အပိုင်း ၃

🎼 ....I climb every mountain. 🎼 I swim every ocean. Just to be with you......You are the reason...
အိမ်ရှေ့ခန်းမှ သီချင်းသံ သည်မိုးရွာနေသောကြောင့် ကြားတစ်ချက်မ​ကြားတစ်ချက်နှင့် ထပ်ကာထပ်ကာ ကြားနေရသည်။
"ကိုကိုရေ....ကိုကို့ဖုန်းလာနေတယ်..3လေးခါ ရှိနေပြီး..လာကိုင်လိုက်ပါအုံး။
ဖုန်းသံထပ်ကာထပ်ကာကြားတာတောင်ထွက်မလာနိုင်တဲ့ကိုကို့ကို..ကျွန်မလှမ်းခေါ်ရသည်။
"မီးငယ်ရေ...ကိုင်လိုက်ပါ..ကိုကိုမရှိဖူးပြောလိုက်..."
"တစ်ခါလိမ်ပေးရင်...3ထောင်ပါကိုကို..."
"ပေးမယ်ဟေး...ပေးမယ်.."ဟု ကိုကို ကလှမ်းပြောသည်။
ကျွန်မ.ပြုံး​ပြီးဖုန်းကိုကိုင်လိုက်သည်...။
" Hello...ကိုကိုမရှိဖူးရှင့် အပြင်သွားတယ်..."
ကျွန်မစကားကိုတိုတိုတုတ်တုတ် ပြောလိုက်သည်။
ထိုစဥ်...တစ်ခဏအကြာတစ်ဖက်မှ...
" Hello... သြော် ဟုတ် ကျွန်တော် သူရသူငယ်ချင်းပါ..သူဘယ်ဘယ်ကိုသွားမယ်ဆိုတာ..ပြောသွားသေးလားဗျ"ကျွန်တော်အခု အိမ်ရှေ့ကိုရောက်နေတာပါ "
မောင့်အသံ...မောင့်အသံကိုပထမဆုံးကြားလိုက်ရတဲ့အချိန်မှာ..ကျွန်မရင်ထဲလှိုက်ခနဲနွေးသွားတယ်။ အိုး.....ဘယ်လိုအသံမျိုးလေးပါလိမ့်..စွဲမက်စရာကောင်းတဲ့မောင့်ရဲ့အသံမှာ..ကျွန်မခဏမြောသွားမိတယ်။
နှစ်ဦးသား..တိတ်ဆိတ်နေစဥ်..
"ဟိတ်...မီးငယ် ဘာရပ်လုပ်နေတာလဲ အိမ်ရှေ့ဧည့်သည်ရောက်နေတယ်..သွား...အပေါ်တက်တော့.."
ကျွန်မကဖုန်းကိုစားပွဲပေါ် အားပါပါနဲ့ ပစ်ချပြီး..
"ကိုကိုဘဲဖုန်းဖြေပေးဆိုလို့ ဖြေပေးနေတာလေ...သူများကိုအမျိုးမျိုူး..သွားမယ်..သွားမယ်.."
ဆောင့်ဆောင့်အောင့်အောင့်နဲ့ ကျွန်မအခန်းရှိရာ.အပေါ်ထပ်သို့တက်ခဲ့တယ်။ အခန်းရဲ့ ပြတင်းပေါက်ကန့်လန့်ကာလေးကိုအသာအယာ ဖွင့်ပြီး..ဖုန်းထဲကအသံပိုင်ရှင်ကို ကျွန်မလှမ်းကြည့်လိုက်မိသည်။.မိုးရေထဲမှာ.သိပ်ကိုချောမောနေတဲ့..မောင့်ကို ကျွန်မပထမဆုံးတွေ့လိုက်ရတယ်။

Comment