၁၀ နှစ်ကြာပြီးနောက်
အမှုတွဲဖိုင်တွေနဲ့အတူ မပြီးပြတ်သေးသော တစ်ခြားဖိုင်တွဲတွေကိုလည်းစစ်ဆေးရင်းဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ဆုံးလာခဲ့သည်မှာ နေ့လယ်ထမင်းစားနားချိန်သို့ပင်ရောက်လာခဲ့သည်၊၊ မနက်8 နာရီလောက်ထဲကဗမာ အလုပ်စားပွဲ၌ ထိုင်လို့ အလုပ်စလုပ်လာသည်မှာ အတော်ကိုကြာခဲ့သည်ကြောင့် နောက်ကျောကလည်း တတ်ချင်သလိုလို၊၊
ဆာလောင်လာသော ဗိုက်ကြောင့် လုပ်လက်စအလုပ်ကို ဗမာ အပြီးသတ်လျက် အလုပ်ရုံးခန်းထဲကနေ အပေါ်ဝတ် ကုတ် အင်္ကျီ ကိုဆွဲလို့ ထွက်လာခဲ့တော့သည်၊၊ law firm (ဥပဒေ ကုမ္ပဏီ ) ၏ မျက်စောင်းထိုး၌ စားသောက်ဆိုင်ကြီးတစ်ခုရှိသည်မို့ ဆာလောင်နေသည်အား ဖြည့်ဆည်းရန်အတွက် ထိုစားသောက်ဆိုင်သို့သာ ဗမာ ဦးတည်လို့ဖြင့် မြန်ဆန်စွာ ထွက်လာခဲ့မိတော့သည်၊၊
" အစ်ကိုခွန်း ခဏလေး ကျွန်တော်ကိုစောင့်ပါဦး!"
အောက်ထပ်ဆင်းဖို့ ဓာတ်လှေကားထဲ ဗမာ ဝင်မည်အပြု အနောက်ကနေ အသည်းအသန် ပြေးလာသော ခြေလှမ်းများနဲ့အတူ သက်ဦးပိုင်က ဗမာ ရှေ့သို့ အမောတကော ဖြင့်ရောက်ချလာသည်၊၊ သက်ဦးပိုင်ဆိုတာက ဗမာ လက်ထောက် ခပ်ငယ်ငယ်ကောင်ချောလေးဖြစ်၏၊၊ သွက်လက်ပေါ့ပါးပြီး ငယ်ရွယ်မှု၏ ပျိုမြစ်ခြင်းတွေကလဲ ထိုကောင်ငယ်လေးဆီ၌ ရှိသည်၊၊ သို့သော် နည်းနည်းတော့ ရှက်ပြာပြာနိုင်သည်၊၊
" နေ့လယ် တစ်ချက်ထိုးနေပြီလေ ၊၊ ထမင်းမစားရသေးဘူးလား သက်ဦး"
" ဟုတ်တယ် အစ်ကိုခွန်း၊၊ ကျွန်တော် ဟို လူသတ် မှုကို စစ်ဆေးနေတာ "
သက်ဦးနဲ့အတူ စကားတပြောပြောဖြင့် စားသောက်ဆိုင်ဘက်သို့ဗမာ တဖြည်းဖြည်းပင် လျှောက်လာခဲ့သည်၊၊ စားသောက်ဆိုင်ထဲရောက်တော့ အပြင်ပတ်ဝန်းကျင်ကို ကောင်းကောင်းမြင်ရသော စားပွဲ၌ထိုင်လျက် ကြက်စီထမင်း တစ်ယောက်တစ်ပွဲစီ မှာ ဖြစ်ကြသည်၊၊ ထမင်းစားရင်းဖြင့် အပြင် ပတ်ဝန်းကျင် ကိုလဲ ငေးရင်းတွေရင်းနဲ့ပေါ့
ကုန်လွန်လာခဲ့တဲ့ 10 နှစ်အတွင်း အရာရာဟာ အကုန်တိုးတတ်ပြောင်းလဲခဲ့ပြီဖြစ်သည်၊၊ လူတွေ လည်း အကုန်ပြောင်းလဲသွားကြသလို တစ်ခြားသော ဘေးပတ်ဝန်းကျင်သည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်၊၊ 10 နှစ်ဆိုသော အချိန်ကလဲ ပြောင်းလဲဖို့ လုံလောက်တဲ့အချိန်တစ်ခုဖြစ်သည်လေ၊၊ သို့သော်လည်း မပြောင်းလဲသော အရာကတော့ ဗမာ၏ လေးလံနေသော နှလုံးသားသာ ဖြစ်ချေ ၏၊၊
တစ်ခုခုကို ဆုံးရှုံးလိုက်ရပြီး ဘာကို ဆုံးရှုံး လိုက်ရမှန်းမသိသော ခံစားချက်တွေနဲ့ တစ်ခါတစ်ရံ အိမ်မက်တွေထဲ နာကျည်းချက်တွေနဲ့ပေါ်ပေါက်လာသော ကောင်ငယ်လေးတစ်ယောက်၏ အသံတို့က ဗမာအတွက် အဖြေမရှိသော ပုစ္ဆာ တစ်ခုလိုပင်၊၊ ရံဖန်ရံခါ ၌ နှစ်ရက်တစ်ခါလောက် ဒါမှမဟုတ် တစ်ခါတစ်လေ နေ့တိုင်းပဲ ဖြစ်ဖြစ် အကြောင်းအရင်းသေချာမရှိပါပဲ တစ်ခုခုကို လွမ်းဆွတ်နေသလိုမျိုး ဗမာ ခံစားရသည်၊၊ မေ့နေခဲ့သည့်အတိတ်တွေထဲ ပျောက်ဆုံးနေသော အရေးကြီးသည့် အစိတ်အပိုင်း ငယ်တစ်ခုရှိကိုရှိမည်လို့လည်း ဗမာ တဖြည်းဖြည်း ရိပ်မိလာခဲ့သည်၊၊
" အစ်ကိုခွန်း "
"အင်း ပြောလေ"
စားပွဲပေါ်သို့လာချပေးသော ကြက်စီထမင်းကို စားရင်းဖြင့် သက်ဦးကို ဗမာ အဖြေပြန်ပြုလိုက်၏၊၊
" အထက်က အမိန့်စာရပြီလား ၊၊ ကျွန်တော်တို့ ဘယ်တော့ သွားစုံစမ်းရမှာလဲ"
သက်ဦးသတိပေးသလိုပြောလာမှ ဗမာ အလုပ်ကိစ္စကြီးတစ်ခုကို မေ့လျော့နေမှန်း ကိုယ်ကို ကိုယ်သတိထားမိတော့သည်၊၊ ကွင်းဆက် လူသတ်မှုပုံစံလိုမျိုး ဖြစ်နေသော သတ်ဖြတ်မှုက သက်သေအချက်အလက်တွေ အရ တရားခံသည် တစ်ဦးတစ်ယောက်ထဲသာဖြစ်၏၊၊ သို့သော် ထိုတရားခံ၏ သတင်းအစအနကို ဗမာ တို့ ကြိုးစားရှာဖွေသော်လည်း နှစ်တွေသာကြာလာတယ် ဘာသတင်းမှမရသေး ပေ၊၊ ဒီလိုနဲ့ပဲ ဘယ်နေရာ ဘယ်လို လူသေမှုဖြစ်လဲဆိုတာသာ လိုက်စုံစမ်းလို့ ထပ်ပြီး တရားခံဘက်က ချမှတ်မည့် သားကောင်ကိုသာ ကြိုတင်မှန်းဆထားနိုင်ရုံရှိ၏၊၊
1 0စုနှစ်တစ်ခုပြီးနောက်မှာ ဗမာက တရားသူကြီးတစ်ယောက် ဖြစ်လာခဲ့လေ ပြီ ၊၊ ရှေ့နေ့အဖြစ် သုံးနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး တရားသူကြီးအဖြစ်နဲ့တော့ နှစ် နှစ်လောက်သာ ရှိသေးသည်၊၊ တရားသူကြီးဆိုပေမဲ့လည်း ဆင်မြင့်က ခုံ၌ အေးဆေးထိုင်ကာ တင်ပြလာသော ရှေ့နေတွေ၏ အချက်အလက် အနည်းငယ်ကိုကြည့်လို့ ဗမာ က အမှုဖြေရှင်းခြင်းနဲ့ အမိန့်ချမှတ်ခြင်းကို မပြုလုပ်ပေ၊၊ နောက်ကွယ်ကနေ အမှုတစ်ခုကို ကိုယ်ကို တိုင် သေချာသိအောင်အတွက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်လေ့ရှိပြီး တိကျသပ်ရပ်သော သက်သေတစ်ခုခု ရရှိမှသာ တရားစီရင်ချက်ကို ချ၏၊၊ ထို့ကြောင့် ဗမာ ကို အများစုက အမျိုးမျိုးပင် အတင်းအဖျင်း ပြောလေ့ရှိကြသည်၊၊ ဥပမာ အားဖြင့်တော့ တရားသူကြီး က တရားသူကြီး အလုပ်မလုပ်ဘူးဆိုတာမျိုးတွေပေါ့ နေရာတကာ ပါတယ်ဆိုသော စကားတွေကလည်း ခပ်များများပါပဲ
ပတ်ဝန်းကျင် ရဲ့ အတင်းအဖျင်းတွေက လေထဲခဏလေးအတွင်း ပပျောက်သွားတတ်တာမို့ ဗမာကတော့ ထိုသို့သော အရေးမပါလှသည့် အရာတွေပေါ် ဂရုမစိုက်မိ၊၊ ဂရုစိုက်စရာလည်း လိုမှမလိုပဲ၊၊ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူမျက်နှာမှ ထောက်တတ်တဲ့လူမျိုးမဟုတ်တာမို့ ပတ်ဝန်းကျင် ဆိုတာက ဗမာ လျစ်လျူရှု ထားသော အရာတစ်ခုပင်ဖြစ်သည်၊၊
ရှေ့နေ့တွေ အပြိုင်တင်ပြလာမည် သက်သေအနည်းငယ်နှင့် စကားချဲ့မှုတွေကိုကြည့်ပြီး အမှုကိစ္စတစ်ခုကို တရားစီရင်ချက်ချမှတ်လျှင် အကယ်၍ များ အနည်းငယ်သာ သက်သေအချို့က လွဲချော်သွားကြည့် တရားခံက လွတ်မြောက်သွားနိုင်ချေရှိပြီး အပြစ်မဲ့သူကလည်း တရားခံနေရာသို့ လုံးလုံးကို ရောက်သွားနိုင်သည်၊၊ ထို့ကြောင့်ပဲ ဗမာ ကိုင်တွယ် ဖြေရှင်းရမည့် အမှုကိစ္စတိုင်းကို နောက်ကွယ်၌ ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းဖြစ်သည်၊၊
" အစ်ကိုခွန်း ဘာတွေ တွေးနေတာလဲ ၊၊ကျွန်တော်မေးတာကို ပြန်မဖြေဘူးလား "
" နိုင်ငံခြားက နောက်တစ်ပတ် သွားရမှာ၊၊ ဒီညနေ 3 နာရီ ကျရင်တော့ မင်းငါနဲ့အတူ စုံထောက်ကြီးဆီကို အရင်သွားရမယ် "
"ဘာကိစ္စရှိလို့လဲ"
"နဂါးပင်အပ်အကြောင်း သွားမေးမလို့လေ"
သက်ဦးက ခေါင်းတညိမ်ညိမ်နဲ့သာ ထမင်းပြန်ငုံစားသည်၊၊ ဗမာကတော့ ဗိုက်ဆာတယ်ဆိုသော်လည်း လေးငါးလုပ်လောက်သာ စားဝင်ပြီး ကျန်တာဆက်စားချင်စိတ်မရှိတော့ပေ၊၊
ကွင်းဆက် လူသတ်မှု၏ အဓိက လက်နက်က နဂါးပင်အပ်ဖြစ်သည်မို့ ဗမာ အတွက် ထိုအကြောင်းကို သိရဖို့က အရေးကြီး၏၊၊ ထို့ပြင် ထို ကွင်းဆက် လူသတ်မှု ကို ရှေ့နေအတော်များများနဲ့ စုံထောက်များစွာ အသေးစိတ်ကျ စုံစမ်းစစ်ဆေး ရှာဖွေမှုတွေလုပ်ခဲ့ပါသော်လည်း အဓိကတရားခံကို အခုထိ ဖမ်းလို့မရသေးပေ၊၊တရားခံ၏ ပိရိလွန်းသော သက်သေလက်ဆဖျောက်မှုတွေက စုံထောက်နဲ့ ရှေ့နေတွေထက်ပင် သာလွန်ကြောင်း ပြီးခဲ့သော ဖမ်းလို့မမိခဲ့သည့် နှစ်များက သက်သေပင်၊၊
"အစ်ကိုခွန်း ဒါနဲ့လေ ကျွန်တော် မေးချင်နေတာ ရှိတယ်သိလား၊၊ personal ကိစ္စဖို့ မေးသင့်မမေးသင့် စဥ်းစားနေတာ"
"ဘာမို့လို့လဲ"
" အစ်ကိုခွန်းနဲ့ ကျွန်တော် သိတာ နည်းနည်းကြာပြီမလား၊၊ အစ်ကိုခွန်း ရည်စားထားတာ လည်း တစ်ခါမှ မတွေ့ဘူးနော် ဘာလဲ ရည်ရွယ်ထားတဲ့လူ ရှိပြီးသားလား "
သက်ဦး၏ အမေးစကားကြောင့် ဗမာ၏ ရင်တွင်းတစ်နေရာမှ တင်းတင်းကျပ်ကျပ်ပင် ဆုတ်ညှစ်ထားသလို ခံစားလိုက်ရသည်၊၊ ရည်ရွယ်ထားတဲ့လူထက် နှလုံးသားက ဘာကို စောင့်မျှော်နေမှန်းတောင် ဗမာ သေချာမသိပေ၊၊ ဘယ်သူကိုမှ ဗမာ၏ နှလုံးသားခံစားချက်တွေထဲသို့ ဝင်ခွင့်မပြုနိုင်တာကတော့ သေချာသည်၊၊ တစ်စုံတစ်ယောက် ပေါ်ကိုမှ စိတ်ဝင်တစားမရှိခြင်းက တစ်ခုခုရှိနှင့်နေသလိုဖြစ်နေသည့် နှလုံးသားကြောင့်လား ဒါမှမဟုတ် ဘယ်သူကိုမှ မချစ်နိုင်သေးတာလားဆိုတာ ဗမာ ဝေခွဲမရနိုင်ပေ၊၊
"ရည်ရွယ်ထားတဲ့လူရယ်လို့တော့ မရှိပါဘူး"
"အစ်ကိုခွန်းအသက်က 27 over နော် 30 နားနီးနေပြီ၊၊ ဘာလဲ လူပျိုကြီး လုပ်ဖို့စဥ်းစားထားတာလား"
"အေးကွာ ၊၊ လူပျိုကြီး ပဲ လုပ်ဖို့စဥ်းစားထားတယ်"
" အစ်ကိုခွန်းကို ပိုးပန်းနေတဲ့ မိန်းကလေးတွေတော့ ဒီစကားကြားရင် ငိုကုန်တော့မှာပဲ"
သက်ဦးရဲ့စကားကို ဗမာ ပြုံး ပြ၍သာ တုန့်ပြန်မိသည်၊၊ ပြန်ဖြေဆိုရမည့် စကားက ဘာမှ ရှိမနေလေ၊၊ ဗမာတို့ စားသောက်ပြီးနောက် ကုမ္ပဏီ သို့သာ ပြန်လာခဲ့ကြပြီး လုပ်လက်ဆ အလုပ်များကိုသာ ဆက်လုပ်ဖြစ်ကြသည်၊၊ ထို့နောက် အချိန်၏ လျင်မြန်မှုက တစ်ခဏအတွင်းပင် 3 နာရီသို့ ရောက်သွားခဲ့သည်မို့ ဗမာ သက်ဦးကို ခေါ်လျက် စုံထောက်ကြီး ဦးရာခိုက် ဆီသို့သာ ထွက်လာခဲ့တော့သည်၊၊
ဦးရာခိုက်၏ နေအိမ်က ဆဲရဲသားရပ်ကွက်၏ နောက်ဆုံး မှာ ရှိပြီး ကားဝင်လို့မရအောင် လမ်းကလည်း ကျဥ်းသည်မို့ သက်ဦးနဲ့ဗမာ မှာ စကားတပြာပြောဖြင့်သာ လမ်းလျှောက်ဝင်လာခဲ့ရသည်၊၊ ဦးရာခိုက်က ပိုက်ဆံရှိသော်လည်း တိုက်ခန်း ဒါမှမဟုတ် တိုက်အိမ်တွေနဲ့ နေတဲ့သူ မဟုတ်ပဲ အခုလို ဆူညံနေလေ့ရှိသော ဆင်းရဲသားရပ်ကွက်၌သာ နေ၏၊၊
ဗမာ တစ်ခါက ဦးရာခိုက်ကို စကားလမ်းကြောင်းသင့်တုန်း ဘာလို့ ဆင်းရဲသားရပ်ကွက်မှာ နေတာလဲလို့ မေးဖူးသည်၊၊ ဦးရာခိုက်က ဗမာကို ပြန်ဖြေလာသည့်အဖြေသည် ရိုးရှင်းပါ၏၊၊
❛ တစ်ယောက်ထဲ တိုက်ခန်းထဲနေပြီး အထီးမကျန်ချင်ဘူး ၊၊ ဒီလို အမြဲဆူညံ့နေတဲ့ ရပ်ကွက်မှာကျတော့ ကိုယ်အနား အဖော်တွေ ရှိသေးပါလား ဆိုတဲ့ အသိလေးရလို့လေ ❜
ထို့သို့သော အဖြေစကားက ဦးရာခိုက် ဘယ်လောက် အထီးကျန်ခဲ့သလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်း ကို ဗမာ မြင်လိုက်ရသည်၊၊ ဆွေမရှိမျိူးမရှိဘဝကလဲ လွတ်လပ်တယ်ဟု ထင်ရပေမဲ့ အမှန်တကယ်တော့ လောကအလယ်မှာ တစ်ယောက်ထဲ ရပ်တည်ရပြီး အထီးကျန်စေသည်၊၊ လူရယ်ဆိုကထဲက လူအသိုက်အမြုံလေးနဲ့ နေမှ နွေးထွေးမှု အစစ်အမှန် ကို ရရှိနိုင်မည် မဟုတ်ပါလား
ဗမာတို့ ဦးရာခိုက်၏ ခြံရှေ့ရောက်လာတော့ မြက်ရိပ်နေသော ဦးရာခိုက်ကို ချွေးသံတရွဲရွဲဖြင့် တွေ့လိုက်ရသည်၊၊ ဗမာ တို့ လာနေ သည်ကို မြင်သွားသော ဦးရာခိုက်ကတော့ လက်မှ ဓားတို ကိုပြစ်ချလျက် အမြန် ပင် ခြံတံခါးလာဖွင့်ပေးသည်၊၊
ခြံဝင်းလေးက သေးငယ်သော်လည်း အပင်ရေ အနည်းငယ်နဲ့ သစ်ပင်ကြီးဘေး၌ ကပ်လျက်ရှိသော ကွပ်ပျစ် အသေးတစ်ခုလည်း ရှိလေသည်၊၊ ခြံဝင်းအသေးလေးထဲ၌ နေရာယူထားသော တစ်ထပ် ပျဥ်းထောင်အိမ်လေးက နယ်ရွာက အိမ်လေးတွေလို့ပင် အပြင်ပန်းကကြည့်တာတောင် နေချင်စရာကောင်း၏၊၊ ဦးရာခိုက်ကတော့ တစ်ယောက်ထဲ အေးဆေးပင် ထိုအိမ်လေးထဲ ငြိမ့်နေမှာပဲ
"ဦးရာခိုက် နေကောင်းရဲ့လား "
"ကောင်းပါတယ် ဗမာ ၊၊ ဒါနဲ့ ဘာကိစ္စရှိလို့လဲ"
ရေနွေးကြမ်း ချပေးရင်းဖြင့် ကွပ်ပျစ် ၌ ဗမာနဲ့ သက်ဦးကို ထိုင်စေပြီး ဦးရာခိုက်ကတော့ တစ်ဖက်လှည့်လို့ ပုဆိုးမှ ဖုန်ကို ခါထုတ်နေရင် ဗမာ ကိုလှမ်းမေးသည်၊၊ ထို့နောက် ဗမာ ထိုင်နေသော မျက်နှာချင်းဆိုင်၌ ဦးရာခိုက်က ဝင်ထိုင်လာသည်၊၊
" လွန်ခဲ့တဲ့ နှစ်က နဂါးပင်အပ်အကြောင်းကို ဦးရာခိုက် အသေးစိတ်လေ့လာခဲ့တယ်မလား၊၊ အဲ့နဂါးပင်အပ်အကြောင်းကို ကျွန်တော် အသေးစိတ်သိချင်လို့ ပြောပြပေးလို့ရမလား"
ဦးရာခိုက် မျက်နှာက အတန်ငယ် ညိုးနွမ်းသွားလျက် သက်ပြင်းချသံတိုးတိုးကပါ ထပ်တိုးထွက်လာပြီး ဗမာ နဲ့ သက်ဦးကို သေချာကြည့်လာသည်၊၊ ထိုနဂါးပင်အပ်၏ အရေးကိစ္စကို ဦးရာခိုက်က ဗမာနဲ့ သက်ဦးကိုကြည့်ပြီး ပြောသင့်မပြောသင့် ချင့်ချိန်နေပုံရသည်၊၊ ဦးရာခိုက် ဒီလိုမျိုးဖြစ်နေသည်ကို ဗမာ နားလည်လို့ရသည်၊၊ ထို နဂါးပင်အပ်အမှုက အမှုကြီးတစ်ခုဖြစ်ပြီး ကွင်းဆက်အမှုလို့ သတ်မှတ်ခံထားရတဲ့အပြင် ဘယ်စုံ ထောက်နဲ့ ဘယ် ရှေ့နေ့မှ အခုထက်ထိ ဖြေရှင်းနိုင်ချင်း မရှိသေးလို့ပင်ဖြစ်သည်၊၊
" အဲ့အမှုကို မင်းစီရင်ချက် ချဖို့ တာဝန် ပေးခံရတာလားဗမာ"
" အင်း၊၊ ကျွန်တော် ရှေ့နေ့ ဖြစ်တဲ့ အချိန်ထဲက အဲ့အမှုကို စိတ်ဝင်စားလို့ ကိုင်တွယ် ဖို့လုပ်ခဲ့ပေမဲ့ ကျွန်တော် ကိုင်တွယ် ခွင့်မရခဲ့ဘူး၊၊ အခု တရားသူကြီး ဖြစ်လာမှ စီရင်ချက် ချဖို့ တာဝန်ပေးခံရတာ၊၊ ကျွန်တော် တတ်နိုင်သလောက် အဲ့ဒီအမှုကို တရာခံပေါ်အောင် try ကြည့်ချင်တယ်၊၊ ဦးရာခိုက်က တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးပါ"
" ငါကူညီပေးလို့တော့ ရပါတယ်၊၊ ဒါပေမဲ့ အဲ့ နဂါးပင်အပ်ရဲ့ မူရင်းလာရာက Russia က မြေအောက် တရားမဝင်လေ လံပွဲကနေလာတာ၊၊ ငါပြောတာထက် အသေးစိတ် သိချင်ရင်တော့ မင်း Russia ကို သွားဖို့လိုတယ်၊၊ နောက်ပြီး မင်းသွားမယ်ဆိုရင် ရုပ်ဖျက်သွားဖို့လည်း မမေ့နဲ့ "
ပင်အပ်က တရားခံ၏ အထူးအသုံးပြုသော လက်နက်တစ်ခုဖြစ်ပြီး လူတိုင်းကို ထိုအပ်နဲ့ တစ်ချက်ထဲသာ ထိုးစိုက်လို့ သတ်ခဲ့တာဖြစ်သည်၊၊ ထို့ပြင် ထိုအပ်၏ ထိပ်၌ ပြင်လွန်းသည့်အဆိပ်ရည်တစ်မျိုးကို သုတ်လိမ့်ထားပြီး အပ်၏ အောက်ဖျားပိုင်း၌တော့ နဂါးတစ်ကောင် ရစ်ပတ်ထားသော ပုံစံပါရှိသည်၊၊ ထို့ကြောင့်ပဲ ထိုပင်အပ်ကို နဂါးပင်အပ်လို့ ခေါ်ဆိုကြတာဖြစ်၏၊၊
အထက်က မနေ့ကတင် ထိုအမှုအတွက် စုံစမ်းစစ်ဆေးလိုသော နေရာကို သွားရောက်ခွင့် ပေးထားသည့်မို့ ဗမာ အတွက် Russia ကိုသွားလို့ ပင်အပ်အကြောင်းစုံစမ်း စစ်ဆေးဖို့ရာက ကိစ္စတော့ မရှိပေ၊၊ သို့ပေမဲ့ အသက်အန္တရာယ်လုံခြုံရန်အတွက် ဖေကြီး၏ အကူအညီ ကို ယူရဦးမည်ထင်ပါ့၊၊ မဟုတ်ရင် တရားမဝင်လေလံပွဲ၌ ဘာထဖြစ်မယ်ဆိုတာ ဗမာ မခန့်မှန်းနိုင်လို့ပင်ဖြစ်သည်၊၊
" နဂါးပင်အပ်အကြောင်းကို mail နဲ့ ငါပို့ပေးလိုက်မယ်၊၊ အခု ရှင်းပြနေရင် မိုးချုပ်သွားလိမ့်မယ်လေ၊၊ မင်းတို့ သတိထားပြန်တော့ မှောင်လာရင် ဒီရက်ကွက်က ခွေးတွေက တော်တော်ဆိုးတယ်"
" ဒါဆို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် ၊၊ ပြောပြပေးတဲ့ကိစ္စတွေအတွက်လည်း ဦးရာခိုက်ကို ကျေးဇူးတင်ပါတယ် "
" ရပါတယ်မလိုပါဘူး ၊၊ဂရုစိုက်သွားကြဦး ကားလည်းသတိထားမောင်းကြ"
ဦးရာခိုက်ကို ခေါင်းညိတ်ပြလျက် နှုတ်ဆက်ပြီးနောက် ဗမာ နဲ့သက်ဦးတို့ ထိုခြံဝင်းလေးထဲကနေ ထွက်လာခဲ့ကြသည်၊၊ တစ်လျှောက်လုံးငြိမ်နေသော သက်ဦးက တစ်ခုခုကို အလေးအနက် တွေးတောနေပုံရပြီး ငြိမ်သက်နေသည်မှာ အရင်လို စပ်စပ်လူးမဟုတ်သည့်အတိုင်း
"သက်ဦး မင်းဘာအကြောင်းတွေ စဥ်းစားနေတာလဲ"
" ကျွန်တော်တို့ Russia ကို သွားကြမှာမလား၊၊ အဲ့တော့ အဝတ်အစား ဝယ်ဖို့ mall ကို သွားရင်ကောင်းမလားစဥ်းစားနေတာ"
" မင်းကတော့လေ အလုပ်ကြောင်း ငါက စဥ်းစားနေတယ်ထင်တာ၊၊ အပျော်သွားမှာ မဟုတ်ဘူး Russia မှာ လည်ပတ်ဖို့ တွေးမနေနဲ့"
အစ်ကိုခွန်းကို သက်ဦး ရယ်သာပြလိုက်ပြီး ဘာမှ အထွန့်တတ်စကား မဆိုမိတော့ပေ၊၊ အနေအေးတယ်လို့ထင်ရပေမဲ့လည်း တစ်ခါတစ်လေ အစ်ကိုခွန်းက သက်ဦး အစ်ကိုရင်းလိုပါပဲ သက်ဦးအပေါ် နွေးထွေးပေးလေ့ရှိသည်၊၊ တစ်ခါတစ်ရံကျပြန်တော့လဲ အသိစိတ်မကပ်ပဲ အတွေးနယ်ထဲ လက်ပြစ်ကူးနေတတ်ပြန်သည်၊၊ ထို့ပြင် အစ်ကိုခွန်း၏ သက်ဦး နားမလည်နိုင်သော အကျင့်တစ်ခုလဲ ရှိသေးသည်၊၊ ထိုအကျင့်က lollipop တွေ ဝယ်ဝယ်စုပြီး သိမ်းထားတတ်သော ထူးဆန်းလွန်းသည့် အစ်ကိုခွန်း၏ အကျင့်လေးတစ်ခုပင်ဖြစ်၏၊၊
အချိုစားရတာလည်းမကြိုက်ပဲ candy နဲ့ lollipop တွေ ဝယ်ဝယ်စုတတ်တဲ့သည့် အစ်ကိုခွန်းကို သက်ဦးနားမလည်နိုင်သည်မှာ အဆန်းတော့မဟုတ်ပေ၊၊ အစ်ကိုခွန်းကိုယ်တိုင်လည်း ထို candy နဲ့ lollipop တွေကို မစားသလို တစ်ခြားသူလည်း ကျွေးပြစ်သည်မျိုးမဟုတ်ပဲ အလှဖန်ပုလင်းကြီးတွေဝယ်လျက် ဘန်ဂလိုအိမ်၌ အလှထားကာ စုဆောင်းထားခြင်းဖြစ်သည်၊၊
အရင်တုန်းက အစ်ကိုခွန်းအိမ်ရောက်လို့ သက်ဦး အပျင်းပြေ lollipop လေးတစ်လုံး နှိုက်စားမိပါတယ် အဆူခံ အငေါက်ခံရသည်မှာ တော်တော်နဲ့မပြီးသလို ဒီကြားထဲ ပြန်လဲ လျော်ပေးခဲ့ရသည့်အပြင် နားရွက် ပါဆွဲလိမ်ခံလိုက်ရသေးသည်၊၊ ထို့ထဲက သက်ဦးမှာ အစ်ကိုခွန်း၏ lollipop တွေကို နှိုက်မစားရဲတော့ပေ၊၊ တော်တော်လေးကို အဲ့ထဲက မှတ်လောက်သားလောက် ဖြစ်သွားတာကို
ခန္ဓာကိုယ်၌ ချပ်ရပ်စွာဝတ်ဆင်ထားသော အနောက်တိုင်းဝတ်စုံက အစ်ကိုခွန်းနဲ့ များစွာ လိုက်ဖက်မှုရှိသည်၊၊ ပိန်းပါးသော်လည်း ခြေတံရှည်တွေ ရှိသည်ကြောင့် တစ်နည်းတစ်ဖုံ ပင် အစ်ကို ခွန်းက ကြည့်ကောင်း၏၊၊ သက်ဦးကတော့ အစ်ကိုခွန်းလောက် အရပ်မရှည်ပေမဲ့ ခန္ဓာကိုယ်အရွယ်အစကတော့ အစ်ကိုခွန်းထက်ပိုတောင့်သည်၊၊
" ဟျောင့် အရှေ့မှာလာနေတာ ဆိုင်ကယ်နော် မာလကီးယားချင်လို့လား မင်း !"
သက်ဦး အတွေးပေါက်နေတုန်း အစ်ခွန်း၏ အော်သံကျယ်ကျယ်နဲ့အတူ လည်းဂုတ်ကနေ ဆောင့်ဆွဲခြင်းကိုခံလိုက်ရပြီး လူက တစ်ခြားဘက်ခြမ်းသို့ဆွေ့ခနဲကို ရောက်သွားရသည်၊၊ အစ်ခွန်းကလေ သူထက်အကောင်တောင့်တဲ့
သက်ဦးကို တစ်ချက်ဘဲ ဆောင့်ဆွဲလျက် ဘေးပို့လိုက်တာကိုပဲကြည့် ဘယ်လောက် အားပါလိုက်သလဲ၊၊ အစ်ကိုခွန်းကို အရိုးဆိုပြီးလျော့တွက်ထားလို့တော့ မရပေ၊၊
"ကျေးဇူး ပါဗျာ ၊၊ ကျွန်တော် အတွေးပေါက်နေလို့"
"အတွေးပေါက် ကောင်းလို့ ငရဲပြည်ရောက်တော့မလို့ ၊၊ လမ်းရှေ့ကို သေချာကြည့်လျှောက်စမ်းပါ သက်ဦးရ"
"ဘယ် တရားသူကြီးကများ အစ်ကိုခွန်းလို နှုတ်ကြမ်းလို့လဲ၊၊ ဖြည်းဖြည်းသာသာ ပြောလဲ ရပါတယ်ဗျ ၊၊ လူက ငရဲပြည်ပဲ အခုချက်ခြင်း ဆင်းရတော့မလိုလိုနဲ့ "
"ဒီစောက်ကလေး လူကြီးကို ခံပြောနေတာများ "
နားရွက်လိမ်ဆွဲဖို့ လက်လှမ်းလာသော အစ်ကိုခွန်းကြောင့် ကားရှိရာသို့ သက်ဦး ဒုန်းစိုင်း သာပြေးလာခဲ့တော့သည်၊၊ နားရွက်ဆွဲခံရတိုင်း ပြတ်ထွက်မတတ် နာတာမို့ အစ်ကိုခွန်းလက်စကို သက်ဦးတော်တော်လေးကို ကြောက်နေလေပြီ၊၊
ဒီလို ပါးစပ်လဲ မချို လက်ကလဲကြမ်းနဲ့ အစ်ကိုခွန်းက လူပျိုကြီး ပဲ ဖြစ်မှာ ကျိန်းသေပါ တယ်...
°°°°°°°°°°°°°°''
" သေချာစဥ်းစားပြီးပြီးလား ဗမာ "
ဖေကြီး၏ ထို့သို့သော အမေးစကားက ဒီနေ့တစ်နေကုန်ပင် ဗမာကို မေးနေတာဖြစ်၏၊၊ မနက်ဖြန် Russia ကို သွားရမည့် ခရီးကိစ္စနဲ့ပက်သက်ပြီး ဘန်ဂလိုကို ဖေကြီးရော ဖေလွန်းပါ ရောက်လာလျက် မနက်ထဲက ဗမာကို တတွတ်တွတ် ပြောနေတာဖြစ်သည်၊၊ အလုပ်ကိစ္စ အတွက် သွားမှာကို ဖေကြီးက စိတ်မချဖြစ်နေတာ၊၊ တော်သေးသည်က ဗမာ တရားမဝင် လေးလံပွဲကို သွားမည်ဖြစ်ကြောင်း မပြောလိုက်လို့ပင် မဟုတ်ရင်တော့ ဖေကြီးက လုံးဝ ဗမာ ကို သွားခွင့်ပြုတော့မည်မဟုတ်ပေ၊၊
" ဗမာ မင်းက တရားသူကြီး နော် အခုအမှုကိစ္စ စုံစမ်းစစ်ဆေးရေးက မင်းနဲ့ မဆိုင်ဘူး၊၊ မင်း အလုပ် က ရှေ့နေ့တွေ တင်ပြတဲ့ သက်သေကို စစ်ဆေးပြီး တရားစီရင်ချက် ချရုံပဲ "
" ဖေကြီးကလဲဗျာ၊၊ ဒီအမှုက တစ်ခြားဟာတွေလို မဟုတ်ဘူး၊၊ အထဲမှာ သပွတ်အူလိုက် နေသလိုပဲ ပတ်သက် ရှုပ်ယှက်ခတ် နေတာ၊၊ နောက်ပြီး ကျွန်တော် လည်း နဂါးပင်အပ်အကြောင်း စိတ်ဝင်စား လို့"
ဗမာကို ပြောမနိုင်တော့သော ဖေကြီးက လက်လျော့သွားဟန်ဖြင့် သက်ပြင်းချလျက် ဆိုဖာနောက်သို့ မှီသွားတော့သည်၊၊ ဖေလွန်းကတော့ လီမွန်သီး ဖျော်အုံးမည်ဆိုကာ အိမ် မီးဖိုချောင်းထဲ ဝင်သွားပြီးထဲက အခုထိ ပြန်ထွက်မလာသေးပေ၊၊
ယူဆောင်သွားရမည့် တစ်ကိုယ်ရည်သုံး ပစ္စည်းများနှင့် လိုအပ်သော အဝတ်အစားများကို ဖေလွန်းက သေချာ ထည့်ပေးပြီးပြီးမို့ ဗမာ ထပ်စစ်ဆေးစရာတော့ မလိုတော့ပေ၊၊ လိုအပ်သည့် ဖိုင်တွဲတွေနဲ့ သုံးနေကျဖြစ်သော ကွန်ပျူတာ ကို ကျောပိုးအိတ် အနက်ထဲသို့ ထည့်လိုက်ပြီး အားသွင်းကြိုးနဲ့ နားကြပ်အပြင် ပါဝါတုံး သုံး တုံးကိုပါ ဗမာ လွယ်အိတ်ထဲသို့ ကောက်ထည့်လိုက်သည်၊၊ ပစ္စည်းတွေလဲ အတော်စုံလင်စွာ ပြီးစီးပြီမို့ မနက်ကျ အေးဆေးသွားရုံသာ
" မင်းဟိုမှာ နေရတာအဆင်ပြေဖို့ ဖေကြီး သက်တော်စောင့် တွေပို ထည့်ပေးလိုက်မယ်"
" မလိုဘူးဖေကြီး၊၊ သား အဆင်ပြေတယ် မလိုဘူးနော် အစောင့်တွေအများကြီး "
ရုပ်ဖျက်ပြီး တိုးတိုးတိတ်တိတ် သွားမှပါဆိုမှ အဲ့အစောင့်တွေအများကြီး သာပါရင်တော့ အများ၏ မျက်လုံးတွေက ဗမာထံသို့ရောက်လာနိုင်ချေ ရှိသည်၊၊ လုံးဝ ဖေကြီးစကားကို လက်ခံလိုက်လို့မဖြစ်ပေ၊၊
" အစ်ကိုခွန်း ကျွန်တော် ရောက်ပြီ"
ခရီးဆောင်အိတ် နှစ်လုံးအပြင် ဘေးလွယ်အိတ်တစ်လုံးလည်း အစစ်ပါသေးပြီး အထုတ်တွေဆွဲကာဖြင့် မနိုင်မနင်းဖြစ်လျက် သက်ဦးက ဗမာ တို့ထိုင်နေသော ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်၊၊ ဗမာ နဲ့ မလှမ်းမကမ်း ၌ ထိုင်နေသော ဖေကြီးကို မြင်ပုံမရသေးသည့် သက်ဦးက ရယ်ရယ်မောမောပင် အထုတ်တွေထဲ ဘာတွေထည့်လာသည့်အကြောင်းအပြင် Russia ရောက်ရင် လည်ပတ်လို့ကောင်းသော နေရာတွေကိုပါ စာရွက်နဲ့ ချရးလာကြောင်း စကားတရဆက်ကို ဆိုတော့သည်၊၊
သက်ဦးကို စကားဆက်မပြောဖို့ ဗမာ ပြူးပြလည်းမရ ဖြဲပြလည်းမရ၊၊ မျက်လုံးရွေ့၍ အချက်ပြလဲ မရတဲ့အပြင် တော်ပါတော့ဟ လို့ ဗမာ ထပြောနေတာတောင် မရပ်ပဲ သက်ဦးက သူအလိုရှိရာကိုသာ တဇွတ်ထိုးပြောနေတော့သည်၊၊
" ဒီသာလိကာကို ခေါ်သွားမှာလားဗမာ"
"ဟုတ်တယ်ဖေကြီး၊၊ အခုတစ်ခေါက်မှာ သက်ဦး ကို ခေါ်သွားရမှာ"
အရင်လတုန်းက ပြည်ပ ကိစ္စနဲ့ခရီးထွက်သည့်အခေါက်က တစ်ခြားတစ်ယောက်ကို ဗမာ ခေါ်သွားခဲ့ရတာဖြစ်ပြီး သက်ဦးက ထိုကိစ္စမှာထဲက ဗမာ နဲ့အတူ ပြည်ပထွက်ဖို့ ခဏခဏ ပူဆာနေခဲ့တာဖြစ်သည်၊၊ အခုတော့ သက်ဦး ဖြစ်ချင်သည့်အတိုင်းဖြစ်လာပြီမို့ ဒီကလေး အပျော်တွေ ကို ထိန်းမရနိုင်တော့တာ
" တောင်းပန်ပါတယ် ၊၊ ကျွန်တော် အန်ကယ်လေး ရောက် နေတာ မမြင်လိုက်လို့ပါ"
ဖေကြီး၏ အသံကြားမှ သက်ဦးက ကြောင်ကြောင်တောင်တောင်နဲ့ စကားပြောနေခြင်းကို ရပ်လျက် ဗမာ ဘေးနား၌ ခပ်ကုပ်ကုပ် လာဝင်ထိုင်သည်၊၊ အခုမှ မျက်နှာက အပြစ်လုပ်ထားသည့်လူလိုမျိုး ဇီးရွက်လောက်သာ ရှိတော့ပြီး ဗမာ ကို မဝန့်မရဲ လှည့်ကြည့်သည်၊၊ထို့နောက် သူဘေးလွယ်အိတ်ထဲက ဘူးတစ်ဘူးကိုထုတ်ပြီး ဗမာ ဆီကမ်းပေးလာသည်၊၊
"ဒါဘာလဲ"
"အစ်ကိုရှန် က အစ်ကိုခွန်းဆီ လမ်းကြုံ ပစ္စည်းထည့်ပေးလိုက်တာ"
" ရှန်ရှန်နဲ့ မင်းနဲ့က အပြင်မှာ တွေ့ဖြစ်ကြသေးတာလား"
ဗမာမေးတော့ သက်ဦးက ပြန်ဖြေမလာပဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီး ဗမာ စကားကို မကြားချင်ယောင်ဆောင်လျက် လျစ်လျူပြု ဖို့ ကြိုးစား၏၊၊ ဒီကောင်လေး ဗမာကို ကြာကြာ ဖုံးကွယ်ထားလို့မရတာကို မသိလေသလား၊၊ ရှန်ရှန်က ဗမာကို သေချာပြောပြထားပြီးသားမို့ ဗမာအနေနဲ့ သက်ဦးကို မေးစရာမလိုသော်လည်း တမင်သက်သက် ပင် မေးလိုက်တာဖြစ်သည်၊၊ ဗမာ ထင်တဲ့ အတိုင်းပါပဲ သက်ဦးရဲ့ ရှောင်လွဲနေတဲ့ ပုံစံက ဟို ကိစ္စကို ဗမာ အား ပြောပြချင်သေးပုံမရ၊၊ ကာယကံရှင်က မသိစေချင်သေးတော့လဲ ဗမာကပဲ အထိုက်အလိုက် နဲ့ မသိခြင်ထောင် ထောင်ပေးရတော့မှာပေါ့
" သား ဗမာ လီမွန်သီးဖျော်ရည်သောက်ဦးမလား၊၊သက်ဦးရော သောက်မလား"
ဧည့်ခန်းအတွင်းသို့ လီမွန်သီးဖျော်ရည်ခွက်တွေ ထည့်ထားသော လင်ဗန်းကို ကိုင်လို့ ဖေလွန်းက လျှောက်ဝင်လာခဲ့သည်၊၊ထို့နောက် စားပွဲပေါ်သို့ ထိုလင်ဗန်းကို ချပြီး ဖေကြီးဘေးနားသို့ဝင်ထိုင်ကာ ဗမာနဲ့သက်ဦးကို အမေးပြုလာခြင်းဖြစ်သည်၊၊
" ကျွန်တော် မသောက်တော့ဘူးဖေလွန်း "
" ကျွန်တော် သက်ဦးကတော့ သောက်မှာဗျ"
"မင်းက ဘယ်တုန်းက အစားအသောက် နဲ့ပက်သတ်ပြီး ငြင်းဖူးလို့လဲ"
အစ်ကိုခွန်း၏ ခနဲ့တဲ့တဲ့ စကားကြောင့် သောက်နေသော လီမွန်သီးဖျော်ရည် လေးတောင် သက်ဦး လည်ချောင်း ထဲသို့ လျောလျောရှူရှူ မဝင်သွားရပေ၊၊ ကိုယ်ထက်ကြီးတဲ့လူဖြစ်နေသည့်အပြင် ကိုယ်အထက်လူကြီးလည်းဖြစ်တာမို့ ပြန်ခံပြောချင်နေသော နှုတ်ကိုထိန်းလို့ သက်ဦး အအေးကိုသာ အသံတိတ် သောက်နေလိုက်တော့သည်၊၊
"သား ဟိုရောက်ရင် ကျန်းမာရေး ကို သေချာဂရုစိုက်နော် တစ်ခုခု ဖြစ်တာနဲ့ ဖေလွန်းတို့ကို ဖုန်းဆက်ဖို့မမေ့နဲ့"
"ဟုတ်ကဲ့ပါဗျာ၊၊ ကျွန်တော် သိပါတယ် ဖေလွန်းရ"
ဖေလွန်းနဲ့ ဗမာ စကားစမြည်ပြော ဖြစ်ကြပြီးနောက် အလုပ်ကိစ္စ ရှိသေးသည်ဟုဆိုကာ ဖေကြီးနဲ့ဖေလွန်းက ထပြန်သွားကြတော့သည်၊၊ သက်ဦးကတော့ အခန်းလွတ်တစ်ခုထဲ၌ အနားသွားယူနေလေပြီ၊၊ မနက် Russia ကိုသွားမည့် လေယာဉ် ချိန်က 5 နာရီမလို့ ဒီညတော့ အိပ်ယာစောစော ဝင်ရမည်၊၊
ရှန်ရှန် လူကြုံထည့်ပေးလိုက်သော box အသေးလေးကို ကိုင်လို့ ဗမာ မိမိ အခန်းထဲသို့သာ ဝင်လာခဲ့သည်၊၊ အနည်းငယ်မှောင်နေသော အခန်းကို မီးဖွင့်လိုက်လေတော့ အခန်း၏ ညာဘက် ဘောင်တန်း၌ ဖန်ပုလင်းဘူးအကြီးများဖြင့် သေချာ စီထည့်ထားသော lollipop တွေက လှလှပပကို ရှိလေသည်၊၊ ဗမာ၏ အကြိုက်သည်ကလည်း အဆန်းသား၊၊ တစ်ခြားသူများလို့ ဖိနပ်တို့ အဝတ်အစားတို့ စုဆောင်း ရသည်ကို မကြိုက်ပဲ lollipop နဲ့ candy တွေကိုသာ စုဆောင်းရသည်ကို နှစ်ခြိုက်၏၊၊
များစွာသော Lollipop တွေကိုမြင်တိုင်း တစ်ခုခုကို သတိရလွမ်းဆွတ်လာသော စိတ်ကလေးက အမြဲ ဗမာ ရင်ထဲ တိုးဝင်လာတတ်သည်၊၊ တစ်ခါတစ်ရံ ပုံရိပ်အချို့ကို ဗမာ ခေါင်းထဲ ခပ်ရေးရေး ပြန်မြင်ရသော်လည်း သဲကွဲခြင်းမရှိသည်ကြောင့် ဘာမှကိုအခုထိနားမလည်နိုင်သေး၊၊ တစ်နှစ်စာလောက်၏ မှတ်ဉာဏ် က ဘာမှ အရေးကြီးတာ မရှိမှန်း သိသာသော်လည်း နှလုံးသား၏ လေးလံနေမှုက အရေးကြီးဆုံးအရာကို လက်လွှတ်လိုက်ရသလိုမျိုး ခံစားချက်တွေက နင့်နင့်နဲနဲ ပင်ရှိလှသည်၊၊
အတွေးများနေခြင်းအပေါ် သတိကပ်၍ ကုတင်စွန်၌ ဗမာ တင်ပါးလွှဲထိုင် လိုက်ပြီး ရှန်ရှန်ပေးလိုက်သော box အသေးလေးကို ဖွင့်ကြည့်လိုက်သည်၊၊ အလုပ်တွေ ရှုပ်နေပုံရသော ရှန်ရှန်ကတော့ လူကိုယ်တိုင်တောင် မလာနိုင်ပဲ ပစ္စည်းသာ လူကြုံ ထည့်ပေးလိုက်နိုင်သည့်ထင်၏၊၊
Box အသေးလေးကို ဗမာ ဖွင့်ကြည့်တော့ ဖုန်းအဟောင်းတစ်လုံးနဲ့ စာတစ်စောင်ပင်ဖြစ်သည်၊၊ ခေါက်ချိုး ခေါက်ထားသော စာရွက်ဖြူကို ဖွင့်၍ ဗမာ ဖတ်ကြည့်တော့
❛ ဒီဖုန်းဟောင်းက မင်း ပထမနှစ် တတ်တုန်းက သုံးခဲ့တဲ့ဖုန်း၊၊ ဖေကြီးက ငါကို သိမ်းခိုင်းထားခဲ့တာ၊၊ဒါပေမဲ့ အခု မင်းကို ပြန်ပေးရမဲ့အချိန်တန်ပြီထင်လို့၊၊ ဖုန်းရဲ့ လော့ကတော့ မင်း လက်မရဲ့ လက်ဗွေ၊၊ မပူပါနဲ့ ဗမာ မင်းဖုန်းထဲက ပုံတွေရော note မှာ ချရေးထားတဲ့ စာတွေရော ငါအကုန်ဖတ်ပြီးပြီး ❜
ရှန်ရှန်၏ ကြောင်ချီးကုပ်လက်ရေးကို ဗမာ မနည်းဖတ်လိုက်ရပြီ ခေါင်းတောင် မူးနောက်နောက် ဖြစ်သွားရသည်၊၊ ထို့နောက် ဖုန်းကို ဗမာ လက်ဗွေသုံး၍ ဖွင့်ကြည့်လိုက်တော့ ဖုန်း screen ၌ ပုဂံပြည်ရဲ့ နေဝင်ချိန်အလှကို ထိုင်ကြည့်နေသော ကောင်လေးနှစ်ယောက် ၏နောက်ကျော ကို အနောက်ဘက်ကနေ ရိုက်ယူထားသော ပုံလေးက ရှင်းရှင်းလင်းလင်းကို တွေ့လိုက်ရ သည်၊၊
မြင်ယောင်လာသော ပုံရိပ်အချို့က ဝေဝေဝါးဝါးဆိုသော်လည်း ဗမာ ၏ ဦးခေါင်းမှာတော့ ထိုပုံရိပ်အနည်းငယ်ကြောင့်ပင် ထိုးကိုက်လာခဲ့သည်၊၊ ဘေးချင်းယှဉ် လျက်ဖြင့် မြေနီလမ်းထက် လျှောက်နေသော ကောင်လေးနှစ်ယောက်၏ ပုံရိပ်က သိသိသာသာ ပြန်မြင်လာရသည်၊၊ ထိုကောင်လေးနှစ်ယောက်အနက် တစ်ယောက်က ဗမာဖြစ်ပြီး တစ်ခြားတစ်ယောက်ကိုမူ သေချာစွာ မမြင်ရသည်ကြောင့် မည်သူဖြစ်မည်ဆိုတာ မှန်းနိုင်ခြင်းမရှိချေ၊၊
လက်ထဲကိုင်ထားသော ဖုန်းကို ဗမာ ကုတင်ပေါ်သို့ပြစ်ချလိုက်ပြီး ထိုးကိုက်နေသော ခေါင်းကြောင့် နားထင်ကို လက်ညှိုး ဖြင့်အသာဖိလို့ထားရသည်၊၊ ထူပူနာကျင်နေသော ဦးခေါင်းမှာ ပေါက်ထွက်တော့မတတ်အလား ဖြစ်နေပြီး မခံမရပ်နိုင် အောင်ထိ ခေါင်းက ထိုးကိုက်လာတာဖြစ်သည်၊၊
ပုံရိပ်တွေကိုပြန်မြင်တိုင်း အဆမတန် ထူပူနာကျင်လာလေ့ရှိသောခေါင်းကြောင့် ထို ဖြစ်ရပ်တွေနှင့်ထိုပုံရပ်အား အတိတ်က နာကျင်မှု ရေစက်ဆိုးတွေဟုသာ သတ်မှတ်ပြီး ဗမာ ကိုယ် ကို ဖြေသိမ့်လိုက်တော့သည်၊၊ မမှတ်မိသင့်သော အကြောင်းအရာတွေမို့ ကံတရားက မှတ်မိခွင့်မပေးတာလည်းဖြစ်ကောင်းဖြစ်စနိုင်တာပါပဲ
ဖုန်း ကြည့်လို့မရတော့သော ကိုယ်အခြေအနေကို ကိုယ်တိုင်ရိပ်စားမိတာမို့ ဗမာ ဖုန်းကို ဆက်မကြည်ဖြစ်တော့ပဲ အိပ်ဆေးသောက်ပြီးသာ အိပ်ပျော်အောင် ကြိတ်မှိတ် ပြီးအိပ်လိုက်တော့သည်၊၊
///////////////
ညအချိန် 1:30 ဆိုသော အချိန်က လူခြေတိတ် ချိန်ဖြစ်၍ ပတ်ဝန်းကျင် နဲ့ အိမ်ကြီးမှာ တိတ်ဆိတ်လို့နေလေသည်၊၊ ဆောင်းတွင်းပိုင်းမို့ အိမ်ကြီးထဲကနေ အပြင်ကို ထွက်ကြည့်မည်ဆိုရင်တော့ နှင်းမှုန်များ ကျဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်၊၊ တစ်ချက် တစ်ချက် တိုက်ခတ်လာသော လေအေးကလည်း ကျောရိုးထဲ စိမ့်ဝင်သည့်အထိ အေးစက်လှသည်၊၊
အိမ်ကြီးတစ်ခုလုံးမီးများ ပိတ်ကာ တိတ်ဆိတ်နေသောလည်း ဧည့်ခန်းအတွင်း၌မှု မီးအလင်းရောင်အနည်းငယ်ရှိနေပြီး ကွန်ပျူတာ နှိပ်သံတတောက်တောက်ကလည်း ချောက်ချား စွာပင် ထွက်ပေါ်နေသည်၊၊
ညပိုင်းတစ်ရေနိုးလာ၍ ရေထသောက်သော Valerie မှာ မီးအိမ်အသေးတစ်ခုကိုဆွဲလို့ ကွန်ပျူတာ နှိပ်သံ တတောက်တောက် ထွက်နေသော ဧည့်ခန်းထဲသို့ လှမ်းဝင်လာခဲ့သည်၊၊ ညနက်နေသည့်အပြင် နောက်တစ်နေ့ကိုတောင် ရောက်နေသည့်အချိန်ကို မည်သူကများ ဒီအချိန်ထိ အလုပ်လုပ်နေပါသလဲ၊၊ သိချင်စိတ်ကြောင့် Valerie ဧည့်ခန်းတွင်းသို့ ဝင်လာခဲ့တော့ ခြေတံရှည်တွေကို ချိတ်လျက် ပေါင်ပေါ်သို့ ကွန်ပျူတာ တင်ကာ တတောက်တောက်နဲ့ အလုပ်လုပ်နေသည့်သူမှာ နှစ်ယောက်မရှိသော သခင်ငယ်လေးပင်ဖြစ်သည်၊၊
အသက်ငယ်ငယ်လေးနဲ့ ဦးစီးလုပ်ဆောင်နေရသော စီးပွားရေး ကိစ္စတွေကအဖုံဖုံနဲ့မို့ နေ့မနား ညမနားလုပ်နေရသော သခင်ငယ်လေးကို Valerie သနားစိတ်တောင်ဝင်မိသည်၊၊ ရှိရင်းစွဲ အသက်ထက် ပိုရင့်ကျက်နေသော သခင်ငယ်လေးက ဒုက္ခများစွာ ကို ဖြတ်သန်းပြီးနောက်မှ အခုလို အေးဆေးနဲ့ အလုပ်လုပ်နိုင်သော အချိန်တွေကိုရရှိခဲ့တာမို့ သခင်ငယ်လေးရဲ့ အရင်နေ့ရက်တွေမှာ ဘယ်လောက်များ စိတ်ရော လူရော ပင်ပန်းခဲ့လိမ့်မလဲ
" ရောက်နေရင် လာထိုင်"
Valerie ထံ တစ်ချက်ကြည့်လာပြီး သူ့ဘေးဘက်သို့ သခင်ငယ်လေးက လာထိုင်ရန် မျက်ရိပ်ပြသည်၊၊ ဒီအချိန်ထိ အလုပ်လုပ်နေပုံအရ အရေးကြီး ကိစ္စတွေလည်းရှိနိုင်ပုံရပြီး အခုချိန်ထိ အိပ်ရသေးတဲ့ပုံလည်းမပေါ်ပေ၊၊
" သခင်ငယ်လေး တစ်ရေးမှ မအိပ်ရသေးတာလား၊၊ ဒီအချိန်ကြီးထိ အလုပ်လုပ်နေခဲ့တာလား၊၊ ခေါင်းကိုက်သလား Valerie သံပုရာရည်လေး ဖျော်ပေးရမလား"
Valerie စကားဆုံးသည်နှင့် သခင်ငယ်လေးက ကွန်ပျူတာ ကို ပိတ်ချ၍ လက်ကနာရီကို တစ်ချက်ကြည့်သည်၊၊ ထို့နောက် စားပွဲပေါ်၌ တင်ထားသော နို့ခွက်ကို ယူသောက်လိုက်ပြီး
" မလိုတော့ဘူး"
"ကိုယ်ကျန်းမာရေးကို နည်းနည်းပါးပါး ဂရုစိုက်ပါ သခင်ငယ်လေးရယ်၊၊ ဒီရက်တွေမှာ အလုပ်ကိစ္စ တွေများ ပိနေလား Valerie ဝိုင်းကူရမလား"
ခေါင်းခါပြလာသော သခင်ငယ်လေးက စားပွဲပေါ်၌ အထပ်လိုက်ရှိနေသော စာရင်းဖိုင်တွေကို ပေါင်ပေါ် ယူတင်လိုက်ပြီး ထပ်၍ပင် စာရင်းတွေ စစ်ကာ အလုပ် ဆက်လုပ်နေပြန်သည်၊၊ ခေါင်းမာတဲ့ အကျင့်ဆိုးလေးက ငယ်ငယ်ထဲကနေ အခုထိ မပျောက်သေးပေ၊၊ သို့သော် သခင်ငယ်လေးမှာ မှတ်မှတ်ရရ ပျောက်သွားတာ တစ်ခုတော့ရှိသည်၊၊ ထိုသည်က ညာဘက် မျက်ခုံးပေါ်က အမာရွတ်သေးသေးလေး ပင်ဖြစ်သည်၊၊
ထိုအမာရွတ်သေးသေးလေးက သခင်ငယ်လေး အမေကြောင့် ရခဲ့သော ဒဏ်ရာမှ အမာရွတ်ဖြစ်ပြီး ထိုအမာရွတ်ပျောက်ကင်းအောင် အစထဲက ကုသလို့ရသော်လည်း သခင်ငယ်လေးကတော့ အမှတ်တရ ဆို၍သာ မဖျက်ပဲ ဒီတိုင်းထားခဲ့တာဖြစ်သည်၊၊ သို့ပေမဲ့ boss ဟန်လင်းထင်၏ နားပူနားဆာလုပ် မှုကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကမှ ထိုအမာရွတ်ကို ဆေးရုံ၌ သွားဖျောက်ခဲ့ရသည်၊၊ ဦးလေးဖြစ်သူ စကားကို သခင်ငယ်လေး နားထောင်တဲ့အချိန်က သိပ်မရှိပေမဲ့ တကယ်တမ်း ဦးလေးဖြစ်သူက အတင်း နားပူနားဆာလုပ် လာပြီဆိုရင်တော့ အမြဲ အလျော့ပေးလိုက်ရသည်ကြီးသာ
" Leader သွားဖို့ အချိန်ကျပါပြီ "
ဧည့်ခန်းတွင်းသို့ ရောက်လာသည့်လူမှာ ဇေဗန် ဖြစ်ပြီး လက်ထဲမှ ကုတ် အင်္ကျီ အရှည်ကို Zero ဘေးနားသို့လာချပေး၏၊၊ ဆောင်းရာသီထဲ ရောက်နေပြီမလို့ Russia ၏ အအေးဓာတ်က တဖြည်းဖြည်းနဲ့ ပိုကဲလာလေပြီ၊၊ လုပ်လက်စဖြစ်နေသော ဖိုင်တွဲတွေကို စားပွဲခုံပေါ်ပြန်တင်လိုက်ပြီး ဘေးနားလာချပေးထားသော ကုတ် အင်္ကျီ အရှည်ကို Zero ယူဝတ်လို့ Valerie ဘက်သို့လှည့်ကာဖြင့်
" သွားနားတော့"
"သခင်လေး အသွားအလာ ကို ဂရုစိုက်ပါ"
လည်ပိတ် အင်္ကျီ ကိုယ်ကြပ်လက်ရှည် ကို ခန္ဓာကိုယ် ၌ ချပ်ရပ်စွာဝတ်ဆင်ထားပြီး အောက်ဘက်တွင် ဘောင်းဘီရှည်အနက်ကို တွဲဖတ်စွာ ဝင်ဆင်ထားသည့်အပြင် အပေါ်ထပ် အင်္ကျီ ကုတ် အရှည်ကိုပါ တွဲဖက်ဝတ်လိုက်ပြန်လေတော့ သခင်ငယ်လေး၏ အရပ်က ရှိရင်းထက် ပို၍ ရှည်သွားသယောင်ပင်၊၊ ဒီအိမ်ကြီးနဲ့ သခင်ငယ်လေး၏ ဂိုဏ်း လက်အောက်က လူတွေထဲ သခင်ငယ်လေး အရပ်ကို ကျော်သွားတဲ့လူ တန်းမှီနိုင်တဲ့လူဟူ၍မရှိသေးပေ၊၊ အမြဲ လူတိုင်းက သခင်ငယ်လေးကို မော့ကြည့်ရသည်ကြီးသာ
ဧည့်ခန်းထဲမှ Zero ထွက်လာခါနီး ဇေဗန်က Mask အနက် တစ်ခုကို ထုတ်ပေးလာသည်၊၊ ထိုကြောင့် ထို mask အနက်ကို Zero တပ်လိုက်ပြီးနောက် ကားဂိုထောင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်၊၊ ဇေဗန်ကတော့ Zero ရှေ့ကနေ ခပ်အေးအေးသာ လမ်းလျှောက် လို့ မီးထိုးပြလေသည်၊၊ ဓာတ်တိုင်မီး၏ အရောင်ဖျော့ဖျော့ ရှိသော်လည်း ဇေဗန် ကတော့ ဖုန်းမီးကို ဖွင့်ထားဆဲပင်၊၊
ခရမ်းနဲ့အဖြူရောင် စပ်ထားသော ကားရှိရာသို့ရောက်တော့ အဆင့်သင့်တံခါးဖွင့်လျက်ဖြင့် စောင့်နေသော ဇေဗီယာက Zero ကို ခေါင်းငုံ့အရိုအသေ ပေးလာသည်၊၊ တံခါး ဖွင့်ပေးထားသော ကားထဲ Zero ဝင်ထိုင်လိုက်ပြီးနောက် လက်မှ နာရီကို ကြည့်မိတော့ 2:00 နာရီ အတိဖြစ်နေလေပြီ၊၊ Myanmar နဲ့ Russia ၏ အချိန်ကွာခြားမှုက 4:30 လောက်ရှိသည်မို့ အခုချိန်ဆို Myanmar ၌ မနက် 6 :30 ဖြစ်နေလောက်သည်၊၊
" Leader Myanmar ခရီးသည် လေယာဉ် က နောက် တစ်နာရီကျော်ရင် Russia ကို ဆိုက်ရောက်ပါလိမ့်မယ်၊၊ မစ္စတာ ကေရာနိုကလည်း အခု ယာရိုစလဗာလ်မြို့မှာ Leader ကိုတွေ့ဖို့ ချိန်းဆိုလာပါတယ်၊၊ ကျွန်တော် တို့ ဘယ်ကို အရင်သွားရမလဲ "
"ဂိုဏ်းခွဲ 2 "
"သိပါပြီ"
အိမ်ကြီး၏ ကားဂိုထောင်ထဲမှ ခရမ်းနဲ့အဖြူရောစပ်ထားသော ကားလေးက တလိမ့်လိမ့်နဲ့ပင် စတင်မောင်းထွက်လာတော့ သည်၊၊ ကေရာနိုဆီကို မသွားပဲ ဂိုဏ်း ခွဲ2 လို့ပြောလာထဲက leader က ချိန်းဆိုမှုကို လက်မခံဘူးဆိုတာ ဇေဗန် သဘောပေါက်လိုက်ပြီဖြစ်သည်၊၊ အတူတူ နေလာခဲ့တာ 10 နှစ်ဆိုသော နှစ်က နည်းမှမနည်းပဲ၊၊ Leader ၏ စကားအတိုအထွာတစ်လုံးနှစ်လုံး နဲ့တင် သူဘာကိုဆိုလိုချင်မှန်း ဇေဗန် တို့ညီကိုနှစ်ယောက်လုံး နားလည်နေပြီဖြစ်သည်၊၊
ကျယ်ပြန့်လှသော Russia ၏ မော်စကို မြို့မှာတင် ဂိုဏ်းခွဲက သုံးခုလောက်ရှိပြီး တစ်ခြားနေရာမြို့များ၌လည်း ဂိုဏ်းခွဲအသေးတွေကို ဖြန့်ကျက်ထားသည်၊၊ ထို့ကြောင့် Russia အနှံ့က ဂိုဏ်း ခွဲအများစုသည် Leader ၏ လက်အောက်က အဖွဲ့အစည်း အငယ်များသာဖြစ်ကြ၏၊၊ မြေအောက် အမှောင် နယ်ပယ်၌ လူလုံးထွက်မပြသော Leader ကို လူတော်တော်များများက စိတ်ဝင်တစားရှိကြပေမဲ့ ကာယကံရှင် ကတော့ အခုထက်ထိ ရုပ်လုံးပြချင်သေးပုံမပေ၊၊ ၊၊ စီးပွားရေး နယ်ပယ်၌တော့ သာမန်လူလိုသာ လုပ်ကိုင်ပြီး သူ၏ အခွင့်အလမ်းနှင့် အရှိန်အဝါတွေကို Leaderက ဖုံးကွယ်ထားတတ်သည်၊၊ သူဘာတွေ တွေးပြီး ကြံစည် နေလဲဆိုတာ ဇေဗန်တို့ လုံးဝနားမလည်း သလို မှန်းတိုင်းလဲ တစ်ခါမှ မှန်ကန်ခဲ့သည်ဆိုတာမျိုးမရှိပေ
ကားမောင်းချိန်မှာ မည်မျှလောက်မှ မကြာလိုက်ပါပဲ ဂိုဏ်းခွဲဆီသို့ ရောက်ရှိလာခဲ့သည်၊၊ တဖွဲဖွဲကျနေသော နှင်းတွေအပြင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင် နဲအတူ မဲမှောင်နေသော အဆောက်အအုံက လူအိပ်ချိန်ဖြစ်ကြောင်း ပြသနေသော ပြယုဂ် အလား
" ဒုလက်ထောက် ကျော်ဇော်ကို သွားနိုးပေးရမလား Leader "
ကားတံခါးဖွင့်ပေးလာသော ဇေဗန်က တစ်ဆက်ထဲ Zero ကို အမေးပြုလာလျှင် ခေါင်းသာ ညိတ်ပြလိုက်ပြီး အဆောက်အအုံထဲကို Zero လျှောက် ဝင်လာခဲ့သည်၊၊ မီးပိတ်ထားသည်ဖြစ်၍ ဇေဗီယာက ဓာတ်မီးအကြီးဖြင့် အရှေ့ကနေ ဦးဆောင်လျက် Zero ကို မီးထိုးပြ ပြီး အစည်းအဝေး အခန်းရှိသော အထပ်ဘက်သို့လျှောက် လာခဲ့ကြသည်၊၊
10 ထပ်ကျော်ရှိသော တိုက် အဆောက်အအုံ ထဲ တိတ်ဆိတ်မှုကြီးကသာ ကြီးစိုးနေခဲ့ပြီးနောက် သိပ်မကြာခင်အချိန်တွင်းမှာပဲ အဆောက်အအုံ တစ်ခုလုံး မီးများ ပွင့်လာပြီး အစည်းအဝေး ခန်းမကျယ်ဆီသို့ လျှောက်လာသော ခြေသံတွေမှာ ဆူညံ့လို့လာခဲ့သည်၊၊
အစည်းအဝေး အခန်းထဲ Zero ရောက်တော့ ထိပ်ဆုံးက ခုံ၌ ဝင်ထိုင်လိုက်ပြီး စားပွဲခုံပေါ်ကို ခြေထောက်နှစ်ချောင်း ပြစ်တင်ထားလိုက်သည်၊၊ ထို့နောက် သိပ်မကြာခင်မှာပဲ အစည်းအဝေး အခန်းထဲသို့ ကျော်ဇော်အပြင် တစ်ခြား အဖွဲ့ဝင်တွေကပါ မပွင့်တပွင့်မျက်လုံးတွေနဲ့ ရောက်လာကြသည်၊၊
" ဒီအချိန်ထိ ဘာလာလုပ်တာလဲ၊၊ လူအိပ်ချိန်ကွ ဒီကောင်ကတော့!"
" ဇေဗီယာ လစာဖြတ်လိုက် "
"ဟုတ်ကဲ့ Leader"
ခပ်ဟိန်းဟိန်းထွက်လာတဲ့ လစာဖြတ်လိုက်ဆိုသော စကားနောက် ကျော်ဇော်မှာ ပါးစပ်ကလေး ပြန်ပိတ်နေလိုက်ရတော့သည်၊၊ အမှားမခံတဲ့နတ်ဆိုတာ Zero မှ Zero အစစ်၊၊ သုန်မှုန် နေသော မျက်နှာထားက အချိန်ပြည့်ရှိနေပြီ 24 hours မှာ 1 hours လောက်သာ စိတ်ကြည်တဲ့လူ၊၊ စကားကလည်း သူပြောချင်မှ ပြောတာ မပြောချင်တဲ့အချိန်ဆို သူကို စကားပြောနေတဲ့လူကို ရှိတယ်လို့ပင် မသတ်မှတ်ချေ၊၊ တကယ် ဘယ်လိုဗီဇတွေနဲ့များ ပေါက်ဖွားလာသလဲ
ကျော်ဇော် လစာဖြတ်ခံရသည်ကို စံနမူနာ ယူလိုက်ကြသော အဖွဲ့သားတွေက တစ်ယောက်မှ တုတ်တုတ်မလှုပ်တော့ပဲ ငြိမ်သက်လျက် ခေါင်းတွေပဲ ငုံ့ထားကြ၏ ၊၊ ဒီကောင်တွေလည်း Zero ကို တယ်ကြောက်သကိုး
" လာရင်း ကိစ္စသာပြောပါ၊၊ လစာလဲ ဖြတ်ပြီးပြီးမလား "
" ဥရုဂွေးက ကုန်ပစ္စည်း အဝင်အထွက် နှစ်ချုပ်စာရင်း အခုချက်ခြင်းပေး"
"ဟျောင့် အခုချက်ခြင်းတော့ရမလားကွ၊၊ နှစ်ဝက်စာထိပဲ ငါပြီးသေးတာ နောက်အပတ်မှ ယူကွာ"
ကျော်ဇော်ထံစိုက်ကြည့်လာသော မျက်ဝန်းဝါတွေက စူးစူးနစ်နစ်ရှိလှပြီး ထရိုက်တော့မဲ့ ပုံစံမျိုး၊၊ ကျော်ဇော်က ဟိုနေ့ကလေးတင် ရည်စားလေးနဲ့ လျှောက်လည်လွန်ပြီး အနှစ်ချုပ်စာရင်းကို လုပ်ဖို့ မေ့သွားခဲ့တာဖြစ်သည်၊၊ အရင်လအစထဲက Zero သတိပေးထားတာကို မှတ်မိပေမဲ့ အကဲလွန်သွားလေတော့ အခု နဂါး မျက်စောင်းနဲ့ ကျော်ဇော် ရင်ဆိုင်နေရလေ ပြီ၊၊
"ဇေဗီယာ "
"တော်ပါတော့ကွာ ငါဆီက ဘာထပ်ဖြတ်အုံးမလို့လဲ ၊၊ အမွှေးသာ ဖြတ်သွားတော့ မင်း အကုန်ဖြတ်ချင်နေတာပဲမလား "
ဆံပင်တွေကို ဆွဲဖွလို့ စိတ်ပျက်လက်ပျက် ပုံစံနဲ့ ဆိုလာသည့် ကျော်ဇော်ကို Zero က ဘာမှ တုံ့ပြန်လာချင်းတော့မရှိတော့ပေ၊၊ သို့ပေမဲ့ ဒီကောင် တစ်ခုခု ဖြတ်အုံးမယ်ဆိုတာ ကျော်ဇော် ရိပ်မိနေသည်၊၊ Zero လက်အောက်၌ အလုပ်လုပ်တဲ့လူတိုင်းအတွက် စနစ်တစ်ခုရှိသည်၊၊ ထိုစနစ်က အမှားလုပ်လျှင် ပြစ်ဒဏ် ရှိသလို မှန်ကန်ပြီး တိကျစွာ လုပ်ဆောင်နေလျှင် ဆုကြေး ရှိ၏၊၊ တစ်ခုခု မှားလိုက်ပြီ ဆိုတာနဲ့ Zeroက ဘယ်သူမျက်နှာမှ မထောက်တော့ပဲ ပြစ်ဒဏ်အား ချက်ခြင်းကို ချမှတ် သည်၊၊ ထို့ကြောင့် အဖွဲ့သားတိုင်းက သတိကပ်လို့ ဆင်ခြေနေကြပြီး Zero အပေါ် ချစ်ကြောက် ရိုသေကြသည်၊၊ တအားချုပ်ချယ်ထားတာမျိုးတွေ မရှိသော်ငြား အမှားတော့မခံပေ၊၊
" ကားသိမ်းလိုက် "
"အမိန့်အတိုင်းပါ"
ကျော်ဇော်ထင်ထားတဲ့အတိုင်း တစ်ပုံစံထဲကို ဖြစ်လို့လာတာပါပဲ ၊၊ ဘာမှတော့ ပြောမရတော့တာမို့ ဘာမှမပြောတော့ပဲ ငြိမ်သာနေလိုက်တော့သည်၊၊ ဒီကောင် လက်အောက်မှာ အလုပ်ဝင်လုပ်မိတာလဲ တကယ် ဝဋ်ကြွေးပဲ
ထိုအဆောက်အအုံထဲက ထွက်လာပြီးနောက် Zero တို့ ကား၏ ဦးတည်ရာက လေယာဉ် ကွင်းသို့ဖြစ်သည်၊၊ ထို လေယာဉ် ကွင်းသို့ သွားရသည့်အကြောင်းပြချက်မှာ ယုန်ဖြူလေးကြောင့်ပင်၊၊ အလှည့်ကျရင် မနွဲ့စတမ်းဆိုသည့်အတိုင်း နောင်ဖြစ်လာမည့် ဒုက္ခနဲ့ ဝဋ်ကို ယုန်ဖြူလေးက ကောင်းကောင်းကို လည်းစင်းခံရမည်၊၊
10 စုနှစ်တစ်ခုအတွင်းZero ရင်တွင်းမှ ဒေါသမီးတွေနဲ့ ကလဲ့စားချေ ရမည်ဆိုသော အတ္တမီးတွေအပြင် တရားခံနှစ်ယောက်ကို ဆွဲဖြဲထုတ်ချင်နေခဲ့သော်လည်း အခုချိန်ထိ အောင့်အီးခဲ့သည်က အရူးလုပ်ခြင်းကို ထိုသူတို့ ခံစားဖို့အတွက် အချိန်ယူခဲ့ခြင်း သာ ဖြစ်သည်၊၊
လုပ်တုန်းက လုပ်ပြီး ခံရမည့်အချိန်ကျမှ မငိုလေနှင့်ပေါ့
တရိပ်ရိပ်သွားနေသော ကားကြောင့် ပတ်ဝန်းကျင် မှ အိမ်များနဲ့အဆောက်အအုံများသည်လည်း တရိပ်ရိပ်ပင် ဖြတ်ပြေးနေသယောင်ရှိသည်၊၊ ဆောင်းဝင်ခါစအချိန်လေးဆိုသော်ငြား အအေးဓာတ်နှင့် နှင်းမှုန်တွေကတော့ ဆောင်းရာသီ အလယ်ပိုင်း အချိန်ဒေသလိုပါပဲ အေးခဲစေသည်၊၊
" Leader ကျုပ်တို့ ရောက်ပါပြီ "
လေယာဉ် ကွင်း၏ တစ်ဖက်ဘေးက ကားပါကင်၌ ကားထိုးရပ်လိုက်ပြီးနောက် ကားပေါ်ကနေ Zero ဆင်းလာခဲ့သည်၊၊ မြန်မာမှ လေယာဉ် သည်လည်း ဆိုက်ရောက်ဖို့အတွက် မိနစ်ပိုင်းမျှသာ လိုတော့သည်၊၊ ထို့ကြောင့် လူကြိုသော နေရာဘက်သို့ ဦးတည်ပြီး Zero လျှောက်ထွက်လာခဲ့သည်၊၊
နည်းလမ်းပေါင်းစုံသုံးပြီး Russia ကို အမိန့်စာနဲ့ ရောက်အောင် လုပ်ထားတယ်ဆိုထဲက နည်းနည်းပါးပါးတော့ Russia ကနေ ပြန်မထွက်သွားနိုင်မဲ့ ယုန်ဖြူလေးကို Zero ကိုယ်တိုင် လာကြည့်ပေးရမှာပေါ့၊၊
" Leader ဘယ်သွားမလို့လဲ "
Exit ဘက်ကို ဦးတည်ထွက်သွားသော Leader ကို ဇေဗန်အမေးပြုလေတော့ လှည့်တောင်ကြည့်မသွားပေ၊၊ ထို့နောက်သိပ်မကြာခင်မှာပင် ဇေဗန် ဖုန်းထဲသို့ အဲ့မှာနေခဲ့ ဆိုသော စာလေးက Leader ဆီမှ Message ဝင်လာခဲ့သည်၊၊ ထို့ကြောင့် ဇေဗန်နဲ့ ဇေဗီယာလည်း လူကြိုမည့်ထိုနေရာမှာသာ ရပ်စောင့်နေလိုက်တော့သည်၊၊
°°°°°°°
မြန်မာက လေယာဉ် ထွက်လာသည့်အချိန်မှာ နေ ရောင်သမ်း ချိန် ဖြစ်သော်လည်း ဗမာ နဲ့သက်ဦး Russia ကိုရောက်ချိန်မှာတော့ နေတောင်ထွက်ဖို့မဆိုထားနှင့် ရောင်ခြည်တန်းသေးသေးလေးတောင်မရှိသေးပေ၊၊ တကယ်ကို မနက်5 နာရီဆိုသော အချိန်တောင် မရှိသေးတာဖြစ်သည်၊၊ ထို့ပြင် လေယာဉ် ပေါ်မှ ဆင်းလိုက်သည်နှင့် ခန္ဓာကိုယ် အတွင်းသို့ Russia ဆောင်း၏ အအေးဓာတ်ခပ်မျှင်မျှင်လေးက လွန့်လူးကာပင် တိုးဝင်လာသည်၊၊ လူတိုင်းလိုလို မာဖလာနှင့် အနွေးထည်ထူထူကြီးများ ဝတ်ဆင်ထားကြပြီး စကားပြောတိုင်းလဲ နှုတ်မှ အာငွေ့တွေက ထွက်နေသေး၏၊၊ Russia ၏ ဒီအအေးဓာတ်က ကိုရီယားထက်ပင် ပိုလေမလားပါပဲ
ဗမာနဲ့သက်ဦး အတူတူပင် passport နဲ့ စာရွက်စာတန်းအချို့ကို ဂိတ်နဲ့စစ်ပြီးနောက် အိတ်ထုတ်ရန်အတွက် တစ်ခြားတစ်ဖက်ဆီသို့ အတူတူလျှောက်လာခဲ့သည်၊၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အေးလွန်းတာကြောင့် ဗမာ အပေါ့သွားချင်လာလေသည်၊၊ ထို့ကြောင့် သက်ဦးကို ဗမာ အိတ်ထုတ်ကိုပါ ကူထုတ်ခိုင်းလိုက်ပြီး သန့်စင်ခန်းရှိရာသို့ အမြန်ပင်ပြေးလာရတော့သည်၊၊
ဘုတ် အင့် !
သေးထွက်တော့မည်ဖြစ်တာကြောင့် ဗမာ အသည်းအသန် ပြေးလာမိခြင်းရဲ့အကျိုးဆက်ကတော့ သူများကာ ရင်ဘတ်ကို ဝင်တိုက်မိတော့တာပါပဲ၊၊ မာတောင့်နေသော ရင်ဘတ်ပြင်ကို နဖူးနဲ့ ဝင်ဆောင့်မိပြီးနောက် ဗမာ ခန္ဓာကိုယ် က တစ်ဖက်သို့ ကန်ထွက်လာပြီ အနောက်သို့ပြစ်လဲတော့မလို ဖြစ်သွားတာကြောင့် အောက်ခင်းပေါ်သို့ ဗမာ ပစ်စလက်ခတ် ကျသွားမည်ထင်ထားပါသော်လည်း ထင်ထား သည့်အတိုင်းတော့ ဖြစ်မလာခဲ့ပေ၊၊ လဲကျသွားတော့မည့် ဗမာ ကို တစ်ဖက်လူမှ ခါးကနေ ပွေ့ထိန်းလျက် သူအနီးသို့ ဆွဲကပ်လိုက်သည်ကြောင့် ဗမာမှာ တစ်ပြန်ပင် ထိုလူ၏ ရင်ဘတ်၌ မျက်နှာအပ်ထားမိပြီးသား ဖြစ်သွားရတော့သည်၊၊
ခဏလောက် ကြောင်အပြီး ဗမာ မလှုပ်မိပဲ ထိုရင်ဘတ်၌ မျက်နှာအပ်နေခဲ့ပြီးနောက် မိနစ်ပိုင်းကြာမှ သတိပြန်ဝင်လာပြီး ထို လူ ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်လျက် နီးကပ်နေသော အနေအထားကို ဝေးကွာအောင်ပြုရသည်၊၊ ထို့နောက် ထိုလူမျက်နှာကို ကြည့်ဖို့အတွက် ဗမာမှာ ခေါင်းတောင်မော့လိုက်ရ၏၊၊ ဗမာလို 5'11" တောင် ဒီလူကို ခေါင်းမော့ ကြည့်နေရသည်ဖြစ်၍ ဒီလူ၏ အရပ်က ဘယ်နပေ များရှိပါလိမ့်
" Sor ...sorry . I'm ...so.. sorry "
ဗမာ နှုတ်မှ စကားလုံးတို့က ထစ်ထစ်အအဖြင့် ထွက်ကျလာပြီးနောက် ထိုလူကို မရဲတရဲဖြင့် မော့ ကြည့်မိသည်၊၊ ခပ်စူးစူးကြည့်နေသော မျက်ဝန်းဝါတွေက ဘာကြောင့်မှန်းမသိ ဗမာကို ကြောက်စိတ်ဝင်စေသည်၊၊ တစ်ခုခုက ညှို့ ယူဖမ်းစားလိုက်သလိုမျိုး ထို မျက်ဝန်းဝါတွေကိုမကြည့်၍လည်း မနေနိုင်ပြန်၊၊ ထို့ပြင် နဖူးသွေးကြောများပေါ်သည်အထိ ကြုတ်ထားသော မျက်ခုံးတန်းထူထူတွေက စိတ်အလိုမကျခြင်းကြောင့်များလား
အပေါ်ဝတ်ကုတ် အင်္ကျီ အရှည်က ဒူးအဆစ်ထိလောက်ရှိပြီး ဘောင်းဘီရှည်အနက်နဲ့ လည်ပင်းပိတ် အင်္ကျီ ကိုယ်ကြပ်ကို ဝတ်ဆင်ထားသည့်လူက သူအရပ်ကြီးနဲ့လိုက်ဖက်စွာပင် ကြည့်ကောင်းသော ခန္ဓာကိုယ် အချိုးအစား ရှိလှသည်၊၊ မျက်နှာ၌ Mask ကို တပ်ဆင်ထားသည်ကြောင့် ထိုလူဟာ ဘယ်လိုမျက်နှာကျ မျိုးရှိလဲဆိုတာ ဗမာ မမြင်ရပေမဲ့ ကြည့်ကောင်းသော အမျိုးသားတစ်ယောက် ဖြစ်မှာတော့ ကျိန်းသေသည်၊၊ ယောကျ်ား လေးတစ်ယောက်ကို ဗမာ အသေးစိတ်တစ်ခါမှ မကြည့်မိဖူးသော်လည်း ဒီအမည်မသိလူကတော့ ပထမဆုံးအကြိမ် ဗမာ ခေါင်းစခြေဆုံး ကြည့်မိတဲ့ တစ်ယောက်သော လူပါပဲ
တစ်ချက်မှ အကြည့်မလွဲသွားပဲ ဗမာ မျက်ဝန်းတွေထံ တည့်တည့်စိုက်ကြည့်နေသော မျက်ဝန်းဝါတွေက ဒီတစ်သက် မေ့လောက်နိုင်စရာမရှိသည့်အထိ ညှို့ယူထားနိုင်စွမ်းရှိသည်၊၊ ထိုမျက်ဝန်းဝါတွေကိုကြည့်ရင်းဖြင့် ဒေါသအရှိန်ကလေးပါသော ခပ်ငယ်ငယ်ကောင်လေး၏ မျက်ဝန်းညိုတွေက ဗမာ မှတ်ဉာဏ် ထဲ နေရာယူလာလေတော့ တဆစ်ဆစ် စတင် ထိုးကိုက်လာသော ခေါင်းကြောင့် ခြေလှမ်းတွေကို နောက်သို့ အနည်းငယ်ဆုတ်လိုက်ရပြီး ထိုလူကိုလည်း ဗမာမော့မကြည့်နိုင်တော့ပေ ၊၊
" Белый кролик "
( ယုန်ဖြူလေး )
" ဟမ် !"
ထိုလူဆီမှ Deep voice ကြီး က ထွက်လာပြီး ပြောလိုက်သော စကားက ဗမာ နားမလည်သည်မို့ အူကြောင်ကြောင်ဖြစ်သွားရ၏၊၊ English လိုမျိုးပြောလိုက်တာ မဟုတ်တာမို့ တကယ်နားမလည်၍ ပြန်မေးမည်အပြု ဗမာ ဘေးကနေ ထိုလူက တစ်ခြားဘက်သို့ ဖြတ်လျှောက်သွားတော့သည်၊၊ ရှည်လျားလွန်းသော အရပ်က လူတွေအား ထိုလူကို ငေးကြည့်စေသည့်အထိ ဆွဲဆောင်မှု ရှိလှသည်၊၊ ဗမာ မှာ ကိုယ်ထက်ရှည်တဲ့လူကို တွေ့လိုက်ရသည့်အပြင် ဗမာ ဦးခေါင်းမှာ သူရင်ဘတ်အောက်လျော လောက်သာ ရှိပြီး ကိုယ်ကို ကိုယ်တော်တော်ပုကျသွားတယ်လို့တောင် ထင်မိသည်၊၊
ထိုလူထွက်သွားတော့မှ ဗမာ မှာ မိမိကိစ္စထိပ်ဝရောက်နေသည်ကို ပြန်သတိရပြီး သန့်စင်ခန်းဘက်သို့ ပြေးရတော့သည်၊၊ ထို့နောက် အပေါ့အပါး သွားပြီး၍ အိတ်ယူသော နေရာသို့ပြန်လျှောက်လာခဲ့သည်၊၊ ဗမာ ကို ထိုင်စောင့်နေသော သက်ဦးကတော့ တစ်ယောက်ယောက်နဲ့ ဖုန်း စကားပြောနေပုံရသည်၊၊
"သက်ဦး"
"အစ်ကိုခွန်းရာ သန့်စင်ခန်းသွားတာကြာလိုက်တာ၊၊ လာ ကျွန်တော်တို့ အပြင်ထွက်ရအောင် "
ပြောလက်စဖုန်းကို ချပြစ်ပြီးနောက် ချထားသော luggage ကို အောက်ဆွဲကာဖြင့် အပြင်ဘက်သို့ သက်ဦး ထွက်လာခဲ့တော့သည်၊၊ အစ်ကိုခွန်းကလဲ အနောက်ကနေ လိုက်ပါလာ၏၊၊
"အစ်ကိုခွန်း Hotel ကို တန်းသွားမှာမလား ၊၊ကျွန်တော် taxi ငှားလိုက်မယ်"
သက်ဦးကို ဗမာ ခေါင်းသာ အသာ ညိတ်ပြလိုက်၏ ၊၊ ဗမာ ခေါင်းထဲ တဆစ်ဆစ်ထိုးကိုက်မှုက မလျော့သွားသည်မို့ Hotel ရောက်သည်အထိ သည်းခံရမည်၊၊ Hotel ရောက်မှပဲ တစ်ရေးတစ်မော အိပ်ပြီး အနားယူတော့မည်၊၊
Taxi ငှားလို့ရပြီးနောက် Hotel ရှိရာသို့ ဗမာတို့ ထွက်လာခဲ့ကြတော့သည်၊၊ Russia နိုင်ငံ၏ နေရာတွေက တော်တော်များများ လှပကြပြီး နိုင်ငံခြား ခရီးသွားဧည့်သည်များသော နိုင်ငံတွေ ထဲက တစ်နိုင်ငံလည်းဖြစ်သည်၊၊ ယခုအချိန်က မနက်လင်းချိန်မဟုတ်သေး၍ နှင်းများဖြင့် ပိတ်နေသည်ကြောင့် ကားအတွင်းမှ ပတ်ဝန်းကျင် အခြေအနေကို မမြင်ရသေးပေ၊၊ နေ့လယ်လောက်မှသာ ရူခင်းတွေကို ဗမာ တို့ပတ်ကြည့်ရင်း နဂါးပင်အပ်အကြောင်း စတင်စုံစမ်းတော့မည်၊၊
ဘိုကင်ယူထားသော Hotel နဲ့ လေယာဉ် ကွင်းက သိပ်မဝေးသည်မို့ တခဏလေးအတွင်း ဗမာနဲ့ သက်ဦးမှာ Hotel ရှေ့သို့ ရောက်လာခဲ့ကြသည်၊၊ ထို့နောက် ကောင်တာသို့ သက်ဦးက သွားရောက်ပြီး အခန်းသော့ယူလာကာဖြင့် ဗမာတို့ ဓာတ်လှေကားစီး၍ အခန်း နံပါတ် 1304 ရှိသော အထပ်သို့ တတ်လာခဲ့တော့သည်၊၊
အဆင့်မြင့် Hotel ကြီးက ကြီးမားကျယ်ပြန့်သည့်အပြင် အတွင်းပိုင်း၌ အလှဆင်ထားမှုနဲ့ နံရံရောင်ခြယ်ထားသည့် colour မှာလည်း မျက်စိထဲ ထူးကဲစွာပင် ကြည့်လို့ကောင်း၏၊၊ သန့်ရှင်းသပ်ရပ်နေမှုကတော့ အမှုန့်တစ်မှုန့်တောင်မျှမရှိသည်အထိ၊၊ထို့ပြင် အောက်ခင်းပြင်မှာလဲ မှန်တောင်ကြည့်လို့ရသည်အနေအထားထိ တောက်ပြောင်နေသည်၊၊ ဗမာနဲ့ သက်ဦးမှာ တောသားလေး နှစ်ယောက် မြို့ကြီးပြကြီး ရောက်လာသလို အူတူတူလေးတွေနဲ့ မိမိတို့ အခန်းရှိရာသို့ တတ်လာခဲ့ကြသည်၊၊
နှစ်ယောက်တစ်ခန်း ယူထားတာမို့ ဗမာ နဲ့ သက်ဦးက အတူတူနေရမည်ဖြစ်သည်၊၊ အခန်းထဲသို့ရောက်လာတော့ အိတ်ထုတ်တွေကို ပြစ်ချလိုက်ပြီး ဧည့်ခန်းဟု ထင်ရသော အခန်းကျယ်ထဲရှိ ဆိုဖာ ပြန့်ပေါ်သို့ ဗမာ ခန္ဓာကိုယ် ကို ပြစ်လဲ ချလိုက်တော့သည်၊၊ ဘာမှန်းမသိသော ပုံရိပ်တွေ ပြန်ပေါ်လာတိုင်း အမှုကိုယ်တွယ်ဖြေရှင်းရသည်ထက်ပင် ပို၍ မူးနောက် လာပြီး ဗမာ လုံးဝကို မအိပ်လိုက်မချင်း မသက်သာ တော့ပေ၊၊ ဆိုးလိုက်တဲ့ ဒုက္ခ ရယ်ပါလေ
" အစ်ကိုခွန်း ဦးရာခိုက် ဆီက video call ဝင်လာတယ်၊၊ ခဏလောက် စကားထပြောလိုက်ဦး"
နားထင်ကို လက်ညှိုး ဖြင့် အသာထိုးလိုက်ပြီးနောက် ဗမာ သက်ပြင်းမော ချကာပင် ဆိုဖာပေါ်လဲနေရာမှ ထထိုင်လိုက်သည်၊၊ ထို့နောက် သက်ဦးကမ်းပေးလာသော ကွန်ပျူတာ ကို ယူ၍ ပေါင်ပေါ်တင်ထားလိုက်သည်၊၊
"ဘာကိစ္စရှိလို့လဲ ဦးလေး"
"လေလံပွဲကို မင်းတို့ တကယ် သွားမယ်ဆိုရင် လက်မှတ် ဝယ်ရမယ်၊၊ အဲ့တာ စိတ်ချရတဲ့ ပွဲစားဆီကဝယ်"
"ဟုတ်ကဲ့ဗျ၊၊ ကျွန်တော်ကို အဲ့ပွဲစား နာမည်ပြောပါ ၊၊ မနက်ဖြန် ကျွန်တော် လက်မှတ် ဝယ်လိုက်မယ်"
လေလံပွဲက နောက်တစ်ပတ်လို့ သတင်းရထားသည့်အပြင် ထိုနဂါးပင်အပ်ကလည်း ထိုလေလံပွဲ၌ ပေါ်လာမည်ဟု သတင်းအတိအကျ ရထားသည်ကြောင့် ဗမာ လက်မှတ်နှစ်စောင်တော့ ရအောင် အမြန်ဝယ်မှ ဖြစ်မည်၊၊
" ဒက်ခရစ် လက်တင် ၊၊ သူက လက်မှတ်ရောင်းဝယ်တဲ့နေရာမှ နာမည်ကြီးပဲ၊၊ စျေးလည်းမြင့်တယ်၊၊ ဒါနဲ့ မင်းတို့ အဲ့လေလံပွဲသွားရင် ရုပ်ဖျက်ဖို့ မမေ့နဲ့နော်၊၊ သေချာဂရုစိုက် ဗမာ"
"ဟုတ်ကဲ့ ဗျ"
ဦးရာခိုက် ဖုန်းချသွားပြီးနောက်မှ ဗမာ ကွန်ပျူတာ ကို သက်ဦးဘက်ကို ပြန်ပေးလိုက်ပြီး ထိုးကိုက်နေဆဲဖြစ်သော ဦးခေါင်းကို အနားပေးရန်အတွက် ထိုဆိုဖာပေါ်၌သာလျှင် အိပ်ပျော်အောင် အိပ်လိုက်မိတော့သည်၊၊
အခုတစ်ခါ ဗမာ အိပ်မက်တွေထဲမှာလဲ ရန်လိုနေတတ်သော မျက်ဝန်းညိုတွေရှိသည့် ကောင်လေးတစ်ယောက်က သေချာပေါက် ပါဝင်လာပါလိမ့်ဦးမည်၊၊
///////////////:
နောက်ကျသွားလို့ တကယ် တောင်းပန်ပါတယ်နော်ဗျ ၊၊ ကျွန်တော် မျက်ရည်ပူတွေကျပြီး ဖျားနေခဲ့လို့ပါ
::::::::::::::::::::::
Zawgyi
၁၀ ႏွစ္ၾကာၿပီးေနာက္
အမႈတြဲဖိုင္ေတြနဲ႕အတူ မၿပီးျပတ္ေသးေသာ တစ္ျခားဖိုင္တြဲေတြကိုလည္းစစ္ေဆးရင္းျဖင့္ အခ်ိန္ေတြကုန္မွန္းမသိ ကုန္ဆုံးလာခဲ့သည္မွာ ေန႕လယ္ထမင္းစားနားခ်ိန္သို႔ပင္ေရာက္လာခဲ့သည္၊၊ မနက္8 နာရီေလာက္ထဲကဗမာ အလုပ္စားပြဲ၌ ထိုင္လို႔ အလုပ္စလုပ္လာသည္မွာ အေတာ္ကိုၾကာခဲ့သည္ေၾကာင့္ ေနာက္ေက်ာကလည္း တတ္ခ်င္သလိုလို၊၊
ဆာေလာင္လာေသာ ဗိုက္ေၾကာင့္ လုပ္လက္စအလုပ္ကို ဗမာ အၿပီးသတ္လ်က္ အလုပ္႐ုံးခန္းထဲကေန အေပၚဝတ္ ကုတ္ အကၤ်ီ ကိုဆြဲလို႔ ထြက္လာခဲ့ေတာ့သည္၊၊ law firm (ဥပေဒ ကုမၸဏီ ) ၏ မ်က္ေစာင္းထိုး၌ စားေသာက္ဆိုင္ႀကီးတစ္ခုရွိသည္မို႔ ဆာေလာင္ေနသည္အား ျဖည့္ဆည္းရန္အတြက္ ထိုစားေသာက္ဆိုင္သို႔သာ ဗမာ ဦးတည္လို႔ျဖင့္ ျမန္ဆန္စြာ ထြက္လာခဲ့မိေတာ့သည္၊၊
" အစ္ကိုခြန္း ခဏေလး ကြၽန္ေတာ္ကိုေစာင့္ပါဦး!"
ေအာက္ထပ္ဆင္းဖို႔ ဓာတ္ေလွကားထဲ ဗမာ ဝင္မည္အျပဳ အေနာက္ကေန အသည္းအသန္ ေျပးလာေသာ ေျခလွမ္းမ်ားနဲ႕အတူ သက္ဦးပိုင္က ဗမာ ေရွ႕သို႔ အေမာတေကာ ျဖင့္ေရာက္ခ်လာသည္၊၊ သက္ဦးပိုင္ဆိုတာက ဗမာ လက္ေထာက္ ခပ္ငယ္ငယ္ေကာင္ေခ်ာေလးျဖစ္၏၊၊ သြက္လက္ေပါ့ပါးၿပီး ငယ္႐ြယ္မႈ၏ ပ်ိဳျမစ္ျခင္းေတြကလဲ ထိုေကာင္ငယ္ေလးဆီ၌ ရွိသည္၊၊ သို႔ေသာ္ နည္းနည္းေတာ့ ရွက္ျပာျပာနိုင္သည္၊၊
" ေန႕လယ္ တစ္ခ်က္ထိုးေနၿပီေလ ၊၊ ထမင္းမစားရေသးဘူးလား သက္ဦး"
" ဟုတ္တယ္ အစ္ကိုခြန္း၊၊ ကြၽန္ေတာ္ ဟို လူသတ္ မႈကို စစ္ေဆးေနတာ "
သက္ဦးနဲ႕အတူ စကားတေျပာေျပာျဖင့္ စားေသာက္ဆိုင္ဘက္သို႔ဗမာ တျဖည္းျဖည္းပင္ ေလွ်ာက္လာခဲ့သည္၊၊ စားေသာက္ဆိုင္ထဲေရာက္ေတာ့ အျပင္ပတ္ဝန္းက်င္ကို ေကာင္းေကာင္းျမင္ရေသာ စားပြဲ၌ထိုင္လ်က္ ၾကက္စီထမင္း တစ္ေယာက္တစ္ပြဲစီ မွာ ျဖစ္ၾကသည္၊၊ ထမင္းစားရင္းျဖင့္ အျပင္ ပတ္ဝန္းက်င္ ကိုလဲ ေငးရင္းေတြရင္းနဲ႕ေပါ့
ကုန္လြန္လာခဲ့တဲ့ 10 ႏွစ္အတြင္း အရာရာဟာ အကုန္တိုးတတ္ေျပာင္းလဲခဲ့ၿပီျဖစ္သည္၊၊ လူေတြ လည္း အကုန္ေျပာင္းလဲသြားၾကသလို တစ္ျခားေသာ ေဘးပတ္ဝန္းက်င္သည္လည္း ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္၊၊ 10 ႏွစ္ဆိုေသာ အခ်ိန္ကလဲ ေျပာင္းလဲဖို႔ လုံေလာက္တဲ့အခ်ိန္တစ္ခုျဖစ္သည္ေလ၊၊ သို႔ေသာ္လည္း မေျပာင္းလဲေသာ အရာကေတာ့ ဗမာ၏ ေလးလံေနေသာ ႏွလုံးသားသာ ျဖစ္ေခ် ၏၊၊
တစ္ခုခုကို ဆုံးရႈံးလိုက္ရၿပီး ဘာကို ဆုံးရႈံး လိုက္ရမွန္းမသိေသာ ခံစားခ်က္ေတြနဲ႕ တစ္ခါတစ္ရံ အိမ္မက္ေတြထဲ နာက်ည္းခ်က္ေတြနဲ႕ေပၚေပါက္လာေသာ ေကာင္ငယ္ေလးတစ္ေယာက္၏ အသံတို႔က ဗမာအတြက္ အေျဖမရွိေသာ ပုစာၦ တစ္ခုလိုပင္၊၊ ရံဖန္ရံခါ ၌ ႏွစ္ရက္တစ္ခါေလာက္ ဒါမွမဟုတ္ တစ္ခါတစ္ေလ ေန႕တိုင္းပဲ ျဖစ္ျဖစ္ အေၾကာင္းအရင္းေသခ်ာမရွိပါပဲ တစ္ခုခုကို လြမ္းဆြတ္ေနသလိုမ်ိဳး ဗမာ ခံစားရသည္၊၊ ေမ့ေနခဲ့သည့္အတိတ္ေတြထဲ ေပ်ာက္ဆုံးေနေသာ အေရးႀကီးသည့္ အစိတ္အပိုင္း ငယ္တစ္ခုရွိကိုရွိမည္လို႔လည္း ဗမာ တျဖည္းျဖည္း ရိပ္မိလာခဲ့သည္၊၊
" အစ္ကိုခြန္း "
"အင္း ေျပာေလ"
စားပြဲေပၚသို႔လာခ်ေပးေသာ ၾကက္စီထမင္းကို စားရင္းျဖင့္ သက္ဦးကို ဗမာ အေျဖျပန္ျပဳလိုက္၏၊၊
" အထက္က အမိန့္စာရၿပီလား ၊၊ ကြၽန္ေတာ္တို႔ ဘယ္ေတာ့ သြားစုံစမ္းရမွာလဲ"
သက္ဦးသတိေပးသလိုေျပာလာမွ ဗမာ အလုပ္ကိစၥႀကီးတစ္ခုကို ေမ့ေလ်ာ့ေနမွန္း ကိုယ္ကို ကိုယ္သတိထားမိေတာ့သည္၊၊ ကြင္းဆက္ လူသတ္မႈပုံစံလိုမ်ိဳး ျဖစ္ေနေသာ သတ္ျဖတ္မႈက သက္ေသအခ်က္အလက္ေတြ အရ တရားခံသည္ တစ္ဦးတစ္ေယာက္ထဲသာျဖစ္၏၊၊ သို႔ေသာ္ ထိုတရားခံ၏ သတင္းအစအနကို ဗမာ တို႔ ႀကိဳးစားရွာေဖြေသာ္လည္း ႏွစ္ေတြသာၾကာလာတယ္ ဘာသတင္းမွမရေသး ေပ၊၊ ဒီလိုနဲ႕ပဲ ဘယ္ေနရာ ဘယ္လို လူေသမႈျဖစ္လဲဆိုတာသာ လိုက္စုံစမ္းလို႔ ထပ္ၿပီး တရားခံဘက္က ခ်မွတ္မည့္ သားေကာင္ကိုသာ ႀကိဳတင္မွန္းဆထားနိုင္႐ုံရွိ၏၊၊
1 0စုႏွစ္တစ္ခုၿပီးေနာက္မွာ ဗမာက တရားသူႀကီးတစ္ေယာက္ ျဖစ္လာခဲ့ေလ ၿပီ ၊၊ ေရွ႕ေန႕အျဖစ္ သုံးႏွစ္ေလာက္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး တရားသူႀကီးအျဖစ္နဲ႕ေတာ့ ႏွစ္ ႏွစ္ေလာက္သာ ရွိေသးသည္၊၊ တရားသူႀကီးဆိုေပမဲ့လည္း ဆင္ျမင့္က ခုံ၌ ေအးေဆးထိုင္ကာ တင္ျပလာေသာ ေရွ႕ေနေတြ၏ အခ်က္အလက္ အနည္းငယ္ကိုၾကည့္လို႔ ဗမာ က အမႈေျဖရွင္းျခင္းနဲ႕ အမိန့္ခ်မွတ္ျခင္းကို မျပဳလုပ္ေပ၊၊ ေနာက္ကြယ္ကေန အမႈတစ္ခုကို ကိုယ္ကို တိုင္ ေသခ်ာသိေအာင္အတြက္ စုံစမ္းစစ္ေဆးမႈေတြကို လုပ္ေဆာင္ေလ့ရွိၿပီး တိက်သပ္ရပ္ေသာ သက္ေသတစ္ခုခု ရရွိမွသာ တရားစီရင္ခ်က္ကို ခ်၏၊၊ ထို႔ေၾကာင့္ ဗမာ ကို အမ်ားစုက အမ်ိဳးမ်ိဳးပင္ အတင္းအဖ်င္း ေျပာေလ့ရွိၾကသည္၊၊ ဥပမာ အားျဖင့္ေတာ့ တရားသူႀကီး က တရားသူႀကီး အလုပ္မလုပ္ဘူးဆိုတာမ်ိဳးေတြေပါ့ ေနရာတကာ ပါတယ္ဆိုေသာ စကားေတြကလည္း ခပ္မ်ားမ်ားပါပဲ
ပတ္ဝန္းက်င္ ရဲ႕ အတင္းအဖ်င္းေတြက ေလထဲခဏေလးအတြင္း ပေပ်ာက္သြားတတ္တာမို႔ ဗမာကေတာ့ ထိုသို႔ေသာ အေရးမပါလွသည့္ အရာေတြေပၚ ဂ႐ုမစိုက္မိ၊၊ ဂ႐ုစိုက္စရာလည္း လိုမွမလိုပဲ၊၊ ကိုယ္မွန္တယ္ထင္ရင္ ဘယ္သူမ်က္ႏွာမွ ေထာက္တတ္တဲ့လူမ်ိဳးမဟုတ္တာမို႔ ပတ္ဝန္းက်င္ ဆိုတာက ဗမာ လ်စ္လ်ဴရႈ ထားေသာ အရာတစ္ခုပင္ျဖစ္သည္၊၊
ေရွ႕ေန႕ေတြ အၿပိဳင္တင္ျပလာမည္ သက္ေသအနည္းငယ္ႏွင့္ စကားခ်ဲ့မႈေတြကိုၾကည့္ၿပီး အမႈကိစၥတစ္ခုကို တရားစီရင္ခ်က္ခ်မွတ္လွ်င္ အကယ္၍ မ်ား အနည္းငယ္သာ သက္ေသအခ်ိဳ႕က လြဲေခ်ာ္သြားၾကည့္ တရားခံက လြတ္ေျမာက္သြားနိုင္ေခ်ရွိၿပီး အျပစ္မဲ့သူကလည္း တရားခံေနရာသို႔ လုံးလုံးကို ေရာက္သြားနိုင္သည္၊၊ ထို႔ေၾကာင့္ပဲ ဗမာ ကိုင္တြယ္ ေျဖရွင္းရမည့္ အမႈကိစၥတိုင္းကို ေနာက္ကြယ္၌ ကိုယ္တိုင္ စုံစမ္းစစ္ေဆးျခင္းျဖစ္သည္၊၊
" အစ္ကိုခြန္း ဘာေတြ ေတြးေနတာလဲ ၊၊ကြၽန္ေတာ္ေမးတာကို ျပန္မေျဖဘူးလား "
" နိုင္ငံျခားက ေနာက္တစ္ပတ္ သြားရမွာ၊၊ ဒီညေန 3 နာရီ က်ရင္ေတာ့ မင္းငါနဲ႕အတူ စုံေထာက္ႀကီးဆီကို အရင္သြားရမယ္ "
"ဘာကိစၥရွိလို႔လဲ"
"နဂါးပင္အပ္အေၾကာင္း သြားေမးမလို႔ေလ"
သက္ဦးက ေခါင္းတညိမ္ညိမ္နဲ႕သာ ထမင္းျပန္ငုံစားသည္၊၊ ဗမာကေတာ့ ဗိုက္ဆာတယ္ဆိုေသာ္လည္း ေလးငါးလုပ္ေလာက္သာ စားဝင္ၿပီး က်န္တာဆက္စားခ်င္စိတ္မရွိေတာ့ေပ၊၊
ကြင္းဆက္ လူသတ္မႈ၏ အဓိက လက္နက္က နဂါးပင္အပ္ျဖစ္သည္မို႔ ဗမာ အတြက္ ထိုအေၾကာင္းကို သိရဖို႔က အေရးႀကီး၏၊၊ ထို႔ျပင္ ထို ကြင္းဆက္ လူသတ္မႈ ကို ေရွ႕ေနအေတာ္မ်ားမ်ားနဲ႕ စုံေထာက္မ်ားစြာ အေသးစိတ္က် စုံစမ္းစစ္ေဆး ရွာေဖြမႈေတြလုပ္ခဲ့ပါေသာ္လည္း အဓိကတရားခံကို အခုထိ ဖမ္းလို႔မရေသးေပ၊၊တရားခံ၏ ပိရိလြန္းေသာ သက္ေသလက္ဆေဖ်ာက္မႈေတြက စုံေထာက္နဲ႕ ေရွ႕ေနေတြထက္ပင္ သာလြန္ေၾကာင္း ၿပီးခဲ့ေသာ ဖမ္းလို႔မမိခဲ့သည့္ ႏွစ္မ်ားက သက္ေသပင္၊၊
"အစ္ကိုခြန္း ဒါနဲ႕ေလ ကြၽန္ေတာ္ ေမးခ်င္ေနတာ ရွိတယ္သိလား၊၊ personal ကိစၥဖို႔ ေမးသင့္မေမးသင့္ စဥ္းစားေနတာ"
"ဘာမို႔လို႔လဲ"
" အစ္ကိုခြန္းနဲ႕ ကြၽန္ေတာ္ သိတာ နည္းနည္းၾကာၿပီမလား၊၊ အစ္ကိုခြန္း ရည္စားထားတာ လည္း တစ္ခါမွ မေတြ႕ဘူးေနာ္ ဘာလဲ ရည္႐ြယ္ထားတဲ့လူ ရွိၿပီးသားလား "
သက္ဦး၏ အေမးစကားေၾကာင့္ ဗမာ၏ ရင္တြင္းတစ္ေနရာမွ တင္းတင္းက်ပ္က်ပ္ပင္ ဆုတ္ညွစ္ထားသလို ခံစားလိုက္ရသည္၊၊ ရည္႐ြယ္ထားတဲ့လူထက္ ႏွလုံးသားက ဘာကို ေစာင့္ေမွ်ာ္ေနမွန္းေတာင္ ဗမာ ေသခ်ာမသိေပ၊၊ ဘယ္သူကိုမွ ဗမာ၏ ႏွလုံးသားခံစားခ်က္ေတြထဲသို႔ ဝင္ခြင့္မျပဳနိုင္တာကေတာ့ ေသခ်ာသည္၊၊ တစ္စုံတစ္ေယာက္ ေပၚကိုမွ စိတ္ဝင္တစားမရွိျခင္းက တစ္ခုခုရွိႏွင့္ေနသလိုျဖစ္ေနသည့္ ႏွလုံးသားေၾကာင့္လား ဒါမွမဟုတ္ ဘယ္သူကိုမွ မခ်စ္နိုင္ေသးတာလားဆိုတာ ဗမာ ေဝခြဲမရနိုင္ေပ၊၊
"ရည္႐ြယ္ထားတဲ့လူရယ္လို႔ေတာ့ မရွိပါဘူး"
"အစ္ကိုခြန္းအသက္က 27 over ေနာ္ 30 နားနီးေနၿပီ၊၊ ဘာလဲ လူပ်ိဳႀကီး လုပ္ဖို႔စဥ္းစားထားတာလား"
"ေအးကြာ ၊၊ လူပ်ိဳႀကီး ပဲ လုပ္ဖို႔စဥ္းစားထားတယ္"
" အစ္ကိုခြန္းကို ပိုးပန္းေနတဲ့ မိန္းကေလးေတြေတာ့ ဒီစကားၾကားရင္ ငိုကုန္ေတာ့မွာပဲ"
သက္ဦးရဲ႕စကားကို ဗမာ ၿပဳံး ျပ၍သာ တုန့္ျပန္မိသည္၊၊ ျပန္ေျဖဆိုရမည့္ စကားက ဘာမွ ရွိမေနေလ၊၊ ဗမာတို႔ စားေသာက္ၿပီးေနာက္ ကုမၸဏီ သို႔သာ ျပန္လာခဲ့ၾကၿပီး လုပ္လက္ဆ အလုပ္မ်ားကိုသာ ဆက္လုပ္ျဖစ္ၾကသည္၊၊ ထို႔ေနာက္ အခ်ိန္၏ လ်င္ျမန္မႈက တစ္ခဏအတြင္းပင္ 3 နာရီသို႔ ေရာက္သြားခဲ့သည္မို႔ ဗမာ သက္ဦးကို ေခၚလ်က္ စုံေထာက္ႀကီး ဦးရာခိုက္ ဆီသို႔သာ ထြက္လာခဲ့ေတာ့သည္၊၊
ဦးရာခိုက္၏ ေနအိမ္က ဆဲရဲသားရပ္ကြက္၏ ေနာက္ဆုံး မွာ ရွိၿပီး ကားဝင္လို႔မရေအာင္ လမ္းကလည္း က်ဥ္းသည္မို႔ သက္ဦးနဲ႕ဗမာ မွာ စကားတျပာေျပာျဖင့္သာ လမ္းေလွ်ာက္ဝင္လာခဲ့ရသည္၊၊ ဦးရာခိုက္က ပိုက္ဆံရွိေသာ္လည္း တိုက္ခန္း ဒါမွမဟုတ္ တိုက္အိမ္ေတြနဲ႕ ေနတဲ့သူ မဟုတ္ပဲ အခုလို ဆူညံေနေလ့ရွိေသာ ဆင္းရဲသားရပ္ကြက္၌သာ ေန၏၊၊
ဗမာ တစ္ခါက ဦးရာခိုက္ကို စကားလမ္းေၾကာင္းသင့္တုန္း ဘာလို႔ ဆင္းရဲသားရပ္ကြက္မွာ ေနတာလဲလို႔ ေမးဖူးသည္၊၊ ဦးရာခိုက္က ဗမာကို ျပန္ေျဖလာသည့္အေျဖသည္ ရိုးရွင္းပါ၏၊၊
❛ တစ္ေယာက္ထဲ တိုက္ခန္းထဲေနၿပီး အထီးမက်န္ခ်င္ဘူး ၊၊ ဒီလို အၿမဲဆူညံ့ေနတဲ့ ရပ္ကြက္မွာက်ေတာ့ ကိုယ္အနား အေဖာ္ေတြ ရွိေသးပါလား ဆိုတဲ့ အသိေလးရလို႔ေလ ❜
ထို႔သို႔ေသာ အေျဖစကားက ဦးရာခိုက္ ဘယ္ေလာက္ အထီးက်န္ခဲ့သလဲ ဆိုတာ ကြက္ကြက္ကြင္းကြင္း ကို ဗမာ ျမင္လိုက္ရသည္၊၊ ေဆြမရွိမ်ိဴးမရွိဘဝကလဲ လြတ္လပ္တယ္ဟု ထင္ရေပမဲ့ အမွန္တကယ္ေတာ့ ေလာကအလယ္မွာ တစ္ေယာက္ထဲ ရပ္တည္ရၿပီး အထီးက်န္ေစသည္၊၊ လူရယ္ဆိုကထဲက လူအသိုက္အၿမဳံေလးနဲ႕ ေနမွ ေႏြးေထြးမႈ အစစ္အမွန္ ကို ရရွိနိုင္မည္ မဟုတ္ပါလား
ဗမာတို႔ ဦးရာခိုက္၏ ၿခံေရွ႕ေရာက္လာေတာ့ ျမက္ရိပ္ေနေသာ ဦးရာခိုက္ကို ေခြၽးသံတ႐ြဲ႐ြဲျဖင့္ ေတြ႕လိုက္ရသည္၊၊ ဗမာ တို႔ လာေန သည္ကို ျမင္သြားေသာ ဦးရာခိုက္ကေတာ့ လက္မွ ဓားတို ကိုျပစ္ခ်လ်က္ အျမန္ ပင္ ၿခံတံခါးလာဖြင့္ေပးသည္၊၊
ၿခံဝင္းေလးက ေသးငယ္ေသာ္လည္း အပင္ေရ အနည္းငယ္နဲ႕ သစ္ပင္ႀကီးေဘး၌ ကပ္လ်က္ရွိေသာ ကြပ္ပ်စ္ အေသးတစ္ခုလည္း ရွိေလသည္၊၊ ၿခံဝင္းအေသးေလးထဲ၌ ေနရာယူထားေသာ တစ္ထပ္ ပ်ဥ္းေထာင္အိမ္ေလးက နယ္႐ြာက အိမ္ေလးေတြလို႔ပင္ အျပင္ပန္းကၾကည့္တာေတာင္ ေနခ်င္စရာေကာင္း၏၊၊ ဦးရာခိုက္ကေတာ့ တစ္ေယာက္ထဲ ေအးေဆးပင္ ထိုအိမ္ေလးထဲ ၿငိမ့္ေနမွာပဲ
"ဦးရာခိုက္ ေနေကာင္းရဲ႕လား "
"ေကာင္းပါတယ္ ဗမာ ၊၊ ဒါနဲ႕ ဘာကိစၥရွိလို႔လဲ"
ေရေႏြးၾကမ္း ခ်ေပးရင္းျဖင့္ ကြပ္ပ်စ္ ၌ ဗမာနဲ႕ သက္ဦးကို ထိုင္ေစၿပီး ဦးရာခိုက္ကေတာ့ တစ္ဖက္လွည့္လို႔ ပုဆိုးမွ ဖုန္ကို ခါထုတ္ေနရင္ ဗမာ ကိုလွမ္းေမးသည္၊၊ ထို႔ေနာက္ ဗမာ ထိုင္ေနေသာ မ်က္ႏွာခ်င္းဆိုင္၌ ဦးရာခိုက္က ဝင္ထိုင္လာသည္၊၊
" လြန္ခဲ့တဲ့ ႏွစ္က နဂါးပင္အပ္အေၾကာင္းကို ဦးရာခိုက္ အေသးစိတ္ေလ့လာခဲ့တယ္မလား၊၊ အဲ့နဂါးပင္အပ္အေၾကာင္းကို ကြၽန္ေတာ္ အေသးစိတ္သိခ်င္လို႔ ေျပာျပေပးလို႔ရမလား"
ဦးရာခိုက္ မ်က္ႏွာက အတန္ငယ္ ညိုးႏြမ္းသြားလ်က္ သက္ျပင္းခ်သံတိုးတိုးကပါ ထပ္တိုးထြက္လာၿပီး ဗမာ နဲ႕ သက္ဦးကို ေသခ်ာၾကည့္လာသည္၊၊ ထိုနဂါးပင္အပ္၏ အေရးကိစၥကို ဦးရာခိုက္က ဗမာနဲ႕ သက္ဦးကိုၾကည့္ၿပီး ေျပာသင့္မေျပာသင့္ ခ်င့္ခ်ိန္ေနပုံရသည္၊၊ ဦးရာခိုက္ ဒီလိုမ်ိဳးျဖစ္ေနသည္ကို ဗမာ နားလည္လို႔ရသည္၊၊ ထို နဂါးပင္အပ္အမႈက အမႈႀကီးတစ္ခုျဖစ္ၿပီး ကြင္းဆက္အမႈလို႔ သတ္မွတ္ခံထားရတဲ့အျပင္ ဘယ္စုံ ေထာက္နဲ႕ ဘယ္ ေရွ႕ေန႕မွ အခုထက္ထိ ေျဖရွင္းနိုင္ခ်င္း မရွိေသးလို႔ပင္ျဖစ္သည္၊၊
" အဲ့အမႈကို မင္းစီရင္ခ်က္ ခ်ဖိဳ႕ တာဝန္ ေပးခံရတာလားဗမာ"
" အင္း၊၊ ကြၽန္ေတာ္ ေရွ႕ေန႕ ျဖစ္တဲ့ အခ်ိန္ထဲက အဲ့အမႈကို စိတ္ဝင္စားလို႔ ကိုင္တြယ္ ဖို႔လုပ္ခဲ့ေပမဲ့ ကြၽန္ေတာ္ ကိုင္တြယ္ ခြင့္မရခဲ့ဘူး၊၊ အခု တရားသူႀကီး ျဖစ္လာမွ စီရင္ခ်က္ ခ်ဖိဳ႕ တာဝန္ေပးခံရတာ၊၊ ကြၽန္ေတာ္ တတ္နိုင္သေလာက္ အဲ့ဒီအမႈကို တရာခံေပၚေအာင္ try ၾကည့္ခ်င္တယ္၊၊ ဦးရာခိုက္က တစ္ဖက္တစ္လမ္းကေန ပါဝင္ကူညီေပးပါ"
" ငါကူညီေပးလို႔ေတာ့ ရပါတယ္၊၊ ဒါေပမဲ့ အဲ့ နဂါးပင္အပ္ရဲ႕ မူရင္းလာရာက Russia က ေျမေအာက္ တရားမဝင္ေလ လံပြဲကေနလာတာ၊၊ ငါေျပာတာထက္ အေသးစိတ္ သိခ်င္ရင္ေတာ့ မင္း Russia ကို သြားဖို႔လိုတယ္၊၊ ေနာက္ၿပီး မင္းသြားမယ္ဆိုရင္ ႐ုပ္ဖ်က္သြားဖို႔လည္း မေမ့နဲ႕ "
ပင္အပ္က တရားခံ၏ အထူးအသုံးျပဳေသာ လက္နက္တစ္ခုျဖစ္ၿပီး လူတိုင္းကို ထိုအပ္နဲ႕ တစ္ခ်က္ထဲသာ ထိုးစိုက္လို႔ သတ္ခဲ့တာျဖစ္သည္၊၊ ထို႔ျပင္ ထိုအပ္၏ ထိပ္၌ ျပင္လြန္းသည့္အဆိပ္ရည္တစ္မ်ိဳးကို သုတ္လိမ့္ထားၿပီး အပ္၏ ေအာက္ဖ်ားပိုင္း၌ေတာ့ နဂါးတစ္ေကာင္ ရစ္ပတ္ထားေသာ ပုံစံပါရွိသည္၊၊ ထို႔ေၾကာင့္ပဲ ထိုပင္အပ္ကို နဂါးပင္အပ္လို႔ ေခၚဆိုၾကတာျဖစ္၏၊၊
အထက္က မေန႕ကတင္ ထိုအမႈအတြက္ စုံစမ္းစစ္ေဆးလိုေသာ ေနရာကို သြားေရာက္ခြင့္ ေပးထားသည့္မို႔ ဗမာ အတြက္ Russia ကိုသြားလို႔ ပင္အပ္အေၾကာင္းစုံစမ္း စစ္ေဆးဖို႔ရာက ကိစၥေတာ့ မရွိေပ၊၊ သို႔ေပမဲ့ အသက္အႏၲရာယ္လုံၿခဳံရန္အတြက္ ေဖႀကီး၏ အကူအညီ ကို ယူရဦးမည္ထင္ပါ့၊၊ မဟုတ္ရင္ တရားမဝင္ေလလံပြဲ၌ ဘာထျဖစ္မယ္ဆိုတာ ဗမာ မခန့္မွန္းနိုင္လို႔ပင္ျဖစ္သည္၊၊
" နဂါးပင္အပ္အေၾကာင္းကို mail နဲ႕ ငါပို႔ေပးလိုက္မယ္၊၊ အခု ရွင္းျပေနရင္ မိုးခ်ဳပ္သြားလိမ့္မယ္ေလ၊၊ မင္းတို႔ သတိထားျပန္ေတာ့ ေမွာင္လာရင္ ဒီရက္ကြက္က ေခြးေတြက ေတာ္ေတာ္ဆိုးတယ္"
" ဒါဆို ကြၽန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္ ၊၊ ေျပာျပေပးတဲ့ကိစၥေတြအတြက္လည္း ဦးရာခိုက္ကို ေက်းဇူးတင္ပါတယ္ "
" ရပါတယ္မလိုပါဘူး ၊၊ဂ႐ုစိုက္သြားၾကဦး ကားလည္းသတိထားေမာင္းၾက"
ဦးရာခိုက္ကို ေခါင္းညိတ္ျပလ်က္ ႏႈတ္ဆက္ၿပီးေနာက္ ဗမာ နဲ႕သက္ဦးတို႔ ထိုၿခံဝင္းေလးထဲကေန ထြက္လာခဲ့ၾကသည္၊၊ တစ္ေလွ်ာက္လုံးၿငိမ္ေနေသာ သက္ဦးက တစ္ခုခုကို အေလးအနက္ ေတြးေတာေနပုံရၿပီး ၿငိမ္သက္ေနသည္မွာ အရင္လို စပ္စပ္လူးမဟုတ္သည့္အတိုင္း
"သက္ဦး မင္းဘာအေၾကာင္းေတြ စဥ္းစားေနတာလဲ"
" ကြၽန္ေတာ္တို႔ Russia ကို သြားၾကမွာမလား၊၊ အဲ့ေတာ့ အဝတ္အစား ဝယ္ဖို႔ mall ကို သြားရင္ေကာင္းမလားစဥ္းစားေနတာ"
" မင္းကေတာ့ေလ အလုပ္ေၾကာင္း ငါက စဥ္းစားေနတယ္ထင္တာ၊၊ အေပ်ာ္သြားမွာ မဟုတ္ဘူး Russia မွာ လည္ပတ္ဖို႔ ေတြးမေနနဲ႕"
အစ္ကိုခြန္းကို သက္ဦး ရယ္သာျပလိုက္ၿပီး ဘာမွ အထြန့္တတ္စကား မဆိုမိေတာ့ေပ၊၊ အေနေအးတယ္လို႔ထင္ရေပမဲ့လည္း တစ္ခါတစ္ေလ အစ္ကိုခြန္းက သက္ဦး အစ္ကိုရင္းလိုပါပဲ သက္ဦးအေပၚ ေႏြးေထြးေပးေလ့ရွိသည္၊၊ တစ္ခါတစ္ရံက်ျပန္ေတာ့လဲ အသိစိတ္မကပ္ပဲ အေတြးနယ္ထဲ လက္ျပစ္ကူးေနတတ္ျပန္သည္၊၊ ထို႔ျပင္ အစ္ကိုခြန္း၏ သက္ဦး နားမလည္နိုင္ေသာ အက်င့္တစ္ခုလဲ ရွိေသးသည္၊၊ ထိုအက်င့္က lollipop ေတြ ဝယ္ဝယ္စုၿပီး သိမ္းထားတတ္ေသာ ထူးဆန္းလြန္းသည့္ အစ္ကိုခြန္း၏ အက်င့္ေလးတစ္ခုပင္ျဖစ္၏၊၊
အခ်ိဳစားရတာလည္းမႀကိဳက္ပဲ candy နဲ႕ lollipop ေတြ ဝယ္ဝယ္စုတတ္တဲ့သည့္ အစ္ကိုခြန္းကို သက္ဦးနားမလည္နိုင္သည္မွာ အဆန္းေတာ့မဟုတ္ေပ၊၊ အစ္ကိုခြန္းကိုယ္တိုင္လည္း ထို candy နဲ႕ lollipop ေတြကို မစားသလို တစ္ျခားသူလည္း ေကြၽးျပစ္သည္မ်ိဳးမဟုတ္ပဲ အလွဖန္ပုလင္းႀကီးေတြဝယ္လ်က္ ဘန္ဂလိုအိမ္၌ အလွထားကာ စုေဆာင္းထားျခင္းျဖစ္သည္၊၊
အရင္တုန္းက အစ္ကိုခြန္းအိမ္ေရာက္လို႔ သက္ဦး အပ်င္းေျပ lollipop ေလးတစ္လုံး ႏွိုက္စားမိပါတယ္ အဆူခံ အေငါက္ခံရသည္မွာ ေတာ္ေတာ္နဲ႕မၿပီးသလို ဒီၾကားထဲ ျပန္လဲ ေလ်ာ္ေပးခဲ့ရသည့္အျပင္ နား႐ြက္ ပါဆြဲလိမ္ခံလိုက္ရေသးသည္၊၊ ထို႔ထဲက သက္ဦးမွာ အစ္ကိုခြန္း၏ lollipop ေတြကို ႏွိုက္မစားရဲေတာ့ေပ၊၊ ေတာ္ေတာ္ေလးကို အဲ့ထဲက မွတ္ေလာက္သားေလာက္ ျဖစ္သြားတာကို
ခႏၶာကိုယ္၌ ခ်ပ္ရပ္စြာဝတ္ဆင္ထားေသာ အေနာက္တိုင္းဝတ္စုံက အစ္ကိုခြန္းနဲ႕ မ်ားစြာ လိုက္ဖက္မႈရွိသည္၊၊ ပိန္းပါးေသာ္လည္း ေျခတံရွည္ေတြ ရွိသည္ေၾကာင့္ တစ္နည္းတစ္ဖုံ ပင္ အစ္ကို ခြန္းက ၾကည့္ေကာင္း၏၊၊ သက္ဦးကေတာ့ အစ္ကိုခြန္းေလာက္ အရပ္မရွည္ေပမဲ့ ခႏၶာကိုယ္အ႐ြယ္အစကေတာ့ အစ္ကိုခြန္းထက္ပိုေတာင့္သည္၊၊
" ေဟ်ာင့္ အေရွ႕မွာလာေနတာ ဆိုင္ကယ္ေနာ္ မာလကီးယားခ်င္လို႔လား မင္း !"
သက္ဦး အေတြးေပါက္ေနတုန္း အစ္ခြန္း၏ ေအာ္သံက်ယ္က်ယ္နဲ႕အတူ လည္းဂုတ္ကေန ေဆာင့္ဆြဲျခင္းကိုခံလိုက္ရၿပီး လူက တစ္ျခားဘက္ျခမ္းသို႔ေဆြ႕ခနဲကို ေရာက္သြားရသည္၊၊ အစ္ခြန္းကေလ သူထက္အေကာင္ေတာင့္တဲ့
သက္ဦးကို တစ္ခ်က္ဘဲ ေဆာင့္ဆြဲလ်က္ ေဘးပို႔လိုက္တာကိုပဲၾကည့္ ဘယ္ေလာက္ အားပါလိုက္သလဲ၊၊ အစ္ကိုခြန္းကို အရိုးဆိုၿပီးေလ်ာ့တြက္ထားလို႔ေတာ့ မရေပ၊၊
"ေက်းဇူး ပါဗ်ာ ၊၊ ကြၽန္ေတာ္ အေတြးေပါက္ေနလို႔"
"အေတြးေပါက္ ေကာင္းလို႔ ငရဲျပည္ေရာက္ေတာ့မလို႔ ၊၊ လမ္းေရွ႕ကို ေသခ်ာၾကည့္ေလွ်ာက္စမ္းပါ သက္ဦးရ"
"ဘယ္ တရားသူႀကီးကမ်ား အစ္ကိုခြန္းလို ႏႈတ္ၾကမ္းလို႔လဲ၊၊ ျဖည္းျဖည္းသာသာ ေျပာလဲ ရပါတယ္ဗ် ၊၊ လူက ငရဲျပည္ပဲ အခုခ်က္ျခင္း ဆင္းရေတာ့မလိုလိုနဲ႕ "
"ဒီေစာက္ကေလး လူႀကီးကို ခံေျပာေနတာမ်ား "
နား႐ြက္လိမ္ဆြဲဖို႔ လက္လွမ္းလာေသာ အစ္ကိုခြန္းေၾကာင့္ ကားရွိရာသို႔ သက္ဦး ဒုန္းစိုင္း သာေျပးလာခဲ့ေတာ့သည္၊၊ နား႐ြက္ဆြဲခံရတိုင္း ျပတ္ထြက္မတတ္ နာတာမို႔ အစ္ကိုခြန္းလက္စကို သက္ဦးေတာ္ေတာ္ေလးကို ေၾကာက္ေနေလၿပီ၊၊
ဒီလို ပါးစပ္လဲ မခ်ိဳ လက္ကလဲၾကမ္းနဲ႕ အစ္ကိုခြန္းက လူပ်ိဳႀကီး ပဲ ျဖစ္မွာ က်ိန္းေသပါ တယ္...
°°°°°°°°°°°°°°''
" ေသခ်ာစဥ္းစားၿပီးၿပီးလား ဗမာ "
ေဖႀကီး၏ ထို႔သို႔ေသာ အေမးစကားက ဒီေန႕တစ္ေနကုန္ပင္ ဗမာကို ေမးေနတာျဖစ္၏၊၊ မနက္ျဖန္ Russia ကို သြားရမည့္ ခရီးကိစၥနဲ႕ပက္သက္ၿပီး ဘန္ဂလိုကို ေဖႀကီးေရာ ေဖလြန္းပါ ေရာက္လာလ်က္ မနက္ထဲက ဗမာကို တတြတ္တြတ္ ေျပာေနတာျဖစ္သည္၊၊ အလုပ္ကိစၥ အတြက္ သြားမွာကို ေဖႀကီးက စိတ္မခ်ျဖစ္ေနတာ၊၊ ေတာ္ေသးသည္က ဗမာ တရားမဝင္ ေလးလံပြဲကို သြားမည္ျဖစ္ေၾကာင္း မေျပာလိုက္လို႔ပင္ မဟုတ္ရင္ေတာ့ ေဖႀကီးက လုံးဝ ဗမာ ကို သြားခြင့္ျပဳေတာ့မည္မဟုတ္ေပ၊၊
" ဗမာ မင္းက တရားသူႀကီး ေနာ္ အခုအမႈကိစၥ စုံစမ္းစစ္ေဆးေရးက မင္းနဲ႕ မဆိုင္ဘူး၊၊ မင္း အလုပ္ က ေရွ႕ေန႕ေတြ တင္ျပတဲ့ သက္ေသကို စစ္ေဆးၿပီး တရားစီရင္ခ်က္ ခ်႐ုံပဲ "
" ေဖႀကီးကလဲဗ်ာ၊၊ ဒီအမႈက တစ္ျခားဟာေတြလို မဟုတ္ဘူး၊၊ အထဲမွာ သပြတ္အူလိုက္ ေနသလိုပဲ ပတ္သက္ ရႈပ္ယွက္ခတ္ ေနတာ၊၊ ေနာက္ၿပီး ကြၽန္ေတာ္ လည္း နဂါးပင္အပ္အေၾကာင္း စိတ္ဝင္စား လို႔"
ဗမာကို ေျပာမနိုင္ေတာ့ေသာ ေဖႀကီးက လက္ေလ်ာ့သြားဟန္ျဖင့္ သက္ျပင္းခ်လ်က္ ဆိုဖာေနာက္သို႔ မွီသြားေတာ့သည္၊၊ ေဖလြန္းကေတာ့ လီမြန္သီး ေဖ်ာ္အုံးမည္ဆိုကာ အိမ္ မီးဖိုေခ်ာင္းထဲ ဝင္သြားၿပီးထဲက အခုထိ ျပန္ထြက္မလာေသးေပ၊၊
ယူေဆာင္သြားရမည့္ တစ္ကိုယ္ရည္သုံး ပစၥည္းမ်ားႏွင့္ လိုအပ္ေသာ အဝတ္အစားမ်ားကို ေဖလြန္းက ေသခ်ာ ထည့္ေပးၿပီးၿပီးမို႔ ဗမာ ထပ္စစ္ေဆးစရာေတာ့ မလိုေတာ့ေပ၊၊ လိုအပ္သည့္ ဖိုင္တြဲေတြနဲ႕ သုံးေနက်ျဖစ္ေသာ ကြန္ပ်ဴတာ ကို ေက်ာပိုးအိတ္ အနက္ထဲသို႔ ထည့္လိုက္ၿပီး အားသြင္းႀကိဳးနဲ႕ နားၾကပ္အျပင္ ပါဝါတုံး သုံး တုံးကိုပါ ဗမာ လြယ္အိတ္ထဲသို႔ ေကာက္ထည့္လိုက္သည္၊၊ ပစၥည္းေတြလဲ အေတာ္စုံလင္စြာ ၿပီးစီးၿပီမို႔ မနက္က် ေအးေဆးသြား႐ုံသာ
" မင္းဟိုမွာ ေနရတာအဆင္ေျပဖို႔ ေဖႀကီး သက္ေတာ္ေစာင့္ ေတြပို ထည့္ေပးလိုက္မယ္"
" မလိုဘူးေဖႀကီး၊၊ သား အဆင္ေျပတယ္ မလိုဘူးေနာ္ အေစာင့္ေတြအမ်ားႀကီး "
႐ုပ္ဖ်က္ၿပီး တိုးတိုးတိတ္တိတ္ သြားမွပါဆိုမွ အဲ့အေစာင့္ေတြအမ်ားႀကီး သာပါရင္ေတာ့ အမ်ား၏ မ်က္လုံးေတြက ဗမာထံသို႔ေရာက္လာနိုင္ေခ် ရွိသည္၊၊ လုံးဝ ေဖႀကီးစကားကို လက္ခံလိုက္လို႔မျဖစ္ေပ၊၊
" အစ္ကိုခြန္း ကြၽန္ေတာ္ ေရာက္ၿပီ"
ခရီးေဆာင္အိတ္ ႏွစ္လုံးအျပင္ ေဘးလြယ္အိတ္တစ္လုံးလည္း အစစ္ပါေသးၿပီး အထုတ္ေတြဆြဲကာျဖင့္ မနိုင္မနင္းျဖစ္လ်က္ သက္ဦးက ဗမာ တို႔ထိုင္ေနေသာ ဧည့္ခန္းထဲသို႔ ဝင္လာခဲ့သည္၊၊ ဗမာ နဲ႕ မလွမ္းမကမ္း ၌ ထိုင္ေနေသာ ေဖႀကီးကို ျမင္ပုံမရေသးသည့္ သက္ဦးက ရယ္ရယ္ေမာေမာပင္ အထုတ္ေတြထဲ ဘာေတြထည့္လာသည့္အေၾကာင္းအျပင္ Russia ေရာက္ရင္ လည္ပတ္လို႔ေကာင္းေသာ ေနရာေတြကိုပါ စာ႐ြက္နဲ႕ ခ်ရးလာေၾကာင္း စကားတရဆက္ကို ဆိုေတာ့သည္၊၊
သက္ဦးကို စကားဆက္မေျပာဖို႔ ဗမာ ျပဴးျပလည္းမရ ၿဖဲျပလည္းမရ၊၊ မ်က္လုံးေ႐ြ႕၍ အခ်က္ျပလဲ မရတဲ့အျပင္ ေတာ္ပါေတာ့ဟ လို႔ ဗမာ ထေျပာေနတာေတာင္ မရပ္ပဲ သက္ဦးက သူအလိုရွိရာကိုသာ တဇြတ္ထိုးေျပာေနေတာ့သည္၊၊
" ဒီသာလိကာကို ေခၚသြားမွာလားဗမာ"
"ဟုတ္တယ္ေဖႀကီး၊၊ အခုတစ္ေခါက္မွာ သက္ဦး ကို ေခၚသြားရမွာ"
အရင္လတုန္းက ျပည္ပ ကိစၥနဲ႕ခရီးထြက္သည့္အေခါက္က တစ္ျခားတစ္ေယာက္ကို ဗမာ ေခၚသြားခဲ့ရတာျဖစ္ၿပီး သက္ဦးက ထိုကိစၥမွာထဲက ဗမာ နဲ႕အတူ ျပည္ပထြက္ဖို႔ ခဏခဏ ပူဆာေနခဲ့တာျဖစ္သည္၊၊ အခုေတာ့ သက္ဦး ျဖစ္ခ်င္သည့္အတိုင္းျဖစ္လာၿပီမို႔ ဒီကေလး အေပ်ာ္ေတြ ကို ထိန္းမရနိုင္ေတာ့တာ
" ေတာင္းပန္ပါတယ္ ၊၊ ကြၽန္ေတာ္ အန္ကယ္ေလး ေရာက္ ေနတာ မျမင္လိုက္လို႔ပါ"
ေဖႀကီး၏ အသံၾကားမွ သက္ဦးက ေၾကာင္ေၾကာင္ေတာင္ေတာင္နဲ႕ စကားေျပာေနျခင္းကို ရပ္လ်က္ ဗမာ ေဘးနား၌ ခပ္ကုပ္ကုပ္ လာဝင္ထိုင္သည္၊၊ အခုမွ မ်က္ႏွာက အျပစ္လုပ္ထားသည့္လူလိုမ်ိဳး ဇီး႐ြက္ေလာက္သာ ရွိေတာ့ၿပီး ဗမာ ကို မဝန့္မရဲ လွည့္ၾကည့္သည္၊၊ထို႔ေနာက္ သူေဘးလြယ္အိတ္ထဲက ဘူးတစ္ဘူးကိုထုတ္ၿပီး ဗမာ ဆီကမ္းေပးလာသည္၊၊
"ဒါဘာလဲ"
"အစ္ကိုရွန္ က အစ္ကိုခြန္းဆီ လမ္းႀကဳံ ပစၥည္းထည့္ေပးလိုက္တာ"
" ရွန္ရွန္နဲ႕ မင္းနဲ႕က အျပင္မွာ ေတြ႕ျဖစ္ၾကေသးတာလား"
ဗမာေမးေတာ့ သက္ဦးက ျပန္ေျဖမလာပဲ ဟိုၾကည့္ဒီၾကည့္လုပ္ေနၿပီး ဗမာ စကားကို မၾကားခ်င္ေယာင္ေဆာင္လ်က္ လ်စ္လ်ဴျပဳ ဖို႔ ႀကိဳးစား၏၊၊ ဒီေကာင္ေလး ဗမာကို ၾကာၾကာ ဖုံးကြယ္ထားလို႔မရတာကို မသိေလသလား၊၊ ရွန္ရွန္က ဗမာကို ေသခ်ာေျပာျပထားၿပီးသားမို႔ ဗမာအေနနဲ႕ သက္ဦးကို ေမးစရာမလိုေသာ္လည္း တမင္သက္သက္ ပင္ ေမးလိုက္တာျဖစ္သည္၊၊ ဗမာ ထင္တဲ့ အတိုင္းပါပဲ သက္ဦးရဲ႕ ေရွာင္လြဲေနတဲ့ ပုံစံက ဟို ကိစၥကို ဗမာ အား ေျပာျပခ်င္ေသးပုံမရ၊၊ ကာယကံရွင္က မသိေစခ်င္ေသးေတာ့လဲ ဗမာကပဲ အထိုက္အလိုက္ နဲ႕ မသိျခင္ေထာင္ ေထာင္ေပးရေတာ့မွာေပါ့
" သား ဗမာ လီမြန္သီးေဖ်ာ္ရည္ေသာက္ဦးမလား၊၊သက္ဦးေရာ ေသာက္မလား"
ဧည့္ခန္းအတြင္းသို႔ လီမြန္သီးေဖ်ာ္ရည္ခြက္ေတြ ထည့္ထားေသာ လင္ဗန္းကို ကိုင္လို႔ ေဖလြန္းက ေလွ်ာက္ဝင္လာခဲ့သည္၊၊ထို႔ေနာက္ စားပြဲေပၚသို႔ ထိုလင္ဗန္းကို ခ်ၿပီး ေဖႀကီးေဘးနားသို႔ဝင္ထိုင္ကာ ဗမာနဲ႕သက္ဦးကို အေမးျပဳလာျခင္းျဖစ္သည္၊၊
" ကြၽန္ေတာ္ မေသာက္ေတာ့ဘူးေဖလြန္း "
" ကြၽန္ေတာ္ သက္ဦးကေတာ့ ေသာက္မွာဗ်"
"မင္းက ဘယ္တုန္းက အစားအေသာက္ နဲ႕ပက္သတ္ၿပီး ျငင္းဖူးလို႔လဲ"
အစ္ကိုခြန္း၏ ခနဲ႕တဲ့တဲ့ စကားေၾကာင့္ ေသာက္ေနေသာ လီမြန္သီးေဖ်ာ္ရည္ ေလးေတာင္ သက္ဦး လည္ေခ်ာင္း ထဲသို႔ ေလ်ာေလ်ာရႉရႉ မဝင္သြားရေပ၊၊ ကိုယ္ထက္ႀကီးတဲ့လူျဖစ္ေနသည့္အျပင္ ကိုယ္အထက္လူႀကီးလည္းျဖစ္တာမို႔ ျပန္ခံေျပာခ်င္ေနေသာ ႏႈတ္ကိုထိန္းလို႔ သက္ဦး အေအးကိုသာ အသံတိတ္ ေသာက္ေနလိုက္ေတာ့သည္၊၊
"သား ဟိုေရာက္ရင္ က်န္းမာေရး ကို ေသခ်ာဂ႐ုစိုက္ေနာ္ တစ္ခုခု ျဖစ္တာနဲ႕ ေဖလြန္းတို႔ကို ဖုန္းဆက္ဖို႔မေမ့နဲ႕"
"ဟုတ္ကဲ့ပါဗ်ာ၊၊ ကြၽန္ေတာ္ သိပါတယ္ ေဖလြန္းရ"
ေဖလြန္းနဲ႕ ဗမာ စကားစျမည္ေျပာ ျဖစ္ၾကၿပီးေနာက္ အလုပ္ကိစၥ ရွိေသးသည္ဟုဆိုကာ ေဖႀကီးနဲ႕ေဖလြန္းက ထျပန္သြားၾကေတာ့သည္၊၊ သက္ဦးကေတာ့ အခန္းလြတ္တစ္ခုထဲ၌ အနားသြားယူေနေလၿပီ၊၊ မနက္ Russia ကိုသြားမည့္ ေလယာဥ္ ခ်ိန္က 5 နာရီမလို႔ ဒီညေတာ့ အိပ္ယာေစာေစာ ဝင္ရမည္၊၊
ရွန္ရွန္ လူႀကဳံထည့္ေပးလိုက္ေသာ box အေသးေလးကို ကိုင္လို႔ ဗမာ မိမိ အခန္းထဲသို႔သာ ဝင္လာခဲ့သည္၊၊ အနည္းငယ္ေမွာင္ေနေသာ အခန္းကို မီးဖြင့္လိုက္ေလေတာ့ အခန္း၏ ညာဘက္ ေဘာင္တန္း၌ ဖန္ပုလင္းဘူးအႀကီးမ်ားျဖင့္ ေသခ်ာ စီထည့္ထားေသာ lollipop ေတြက လွလွပပကို ရွိေလသည္၊၊ ဗမာ၏ အႀကိဳက္သည္ကလည္း အဆန္းသား၊၊ တစ္ျခားသူမ်ားလို႔ ဖိနပ္တို႔ အဝတ္အစားတို႔ စုေဆာင္း ရသည္ကို မႀကိဳက္ပဲ lollipop နဲ႕ candy ေတြကိုသာ စုေဆာင္းရသည္ကို ႏွစ္ၿခိဳက္၏၊၊
မ်ားစြာေသာ Lollipop ေတြကိုျမင္တိုင္း တစ္ခုခုကို သတိရလြမ္းဆြတ္လာေသာ စိတ္ကေလးက အၿမဲ ဗမာ ရင္ထဲ တိုးဝင္လာတတ္သည္၊၊ တစ္ခါတစ္ရံ ပုံရိပ္အခ်ိဳ႕ကို ဗမာ ေခါင္းထဲ ခပ္ေရးေရး ျပန္ျမင္ရေသာ္လည္း သဲကြဲျခင္းမရွိသည္ေၾကာင့္ ဘာမွကိုအခုထိနားမလည္နိုင္ေသး၊၊ တစ္ႏွစ္စာေလာက္၏ မွတ္ဉာဏ္ က ဘာမွ အေရးႀကီးတာ မရွိမွန္း သိသာေသာ္လည္း ႏွလုံးသား၏ ေလးလံေနမႈက အေရးႀကီးဆုံးအရာကို လက္လႊတ္လိုက္ရသလိုမ်ိဳး ခံစားခ်က္ေတြက နင့္နင့္နဲနဲ ပင္ရွိလွသည္၊၊
အေတြးမ်ားေနျခင္းအေပၚ သတိကပ္၍ ကုတင္စြန္၌ ဗမာ တင္ပါးလႊဲထိုင္ လိုက္ၿပီး ရွန္ရွန္ေပးလိုက္ေသာ box အေသးေလးကို ဖြင့္ၾကည့္လိုက္သည္၊၊ အလုပ္ေတြ ရႈပ္ေနပုံရေသာ ရွန္ရွန္ကေတာ့ လူကိုယ္တိုင္ေတာင္ မလာနိုင္ပဲ ပစၥည္းသာ လူႀကဳံ ထည့္ေပးလိုက္နိုင္သည့္ထင္၏၊၊
Box အေသးေလးကို ဗမာ ဖြင့္ၾကည့္ေတာ့ ဖုန္းအေဟာင္းတစ္လုံးနဲ႕ စာတစ္ေစာင္ပင္ျဖစ္သည္၊၊ ေခါက္ခ်ိဳး ေခါက္ထားေသာ စာ႐ြက္ျဖဴကို ဖြင့္၍ ဗမာ ဖတ္ၾကည့္ေတာ့
❛ ဒီဖုန္းေဟာင္းက မင္း ပထမႏွစ္ တတ္တုန္းက သုံးခဲ့တဲ့ဖုန္း၊၊ ေဖႀကီးက ငါကို သိမ္းခိုင္းထားခဲ့တာ၊၊ဒါေပမဲ့ အခု မင္းကို ျပန္ေပးရမဲ့အခ်ိန္တန္ၿပီထင္လို႔၊၊ ဖုန္းရဲ႕ ေလာ့ကေတာ့ မင္း လက္မရဲ႕ လက္ေဗြ၊၊ မပူပါနဲ႕ ဗမာ မင္းဖုန္းထဲက ပုံေတြေရာ note မွာ ခ်ေရးထားတဲ့ စာေတြေရာ ငါအကုန္ဖတ္ၿပီးၿပီး ❜
ရွန္ရွန္၏ ေၾကာင္ခ်ီးကုပ္လက္ေရးကို ဗမာ မနည္းဖတ္လိုက္ရၿပီ ေခါင္းေတာင္ မူးေနာက္ေနာက္ ျဖစ္သြားရသည္၊၊ ထို႔ေနာက္ ဖုန္းကို ဗမာ လက္ေဗြသုံး၍ ဖြင့္ၾကည့္လိုက္ေတာ့ ဖုန္း screen ၌ ပုဂံျပည္ရဲ႕ ေနဝင္ခ်ိန္အလွကို ထိုင္ၾကည့္ေနေသာ ေကာင္ေလးႏွစ္ေယာက္ ၏ေနာက္ေက်ာ ကို အေနာက္ဘက္ကေန ရိုက္ယူထားေသာ ပုံေလးက ရွင္းရွင္းလင္းလင္းကို ေတြ႕လိုက္ရ သည္၊၊
ျမင္ေယာင္လာေသာ ပုံရိပ္အခ်ိဳ႕က ေဝေဝဝါးဝါးဆိုေသာ္လည္း ဗမာ ၏ ဦးေခါင္းမွာေတာ့ ထိုပုံရိပ္အနည္းငယ္ေၾကာင့္ပင္ ထိုးကိုက္လာခဲ့သည္၊၊ ေဘးခ်င္းယွဥ္ လ်က္ျဖင့္ ေျမနီလမ္းထက္ ေလွ်ာက္ေနေသာ ေကာင္ေလးႏွစ္ေယာက္၏ ပုံရိပ္က သိသိသာသာ ျပန္ျမင္လာရသည္၊၊ ထိုေကာင္ေလးႏွစ္ေယာက္အနက္ တစ္ေယာက္က ဗမာျဖစ္ၿပီး တစ္ျခားတစ္ေယာက္ကိုမူ ေသခ်ာစြာ မျမင္ရသည္ေၾကာင့္ မည္သူျဖစ္မည္ဆိုတာ မွန္းနိုင္ျခင္းမရွိေခ်၊၊
လက္ထဲကိုင္ထားေသာ ဖုန္းကို ဗမာ ကုတင္ေပၚသို႔ျပစ္ခ်လိဳက္ၿပီး ထိုးကိုက္ေနေသာ ေခါင္းေၾကာင့္ နားထင္ကို လက္ညွိုး ျဖင့္အသာဖိလို႔ထားရသည္၊၊ ထူပူနာက်င္ေနေသာ ဦးေခါင္းမွာ ေပါက္ထြက္ေတာ့မတတ္အလား ျဖစ္ေနၿပီး မခံမရပ္နိုင္ ေအာင္ထိ ေခါင္းက ထိုးကိုက္လာတာျဖစ္သည္၊၊
ပုံရိပ္ေတြကိုျပန္ျမင္တိုင္း အဆမတန္ ထူပူနာက်င္လာေလ့ရွိေသာေခါင္းေၾကာင့္ ထို ျဖစ္ရပ္ေတြႏွင့္ထိုပုံရပ္အား အတိတ္က နာက်င္မႈ ေရစက္ဆိုးေတြဟုသာ သတ္မွတ္ၿပီး ဗမာ ကိုယ္ ကို ေျဖသိမ့္လိုက္ေတာ့သည္၊၊ မမွတ္မိသင့္ေသာ အေၾကာင္းအရာေတြမို႔ ကံတရားက မွတ္မိခြင့္မေပးတာလည္းျဖစ္ေကာင္းျဖစ္စနိုင္တာပါပဲ
ဖုန္း ၾကည့္လို႔မရေတာ့ေသာ ကိုယ္အေျခအေနကို ကိုယ္တိုင္ရိပ္စားမိတာမို႔ ဗမာ ဖုန္းကို ဆက္မၾကည္ျဖစ္ေတာ့ပဲ အိပ္ေဆးေသာက္ၿပီးသာ အိပ္ေပ်ာ္ေအာင္ ႀကိတ္မွိတ္ ၿပီးအိပ္လိုက္ေတာ့သည္၊၊
///////////////
ညအခ်ိန္ 1:30 ဆိုေသာ အခ်ိန္က လူေျခတိတ္ ခ်ိန္ျဖစ္၍ ပတ္ဝန္းက်င္ နဲ႕ အိမ္ႀကီးမွာ တိတ္ဆိတ္လို႔ေနေလသည္၊၊ ေဆာင္းတြင္းပိုင္းမို႔ အိမ္ႀကီးထဲကေန အျပင္ကို ထြက္ၾကည့္မည္ဆိုရင္ေတာ့ ႏွင္းမႈန္မ်ား က်ဆင္းေနသည္ကို ေတြ႕ရမည္ျဖစ္သည္၊၊ တစ္ခ်က္ တစ္ခ်က္ တိုက္ခတ္လာေသာ ေလေအးကလည္း ေက်ာရိုးထဲ စိမ့္ဝင္သည့္အထိ ေအးစက္လွသည္၊၊
အိမ္ႀကီးတစ္ခုလုံးမီးမ်ား ပိတ္ကာ တိတ္ဆိတ္ေနေသာလည္း ဧည့္ခန္းအတြင္း၌မႈ မီးအလင္းေရာင္အနည္းငယ္ရွိေနၿပီး ကြန္ပ်ဴတာ ႏွိပ္သံတေတာက္ေတာက္ကလည္း ေခ်ာက္ခ်ား စြာပင္ ထြက္ေပၚေနသည္၊၊
ညပိုင္းတစ္ေရနိုးလာ၍ ေရထေသာက္ေသာ Valerie မွာ မီးအိမ္အေသးတစ္ခုကိုဆြဲလို႔ ကြန္ပ်ဴတာ ႏွိပ္သံ တေတာက္ေတာက္ ထြက္ေနေသာ ဧည့္ခန္းထဲသို႔ လွမ္းဝင္လာခဲ့သည္၊၊ ညနက္ေနသည့္အျပင္ ေနာက္တစ္ေန႕ကိုေတာင္ ေရာက္ေနသည့္အခ်ိန္ကို မည္သူကမ်ား ဒီအခ်ိန္ထိ အလုပ္လုပ္ေနပါသလဲ၊၊ သိခ်င္စိတ္ေၾကာင့္ Valerie ဧည့္ခန္းတြင္းသို႔ ဝင္လာခဲ့ေတာ့ ေျခတံရွည္ေတြကို ခ်ိတ္လ်က္ ေပါင္ေပၚသို႔ ကြန္ပ်ဴတာ တင္ကာ တေတာက္ေတာက္နဲ႕ အလုပ္လုပ္ေနသည့္သူမွာ ႏွစ္ေယာက္မရွိေသာ သခင္ငယ္ေလးပင္ျဖစ္သည္၊၊
အသက္ငယ္ငယ္ေလးနဲ႕ ဦးစီးလုပ္ေဆာင္ေနရေသာ စီးပြားေရး ကိစၥေတြကအဖုံဖုံနဲ႕မို႔ ေန႕မနား ညမနားလုပ္ေနရေသာ သခင္ငယ္ေလးကို Valerie သနားစိတ္ေတာင္ဝင္မိသည္၊၊ ရွိရင္းစြဲ အသက္ထက္ ပိုရင့္က်က္ေနေသာ သခင္ငယ္ေလးက ဒုကၡမ်ားစြာ ကို ျဖတ္သန္းၿပီးေနာက္မွ အခုလို ေအးေဆးနဲ႕ အလုပ္လုပ္နိုင္ေသာ အခ်ိန္ေတြကိုရရွိခဲ့တာမို႔ သခင္ငယ္ေလးရဲ႕ အရင္ေန႕ရက္ေတြမွာ ဘယ္ေလာက္မ်ား စိတ္ေရာ လူေရာ ပင္ပန္းခဲ့လိမ့္မလဲ
" ေရာက္ေနရင္ လာထိုင္"
Valerie ထံ တစ္ခ်က္ၾကည့္လာၿပီး သူ႕ေဘးဘက္သို႔ သခင္ငယ္ေလးက လာထိုင္ရန္ မ်က္ရိပ္ျပသည္၊၊ ဒီအခ်ိန္ထိ အလုပ္လုပ္ေနပုံအရ အေရးႀကီး ကိစၥေတြလည္းရွိနိုင္ပုံရၿပီး အခုခ်ိန္ထိ အိပ္ရေသးတဲ့ပုံလည္းမေပၚေပ၊၊
" သခင္ငယ္ေလး တစ္ေရးမွ မအိပ္ရေသးတာလား၊၊ ဒီအခ်ိန္ႀကီးထိ အလုပ္လုပ္ေနခဲ့တာလား၊၊ ေခါင္းကိုက္သလား Valerie သံပုရာရည္ေလး ေဖ်ာ္ေပးရမလား"
Valerie စကားဆုံးသည္ႏွင့္ သခင္ငယ္ေလးက ကြန္ပ်ဴတာ ကို ပိတ္ခ်၍ လက္ကနာရီကို တစ္ခ်က္ၾကည့္သည္၊၊ ထို႔ေနာက္ စားပြဲေပၚ၌ တင္ထားေသာ နို႔ခြက္ကို ယူေသာက္လိုက္ၿပီး
" မလိုေတာ့ဘူး"
"ကိုယ္က်န္းမာေရးကို နည္းနည္းပါးပါး ဂ႐ုစိုက္ပါ သခင္ငယ္ေလးရယ္၊၊ ဒီရက္ေတြမွာ အလုပ္ကိစၥ ေတြမ်ား ပိေနလား Valerie ဝိုင္းကူရမလား"
ေခါင္းခါျပလာေသာ သခင္ငယ္ေလးက စားပြဲေပၚ၌ အထပ္လိုက္ရွိေနေသာ စာရင္းဖိုင္ေတြကို ေပါင္ေပၚ ယူတင္လိုက္ၿပီး ထပ္၍ပင္ စာရင္းေတြ စစ္ကာ အလုပ္ ဆက္လုပ္ေနျပန္သည္၊၊ ေခါင္းမာတဲ့ အက်င့္ဆိုးေလးက ငယ္ငယ္ထဲကေန အခုထိ မေပ်ာက္ေသးေပ၊၊ သို႔ေသာ္ သခင္ငယ္ေလးမွာ မွတ္မွတ္ရရ ေပ်ာက္သြားတာ တစ္ခုေတာ့ရွိသည္၊၊ ထိုသည္က ညာဘက္ မ်က္ခုံးေပၚက အမာ႐ြတ္ေသးေသးေလး ပင္ျဖစ္သည္၊၊
ထိုအမာ႐ြတ္ေသးေသးေလးက သခင္ငယ္ေလး အေမေၾကာင့္ ရခဲ့ေသာ ဒဏ္ရာမွ အမာ႐ြတ္ျဖစ္ၿပီး ထိုအမာ႐ြတ္ေပ်ာက္ကင္းေအာင္ အစထဲက ကုသလို႔ရေသာ္လည္း သခင္ငယ္ေလးကေတာ့ အမွတ္တရ ဆို၍သာ မဖ်က္ပဲ ဒီတိုင္းထားခဲ့တာျဖစ္သည္၊၊ သို႔ေပမဲ့ boss ဟန္လင္းထင္၏ နားပူနားဆာလုပ္ မႈေၾကာင့္ လြန္ခဲ့တဲ့ တစ္ႏွစ္ကမွ ထိုအမာ႐ြတ္ကို ေဆး႐ုံ၌ သြားေဖ်ာက္ခဲ့ရသည္၊၊ ဦးေလးျဖစ္သူ စကားကို သခင္ငယ္ေလး နားေထာင္တဲ့အခ်ိန္က သိပ္မရွိေပမဲ့ တကယ္တမ္း ဦးေလးျဖစ္သူက အတင္း နားပူနားဆာလုပ္ လာၿပီဆိုရင္ေတာ့ အၿမဲ အေလ်ာ့ေပးလိုက္ရသည္ႀကီးသာ
" Leader သြားဖို႔ အခ်ိန္က်ပါၿပီ "
ဧည့္ခန္းတြင္းသို႔ ေရာက္လာသည့္လူမွာ ေဇဗန္ ျဖစ္ၿပီး လက္ထဲမွ ကုတ္ အကၤ်ီ အရွည္ကို Zero ေဘးနားသို႔လာခ်ေပး၏၊၊ ေဆာင္းရာသီထဲ ေရာက္ေနၿပီမလို႔ Russia ၏ အေအးဓာတ္က တျဖည္းျဖည္းနဲ႕ ပိုကဲလာေလၿပီ၊၊ လုပ္လက္စျဖစ္ေနေသာ ဖိုင္တြဲေတြကို စားပြဲခုံေပၚျပန္တင္လိုက္ၿပီး ေဘးနားလာခ်ေပးထားေသာ ကုတ္ အကၤ်ီ အရွည္ကို Zero ယူဝတ္လို႔ Valerie ဘက္သို႔လွည့္ကာျဖင့္
" သြားနားေတာ့"
"သခင္ေလး အသြားအလာ ကို ဂ႐ုစိုက္ပါ"
လည္ပိတ္ အကၤ်ီ ကိုယ္ၾကပ္လက္ရွည္ ကို ခႏၶာကိုယ္ ၌ ခ်ပ္ရပ္စြာဝတ္ဆင္ထားၿပီး ေအာက္ဘက္တြင္ ေဘာင္းဘီရွည္အနက္ကို တြဲဖတ္စြာ ဝင္ဆင္ထားသည့္အျပင္ အေပၚထပ္ အကၤ်ီ ကုတ္ အရွည္ကိုပါ တြဲဖက္ဝတ္လိုက္ျပန္ေလေတာ့ သခင္ငယ္ေလး၏ အရပ္က ရွိရင္းထက္ ပို၍ ရွည္သြားသေယာင္ပင္၊၊ ဒီအိမ္ႀကီးနဲ႕ သခင္ငယ္ေလး၏ ဂိုဏ္း လက္ေအာက္က လူေတြထဲ သခင္ငယ္ေလး အရပ္ကို ေက်ာ္သြားတဲ့လူ တန္းမွီနိုင္တဲ့လူဟူ၍မရွိေသးေပ၊၊ အၿမဲ လူတိုင္းက သခင္ငယ္ေလးကို ေမာ့ၾကည့္ရသည္ႀကီးသာ
ဧည့္ခန္းထဲမွ Zero ထြက္လာခါနီး ေဇဗန္က Mask အနက္ တစ္ခုကို ထုတ္ေပးလာသည္၊၊ ထိုေၾကာင့္ ထို mask အနက္ကို Zero တပ္လိုက္ၿပီးေနာက္ ကားဂိုေထာင္ဘက္သို႔ ေလွ်ာက္ထြက္လာခဲ့သည္၊၊ ေဇဗန္ကေတာ့ Zero ေရွ႕ကေန ခပ္ေအးေအးသာ လမ္းေလွ်ာက္ လို႔ မီးထိုးျပေလသည္၊၊ ဓာတ္တိုင္မီး၏ အေရာင္ေဖ်ာ့ေဖ်ာ့ ရွိေသာ္လည္း ေဇဗန္ ကေတာ့ ဖုန္းမီးကို ဖြင့္ထားဆဲပင္၊၊
ခရမ္းနဲ႕အျဖဴေရာင္ စပ္ထားေသာ ကားရွိရာသို႔ေရာက္ေတာ့ အဆင့္သင့္တံခါးဖြင့္လ်က္ျဖင့္ ေစာင့္ေနေသာ ေဇဗီယာက Zero ကို ေခါင္းငုံ႕အရိုအေသ ေပးလာသည္၊၊ တံခါး ဖြင့္ေပးထားေသာ ကားထဲ Zero ဝင္ထိုင္လိုက္ၿပီးေနာက္ လက္မွ နာရီကို ၾကည့္မိေတာ့ 2:00 နာရီ အတိျဖစ္ေနေလၿပီ၊၊ Myanmar နဲ႕ Russia ၏ အခ်ိန္ကြာျခားမႈက 4:30 ေလာက္ရွိသည္မို႔ အခုခ်ိန္ဆို Myanmar ၌ မနက္ 6 :30 ျဖစ္ေနေလာက္သည္၊၊
" Leader Myanmar ခရီးသည္ ေလယာဥ္ က ေနာက္ တစ္နာရီေက်ာ္ရင္ Russia ကို ဆိုက္ေရာက္ပါလိမ့္မယ္၊၊ မစၥတာ ေကရာနိုကလည္း အခု ယာရိုစလဗာလ္ၿမိဳ႕မွာ Leader ကိုေတြ႕ဖို႔ ခ်ိန္းဆိုလာပါတယ္၊၊ ကြၽန္ေတာ္ တို႔ ဘယ္ကို အရင္သြားရမလဲ "
"ဂိုဏ္းခြဲ 2 "
"သိပါၿပီ"
အိမ္ႀကီး၏ ကားဂိုေထာင္ထဲမွ ခရမ္းနဲ႕အျဖဴေရာစပ္ထားေသာ ကားေလးက တလိမ့္လိမ့္နဲ႕ပင္ စတင္ေမာင္းထြက္လာေတာ့ သည္၊၊ ေကရာနိုဆီကို မသြားပဲ ဂိုဏ္း ခြဲ2 လို႔ေျပာလာထဲက leader က ခ်ိန္းဆိုမႈကို လက္မခံဘူးဆိုတာ ေဇဗန္ သေဘာေပါက္လိုက္ၿပီျဖစ္သည္၊၊ အတူတူ ေနလာခဲ့တာ 10 ႏွစ္ဆိုေသာ ႏွစ္က နည္းမွမနည္းပဲ၊၊ Leader ၏ စကားအတိုအထြာတစ္လုံးႏွစ္လုံး နဲ႕တင္ သူဘာကိုဆိုလိုခ်င္မွန္း ေဇဗန္ တို႔ညီကိုႏွစ္ေယာက္လုံး နားလည္ေနၿပီျဖစ္သည္၊၊
က်ယ္ျပန့္လွေသာ Russia ၏ ေမာ္စကို ၿမိဳ႕မွာတင္ ဂိုဏ္းခြဲက သုံးခုေလာက္ရွိၿပီး တစ္ျခားေနရာၿမိဳ႕မ်ား၌လည္း ဂိုဏ္းခြဲအေသးေတြကို ျဖန့္က်က္ထားသည္၊၊ ထို႔ေၾကာင့္ Russia အႏွံ႕က ဂိုဏ္း ခြဲအမ်ားစုသည္ Leader ၏ လက္ေအာက္က အဖြဲ႕အစည္း အငယ္မ်ားသာျဖစ္ၾက၏၊၊ ေျမေအာက္ အေမွာင္ နယ္ပယ္၌ လူလုံးထြက္မျပေသာ Leader ကို လူေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္တစားရွိၾကေပမဲ့ ကာယကံရွင္ ကေတာ့ အခုထက္ထိ ႐ုပ္လုံးျပခ်င္ေသးပုံမေပ၊၊ ၊၊ စီးပြားေရး နယ္ပယ္၌ေတာ့ သာမန္လူလိုသာ လုပ္ကိုင္ၿပီး သူ၏ အခြင့္အလမ္းႏွင့္ အရွိန္အဝါေတြကို Leaderက ဖုံးကြယ္ထားတတ္သည္၊၊ သူဘာေတြ ေတြးၿပီး ႀကံစည္ ေနလဲဆိုတာ ေဇဗန္တို႔ လုံးဝနားမလည္း သလို မွန္းတိုင္းလဲ တစ္ခါမွ မွန္ကန္ခဲ့သည္ဆိုတာမ်ိဳးမရွိေပ
ကားေမာင္းခ်ိန္မွာ မည္မွ်ေလာက္မွ မၾကာလိုက္ပါပဲ ဂိုဏ္းခြဲဆီသို႔ ေရာက္ရွိလာခဲ့သည္၊၊ တဖြဲဖြဲက်ေနေသာ ႏွင္းေတြအျပင္ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ နဲအတူ မဲေမွာင္ေနေသာ အေဆာက္အအုံက လူအိပ္ခ်ိန္ျဖစ္ေၾကာင္း ျပသေနေသာ ျပယုဂ္ အလား
" ဒုလက္ေထာက္ ေက်ာ္ေဇာ္ကို သြားနိုးေပးရမလား Leader "
ကားတံခါးဖြင့္ေပးလာေသာ ေဇဗန္က တစ္ဆက္ထဲ Zero ကို အေမးျပဳလာလွ်င္ ေခါင္းသာ ညိတ္ျပလိုက္ၿပီး အေဆာက္အအုံထဲကို Zero ေလွ်ာက္ ဝင္လာခဲ့သည္၊၊ မီးပိတ္ထားသည္ျဖစ္၍ ေဇဗီယာက ဓာတ္မီးအႀကီးျဖင့္ အေရွ႕ကေန ဦးေဆာင္လ်က္ Zero ကို မီးထိုးျပ ၿပီး အစည္းအေဝး အခန္းရွိေသာ အထပ္ဘက္သို႔ေလွ်ာက္ လာခဲ့ၾကသည္၊၊
10 ထပ္ေက်ာ္ရွိေသာ တိုက္ အေဆာက္အအုံ ထဲ တိတ္ဆိတ္မႈႀကီးကသာ ႀကီးစိုးေနခဲ့ၿပီးေနာက္ သိပ္မၾကာခင္အခ်ိန္တြင္းမွာပဲ အေဆာက္အအုံ တစ္ခုလုံး မီးမ်ား ပြင့္လာၿပီး အစည္းအေဝး ခန္းမက်ယ္ဆီသို႔ ေလွ်ာက္လာေသာ ေျခသံေတြမွာ ဆူညံ့လို႔လာခဲ့သည္၊၊
အစည္းအေဝး အခန္းထဲ Zero ေရာက္ေတာ့ ထိပ္ဆုံးက ခုံ၌ ဝင္ထိုင္လိုက္ၿပီး စားပြဲခုံေပၚကို ေျခေထာက္ႏွစ္ေခ်ာင္း ျပစ္တင္ထားလိုက္သည္၊၊ ထို႔ေနာက္ သိပ္မၾကာခင္မွာပဲ အစည္းအေဝး အခန္းထဲသို႔ ေက်ာ္ေဇာ္အျပင္ တစ္ျခား အဖြဲ႕ဝင္ေတြကပါ မပြင့္တပြင့္မ်က္လုံးေတြနဲ႕ ေရာက္လာၾကသည္၊၊
" ဒီအခ်ိန္ထိ ဘာလာလုပ္တာလဲ၊၊ လူအိပ္ခ်ိန္ကြ ဒီေကာင္ကေတာ့!"
" ေဇဗီယာ လစာျဖတ္လိုက္ "
"ဟုတ္ကဲ့ Leader"
ခပ္ဟိန္းဟိန္းထြက္လာတဲ့ လစာျဖတ္လိုက္ဆိုေသာ စကားေနာက္ ေက်ာ္ေဇာ္မွာ ပါးစပ္ကေလး ျပန္ပိတ္ေနလိုက္ရေတာ့သည္၊၊ အမွားမခံတဲ့နတ္ဆိုတာ Zero မွ Zero အစစ္၊၊ သုန္မႈန္ ေနေသာ မ်က္ႏွာထားက အခ်ိန္ျပည့္ရွိေနၿပီ 24 hours မွာ 1 hours ေလာက္သာ စိတ္ၾကည္တဲ့လူ၊၊ စကားကလည္း သူေျပာခ်င္မွ ေျပာတာ မေျပာခ်င္တဲ့အခ်ိန္ဆို သူကို စကားေျပာေနတဲ့လူကို ရွိတယ္လို႔ပင္ မသတ္မွတ္ေခ်၊၊ တကယ္ ဘယ္လိုဗီဇေတြနဲ႕မ်ား ေပါက္ဖြားလာသလဲ
ေက်ာ္ေဇာ္ လစာျဖတ္ခံရသည္ကို စံနမူနာ ယူလိုက္ၾကေသာ အဖြဲ႕သားေတြက တစ္ေယာက္မွ တုတ္တုတ္မလႈပ္ေတာ့ပဲ ၿငိမ္သက္လ်က္ ေခါင္းေတြပဲ ငုံ႕ထားၾက၏ ၊၊ ဒီေကာင္ေတြလည္း Zero ကို တယ္ေၾကာက္သကိုး
" လာရင္း ကိစၥသာေျပာပါ၊၊ လစာလဲ ျဖတ္ၿပီးၿပီးမလား "
" ဥ႐ုေဂြးက ကုန္ပစၥည္း အဝင္အထြက္ ႏွစ္ခ်ဳပ္စာရင္း အခုခ်က္ျခင္းေပး"
"ေဟ်ာင့္ အခုခ်က္ျခင္းေတာ့ရမလားကြ၊၊ ႏွစ္ဝက္စာထိပဲ ငါၿပီးေသးတာ ေနာက္အပတ္မွ ယူကြာ"
ေက်ာ္ေဇာ္ထံစိုက္ၾကည့္လာေသာ မ်က္ဝန္းဝါေတြက စူးစူးနစ္နစ္ရွိလွၿပီး ထရိုက္ေတာ့မဲ့ ပုံစံမ်ိဳး၊၊ ေက်ာ္ေဇာ္က ဟိုေန႕ကေလးတင္ ရည္စားေလးနဲ႕ ေလွ်ာက္လည္လြန္ၿပီး အႏွစ္ခ်ဳပ္စာရင္းကို လုပ္ဖို႔ ေမ့သြားခဲ့တာျဖစ္သည္၊၊ အရင္လအစထဲက Zero သတိေပးထားတာကို မွတ္မိေပမဲ့ အကဲလြန္သြားေလေတာ့ အခု နဂါး မ်က္ေစာင္းနဲ႕ ေက်ာ္ေဇာ္ ရင္ဆိုင္ေနရေလ ၿပီ၊၊
"ေဇဗီယာ "
"ေတာ္ပါေတာ့ကြာ ငါဆီက ဘာထပ္ျဖတ္အုံးမလို႔လဲ ၊၊ အေမႊးသာ ျဖတ္သြားေတာ့ မင္း အကုန္ျဖတ္ခ်င္ေနတာပဲမလား "
ဆံပင္ေတြကို ဆြဲဖြလို႔ စိတ္ပ်က္လက္ပ်က္ ပုံစံနဲ႕ ဆိုလာသည့္ ေက်ာ္ေဇာ္ကို Zero က ဘာမွ တုံ႕ျပန္လာခ်င္းေတာ့မရွိေတာ့ေပ၊၊ သို႔ေပမဲ့ ဒီေကာင္ တစ္ခုခု ျဖတ္အုံးမယ္ဆိုတာ ေက်ာ္ေဇာ္ ရိပ္မိေနသည္၊၊ Zero လက္ေအာက္၌ အလုပ္လုပ္တဲ့လူတိုင္းအတြက္ စနစ္တစ္ခုရွိသည္၊၊ ထိုစနစ္က အမွားလုပ္လွ်င္ ျပစ္ဒဏ္ ရွိသလို မွန္ကန္ၿပီး တိက်စြာ လုပ္ေဆာင္ေနလွ်င္ ဆုေၾကး ရွိ၏၊၊ တစ္ခုခု မွားလိုက္ၿပီ ဆိုတာနဲ႕ Zeroက ဘယ္သူမ်က္ႏွာမွ မေထာက္ေတာ့ပဲ ျပစ္ဒဏ္အား ခ်က္ျခင္းကို ခ်မွတ္ သည္၊၊ ထို႔ေၾကာင့္ အဖြဲ႕သားတိုင္းက သတိကပ္လို႔ ဆင္ေျခေနၾကၿပီး Zero အေပၚ ခ်စ္ေၾကာက္ ရိုေသၾကသည္၊၊ တအားခ်ဳပ္ခ်ယ္ထားတာမ်ိဳးေတြ မရွိေသာ္ျငား အမွားေတာ့မခံေပ၊၊
" ကားသိမ္းလိုက္ "
"အမိန့္အတိုင္းပါ"
ေက်ာ္ေဇာ္ထင္ထားတဲ့အတိုင္း တစ္ပုံစံထဲကို ျဖစ္လို႔လာတာပါပဲ ၊၊ ဘာမွေတာ့ ေျပာမရေတာ့တာမို႔ ဘာမွမေျပာေတာ့ပဲ ၿငိမ္သာေနလိုက္ေတာ့သည္၊၊ ဒီေကာင္ လက္ေအာက္မွာ အလုပ္ဝင္လုပ္မိတာလဲ တကယ္ ဝဋ္ေႂကြးပဲ
ထိုအေဆာက္အအုံထဲက ထြက္လာၿပီးေနာက္ Zero တို႔ ကား၏ ဦးတည္ရာက ေလယာဥ္ ကြင္းသို႔ျဖစ္သည္၊၊ ထို ေလယာဥ္ ကြင္းသို႔ သြားရသည့္အေၾကာင္းျပခ်က္မွာ ယုန္ျဖဴေလးေၾကာင့္ပင္၊၊ အလွည့္က်ရင္ မႏြဲ႕စတမ္းဆိုသည့္အတိုင္း ေနာင္ျဖစ္လာမည့္ ဒုကၡနဲ႕ ဝဋ္ကို ယုန္ျဖဴေလးက ေကာင္းေကာင္းကို လည္းစင္းခံရမည္၊၊
10 စုႏွစ္တစ္ခုအတြင္းZero ရင္တြင္းမွ ေဒါသမီးေတြနဲ႕ ကလဲ့စားေခ် ရမည္ဆိုေသာ အတၱမီးေတြအျပင္ တရားခံႏွစ္ေယာက္ကို ဆြဲၿဖဲထုတ္ခ်င္ေနခဲ့ေသာ္လည္း အခုခ်ိန္ထိ ေအာင့္အီးခဲ့သည္က အ႐ူးလုပ္ျခင္းကို ထိုသူတို႔ ခံစားဖို႔အတြက္ အခ်ိန္ယူခဲ့ျခင္း သာ ျဖစ္သည္၊၊
လုပ္တုန္းက လုပ္ၿပီး ခံရမည့္အခ်ိန္က်မွ မငိုေလႏွင့္ေပါ့
တရိပ္ရိပ္သြားေနေသာ ကားေၾကာင့္ ပတ္ဝန္းက်င္ မွ အိမ္မ်ားနဲ႕အေဆာက္အအုံမ်ားသည္လည္း တရိပ္ရိပ္ပင္ ျဖတ္ေျပးေနသေယာင္ရွိသည္၊၊ ေဆာင္းဝင္ခါစအခ်ိန္ေလးဆိုေသာ္ျငား အေအးဓာတ္ႏွင့္ ႏွင္းမႈန္ေတြကေတာ့ ေဆာင္းရာသီ အလယ္ပိုင္း အခ်ိန္ေဒသလိုပါပဲ ေအးခဲေစသည္၊၊
" Leader က်ဳပ္တို႔ ေရာက္ပါၿပီ "
ေလယာဥ္ ကြင္း၏ တစ္ဖက္ေဘးက ကားပါကင္၌ ကားထိုးရပ္လိုက္ၿပီးေနာက္ ကားေပၚကေန Zero ဆင္းလာခဲ့သည္၊၊ ျမန္မာမွ ေလယာဥ္ သည္လည္း ဆိုက္ေရာက္ဖို႔အတြက္ မိနစ္ပိုင္းမွ်သာ လိုေတာ့သည္၊၊ ထို႔ေၾကာင့္ လူႀကိဳေသာ ေနရာဘက္သို႔ ဦးတည္ၿပီး Zero ေလွ်ာက္ထြက္လာခဲ့သည္၊၊
နည္းလမ္းေပါင္းစုံသုံးၿပီး Russia ကို အမိန့္စာနဲ႕ ေရာက္ေအာင္ လုပ္ထားတယ္ဆိုထဲက နည္းနည္းပါးပါးေတာ့ Russia ကေန ျပန္မထြက္သြားနိုင္မဲ့ ယုန္ျဖဴေလးကို Zero ကိုယ္တိုင္ လာၾကည့္ေပးရမွာေပါ့၊၊
" Leader ဘယ္သြားမလို႔လဲ "
Exit ဘက္ကို ဦးတည္ထြက္သြားေသာ Leader ကို ေဇဗန္အေမးျပဳေလေတာ့ လွည့္ေတာင္ၾကည့္မသြားေပ၊၊ ထို႔ေနာက္သိပ္မၾကာခင္မွာပင္ ေဇဗန္ ဖုန္းထဲသို႔ အဲ့မွာေနခဲ့ ဆိုေသာ စာေလးက Leader ဆီမွ Message ဝင္လာခဲ့သည္၊၊ ထို႔ေၾကာင့္ ေဇဗန္နဲ႕ ေဇဗီယာလည္း လူႀကိဳမည့္ထိုေနရာမွာသာ ရပ္ေစာင့္ေနလိုက္ေတာ့သည္၊၊
°°°°°°°
ျမန္မာက ေလယာဥ္ ထြက္လာသည့္အခ်ိန္မွာ ေန ေရာင္သမ္း ခ်ိန္ ျဖစ္ေသာ္လည္း ဗမာ နဲ႕သက္ဦး Russia ကိုေရာက္ခ်ိန္မွာေတာ့ ေနေတာင္ထြက္ဖို႔မဆိုထားႏွင့္ ေရာင္ျခည္တန္းေသးေသးေလးေတာင္မရွိေသးေပ၊၊ တကယ္ကို မနက္5 နာရီဆိုေသာ အခ်ိန္ေတာင္ မရွိေသးတာျဖစ္သည္၊၊ ထို႔ျပင္ ေလယာဥ္ ေပၚမွ ဆင္းလိုက္သည္ႏွင့္ ခႏၶာကိုယ္ အတြင္းသို႔ Russia ေဆာင္း၏ အေအးဓာတ္ခပ္မွ်င္မွ်င္ေလးက လြန့္လူးကာပင္ တိုးဝင္လာသည္၊၊ လူတိုင္းလိုလို မာဖလာႏွင့္ အေႏြးထည္ထူထူႀကီးမ်ား ဝတ္ဆင္ထားၾကၿပီး စကားေျပာတိုင္းလဲ ႏႈတ္မွ အာေငြ႕ေတြက ထြက္ေနေသး၏၊၊ Russia ၏ ဒီအေအးဓာတ္က ကိုရီယားထက္ပင္ ပိုေလမလားပါပဲ
ဗမာနဲ႕သက္ဦး အတူတူပင္ passport နဲ႕ စာ႐ြက္စာတန္းအခ်ိဳ႕ကို ဂိတ္နဲ႕စစ္ၿပီးေနာက္ အိတ္ထုတ္ရန္အတြက္ တစ္ျခားတစ္ဖက္ဆီသို႔ အတူတူေလွ်ာက္လာခဲ့သည္၊၊ တိုက္တိုက္ဆိုင္ဆိုင္ပါပဲ ေအးလြန္းတာေၾကာင့္ ဗမာ အေပါ့သြားခ်င္လာေလသည္၊၊ ထို႔ေၾကာင့္ သက္ဦးကို ဗမာ အိတ္ထုတ္ကိုပါ ကူထုတ္ခိုင္းလိုက္ၿပီး သန့္စင္ခန္းရွိရာသို႔ အျမန္ပင္ေျပးလာရေတာ့သည္၊၊
ဘုတ္ အင့္ !
ေသးထြက္ေတာ့မည္ျဖစ္တာေၾကာင့္ ဗမာ အသည္းအသန္ ေျပးလာမိျခင္းရဲ႕အက်ိဳးဆက္ကေတာ့ သူမ်ားကာ ရင္ဘတ္ကို ဝင္တိုက္မိေတာ့တာပါပဲ၊၊ မာေတာင့္ေနေသာ ရင္ဘတ္ျပင္ကို နဖူးနဲ႕ ဝင္ေဆာင့္မိၿပီးေနာက္ ဗမာ ခႏၶာကိုယ္ က တစ္ဖက္သို႔ ကန္ထြက္လာၿပီ အေနာက္သို႔ျပစ္လဲေတာ့မလို ျဖစ္သြားတာေၾကာင့္ ေအာက္ခင္းေပၚသို႔ ဗမာ ပစ္စလက္ခတ္ က်သြားမည္ထင္ထားပါေသာ္လည္း ထင္ထား သည့္အတိုင္းေတာ့ ျဖစ္မလာခဲ့ေပ၊၊ လဲက်သြားေတာ့မည့္ ဗမာ ကို တစ္ဖက္လူမွ ခါးကေန ေပြ႕ထိန္းလ်က္ သူအနီးသို႔ ဆြဲကပ္လိုက္သည္ေၾကာင့္ ဗမာမွာ တစ္ျပန္ပင္ ထိုလူ၏ ရင္ဘတ္၌ မ်က္ႏွာအပ္ထားမိၿပီးသား ျဖစ္သြားရေတာ့သည္၊၊
ခဏေလာက္ ေၾကာင္အၿပီး ဗမာ မလႈပ္မိပဲ ထိုရင္ဘတ္၌ မ်က္ႏွာအပ္ေနခဲ့ၿပီးေနာက္ မိနစ္ပိုင္းၾကာမွ သတိျပန္ဝင္လာၿပီး ထို လူ ရင္ဘက္ကို လက္ႏွစ္ဖက္ျဖင့္ တြန္းထုတ္လ်က္ နီးကပ္ေနေသာ အေနအထားကို ေဝးကြာေအာင္ျပဳရသည္၊၊ ထို႔ေနာက္ ထိုလူမ်က္ႏွာကို ၾကည့္ဖို႔အတြက္ ဗမာမွာ ေခါင္းေတာင္ေမာ့လိုက္ရ၏၊၊ ဗမာလို 5'11" ေတာင္ ဒီလူကို ေခါင္းေမာ့ ၾကည့္ေနရသည္ျဖစ္၍ ဒီလူ၏ အရပ္က ဘယ္နေပ မ်ားရွိပါလိမ့္
" Sor ...sorry . I'm ...so.. sorry "
ဗမာ ႏႈတ္မွ စကားလုံးတို႔က ထစ္ထစ္အအျဖင့္ ထြက္က်လာၿပီးေနာက္ ထိုလူကို မရဲတရဲျဖင့္ ေမာ့ ၾကည့္မိသည္၊၊ ခပ္စူးစူးၾကည့္ေနေသာ မ်က္ဝန္းဝါေတြက ဘာေၾကာင့္မွန္းမသိ ဗမာကို ေၾကာက္စိတ္ဝင္ေစသည္၊၊ တစ္ခုခုက ညွို႔ ယူဖမ္းစားလိုက္သလိုမ်ိဳး ထို မ်က္ဝန္းဝါေတြကိုမၾကည့္၍လည္း မေနနိုင္ျပန္၊၊ ထို႔ျပင္ နဖူးေသြးေၾကာမ်ားေပၚသည္အထိ ၾကဳတ္ထားေသာ မ်က္ခုံးတန္းထူထူေတြက စိတ္အလိုမက်ျခင္းေၾကာင့္မ်ားလား
အေပၚဝတ္ကုတ္ အကၤ်ီ အရွည္က ဒူးအဆစ္ထိေလာက္ရွိၿပီး ေဘာင္းဘီရွည္အနက္နဲ႕ လည္ပင္းပိတ္ အကၤ်ီ ကိုယ္ၾကပ္ကို ဝတ္ဆင္ထားသည့္လူက သူအရပ္ႀကီးနဲ႕လိုက္ဖက္စြာပင္ ၾကည့္ေကာင္းေသာ ခႏၶာကိုယ္ အခ်ိဳးအစား ရွိလွသည္၊၊ မ်က္ႏွာ၌ Mask ကို တပ္ဆင္ထားသည္ေၾကာင့္ ထိုလူဟာ ဘယ္လိုမ်က္ႏွာက် မ်ိဳးရွိလဲဆိုတာ ဗမာ မျမင္ရေပမဲ့ ၾကည့္ေကာင္းေသာ အမ်ိဳးသားတစ္ေယာက္ ျဖစ္မွာေတာ့ က်ိန္းေသသည္၊၊ ေယာက်္ား ေလးတစ္ေယာက္ကို ဗမာ အေသးစိတ္တစ္ခါမွ မၾကည့္မိဖူးေသာ္လည္း ဒီအမည္မသိလူကေတာ့ ပထမဆုံးအႀကိမ္ ဗမာ ေခါင္းစေျခဆုံး ၾကည့္မိတဲ့ တစ္ေယာက္ေသာ လူပါပဲ
တစ္ခ်က္မွ အၾကည့္မလြဲသြားပဲ ဗမာ မ်က္ဝန္းေတြထံ တည့္တည့္စိုက္ၾကည့္ေနေသာ မ်က္ဝန္းဝါေတြက ဒီတစ္သက္ ေမ့ေလာက္နိုင္စရာမရွိသည့္အထိ ညွို႔ယူထားနိုင္စြမ္းရွိသည္၊၊ ထိုမ်က္ဝန္းဝါေတြကိုၾကည့္ရင္းျဖင့္ ေဒါသအရွိန္ကေလးပါေသာ ခပ္ငယ္ငယ္ေကာင္ေလး၏ မ်က္ဝန္းညိုေတြက ဗမာ မွတ္ဉာဏ္ ထဲ ေနရာယူလာေလေတာ့ တဆစ္ဆစ္ စတင္ ထိုးကိုက္လာေသာ ေခါင္းေၾကာင့္ ေျခလွမ္းေတြကို ေနာက္သို႔ အနည္းငယ္ဆုတ္လိုက္ရၿပီး ထိုလူကိုလည္း ဗမာေမာ့မၾကည့္နိုင္ေတာ့ေပ ၊၊
" Белый кролик "
( ယုန္ျဖဴေလး )
" ဟမ္ !"
ထိုလူဆီမွ Deep voice ႀကီး က ထြက္လာၿပီး ေျပာလိုက္ေသာ စကားက ဗမာ နားမလည္သည္မို႔ အူေၾကာင္ေၾကာင္ျဖစ္သြားရ၏၊၊ English လိုမ်ိဳးေျပာလိုက္တာ မဟုတ္တာမို႔ တကယ္နားမလည္၍ ျပန္ေမးမည္အျပဳ ဗမာ ေဘးကေန ထိုလူက တစ္ျခားဘက္သို႔ ျဖတ္ေလွ်ာက္သြားေတာ့သည္၊၊ ရွည္လ်ားလြန္းေသာ အရပ္က လူေတြအား ထိုလူကို ေငးၾကည့္ေစသည့္အထိ ဆြဲေဆာင္မႈ ရွိလွသည္၊၊ ဗမာ မွာ ကိုယ္ထက္ရွည္တဲ့လူကို ေတြ႕လိုက္ရသည့္အျပင္ ဗမာ ဦးေခါင္းမွာ သူရင္ဘတ္ေအာက္ေလ်ာ ေလာက္သာ ရွိၿပီး ကိုယ္ကို ကိုယ္ေတာ္ေတာ္ပုက်သြားတယ္လို႔ေတာင္ ထင္မိသည္၊၊
ထိုလူထြက္သြားေတာ့မွ ဗမာ မွာ မိမိကိစၥထိပ္ဝေရာက္ေနသည္ကို ျပန္သတိရၿပီး သန့္စင္ခန္းဘက္သို႔ ေျပးရေတာ့သည္၊၊ ထို႔ေနာက္ အေပါ့အပါး သြားၿပီး၍ အိတ္ယူေသာ ေနရာသို႔ျပန္ေလွ်ာက္လာခဲ့သည္၊၊ ဗမာ ကို ထိုင္ေစာင့္ေနေသာ သက္ဦးကေတာ့ တစ္ေယာက္ေယာက္နဲ႕ ဖုန္း စကားေျပာေနပုံရသည္၊၊
"သက္ဦး"
"အစ္ကိုခြန္းရာ သန့္စင္ခန္းသြားတာၾကာလိုက္တာ၊၊ လာ ကြၽန္ေတာ္တို႔ အျပင္ထြက္ရေအာင္ "
ေျပာလက္စဖုန္းကို ခ်ျပစ္ၿပီးေနာက္ ခ်ထားေသာ luggage ကို ေအာက္ဆြဲကာျဖင့္ အျပင္ဘက္သို႔ သက္ဦး ထြက္လာခဲ့ေတာ့သည္၊၊ အစ္ကိုခြန္းကလဲ အေနာက္ကေန လိုက္ပါလာ၏၊၊
"အစ္ကိုခြန္း Hotel ကို တန္းသြားမွာမလား ၊၊ကြၽန္ေတာ္ taxi ငွားလိုက္မယ္"
သက္ဦးကို ဗမာ ေခါင္းသာ အသာ ညိတ္ျပလိုက္၏ ၊၊ ဗမာ ေခါင္းထဲ တဆစ္ဆစ္ထိုးကိုက္မႈက မေလ်ာ့သြားသည္မို႔ Hotel ေရာက္သည္အထိ သည္းခံရမည္၊၊ Hotel ေရာက္မွပဲ တစ္ေရးတစ္ေမာ အိပ္ၿပီး အနားယူေတာ့မည္၊၊
Taxi ငွားလို႔ရၿပီးေနာက္ Hotel ရွိရာသို႔ ဗမာတို႔ ထြက္လာခဲ့ၾကေတာ့သည္၊၊ Russia နိုင္ငံ၏ ေနရာေတြက ေတာ္ေတာ္မ်ားမ်ား လွပၾကၿပီး နိုင္ငံျခား ခရီးသြားဧည့္သည္မ်ားေသာ နိုင္ငံေတြ ထဲက တစ္နိုင္ငံလည္းျဖစ္သည္၊၊ ယခုအခ်ိန္က မနက္လင္းခ်ိန္မဟုတ္ေသး၍ ႏွင္းမ်ားျဖင့္ ပိတ္ေနသည္ေၾကာင့္ ကားအတြင္းမွ ပတ္ဝန္းက်င္ အေျခအေနကို မျမင္ရေသးေပ၊၊ ေန႕လယ္ေလာက္မွသာ ႐ူခင္းေတြကို ဗမာ တို႔ပတ္ၾကည့္ရင္း နဂါးပင္အပ္အေၾကာင္း စတင္စုံစမ္းေတာ့မည္၊၊
ဘိုကင္ယူထားေသာ Hotel နဲ႕ ေလယာဥ္ ကြင္းက သိပ္မေဝးသည္မို႔ တခဏေလးအတြင္း ဗမာနဲ႕ သက္ဦးမွာ Hotel ေရွ႕သို႔ ေရာက္လာခဲ့ၾကသည္၊၊ ထို႔ေနာက္ ေကာင္တာသို႔ သက္ဦးက သြားေရာက္ၿပီး အခန္းေသာ့ယူလာကာျဖင့္ ဗမာတို႔ ဓာတ္ေလွကားစီး၍ အခန္း နံပါတ္ 1304 ရွိေသာ အထပ္သို႔ တတ္လာခဲ့ေတာ့သည္၊၊
အဆင့္ျမင့္ Hotel ႀကီးက ႀကီးမားက်ယ္ျပန့္သည့္အျပင္ အတြင္းပိုင္း၌ အလွဆင္ထားမႈနဲ႕ နံရံေရာင္ျခယ္ထားသည့္ colour မွာလည္း မ်က္စိထဲ ထူးကဲစြာပင္ ၾကည့္လို႔ေကာင္း၏၊၊ သန့္ရွင္းသပ္ရပ္ေနမႈကေတာ့ အမႈန့္တစ္မႈန့္ေတာင္မွ်မရွိသည္အထိ၊၊ထို႔ျပင္ ေအာက္ခင္းျပင္မွာလဲ မွန္ေတာင္ၾကည့္လို႔ရသည္အေနအထားထိ ေတာက္ေျပာင္ေနသည္၊၊ ဗမာနဲ႕ သက္ဦးမွာ ေတာသားေလး ႏွစ္ေယာက္ ၿမိဳ႕ႀကီးျပႀကီး ေရာက္လာသလို အူတူတူေလးေတြနဲ႕ မိမိတို႔ အခန္းရွိရာသို႔ တတ္လာခဲ့ၾကသည္၊၊
ႏွစ္ေယာက္တစ္ခန္း ယူထားတာမို႔ ဗမာ နဲ႕ သက္ဦးက အတူတူေနရမည္ျဖစ္သည္၊၊ အခန္းထဲသို႔ေရာက္လာေတာ့ အိတ္ထုတ္ေတြကို ျပစ္ခ်လိဳက္ၿပီး ဧည့္ခန္းဟု ထင္ရေသာ အခန္းက်ယ္ထဲရွိ ဆိုဖာ ျပန့္ေပၚသို႔ ဗမာ ခႏၶာကိုယ္ ကို ျပစ္လဲ ခ်လိဳက္ေတာ့သည္၊၊ ဘာမွန္းမသိေသာ ပုံရိပ္ေတြ ျပန္ေပၚလာတိုင္း အမႈကိုယ္တြယ္ေျဖရွင္းရသည္ထက္ပင္ ပို၍ မူးေနာက္ လာၿပီး ဗမာ လုံးဝကို မအိပ္လိုက္မခ်င္း မသက္သာ ေတာ့ေပ၊၊ ဆိုးလိုက္တဲ့ ဒုကၡ ရယ္ပါေလ
" အစ္ကိုခြန္း ဦးရာခိုက္ ဆီက video call ဝင္လာတယ္၊၊ ခဏေလာက္ စကားထေျပာလိုက္ဦး"
နားထင္ကို လက္ညွိုး ျဖင့္ အသာထိုးလိုက္ၿပီးေနာက္ ဗမာ သက္ျပင္းေမာ ခ်ကာပင္ ဆိုဖာေပၚလဲေနရာမွ ထထိုင္လိုက္သည္၊၊ ထို႔ေနာက္ သက္ဦးကမ္းေပးလာေသာ ကြန္ပ်ဴတာ ကို ယူ၍ ေပါင္ေပၚတင္ထားလိုက္သည္၊၊
"ဘာကိစၥရွိလို႔လဲ ဦးေလး"
"ေလလံပြဲကို မင္းတို႔ တကယ္ သြားမယ္ဆိုရင္ လက္မွတ္ ဝယ္ရမယ္၊၊ အဲ့တာ စိတ္ခ်ရတဲ့ ပြဲစားဆီကဝယ္"
"ဟုတ္ကဲ့ဗ်၊၊ ကြၽန္ေတာ္ကို အဲ့ပြဲစား နာမည္ေျပာပါ ၊၊ မနက္ျဖန္ ကြၽန္ေတာ္ လက္မွတ္ ဝယ္လိုက္မယ္"
ေလလံပြဲက ေနာက္တစ္ပတ္လို႔ သတင္းရထားသည့္အျပင္ ထိုနဂါးပင္အပ္ကလည္း ထိုေလလံပြဲ၌ ေပၚလာမည္ဟု သတင္းအတိအက် ရထားသည္ေၾကာင့္ ဗမာ လက္မွတ္ႏွစ္ေစာင္ေတာ့ ရေအာင္ အျမန္ဝယ္မွ ျဖစ္မည္၊၊
" ဒက္ခရစ္ လက္တင္ ၊၊ သူက လက္မွတ္ေရာင္းဝယ္တဲ့ေနရာမွ နာမည္ႀကီးပဲ၊၊ ေစ်းလည္းျမင့္တယ္၊၊ ဒါနဲ႕ မင္းတို႔ အဲ့ေလလံပြဲသြားရင္ ႐ုပ္ဖ်က္ဖို႔ မေမ့နဲ႕ေနာ္၊၊ ေသခ်ာဂ႐ုစိုက္ ဗမာ"
"ဟုတ္ကဲ့ ဗ်"
ဦးရာခိုက္ ဖုန္းခ်သြားၿပီးေနာက္မွ ဗမာ ကြန္ပ်ဴတာ ကို သက္ဦးဘက္ကို ျပန္ေပးလိုက္ၿပီး ထိုးကိုက္ေနဆဲျဖစ္ေသာ ဦးေခါင္းကို အနားေပးရန္အတြက္ ထိုဆိုဖာေပၚ၌သာလွ်င္ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္မိေတာ့သည္၊၊
အခုတစ္ခါ ဗမာ အိပ္မက္ေတြထဲမွာလဲ ရန္လိုေနတတ္ေသာ မ်က္ဝန္းညိုေတြရွိသည့္ ေကာင္ေလးတစ္ေယာက္က ေသခ်ာေပါက္ ပါဝင္လာပါလိမ့္ဦးမည္၊၊
///////////////:
ေနာက္က်သြားလို႔ တကယ္ ေတာင္းပန္ပါတယ္ေနာ္ဗ် ၊၊ ကြၽန္ေတာ္ မ်က္ရည္ပူေတြက်ၿပီး ဖ်ားေနခဲ့လို႔ပါ