ep 10

ေမေမတို႔အိမ္မွာ လူေတြအကုန္ေရာက္တုန္း သူက ဒီဖက္အိမ္ကို ထြက္လာခဲ့လိုက္သည္။ ယေသာ့္ကို 'ငါ့ဘဝထဲက အၿပီးအပိုင္ထြက္သြားလို႔' ေျပာခဲ့တဲ့ ဒီေနရာမွာပဲ သူ႔ရဲ႕ ဘဝကိုလည္း အဆံုးသတ္လိုက္ဖို႔ ျပင္ေနမိသည္ေလ။


"ေတာင္းပန္ပါတယ္ ယေသာ္။ ခဏေလးေနရင္ ငါနင့္ေနာက္ကို လိုက္လာေတာ့မွာ အဲ့က်မွ မ်က္ႏွာခ်င္းဆိုင္ၿပီး ငါ့အမွားေတြအတြက္ ေသခ်ာျပန္ေတာင္းပန္ပါ့မယ္"


မဒီေခတ္က ဓားေလးကို လက္ေကာက္ဝတ္ေပၚ တင္လိုက္ေလသည္။
"နင္မရွိမွေတာ့ ငါ့ဘဝက ေသသြားတာနဲ႔ ဘာျခားေတာ့မွာလဲ" ဆိုၿပီး နင့္အသက္နဲ႔ ၿခိမ္းေျခာက္ခဲ့ဖူးတဲ့ ဒီဓားေလးကို အခုေတာ့ ငါလည္း နင္မရွိတဲ့ဘဝမွာ မေနႏိုင္တာမို႔ ျပန္ၿပီးအသံုးခ်ရေတာ့မယ္ေလ။


မဒီေခတ္က မ်က္စိစံုလံုး မွိတ္လို႔ ဓားကို လြဲခ်လိုက္ေတာ့၏။ သူ႔ရဲ႕လက္ေကာက္ဝတ္မွာ ေသြးေတြ စိုရြဲလာတာကို ခံစားလိုက္ရၿပီေလ။ ဒါေပမယ့္ ထူးဆန္းတယ္ နာလြန္းလို႔ထံုသြားတာလား နာက်င္မႈကို သိပ္မခံစားလိုက္ရသလိုပဲ။


"ဟယ္ သမီးေလး မလုပ္နဲ႔ေလ"


"မလုပ္နဲ႔ မဒီ!"


"ဟာ ... သမီး!!!"


နားထဲမွာ ေဖေဖ ေမေမ ကိုကို တို႔ရဲ႕ အားဟစ္တႀကီး တားျမစ္သံကို ၾကားေနရသည္။ အားလံုးကို ေတာင္းပန္ပါတယ္ သမီး ယေသာ္ေနာက္ကို လိုက္သြားေတာ့မယ္ေနာ္။


"မဒီ!!! မဒီ!"


သူ႔ကို ကိုင္ဆြဲလႈပ္လာၾကသည့္မို႔ မ်က္လံုးဖြင့္ၾကည့္မိလိုက္သည္။ ဟမ္... သတိက ဘာလို႔ အခုထိ မေမ့ေသးရတာလဲ။ သူ... သူ႔ရဲ႕ လက္ေကာက္ဝတ္ကို ကေယာင္ကတမ္း ျပန္ၾကည့္လိုက္ေတာ့ လက္မွာ ေသြးေတြခ်င္းခ်င္းနီေနေပမယ့္ ဘာဒဏ္ရာမွ ရွိမေနခဲ့ပါဘူးေလ။


"ၾကံႀကီးစီရာ သမီးရယ္ ဘာျဖစ္လို႔ ဒီလိုမိုက္မိုက္ကန္းကန္းေတြ လုပ္ဖို႔ စဥ္းစားရတာလဲ။ တစ္ခုခု ျဖစ္သြားရင္ ေမေမ့တို႔ ရင္က်ိဳးမွာကို မေတြးမိဘူးလား ဟမ္! ယေသာ္ေလးလဲ ဝမ္းနည္းေနမွာေပါ့ သမီးရဲ႕"


သူ႔ကို ေျပာေျပာၿပီး ငိုေနသည့္ ေမေမစကားေတြကို နားမဝင္ႏိုင္ဘဲ စိတ္ထဲမွာ မရွင္းလင္းဘူးျဖစ္ေနတယ္။ သူေသခ်ာေပါက္ ဓားနဲ႔လည္းျဖတ္ခ်လိုက္တယ္။ ေသြးေတြလည္း ထြက္လာပါတယ္။ ဒါေပမယ့္ ဘာဒဏ္ရာမွ မရဘူးဆိုေတာ့


"ဒီဒီ!"


ဟမ္! အခု...သူ႔နားထဲမွာ ယေသာ္ရဲ႕ အသံကို ၾကားလိုက္ရတာလား။


"ဒီဒီ! ငါ ဒီမွာေလ ဒီဒီ"


ေဟာ...ထပ္ၾကားရျပန္ၿပီ...


သူ႔ရဲ႕ေဘးဘီကိို လွည့္ကာၾကည့္လိုက္ခ်ိန္ေတာ့ ေသြးထြက္ေနသည့္ လက္ဖမိုးအား ေနာက္လက္တစ္ဖက္ႏွင့္ အုပ္ထားေလသည့္ ယေသာ္က သူ႔ကိုျပံဳးျပေနခဲ့ပါသည္ေလ။


"ယ...ယေသာ္! တကယ္ ယေသာ္လား?"


"ဟုတ္တယ္ေလ သမီးမဒီရဲ႕။  သမီးေလး ယေသာ္က တကယ္ေသသြားတာမဟုတ္ဘူး။ အန္တီတို႔ေတြ လူမွားၿပီး သၿဂိဳလ္ခဲ့ၾကတာတဲ့ေလ"


အန္တီရႊန္းလဲ့ရဲ႕ စကားကို ၾကားၿပီးေနာက္ေတာ့ မဒီေခတ္တို႔ ေခတၱေလာက္ မတုန္မလႈပ္ ျဖစ္သြားေလေတာ့၏။ ယေသာ့္ကို မယံုၾကည္ႏိုင္တဲ့မ်က္ဝန္းေတြနဲ႔သာ ေတြေတြႀကီး ရပ္ၾကည့္ေနရင္း ေနာက္ေတာ့ သူအားဆြဲထားၾကသည့္ ေဖေဖ ေမေမတို႔ လက္ထဲမွ ထြက္လာၿပီး ယေသာ့္ဆီကို တစ္လွမ္းခ်င္း ေလၽွာက္သြားလိုက္သည္။ အနားလဲ ေရာက္ေရာ...


"ျဖန္း!!! ျဖန္း!!!" ယေသာ့္ပါးကို ဘယ္ျပန္ညာျပန္ ဆင့္ရုိက္လိုက္သည့္ မဒီေခတ္ေၾကာင့္ အကုန္လံုးလဲ ပါးစပ္အေဟာင္းသား ျဖစ္သြားကုန္ၾက၏။
မဒီေခတ္ကေတာ့ အားရပါးရရုိက္ၿပီးသြားမွပဲ သူ႔ေရွ႕က ယေသာ့္အား လႊတ္သြားမတတ္ တင္းတင္းၾကပ္ၾကပ္ ဆြဲဖက္လိုက္ေလေတာ့တယ္ေလ။။


"နင့္ေၾကာင့္ ငါဘယ္ေလာက္ထိ ခံစားခဲ့ရလဲ။ နင္မေသေသးဘူး ဆိုရင္လဲ ဘာလို႔ေစာေစာ ျပန္မလာခဲ့ရတာလဲ ဟမ္။ နင့္ေၾကာင့္ ငါ့ဒီမွာ ရူးေတာ့မလို႔ေလ ကိုယ္ကိုယ္ကိုေတာင္ သတ္ေသမိေတာ့မလို႔ သိရဲ႕လား"


"ငါေတာင္းပန္ပါတယ္ ဒီဒီရယ္။ ငါ့အမွားေတြပါ ငါ့ဖက္က ဒီထပ္ပိုေစာၿပီးေရာက္လာေအာင္ ႀကိဳးစားခဲ့ရမွာကို ေတာင္းပန္ပါတယ္"


"ဟင့္အင္း... မေတာင္းပန္နဲ႔ ခြင့္မလႊတ္ဘူး။ ငါ့ကို အမ်ိဳးမ်ိဳးခံစားရေအာင္လုပ္တဲ့ နင့္ကို လံုးဝခြင့္မလႊတ္ဘူး။ လႊတ္! ငါနင္နဲ႔လဲ မေပါင္းေတာ့ဘူး ကြာရွင္းပစ္မွာ။ ၿပီးရင္ ကတံုးတုံးၿပီး သီလရွင္ဝတ္ပစ္ေတာ့မွာ။ ဟင့္ ငါနင့္ကို အရမ္းမုန္းတယ္ သြား! လူဆိုးမႀကီး"


"ေအာ္...ဒီဒီရယ္~~~"


သြားဆိုၿပီး ရင္ခြင္ထဲက တစက္မထြက္သည့္ မဒီေခတ္... ယေသာ္ဖက္က ဒီဒီရယ္လို႔ ေျပာလာရုံနဲ႔တင္...


"ဟင့္ လူဆိုးမႀကီး ငါ့နားက ေနာက္တစ္ခါ ထပ္ထြက္သြားဦးမွာလား ။ ငါ့ဖက္က ထြက္သြားခိုင္းရင္ေတာင္  တကယ္ထြက္သြားဦးမွာလားလို႔"


"မသြားေတာ့ပါဘူးဒီဒီရယ္ ငါနင့္နားက ဘယ္ကိုမွ ထြက္မသြားေတာ့ပါဘူး"


လူႀကီးေတြမွာလည္း သူတို႔ႏွစ္ေယာက္ကို ၾကည့္ၿပီး ငိုရမလိုလို ရယ္ရမလိုလိုပဲေလ။ ေသသြားၿပီထင္ၿပီး ငိုလိုက္ရတာ ၿပီးမွ အလတ္ႀကီး ျပန္ေပၚလာတဲ့ ယေသာ့္ကို ျဖစ္ႏိုင္ရင္ မဒီေခတ္ေလးလို ပါးေတြဘယ္ျပန္ညာျပန္ သြားခ်လိုက္ခ်င္ေတာ့သည္။


♡♡♡


အထင္လြဲစရာေတြ ျဖစ္ကုန္ရတဲ့ အေၾကာင္းရင္းကေတာ့ ယေသာ္တစ္ေယာက္ အဲ့ေန႔ညက သူ႔အဖြားေတြရွိတဲ့ ေမၿမိဳ႕ကို လိုက္သြားရာကစသည္။ လမ္းမွာ  ကားခဏရပ္ၿပီး ေအာက္ဆင္းတုန္း အက်ႌအိတ္ကပ္ထဲမွ ပိုက္ဆံအိတ္ျပဳတ္က်ခဲ့ေတာ့ ေတြ႕တဲ့လူက ေကာက္ယူလိုက္တာ။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲ့ေန႔ accident ျဖစ္ခဲ့တဲ့ ကားေမာင္းသူက ယူသြားမိခ်င္းေပါ့။ တိုကဆိုင္တာမွ ကားအမ်ိဳးအစားကလည္းတူ ယေသာ့္လိုရြယ္တူ မိန္းကေလးကလည္းျဖစ္ အေလာင္းကလည္း မသဲကြဲေတာ့တာမို႔ က်န္ရစ္အေထာက္အထားပစၥည္း ျဖစ္သည့္ ယေသာ့္ပိုက္ဆံအိတ္ထဲက မွတ္ပံုတင္နဲ႔ တိုက္ၿပီးပဲ ယေသာ့္ကို ေသၿပီလို႔ သတ္မွတ္လိုက္ၾကတာေလ။


တိုက္တိုက္ဆိုင္ဆိုင္ ယေသာ္ရဲ႕ ဖုန္းကလည္း ေရထဲက်ၿပီး ျပဳတ္က်သြားလို႔ အဆက္အသြယ္လုပ္လို႔လဲ မရခဲ့ပဲ။ အဲ့လိုေတြကေန တျခားလူကို ယေသာ္ပါဆိုၿပီး မီးသၿဂိဳလ္ေပးလိုက္ရသည္ထိ ျဖစ္သြားခဲ့တာေပါ့။


ဟိုမွာရွိေနတဲ့ သူတို႔အဖြားကို  အန္တီရႊန္းလဲ့က အေမ့ေျမးေတာ့ ဆံုးၿပီလို႔ လွမ္းအေၾကာင္းၾကားေတာ့လဲ သူ႔ေရွ႕မွာ သက္ရွိထင္ရွားရွိေနသည့္ ေျမးမကိုေတာင္ ေသတယ္လို႔ လွမ္းေနာက္ရလားဆိုၿပီး စိတ္ဆိုးဆိုးနဲ႔ ဖုန္းခ်ပစ္တာ။ သၿဂိဳလ္မဲ့မနက္မွ သူ႔အဖြားက ယေသာ့္ကို ေျပာျပခဲ့ျဖစ္လို႔ ယေသာ္တို႔ အဲ့ေန႔ခ်က္ခ်င္းပဲ ကားစီးၿပီး လိုက္လာခဲ့ခ်င္းျဖစ္ခ်င္းေလ။


အဲ့ေတာ့ ယေသာ္က ကံေကာင္းေထာက္မစြာနဲ႔ပဲ သူ႔ေဘးနားကို ေဘးမသီရန္မခ ျပန္ေရာက္လာခဲ့ၿပီ။ ဒါေပမယ့္ အခုက် အရွင္လတ္လတ္ႀကီး ခြဲေနရတဲ့အျဖစ္။


လူႀကီးေတြက နင္တို႔ေတြ ထင္ရာဆိုင္းလုပ္တက္လြန္းလို႔ မွတ္ေလာက္သားေလာက္ေအာင္ တစ္လတိတိ ခြဲထားမယ္ဆိုၿပီး။ သူ႔ကို ေမေမတု႔ိက အိမ္ထဲကအိမ္ျပင္ မထြက္ခိုင္းသလို ယေသာ့္ကိုလည္း သူ႔အိမ္က အဲ့လိုပဲ။ ေက်ာင္းလႊတ္ရင္လဲ တစ္ေယာက္ တစ္ရက္စီ
သြားခိုင္းတာမ်ိဳး။ ဖုန္းေလးနဲ႔ေတာ့ ဆက္သြယ္လို႔ ရေပမယ့္ နီးရက္နဲ႔ေဝးေနရတဲ့ သူတို႔ေတြေလ။


ဟြန္႔!...လူႀကီးေတြ မေကာင္းဘူး တအားဆိုးတယ္။ သူ ယေသာ္ကို လြမ္းလွပါၿပီဆို။ သူ႔ရဲ႕ႏႈတ္ခမ္းေလးေတြေကာ သူ႔ရဲ႕အထိအေတြ႕ေတြကိုေရာ မခံစားရတာ ဘယ္ေလာက္ၾကာၿပီလဲ ။


"ေမေမ ရယ္ သမီးကို တံခါးဖြင့္ေပးပါ။ ဒီဒီကို သြားမေတြ႕ရတာ တစ္ပတ္ေတာင္ ေက်ာ္ေနၿပီေလ။ ေမေမရယ္ လုပ္ပါ။ ေဖေဖ! ေဖေဖ့မိန္းမကို ၾကည့္ေျပာဦးေလ"


"ငါလည္း မင္းအေမကို မႏိုင္ဘူးေလကြာ"


"ဘာေတြ စကားေတြမ်ားေနတာလဲ ယေသာ္ နင္တို႔ေတြ ကိုယ္အျပစ္ကို ဆင္ျခင္ၿပီးမွ ျပန္ေတြ႕ခြင့္ရမယ္ ဒါပဲ"


သူ႔အေမက ေဟာက္လိုက္ေတာ့ ယေသာ့္တို႔ အသံတိတ္သြားသည္။ သို႔ေပမယ့္ ၿငိမ္သြားတာအေကာင္းမဟုတ္ စိတ္ထဲ ႀကိတ္ၾကံေနတာေလ။


'ဟက္ ေမေမတို႔က ေကာင္းေကာင္းေျပာတုန္း လက္မခံဘူးေပါ့ေလ။ ဒါဆိုေတာ့လည္း နည္းလမ္းေဟာင္းကို ျပန္သံုးရေတာ့မွာေပါ့ ေမေမရယ္။


♡♡♡


"ဟယ္လို သီသီ... အိမ္က သမီးတစ္ေကာင္ အခန္းထဲကေန ေပ်ာက္ခ်င္းမလွေပ်ာက္သြားလို႔ အဲ့တာ သီသီတို႔ သမီးေလး မဒီေကာ ရွိေသးလားလို႔ လွမ္းေမူတာ"


"အမေလး ေမးမေနပါနဲ႔ လဲ့ေရ အိမ္က သမီးေတာ္လည္း သူ႔မိန္းမေနာက္ ပါသြားၿပီ အိမ္မွာ မရွိေတာ့ဘူး"


"ဟယ္ေတာ့ ဟားဟား... ဒီကေလးေတြကေတာ့ တကယ္ မႏိုင္စိန္ေတြပဲ"


"ဟုတ္ပါ့ .... ဟုတ္ပါ့"


ေဒၚရႊန္းလဲ့က ဖုန္းခ်ၿပီးေနာက္ ဦးထြန္းေက်ာ္ေဝကို ဘုၾကည့္ၾကည့္ကာ


"မွန္မွန္ေျပာစမ္း ဒါရွင့္စနက္ေတြမလား"


"အို ၾကံႀကီးစီရာ မင္းသမီးက ဘယ္ေလာက္လည္လဲဆိုတာ မဂၤလာဦးညမွာ ေပ်ာက္သြားကတည္းက မသိတာၾကလို႔"


"ဟြန္႔! ဒါဆိုလဲ ၿပီးတာပဲ"
ေဒၚရႊန္းလဲ့က အိပ္ခန္းထဲ ဝင္သြားခ်ိန္ ဦးထြန္းေက်ာ္ေဝကပါ လိုက္လာၿပီး။


"ရွင္! ရွင္ ကၽြန္မအခန္းထဲ ဘာဝင္လုပ္တာလဲ"


"အုိ...လဲ့ရယ္ ကိုတို႔လဲ ၿငိမ္းခ်မ္းေရးယူလက္စနဲ႔ တစ္ခါတည္း ျပန္ေပါင္းၾကရင္ မေကာင္းဘူးလား"


"မေကာင္းဘူး! ထြက္သြား!"


___________________________________


Unicode


မေမေတို့အိမ်မှာ လူတွေအကုန်ရောက်တုန်း သူက ဒီဖက်အိမ်ကို ထွက်လာခဲ့လိုက်သည်။ ယသော့်ကို 'ငါ့ဘဝထဲက အပြီးအပိုင်ထွက်သွားလို့' ပြောခဲ့တဲ့ ဒီနေရာမှာပဲ သူ့ရဲ့ ဘဝကိုလည်း အဆုံးသတ်လိုက်ဖို့ ပြင်နေမိသည်လေ။


"တောင်းပန်ပါတယ် ယသော်။ ခဏလေးနေရင် ငါနင့်နောက်ကို လိုက်လာတော့မှာ အဲ့ကျမှ မျက်နှာချင်းဆိုင်ပြီး ငါ့အမှားတွေအတွက် သေချာပြန်တောင်းပန်ပါ့မယ်"


မဒီခေတ်က ဓားလေးကို လက်ကောက်ဝတ်ပေါ် တင်လိုက်လေသည်။
"နင်မရှိမှတော့ ငါ့ဘဝက သေသွားတာနဲ့ ဘာခြားတော့မှာလဲ" ဆိုပြီး နင့်အသက်နဲ့ ခြိမ်းခြောက်ခဲ့ဖူးတဲ့ ဒီဓားလေးကို အခုတော့ ငါလည်း နင်မရှိတဲ့ဘဝမှာ မနေနိုင်တာမို့ ပြန်ပြီးအသုံးချရတော့မယ်လေ။


မဒီခေတ်က မျက်စိစုံလုံး မှိတ်လို့ ဓားကို လွဲချလိုက်တော့၏။ သူ့ရဲ့လက်ကောက်ဝတ်မှာ သွေးတွေ စိုရွဲလာတာကို ခံစားလိုက်ရပြီလေ။ ဒါပေမယ့် ထူးဆန်းတယ် နာလွန်းလို့ထုံသွားတာလား နာကျင်မှုကို သိပ်မခံစားလိုက်ရသလိုပဲ။


"ဟယ် သမီးလေး မလုပ်နဲ့လေ"


"မလုပ်နဲ့ မဒီ!"


"ဟာ ... သမီး!!!"


နားထဲမှာ ဖေဖေ မေမေ ကိုကို တို့ရဲ့ အားဟစ်တကြီး တားမြစ်သံကို ကြားနေရသည်။ အားလုံးကို တောင်းပန်ပါတယ် သမီး ယသော်နောက်ကို လိုက်သွားတော့မယ်နော်။


"မဒီ!!! မဒီ!"


သူ့ကို ကိုင်ဆွဲလှုပ်လာကြသည့်မို့ မျက်လုံးဖွင့်ကြည့်မိလိုက်သည်။ ဟမ်... သတိက ဘာလို့ အခုထိ မမေ့သေးရတာလဲ။ သူ... သူ့ရဲ့ လက်ကောက်ဝတ်ကို ကယောင်ကတမ်း ပြန်ကြည့်လိုက်တော့ လက်မှာ သွေးတွေချင်းချင်းနီနေပေမယ့် ဘာဒဏ်ရာမှ ရှိမနေခဲ့ပါဘူးလေ။


"ကြံကြီးစီရာ သမီးရယ် ဘာဖြစ်လို့ ဒီလိုမိုက်မိုက်ကန်းကန်းတွေ လုပ်ဖို့ စဉ်းစားရတာလဲ။ တစ်ခုခု ဖြစ်သွားရင် မေမေ့တို့ ရင်ကျိုးမှာကို မတွေးမိဘူးလား ဟမ်! ယသော်လေးလဲ ဝမ်းနည်းနေမှာပေါ့ သမီးရဲ့"


သူ့ကို ပြောပြောပြီး ငိုနေသည့် မေမေစကားတွေကို နားမဝင်နိုင်ဘဲ စိတ်ထဲမှာ မရှင်းလင်းဘူးဖြစ်နေတယ်။ သူသေချာပေါက် ဓားနဲ့လည်းဖြတ်ချလိုက်တယ်။ သွေးတွေလည်း ထွက်လာပါတယ်။ ဒါပေမယ့် ဘာဒဏ်ရာမှ မရဘူးဆိုတော့


"ဒီဒီ!"


ဟမ်! အခု...သူ့နားထဲမှာ ယသော်ရဲ့ အသံကို ကြားလိုက်ရတာလား။


"ဒီဒီ! ငါ ဒီမှာလေ ဒီဒီ"


ဟော...ထပ်ကြားရပြန်ပြီ...


သူ့ရဲ့ဘေးဘီကို လှည့်ကာကြည့်လိုက်ချိန်တော့ သွေးထွက်နေသည့် လက်ဖမိုးအား နောက်လက်တစ်ဖက်နှင့် အုပ်ထားလေသည့် ယသော်က သူ့ကိုပြုံးပြနေခဲ့ပါသည်လေ။


"ယ...ယသော်! တကယ် ယသော်လား?"


"ဟုတ်တယ်လေ သမီးမဒီရဲ့။  သမီးလေး ယသော်က တကယ်သေသွားတာမဟုတ်ဘူး။ အန်တီတို့တွေ လူမှားပြီး သဂြိုလ်ခဲ့ကြတာတဲ့လေ"


အန်တီရွှန်းလဲ့ရဲ့ စကားကို ကြားပြီးနောက်တော့ မဒီခေတ်တို့ ခေတ္တလောက် မတုန်မလှုပ် ဖြစ်သွားလေတော့၏။ ယသော့်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့သာ တွေတွေကြီး ရပ်ကြည့်နေရင်း နောက်တော့ သူအားဆွဲထားကြသည့် ဖေဖေ မေမေတို့ လက်ထဲမှ ထွက်လာပြီး ယသော့်ဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ အနားလဲ ရောက်ရော...


"ဖြန်း!!! ဖြန်း!!!" ယသော့်ပါးကို ဘယ်ပြန်ညာပြန် ဆင့်ရိုက်လိုက်သည့် မဒီခေတ်ကြောင့် အကုန်လုံးလဲ ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြ၏။
မဒီခေတ်ကတော့ အားရပါးရရိုက်ပြီးသွားမှပဲ သူ့ရှေ့က ယသော့်အား လွှတ်သွားမတတ် တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်လေတော့တယ်လေ။။


"နင့်ကြောင့် ငါဘယ်လောက်ထိ ခံစားခဲ့ရလဲ။ နင်မသေသေးဘူး ဆိုရင်လဲ ဘာလို့စောစော ပြန်မလာခဲ့ရတာလဲ ဟမ်။ နင့်ကြောင့် ငါ့ဒီမှာ ရူးတော့မလို့လေ ကိုယ်ကိုယ်ကိုတောင် သတ်သေမိတော့မလို့ သိရဲ့လား"


"ငါတောင်းပန်ပါတယ် ဒီဒီရယ်။ ငါ့အမှားတွေပါ ငါ့ဖက်က ဒီထပ်ပိုစောပြီးရောက်လာအောင် ကြိုးစားခဲ့ရမှာကို တောင်းပန်ပါတယ်"


"ဟင့်အင်း... မတောင်းပန်နဲ့ ခွင့်မလွှတ်ဘူး။ ငါ့ကို အမျိုးမျိုးခံစားရအောင်လုပ်တဲ့ နင့်ကို လုံးဝခွင့်မလွှတ်ဘူး။ လွှတ်! ငါနင်နဲ့လဲ မပေါင်းတော့ဘူး ကွာရှင်းပစ်မှာ။ ပြီးရင် ကတုံးတုံးပြီး သီလရှင်ဝတ်ပစ်တော့မှာ။ ဟင့် ငါနင့်ကို အရမ်းမုန်းတယ် သွား! လူဆိုးမကြီး"


"အော်...ဒီဒီရယ်~~~"


သွားဆိုပြီး ရင်ခွင်ထဲက တစက်မထွက်သည့် မဒီခေတ်... ယသော်ဖက်က ဒီဒီရယ်လို့ ပြောလာရုံနဲ့တင်...


"ဟင့် လူဆိုးမကြီး ငါ့နားက နောက်တစ်ခါ ထပ်ထွက်သွားဦးမှာလား ။ ငါ့ဖက်က ထွက်သွားခိုင်းရင်တောင်  တကယ်ထွက်သွားဦးမှာလားလို့"


"မသွားတော့ပါဘူးဒီဒီရယ် ငါနင့်နားက ဘယ်ကိုမှ ထွက်မသွားတော့ပါဘူး"


လူကြီးတွေမှာလည်း သူတို့နှစ်ယောက်ကို ကြည့်ပြီး ငိုရမလိုလို ရယ်ရမလိုလိုပဲလေ။ သေသွားပြီထင်ပြီး ငိုလိုက်ရတာ ပြီးမှ အလတ်ကြီး ပြန်ပေါ်လာတဲ့ ယသော့်ကို ဖြစ်နိုင်ရင် မဒီခေတ်လေးလို ပါးတွေဘယ်ပြန်ညာပြန် သွားချလိုက်ချင်တော့သည်။


♡♡♡


အထင်လွဲစရာတွေ ဖြစ်ကုန်ရတဲ့ အကြောင်းရင်းကတော့ ယသော်တစ်ယောက် အဲ့နေ့ညက သူ့အဖွားတွေရှိတဲ့ မေမြို့ကို လိုက်သွားရာကစသည်။ လမ်းမှာ  ကားခဏရပ်ပြီး အောက်ဆင်းတုန်း အင်္ကျီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ပြုတ်ကျခဲ့တော့ တွေ့တဲ့လူက ကောက်ယူလိုက်တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့နေ့ accident ဖြစ်ခဲ့တဲ့ ကားမောင်းသူက ယူသွားမိချင်းပေါ့။ တိုကဆိုင်တာမှ ကားအမျိုးအစားကလည်းတူ ယသော့်လိုရွယ်တူ မိန်းကလေးကလည်းဖြစ် အလောင်းကလည်း မသဲကွဲတော့တာမို့ ကျန်ရစ်အထောက်အထားပစ္စည်း ဖြစ်သည့် ယသော့်ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်နဲ့ တိုက်ပြီးပဲ ယသော့်ကို သေပြီလို့ သတ်မှတ်လိုက်ကြတာလေ။


တိုက်တိုက်ဆိုင်ဆိုင် ယသော်ရဲ့ ဖုန်းကလည်း ရေထဲကျပြီး ပြုတ်ကျသွားလို့ အဆက်အသွယ်လုပ်လို့လဲ မရခဲ့ပဲ။ အဲ့လိုတွေကနေ တခြားလူကို ယသော်ပါဆိုပြီး မီးသဂြိုလ်ပေးလိုက်ရသည်ထိ ဖြစ်သွားခဲ့တာပေါ့။


ဟိုမှာရှိနေတဲ့ သူတို့အဖွားကို  အန်တီရွှန်းလဲ့က အမေ့မြေးတော့ ဆုံးပြီလို့ လှမ်းအကြောင်းကြားတော့လဲ သူ့ရှေ့မှာ သက်ရှိထင်ရှားရှိနေသည့် မြေးမကိုတောင် သေတယ်လို့ လှမ်းနောက်ရလားဆိုပြီး စိတ်ဆိုးဆိုးနဲ့ ဖုန်းချပစ်တာ။ သဂြိုလ်မဲ့မနက်မှ သူ့အဖွားက ယသော့်ကို ပြောပြခဲ့ဖြစ်လို့ ယသော်တို့ အဲ့နေ့ချက်ချင်းပဲ ကားစီးပြီး လိုက်လာခဲ့ချင်းဖြစ်ချင်းလေ။


အဲ့တော့ ယသော်က ကံကောင်းထောက်မစွာနဲ့ပဲ သူ့ဘေးနားကို ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပြီ။ ဒါပေမယ့် အခုကျ အရှင်လတ်လတ်ကြီး ခွဲနေရတဲ့အဖြစ်။


လူကြီးတွေက နင်တို့တွေ ထင်ရာဆိုင်းလုပ်တက်လွန်းလို့ မှတ်လောက်သားလောက်အောင် တစ်လတိတိ ခွဲထားမယ်ဆိုပြီး။ သူ့ကို မေမေတို့က အိမ်ထဲကအိမ်ပြင် မထွက်ခိုင်းသလို ယသော့်ကိုလည်း သူ့အိမ်က အဲ့လိုပဲ။ ကျောင်းလွှတ်ရင်လဲ တစ်ယောက် တစ်ရက်စီ
သွားခိုင်းတာမျိုး။ ဖုန်းလေးနဲ့တော့ ဆက်သွယ်လို့ ရပေမယ့် နီးရက်နဲ့ဝေးနေရတဲ့ သူတို့တွေလေ။


ဟွန့်!...လူကြီးတွေ မကောင်းဘူး တအားဆိုးတယ်။ သူ ယသော်ကို လွမ်းလှပါပြီဆို။ သူ့ရဲ့နှုတ်ခမ်းလေးတွေကော သူ့ရဲ့အထိအတွေ့တွေကိုရော မခံစားရတာ ဘယ်လောက်ကြာပြီလဲ ။


"မေမေ ရယ် သမီးကို တံခါးဖွင့်ပေးပါ။ ဒီဒီကို သွားမတွေ့ရတာ တစ်ပတ်တောင် ကျော်နေပြီလေ။ မေမေရယ် လုပ်ပါ။ ဖေဖေ! ဖေဖေ့မိန်းမကို ကြည့်ပြောဦးလေ"


"ငါလည်း မင်းအမေကို မနိုင်ဘူးလေကွာ"


"ဘာတွေ စကားတွေများနေတာလဲ ယသော် နင်တို့တွေ ကိုယ်အပြစ်ကို ဆင်ခြင်ပြီးမှ ပြန်တွေ့ခွင့်ရမယ် ဒါပဲ"


သူ့အမေက ဟောက်လိုက်တော့ ယသော့်တို့ အသံတိတ်သွားသည်။ သို့ပေမယ့် ငြိမ်သွားတာအကောင်းမဟုတ် စိတ်ထဲ ကြိတ်ကြံနေတာလေ။


'ဟက် မေမေတို့က ကောင်းကောင်းပြောတုန်း လက်မခံဘူးပေါ့လေ။ ဒါဆိုတော့လည်း နည်းလမ်းဟောင်းကို ပြန်သုံးရတော့မှာပေါ့ မေမေရယ်။


♡♡♡


"ဟယ်လို သီသီ... အိမ်က သမီးတစ်ကောင် အခန်းထဲကနေ ပျောက်ချင်းမလှပျောက်သွားလို့ အဲ့တာ သီသီတို့ သမီးလေး မဒီကော ရှိသေးလားလို့ လှမ်းမေူတာ"


"အမလေး မေးမနေပါနဲ့ လဲ့ရေ အိမ်က သမီးတော်လည်း သူ့မိန်းမနောက် ပါသွားပြီ အိမ်မှာ မရှိတော့ဘူး"


"ဟယ်တော့ ဟားဟား... ဒီကလေးတွေကတော့ တကယ် မနိုင်စိန်တွေပဲ"


"ဟုတ်ပါ့ .... ဟုတ်ပါ့"


ဒေါ်ရွှန်းလဲ့က ဖုန်းချပြီးနောက် ဦးထွန်းကျော်ဝေကို ဘုကြည့်ကြည့်ကာ


"မှန်မှန်ပြောစမ်း ဒါရှင့်စနက်တွေမလား"


"အို ကြံကြီးစီရာ မင်းသမီးက ဘယ်လောက်လည်လဲဆိုတာ မင်္ဂလာဦးညမှာ ပျောက်သွားကတည်းက မသိတာကြလို့"


"ဟွန့်! ဒါဆိုလဲ ပြီးတာပဲ"
ဒေါ်ရွှန်းလဲ့က အိပ်ခန်းထဲ ဝင်သွားချိန် ဦးထွန်းကျော်ဝေကပါ လိုက်လာပြီး။


"ရှင်! ရှင် ကျွန်မအခန်းထဲ ဘာဝင်လုပ်တာလဲ"


"အို...လဲ့ရယ် ကိုတို့လဲ ငြိမ်းချမ်းရေးယူလက်စနဲ့ တစ်ခါတည်း ပြန်ပေါင်းကြရင် မကောင်းဘူးလား"


"မကောင်းဘူး! ထွက်သွား!"

Comment