05
#unicode
တိတ်ဆိတ်နေသည့်ကျောင်းအုပ်ကြီး၏ ရုံးခန်း၌
ကောင်လေးသုံးယောက်ကမျက်နှာမှာဒဏ်ရာများဖြစ်နေသည်။ထိုထဲတွင်ထယ်ယောင်းလည်းအပါအဝင်ဖြစ်သည်။ထို့အတူ သူတို့သုံးယောက်ဘေးက ဆရာမနဲ့ထယ်ယောင်းအမေက ထယ်ယောင်းကိုဆေးလိမ်းပေးနေသလို ထယ်ယောင်းရဲ့ဘေးတွင်တော့ ကူးကူးလေးငိုနေတော့သည်။
" အီးဟီး...တိုတိုနာတွားရယ်။တူးတူးရဲ့တိုတို,ကို အဲ့တောင်တွေချရယ်။တူးတူးတိုတိုနာနေရီ။ "
ကူးကူးလေးက သူ့မိဘတွေတောင်ချော့မရဘဲ ဆေးလိမ်းခံနေသည့်ထယ်ယောင်းကိုကြည့်ရင်း
ငိုနေတာဖြစ်သည်။ထယ်ယောင်းကတော့ သူ့အဖြူလုံးလေးငိုနေတာကိုမကြည့်ရက်လို့ ချော့ဖို့လုပ်ရတော့မည်ဖြစ်သည်။
ဖြစ်ပုံမှာညနေကျောင်းဆင်းချိန်၌ ထယ်ယောင်းက
သူ့စက်ဘီးထားရာသို့လာရင်း စက်ဘီးယူကာ ပြန်တော့မည်လုပ်ကာမှ အတန်းထဲကောင်လေးသုံးကောင်က စနောက်ကြတာဖြစ်သည်။
စနောက်တာကလည်း ထယ်ယောင်းတစ်ခါမှလူအတင်မခံသည့် စက်ဘီးနောက်ခုံပေါ်တက်ထိုင်လို့ စကြရင်းမှ ထယ်ယောင်းကအားလုံးကိုထိုးကြရင်း
ဖြစ်သွားကြတာဖြစ်ကာ ကျောင်းလုံခြုံရေးမှလာထိန်းပေးရင်း ကျောင်းအုပ်ရုံးခန်းရောက်သွားတာ ဖြစ်တော့၏။တော်သေးတာက ရန်အရင်စတဲ့ ကျောင်းသားတွေကို ကျောင်းအုပ်ကသိလို့သာ။
" ကိုကိုဘာမှမဖြစ်တော့ပါဘူး အဖြူလုံးလေး။ "
တူးတူးလေးရဲ့ငိုသံကြောင့် သူ့ကိုကိုကဆေးလိမ်းခံနေရင်းမှ ပေါင်ပေါ်တင်ရင်းချော့ရသည်။ဒါတောင် မရပါဘဲ အသံသေးသေးလေးကသူ့ရင်ခွင်ထဲခိုလို့ ရှိုက်ငိုနေတက်သေးတာ။
" တိုတို ဟင့်...တိုတို နာနာဖြစ်တွားရာ။တူးတူးရဲ့ တိုတို့,တို အင့်ဟင့် တူတို့ထိုးရယ်။တိုတိုနာနေရာ။ "
ထယ်ယောင်းချော့ပြောပြန်တော့လည်း ကူးကူးက
ရင်ခွင်ထဲမှထွက်လာကာ ခေါင်းအသွင်သွင်ခါလို့
ထယ်ယောင်း၏ ပါးလေးတွေကိုလက်သေးသေးဖောင်းဖောင်းလေးတွေကကိုင်လို့ စကားဆို၏။
" ကိုကို အဆင်ပြေပါပြီ အဖြူလုံးလေးရယ်။ "
" အင့်ဟီး...မတိဝူး။တိုတို..ဟင့်..နာနေရာ။ "
ထယ်ယောင်းက အဖြူလုံးလေးရဲ့ပါးကိုနမ်းရင်း ပြောလိုက်တာကြောင့် အဖြူလုံးလေးကပိုငိုပြီး ဖြစ်သည်။ကျောင်းအုပ်ကြီးဆိုလည်း ရန်အတူဖြစ်ကြသည့် ကောင်လေးတွေကိုမဆူနိုင်ဘဲကူးကူးလေးငိုနေတာကိုကြည့်ပြီး အသည်းယားနေတာ။
ထယ်ယောင်းရဲ့အတန်းပိုင်ဆရာမနဲ့ အမေဆို ဆေးလိမ်းပေးနေရင်းမှ ထယ်ယောင်းကိုအရမ်းစိတ်ပူပြီးချစ်နေသည့် ကူးကူးလေးကိုကြည့်လို့အသည်း
ယားနေကြပြီဖြစ်သည်။
" မင်းတို့တွေ နောက်ဆိုရန်မဖြစ်ကြနဲ့တော့။
ထယ်ယောင်းဆိုတဲ့ကလေးက ငါတို့ကျောင်းရဲ့ဂုဏ်ဆောင်တဲ့ကလေးပဲ။အဲ့ကလေးလိုရန်မဖြစ်တဲ့
သူကိုမှ ရန်စတဲ့ကိစ္စကမဖြစ်သင့်ဘူး။ "
ကျောင်းအုပ်ကြီးက ကူးကူးလေးငိုနေတာကိုကြည့်ပြီး အသည်းယားလွန်းတာကြောင့် မနေနိုင်စွာဖြင့် ထယ်ယောင်းအတွက် ဆူပေးလာသည်။သည်တော့ ကောင်လေးသုံးယောက်လုံးလည်း မျက်နှာမှာဒဏ်ရာတွေရထားလို့ ခေါင်းမထောင်နိုင်ဘဲ ခေါင်းငုံ့ရင်းသာဆူခံနေရသည်။
" ဟုတ်ရယ်...ဖြစ်တင့်ဝူး။တူးတူးရဲ့တိုတိုတ လိမ္မာရယ်။မင်းတို့လို မဟုတ်ဝူး။ဟင့်...အီးဟီး..တိုတို..
တိုတို့မျက်နှာမှာ နာနာတွေများရီး။တိုတိုနာနေ..
ဟင့်...အင့်...အီးဟီး...တိုတို "
ထယ်ယောင်းရဲ့မျက်နှာကို လက်ဖောင်းဖောင်းသေးသေးလေးတွေက အုပ်ကိုင်ရင်းငိုနေသည်။
ထယ်ယောင်းကဒဏ်ရာသိပ်မများပေမဲ့လည်း
တစ်ဖက်ရန်စသည့်ကလေးတွေက ပိုခံရတာမို့ ထယ်ယောင်းကိုသာ သည်းနေသည့်ကူးကူးက
မမြင်ဘူး။
" ကိုကို့အဖြူလုံးလေးရယ် မငိုပါနဲ့ဗျာ။ကိုကိုက အဆင်ပြေပါတယ် အဖြူလုံးလေးရဲ့။ "
" တိုတို...ဟင့်...တိုတို...နာနာ "
ထယ်ယောင်းက ဆံပင်ရှည်လေးကိုသပ်တင်ပေးလို့ချော့ပြောတော့မှ ကူးကူးလေးကထယ်ယောင်းရဲ့ရင်ခွင်ထဲဝင်လို့ ရှိုက်နေတော့သည်။သည်တော့ ကိုကိုထယ်ယောင်းမှာ ကျောပြင်သေးလေးကို
ပွတ်ပေးနေတော့သည်။
" အဲ့ဒီကလေးက ထယ်ယောင်းရဲ့ညီလေးလား။
ဒါပေမဲ့ ကလေးရဲ့ရုပ်လေးက နိုင်ငံခြားစပ်လေး။ "
ကျောင်းအုပ်ကြီးက ထယ်ယောင်းနဲ့ကူးကူးကို
ကြည့်ရင်းမှ ဆေးလိမ်းပေးနေသည့်ထယ်ယောင်းရဲ့အမေကို မေးလာသည်။ထယ်ယောင်းအမေက ကျောင်းအုပ်ကြီးရဲ့အမေးကြောင့် သူ့သားနဲ့ ကူးကူးလေးကိုကြည့်ရင်းဖြေလာသည်။
" ကျွန်မတို့ဘေးအိမ်က ကလေးလေးပါရှင်။သူ့မေမေက ဗြိတိန်သူလေးလေ။သူ့ဖေကတော့
ဟန်းဂုလူမျိုး။အဲ့တော့ကလေးက ကပြားလေးပါ။
ကျွန်မတို့နဲ့ဆို အရင်းနှီးဆုံးကလေးလေးပေါ့။ "
" ကလေးလေးကအတော်ချစ်ဖို့ကောင်းပါတယ်။ "
ကျောင်းအုပ်ကြီးစကားကြောင့် သူမပြုံးလိုက်၏။
ထို့အတူထယ်ယောင်းဟာလည်း ကျောင်းအုပ်ရဲ့ စကားကြောင့် အဖြူလုံးလေးကိုပွတ်ပေးရင်းမှ
ပြုံးလိုက်လေသည်။သူ့အဖြူလုံးလေးကိုချီးမွမ်း စကားဆိုရင် သိပ်ပျော်ပါသည်။
" မင်းတို့မှတ်ထား။နောက်ဆို ထယ်ယောင်းကို သွားမစနဲ့တော့။အခုချက်ချင်း ထယ်ယောင်းနဲ့သူ့အမေကိုတောင်းပန်လိုက်။ဟိုတူးတူးလေးကိုရောပဲ။ "
ကျောင်းအုပ်ကြီးက ထယ်ယောင်းနဲ့ကူးကူးလေးကို ပြုံးကြည့်နေရင်းမှ ပြန်လှည့်လာကာတစ်ဖက်က ကျောင်းသားသုံးယောက်ကိုဆူတော့သည်။
ကျောင်းသားသုံးယောက်က သူတို့အမှားကိုသူတို့ သိတာမို့ ထရပ်လို့အရင်ဆုံးထယ်ယောင်းမေမေကို တောင်းပန်ကြသည်။
ပြီးတော့မှ ထယ်ယောင်းနဲ့သူ့ကလေးလေးဘက်ကို လှည့်ရင်း တောင်းပန်ကြတော့သည်။ထယ်ယောင်းအမြင်မကြည်ပေမဲ့လည်း တောင်းပန်နေကြတော့ လက်ခံလိုက်ရသည်။ကူးကူးလေးကတော့မဟုတ်ဘူး။သူ့ကိုကိုရင်ခွင်ထဲကနေ ကြည့်ပြီးတော့ကို
မကျေမနပ်ဖြစ်နေတာဖြစ်၏။
" တွား...တူးတူး ခွင့်လွှတ်ဝူး။တိုတို..နာနေတာ။ "
" ကိုကိုတို့က တောင်းပန်ပါတယ်တူးတူးရယ်။ "
ထယ်ယောင်းရင်ခွင်ထဲက ကူးကူးလေးကတော့ ထယ်ယောင်းကိုဖက်ထားရင်း လာတောင်းပန်တဲ့ သူတွေကိုတောင် မောင်းထုတ်နေသေးသည်။
ထယ်ယောင်းကတော့ မဟုတ်ဘူး။ဒီကောင်တွေ တောင်းပန်သည့်စကားမှာ သူတို့ကိုယ်သူတို့ 'ကိုကို' ဟုသုံးနှုန်းသွားသောကြောင့် မကြိုက်နေဘူး။
" တူးတူးမှာ ဒီတိုတိုပဲရှိရာ။ကျန်တာတွေက တိုတိုမဟုတ်ဘူး။တူးတူးရို့ရဲခေါ်နဲ့။တူးတူးကြိုက်ဝူး။ "
ကူးကူးလေးက ထယ်ယောင်းရင်ခွင်ထဲပိုတိုးဝင်လို့ တောင်းပန်နေကြသည့် ကောင်လေးတွေကိုတော့
မကြည့်ဘဲ စကားဆိုနေတာဖြစ်သည်။
" ဟုတ်တယ်။အဖြူလုံးလေး မကြိုက်ဘူး။
ငါ့အဖြူလုံးလေးအစား မင်းတို့ကိုခွင့်လွှတ်ပေးတယ်။ငါနောက်ဆို ထပ်ရန်မဖြစ်ချင်ဘူး။မင်းတို့လည်း ငါနဲ့ဝေးဝေးနေကြ။ "
ထယ်ယောင်းက သူ့အဖြူလုံးလေးကိုဖက်ထားရင်း
ပြောတော့ ကျန်တဲ့သူတွေကလည်းထယ်ယောင်းနဲ့ သူ့ကူးကူးလေးကိုရော ထယ်ယောင်းရဲ့အမေ့ကိုပါတောင်းပန်လို့ ကျောင်းအုပ်ကြီးကအပြစ်ပေးရင်း ထွက်သွားကြသည်။
" ကျောင်းအုပ်ကြီးရှင့် ဒီနေ့တော့ကျွန်မသားကို ပြန်ခေါ်သွားမယ်နော်။ဒဏ်ရာတွေနဲ့ထိထားတော့ သားကိုနားစေချင်လို့။ "
" ရတာပေါ့။အေးဆေးနားလိုက်ပါဦး။မနက်ဖြန်ပါ ကျောင်းမပို့ပါနဲ့။ကလေးရဲ့စာအတွက်ဆရာမကို သေချာပြောပေးပါ့မယ်။ "
ကျောင်းအုပ်ကြီးက ထယ်ယောင်းအမေဘေးက ထယ်ယောင်းနဲ့ကူးကူးလေးကိုကြည့်ရင်း စကားဆိုတော့သည်။ထယ်ယောင်းအမေမှာတော့ ကျောင်းအုပ်ကြီးရဲ့စကားကြောင့် ပြုံးရင်းဖြင့် သူ့သားမျက်နှာကို ထိတွေ့ပြီးစိတ်ပူနေသည့်ကူးကူးလေးကိုကြည့်ပြီးပြုံးနေတော့သည်။
" သားတူးတူးလေး ဆရာကြီးကချိုချဥ်ပေးချင်လို့ ဆရာကြီးအနားလာပါဦး။ "
" လာဝူး။တိုတို...တူးတူးစားချင်ဝူး။မာမီကြောရယ်။တူများပေးရာ မစားရဝူးရဲ့။ "
" ကိုကိုသိပြီ အဖြူလုံးလေးရဲ့။ "
ကျောင်းအုပ်ကြီးက ကပြားပိစိလေးကိုမြင်တော့ အသည်းယားပြီး ချိုချဥ်လုံးလေးထုတ်ပေးကာ ကမ်းပေးသည်။ကူးကူးလေးကတော့ မျက်စောင်း ထိုးလိုက်ရင်းမှ သူ့ကိုကိုအနားပိုကပ်ပြီးငြင်းတော့သည်။ထယ်ယောင်းကတော့ ဆရာကြီးကို
ကြည့်လို့ 'အားနာပါတယ်လို့'သာခပ်တိုးတိုးလေး ပြောလိုက်တော့သည်။
သည်တော့မှထယ်ယောင်းတို့လည်း ဆရာကြီးကို နှုတ်ဆက်ရင်း အခန်းပြင်ကိုထွက်လာခဲ့ကြသည်။အခန်းရှေ့ရောက်တော့မှ မေမေကထယ်ယောင်းရဲ့ ကျောပိုးအိတ်ယူဖို့သတိရတာကြောင့် ယူရန်ဖို့ သူတို့အတန်းဘက်ကိုလာခဲ့ရသည်။
ကူးကူးကတော့ သူ့ကိုကိုကိုလက်ဆွဲကာအတူလျှောက်နေသည်။ထယ်ယောင်းမေမေမှာတော့
သူ့သားနဲ့ကူးကူးလေးအတူ လမ်းလျှောက်နေပုံကိုကြည့်လို့ခပ်တိုးတိုးလေးရေရွတ်မိသည်။
" ညီမလေးဟန်နီပြောသလိုပဲ ခမည်းခမက်တွေဖြစ်ပြီထင်ပါတယ်ကွယ်။ "
အတန်းရှေ့ရောက်တော့ ကူးကူးလေးကသူ့ကိုကိုလက်ကိုတွဲလို့ အခန်းထဲဝင်လာခဲ့သည်။အခန်းထဲ ရောက်တော့ အတန်းထဲရှိကလေးတွေအားလုံးက ထယ်ယောင်းဘေးက ဆံပင်ရွှေရောင်လေးနဲ့ ကူးကူးလေးကိုမြင်တော့ အသည်းယားနေကြ၏။
" ဟယ်...ချစ်စရာလေး။ပါးဖောင်းလေးတွေ။ "
" အောင်မလေး...အသည်းယားစရာလေး။ "
" ထယ်ယောင်းမှာ ချစ်စရာညီလေးရှိတာပဲ။ "
ထယ်ယောင်းရဲ့အတန်းထဲက အတန်းသားတွေက ဆံပင်ရွှေရောင်၊ပါးဖောင်းလေးတွေပိုင်ဆိုင်ထားတဲ့ အသားတွေကနဂိုထက်တောင်ဖွေးစွတ်နေလို့ ဒါ့အပြင် ယုန်အရုပ်လေးတွေပါတဲ့အင်ကျီနဲ့ ဖားစိမ်းလေးပါတဲ့ ကြိုးသိုင်းဘောင်းဘီအစိမ်းနုလေးကို ဝတ်ထားတာမို့ အသည်းယားကာထယ်ယောင်းတို့အနားကို ယောက်ျားလေးရော၊မိန်းကလေးပါပြေးလာကြသည်။
" အိုက်ဂူး...မောင်မောင်လေးရေ...မမတို့က ထယ်ယောင်းရဲ့သူငယ်ချင်းတွေပါ။ချစ်စရာလေးနော်။ "
" ကိုကိုတို့က မင်းကိုတွေ့ချင်နေတာ။ချစ်စရာလေး ကိုကိုတို့ကို နာမည်လေးပြောပြပါဦး။ "
" ဟေ့ကောင်တွေ ဖယ်စမ်းကွာ။ငါ့ကလေးအနား
မကပ်ကြနဲ့။ "
ထယ်ယောင်းက ကျောပိုးအိတ်ထဲစာအုပ်ထည့်ရင်း သူ့ကလေးအနားကပ်လာသည့် ကောင်လေးတွေရှေ့ပိတ်ရပ်ကာ စကားဆိုလိုက်သည်။သူတို့ကတော့ ဖယ်ပုံမရဘူး။ထယ်ယောင်းအနားက ကပြားလေးကိုအရမ်းအသည်းယားလို့ အရမ်းကိုကပ်နေကြတာဖြစ်သည်။
" အင့်...အင့်....ဟင့်...အီးဟီး...တိုတို...တိုတို... "
ထယ်ယောင်းရဲ့သူငယ်ချင်းတွေက ပိုတိုးကာဖြင့် ကူးကူးလေးအနားပိုကပ်လာတာကြောင့် ကူးကူးကကြောက်လို့ ငိုချပြီဖြစ်သည်။ဒါတောင်ပိုလို့ အသည်းယားနေကြတဲ့ သူငယ်ချင်းတွေပါလေ။
" ဟယ်...ချစ်စရာလေး။အောင်မလေး...ချစ်ဖို့ကောင်းလိုက်တာကွယ်။စချင်လိုက်တာ။ "
" ငိုနေပြီ။ဘာလေးတုန်း။အသည်းယား။ "
ကူးကူးငိုတာထိကို အသည်းယားနေလွန်းသည့်
သူ့သူငယ်ချင်းတွေကြောင့် ထယ်ယောင်းလည်း စိတ်တိုကာခဲတံတွေကိုအမြန်ထိုးလိုက်ထည့်ပြီး
ဇစ်ပိတ်ကာ ကျောပိုးအိတ်ကိုဘေးတစ်စောင်းလွယ်လို့ ငိုနေသည့်သူ့အဖြူလုံးလေးကိုပွေ့ချီ လိုက်ရသည်။
" တော်တော့။တော်ကြတော့ဟာ။မငိုပါနဲ့ကိုကို့ရဲ့ အဖြူလုံးလေးရယ်။ကိုကိုရှိတယ်လေ။ "
" ဟင့်...အင့်...တိုတို...တူတို့တိုရိုက်ရိုက်။
တူးတူးတိုထိနေရာ.. တူးတူးကြိုက်ဝူး။ "
" ကိုကိုသိတယ်။ကိုကိုရိုက်ပေးမယ်။မငိုနဲ့တော့။ "
ထယ်ယောင်းချော့တော့မှ ကပြားလေးကငိုတာတိတ်သွားတော့သည်။သည်တော့ အတန်းသား/သူလေးတွေက အငိုတိတ်သွားသည့်ပုံစံလေးကအစ ကြည့်ကာအသည်းယားနေတော့သည်။
ထယ်ယောင်းကတော့ အမြင်မကြည်,ကြည့်ကာ စာသင်ခန်းမှထွက်သွားကြသည်။ဒါကိုတောင် သူငယ်ချင်းတွေကစပါသေးသည်။
" မင်းမွေးနေ့ကြ ငါတို့လာရင်တော့လည်း
တူးတူးလေးကိုခိုးသွားမှာ။တူးတူးလေး...
ကိုကိုတို့လာခိုးမယ်နော်။ "
" လိုက်ဝူး။တိုတိုနဲ့နေမှာ။ "
ထယ်ယောင်းအမေကတော့ စိတ်တိုနေသည့်မျက်နှာကြီးဖြင့်ထွက်လာသည့်သူ့သားကိုကြည့်လို့
ရယ်နေတော့သည်။မလွယ်ဘူး။ဒီကလေးတွေ သူ့သားဖြစ်ပျက်နေပုံကိုကြည့်ကာစနေကြတာ။
- - - - -
ကားပေါ်ရောက်တော့ ကူးကူးလေးကသူ့ကိုကိုပေါင်ပေါ်သာထိုင်သည်။ထယ်ယောင်းကလည်း
သူကိုယ်တိုင်လိုလိုလားလား တင်ထားသည်။
" မေမေ...နောက်ဆိုသားရဲ့အဖြူလုံးလေးကို ကျောင်းကိုခေါ်မလာပါနဲ့။ပြီးတော့ မွေးနေ့ကြရင် အဲ့တစ်တန်းလုံးကိုမဖိတ်တော့ဘူး။ "
" အယ်...သားအဲ့လိုမလုပ်ရဘူးလေ။မေမေတို့က ပြောပြီးပြီ။သားရယ် သားကိုသူငယ်ချင်းတွေကစကြတာပါကွယ်။အဖြစ်မသည်းပါနဲ့။ "
ထယ်ယောင်းအမေက ကားမောင်းဖို့ပြင်ရင်းမှ ပြောလာသည်။ထယ်ယောင်းလည်း စိတ်ကိုလျှော့လိုက်ပြီး သူ့ပေါင်ပေါ်မှာထိုင်လို့သူ့ကိုပြုံးပြနေတဲ့
အဖြူလုံးလေးကိုငုံ့နမ်းနေသေးသည်။
" ကိုကိုတို့ကျောင်းကို နောက်ဆိုလိုက်မလာနဲ့တော့။လူသူခိုးတွေပေါတယ်။ငယ်ငယ်လေးတွေနဲ့ကိုကို့ရဲ့အဖြူလုံးလေးကို ခိုးဖို့လုပ်နေတာ။ "
" ဟုတ်ရယ်။တူးတူးလိုက်တော့ဝူး။တိုတို့စကားတို တူးတူးနားထောင်ရယ်။တူးတူးလိုက်တော့ဝူး။ "
" ကိုကိုထယ်ယောင်းကို အဲ့စကားတွေနဲ့ပဲချုပ်နေတာနော်။တီတီတို့မနာလိုလာပြီ။ "
" ခစ်ခစ်...တူးတူးတတိုတို့တိုပိုချစ်ရာ။ "
ထယ်ယောင်းအမေကတော့ သဘောတကျပြုံးရင်း ရယ်လိုက်ပေမဲ့ ကူးကူးမှာတော့သူ့ကိုကို,ကိုဖက်ထားလို့ချစ်ကြောင်းပြောတော့၏။
ကိုကိုထယ်ယောင်းမှာ သူ့အဖြူလုံးလေးရဲ့စကားကြောင့်ပျော်သွားပြီး ပြုံးနေတော့သည်။
" ကပြားပိစိလေး...ဘာစားချင်လဲ။ "
" အိုက်စ်ခရင်မ် စားချင်ရယ် တီတီ။တိုတိုလည်း စားမှာရား။တူးတူး ဝယ်ကျွေးမယ်ယေတိုတိုရဲ့။ "
" ရပါတယ်။ကိုကိုကဝယ်ကျွေးမယ်။မေမေ...သားရဲ့အဖြူလုံးလေးစားချင်တဲ့ ရေခဲမုန့်ရတဲ့ဆိုင်ကို ပို့ပေးပါဗျ။ "
ထယ်ယောင်းကတော့ သူ့အဖြူလုံးလေးကိုရင်ခွင်ထဲပိုက်ကာဖက်ထားပြီးပြောတော့ မေမေကမူသူ့သားထယ်ယောင်းအား 'ပိုလိုက်တာလို့'ပြောကာ ကားမောင်းထွက်ရတော့သည်။
ကူးကူးလေးတို့ ရေခဲမုန့်စားရန်အတွက်ဆိုပြီး
ထယ်ယောင်းမေမေက Ice cream,အပြင်၊ကျန်သည့် အစားစာများလည်းရောင်းသည့်ဆိုင်ကြီးကိုခေါ်လာခဲ့သည်။
ကားပေါ်ကဆင်းတော့လည်း သူ့ကိုကို့လက်ကိုဆွဲလို့ဆင်းကာ ဆိုင်ထဲသို့ဝင်သွားကြသည်။ဆိုင်ထဲ
ရောက်တော့ ကူးကူးလေးကကလေးဖြစ်နေတာမို့ ဆိုင်ကခုံနဲ့မမှီတာမို့ ဆိုင်မန်နေဂျာကထိုင်ခင်းလေးကိုအထပ်ထပ်လုပ်ပေး၏။
ဝိတ်တာတွေအားလုံးကလည်းအသည်းတွေယားပြီးရှိနေတာ။ကူးကူးလေးက တကယ်အချစ်ခံလေးဖြစ်သည်။ဒါကြောင့်လည်း ကိုကိုထယ်ယောင်းက သဝန်တိုနေရခြင်းဖြစ်သည်။သူ့အချစ်တွေကိုသာ ဘယ်သူမှမပေးချင်တဲ့ ကလေးတစ်ယောက်ရဲ့ အတ္တသေးသေးလေးပေါ့။
" ဘာမှာမလဲခင်ဗျ။ "
" အိုက်စခရင်မ်ကြီးကြီးစားရယ်ယေ တိုတို။
တူးတူးနဲ့တိုတိုတ ဒါတို တူတူစားရယ်။ "
ထယ်ယောင်းနဲ့ကူးကူးလေးက Menuအတူကြည့်နေရင်းမှ ကူးကူးလေးကဆိုင်ရဲ့ အကောင်းဆုံးတွေထဲမှ ပထမဆုံးစာမျက်နှာရှိရေခဲမုန့်အကြီးကြီးကို တွေ့တော့ လက်ညှိုးသေးလေးကထိုးပြရင်းမှ ပြောတော့ ထယ်ယောင်းကငြင်းလိုက်သည်။
" ကိုကို့အဖြူလုံး ချောင်းဆိုးလိမ့်မယ်။ဒီလိုမျိုး
အဟွတ်ဟွတ်...ဖြစ်လိမ့်မယ်။ "
" ဟင့်...အင့်...တိုတို... "
ထယ်ယောင်းက ချောင်းဆိုးမှာဆိုးလို့တားလိုက်သော်လည်း ရေခဲမုန့်စားချင်နေတဲ့ကူးကူးကြောင့် ထယ်ယောင်းလိုက်လျောရတော့မည်။ဘာလို့ဆို စားချင်စိတ်ကြောင့် မျက်ဆံလေးတွေကဝိုင်းစက်လာတာမို့ ထယ်ယောင်းမလိုက်လျောဘဲမနေနိုင်ဘူး။ဒီအဖြူလုံးလေး ဘာပဲလုပ်ခိုင်းခိုင်းကို
သူကိုယ်တိုင်အကုန်လုံးလုပ်ပေးချင်မိသည်။
" မေမေ...သားတို့အတူ ဒါစားလိုက်မယ်။ "
" ဟုတ်ပါပြီရှင်။သားလေး အန်တီတို့ကို Chocolate,အရသာလေးပေးနော်။ပြီးတော့
အန်တီကို black coffee,တစ်ခွက်ပေးပါ။ "
" ဟုတ်ကဲ့။ခဏလေးစောင့်ပါခင်ဗျ။ "
ထယ်ယောင်းတို့ ရေခဲမုန့်မှာရင်းထိုင်စောင့်နေကြသည်။ထိုင်စောင့်နေတဲ့အတောအတွင်း ဆိုင်ထဲရှိ စားသုံးသူတွေရော၊ဝန်ထမ်းတွေကအစကူးကူးကို အသည်းယားလို့ကြည့်နေတာကြတာဖြစ်သည်။
" ရေခဲမုန့်ရပါပြီဗျ။ဒါကတော့ ဒီကပြားလေးကို ချစ်လို့ကျွန်တော်တို့ဆိုင်က မေတ္တာဖြင့်ကျွေးတာပါခင်ဗျ။အန်တီ့အတွက်တော့ Black coffee,ပါ။ "
" ခစ်ခစ်... I like it! "
ဗြိတိန်သားစပ်လေးမို့ သူ့မာမီဟန်နီဂျွန်သင်ထားတဲ့အတိုင်း အင်္ဂလိပ်စာကိုကောင်းကောင်းမွန်မွန်ပြောတက်သေးသည်။ကိုကိုထယ်ယောင်းအသည်းတွေယားလို့ ပါးဖောင်းဖွေးဖွေးလေးကိုနမ်းမိပါ၏။
" ကိုကို့အဖြူလုံးလေးကို ချစ်တယ်။ "
" တူးတူးလည်း တိုတို့တိုအများရီးချစ်ရယ်။ "
မေမေကတော့ သူ့သားထယ်ယောင်းကိုကြည့်ကာ မနိုင်တော့ဘူးဟုသာတွေးနေမိတော့သည်။
" တိုတို စား။တူးတူး ခွံ့ကျွေးရယ်။အာ...တိုတို ပါးစပ်ဟယေ။တူးတူးခွံ့ကျွေးနေတာကိုစားယေ။ "
ကူးကူးလေးက ကော်ဇွန်းရှည်ဖြင့် ချောကလက်ရေခဲမုန့်ကိုဇွန်းအပြည့်ကော်ယူလိုက်ရင်း
ထယ်ယောင်းရဲ့နှုတ်ခမ်းနားတေ့လို့ ခွံ့ကျွေးတော့သည်။ထယ်ယောင်းမှာတော့ပြုံးလို့စိတ်တိုင်းကျဖြစ်အောင် စားပေးရတော့သည်။
" ဟုတ်ကဲ့ပါခင်ဗျ။ကိုကိုစားပါ့မယ်။ကောင်းလိုက်တာ။ကိုကို့ကူးကူးလေး ကျွေးလို့ထင်တယ်။ "
" ခစ်ခစ်...တိုတိုကြိုက်ရား။ "
" ကြိုက်တာပေါ့ဗျာ။ကိုကို့အဖြူလုံးလေးလုပ်သမျှ အကုန်ကြိုက်တယ်။အခုတော့ ကိုကိုလည်းခွံ့ကျွေးပါရစေ။စားပါဦး။ "
ထယ်ယောင်းနဲ့သူ့ကူးကူးလေးကတော့ နှစ်ယောက်ထည်းတစ်ကမ္ဘာတည်နေကြပြီး ရေခဲမုန့်စားနေကြသည့်ပုံစံလေးကို ထယ်ယောင်းမေမေကတော့ ဓာတ်ပုံရိုက်ယူထားရသည်။ချစ်ဖို့ကောင်းလို့။
" မေမေ...အနီးနားကဆိုင်မှာအဖြူလုံးလေးဖို့ ချောင်းဆိုးပျောက်ဆေးဝယ်ပေးပါဦး။သားစိတ်ပူတယ်မေမေရယ်။ "
" အင်းပါ။မေမေဝယ်ပြီး ချက်ချင်းလာခဲ့မယ်။
ကားပေါ်မှာထိုင်စောင့်နေနော်။မေမေလာခဲ့မယ်။ "
ရေခဲမုန့်ကိုလည်း ကုန်အောင်စားပြီးတာကြောင့် ထယ်ယောင်းမေမေမှာတော့ ကပြားပိစိလေးကို
ပိုစိတ်ပူနေရသည်။သူမထက်ဆိုသည်က သူ့ကိုကို ကင်မ်ထယ်ယောင်းပင်ဖြစ်သည်။
" တူးတူး ဆင်ပြေရယ်တိုတိုရဲ့။ "
" အဖြူလုံးပြေပေမဲ့ ကိုကိုမပြေဘူး။ဆေးသောက်ရမယ်နော်။ကိုကို့ကို ချစ်တယ်မလား။ "
" ဟုတ်တဲ့ တိုတို။ "
ထယ်ယောင်းက ကူးကူးလေးရဲ့နဖူးကိုနမ်းလို့ သူ့အမေကိုဆက်စောင့်နေသည်။ခဏကြာတော့ ထယ်ယောင်းအမေကရောက်လာပြီး ဆေးဝယ်လာ၏။
ဆေးကအခဲတော့မဟုတ်ဘူး။ကလေးအတွက်မို့ ချောင်းဆိုးပျောက်ဆေးရည်သာဖြစ်သည်။စတော်ဘယ်ရီအရသာမို့ ကူးကူးငြင်းလို့မရ။
" ဆေးသောက်ပြီးပြီဆိုတော့ တီတီတို့အိမ်ပြန်ရအောင်နော်။သားအိမ်ကြရင် သားလည်းနားဦးနော်။ "
" ဟုတ်ကဲ့...မေမေ "
ဆေးတိုက်ပေးပြီးတော့မှ ထယ်ယောင်းအမေက သူ့သားနဲ့ကပြားပိစိလေးတို့စိတ်တိုင်းကြ ကားပတ်မောင်းပေးရင်းအိမ်ကိုသာ ပြန်လာခဲ့ကြတော့၏။
အိမ်ပြန်လာတဲ့တစ်လျှောက် သူ့ကိုကိုအားငိုပြီးစိတ်ပူနေသည့် အဖြူလုံးကပြားလေးဟာကိုကို့ရဲ့ ပေါင်ပေါ်ထိုင်လို့ ရင်ခွင်ထဲဝင်ရင်းအိပ်နေခဲ့သည်။
- - - - -
" အဟွတ်ဟွတ်...ဟွတ်...တိုတို...တိုတို... "
ညရောက်တော့ တစ်နေ့လုံးငိုထားပြီးအချိုတွေစားလာသည့်အဖြူလုံးလေးဟာ အဖျားကြီးကာချောင်းဆိုးနေတာများ မရပ်တော့။ညနေထည်းက ကိုကိုထယ်ယောင်းက စိတ်ပူပြီးကြိုတင်ဆေးတိုက်လိုက်သော်လည်း ကလေးမို့ဒဏ်မခံနိုင်သေးတော့ အပြင်းဖျားပြီးဖြစ်သည်။
" မာမီ့သားလေးရေ....မာမီရှိတယ်နော်။ကျွတ်ကျွတ်...ဒါလင်ရေ family doctor,ကိုအခုချက်ချင်းသွားခေါ်ပါဆို။ "
" ကိုယ်ဖုန်းဆက်ထားတယ် ဟန်နီရေ။ "
မာမီဟန်နီမှာတော့ ညနေထည်းကသူ့သားလေးရဲ့ချောင်းဆိုးအသံလေးကြားလို့ အတူတူတောင်လာအိပ်ပေးတာဖြစ်သည်။ညကြတော့မှ အတည်ကြီး ဖျားပြီးချောင်းဆိုးနေတာ။ငယ်သေးတော့လည်း ဖျားသည့်ဒဏ်ကြောင့် ခြေဖျားလက်ဖျားတွေအေးစက်နေပြီး နဂိုရှိရင်းစွဲဖွေးနေသည့်အသားက ပိုပြီး ဖြူလာကာဖြူဖျော့နေတာမျိုး။
" တိုတို....တိုတို.. ဟွတ်...ခေါ်ပေး။တိုတို...တွေ့ချင် ဟင့်...အဟွတ်ဟွတ်.. "
" သားကိုကိုက အိပ်နေတယ်လေကွယ်။သားကိုကို နာနာတွေအများကြီးဖြစ်လာတယ်ဆို။ကိုကို့ကို ပေးနားရမယ်နော်။ "
နေမကောင်းဖြစ်နေတာတောင် သူ့မာမီရဲ့လည်တိုင်ကိုသိုင်းဖက်ရင်း ပုခုံးပေါ်ခေါင်းလေးတင်ကာဖြင့် သူ့ကိုကိုအား တောင်းတနေတော့သည်။မာမီဟန်နီကညဘက်ကြီးအားနာတာမို့ မခေါ်ချင်တာကြောင့် သူ့သားကိုချော့ပြောနေရသည်။
" ဒယ်ဒီ့သားလေး...ကိုကိုတို့နားပါစေကွာ။ "
" အင့်ဟီး....အူဝါး....တိုတို....တိုတိုခေါ်....အီးဟီး..
တိုတို...လာလာ....တိုတို!!! အီးဟီး!!! အူဝါး!!! "
သူ့ဒယ်ဒီက အဖြူလုံးလေးကို မာမီဟန်နီထံမှလက်လွှဲချီလိုက်ပြီး ချော့မြူနေတာတောင် အသံကျယ်ကျယ်ပိုအော်ငိုတော့သည်။
ဘေးပတ်ဝန်းကျင်လည်းရှိတာမို့ ဟန်နီတို့မနည်း ချော့ရတော့မည်ဖြစ်သည်။
" အဖြူလုံးလေး.... ငိုနေတယ်။ "
သို့ပေမဲ့ဘေးအိမ်က ကိုကိုထယ်ယောင်းကတော့
သူ့အဖြူလုံးလေးရဲ့ အော်ငိုသံအကျယ်ကြီးကိုကြားလို့ နိုးလာပြီဖြစ်လို့ ပြတင်းပေါက်ကနေလှမ်းကြည့်တော့ ဦးလေးဂျွန်လက်ထဲကော့ထိုးလန်စွာ
ငိုနေသည့် အဖြူလုံးလေးကိုမြင်တော့အံဩပြီး အောက်ထပ်ကိုပြေးဆင်းတော့သည်။
ဒေါက်! ဒေါက်!
" မေမေ...မေမေ...ဒယ်ဒီ....အဖြူလုံးလေးရှိ
သားသွားမှဖြစ်မယ်။မေမေရေ...တံခါးဖွင့်ပါဦး။ "
" သား...မေမေတို့လည်းအခုလေးတင်သွားမလို့။ "
မေမေကတံခါးအသည်းအသန်လာဖွင့်ပေးရင်းမှပြောတော့ ထယ်ယောင်းငြိမ်မနေချင်တော့ဘူး။ချက်ချင်းသွားချင်တာမို့ မေမေ့လက်ကိုဆွဲတော့ ဒယ်ဒီကပါ အနောက်ကနေလိုက်လာတော့၏။
ကင်မ်မိသားစုလိုက်ကြီး ညအိပ်ဝတ်စုံတွေဖြင့်
ဂျွန်အိမ်တော်သို့အပြေးလာခဲ့ကြသည်။အိမ်ထဲရောက်တော့ ဂျွန်အိမ်တော်ကအိမ်တော်ထိန်းက ဆရာဝန်ကိုသွားခေါ်ဖို့လုပ်ရင်းပြောလာသည်။
" ဟန်နရီလေးငိုနေတာ တအားပဲ။ဖျားနေတော့
ပိုဆိုးတယ်။သားထယ်လေးကိုပဲခေါ်နေတာ။သွား..ကြည့်ပေးလိုက်ပါဦး။ "
" ဟုတ်...ဟုတ်ကဲ့ ဦးလေး။ "
ကိုကိုထယ်ယောင်းဆို သူ့အဖြူလုံးလေးငိုနေပြီဆိုထည်းက မနေနိုင်စွာဖြင့်ခြေလှမ်းတွေကအဖြူလုံးရဲ့အခန်းရှိရာကို အပြေးသွားလိုက်သည်။အခန်းရှေ့ရောက်တော့ အထဲမှာကြားရသည့်ငိုသံစူးစူးလေးကြောင့် ထယ်ယောင်းပါလိုက်ငိုမိသည်။
" အဖြူလုံးလေး.... "
" တိုတို...တိုတို...အီးဟီး...တိုတို...လာလာ...
တူးတူးရှိလာ...ဟင့်...အင့်...တူးတူး...တိုတို့တို မျှော်နေရာ...ဟင့်...ဟင့်... "
ထယ်ယောင်းက တံခါးဖွင့်ဝင်လာပြီးအသံပေးလိုက်တော့ ဂျွန်ဂျောင်မင်လက်ထဲရှိအဖြူလုံးလေးကသူ့ကိုကိုအသံကြားတော့ မနေနိုင်စွာဖြင့်လက်အတင်းကမ်းပေးသည်။ထယ်ယောင်းကတော့ မချီဘဲအိပ်ရာပေါ်သာထိုင်လိုက်တာမို့ ဂျွန်ဂျောင်မင်က သူ့ကိုကိုအနားချပေးတော့သည်။
" ကိုကိုတောင်းပန်ပါတယ်နော်။ကိုကိုအလိုလိုက်မိလို့ အဖြူလုံးလေးအခုလိုဖြစ်သွားတာ။ "
" တိုတို...တူးတူး...ချမ်းရယ်။ "
" အင်း...ကိုကိုရှိတယ်။ကိုကိုဖက်ထားတယ်။ "
ထယ်ယောင်းက ကူးကူးလေးရဲ့မျက်နှာပေါ်ရှိမျက်ရည်လေးတွေကိုသုတ်ပေးရင်းမှ ပြော၏။အဖြူလုံးလေးကတော့ လက်ရှိမှာဖျားနေတာမို့
သူ့ကိုကိုရင်ခွင်ထဲဝင်လို့ ဖက်ခိုင်းနေတော့သည်။
" အားနာလိုက်တာ အစ်မကင်မ်ရယ်။ညီမတို့လည်း လာမခေါ်ဖို့တွေးနေခဲ့တာ။အကုန်လုံးရဲ့အိပ်ချိန်ဆိုတော့လည်း အားနာလို့ပါ။ "
မာမီဟန်နီကတော့ သူ့သားလေးနဲ့ထယ်ယောင်းတို့ဖက်နေတာကိုကြည့်ရင်း ပြောလာတော့သည်။
ထယ်ယောင်းအမေက ဟန်နီရဲ့မျက်ရည်ဝဲနေသည့်မျက်နှာကိုကြည့်လို့ အားနာမိသည်။မွေးထားတဲ့ မိခင်ဆိုတော့လည်း သူ့သားဖြစ်တော့တအားစိတ်ပူနေမှာပဲ။
" ဒီလူနဲ့ဒီလူ အားနာစရာမဟုတ်ပါဘူး။အစ်မတို့က အားနာနေတာ။နေ့လယ်က သူ့ကိုကိုနဲ့အတူရေခဲမုန့်စားမယ်ဆိုရင်းဖြစ်သွားတာ။အစ်မလည်း ကလေးနှစ်ယောက်ပျော်နေတာဆိုတော့ မတာမိလိုက်ဘူး။ တကယ်အားနာပါတယ် ညီမလေးဟန်နီတို့ရယ်။ "
" မဟုတ်တာဗျာ။ကျွန်တော်တို့လည်းနားလည်ပါတယ်။ကလေးတွေက တစ်ခါတစ်လေအချိုကြိုက်လို့စားတာ မမှားပါဘူး။ဖြစ်တက်ပါတယ်။ "
" အားနာပါတယ် မစ္စတာဂျွန်တို့ရယ်။ "
ထယ်ယောင်းအဖေပါ တောင်းပန်စကားဆိုတော့ အဖြူလုံးလေးရဲ့မိဘတွေက 'ရပါတယ်'ဆိုကာ ငြိမ်ကြနေသည့်သူ့သားကိုကြည့်ရသေးသည်။
" တိုတို...တူးတူး...ချမ်းရယ်။တူးတူးအနားလာ။ "
ခဏအကြာဆရာဝန်ရောက်လာတော့ အဖြူလုံးလေးကို စစ်ဆေးပေးနေသည်။အဖြူလုံးကတော့ သူ့ကိုကိုရင်ခွင်ထဲမှမထွက်တာမို့ မိဘတွေကလည်း အတင်းမခေါ်ထားတော့ဘူး။သူ့ကိုကိုတအားချစ်နေပုံလေးကိုကြည့်ကာ ပြုံးတောင်ကြည့်နေကြ၏။
" ဦးဦးဒေါက်တာ သားရဲ့အဖြူလုံးလေးကိုသေချာ ကုပေးပါ။သားရဲ့အလိုလိုက်မှုကြောင့် သားရဲ့အဖြူလုံးဒီလိုဖြစ်သွားတာ။ "
အဖြူလုံးလေးရဲ့ကိုယ်ငယ်လေးကို ဖက်ထားရင်း ပြောလိုက်တော့ ဆရာဝန်ကကူးကူးလေးကိုစမ်းသပ်ပေးနေရင်း စကားဆိုလိုက်တော့သည်။
" အရမ်းချစ်တက်တာပဲ။အခုဆိုကလေးလေးက ဘာမှမဖြစ်တော့ပါဘူး။အပြင်းဖျားပြီးချောင်းဆိုးသွားတာပါ။ဦးဦးကသေချာကုပေးပြီး ဆေးပေးခဲ့မယ်နော်။သားရဲ့ကလေးလေးကိုတိုက်လိုက်ပါ။ "
" ကလေးက တော်သေးတယ်။အပြင်းဖျားပြီးမေ့မလဲသွားတာ။ဆေးတွေရော၊အစားစားဖို့ကအစ ကျွန်တော်ပြောပေးခဲ့မှာမ်ို့ ဂရုစိုက်လိုက်ပါ။အရမ်းကြီးစိတ်ပူစရာမလိုတော့ပါဘူး။ငယ်သေးတော့ အချိုကြိုက်တာကလေးတိုင်းပါပဲ။ဆေးတို့မထိုးပေးတော့ဘူး ကလေးငယ်သေးလို့။ကျွန်တော့်ကို သွားခွင့်ပြုပါဦး။ "
မိသားစုဆရာဝန်က အဖြူလုံးလေးရဲ့မိဘတွေဘက်လှည့်လာပြီး အခြေအနေကိုပြောပြသည်။သည်တော့မှအဖြူလုံးလေးရဲ့မိခင်ရော၊ထယ်ယောင်းရဲ့အဖေနဲ့အမေတို့ပါ သက်ပြင်းချရတော့သည်။မဟုတ်ရင် ကလေးကိုစိတ်ပူနေရမှာ။
" သားထယ်ယောင်း..မေမေတို့ပြန်ရအောင်လေ။
ကပြားလေးလည်း အိပ်နေပြီဆိုတော့--- "
" သားဒီမှာအိပ်မှာမေမေ။အဖြူလုံးလေးကသား
မရှိရင်ငိုနေမှာ။ "
ထယ်ယောင်းကအိပ်ရာပေါ်မှမထဘဲ သူ့အဖြူလုံးလေးကိုဖက်ထားပြီးလှဲနေလိုက်သည်။မာမီဟန်နီမှာ သူ့သားနေမကောင်းတာကိုစိတ်ပူနေပေမဲ့လည်း သားထယ်ယောင်းရဲ့အပြုအမူလေးကြောင့် ပြုံးလိုက်မိပါသေးသည်။
" သားထယ်လေး...တီတီတို့မနက်ကြရင်လာခေါ်မယ်လေနော်။မဟုတ်ရင်သားကိုပါ အဖျားကူးသွားလိမ့်မယ်။ "
" မကူးဘူး။သားကသန်မာတယ်။အဖြူလုံးလေးကို စောင့်ရှောက်မှာ။ "
" အမလေး...ဘယ်လိုတောင်ချစ်စရာလေး။ "
" ဟန်နီ...သားကနေမကောင်းဖြစ်နေတာလေ။ "
မာမီဟန်နီက ထယ်ယောင်းရဲ့စကားကိုကြားကာ အသည်းယားနေတာကြောင့် အမူအရာလေးပြောင်းသွားမိသည်။ဒယ်ဒီဂျွန်ကတော့ သူ့ဇနီးအပြုအမူကြောင့် သတိပေးလိုက်ရသေးသည်။
ထို့အတူထယ်ယောင်းရဲ့အဖေနဲ့အမေကတော့ မာမီဟန်နီရဲ့စကားကိုရိပ်မိတာမို့ ပြုံးလိုက်သေးသည်။
" ဒါဆိုမေမေတို့သွားတော့မယ် သားလေး။တီတီဟန်နီတို့ကို အနှောက်အယှက်မပေးရဘူးနော်။
အဖြူလုံးလေးတစ်ခုခုဖြစ်တာနဲ့ သားလေးက တီတီဟန်နီတို့ကို ချက်ချင်းသွားပြောနော်။ "
" ဟုတ်ကဲ့မေမေ။သားသိပါတယ်။ "
" အစ်မစိတ်မပူနဲ့နော်။ဟန်နီတို့ သားထယ်ယောင်းကိုလည်း ဂရုစိုက်မှာပါ။နိုးလာရင်တောင် မဖျားအောင်ဆေးတိုက်လိုက်ပါ့မယ်။ "
" ကျေးဇူးပါနော်။ "
ကိုကိုထယ်ယောင်းက သူ့အဖြူလုံးလေးကိုဖက်ထားရင်းလှဲချလိုက်တော့ မာမီဟန်နီကနှစ်ယောက် လုံးကိုလုံနေအောင်စောင်ထူထူခြုံပေးလိုက်သည်။
နှစ်ဖက်မိဘတွေထွက်သွားတော့မှ အဖြူလုံးလေးကို သူ့ကိုကိုကဖက်ထားပေးပြီးကိုယ်နွေးနေသည့်နဖူးပြင်ငယ်လေးကိုထိလိုက်သည်။
" ကိုကို့ကြောင့်နဲ့ဖျားရပြီ။စိတ်မပူနဲ့တော့။ဒီနေ့ကစလို့ကိုကိုက အဖြူလုံးလေးကိုပိုပြီးဂရုစိုက်မယ်။ "
ကိုကိုထယ်ယောင်းက ထိုသို့ပြောပြီးစောင်ကို အဖြူလုံးလေးဘက်သို့ ပိုပြီးခြုံပေးလိုက်သည်။
ဒယ်ဒီဂျွန်နဲ့မာမီဟန်နီမှာတော့ ထိုအဖြစ်အပျက်ကိုကြည့်ကာပြုံးနေမိသည်။အပြုံးဆုံးကတော့ မာမီဟန်နီပေါ့။သူအရမ်းသဘောတူပေးချင်နေတာ။
To be continued ~
ကပြားလေးUpdateလိုချင်တယ်ဆိုလို့
တင်ပေးလိုက်ပါတယ်။အများကြီးမျှော်နေရလို့
အားနာပါတယ်ဗျ။
> >
#zawgyi
" အင့်ဟီး...မတိဝူး။တိုတို..ဟင့်..နာနေရာ။ "
ယားနေကြပြီဖြစ်သည်။
မမြင်ဘူး။
ပွတ်ပေးနေတော့သည်။