Not A Fiction, it's my LIFE 7


(Unicode)

"စားကောင်းရဲ့လား သမီး"

"ဟုတ်ကဲ့ အရမ်းကောင်းတယ် အန်တီ"

မေမေ ကတော့ အစ်မ ကို အတော်သဘောကျနေပုံ ပေါ်သည် ဟင်းထည့်ပေးလိုက် စကားစမြည်လေး ပြောလိုက်ဖြင့်ပင်။

"တိမ်လွှာ ကို ဟင်းချက်သင်ပေးပါ့လား အန်တီ
တိမ်လွှာ မေမေ ရှိတုန်းက ငယ်သေးတော့ နည်းနည်းပဲ သင်ခဲ့ရတယ် အခွင့်အရေးမရှိတာနဲ့ မသင်ဖြစ်ခဲ့ဘူး"

ဒီလို ပြောတော့ မေမေ ဟာ အပြုံးပန်းဝေဆာ စွာဖြင့်

"သင်ပေးမှာပေါ့ သင်ပေးမှာ နန်းငယ် ဆိုလေ သင်ပေးပါ့မယ် သင်ပါ ဆိုတာကို ဝါသနာမပါဖူး ဆိုပြီး မီးဖို ချောင်ဖက်ကို ခြေဦးတောင်မလှည့်ဖူး"

အစ်မ က မေမေ့ စကားဆုံးတာနဲ့ ကိုယ့်ဖက် လှည့်ကာ ဟုတ်လား လို့ ခပ်ပြုံးပြုံး ဖြင့် ပြောလေတော့

"မေမေ ကလည်း နန်းငယ် နည်းနည်းတော့ ချက်တတ်ပါတယ်"

"ဘာ ချက်တတ်တာလဲ ပြောပါဦး ကြက်ဥ ကြော် ဆိုတာကို ဆီမထည့် ပဲ ကြော်တာ ဘယ်သူတုန်း"

"ခွီး"

အစ်မ က ရီချင်စိတ်ကို ထိမ်းထားရင်းကနေ ရီသံက ခွီး ခနဲ နေအောင်ထွက်ကြလာလေသည်

"အစ်မ"

ခပ်ဆပ်ဆပ် ခေါ်တော့ ဖေဖေ က

"ဟေး သူများရီတာ ကို စိတ်ကောက်မယ် မကြံနဲ့နော်
နန်းငယ် အဖြစ်က ရီချင်စရာကောင်းတာကိုး"

လို့ ပြောရင်း သုံးယောက်သား တဟားဟား အော်ရီကြလေတော့သည် ကိုယ်သည်လည်း စူပုတ်နေတဲ့ မျက်နှာထားဖြင့်သာ ထမင်းဆက်စားနေလိုက်တော့သည်။

"မေမေ တို့က တကယ်ပါပဲ" လို့လည်း ခပ်တိုးတိုးပြောလိုက်သေးသည်။

************

"နန်းငယ် အခုဏက စိတ်ဆိုးသွားတာလား"

အစ်မ က ထိုစကားကို အခန်းအတွင်းသို့ ရောက်မှ အလျင်စရာမေး လာလေသည်

"မဆိုးပါဘူး မေမေတို့ဆိုသည်မှာ သူ့သမီးအကြောင်း ဖောက်သည် ချချင်တာနဲ့ အစ်မ နဲ့တွေ့တာနဲ့ အန်ကိုက်ဖြစ်သွားတာပဲ"

"အင်း" အစ်မ က အင်း လို့သာပြောပေမဲ့ ကိုယ် ပြောတဲ့ စကားကို တခစ်ခစ် ရီနေတုန်းပဲ။

"ဒါနဲ့လေ" ရီသံကို သေချာထိမ်းကာ

"နန်းငယ် ဆွဲပေးထားတဲ့ အန်တီ့ ရဲ့ ပုံက တကယ် တူတာပဲ အခုဏက ဧည့်ခန်း ထဲမှာ အန်တီ နဲ့အဲ့ဒီ့အကြောင်း ပြောနေသေးတယ်"

"ထမင်းစားဝိုင်းမှာ ‌ဒီအကြောင်း မေမေ မပြောတော့ မေ့လောက်ပြီ ထင်နေတာ သူက ရောက်ရောက်ချင်း ပြောထားတာကိုး"

"အင်း"

"မေမေကလည်း အဲ့ဒီ့ပုံကို သိပ်သဘောကျနေတာ"

"အစ်မ လည်း သိပ်သဘောကျတာပဲ နန်းငယ် ကို"

ဒီစကားအား ကလေးမ ရဲ့ မျက်၀န်းထဲ စိုက်ကြည့်ကာ ပြောတော့ ရဲတတ်လာတဲ့ ပါးဖောင်းဖောင်းက အသည်းယားဖွယ် အတိ။

ကုတင်ပေါ် တင်ပျဉ်ချိတ် ကာ ထိုင်နေတဲ့ ကလေးမ အား စေ့စေ့ကြည့်ကာဖြင့်

"အစ်မ လည်း သဘောကျတယ် လို့ နန်းငယ် တစ်ခုခုပြောဦးလေ"

"ဘာပြောရမှာလဲ အစ်မ ရာ"

နန်းငယ် က ဂုတ်ကို လက်ဖြင့်ပွတ်ရင်း ခေါင်းစိုက်ကာ ခပ်တိုးတိုး ဆိုလာလေတယ်။

စာရေးစားပွဲ က ခုံမှ ထ ကာ နန်းငယ် ဘေး ၀င်ထိုင်ပြီး
မျက်နှာ ကို အသာ ဆွဲ မ တော့ အလိုက်သင့် ပါလာတဲ့ ကလေးမ အား

"အစ်မ နမ်းမယ်နော်"

ခွင့်တောင်းသလို ပြောလာတဲ့ အစ်မ ကို ရီချင်ပေမဲ့
ဒီအချိန် ရီ လို့မဖြစ်ပေ။ ဘယ်နှယ့် စာရေးဆရာမ ဖြစ်ပြီး ဒါလေးတောင် အလိုက်မသိ မေးနေသေးတယ်။

"နန်းငယ် လို့"

"နမ်းလို့ရတယ်"

ထို စကားအဆုံးမှာတော့ နီးစပ်လာတဲ့ မျက်နှာ နှစ်ခုရယ် ထိတွေ့သွားတဲ့ နှုတ်ခမ်း တစ်စုံရယ် မှိတ်ချလိုက်တဲ့ မျက်၀န်းတွေ ပါးပြင်ကို ထိတွေ့လာတဲ့ အစ်မ ရဲ့ လက်နဲ့ ကုတင်ပေါ်ကို ထောက်ထားတဲ့ နန်းငယ်ရဲ့ လက်ချောင်းတွေကြား တိုး၀င်လာတဲ့ နောက်လက်တစ်ဖက်...

"နန်းငယ်"

ရဲတွတ်နေတဲ့ နှုတ်ခမ်း တစ်စုံဟာ ထပ်ပြီး ထပ်ပြီး ထိတွေ့ချင်စရာကောင်းလှသည်
ရှိုက်သံသဲ့သဲ့နဲ့အတူ နန်းငယ် လို့ ခပ်တိုးတိုး ခေါ်လာတဲ့ အစ်မ ကို သိပ်ချစ်ရပါသည်

"နန်းငယ် အသက်မြန်မြန်ပြည့်မှပဲ"

အစ်မ က စကားဆုံးတော့ အောက်နှုတ်ခမ်း တစ်ချက်ကိုက် လိုက်သည်

ဒါ ဘယ်လို အပြုအမူမျိုးပါလဲ

"နန်း နန်းငယ် အိပ်ချင်ပြီ အစ်မ"

တုန်ရီစွာထွက်လာတဲ့ စကားသံတွေက ရင်ဘက်ထဲက တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးသံကြောင့်လည်း နှုတ်ခမ်းချင်း ကြာရှည်စွာ ပူးကပ်မိတဲ့ အတွက် မောဟိုက်ကာ တုန်ရီလာခြင်းကြောင့်လား။

"အိပ်ကြတာပေါ့"

နဖူးကို ခပ်ဖွဖွ နမ်းပြီးတဲ့ အဆုံးမှာ ရင်ခွင်ထဲ ဆွဲသွင်းခဲ့သည့် အစ်မ

ခုန်နေတဲ့ နှလုံး သံဟာ ပုံမှန်ဖြစ်သွားသလို
မောဟိုက်မှုတွေလည်း မရှိတော့

"ချစ်တယ်" လို့ အပြန်အလှန်ဆိုပြီးချိန်မှာတော့
အိပ်စက်ခြင်းသို့သာ။

****************

"ပြန်ရောက်ပြီလား နောက်ကျလိုက်တာ မနက်ပြန်ရောက်မယ် ထင်တာ နေ့လည်ထိ နေခဲ့တာလား"

"ခင်ဗျားနဲ့မဆိုင်ပါဘူး"

ဧည့်ခန်း ကနေ အဖြတ် ရွံ့မုန်းရသည့် ထိုမိန်း နဲ့ဆုံသည်
ကျွန်မ ကို စောင့်နေသည့်ပုံပင်
သို့ပေမဲ့ သောက်ဂရုမစိုက်နိုင်!

အခန်းတံခါးကို ဖွင့်၀င်မယ် လုပ်ချိန် ထို မိန်းမ ရဲ့ လက် များ က ဆုပ်ကိုင်လာသည်

"လွှတ်"

"စကားပြောရအောင်"

"ပြောစရာမရှိဘူး ငါ့ကိုလွှတ်"

"ရည်းစားရှိနေပြီမလား သူ့ဆီကို သွားခဲ့တာမလား"

ထိုမိန်းမကို စူးရဲစွာ ပြန်ကြည့်မိသည်

"ငါ့အခန်းထဲကို မသိအောင် ၀င်ထားပြန်ပြီလား"

"သန့်ရှင်းရေးလုပ်ပေးတာပါ"

"ဆင်ခြေမပေးနဲ့ ပြီးတော့ ငါရည်းစားထားတာ ခင်ဗျား သောက်လုပ်မဟုတ်ဘူး ဝေးဝေးမှာနေ"

ဒီမိန်းမ အတွက် ‌ကျွန်မ မှာ လေးစားမှုဆိုတာ မရှိတော့။

"ဒို့ က မင်း အဖေ နဲ့ယူထားတဲ့ မင်း အမေ နော်"

"မိထွေးပါ မိထွေးလို့တောင် ခေါင်းစဉ်တပ်လို့ရပါ့မလားဟမ်! ကိုယ့်ကိုကိုယ်လည်း ပြန်စဉ်းစားကြည့်ဦး"

"ဘယ်လိုပဲဖြစ်နေ ငါက မင်းရဲ့ အုပ်ထိမ်းသူပဲ"

"ငါ့ အသက် ၂၀ ကျော်ပြီ ကိုယ်ရေးကိုယ်တာကို ၀င်မစွက်ဖတ်နဲ့"

"၀င်စွက်ဖက် မယ်ဆိုရင်ရော"

မုန်းသည် သတ်ပစ်ချင်လောင်အောင် မုန်းသည်
ထို မိန်းမ နဲ့ တစ်အိမ်ထဲ နေနေ ရတာကြီးကို လည်း မုန်းတယ်!!!

"ငါ့အကြောင်း သိမှာပါ"

အခန်းတံခါးကို ဒုန်း ခနဲ မြည်အောင် ပိတ်ပစ်လိုက်သည် ရေချိုးခန်းထဲ၀င်၍ ထိုမိန်းမ ကိုင်ခဲ့သော လက်ကို ဆပ်ပြာဖြင့် အကြိမ်ကြိမ် ဆေးချမိနေတော့သည်

ပျော်ခဲ့သမျှ အပျော်တွေကို ထိုမိန်းမ က ချက်ချင်းဖျက်ဆီး ပစ်လိုက်လေသည်။

ဒီလိုပါပဲ ဒီမိန်းမ က တိမ်လွှာလွင် ဆိုတဲ့ ကျွန်မ ဘ၀ ထဲကို ရောက်လာကတည်းက အရာရာကို ဖျက်ဆီးပစ်ခဲ့တာပဲ။

နန်းငယ် ကို ပြန်ရောက်ကြောင်း စာ ပို့ပြီးချိန်တွင် အတွေးများက နယ်ချဲ့လာ‌လေသည်

************
ပုဂံနယ်မြေ ကားတစ်စီး မေမေဆုံးပြီး ကတည်းကဘယ်ကိုခရီးမထွက်ဖြစ်ခဲ့တော့တဲ့ သူမ ဇွတ် အတင်း ခေါ်ခဲ့တဲ့ ဖေဖေ

"သမီး ရယ် သွားရအောင်ပါ ဆယ်တန်းလည်း ပြီးတုန်း ဖေဖေ လည်း အားတုန်း သုံးရက် အိပ်ပါပဲ သွားမယ်မလား"

ဖေဖေ က ဒီခရီးစဉ် ကို အတော်သွားချင်ပုံရသည်

မေမေ ဆုံးပြီးကတည်းက အပြင်မထွက်တော့တဲ့ ကျွန်မ ကို စိတ်ပြေလက်ပျောက် သွားစေချင်ပုံပင်။

"အင်းပါ ဖေဖေ ရယ် သွားကြတာပေါ့"

ဒီလိုနဲ့ပင် ပုဂံ နယ်မြေ ကို မေမေ မပါပဲ ထိတွေ့ခဲ့ရလေသည်။

နှစ်တိုင်း မေမေ နဲ့အတူ ပုဂံ ခရီးစဉ်ဆိုတာက မပါမဖြစ် ခရီးစဉ်တစ်ခု အခုတော့ မေမေ မပါ သားအဖ နှစ်ယောက်သာ ရောက်လာခဲ့တဲ့ ပုဂံနယ်မြေကတော့ မပြောင်းလဲပဲ အရင်လိုပင်။

"ဟော ရောက်လာကြပြီလား"

ဖေဖေ က မိုတယ် မှာမနေပဲ သူ့ အသိတစ်ယောက် ရဲ့ အိမ်မှာ ပဲ တည်းကြမယ် ပြောတော့ ခေါင်းငြိမ့်ခဲ့မိလေသည်။

ခပ်ငယ်ငယ် အမျိုးသမီးတစ်ယောက်က ဧည့်၀တ်ပြူငှာ ကာ ကြိုဆိုနေပုံထောက်ရင် ဒီအမျိုးသမီး က ဖေဖေ့ အသိ ဖြစ်ရမည်။

"ဒါ ဦး၀င်း သမီးလေးပေါ့ အလှလေးပဲ"

ငါထင်တာ မလွဲဟု လည်း တွေးကာ ထို အမျိုးသမီးအား ပြုံးပြမိလိုက်သည်။

"အမေ တူ သမီးလေ" လို့ ဖေဖေ က ပြောလေတော့

"ဟုတ်လား"

ခပ်တိုးတိုး ရွတ်ရင်း ထိုအမျိုးသမီး ဟာ အနားကပ်လာသည်

"တကယ် အမေ တူလေးပဲ နှုတ်ခမ်းလေးတွေက မမ နဲ့ ချွတ်စွတ်ပဲ"

သူဟာ မေမေ နဲ့ တွေ့ဖူးလေသလား

"မင်း မေမေ နဲ့က ပွဲတစ်ခု တတ်ရင်း တွေ့ဖြစ်ခဲ့ကြတာလေ"

အတွေးတွေကို ဖတ်များဖတ်တတ်နေလေသလား။

"ကဲကဲ အိမ်ထဲ၀င်ပါဦး အပြင်ကြီးမှာ အားနာစရာဖြစ်သွားတယ်"

ထို အမျိုးသမီး က အနားမှ ခွာ ကာ အထုပ်တွေ ကို ဘေးက ကောင်လေးကို ယူ ခဲ့ဖို့ပြောရင်း အထဲ ကို ၀င်ခိုင်းလေသည်။

"လွတ်လွတ်လပ်လပ်နေကြနော် အိမ်မှာ ၀တ်ရည် ရယ် အခုဏ က အိမ်အလုပ်လုပ်ပေးတဲ့ ကောင်လေးရယ် ထမင်းချက် အဒေါ်ကြီးရယ်ပဲရှိတယ် မေမေ တို့က မန်းလေး သွားကြတယ်"

"ဟုတ်လား အလည်သွားကြတာလား"

"မဟုတ်ဘူး ဦး၀င်း ရဲ့ အဲ့မှာပဲ အခြေချကြမလို့တဲ့ ၀တ်ရည် က တော့ ပုဂံမြေကို ပဲ ကြိုက်တယ် အဲ့ဒါကြောင့် အချေအတင် တွေ ဖြစ်ခဲ့ကြပေမဲ့ သူတို့ က လူကြီးတွေလေ ဘယ်တတ်နိုင်မလဲ သူတို့လုပ်ချင်ရာ လုပ်ကြတာ"

ခပ်ဟဟ ရီရင်း ပြောလာတဲ့ ထို အမျိုးသမီးက မိဘတွေရဲ့ မေတ္တာကို ကောင်းကောင်းမရခဲ့သည့် ပုံပင်။

သူတို့ လုပ်ချင်ရာ လုပ်ကြတာ ဆိုတဲ့ စကားဟာ သူ့ မိဘတွေ တင်မဟုတ်ပဲ သူ့ကိုပါ ဆိုလို ခြင်း ဖြစ်မည် ‌ဆိုတာ ကိုတော့ နောက်ကျမှ သိခဲ့ရလေသည်။

***********************

words 1604
Lien
13.10.2021

(Zawgyi)

(Unicode)

"စားေကာင္းရဲ႕လား သမီး"

"ဟုတ္ကဲ့ အရမ္းေကာင္းတယ္ အန္တီ"

ေမေမ ကေတာ့ အစ္မ ကို အေတာ္သေဘာက်ေနပုံ ေပၚသည္ ဟင္းထည့္ေပးလိုက္ စကားစျမည္ေလး ေျပာလိုက္ျဖင့္ပင္။

"တိမ္လႊာ ကို ဟင္းခ်က္သင္ေပးပါ့လား အန္တီ
တိမ္လႊာ ေမေမ ရွိတုန္းက ငယ္ေသးေတာ့ နည္းနည္းပဲ သင္ခဲ့ရတယ္ အခြင့္အေရးမရွိတာနဲ႕ မသင္ျဖစ္ခဲ့ဘူး"

ဒီလို ေျပာေတာ့ ေမေမ ဟာ အၿပဳံးပန္းေဝဆာ စြာျဖင့္

"သင္ေပးမွာေပါ့ သင္ေပးမွာ နန္းငယ္ ဆိုေလ သင္ေပးပါ့မယ္ သင္ပါ ဆိုတာကို ဝါသနာမပါဖူး ဆိုၿပီး မီးဖို ေခ်ာင္ဖက္ကို ေျခဦးေတာင္မလွည့္ဖူး"

အစ္မ က ေမေမ့ စကားဆုံးတာနဲ႕ ကိုယ့္ဖက္ လွည့္ကာ ဟုတ္လား လို႔ ခပ္ၿပဳံးၿပဳံး ျဖင့္ ေျပာေလေတာ့

"ေမေမ ကလည္း နန္းငယ္ နည္းနည္းေတာ့ ခ်က္တတ္ပါတယ္"

"ဘာ ခ်က္တတ္တာလဲ ေျပာပါဦး ၾကက္ဥ ေၾကာ္ ဆိုတာကို ဆီမထည့္ ပဲ ေၾကာ္တာ ဘယ္သူတုန္း"

"ခြီး"

အစ္မ က ရီခ်င္စိတ္ကို ထိမ္းထားရင္းကေန ရီသံက ခြီး ခနဲ ေနေအာင္ထြက္ၾကလာေလသည္

"အစ္မ"

ခပ္ဆပ္ဆပ္ ေခၚေတာ့ ေဖေဖ က

"ေဟး သူမ်ားရီတာ ကို စိတ္ေကာက္မယ္ မႀကံနဲ႕ေနာ္
နန္းငယ္ အျဖစ္က ရီခ်င္စရာေကာင္းတာကိုး"

လို႔ ေျပာရင္း သုံးေယာက္သား တဟားဟား ေအာ္ရီၾကေလေတာ့သည္ ကိုယ္သည္လည္း စူပုတ္ေနတဲ့ မ်က္ႏွာထားျဖင့္သာ ထမင္းဆက္စားေနလိုက္ေတာ့သည္။

"ေမေမ တို႔က တကယ္ပါပဲ" လို႔လည္း ခပ္တိုးတိုးေျပာလိုက္ေသးသည္။

************

"နန္းငယ္ အခုဏက စိတ္ဆိုးသြားတာလား"

အစ္မ က ထိုစကားကို အခန္းအတြင္းသို႔ ေရာက္မွ အလ်င္စရာေမး လာေလသည္

"မဆိုးပါဘူး ေမေမတို႔ဆိုသည္မွာ သူ႕သမီးအေၾကာင္း ေဖာက္သည္ ခ်ခ်င္တာနဲ႕ အစ္မ နဲ႕ေတြ႕တာနဲ႕ အန္ကိုက္ျဖစ္သြားတာပဲ"

"အင္း" အစ္မ က အင္း လို႔သာေျပာေပမဲ့ ကိုယ္ ေျပာတဲ့ စကားကို တခစ္ခစ္ ရီေနတုန္းပဲ။

"ဒါနဲ႕ေလ" ရီသံကို ေသခ်ာထိမ္းကာ

"နန္းငယ္ ဆြဲေပးထားတဲ့ အန္တီ့ ရဲ႕ ပုံက တကယ္ တူတာပဲ အခုဏက ဧည့္ခန္း ထဲမွာ အန္တီ နဲ႕အဲ့ဒီ့အေၾကာင္း ေျပာေနေသးတယ္"

"ထမင္းစားဝိုင္းမွာ ‌ဒီအေၾကာင္း ေမေမ မေျပာေတာ့ ေမ့ေလာက္ၿပီ ထင္ေနတာ သူက ေရာက္ေရာက္ခ်င္း ေျပာထားတာကိုး"

"အင္း"

"ေမေမကလည္း အဲ့ဒီ့ပုံကို သိပ္သေဘာက်ေနတာ"

"အစ္မ လည္း သိပ္သေဘာက်တာပဲ နန္းငယ္ ကို"

ဒီစကားအား ကေလးမ ရဲ႕ မ်က္၀န္းထဲ စိုက္ၾကည့္ကာ ေျပာေတာ့ ရဲတတ္လာတဲ့ ပါးေဖာင္းေဖာင္းက အသည္းယားဖြယ္ အတိ။

ကုတင္ေပၚ တင္ပ်ဥ္ခ်ိတ္ ကာ ထိုင္ေနတဲ့ ကေလးမ အား ေစ့ေစ့ၾကည့္ကာျဖင့္

"အစ္မ လည္း သေဘာက်တယ္ လို႔ နန္းငယ္ တစ္ခုခုေျပာဦးေလ"

"ဘာေျပာရမွာလဲ အစ္မ ရာ"

နန္းငယ္ က ဂုတ္ကို လက္ျဖင့္ပြတ္ရင္း ေခါင္းစိုက္ကာ ခပ္တိုးတိုး ဆိုလာေလတယ္။

စာေရးစားပြဲ က ခုံမွ ထ ကာ နန္းငယ္ ေဘး ၀င္ထိုင္ၿပီး
မ်က္ႏွာ ကို အသာ ဆြဲ မ ေတာ့ အလိုက္သင့္ ပါလာတဲ့ ကေလးမ အား

"အစ္မ နမ္းမယ္ေနာ္"

ခြင့္ေတာင္းသလို ေျပာလာတဲ့ အစ္မ ကို ရီခ်င္ေပမဲ့
ဒီအခ်ိန္ ရီ လို႔မျဖစ္ေပ။ ဘယ္ႏွယ့္ စာေရးဆရာမ ျဖစ္ၿပီး ဒါေလးေတာင္ အလိုက္မသိ ေမးေနေသးတယ္။

"နန္းငယ္ လို႔"

"နမ္းလို႔ရတယ္"

ထို စကားအဆုံးမွာေတာ့ နီးစပ္လာတဲ့ မ်က္ႏွာ ႏွစ္ခုရယ္ ထိေတြ႕သြားတဲ့ ႏႈတ္ခမ္း တစ္စုံရယ္ မွိတ္ခ်လိဳက္တဲ့ မ်က္၀န္းေတြ ပါးျပင္ကို ထိေတြ႕လာတဲ့ အစ္မ ရဲ႕ လက္နဲ႕ ကုတင္ေပၚကို ေထာက္ထားတဲ့ နန္းငယ္ရဲ႕ လက္ေခ်ာင္းေတြၾကား တိုး၀င္လာတဲ့ ေနာက္လက္တစ္ဖက္...

"နန္းငယ္"

ရဲတြတ္ေနတဲ့ ႏႈတ္ခမ္း တစ္စုံဟာ ထပ္ၿပီး ထပ္ၿပီး ထိေတြ႕ခ်င္စရာေကာင္းလွသည္
ရွိုက္သံသဲ့သဲ့နဲ႕အတူ နန္းငယ္ လို႔ ခပ္တိုးတိုး ေခၚလာတဲ့ အစ္မ ကို သိပ္ခ်စ္ရပါသည္

"နန္းငယ္ အသက္ျမန္ျမန္ျပည့္မွပဲ"

အစ္မ က စကားဆုံးေတာ့ ေအာက္ႏႈတ္ခမ္း တစ္ခ်က္ကိုက္ လိုက္သည္

ဒါ ဘယ္လို အျပဳအမူမ်ိဳးပါလဲ

"နန္း နန္းငယ္ အိပ္ခ်င္ၿပီ အစ္မ"

တုန္ရီစြာထြက္လာတဲ့ စကားသံေတြက ရင္ဘက္ထဲက တဒိတ္ဒိတ္ ခုန္ေနတဲ့ ႏွလုံးသံေၾကာင့္လည္း ႏႈတ္ခမ္းခ်င္း ၾကာရွည္စြာ ပူးကပ္မိတဲ့ အတြက္ ေမာဟိုက္ကာ တုန္ရီလာျခင္လား။

"အိပ္ၾကတာေပါ့"

နဖူးကို ခပ္ဖြဖြ နမ္းၿပီးတဲ့ အဆုံးမွာ ရင္ခြင္ထဲ ဆြဲသြင္းခဲ့သည့္ အစ္မ

ခုန္ေနတဲ့ ႏွလုံး သံဟာ ပုံမွန္ျဖစ္သြားသလို
ေမာဟိုက္မႈေတြလည္း မရွိေတာ့

"ခ်စ္တယ္" လို႔ အျပန္အလွန္ဆိုၿပီးခ်ိန္မွာေတာ့
အိပ္စက္ျခင္းသို႔သာ။

****************

"ျပန္ေရာက္ၿပီလား ေနာက္က်လိဳက္တာ မနက္ျပန္ေရာက္မယ္ ထင္တာ ေန႕လည္ထိ ေနခဲ့တာလား"

"ခင္ဗ်ားနဲ႕မဆိုင္ပါဘူး"

ဧည့္ခန္း ကေန အျဖတ္ ႐ြံ႕မုန္းရသည့္ ထိုမိန္း နဲ႕ဆုံသည္
ကြၽန္မ ကို ေစာင့္ေနသည့္ပုံပင္
သို႔ေပမဲ့ ေသာက္ဂ႐ုမစိုက္နိုင္!

အခန္းတံခါးကို ဖြင့္၀င္မယ္ လုပ္ခ်ိန္ ထို မိန္းမ ရဲ႕ လက္ မ်ား က ဆုပ္ကိုင္လာသည္

"လႊတ္"

"စကားေျပာရေအာင္"

"ေျပာစရာမရွိဘူး ငါ့ကိုလႊတ္"

"ရည္းစားရွိေနၿပီမလား သူ႕ဆီကို သြားခဲ့တာမလား"

ထိုမိန္းမကို စူးရဲစြာ ျပန္ၾကည့္မိသည္

"ငါ့အခန္းထဲကို မသိေအာင္ ၀င္ထားျပန္ၿပီလား"

"သန႔္ရွင္းေရးလုပ္ေပးတာပါ"

"ဆင္ေျခမေပးနဲ႕ ၿပီးေတာ့ ငါရည္းစားထားတာ ခင္ဗ်ား ေသာက္လုပ္မဟုတ္ဘူး ေဝးေဝးမွာေန"

ဒီမိန္းမ အတြက္ ‌ကြၽန္မ မွာ ေလးစားမႈဆိုတာ မရွိေတာ့။

"ဒို႔ က မင္း အေဖ နဲ႕ယူထားတဲ့ မင္း အေမ ေနာ္"

"မိေထြးပါ မိေထြးလို႔ေတာင္ ေခါင္းစဥ္တပ္လို႔ရပါ့မလားဟမ္! ကိုယ့္ကိုကိုယ္လည္း ျပန္စဥ္းစားၾကည့္ဦး"

"ဘယ္လိုပဲျဖစ္ေန ငါက မင္းရဲ႕ အုပ္ထိမ္းသူပဲ"

"ငါ့ အသက္ ၂၀ ေက်ာ္ၿပီ ကိုယ္ေရးကိုယ္တာကို ၀င္မစြက္ဖတ္နဲ႕"

"၀င္စြက္ဖက္ မယ္ဆိုရင္ေရာ"

မုန္းသည္ သတ္ပစ္ခ်င္ေလာင္ေအာင္ မုန္းသည္
ထို မိန္းမ နဲ႕ တစ္အိမ္ထဲ ေနေန ရတာႀကီးကို လည္း မုန္းတယ္!!!

"ငါ့အေၾကာင္း သိမွာပါ"

အခန္းတံခါးကို ဒုန္း ခနဲ ျမည္ေအာင္ ပိတ္ပစ္လိုက္သည္ ေရခ်ိဳးခန္းထဲ၀င္၍ ထိုမိန္းမ ကိုင္ခဲ့ေသာ လက္ကို ဆပ္ျပာျဖင့္ အႀကိမ္ႀကိမ္ ေဆးခ်မိေနေတာ့သည္

ေပ်ာ္ခဲ့သမွ် အေပ်ာ္ေတြကို ထိုမိန္းမ က ခ်က္ခ်င္းဖ်က္ဆီး ပစ္လိုက္ေလသည္။

ဒီလိုပါပဲ ဒီမိန္းမ က တိမ္လႊာလြင္ ဆိုတဲ့ ကြၽန္မ ဘ၀ ထဲကို ေရာက္လာကတည္းက အရာရာကို ဖ်က္ဆီးပစ္ခဲ့တာပဲ။

နန္းငယ္ ကို ျပန္ေရာက္ေၾကာင္း စာ ပို႔ၿပီးခ်ိန္တြင္ အေတြးမ်ားက နယ္ခ်ဲ့လာ‌ေလသည္

************
ပုဂံနယ္ေျမ ကားတစ္စီး ေမေမဆုံးၿပီး ကတည္းကဘယ္ကိုခရီးမထြက္ျဖစ္ခဲ့ေတာ့တဲ့ သူမ ဇြတ္ အတင္း ေခၚခဲ့တဲ့ ေဖေဖ

"သမီး ရယ္ သြားရေအာင္ပါ ဆယ္တန္းလည္း ၿပီးတုန္း ေဖေဖ လည္း အားတုန္း သုံးရက္ အိပ္ပါပဲ သြားမယ္မလား"

ေဖေဖ က ဒီခရီးစဥ္ ကို အေတာ္သြားခ်င္ပုံရသည္

ေမေမ ဆုံးၿပီးကတည္းက အျပင္မထြက္ေတာ့တဲ့ ကြၽန္မ ကို စိတ္ေျပလက္ေပ်ာက္ သြားေစခ်င္ပုံပင္။

"အင္းပါ ေဖေဖ ရယ္ သြားၾကတာေပါ့"

ဒီလိုနဲ႕ပင္ ပုဂံ နယ္ေျမ ကို ေမေမ မပါပဲ ထိေတြ႕ခဲ့ရေလသည္။

ႏွစ္တိုင္း ေမေမ နဲ႕အတူ ပုဂံ ခရီးစဥ္ဆိုတာက မပါမျဖစ္ ခရီးစဥ္တစ္ခု အခုေတာ့ ေမေမ မပါ သားအဖ ႏွစ္ေယာက္သာ ေရာက္လာခဲ့တဲ့ ပုဂံနယ္ေျမကေတာ့ မေျပာင္းလဲပဲ အရင္လိုပင္။

"ေဟာ ေရာက္လာၾကၿပီလား"

ေဖေဖ က မိုတယ္ မွာမေနပဲ သူ႕ အသိတစ္ေယာက္ ရဲ႕ အိမ္မွာ ပဲ တည္းၾကမယ္ ေျပာေတာ့ ေခါင္းၿငိမ့္ခဲ့မိေလသည္။

ခပ္ငယ္ငယ္ အမ်ိဳးသမီးတစ္ေယာက္က ဧည့္၀တ္ျပဴငွာ ကာ ႀကိဳဆိုေနပုံေထာက္ရင္ ဒီအမ်ိဳးသမီး က ေဖေဖ့ အသိ ျဖစ္ရမည္။

"ဒါ ဦး၀င္း သမီးေလးေပါ့ အလွေလးပဲ"

ငါထင္တာ မလြဲဟု လည္း ေတြးကာ ထို အမ်ိဳးသမီးအား ၿပဳံးျပမိလိုက္သည္။

"အေမ တူ သမီးေလ" လို႔ ေဖေဖ က ေျပာေလေတာ့

"ဟုတ္လား"

ခပ္တိုးတိုး ႐ြတ္ရင္း ထိုအမ်ိဳးသမီး ဟာ အနားကပ္လာသည္

"တကယ္ အေမ တူေလးပဲ ႏႈတ္ခမ္းေလးေတြက မမ နဲ႕ ခြၽတ္စြတ္ပဲ"

သူဟာ ေမေမ နဲ႕ ေတြ႕ဖူးေလသလား

"မင္း ေမေမ နဲ႕က ပြဲတစ္ခု တတ္ရင္း ေတြ႕ျဖစ္ခဲ့ၾကတာေလ"

အေတြးေတြကို ဖတ္မ်ားဖတ္တတ္ေနေလသလား။

"ကဲကဲ အိမ္ထဲ၀င္ပါဦး အျပင္ႀကီးမွာ အားနာစရာျဖစ္သြားတယ္"

ထို အမ်ိဳးသမီး က အနားမွ ခြာ ကာ အထုပ္ေတြ ကို ေဘးက ေကာင္ေလးကို ယူ ခဲ့ဖို႔ေျပာရင္း အထဲ ကို ၀င္ခိုင္းေလသည္။

"လြတ္လြတ္လပ္လပ္ေနၾကေနာ္ အိမ္မွာ ၀တ္ရည္ ရယ္ အခုဏ က အိမ္အလုပ္လုပ္ေပးတဲ့ ေကာင္ေလးရယ္ ထမင္းခ်က္ အေဒၚႀကီးရယ္ပဲရွိတယ္ ေမေမ တို႔က မန္းေလး သြားၾကတယ္"

"ဟုတ္လား အလည္သြားၾကတာလား"

"မဟုတ္ဘူး ဦး၀င္း ရဲ႕ အဲ့မွာပဲ အေျခခ်ၾကမလို႔တဲ့ ၀တ္ရည္ က ေတာ့ ပုဂံေျမကို ပဲ ႀကိဳက္တယ္ အဲ့ဒါေၾကာင့္ အေခ်အတင္ ေတြ ျဖစ္ခဲ့ၾကေပမဲ့ သူတို႔ က လူႀကီးေတြေလ ဘယ္တတ္နိုင္မလဲ သူတို႔လုပ္ခ်င္ရာ လုပ္ၾကတာ"

ခပ္ဟဟ ရီရင္း ေျပာလာတဲ့ ထို အမ်ိဳးသမီးက မိဘေတြရဲ႕ ေမတၱာကို ေကာင္းေကာင္းမရခဲ့သည့္ ပုံပင္။

သူတို႔ လုပ္ခ်င္ရာ လုပ္ၾကတာ ဆိုတဲ့ စကားဟာ သူ႕ မိဘေတြ တင္မဟုတ္ပဲ သူ႕ကိုပါ ဆိုလို ျခင္း ျဖစ္မည္ ‌ဆိုတာ ကိုေတာ့ ေနာက္က်မွ သိခဲ့ရေလသည္။

***********************

words 1604
Lien
13.10.2021



Comment