Part 22


Unicode

"ရေးရေး.."

"ဗျာ"

ရေး Gang အကြောင်းတွေ သေချာ
လေ့လာနေတုန်း Dayar ၏ အသံနူးနူး
ညံ့ညံ့လေးကြောင့် လုပ်သမျှ အကုန်ရပ်ပစ်
လိုက်သည်။

"သောက်ကြမလား?"

ရာရာက ဝိုင်ပုလင်းလေး မြှောက်ပြကာ
မေးလိုက်သည်။
ထို့နောက်တွင်တော့ ရာရာတို့ ဝိုင်သောက်ရင်း
Chess ကစားကြသည်။

"Gang အခြေအနေဘယ်လိုနေလဲ ရေးရေး"

ရာရာ ရေးကို မေးရင်း အရုပ်တစ်ရုပ်ကို
ရွှေ့လိုက်သည်။
မခေသူ ရေး ကလဲ ရာရာဖက်သို့
တိုက်စစ်ဆင်ရင်း

"အကုန် အဆင်ပြေပါတယ် Dayar အဆင်မပြေရင် သတ်ပစ်ရုံပဲလေ."

ရေး စကားကြောင့် ရာရာပြုံးလိုက်သည်။
ရေးက သူ့ပုံအတိုင်းပဲ အချစ်မခံရတာက
လွဲလို့ပေါ့...

"တော်တယ်.."

ရာရာနဲ့ အတူတူနေရတာ နေသားကျပီ
ဆိုပေမယ့် တော်တယ် လို့ချီကျူးခံလျှင်
အမြဲတမ်းပြုံးမိဆဲပင်...

"အရုပ်တွေကို နေရာမချပဲ ဒီတိုင်းလွှတ်ထားမှာလား"

"အချိန်မကျသေးလို့ပါ Dayar ကျတော် အကုန်စီစဉ်ထားတယ်"‌

"ပြောပါအုံး"

"‌ကျတော့် အရုပ်တွေကို အရင်ပြန်ယူရမယ် ပီးမှ ကျန်တဲ့လူကို ရှင်းပစ်မှာ."

ရေး ရာရာ၏ နယ်ရုပ်အား သူ၏အရုပ်ဖြင့်
တွန်းပီး ပြောလိုက်သည်။
ရာရာကတော့ ပြုံးရင်ပင်...

"No..ရေးရေး ငါက မင်းရဲ့ ပြိုင်ဖက် နယ်ရုပ်တွေကို ကစားနေတဲ့လူ

အဲ့တာကို မင်းက နယ်ရုပ်ကို အရင်ယူရင် ဘာထူးမှာလဲ ငါကထပ်ပီးကစားနိုင်တယ်လေ

ရေးရေး သေချာစဉ်းစား အရင်လိုနုံနုံအအပုံ မလုပ်နဲ့...."

(ကစားသူ - ရေး,တဖက်ကစားသူ - နှစ်, နယ်ရုပ် ဟိုသုံးကောင်)

ရာရာ ပြောပီးသည်နှင့် ရေး၏ အရုပ်အား
ကန်ချလိုက်သည်။
ရေးကတော့ နားလည်သွာသယောင်နှင့်
ရာရာ့အား ကြည့်ရင်း ပြုံးနေသည်။

"ဟုတ်တယ် Dayar ပြောတာမှန်တာပဲ နယ်ရုပ်ကို ယူရင် တဖက်က ကစားသူ‌က

အရုပ်တွေကို ထပ်ရွှေ့နိုင်အုံးမှာပဲလေ နော်.."

"နိုင်ဖို့ တနည်းပဲရှိတယ် ရေးရေး နယ်ရုပ်တွေကိုယ်တိုင် ကစားသူကို ရှုံးအောင်ပြန်ရင်

နိုင်ခြင်းက မင်းအတွက်ပဲ
ဘာလိုလဲ သိလား

ရေးရေး...အဲ့တာ တဖက်လူက သူနိုင်ချင်တာ တစ်ခုကိုပဲ သိလို့ Chess.."

(နိုင်ချင်ခြင်း = လင်တရူးခြင်း)

ရာရာ အနိုင်ယူပီးတာတောင် ရေးက
ရာရာ့အား ကြည့်‌နေဆဲ..

"ဒါပေမယ့် နယ်ရုပ်က ကစားသူကို ပြန်မသတ်နိုင်ဘူးလေ Dayar ကိုယ့်ရဲ့ကစားသူကို.."

"မသတ်နိုင်ရင် သတ်နိုင်အောင် အခွင့်‌အရေး ပေးကြည့်လိုက် ရေးရေး သူတို့မလုပ်နိုင်ရင် မင်းသတ်လိုက် ကစားသူအချင်းချင်းပဲလေ.."

(T/N ရာရာက ဒို့ ‌ကောင်လေးပဲ မလုနဲ့နော် 😾⭐)

....My Husbands Are Shameless....

"ရေး..."

"ကျတော်..."

"ငါ့ကိုအာရုံနောက်အောင် မလုပ်ရင်ကောင်းမယ်"

"တောင်း..ပန်ပါတယ်"

ရေး Company တွင် Project ကိစ္စ
အတွက် အလုပ်ရှုပ်နေတုန်း ဘေးမှ

တစ်ခါလာလဲ တောင်းပန်ပါတယ်
လာပြောနေသော လူကို အတော်ပင်
စိတ်ပျက်နေပြီ...

တောင်းပန်တိုင်း
ခွင့်လွှတ်ပေးရအောင် သူ့ကို တရားပေါက်
နေတယ်များ ထင်‌‌နေလားမသိ

"ငါ့ကို တောင်းပန်ချင်တယ်ပေါ့.."

ငြိမ်ကျသွား လူကို ကြည့်ရင်း ရေး
လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
သူတို့အတွက်
ငါခံစားခဲ့ရတာတွေက ရုပ်ရှင်လိုပဲ

သူတို့ကတော့ ထိုဇာတ်ညွှန်းကို သေချာရေးခဲ့တာပေါ့ နာကျင်ရတာက ငါ..

"ဘာပဲ လုပ်ရလုပ်ရ လုပ်ပေးမှာမို့လို့ မောင့်ကို ခွင့်လွှတ်ပေးပါရေး"

ကျတော့် အားကြည့်ကာ ရီရင်း ပြော
နေခဲ့သော ရေးကို ဦးညွတ်ကာ တောင်းပန်မိသည်။

အရင်က ပြဿနာကို သေချာမသိပဲ
ရေးကို သာ အပြစ်တင်နေခဲ့သော သူ့ကိုယ်သူ
အတော်ပင် စိတ်ပျက်နေမိသည်။

ရေးမရှိတော့မှ သူ့ဘဝက သိသိသာသာပင်
‌ခြောက်ကပ်ဘာသည်။ရေးကရက်စက်တယ်
ဟုပြောလိုက်ချင်သော်လည်း

ကျတော်တို့ ရေးကို ပေးခဲ့သော ဒဏ်ရာ
တွေက နည်းနည်းနောနောမှ မဟုတ်တာလေ။

ကျတော်ပြောလိုက်သော စကားတွေက
ရေးအတွက် အသုံးမဝင်တဲ့ ပျက်လုံး
တွေလို
ရေးကစိတ်မပါပဲ ရီသာရီနေသည်။

ကျတော် ရေးကို မော့ကြည့်
မိလိုက်တော့ နာကျည်းမှုများစွာနှင့် ကြည့်
နေသော ရေးကိုသာ မြင်ရသည်။

ကျတော်လဲ ရေးမျက်နှာ ချောချောကို
သေချာငေးနေမိတော့ ရေးဘာလုပ်လုပ်
မသိနိုင်တော့ပေ။

*ခွမ်း....!!*

‌သွေးတွေ....နှဖူးပေါ်မှ ကျ‌လာသော သွေး
နီနီရဲရဲတွေ ကျတော့ နှုတ်ခမ်းနားရောက်မှ
ရေးလုပ်လိုက်သော အရာကို သတိထားမိသည်။

ရေးက သူ့ခေါင်းအား ဘေးမှ ကြွေ
ပန်းအိုးဖြင့် ရိုက်ခွဲလိုက်ခြင်းသာ...

ကျတော် အကြည့်မလွှဲနိုင်သေးဘူး
ရေးဆီက အကြည့်မလွှဲနိုင်သေးဘူး

‌နှဖူးမှ ဒဏ်ရာက အနည်းငယ် သွေးထွက်
လွန်လာတော့ ကျတော့ မျက်လုံးတွေ
အနည်းငယ် ဝေဝါးလာတယ်..

အားအင်တွေစုတ်ယူခံလိုက်ရပီး သေချာ
တောင် မမတ်နိုင်တော့တဲ့ ကျတော့ရင်ဖက်ကို
ရေးက သူ၏ ခြေတံသွယ်သွယ်လေးဖြင့်
ကန်ချကာ ပြောလိုက်သော

စကားတစ်ခွန်းက...

"မင်းသေရင်တောင် ငါ့ခွင့်လွှတ်မှု ရမယ်မထင်နဲ့" တဲ့

နာလိုက်တာ ရေးရယ် ရင်ဖက်ထဲရရော
ဒဏ်ရာကပါ...
အင်း.....ဒီဒဏ်ရာတွေက ရေးခံစားရခဲ့ရတာတွေကို ဘယ်ခြေဖျား မှီနိုင်ပါ့မလဲ....

အရင်အချိန်က
နှလုံးသားကို တံခါးလာခေါက်သော
သူလေးအား  ကျတော်ကိုယ်တိုင်

လွတ်လပ်စွာ ဝင်ခွင့်ပေးခဲ့ပြီး
သူလိုချင်‌ခဲ့သော သစ္စာရှိမှုကိုတော့ မပေးခဲ့
သူ ကျတော်သည်။

ယခုအချိန်တွင် သူ၏ ခွင့်လွှတ်မှုကို
ပြန်လိုချင်နေပါတယ်ဆိုရင် အကုန်လုံးက
ဟားတိုက်ရယ်ကြမယ်ထင်ပါရဲ့.....။

လူတိုင်းသည် အချစ်နှင့် ထိုက်တန်၏
သို့သော် ကိုယ့်ကို တန်ဖိုးမထားသော
သူအနားသို့ ကပ်တွယ်မနေသင့်ပါ။

သူမပျော်ရွှင် သလို ကိုယ်လဲ ပျော်ရွှင်နိုင်မည်
မဟုတ်သည်မှာ ဧကန်မုချပင်.....။

အချိန်လွန်မှ ရလာသော နောင်တသည်
မည်သူ့အတွက်မှ အသုံးမဝင်.....

...My Husbands Are Shameless...

သွေးတွေနှင့် လဲကျနေသော သူကို
ရေး လျစ်လျူကာ ထိုနေရာမှ ထွက်လာခဲ့သည်။

မျက်ရည်မကျ‌သော်လည်း ရင်ထဲတွင်တော့
ပူလောင်နေဆဲပင်
သို့သော် ငါလုပ်တာ မှန်တယ် ဟုသာ
တွေးထားသည်။

နာကျင်ရပါတယ် ငါလဲ ဒါပေမယ့်
ဒီနာကျင်မှုက အရင်လို သူတို့ပေးခဲ့သော
နာကျင်မှုလောက်တော့ မဟုတ်...

ကိုယ့်အပေါ်တွင် လုပ်ခဲ့သောသူများကို
စိတ်ပူနေသေးတဲ့ ကျတော့်ကိုယ်
ကျတော် ဟားတိုက်ရယ်ပစ်လိုက်ချင်သည်။

ကျတော့ နှလုံးသားကပြောနေတယ်
နာကျင်ရပါတယ်တဲ့

တဆက်ထဲ ကျတော့ ဦးနှောက်ပြော
လာတာက
မင်းမှာ ဒဏ်ရာတွေဒီလောက်ရထားတာကို
အမှတ်မရှိ‌သေး ဘူးလားတဲ့

ယခုအချိန်အထိ ကျတော်သည်
ကျတော့အပေါ်  ရက်စက်နိုင်ခဲ့သော

သူတို့အား ချစ်နေဆဲပင် စိတ်ပူနေဆဲပင်
သူတို့ကြောင့် နာကျင်ရဆဲပင်

သို့သော် သူတို့အား ခွင့်လွှတ်‌ပေးလိုက်ပါ
ဟု ပြောလျှင် ပြောသောသူများကို
ကျတော့ရင်ဖက်
ကိုခွဲကာ ကျတော့နေရာသို့ ဝင်ခိုင်းပီး

"ငါရခဲ့တဲ့ ဒဏ်ရာတွေ မြင်နိုင်ရဲ့လား"

ဟုသာ ပြုံး၍ ပြောဖြစ်ပေလိမ့်မည်။

ကမ္ဘာပေါ်တွင် မိမိအား နာကျင်အောင်
လုပ်သောသူများသည် မိမိ၏
ချစ်ရသူများပင်။

(ပျင်းစရာကောင်း‌‌နေလား ဟင်? 😾👉👈)

Zawgyi

"ေရးေရး.."

"ဗ်ာ"

ေရး Gang အေၾကာင္းေတြ ေသခ်ာ
ေလ့လာေနတုန္း Dayar ၏ အသံႏူးႏူး
ညံ့ညံ့ေလးေၾကာင့္ လုပ္သမ်ွ အကုန္ရပ္ပစ္
လိုက္သည္။

"ေသာက္ၾကမလား?"

ရာရာက ဝိုင္ပုလင္းေလး ေျမႇာက္ျပကာ
ေမးလိုက္သည္။
ထို႔ေနာက္တြင္ေတာ့ ရာရာတို႔ ဝိုင္ေသာက္ရင္း
Chess ကစားၾကသည္။

"Gang အေျခအေနဘယ္လိုေနလဲ ေရးေရး"

ရာရာ ေရးကို ေမးရင္း အရုပ္တစ္ရုပ္ကို
ေရႊ့လိုက္သည္။
မေခသူ ေရး ကလဲ ရာရာဖက္သို႔
တိုက္စစ္ဆင္ရင္း

"အကုန္ အဆင္ေျပပါတယ္ Dayar အဆင္မေျပရင္ သတ္ပစ္ရံုပဲေလ."

ေရး စကားေၾကာင့္ ရာရာၿပံဳးလိုက္သည္။
ေရးက သူ႔ပံုအတိုင္းပဲ အခ်စ္မခံရတာက
လြဲလို႔ေပါ့...

"ေတာ္တယ္.."

ရာရာနဲ႔ အတူတူေနရတာ ေနသားက်ပီ
ဆိုေပမယ့္ ေတာ္တယ္ လို႔ခ်ီက်ူးခံလ်ွင္
အၿမဲတမ္းၿပံဳးမိဆဲပင္...

"အရုပ္ေတြကို ေနရာမခ်ပဲ ဒီတိုင္းလႊတ္ထားမွာလား"

"အခ်ိန္မက်ေသးလို႔ပါ Dayar က်ေတာ္ အကုန္စီစဉ္ထားတယ္"‌

"ေျပာပါအံုး"

"‌က်ေတာ့္ အရုပ္ေတြကို အရင္ျပန္ယူရမယ္ ပီးမွ က်န္တဲ့လူကို ရွင္းပစ္မွာ."

ေရး ရာရာ၏ နယ္ရုပ္အား သူ၏အရုပ္ျဖင့္
တြန္းပီး ေျပာလိုက္သည္။
ရာရာကေတာ့ ၿပံဳးရင္ပင္...

"No..ေရးေရး ငါက မင္းရဲ့ ၿပိဳင္ဖက္ နယ္ရုပ္ေတြကို ကစားေနတဲ့လူ

အဲ့တာကို မင္းက နယ္ရုပ္ကို အရင္ယူရင္ ဘာထူးမွာလဲ ငါကထပ္ပီးကစားႏိုင္တယ္ေလ

ေရးေရး ေသခ်ာစဉ္းစား အရင္လိုႏံုႏံုအအပံု မလုပ္နဲ႔...."

(ကစားသူ - ေရး,တဖက္ကစားသူ - ႏွစ္, နယ္ရုပ္ ဟိုသံုးေကာင္)

ရာရာ ေျပာပီးသည္ႏွင့္ ေရး၏ အရုပ္အား
ကန္ခ်လိုက္သည္။
ေရးကေတာ့ နားလည္သြာသေယာင္ႏွင့္
ရာရာ့အား ၾကၫ့္ရင္း ၿပံဳးေနသည္။

"ဟုတ္တယ္ Dayar ေျပာတာမွန္တာပဲ နယ္ရုပ္ကို ယူရင္ တဖက္က ကစားသူ‌က

အရုပ္ေတြကို ထပ္ေရႊ့ႏိုင္အံုးမွာပဲေလ ေနာ္.."

"ႏိုင္ဖို႔ တနည္းပဲရိွတယ္ ေရးေရး နယ္ရုပ္ေတြကိုယ္တိုင္ ကစားသူကို ရႈံးေအာင္ျပန္ရင္

ႏိုင္ျခင္းက မင္းအတြက္ပဲ
ဘာလိုလဲ သိလား

ေရးေရး...အဲ့တာ တဖက္လူက သူႏိုင္ခ်င္တာ တစ္ခုကိုပဲ သိလို႔ Chess.."

(ႏိုင္ခ်င္ျခင္း = လင္တရူးျခင္း)

ရာရာ အႏိုင္ယူပီးတာေတာင္ ေရးက
ရာရာ့အား ၾကၫ့္‌ေနဆဲ..

"ဒါေပမယ့္ နယ္ရုပ္က ကစားသူကို ျပန္မသတ္ႏိုင္ဘူးေလ Dayar ကိုယ့္ရဲ့ကစားသူကို.."

"မသတ္ႏိုင္ရင္ သတ္ႏိုင္ေအာင္ အခြင့္‌အေရး ေပးၾကၫ့္လိုက္ ေရးေရး သူတို႔မလုပ္ႏိုင္ရင္ မင္းသတ္လိုက္ ကစားသူအခ်င္းခ်င္းပဲေလ.."

(T/N ရာရာက ဒို႔ ‌ေကာင္ေလးပဲ မလုနဲ႔ေနာ္ 😾⭐)

....My Husbands Are Shameless....

"ေရး..."

"က်ေတာ္..."

"ငါ့ကိုအာရံုေနာက္ေအာင္ မလုပ္ရင္ေကာင္းမယ္"

"ေတာင္း..ပန္ပါတယ္"

ေရး Company တြင္ Project ကိစၥ
အတြက္ အလုပ္ရႈပ္ေနတုန္း ေဘးမွ

တစ္ခါလာလဲ ေတာင္းပန္ပါတယ္
လာေျပာေနေသာ လူကို အေတာ္ပင္
စိတ္ပ်က္ေနၿပီ...

ေတာင္းပန္တိုင္း
ခြင့္လႊတ္ေပးရေအာင္ သူ႔ကို တရားေပါက္
ေနတယ္မ်ား ထင္‌‌ေနလားမသိ

"ငါ့ကို ေတာင္းပန္ခ်င္တယ္ေပါ့.."

ၿငိမ္က်သြား လူကို ၾကၫ့္ရင္း ေရး
ေလွာင္ၿပံဳးၿပံဳးကာ ေျပာလိုက္သည္။
သူတို႔အတြက္
ငါခံစားခဲ့ရတာေတြက ရုပ္ရွင္လိုပဲ

သူတို႔ကေတာ့ ထိုဇာတ္ၫႊန္းကို ေသခ်ာေရးခဲ့တာေပါ့ နာက်င္ရတာက ငါ..

"ဘာပဲ လုပ္ရလုပ္ရ လုပ္ေပးမွာမို႔လို႔ ေမာင့္ကို ခြင့္လႊတ္ေပးပါေရး"

က်ေတာ့္ အားၾကၫ့္ကာ ရီရင္း ေျပာ
ေနခဲ့ေသာ ေရးကို ဦးၫြတ္ကာ ေတာင္းပန္မိသည္။

အရင္က ျပႆနာကို ေသခ်ာမသိပဲ
ေရးကို သာ အျပစ္တင္ေနခဲ့ေသာ သူ႔ကိုယ္သူ
အေတာ္ပင္ စိတ္ပ်က္ေနမိသည္။

ေရးမရိွေတာ့မွ သူ႔ဘဝက သိသိသာသာပင္
‌ေျခာက္ကပ္ဘာသည္။ေရးကရက္စက္တယ္
ဟုေျပာလိုက္ခ်င္ေသာ္လည္း

က်ေတာ္တို႔ ေရးကို ေပးခဲ့ေသာ ဒဏ္ရာ
ေတြက နည္းနည္းေနာေနာမွ မဟုတ္တာေလ။

က်ေတာ္ေျပာလိုက္ေသာ စကားေတြက
ေရးအတြက္ အသံုးမဝင္တဲ့ ပ်က္လံုး
ေတြလို
ေရးကစိတ္မပါပဲ ရီသာရီေနသည္။

က်ေတာ္ ေရးကို ေမာ့ၾကၫ့္
မိလိုက္ေတာ့ နာက်ည္းမႈမ်ားစြာႏွင့္ ၾကၫ့္
ေနေသာ ေရးကိုသာ ျမင္ရသည္။

က်ေတာ္လဲ ေရးမ်က္ႏွာ ေခ်ာေခ်ာကို
ေသခ်ာေငးေနမိေတာ့ ေရးဘာလုပ္လုပ္
မသိႏိုင္ေတာ့ေပ။

*ခြမ္း....!!*

‌ေသြးေတြ....ႏွဖူးေပၚမွ က်‌လာေသာ ေသြး
နီနီရဲရဲေတြ က်ေတာ့ ႏႈတ္ခမ္းနားေရာက္မွ
ေရးလုပ္လိုက္ေသာ အရာကို သတိထားမိသည္။

ေရးက သူ႔ေခါင္းအား ေဘးမွ ေႂကြ
ပန္းအိုးျဖင့္ ရိုက္ခြဲလိုက္ျခင္းသာ...

က်ေတာ္ အၾကၫ့္မလႊဲႏိုင္ေသးဘူး
ေရးဆီက အၾကၫ့္မလႊဲႏိုင္ေသးဘူး

‌ႏွဖူးမွ ဒဏ္ရာက အနည္းငယ္ ေသြးထြက္
လြန္လာေတာ့ က်ေတာ့ မ်က္လံုးေတြ
အနည္းငယ္ ေဝဝါးလာတယ္..

အားအင္ေတြစုတ္ယူခံလိုက္ရပီး ေသခ်ာ
ေတာင္ မမတ္ႏိုင္ေတာ့တဲ့ က်ေတာ့ရင္ဖက္ကို
ေရးက သူ၏ ေျခတံသြယ္သြယ္ေလးျဖင့္
ကန္ခ်ကာ ေျပာလိုက္ေသာ

စကားတစ္ခြန္းက...

"မင္းေသရင္ေတာင္ ငါ့ခြင့္လႊတ္မႈ ရမယ္မထင္နဲ႔" တဲ့

နာလိုက္တာ ေရးရယ္ ရင္ဖက္ထဲရေရာ
ဒဏ္ရာကပါ...
အင္း.....ဒီဒဏ္ရာေတြက ေရးခံစားရခဲ့ရတာေတြကို ဘယ္ေျခဖ်ား မွီႏိုင္ပါ့မလဲ....

အရင္အခ်ိန္က
ႏွလံုးသားကို တံခါးလာေခါက္ေသာ
သူေလးအား  က်ေတာ္ကိုယ္တိုင္

လြတ္လပ္စြာ ဝင္ခြင့္ေပးခဲ့ၿပီး
သူလိုခ်င္‌ခဲ့ေသာ သစၥာရိွမႈကိုေတာ့ မေပးခဲ့
သူ က်ေတာ္သည္။

ယခုအခ်ိန္တြင္ သူ၏ ခြင့္လႊတ္မႈကို
ျပန္လိုခ်င္ေနပါတယ္ဆိုရင္ အကုန္လံုးက
ဟားတိုက္ရယ္ၾကမယ္ထင္ပါရဲ့.....။

လူတိုင္းသည္ အခ်စ္ႏွင့္ ထိုက္တန္၏
သို႔ေသာ္ ကိုယ့္ကို တန္ဖိုးမထားေသာ
သူအနားသို႔ ကပ္တြယ္မေနသင့္ပါ။

သူမေပ်ာ္ရႊင္ သလို ကိုယ္လဲ ေပ်ာ္ရႊင္ႏိုင္မည္
မဟုတ္သည္မွာ ဧကန္မုခ်ပင္.....။

အခ်ိန္လြန္မွ ရလာေသာ ေနာင္တသည္
မည္သူ႔အတြက္မွ အသံုးမဝင္.....

...My Husbands Are Shameless...

ေသြးေတြႏွင့္ လဲက်ေနေသာ သူကို
ေရး လ်စ္လ်ူကာ ထိုေနရာမွ ထြက္လာခဲ့သည္။

မ်က္ရည္မက်‌ေသာ္လည္း ရင္ထဲတြင္ေတာ့
ပူေလာင္ေနဆဲပင္
သို႔ေသာ္ ငါလုပ္တာ မွန္တယ္ ဟုသာ
ေတြးထားသည္။

နာက်င္ရပါတယ္ ငါလဲ ဒါေပမယ့္
ဒီနာက်င္မႈက အရင္လို သူတို႔ေပးခဲ့ေသာ
နာက်င္မႈေလာက္ေတာ့ မဟုတ္...

ကိုယ့္အေပၚတြင္ လုပ္ခဲ့ေသာသူမ်ားကို
စိတ္ပူေနေသးတဲ့ က်ေတာ့္ကိုယ္
က်ေတာ္ ဟားတိုက္ရယ္ပစ္လိုက္ခ်င္သည္။

က်ေတာ့ ႏွလံုးသားကေျပာေနတယ္
နာက်င္ရပါတယ္တဲ့

တဆက္ထဲ က်ေတာ့ ဦးေနွာက္ေျပာ
လာတာက
မင္းမွာ ဒဏ္ရာေတြဒီေလာက္ရထားတာကို
အမွတ္မရိွ‌ေသး ဘူးလားတဲ့

ယခုအခ်ိန္အထိ က်ေတာ္သည္
က်ေတာ့အေပၚ  ရက္စက္ႏိုင္ခဲ့ေသာ

သူတို႔အား ခ်စ္ေနဆဲပင္ စိတ္ပူေနဆဲပင္
သူတို႔ေၾကာင့္ နာက်င္ရဆဲပင္

သို႔ေသာ္ သူတို႔အား ခြင့္လႊတ္‌ေပးလိုက္ပါ
ဟု ေျပာလ်ွင္ ေျပာေသာသူမ်ားကို
က်ေတာ့ရင္ဖက္
ကိုခြဲကာ က်ေတာ့ေနရာသို႔ ဝင္ခိုင္းပီး

"ငါရခဲ့တဲ့ ဒဏ္ရာေတြ ျမင္ႏိုင္ရဲ့လား"

ဟုသာ ၿပံဳး၍ ေျပာျဖစ္ေပလိမ့္မည္။

ကမ႓ာေပၚတြင္ မိမိအား နာက်င္ေအာင္
လုပ္ေသာသူမ်ားသည္ မိမိ၏
ခ်စ္ရသူမ်ားပင္။

(ပ်င္းစရာေကာင္း‌‌ေနလား ဟင္? 😾👉👈)

Comment