြား၏၊၊


"အခုမွေျပးလြတ္ခ်င္တယ္ေပါ့"


အားးးးး!!!


ဒဏ္ရာ ရထားေသာ Fox ဂိုဏ္း ေခါင္းေဆာင္၏ ေျခေထာက္ကို  Zero အားပါပါနဲ႕ တတ္နင္းထားလိုက္ေတာ့ အားေခါင္ျခစ္ေအာ္သံက ဆူညံ့စြာပင္ထြက္လာေလသည္၊၊

ေမွာက္ခုံျဖစ္ေနေသာ Fox ဂိုဏ္း ေခါင္းေဆာင္ကို ပက္လက္အေနအထားသို႔  Zero ျပန္လွည့္လိုက္ေတာ့   ဓားအေသးတစ္ေခ်ာင္းနဲ႕ ႐ုတ္တရက္ ပင္ ေကာက္ေပါက္လာသည္မလို႔  Zero ေရွာင္လိုက္ေသာ္လည္း  လက္ေမာင္း ကိုေတာ့ အနည္းငယ္ ရွက္ထိသြားေသးသည္၊၊

ခြပ္ ခြပ္  ခြပ္!!!

Fox ဂိုဏ္း ေခါင္းေဆာင္အေပၚသို႔ Zero တတ္ခြလ်က္  လက္သီးခ်က္ျပင္းျပင္းကို အဆက္မျပတ္ပင္   ထိုးႀကိတ္မိသည္၊၊ ကိုယ္အသားကို နာေအာင္ လုပ္တဲ့ လူကို Zero ထုံစံအရ ညွာတာေလ့ မရွိသည္ေၾကာင့္  စိတ္လြတ္စြာပင္  Fox ဂိုဏ္း ေခါင္းေဆာင္၏ မ်က္ႏွာကို  ထိုးႀကိတ္ေနမိေတာ့သည္၊၊


" Leader  အျပင္ဘက္က လူေတြ အကုန္ ရွင္းထုတ္ၿပီးပါၿပီ"

ေမာပန္းလ်က္ ဒဏ္ရာ အနည္းငယ္ရေနေသာ Leader အနား ေဇဗန္ သြားကာျဖင့္ ေျပာေလေတာ့  Fox ဂိုဏ္း ေခါင္းေဆာင္အေပၚတတ္ခြထားရာမွ Leader က  မ်က္ႏွာဖုံး ခြၽတ္လ်က္ မတ္တတ္ထရပ္လာခဲ့သည္၊၊ Leader ထိုးႀကိတ္ထားေသာ  Fox ဂိုဏ္း ေခါင္းေဆာင္ကေတာ့  မလႈပ္နိုင္ေတာ့ပဲ ၿငိမ္သက္ေန၏၊၊


" Leader  ျမသဲျဖဴကို က်ဳပ္ေခၚလာပါၿပီ"

Zero တို႔ အနားသို႔   ေဇဗီယာက ျမသဲျဖဴကို ဖမ္းေခၚ၍ ေလွ်ာက္လာခဲ့သည္၊၊  ျမသဲျဖဴ၏ မ်က္ႏွာသည္ျဖဴေဖ်ာ့ေနၿပီး အေသြးေရာင္ မရွိေတာ့ေသာ္လည္း  အသက္ရွိေနေသး၏၊၊  ခပ္ေမွးေမွးပြင့္ေနေသာ မ်က္ဝန္းလႊာေတြၾကားကေန Zero တို႔ဘက္ကို ျမသဲျဖဴက   ၾကည့္ေနေသးသည္၊၊


ေဇဗီယာသည္ ျမသဲျဖဴကို သူ႕အေဖနားသို႔ ျပစ္ခ်လ်က္ Zero ရပ္ေနေသာ ေနာက္၌ လာဝင္ရပ္သည္၊၊  ၿပီးခဲ့တဲ့ လေလာက္ထဲက ေဇဗီယာ၏ အျပဳအမူ ေတြသည့္ Zero အထင္ အနည္းငယ္ ထူးဆန္းေနေသာ္လည္း   ေသခ်ာ မစစ္ေဆးမိပဲ လႊတ္ထားခဲ့သည္၊၊ အခုေတာ့ နည္းနည္း ေဇဗီယာကို  Zero သကၤာမကင္း ျဖစ္လာသလိုပါပဲ


"သားအဖ ႏွစ္ေယာက္လုံးကို အတူတူ ပို႔ေပးမယ္"


"ရွင္    လူယုတ္မာေကာင္ !"

အားထည့္ေအာ္လာေသာ ျမသဲျဖဴ၏ အသံသည္ ဟိန္းထြက္ေနၿပီး ေနာက္ဆုံးလက္က်န္အားကို  သုံးကာ ေအာ္လိုက္ပုံရ၏၊၊


လွဲက်ေနေသာ ျမသဲျဖဴအနား Zero  တိုးကပ္ကာျဖင့္ ငုံ႕ကိုင္းလိုက္ေလေတာ့ မထင္မွတ္ထားစြာပင္   ႀကိဳးခ်ည္ထားေသာ ျမသဲျဖဴလက္မွာ လြတ္လာလ်က္  ဘူးအေသးတစ္ခုထဲမွ အရည္မ်ားျဖင့္ Zero ၏ မ်က္လုံးတည့္တည့္ကို ပတ္လာ‌ခဲ့သည္၊၊

အားးးး!!


ထိုအရည္မ်ားက ပူျပင္းကာ က်ိန္းစပ္ေစၿပီး မ်က္စိကန္းဖို႔အတြက္လုံေလာက္ေသာ အက္စစ္ ရည္မ်ား ပင္ျဖစ္ၿပီး Zero ၏ ေအာ္သံသည္ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ အႏွံ႕ ဟိန္းထြက္သြားေလေတာ့ သည္၊၊


"Leader !!"


"ဟားးးကြၽန္မတို႔သားအဖ ေသလည္း ရွင္ကေတာ့ ဒုကၡိတ အျဖစ္က်န္ခဲ့ရမယ္"


ဒိုင္းး ဒိုင္းးး!!!

အေငြ႕ထြက္ေနေသာ   မ်က္လုံး တစ္ဖက္ျခမ္းကို အုပ္ကိုင္လ်က္ ေအာ္ေနေသာ Leader အနား  ေဇဗန္ေျပးသြားလိုက္ၿပီးေနာက္ ျမသဲျဖဴႏွင့္ သူ႕အေဖကို ေသနတ္ျဖင့္ ျပစ္သတ္လိုက္ေတာ့သည္၊၊  ဖမ္းခ်ဳပ္ထားခံရေသာ ျမသဲျဖဴဆီမွာ ဘာေၾကာင့္ အက္စစ္အရည္က ရွိေနလဲ ဆိုတာ ေဇဗန္း မေတြးမိေတာ့ပဲ  မ်က္လုံးအုပ္ကာ ေအာ္ေနေသာ Leader ကိုသာ ေဇဗန္  ပခုံးေပၚထမ္းတင္ကာျဖင့္ ထိုအေဆာက္အအုံထဲကေန  ေျပးထြက္လာေတာ့သည္၊၊


ေဇဗန္အေနာက္ကေန  အစ္ကို ေဇဗီယာက   ေျပးလိုက္လာၿပီး  ထပ္ဆင့္ပင္  ေအာင္ခြန္းခ ကပါ  ေျပးလိုက္လာေလသည္၊၊   Leader ၏ ခႏၶာကိုယ္ သည္ ေလးနစ္ေနေသာ္လည္း  အရင္ကထက္ေတာ့ အနည္းငယ္ေပါ့ေန၏၊၊ 


Leader  ကို ထမ္းထားသည့္အတိုင္းႏွင့္ အေဆာက္အအုံ အျပင္ဘက္သို႔ ေရာက္လာေတာ့ အဆင့္သင့္ေစာင့္ေနေသာ ကားကို ေတြ႕သည္မလို႔ ထိုကားထဲ Leader ေရာ ေဇဗန္ပါ တစ္ခါထဲ ဝင္ထိုင္လိုက္ေတာ့သည္၊၊  ထို႔ေနာက္  အစ္ကို ေဇဗီယာႏွင့္  ေအာင္ခြန္းခ ကပါ  ဝင္ထိုင္လာၿပီးေနာက္ ကားသည္ အျမန္ပင္ထြက္ခြာေတာ့သည္၊၊


" Leader ခဏေလး ေအာင့္ထားေနာ္ က်ဳပ္တို႔ ေဆး႐ုံေရာက္ေတာ့မယ္"


ဘယ္ေလာက္ပဲ ခြန္အားရွိကာ သန္မာ တဲ့လူဆိုပါေစ  မ်က္လုံးထဲ အက္စစ္အပက္ခံရသည့္ ခံစားခ်က္ကေတာ့ ထိန္းမရေအာင္ ဆိုး႐ြာ မည္မွာ အေသအခ်ာပင္ျဖစ္သည္၊၊   အံ့တင္းတင္း ႀကိတ္လ်က္  ၿငိမ္ေနေသာ Leader က  မေအာ္ေတာ့ေပမဲ့  နာက်င္မႈကို ေအာင့္ထားပုံရၿပီး  လက္သီးကို ခပ္တင္းတင္းဆုပ္ထား၏၊၊

Leader ဖိမွိတ္ထားေသာ  မ်က္လုံး တစ္ဖက္ထံမွ ေသြးရည္မ်ားက  ပါးျပင္တစ္ေလွ်ာက္ စီးက်လာလွ်င္ ကားအတြင္း ပါလာေသာ လူမ်ားမွာ ေျခမကိုင္မိလက္မကိုင္မိပင္ျဖစ္ ကုန္ေတာ့၏၊၊


Leader အေပၚသုံးလိုက္ေသာ အက္စစ္မွာ ရိုးရိုး အက္စစ္ျဖစ္မဲ့ပုံမရပဲ အထူးထုတ္ေတြထဲက တစ္ခုပင္ျဖစ္လိမ့္မည္၊၊ ထို႔ေၾကာင့္ ေဇဗန္ ခပ္ေရးေရး ေတြးမိသည္က  အဖြဲ႕ဝင္ေတြထဲ တစ္ဖက္အဖြဲ႕၏ သူလွ်ို ရွိေနၿပီ ဆိုတာပင္ျဖစ္သည္၊၊


" ေတာက္စ္ !!  ဘယ္လိုျဖစ္တာလဲ၊၊ မင္းတို႔ ႏွစ္ေယာက္  Zero ကို ကာကြယ္ပါလို႔ အတန္တန္ မမွာထားဘူးလား  ဟမ္!!"

ေအာင္ခြန္းခ သည္ ေဘးနား၌ ထိုင္ေနေသာ ေဇဗီယာ၏ လည္ပင္း အကၤ်ီ စကိုဆြဲကာျဖင့္  က်ိန္းေမာင္းမိေတာ့သည္၊၊  ကိုယ္ညီ အရင္းလို ျဖစ္ေနေသာ Zero ကို  ကာကြယ္ေပးဖို႔   ေအာင္ခြန္းခ ဒီ Mission မွာ ပါဝင္ခဲ့ေသာ္လည္း  အဆုံးမွာေတာ့ မကာကြယ္လိုက္နိုင္သည္ေၾကာင့္ စို႔နစ္ေနမႈႀကီးကသာ  ရင္တြင္းထဲ ေပၚေပါက္လာ၏၊၊


ထိခိုက္ ဒဏ္ရာရသူမွာ  အကုန္လုံး သူဒဏ္ရာနဲ႕ သူဆိုေပမဲ့  Zero ၏ ဒဏ္ရာမွ မ်က္လုံးျဖစ္ေနသည္မို႔ အဆိုးဆုံး လို႔ဆိုရမည္၊၊    နာက်င္မႈ ေၾကာင့္မေအာ္မိေအာင္ ထိန္းေနေသာ Zero ၏ မ်က္ႏွာသည္  နဖူး အေၾကာမ်ားေထာင္ထကာျဖင့္  ေခြၽးေစးမ်ားလည္းထြက္ေနေသးသည္၊၊ Zero ၏   ထိုပုံစံကို ၾကည့္ၿပီး  ေအာင္ခြန္းခ  လူသတ္ခ်င္စိတ္ပင္ေပါက္လာရ၏၊၊

တိတ္ဆိတ္သြားေသာ ကားထဲ  အသံတစ္သံမွ မရွိေတာ့ပဲ ကား၏ အရွိန္သည္လည္း   ေျဖာင့္ျဖဴးေနေသာ ကားလမ္းမက်ယ္ထက္ အလင္း၏ အရွိန္ႏႈန္းျဖင့္ ေဆး႐ုံရွိရာသို႔ ဦးတည္ကာ  ပင္ ျမန္ဆန္စြာ ေမာင္းႏွင္၏၊၊


ေဇဗန္ကို   အရင္ တစ္ႏွစ္တုန္းက  Leader ေပးခဲ့ေသာ  ပါဝါ အေသးေလးကို   ေဇဗန္ သြားရာ ေဆာင္ထားသည့္မို႔ အခုခ်ိန္၌ ထို  ပါဝါ အေသးေလးက အသုံးဝင္ေလသည္၊၊  ထို ပါဝါအေသးေလးကို သုံးကာျဖင့္ Leader မ်က္ဝန္းထဲမွ ထြက္က်လာေသာ ေသြးမ်ားကို ေဇဗန္  တုန္ယင္ေနေသာ  လက္မ်ားျဖင့္  အသာအယာ သုတ္ေပးလိုက္၏၊၊


မေဝးဘူးလို႔သာ ဆိုေသာ္လဲ နာရီဝက္ေလာက္ထိ ကားစီးၿပီးမွ သာ ေဆး႐ုံထဲသို႔ ေရာက္လာခဲ့ၾကသည္၊၊  လူနာ တြန္းလွည္းေပၚ၌  Leaderကို တင္ၿပီးေနာက္  အေရးေပၚ အခန္းထဲသို႔ ဆရာဝန္မ်ားက အသည္းအသန္ ပင္ေခၚေဆာင္သြားေတာ့သည္၊၊ ထို႔ေၾကာင့္  ထိုအေရးေပၚအခန္းေရွသို႔  ေဇဗန္တို႔ အုပ္စုမွာ  အေျပးလိုက္ရ၏၊၊

" ေဇဗန္  မင္း ေက်ာမွာ ေသနတ္ထိထားေသးတယ္မလား၊၊  ေဆးကုသမႈ သြားခံယူလိုက္"


မာေၾကာစြာ ထြက္လာေသာ ေအာင္ခြန္းခ၏ အသံေၾကာင့္  ေဇဗန္ ေငးတိေငးငိုင္စြာနဲ႕  အေရး ေပၚအခန္းေရွ႕ ထိုင္ေနရာမွ အသိဝင္လာခဲ့သည္၊၊  Leader ျဖစ္ကထဲက   ေဇဗန္ မိမိ ဒဏ္ရာကို ဂ႐ုမမူမိပဲ  Leader ကို ေဆး႐ုံပို႔ဖို႔သာ စိတ္ေလာေနသည္မို႔  ဒဏ္ရာကို ခဏေမ့သြားခဲ့သည္၊၊အခု ေအာင္ခြန္းခ က ေဇဗန္ကို သတိေပးေတာ့မွပင္  ဒဏ္ရာက တဆစ္ဆစ္ နာေနသည္ကို သတိမူမိေတာ့သည္၊၊


ေဇဗန္၏ အစ္ကို ေဇဗီယာသည္လည္း  ေျခေထာက္တစ္ဖက္ ဒဏ္ရာ ရထားသည္မို႔    ေဇဗန္လည္း   အစ္ကို ေဇဗီယာကို တြဲကူကာျဖင့္  ေဆးကုသရန္  ေခၚလာခဲ့ေတာ့သည္၊၊


လူရွင္းသြားေသာ အေရးေပၚအခန္းေရွ႕  ေအာင္ခြန္းခ တစ္ေယာက္သာ က်န္ရွိခဲ့၏၊၊  ထြက္လာေသာ ေဒါသေတြကို ပုံခ်စရာ လူမရွိသည္ေၾကာင့္ အေၾကာင္းမဲ့စြာနဲ႕သာ  ေဆး႐ုံ နံရံကို  ေအာင္ခြန္းခ အခ်က္ေပါင္းမ်ားစြာ ပိတ္ထိုးေနမိေတာ့သည္၊၊


နံရံကို ထိုးသည့္ ထိုးခ်က္မွာ မ်ားလာသည္ေၾကာင့္   ေအာင္ခြန္းခ၏  လက္ခုံမွာ စုတ္ျပတ္လ်က္ျဖင့္ ေသြးမ်ားပင္က်လာေလသည္၊၊

"ခ   မလုပ္နဲ႕ ေတာ္ေတာ့"


ထပ္ထိုးေတာ့မည့္ ေအာင္ခြန္းခ၏ လက္ကို ဖမ္းဆြဲကာျဖင့္  ေဇထက္ရွားက  သူရင္ခြင္ထဲသို႔ ဆြဲထည့္ကာပင္ လႈပ္မရေအာင္  ဖက္တြယ္လာသည္၊၊

"ဖယ္စမ္း  ေဇထက္ရွား  ၊၊ လႊတ္စမ္း ကြာ !!"


ေဇထက္ရွား၏ ရင္ဘတ္ေတြကို   ထုရိုက္တြန္းထိုးကာပင္ လြတ္ေျမာက္ေအာင္လုပ္ေသာ္လည္း အတင္းကာေရာ ျပန္လည္ ဖက္တြယ္လာသည္ ေဇထက္ရွားေၾကာင့္ ေအာင္ခြန္းခမွာ မလြတ္ေျမာက္နိုင္ပဲ ရွိ၏၊၊  အသည္းအသန္  ေျပးလိုက္လာပုံ ရေသာ ေဇထက္ရွားက အသက္ရႉႏႈန္းေတြပင္ ျမန္ဆန္ေနသည္၊၊

" Zero  ..."


" အင္း ငါသတင္းၾကားတယ္၊၊ အဆင္ေျပသြားမွာပါ ၊၊ သန္မာတဲ့  လူမလို႔ Zero အဆင္ေျပမွာပါ"


"Zero အခုလို ျဖစ္တာငါေၾကာင့္ ၊၊ ငါေသခ်ာ မကာကြယ္ေပးနိုင္ခဲ့လို႔"

ေဇထက္ရွား၏ ရင္ဘတ္မွာ စတင္စိုစြတ္လာသည္ေၾကာင့္  ခ တစ္ေယာက္ ငိုလာၿပီဆိုတာကို ရိပ္မိလိုက္ၿပီျဖစ္သည္၊၊  Zero ၏ သတင္းၾကားၾကားခ်င္း ေဇထက္ရွားလည္း ထိန္းမနိုင္ေအာင္ စိတ္တို႔ ရႈပ္ေထြးသြားေပမဲ့    မနည္းထိန္းခ်ဳပ္လ်က္ ေဆး႐ုံကို  အျမန္ အေရာက္  လာခဲ့ရျခင္းျဖစ္သည္၊၊

"မငိုနဲ႕ေနာ္  Zero က ငိုတဲ့ လူေတြကို ေဟာက္တတ္တာ သိတယ္မလား၊၊  မင္းထင္ထားတာ ထက္ Zero က သန္မာတာမလို႔  အဆင္ေျပမွာပါ   ၊၊  မငိုနဲ႕ေတာ့ခ   အဆင္ေျပသြားမွာပါ"


အေရးေပၚ အခန္းေရွ႕မွတင္  ေဇထက္ရွား ရင္ခြင္ထဲ၌   တအီအီ ငိုေနေသာ  ခ ကို ေခ်ာ့ေျပာရသည္မွာ အခ်ိန္အေတာ္ၾကာသည္အထိပင္ျဖစ္သည္၊၊ထို႔ေနာက္   အေရးေပၚအခန္းထဲကေန ဆရာဝန္တစ္ေယာက္ထြက္လာေတာ့မွပဲ  တအီအီ ငိုေနေသာ ခ  က  အငို တိတ္ေတာ့သည္၊၊

" ဆရာ  ကြၽန္ေတာ္ တို႔ လူနာ အေျခအေန ဘယ္လို ရွိလဲဗ် ၊၊ အဆင္ေျပရဲ႕လား"

" လူနာရဲ႕ မ်က္လုံး တစ္ဖက္ကေတာ့ လုံးလုံးကို ပ်က္စီးသြားတာပါ၊၊  ေနာက္ၿပီး  လက္ေမာင္းက ရွက္ထိထားတဲ့ ဓားဒဏ္ရာမွာ  အဆိပ္ ရွိေၾကာင္းေတြ႕ထားပါတယ္၊၊ အဲ့တာမလို႔ အခု   လူနာ အေျခအေနက စိုးရိမ္ရတဲ့ အေျခအေနပါ၊၊ ကြၽန္ေတာ္ တို႔အေနနဲ႕ လည္း အေကာင္းဆုံးႀကိဳးစားေပးေနပါတယ္"

စိတ္မေကာင္းစြာနဲ႕ ေျပာလာေသာ ဆရာဝန္၏ စကားက  ဓားသြားေတြလိုပါပဲ  ၾကားရသူအဖို႔ နာက်င္ေစသည္မွာ မလြဲဧကန္ပင္ျဖစ္သည္၊၊


"မ်က္လုံးက အစားထိုးျပန္ကုသလို႔ ရနိုင္လား"


တုန္ယင္အက္ကြဲစြာ နဲ႕  ခ  ၏  ေမးသံမွာ  ထြက္လာခဲ့သည္၊၊

"  အစားထိုးကုသမႈက  မရနိုင္ေတာ့ပါဘူး၊၊ ဘာလို႔ဆို အက္စစ္အရည္က မ်က္လုံးထဲက အေၾကာအကုန္ကို ေသသြားေစတာေၾကာင့္ပါပဲ"  

ဆရာဝန္စကားအဆုံး   ခ မွာ  ေျခမခိုင္စြာပင္ ၿပိဳက်သည္ေၾကာင့္ ေဇထက္ရွားမွာ ခ ၏ ခႏၶာကိုယ္ ကို ဖမ္းဆြဲထားလိုက္ရ၏၊၊ 


"  ေက်းဇူးျပဳၿပီး   လူနာကို အတတ္နိုင္ဆုံး ကယ္တင္ေပးပါ ဆရာ "


" ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးႀကိဳးစားေပးမွာပါ၊၊   အခုေတာ့  အေရးေပၚ  ေသြးလိုအပ္ေနတာမို႔ သြားခြင့္ျပဳပါအုံး"

ေဆးအကူမေလး ျဖစ္ေသာ  ဆရာမ တစ္ေယာက္က  ေသြးအိတ္ထည့္ထားေသာ တြန္းလွည္းအေသးကို တြန္းလာလ်က္   ေဇထက္ရွားတို႔နဲ႕ စကားေျပာေနေသာ ဆရာဝန္ကို ကမ္းေပးလာသည္ေၾကာင့္ စကားေျပာဆိုေနျခင္းမွာ အစျပတ္ေတာက္သြားေတာ့သည္၊၊ ထို႔ေနာက္ ဆရာဝန္သည္လည္း   တြန္းလွည္းကို ယူကာျဖင့္ အေရးေပၚအခန္းထဲသို႔ အျမန္ဝင္သြားေတာ့၏၊၊


" ေဇထက္ရွား"

"အင္း  ငါနားေထာင္ေနတယ္ ေျပာေလ "


"Zero က  Zero ..."


" အင္း ဆက္ေျပာေလ  ခ"


အရမ္းဝမ္းနည္းေနေသာ ခ ကို  ထပ္မံ၍  ရင္ခြင္ထဲ ထည့္ဖက္ကာပင္ ေဇထက္ရွား ႏွစ္သိမ့္ေပးရသည္၊၊ ေဇထက္ရွား ကိုယ္တိုင္က  Zero ေၾကာင့္  ဝမ္းနည္း ေနပါေသာ္လည္း အတတ္နိုင္ဆုံးေတာ့ ထိန္းထားမိသည္၊၊

"  Zero က  မ်က္လုံးတစ္ဖက္ကို သူ႕ဘဝအဆုံးထိ  ဆုံးရႈံး ရေတာ့မွာေပါ့  "


"........"

"ေဇထက္ရွား  ငါေမးတာကိုေျဖေလ ၊၊    မဟုတ္ဘူးလို႔ ေျဖေပး၊၊ Zero  ဘာမွမျဖစ္ဘူးလို႔ ေျဖေပး  အီးးးးအင့္ဟင့္  ဟင့္!!"


ရွိုက္သံေတြနဲ႕ ဗလုံးဗေထြး ထြက္လာေသာ ခ ၏  အေမးစကားေတြအတြက္ ေဇထက္ရွားမွာ ေပးစရာ အေျဖ မရွိေတာ့ေပ၊၊  ျပန္ေကာင္းလာမွာ မွန္ေသာ္လည္း   Zeroက မ်က္လုံး တစ္ဖက္ေတာ့ ဆုံးရႈံးသြားရမွာ ျဖစ္၏၊

အေရးေပၚအခန္းေရွ႕  ေတာ္ေတာ္နဲ႕အငိုမတိတ္နိုင္ေသာ ေကာင္ေလးကို   ရင္ခြင္ထဲထည့္ကာ တင္းက်ပ္စြာ ေပြ႕ဖက္လ်က္ျဖင့္ ႏွစ္သိမ့္ေနေသာ ေကာင္ေလးသည္လည္း အသံတိတ္နဲ႕ပင္ မ်က္ရည္က်ေနခဲ့ပါေသး၏၊၊

Comment