Chapter 2 (U±Z)
Unicode
ပြတင်းပေါက်မှလာသည့်မနက်ခင်းနေရောင်ပျပျကလိုက်ကာမကာထားသဖြင့်ကုတင်ပေါ်သို့ဖြာကျနေသည်။Futureသည်သူ့မျက်နှာပေါ်သို့ကျနေသည့်အလင်းရောင်ကိုစိတ်ရှုပ်လာသည်။တက်တစ်ချက်ခေါက်လိုက်ကာဟိုဘက်လှည့်အိပ်ရန်အပြု Future၏လက်မောင်းကိုခေါင်းအုံးအိပ်ထားသည့်ကောင်လေးကြောင့်လှည့်မရဖြစ်သွားသည်။
"ဘယ်သူတုန်းကွ ငါ့လက်မောင်းပေါ်အိပ်ရဲတာ"
"အင့်..ဟင့်"
ငိုနေတဲ့အသံကြားမှမနေ့ညကအဖြစ်ပျက်များကိုပြန်မြင်လာမိသည်။
"ဘာလို့ငိုနေတာလဲ"
"နာတယ်..အူးဝါးးးး"
Future၏လက်မောင်းကြားထဲကွေးကွေးလေးနေကာငိုယိုနေသည်။Futureထိုကောင်လေးအားအိပ်နေရာမှထူကာသူ့ရှေ့တွင်ငုတ်တုတ်ထိုင်စေသည်။ငိုနေတာကြာပြီထင်၏။မျက်ခမ်းစပ်များကထင်ထားတာထက်ပိုနီနေကာမျက်လုံးလေးများတောင်ဖောင်းနေသည်။
"ဘယ်နေရာနာလို့လဲ"
"တစ်ကိုယ်လုံးနာတယ်..အင့်"
"အင်းအင်း ဆေးလူးပေးမယ်"
ထိုကောင်လေးအားမချီလိုက်ကာစားပွဲအမြင့်ပေါ်သို့တင်ပေးလိုက်တော့ပြူးတူးတူးလေးကြည့်လာသည်။ထို့နောက်ဘေးတွင်ရှိသောဆေးဘူးကိုယူကာရောင်နေဟန်ရှိသည့်အဝလေးကိုလူးပေးလိုက်သည်။ထိုအဝလေးသို့ထိလိုက်ရုံဖြင့်Future၏အသားချောင်းကမာတောင်လာသည်။
ထိုကောင်လေး၏မျက်လုံးကိုစေ့စေ့ကြည့်ကာအောက်ကကောင်ကိုလက်ညှိုးထိုးပြလိုက်တော့မျက်နှာလေးကရဲတက်လာသည်။
"ထပ်လုပ်ရမှာလားဟင်"
"ဟာ့ ဒီကောင်..မလုပ်ဘူးမင်းနားလိုက်တော့"
Future bathrobeကိုခါးတွင်ပတ်ကာရေချိုးခန်းထဲဝင်ရန်လှည့်ထွက်လိုက်တော့ bathrobeကိုဆွဲလာသည်။
"ဘာလဲ"
"ချပေးဦး"
"ဘာ!"
"အင့်..ဘာလို့အော်တာလဲ"
"မင်းကဘာစကားပြောတာလဲ"
"ခုံပေါ်ကနေချခိုင်းတာ..ကျွန်တော်မဆင်းရဲဘူး..ခြေထောက်လွတ်နေတယ်"
"ကွကိုယ်ဆင်း"
"ပြုတ်ကျမှာပေါ့"
"ခင်ဗျားအကြောင်း"
ရေချိုးခန်းထဲအမြန်ဝင်ကာရေပန်းကိုဖွင့်ချလိုက်သည်။ထို့နောက်မနေ့ညကအဖြစ်ပျက်များကိုပြန်တွေးကာလက်လေ့ကျင့်ခန်းလုပ်ရသည်။ဘယ်လိုမှမာန်မလျှော့တဲ့ကောင်ကိုနိုင်သည်ကထိုကောင်လေး၏မျက်ရည်။
အချိန်တော်တန်ကြာအောင်လုပ်ပြီးတော့အဖြူရောင်အရည်များကပန်းထွက်လာသည်။Futureလိုကောင်ကိုထန်စေတာထိုကောင်လေးတစ်ယောက်သာရှိသည်။
ရေချိုးခန်းထဲကထွက်လာတော့ထိုကောင်လေးကိုမျက်လုံးကအရင်လိုက်ရှာသည်။သူတင်ထားခဲ့သည့်စားပွဲပေါ်မှာငုတ်တုတ်လေးထိုင်နေသည်မို့Futureကြောင်သွားသည်။သူမဆင်းတတ်ဘူးလား။
"ဟေ့ ခင်ဗျားမဆင်းဘဲဘာလုပ်နေတာလဲကျုပ်ချီတာခံချင်လို့လား"
"ငါမင်းကိုပြောတယ်လေ မဆင်းတတ်ပါဘူးဆို"
"ဟာ့ တစ်ကယ်ပဲ လာလာ"
လက်တစ်ဖက်ဖြင့်ခါးမှထိုင်ကာချီပြီးအောက်ကိုချပေးလိုက်တော့ ယိုင်တိယိုင်တိုင်ဖြင့်မတ်တပ်ရပ်နေသည်။မတ်တပ်ရပ်မှထိုခုံကသူ၏ဂျိုင်း‌အောက်ထိမြင့်မှန်းသိရသည်။Futureနဲ့‌ကြထိုခုံကခါးကျော်ကျော်တွင်ရှိသည်။သေချာကြည့်တော့မှထိုကောင်လေးကFutureနဲ့ယှဉ်ရင်6လက်မလောက်အသာလေးကွာသည်။ဟမ့် အသေးလေး။
"ဟို..."
"....."
"ဗိုက်ဆာတယ်"
အာ..ဟုတ်တယ်။မနေ့ကတည်းကလေးလေးကခေါ်လာပြီးမေ့ဆေးပါအုပ်ထားတာ။ညကလဲသောင်းကျန်းလိုက်သေးတယ်။ဗိုက်ဆာကောပေါ့။Futureအဲ့တစ်ကွက်လိုသွားတယ်။
"မနေ့ကဟာပြန်ဝတ်ထားလိုက် ပြီးရင်တစ်ခုခုသွားစားမယ်"
"ဟုတ်"
ကုတင်ဘေးသို့လစ်လစ်တန်းအောင်ပြေးကာကြမ်းပြင်၌ကျနေသည့်အဝတ်အစားများကိုကောက်ဝတ်သည်။ထို့နောက်ကုတင်ပေါ်တွင်ထိုင်ကာFutureအဝတ်လဲနေသည်ကိုမျက်တောင်မခပ်ဘဲကြည့်နေသည်။
ကြွက်သားများဖြင့်ပြည့်နှက်နေသည့် ခန္ဓာကိုယ်။လက်မောင်းတစ်လုံးဆိုရင်သူ၏ပေါင်တစ်ချောင်းစာလောက်ရှိသည်။လည်ပင်းထိရှည်နေတဲ့ဆံပင်များကိုမဖီးထားဘဲစီးထားသည်မို့ ပွရောင်းရောင်းဖြစ်နေသည်။ရင်အုပ်ကျယ်ကျယ်နောက်နေရာယူထားသည့်ပေါင်မုန့်ခြောက်လုံး။အင်္ကျီကိုယ်ကျပ်ဝတ်ထားသည်ကြောင့်ပေါင်မုန့်ခြောက်လုံးက အင်္ကျီပေါ်၌အရာထင်နေသည်။
Futureသည်တောက်ပနေသော်လည်းထိုကောင်လေးမှာမူ အင်္ကျီပါးပါးလှပ်လှပ်လေးဖြင့်ကြွက်စုတ်ရုပ်ပေါက်နေသည်။ခါးသွယ်သွယ်လေးတွေကနေရောင်မှဖောက်ထွင်းမြင်နေရသည်ကိုသူမကြိုက်။အင်္ကျီလိုက်ဝယ်ပေးဦးမှပါ။
Futureဘာမှမပြောသေးဘဲကားသော့နှင့်ဖုန်းကိုယူကာအခန်းထဲကထွက်လာတော့အနောက်မှကုပ်ကုပ်လေးလိုက်လာသည်။
တစ်ချက်ပြုံးပြီးကားဆီသို့လျှောက်သွားလိုက်သည်။ကားထဲသို့Futureဝင်လိုက်သော်လည်းထိုကောင်လေးကမဝင်ဘဲရပ်နေသည်။
"ဘာလုပ်နေတာလဲဝင်လေ"
"ဝင်လို့ရတာလား"
"ခင်ဗျားကားဘီးဖက်လိုက်မလို့လား"
"မလိုက်ပါဘူး"
ထို့နောက်lover seatတွင်ဝင်ထိုင်လာသည်။ကားဘီးလေးကာတစ်ဖြေးဖြေးချင်းလှိမ့်သွားကာခြံကြီးထဲမှထွက်လာခဲ့သည်။
ကားတစ်စီးမှမရှိဘဲဖြောင့်ဖြူးနေသည့်လမ်းမပေါ်၌Future၏ကားအမဲတစ်စီးသာပြေးနေသည်။
"ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ"
"ပစ္စုပ္ပန်"
ကားပြတင်းပေါက်မှအပြင်ဘက်သို့ငေးနေသည့်ကောင်လေးထံမှအသံချိုချိုလေးကထွက်လာသည်။
"ကျုပ်နာမည်Future"
"ဟင် Future"
"အင်း"
"Futureဆိုတော့အနာဂတ်ပေါ့ ငါကပစ္စုပ္ပန်မင်းကအနာဂတ် ဟီးမိုက်တယ်"
"အဟွန်း"
Futureခပ်ဟဟရီမိသည်။သူ့ကိုရီအောင်လည်းလုပ်နိုင်တာပဲလား။
"ငါက25"
"ဘာ!!"
"25လို့"
"မဖြစ်နိုင်တာ"
"မှတ်ပုံတင်ကြည့်မလား"
မျက်စောင်းထိုးကာနှုတ်ခမ်းဆူပြီးပြောသည်။
"မင်းကကောဟင်အနာဂတ်"
"အနာဂတ်?"
"အင်းလေ Futureဆိုအနာဂတ်ပဲပေါ့"
"ကျုပ်ကိုဘယ်သူ့မှအနာဂတ်လို့မခေါ်ဘူး ခေါ်လည်းမခေါ်ရဲဘူး"
"အဲ့ဆိုငါကကောခေါ်လို့မရဘူးလား..ဟင့်"
ထိုမေးခွန်းအားFutureမှာပြန်ဖြေဖို့အဖြေမရှိသည်မို့စကားလမ်းကြောင်းလွှဲလိုက်သည်။
"ကျုပ်က24"
"အနာဂတ်ကငါ့ထက်ငယ်တာလား"
"ခင်ဗျားထက်အသက်ပဲငယ်တာ ကျန်တာအကုန်ကြီးတယ်"
"....."
"အရင်ဆုံး အင်္ကျီလိုက်ဝယ်ပေးမယ်ပြီးမှတစ်ခုခုစားဖို့သွားမယ်"
"......"
ရှက်နေသည့်ပုံပင်။ဘာမှပြန်မပြောဘဲခေါင်းကိုသာငုံ့ထားသည်။Future အင်္ကျီဝယ်တိုင်းဝယ်နေကြဆိုင်ကိုသာမောင်းခဲ့လိုက်သည်ယထိုဆိုင်၌brandပေါင်းစုံရှိပြီးFutureပိုင်သည့်ဆိုင်လည်းဖြစ်သည်။
ဆိုင်ထဲသို့ရောက်တော့ ပစ္စုပ္ပန်အားကောင်မလေးတစ်ယောက်နှင့်အပ်ပေးလိုက်သည်။
"သူနဲ့လိုက်မဲ့ပုံဆင်ပေးလိုက်"
"ဟုတ်ကဲ့boss"
"ပြီးရင်သူလိုချင်တာယူလာပေးလိုက် ကျတဲ့ပိုက်ဆံကိုငါ့ကဒ်ထဲကယူလိုက်"
နာရီဝက်ကျော်နီးပါးထိFutureထိုင်စောင့်နေရသည်။ဒီခါFutureစိတ်အရှည်နိုင်ဆုံးပင်။လေးလေးကပညာပြဖို့များ ပစ္စုပ္ပန်ကိုခေါ်လာသလားမှတ်ကတယ်။
နောက်တော့ ပစ္စုပ္ပန်ဝတ်လာသည်ကTeeအပွကိုမှဘောင်းဘီတိုဖြင့် သိုးမွှေးဖြင့်ထိုးထားသည့်ဝက်ဝံဦးထုပ်လေးကိုပါစောင်းထားသည်။Teeကပွတာကြောင့်ဘောင်းဘီတိုကိုပါအုပ်နေသည်။ထို့နောက်ကောင်မလေးတစ်‌ယောက်ကအနောက်မှအထုပ်များဆွဲကာFutureရှေ့ရောက်လာသည်။
"ကားထဲထည့်လိုက်"
"ဟုတ်boss"
ထို့နောက် ပစ္စုပ္ပန်ဘက်သို့လှည့်ကာ..
"ဘာဝတ်လာတာလဲ"
"မင်းမကြိုက်ဘူးလားဟင်"
"ကျစ်! ကျုပ်ကြိုက်တယ်..အခုကpublic areaသွားမှာ ခင်ဗျားကိုလူတွေကြည့်ကုန်လိမ့်မယ် အိမ်မှာကကျုပ်ပဲရှိတာခင်ဗျားဘာ့သာဘာမှမဝတ်ဘဲချွတ်ထားလဲ ကိစ္စမရှိဘူး"
"အာ အဲ့ဆိုငါလဲလိုက်မယ်နော်"
"ထားလိုက်တော့ကြာတယ် ကြည့်တဲ့ကောင်တွေကိုရိုက်သတ်လိုက်မယ်"
"အနာဂတ်"
"ဘာလဲ တိတ်တိတ်နေ ကားပေါ်တက်"
ထို့နောက်အစားအစာကောင်းကောင်းရတဲ့ဆိုင်တစ်ခုသို့ဝင်ကာစားချင်တာများမှာစားသည်။Futureကစကားကိုပြောပြီးရင်စိတ်ထဲထားတတ်တာမဟုတ်။သို့သော် ပစ္စုပ္ပန်ကအခုထိတစ်လုံးမှမဟလာဘဲငြိမ်နေသေးသည်။
အပြန်လမ်း၌လည်းနှစ်ယောက်လုံးဘာမှမပြောဖြစ်ကြပါ။အိမ်ရောက်တော့အခန်းထဲ၌..
"အနာဂတ် ငါ့ကိုအိမ်ပြန်ပို့ပေးမှာလား"
"ဘာ!!"
"အင့်.."
"ခင်ဗျား ဘာပြောလိုက်တယ်ကျုပ်ကိုပြန်ပြောစမ်း"
"ငါတစ်ခြားရည်ရွယ်ချက်နဲ့ပြောတာမဟုတ်ပါဘူး ဒီတိုင်း...ဒီတိုင်းမေးကြည့်တာ"
"သိပ်ပြန်ချင်နေတယ်ပေါ့"
"အနာဂတ် ငါပြောတာနားထောင်ပါဦး"
ပစ္စုပ္ပန်၏လက်အားဆွဲကာခြံထဲသို့ထွက်လာသည်။Future၏မျက်နှာကဒေါသများဖြင့်‌ပေါက်ထွက်တော့မည်အတိုင်းပင်။လက်ကိုလည်းအကြမ်းပတမ်းဆွဲထားသည်မို့လက်၌နီညိုပုပ်ရောင်ကထင်ဟပ်နေသည်။
"အနာဂတ် ငါနာတယ်ဟင့်..မင်းအိမ်ကလူတွေကလည်းကြည့်နေတယ် ငါရှက်တယ်.."
"ကြည့်ရဲတဲ့ကောင်မျက်လုံးကိုကျုပ်ဖောက်ထုတ်ပစ်မယ်...ခင်ဗျားပြန်ချင်တယ်ဆို ကျုပ်လိုက်ပို့မလို့လေ"
"ဟင့်အင်း..ငါမပြန်ချင်ဘူး"
"......"
"ငါ့ကိုအခန်းထဲပြန်ပို့ပေးပါအနာဂတ်..နော်"
"ပြီးရော‌လေ..ကျုပ်နဲ့ခင်ဗျားနဲ့အခန်းထဲရောက်မှရှင်းမယ်"
ပစ္စုပ္ပန်အားပုခုံးပေါ်ထမ်းထားသလိုချီလိုက်သည်။ထို့နောက်အခန်းထဲသို့ပြန်ဝင်သွားပြန်သည်။ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ဆရာသမားနှစ်ယောက်ကိုအိမ်အကူမလေးတွေကြည့်ရင်းအားကျလာသည်။
"ဟဲ့ သခင်လေးကနော် ‌တစ်ခါမှဒီလိုသူစိမ်းခေါ်မလာဖူးဘူး"
"အေးဟယ် အခန်းထဲပါခေါ်တာ မနေ့ကတည်းကဟဲ့"
"ဘာတွေလည်းမသိဘူးဟယ် ကောင်လေးကလဲနုနုထွတ်ထွတ်လေး ရှလိုက်တာဟယ်"
"ခ်ခ်ခ်"
ဝုန်း!
ချီထားရာမှကုတင်ပေါ်သို့ပစ်ချလာသည်။တစ်ကယ်ဆိုရင်တစ်ကိုယ်လုံးကိုပစ်ပေါက်ပလိုက်ချင်တာ။ချီရတော့လည်းဖော့တုံးချီရသလိုပေါ့နေရောပဲ။ထိုသို့သေးသေးသွယ်သွယ်ဖြစ်နေတာကFutureကိုစိတ်ရှုပ်စေသည်။
"အင့်.."
Futureကကုတင်ပေါ်သို့တက်လာကာအုပ်မိုးလာသည်။ပစ္စုပ္ပန်၏ ခန္ဓာကိုယ်ကFutureအောက်တွင်မြုပ်နေသည်။ထို့နောက်ရဲနေသည့်နှုတ်ခမ်းလေးထံသို့ဖိကပ်လာပြီးမွတ်သိပ်အောင်နမ်းသည်။Future၏အနမ်းကြမ်းတွေကြား ပစ္စုပွန်လှုးလိမ့်နေရသည်။
"အင့်..ဟင့်..လွှတ် အနာဂတ်လွှတ်ပါဦး"
ဘုန်း!ဘုန်း!
ပစ္စုပ္ပန်ဘယ်လောက်ရိုက်ရိုက် နာသည့်ဟန်မရှိသည့်လူကသူ့ကိုသာမလွှတ်ပေးဘဲနမ်းသည်။
ပစ္စုပ္ပန်အသက်ရှုရကြပ်လာပြီးသေသွားသည့်မိဘနှစ်ပါးကိုတောင်မြင်ရလာသလိုပင်။မျက်ရည်များကဝေ့သီနေပြီးမျက်ခမ်းစပ်တွင်တင်နေသည်။Future၏ရင်ဘတ်နှင့်ပုခုံးသို့ရိုက်နေသည့်လက်များကရပ်တန့်သွားမှFutureလည်းအသိစိတ်ပြန်ဝင်လာသည်။ထိုမှခွာပေးလိုက်တော့မျက်ရည်များကအတားအဆီးမရှိပြိုကျလာသည်။
Futureမြင်နေရသည့်မြင်ကွင်းကအလွန်ထန်ချင်စရာကောင်းသည်။ဖရိုဖရဲဖြစ်နေသည့် အင်္ကျီ။မျက်နှာနီနီနှုတ်ခမ်းဖူးဖူးနှင့် ငိုနေသည့်ကောင်လေး။
"ဆိုးလို့ဆုံးမတာ..အဟွန်း"
"အ...အနာဂတ်"
အက်ကွဲကွဲအသံဖြင့်ခေါ်လာသည်ကရင်နာစရာကောင်းသည်။
"ငါအသက်ရှုရကျပ်နေတုန်းပဲ"
"ဖြေးဖြေးချင်းရှု..ထ...ကျုပ်ကိုမှီထား"
ပစ္စုပ္ပန်ကိုထူကာသူ့ကိုမှီစေပြီးမေးကိုပုခုံးကိုတင်စေသည်။ထို့နောက်ကျောကုန်းထံသို့လက်ဖဝါးကြီးကြီးကရောက်လာပြီးဖြေးဖြေးချင်းပွတ်ပေးသည်။
ပစ္စုပ္ပန်၏အသက်ရှုခံခပ်ပြင်းပြင်းကိုကြားနေရသည်။ကြားနေရသည်ကမရပ်မချင်းFuture၏လက်ဖဝါးကလည်းကျောကုန်းမှခွာမသွား။ငြိမ်သွားပြီဆိုမှပွတ်ပေးနေသည်ကိုရပ်လိုက်သည်။
"အဆင်ပြေပြီလား"
"အင်း...အနာဂတ်နောက်ခါငါ့ကိုအဲ့လိုမလုပ်ပါနဲ့ငါကြောက်တယ်"
"ခင်ဗျားအိမ်ပြန်မယ်ဆိုရင်တော့လုပ်ကမှာပဲ"
"ငါမပြန်တော့ဘူး..တစ်ကယ်မပြန်တော့ဘူးကြိမ်ပါတယ်"
မှီနေရာမှခွာကာFutureနှင့်မျက်နှာချင်းဆိုင်ကာပြောသည်။
"ကျုပ်ကိုခင်ဗျားအကြောင်းပြောပြ"
"အင်း..ငါ့မှာဦးလေးတစ်ယောက်ပဲရှိတယ်မိဘတွေကဆုံးသွားပြီ ဦးလေးကငါနဲ့အတူမနေဘူး..သူပိုက်ဆံလိုတဲ့အခါကြငါ့ဆီလာတောင်းတယ် မရရင်ငါ့ကိုရိုက်တယ်..အင့်"
"ဘာ!အဲ့ခွေးသတောင်းစားကိုခင်ဗျားဘာမှမလုပ်ဘူးလား"
"ငါမလုပ်နိုင်ဘူးငါ့မှာအရင်းအချာဆိုလို့သူပဲရှိတော့တာ"
"ကျုပ်ရှိတယ်!!"
"ဟင်"
"ခင်ဗျားဘေးမှာကျုပ်ရှိမယ် ခင်ဗျားသာကျုပ်ဆီကထွက်မသွားနဲ့"
"ဟင့်အင်း ငါမထွက်သွားဘူးနော်အနာဂတ်"
"အင်းရပြီ"
ပြွတ်!
ငိုထား၍ရဲနေသည့်မျက်ခမ်းလေးအားFutureနှုတ်ခမ်းဖြင့်ဖိကပ်နမ်းလိုက်သည်။
ထို့နောက်ရင်ခွင်ထဲထည့်၍တင်းကျပ်နေအောင်ဖက်ထားလိုက်မိသည်။ထင်ထားတာထက်ပိုရှုပ်ထွေးနေသည့် ပစ္စုပ္ပန်၏အတိတ်ကိုသူစုံစမ်းရမည်။ထိုဦးလေးကိုလည်းအပြတ်ရှင်းရင်ရှင်းရမည်။
'ခင်ဗျားကိုကျုပ်ကာကွယ်ပေးမယ်ပန်'
<><><><>
5.11.23
T.B.C...
Zawgyi
"အင့်..ဟင့်"
"ဘာလို့ငိုနေတာလဲ"
"နာတယ်..အူးဝါးးးး"
"ဘယ်နေရာနာလို့လဲ"
"ထပ်လုပ်ရမှာလားဟင်"
"ဘာလဲ"
"ချပေးဦး"
"ဘာ!"
"အင့်..ဘာလို့အော်တာလဲ"
"မင်းကဘာစကားပြောတာလဲ"
"ကွကိုယ်ဆင်း"
"ပြုတ်ကျမှာပေါ့"
"ခင်ဗျားအကြောင်း"
"ဟာ့ တစ်ကယ်ပဲ လာလာ"
"ဟို..."
"....."
"ဗိုက်ဆာတယ်"
"ဟုတ်"
"ဘာလုပ်နေတာလဲဝင်လေ"
"ဝင်လို့ရတာလား"
"မလိုက်ပါဘူး"
"ပစ္စုပ္ပန်"
"ကျုပ်နာမည်Future"
"ဟင် Future"
"အင်း"
"အဟွန်း"
"ငါက25"
"ဘာ!!"
"25လို့"
"မဖြစ်နိုင်တာ"
"မှတ်ပုံတင်ကြည့်မလား"
"မင်းကကောဟင်အနာဂတ်"
"အနာဂတ်?"
"ကျုပ်က24"
"....."
"......"
"ဟုတ်ကဲ့boss"
"ကားထဲထည့်လိုက်"
"ဟုတ်boss"
"ဘာဝတ်လာတာလဲ"
"အနာဂတ်"
"ဘာ!!"
"အင့်.."
"......"
"ခ်ခ်ခ်"
ဝုန်း!
"အင့်.."
ဘုန်း!ဘုန်း!
"အ...အနာဂတ်"
"အဆင်ပြေပြီလား"
"ကျုပ်ရှိတယ်!!"
"ဟင်"
"အင်းရပြီ"
ပြွတ်!
<><><><>
5.11.23
T.B.C
Comment