🐯 ( 4 ) 🐰 ( Unicode )

"သား ညီလေး ကိုခေါ်ပြီး ဒီနေရာက အမြန် ထွက်သွားတော့ "


"ဟင့်အင်း  မားမား  "


"ဝမ်ရိပေါ် !!!  မားပြောတာ နားထောင် ခုချက်ချင်းသွားတော့ သွား......"


သွေးအလိမ်းလိမ်း ဖြင့်  မိမိကို ထွက်သွားခိုင်းနေသော မားမားကိုကြည့်ကာ ရိပေါ်
ဘာလုပ်ရမှန်းမသိ မားမျက်လုံးတွေကလည်း ရိပေါ်ကိုအမြန်ထွက်သွားရန်စေခိုင်းနေလေပြီ။
ထိုစဥ် နားထဲကြားယောင်လာတဲ့ မားရဲ့စကား


"သား ဟောက်ရွှမ်းလေးကိုစောင့်ရှောက်ရမယ်နော်"


ဟုတ်တယ် ဟောက်ရွှမ်း.... သူ့ဆီအမြန်သွားရမယ်
ဟောက်ရွှမ်း အခန်းကို အသားကုန် ပြေးနေမိသည်
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ရူရပ်မတတ်


"လွှတ် သားညီလေးကိုခုချက်ချင်းလွှတ်စမ်း


ရုပ်ကြမ်းကြမ်း လူကြီးနှစ်ယောက်က ဟောက်ရွှမ်းကို ​ခြေ​ထောက် ကနေ ဆွဲ​ခေါ်လာလေသည်။ က်ရွှမ်းကတော့ ခေါင်းမှာလည်း သွေးတွေစီးကျနေပြီး ။ ဟင့်အင်း မဖြစ်ရဘူး ဟောက်ရွှမ်း ကော မင်းကိုရအောင်ကယ်မယ်နော်။


ရိပေါ်က အတင်းဆွဲနေတာကြောင့် လူကြီးက တွန်းလိုက်တာ လှေကားလက်ရမ်းနဲ့ တိုက်မိပြီး မေ့လဲကျသွားလေသည်။


"ယျောင် ငါတို့လက်လွန်သွားပြီလားမသိဘူး "


"သူဌေးက မိဘတွေပဲသတ်ပြီး ခလေးနှစ်ယောက်ကိုမိဘမဲ့ဂေဟာ ခွဲပို့ခိုင်းတာမလား မင်းကွာ.. ခုတော့ ဘာမှလုပ်လို့မရတော့ဘူး ဟိုကောင်တွေ  အိမ်ပတ်ပတ်လည် ဓာတ်ဆီတွေဖြန်းပြီး ပြီလား "


"ပြီးပြီဆရာ...."


အသက် ခပ်ငယ်ငယ် လူတစ်ယောက်ဝင်လာပြီး ပြောလိုက်လေသည် ။


"လုပ်လက်စနဲ မထူးတော့ဘူး ဒီခလေးနှစ်ယောက်ကို မီးရှို့လိုက်တော့ နောက်နေ့ သတင်းစာခေါင်းစီးမှာတော့  ဂတ်စ်အိုးပေါက်ကွဲရာမှ တစ်မိသားစုလုံး မီးလောင်  ပြီး အစတောင်ရှာမရ ဆိုပြီး သေခါမှ နာမည်ကြီးတော့မှာပဲ  ဟား...ဟား.."


"ကဲ လာ...လာ... သွားမယ် အပြင်ရောက်မှ မီးခြစ်လေးပစ်လိုက်ယုံပဲ "


ဆိုကာ သနားညှာတာမှု့မရှိ ထွက်သွားသော လူတစ်စု
အိမ်ထဲမှာတော့ စာဖတ်ခန်း မှာ  သေနတ် ပစ်ချက်ပေါင်းများစွာနဲ့ စားပွဲခုံပေါ် မှောက်လျက်လဲကျနေတဲ့ ပါးပါး။


  အိမ်ခန်းထဲမှာ အလိုမတူဘဲ စော်ကားခံထားရပြီး ဓါးချက်ကြောင့် သေဆုံးနေရသောမား။


အခန်းဝတွင် ခေါင်းမှာသွေးတွေထွက်လျက် လဲကျနေသောကောင်လေးတစ်ယောက် လှေကား ဝမှာ မေ့လဲနေသော ကောင်လေးနိုးလာပြီး  အခန်းဝမှာ လဲနေတဲ့ကောင်လေးကို အတင်းလှုပ်နှိုးနေလေသည်


ထိုစဥ်
မီးပုံကြားထဲ အသိစိတ်ပျောက်ကာ ညီလေးကိုလှုပ်နှိုးနေသောခလေးငယ်ကို လှမ်းဆွဲလိုက်သော လက်တစ်စုံ


"သား ရိပေါ် ဦးလေးဆီလာ သား.... မြန်မြန် မီးက ထိန်းလို့မရဘူး ကြာရင်  ထွက်ပေါက်ပိတ်သွားလိမ့်မယ်"


"ဟင့်အင်း လိုက်ဘူး မလိုက်ဘူး  ပါးပါး....မား.... မား..  ဟောက်ရွှမ်း... ဟင့်အင်း  သားညီလေးကိုကာကွယ်ရမှာ "


သူ့လက်ထဲမှာ အတင်းရုန်းနေသော  ကောင်လေးဇာတ်ပိုးကို လက်နဲ့တချက် အုတ်လိုက်တော့ မေ့ကြောကိုထိကာ လဲကျသွားလေသည်။ 


♥~~~~~♥~~~~~~♥~~~~~~♥~~~~~♥


Sean -K
#Aini

Comment