Part 15


Unicode

"Darlin ဘာတွေစိတ်ညစ်နေတာလဲ"

"ငါ့ကိုမထိနဲ့"

နှစ် မေးလိုက်တော့ ကွန်က ဘေးသို့ရှောင်
ပီးပြောလိုက်သည်။
အခုဆို ရေးသူတို့နဲ့ကွာရှင်းတာ 1
လရှိပြီ...။

တစ်လအတွင်း သူတို့ကို ဂရုစိုက်
ပေးမယ့်သူလဲမရှိ ရေးမရှိတော့
အိမ်တွင် ခြောက်ကပ်လို့သာနေသည်။
Dada မှာလဲ သူတို့ကို လုံးဝ‌ဥပေက္ခာ
ပြုထားလေပြီ..။

နှစ် ကတော့ သူ၏မိသားစု ခရီးသွား
သဖြင့် အိမ်တော်တွင်လာနေသည်။
ရေးမရှိသော်လည်း နှစ်ကြောင့်တော့
အနည်းငယ်ပျော်ရပါသည်။

သို့သော် ရေးနှင့်လိုမဟုတ် နှစ်က
သူတို့လုပ်ချင်တာတွေကို အတူတူလုပ်
ပေးသည်။

ဂရုလဲစိုက်ပေးပီး သူတို့ကိုအချိန်ပေးသည်
သို့သော် ရေးနှင့်သာ ပြန်နေချင်သည်။
သံယောဇဉ်ပဲလားတော့ မသိ.....

အခုများဆို ရေးဘာတွေများလုပ်နေမလဲ...?

...My Husbands Are Shameless...

ရေးသူတို့နှင့် ကွာရှင်းပီး မိဘတွေနဲ့လဲ
မနေတော့ပဲ တိုက်ခန်းတွင်သာနေသည်။

သူတို့ သတင်းတွေတော့ကြားပါ‌တယ်လေ
Media မှာမကြေငြာရသေးပေမယ့်
Dating သတင်းပေါင်းများစွာ တက်လာတာကိုလဲ နေ့တိုင်းအလိုလိုကြည့်‌ပီး
ငိုရသေးပါတယ်လေ....

ဒီအကြောင်းတွေများ သူတို့သိသွားရင်
ဟားတိုက်ရယ်နေရော့မလား
သူတို့ကို ချစ်ရတာပင်ပန်းလိုက်တာ

ဝဋ်ကြီးလှချီလား မေ့ဖို့လဲမလွယ်
မုန်းလိုလဲ မရ ဆက်ချစ်ဖို့ကလဲ
မျှော်လင့်ချက် မရှိနဲ့.....

ကိုယ့်ကိုယ်ကိုမညာချင်ပေမယ့်
သူတို့ အချစ်ကကိုယ့်အတွက် ရှိမနေ
တော့တဲ့အခါ ကိုယ့်ကိုယ်ကိုညာလိုက်ပါတယ်
ငါလဲမင်းတို့ကိုမချစ်ခဲ့ဘူး

သူ၏ phone လေးကိုကြည့်ကာ
တိုးတိုးလေးနှင့် စကားတစ်ခွန်းပြောခဲ့ဖူးသည်။
ငါ့ကို မထားခဲ့ပါနဲ့....။

လိမ်ချင်သလောက်လိမ် လက်ခံပေးမှာမို့လို
ငါ့ကို မထားခဲ့ရင်ကောင်းမယ်
ငါ့ကို ချစ်ခဲ့ရင်ကောင်းမယ်
ငါ့ကို နားလည်ပေးရင် ကောင်းမယ်
ငါ့ဖက်ကို တစ်ချက်လောက်ကြည့်ပေးရင်
ကောင်းမယ်

(ဖတ်ရင်းနဲ့ Crush ကြီးကို သတိရသွားတယ်မလား 🥴💔)

ဝမ်းနည်းစရာကောင်းတယ် သူတို့များ
ငါ့ကိုပြန်လာခေါ်မလားဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့
အဆိုးဆုံးပဲ တဖက်သက်ဆန်လွန်းတယ်

ကြိုးစလေးကို အရင်စခဲ့တာသူတို့ဖြစ်ပီး
ငါကြိုးစကို မိမိရရထိမှ သူတို့က ကပ်ကျေး
တစ်လက်နဲ့ ဖြတ်ချလိုက်လေရဲ့....

(ကြိုးစ - အချစ် /ကပ်ကျေး - နှစ်)

"ရေး..."

ရေး ‌အတွေးလွန်နေတုန်း မော့ကြည့်
လိုက်တော့ လူတစ်ဦး...

"ကိုယ်က ဝီရပါ ရေးအဖေလွှတ်လိုက်တာ"

"အာ.... project အတွက်လား တွေ့ရတာ ဝမ်းသာ‌ပါတယ်"

ရေး လက်ကမ်းကာ ကြိုဆိုလိုက်တော့
ထိုလူက နွေးထွေးစွာ ပြုံးပြလာသည်။
မောင်တို့နဲ့တူလိုက်တာ...
ဒါပေမယ့် ဒီလူကနွေးထွေးတယ်

"‌ကြည့်ရတာ တစ်ခုခုပြဿနာဖြစ်နေလို့လား?"

ရေး ခေါင်းခါပြလိုက်သည်။
ဟင့်အင်း....သူတို့အကြောင်းကို ပြန်ပြော
မပြချင်ဘူး တွေးလိုက်တိုင်း ဒီရင်ထဲက
တဆစ်ဆစ်နာလွန်းလို့

ပွင့်လင်းပီးနွေးထွေးသော သူကြောင့်
ရေးတို့ အချိန်ခနလေးအတွင်း
ခင်သွားကြသည်။

"ဒါဆိုရေးက အိမ်ထောင်ကျဖူးတယ်ပေါ့"

"အင်း..."

ပြောရင်း ရေးမျက်ရည်များ ဝေ့လာသော
ကြောင့် မျက်လုံးကို ပုတ်ခက်ပုတ်ခက်
လုပ်လိုက်သည်။
ထိုအခါ ဝီရက အလိုက်တသိ တစ်ရှူး
ထုတ်ပေးပြီး...

"စိတ်မကောင်း မဖြစ်ပါနဲ့ ရေး မေးမိတာ Sorry ပါ.."

"ရပါတယ် ဒါဆို ကျတော်တို့ သွားကြမလား"

"ကိုယ် ပြန်လိုက်ပို့မယ်"

"အင်း..."

ရေးကို ပြန်လိုက်ပို့ခါနီး ပိုက်ဆံရှင်းပီး
ထွက်လာတော့ ရေးက လူ‌လေးယောက်ရှိနေရာကို
တွေတွေလေးကြည့်နေသည်။

"ရေး.."

"ဟင်...အာ...သွားရအောင်လေ"

"ဘာဖြစ်‌လို့လဲရေး ‌နေမကောင်းဘူးလား?"

ဝီရမေးလိုက်တော့ ရေးက ခေါင်းခါ
ပြသည်။

ဘာဖြစ်လို့များ မျက်နှာမကောင်းတာလဲ..
ဝီရ ရေး၏အဖေပြောထားသောကြောင့်
ရေးအကြောင်းတွေ သိထားသည်။

ဘာကြောင့်မှန်းမသိ ဒီကောင်လေးကို
နှစ်သိမ့်ပေးချင်သည်။
ရေးအကြောင်းကြားတော့ ယုံပင်မယုံနိုင်
ရေးက အိမ်ထောက်ပျက်တစ်ဦးဖြစ်‌နေသည်။

"ရေး!!"

ရေး လက်လေးအားဆွဲကာ သွားရန်လုပ်
နေစဉ် ‌နောက်မှ ဟိန်းကနဲ ထွက်လာသော
အသံကြောင့်ဘလှုပ်ရှားမှာတွေ အကုန်
ရပ်တန့်ကုန်သည်။

ထို့နောက် ရေခဲရိုက်မျက်နှာထားနှင့်
ကောင်တစ်ကောင်က ရေးလက်ကို ဆွဲကာ
သူ့ဘက်သို့ ယူလိုက်သည်။

"ငါ့ကိုလွှတ်!"

"အဲ့ကောင်က ဘယ်သူလဲ!ဖြေ!"

ကွန်က ရေးလက်ကိုဆွဲထားပီး
နင့်က ရေးမျက်နှာအား ထိန်းကိုင်ရင်း
မေးနေသည်။ဘေးမှ ဏိင်းကတော့
ရေးကို ဒီတိုင်းစိုက်ကြည့်နေဆဲ....

"လွှတ်စမ်း!!"

ရေးမရမက သူတို့လက်ထဲမှ ရုန်းထွက်
လိုက်သည်။ထို့နောက်

"မင်းတို့ အပူလား ဟမ်?ငါတို့ကွာရှင်းထားတာလဲ မမေ့နဲ့အုံး ဒါ ငါ့ကိစ္စ!"

"ကွာရှင်းတာမကြာသေးဘူး ခဗျားက ဒီလူနဲ့ ဖြစ်ချင် သလိုဖြစ်နေတာ မဟုတ်ဘူးလား ရေး!"

ဏိင်းကပါ ရေးကိုအော်ပြောလာသည်။
ပြောပါတယ် လူဆိုတာ သူတို့ခံစားဖူးမှ
နာကျင်မှုကိုသိတာပါဆို...

"ဒါဆို...မင်းတို့ကရော မကွာရှင်းခင်ထဲက ဖြစ်ပျက်နေတာလေ

အာ....သူလဲပါတာပဲ Hi ငါ့အရင်ခင်ပွန်းတွေရဲ့ ကောင်လေး.."

ရေး ကွန်တို့နောက်မှ နှစ်အား ကြည့်ကာ
ရှေ့သို့ ခြေတလှမ်းတိုးရင်း ပြောလိုက်သည်။
ထိုအခါ ကွန်က ရေးကိုတွန်းပီး...

"သူ့ကို ဘာမှပြောစရာမလိုဘူး ရေး!"

"ကျတော်တို့နဲ့ ဖြစ်တာ ကျတော်တို့ကိုပဲပြော သူနဲ့မဆိုင်..."

"မဆိုင်ဘူး မင်းတို့က တက်လဲတက်နိုင်ပါ့နော် ငါ့အိမ်ထောင်ကို ပြိုကွဲအောင်လုပ်တာ မင်းတို့ပဲလေ

မင်းတို့ ခွေးဇာတ်ခင်းလို့ ပတ်ဝန်းကျင်က ငါ့ကိုနာမည်ပေးတယ် အိမ်ထောင်ပျက် တဲ့

မဆိုင်ဘူးလို့ပြောချင်ရင် ငါနဲ့မတွေ့အောင်နေ အခုလိုက်နှောက်ယှက်နေတာ လူဆိုတာ လူလိုပြောရင်နားလည်တယ်"

ထိုအဖြစ်အပျက်တွေကို ကြည့်နေသော
ဝီရကတော့ မဲ့ပြုံးပြုံးရင်း
အောက်တန်းစားစိတ်ဓာတ်နဲ့ကောင်တွေပဲ
ဟုတွေးနေလေသည်။

Hah...လွှတ်ပစ်ပြီးမှ ပြန်လာကောက်
ချင်နေတာပဲ ဒါပေမဲ့ တန်ဖိုးသိတဲ့လူက
ဦးသွားပီလေ....

ရေးပြောပီးသည်နှင့် ထိုနေရာမှထွက်လာ
ခဲ့သည်။
ဝီရကိုလဲ အားနာသည် ဒီလိုကိစ္စတွေ
တစိမ်းရှေ့မှာမှ ဖြစ်ရတယ်လို့....

"ရေး အဆင်ပြေလား"

"အင်း..."

ရေးတစ်ခွန်းသာ ဖြေပီး တဖက်သို့
လှည့်နေလိုက်သည်။
အချစ်ဆိုတာ ချစ်မိပြီဆိုတာနဲ့
ဝမ်းနည်းခြင်းဆိုတာ တွဲဖက်အဖြစ်ပါပြီးသား

အချစ်ခံရတဲ့သူတွေအတွက် အချစ်ဆိုတာ
အပေါစားဆန်‌ချင် ဆန်နေမယ်
ချစ်နေရတဲ့ သူတွေအတွက်တော့
သူချစ်ရတဲ့ သူရဲ့ တုန့်ပြန်မှုတိုင်းကို
ခံစားချက်တွေပါ။

ပျော်ရွှင်နေတဲ့အချိန်ဘကလေးတစ်ယောက်လို ရီမောနေလိမ့်မယ်
ဝမ်းနည်းနေတဲ့အချိန် အရူးတစ်ယောက်လို
အလူးအလဲဖြစ်နေတာ် ဆိုတာ
သူတို့သိနိုင်ပါ့မလား....။

(Hello ငိုနေလား 🥲)

Zawgyi


"ငါ့ကိုမထိနဲ့"

ပီးပြောလိုက်သည်။
လရှိပြီ...။

ပြုထားလေပြီ..။

အနည်းငယ်ပျော်ရပါသည်။

ပေးသည်။





ငိုရသေးပါတယ်လေ....




ငါ့ကို မထားခဲ့ပါနဲ့....။

ကောင်းမယ်





"ရေး..."

လိုက်တော့ လူတစ်ဦး...





တဆစ်ဆစ်နာလွန်းလို့

ခင်သွားကြသည်။


"အင်း..."

လုပ်လိုက်သည်။
ထုတ်ပေးပြီး...




"အင်း..."

တွေတွေလေးကြည့်နေသည်။

"ရေး.."

"ဟင်...အာ...သွားရအောင်လေ"


ပြသည်။


နှစ်သိမ့်ပေးချင်သည်။

"ရေး!!"

ရပ်တန့်ကုန်သည်။


"ငါ့ကိုလွှတ်!"

"အဲ့ကောင်က ဘယ်သူလဲ!ဖြေ!"

မေးနေသည်။ဘေးမှ ဏိင်းကတော့

"လွှတ်စမ်း!!"

လိုက်သည်။ထို့နောက်












ဟုတွေးနေလေသည်။

ဦးသွားပီလေ....

ခဲ့သည်။

"ရေး အဆင်ပြေလား"

"အင်း..."

လှည့်နေလိုက်သည်။

ခံစားချက်တွေပါ။


(Hello ငိုနေလား 🥲)

Comment