Chapter 8 (U±Z)
Unicode
လက်မောင်းထက်ဝယ် အိပ်နေသည့်သူကိုကြည့်ရင်း တွေးလိုက်သည့်အတွေးများက အဆုံးမရှိ။တစ်ခါထဲပြန်အိပ်ပျော်သွားတာလည်းပါသည်။ထို့ကြောင့် ပန်ပြန်နိုးလာသည့်အချိန်တွင်တော့ ကုတင်ပေါ်တွင် သူတစ်ယောက်ထဲသာရှိနေသည်။
ကိုယ်ပေါ်တွင် သပ်ရပ်စွာတင်နေသည့် အနက်ရောင်စောင်ကို ဖယ်ပြီးထလာလိုက်သည်။ထို့နောက် ဟိုကြည့်ဒီကြည့်နှင့် မသိစိတ်က Futureကိုရှာနေမိသည်။
"အနာဂတ်.."
အခန်းငယ်ထဲမှ ထွက်ကာ ဝရံတာ၌ရှိလို့ရှငြား ထွက်ကြည့်လိုက်တော့ ရှာနေမိသည့် အနှီလူသားက ဝရံတာတွင်ဖြစ်နေသည်။
ပတ်တီးအဖွေးသားနဲ့လူက အင်္ကျီမဝတ်ထား။ဗလပြနေကာ ဆေးလိပ်လည်းသောက်နေသေးသည်။ပန်၏ မျက်နှာနှယ် အလိုလိုဆူပုတ်သွားမိပြီး အပြစ်ပြောချင်စိတ်များတစ်ဖွားဖွားပေါ်လာချေတော့သည်။
"အနာဂတ်...!"
အသံစူးစူးဖြင့် ကုန်းအော်လိုက်တော့ Futureကလှည့်ကြည့်သည်။ရင်အုပ်ကျယ်ကျယ်ကြီးနှင့် ဖွေးနေသောအသားရည်။လက်မောင်းတွင်တင်ထားသော အဖုအထစ်တွေက ပေါင်မုန့်ဖြူများနှင့်တူသည်။
ကျစ်လစ်နေသော ကိုယ်ထည်အား ပြသထားကာ ဆေးလိပ်သောက်နေသည့်သူက သူ့ထံလျှောက်လာလို့ နေသည်။
"အေးတယ်.."
"အဲ့တော့..."
"အထဲဝင်.."
"မဝင်ဘူး"
"ပန် ခင်ဗျားကတော့.."
"အနာဂတ် မင်းငါ့ကို မချီနဲ့လွှတ်"
Futureက ပန့်ကို‌ 'မ'ချီလိုက်ကာ ပုခုံးပေါ်ထမ်းထားလိုက်သည်။
"ခင်ဗျားကပေါ့လွန်းတယ်"
"ဘာဖြစ်လဲအဲ့တော့"
"ဟေး မလှုပ်နဲ့လေ၊ကျုပ်က ဒဏ်ရာနဲ့လူဗျ"
"ဒဏ်ရာနဲ့လူက ဒဏ်ရာနဲ့လူလိုနေပါလား၊ ဘာလို့ငါ့ကိုချီနေတာလဲ"
"ခင်ဗျားကိုချီရတာ ကျုပ်သေနတ်'မ'ရတာလောက်တောင်မလေးဘူး၊ ကျုပ်ဒဏ်ရာပြန်ပွင့်ဖို့ဆိုအဝေးကြီး"
"မင်းနော် မင်း.."
"လာပါဗျာ လေ့ကျင့်ခန်းလုပ်ကြရအောင်"
"ဘာလေ့ကျင့်ခန်းလဲ ငါမလုပ်ဘူးနော်၊ မင်းဘာ့သာလုပ် အနာဂတ်"
"Morning exerciseလေကွာ ကျန်းမာရေးအတွက်အရမ်းကောင်းတာ၊ သက်လုံကောင်းစေတယ် ခင်ဗျားရဲ့၊ ဟဲဟဲ.."
"ငါအသက်ကြီးနေပြီ သက်လုံကောင်းဖို့မလိုဘူး"
"ဟောဗျာ! အသက်ကြီးတာနဲ့သက်လုံကောင်းတာနဲ့ဘာဆိုင်လဲ"
"ငါမလိုဘူး အူးဝါး..."
"ဟာ ပန် မငိုနဲ့လေ၊ကျုပ် ဘာမှမဘာရသေးဘူး"
"မင်းကဘာ'ဘာ'ချင်လို့တုန်း...ဟင့်"
"သွေးပူလေ့ကျင့်ခန်းလေးလုပ်ရုံပါကွာ"
"ဟင့်အင်း"
"မဟင့်အင်းနဲ့!"
ပြောကာ ကုတင်ပေါ်သို့ ပစ်ချလိုက်သည်မှာ မွေ့ယာထက်သို့ ငှက်မွှေးဖြူလေးကျသွားသည့်နှယ်။ထိုငှက်မွှေးဖြူလေးအပေါ်သို့ ခပ်ညစ်ညစ် အမဲရောင်အမွှေးကပါ ထပ်မံအုပ်သွားချေသည်။
<><><><>
"အား...!နာတယ်ပန်"
"ဟမ် မင်းနာတတ်သေးတယ်ပေါ့"
"ကျုပ်လဲသွေးနဲ့ကိုသားနဲ့ကိုယ် တည်ဆောက်ထားတဲ့လူပါပန်ရယ်"
မိမိအားဖက်ထားလျက်သားကိုမှ မျက်နှာငယ်လေးနှင့်ပြောလာသည့်လူအား အခုလေးတင် ဆွဲစိတ်လိုက်သည့်နေရာကိုပဲ ထပ်မံဆွဲစိတ်လိုက်တော့ ငယ်သံပါအောင်အော်တော့သည်။
"နှိပ်စက်နေတယ်ဗျိူ့.."
"မင်းတိတ်‌တိတ်နေစမ်း အသက်ကဖြင့်ဖင်ဆောင့်နေပြီ"
"အင်းပါအင်းပါ"
ဆူလိုက်လို့ တိတ်သွားရသည့်ကလေးလို ပုံစံလုပ်ကာ ပန့်အားပိုလို့တိုးဖက်လာသည်။‌မျက်လုံးအောက်တွင်ရှိနေသည့် လူသား၏ဆံပင်ကို အသာအယာဖွပေးနေမိသည်။
"Future"
"အင်း"
"ငါတို့ပထမဆုံးတွေ့တုန်းက..."
"ခင်ဗျား ကျုပ်ကိုကယ်ခဲ့တာ"
"ဟင်..."
Future၏ရုတ်တရက်ဆန်လာသည့် အဖြေကြောင့် ပန်အံ့ဩသွားရသည်။လှုပ်ရှားနေသည့် လက်တစ်စုံမှာလည်းဆံပင်တွေကြား ငြိမ်သက်သွားသည်။ထိုအရာကိုခံစားမိသွားသည့် Futureက ပန်၏လက်ကို လာဆုပ်ကိုင်လာသည်။
"ကျုပ်မမှတ်မိဘူးထင်နေတာလား"
"မင်းသိနေတာလား"
"ကျုပ်ဆရာဝန်လေး.."
"Future..."
"ပြောပါဗျာ ကျုပ်ဆရာဝန်လေးရဲ့"
"မခေါ်နဲ့"
"......."
"အဲ့လိုမခေါ်ပါနဲ့ ငါ..ငါကကောင်းတဲ့ဆရာဝန်ဖြစ်ခဲ့တာမဟုတ်ဘူး"
"ခင်ဗျားအတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အနာဂတ်မှာ ကျုပ်Futureဆိုတဲ့ကောင်ရဲ့ဘဝထဲဝင်လာပြီးရင် ခင်ဗျားကအားလုံးရဲ့အထက်မှာပဲဆိုတာမှတ်ထား"
"ဒါပေမယ့်.."
"ခင်ဗျား ဘာပဲလုပ်ခဲ့လုပ်ခဲ့ ခင်ဗျားအကောင်းဆုံးကြိုးစားခဲ့တယ်၊ ခင်ဗျားကလူတွေကိုထိ‌ခိုက်အောင်လုပ်မှာမဟုတ်ဘူး၊ ကျုပ်ယုံတယ်"
"အင့်...."
Future၏စကားလုံးတစ်လုံးချင်းစီတိုင်းက ပန့်ကို တုန်လှုပ်စေပြီး ငိုသည်အထိဖြစ်စေသည်။ပုခုံးများတစ်သိမ့်သိမ့် လှုပ်ခါကာ ရှိုက်ငိုနေသည့် ပန့်အား Futureကတစ်ဖန် ရင်ခွင်ထဲထည့်ထားလိုက်၏။
"မငိုပါနဲ့ခင်ဗျားရာ.."
"ခင်ဗျားအတိတ်ကဟာတွေက မေ့ပစ်လိုက်၊ ကျုပ်က ခင်ဗျားမပြိုလဲအောင်လုပ်ပေးမယ်၊ ကျုပ်ပုခုံးကိုရဲရဲကြီး မှီထားလိုက်"
"ခင်ဗျား ဦးလေးကိုသတ်.."
"Future!အသုံးမဝင်တာတွေမလုပ်ပါနဲ့၊ ငါမင်းနဲ့တင်လုံလောက်နေပြီမလို့"
Future ဘာမှဆက်မပြောမိတော့ဘဲ တင်းကျပ်နေအောင်သာ ဖက်ထားမိတော့သည်။
ရပြီ။ဒီလောက်ဆို ရပြီ ခင်ဗျားရယ်။ကျုပ်ကိုသတ်မယ်ဆိုရင်တောင် ကျုပ်ပျော်ပျော်ကြီးခံပါ့မယ်။
ပြွတ်!
နဖူးထက်သို့ အကြင်နာဆုံးအနမ်းတစ်ပွင့်အား ခြွေလိုက်သည်။
"ကျုပ်ကြောင့် ပင်ပန်းသွားပြီ"
'ချစ်တယ် ပန်'
<><><><>
ပစ္စုပ္ပန် ဒုတိယအကြိမ် အိမ်မက်ထဲမှပြန်နိုးထလာပြန်သည်။ပထမအကြိမ် နိုးတုန်းကလည်းဘေးတွင် အနာဂတ်ကရှိမနေ။ယခုလည်း အနာဂတ်ကရှိမနေပြန်။
"ဘယ်ရောက်သွားပြန်တာလဲ"
ပန် စိတ်တိုတိုနဲ့ကုတင်မှ ဆတ်ခနဲကောက်ထလိုက်တော့ ခေါင်းကမူးဝေလာသည်
အမြင်အာရုံတွေပါ ဝိုးတိုးဝါးတားဖြစ်လာတာကြောင့် နံရံကိုအားပြုလိုက်ရသည်။ပျို့တက်လာသည့် ခံစားချက်များနှင့်မူးဝေနေသည့်ခေါင်းကြောင့် ပန့်တစ်ကိုယ်လုံးခွေလဲချင်လာသည်။
သို့သော် ထိန်းကာ ရေချိူးခန်းဆီ ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။ထို့နောက် ဘေစင်သို့ငုံ့ချလိုက်ကာ ရင်ထဲရှိသမျှကိုအန်ထုတ်မိလိုက်သည်။
"အဟွတ်အဟွတ်.."
ပြီးနောက် နောက်ဆုံးအ‌နေနဲ့‌ချောင်းဆိုးခြင်းဖြင့် အဆုံးသတ်လိုက်သည်။မှန်ဘောင်ပေါ်တွင်ပေါ်‌နေသည့် ဖြူဖတ်ဖတ်ဖြစ်နေသည့် မိမိမျက်နှာကိုကြည့်ပြီး ပန် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မင်းကတော့ နစ်မြုပ်နေပြီ၊ ကယ်လို့မရအောင်ကို နစ်မြုပ်သွားပြီ ပစ္စုပ္ပန်"
ပင်ပန်းမှူကြောင့် ကျလာသည့်မျက်ရည်များကိုမသုတ်ဘဲ ရေဖြင့်သစ်ချလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ပန့် ခေါင်းထဲတွင်စိုးမိုးနေသည့်အရာတစ်ခုရှိသည်။ထိုအရာကို အနာဂတ်ကိုမေးရမည်။အကူအညီတောင်းလိုရရင် တောင်းရမည်။
ဗီရိုထဲမှ သဘတ်တစ်ထည်ကိုယူပြီး မျက်နှာသို့သုတ်လိုက်သည်။ပြီးနောက် ကုတင်ပေါ်တွင် ချထားခဲ့ပြီး အပြင်သို့ထွက်လာလိုက်သည်။
Futureကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာသည်။နောက်ဆုံးတွင်တော့ Futureအား
အပြာရောင် လွှမ်းနေသော အခန်းတစ်ခုထဲတွင်ရှာတွေ့သွားသည်။ထိုအခန်းကို ပန်ရောက်သည့်နေ့ထဲက ယနေ့အထိတစ်ခါမှမမြင်ဖူးသလို၊ တွေ့လဲမတွေ့ဖူးချေ။
"အ...အနာဂတ်"
အခန်း၏အရောင်ကြောင့် ပန် မဝင်ရဲ။အခန်းဝတွင် တံခါးလေးအားမှီကာ လှမ်းခေါ်လိုက်သည်။
"ပန်"
"ငါ..ငါဝင်လာလို့ရလား"
"ရတယ် ၊ကျုပ်ဆီလာခဲ့"
Futureက လက်လှမ်းကာခေါ်သည်။ပန်လည်း သူ့နားကိုအမြန်လျှောက်သွားလိုက်၏။
"ကျုပ်ပေါ်ထိုင်"
"ဘေးမှာပဲ ထိုင်မယ်"
"ဒါဆိုလည်း ထိုင်လေ"
ဘေးတွင် လွတ်နေသည့်ထိုင်ခုံတစ်လုံးကို Futureက ဆောင့်ကန်လိုက်သည်။ထိုခုံသည် အဝေးဘက်သို့ ရွေ့သွားတာကြောင့် ပန့်မှာ ထိုင်စရာခုံက သူ့အပေါ်အပြင်မရှိတော့။ခုံကိုသွားယူရအောင်ကလည်း Future၏ မျက်နှာထားကြောင့် မယူတော့ပဲ Futureပေါင်ပေါ်တွင်သာ ဝင်ထိုင်လိုက်သည်။
"လိမ္မာတယ် ပြွတ်!"
ပါးမို့မို့လေးထံသို့ အနမ်းတစ်ချက်ပေးလိုက်သည်။
"ပန် ပိန်သွားတာလား"
"မပိန်ပါဘူး"
"ကျုပ်ခံစားနေမိတယ်နော်၊ ခင်ဗျားပါးလေးတွေတောင်ကျသွားသလိုပဲ"
"မဟုတ်ဘူး မင်းအထင်မှားနေတာ"
ပန်က မျက်နှာကို တစ်ဖက်ခြမ်းဆီသို့လွှဲကာ ပြောသည်။အနာဂတ်နှင့် သူ ထိပ်တိုက်တွေ့ပြီးမပြောချင်း။
"ကျုပ်ဘက်လှည့်!"
"အင့်..."
"လှည့်လို့ ခင်ဗျား"
အနာဂတ် မျက်နှာအား ဆွဲလှည့်လိုက်တော့ မျက်နှာနုနုက ပါလာသည်။မျက်လုံးဝိုင်းလေး၏ ဘေးပတ်ပတ်လည်တွင်လည်း မိက်မှာများက ရစ်သီလို့နေ၏။
"ဟောဗျာ ကျုပ်ဘာလုပ်မိလို့ငိုနေတာတုန်း"
"မင်းက..အင့်..အော်တယ်"
"ခင်ဗျားက ကျုပ်စကားနားမထောင်လို့ကျုပ်အော်ရတာပါ၊ ခင်ဗျားသာနားထောင်ရင် ကျုပ်ခင်ဗျားကို အသံမာမာနဲ့တစ်ခွန်းတောင်မပြောဘူး"
"ငါကမင်းထက်အသက်ကြီးတာ မင်းအော်စရာမလိုဘူး"
"ခင်ဗျားမလိမ္မာရင်တော့ အော်စရာရှိရင်အော်ရမှာပဲ ပန်"
"အနာဂတ်နော်"
"လာ ခင်ဗျားကိုကျုပ်ပြစရာရှိတယ်"
Futureက ပန်၏ကိုယ်လုံးကိုလှည့်လိုက်ပြီး ဘေးတွင် ဖန်အထပ်ထပ်ဖြင့်ထားထားသည့် ပြောင်လက်ဝင်းနေသည့် ဓားရှည်များနှင့် သေနတ်များကို ပြသည်။သေနတ်များက အပြာရောင်မီးထိန်ထိန်ကြောင့် နက်ပြာရောင်သန်းကာ အထက်စီးဆန်နေ၏။မည်သူမျှ မထိဝံ့လောက်သည့် အနေထားတွင်တောင် သူ၏အနှစ်သက်ဆုံး အရာများကို ထားထားသည်။
"ဒါတွေက ကျုပ် ငယ်ငယ်ကတည်းကစုလာတဲ့ လက်နက်တွေ"
"အနာဂတ်က လက်နက်စုကတာသဘောကျတာလား"
"ကျုပ်ကgun crazyလေ၊ သေနတ်ကို9နှစ်သားထဲက ဖြောင့်အောင်ပစ်နိုင်တယ်၊ အဲ့ကထဲကစုလာတာ အခုအသက်နဲ့ဆိုတော့.."
"ဒီဘောင်တွေထဲမှာ အားလုံးပေါင်းဘယ်လောက်ရှိတာ"
"5995ခု"
"59...5995"
"ကျုပ် စပိန်သွားတုန်းကဝယ်လာတဲ့ဟာတွေပါပေါင်းလိုက်ရင်တော့ 6000လောက်ရှိမှာပေါ့"
"ဟင်.."
Future၏ စကားတွေကြားမှာ ပစ္စုပ္ပန်တစ်ယောက်ထဲ ပါးစပ်အဟောင်းသားဖြစ်နေရတော့သည်။ယခင် ဦးလေးအိမ်တွင်တုန်းက လက်နက်အမြောက်အမြားကိုမြင်ဖူးသော်လည်း ယခုလို အခန်းဆောက် ဖန်ဘောင်ထဲကို အရေအတွက်ပေါင်းများစွာ စုထားသည့် သူကိုတော့ ပန့်အသက် 25နှစ်မှ မြင်ဖူးခြင်းသာ ဖြစ်သည်။
"ခင်ဗျားကတော့ ကျုပ်ရှေ့ ဒီရုပ်လေးလာလုပ်ပြပြန်ပြီ"
"အား...အနာဂတ်"
ပန်၏မျက်နှာအား လက်ဝါးနှစ်ဖက်ထဲထည့်ကာ ညှစ်ထားလိုက်ပြီး မျက်နှာတစ်ပြင်လုံးကို နေရာလွတ်မကျန်အောင် နမ်းတော့သည်။
<><><><>
အသက်ကြီးကြီးအရွယ် ဦးလေးသည် လူသုံးဦးနှင့် စကားစုဝိုင်းပြောနေရာ သူ့ကြည့်ရတာ စိတ်ရှုပ်ကာ ဒေါသထွက်နေသည့်ပုံ။ တစ်စုံတစ်ခုကို စိတ်အလိုမကျဖြစ်နေကာ မျက်မှောင်ကိုလည်း ကြုတ်ထားသည်။
"တွေ့လား"
"မတွေ့သေးပါဘူးဆရာ ဒါပေမယ့် ကျွန်တော်တို့တွေ့တုန်းက.."
"တွေ့ခဲ့တာ ဘယ်လောက်ကြာနေပြီလဲ ဟမ်၊ မင်းတို့ငါမေးလိုက်တိုင်း အဲ့အချိန်တုန်းကအကြောင်းပဲပြောနေကြ ငါ ိုးမသားတွေ"
"ဒါပေမယ့် ဆရာ၊ ကျွန်တော်တို့အဲ့ချိန်တုန်းကသာ သူ့နောက်မှာ လူတစ်ယောက်ရှိမနေရင် ကျွန်တော်တို့အသာလေးဖမ်းခေါ်လာလိုက်လို့ရတယ်"
"မင်းတို့ပြောတဲ့ အဲ့လူတစ်ယောက်တောင် မင်းတို့စောက်သုံးမကျတဲ့လူအုပ်စုမနိုင်ဘူးလား"
"သူ့လက်ထဲမှာ သေနတ်ကြီးနဲ့ဆရာရ၊ ကျွန်တော်တို့က သေနတ်ပါသွားတာမဟုတ်ဘူး"
"အဲ့လူကဘယ်ကမှန်းကျွန်တော်တို့လဲမသိဘူး၊ မတော်လို့ဇွတ်ဝင်လို့ ပစ်ရင် ကျွန်တော်တို့ရှောဦးမယ်"
"သေကြ အေးတယ်ကွာ၊ စောက်သုံးကဖြင့် တစ်စက်မှမကျဘဲ"
"......."
သူတို့ဆရာ၏ စိတ်ဆိုးနေသော မျက်နှာထားကြောင့် တပည့်သုံး‌ယောက်မှာ ပါးစပ်ပိတ်နေရ၏။သူတို့ကိုရှာခိုင်းသည့် ကောင်လေးနှင့်ပတ်သက်လျှင် ဆရာသည် စိတ်ဆတ်သလို ဒေါသလဲကြီးလာ၏။
တပည့်သုံးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းငုံ့ထားရုံသာ တတ်နိုင်သည်။ဘာကြောင့်ဆို သူတို့ကိုယ်တိုင်က သူတို့ဆရာ‌အပေါ်အပြစ်လုပ်ထားသည်ကြောင့်ပင်။
အကြောင်းမှာ...
သူတို့3ယောက်သွားခဲ့သည့်အချိန်တွင် ဆရာဝန်လေးသည် မှောင်ယံချိန်တွင် တစ်ယောက်ထဲဖြစ်ကာ ငုတ်တုတ်လေးထိုင်နေသည်။သူတို့ဖမ်းရန် အကုန်ပြင်ဆင်ပြီး ဆရာဝန်လေးထံ ချဉ်းကပ်ချိန်တွင် အနောက်မှ အသံအချို့ကြားလိုက်သည်ကြောင့် အနောက်လှည့်ကြည့်ရာ လူတစ်ယောက်ကသေနတ်နှင့် သံတုတ်ကိုင်ထားပြီး သူတို့3ယောက်အားကြည့်နေသည်။
"အမလေး..."
သုံးယောက်လုံး တစ်ပြိုင်နက်ထဲအော်ကာ အနောက်သို့ခြေလှမ်း အနည်းငယ်ဆုတ် လိုက်ကြသည်။
"မင်းတို့ကဘယ်ကကောင်တွေလဲ"
"ကျွန်တော်တို့က အာ.."
"သူ့ကိုဘာလုပ်ဖို့လာတာလဲ"
သေနတ်နဲ့လူက ဆရာဝန်လေးအား ညွှန်ပြတော့ သူတို့သုံးယောက်မှာ ခေါင်းကိုဘယ်ပြန်ညာပြန်ခါရတော့သည်။လက်ကလည်း အကြိမ်ကြိမ်ခါနေသည်။
"ကျွန်တော်တို့က ဒီကဖြတ်လျှောက်ရုံပါ၊ သူ့ကိုဘာမှမလုပ်ပါဘူး"
"အေး မလုပ်ရင်လစ်လိုက်တော့"
"ဟုတ် ဟုတ်၊ ဟျောင့်တွေ ီးလုပ်နေတာလား၊ သွားမယ်ဟ"
တစ်ယောက်ကပေကပ်ကပ်လုပ်နေသည်ကြောင့် ခြေထောက်ဖြင့်ပိတ်ကန်လိုက်သည်။
"မသွားသေးဘူးလား၊ ငါ့လက်ထဲမှာရှိတဲ့ သေနတ်ထဲက ကျည်ဆံ၊ မင်းတို့ဖင်ထဲ ဝင်မှသွားမှာလား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်တော်တို့အခုသွားမှာပါ"
သူတို့သုံးယောက်လဲ အခွင့်အရေးကိုလက်လွှတ်လိုက်ပြီး ထိုနေရာမှထွက်လာခဲ့သည်။သို့သော် သူတို့တွေ့ခဲ့ရသည့်လူက...
"အေး၊ မင်းတို့ကို သူ့နားမှာထပ်တွေ့ရင် မင်းတို့သုံးကောင်အပြင် သူ့ဦးလေးပါငါလာသတ်မယ်"
ထိုစကားကြောင့် ဆရာဖြစ်သူက ဆရာဝန်လေးကိုသွားရှာခိုင်းလျှင် သူတို့သုံးယောက်မှာ ဆရာဝန်လေးရှိရာနေရာကလွဲရင် ကျန်တဲ့နေရာများကို လျှောက်သွားကာ လုပ်ချင်တာလုပ်လေ့ရှိသည်။အသက်ထက် ဘယ်အရာမှ အရေးမကြီးချေ။
ယခုလည်း ဆရာကသူတို့ကို ဆရာဝန်ခေးအား ထပ်မံ ရှာခိုင်းပြန်သည်။ဒီတစ်ခေါက်ရှာမတွေ့ရင် ဆရာကသူတို့ကိုအလုပ်ဖြုတ်ပစ်မည်။
"ဖြုတ်တော့လည်းဖြုတ်ကွာ၊ သန့်ရှင်းရေးပဲလုပ်စားရလုပ်စားရ၊ ‌အမှိုက်ပဲကောက်ရကောက်ရကွာ မင်းတို့နဲ့တော့ငါမခွဲချင်ဘူး ငါတို့သုံးယောက်အမြဲတူတူနေမယ်"
"မင်းပြောတာတော့ဟုတ်ပါတယ်ကွာ၊ ဒါပေမယ့်ဆရာကငါတို့ကိုရိုးရိုးမဖြုတ်ဘဲ အရင်လက်စဖျောက်လိုက်ရင်ကောကွ"
"ဒါကတော့ ငါတို့ကံပေါ့ကွာ"
သူတို့သုံးယောက်လည်း စိတ်ညစ်ညစ်နဲ့ခြံထံတွင် ဆေးလိပ်သောက်နေကာ စကားစမြည်ပြောဖြစ်ကြသည်။နောက်တစ်နေ့တွင်တော့ ထင်သည့်အတိုင်းပင် ဖြစ်လာသည်။ဆရာက သူတို့သုံးယောက်အစားထိုး လူများခေါ်လာကာ သူတို့ကိုအလုပ်ဖြုတ်ပစ်လိုက်သည်။
"မင်းတို့သုံးကောင် ဒီကိုလာဦး"
"ဟုတ်ကဲ့ဆရာ"
"မင်းတို့ကို အလုပ်ဖြုတ်လိုက်ပြီ ဆိုတော့၊ မင်းတို့ကိုငါခေါ်လာတဲ့ဆီပဲပြန်နေကြပေါ့၊ အဲ့နေရာကိုတော့ ငါမသိမ်းတော့ဘူး"
"ဟာတစ်ကယ်လားဗျာ"
"ကျေးဇူးတင်ပါတယ် ဆရာ"
"အေး သွားကြတော့"
"ဟုတ်ကဲ့ဆရာ ကောင်းသောနေ့ရက်တွေပိုင်ဆိုင်ပါစေ"
သူတို့သုံးယောက်လဲ ဆရာ့၏သဘောထားကြောင့် ပျော်ရွှင်နေကြသည်။
ဒိုင်း ! ဒိုင်း ! ဒိုင်း!
ဆရာ့အား ဦးညွှတ်ပြီးအပြန် အနောက်မှပေါ်ထွက်လာသည့်ထပ်ဆင့် သေနတ်သံကြောင့် ကောင်းကင် တုန်တက်သွားသည်။‌ကောင်းကင် ကအလယ်တွင်ရပ်နေသည်ဖြစ်တာကြောင့် ဘေးရှိသူငယ်ချင်းနှစ်ယောက်အား ကြည့်လိုက်စဉ် ထိုနှစ်ယောက်သည် ဒူးထောက်လျက် မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားသည်။
"သူရိန်!!! ဟျောင့် သူရ!!"
သူ့ဘေးတွင် သွေးများဖြင့် လဲနေသော အမွှာညီအကိုနှစ်ယောက်ကိုကြည့်ပြီး ကောင်းကင်ခြေတွေလက်တွေတုန်လာသည်။
"ဆ....ဆရာ"
"ဟားဟား၊ မင်းတို့ကိုငါ အလကားပြန်လွှတ်မယ်ထင်လား"
"ဗျာ..."
"မင်းကတော့ ငယ်သေးတယ်၊ သနားလို့လွှတ်ပေးလိုက်မယ် သွားတော့"
ဆရာသည် သူတို့နေရာအစားထိုးလိုက်သည့်လူများဖြင့် ထွက်သွားလေပြီ။ကောင်းကင်တစ်ယောက်ထဲ ထိုနေရာတွင် မျက်ရည်များဖြင့်ကျန်ခဲ့ရလေသည်။
ဘေးတွင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသေးသော သူရိန်ကို ကောင်းကင်မြင်ပြီး ရင်ခွင်ထဲ'မ'ထည့်လိုက်ပြီး သူ့ရင်ဘတ်ကိုမှီထားစေသည်။
"သူရိန်"
"သူရကော..."
သူရိန့်အမေးကြောင့် ကောင်းကင် ဘေးတွင်အသက်မရှိတော့သည့် သူရမျက်နှာလေးအား လက်ဖြင့်အသာ ပွတ်ကာပြုံးသည်။
"မရှိတော့ဘူး"
"အဟွတ်...မင်း...ငါတို့မရှိဘဲအဆင်ပြေမှာလား"
"သူရိန် ခင်ဗျားအဲ့လိုမပြောနဲ့၊ ကျွန်တော်...ဘယ်တုန်းကခင်ဗျားနဲ့ခွဲဖူး​လို့လဲ"
"ကောင်း! ငါပြောမယ်...အဟွတ်! ရှေ့လျှောက်မင်းတစ်ယောက်ထဲပဲ ဘဝကိုဖြတ်သန်းရတော့မှာ"
"သူရိန်! ခင်ဗျားစောက်ပါးစပ်ကိုပိတ်ထားစမ်း"
"မင်းကငယ်ပါသေးတယ်၊ ငါတို့ကိုမေ့လိုက်ပြီး ဘဝကိုကောင်းကောင်းဖြတ်သန်းနော်"
သူရိန်ကလက်လှမ်းလာကာ ကောင်းကင်၏ခေါင်းကို ဖွဖွလေးပုတ်ပေးသည်။17နှစ်သာ ရှိသေးသော ကောင်းကင်အတွက် အသက်20အရွယ်  သူရိန်က သူ့အတွက်အကောင်းဆုံးနှင့်အချစ်ရဆုံးလူသားပင်။ သူရကကောင်းကင်နှင့်အသက်တူတူပဲဖြစ်သည်။
"ခင်ဗျားဒဏ်ရာကသွေးတွေအရမ်းထွက်နေတယ်သူရိန်..စကားမပြောနဲ့တော့"
"ကောင်း"
"ခင်ဗျားကို ကျွန်တော်စကားမပြောနဲ့လို့ပြောနေတယ်လေသူရိန်၊ ခင်ဗျားလူစကားနားမလည်ဘူးလား ဟင့်!အီးဟီး"
"မငိုပါနဲ့ကောင်းရာ၊ မင်းငိုရင်ငါပိုနာတယ်ကွ"
"နာတယ်...နာတယ်လား ကျွန်တော်မငိုတော့ဘူး ခင်ဗျားမနာကျင်ပါနဲ့"
ကောင်းကင်က ပါးပြင်ရှိမျက်ရည်များကို အမြန်ပွတ်သုတ်ပလိုက်သည်။
"သွားတော့ကောင်း၊ မင်းဒီမှာ...ရှိနေရင်မလုံခြုံဘူး"
"ခင်ဗျားကိုဒီတိုင်းမထားခဲ့နိုင်ဘူး"
သူရသည် နှလုံးတည့်တည့်အား အနောက်ဘက်မှ အပစ်ခံလိုက်ရသည်ဖြစ်တာကြောင့် ချက်ချင်းအသက်ဆုံးရှုံးသွားရသော်လည်း သူရိန်မှာ ခါးနေရာကိုကြီးပဲ နှစ်ချက်ထိသွားသည်။
"ကောင်း မင်းအရင်ကငါ့စကားနားမထောင်ခဲ့ရင်တောင် အခုတော့နားထောင်! သွားတော့"
ကောင်းကင်အား အတင်းတွန်းနေသည့် သူရိန်ကြောင့် ကောင်းကင် ပိုတောင်မသွားဘဲ သူရိန့်အား တင်းကျပ်နေအောင်ဖက်ထားလိုက်သည်။
"မသွားဘူး၊ ကျွန်တော်ဘယ်တုန်းကခင်ဗျားစကားကိုနားထောင်ဖူးလို့လဲ၊ အခုလဲနားမထောင်သလိုနောင်လဲ နားထောင်မှာမဟုတ်ဘူး"
ပြောကာ သူရိန့်အား ပွေ့ချီလိုက်သည်။
"ကောင်း...မင်းဘာ..ဘာလုပ်တာလဲ"
"ကျွန်တော်ထွက်ပြေးရင် တစ်ယောက်ထဲတော့မသွားနိုင်ဘူး၊ ခင်ဗျားကိုပါခေါ်သွားမှာ"
"ကောင်း.."
ကောင်းကင်သည် သူရိန်၏စကားများကို ဒီတစ်ခါမှာတော့ လစ်လျူရှူလိုက်ကာ ထိုရွံစရာအတိတ်များဖြင့်ပြည့်နှက်နေသည့် အိမ်မှ သူရိန့်ကို ပွေ့ချီထားလျက် ထွက်လာလိုက်သည်။
"ခင်ဗျားကို ကျွန်တော်ဆေးရုံပို့မယ်"
"ကောင်း၊ ငါခံနိုင်မယ်မထင်ဘူး"
"ဘာကိုလဲ"
"ငါနာနေပြီ"
သူရိန်က သူ၏ခါးကိုဖိကာ ပြောလာသည်
ကောင်းကင်၏မျက်နှာထက် စိုးရိမ်ပူပန်မှုများက တစ်ရိပ်ရိပ်ပေါ်လာတော့သည်။
"ကျွန်တော် ကျွန်တော်ဘာလုပ်ပေးရမလဲ၊ ကျွန်တော်ချီထားတာက ခင်ဗျားကိုနာစေတာလား ဒါဆိုကျွန်တော်"
"မဟုတ်ဘူး ငါ..အာ့"
"ခဏလေးတောင့်ခံပေးသူရိန်"
သူရိန့်မျက်နှာမှာ ဖြူဖျော့လာသည်။ကောင်းကင်လည်း နီးရာဆေးရုံဆေးခန်းရှိလို့ရှိငြား ရှာသော်လည်းမတွေ့။ ကောင်းကင်ပြာထက်မှ မိုးစက်များမှက တစ်စက်ပြီးတစ်စက်ကျလာသည်။ခဏအကြာ သဲကြီးမဲကြီး ရွာချလာသော‌မိုးကြောင့် ကောင်းကင်နှင့်သူရိန်နှစ်ယောက်လုံး စိုရွှဲသွားသည်။
ဒဏ်ရာကြောင့် မှိန်းကာဖြူဖျော့နေသည့်သူရိန်မှာ မိုးရေတွေအကြား သတိလုံးဝမေ့သွားချေတော့သည်။
"သူရိန် သူရိန်၊ ခင်ဗျားဘာမှမဖြစ်ရဘူး၊ ခင်ဗျားမျက်စိဖွင့်ကြည့်ပါဦး"
"ခင်ဗျား ကျွန်တော်တို့မထားခဲ့နဲ့ သူရိန်"
ကောင်းကင်သည် သူရိန်အားရင်ခွင်ထဲပွေ့ထည့်ထားကာ မြေပြင်ပေါ်သို့ထိုင်ချလိုက်သည်။ပြီးနောက် အင်္ကျီကိုချွတ်၊ ခါးတွင်အလှချီထားသည့် လက်ရှည်ကိုပါချွတ်ကာ သူရိန့်ကိုယ်ပေါ်ကိုခြုံပေးပြီး ကောင်းကင်ကိုယ်တိုင်ပါ အုပ်မိုးဖက်ထားလိုက်သည်။
မိုးရေများသည် ကောင်းကင်ပေါ်သာကျပြီး သူရိန့်ထံမကျတော့။သူရိန်သည် ကောင်းကင်၏ ရင်ခွင်ထဲကအနွေးဓာတ်အနည်းငယ်ဖြင့် နေနေရသည်။
"သူရိန် ခင်ဗျားနိုးလာပါတော့၊ အား......"
ကောင်းကင်သည် သူရိန်အား ပိုက်ထားပြီး ငိုချတော့သည်။
.
.
.
.
.
.
"ကောင်လေး..."
"ကောင်ကလေး.."
လူတစ်ယောက်သည် ကောင်းကင်အား ပုခုံးမှလှုပ်ကာနိုးသည်။ကောင်းကင် နိုးလာသည့်အချိန်တွင် မိုးစက်များကသူ့ပေါ် ကျမနေတော့။ မော့ကြည့်လိုက်ရာ ဦးလေးအရွယ်တစ်ယောက်က သူ့အားထီးမိုးပေးထားသည်။
"ကောင်ကလေး မင်းဒီမှာနေနေတာကြာပြီကွ၊ မိုးမိပြီးဖျားနေမယ်"
"......."
"မင်းမှာအိမ်မရှိဘူးလား"
ကောင်းကင် ဦးလေးကြီး၏စကားများကိုပြန်ဖြေဖို့ အားအယူ လည်ချောင်းမှနာကျင်လာတာကြောင့် တိတ်တဆိတ်သာနေလိုက်သည်။သို့သော် ရင်ခွင်ထဲရှိအနွေးဓာတ်မရတော့သည့် ကိုယ်လေး‌ကိုသတိရမိပြီး...
"ဦး...ဦးလေး"
"ဟေ.."
"သူ့...သူ့ကိုကယ်ပေးပါ"
အင်္ကျီဖြင့်ခြုံပေးထားသည့် သူရိန်ကိုဦးလေးကြီးထံပြ‌လိုက်တော့ ဦးလေးကြီးကအံ့ဩသွားသည်။
"အိမ်ထဲဝင်ကွာ၊ မင်းနိုင်ရဲ့လား"
"ကျွန်တော် နိုင်တယ်"
ကောင်းကင်သည် အားစိုက်ကာ သူရိန့်ကိုချီပြီး ဦးလေးကြီးထံလိုက်သွားသည်။ထိုဦးလေးကြီးသည် ခမ်းနားထည်ဝါလှသည့် အိမ်ကြီးတစ်အိမ်ထဲသို့ ခပ်သုတ်သုတ်ဝင်သွားပြီး သူတို့နှစ်ယောက်ကိုတော့ထီးပေးခဲ့ကာ အိမ်အဝတွင်ခဏရပ်နေခိုင်းခဲ့သည်။
"သူရိန် ခဏတောင့်ခံထားပေးပါဦး"
ကောင်းကင်သည် သူရိန့်မျက်နှာထံ သူ့မျက်နှာအားအပ်လိုက်သည်။
"ကောင်ကလေး..လာအိမ်ထဲမြန်မြန်ဝင်ခဲ့၊ ဦးလေး သူဌေးရဲ့ခွင့်ပြုချက်ရလာတယ်"
"ကျေး..ကျေးဇူးတင်ပါတယ်ဦးလေး"
ကောင်းကင်သည် သူရိန့်အား မျှော်လင့်ချက်မျက်ဝန်းများဖြင့်ကြည့်ပြီး အိမ်ထဲသို့ဝင်သွားလိုက်တော့သည်။
<><><><>
10.2.24
T.B.C...
Vote & Comment pls💗
Zawgyi
"အနာဂတ်.."
"အနာဂတ်...!"
"အေးတယ်.."
"အဲ့တော့..."
"အထဲဝင်.."
"မဝင်ဘူး"
"ပန် ခင်ဗျားကတော့.."
"ဘာဖြစ်လဲအဲ့တော့"
"မင်းနော် မင်း.."
"ငါမလိုဘူး အူးဝါး..."
"ဟင့်အင်း"
"မဟင့်အင်းနဲ့!"
<><><><>
"အား...!နာတယ်ပန်"
"နှိပ်စက်နေတယ်ဗျို့.."
"အင်းပါအင်းပါ"
"Future"
"အင်း"
"ဟင်..."
"မင်းသိနေတာလား"
"ကျုပ်ဆရာဝန်လေး.."
"Future..."
"မခေါ်နဲ့"
"......."
"ဒါပေမယ့်.."
"အင့်...."
"မငိုပါနဲ့ခင်ဗျားရာ.."
"ခင်ဗျား ဦးလေးကိုသတ်.."
ပြွတ်!
'ချစ်တယ် ပန်'
<><><><>
"အဟွတ်အဟွတ်.."
"အ...အနာဂတ်"
"ပန်"
"ငါ..ငါဝင်လာလို့ရလား"
"ရတယ် ၊ကျုပ်ဆီလာခဲ့"
"ကျုပ်ပေါ်ထိုင်"
"ဘေးမှာပဲ ထိုင်မယ်"
"ဒါဆိုလည်း ထိုင်လေ"
"လိမ္မာတယ် ပြွတ်!"
"ပန် ပိန်သွားတာလား"
"မပိန်ပါဘူး"
"ကျုပ်ဘက်လှည့်!"
"အင့်..."
"လှည့်လို့ ခင်ဗျား"
"မင်းက..အင့်..အော်တယ်"
"အနာဂတ်နော်"
"5995ခု"
"59...5995"
"ဟင်.."
"အား...အနာဂတ်"
<><><><>
"တွေ့လား"
"တွေ့ခဲ့တာ ဘယ်လောက်ကြာနေပြီလဲ ဟမ်၊ မင်းတို့ငါမေးလိုက်တိုင်း အဲ့အချိန်တုန်းကအကြောင်းပဲပြောနေကြ ငိါုးမသားတွေ"
"......."
အကြောင်းမှာ...
"အမလေး..."
"ကျွန်တော်တို့က အာ.."
"ဟုတ်ကဲ့ဆရာ"
"ဟာတစ်ကယ်လားဗျာ"
"ကျေးဇူးတင်ပါတယ် ဆရာ"
"အေး သွားကြတော့"
ဒိုင်း ! ဒိုင်း ! ဒိုင်း!
"သူရိန်!!! ဟျောင့် သူရ!!"
သူ့ဘေးတွင် သွေးများဖြင့် လဲနေသော ညီအကိုနှစ်ယောက်ကိုကြည့်ပြီး ကောင်းကင်ခြေတွေလက်တွေတုန်လာသည်။
"ဆ....ဆရာ"
"ဗျာ..."
"သူရိန်"
"သူရကော..."
"မရှိတော့ဘူး"
"သူရိန် မင်းအဲ့လိုမပြောနဲ့၊ ငါ...ငါဘယ်တုန်းကမင်းနဲ့ခွဲဖူးလို့လဲ"
"သူရိန်! မင်းစောက်ပါးစပ်ကိုပိတ်ထားစမ်း"
"မင်းဒဏ်ရာကသွေးတွေအရမ်းထွက်နေတယ်သူရိန်..စကားမပြောနဲ့တော့"
"ကောင်း"
"ကောင်း.."
"ဘာကိုလဲ"
"ငါနာနေပြီ"
"မဟုတ်ဘူး ငါ..အာ့"
.
.
.
.
.
.
"ကောင်လေး..."
"ကောင်ကလေး.."
"......."
"ဦး...ဦးလေး"
"ဟေ.."
"သူ့...သူ့ကိုကယ်ပေးပါ"
"ကျွန်တော် နိုင်တယ်"
<><><><>
10.2.24
T.B.C
Vote & Comment pls💗
Comment