Part-92(Blind Date ခဏခဏသွားသော အစ်ကိုကြီး)

(Zawgyi)🍀🍀🍀🍀

(Blind Date ခဏခဏသြားေသာ အစ္ကိုႀကီး)

Part-92
(ကိုယ္...ခ်စ္ေသာ clover..!!..)

သားအဖသံုးေယာက္အတြက္တိတ္ဆိတ္တ့ဲေနရာ
ေလးျဖစ္ရန္ သီးသန္႔ခန္းတစ္ခုဘိုတင္တင္ထား
သည္။ အရင္လိုေႏြးေထြးေသာအဖဆက္ဆံေရး
ျပန္ျဖစ္ေစရန္ သစ္မိုးအိမ္က ရည္ရြယ္သည္။

ႏွစ္ေယာက္သား Hotpot city ထဲဝင္လာသည္
ႏွင့္သီးသန္႔ခန္းသို႔သာတိုက္႐ိုက္ဦးတည္လိုက္ၾက
သည္။ အခုအခ်ိန္ေလာက္ဆို ဦးထက္ေနာင္က
​ေတာ့ႀကိဳတင္ကာေရာက္ေနေလာက္ၿပီျဖစ္သည္။

အခန္းနံပါတ္(A02) သို႔ေရာက္ေသာအခါ
ႏွစ္ေယာက္သားအခန္းထဲဝင္လာလိုက္သည္။
အခန္းသို႔ေရာက္သည္ႏွင့္ သစ္မိုးအိမ္၏ႏႈတ္ခမ္း
မ်ားသည္ မ်ဥ္းေျဖာင့္အတိုင္းျဖစ္သြားရကာအေစာ
ကလွပစြာေကာ့တက္ခ့ဲေသာႏႈတ္ခမ္းအစံုႏွင့္ၾကည္
လင္ေနေသာ မ်က္ႏွာေခ်ာေခ်ာ၏မူအရာသည္
ေပ်ာက္ကြယ္သြားေတာ့သည္။

အခန္းထဲတြင္ဦးထက္ေနာင္တစ္ေယာက္ထဲေတာ့
မဟုတ္ေပ။ ဆံပင္ေခြလိမ္လိမ္ေလးမ်ားကိုခပ္ေျမႇာက္
​ေျမႇာက္ေလးထံုးထားကာ က်ိဳးေၾကလြယ္ေသာလည္
တိုင္ကိုထုတ္ေဖာ္ျပသေနေသာ အမ်ိဳးသမီးေလးတစ္ဦး
ပါ႐ွိေန၏။ သူမကဦးထက္ေနာင္ႏွင့္စကားလက္ဆံုၾက
​ေနျခင္းျဖစ္ၿပီးျပံဳးေယာင္သန္းေနေသာ ႏႈတ္ခမ္းဖူးဖူး
​ေလးႏွင့္သူမကခ်ိဳၿမိန္ကာလူမႈဆံဆက္ေရးေကာင္းပံု
ရသည္။

သူတို႔ႏွစ္ဦးအခန္းထဲဝင္လာေသာအခါ ဦးထက္ေနာင္
ႏွင့္သူမကစကားေျပာေနျခင္းကိုရပ္ကာၾကည့္လာသည္။
သူမ၏လွပစြာျခယ္သထားေသာ မ်က္ဝန္းအိမ္မ်ားက
အခန္းထဲဝင္လာေသာသစ္မိုးအိမ္ႏွင့္ရြက္စိမ္းကိုဝင့္ကာ
ၾကည့္လာသည္။

သစ္မိုးအိမ္၏မ်က္ႏွာတြင္အရိပ္ေယာင္တစ္ခ်ိဳ႕ျဖတ္
​ေျပးသြားသည္။ ဒီအေတာအတြင္း ဦးထက္ေနာင္က
သစ္မိုးအိမ္ကို ရြက္စိမ္းအနားမွဖယ္ထုတ္ရန္မ်ိဳးစံုႀကိဳး
စားတတ္ၿပီး သစ္မိုးအိမ္အတြက္ Blind date မ်ား
စြာလည္းစီစဥ္ေပးသည္။

သစ္မိုးအိမ္က မသြားဘဲတင္းခံေနေသာအခါ သူ၏
အတြင္းေရးမွဴးမိုးေဝကိုလႊတ္ကာ "သားငယ္ေလး
သည္ပင္ အရြယ္ေရာက္လာၿပီျဖစ္ေၾကာင္း" ေျပာခိုင္း
ခ့ဲသည္။ သစ္မိုးအိမ္ Blind Date မသြားပါက..
သြားရမည့္သူမွာ ရြက္စိမ္းျဖစ္သြားမည္ဟု တိုက္႐ိုက္
သတိေပးလာျခင္းပင္။

ထိုေန႔မွစ၍ သစ္မိုးအိမ္ နာခံစြာပင္ စီစဥ္ေပးသမ်ွ Blind Date မ်ားသို႔သြားၿပီး လွပလြန္းေသာအမ်ိဳး
သမီးမ်ားႏွင့္အခ်ိန္ေပးကာ ေတြ႔ဆံုသည္။ အနည္းငယ္
ေသာ စိတ္မ႐ွည္ျခင္းႏွင့္ ျငင္းဆန္လိုျခင္းမ်ားပင္မ႐ွိ
ေပ။ ဦးထက္ေနာင္တစ္ေယာက္က စိတ္ေအးသြား
ရသည္။

သို႔ေသာ္...
ေနာက္တစ္ေန႔မနက္တြင္ေတာ့ အမ်ိဳးေကာင္း
သမီးေလးမ်ားသည္ ႀကီးျမတ္လြန္းေသာသခင္ေလး
သည္သူမတို႔ႏွင့္မလိုက္ဖက္ပါေၾကာင္း ဦးထက္ေနာင္
ကိုအေၾကာင္းၾကားလာၾက၏။

အႀကိမ္ေရမ်ားလာေသာအခါ ဦးထက္ေနာင္မွာ...
အကူအညီမ့ဲသလိုခံစားလာရေသာ္လည္း လက္မေလ်ာ့
ခ်င္ေသာေၾကာင့္ ထပ္တိုးကာစီစဥ္ေပးမိသည္။ သို႔
​ေသာ္လည္း အႀကိမ္တိုင္းတြင္တူညီေသာအေၾကာင္း
ၾကားမႈသာေရာက္လာျမဲပင္။ ဦးထက္ေနာင္က သူ၏
သားႀကီးက တစ္ဖက္အမ်ိဳးသမီးေလးမ်ားကိုၿခိမ္းေျခာက္ ေလသလားဟုသံသယဝင္ခ့ဲၿပီး လူငွါးကာေစာင့္
ၾကည့္ေစခ့ဲသည္။

သားႀကီးက အေကာင္းဆံုးအစားအစာမ်ားကိုသာ
မွာေပးကာ အျပန္ခ်ိန္တြင္လည္းကားတံခါးကိုကိုယ္တိုင္ ဖြင့္ေပးသည္အထိ ေကာင္းမြန္စြာဆက္ဆံသည္။ ဘာလို႔မ်ားသူမေလးတို႔က သားႀကီးကိုျငင္းဆန္သြား
ၾကသည္လဲ မေျပာတတ္ေတာ့ေပ။

သူမတို႔ေျပာသလိုပင္ သူ၏သားႀကီးကေတာက္ပလြန္း
ေနေသာေၾကာင့္ သူမတို႔ကိုမသက္မသာခံစားေစမိ၍
လားမသိေတာ့ေပ။ ဦးထက္ေနာင္ ညင္သာေသာအျပံဳး
ျဖင့္ သူ႔မိတ္ေဆြမ်ားထဲမွ ေနာက္ဆံုးတစ္ေယာက္၏
သမီးကို ျပံဳးျပေနေသာသားႀကီးသစ္မိုးအိမ္ကိုၾကည့္
ကာစိတ္ထဲမသက္မသာျဖစ္မိသည္။

အခန္းထဲတြင္ေတာ့ ေလးေထာင့္ပံုစားပြဲေလးႏွင့္
ႏူးည့ံေသာအဝိုင္းပံုအခင္းအက်င္းေလးမ်ား႐ွိသည္။
သစ္မိုးအိမ္ ႏွင့္ရြက္စိမ္းကေနရာယူလိုက္ၾကျပီး
သစ္မိုးအိမ္၏ ေျဖာင့္မတ္စြာထိုင္ေနပံုေၾကာင့္႐ွည္လ်ား ​ေသာခါးမ်ားႏွင့္ ၾကည့္ေကာင္းေသာနတ္ဘုရားကိုယ္
ထည္ကေပၚလြင္ေနေသည္။ ပိရိေသသပ္ေသာႏႈတ္
ခမ္းမ်ားျဖင့္ သစ္မိုးအိမ္က စမတ္က်ေသာအမ်ိဳးသားျဖစ္သည္။

ဦးထက္ေနာင္ကသူမႏွင့္သူတို႔ကိုမိတ္ဆက္ေပးလာ
လိုက္ေသာအခါ သစ္မိုးအိမ္က ယဥ္ေက်းစြာသာတုန္႔
ျပန္သည္။

"ေတြ႔ရတာဝမ္းသာပါတယ္"

ႏႈတ္ဆက္စကားက တိုေတာင္းကာ အသံမ်ာတည္ၿငိမ္
ေန၏။ ႏႈတ္ခမ္းေပၚက ညင္သာေသာအျပံဳးကေတာ့
ႏူးည့ံလြန္းသည္။

ဦးထက္ေနာင္က သူမကသူ႔မိတ္ေဆြမ်ားထဲမွ
တစ္ေယာက္၏သမီးျဖစ္ၿပီး သူမ H ႏိုင္ငံတြင္
ဘြ႔ဲလြန္တက္ေနျခင္းျဖစ္ေၾကာင္း အခုၿမိဳ႕ေတာ္ျပန္
လာခ်ိန္ႏွင့္တိုက္ဆိုင္ေသာ​ေၾကာင့္ သူမကိုပါဖိတ္​ေခၚ
လိုက္ျခင္းျဖစ္သည္ဟုမိတ္ဆက္ေပးလိုက္သည္။

သစ္မိုးအိမ္ကရယ္သည္။ သိသာေနေသာရည္ရြယ္ခ်က္
ကို သစ္မိုးအိမ္သတိမထားမိဘဲမေန။ သို႔ေသာ္သစ္မိုးအိမ္ ဂ႐ုမစိုက္ေပ။ သစ္မိုးအိမ္ခ်စ္ေသာသူက ရြက္စိမ္း
တစ္ေယာက္သာ႐ွိၿပီးမည္သူကမွသူ႔မ်က္လံုးထဲဝင္ႏိုင္
မည္မဟုတ္ေပ။ သစ္မိုးအိမ္ဆိုေသာသူ႔ကို သစ္ရြက္စိမ္း ဆိုေသာေကာင္ေလးကပိုင္ဆိုင္သည္သာ..။

ဦးထက္ေနာင္က စကားေၾကာင္းသည္။

" အန္ကယ့္သားႀကီး သစ္မိုးအိမ္က ကုမၸဏီမွာ
ဒုဥကၠဌတာဝန္ယူထားတာ။ အမွန္တုိုင္း ေျပာရရင္
ဥကၠဌဆိုပိုမွန္မယ္။ သားႀကီးကဘဲအကုန္ အကုန္စီမံ
​ေနတာေလ။ သားႀကီးကအန္ကယ့္အတြက္ ဂုဏ္ယူရဆံုးသားဘဲ။ သားႀကီးလက္တြဲေဖာ္ျဖစ္တ့ဲသူက တစ္
ကယ္ကိုကံေကာင္းမွာ ေသခ်ာတယ္ အဟား.."

ဦးထက္ေနာင္က ရြက္စိမ္း၏ေခါင္းေလးကိုပြတ္သပ္
လိုက္ရင္းဆက္ေျပာသည္။

"သားငယ္ေလးကေတာ့ အန္ကယ္တို႔အိမ္ရ႕ဲရာထူး
အႀကီးဆံုးေလး။ သူကမၾကာခင္ တကၠသိုလ္ေက်ာင္းသားႀကီးျဖစ္ေတာ့မွာ.."

ဦးထက္ေနာင္ စကားဆံုးေတာ့သူမကျပံဳးျပလာသည္။
သူမကတည္ၿငိမ္ေသာပံုစံ႐ွိသည္။

"ေတြ႔ရတာဝမ္းသာပါတယ္ေနာ္ ကိုသစ္မိုးအိမ္ေရာ
ေမာင္ေလးသစ္ရြက္စိမ္းေရာ.. သြန္းလို႔ေခၚလို႔ရပါ
တယ္"

မိတ္ဆက္ၿပီးသည္ႏွင့္ သစ္မိုးအိမ္က ရြက္စိမ္းဆီကို
သာအာရံုတစ္ခုလံုးပို႔လိုက္သည္။ သို႔ေသာ္ဦးထက္ေနာင္ က စကားဝိုင္းကိုမၾကာခဏအစပ်ိဳးတတ္ၿပီး သစ္မိုးအိမ္က မျဖစ္မေနအေျခအေနမွလြဲ၍ တိတ္တဆိတ္
သာေနသည္။ ႏႈတ္ခမ္းမ်ားကေတာ့ တစ္ခ်ိန္လံုးအျပံဳး
တစ္ခု႐ွိသည္။

အခန္းထဲ႐ွိသူမ်ားထဲတြင္ ရြက္စိမ္းတစ္ေယာက္သာ
ဆူပြက္လာေတာ့မည့္ ဟင္းရည္ႏွင့္ခပ္ပါးပါးလွီးထား
ေသာအသား..စိမ္းေနေသာအရြက္မ်ားကို မ်က္လံုး
ၾကည္ေတာက္ေတာက္ေလးမ်ားျဖင့္ၾကည့္ေနသည္။

ပါး႐ွပ္႐ွပ္အသားလႊာမ်ားက ဆူပြက္ေနေသာဟင္းရည္
ထဲ တစ္ခ်က္ႏွစ္လိုက္သည္ႏွင့္က်က္သြားမည့္ဟန္႐ွိ
သည္။ မီးမ်င္းမ်င္းျဖင့္ဟင္းရည္အိုးက အခ်ိဳတစ္ကန္႔
အစပ္တစ္ကန္႔ျဖစ္သည္။ ရြက္စိမ္းက သူ႔အတြက္ခ်
ေပးထားေသာ ပန္းကန္လံုးအျဖဴေလးႏွင့္တူေလးကို
ကိုင္ကာ တက္ႂကြေနသည္။ သစ္မိုးအိမ္ ရြက္စိမ္း၏
ေခါင္းေလးကို ပြတ္သပ္လိုက္သည္။

"ဟင္းရည္ အဆင္သင့္ျဖစ္ၿပီ စားလို႔ရၿပီ clover"

"အြန္းအြန္း"

ေခါင္းၿငိမ့္ျပတ့ဲရြက္စိမ္းက မ်က္လံုးေလးေတြမွိတ္က်
ေအာင္ျပံဳးသည္။ ဒါကသစ္မိုးအိမ္ကို သေဘာက်ေစ
သည္။ ရြက္စိမ္းစားခ်င္တာမွန္သမ်ွကိုအဆင္သင့္ျပင္
ေပးရင္း အစြမ္းကုန္အလိုလိုက္ေနေတာ့သည္။

ဦးထက္ေနာင္မွာေတာ့ သားႏွစ္ေယာက္ကိုၾကည့္ရင္း
သက္ျပင္းေမာမ်ားခိုးခ်ကာ သူငယ္ခ်င္းျဖစ္သူ၏သမီး
ကို အေနရမခက္ေအာင္စကားေျပာေပးေနရသည္။
ေတာ္ေသးသည္က သူကတူတူစားရန္ဖိတ္ထားယံု
သာျဖစ္ၿပီး ဘာစကားမွမလြန္ထားမိသည္ကိုပင္။
မဟုတ္ပါက သူတစ္ကယ္ကိုမ်က္ႏွာပ်က္ရမည္ပင္။

သီးသန္႔ခန္းေလးထဲတြင္ေတာ့ စားပြဲဝိုင္းေလးတစ္ျခမ္း
တြင္သာ ကြက္ကာေႏြးေထြးေသာရာသီဥတုေလးျဖစ္
ေနသည္။ စားေသာက္ၿပီးစီးသြားေသာအခါ သူမက
အရင္ျပန္သြားသည္။

သူတို႔သားအဖလည္းအိမ္သို႔ျပန္ရန္လုပ္လိုက္သည္။
ဦးထက္ေနာင္က အလာတြင္မိုးေဝကိုလိုက္ပို႔ခိုင္းျခင္း
ျဖစ္ေသာေၾကာင့္ ကားယူမလာေပ။ ထို႔ေၾကာင့္ သစ္မိုးအိမ္၏ ကားႏွင့္သာ တူတူျပန္လာလိုက္၏။

သားဖသံုးေယာက္လိုက္ပါလာေသာ ကားေလးထဲတြင္
ဗိုက္ဝသြားေသာရြက္စိမ္းက အိပ္ငိုက္ေနၿပီး က်န္ႏွစ္
ေယာက္က တိတ္ဆိတ္ေနသည္။ ဦးထက္ေနာင္ စကားစရန္လုပ္လိုက္သည္။

"သမီးသြန္းကို ဘယ္လိုျမင္လဲသားႀကီး"

သစ္မိုးအိမ္က ကားေမာင္းေနရင္းမွ ကားေနာက္ခန္း
တြင္႐ွိေနေသာ ဦးထက္ေနာင္ကိုၾကည့္လာသည္။သူ
က ဦးထက္ေနာင္၏ ေပါင္ေပၚတြင္ေခါင္းေလးအံုးကာ
အိပ္ေနေသာ ရြက္စိမ္းကိုပါတစ္ခ်က္ၾကည့္သည္။

သစ္မိုးအိမ္၏မ်က္ဝန္းမ်ားက တည္ၿငိမ္ေနသည္။

"ကြ်န္ေတာ္ ဘယ္လို​ေျဖမလဲဆိုတာ သိၿပီးသားဘဲ
မလား Daddy..လက္ေလ်ာ့လိုက္ပါေတာ့.."

သစ္မိုးအိမ္ ေျပာလိုက္ေတာ့ ဦးထက္ေနာင္က
သက္ျပင္းခ်ကာမ်က္ႏွာတစ္ဖက္လႊဲသြားသည္။

"ေဘာလံုးေလးက မၾကာခင္ ၁၈ႏွစ္ျပည့္ေတာ့မယ္။
သူသေဘာက်တ့ဲေကာင္မေလးေတြ႔လာႏိုင္တယ္..။
ေဘာလံုးေလးက ငယ္ေသးတယ္ ခ်စ္တာႀကိဳက္တာ
ကို သူကြဲကြဲျပားျပားမသိေသးဘူး။ သူက သားႀကီးကို
အစ္ကိုတစ္ေယာက္လိုတြယ္တာလြန္းေနတာလဲျဖစ္ႏိုင္
တယ္.. ငယ္ရြယ္စဥ္မွာ ခံစားခ်က္အမွားေၾကာင့္..
ေနာင္တရစရာေတြျဖစ္လာမွာ daddy မလိုခ်င္ဘူး"

ဦးထက္ေနာင္က ဆက္ေျပာသည္။

"သားႀကီးေရာ ေဘာလံုးေလးကိုေရာ ထိခိုက္ခံစား
ရတာမ်ိဳး မလိုခ်င္ဘူး"

သစ္မိုးအိမ္၏ ကားစီရင္ယာတိုင္ကို ကိုင္ထားေသာ
လက္မ်ားတင္းၾကပ္သြားရသည္။ သူေသခ်ာေပါက္
သိသည္။ အႀကိမ္ေပါင္းမ်ားစြာလည္းေတြးဖူးသည္။
ဒါေပမယ့္သူက ေကာင္ေလးကိုယံုသည္။ သူတိတ္
ဆိတ္ေနေသာအခါ ဦးထက္ေနာင္ကသက္ျပင္းခ်
သည္။

"Daddy ေမးမယ္။ လက္မေလ်ာ့တာေသခ်ာ
ၿပီလား။ ဒီလမ္းကေခ်ာေမြ႔ေနမွာမဟုတ္ဘူး။ အေျပာ
အဆို အထိအခိုက္ေတြလဲ႐ွိႏိုင္တယ္။ ပင္ပန္းလြန္း
လို႔ လက္ေလ်ာ့လိုက္ခ်င္တာမ်ိဳးလဲျဖစ္ႏိုင္တယ္..။
ၿပီးေတာ့ ေဘာလံုးေလးက သားႀကီးအတြက္ျပည့္စံု
တ့ဲမိသားစုေလး ဖန္တီးေပးႏိုင္မွာမဟုတ္ဘူး။ အင္း
..႐ွင္း႐ွင္းေျပာရရင္ သားႀကီးအတြက္ကေလးေလး
ေတြ ေပးႏိုင္မွာမဟုတ္ဘူး.."

ဒီလိုေျပာရတာ ဦးထက္ေနာင္အတြက္လဲ မ်က္ႏွာပူ
ရသည္။ ဦးထက္ေနာင္က သူ႔လက္ဖဝါးႀကီးထဲတြင္
​ေသးငယ္ေသာ ရြက္စိမ္း၏လက္ကေလးကိုဖြဖြဆုပ္
ကိုင္ထား
သည္။ သူမေန႔ညက သူငယ္ခ်င္းျဖစ္ေသာျမင့္ေမာင္
ႏွင့္စကားေျပာျဖစ္သည္။ ျမင့္ေမာင္က မ်ိဳးတူအမ်ိဳး
သားတစ္ဦးႏွင့္လက္တြဲေနေသာသူျဖစ္ေသာေၾကာင့္
သူတီးေခါက္ၾကည့္ရန္ ဆက္သြယ္ခ့ဲျခင္းဆိုပိုမွန္မည္။

သူရင္ဖြင့္စကားမ်ားကို နားေထာင္ၿပီးေသာအခါ
"တြဲလက္ခိုင္ျမဲဖို႔လဲ လိုတာေပါ့" ဆိုေသာစကား
ကိုသာေျပာခ့ဲသည္။

အမ်ိဳးသမီးႏွင့္အမ်ိဳးသားၾကားခ်စ္ျခင္းျဖစ္ေစ..
မ်ိဳးတူလူသားမ်ားအၾကားခ်စ္ျခင္းျဖစ္ေစ။ အေရးႀကီး
သည္က တြဲလက္ခိုင္ျမဲဖို႔သာျဖစ္သည္။ အမ်ိဳးစံုေသာ
႐ိုက္ခတ္မႈမ်ား႐ွိလာႏိုင္သည္။ မ်ိဳးတူလူသားမ်ားၾကား
ခ်စ္ျခင္းသည္ေတာ့ လူအမ်ားသတ္မွတ္ထားပါေသာ သဘာဝကိုလြန္ဆန္သည္ဟူေသာအေၾကာင္းျပခ်က္
ျဖင့္ ရိုက္ခတ္မႈ ပိုမိုၾကမ္းတမ္းႏိုင္သည္။ အဆံုးသတ္
တြင္​ေတာ့ ခိုင္ျမဲ​ေသာတြဲလက္မ်ားသည္သာ အႏိုင္ရ
သည္ပင္။

ဦးထက္ေနာင္ တစ္ညလံုးအေတြးမ်ားနက္ေနခ့ဲၿပီး
စိုးရိမ္ပူပန္မႈလည္းျဖစ္ရသည္။ ကေလးႏွစ္ေယာက္
ရ့ဲတြဲလက္ကေရာ ခိုင္ျမဲပါ့မလား..။

"ဘယ္လိုအေျခအေနဘဲ႐ွိ႐ွိ လူတိုင္းရ႕ဲအၾကည့္ေတြ
ေအာက္မွာ ဒီလက္ေသးေသးေလးကိုေနာင္တမ႐ွိဘဲ
ကိုင္ႏိုင္ဖို႔ ယံုၾကည္ခ်က္႐ွိလား။ ဒါေၾကာင့္ Daddy ထပ္ေမးမယ္ သားႀကီးရ႕ဲ ခံစားခ်က္ေတြက ေသခ်ာ
ၿပီလား"

ကားေလးအတြင္း႐ွိ အမ်ိဳးသားႏွစ္ဦးလံုး၏အမူအရာ
မွာေလးနက္ေနသည္။ သစ္မိုးအိမ္က ျပံဳးသည္။ ကား
မွန္မွတစ္ဆင့္ဦးထက္ေနာင္ကိုၾကည့္ျပီးေျပာလာသည္။

"ဒီလမ္းကမေခ်ာေမြ႔ႏိုင္တာကို ကြ်န္ေတာ္သိပါတယ္။ ကြၽန္ေတာ့္အတြက္ ကေလးေလးေတြ႐ွိမလာႏိုင္ေတာ့တာလဲသိတယ္။ ကြၽန္ေတာ္ ဒီလမ္းကိုစတင္ကတည္း
က စြန္႔လႊတ္ရမွာေတြန႔ဲကာကြယ္ခ်င္တာေတြကို ကြဲကြဲ
ျပားျပားသိပါတယ္ Daddy.. ကြၽန္ေတာ္အႀကိမ္ႀကိမ္
ဆန္းစစ္ၿပီးၿပီ အေျဖကေတာ့ ကြၽန္ေတာ္လက္ေသးေသးေလးကိုဘဲ ဆုပ္ကိုင္ထားခ်င္တယ္.."

"ကြၽန္ေတာ္ ဘယ္ေတာ့မွ ေနာင္တဆိုတာ႐ွိလာမွာ
မဟုတ္သလို..ဘယ္လို အေျခအေနဘဲျဖစ္ျဖစ္လက္
​ေသးေသးေလးကို လႊတ္မွာမဟုတ္ဘူး"

သစ္မိုးအိမ္ ခိုင္မာစြာဆိုလိုက္သည္။ သူကတစ္ႀကိမ္
ေနာင္တရားမ်ားကို ရင္ဝယ္ပိုက္ၿပီးသူျဖစ္ၿပီး ေကာင္
ေလးအတြက္သာ ႐ွင္သန္ေနသူျဖစ္ေသာေၾကာင့္..
ဘယ္လိုအေျခအေနကမွ သူ႔ကိုယိမ္းယိုင္သြားေအာင္
လုပ္ႏိုင္မည္မဟုတ္ေပ။

"Daddy သိၿပီ.."

ဦးထက္ေနာင္က ထိုစကားတစ္ခြန္းသာဆိုၿပီးတိတ္
ဆိတ္သြားသည္။ ဦးထက္ေနာင္ ၿငိမ္ၿငိမ္ေလးအိပ္ေန
ေသာ ရြက္စိမ္းကိုငံု႔ၾကည့္ကာဖြဖြျပံဳးလိုက္သည္။

"ေကာင္စုတ္ေလး သူဘဲေကာင္းတယ္"

ဦးထက္ေနာင္ ကားေမာင္းေနေသာ သားႀကီးကို
တစ္ခ်က္ၾကည့္ကာ ေမးလိုက္သည္။

"Daddy တစ္ခုသိခ်င္တာ႐ွိတယ္။ ဘာလို႔ Blind
Date လုပ္ၿပီးတာန႔ဲ ေကာင္မေလးေတြအကုန္လံုးက
သားႀကီးကို ျငင္းသြားၾကတာလဲ.."

သစ္မိုးအိမ္က မ်က္ေမွာင္ၾကဳတ္ကာေမးလာေသာ
ဦးထက္ေနာင္စကားေၾကာင့္ရယ္သည္။ သူကမ်က္
ခံုးတစ္ဖက္ကိုအနည္းငယ္ပင့္ကာ မ႐ိုးေျဖာင့္ေသာ
အျပံဳးတစ္ခုကိုျပံဳးသည္။ ၿပီးမွျပန္ေျဖလာသည္။

"ကြၽန္ေတာ္သူတို႔ကို ေကာင္းေကာင္းဆက္ဆံပါတယ္။တစ္ကယ္ကို ဘာလို႔မွန္းမသိေတာ့ပါဘူး"

ဦးထက္ေနာင္က ေခါင္းၿငိမ့္သည္။ သားႀကီး၏ေကာင္း
ေကာင္းဆက္ဆံေပးမႈေၾကာင့္ တစ္ဖက္မိန္းကေလးမ်ား
မွာေနရခက္ကာ႐ွက္သြားၾကပံုရသည္။ ဦးထက္ေနာင္
သက္ျပင္းခ်လိုက္သည္။ ေတာက္ပလြန္းေသာအမ်ိဳးသားမ်ားသည္ လက္တြဲေဖာ္႐ွာရန္ခက္ၾကသည္။

ဦးထက္ေနာင္ မသိသည္က သူ၏ဂုဏ္ယူမဆံုးေသာ
သားႀကီးသည္ လွပေသာအမ်ိဳးေလးမ်ား၏မ်က္ႏွာကို
ၾကည့္ကာ သူကဝတ္ရံုလက္ျပတ္(ေကြး)တစ္ေယာက္
ျဖစ္ေၾကာင္း ႐ုပ္တည္ႀကီးျဖင့္ေျပာခ့ဲသည္ကိုပင္..။

သူမတို႔အားလံုး၏အမူအရာသည္ အ့ံဩေၾကာင္အ
ကာ တုန္လႈပ္ေျခာက္ျခားသြားၾကၿပီး ေနရာမွခ်က္ခ်င္း
ပင္ ထြက္သြားခ်င္ၾကေသာ္လည္း သခင္ေလး၏ဖိအား
ေပးကာ ညစာတူတူစားရန္ေစခိုင္းခံရသည္။

ထိုသခင္ေလးက အေကာင္းဆံုးအစားအေသာက္မ်ား
မွာကာ အမူအရာမ့ဲစြာစားေသာက္ၿပီးမွ လက္ကိုင္ပုဝါ
ျဖဴတစ္ထည္ျဖင့္ ႏႈတ္ခမ္းမ်ားကိုညင္သာစြာသုတ္ၿပီး
လက္မွနာရီကိုတစ္ခ်က္ၾကည့္သည္။ ၿပီးသည္ႏွင့္ သူမတို႔ကိုအိမ္ျပန္လိုက္ပို႔ေပးကာ ကားတံခါးကိုကိုယ္တိုင္
ဖြင့္ေပးေလသည္။

ထိုအေၾကာင္းမ်ားကို ဦးထက္ေနာင္သာသိပါက
ကလိမ္ကက်စ္ေကာင္ဆိုကာ ေသြးအန္ေပလိမ့္
မည္..။ လက္ေတြ႔တြင္ေတာ့ ဦးထက္ေနာင္က
သူ႔သားႀကီး၏ ေတာက္ပေနမႈကိုသာစိတ္ပူေန
ေတာ့သည္..။

.............

မနက္ခင္း...

နံနက္ခင္းအခ်ိန္ခါက သာယာေသာ္လည္း သစ္ပင္ရိပ္
ေကာင္းေကာင္းမ်ားေၾကာင့္ ေနေျပာက္ပင္မျမင္ရေပ။
ကားေလးတစ္စီးသည္ အ႐ွိန္မွန္မွန္ျဖင့္ေျပးလႊားေနၿပီး
ကားေပၚတြင္ေတာ့ လူႏွစ္ေယာက္လိုက္ပါလာသည္။ယ

တစ္ေယာက္က မ်က္ခံုးမ်ားကိုစုၾကံဳ႕ထားေသာၾကည့္
​ေကာင္းသည့္အမ်ိဳးသားျဖစ္၏။ သူကကားကိုအ႐ွိန္
မွန္မွန္ျဖင့္ေမာင္းေနၿပီး လမ္းမဆီသို႔အာရံုအျပည့္စိုက္
ထားသည္။ သူ႔ေဘးခံုတြင္ေတာ့ လယ္ပိတ္ဆြယ္တာ
အက်ႌေလးကို ဝတ္ထားေသာလူငယ္ေလးထိုင္ေန၏။
လူငယ္ေလး၏ပါးေလးႏွစ္ဖက္သည္ နီျမန္းေနကာ
ႏူးည့ံကာအရည္ရႊမ္းမည့္ခရမ္းခ်ဥ္သီးေလးႏွင့္တူသည္။

"ခဏျပန္အိပ္ခ်င္အိပ္လို႔ရတယ္။ ေနာက္နာရီဝက္
ေလာက္ေနမွေရာက္မွာ"

"ဟင့္အင္း တိမ္ငယ္မအိပ္ခ်င္ေတာ့ဘူး ကိုႀကီးသူငယ္ ခ်င္း။ ကိုႀကီးသူငယ္ခ်င္းက ေႏြဦးေဂဟာကိုသြားေနၾက
လားဟင္"

"အင္း တစ္ႏွစ္တစ္ေခါက္ေတာ့သြားျဖစ္တယ္။
ဘြားဘြား႐ွိစဥ္ထဲက ေႏြဦးေဂဟာေလးကို အစစ
အရာရာတာဝန္ယူေပးထားတာ ဘြားဘြားမ႐ွိတ့ဲေနာက္
ပိုင္း ငါကတာဝန္လက္လႊဲယူလိုက္တာ။ လတိုင္းလိုတာမွန္သမ်ွပို႔ေပးေနက်။ ဘြားဘြားေမြးေန႔ၾကရင္ေတာ့..
ေရာက္ေအာင္လာေနၾကေလ"

"ကိုႀကီးသူငယ္ခ်င္း တစ္ေယာက္ထဲလာတာလား"

"မဟုတ္ဘူး လာတိုင္း မင္းကိုႀကီးလင္းေနက လိုက္
ေနၾကေလ။ ဒီႏွစ္ေတာ့ သူက C ႏိုင္ငံသြားလို႔မလိုက္
ျဖစ္တာ"

တိမ္ငယ္က ေခါင္းၿငိမ့္သည္။ ဘာမွမေျပာေတာ့ေသာ္
လည္း ဒီေရလိႈင္းကိုေတာ့ တစ္ခ်က္တစ္ခ်က္ၾကည့္ေန
သည္။ ေျပာစရာ႐ွိေနေသာ္လည္း မေျပာေသာတိမ္ငယ္
ကို ဒီေရလိႈင္းကရိပ္မိသည္။

ေႏြးဦးေဂဟာသို႔ဟုေရးထားေသာ လမ္းခ်ိဳးေလးသို႔
ကားကိုေကြ႔ခ်လိုက္ရင္း ေဘးကေကာင္ေလးကိုေခါင္း
င့ဲကာတစ္ခ်က္ၾကည့္လိုက္သည္။

"အရင္ႏွစ္ေတြက မင္းကိုမေခၚျဖစ္တာက စာေမးပြဲ
ရာသီန႔ဲတိုက္ေနလို႔ပါ.. တမင္ခ်န္ထားတာမဟုတ္
ဘူး"

ဒီေရလိႈင္း ေျဖ႐ွင္းစကားေျပာလိုက္မွ တိမ္ငယ္က
ေခါင္းေလးကိုတၿငိမ့္ၿငိမ့္လုပ္ေနသည္။ ေႏြဦးေဂဟာ
ေရာက္ေတာ့ ေဂဟာကိုဦးစီးေနသည့္ဆရာမႀကီးက
ႀကိဳေစာင့္ေနသည္။

ဒီေရလိႈင္းကဆရာမႀကီးကိုတေလးတစားႏႈတ္ဆက္
လိုက္ၿပီး ကားေနာက္ခန္းမွ လိုအပ္ပစၥည္းမ်ားႏွင့္..
အ႐ုပ္မ်ား မုန္႔မ်ားကိုခ်ေပးလိုက္သည္။ ကားနား
တြင္ရပ္ေနေသာေကာင္ေလးကိုလက္ဆြဲကာအနား
ေခၚလိုက္ၿပီး ဆရာမႀကီးႏွင့္မိတ္ဆက္ေပးလိုက္သည္။

"ဆရာမႀကီး ဒါကကြၽန္ေတာ့္တို႔အိမ္က ကေလးေလ။
တိမ္ငယ္တ့ဲ။ ဒီကိုလိုက္လာေနၾက လင္းေနညီေလး
ပါ..။ လင္းေနက ခရီးထြက္သြားလို႔ ဒီတစ္ေခါက္လိုက္
မလာတာ"

"ဒါေၾကာင့္ကိုး ဆရာမႀကီးကေတာင္ သားလင္းေန
မပါေတာ့ ေမးေတာ့မလို႔။ ကေလးကခ်စ္စရာေလး
ကြယ္။ အေနေအးတ့ဲပံုေလး.."

"ေတြ႔ရတာဝမ္းသာပါတယ္ဗ်"

"လူယဥ္ေက်းေလးဘဲ.. ဟိုဘက္မွာ ညီေလးေတြ
ညီမေလးေတြကို အ႐ုပ္ေလးေတြေဝေပးဖို႔႐ွိတယ္။ သားေလးကူညီေပးမလား.."

တိမ္ငယ္က ဒီေရလိႈင္းကိုၾကည့္လာသည္။ သူ
ေခါင္းၿငိမ့္လိုက္ေတာ့ ျပံဳးသြားကာ ဆရာမႀကီးကို
ကူညီေပးမည္ဟုဆိုသည္။ တိမ္ငယ္က ဆရာမႀကီး
ေခၚေပးေသာ သြက္လက္သည့္ကေလးတစ္ေယာက္
ႏွင့္အတူ အ႐ုပ္မ်ားေဝေပးရန္ထြက္သြားသည္။

တိမ္ငယ့္ေဘးတြင္ အ႐ုပ္ထုပ္အႀကီးႀကီးမ်ား႐ွိၿပီး
ေႏြဦးေဂဟာမွကေလးေလးမ်ားသည္ ဆရာမမ်ား
၏အကူအညီျဖင့္ ညီညီေလးတန္းစီကာ တိမ္ငယ့္
ကိုမ်က္လံုးဝိုင္းႀကီးမ်ားျဖင့္ ၾကည့္ေနၾကသည္။

တိမ္ငယ္မွာ မ်က္လံုးဝိုင္းမ်ားစြာျဖင့္အၾကည့္ခံရေသာ
ေၾကာင့္ အေနရခက္စြာရယ္ျပလိုက္ေသာအခါ ျမင္ရ
ခဲေသာ သြားညီညီေဖြးေဖြးေလးမ်ားကေပၚလာသည္။
မနီးမေဝးတြင္ဆရာမႀကီးႏွင့္စကားေျပာေနရင္း တိမ္
ငယ့္ဘကိကိုလွမ္းၾကည့္ေသာ ဒီေရလိႈင္းသည္ စကား
ေျပာလက္စပင္ တစ္ခဏရပ္သြားရသည္။

"ဝါး.. ဒီကိုကိုကလွလိုက္တာ"

စူးစူးက်ယ္က်ယ္ေလးျဖင့္ fangirl ေလးက
Idol ကိုေတြ႔သလိုေျပာလာေသာကေလးအသံ
ေလးေၾကာင့္ တိမ္ငယ္မွာပါးေလးမ်ားပင္ရဲတက္
ေအာင္႐ွက္သြားရသည္။ အသံစူးစူးက်ယ္က်ယ္
ေလး၏အရင္းတည္ရာက တန္းစီေနေသာေနရာ
၏ စီနီယာေနာက္ဆံုးေနရာမွျဖစ္သည္။ ဂါဝန္
ကားကားေလးႏွင့္ေျခတိုတိုေလးမ်ား႐ွိေသာ
ကေလးေလးက ဆံပင္အကုတ္ေလးကိုေ႐ွ႕တိ
ေလးျဖင့္ျဖစ္သည္။

"ကို..ကိုကိုကေခ်ာတာ လွတာမဟုတ္ဘူး.."

တိမ္ငယ္ ျပန္ေျဖ႐ွင္းလိုက္သည္။

"လွတာ လွတာ အရမ္းလွတာ ယြန္းယြန္းသိတယ္။
မယံုရင္ ယြန္းယြန္းသူငယ္ခ်င္းတို႔ကိုေမးၾကည့္.."

က်န္ကေလးတစ္သိုက္ကလဲေခါင္းၿငိမ့္ကာေထာက္ခံ
ၾကသည္။ တိမ္ငယ္မွာ မ်က္ႏွာေလးကိုလက္ေလးျဖင့္
ကြယ္လိုက္မိသည္။ ဒီေရလိႈင္းကေတာ့ တိမ္ငယ္ပံု
ေလးေၾကာင့္ ႏႈတ္ခမ္းမ်ားတြန္႔ေကြးေနေတာ့သည္။

တိမ္ငယ္က ကေလးမ်ားကိုအ႐ုပ္ေလးမ်ားေဝေပး
ေနလိုက္သည္။ အေစာက အသံစူးစူးက်ယ္က်ယ္
ေလးႏွင့္ ကေလးမေလးအလွည့္သို႔ေရာက္ေသာ
အခါ ခ်စ္စရာေကာင္းေသာ ဝက္ဝံ႐ုပ္ေလးကိုေပး
လိုက္သည္။

သို႔ေသာ္ေျခတိုတိုေလးမ်ားကေနာက္သို႔ဆုတ္သြား
ကာ သူ၏လက္ေဖာင္းေဖာင္းေလးမ်ားကိုေနာက္
ျပစ္ကာ ဂါဝန္ေနာက္သို႔ပင္ဖြက္လိုက္ေသးသည္။

"ဘာျဖစ္လို႔လဲဟင္ ဒီအ႐ုပ္မႀကိဳက္လို႔လား
ယြန္းယြန္း"

ကေလးမေလးကသူ၏ေခါင္းလံုးလံုးေလးကိုယမ္း
သည္။ သူ၏ဆံပင္အကုတ္ေလးယိမ္းခါသြားသည္
အထိပင္။ သူက လက္ညိဳးေလးတစ္ဖက္ကိုေကြး
ကာ တိမ္ငယ္ကိုေခါင္းငံု႔ေပးပါရန္အမူအရာျပသည္။

တိမ္ငယ္ ေခါင္းေလးၿငိမ့္ကာ ကေလးမေလးႏွင့္
တစ္တန္းထဲျဖစ္ေစရန္ ဒူးတစ္ဖက္ေထာက္ကာ
ထိုင္လိုက္သည္။

"အရမ္းလွတ့ဲကိုကို႔ကို မိၿပီကြ"

ကေလးမေလးသည္ တိမ္ငယ္ဆီသို႔ကိုယ္ေသးေသး
ေလးကို ျပစ္ဝင္လိုက္သည္။ တစ္စကၠန္႔ပင္မျခားဘဲ
တိမ္ငယ္၏နီျမန္းေနေသာ ပါးေလးႏွစ္ဖက္လံုးကို
သြားေသးေသးေလးမ်ားျဖင့္ ကိုက္ျပစ္လိုက္ေလ၏။

"အ..အ့!!.."

"အိုက္ရား မနက္ကယြန္းယြန္းစားတ့ဲ ကိတ္ကေလး
လိုဘဲ"

တိမ္ငယ္ လန္႔သြားကာဘာမွမလုပ္ႏိုင္ခင္မွာပင္
ယြန္းယြန္းက တိမ္ငယ္မ်က္ႏွာတစ္ခုလံုးကို တမြမြ
ျဖင့္လုပ္ေနေသာေျကာင့္ တိမ္ငယ္မ်က္လံုးေလးမ်ား
ပုတ္ကလက္ ပုတ္ကလက္ျဖစ္သြားရသည္။ သူက
တိမ္ငယ္ကို အေတာ္ကိုအသည္းယားေနပံုရသည္။

တိမ္ငယ္၏ ႏႈတ္ခမ္းနီေထြးေထြးေလးကိုအၾကည့္
အေရာက္ ႏႈတ္ခမ္းေလးေထာ္ကာမြျပစ္ရန္လုပ္၏။
သို႔ေသာ္..ထိုစဥ္မွာပင္ သံုးႏွစ္သမီးေလးယြန္းယြန္း
၏ ကိုယ္သည္ေလေပၚသို႔ေျမႇာက္တက္သြားကာ
ေလထဲတြင္ ကားယားကားယားေလးျဖစ္ေနေတာ့
သည္။

ဒီေရလိႈင္းက ေၾကာက္စရာကေလးမေလးကို
ဂုတ္ကမကာ ဆြဲဖယ္လိုက္ၿပီး ျပန္မခ်ေပးေသး
ဘဲ တိမ္ငယ္ကိုအရင္ဆြဲထူလိုက္သည္။ တိမ္ငယ္
က ယြန္းယြန္း၏တစ္ကိုယ္လံုးျပစ္ဝင္လိုက္ကတည္း
ကေျမေပၚလဲက်သြားျခင္းျဖစ္သည္။

"မင္း အဆင္ေျပရဲ႕လား"

"အ..အဆင္ေျပပါတယ္ ကိုႀကီးသူငယ္ခ်င္း"

ဒီေရလိႈင္းက ေခါင္းၿငိမ့္ၿပီး ေလထဲတြင္ကားယား
ျဖစ္ေနသည့္တိုင္ တိမ္ငယ္ကိုရီျပေနေသာ ယြန္းယြန္း
ကိုမ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္သည္။

"သူက စားစရာမဟုတ္ဘူး ေနာက္ခါမလုပ္န႔ဲ"

"ဘာလို႔လဲ အဟင့္ အူးဝါး..~ အရမ္းလွတ့ဲကိုကို
ပါးေလးက ယြန္းယြန္းႀကိဳက္တ့ဲကိတ္ေလးန႔ဲတူ
တာကို.. ယြန္းယြန္းကိတ္ေလးျပန္ေပး အီးဟီးဟီး!!"

"တိတ္!"

"အိ!"

တိကနဲေနေအာင္ တိတ္က်သြားေသာ ယြန္းယြန္းက
မ်က္ရည္ဥႀကီးမ်ားတလိမ့္လိမ့္က်ကာ တိမ္ငယ္ကို
ၾကည့္ေနသည္။ တိမ္ငယ္ ဒီေရလိႈင္း၏လက္ေမာင္း
ကိုဆြဲကာ ေလထဲတြင္ခ်ာလည္လည္ျဖစ္ေနေသာ
ကေလးကိုအရင္ခ်ေပးရန္ေျပာရသည္။

"ကိုႀကီးသူငယ္ခ်င္း ကေလးကိုခ်ေပးလိုက္ပါေနာ္..
ငိုေနၿပီ"

"ေကာင္းၿပီ"

ဒီေရလိႈင္းက ယြန္းယြန္းကိုေျမေပၚျပန္ခ်ေပးလိုက္
ၿပီး လက္ေဖာင္းေဖာင္းေလးမ်ားျဖင့္မ်က္ရည္မ်ား
ပြတ္သုတ္ေနသည္ကို ဂ႐ုမစိုက္ေပ။ တိမ္ငယ္၏
မ်က္ႏွာေလးကို လက္ဖဝါးႀကီးႏွစ္ဖက္ထဲထည့္ကာ
အုပ္ကိုင္ရင္း ကိုက္ရားအထင္းသားျဖင့္ပါးေလးႏွစ္
ဖက္ကိုစစ္ေဆးလိုက္သည္။

"နာသြားလား"

"ဟို မနာပါဘူး ကိုႀကီးသူငယ္ခ်င္း"

တိမ္ငယ္က ေျပာေသာလည္း ဒီေရလႈိင္းကအခုထိ
မ်က္ေမွာင္မ်ားတြန္႔ခ်ိဳးထားတုန္းပင္။ ဒီေရလိႈင္း၏
စူး႐ွေသာအၾကည့္မ်ားက ယြန္းယြန္းဆီေရာက္သြား
သည္။

"သူကငါ့ခရမ္းခ်ဥ္သီး ေနာက္မလုပ္န႔ဲ!"

ထိုစဥ္မွာပင္ အန္တီႀကီးတစ္ေယာက္က အေျပး
ေရာက္လာသည္။

"ဟယ္..ယြန္းယြန္း ဘာျဖစ္တာလဲ။ သားတို႔ကို
အေႏွာင့္အယွက္ေပးမိတာလား.. အားနာလိုက္
တာကြယ္။ အန္တီက ဒီမွာလုပ္လာေပးတ့ဲဆရာမပါ။ အန္တီလာတိုင္း ယြန္းယြန္းကိုပါေခၚလာေနၾကေလ။ ဟို..သားေလးပါးမွာ ကိုက္ရာႀကီးန႔ဲ ယြန္းယြန္း လက္
ခ်က္လား။ ေတာင္းပန္ပါတယ္ တစ္ကယ္ကိုအားနာ
ပါတယ္.."

"ရပါတယ္ဗ် တိမ္ငယ္ဘာမွမျဖစ္ပါဘူးဗ်"

"ေက်းဇူးတင္ပါတယ္ ကေလးရယ္ အန္တီတစ္ကယ္
ကို အားနာပါတယ္။ အန္တီတို႔ကိုသြားခြင့္ျပဳပါဦးေနာ္"

အန္တီႀကီးက ယြန္းယြန္းကိုခ်ီကာျပန္ထြက္သြားသည္။

"ဘယ္လိုဟာေလးမွန္းမသိဘူး တိုင္မွာခ်ည္ထားရ
မွာ.."

"ကိုႀကီးသူငယ္ခ်င္း"

"ေတာ္ၿပီ ေဆးသြားထည့္မယ္"

"ဟုတ္က့ဲ"

ဒီေရလိႈင္း ဆရာမႀကီးဆီမွေဆးေတာင္းကာ တိမ္ငယ့္
ပါးေလးကို ေဆးထည့္ေပးလိုက္သည္။ အနီးကပ္မို႔
ခပ္စိမ္းစိမ္းေသြးေၾကာေလးမ်ားကို အေရခြံပါးေလးက
ဖုံးထားၿပီး နီျမန္းေနပံုကိုအေသးစိတ္ျမင္ေနရသည္။

ဒီေရလိႈင္း ပါးျပင္ေလးကိုအေတာ္ၾကာတို႔ထိေနၿပီးမွ
မ်က္ႏွာလႊဲကာ ေဆးလိမ္းျခင္းကိုအဆံုးသတ္လိုက္
သည္။

"ေနာက္ခါ အနၱရာယ္႐ွိတ့ဲသတၱဝါေတြနားမကပ္န႔ဲ
ငါေျပာတာနားလည္လား.."

တိမ္ငယ္က အူေၾကာင္ေၾကာင္ေလးျဖင့္ေခါင္းေလး
ၿငိမ့္လာေသာအခါ ဒီေရလိႈင္းက တိမ္ငယ္ကိုေသ
ခ်ာၾကည့္ေနသည္။ အာရံုစိုက္ထားမႈေၾကာင့္ တိမ္ငယ္
၏ မ်က္ေတာင္ေလးမ်ား ေရြ႔လ်ားသြားပံုကအစျမင္ႏိုင္
သည္။

ဒီေရလိႈင္း ကိုယ္ကိုအနည္းငယ္ကိုင္းကာ တိမ္ငယ္၏
နဖူးျပင္ေလးကို ႏႈတ္ခမ္းအစံုထိကပ္လိုက္သည္။ ထို
အခါ တိမ္ငယ္မ်က္ဝန္းေလးမ်ားသည္ အထိတ္တလန္႔ ျဖင့္မွိတ္က်သြားရသည္။

ဒီေရလိႈင္း ေခ်ာင္းအသာဟမ့္လိုက္သည္။

"အဟမ္း! စကားနားေထာင္တာေကာင္းတယ္"

............

"ခရီးသည္မ်ားတင္ေဆာင္ထားေသာ ေလယာဥ္အမွတ္
**** သည္ C ႏိုင္ငံေလဆိပ္သို႔မၾကာခင္ဆင္းသက္
ေတာ့မွာျဖစ္ပါတယ္႐ွင္.."

လင္းေန ခရီးစဥ္တစ္ေလ်ာက္ သူ႔ကိုမွီကာအုပ္မိုး
မတတ္အိပ္ေနေသာ ဝမ္ဟိုင္ကိုႏိုးရန္လုပ္ရသည္။
လင္းေန၏ ပုခံုးတစ္ဖက္လံုးသည္ထံုက်င္ေနၿပီျဖစ္
သည္။

"ဝမ္ဟိုင္ ထေတာ့ ကိုယ္တို႔မၾကာခင္ C ႏိုင္ငံ
ေလဆိပ္ကိုေရာက္ေတာ့မွာ"

ဝမ္ဟိုင္က ထိုအခါမွမ်က္လံုးမ်ားဖြင့္လာကာ တျဖည္း
ျဖည္းဆင္းသက္ေနေသာ ေလယာဥ္ေၾကာင့္ေက်နပ္စြာ
ျပံဳးသည္။ ဝမ္ဟိုင္ သူ႔ေဘးမွသူကိုရီေဝေဝျဖင့္ၾကည့္
လိုက္သည္။

သူရ႕ဲပိုင္နက္ကိုေရာက္ၿပီ..။ ယုန္ငယ္ေလးကို သူ႔
နယ္ေျမထဲလွည့္စားကာ ေခၚလာႏိုင္ခ့ဲၿပီ။ အခုေတာ့
လင္းေနက သူ႔အပိုင္ဆိုတာ ေၾကာ္ျငာမည္ကို လင္းေန
ကိုယ္တိုင္ပင္ တားႏိုင္မည္မဟုတ္ေတာ့ေပ..။

.............

"ဘယ္လိုျဖစ္လို႔ ဦးေလးက ေဆးရံုတင္ရတာလဲ"

သစ္မိုးအိမ္ မ်က္ခံုးမ်ားတြန္႔ခ်ိဳးသြားကာ အနီရင့္ကို
ၾကည့္လိုက္သည္။ ဘယ္လိုျဖစ္လို႔ ဦးေလးေသာ္ထက္
သတင္းကိုေျပာလာသူက အနီရင့္ဆိုေသာသူမျဖစ္ေန
ရတာလဲ။

သစ္မိုးအိမ္၏ အၾကည့္မ်ားထဲမွအေမးကိုသိေသာ
အနီရင့္ကေျပာလာသည္။ သူမ၏ပံုစံေလးက ပင္ပန္း
ကာ အလြန္ပင္ႏြမ္းလ်ေနသည္။

"တ..တကယ္ေတာ့ ကိုသစ္ဦးေလးက ရင့္ေဖေဖပါ
ေဖေဖနဲ႔ေမေမက C ႏိုင္ငံမွာေတြ႔ၾကတာပါ။ ေနာက္
ပိုင္း ေဖေဖန႔ဲေမေမ လမ္းခြဲျဖစ္သြားေတာ့ ရင့္က
ေမေမ့ဗိုက္ထဲမွာ က်န္ခ့ဲတာ..အ့ဲထဲက ေမေမက
Single mother အျဖစ္ ရင့္ကိုပ်ိဳးေထာင္လာ
တာပါ..။ တစ္ကယ္ေတာ့ ရင့္တို႔မိသားစုျပန္စံုရ
တာလည္းမၾကာေသးပါဘူး.."

သစ္မိုးအိမ္ မထူးဆန္းေတာ့ အရင္က ဦးေသာ္ထက္
က အနီရင့္ကိုအေတာ္ကိုအေရးေပးကာ သူႏွင့္ပင္
သေဘာတူေၾကာင္းေျပာခ့ဲသည္။ ထိုအခ်ိန္က သူ
ထူးဆန္းသလိုခံစားရေသာ္လည္း ဦးေလးကသူ႔ကို
ခ်စ္ေသာေၾကာင့္ သူေရြးခ်ယ္ေသာအနီရင့္ကိုလက္ခံ
ေပးသည္ဟုထင္ခ့ဲသည္။ ျပန္ေတြးၾကည့္မွ သူ႔သမီးျဖစ္  ေသာေၾကာင့္ အေလးေပးေနခ့ဲျခင္းပင္။

"ေဖေဖက ကိုသစ္ကိုသိပ္ခ်စ္တာ ေက်းဇူးျပဳၿပီး
ေဆးရံုကိုတစ္ေခါက္ေလာက္လာၾကည့္ေပးႏိုင္မလား
ဟင္.. ရင့္ ေတာင္းဆိုပါတယ္"

အနီရင့္ မေတာင္းဆိုလ်ွင္ပင္ တစ္ခါေတာ့သြားၾကည့္
ရန္ေတြးထားေသာေၾကာင့္ လက္ခံလိုက္သည္။

"က်ိန္းေသေပါက္ လာၾကည့္ပါ့မယ္"

ထိုအခါေခါင္းငံု႔ထားေသာ အနီရင့္ေက်နပ္စြာျပံဳး
လိုက္သည္။

............

JM(211107)
Next>>>>>

(Unicode)🍀🍀🍀🍀

(Blind Date ခဏခဏသွားသော အစ်ကိုကြီး)

Part-92
(ကိုယ်...ချစ်သော clover..!!..)

သားအဖသုံးယောက်အတွက်တိတ်ဆိတ်တဲ့နေရာ
လေးဖြစ်ရန် သီးသန့်ခန်းတစ်ခုဘိုတင်တင်ထား
သည်။ အရင်လိုနွေးထွေးသောအဖဆက်ဆံရေး
ပြန်ဖြစ်စေရန် သစ်မိုးအိမ်က ရည်ရွယ်သည်။

နှစ်ယောက်သား Hotpot city ထဲဝင်လာသည်
နှင့်သီးသန့်ခန်းသို့သာတိုက်ရိုက်ဦးတည်လိုက်ကြ
သည်။ အခုအချိန်လောက်ဆို ဦးထက်နောင်က
တော့ကြိုတင်ကာရောက်နေလောက်ပြီဖြစ်သည်။

အခန်းနံပါတ်(A02) သို့ရောက်သောအခါ
နှစ်ယောက်သားအခန်းထဲဝင်လာလိုက်သည်။
အခန်းသို့ရောက်သည်နှင့် သစ်မိုးအိမ်၏နှုတ်ခမ်း
များသည် မျဉ်းဖြောင့်အတိုင်းဖြစ်သွားရကာအစော
ကလှပစွာကော့တက်ခဲ့သောနှုတ်ခမ်းအစုံနှင့်ကြည်
လင်နေသော မျက်နှာချောချော၏မူအရာသည်
ပျောက်ကွယ်သွားတော့သည်။

အခန်းထဲတွင်ဦးထက်နောင်တစ်ယောက်ထဲတော့
မဟုတ်ပေ။ ဆံပင်ခွေလိမ်လိမ်လေးများကိုခပ်မြှောက်
မြှောက်လေးထုံးထားကာ ကျိုးကြေလွယ်သောလည်
တိုင်ကိုထုတ်ဖော်ပြသနေသော အမျိုးသမီးလေးတစ်ဦး
ပါရှိနေ၏။ သူမကဦးထက်နောင်နှင့်စကားလက်ဆုံကြ
နေခြင်းဖြစ်ပြီးပြုံးယောင်သန်းနေသော နှုတ်ခမ်းဖူးဖူး
လေးနှင့်သူမကချိုမြိန်ကာလူမှုဆံဆက်ရေးကောင်းပုံ
ရသည်။

သူတို့နှစ်ဦးအခန်းထဲဝင်လာသောအခါ ဦးထက်နောင်
နှင့်သူမကစကားပြောနေခြင်းကိုရပ်ကာကြည့်လာသည်။
သူမ၏လှပစွာခြယ်သထားသော မျက်ဝန်းအိမ်များက
အခန်းထဲဝင်လာသောသစ်မိုးအိမ်နှင့်ရွက်စိမ်းကိုဝင့်ကာ
ကြည့်လာသည်။

သစ်မိုးအိမ်၏မျက်နှာတွင်အရိပ်ယောင်တစ်ချို့ဖြတ်
ပြေးသွားသည်။ ဒီအတောအတွင်း ဦးထက်နောင်က
သစ်မိုးအိမ်ကို ရွက်စိမ်းအနားမှဖယ်ထုတ်ရန်မျိုးစုံကြိုး
စားတတ်ပြီး သစ်မိုးအိမ်အတွက် Blind date များ
စွာလည်းစီစဉ်ပေးသည်။

သစ်မိုးအိမ်က မသွားဘဲတင်းခံနေသောအခါ သူ၏
အတွင်းရေးမှူးမိုးဝေကိုလွှတ်ကာ "သားငယ်လေး
သည်ပင် အရွယ်ရောက်လာပြီဖြစ်ကြောင်း" ပြောခိုင်း
ခဲ့သည်။ သစ်မိုးအိမ် Blind Date မသွားပါက..
သွားရမည့်သူမှာ ရွက်စိမ်းဖြစ်သွားမည်ဟု တိုက်ရိုက်
သတိပေးလာခြင်းပင်။

ထိုနေ့မှစ၍ သစ်မိုးအိမ် နာခံစွာပင် စီစဉ်ပေးသမျှ Blind Date များသို့သွားပြီး လှပလွန်းသောအမျိုး
သမီးများနှင့်အချိန်ပေးကာ တွေ့ဆုံသည်။ အနည်းငယ်
သော စိတ်မရှည်ခြင်းနှင့် ငြင်းဆန်လိုခြင်းများပင်မရှိ
ပေ။ ဦးထက်နောင်တစ်ယောက်က စိတ်အေးသွား
ရသည်။

သို့သော်...
နောက်တစ်နေ့မနက်တွင်တော့ အမျိုးကောင်း
သမီးလေးများသည် ကြီးမြတ်လွန်းသောသခင်လေး
သည်သူမတို့နှင့်မလိုက်ဖက်ပါကြောင်း ဦးထက်နောင်
ကိုအကြောင်းကြားလာကြ၏။

အကြိမ်ရေများလာသောအခါ ဦးထက်နောင်မှာ...
အကူအညီမဲ့သလိုခံစားလာရသော်လည်း လက်မလျော့
ချင်သောကြောင့် ထပ်တိုးကာစီစဉ်ပေးမိသည်။ သို့
သော်လည်း အကြိမ်တိုင်းတွင်တူညီသောအကြောင်း
ကြားမှုသာရောက်လာမြဲပင်။ ဦးထက်နောင်က သူ၏
သားကြီးက တစ်ဖက်အမျိုးသမီးလေးများကိုခြိမ်းခြောက် လေသလားဟုသံသယဝင်ခဲ့ပြီး လူငှါးကာစောင့်
ကြည့်စေခဲ့သည်။

သားကြီးက အကောင်းဆုံးအစားအစာများကိုသာ
မှာပေးကာ အပြန်ချိန်တွင်လည်းကားတံခါးကိုကိုယ်တိုင် ဖွင့်ပေးသည်အထိ ကောင်းမွန်စွာဆက်ဆံသည်။ ဘာလို့များသူမလေးတို့က သားကြီးကိုငြင်းဆန်သွား
ကြသည်လဲ မပြောတတ်တော့ပေ။

သူမတို့ပြောသလိုပင် သူ၏သားကြီးကတောက်ပလွန်း
နေသောကြောင့် သူမတို့ကိုမသက်မသာခံစားစေမိ၍
လားမသိတော့ပေ။ ဦးထက်နောင် ညင်သာသောအပြုံး
ဖြင့် သူ့မိတ်ဆွေများထဲမှ နောက်ဆုံးတစ်ယောက်၏
သမီးကို ပြုံးပြနေသောသားကြီးသစ်မိုးအိမ်ကိုကြည့်
ကာစိတ်ထဲမသက်မသာဖြစ်မိသည်။

အခန်းထဲတွင်တော့ လေးထောင့်ပုံစားပွဲလေးနှင့်
နူးညံ့သောအဝိုင်းပုံအခင်းအကျင်းလေးများရှိသည်။
သစ်မိုးအိမ် နှင့်ရွက်စိမ်းကနေရာယူလိုက်ကြပြီး
သစ်မိုးအိမ်၏ ဖြောင့်မတ်စွာထိုင်နေပုံကြောင့်ရှည်လျား သောခါးများနှင့် ကြည့်ကောင်းသောနတ်ဘုရားကိုယ်
ထည်ကပေါ်လွင်နေသေည်။ ပိရိသေသပ်သောနှုတ်
ခမ်းများဖြင့် သစ်မိုးအိမ်က စမတ်ကျသောအမျိုးသားဖြစ်သည်။

ဦးထက်နောင်ကသူမနှင့်သူတို့ကိုမိတ်ဆက်ပေးလာ
လိုက်သောအခါ သစ်မိုးအိမ်က ယဉ်ကျေးစွာသာတုန့်
ပြန်သည်။

"တွေ့ရတာဝမ်းသာပါတယ်"

နှုတ်ဆက်စကားက တိုတောင်းကာ အသံမျာတည်ငြိမ်
နေ၏။ နှုတ်ခမ်းပေါ်က ညင်သာသောအပြုံးကတော့
နူးညံ့လွန်းသည်။

ဦးထက်နောင်က သူမကသူ့မိတ်ဆွေများထဲမှ
တစ်ယောက်၏သမီးဖြစ်ပြီး သူမ H နိုင်ငံတွင်
ဘွ့ဲလွန်တက်နေခြင်းဖြစ်ကြောင်း အခုမြို့တော်ပြန်
လာချိန်နှင့်တိုက်ဆိုင်သောကြောင့် သူမကိုပါဖိတ်ခေါ်
လိုက်ခြင်းဖြစ်သည်ဟုမိတ်ဆက်ပေးလိုက်သည်။

သစ်မိုးအိမ်ကရယ်သည်။ သိသာနေသောရည်ရွယ်ချက်
ကို သစ်မိုးအိမ်သတိမထားမိဘဲမနေ။ သို့သော်သစ်မိုးအိမ် ဂရုမစိုက်ပေ။ သစ်မိုးအိမ်ချစ်သောသူက ရွက်စိမ်း
တစ်ယောက်သာရှိပြီးမည်သူကမှသူ့မျက်လုံးထဲဝင်နိုင်
မည်မဟုတ်ပေ။ သစ်မိုးအိမ်ဆိုသောသူ့ကို သစ်ရွက်စိမ်း ဆိုသောကောင်လေးကပိုင်ဆိုင်သည်သာ..။

ဦးထက်နောင်က စကားကြောင်းသည်။

" အန်ကယ့်သားကြီး သစ်မိုးအိမ်က ကုမ္ပဏီမှာ
ဒုဥက္ကဌတာဝန်ယူထားတာ။ အမှန်တိုင်း ပြောရရင်
ဥက္ကဌဆိုပိုမှန်မယ်။ သားကြီးကဘဲအကုန် အကုန်စီမံ
နေတာလေ။ သားကြီးကအန်ကယ့်အတွက် ဂုဏ်ယူရဆုံးသားဘဲ။ သားကြီးလက်တွဲဖော်ဖြစ်တဲ့သူက တစ်
ကယ်ကိုကံကောင်းမှာ သေချာတယ် အဟား.."

ဦးထက်နောင်က ရွက်စိမ်း၏ခေါင်းလေးကိုပွတ်သပ်
လိုက်ရင်းဆက်ပြောသည်။

"သားငယ်လေးကတော့ အန်ကယ်တို့အိမ်ရဲ့ရာထူး
အကြီးဆုံးလေး။ သူကမကြာခင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာ.."

ဦးထက်နောင် စကားဆုံးတော့သူမကပြုံးပြလာသည်။
သူမကတည်ငြိမ်သောပုံစံရှိသည်။

"တွေ့ရတာဝမ်းသာပါတယ်နော် ကိုသစ်မိုးအိမ်ရော
မောင်လေးသစ်ရွက်စိမ်းရော.. သွန်းလို့ခေါ်လို့ရပါ
တယ်"

မိတ်ဆက်ပြီးသည်နှင့် သစ်မိုးအိမ်က ရွက်စိမ်းဆီကို
သာအာရုံတစ်ခုလုံးပို့လိုက်သည်။ သို့သော်ဦးထက်နောင် က စကားဝိုင်းကိုမကြာခဏအစပျိုးတတ်ပြီး သစ်မိုးအိမ်က မဖြစ်မနေအခြေအနေမှလွဲ၍ တိတ်တဆိတ်
သာနေသည်။ နှုတ်ခမ်းများကတော့ တစ်ချိန်လုံးအပြုံး
တစ်ခုရှိသည်။

အခန်းထဲရှိသူများထဲတွင် ရွက်စိမ်းတစ်ယောက်သာ
ဆူပွက်လာတော့မည့် ဟင်းရည်နှင့်ခပ်ပါးပါးလှီးထား
သောအသား..စိမ်းနေသောအရွက်များကို မျက်လုံး
ကြည်တောက်တောက်လေးများဖြင့်ကြည့်နေသည်။

ပါးရှပ်ရှပ်အသားလွှာများက ဆူပွက်နေသောဟင်းရည်
ထဲ တစ်ချက်နှစ်လိုက်သည်နှင့်ကျက်သွားမည့်ဟန်ရှိ
သည်။ မီးမျင်းမျင်းဖြင့်ဟင်းရည်အိုးက အချိုတစ်ကန့်
အစပ်တစ်ကန့်ဖြစ်သည်။ ရွက်စိမ်းက သူ့အတွက်ချ
ပေးထားသော ပန်းကန်လုံးအဖြူလေးနှင့်တူလေးကို
ကိုင်ကာ တက်ကြွနေသည်။ သစ်မိုးအိမ် ရွက်စိမ်း၏
ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

"ဟင်းရည် အဆင်သင့်ဖြစ်ပြီ စားလို့ရပြီ clover"

"အွန်းအွန်း"

ခေါင်းငြိမ့်ပြတဲ့ရွက်စိမ်းက မျက်လုံးလေးတွေမှိတ်ကျ
အောင်ပြုံးသည်။ ဒါကသစ်မိုးအိမ်ကို သဘောကျစေ
သည်။ ရွက်စိမ်းစားချင်တာမှန်သမျှကိုအဆင်သင့်ပြင်
ပေးရင်း အစွမ်းကုန်အလိုလိုက်နေတော့သည်။

ဦးထက်နောင်မှာတော့ သားနှစ်ယောက်ကိုကြည့်ရင်း
သက်ပြင်းမောများခိုးချကာ သူငယ်ချင်းဖြစ်သူ၏သမီး
ကို အနေရမခက်အောင်စကားပြောပေးနေရသည်။
တော်သေးသည်က သူကတူတူစားရန်ဖိတ်ထားယုံ
သာဖြစ်ပြီး ဘာစကားမှမလွန်ထားမိသည်ကိုပင်။
မဟုတ်ပါက သူတစ်ကယ်ကိုမျက်နှာပျက်ရမည်ပင်။

သီးသန့်ခန်းလေးထဲတွင်တော့ စားပွဲဝိုင်းလေးတစ်ခြမ်း
တွင်သာ ကွက်ကာနွေးထွေးသောရာသီဥတုလေးဖြစ်
နေသည်။ စားသောက်ပြီးစီးသွားသောအခါ သူမက
အရင်ပြန်သွားသည်။

သူတို့သားအဖလည်းအိမ်သို့ပြန်ရန်လုပ်လိုက်သည်။
ဦးထက်နောင်က အလာတွင်မိုးဝေကိုလိုက်ပို့ခိုင်းခြင်း
ဖြစ်သောကြောင့် ကားယူမလာပေ။ ထို့ကြောင့် သစ်မိုးအိမ်၏ ကားနှင့်သာ တူတူပြန်လာလိုက်၏။

သားဖသုံးယောက်လိုက်ပါလာသော ကားလေးထဲတွင်
ဗိုက်ဝသွားသောရွက်စိမ်းက အိပ်ငိုက်နေပြီး ကျန်နှစ်
ယောက်က တိတ်ဆိတ်နေသည်။ ဦးထက်နောင် စကားစရန်လုပ်လိုက်သည်။

"သမီးသွန်းကို ဘယ်လိုမြင်လဲသားကြီး"

သစ်မိုးအိမ်က ကားမောင်းနေရင်းမှ ကားနောက်ခန်း
တွင်ရှိနေသော ဦးထက်နောင်ကိုကြည့်လာသည်။သူ
က ဦးထက်နောင်၏ ပေါင်ပေါ်တွင်ခေါင်းလေးအုံးကာ
အိပ်နေသော ရွက်စိမ်းကိုပါတစ်ချက်ကြည့်သည်။

သစ်မိုးအိမ်၏မျက်ဝန်းများက တည်ငြိမ်နေသည်။

"ကျွန်တော် ဘယ်လိုဖြေမလဲဆိုတာ သိပြီးသားဘဲ
မလား Daddy..လက်လျော့လိုက်ပါတော့.."

သစ်မိုးအိမ် ပြောလိုက်တော့ ဦးထက်နောင်က
သက်ပြင်းချကာမျက်နှာတစ်ဖက်လွှဲသွားသည်။

"ဘောလုံးလေးက မကြာခင် ၁၈နှစ်ပြည့်တော့မယ်။
သူသဘောကျတဲ့ကောင်မလေးတွေ့လာနိုင်တယ်..။
ဘောလုံးလေးက ငယ်သေးတယ် ချစ်တာကြိုက်တာ
ကို သူကွဲကွဲပြားပြားမသိသေးဘူး။ သူက သားကြီးကို
အစ်ကိုတစ်ယောက်လိုတွယ်တာလွန်းနေတာလဲဖြစ်နိုင်
တယ်.. ငယ်ရွယ်စဉ်မှာ ခံစားချက်အမှားကြောင့်..
နောင်တရစရာတွေဖြစ်လာမှာ daddy မလိုချင်ဘူး"

ဦးထက်နောင်က ဆက်ပြောသည်။

"သားကြီးရော ဘောလုံးလေးကိုရော ထိခိုက်ခံစား
ရတာမျိုး မလိုချင်ဘူး"

သစ်မိုးအိမ်၏ ကားစီရင်ယာတိုင်ကို ကိုင်ထားသော
လက်များတင်းကြပ်သွားရသည်။ သူသေချာပေါက်
သိသည်။ အကြိမ်ပေါင်းများစွာလည်းတွေးဖူးသည်။
ဒါပေမယ့်သူက ကောင်လေးကိုယုံသည်။ သူတိတ်
ဆိတ်နေသောအခါ ဦးထက်နောင်ကသက်ပြင်းချ
သည်။

"Daddy မေးမယ်။ လက်မလျော့တာသေချာ
ပြီလား။ ဒီလမ်းကချောမွေ့နေမှာမဟုတ်ဘူး။ အပြော
အဆို အထိအခိုက်တွေလဲရှိနိုင်တယ်။ ပင်ပန်းလွန်း
လို့ လက်လျော့လိုက်ချင်တာမျိုးလဲဖြစ်နိုင်တယ်..။
ပြီးတော့ ဘောလုံးလေးက သားကြီးအတွက်ပြည့်စုံ
တဲ့မိသားစုလေး ဖန်တီးပေးနိုင်မှာမဟုတ်ဘူး။ အင်း
..ရှင်းရှင်းပြောရရင် သားကြီးအတွက်ကလေးလေး
တွေ ပေးနိုင်မှာမဟုတ်ဘူး.."

ဒီလိုပြောရတာ ဦးထက်နောင်အတွက်လဲ မျက်နှာပူ
ရသည်။ ဦးထက်နောင်က သူ့လက်ဖဝါးကြီးထဲတွင်
သေးငယ်သော ရွက်စိမ်း၏လက်ကလေးကိုဖွဖွဆုပ်
ကိုင်ထား
သည်။ သူမနေ့ညက သူငယ်ချင်းဖြစ်သောမြင့်မောင်
နှင့်စကားပြောဖြစ်သည်။ မြင့်မောင်က မျိုးတူအမျိုး
သားတစ်ဦးနှင့်လက်တွဲနေသောသူဖြစ်သောကြောင့်
သူတီးခေါက်ကြည့်ရန် ဆက်သွယ်ခဲ့ခြင်းဆိုပိုမှန်မည်။

သူရင်ဖွင့်စကားများကို နားထောင်ပြီးသောအခါ
"တွဲလက်ခိုင်မြဲဖို့လဲ လိုတာပေါ့" ဆိုသောစကား
ကိုသာပြောခဲ့သည်။

အမျိုးသမီးနှင့်အမျိုးသားကြားချစ်ခြင်းဖြစ်စေ..
မျိုးတူလူသားများအကြားချစ်ခြင်းဖြစ်စေ။ အရေးကြီး
သည်က တွဲလက်ခိုင်မြဲဖို့သာဖြစ်သည်။ အမျိုးစုံသော
ရိုက်ခတ်မှုများရှိလာနိုင်သည်။ မျိုးတူလူသားများကြား
ချစ်ခြင်းသည်တော့ လူအများသတ်မှတ်ထားပါသော သဘာဝကိုလွန်ဆန်သည်ဟူသောအကြောင်းပြချက်
ဖြင့် ရိုက်ခတ်မှု ပိုမိုကြမ်းတမ်းနိုင်သည်။ အဆုံးသတ်
တွင်တော့ ခိုင်မြဲသောတွဲလက်များသည်သာ အနိုင်ရ
သည်ပင်။

ဦးထက်နောင် တစ်ညလုံးအတွေးများနက်နေခဲ့ပြီး
စိုးရိမ်ပူပန်မှုလည်းဖြစ်ရသည်။ ကလေးနှစ်ယောက်
ရဲ့တွဲလက်ကရော ခိုင်မြဲပါ့မလား..။

"ဘယ်လိုအခြေအနေဘဲရှိရှိ လူတိုင်းရဲ့အကြည့်တွေ
အောက်မှာ ဒီလက်သေးသေးလေးကိုနောင်တမရှိဘဲ
ကိုင်နိုင်ဖို့ ယုံကြည်ချက်ရှိလား။ ဒါကြောင့် Daddy ထပ်မေးမယ် သားကြီးရဲ့ ခံစားချက်တွေက သေချာ
ပြီလား"

ကားလေးအတွင်းရှိ အမျိုးသားနှစ်ဦးလုံး၏အမူအရာ
မှာလေးနက်နေသည်။ သစ်မိုးအိမ်က ပြုံးသည်။ ကား
မှန်မှတစ်ဆင့်ဦးထက်နောင်ကိုကြည့်ပြီးပြောလာသည်။

"ဒီလမ်းကမချောမွေ့နိုင်တာကို ကျွန်တော်သိပါတယ်။ ကျွန်တော့်အတွက် ကလေးလေးတွေရှိမလာနိုင်တော့တာလဲသိတယ်။ ကျွန်တော် ဒီလမ်းကိုစတင်ကတည်း
က စွန့်လွှတ်ရမှာတွေနဲ့ကာကွယ်ချင်တာတွေကို ကွဲကွဲ
ပြားပြားသိပါတယ် Daddy.. ကျွန်တော်အကြိမ်ကြိမ်
ဆန်းစစ်ပြီးပြီ အဖြေကတော့ ကျွန်တော်လက်သေးသေးလေးကိုဘဲ ဆုပ်ကိုင်ထားချင်တယ်.."

"ကျွန်တော် ဘယ်တော့မှ နောင်တဆိုတာရှိလာမှာ
မဟုတ်သလို..ဘယ်လို အခြေအနေဘဲဖြစ်ဖြစ်လက်
သေးသေးလေးကို လွှတ်မှာမဟုတ်ဘူး"

သစ်မိုးအိမ် ခိုင်မာစွာဆိုလိုက်သည်။ သူကတစ်ကြိမ်
နောင်တရားများကို ရင်ဝယ်ပိုက်ပြီးသူဖြစ်ပြီး ကောင်
လေးအတွက်သာ ရှင်သန်နေသူဖြစ်သောကြောင့်..
ဘယ်လိုအခြေအနေကမှ သူ့ကိုယိမ်းယိုင်သွားအောင်
လုပ်နိုင်မည်မဟုတ်ပေ။

"Daddy သိပြီ.."

ဦးထက်နောင်က ထိုစကားတစ်ခွန်းသာဆိုပြီးတိတ်
ဆိတ်သွားသည်။ ဦးထက်နောင် ငြိမ်ငြိမ်လေးအိပ်နေ
သော ရွက်စိမ်းကိုငုံ့ကြည့်ကာဖွဖွပြုံးလိုက်သည်။

"ကောင်စုတ်လေး သူဘဲကောင်းတယ်"

ဦးထက်နောင် ကားမောင်းနေသော သားကြီးကို
တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"Daddy တစ်ခုသိချင်တာရှိတယ်။ ဘာလို့ Blind
Date လုပ်ပြီးတာနဲ့ ကောင်မလေးတွေအကုန်လုံးက
သားကြီးကို ငြင်းသွားကြတာလဲ.."

သစ်မိုးအိမ်က မျက်မှောင်ကြုတ်ကာမေးလာသော
ဦးထက်နောင်စကားကြောင့်ရယ်သည်။ သူကမျက်
ခုံးတစ်ဖက်ကိုအနည်းငယ်ပင့်ကာ မရိုးဖြောင့်သော
အပြုံးတစ်ခုကိုပြုံးသည်။ ပြီးမှပြန်ဖြေလာသည်။

"ကျွန်တော်သူတို့ကို ကောင်းကောင်းဆက်ဆံပါတယ်။တစ်ကယ်ကို ဘာလို့မှန်းမသိတော့ပါဘူး"

ဦးထက်နောင်က ခေါင်းငြိမ့်သည်။ သားကြီး၏ကောင်း
ကောင်းဆက်ဆံပေးမှုကြောင့် တစ်ဖက်မိန်းကလေးများ
မှာနေရခက်ကာရှက်သွားကြပုံရသည်။ ဦးထက်နောင်
သက်ပြင်းချလိုက်သည်။ တောက်ပလွန်းသောအမျိုးသားများသည် လက်တွဲဖော်ရှာရန်ခက်ကြသည်။

ဦးထက်နောင် မသိသည်က သူ၏ဂုဏ်ယူမဆုံးသော
သားကြီးသည် လှပသောအမျိုးလေးများ၏မျက်နှာကို
ကြည့်ကာ သူကဝတ်ရုံလက်ပြတ်(ကွေး)တစ်ယောက်
ဖြစ်ကြောင်း ရုပ်တည်ကြီးဖြင့်ပြောခဲ့သည်ကိုပင်..။

သူမတို့အားလုံး၏အမူအရာသည် အံ့ဩကြောင်အ
ကာ တုန်လှုပ်ခြောက်ခြားသွားကြပြီး နေရာမှချက်ချင်း
ပင် ထွက်သွားချင်ကြသော်လည်း သခင်လေး၏ဖိအား
ပေးကာ ညစာတူတူစားရန်စေခိုင်းခံရသည်။

ထိုသခင်လေးက အကောင်းဆုံးအစားအသောက်များ
မှာကာ အမူအရာမဲ့စွာစားသောက်ပြီးမှ လက်ကိုင်ပုဝါ
ဖြူတစ်ထည်ဖြင့် နှုတ်ခမ်းများကိုညင်သာစွာသုတ်ပြီး
လက်မှနာရီကိုတစ်ချက်ကြည့်သည်။ ပြီးသည်နှင့် သူမတို့ကိုအိမ်ပြန်လိုက်ပို့ပေးကာ ကားတံခါးကိုကိုယ်တိုင်
ဖွင့်ပေးလေသည်။

ထိုအကြောင်းများကို ဦးထက်နောင်သာသိပါက
ကလိမ်ကကျစ်ကောင်ဆိုကာ သွေးအန်ပေလိမ့်
မည်..။ လက်တွေ့တွင်တော့ ဦးထက်နောင်က
သူ့သားကြီး၏ တောက်ပနေမှုကိုသာစိတ်ပူနေ
တော့သည်..။

.............

မနက်ခင်း...

နံနက်ခင်းအချိန်ခါက သာယာသော်လည်း သစ်ပင်ရိပ်
ကောင်းကောင်းများကြောင့် နေပြောက်ပင်မမြင်ရပေ။
ကားလေးတစ်စီးသည် အရှိန်မှန်မှန်ဖြင့်ပြေးလွှားနေပြီး
ကားပေါ်တွင်တော့ လူနှစ်ယောက်လိုက်ပါလာသည်။ယ

တစ်ယောက်က မျက်ခုံးများကိုစုကြုံ့ထားသောကြည့်
ကောင်းသည့်အမျိုးသားဖြစ်၏။ သူကကားကိုအရှိန်
မှန်မှန်ဖြင့်မောင်းနေပြီး လမ်းမဆီသို့အာရုံအပြည့်စိုက်
ထားသည်။ သူ့ဘေးခုံတွင်တော့ လယ်ပိတ်ဆွယ်တာ
အကျႌလေးကို ဝတ်ထားသောလူငယ်လေးထိုင်နေ၏။
လူငယ်လေး၏ပါးလေးနှစ်ဖက်သည် နီမြန်းနေကာ
နူးညံ့ကာအရည်ရွှမ်းမည့်ခရမ်းချဉ်သီးလေးနှင့်တူသည်။

"ခဏပြန်အိပ်ချင်အိပ်လို့ရတယ်။ နောက်နာရီဝက်
လောက်နေမှရောက်မှာ"

"ဟင့်အင်း တိမ်ငယ်မအိပ်ချင်တော့ဘူး ကိုကြီးသူငယ် ချင်း။ ကိုကြီးသူငယ်ချင်းက နွေဦးဂေဟာကိုသွားနေကြ
လားဟင်"

"အင်း တစ်နှစ်တစ်ခေါက်တော့သွားဖြစ်တယ်။
ဘွားဘွားရှိစဉ်ထဲက နွေဦးဂေဟာလေးကို အစစ
အရာရာတာဝန်ယူပေးထားတာ ဘွားဘွားမရှိတဲ့နောက်
ပိုင်း ငါကတာဝန်လက်လွှဲယူလိုက်တာ။ လတိုင်းလိုတာမှန်သမျှပို့ပေးနေကျ။ ဘွားဘွားမွေးနေ့ကြရင်တော့..
ရောက်အောင်လာနေကြလေ"

"ကိုကြီးသူငယ်ချင်း တစ်ယောက်ထဲလာတာလား"

"မဟုတ်ဘူး လာတိုင်း မင်းကိုကြီးလင်းနေက လိုက်
နေကြလေ။ ဒီနှစ်တော့ သူက C နိုင်ငံသွားလို့မလိုက်
ဖြစ်တာ"

တိမ်ငယ်က ခေါင်းငြိမ့်သည်။ ဘာမှမပြောတော့သော်
လည်း ဒီရေလှိုင်းကိုတော့ တစ်ချက်တစ်ချက်ကြည့်နေ
သည်။ ပြောစရာရှိနေသော်လည်း မပြောသောတိမ်ငယ်
ကို ဒီရေလှိုင်းကရိပ်မိသည်။

နွေးဦးဂေဟာသို့ဟုရေးထားသော လမ်းချိုးလေးသို့
ကားကိုကွေ့ချလိုက်ရင်း ဘေးကကောင်လေးကိုခေါင်း
ငဲ့ကာတစ်ချက်ကြည့်လိုက်သည်။

"အရင်နှစ်တွေက မင်းကိုမခေါ်ဖြစ်တာက စာမေးပွဲ
ရာသီနဲ့တိုက်နေလို့ပါ.. တမင်ချန်ထားတာမဟုတ်
ဘူး"

ဒီရေလှိုင်း ဖြေရှင်းစကားပြောလိုက်မှ တိမ်ငယ်က
ခေါင်းလေးကိုတငြိမ့်ငြိမ့်လုပ်နေသည်။ နွေဦးဂေဟာ
ရောက်တော့ ဂေဟာကိုဦးစီးနေသည့်ဆရာမကြီးက
ကြိုစောင့်နေသည်။

ဒီရေလှိုင်းကဆရာမကြီးကိုတလေးတစားနှုတ်ဆက်
လိုက်ပြီး ကားနောက်ခန်းမှ လိုအပ်ပစ္စည်းများနှင့်..
အရုပ်များ မုန့်များကိုချပေးလိုက်သည်။ ကားနား
တွင်ရပ်နေသောကောင်လေးကိုလက်ဆွဲကာအနား
ခေါ်လိုက်ပြီး ဆရာမကြီးနှင့်မိတ်ဆက်ပေးလိုက်သည်။

"ဆရာမကြီး ဒါကကျွန်တော့်တို့အိမ်က ကလေးလေ။
တိမ်ငယ်တဲ့။ ဒီကိုလိုက်လာနေကြ လင်းနေညီလေး
ပါ..။ လင်းနေက ခရီးထွက်သွားလို့ ဒီတစ်ခေါက်လိုက်
မလာတာ"

"ဒါကြောင့်ကိုး ဆရာမကြီးကတောင် သားလင်းနေ
မပါတော့ မေးတော့မလို့။ ကလေးကချစ်စရာလေး
ကွယ်။ အနေအေးတဲ့ပုံလေး.."

"တွေ့ရတာဝမ်းသာပါတယ်ဗျ"

"လူယဉ်ကျေးလေးဘဲ.. ဟိုဘက်မှာ ညီလေးတွေ
ညီမလေးတွေကို အရုပ်လေးတွေဝေပေးဖို့ရှိတယ်။ သားလေးကူညီပေးမလား.."

တိမ်ငယ်က ဒီရေလှိုင်းကိုကြည့်လာသည်။ သူ
ခေါင်းငြိမ့်လိုက်တော့ ပြုံးသွားကာ ဆရာမကြီးကို
ကူညီပေးမည်ဟုဆိုသည်။ တိမ်ငယ်က ဆရာမကြီး
ခေါ်ပေးသော သွက်လက်သည့်ကလေးတစ်ယောက်
နှင့်အတူ အရုပ်များဝေပေးရန်ထွက်သွားသည်။

တိမ်ငယ့်ဘေးတွင် အရုပ်ထုပ်အကြီးကြီးများရှိပြီး
နွေဦးဂေဟာမှကလေးလေးများသည် ဆရာမများ
၏အကူအညီဖြင့် ညီညီလေးတန်းစီကာ တိမ်ငယ့်
ကိုမျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေကြသည်။

တိမ်ငယ်မှာ မျက်လုံးဝိုင်းများစွာဖြင့်အကြည့်ခံရသော
ကြောင့် အနေရခက်စွာရယ်ပြလိုက်သောအခါ မြင်ရ
ခဲသော သွားညီညီဖွေးဖွေးလေးများကပေါ်လာသည်။
မနီးမဝေးတွင်ဆရာမကြီးနှင့်စကားပြောနေရင်း တိမ်
ငယ့်ဘကိကိုလှမ်းကြည့်သော ဒီရေလှိုင်းသည် စကား
ပြောလက်စပင် တစ်ခဏရပ်သွားရသည်။

"ဝါး.. ဒီကိုကိုကလှလိုက်တာ"

စူးစူးကျယ်ကျယ်လေးဖြင့် fangirl လေးက
Idol ကိုတွေ့သလိုပြောလာသောကလေးအသံ
လေးကြောင့် တိမ်ငယ်မှာပါးလေးများပင်ရဲတက်
အောင်ရှက်သွားရသည်။ အသံစူးစူးကျယ်ကျယ်
လေး၏အရင်းတည်ရာက တန်းစီနေသောနေရာ
၏ စီနီယာနောက်ဆုံးနေရာမှဖြစ်သည်။ ဂါဝန်
ကားကားလေးနှင့်ခြေတိုတိုလေးများရှိသော
ကလေးလေးက ဆံပင်အကုတ်လေးကိုရှေ့တိ
လေးဖြင့်ဖြစ်သည်။

"ကို..ကိုကိုကချောတာ လှတာမဟုတ်ဘူး.."

တိမ်ငယ် ပြန်ဖြေရှင်းလိုက်သည်။

"လှတာ လှတာ အရမ်းလှတာ ယွန်းယွန်းသိတယ်။
မယုံရင် ယွန်းယွန်းသူငယ်ချင်းတို့ကိုမေးကြည့်.."

ကျန်ကလေးတစ်သိုက်ကလဲခေါင်းငြိမ့်ကာထောက်ခံ
ကြသည်။ တိမ်ငယ်မှာ မျက်နှာလေးကိုလက်လေးဖြင့်
ကွယ်လိုက်မိသည်။ ဒီရေလှိုင်းကတော့ တိမ်ငယ်ပုံ
လေးကြောင့် နှုတ်ခမ်းများတွန့်ကွေးနေတော့သည်။

တိမ်ငယ်က ကလေးများကိုအရုပ်လေးများဝေပေး
နေလိုက်သည်။ အစောက အသံစူးစူးကျယ်ကျယ်
လေးနှင့် ကလေးမလေးအလှည့်သို့ရောက်သော
အခါ ချစ်စရာကောင်းသော ဝက်ဝံရုပ်လေးကိုပေး
လိုက်သည်။

သို့သော်ခြေတိုတိုလေးများကနောက်သို့ဆုတ်သွား
ကာ သူ၏လက်ဖောင်းဖောင်းလေးများကိုနောက်
ပြစ်ကာ ဂါဝန်နောက်သို့ပင်ဖွက်လိုက်သေးသည်။

"ဘာဖြစ်လို့လဲဟင် ဒီအရုပ်မကြိုက်လို့လား
ယွန်းယွန်း"

ကလေးမလေးကသူ၏ခေါင်းလုံးလုံးလေးကိုယမ်း
သည်။ သူ၏ဆံပင်အကုတ်လေးယိမ်းခါသွားသည်
အထိပင်။ သူက လက်ညိုးလေးတစ်ဖက်ကိုကွေး
ကာ တိမ်ငယ်ကိုခေါင်းငုံ့ပေးပါရန်အမူအရာပြသည်။

တိမ်ငယ် ခေါင်းလေးငြိမ့်ကာ ကလေးမလေးနှင့်
တစ်တန်းထဲဖြစ်စေရန် ဒူးတစ်ဖက်ထောက်ကာ
ထိုင်လိုက်သည်။

"အရမ်းလှတဲ့ကိုကို့ကို မိပြီကွ"

ကလေးမလေးသည် တိမ်ငယ်ဆီသို့ကိုယ်သေးသေး
လေးကို ပြစ်ဝင်လိုက်သည်။ တစ်စက္ကန့်ပင်မခြားဘဲ
တိမ်ငယ်၏နီမြန်းနေသော ပါးလေးနှစ်ဖက်လုံးကို
သွားသေးသေးလေးများဖြင့် ကိုက်ပြစ်လိုက်လေ၏။

"အ..အ့!!.."

"အိုက်ရား မနက်ကယွန်းယွန်းစားတဲ့ ကိတ်ကလေး
လိုဘဲ"

တိမ်ငယ် လန့်သွားကာဘာမှမလုပ်နိုင်ခင်မှာပင်
ယွန်းယွန်းက တိမ်ငယ်မျက်နှာတစ်ခုလုံးကို တမွမွ
ဖြင့်လုပ်နေသောကြောင့် တိမ်ငယ်မျက်လုံးလေးများ
ပုတ်ကလက် ပုတ်ကလက်ဖြစ်သွားရသည်။ သူက
တိမ်ငယ်ကို အတော်ကိုအသည်းယားနေပုံရသည်။

တိမ်ငယ်၏ နှုတ်ခမ်းနီထွေးထွေးလေးကိုအကြည့်
အရောက် နှုတ်ခမ်းလေးထော်ကာမွပြစ်ရန်လုပ်၏။
သို့သော်..ထိုစဉ်မှာပင် သုံးနှစ်သမီးလေးယွန်းယွန်း
၏ ကိုယ်သည်လေပေါ်သို့မြှောက်တက်သွားကာ
လေထဲတွင် ကားယားကားယားလေးဖြစ်နေတော့
သည်။

ဒီရေလှိုင်းက ကြောက်စရာကလေးမလေးကို
ဂုတ်ကမကာ ဆွဲဖယ်လိုက်ပြီး ပြန်မချပေးသေး
ဘဲ တိမ်ငယ်ကိုအရင်ဆွဲထူလိုက်သည်။ တိမ်ငယ်
က ယွန်းယွန်း၏တစ်ကိုယ်လုံးပြစ်ဝင်လိုက်ကတည်း
ကမြေပေါ်လဲကျသွားခြင်းဖြစ်သည်။

"မင်း အဆင်ပြေရဲ့လား"

"အ..အဆင်ပြေပါတယ် ကိုကြီးသူငယ်ချင်း"

ဒီရေလှိုင်းက ခေါင်းငြိမ့်ပြီး လေထဲတွင်ကားယား
ဖြစ်နေသည့်တိုင် တိမ်ငယ်ကိုရီပြနေသော ယွန်းယွန်း
ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။

"သူက စားစရာမဟုတ်ဘူး နောက်ခါမလုပ်နဲ့"

"ဘာလို့လဲ အဟင့် အူးဝါး..~ အရမ်းလှတဲ့ကိုကို
ပါးလေးက ယွန်းယွန်းကြိုက်တဲ့ကိတ်လေးနဲ့တူ
တာကို.. ယွန်းယွန်းကိတ်လေးပြန်ပေး အီးဟီးဟီး!!"

"တိတ်!"

"အိ!"

တိကနဲနေအောင် တိတ်ကျသွားသော ယွန်းယွန်းက
မျက်ရည်ဥကြီးများတလိမ့်လိမ့်ကျကာ တိမ်ငယ်ကို
ကြည့်နေသည်။ တိမ်ငယ် ဒီရေလှိုင်း၏လက်မောင်း
ကိုဆွဲကာ လေထဲတွင်ချာလည်လည်ဖြစ်နေသော
ကလေးကိုအရင်ချပေးရန်ပြောရသည်။

"ကိုကြီးသူငယ်ချင်း ကလေးကိုချပေးလိုက်ပါနော်..
ငိုနေပြီ"

"ကောင်းပြီ"

ဒီရေလှိုင်းက ယွန်းယွန်းကိုမြေပေါ်ပြန်ချပေးလိုက်
ပြီး လက်ဖောင်းဖောင်းလေးများဖြင့်မျက်ရည်များ
ပွတ်သုတ်နေသည်ကို ဂရုမစိုက်ပေ။ တိမ်ငယ်၏
မျက်နှာလေးကို လက်ဖဝါးကြီးနှစ်ဖက်ထဲထည့်ကာ
အုပ်ကိုင်ရင်း ကိုက်ရားအထင်းသားဖြင့်ပါးလေးနှစ်
ဖက်ကိုစစ်ဆေးလိုက်သည်။

"နာသွားလား"

"ဟို မနာပါဘူး ကိုကြီးသူငယ်ချင်း"

တိမ်ငယ်က ပြောသောလည်း ဒီရေလှိုင်းကအခုထိ
မျက်မှောင်များတွန့်ချိုးထားတုန်းပင်။ ဒီရေလှိုင်း၏
စူးရှသောအကြည့်များက ယွန်းယွန်းဆီရောက်သွား
သည်။

"သူကငါ့ခရမ်းချဉ်သီး နောက်မလုပ်နဲ့!"

ထိုစဉ်မှာပင် အန်တီကြီးတစ်ယောက်က အပြေး
ရောက်လာသည်။

"ဟယ်..ယွန်းယွန်း ဘာဖြစ်တာလဲ။ သားတို့ကို
အနှောင့်အယှက်ပေးမိတာလား.. အားနာလိုက်
တာကွယ်။ အန်တီက ဒီမှာလုပ်လာပေးတဲ့ဆရာမပါ။ အန်တီလာတိုင်း ယွန်းယွန်းကိုပါခေါ်လာနေကြလေ။ ဟို..သားလေးပါးမှာ ကိုက်ရာကြီးနဲ့ ယွန်းယွန်း လက်
ချက်လား။ တောင်းပန်ပါတယ် တစ်ကယ်ကိုအားနာ
ပါတယ်.."

"ရပါတယ်ဗျ တိမ်ငယ်ဘာမှမဖြစ်ပါဘူးဗျ"

"ကျေးဇူးတင်ပါတယ် ကလေးရယ် အန်တီတစ်ကယ်
ကို အားနာပါတယ်။ အန်တီတို့ကိုသွားခွင့်ပြုပါဦးနော်"

အန်တီကြီးက ယွန်းယွန်းကိုချီကာပြန်ထွက်သွားသည်။

"ဘယ်လိုဟာလေးမှန်းမသိဘူး တိုင်မှာချည်ထားရ
မှာ.."

"ကိုကြီးသူငယ်ချင်း"

"တော်ပြီ ဆေးသွားထည့်မယ်"

"ဟုတ်ကဲ့"

ဒီရေလှိုင်း ဆရာမကြီးဆီမှဆေးတောင်းကာ တိမ်ငယ့်
ပါးလေးကို ဆေးထည့်ပေးလိုက်သည်။ အနီးကပ်မို့
ခပ်စိမ်းစိမ်းသွေးကြောလေးများကို အရေခွံပါးလေးက
ဖုံးထားပြီး နီမြန်းနေပုံကိုအသေးစိတ်မြင်နေရသည်။

ဒီရေလှိုင်း ပါးပြင်လေးကိုအတော်ကြာတို့ထိနေပြီးမှ
မျက်နှာလွှဲကာ ဆေးလိမ်းခြင်းကိုအဆုံးသတ်လိုက်
သည်။

"နောက်ခါ အန္တရာယ်ရှိတဲ့သတ္တဝါတွေနားမကပ်နဲ့
ငါပြောတာနားလည်လား.."

တိမ်ငယ်က အူကြောင်ကြောင်လေးဖြင့်ခေါင်းလေး
ငြိမ့်လာသောအခါ ဒီရေလှိုင်းက တိမ်ငယ်ကိုသေ
ချာကြည့်နေသည်။ အာရုံစိုက်ထားမှုကြောင့် တိမ်ငယ်
၏ မျက်တောင်လေးများ ရွေ့လျားသွားပုံကအစမြင်နိုင်
သည်။

ဒီရေလှိုင်း ကိုယ်ကိုအနည်းငယ်ကိုင်းကာ တိမ်ငယ်၏
နဖူးပြင်လေးကို နှုတ်ခမ်းအစုံထိကပ်လိုက်သည်။ ထို
အခါ တိမ်ငယ်မျက်ဝန်းလေးများသည် အထိတ်တလန့် ဖြင့်မှိတ်ကျသွားရသည်။

ဒီရေလှိုင်း ချောင်းအသာဟမ့်လိုက်သည်။

"အဟမ်း! စကားနားထောင်တာကောင်းတယ်"

............

"ခရီးသည်များတင်ဆောင်ထားသော လေယာဉ်အမှတ်
**** သည် C နိုင်ငံလေဆိပ်သို့မကြာခင်ဆင်းသက်
တော့မှာဖြစ်ပါတယ်ရှင်.."

လင်းနေ ခရီးစဉ်တစ်လျောက် သူ့ကိုမှီကာအုပ်မိုး
မတတ်အိပ်နေသော ဝမ်ဟိုင်ကိုနိုးရန်လုပ်ရသည်။
လင်းနေ၏ ပုခုံးတစ်ဖက်လုံးသည်ထုံကျင်နေပြီဖြစ်
သည်။

"ဝမ်ဟိုင် ထတော့ ကိုယ်တို့မကြာခင် C နိုင်ငံ
လေဆိပ်ကိုရောက်တော့မှာ"

ဝမ်ဟိုင်က ထိုအခါမှမျက်လုံးများဖွင့်လာကာ တဖြည်း
ဖြည်းဆင်းသက်နေသော လေယာဉ်ကြောင့်ကျေနပ်စွာ
ပြုံးသည်။ ဝမ်ဟိုင် သူ့ဘေးမှသူကိုရီဝေဝေဖြင့်ကြည့်
လိုက်သည်။

သူရဲ့ပိုင်နက်ကိုရောက်ပြီ..။ ယုန်ငယ်လေးကို သူ့
နယ်မြေထဲလှည့်စားကာ ခေါ်လာနိုင်ခဲ့ပြီ။ အခုတော့
လင်းနေက သူ့အပိုင်ဆိုတာ ကြော်ငြာမည်ကို လင်းနေ
ကိုယ်တိုင်ပင် တားနိုင်မည်မဟုတ်တော့ပေ..။

.............

"ဘယ်လိုဖြစ်လို့ ဦးလေးက ဆေးရုံတင်ရတာလဲ"

သစ်မိုးအိမ် မျက်ခုံးများတွန့်ချိုးသွားကာ အနီရင့်ကို
ကြည့်လိုက်သည်။ ဘယ်လိုဖြစ်လို့ ဦးလေးသော်ထက်
သတင်းကိုပြောလာသူက အနီရင့်ဆိုသောသူမဖြစ်နေ
ရတာလဲ။

သစ်မိုးအိမ်၏ အကြည့်များထဲမှအမေးကိုသိသော
အနီရင့်ကပြောလာသည်။ သူမ၏ပုံစံလေးက ပင်ပန်း
ကာ အလွန်ပင်နွမ်းလျနေသည်။

"တ..တကယ်တော့ ကိုသစ်ဦးလေးက ရင့်ဖေဖေပါ
ဖေဖေနဲ့မေမေက C နိုင်ငံမှာတွေ့ကြတာပါ။ နောက်
ပိုင်း ဖေဖေနဲ့မေမေ လမ်းခွဲဖြစ်သွားတော့ ရင့်က
မေမေ့ဗိုက်ထဲမှာ ကျန်ခဲ့တာ..အဲ့ထဲက မေမေက
Single mother အဖြစ် ရင့်ကိုပျိုးထောင်လာ
တာပါ..။ တစ်ကယ်တော့ ရင့်တို့မိသားစုပြန်စုံရ
တာလည်းမကြာသေးပါဘူး.."

သစ်မိုးအိမ် မထူးဆန်းတော့ အရင်က ဦးသော်ထက်
က အနီရင့်ကိုအတော်ကိုအရေးပေးကာ သူနှင့်ပင်
သဘောတူကြောင်းပြောခဲ့သည်။ ထိုအချိန်က သူ
ထူးဆန်းသလိုခံစားရသော်လည်း ဦးလေးကသူ့ကို
ချစ်သောကြောင့် သူရွေးချယ်သောအနီရင့်ကိုလက်ခံ
ပေးသည်ဟုထင်ခဲ့သည်။ ပြန်တွေးကြည့်မှ သူ့သမီးဖြစ်  သောကြောင့် အလေးပေးနေခဲ့ခြင်းပင်။

"ဖေဖေက ကိုသစ်ကိုသိပ်ချစ်တာ ကျေးဇူးပြုပြီး
ဆေးရုံကိုတစ်ခေါက်လောက်လာကြည့်ပေးနိုင်မလား
ဟင်.. ရင့် တောင်းဆိုပါတယ်"

အနီရင့် မတောင်းဆိုလျှင်ပင် တစ်ခါတော့သွားကြည့်
ရန်တွေးထားသောကြောင့် လက်ခံလိုက်သည်။

"ကျိန်းသေပေါက် လာကြည့်ပါ့မယ်"

ထိုအခါခေါင်းငုံ့ထားသော အနီရင့်ကျေနပ်စွာပြုံး
လိုက်သည်။

............

JM(211107)
Next>>>>>

Comment