Not A Fiction, it's my life 13


(Unicode)


"မနှစ်က နောက်ဆုံးရက်မှာ အစ်မ အိမ်လာခဲ့တာမလား ဒီနှစ် အစ်မ အိမ်ကို နန်းငယ် လိုက်ချင်တယ်"


"ဟမ်"


"ဘာဖြစ်လို့လဲ အစ်မ ရဲ့ အစ်မ ဖေဖေ ကလည်း သဘောတူတယ်ဆို အဒေါ်တွေက သဘောမကျလို့လား"


နန်းငယ် ကို တစ်ချက်ကြည့်မိသည်။ အဲ့ဒီ့ဖြူစင်နေတဲ့ မျက်လုံးတွေကို ရင်မဆိုင်ရဲပေ။ တကယ်ဆို အမှန်အတိုင်း ဖွင့်ပြောသင့်နေပြီမလား။ ဒါပေမဲ့ ဘယ်လိုမှ ပြောလို့မရ ဖြစ်နေသည်။ နန်းငယ် တစ်မျိုးထင်မှာကြောက်သည်။ နန်းငယ် နဲ့လည်း မခွဲနိုင်ဒီလိုလူမျိုး နဲ့ နှစ်အတော်များ အတူရှိနေခဲ့တဲ့ ကိုယ့်ကို နန်းငယ် က ယုံပါ့မလား။


ညနေပိုင်း အချိန် ဖြစ်သော်လည်း ပိတောက်လမ်း မှာ လူတွေစုံသည်။ မေဂျာပေါင်းစုံ မျက်လုံးပေါင်းစုံ။ ဒါတွေကို လျစ်လျူရူကာ အစ်မ ရဲ့ ရင်ခွင်ထဲသာ ခေါင်း တိုး၀င်လိုက်တော့သည်။
အစ်မ ၀မ်းနည်းသွားလေသလား ရုတ်တရက်ငိုင်သွားတဲ့ အစ်မ ကိုကြည့်ပြီး သဘောမကျဖြစ်လာသည်။ အစ်မ ကို နန်းငယ် က ပျော်စေချင်တာ။


"တောင်းပန်ပါတယ်"


"နန်းငယ်"


ရူးတော့မှာပဲ နန်းငယ်ရယ်။ အသံတုန်ရီစွာ တောင်းပန်လာတဲ့ နန်းငယ် က ဖြူစင်လိုက်တာ။


"နန်းငယ် ဒီမှာ ကြည့် အစ်မ ဘာမှမဖြစ်ဖူးနော် နန်းငယ်လည်း ၀မ်းမနည်းနဲ့တော့"


"မဟုတ်ဖူး အစ်မ နန်းငယ် တောင်းပန်ပါတယ် နန်းငယ်က"


ဆက်ပြောမဲ့စကားတွေကိုရပ်တန့်သွားအောင် နှုတ်ခမ်းဖျားပေါ် လက်ညိုးဖြင့် ထိလိုက်သည်။
ထိုမှ ကိုယ့်ကို မော့ကြည့်လိုက်တဲ့ စိုစွတ်နေတဲ့ မျက်၀န်းတစ်စုံက ရင်ကို ခပ်ရှရှ ထိုးနှက်နေသည်။


"စာမေးပွဲပြီးရင် အစ်မ ပြောပြမယ် နန်းငယ် စောင့်နေနော်"


"မဟုတ်တာ နန်းငယ် အလျင်မလိုပါဖူး"


နန်းငယ် အား ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး


"အစ်မ ကတော့ အလျင်လိုနေတယ် နန်းငယ် ခဏပဲ စောင့်ပေးပါ"


အစ်မ စကား တစ်ခွန်းဆို တစ်ခွန်းဖြစ်တဲ့ နန်းငယ် က ဒီတစ်ခါလည်း ခေါင်းငြိမ့်ခဲ့မိသည်။


ကြားရက် စနေ/တနဂ်နွေ ပြီး စာမေးပွဲကျန်ရက် နှစ်ရက်ကို အားကြိုးခနဲ ဖြေပြီးသည့်နောက်တွင်


"အစ်မ ဘယ်မှာလဲ"


"ကျောင်းအရှေ့ပေါက်မှာပဲ နန်းငယ်"


"ဟုတ် ခဏစောင့်နော် အစ်မ နန်းငယ် အခုထွက်လာပြီ"


"အင်းအင်း ဖြေးဖြေးနော် အစ်မ စောင့်‌နေတယ်"


"ဟုတ်ကဲ့"


ဖုန်းချ ကာ ဘေးက မိုးသူနဲ့ မြတ်ငယ် အား


"ဟဲ့ ငါသွားနှင့်ရတော့မယ်"


"အေး အေး သွားသွား ရတယ် နန်းငယ်"


"အင်း တာ့တာ"


နောက်ဆုံးရက် လည်း ဖြစ်သလို စာဖြေရတာလည်း တော်တော်များသည် မြတ်သူ ဆို အခုထိမပြီးသေး။ ကျောင်းတွင်းမှ လူအနည်းသာကျန်တော့သည်။
ခြေလှမ်းကို ခတ်သုတ်သုတ်လှမ်းရင်း မပြေးရုံတမယ်ပင်။


ကန်တင်း တစ်လျှောက်ကို ဖြတ်ပြီးချိန်မှာ


အဲ့ဒီ့နေ့ က အမျိုးသမီး က မနှစ်ကလို အစ်မ နဲ့ စကားပြောနေပြန်သည်။ ဆိုင်ကယ်ရဲ့ ခပ်လှမ်းလှမ်း မှာရှိတဲ့ အစ်မ က နန်းငယ် ကို ကျောပေးကာ ရပ်နေ၍ နန်းငယ် ရောက်နေသည် ကို မသိ။


ဒီတစ်ခေါက်တော့ သေချာအောင်မေးချင်သည်။
မဟုတ်လည်း ယခုဆို စာမေးပွဲလည်း ပြီးနေပြီ။
အချိန်မဆွဲချင်တော့တာကြောင့် စကားပြောနေသည့် နေရာကိုသာ တည့်တည့်လျှောက်လာလိုက်တော့သည်။


တိတ်ဆိတ်နေတဲ့ ကျောင်း၀န်း က ပို၍ တိတ်ဆိတ်နေသည်။ တစ်စီးစ နှစ်စီးစ ဖြတ်မောင်းနေကြတဲ့ ဆိုင်ကယ် တွေက ထိုနှစ်ဦးနဲ့ ကိုယ့်ကို လျစ်လျူရူနေကြလေသလား စပ်စုနေကြသလား ဂရုမစိုက်အားတော့။ အစ်မ ရဲ့ ခါး ကို ဖက်လိုက်တဲ့ လက်တစ်စုံ နန်းငယ်ရဲ့ နဖူး ပါး နဲ့ နှုတ်ခမ်းပါမကျန် အောင် ဖိကပ်နမ်းခဲ့တဲ့ အစ်မ ရဲ့ နှုတ်ခမ်းပါးက အခု အဲ့ဒီ့အမျိုးသမီး ဆီမှာ။ တုန်ရီနေတဲ့ နှုတ်ခမ်းကို သွားဖြင့် ကိုက်ကာ ထိမ်းထားမိ၍ ငံကျိကျိအရသာ အနည်းငယ် ရလာသလိုပင်။ မျက်ရည်ကြောင့် မြင်ကွင်း အချို့က ကောင်းကောင်းမမြင်ရတော့။ ထိုနေရာကနေ အဝေးဆုံးဆိုသည့် နေရာကိုသာ ပြေးထွက်လိုက်ဖို့ အားခဲမိတော့သည်။ ဒီမြင်ကွင်းက အိမ်မက်သက်သက်ဖြစ်ဖို့ ယောင်ရမ်းတမ်းတ မိသည်။ ဒီဖက်ပြန်လှည့်လာတဲ့ အစ်မ ရဲ့ မျက်နှာ အနေအထားက အံ့ဩမှု။ မျက်ရည်တွေကြားက မြင်နေရတဲ့ အစ်မ က လှပ‌နေဆဲပင်။ အစ်မ နန်းငယ် ဆီ ပြေးလာပုံရသည်။ ရင်မဆိုင်ရဲ။ အစ်မရဲ့ စကားတွေကို နန်းငယ် မကြားချင်။ လေးခွစုံရာ လမ်းက တစ်ဖက်ကို ပြေးလာတဲ့ အစ်မ ရယ် ကျောင်းဆောင်တွေကြား ၀င်ပြေးလာခဲ့တဲ့ နန်းငယ်ရယ်။ ဘယ်အချိန်ထိ ပြေးနိုင်ကြမည်လဲ။


ဖယ်ရီကားထဲမှာ ကျုံ့ကျုံ့လေး ထိုင်နေမိသည်။
ပထမတစ်ခေါက် လက်ကိုင်၍ ပါးရိုက်ခဲ့တဲ့ အစ်မ က ဒုတိယ တစ်ခေါက် နှုတ်ခမ်းကို နမ်းတော့ ဘာတုံ့ပြန်မှုမှမရှိ။ ဒါဟာ ဘာသဘောပင်လဲ။ အတွေးများကို ရပ်တန့်ပစ်ချင်သည်။ ခေါင်းငုံ့၍ ငိုနေမိတဲ့အတွက် အနည်းငယ် အသက်ရှူကျပ်လာသည်။ ခေါင်းထောင်ဖို့လုပ်လိုက်တဲ့အချိန်


"နန်းငယ် အစ်မ ရှင်းပြတာကို နားထောင်မယ်မလား အခု နန်းငယ် ကို ဒီအတိုင်းပြန်လွှတ်လိုက်တာက နန်းငယ် အတွက် အချိန်ခဏ ပေးတာပါ နန်းငယ် အဆင်ပြေတဲ့အချိန် အစ်မ ကိုဆက်သွယ်နော် နန်းငယ် ထင်သလို မဟုတ်တာ အစ်မ ရှင်းပြနိုင်တယ်ဆိုတာတော့ ယုံပေးပါ ချစ်တယ် နန်းငယ်"


ခြေသံတွေက ခပ်ဝေးဝေးကိုရောက်သွားသည်။ ကားပေါ်မှာတခြား မေဂျာက အမတွေရှိမှန်း အခုမှသတိရမိသည်။ ကားနောက်ဆုံးနေရာမှာ ထိုင်နေပြီး အစ်မ က အနောက်ကနေ ကပ်ပြောလာသဖြင့် သူတို့ကြားမည်တော့မဟုတ်ပေ။


တစ်အောင့်ကြာတော့ သုံးယောက် ရောက်လာကာ ဟိုမေးဒီမေး မေးခဲ့ပေမဲ့ မဖြေချင်သေးဘူး ဆိုသည့် စကားကို ပြောခဲ့တော့ သုံးယောက်လုံးငြိမ်သွားခဲ့သည်။


အိမ်ပြန်ရောက်၍ ဖေဖေ က အစ်မ ပါမလာဖူး လားမေးသည် မေမေ က အစ်မ ကို ဟင်းချက်သင်ပေးမလို့ စောင့်နေတာ လို့ ပြောခဲ့သည် ထင်သည်။


"သူ လုပ်စရာရှိလို့ မလာနိုင်ဖူး" လို့သာ ပြောပြီး အခန်း ကိုသာ ၀င်ခဲ့မိသည်။


ကိုယ့်အခန်းဆိုပေမဲ့ အစ်မ အငွေ့အသက်အချို့က ရှိနေသေးသည်။ အိမ်ကို နေ့တိုင်းနီးပါးလာ၍ ည မိုးမချုပ် ခင် ပြန်တတ်သည်။ လာတဲ့အချိန်တိုင်းလည်း ဒီအခန်းတွင်းနှင့် မီးဖိုချောင်မှာသာ အချိန်ကုန်တာက ခပ်များများပင်။ ကုတင်ပေါ်မှာ လှဲ၍ စာဖတ်နေတဲ့ အစ်မ ပုံစံ။ မှန်တံခါး နားကို ရပ်ကာ ကောင်းကင် ကို ငေးနေတတ်တဲ့ အစ်မ။ စာအုပ်စဉ်ကြားက အစ်မ လက်နဲ့ ထိတွေ့ထားတဲ့ စာအုပ်အတော်များများ။ တံခါးခြေရင်းမှာသာ ထိုင်ချမိလိုက်တော့သည်။ အစ်မ က ငါ့ကို အရမ်းချစ်တာ ဆိုတဲ့ အသိစိတ်ကို ရိုက်သွင်းနေရသည်။ မြင်ခဲ့တဲ့ မြင်ကွင်း က အိမ်မက်သာ ဖြစ်လိမ့်မည်။ အမြန် နိုးထချင်နေပြီ။ ရင်ဘက်တစ်ခုလုံး အောင့်သက်သက်ဖြစ်လာသည်။ တစ်ချိန်လုံး အောင့်အီးကာနေခဲ့ပြီးတော့မှ အသံထွက်ကာ ငိုမိတော့သည်။ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို ထပ်ခါထပ်ခါရေရွတ်နေမိသည် ထင်၏။ တင်းကြပ်လာတဲ့ ခံစားချက်က အရာရာကို လွှတ်ချပစ်နိုင်လောက်တဲ့ထိ နာကျင်လာခဲ့သည်။ နာကျင်မှုပျောက်လို့ပျောက်ငြား ရင်ဘက်ကို တချက်နှစ်ချက်ရိုက်လိုက်သော်လည်း မရ။ တံခါး၀ ကနေ အားယူ ထရင်း ကုတင်ပေါ် ကွေးကာနေမိတော့သည်။ ကျလာတဲ့ မျက်ရည်တွေကို မသုတ်ဖြစ်တော့။ နာကျင်နေတဲ့ ရင်ဘက်ကို ဆုပ်ကိုင်ထားရင်း အစ်မ က ငါ့ကို အရမ်းချစ်တာ ဆိုသည့် အတွေးကို သာ ဦီးစားပေးခဲ့သည်။


**************


"ဒါ ရှင် သက်သက် လုပ်ယူခဲ့တာမလား လိမ်ဖို့ မကြိုးစားနဲ့"


"မလိမ်ပါဖူး တကယ် လုပ်ယူခဲ့တာပဲ အမ ပြောပြီးသားပဲ တိမ်လွှာရယ် တိမ်လွှာက အမ အပိုင်ပဲဖြစ်ရမယ်လို့"


ဧည့်ခန်းက အခြေအတင်ဖြစ်နေသည့် အသံက အနည်းငယ် ကျယ်လာသည်။ တုန်ရီနေတဲ့ လက်တွေကို လက်သီးသာစုပ်ထားမိတော့သည်။ မဟုတ်လျှင် ထို မိန်းမ ကို ထသတ်မိလေမလား။ ‌နောက်ဆုံးတစ်ကြိမ်လောက် နမ်းခွင့်ပြုနိုင်မလား နောက်ဆုံးပဲ ဒါပြီးရင် တိမ်လွှာကို လက်လျော့ပါ့မယ် ဆိုတဲ့ အဲ့ဒီ့စကား ကားထဲကို ၀င်ရလောက်အောင်ထိ သတ္တိမရှိခဲ့တဲ့ ငါ။ တွေဝေနေတဲ့ ငါ့ကို ရုတ်တရက်ဆွဲနမ်းပစ်လိုက်တဲ့ အဲ့ဒီ့ မိန်းမ။ မျက်ရည်စ တွေနဲ့ တုန်ရီစွာ ရပ်ကြည့်ခဲ့တဲ့ ငါ့ရဲ့ ကလေးငယ်။ ပြေးထွက်သွားတဲ့ ကျောပြင်။


ဒေါသသည်ထိမ်းချုပ်နိုင်စွမ်းမရှိတော့ အရှေ့က မိန်းမ ရဲ့ အကျီ စ ကို ကိုင်ဆွဲလိုက်မိသည်။


"အဲ့ဒါ ဘာသဘောလဲဟမ် ဘာသဘောလဲ ရှင့်မှာ ယောင်္ကျားဖြစ်တဲ့ ကျွန်မ ဖေဖေ တစ်ယောက်လုံးရှိနေသေးတယ်ဆိုတာ ရှင်နားမလည်ဖူးလား ဟမ်"


"နားမလည်ပါဖူး အမ က တိမ်လွှာ့ကို ရပြီဆို ရတယ် တိမ်လွှာသာ ဆန္ဒရှိမယ်ဆို အမ က တိမ်လွှာ့ ဖေဖေ ကို ကွာရှင်းပြီး တိမ်လွှာ့ကို လက်ထပ်ယူမှာပါ"


"ခင်ဗျား မိုက်ရိုင်းလှချည့်လား လူယုတ်မာ ရွံစရာကောင်းတဲ့ မိန်းမ"


ဒေါသဖြစ်ကာ ထိုမိန်းမ အား အကျီစမှ ဆွဲကာ နံရံကို ဆောင့်တွန်းလိုက်မိသည်။


"ရွံတယ် ဟုတ်လား တိမ်လွှာ ငါ မင်းကို ဘာတွေများလုပ်ခဲ့လို့ ရွံတယ် ပြောရတာလဲဟမ်!"


"အသက်မပြည့်သေးတဲ့ ငါ့ကို ကားပေါ်ခေါ်ပြီး ခွေးကြံကြံခဲ့တဲ့ အတွက်ရွံ့တယ် ထင်နေတာလား ရှင့်စကားကို ရှင်မေ့နေလေသလား မ၀တ်ရည်နွေး အဲ့ဒီ့နေ့ပြီးတော့ နောက်တစ်ရက်မှာ ရှင်ပြောခဲ့တဲ့ စကား
အမ တို့က မိန်းကလေးအချင်းချင်းပေမဲ့ တိမ်လွှာ့ရဲ့ အပျိုရည် ကို ဖျက်ခဲ့မိရင် အမ တာ၀န်ယူပါ့မယ် ဆိုတဲ့ အဲ့ဒီ့စကား ရှင်သာ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကျွန်မ ကို သားမယားပြုကျင့်ရင်တောင် ရှင့်ကို ယူဖို့စိတ်မကူးဖူး ဘာလို့လဲ သိလား ရှင့်ရဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ် အပျိုရည် ဖျက်လိုက်တာနဲ့ ရနိုင်တယ် ဆိုတဲ့ အဲ့ဒီ့ စိတ်ကြောင့် အဲ့ဒီ့စိတ်ကြောင့်ရှင့်ကို မုန်းတာထပ်ပိုပြီး ရွံ့ခဲ့တာ သိရဲ့လား"


"အမ အဲ့ဒီ့တုန်းက အဲ့လိုသဘောမျိုးပြောခဲ့တာမဟုတ်ဘူး တိမ်လွှာ"


"ဘာကို အလိမ်အညာတွေ လုပ်နေဦးမှာလဲ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ထားပေးပါတော့ ကျေးဇူးပြုပြီး"


ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ရင်း တောင်းဆိုလာတဲ့ လူသားငယ်။


"မဟုတ်ဘူး တိမ်လွှာ အမ ကလေ တိမ်လွှာ့ဘေးမှာပဲနေချင်ခဲ့တာပါ တိမ်လွှာရယ်"


"စကားကို ဗလောင်းဗလဲ မပြောစမ်းပါနဲ့ ကျွန်မ ဘယ်လိုလုပ်မှ လက်လွှတ်နိုင်မှာလဲ တောင်းဆိုတာပါ ကျေးဇူးပြုပြီး"


"တိမ်လွှာ အမ က ဘယ်လိုမှ လက်မလွှတ်နိုင်ဖူးဆိုရင်ရော"


နာကြဉ်းချက်တွေအပြည့်နဲ့ ထိုမျက်လုံးတစ်စုံအား စေ့စေ့သာ ကြည့်လိုက်မိတော့သည်။
ဟုတ်သည် ဒီအချိန်ထိ ရောက်လာခဲ့ပြီးပြီ ဘယ်လိုမှ လက်မလွှတ်နိုင်။ ငါ့မှာ သူ့ပဲရှိတော့သည်။


"ရှင်သိပ်လိုချင်နေတဲ့ ကျွန်မရဲ့ အပျိုရည်"


"တိမ်လွှာ! ငါလိုချင်တာ အဲ့တာမဟုတ်ဘူး ငါလိုချင်ခဲ့တာ မင်းကိုပဲ လိုချင်ခဲ့တာ မင်းဘေးနားရှိနေဖို့ပဲ လိုချင်ခဲ့တာ!!"


"ရှင့်ကို ကျွန်မ မချစ်နိုင်ဖူး လို့ ဘယ်နှကြိမ်ပြောခဲ့ပြီးပြီလဲ ဘာလို့ ဘာလို့ အဲ့လောက်တောင် နားလည်မှုမရှိပဲ တစ်ဇွတ်ထိုး ဆန်နေရတာလဲ!"


"မချစ်နိုင်တာ မဟုတ်ပဲ မချစ်ကြည့်တာ တိမ်လွှာ အမ ကို မချစ်ကြည့်တာ"


"အချစ်ဆိုတာ လုပ်ယူလို့ရတဲ့အရာ မဟုတ်ဖူး အဲ့တာကို ရှင်က ပိုနားလည်မှာပေါ့ ကျွန်မ ကို မချစ်ဖို့ ရှင့်ကိုယ် ရှင် တားခဲ့မိမှာပဲလေ အဲ့လိုပဲ အချစ်ဆိုတာ လုပ်ယူ ပြောင်းလဲလို့မရဖူး"


"အမ က တိမ်လွှာ့ကို မချစ်ဖို့ ကိုယ့်ကိုကိုယ် မတားခဲ့ဖူး  တိမ်လွှာ့ကို အမြဲချစ်နေမှာ တိမ်လွှာ မချစ်ရင်တောင် အမ က ချစ်နေမှာ"


တကယ်တော့ ဒီမိန်းမ က သနားစရာပင်။
အတ္တတွေကြားက အချစ်က သူ့ကို မြိုသွားဟန်။
ပူလောင်ခြင်းတွေသာ ရှ်ိနေတဲ့ ဒီမိန်းမ။


"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်မ ကို ချစ်ရင် ဒီလောက်နဲ့ပဲ ဒီလောက်နဲ့ပဲ လွှတ်ပေးပါတော့ ကျွန်မ နန်းငယ် ကို ချစ်တယ်"


"မဟုတ်ဖူး မဟုတ်ဖူး မချစ်ရဖူး တိမ်လွှာ ငါက သူ့ထပ်အရင် မင်းကိုချစ်လာခဲ့တာ"


ဒီတစ်ခါ နံရံ နဲ့ကျော ကပ်သွားတာ ကိုယ်ပင်။
သူ့ ခန္ဓာကိုယ် နဲ့ နံရံကြားမှာ လွတ်လမ်းမရှိတဲ့ ကြောင်ငယ် သဖွယ်။


"တောင်းပန်..."


ကိုယ့်ရဲ့ တောင်းပန်စကား မဆုံးလိုက်ခင်မှာဘဲ နှုတ်ခမ်း ကို ထိတွေ့လာခဲ့သည်။ သူ့ လက်ကြားကနေ အတင်းမရုန်းမိတော့။ တုန့်ပြန်မှုလည်းမပေးခဲ့။စိတ်ကြိုက်ခြယ်လှယ်ခိုင်းခဲ့သည်။ နှုတ်ခမ်းမှတစ်ဆင့် လည်တိုင်ကို ဆင်း၍ ကိုက်ကာ စုပ်ယူလာသည်။ တစ်ချက်အသံထွက်လိုက်မိတော့ မော့ကြည့်လာခဲ့သည်။


မော့ကြည့်လာတဲ့ မျက်လုံးတစ်စုံကို အားစိုက်ကြည့်ကာ


"တိမ်လွှာ့ကို လိုချင်တာလား ဒါမှမဟုတ် တိမ်လွှာ့ အချစ်ကို လို ချင်တာလား"


ခတ်ခဲသည့် မေးခွန်းဖြစ်ပုံပေါ်သည်။ သူ့ရဲ့ မျက်လုံးတွေက မတည်ငြိမ်တော့။


"ဖြေလေ အမ"


နှစ်ရှည်လများ မခေါ်ပဲ ထားခဲ့တဲ့ နာမည်ကို ထုတ်သုံးမှ မျက်လုံးအားတည့်တည့်ကြည့်လာသည်။ ကျေးဇူးပြုပြီး အဲ့ဒီ့ အတ္တနွံ့ထဲက ရုန်းထွက်ပါတော့။


" အမ မသိဘူး"


"မသိလို့မရဖူး အမ ဖြေပါ"


"အမ မသိဘူး တိမ်လွှာ အမ သိတာ တိမ်လွှာ့ကို အမ ချစ်တာပဲ"


"အမ က တိမ်လွှာ့ကို ချစ်တာမဟုတ်ဘူး အတ္တကို ချစ်နေတာ တိမ်လွှာ့ကိုလိုချင်နေတဲ့ အဲ့ဒီ့ အတ္တ ကြောင့် ဒီလောက်ပူလောင်နေရတာ ကျေးဇူးပြုပြီး နားလည်ပါတော့ အမ ရာ"


လက်မောင်းကို ကိုင်ထားတဲ့ လက်များက လျော့ကျသွားသည်။ အဖြေမပေးနိုင်တဲ့ မေးခွန်း ကို ရှောင်လွှဲရန် အခန်းထဲကို ၀င်ပြေးလာမိခဲ့သည်။ ကုတင်ဘေးမှာ ထိုင်ချပစ်လိုက်သည်။ မီးမထွန်းထားတဲ့ အခန်းက ၀တ်ရည်နွေးရဲ့ ဘ၀ လိုပဲ မှောက်မိုက်နေသည်။ ဘာမှမရှိတော့။ တိမ်လွှာပြောသလို သူဟာ အတ္တထဲ နစ်၀င်ခဲ့သည် ထင်၏။ ထိုနွံ့ထဲက ထွက်နိုင်အောင်လည်း သူ ကူမှဖြစ်မည် ထင်သည်။ "အချစ်က ဖြူစင်တယ်" ဆိုတဲ့ စကားကို လျစ်လျူရူကာ အတ္တဆိုတဲ့ အရောင်တွေ ဆိုးခဲ့မိပြီ။ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်ကို လှဲချမိသည်။ နောင်တ ဆိုတဲ့ သဘောတရားကို နားလည်လိုက်သလား။


***************


Words - 1420
Lien
25.10.2021


(Zawgyi)


"မႏွစ္က ေနာက္ဆုံးရက္မွာ အစ္မ အိမ္လာခဲ့တာမလား ဒီႏွစ္ အစ္မ အိမ္ကို နန္းငယ္ လိုက္ခ်င္တယ္"


"ဟမ္"


"ဘာျဖစ္လို႔လဲ အစ္မ ရဲ႕ အစ္မ ေဖေဖ ကလည္း သေဘာတူတယ္ဆို အေဒၚေတြက သေဘာမက်လိဳ႕လား"


နန္းငယ္ ကို တစ္ခ်က္ၾကည့္မိသည္။ အဲ့ဒီ့ျဖဴစင္ေနတဲ့ မ်က္လုံးေတြကို ရင္မဆိုင္ရဲေပ။ တကယ္ဆို အမွန္အတိုင္း ဖြင့္ေျပာသင့္ေနၿပီမလား။ ဒါေပမဲ့ ဘယ္လိုမွ ေျပာလို႔မရ ျဖစ္ေနသည္။ နန္းငယ္ တစ္မ်ိဳးထင္မွာေၾကာက္သည္။ နန္းငယ္ နဲ႕လည္း မခြဲနိုင္ဒီလိုလူမ်ိဳး နဲ႕ ႏွစ္အေတာ္မ်ား အတူရွိေနခဲ့တဲ့ ကိုယ့္ကို နန္းငယ္ က ယုံပါ့မလား။


ညေနပိုင္း အခ်ိန္ ျဖစ္ေသာ္လည္း ပိေတာက္လမ္း မွာ လူေတြစုံသည္။ ေမဂ်ာေပါင္းစုံ မ်က္လုံးေပါင္းစုံ။ ဒါေတြကို လ်စ္လ်ဴ႐ူကာ အစ္မ ရဲ႕ ရင္ခြင္ထဲသာ ေခါင္း တိုး၀င္လိုက္ေတာ့သည္။
အစ္မ ၀မ္းနည္းသြားေလသလား ႐ုတ္တရက္ငိုင္သြားတဲ့ အစ္မ ကိုၾကည့္ၿပီး သေဘာမက်ျဖစ္လာသည္။ အစ္မ ကို နန္းငယ္ က ေပ်ာ္ေစခ်င္တာ။


"ေတာင္းပန္ပါတယ္"


"နန္းငယ္"


႐ူးေတာ့မွာပဲ နန္းငယ္ရယ္။ အသံတုန္ရီစြာ ေတာင္းပန္လာတဲ့ နန္းငယ္ က ျဖဴစင္လိုက္တာ။


"နန္းငယ္ ဒီမွာ ၾကည့္ အစ္မ ဘာမွမျဖစ္ဖူးေနာ္ နန္းငယ္လည္း ၀မ္းမနည္းနဲ႕ေတာ့"


"မဟုတ္ဖူး အစ္မ နန္းငယ္ ေတာင္းပန္ပါတယ္ နန္းငယ္က"


ဆက္ေျပာမဲ့စကားေတြကိုရပ္တန႔္သြားေအာင္ ႏႈတ္ခမ္းဖ်ားေပၚ လက္ညိုးျဖင့္ ထိလိုက္သည္။
ထိုမွ ကိုယ့္ကို ေမာ့ၾကည့္လိုက္တဲ့ စိုစြတ္ေနတဲ့ မ်က္၀န္းတစ္စုံက ရင္ကို ခပ္ရွရွ ထိုးႏွက္ေနသည္။


"စာေမးပြဲၿပီးရင္ အစ္မ ေျပာျပမယ္ နန္းငယ္ ေစာင့္ေနေနာ္"


"မဟုတ္တာ နန္းငယ္ အလ်င္မလိုပါဖူး"


နန္းငယ္ အား ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး


"အစ္မ ကေတာ့ အလ်င္လိုေနတယ္ နန္းငယ္ ခဏပဲ ေစာင့္ေပးပါ"


အစ္မ စကား တစ္ခြန္းဆို တစ္ခြန္းျဖစ္တဲ့ နန္းငယ္ က ဒီတစ္ခါလည္း ေခါင္းၿငိမ့္ခဲ့မိသည္။


ၾကားရက္ စေန/တနဂ္ႏြေ ၿပီး စာေမးပြဲက်န္ရက္ ႏွစ္ရက္ကို အားႀကိဳးခနဲ ေျဖၿပီးသည့္ေနာက္တြင္


"အစ္မ ဘယ္မွာလဲ"


"ေက်ာင္းအေရွ႕ေပါက္မွာပဲ နန္းငယ္"


"ဟုတ္ ခဏေစာင့္ေနာ္ အစ္မ နန္းငယ္ အခုထြက္လာၿပီ"


"အင္းအင္း ေျဖးေျဖးေနာ္ အစ္မ ေစာင့္‌ေနတယ္"


"ဟုတ္ကဲ့"


ဖုန္းခ် ကာ ေဘးက မိုးသူနဲ႕ ျမတ္ငယ္ အား


"ဟဲ့ ငါသြားႏွင့္ရေတာ့မယ္"


"ေအး ေအး သြားသြား ရတယ္ နန္းငယ္"


"အင္း တာ့တာ"


ေနာက္ဆုံးရက္ လည္း ျဖစ္သလို စာေျဖရတာလည္း ေတာ္ေတာ္မ်ားသည္ ျမတ္သူ ဆို အခုထိမၿပီးေသး။ ေက်ာင္းတြင္းမွ လူအနည္းသာက်န္ေတာ့သည္။
ေျခလွမ္းကို ခတ္သုတ္သုတ္လွမ္းရင္း မေျပး႐ုံတမယ္ပင္။


ကန္တင္း တစ္ေလွ်ာက္ကို ျဖတ္ၿပီးခ်ိန္မွာ


အဲ့ဒီ့ေန႕ က အမ်ိဳးသမီး က မႏွစ္ကလို အစ္မ နဲ႕ စကားေျပာေနျပန္သည္။ ဆိုင္ကယ္ရဲ႕ ခပ္လွမ္းလွမ္း မွာရွိတဲ့ အစ္မ က နန္းငယ္ ကို ေက်ာေပးကာ ရပ္ေန၍ နန္းငယ္ ေရာက္ေနသည္ ကို မသိ။


ဒီတစ္ေခါက္ေတာ့ ေသခ်ာေအာင္ေမးခ်င္သည္။
မဟုတ္လည္း ယခုဆို စာေမးပြဲလည္း ၿပီးေနၿပီ။
အခ်ိန္မဆြဲခ်င္ေတာ့တာေၾကာင့္ စကားေျပာေနသည့္ ေနရာကိုသာ တည့္တည့္ေလွ်ာက္လာလိုက္ေတာ့သည္။


တိတ္ဆိတ္ေနတဲ့ ေက်ာင္း၀န္း က ပို၍ တိတ္ဆိတ္ေနသည္။ တစ္စီးစ ႏွစ္စီးစ ျဖတ္ေမာင္းေနၾကတဲ့ ဆိုင္ကယ္ ေတြက ထိုႏွစ္ဦးနဲ႕ ကိုယ့္ကို လ်စ္လ်ဴ႐ူေနၾကေလသလား စပ္စုေနၾကသလား ဂ႐ုမစိုက္အားေတာ့။ အစ္မ ရဲ႕ ခါး ကို ဖက္လိုက္တဲ့ လက္တစ္စုံ နန္းငယ္ရဲ႕ နဖူး ပါး နဲ႕ ႏႈတ္ခမ္းပါမက်န္ ေအာင္ ဖိကပ္နမ္းခဲ့တဲ့ အစ္မ ရဲ႕ ႏႈတ္ခမ္းပါးက အခု အဲ့ဒီ့အမ်ိဳးသမီး ဆီမွာ။ တုန္ရီေနတဲ့ ႏႈတ္ခမ္းကို သြားျဖင့္ ကိုက္ကာ ထိမ္းထားမိ၍ ငံက်ိက်ိအရသာ အနည္းငယ္ ရလာသလိုပင္။ မ်က္ရည္ေၾကာင့္ ျမင္ကြင္း အခ်ိဳ႕က ေကာင္းေကာင္းမျမင္ရေတာ့။ ထိုေနရာကေန အေဝးဆုံးဆိုသည့္ ေနရာကိုသာ ေျပးထြက္လိုက္ဖို႔ အားခဲမိေတာ့သည္။ ဒီျမင္ကြင္းက အိမ္မက္သက္သက္ျဖစ္ဖို႔ ေယာင္ရမ္းတမ္းတ မိသည္။ ဒီဖက္ျပန္လွည့္လာတဲ့ အစ္မ ရဲ႕ မ်က္ႏွာ အေနအထားက အံ့ဩမႈ။ မ်က္ရည္ေတြၾကားက ျမင္ေနရတဲ့ အစ္မ က လွပ‌ေနဆဲပင္။ အစ္မ နန္းငယ္ ဆီ ေျပးလာပုံရသည္။ ရင္မဆိုင္ရဲ။ အစ္မရဲ႕ စကားေတြကို နန္းငယ္ မၾကားခ်င္။ ေလးခြစုံရာ လမ္းက တစ္ဖက္ကို ေျပးလာတဲ့ အစ္မ ရယ္ ေက်ာင္းေဆာင္ေတြၾကား ၀င္ေျပးလာခဲ့တဲ့ နန္းငယ္ရယ္။ ဘယ္အခ်ိန္ထိ ေျပးနိုင္ၾကမည္လဲ။


ဖယ္ရီကားထဲမွာ က်ဳံ႕က်ဳံ႕ေလး ထိုင္ေနမိသည္။
ပထမတစ္ေခါက္ လက္ကိုင္၍ ပါးရိုက္ခဲ့တဲ့ အစ္မ က ဒုတိယ တစ္ေခါက္ ႏႈတ္ခမ္းကို နမ္းေတာ့ ဘာတုံ႕ျပန္မႈမွမရွိ။ ဒါဟာ ဘာသေဘာပင္လဲ။ အေတြးမ်ားကို ရပ္တန႔္ပစ္ခ်င္သည္။ ေခါင္းငုံ႕၍ ငိုေနမိတဲ့အတြက္ အနည္းငယ္ အသက္ရႉက်ပ္လာသည္။ ေခါင္းေထာင္ဖို႔လုပ္လိုက္တဲ့အခ်ိန္


"နန္းငယ္ အစ္မ ရွင္းျပတာကို နားေထာင္မယ္မလား အခု နန္းငယ္ ကို ဒီအတိုင္းျပန္လႊတ္လိုက္တာက နန္းငယ္ အတြက္ အခ်ိန္ခဏ ေပးတာပါ နန္းငယ္ အဆင္ေျပတဲ့အခ်ိန္ အစ္မ ကိုဆက္သြယ္ေနာ္ နန္းငယ္ ထင္သလို မဟုတ္တာ အစ္မ ရွင္းျပနိုင္တယ္ဆိုတာေတာ့ ယုံေပးပါ ခ်စ္တယ္ နန္းငယ္"


ေျခသံေတြက ခပ္ေဝးေဝးကိုေရာက္သြားသည္။ ကားေပၚမွာတျခား ေမဂ်ာက အမေတြရွိမွန္း အခုမွသတိရမိသည္။ ကားေနာက္ဆုံးေနရာမွာ ထိုင္ေနၿပီး အစ္မ က အေနာက္ကေန ကပ္ေျပာလာသျဖင့္ သူတို႔ၾကားမည္ေတာ့မဟုတ္ေပ။


တစ္ေအာင့္ၾကာေတာ့ သုံးေယာက္ ေရာက္လာကာ ဟိုေမးဒီေမး ေမးခဲ့ေပမဲ့ မေျဖခ်င္ေသးဘူး ဆိုသည့္ စကားကို ေျပာခဲ့ေတာ့ သုံးေယာက္လုံးၿငိမ္သြားခဲ့သည္။


အိမ္ျပန္ေရာက္၍ ေဖေဖ က အစ္မ ပါမလာဖူး လားေမးသည္ ေမေမ က အစ္မ ကို ဟင္းခ်က္သင္ေပးမလို႔ ေစာင့္ေနတာ လို႔ ေျပာခဲ့သည္ ထင္သည္။


"သူ လုပ္စရာရွိလို႔ မလာနိုင္ဖူး" လို႔သာ ေျပာၿပီး အခန္း ကိုသာ ၀င္ခဲ့မိသည္။


ကိုယ့္အခန္းဆိုေပမဲ့ အစ္မ အေငြ႕အသက္အခ်ိဳ႕က ရွိေနေသးသည္။ အိမ္ကို ေန႕တိုင္းနီးပါးလာ၍ ည မိုးမခ်ဳပ္ ခင္ ျပန္တတ္သည္။ လာတဲ့အခ်ိန္တိုင္းလည္း ဒီအခန္းတြင္းႏွင့္ မီးဖိုေခ်ာင္မွာသာ အခ်ိန္ကုန္တာက ခပ္မ်ားမ်ားပင္။ ကုတင္ေပၚမွာ လွဲ၍ စာဖတ္ေနတဲ့ အစ္မ ပုံစံ။ မွန္တံခါး နားကို ရပ္ကာ ေကာင္းကင္ ကို ေငးေနတတ္တဲ့ အစ္မ။ စာအုပ္စဥ္ၾကားက အစ္မ လက္နဲ႕ ထိေတြ႕ထားတဲ့ စာအုပ္အေတာ္မ်ားမ်ား။ တံခါးေျခရင္းမွာသာ ထိုင္ခ်မိလိုက္ေတာ့သည္။ အစ္မ က ငါ့ကို အရမ္းခ်စ္တာ ဆိုတဲ့ အသိစိတ္ကို ရိုက္သြင္းေနရသည္။ ျမင္ခဲ့တဲ့ ျမင္ကြင္း က အိမ္မက္သာ ျဖစ္လိမ့္မည္။ အျမန္ နိုးထခ်င္ေနၿပီ။ ရင္ဘက္တစ္ခုလုံး ေအာင့္သက္သက္ျဖစ္လာသည္။ တစ္ခ်ိန္လုံး ေအာင့္အီးကာေနခဲ့ၿပီးေတာ့မွ အသံထြက္ကာ ငိုမိေတာ့သည္။ မျဖစ္နိုင္ဘူး ဆိုတဲ့ စကားကို ထပ္ခါထပ္ခါေရ႐ြတ္ေနမိသည္ ထင္၏။ တင္းၾကပ္လာတဲ့ ခံစားခ်က္က အရာရာကို လႊတ္ခ်ပစ္နိုင္ေလာက္တဲ့ထိ နာက်င္လာခဲ့သည္။ နာက်င္မႈေပ်ာက္လို႔ေပ်ာက္ျငား ရင္ဘက္ကို တခ်က္ႏွစ္ခ်က္ရိုက္လိုက္ေသာ္လည္း မရ။ တံခါး၀ ကေန အားယူ ထရင္း ကုတင္ေပၚ ေကြးကာေနမိေတာ့သည္။ က်လာတဲ့ မ်က္ရည္ေတြကို မသုတ္ျဖစ္ေတာ့။ နာက်င္ေနတဲ့ ရင္ဘက္ကို ဆုပ္ကိုင္ထားရင္း အစ္မ က ငါ့ကို အရမ္းခ်စ္တာ ဆိုသည့္ အေတြးကို သာ ဦီးစားေပးခဲ့သည္။


**************


"ဒါ ရွင္ သက္သက္ လုပ္ယူခဲ့တာမလား လိမ္ဖို႔ မႀကိဳးစားနဲ႕"


"မလိမ္ပါဖူး တကယ္ လုပ္ယူခဲ့တာပဲ အမ ေျပာၿပီးသားပဲ တိမ္လႊာရယ္ တိမ္လႊာက အမ အပိုင္ပဲျဖစ္ရမယ္လို႔"


ဧည့္ခန္းက အေျခအတင္ျဖစ္ေနသည့္ အသံက အနည္းငယ္ က်ယ္လာသည္။ တုန္ရီေနတဲ့ လက္ေတြကို လက္သီးသာစုပ္ထားမိေတာ့သည္။ မဟုတ္လွ်င္ ထို မိန္းမ ကို ထသတ္မိေလမလား။ ‌ေနာက္ဆုံးတစ္ႀကိမ္ေလာက္ နမ္းခြင့္ျပဳနိုင္မလား ေနာက္ဆုံးပဲ ဒါၿပီးရင္ တိမ္လႊာကို လက္ေလ်ာ့ပါ့မယ္ ဆိုတဲ့ အဲ့ဒီ့စကား ကားထဲကို ၀င္ရေလာက္ေအာင္ထိ သတၱိမရွိခဲ့တဲ့ ငါ။ ေတြေဝေနတဲ့ ငါ့ကို ႐ုတ္တရက္ဆြဲနမ္းပစ္လိုက္တဲ့ အဲ့ဒီ့ မိန္းမ။ မ်က္ရည္စ ေတြနဲ႕ တုန္ရီစြာ ရပ္ၾကည့္ခဲ့တဲ့ ငါ့ရဲ႕ ကေလးငယ္။ ေျပးထြက္သြားတဲ့ ေက်ာျပင္။


ေဒါသသည္ထိမ္းခ်ဳပ္နိုင္စြမ္းမရွိေတာ့ အေရွ႕က မိန္းမ ရဲ႕ အက်ီ စ ကို ကိုင္ဆြဲလိုက္မိသည္။


"အဲ့ဒါ ဘာသေဘာလဲဟမ္ ဘာသေဘာလဲ ရွင့္မွာ ေယာကၤ်ားျဖစ္တဲ့ ကြၽန္မ ေဖေဖ တစ္ေယာက္လုံးရွိေနေသးတယ္ဆိုတာ ရွင္နားမလည္ဖူးလား ဟမ္"


"နားမလည္ပါဖူး အမ က တိမ္လႊာ့ကို ရၿပီဆို ရတယ္ တိမ္လႊာသာ ဆႏၵရွိမယ္ဆို အမ က တိမ္လႊာ့ ေဖေဖ ကို ကြာရွင္းၿပီး တိမ္လႊာ့ကို လက္ထပ္ယူမွာပါ"


"ခင္ဗ်ား မိုက္ရိုင္းလွခ်ည့္လား လူယုတ္မာ ႐ြံစရာေကာင္းတဲ့ မိန္းမ"


ေဒါသျဖစ္ကာ ထိုမိန္းမ အား အက်ီစမွ ဆြဲကာ နံရံကို ေဆာင့္တြန္းလိုက္မိသည္။


"႐ြံတယ္ ဟုတ္လား တိမ္လႊာ ငါ မင္းကို ဘာေတြမ်ားလုပ္ခဲ့လို႔ ႐ြံတယ္ ေျပာရတာလဲဟမ္!"


"အသက္မျပည့္ေသးတဲ့ ငါ့ကို ကားေပၚေခၚၿပီး ေခြးႀကံႀကံခဲ့တဲ့ အတြက္႐ြံ႕တယ္ ထင္ေနတာလား ရွင့္စကားကို ရွင္ေမ့ေနေလသလား မ၀တ္ရည္ႏြေး အဲ့ဒီ့ေန႕ၿပီးေတာ့ ေနာက္တစ္ရက္မွာ ရွင္ေျပာခဲ့တဲ့ စကား
အမ တို႔က မိန္းကေလးအခ်င္းခ်င္းေပမဲ့ တိမ္လႊာ့ရဲ႕ အပ်ိဳရည္ ကို ဖ်က္ခဲ့မိရင္ အမ တာ၀န္ယူပါ့မယ္ ဆိုတဲ့ အဲ့ဒီ့စကား ရွင္သာ ေယာကၤ်ားေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ ကြၽန္မ ကို သားမယားျပဳက်င့္ရင္ေတာင္ ရွင့္ကို ယူဖို႔စိတ္မကူးဖူး ဘာလို႔လဲ သိလား ရွင့္ရဲ႕ ေအာက္တန္းက်တဲ့ စိတ္ဓာတ္ အပ်ိဳရည္ ဖ်က္လိုက္တာနဲ႕ ရနိုင္တယ္ ဆိုတဲ့ အဲ့ဒီ့ စိတ္ေၾကာင့္ အဲ့ဒီ့စိတ္ေၾကာင့္ရွင့္ကို မုန္းတာထပ္ပိုၿပီး ႐ြံ႕ခဲ့တာ သိရဲ႕လား"


"အမ အဲ့ဒီ့တုန္းက အဲ့လိုသေဘာမ်ိဳးေျပာခဲ့တာမဟုတ္ဘူး တိမ္လႊာ"


"ဘာကို အလိမ္အညာေတြ လုပ္ေနဦးမွာလဲ ေက်းဇူးျပဳၿပီး ငါ့ကိုလႊတ္ထားေပးပါေတာ့ ေက်းဇူးျပဳၿပီး"


ပုခုံးႏွစ္ဖက္ကို ကိုင္လႈပ္ရင္း ေတာင္းဆိုလာတဲ့ လူသားငယ္။


"မဟုတ္ဘူး တိမ္လႊာ အမ ကေလ တိမ္လႊာ့ေဘးမွာပဲေနခ်င္ခဲ့တာပါ တိမ္လႊာရယ္"


"စကားကို ဗေလာင္းဗလဲ မေျပာစမ္းပါနဲ႕ ကြၽန္မ ဘယ္လိုလုပ္မွ လက္လႊတ္နိုင္မွာလဲ ေတာင္းဆိုတာပါ ေက်းဇူးျပဳၿပီး"


"တိမ္လႊာ အမ က ဘယ္လိုမွ လက္မလႊတ္နိုင္ဖူးဆိုရင္ေရာ"


နာၾကဥ္းခ်က္ေတြအျပည့္နဲ႕ ထိုမ်က္လုံးတစ္စုံအား ေစ့ေစ့သာ ၾကည့္လိုက္မိေတာ့သည္။
ဟုတ္သည္ ဒီအခ်ိန္ထိ ေရာက္လာခဲ့ၿပီးၿပီ ဘယ္လိုမွ လက္မလႊတ္နိုင္။ ငါ့မွာ သူ႕ပဲရွိေတာ့သည္။


"ရွင္သိပ္လိုခ်င္ေနတဲ့ ကြၽန္မရဲ႕ အပ်ိဳရည္"


"တိမ္လႊာ! ငါလိုခ်င္တာ အဲ့တာမဟုတ္ဘူး ငါလိုခ်င္ခဲ့တာ မင္းကိုပဲ လိုခ်င္ခဲ့တာ မင္းေဘးနားရွိေနဖို႔ပဲ လိုခ်င္ခဲ့တာ!!"


"ရွင့္ကို ကြၽန္မ မခ်စ္နိုင္ဖူး လို႔ ဘယ္ႏွႀကိမ္ေျပာခဲ့ၿပီးၿပီလဲ ဘာလို႔ ဘာလို႔ အဲ့ေလာက္ေတာင္ နားလည္မႈမရွိပဲ တစ္ဇြတ္ထိုး ဆန္ေနရတာလဲ!"


"မခ်စ္နိုင္တာ မဟုတ္ပဲ မခ်စ္ၾကည့္တာ တိမ္လႊာ အမ ကို မခ်စ္ၾကည့္တာ"


"အခ်စ္ဆိုတာ လုပ္ယူလို႔ရတဲ့အရာ မဟုတ္ဖူး အဲ့တာကို ရွင္က ပိုနားလည္မွာေပါ့ ကြၽန္မ ကို မခ်စ္ဖို႔ ရွင့္ကိုယ္ ရွင္ တားခဲ့မိမွာပဲေလ အဲ့လိုပဲ အခ်စ္ဆိုတာ လုပ္ယူ ေျပာင္းလဲလို႔မရဖူး"


"အမ က တိမ္လႊာ့ကို မခ်စ္ဖို႔ ကိုယ့္ကိုကိုယ္ မတားခဲ့ဖူး  တိမ္လႊာ့ကို အၿမဲခ်စ္ေနမွာ တိမ္လႊာ မခ်စ္ရင္ေတာင္ အမ က ခ်စ္ေနမွာ"


တကယ္ေတာ့ ဒီမိန္းမ က သနားစရာပင္။
အတၱေတြၾကားက အခ်စ္က သူ႕ကို ၿမိဳသြားဟန္။
ပူေလာင္ျခင္းေတြသာ ရွ္ိေနတဲ့ ဒီမိန္းမ။


"ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး ကြၽန္မ ကို ခ်စ္ရင္ ဒီေလာက္နဲ႕ပဲ ဒီေလာက္နဲ႕ပဲ လႊတ္ေပးပါေတာ့ ကြၽန္မ နန္းငယ္ ကို ခ်စ္တယ္"


"မဟုတ္ဖူး မဟုတ္ဖူး မခ်စ္ရဖူး တိမ္လႊာ ငါက သူ႕ထပ္အရင္ မင္းကိုခ်စ္လာခဲ့တာ"


ဒီတစ္ခါ နံရံ နဲ႕ေက်ာ ကပ္သြားတာ ကိုယ္ပင္။
သူ႕ ခႏၶာကိုယ္ နဲ႕ နံရံၾကားမွာ လြတ္လမ္းမရွိတဲ့ ေၾကာင္ငယ္ သဖြယ္။


"ေတာင္းပန္..."


ကိုယ့္ရဲ႕ ေတာင္းပန္စကား မဆုံးလိုက္ခင္မွာဘဲ ႏႈတ္ခမ္း ကို ထိေတြ႕လာခဲ့သည္။ သူ႕ လက္ၾကားကေန အတင္းမ႐ုန္းမိေတာ့။ တုန႔္ျပန္မႈလည္းမေပးခဲ့။စိတ္ႀကိဳက္ျခယ္လွယ္ခိုင္းခဲ့သည္။ ႏႈတ္ခမ္းမွတစ္ဆင့္ လည္တိုင္ကို ဆင္း၍ ကိုက္ကာ စုပ္ယူလာသည္။ တစ္ခ်က္အသံထြက္လိုက္မိေတာ့ ေမာ့ၾကည့္လာခဲ့သည္။


ေမာ့ၾကည့္လာတဲ့ မ်က္လုံးတစ္စုံကို အားစိုက္ၾကည့္ကာ


"တိမ္လႊာ့ကို လိုခ်င္တာလား ဒါမွမဟုတ္ တိမ္လႊာ့ အခ်စ္ကို လို ခ်င္တာလား"


ခတ္ခဲသည့္ ေမးခြန္းျဖစ္ပုံေပၚသည္။ သူ႕ရဲ႕ မ်က္လုံးေတြက မတည္ၿငိမ္ေတာ့။


"ေျဖေလ အမ"


ႏွစ္ရွည္လမ်ား မေခၚပဲ ထားခဲ့တဲ့ နာမည္ကို ထုတ္သုံးမွ မ်က္လုံးအားတည့္တည့္ၾကည့္လာသည္။ ေက်းဇူးျပဳၿပီး အဲ့ဒီ့ အတၱႏြံ႕ထဲက ႐ုန္းထြက္ပါေတာ့။


" အမ မသိဘူး"


"မသိလို႔မရဖူး အမ ေျဖပါ"


"အမ မသိဘူး တိမ္လႊာ အမ သိတာ တိမ္လႊာ့ကို အမ ခ်စ္တာပဲ"


"အမ က တိမ္လႊာ့ကို ခ်စ္တာမဟုတ္ဘူး အတၱကို ခ်စ္ေနတာ တိမ္လႊာ့ကိုလိုခ်င္ေနတဲ့ အဲ့ဒီ့ အတၱ ေၾကာင့္ ဒီေလာက္ပူေလာင္ေနရတာ ေက်းဇူးျပဳၿပီး နားလည္ပါေတာ့ အမ ရာ"


လက္ေမာင္းကို ကိုင္ထားတဲ့ လက္မ်ားက ေလ်ာ့က်သြားသည္။ အေျဖမေပးနိုင္တဲ့ ေမးခြန္း ကို ေရွာင္လႊဲရန္ အခန္းထဲကို ၀င္ေျပးလာမိခဲ့သည္။ ကုတင္ေဘးမွာ ထိုင္ခ်ပစ္လိုက္သည္။ မီးမထြန္းထားတဲ့ အခန္းက ၀တ္ရည္ႏြေးရဲ႕ ဘ၀ လိုပဲ ေမွာက္မိုက္ေနသည္။ ဘာမွမရွိေတာ့။ တိမ္လႊာေျပာသလို သူဟာ အတၱထဲ နစ္၀င္ခဲ့သည္ ထင္၏။ ထိုႏြံ႕ထဲက ထြက္နိုင္ေအာင္လည္း သူ ကူမွျဖစ္မည္ ထင္သည္။ "အခ်စ္က ျဖဴစင္တယ္" ဆိုတဲ့ စကားကို လ်စ္လ်ဴ႐ူကာ အတၱဆိုတဲ့ အေရာင္ေတြ ဆိုးခဲ့မိၿပီ။ ေအးစက္ေနတဲ့ ၾကမ္းျပင္ေပၚကို လွဲခ်မိသည္။ ေနာင္တ ဆိုတဲ့ သေဘာတရားကို နားလည္လိုက္သလား။


***************




Comment