🐯 ( 17 ) 🐰 ( Zawgyi )

နွဦေး ရာသီ၏ မနက်ခင်းသည်ကား သာယာလှပေ၏။ ပြတင်းပေါက်မှန်မှ တစ်ဆင့် ဖြတ်လာသော အလင်းရောင်မှိန်မှိန်လေး သည် ခုတင်ထက်၌ အိပ်ပျော်နေသော ကောင်ငယ်လေး၏ မျက်နှာနုနုလေးအပေါ်ကို ကျရောက်နေသော မြင်ကွင်းသည် မနက်ခင်းတစ်ခု ကိုပိုမိုပြည့်စုံစေသော အရာလေးတစ်ခုသဖွယ်။
လှုပ်ရှားလာသော ခန္ဓာကိုယ်နှင့်အတူ လက်ကလည်း ခုတင်ဘေးက အရာတစ်ခုခု ကို စမ်းနေသည်ထင်။


ရှောင်ကျန့်တစ်ယောက် မနက်အိပ်ရာနိုးတာနဲ့ ကိုကို့နေရာကို လက်နဲ့ စမ်းကြည့်လေတော့ မရှိတော့။ ဘယ်များသွားပါလိမ့် ။ အာ့.....ခေါင်းကလည်း ကိုက်လိုက်တာ ။
ခေါင်းလေးကို လက်နဲ့အသာဖိရင်း မက်တပ်ရပ်လိုက်ကာ ရေချိုးခန်းထဲဝင်ဖို့ပြင်ရသည်။


ရေချိုးခန်းရောက်တော့ ကိုကိုက သွားပွတ်တံလေး မှာ သွားတိုက်ဆေး ထည့်ပေးထား ကာ မျက်နှာသုတ်ပုဝါကလည်း အဆင့်သင့် ။ မျက်နှာသစ်ခြင်း အမှု့ ပြီးစီးမှ ညအိပ်ဝတ်စုံ အပြာရောင် ဝမ်းဆက်လေးကို မလဲတော့ဘဲ အောက်ကိုသာဆင်းလာခဲ့တော့သည်။ မနက်ခင်းက ကိုကို့ရဲ့ morning kiss လေး မရှိတော့ မပြည့်စုံသလို ပင် ။


အောက်ရောက်တော့ မီးဖိုခန်းထဲ ဝင်ကြည့်တော့ အဖြူရောင် shirt ကို လက်တဝက်လောက်ခေါက်တင်ထားပြီး style pants အနက်ဖြင့် ခန့်ညားနေတဲ့ ကိုကို့က အနောက်ကနေကြည့်တာတောင် လုံးဝ perfect ။
အေပရွန် ဝတ်ထားတဲ့ ကိုကိုက ကျန့်ကျန့် အတွက် တစ်ဦးတည်းသော အိမ်ရှင်ထီးလေး ။
အနောက်ကနေ သိုင်းဖက်လိုက်တော့ တစ်ချက်လှည့်ကြည့်ပြီး ကျန့်ကျန့်နဖူးလေးကို တချက်နမ်းလိုက်လေသည်။


" ကိုကို့ ယုန်ပေါက်လေး နိုးပြီပဲ "


နွားနို့ ပုလင်းကို ရေခဲသေတ္တာထဲက ထုတ်ကာ ဖန်ခွက်ထဲ ထည့်ပြီး မိုက်ခရိုဝေ့ထဲ ထည့်ကာနွှေးလိုက်လေသည်။ ကိုကို့ ရဲ့ အပြုအမူတွေကိုကြည့်ကာ ရှောင်ကျန့်တစ်ယောက် ပြုံးမိသည်။ တစ်သက်လုံးစာ ပိုင်ဆိုင်ချင်ပါ၏ ထိုလူသားကို သူ့ရဲ့ တောင်းဆိုချက်လေးကို မိုးနတ်မင်း ကြီး ကြားပါလေစွ ကြားနိုင်ကောင်းပါရဲ့ ။


" ကိုကို "


" အင်း "


" ကိုကို လို့ "


" ပြောလေ ခလေးရဲ့ "


" ဒီနေ့ company သွားရမှာလား "


ပေါင်မုန့်မီးကင် ကို ယိုသုတ်နေတဲ့ ကိုကိုလက်များရပ်တန့်သွားပြီး ရှောင်ကျန့်ဘက်လှည့်ကာ


" အင်း ဒီနေ့ အရေးကြီး meeting ရှိလို့ ကိုကို သွားမှဖြစ်မယ်ထင်တယ် "


" ဪ...."


မျက်နှာငယ်လေးဖြစ်သွားတဲ ယုန်ပေါက် ကိုကြည့်ကာ ဝမ်ရိပေါ် လည်း စိတ်မကောင်း ။ ဒါပေမဲ့ မသွားလို့ကလည်း မဖြစ် သူ မသွားတာကြာတော့ အလုပ်တွေလည်း တော်တော်လေး ကို ပျက်ကွက်နေလေပြီ။


" ကိုကို့ ကို စိတ်မဆိုးနဲ့နော် ကိုကိုလည်း အရေးကြီး meeting မို့လို့ပါ ။ မဟုတ်ရင် ခလေးနားက တစ်စက်ကလေးတောင် ခွာချင်တာ မဟုတ်ဘူး "


ခါးလေးကိုဆွဲဖက်လိုက်တော့ အသင့်ပါလာတဲ့ ကိုယ်လုံးလေးက အသည်းယားစရာ ။ နှာခေါင်းချွန်ချွန်လေးကို သွားလေးနဲ့ကိုက်လိုက်တော့ အာ့ခနဲ အသံထွက်လာလေသည်။


" ကိုကို နော် နာသွားပြီ "


ဆိုကာ ချစ်စရာ ကောင်းတဲ့ ယုန်မျက်စောင်းတစ်ချက်ကို ရလိုက်လေသည်။


" လာ..လာ... ကိုကိုတို့ မနက်စာစားရအောင် "


ထိုင်ခုံ မှာ ထိုင်စေပြီး သူပြင်ထားတဲ့ မနက်စာကို ချပေးလေသည်။ ခုနကမှ မိုက်ခရိုဝေ့ထဲက ထုတ်လာတဲ့ နွားနို့ ပူပူလေး နဲ့ သူအစောကြီး ထကြော်ထားတဲ့ သီးစုံထမင်းကြော်ရယ် ပေါင်မုန့်ကို မီးကင်ပြီး ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်ထောပတ်သုတ်ရယ် ကြက်ဥလိပ်ကြော် ကို အပေါ်က ဆော့စ် ဖြူးထားတော့ စားချင်စဖွယ်။


ဖွယ်ဖွယ်ရာရာ ပြင်ထားပေးတဲ့ ကိုကိုကြောင့် ရှောင်ကျန့် ယုန်သွားလေးနှစ်ချောင်း ပေါ်သည်အထိ ရယ်ပြပြီး


" ကိုကို ကလည်း အများကြီးပဲ ကိုကို ပင်ပန်းမှာပေါ့လို့"


ဝမ်ရိပေါ် တစ်ယောက် ရှောင်ကျန့် ဘေးက ခုံမှာ ဝင်ထိုင်လိုက်ပြီး


" မပင်ပန်းပါဘူး ကိုကို့ အချစ်လေး အတွက်ပဲဟာ"


ရှောင်ကျန့် နှုတ်ခမ်းထော်လိုက်ပြီး မျက်စောင်းတစ်ချက် ထိုးကာ


" ဟင့် အပိုတွေ "


မနက်ခင်းလေးကတော့ အချစ်ဥက်နှစ်ကောင်၏ ကျီစားမှု့ ကြောင့် သာယာနေလျက်။


" တော့တာနော်.....ကိုကို... မြန်မြန် ပြန်လာခဲ့ "


အိပ်ပေါက်ဝကနေ ကိုကို့ ကိုလှမ်းနှုတ်ဆက်လိုက်လေသည်။ကားပေါ်က ကိုကိုကလည်း


" bye bye နော် ကိုကို့ ယုန်ပေါက်လေး လိမ်လိမ်မာမာနေ အလုပ်ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ် "


" ဟုတ် "


ထွက်သွားတဲ့ ကားကို မမြင်ရတော့မှ ရှောင်ကျန့် အထဲကိုဝင်ဖို့ပြင်လိုက်လေသည်။ အိမ်မှာဘယ်သူမှ မရှိတာကြောင့် ခြံတံခါးကို ပိတ်ဖို့အလုပ်


" ဟင် ကျိုးချန် မင်း ဘယ်လို "


ခြံရှေ့မှာရပ်နေတဲ့ ကျိုးချန် ကိုတွေ့တော့ အပျော်လွန်ပြီး လှမ်းဖက်လိုက်မိသည်။ ခဏနေမှ ပြန်ခွာလိုက်ပြီး


" အထဲဝင်လေ ကျိုးချန် "


" အင်း "


ထူးထူးဆန်းဆန်း စကားနည်းနေတဲ့ ကျိုးချန်ကြောင့် နည်းနည်း အံ့ဩမိပေမဲ့ သိပ်ပြီးတော့ ဂရုမထားလိုက်မိပေ။ နှစ်ယောက်လုံးဝင်ပြီးမှ ခြံတံခါးကိုပိတ်လိုက်လေသည်။ ရှောင်ကျန့် မသိလိုက်သည်ကား အပြင်မှာ သူ့ကိုစောင့်ကြည့်နေတဲ့ လူတစ်စုရှိခြင်းကိုပင်
ထိုသူများကား..................။


ပျော်ရွှင်ခြင်း ဟူသော အရာသည် ရွေ့လျားနေသော တိမ်စိုင်တိမ်သားတွေလို တည်မြဲခြင်း မရှိ ။


Sean-K
#Aini

Comment