အပိုင်း ၅

No ID Caller က ပြီးခဲ့တဲ့လ တစ်လလုံး ကျွန်မဆီ ဖုန်းတွေ နေ့တိုင်းဆက်လာတယ်။မောင့်ဖုန်းကို ကျွန်မ ပြန်မဖြေဖြစ်တာ များပါတယ်။ကျွန်မဖုန်းမဖြေတဲ့အခါမျိုးမှာဆို Message တွေ ပို့ပို့ထားတတ်တယ်။ Message တွေရဲ့နောက်ဆုံးမှာ..မ ကို ကျွန်တော်ချစ်တယ်တဲ့။တစ်ကယ်ဆို မောင်ကျွန်မကို တစ်ခါမှလည်းသေချာမမြင်ဖူးဘဲနဲ့။

" ကိုကို မီးငယ်တို့ Hotpot သွားစားကြရအောင်."
"ထူးထူးဆန်းဆန်း နေမကောင်းဘူးလား.."
" ဟင်...ကောင်းတယ်လေ ကိုကိုကလည်း...ဘာဖြစ်လို့လဲ.."
ကိုကိုနဲ့ကျွန်မ အပြင်ကိုအတူတူသွားလာလေ့သိပ်မရှိကြဖူး..အသက်ရွယ်က တစ်နှစ်ကျော်လောက်ဘဲကွာတာမို့ ချစ်သူရည်းစားလားလို့ မေးကြလို့ အပြင်ကသွားတိုင်းစိတ်ထင့်ရတယ်။ ကိုကိုဆီက တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ထွေထွေထူးထူး တုန့်ပြန်သံတစ်ခါမှမကြားရဖူး။

"ကိုကိုဒီနေ့မအားဘူး..အာကာတို့ အိမ်ကိုလာကြမယ် အစ်ကိုကိစ္စနည်းနည်းရှိလို့..အာကာက ထိုင်ဝမ်မသွားခင် "ညမလေး"ကိုလည်းတွေ့ချင်လို့တဲ့ "
အာကာဆိုတာ..ကျွန်မတို့ငယ်ငယ်ကတည်းက ခင်တဲ့သူငယ်ချင်းတစ်ယောက်ပါ။

Comment