Final(1)

(Zawgyi)🍀🍀🍀🍀

Final (1)
(ကိုယ္..ခ်စ္ေသာ clover..!!..)

ႏွစ္ဖက္အေျခအေနမ်ားမွာ ပိုကာတင္းမာလာၿပီး
အခ်ိန္မေရြးထေပါက္ေတာ့မည့္ ခ်ိန္ကိုက္ဗံုးမ်ား
ႏွယ္ျဖစ္ေနၾက၏။ သစ္မိုးအိမ္ဘက္မွသူမ်ားသည္
တစ္ဖက္မွသူမ်ားကို သတ္ျဖတ္ျပစ္ခ်င္ေနၾကမွန္း
သိသာေသာ္လည္း မလႈပ္႐ွားၾက..။

"သခင္ေလးကို က်ဳပ္တို႔ကိုလႊဲေပးပါ။ ၿပီးရင္ ခင္ဗ်ား
တို႔ထြက္သြားလို႔ရၿပီ။ Mr.X က ခင္ဗ်ားတို႔ကိုဒီတစ္
ႀကိမ္အလြတ္ေပးခိုင္းထားတာမို႔ ခင္ဗ်ားတို႔အသက္႐ွင္
ႏိုင္တယ္မွတ္ပါ။ မဟုတ္တာမလုပ္ဘဲ သခင္ေလးကို
က်ဳပ္တို႔ဆီျပန္လႊဲေပးပါ"

"ေလက်ယ္ေနေသးတယ္ ဘယ္သူကရွင္တို႔ကို
ေၾကာက္လို႔လဲ"

အနီရင့္ ေသြးအိုင္ထဲၿငိမ္ေနေသာ သစ္မိုးအိမ္
အနားသို႔သြားကာၾကည့္လိုက္၏။ အားလံုးထက္သာ
လြန္ကာ ေတာက္ပေသာသူသည္ အခုခ်ိန္တြင္ေတာ့
ေသြးအိုင္ထဲတြင္ အ႐ွံဳးသမား တစ္ေယာက္အျဖစ္
လဲ​ေလ်ာင္းေန၏။သူမကိုလ်စ္လ်ဴ႐ႈေသာထိုသူသည္
သူႏွင့္တန္ေသာ ဇာတ္သိမ္းကို ရသြားျခင္းပင္။

ေက်နပ္သည္။ သူမ တစ္ကယ္ကိုေက်နပ္သည္။

အနီရင့္ အျပံဳးတစ္ခုကိုခ်ိတ္ဆြဲကာ ႂကြရြေသာေျခ
လွမ္းမ်ားျဖင့္ မိုင္းအနားသို႔ေလ်ာက္သြားလိုက္သည္။
မ်က္ရည္မ်ားက်ကာ မိုင္းလက္ထဲမွ အတင္း႐ုန္းေန
​ေသာ ရြက္စိမ္းကို ေလွာင္ေျပာင္သလိုၾကည့္လိုက္
ၿပီး...

"daddy.. ရင့္တို႔ ဒီေကာင္ေလးကိုပါ ျမန္ျမန္
အဆံုးသတ္ၿပီးရင္ သြားရေအာင္"

လူသတ္ရန္ေျပာေနေသာ သူမကခပ္ျပံဳးျပံဳး။ ေက်နပ္
အားရမႈမ်ားက သူမမ်က္ႏွာတြင္အထင္းသားေပၚေန
၏။ မိုင္း စိတ္႐ႈပ္ေထြးစြာ​ေျပာလိုက္သည္။

"ေကာင္ေလးကိုမထိန႔ဲ ငါသစ္မိုးအိမ္ကို ကတိေပး
ထားတယ္။ ေကာင္ေလးကိုဘာမွမျဖစ္ေစရဘဲ အိမ္
ျပန္ပို႔ရမယ္"

"႐ူးေနလား! ဟို ရင့္ေျပာတာက ဒီေကာင္စုတ္ေလး
က ရင့္တို႔လုပ္ထားတာေတြအကုန္သိကုန္ၿပီေလ..။
သူသာ ရဲသြားတိုင္ရင္ အကုန္႐ႈပ္ကုန္မွာေပါ့။ ရင့္
အထင္ အေကာင္းဆံုးက ရင့္တို႔ ဒီေကာင္စုတ္ေလး
ကို အဆံုးသတ္လိုက္တာပါ"

အနီရင့္က ခ်ိဳသာလိုက္ တင္းမာလိုက္ျဖင့္ေျပာသည္။
သူမ၏မတည္ၿငိမ္ေသာ စကားသံက သူမ၏စိတ္အစဥ္
ကိုထင္ဟပ္ေနသည္။

"သတ္လိုက္ပါ အ့ဲအမိႈက္ေကာင္ေလးကို သတ္ျပစ္
လိုက္!"

သူမက ထပ္ခါထပ္ခါသာ တိုက္တြန္းေနၿပီး မိုင္း၏
သူမကို႐ႈပ္ေထြးစြာၾကည့္ေနေသာ အမူအရာကိုေတာ့
သတိမထားမိေပ။

"ငါမလုပ္ႏိုင္ဘူး"

မိုင္း ယတိျပတ္ျငင္းလိုက္သည္။ ထိုအခါ အနီရင့္
မ်က္ႏွာမွာခက္ထန္သြားကာ သူမ၏ဟန္ေဆာင္ထား
ေသာ အမူအရာမွာၿပိဳကြဲသြားရသည္။ သူမက မိုင္းကို
သူမ၏နယ္႐ုပ္လို တြက္ဆထားျခင္းျဖစ္ၿပီး သူမကို
အခုလို တြန္းလွန္လာမည္ဟုမထင္ထားေပ။

"အကုန္လံုးျပီးဆံုးခါနီးမွ ဘာထျဖစ္ရတာလဲ!။ တစ္
သက္လံုး ကြၽန္မအတြက္ လုပ္ေပးခ့ဲတာဘာမ်ား႐ွိဖူး
လို႔လဲ။ ကြၽန္မကိုအားနာရင္ အနည္းဆံုးေတာ့ လူ
စိတ္႐ွိေသးရင္ သတ္လိုက္! သူ႔ကိုသတ္လိုက္!.."

မိုင္းက ဂ႐ုမစိုက္ေပ။ ရြက္စိမ္းကိုခ်ဳပ္ထားေသာ
လက္မ်ားကိုလႊတ္ကာ ေျပာလာသည္။

"သြားေတာ့ေကာင္ေလး မင္းအစ္ကိုရဲ႕လူေတြက
မင္းကို အိမ္ျပန္ပို႔ေပးလိမ့္မယ္"

" အား...!!! အသံုးမက်တ့ဲသူ ႐ွင္မသတ္ရင္
ကြၽန္မကိုယ္တိုင္သတ္ျပမယ္.."

လ်ွပ္တျပက္အတြင္း အျဖစ္အပ်က္မ်ားက ျမန္ဆန္
လြန္းသည္။ ရြက္စိမ္းကိုေသနတ္ႏွင့္ ခ်ိန္လိုက္ေသာ
အနီရင့္ေၾကာင့္ မိုင္း မ်က္ႏွာပ်က္သြားရသည္။

က်ယ္ေလာင္ေသာ ေသနတ္သံကထြက္ေပၚလာသည္
နွင့္အတူ ေသြးနီတစ္ခ်ိဳ႕စြန္းထင္းေလျပန္ေတာ့၏။

...........

(***) ေဆးရံုတြင္ျဖစ္သည္။

အခန္းနံပါတ္ (502) ဟုခ်ိတ္ဆြဲထားေသာ ေဆးရံု
ခန္း၏ေ႐ွ႕တြင္ အျခားအခန္းမ်ားႏွင့္မတူဘဲတူညီဝတ္
စံုဝတ္ထားေသာသူမ်ားက ရပ္ကာေစာင့္ၾကပ္ေနသည္။
အခ်ိန္ျပည့္ ေစာင့္ၾကပ္ေနျခင္းျဖစ္ၿပီး တာဝန္႐ွိဆရာဝန္
မ်ားမွအပ အသြားအလာကန္႔သတ္ထားသည္။

"ေဘာလံုးေလး သားႀကီးကို Daddy တစ္လွည့္
ျကည့္ေပးမယ္ေလ ခဏေလာက္အိပ္လိုက္ပါလား
ကြာ"

ဦးထက္ေနာင္ ရြက္စိမ္းေခါင္းေလးကိုဖြဖြပြတ္ကာ
​ေျပာလိုက္သည္။ ဦးထက္ေနာင္က သတင္းရရျခင္း
ခ်က္ခ်င္း လိုက္လာခ့ဲျခင္းျဖစ္ၿပီး မိုးေဝကိုေတာ့
ကုမၸဏီအလုပ္မ်ားၾကည့္ရန္ အကူအညီေတာင္းခ့ဲ
သည္။

သူေရာက္ထဲက သစ္မိုးအိမ္အနားကမခြာေသးေသာ သားငယ္ရြက္စိမ္းကိုလည္း ဦးထက္ေနာင္ စိတ္ပူရ
သည္။ သားတစ္ေယာက္က ေဆးရံုကုတင္ထက္လဲ
ေလ်ာင္းေနခ်ိန္ ေနာက္တစ္ေယာက္ပါလဲသြားေသာ
အျဖစ္မ်ိဳးမျဖစ္​ေစခ်င္ပါ။

"ကိုကို႔နားေနခ်င္လို႔ပါ daddy ရ့ဲ ဟီး~"

ရြက္စိမ္း ဦးထက္ေနာင္ စိတ္မပူေအာင္ ပါးျပင္ထက္
မွပါးခ်ိဳင့္ႀကီးမ်ားေပၚသည္အထိျပံဳးျပလိုက္သည္။ ဦး
ထက္ေနာင္ဆီမွ မခ်င့္မရဲ ေရရြတ္သံကထြက္လာ၏။

"ေကာင္စုတ္ေလး လာရယ္ျပေနေသးတယ္
ဘာစားခ်င္လဲ Daddy ကိုေျပာ.. ဘာမွမစားလို႔
ေတာ့မရဘူးေနာ္။ ဗိုက္ထဲအစာမ႐ွိရင္ ေနမေကာင္း
ျဖစ္လိမ့္မယ္။ daddy ကိုေျပာ daddy သြားယူ
ေပးမယ္"

အမွန္တြင္ ရြက္စိမ္းဘာမွစားခ်င္စိတ္မ႐ွိေပ။ သို႔
ေသာ္ အစာတစ္ခုခုစားကာ အားေမြးထားမွကိုကို႔
အနားတြင္႐ွိေပးႏိုင္မည္ကို သိေသာေၾကာင့္..

"ၾကက္သားစြပ္ျပဳတ္ေလးန႔ဲ ေခါက္ဆြဲသုပ္စားခ်င္
တယ္ daddy"

"daddy အခုသြားယူေပးမယ္ေနာ္"

ဦးထက္ေနာင္ ထြက္သြားေတာ့ အခန္းတြင္းတိတ္
ဆိတ္သြားကာ သစ္မိုးအိမ္ႏွင့္ရြက္စိမ္းသာ႐ွိေတာ့
သည္။ ရြက္စိမ္းက ကုတင္ေဘးခံုတြင္ထိုင္ေနျခင္း
ျဖစ္သည္။ ရြက္စိမ္း သစ္မိုးအိမ္ေဘး႐ွိကုတင္ေနရာ
လြတ္တြင္ေခါင္းေလးတင္ၿပီး သစ္မိုးအိမ္မ်က္ႏွာကို
ၿငိမ္ၿငိမ္ေလးၾကည့္ေနလိုက္သည္။

တာဝန္ခံ ဆရာဝန္ဆီမွ စိုးရိမ္စရာမ႐ွိေတာ့ပါဟုဆို
လာေသာ္လည္း သတိျပန္လည္မလာေသးသူေၾကာင့္..
ရြက္စိမ္း စိတ္မေအးႏိုင္ေသးပါ။ဆရာဝန္ေျပာတာေတာ့
ေသြးထြက္လြန္သြားေၾကာင့္ျဖစ္ၿပီး မၾကာခင္သတိျပန္
လည္လာပါလိမ့္မည္တ့ဲ..။

ရြက္စိမ္း ပတ္တီးျဖဴျဖဴစီးထားေသာ သစ္မိုးအိမ္၏
လက္တစ္ဖက္ကိုဖြဖြကိုင္ကာ မ်က္ႏွာကိုသာတစ္ခ်ိန္
လံုးၾကည့္ေနသည္။ ရြက္စိမ္းက ေဆးရံုေရာက္စထဲ
က ထိုသို႔႐ွိေနျခင္းျဖစ္ၿပီး အနည္းငယ္ပင္အနားမယူ
ရေသးေပ။ သစ္မိုးအိမ္ကိုသာ စိုးရိမ္ေနေသာမ်က္လံုး
မ်ားျဖင့္သာ တစ္ခ်ိန္လံုးၾကည့္ေနသည္။

ဦးထက္ေနာင္ စိတ္ပူရေသာအေၾကာင္းမ်ားထဲတြင္
ၿငိမ္သက္လြန္းေနေသာ ရြက္စိမ္းပံုစံေၾကာင့္လည္း
ပါ၏။ သစ္မိုးအိမ္၏ ထိခိုက္မႈက ရြက္စိမ္းအေပၚ..
အေတာ္ကိုသက္ေရာက္မႈႀကီးသည္။ ႀကိမ္းစပ္ေန
​ေသာမ်က္လံုးမ်ားေၾကာင့္ ရြက္စိမ္းမ်က္ေတာင္ေလး
ကိုပိတ္လိုက္ဖြင့္လိုက္ လုပ္လိုက္ရင္းေတာင့္ခံထား
လိုက္သည္။

ရြက္စိမ္း ဘယ္လိုပင္ေတာင့္ခံထားေသာ္လည္း ဒီရက္
မ်ားတြင္ ၾကံဳရသည္မ်ားေၾကာင့္ ရြက္စိမ္းခနၶာကိုယ္
သည္ ပင္ပန္းေနၿပီျဖစ္သည္။ ရြက္စိမ္း တျဖည္းျဖည္း
မ်က္လံုးေလးမ်ားစဥ္းကာ အိပ္ေပ်ာ္သြားသည့္တိုင္..
သစ္မိုးအိမ္၏ လက္ဖဝါးႀကီးကိုေတာ့ ဂ႐ုတစိုက္ျဖင့္
ဆုပ္ကိုင္ထားတုန္းပင္။

ေဆးရံုးခန္းေလးတြင္း တိတ္ဆိတ္ကာ လူႏွစ္ဦး၏
အသက္႐ွဴသံမွန္မွန္သာ ထြက္ေပၚေနေလသည္။
.
.
.
"ကိုသစ္ အ့ဲေကာင္ေလးကို အရမ္းမုန္းတာဘဲလား"

စံုတြဲတစ္ခုသည္ စားေသာက္ဆိုင္၏သီးသန္႔ခန္းထဲ
တြင္ ေန႔လည္စာတူတူစားေနၾကျခင္းျဖစ္၏။ စံုတြဲထဲ
မွ ေကာင္မေလးကေမးလိုက္ေသာအခါ တစ္ဖက္မွ
သူ၏ ခရင္းဇြန္းကိုင္ထားေသာ လက္မ်ားတစ္ခဏ
ရပ္တန္႔သြားသည္။ ၿပီးမွျပန္ေျဖလာသည္။

"အင္း ကိုယ္မုန္းလြန္းလို႔ သူ႔ကိုေပ်ာက္ကြယ္သြားေစ
ခ်င္တ့ဲအထိဘဲ"
.
.
ကြန္တိန္နာမ်ားသာထားရာ ဆိပ္ကမ္းတစ္ခု၏ဂိုေဒါင္
ပ်က္ထဲတြင္ျဖစ္ၿပီး ျငင္းဆိုသံေလးကထင္ထင္႐ွား႐ွား
ထြက္လာသည္။

"ဟင့္အင္း မဟုတ္ဘူး ကိုကိုက ႐ြက္စိမ္းကိုကို။
မဟုတ္ဘူး ဟင့္အင္း မဟုတ္ဘူးလိမ္ေနတာ ..
ဟုတ္တယ္ခင္ဗ်ား တို႔လိမ္ေနတာ"

ဖုန္းေခၚဆိုမႈကိုရပ္ကာ ဖုန္းကိုျပန္သိမ္းလိုက္ေသာသူ
ကေလွာင္ၿပဳံးၿပဳံးလိုက္ေသး၏။ေသြးပ်က္ကာအသည္းအသန္ျငင္းေနေသာေကာင္ေလးကိုၾကည့္ကာေျပာလာသည္။

"ေကာင္ေလးမင္းက ငါ့တို႔ေဘာ့အတြက္ဘယ္လို
တည္ရွိမႈဆိုတာသိၿပီမလား..ေဘာ့က မင္းကိုသင္ခန္း
စာေကာင္းေကာင္းေပးဖို႔ငါတို႔ကိုငွားထားတာ..ငါတို႔
စိတ္တိုင္းက် ကစားလို႔ရတယ္တဲ့။ ဒါေပမယ့္ငါတို႔က
အမို႔ေမာက္ေတြနဲ႕ေကာင္မေလးေတြဘဲစိတ္ဝင္စားတာ.."

ထိုသူကေျပာရင္းျဖဴေဖြးေနေသာေကာင္ေလး၏
ပိန္ပါးပါးကိုယ္ေလးကို ထပ္ေအာက္စုန္ဆန္ၾကည့္
သည္။

"အင္း..အသစ္အဆန္းေလး စမ္းၾကည့္ရလဲ
မဆိုးပါဘူးေလ ဟားဟား"

လူစုသည္ ​ေကာင္ေလးအနားကို ပိုကာပိုကာတိုးကပ္ လာေတာ့၏။
.
.
အုတ္ခဲႏွင့္႐ိုက္ကာ အလစ္အငိုက္တြင္ထြက္ေျပး
သြားေသာေကာင္ေလးကို လူစုသည္႐ွာေဖြေသာ္
လည္းမေတြ႔ေသာအခါ ေဒါသတႀကီးေတာက္ေခါက္
လိုက္သည္။ သူတို႔၏ေခါင္းေဆာင္ဆီသို႔ အစီရင္ခံရန္
လုပ္ရေတာ့သည္။

"ေခါင္းေဆာင္ ေကာင္ေလးကိုလြတ္သြားပါတယ္"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ေခါင္းေဆာင္ ..
ေကာင္ေလးက အလစ္အငိုက္မွာထြက္ေျပးသြား
လို႔ပါ"

"ဟုတ္က့ဲ က်န္တာအားလံုး စီစဥ္ထားတ့ဲတိုင္းအကုန္
ျဖစ္ပါတယ္။ ေကာင္ေလးဘဝကို မဖ်က္စီးလိုက္ရ
​ေပမယ့္ သူ႔အတြက္တစ္သက္လံုးစိတ္ေျခာက္ျခား
​ေနဖို႔ လံုေလာက္ပါတယ္ ေခါင္းေဆာင္.."

တစ္ဖက္မွသူသည္ တာဝန္ေက်တယ္ ဆိုေသာစကားကိုေျပာကာ ဖုန္းခ်သြားသည္။ တစ္ဖက္မွသူသည္
ဖုန္းခ်ၿပီးသည္ႏွင့္ ေနာက္ထပ္ဖုန္းနံပါတ္တစ္ခုကိုႏွိပ္ ကာ ဖုန္းေခၚလိုက္သည္။

"မမေလး အစီအစဥ္အတိုင္း လုပ္ၿပီးပါၿပီ ေကာင္ေလး
ကေတာ့ လြတ္သြားပါတယ္။ သူ႔ရဲ႕စိတ္အေျခအေနန႔ဲ
ဆို ဘယ္သူ႔ကိုမွျပန္ေျပာရဲမွာ မဟုတ္ပါဘူး။ စိတ္မပူ
ပါန႔ဲ မမေလး"

တစ္ဖက္မွမမေလးကို ျပန္ေျဖလိုက္ၿပီး ဆက္ေျပာ
လိုက္သည္။

"သခင္ႀကီးကိုလည္း သူ႔အမိန္႔အတိုင္းေကာင္ေလး
ကို ဖမ္းလာၿပီးၿပီလို႔ေျပာထားပါတယ္ မမေလး။ အခု
​ေကာင္ေလးလြတ္သြားေၾကာင္း သတင္းပို႔လိုက္ပါ့မယ္။
မမေလးန႔ဲ ပတ္သတ္မႈမ႐ွိေစရပါဘူး"

"ဟုတ္က့ဲ ဥကၠဌက မနက္ျဖန္မွာ ေန႔လယ္ပိုင္း
​ေလာက္က်ရင္ (**) Garden ကိုသြားမွာပါ
မမေလး"

ထိုသူက သူလုပ္ေနက်အတိုင္း သတင္းအတိအက်
​ေပးၿပီးသည္ႏွင့္ ဖုန္းခ်လိုက္ကာမလွမ္းမကမ္းတြင္
​ေလ်ာက္လာေသာ ဝန္ထမ္းဝတ္စံုႏွင့္ ​ေကာင္မေလး
ကိုျပံဳးျပလိုက္သည္။

"ဘာျဖစ္လို႔လဲ အစ္မေရႊရည္"

"ဥကၠဌေရာက္ေနၿပီ အေစာကေမးေနတယ္ ေစသူ"

"အာ..ဟုတ္က့ဲ ကြၽန္ေတာ္သြားလိုက္ပါ့မယ္ဗ်။
ေက်းဇူးပါ အစ္မေရႊရည္.."

"ရပါတယ္ဟယ္ လုပ္ေဖာ္ကိုင္ဖက္ေတြဘဲကို။ ဥကၠဌ
မ်က္ႏွာက အေျခအေနသိပ္မေကာင္းဘူးဟ သတိထား
သြားဦးေနာ္။ မနက္က မအနီရင့္န႔ဲထြက္သြားတုန္းက
ေတာင္ ၾကည္ၾကည္လင္လင္ဘဲကို အျပင္မွာ စိတ္ခု
စရာတစ္ခုခုျဖစ္ခ့ဲတယ္ထင္တယ္"

ေစသူ မေရႊရည္၏သတိေပးစကားကို ေသခ်ာနား
ေထာင္ကာ ေခါင္းၿငိမ့္လိုက္ၿပီး ေက်းဇူးတင္ေၾကာင္း
ေျပာကာ ဥကၠဌရံုးခန္းဘက္သို႔ထြက္လာလိုက္၏။

"သစ္ရြက္စိမ္း မေရာက္ေသးဘူးလား?"

"ဗ်ာ ဘယ္သူလဲ ဥကၠဌ"

ေစသူ ေမးခြန္းျပန္ထုတ္လိုက္ေတာ့ ဥကၠဌကမ်က္
ေမွာင္ၾကဳတ္သြားကာ စိတ္မ႐ွည္သလိုၾကည့္လာ၏။
ဥကၠဌသစ္မိုးအိမ္ ကိုယ္တိုင္က သစ္ရြက္စိမ္းဆိုေသာ
ေကာင္ေလးကို ကုမၸဏီကိုေခၚလာေလ့မ႐ွိေသာေၾကာင့္
ေစသူ၏အေျဖမွာသဘာဝက်သည္။ ထို႔ေၾကာင့္လည္း..
ေစသူ၏အေျဖကို ဘာမွမေျပာျခင္း..။

"ဆံပင္ ေငြျဖဴေရာင္န႔ဲ ေကာင္ေလးေလ"

"မလာပါဘူး ဥကၠဌ"
.
.
.
ႏွလံုးခုန္ႏႉန္းျပစက္ေလးက ႐ုတ္တရက္ျမင့္တက္သြား
ၿပီး တစ္ျဖည္းျဖည္း ပံုမွန္အတိုင္းျပန္ျဖစ္သြားသည္..။
ကုတင္ေပၚမွ သတိလစ္ေနေသာအမ်ိဳးသား၏မ်က္ခြံ
မ်ားဦးစြာလႈပ္ခတ္သြားကာ တစ္ျဖည္းျဖည္းခ်င္းမ်က္
လံုးမ်ားပါဖြင့္လာသည္။

သစ္မိုးအိမ္ မ်က္လံုးမ်ားဖြင့္ဖြင့္ျခင္း ခပ္စူးစူးအလင္း
ေရာင္ေၾကာင့္ မ်က္လံုးမ်ားကိုတစ္ခဏျပန္မွိတ္ထား
လိုက္ၿပီးမွျပန္ဖြင့္လိုက္သည္။ အျဖဴေရာင္မ်က္ႏွာ
က်က္ႏွင့္ ခပ္သင္းသင္း​ေမႊးရန႔ံသံုးထားသည့္တိုင္
ေရာပါေနေသာ အရက္ျပန္အန႔ံေၾကာင့္ သူေဆးရံု
တြင္ေရာက္ေနေၾကာင္းသိလိုက္သည္။

သစ္မိုးအိမ္ ေခါင္းကိုအနည္းငယ္ေစာင္းကာၾကည့္
လိုက္ေတာ့ သူထင္ထားသလိုပင္ ေကာင္ေလးက
သူ႔လက္ကိုဆုပ္ကိုင္ကာအိပ္ေမာက်ေနသည္။ အ
နည္းငယ္ေခ်ာင္သြားေသာ မ်က္ႏွာေလးေၾကာင့္
စိတ္မေကာင္းျဖစ္ရသည္။

သစ္မိုးအိမ္၏လက္ကိုကိုင္ထားပုံေလးေၾကာင့္ သူ
မၿပဳံးဘဲ မေနနိုင္ေတာ့။သစ္မိုးအိမ္လက္မွ ဒဏ္ရာကို
ထိမွာစိုးေသာေၾကာင့္ထင္ သစ္မိုးအိမ္၏လက္ညိုးေလးကို ကေလးေသးေသးေလးမ်ား သူတို႔အေဖလက္ကို
ကိုင္သလိုဆုပ္ကိုင္ထားျခင္း။

သစ္မိုးအိမ္ ရြက္စိမ္းကိုင္ထားေသာလက္ကိုမလႈပ္
​ေစရဘဲ ကိုယ္ကိုသတိထားကာေစာင္းၿပီး ေကာင္ေလး
ဘက္ကို အျပည့္အဝလွည့္လိုက္သည္။ လြတ္လြတ္
လပ္လပ္လႈပ္႐ွား၍ရေသာ က်န္လက္တစ္ဖက္ျဖင့္
လက္ညိဳးကိုအနည္းငယ္ေကြးကာ ျဖဴေဖြးေနေသာ
ပါးျပင္​ေလးကို ဖြဖြပြတ္သပ္လိုက္သည္။

ႏူးညံ့လြန္းေသာ ႏို႔ကိတ္လိုပါးေလးပီသစြာလက္
​ေခ်ာင္းမ်ားမွ အိအိစက္စက္အထိအေတြ႔ေလးကို
ခံစားေနရ၏။ အခန္းတံခါးဖြင့္လာသံေၾကာင့္
သစ္မိုးအိမ္ တိတ္တိတ္ေနရန္ အမူအရာျပလိုက္ၿပီး
အနည္းငယ္လႈပ္လာေသာ ေကာင္ေလးကိုေခါင္း
​ေလးပြတ္ေပးလိုက္သည္။ ျပန္အိပ္ေပ်ာ္သြားေသာ
အခ်ိန္ထိေစာင္ေ့နလိုက္သည္။

ကေလးငယ္ျပန္အိပ္ေပ်ာ္သြားတာေသခ်ာမွ
သစ္မိုးအိမ္ လက္ကို႐ုတ္လိုက္သည္။ ကုတင္ႏွင့္
မလွမ္းမကမ္းတြင္ ရပ္ေနေသာ သူကိုတစ္ခ်က္ၾကည့္
လိုက္ၿပီး..

"ေျပာလို႔ရၿပီ"

သစ္မိုးအိမ္၏ မ်က္ႏွာ ေသြးထြက္လြန္ထားေသာ
ေၾကာင့္ ပံုမွန္ထက္ပိုကာျဖဴေလ်ာ့ေနသည္။ သို႔ေသာ္
ထိုက့ဲသို႔ျဖဴေလ်ာ့ေလ်ာ့အသြင္ျပင္က တိက်ေသာ
ေမး႐ိုးမ်ားႏွင့္ပံုမွန္ထက္ ထူးကဲေသာလွပၿပီးနက္႐ိႈင္း
ေသာမ်က္လံုးအၾကည့္မ်ားႏွင့္ေပါင္းစပ္လိုက္ေသာအခါ
ႏွစ္ေသာင္းေပါင္းမ်ားစြာ ႐ွင္သန္ခ့ဲၿပီး ေသျခင္း႐ွင္ျခင္း
အေပၚၿငီးေငြ႔ေနေသာ ပ်င္းေလ်ာ့ေလ်ာ့ ဒရက္ကူလာ
တစ္ေကာင္လိုပင္ခံစားရေစသည္။ ဤသည္ကပင္
သစ္မိုးအိမ္၏ ေအးစက္စက္အေငြ႔အသက္ကိုပိုတိုး
ေစၿပီး ေက်ာခ်မ္းစရာခံစားခ်က္ကိုေပးေနသည္။

"အတည္ျပဳျပီးပါျပီ Mr.X.. အားလံုးအစီအစဥ္
အတိုင္းပါဘဲ"

သစ္မိုးအိမ္က သူသိၿပီျဖစ္ေၾကာင္း ေခါင္းၿငိမ့္လိုက္
သည္ႏွင့္ ထိုသူကလည္း အလိုက္သတိပင္ျပန္ထြက္
ခြာသြားသည္။ သစ္မိုးအိမ္ ခ်စ္စရာေကာင္းေအာင္
အိပ္ေပ်ာ္ေနေသာေကာင္ေလးကိုသာ တစိမ့္စိမ့္ၾကည့္
ရင္း အစိတ္အပိုင္းတစ္ခုျခင္းဆီကို ေသခ်ာစြဲထင္
ေအာင္မွတ္သားေနလိုက္သည္။

...........

"ဥကၠဌႀကီး တစ္ခုခုလိုလို႔လား? ကြၽန္ေတာ္ဘာလုပ္
ေပးရမလဲဗ်.."

ဦးထက္ေနာင္ ရြက္စိမ္းအတြက္ အစားအေသာက္
လာဝယ္ေပးရန္အသြား သစ္မိုးအိမ္၏အတြင္းေရးမွဴး
ေကာင္ေလးက ေျပာလာျခင္းျဖစ္၏။ သစ္မိုးအိမ္အနား
တြင္ေတြ႔ေနက်သူျဖစ္ေသာေၾကာင့္ ဦးထက္ေနာင္က
အတြင္းေရးမွဴးေကာင္ေလးကို မ်က္မွန္းတန္းမိသည္။

"ေဘာလံုးေလးအတြက္ အစားအေသာက္လာဝယ္
တာပါ။ အစားဝင္ေအာင္နည္းနည္းေကြၽးၾကည့္မလား
လို႔ကြာ"

"ဥကၠဌၾကီးက ဒီကလမ္း​ေတြသိမွာ မဟုတ္ဘူး။
ကြၽန္ေတာ္ သြားဝယ္ေပးရမလားဗ်"

ဦးထက္ေနာင္တို႔က သားႀကီးသစ္မိုးအိမ္သတိရလာမွ
Y ၿမိဳ႕ေတာ္သို႔ျပန္မည္ေတြးထားၾကေသာေၾကာင့္..
ၿမိဳ႕ေတာ္ေျမာက္ပိုင္းတြင္းသာ ႐ွိေနဆဲျဖစ္သည္။ ထို႔
ေၾကာင့္လည္း အတြင္းေရးမွဴး ေကာင္ေလးကေျပာ
လာျခင္းျဖစ္သည္။

"ရတယ္ အန္ကယ္လ္ဘာသာဘဲသြားလိုက္မယ္။
သားႀကီးက သတိျပန္လည္မလာေသးေပမယ့္ စိုးရိမ္ စရာမ႐ွိေတာ့ပါဘူး။မင္းလဲစိတ္ပူမေနန႔ဲေတာ့။ ၿပီးေတာ့ ေဆးရံုမွာဘဲ႐ွိေနစရာမလိုပါဘူးကြာ။ hotel မွာသြားနားလိုက္ဦး။ ဒါန႔ဲ ေမာင္ရင့္နာမည္က.."

"ကြၽန္ေတာ့္နာမည္ ေစသူပါဗ်"

"အင္း ေမာင္ေစသူ နည္းနည္းအစံုရတ့ဲ စားေသာက္
ဆိုင္က ဘယ္ဘက္မွာလည္းသိလား.. အန္ကယ္လ္
လိုက္႐ွာေနရင္း မ်က္စိလည္ေနလို႔"

"ေဆးရံုဝန္းထဲကထြက္ၿပီး ညာဘက္ကိုခ်ိဳးလိုက္ရင္
ေတြ႔ရတ့ဲစားေသာက္ဆိုင္က အရသာေကာင္းတယ္လို႔
နာမည္ႀကီးပါတယ္ ဥကၠဌႀကီး"

"ဟုတ္လား ​ေက်းဇူးပါကြာ ေမာင္ေစသူက ၿမိဳ႕ေတာ္
ေျမာက္ပိုင္းအေၾကာင္းအေတာ္သိတာဘဲ။ အန္ကယ္လ္
အတြက္ေတာ့ ၿမိဳ႕ေတာ္ေျမာက္ပိုင္းလမ္းေတြက အေတာ္မွတ္ရခက္တာကြာ.."

"ၿမိဳ႕ခံမဟုတ္တ့ဲသူေတြအတြက္ေတာ့ ၿမိဳ႕ေတာ္
ေျမာက္ပိုင္းလမ္းေတြက မွတ္ရခက္တာပံုမွန္ပါဘဲ
ဥကၠဌႀကီး။ ကြၽန္ေတာ္က ေျမာက္ပိုင္းျမိဳ႔ခံဇာတိမို႔
သိေနတာပါ"

"ဒါေၾကာင့္ကိုး.. ေက်းဇူးပါ ေမာင္ေစသူေရ
အန္ကယ္လ္ကို ခြင့္ျပဳပါဦးကြာ။ သားငယ္ေဘာလံုး
ေလး ဗိုက္ဆာေနမွာဆိုးလို႔"

ဦးထက္ေနာင္ေစသူဆိုေသာသားႀကီး၏အတြင္းေရးမွဴး ေကာင္ေလးကိုႏႈတ္ဆက္ကာ စားေသာက္ဆိုင္သို႔ထြက္ လာလိုက္သည္။

............

SUN group ဥကၠဌရံုးခန္း..

"သေဘာက်တာလား?"

"ဟုတ္က့ဲ အမ်ားႀကီးသေဘာက်ပါတယ္ ဥကၠဌ"

လက္ႀကီးမ်ားက ေကာင္ေလး၏ဆံပင္ေလးမ်ားကို
ဆြဲဖြသြားသည္။ ေကာင္ေလး၏ဆံပင္မ်ားက ငွက္ေမႊး
ေလးလိုႏူးည့ံေနေသာေၾကာင့္ လက္ဖဝါးႀကီး၏ပိုင္႐ွင္
က အခ်ိန္တိုင္းသာကိုင္တြယ္ေနခ်င္ေတာ့သည္ဟု
ေတြးေနမိသည္။

"အဟြန္း ဝန္ထမ္းကဒ္ေလးရတာကို ဒီေလာက္ေတာင္
ေပ်ာ္ေနတယ္တ့ဲလား"

ဒီေရလိႈင္း ခပ္တိုးတိုးေရရြတ္ရင္း ေခါင္းသာခါမိသည္။
တိမ္ငယ္ဆိုေသာ ဒီကေလးကိုစိတ္ေက်နပ္ေအာင္လုပ္
ရတာတစ္ကယ္ကိုလြယ္သည္။ ေသးငယ္ေသာအရာ
ေလးမ်ားႏွင့္လည္း စိတ္ေက်နပ္ပါေသး၏။ အခုလည္း
ကုမၸဏီဝန္ထမ္းကဒ္ေပးသည္ကို အေပ်ာ္ႀကီးေပ်ာ္ေန
ျခင္း။

အျပာေရာင္ႀကိဳးေလးႏွင့္ခ်ိတ္ကာ လည္ပင္းတြင္ဆြဲ
ထားၿပီး အခ်ိန္ရတိုင္းငံု႔ၾကည့္ေနပံုေလးက အသည္း
ယားစရာေကာင္းသည္။

"တိမ္ငယ္"

"ဗ်ာ"

ခ်လပ္! ဆို​ေသာအသံႏွင့္အတူ ဝန္ထမ္းကဒ္ေလးကိုင္
ကာေမာ့ၾကည့္လာေသာ တိမ္ငယ္၏ပံုေလးကဒီေရလိႈင္း
၏ဖုန္းတြင္ေနရာယူသြားသည္။ ပံုေလးကိုျပန္ၾကည့္ရန္
ျပင္ေနစဥ္မွာပင္ ဝင္လာေသာဖုန္းေကာလ္ေၾကာင့္..
ဒီေရလိႈင္း မ်က္ႏွာမၾကည္မသာျဖစ္သြားရသည္။

ေခၚဆိုသူနာမည္ကို ၾကည့္လိုက္ေတာ့ လင္းေန။
ဒီေရလိႈင္း မ်က္ေမွာင္မ်ားတြန္႔ေကြးလ်က္ပင္ဖုန္း
ကိုင္လိုက္သည္။

"ေျပာ လင္းေန"

ဒီေရလိႈင္း သူ႔စားပြဲသို႔ျပန္ေလ်ာက္သြားကာ ထိုင္လိုက္
သည္။ လင္းေနက သူျပန္လာေတာ့မည့္အေၾကာင္းကို
ေျပာျခင္းျဖစ္သည္။

"ျပန္လာမွာက ဘယ္ေန႔လဲ"

စားပြဲတစ္ဖက္မွေကာင္ေလးက ေခါင္းေလးေထာင္
လာေသာေၾကာင့္ ဒီေရလိႈင္းျပံဳးလိုက္မိသည္။ ဖုန္း
ေျပာခ်င္လို႔လားဟု အမူအရာျဖင့္ေမးလိုက္ေတာ့..
ေခါင္းေလးၿငိမ့္ကာ အနားကိုခ်က္ခ်င္းေရာက္လာ
သည္။

ဒီေရလိႈင္း မ်က္ခံုးတစ္ဖက္ပင့္ကာ ေပါင္ေပၚထိုင္
ရန္ပုတ္ျပလိုက္သည္။ ဒီေရလိႈင္းမ်က္ႏွာေခ်ာေခ်ာ
ကိုၾကည့္ကာ ႏႈတ္ခမ္းေလးကိုက္ၿပီး အခက္ေတြ႔ေန
ပံုေလးေၾကာင့္ ဒီေရလိႈင္း လက္ေကာက္ဝတ္ေလးကို
ဆြဲကာအတင္းထိုင္ခ်ေစျခင္းျဖင့္ကူညီေပးလိုက္သည္။

တိမ္ငယ္ကိုယ္ေသးေသးေလးက ဒီေရလိႈင္း၏ရင္ခြင္
က်ယ္ႏွင့္ဆိုပါက တိုင္း၍ခ်ဳပ္ထားသလိုပင္ အံဝင္ခြင္
က်ေနသည္။ ဒီေရလိႈင္းတစ္ဖက္မွလင္းေနကိုတိမ္ငယ္ ဆီ ဖုန္းလႊဲေပးလိုက္မည္ျဖစ္ေၾကာင္းေျပာလိုက္ၿပီး
တိမ္ငယ္၏ပါးတစ္ဖက္ကိုအနီကြက္ႀကီးထင္ေအာင္
ခပ္ၾကမ္းၾကမ္းတစ္ခ်က္နမ္းၿပီးမွဖုန္းကိုလႊဲေျပာင္းေပး
လိုက္သည္။

ေကာင္ေလးက သူ႔အစ္ကိုႏွင့္ျပံဳးေပ်ာ္ကာစကားေျပာ
ေနသည္။ ဒီေရလိႈင္းကေတာ့ ခါးေလးကိုအားရပါးရ
သိမ္းၾကံဳးေပြ႔ပိုက္ထားၿပီး ပုခံုးက်ဥ္းေလးေပၚေခါင္း
တင္ကာ ေကာင္ေလးကိုပိုပိုကာေထြးေပြ႔ရန္ႀကိဳးပမ္း
​ေနသည္။

"ကိုႀကီးသူ..အဲ ဥကၠဌ တိမ္ငယ္ဖုန္းေျပာလို႔ၿပီးသြား
ပါၿပီဗ်"

သေဘာကေတာ့ ခါးကလက္ကိုလႊတ္ေပးပါေပါ့ေလ။
ဒီေရလိႈင္း ခပ္ညစ္ညစ္ျပံဳးကာ ခါးေလးကိုပိုကာတင္း
တင္းဖက္လိုက္ေတာ့ အင့္ကနဲပင္အသံေလးထြက္လာ
သည္။

"ဥကၠဌ.."

"တိမ္စိုင္ငယ္.."

ဒီေရလိႈင္း ညင္ညင္သာသာေခၚလိုက္ၿပီး ရင္ခြင္ထဲ
ကေကာင္ေလး၏ ကိုယ္ေလးကိုတစ္ခ်က္ဖ်စ္ညစ္
လိုက္သည္။

"ကိုယ္ မင္းေက်ာင္းၿပီးတ့ဲအထိ ေစာင့္မယ္..ၿပီးရင္
ကိုယ့္အနားမွာ အျမဲတူတူ႐ွိေနေပးရမယ္ေနာ္။ ကိုယ္
မင္းကိုလိုခ်င္တယ္ ဒါေပမယ့္ ကိုယ္ထိန္းမွာပါ။
ဒါေပမယ့္ မင္းကကိုယ့္ကို ဒီလိုေတာ့နမ္းခြင့္ျပဳကြာ.."

ေျပာရင္း တိမ္ငယ္၏ပါးေလးတစ္ဖက္ကို တအားနမ္း
ျပစ္လိုက္သည္မွာ ထံုးစံအတိုင္းအနီကြက္ႀကီးထင္ၿပီး..
ၾကမ္းတမ္းေသာအ႐ွိန္ေၾကာင့္တိမ္ငယ္လန္႔ကာမ်က္လံုး
ေလးမ်ား မွိတ္ကုန္သလို ေခါင္းေလးပင္ တစ္ဖက္ကို
​ေစာင္းသြားရသည္။

..........

"ကိုကို အိမ္မက္အ႐ွည္ႀကီးမက္တယ္ clover..
ဒီတစ္ေခါက္အိမ္မက္လည္း အရင္ညေတြလိုပါဘဲ
ဒါေပမယ့္ အရင္လိုမႈန္ဝါးမေနေတာ့ဘူး.."

"အရင္တုန္းက ကိုကိုကအရမ္းဆိုးတယ္မလား?
အရမ္းပင္ပန္းခ့ဲမွာေပါ့။ ကိုကို႔ကေလးေလး တစ္
ေယာက္ထဲ ဘယ္ေလာက္ေတာင္ေၾကာက္ၿပီး..
နာက်င္ေနလိုက္မလဲ.."

သစ္မိုးအိမ္ ဆက္ေျပာခ်င္ေသာ္လည္း ေျပာစရာ
စကားမ့ဲေနရသည္။ သက္ျပင္းေမာကို႐ိႈက္ကာ..
ေျခာက္ေသြ႔ေနေသာ ေအာက္ႏႈတ္ခမ္းကိုလ်ွာဖ်ား
ႏွင့္သပ္မိသည္။ ရင္ထဲဝင္လာေသာ စို႔နင့္နင့္ခံစား
ခ်က္က အလံုးအရင္း..။ သူတိုးတိတ္ေသာစကား
ကိုသာဆိုႏိုင္ေတာ့သည္။

"ေတာင္းပန္ပါတယ္ အကုန္လံုးအတြက္...
အရာအားလံုးအတြက္..။ ကိုကို ကတိေပးတယ္။
သူတို႔နဲ႔တန္တဲ့အျပစ္ေႂကြးကိုေပးဆပ္ေစရမယ္..။
ကိုကိုလည္း ဒီကေလးေလးကိုပိုပိုခ်စ္ေပးၿပီး အျပစ္
ေတြကိုေပးဆပ္ပါ့မယ္ေနာ္.."

အိပ္ေပ်ာ္ေနေသာ ေကာင္ေလး၏မ်က္ႏွာေလးက
ၾကည္ၾကည္လင္လင္။ သစ္မိုးအိမ္ ျမတ္နိုးလြန္းေသာ
​ေၾကာင့္ ကိုယ္ကိုႂကြကာ နဖူးျပင္က်ဥ္းေလးကို နမ္း
လိုက္သည္။ ေႏြးကနဲျဖစ္သြားေသာနဖူးေၾကာင့္ထင္ အေကာင္ငယ္ေလး၏ မ်က္ခြံေလးမ်ား လႈပ္လာကာနိုးစျပဳလာ၏။သစ္မိုးအိမ္ ကိုယ့္ကိုယ္ကိုအျပစ္ရွိသလိုခံစားလိုက္ရသည္။

သူ႕ကံေကာင္းျခင္းေလး တအားပင္ပန္းေနမွာကို..။

သူသတိရေနသည္ကိုျမင္သည္ႏွင့္ မ်က္လံုးေလးမ်ား
ျပဴးက်ယ္သြားကာအတင္းကာ မတ္တပ္ထရပ္ေသာ
ပုံေလးက သစ္မိုးအိမ္ကိုျပဳစားေနျပန္သည္။

"ကိုကို႔ကို လာဖက္ပါဦး.."

သစ္မိုးအိမ္လက္ႏွစ္ဖက္ကိုဖြင့္​ေပးလိုက္ေတာ့ ငိုမဲ့မဲ့
ျဖစ္လာကာ လူကိုခုန္အုပ္ကာတင္းတင္းဖက္လာပုံ
က သူကလူနာဆိုတာဒီကေလးသတိေရာရေသးရဲ႕
လားပင္။

သစ္မိုးအိမ္ကိုယ္တိုင္လည္း စိတ္သက္သာရာရစြာ
ျဖင့္ ရင္ခြင္ထဲကကိုယ္ေႏြးေႏြးေလးကိုျပန္ဖက္ထား
လိုက္ၿပီးအကာအကြယ္မဲ့ေသာေကာင္ေလး၏ဂုတ္ပိုး
​ေလးကိုခပ္ဖြဖြဖိညစ္လိုက္သည္။

"ဟား..ဒီကိုယ္​ေလးကိုဖက္ရတာေကာင္းလိုက္တာ
ေသးေသးေကြးေကြးေလးန႔ဲ ဒီလူ႔ရင္ခြင္န႔ဲကြက္တိကြာ။
ဘာမွမျဖစ္ေတာ့ပါဘူး အကုန္လုံး အဆင္ေျပသြားျပ
ျပီ..ဘာမွမျဖစ္ေတာ့ပါဘူး"

အေကာင္ေသးေသးေလးဆီမွ ဘာသံမွထြက္မလာ
​ေသာေၾကာင့္ သစ္မိုးအိမ္အဆင္ေျပသြားပါၿပီဆိုေသာစကားကိုသာ ထပ္ခါထပ္ခါေျပာရင္းေက်ာျပင္ေလးကို
ဖြဖြပြတ္ေပးေနလိုက္သည္။

"အ့..!"

ခပ္သာသာ ေအာ္သံကသစ္မိုးအိမ္ဆီမွ ျဖစ္ၿပီး
ၿငိမ္ေနေသာေကာင္ေလးဆီတြင္ ႏႈတ္ခမ္းမ်ားကို
ကိုက္ခဲခံလိုက္ရေသာေၾကာင့္ျဖစ္သည္။ ႏႈတ္ခမ္း
တစ္စံုလံုးကို ကိုက္ဝါးေနသည္မွာ သစ္မိုးအိမ္မ်က္
ရည္မ်ားပင္က်ေတာ့မလို ခံစားေနရသည္။ ႐ုန္းဖယ္
ရန္ျပင္လိုက္ေတာ့ ..

"ၿငိမ္ၿငိမ္ေန လႈပ္ရဲလႈပ္ၾကည့္!"

"အာ.. ေကာင္းပါၿပီကြာ.."

သစ္မိုးအိမ္က အေစာထဲကလူနာကုတင္ေခါင္းရင္း
ကိုေက်ာ္မွီကာထိုင္ေနျခင္းျဖစ္၏။ သစ္မိုးအိမ္ လက္
ႏွစ္ဖက္ကိုအသာေျမႇာက္ရင္း အ႐ွံဳးေပးေသာပံုစံျဖင့္
ေျပာလိုက္သည္။

အနားကိုထပ္ကာကပ္လာေသာ တည္တင္းေနသည့္
မ်က္ႏွာေသးေသးေလးေၾကာင့္ သစ္မိုးအိမ္မ်က္လံုး
မွိတ္ကာ နာက်င္မႈကိုေစာင့္ေနလိုက္သည္။ သို႔ေသာ္
ဒီတစ္ေခါက္က်လာသည္က ခြၽန္ထက္ေသာသြားေလး
မဟုတ္ဘဲ ႏႈတ္ခမ္းအိေထြးေထြးေလးသာ..။

သစ္မိုးအိမ္၏ အေပၚႏႈတ္ခမ္းကိုဖြဖြနမ္းၿပီးေအာက္
ႏႈတ္ခမ္းထူထူကိုဆြဲဆြဲစုပ္ယူလာသည္။ ႏႈတ္ခမ္း
ႏွစ္လႊာၾကားကိုစူးစမ္းလာေသာလ်ွာဖ်ားေလးေၾကာင့္
သစ္မိုးအိမ္ ႏႈတ္ခမ္းေထာင့္မ်ားေကာ့တက္သြားကာ
ႏႈတ္ခမ္းမ်ားကိုဖြင့္ဟေပးလိုက္ေတာ့ လ်ွာဖ်ားေလးက
ေ႐ွ႕တိုးမလိုေနာက္ဆုတ္မလိုျဖင့္ သူ႔ပိုင္႐ွင္လိုေယာင္
နနေလးျဖစ္ေန၏။

သစ္မိုးဘက္မွပင္ ဦးေဆာင္ကာနည္းလမ္းျပလိုက္
ေတာ့ လိုက္လုပ္လာ၏။ သစ္မိုးအိမ္၏ ရြက္စိမ္း၏
ႏႈတ္ခမ္းေလးမ်ား ဦးေဆာင္ရာအတိုင္းအလိုက္သင့္
သာ လိုက္ေနလိုက္သည္။ တစ္ခဏအၾကာ ရြက္စိမ္း
က သစ္မိုးအိမ္၏လည္ပင္းကိုတင္းတင္းၾကပ္ၾကပ္ဖက္
ထားကာ နဖူးခ်င္းထိထားၿပီး ေလးေလးနက္နက္ျဖင့္
သစ္မိုးအိမ္ကိုၾကည့္ေနသည္။

ေျပာလာသည္က တိုးတိုးေလး..။

"ကိုကိုက ဆိုးတယ္ ရြက္စိမ္းအပိုင္ျဖစ္ေအာင္
သိမ္းထားမွျဖစ္ေတာ့မယ္"

သစ္မိုးအိမ္က ေကာင္ေလးသူ႔ကို ပိုင္စိုးပိုင္နင္း
ေျပာတိုင္းေသေလာက္ေအာင္သေဘာက်သည္။
အခုတစ္ႀကိမ္တြင္လည္း သူ႐ူးျပစ္ဖို႔ပင္လံုေလာက္
သည္။ သစ္မိုးအိမ္ အလြန္လိုက္ေလ်ာကာ အလို
လိုက္ေသာအသံျဖင့္ျပံဳးကာေျပာလိုက္သည္။

"ဒါဆိုဘာကိုေစာင့္ေနတာလဲ ကိုယ့္ကိုမင္းေလး
အပိုင္ျဖစ္ေအာင္လုပ္လိုက္ေတာ့ေလ my darling
ေလး.."

သစ္မိုးအိမ္၏ မ်က္ခံုးတစ္ဖက္ပင့္ကာေျပာလိုက္ေသာ
ပံုကို ေကာင္ေလးက ေသခ်ာၾကည့္ေနရင္းေခါင္းၿငိမ့္
ကာ တုန္႔ျပန္လာသည္။

"အြင္း"

"သားႀကီး သတိရေနၿပီလား"

အခန္းတံခါးဖြင့္သံႏွင့္တူတူထြက္လာေသာ
ဦးထက္ေနာင္ ၏ အသံေၾကာင့္ႏွစ္ေယာက္သား
လူခ်င္းခြာလိုက္ၾကသည္။ သစ္မိုးအိမ္၏ ႏႈတ္ခမ္းမ်ား
က ေပါက္ျပဲကာေယာင္ယမ္းေနသည္မွာ သိသိသာ
သာပင္။ သတိထားမိသြားေသာ ဦးထက္ေနာင္က
​ေမးလာသည္။

"သားႀကီး ႏႈတ္ခမ္းကဘာျဖစ္တာလဲ?"

"နတ္သားေလး ဆင္းကိုက္သြားတာ daddy"

ခ်ိဳအီအီအျပံဳးျဖင့္ သစ္မိုးအိမ္က ေဘးတြင္ထိုင္ေန
​ေသာေကာင္ေလးကို လွမ္းၾကည့္ကာေျဖသည္။ ၾကက္
စြပ္ျပဳတ္ႏွင့္အသုပ္ကို စားပြဲေပၚတင္ကာျပင္ေနေသာ
ဦးထက္ေနာင္ကေတာ့ သစ္မိုးအိမ္ကိုလွည့္ၾကည့္လာ
သည္။ ႐ူးေနတာလားဆိုေသာ အၾကည့္ႏွင့္။

ရြက္စိမ္းကေတာ့မ်က္ႏွာတည္ေလးျဖင့္ ဦးထက္ေနာင္ ယူလာေသာ ၾကက္စြပ္ျပဳတ္ႏွင့္အသုပ္ကိုစားေနၿပီး
သစ္မိုးအိမ္ကို လ်စ္လ်ဴ႐ႈထားသည္။

ဒါကိုပင္အသည္းတယားယားျဖစ္ေနမိေသာ
သစ္မိုးအိမ္က ခပ္တိုးတိုးရယ္မိျပန္သည္။ ဒီတစ္ခါ
တြင္ေတာ့ ဦးထက္ေနာင္က သစ္မိုးအိမ္ကိုေခါင္းစ
​ေျခဆံုးၾကည့္သည္။

"သားႀကီးေနလို႔ထိုင္လို႔ေရာ ေကာင္းရဲ႕လား? Daddy ဆရာဝန္သြားေခၚေပးရမလား"

"ကြၽန္ေတာ္ အဆင္ေျပပါတယ္ daddy"

"ဪ..ေအး အဆင္ေျပတာေကာင္းတာေပါ့"

ေခါင္းၿငိမ့္ကာေျဖလာေသာ္လည္း ဦးထက္ေနာင္၏
အကဲခတ္သလိုအၾကည့္မ်ားက သစ္မိုးအိမ္ကိုယ္ေပၚ
မွခြာမသြားသည္ကို ရြက္စိမ္းကိုသာၾကည့္ေနေသာ
သစ္မိုးအိမ္ကေတာ့ လံုးဝသတိမထားမိေပ..။

...........

"လင္းေန ငါတို႔ဒီမွာ"

တိမ္ငယ္၏ပုခံုးေလးထက္တြင္ လက္တစ္ဖက္တင္
ထားေသာ ဒီေရလိႈင္းက ေလဆိပ္ထဲမွထြက္လာကာ
သူတို႔ကိုလိုက္႐ွာေနေသာ လင္းေနကိုလွမ္းေျပာလိုက္
သည္။

လင္းေနက သူ႔မူပိုင္အျပံဳးခ်ိဳခ်ိဳမ်ားျဖင့္ သူတို႔ဘက္သို႔
ေလ်ာက္လာသည္။ အရပ္႐ွည္႐ွည္ႏွင့္ၾကည့္ေကာင္း
ေသာ ခနၶာကိုယ္႐ွိေသာလင္းေနက လမ္းေလ်ွာက္ရာ
တြင္ စမတ္က်ေသးသည္။ ေလဆိပ္ထဲေကာင္မေလး
တစ္ခ်ိဳ႕၏အၾကည့္မ်ားက လင္းေနေနာက္သို႔ကပ္ပါ
လာသည္အထိ လင္းေနက ၾကည့္ေကာင္းသည္။

"Hey bro မေတြ႔တာၾကာၿပီ"

"မင္းျပန္လာေသးတယ္ေနာ္ လင္းေန"

တစ္ပတ္ဆိုကာ လိုက္သြားေသာလင္းေနက တစ္လ
ေက်ာ္မွျပန္လာသည္ကို ဒီေရလိႈင္း ရြဲ႔ကာေျပာလိုက္ျခင္း
ျဖစ္သည္။ ထိုအခါလင္းေနက အသံထြက္သည္အထိ
ရယ္သည္။ သူငယ္ခ်င္းႏွစ္ေယာက္ လက္သီးခ်င္းတိုက္
ကာ ႏႈတ္ဆက္လိုက္ၿပီးႏွစ္ေယာက္သားဖက္လိုက္ၾက
သည္။ သူတို႔ႏွစ္ေယာက္က သူငယ္ခ်င္းဆိုသည္ထက္
ညီအစ္ကိုလိုပင္ျဖစ္သည္။

"အလွေလးလိႈင္းက ကိုယ့္ကိုလြမ္းလို႔လား"

ဒီေရလိႈင္းက ေဘးမွတိမ္ငယ္၏နားေလးႏွစ္ဖက္ကို
သူ႔လက္ႀကီးမ်ားျဖင့္အုပ္ကာပိတ္လိုက္ၿပီးမွ လင္းေန
ကို အျပံဳးမပ်က္ျဖင့္ေျပာလာသည္။

"ေခြးသေတာင္းစား -ီးကိုအလွေလးလား"

လင္းေနက ဗိုက္ႏွိပ္ကာေအာ္ရီေတာ့သည္။ တိမ္ငယ္
မွာသာ အရပ္႐ွည္လြန္းေသာအစ္ကိုႀကီးႏွစ္ေယာက္
ၾကား ေမာ့ေမာ့ေလးျဖစ္ကာ ဟိုၾကည့္သည္ၾကည့္ျဖစ္
ေနရသည္။

"လာပါဦး ကိုႀကီးခရမ္းခ်ဥ္သီးေလး။ တအားလြမ္း
ေနတာ..။ ပါးႀကီးႏွစ္ဖက္ကို ဖ်စ္ညစ္ခ်င္ေနတာ"

"တိမ္ငယ္က ကိုႀကီးလင္းေနကိုလြမ္းေနတာ"

လင္းေနက သူ႔ညီေလးကိုတင္းတင္းဖက္ကာ နီျမန္း
ေသာပါးေလးေတြက အသည္းယားစြာဖ်စ္ညစ္၏။
ညီအစ္ကိုႏွစ္ေယာက္က ရီေမာေနေသာ္လည္း..
မရီႏိုင္သူက ဒီေရလိႈင္းျဖစ္သည္။

"ကေလးပါးေတြနာကုန္မယ္ ေလ်ာက္မညစ္န႔ဲ!"

ဒီေရလိႈင္း တိမ္ငယ္ကို႔သူ႔ဘက္ျပန္ဆြဲယူကာ
မ်က္ႏွာေလးကိုကိုင္ကာဆြဲေမာ့ရင္ စစ္ေဆးလိုက္
သည္။

"ခရမ္းခ်ဥ္သီး မင္းကေရာဘာလို႔မ်က္ႏွာေမာ့ေပး
ထားရတာလဲ။ ပါးေတြေတာင္နီကုန္ၿပီ နာရင္နာတယ္
ေျပာေလ"

"အာ.. တိမ္ငယ္ အရမ္းမနာပါဘူး ကိုႀကီးသူငယ္ခ်င္း"

"ဟိတ္ေကာင္ ငါ့ညီပါကြ ငါ့ညီအရင္းပါကြာ"

လင္းေနက မ့ဲရြဲ႔ကာေျပာသည္။ ဒီေရလိႈင္းကေတာ့
ခပ္တည္တည္ပင္..

"ဘယ္လိုဘဲျဖစ္ျဖစ္ နာေအာင္မလုပ္န႔ဲ!"

"ဟုတ္ပါၿပီ ေခြးေကာင္ရယ္ မင္းႏိုင္ပါတယ္"

ဒီေရလိႈင္း ပုခံုးႏွစ္ဖက္ကိုအနည္းငယ္ တြန္႔ကာ
ဂ႐ုမစိုက္ေၾကာင္းျပလိုက္သည္။ လင္းေနက သူ႔
ေမေမႏွင့္ေဖေဖအေၾကာင္း ​ေမးလာေသာအခါ
အဆင္ေျပေၾကာင္းျပန္ေျဖေနရင္း သူငယ္ခ်င္း
ႏွစ္ေယာက္စကားစပ္ရာမ်ားေျပာေနမိသည္။

"ေယာက္်ား ဘာလို႔ကြၽန္ေတာ့္ကိုမေစာင့္တာလဲ!!"

ေလဆိပ္တစ္ခုလံုးၾကားရႏိုင္ေသာ အသံက်ယ္က်ယ္
အဆံုး လင္းေနမ်က္ႏွာတစ္ခုလံုး နီရဲသြားကာသူ၏
လက္ေခ်ာင္း႐ွည္႐ွည္သြားျဖင့္မ်က္ႏွာကိုဖံုးလိုက္ယံု
သာ တတ္ႏိုင္သည္။ ဒီေရလိႈင္း အသံလာရာသို႔ၾကည့္
လိုက္ေတာ့ အထုပ္အပိုးမ်ားတင္ထားေသာ လွည္းကို
တြန္းလာေသာ ဝမ္ဟိုင္..။

မ်က္မွန္ဝိုင္းကိုသံုးကာ ဖံုးကြယ္ေတာ့ျခင္းမ႐ွိေသာ
ေၾကာင့္ ဝမ္ဟိုင္၏မ်က္လံုးမ်ားကေတာက္ပေနသည္
မွာ စူးစူး႐ွ႐ွ။ ႏႈတ္ခမ္းတစ္ဖက္ေကာ့တက္ေနသည္
ကိုၾကည့္ျခင္းပင္ တမင္တကာလူတိုင္းသိေအာင္လုပ္
ေနျခင္းမွန္းသိသာသည္။

ကုတ္အ႐ွည္ဝတ္ထားကာ ေရလိႈင္းလိုဆံပင္ျဖင့္
ဝမ္ဟိုင္က ပိန္ပါးကာသင့္တင့္ေသာကိုယ္ထည္႐ွိ
သည့္လင္းေန၏ခါးကိုဖက္လိုက္သည္က ပိုင္စိုးပိုင္
နင္း..။ ဒီေရလိႈင္းႏွင့္တိမ္ငယ္ကိုၾကည့္ကာႏႈတ္ဆက္
လာသည္။

"မဂၤလာပါ ေယာက္ဖေလးန႔ဲဥကၠဌဒီေရလိႈင္း"

"လင္းေန ဒါကဘာလဲ?"

လင္းေန ကိုဒီေရလိႈင္းေမးလိုက္သည္။ လင္းေန၏
အင္းအဲလုပ္ကာ ေျဖမလာေသာအခါ ဒီေရလိႈင္း..
မ်က္ေမွာင္မ်ားတြန္႔ခ်ိဳးသြားရသည္။

"ကြၽန္ေတာ္န႔ဲလင္းေနန႔ဲက လက္ထပ္စာခ်ဳပ္မွာ
လက္မွတ္ထိုးၿပီးသြားၿပီ။ ကြၽန္ေတာ္က လင္းေန
ေယာက္်ား"

လင္းေန ေယာက္်ားဆိုသည့္ေနရာတြင္ ေျပာပံုက
အေတာ္ကိုဂုဏ္ယူေနဟန္ပင္။ ဒီေရလိႈင္း မ်က္႐ိုး
မ်ားကိုဖိညစ္ကာေခါင္းသာခါမိေတာ့သည္။ ဒီအခ်ိဳး
မေျပေသာ ေကာင္စုတ္ေလးသည္ သူ႔သူငယ္ခ်င္း
အေပၚ တစ္ကယ္ခ်စ္ေသာသူသာ မဟုတ္ပါက
ဒီေရလိႈင္း ကန္ထုတ္လိုက္မိမွာပင္။

အခုေတာ့ ထိုေကာင္ေလး၏အ႐ိုင္းဆန္ေသာ
မ်က္လံုးမ်ားက လင္းေနကိုၾကည့္ေသာအခါတြင္
ေတာ့ ႏူးည့ံေနကာ ေရခဲ႐ိုက္ထားေသာႏႈတ္ခမ္း
မ်ားကလည္း လင္းေနကိုၾကည့္ကာ အေတာက္ပ
ဆံုးျပံဳးေနေသးသည္။

"အိမ္ေရာက္ရင္ အန္တီကိုေျပာဖို႔ အေၾကာင္းျပခ်က္
ေကာင္းေကာင္း႐ွာထားဖို႔အၾကံေပးခ်င္တယ္ လင္းေန"

ဒီေရလိႈင္း စိတ္ရင္းျဖင့္အၾကံေပးခ်င္းျဖစ္သည္။
ဝမ္ဟိုင္ကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္ရင္းေျပာ
လိုက္သည္။

"မင္းလည္း အခ်ိဳးေျပေျပေနဖို႔ေမ်ွာ္လင့္တယ္"

"ကြၽန္ေတာ္က လင္းေနကိုတန္ဖိုးထားတ့ဲသူမို႔
လင္းေနန႔ဲပတ္သတ္သမ်ွသူေတြကို အေလးထား
ဖို႔ေတြးထားၿပီးသားပါ။ လင္းေနကေျပာတယ္ ခင္ဗ်ား
က သူ႔အတြက္ေတာ့မိသားစုဝင္ဘဲတ့ဲ။ ကြၽန္ေတာ္
ခင္ဗ်ားန႔ဲေျပလည္ခ်င္ပါတယ္ ဥကၠဌဒီေရလိႈင္း.."

ဝမ္ဟိုင္ဆိုေသာေကာင္ေလးက တည္ၿငိမ္ေလးနက္
ေသာအမူအရာအျပည့္ျဖင့္ေျပာလာၿပီး ဒီေရလိႈင္းကို
လက္တစ္ဖက္ကမ္းေပးလာသည္။

"ကြၽန္ေတာ္တို႔ေျပလည္ရေအာင္.."

ဒီေရလိႈင္း ဝမ္ဟိုင္လက္ကိုဆုပ္ကိုင္လိုက္သည္။

"ေကာင္းၿပီ"

ဝမ္ဟိုင္က ဒီေရလိႈင္းႏွင့္ေျပလည္မႈရၿပီးသည္ႏွင့္
လင္းေနအနားျပန္ေရာက္သြားသည္။ လင္းေနကို
သူ၏႐ွည္လ်ားေသာအရပ္ႀကီးမွအားမနာ ခြၽဲႏြဲ႔ေနၿပီး
ပြတ္သီးပြတ္သပ္လုပ္ေနသည္။

"လင္းေန လင္းေန ကြၽန္ေတာ္ လိမၼာတယ္မလားဟင္
ညက်ရင္ဆုခ်ပါေနာ္ ေနာ္..ကြၽန္ေတာ္အေကာင္းဆံုး
ႀကိဳးစားမယ္ေလေနာ္.."

ဝမ္ဟိုင္ပံုစံက ေခြးစုတ္ဖြားအ႐ိုးေတာင္းေနသလိုပင္။
တိမ္ငယ္ပင္ ဝမ္ဟိုင္ပံုကိုၾကည့္ကာပါးစပ္အေဟာင္း
သားေလးျဖစ္ေန၏။ လင္းေနကိုယ္တိုင္လည္း ေဘး
မွကြက္ၾကည့္ကြက္ၾကည့္ျဖစ္ကုန္ၾကေသာ သူမ်ား
ေၾကာင့္ မ်က္ႏွာေခ်ာေခ်ာ တစ္ခုလံုးပူထူကာ ထား
စရာေနရာမ႐ွိျဖစ္ေနရသည္။

သူအရင္တြဲဖူးသမ်ွေကာင္မေလးမ်ားကို ရိသ့ဲသ့ဲလုပ္
မိသည္မ်ား ဝဋ္လည္သည္လားမေျပာတတ္။ ဒီဆိုး
ဝါးေသာ ဝမ္သတၱဝါက လင္းေနကိုအျမဲတမ္း..
ရိသ့ဲသ့ဲလုပ္ရန္သာေတြးေနတတ္သည္။

"လင္းေန ႐ွက္ေနပံုေလးက ခ်စ္စရာေကာင္းလိုက္
တာဗ်ာ။ ညကပံုစံေလးန႔ဲမတူေပမယ့္ ဒီလိုေလးလဲ
ခ်စ္ရတာပါဘဲသိလား"

"ဝမ္ဟိုင္!"

"ဗ်ာ"

"မင္း မင္း! ခရမ္းခ်ဥ္သီးေလး လာ..ကိုႀကီးန႔ဲအရင္
သြားႏွင့္မယ္။ ကိုႀကီး ခရမ္းခ်ဥ္သီးေလးအတြက္
လက္ေဆာင္ေတြဝယ္လာတယ္"

လင္းေနက သူ႔ညီေလးကိုလက္ဆြဲကာေ႐ွ႕မွထြက္
သြားရင္း ဝမ္ဟိုင္ႏွင့္ဒီေရလိႈင္းကိုထားခ့ဲေတာ့၏..။
ဝမ္ဟိုင္က ခပ္ဟဟရီကာညီအစ္ကိုႏွစ္ဦး၏ေက်ာ
ျပင္ကိုလွမ္းၾကည့္ရင္း ေဘးမွဒီေရလိႈင္းကို တံေတာင္
ျဖင့္လွမ္းတြက္သည္။

"ဘယ္လိုလဲ သူတို႔ျပံဳးေနတာအရမ္းလွတယ္မလား"

ဒီေရလိႈင္း အက်ႌကိုခါလိုက္ရင္း မ်က္ေမွာင္ၾကဳတ္
လိုက္ေသာ္လည္း ညီအစ္ကိုႏွစ္ေယာက္ဘက္ကို
ၾကည့္အၿပီး စုၾကံဳ႕ထားေသာမ်က္ခံုးမ်ားေျပေလ်ာ့
သြားရသည္။

"အင္း အရမ္းလွတယ္"

"ကြၽန္ေတာ္တို႔ပါးစပ္က သူတို႔ကကြၽန္ေတာ္တို႔
အပိုင္လို႔ေအာ္ေနေပမယ့္ တစ္ကယ္က သူတို႔က
ကြၽန္ေတာ္တို႔ကိုပိုင္သြားတာ..။ လင္းေနအျမဲတမ္း
ျပံဳးေနဖို႔အတြက္ဆို ကြၽန္ေတာ္ဘာမဆိုလုပ္ေပးႏိုင္
တယ္။ လင္းေနက ကြၽန္ေတာ့္ႏွလံုးသားပိုင္႐ွင္မို႔လို႔
ေလ.."

ဝမ္ဟိုင္က ေျပာရင္း သူ႔ဝဲဘက္ရင္အံုႏွလံုးသား႐ွိ
ရာဘက္ကို သူ႔လက္မ်ားျဖင့္ဖြဖြအုပ္ကာထိကိုင္ထား
သည္။

"ျမန္ျမန္သြားၾကစို႔ ကြၽန္ေတာ့္လင္းေနစိတ္ဆိုးသြား
ဦးမယ္.."

ဒီေရလိႈင္း ဝမ္ဟိုင္လုပ္သလိုဝဲဘက္ရင္အံုကိုလက္
မ်ားျဖင့္အုပ္ကိုင္ရင္း ျပံဳးလိုက္မိသည္။

"အင္း သြားၾကစို႔.. သူတို႔ေစာင့္ေနေတာ့မယ္"

ကားေဘးနားတြင္ရပ္ေစာင့္ေနေသာ ညီအစ္ကိုႏွစ္
ေယာက္ဆီသို႔ သန္မာေသာေျခလွမ္းမ်ားျဖင့္ေလ်ာက္
လွမ္းလာေသာ သူႏွစ္ဦး..။ ၾကည့္ေကာင္းလြန္းေသာ
သူေလးဦးဆံုေသာျမင္ကြင္းေလးက လူတကာအတြက္
မ်က္စိပေဒသျဖစ္စရာေကာင္းေနၿပီး ထိုသူေလးဦး၏..
ႏွလံုးသားကိုယ္စီသည္လည္း စီးခ်က္က်စြာေႏြးေထြး
ေနခ့ဲေလသည္။

..........

(A/N- မင္းေလးတို႔အတြက္ ေခ်ာကလက္အစားထိုး)

JM(Feb-14-2022)
Next>>>>

(Unicode)🍀🍀🍀🍀

Final(1)
(ကိုယ်..ချစ်သော clover..!!..)

နှစ်ဖက်အခြေအနေများမှာ ပိုကာတင်းမာလာပြီး
အချိန်မရွေးထပေါက်တော့မည့် ချိန်ကိုက်ဗုံးများ
နှယ်ဖြစ်နေကြ၏။ သစ်မိုးအိမ်ဘက်မှသူများသည်
တစ်ဖက်မှသူများကို သတ်ဖြတ်ပြစ်ချင်နေကြမှန်း
သိသာသော်လည်း မလှုပ်ရှားကြ..။

"သခင်လေးကို ကျုပ်တို့ကိုလွှဲပေးပါ။ ပြီးရင် ခင်ဗျား
တို့ထွက်သွားလို့ရပြီ။ Mr.X က ခင်ဗျားတို့ကိုဒီတစ်
ကြိမ်အလွတ်ပေးခိုင်းထားတာမို့ ခင်ဗျားတို့အသက်ရှင်
နိုင်တယ်မှတ်ပါ။ မဟုတ်တာမလုပ်ဘဲ သခင်လေးကို
ကျုပ်တို့ဆီပြန်လွှဲပေးပါ"

"လေကျယ်နေသေးတယ် ဘယ်သူကရှင်တို့ကို
ကြောက်လို့လဲ"

အနီရင့် သွေးအိုင်ထဲငြိမ်နေသော သစ်မိုးအိမ်
အနားသို့သွားကာကြည့်လိုက်၏။ အားလုံးထက်သာ
လွန်ကာ တောက်ပသောသူသည် အခုချိန်တွင်တော့
သွေးအိုင်ထဲတွင် အရှုံးသမား တစ်ယောက်အဖြစ်
လဲလျောင်းနေ၏။သူမကိုလျစ်လျူရှုသောထိုသူသည်
သူနှင့်တန်သော ဇာတ်သိမ်းကို ရသွားခြင်းပင်။

ကျေနပ်သည်။ သူမ တစ်ကယ်ကိုကျေနပ်သည်။

အနီရင့် အပြုံးတစ်ခုကိုချိတ်ဆွဲကာ ကြွရွသောခြေ
လှမ်းများဖြင့် မိုင်းအနားသို့လျောက်သွားလိုက်သည်။
မျက်ရည်များကျကာ မိုင်းလက်ထဲမှ အတင်းရုန်းနေ
သော ရွက်စိမ်းကို လှောင်ပြောင်သလိုကြည့်လိုက်
ပြီး...

"daddy.. ရင့်တို့ ဒီကောင်လေးကိုပါ မြန်မြန်
အဆုံးသတ်ပြီးရင် သွားရအောင်"

လူသတ်ရန်ပြောနေသော သူမကခပ်ပြုံးပြုံး။ ကျေနပ်
အားရမှုများက သူမမျက်နှာတွင်အထင်းသားပေါ်နေ
၏။ မိုင်း စိတ်ရှုပ်ထွေးစွာပြောလိုက်သည်။

"ကောင်လေးကိုမထိနဲ့ ငါသစ်မိုးအိမ်ကို ကတိပေး
ထားတယ်။ ကောင်လေးကိုဘာမှမဖြစ်စေရဘဲ အိမ်
ပြန်ပို့ရမယ်"

"ရူးနေလား! ဟို ရင့်ပြောတာက ဒီကောင်စုတ်လေး
က ရင့်တို့လုပ်ထားတာတွေအကုန်သိကုန်ပြီလေ..။
သူသာ ရဲသွားတိုင်ရင် အကုန်ရှုပ်ကုန်မှာပေါ့။ ရင့်
အထင် အကောင်းဆုံးက ရင့်တို့ ဒီကောင်စုတ်လေး
ကို အဆုံးသတ်လိုက်တာပါ"

အနီရင့်က ချိုသာလိုက် တင်းမာလိုက်ဖြင့်ပြောသည်။
သူမ၏မတည်ငြိမ်သော စကားသံက သူမ၏စိတ်အစဉ်
ကိုထင်ဟပ်နေသည်။

"သတ်လိုက်ပါ အဲ့အမှိုက်ကောင်လေးကို သတ်ပြစ်
လိုက်!"

သူမက ထပ်ခါထပ်ခါသာ တိုက်တွန်းနေပြီး မိုင်း၏
သူမကိုရှုပ်ထွေးစွာကြည့်နေသော အမူအရာကိုတော့
သတိမထားမိပေ။

"ငါမလုပ်နိုင်ဘူး"

မိုင်း ယတိပြတ်ငြင်းလိုက်သည်။ ထိုအခါ အနီရင့်
မျက်နှာမှာခက်ထန်သွားကာ သူမ၏ဟန်ဆောင်ထား
သော အမူအရာမှာပြိုကွဲသွားရသည်။ သူမက မိုင်းကို
သူမ၏နယ်ရုပ်လို တွက်ဆထားခြင်းဖြစ်ပြီး သူမကို
အခုလို တွန်းလှန်လာမည်ဟုမထင်ထားပေ။

"အကုန်လုံးပြီးဆုံးခါနီးမှ ဘာထဖြစ်ရတာလဲ!။ တစ်
သက်လုံး ကျွန်မအတွက် လုပ်ပေးခဲ့တာဘာများရှိဖူး
လို့လဲ။ ကျွန်မကိုအားနာရင် အနည်းဆုံးတော့ လူ
စိတ်ရှိသေးရင် သတ်လိုက်! သူ့ကိုသတ်လိုက်!.."

မိုင်းက ဂရုမစိုက်ပေ။ ရွက်စိမ်းကိုချုပ်ထားသော
လက်များကိုလွှတ်ကာ ပြောလာသည်။

"သွားတော့ကောင်လေး မင်းအစ်ကိုရဲ့လူတွေက
မင်းကို အိမ်ပြန်ပို့ပေးလိမ့်မယ်"

" အား...!!! အသုံးမကျတဲ့သူ ရှင်မသတ်ရင်
ကျွန်မကိုယ်တိုင်သတ်ပြမယ်.."

လျှပ်တပြက်အတွင်း အဖြစ်အပျက်များက မြန်ဆန်
လွန်းသည်။ ရွက်စိမ်းကိုသေနတ်နှင့် ချိန်လိုက်သော
အနီရင့်ကြောင့် မိုင်း မျက်နှာပျက်သွားရသည်။

ကျယ်လောင်သော သေနတ်သံကထွက်ပေါ်လာသည်
နှင့်အတူ သွေးနီတစ်ချို့စွန်းထင်းလေပြန်တော့၏။

...........

(***) ဆေးရုံတွင်ဖြစ်သည်။

အခန်းနံပါတ် (502) ဟုချိတ်ဆွဲထားသော ဆေးရုံ
ခန်း၏ရှေ့တွင် အခြားအခန်းများနှင့်မတူဘဲတူညီဝတ်
စုံဝတ်ထားသောသူများက ရပ်ကာစောင့်ကြပ်နေသည်။
အချိန်ပြည့် စောင့်ကြပ်နေခြင်းဖြစ်ပြီး တာဝန်ရှိဆရာဝန်
များမှအပ အသွားအလာကန့်သတ်ထားသည်။

"ဘောလုံးလေး သားကြီးကို Daddy တစ်လှည့်
ကြည့်ပေးမယ်လေ ခဏလောက်အိပ်လိုက်ပါလား
ကွာ"

ဦးထက်နောင် ရွက်စိမ်းခေါင်းလေးကိုဖွဖွပွတ်ကာ
ပြောလိုက်သည်။ ဦးထက်နောင်က သတင်းရရခြင်း
ချက်ချင်း လိုက်လာခဲ့ခြင်းဖြစ်ပြီး မိုးဝေကိုတော့
ကုမ္ပဏီအလုပ်များကြည့်ရန် အကူအညီတောင်းခဲ့
သည်။

သူရောက်ထဲက သစ်မိုးအိမ်အနားကမခွာသေးသော သားငယ်ရွက်စိမ်းကိုလည်း ဦးထက်နောင် စိတ်ပူရ
သည်။ သားတစ်ယောက်က ဆေးရုံကုတင်ထက်လဲ
လျောင်းနေချိန် နောက်တစ်ယောက်ပါလဲသွားသော
အဖြစ်မျိုးမဖြစ်စေချင်ပါ။

"ကိုကို့နားနေချင်လို့ပါ daddy ရဲ့ ဟီး~"

ရွက်စိမ်း ဦးထက်နောင် စိတ်မပူအောင် ပါးပြင်ထက်
မှပါးချိုင့်ကြီးများပေါ်သည်အထိပြုံးပြလိုက်သည်။ ဦး
ထက်နောင်ဆီမှ မချင့်မရဲ ရေရွတ်သံကထွက်လာ၏။

"ကောင်စုတ်လေး လာရယ်ပြနေသေးတယ်
ဘာစားချင်လဲ Daddy ကိုပြော.. ဘာမှမစားလို့
တော့မရဘူးနော်။ ဗိုက်ထဲအစာမရှိရင် နေမကောင်း
ဖြစ်လိမ့်မယ်။ daddy ကိုပြော daddy သွားယူ
ပေးမယ်"

အမှန်တွင် ရွက်စိမ်းဘာမှစားချင်စိတ်မရှိပေ။ သို့
သော် အစာတစ်ခုခုစားကာ အားမွေးထားမှကိုကို့
အနားတွင်ရှိပေးနိုင်မည်ကို သိသောကြောင့်..

"ကြက်သားစွပ်ပြုတ်လေးနဲ့ ခေါက်ဆွဲသုပ်စားချင်
တယ် daddy"

"daddy အခုသွားယူပေးမယ်နော်"

ဦးထက်နောင် ထွက်သွားတော့ အခန်းတွင်းတိတ်
ဆိတ်သွားကာ သစ်မိုးအိမ်နှင့်ရွက်စိမ်းသာရှိတော့
သည်။ ရွက်စိမ်းက ကုတင်ဘေးခုံတွင်ထိုင်နေခြင်း
ဖြစ်သည်။ ရွက်စိမ်း သစ်မိုးအိမ်ဘေးရှိကုတင်နေရာ
လွတ်တွင်ခေါင်းလေးတင်ပြီး သစ်မိုးအိမ်မျက်နှာကို
ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။

တာဝန်ခံ ဆရာဝန်ဆီမှ စိုးရိမ်စရာမရှိတော့ပါဟုဆို
လာသော်လည်း သတိပြန်လည်မလာသေးသူကြောင့်..
ရွက်စိမ်း စိတ်မအေးနိုင်သေးပါ။ဆရာဝန်ပြောတာတော့
သွေးထွက်လွန်သွားကြောင့်ဖြစ်ပြီး မကြာခင်သတိပြန်
လည်လာပါလိမ့်မည်တဲ့..။

ရွက်စိမ်း ပတ်တီးဖြူဖြူစီးထားသော သစ်မိုးအိမ်၏
လက်တစ်ဖက်ကိုဖွဖွကိုင်ကာ မျက်နှာကိုသာတစ်ချိန်
လုံးကြည့်နေသည်။ ရွက်စိမ်းက ဆေးရုံရောက်စထဲ
က ထိုသို့ရှိနေခြင်းဖြစ်ပြီး အနည်းငယ်ပင်အနားမယူ
ရသေးပေ။ သစ်မိုးအိမ်ကိုသာ စိုးရိမ်နေသောမျက်လုံး
များဖြင့်သာ တစ်ချိန်လုံးကြည့်နေသည်။

ဦးထက်နောင် စိတ်ပူရသောအကြောင်းများထဲတွင်
ငြိမ်သက်လွန်းနေသော ရွက်စိမ်းပုံစံကြောင့်လည်း
ပါ၏။ သစ်မိုးအိမ်၏ ထိခိုက်မှုက ရွက်စိမ်းအပေါ်..
အတော်ကိုသက်ရောက်မှုကြီးသည်။ ကြိမ်းစပ်နေ
သောမျက်လုံးများကြောင့် ရွက်စိမ်းမျက်တောင်လေး
ကိုပိတ်လိုက်ဖွင့်လိုက် လုပ်လိုက်ရင်းတောင့်ခံထား
လိုက်သည်။

ရွက်စိမ်း ဘယ်လိုပင်တောင့်ခံထားသော်လည်း ဒီရက်
များတွင် ကြုံရသည်များကြောင့် ရွက်စိမ်းခန္ဓာကိုယ်
သည် ပင်ပန်းနေပြီဖြစ်သည်။ ရွက်စိမ်း တဖြည်းဖြည်း
မျက်လုံးလေးများစဉ်းကာ အိပ်ပျော်သွားသည့်တိုင်..
သစ်မိုးအိမ်၏ လက်ဖဝါးကြီးကိုတော့ ဂရုတစိုက်ဖြင့်
ဆုပ်ကိုင်ထားတုန်းပင်။

ဆေးရုံးခန်းလေးတွင်း တိတ်ဆိတ်ကာ လူနှစ်ဦး၏
အသက်ရှူသံမှန်မှန်သာ ထွက်ပေါ်နေလေသည်။
.
.
.
"ကိုသစ် အဲ့ကောင်လေးကို အရမ်းမုန်းတာဘဲလား"

စုံတွဲတစ်ခုသည် စားသောက်ဆိုင်၏သီးသန့်ခန်းထဲ
တွင် နေ့လည်စာတူတူစားနေကြခြင်းဖြစ်၏။ စုံတွဲထဲ
မှ ကောင်မလေးကမေးလိုက်သောအခါ တစ်ဖက်မှ
သူ၏ ခရင်းဇွန်းကိုင်ထားသော လက်များတစ်ခဏ
ရပ်တန့်သွားသည်။ ပြီးမှပြန်ဖြေလာသည်။

"အင်း ကိုယ်မုန်းလွန်းလို့ သူ့ကိုပျောက်ကွယ်သွားစေ
ချင်တဲ့အထိဘဲ"
.
.
ကွန်တိန်နာများသာထားရာ ဆိပ်ကမ်းတစ်ခု၏ဂိုဒေါင်
ပျက်ထဲတွင်ဖြစ်ပြီး ငြင်းဆိုသံလေးကထင်ထင်ရှားရှား
ထွက်လာသည်။

"ဟင့်အင်း မဟုတ်ဘူး ကိုကိုက ရွက်စိမ်းကိုကို။
မဟုတ်ဘူး ဟင့်အင်း မဟုတ်ဘူးလိမ်နေတာ ..
ဟုတ်တယ်ခင်ဗျား တို့လိမ်နေတာ"

ဖုန်းခေါ်ဆိုမှုကိုရပ်ကာ ဖုန်းကိုပြန်သိမ်းလိုက်သောသူ
ကလှောင်ပြုံးပြုံးလိုက်သေး၏။သွေးပျက်ကာအသည်းအသန်ငြင်းနေသောကောင်လေးကိုကြည့်ကာပြောလာသည်။

"ကောင်လေးမင်းက ငါ့တို့ဘော့အတွက်ဘယ်လို
တည်ရှိမှုဆိုတာသိပြီမလား..ဘော့က မင်းကိုသင်ခန်း
စာကောင်းကောင်းပေးဖို့ငါတို့ကိုငှားထားတာ..ငါတို့
စိတ်တိုင်းကျ ကစားလို့ရတယ်တဲ့။ ဒါပေမယ့်ငါတို့က
အမို့မောက်တွေနဲ့ကောင်မလေးတွေဘဲစိတ်ဝင်စားတာ.."

ထိုသူကပြောရင်းဖြူဖွေးနေသောကောင်လေး၏
ပိန်ပါးပါးကိုယ်လေးကို ထပ်အောက်စုန်ဆန်ကြည့်
သည်။

"အင်း..အသစ်အဆန်းလေး စမ်းကြည့်ရလဲ
မဆိုးပါဘူးလေ ဟားဟား"

လူစုသည် ကောင်လေးအနားကို ပိုကာပိုကာတိုးကပ် လာတော့၏။
.
.
အုတ်ခဲနှင့်ရိုက်ကာ အလစ်အငိုက်တွင်ထွက်ပြေး
သွားသောကောင်လေးကို လူစုသည်ရှာဖွေသော်
လည်းမတွေ့သောအခါ ဒေါသတကြီးတောက်ခေါက်
လိုက်သည်။ သူတို့၏ခေါင်းဆောင်ဆီသို့ အစီရင်ခံရန်
လုပ်ရတော့သည်။

"ခေါင်းဆောင် ကောင်လေးကိုလွတ်သွားပါတယ်"

"ကျွန်တော်တောင်းပန်ပါတယ် ခေါင်းဆောင် ..
ကောင်လေးက အလစ်အငိုက်မှာထွက်ပြေးသွား
လို့ပါ"

"ဟုတ်ကဲ့ ကျန်တာအားလုံး စီစဉ်ထားတဲ့တိုင်းအကုန်
ဖြစ်ပါတယ်။ ကောင်လေးဘဝကို မဖျက်စီးလိုက်ရ
ပေမယ့် သူ့အတွက်တစ်သက်လုံးစိတ်ခြောက်ခြား
နေဖို့ လုံလောက်ပါတယ် ခေါင်းဆောင်.."

တစ်ဖက်မှသူသည် တာဝန်ကျေတယ် ဆိုသောစကားကိုပြောကာ ဖုန်းချသွားသည်။ တစ်ဖက်မှသူသည်
ဖုန်းချပြီးသည်နှင့် နောက်ထပ်ဖုန်းနံပါတ်တစ်ခုကိုနှိပ် ကာ ဖုန်းခေါ်လိုက်သည်။

"မမလေး အစီအစဉ်အတိုင်း လုပ်ပြီးပါပြီ ကောင်လေး
ကတော့ လွတ်သွားပါတယ်။ သူ့ရဲ့စိတ်အခြေအနေနဲ့
ဆို ဘယ်သူ့ကိုမှပြန်ပြောရဲမှာ မဟုတ်ပါဘူး။ စိတ်မပူ
ပါနဲ့ မမလေး"

တစ်ဖက်မှမမလေးကို ပြန်ဖြေလိုက်ပြီး ဆက်ပြော
လိုက်သည်။

"သခင်ကြီးကိုလည်း သူ့အမိန့်အတိုင်းကောင်လေး
ကို ဖမ်းလာပြီးပြီလို့ပြောထားပါတယ် မမလေး။ အခု
ကောင်လေးလွတ်သွားကြောင်း သတင်းပို့လိုက်ပါ့မယ်။
မမလေးနဲ့ ပတ်သတ်မှုမရှိစေရပါဘူး"

"ဟုတ်ကဲ့ ဥက္ကဌက မနက်ဖြန်မှာ နေ့လယ်ပိုင်း
လောက်ကျရင် (**) Garden ကိုသွားမှာပါ
မမလေး"

ထိုသူက သူလုပ်နေကျအတိုင်း သတင်းအတိအကျ
ပေးပြီးသည်နှင့် ဖုန်းချလိုက်ကာမလှမ်းမကမ်းတွင်
လျောက်လာသော ဝန်ထမ်းဝတ်စုံနှင့် ကောင်မလေး
ကိုပြုံးပြလိုက်သည်။

"ဘာဖြစ်လို့လဲ အစ်မရွှေရည်"

"ဥက္ကဌရောက်နေပြီ အစောကမေးနေတယ် စေသူ"

"အာ..ဟုတ်ကဲ့ ကျွန်တော်သွားလိုက်ပါ့မယ်ဗျ။
ကျေးဇူးပါ အစ်မရွှေရည်.."

"ရပါတယ်ဟယ် လုပ်ဖော်ကိုင်ဖက်တွေဘဲကို။ ဥက္ကဌ
မျက်နှာက အခြေအနေသိပ်မကောင်းဘူးဟ သတိထား
သွားဦးနော်။ မနက်က မအနီရင့်နဲ့ထွက်သွားတုန်းက
တောင် ကြည်ကြည်လင်လင်ဘဲကို အပြင်မှာ စိတ်ခု
စရာတစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်"

စေသူ မရွှေရည်၏သတိပေးစကားကို သေချာနား
ထောင်ကာ ခေါင်းငြိမ့်လိုက်ပြီး ကျေးဇူးတင်ကြောင်း
ပြောကာ ဥက္ကဌရုံးခန်းဘက်သို့ထွက်လာလိုက်၏။

"သစ်ရွက်စိမ်း မရောက်သေးဘူးလား?"

"ဗျာ ဘယ်သူလဲ ဥက္ကဌ"

စေသူ မေးခွန်းပြန်ထုတ်လိုက်တော့ ဥက္ကဌကမျက်
မှောင်ကြုတ်သွားကာ စိတ်မရှည်သလိုကြည့်လာ၏။
ဥက္ကဌသစ်မိုးအိမ် ကိုယ်တိုင်က သစ်ရွက်စိမ်းဆိုသော
ကောင်လေးကို ကုမ္ပဏီကိုခေါ်လာလေ့မရှိသောကြောင့်
စေသူ၏အဖြေမှာသဘာဝကျသည်။ ထို့ကြောင့်လည်း..
စေသူ၏အဖြေကို ဘာမှမပြောခြင်း..။

"ဆံပင် ငွေဖြူရောင်နဲ့ ကောင်လေးလေ"

"မလာပါဘူး ဥက္ကဌ"
.
.
.
နှလုံးခုန်နှူန်းပြစက်လေးက ရုတ်တရက်မြင့်တက်သွား
ပြီး တစ်ဖြည်းဖြည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်..။
ကုတင်ပေါ်မှ သတိလစ်နေသောအမျိုးသား၏မျက်ခွံ
များဦးစွာလှုပ်ခတ်သွားကာ တစ်ဖြည်းဖြည်းချင်းမျက်
လုံးများပါဖွင့်လာသည်။

သစ်မိုးအိမ် မျက်လုံးများဖွင့်ဖွင့်ခြင်း ခပ်စူးစူးအလင်း
ရောင်ကြောင့် မျက်လုံးများကိုတစ်ခဏပြန်မှိတ်ထား
လိုက်ပြီးမှပြန်ဖွင့်လိုက်သည်။ အဖြူရောင်မျက်နှာ
ကျက်နှင့် ခပ်သင်းသင်းမွှေးရနံ့သုံးထားသည့်တိုင်
ရောပါနေသော အရက်ပြန်အနံ့ကြောင့် သူဆေးရုံ
တွင်ရောက်နေကြောင်းသိလိုက်သည်။

သစ်မိုးအိမ် ခေါင်းကိုအနည်းငယ်စောင်းကာကြည့်
လိုက်တော့ သူထင်ထားသလိုပင် ကောင်လေးက
သူ့လက်ကိုဆုပ်ကိုင်ကာအိပ်မောကျနေသည်။ အ
နည်းငယ်ချောင်သွားသော မျက်နှာလေးကြောင့်
စိတ်မကောင်းဖြစ်ရသည်။

သစ်မိုးအိမ်၏လက်ကိုကိုင်ထားပုံလေးကြောင့် သူ
မပြုံးဘဲ မနေနိုင်တော့။သစ်မိုးအိမ်လက်မှ ဒဏ်ရာကို
ထိမှာစိုးသောကြောင့်ထင် သစ်မိုးအိမ်၏လက်ညိုးလေးကို ကလေးသေးသေးလေးများ သူတို့အဖေလက်ကို
ကိုင်သလိုဆုပ်ကိုင်ထားခြင်း။

သစ်မိုးအိမ် ရွက်စိမ်းကိုင်ထားသောလက်ကိုမလှုပ်
စေရဘဲ ကိုယ်ကိုသတိထားကာစောင်းပြီး ကောင်လေး
ဘက်ကို အပြည့်အဝလှည့်လိုက်သည်။ လွတ်လွတ်
လပ်လပ်လှုပ်ရှား၍ရသော ကျန်လက်တစ်ဖက်ဖြင့်
လက်ညိုးကိုအနည်းငယ်ကွေးကာ ဖြူဖွေးနေသော
ပါးပြင်လေးကို ဖွဖွပွတ်သပ်လိုက်သည်။

နူးညံ့လွန်းသော နို့ကိတ်လိုပါးလေးပီသစွာလက်
ချောင်းများမှ အိအိစက်စက်အထိအတွေ့လေးကို
ခံစားနေရ၏။ အခန်းတံခါးဖွင့်လာသံကြောင့်
သစ်မိုးအိမ် တိတ်တိတ်နေရန် အမူအရာပြလိုက်ပြီး
အနည်းငယ်လှုပ်လာသော ကောင်လေးကိုခေါင်း
လေးပွတ်ပေးလိုက်သည်။ ပြန်အိပ်ပျော်သွားသော
အချိန်ထိစောင်ေ့နလိုက်သည်။

ကလေးငယ်ပြန်အိပ်ပျော်သွားတာသေချာမှ
သစ်မိုးအိမ် လက်ကိုရုတ်လိုက်သည်။ ကုတင်နှင့်
မလှမ်းမကမ်းတွင် ရပ်နေသော သူကိုတစ်ချက်ကြည့်
လိုက်ပြီး..

"ပြောလို့ရပြီ"

သစ်မိုးအိမ်၏ မျက်နှာ သွေးထွက်လွန်ထားသော
ကြောင့် ပုံမှန်ထက်ပိုကာဖြူလျော့နေသည်။ သို့သော်
ထိုကဲ့သို့ဖြူလျော့လျော့အသွင်ပြင်က တိကျသော
မေးရိုးများနှင့်ပုံမှန်ထက် ထူးကဲသောလှပပြီးနက်ရှိုင်း
သောမျက်လုံးအကြည့်များနှင့်ပေါင်းစပ်လိုက်သောအခါ
နှစ်သောင်းပေါင်းများစွာ ရှင်သန်ခဲ့ပြီး သေခြင်းရှင်ခြင်း
အပေါ်ငြီးငွေ့နေသော ပျင်းလျော့လျော့ ဒရက်ကူလာ
တစ်ကောင်လိုပင်ခံစားရစေသည်။ ဤသည်ကပင်
သစ်မိုးအိမ်၏ အေးစက်စက်အငွေ့အသက်ကိုပိုတိုး
စေပြီး ကျောချမ်းစရာခံစားချက်ကိုပေးနေသည်။

"အတည်ပြုပြီးပါပြီ Mr.X.. အားလုံးအစီအစဉ်
အတိုင်းပါဘဲ"

သစ်မိုးအိမ်က သူသိပြီဖြစ်ကြောင်း ခေါင်းငြိမ့်လိုက်
သည်နှင့် ထိုသူကလည်း အလိုက်သတိပင်ပြန်ထွက်
ခွာသွားသည်။ သစ်မိုးအိမ် ချစ်စရာကောင်းအောင်
အိပ်ပျော်နေသောကောင်လေးကိုသာ တစိမ့်စိမ့်ကြည့်
ရင်း အစိတ်အပိုင်းတစ်ခုခြင်းဆီကို သေချာစွဲထင်
အောင်မှတ်သားနေလိုက်သည်။

...........

"ဥက္ကဌကြီး တစ်ခုခုလိုလို့လား? ကျွန်တော်ဘာလုပ်
ပေးရမလဲဗျ.."

ဦးထက်နောင် ရွက်စိမ်းအတွက် အစားအသောက်
လာဝယ်ပေးရန်အသွား သစ်မိုးအိမ်၏အတွင်းရေးမှူး
ကောင်လေးက ပြောလာခြင်းဖြစ်၏။ သစ်မိုးအိမ်အနား
တွင်တွေ့နေကျသူဖြစ်သောကြောင့် ဦးထက်နောင်က
အတွင်းရေးမှူးကောင်လေးကို မျက်မှန်းတန်းမိသည်။

"ဘောလုံးလေးအတွက် အစားအသောက်လာဝယ်
တာပါ။ အစားဝင်အောင်နည်းနည်းကျွေးကြည့်မလား
လို့ကွာ"

"ဥက္ကဌကြီးက ဒီကလမ်းတွေသိမှာ မဟုတ်ဘူး။
ကျွန်တော် သွားဝယ်ပေးရမလားဗျ"

ဦးထက်နောင်တို့က သားကြီးသစ်မိုးအိမ်သတိရလာမှ
Y မြို့တော်သို့ပြန်မည်တွေးထားကြသောကြောင့်..
မြို့တော်မြောက်ပိုင်းတွင်းသာ ရှိနေဆဲဖြစ်သည်။ ထို့
ကြောင့်လည်း အတွင်းရေးမှူး ကောင်လေးကပြော
လာခြင်းဖြစ်သည်။

"ရတယ် အန်ကယ်လ်ဘာသာဘဲသွားလိုက်မယ်။
သားကြီးက သတိပြန်လည်မလာသေးပေမယ့် စိုးရိမ် စရာမရှိတော့ပါဘူး။မင်းလဲစိတ်ပူမနေနဲ့တော့။ ပြီးတော့ ဆေးရုံမှာဘဲရှိနေစရာမလိုပါဘူးကွာ။ hotel မှာသွားနားလိုက်ဦး။ ဒါနဲ့ မောင်ရင့်နာမည်က.."

"ကျွန်တော့်နာမည် စေသူပါဗျ"

"အင်း မောင်စေသူ နည်းနည်းအစုံရတဲ့ စားသောက်
ဆိုင်က ဘယ်ဘက်မှာလည်းသိလား.. အန်ကယ်လ်
လိုက်ရှာနေရင်း မျက်စိလည်နေလို့"

"ဆေးရုံဝန်းထဲကထွက်ပြီး ညာဘက်ကိုချိုးလိုက်ရင်
တွေ့ရတဲ့စားသောက်ဆိုင်က အရသာကောင်းတယ်လို့
နာမည်ကြီးပါတယ် ဥက္ကဌကြီး"

"ဟုတ်လား ကျေးဇူးပါကွာ မောင်စေသူက မြို့တော်
မြောက်ပိုင်းအကြောင်းအတော်သိတာဘဲ။ အန်ကယ်လ်
အတွက်တော့ မြို့တော်မြောက်ပိုင်းလမ်းတွေက အတော်မှတ်ရခက်တာကွာ.."

"မြို့ခံမဟုတ်တဲ့သူတွေအတွက်တော့ မြို့တော်
မြောက်ပိုင်းလမ်းတွေက မှတ်ရခက်တာပုံမှန်ပါဘဲ
ဥက္ကဌကြီး။ ကျွန်တော်က မြောက်ပိုင်းမြို့ခံဇာတိမို့
သိနေတာပါ"

"ဒါကြောင့်ကိုး.. ကျေးဇူးပါ မောင်စေသူရေ
အန်ကယ်လ်ကို ခွင့်ပြုပါဦးကွာ။ သားငယ်ဘောလုံး
လေး ဗိုက်ဆာနေမှာဆိုးလို့"

ဦးထက်နောင်စေသူဆိုသောသားကြီး၏အတွင်းရေးမှူး ကောင်လေးကိုနှုတ်ဆက်ကာ စားသောက်ဆိုင်သို့ထွက် လာလိုက်သည်။

............

SUN group ဥက္ကဌရုံးခန်း..

"သဘောကျတာလား?"

"ဟုတ်ကဲ့ အများကြီးသဘောကျပါတယ် ဥက္ကဌ"

လက်ကြီးများက ကောင်လေး၏ဆံပင်လေးများကို
ဆွဲဖွသွားသည်။ ကောင်လေး၏ဆံပင်များက ငှက်မွှေး
လေးလိုနူးညံ့နေသောကြောင့် လက်ဖဝါးကြီး၏ပိုင်ရှင်
က အချိန်တိုင်းသာကိုင်တွယ်နေချင်တော့သည်ဟု
တွေးနေမိသည်။

"အဟွန်း ဝန်ထမ်းကဒ်လေးရတာကို ဒီလောက်တောင်
ပျော်နေတယ်တဲ့လား"

ဒီရေလှိုင်း ခပ်တိုးတိုးရေရွတ်ရင်း ခေါင်းသာခါမိသည်။
တိမ်ငယ်ဆိုသော ဒီကလေးကိုစိတ်ကျေနပ်အောင်လုပ်
ရတာတစ်ကယ်ကိုလွယ်သည်။ သေးငယ်သောအရာ
လေးများနှင့်လည်း စိတ်ကျေနပ်ပါသေး၏။ အခုလည်း
ကုမ္ပဏီဝန်ထမ်းကဒ်ပေးသည်ကို အပျော်ကြီးပျော်နေ
ခြင်း။

အပြာရောင်ကြိုးလေးနှင့်ချိတ်ကာ လည်ပင်းတွင်ဆွဲ
ထားပြီး အချိန်ရတိုင်းငုံ့ကြည့်နေပုံလေးက အသည်း
ယားစရာကောင်းသည်။

"တိမ်ငယ်"

"ဗျာ"

ချလပ်! ဆိုသောအသံနှင့်အတူ ဝန်ထမ်းကဒ်လေးကိုင်
ကာမော့ကြည့်လာသော တိမ်ငယ်၏ပုံလေးကဒီရေလှိုင်း
၏ဖုန်းတွင်နေရာယူသွားသည်။ ပုံလေးကိုပြန်ကြည့်ရန်
ပြင်နေစဉ်မှာပင် ဝင်လာသောဖုန်းကောလ်ကြောင့်..
ဒီရေလှိုင်း မျက်နှာမကြည်မသာဖြစ်သွားရသည်။

ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်တော့ လင်းနေ။
ဒီရေလှိုင်း မျက်မှောင်များတွန့်ကွေးလျက်ပင်ဖုန်း
ကိုင်လိုက်သည်။

"ပြော လင်းနေ"

ဒီရေလှိုင်း သူ့စားပွဲသို့ပြန်လျောက်သွားကာ ထိုင်လိုက်
သည်။ လင်းနေက သူပြန်လာတော့မည့်အကြောင်းကို
ပြောခြင်းဖြစ်သည်။

"ပြန်လာမှာက ဘယ်နေ့လဲ"

စားပွဲတစ်ဖက်မှကောင်လေးက ခေါင်းလေးထောင်
လာသောကြောင့် ဒီရေလှိုင်းပြုံးလိုက်မိသည်။ ဖုန်း
ပြောချင်လို့လားဟု အမူအရာဖြင့်မေးလိုက်တော့..
ခေါင်းလေးငြိမ့်ကာ အနားကိုချက်ချင်းရောက်လာ
သည်။

ဒီရေလှိုင်း မျက်ခုံးတစ်ဖက်ပင့်ကာ ပေါင်ပေါ်ထိုင်
ရန်ပုတ်ပြလိုက်သည်။ ဒီရေလှိုင်းမျက်နှာချောချော
ကိုကြည့်ကာ နှုတ်ခမ်းလေးကိုက်ပြီး အခက်တွေ့နေ
ပုံလေးကြောင့် ဒီရေလှိုင်း လက်ကောက်ဝတ်လေးကို
ဆွဲကာအတင်းထိုင်ချစေခြင်းဖြင့်ကူညီပေးလိုက်သည်။

တိမ်ငယ်ကိုယ်သေးသေးလေးက ဒီရေလှိုင်း၏ရင်ခွင်
ကျယ်နှင့်ဆိုပါက တိုင်း၍ချုပ်ထားသလိုပင် အံဝင်ခွင်
ကျနေသည်။ ဒီရေလှိုင်းတစ်ဖက်မှလင်းနေကိုတိမ်ငယ် ဆီ ဖုန်းလွှဲပေးလိုက်မည်ဖြစ်ကြောင်းပြောလိုက်ပြီး
တိမ်ငယ်၏ပါးတစ်ဖက်ကိုအနီကွက်ကြီးထင်အောင်
ခပ်ကြမ်းကြမ်းတစ်ချက်နမ်းပြီးမှဖုန်းကိုလွှဲပြောင်းပေး
လိုက်သည်။

ကောင်လေးက သူ့အစ်ကိုနှင့်ပြုံးပျော်ကာစကားပြော
နေသည်။ ဒီရေလှိုင်းကတော့ ခါးလေးကိုအားရပါးရ
သိမ်းကြုံးပွေ့ပိုက်ထားပြီး ပုခုံးကျဉ်းလေးပေါ်ခေါင်း
တင်ကာ ကောင်လေးကိုပိုပိုကာထွေးပွေ့ရန်ကြိုးပမ်း
နေသည်။

"ကိုကြီးသူ..အဲ ဥက္ကဌ တိမ်ငယ်ဖုန်းပြောလို့ပြီးသွား
ပါပြီဗျ"

သဘောကတော့ ခါးကလက်ကိုလွှတ်ပေးပါပေါ့လေ။
ဒီရေလှိုင်း ခပ်ညစ်ညစ်ပြုံးကာ ခါးလေးကိုပိုကာတင်း
တင်းဖက်လိုက်တော့ အင့်ကနဲပင်အသံလေးထွက်လာ
သည်။

"ဥက္ကဌ.."

"တိမ်စိုင်ငယ်.."

ဒီရေလှိုင်း ညင်ညင်သာသာခေါ်လိုက်ပြီး ရင်ခွင်ထဲ
ကကောင်လေး၏ ကိုယ်လေးကိုတစ်ချက်ဖျစ်ညစ်
လိုက်သည်။

"ကိုယ် မင်းကျောင်းပြီးတဲ့အထိ စောင့်မယ်..ပြီးရင်
ကိုယ့်အနားမှာ အမြဲတူတူရှိနေပေးရမယ်နော်။ ကိုယ်
မင်းကိုလိုချင်တယ် ဒါပေမယ့် ကိုယ်ထိန်းမှာပါ။
ဒါပေမယ့် မင်းကကိုယ့်ကို ဒီလိုတော့နမ်းခွင့်ပြုကွာ.."

ပြောရင်း တိမ်ငယ်၏ပါးလေးတစ်ဖက်ကို တအားနမ်း
ပြစ်လိုက်သည်မှာ ထုံးစံအတိုင်းအနီကွက်ကြီးထင်ပြီး..
ကြမ်းတမ်းသောအရှိန်ကြောင့်တိမ်ငယ်လန့်ကာမျက်လုံး
လေးများ မှိတ်ကုန်သလို ခေါင်းလေးပင် တစ်ဖက်ကို
စောင်းသွားရသည်။

..........

"ကိုကို အိမ်မက်အရှည်ကြီးမက်တယ် clover..
ဒီတစ်ခေါက်အိမ်မက်လည်း အရင်ညတွေလိုပါဘဲ
ဒါပေမယ့် အရင်လိုမှုန်ဝါးမနေတော့ဘူး.."

"အရင်တုန်းက ကိုကိုကအရမ်းဆိုးတယ်မလား?
အရမ်းပင်ပန်းခဲ့မှာပေါ့။ ကိုကို့ကလေးလေး တစ်
ယောက်ထဲ ဘယ်လောက်တောင်ကြောက်ပြီး..
နာကျင်နေလိုက်မလဲ.."

သစ်မိုးအိမ် ဆက်ပြောချင်သော်လည်း ပြောစရာ
စကားမဲ့နေရသည်။ သက်ပြင်းမောကိုရှိုက်ကာ..
ခြောက်သွေ့နေသော အောက်နှုတ်ခမ်းကိုလျှာဖျား
နှင့်သပ်မိသည်။ ရင်ထဲဝင်လာသော စို့နင့်နင့်ခံစား
ချက်က အလုံးအရင်း..။ သူတိုးတိတ်သောစကား
ကိုသာဆိုနိုင်တော့သည်။

"တောင်းပန်ပါတယ် အကုန်လုံးအတွက်...
အရာအားလုံးအတွက်..။ ကိုကို ကတိပေးတယ်။
သူတို့နဲ့တန်တဲ့အပြစ်ကြွေးကိုပေးဆပ်စေရမယ်..။
ကိုကိုလည်း ဒီကလေးလေးကိုပိုပိုချစ်ပေးပြီး အပြစ်
တွေကိုပေးဆပ်ပါ့မယ်နော်.."

အိပ်ပျော်နေသော ကောင်လေး၏မျက်နှာလေးက
ကြည်ကြည်လင်လင်။ သစ်မိုးအိမ် မြတ်နိုးလွန်းသော
ကြောင့် ကိုယ်ကိုကြွကာ နဖူးပြင်ကျဉ်းလေးကို နမ်း
လိုက်သည်။ နွေးကနဲဖြစ်သွားသောနဖူးကြောင့်ထင် အကောင်ငယ်လေး၏ မျက်ခွံလေးများ လှုပ်လာကာနိုးစပြုလာ၏။သစ်မိုးအိမ် ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားလိုက်ရသည်။

သူ့ကံကောင်းခြင်းလေး တအားပင်ပန်းနေမှာကို..။

သူသတိရနေသည်ကိုမြင်သည်နှင့် မျက်လုံးလေးများ
ပြူးကျယ်သွားကာအတင်းကာ မတ်တပ်ထရပ်သော
ပုံလေးက သစ်မိုးအိမ်ကိုပြုစားနေပြန်သည်။

"ကိုကို့ကို လာဖက်ပါဦး.."

သစ်မိုးအိမ်လက်နှစ်ဖက်ကိုဖွင့်ပေးလိုက်တော့ ငိုမဲ့မဲ့
ဖြစ်လာကာ လူကိုခုန်အုပ်ကာတင်းတင်းဖက်လာပုံ
က သူကလူနာဆိုတာဒီကလေးသတိရောရသေးရဲ့
လားပင်။

သစ်မိုးအိမ်ကိုယ်တိုင်လည်း စိတ်သက်သာရာရစွာ
ဖြင့် ရင်ခွင်ထဲကကိုယ်နွေးနွေးလေးကိုပြန်ဖက်ထား
လိုက်ပြီးအကာအကွယ်မဲ့သောကောင်လေး၏ဂုတ်ပိုး
လေးကိုခပ်ဖွဖွဖိညစ်လိုက်သည်။

"ဟား..ဒီကိုယ်လေးကိုဖက်ရတာကောင်းလိုက်တာ
သေးသေးကွေးကွေးလေးနဲ့ ဒီလူ့ရင်ခွင်နဲ့ကွက်တိကွာ။
ဘာမှမဖြစ်တော့ပါဘူး အကုန်လုံး အဆင်ပြေသွားပြ
ပြီ..ဘာမှမဖြစ်တော့ပါဘူး"

အကောင်သေးသေးလေးဆီမှ ဘာသံမှထွက်မလာ
သောကြောင့် သစ်မိုးအိမ်အဆင်ပြေသွားပါပြီဆိုသောစကားကိုသာ ထပ်ခါထပ်ခါပြောရင်းကျောပြင်လေးကို
ဖွဖွပွတ်ပေးနေလိုက်သည်။

"အ့..!"

ခပ်သာသာ အော်သံကသစ်မိုးအိမ်ဆီမှ ဖြစ်ပြီး
ငြိမ်နေသောကောင်လေးဆီတွင် နှုတ်ခမ်းများကို
ကိုက်ခဲခံလိုက်ရသောကြောင့်ဖြစ်သည်။ နှုတ်ခမ်း
တစ်စုံလုံးကို ကိုက်ဝါးနေသည်မှာ သစ်မိုးအိမ်မျက်
ရည်များပင်ကျတော့မလို ခံစားနေရသည်။ ရုန်းဖယ်
ရန်ပြင်လိုက်တော့ ..

"ငြိမ်ငြိမ်နေ လှုပ်ရဲလှုပ်ကြည့်!"

"အာ.. ကောင်းပါပြီကွာ.."

သစ်မိုးအိမ်က အစောထဲကလူနာကုတင်ခေါင်းရင်း
ကိုကျော်မှီကာထိုင်နေခြင်းဖြစ်၏။ သစ်မိုးအိမ် လက်
နှစ်ဖက်ကိုအသာမြှောက်ရင်း အရှုံးပေးသောပုံစံဖြင့်
ပြောလိုက်သည်။

အနားကိုထပ်ကာကပ်လာသော တည်တင်းနေသည့်
မျက်နှာသေးသေးလေးကြောင့် သစ်မိုးအိမ်မျက်လုံး
မှိတ်ကာ နာကျင်မှုကိုစောင့်နေလိုက်သည်။ သို့သော်
ဒီတစ်ခေါက်ကျလာသည်က ချွန်ထက်သောသွားလေး
မဟုတ်ဘဲ နှုတ်ခမ်းအိထွေးထွေးလေးသာ..။

သစ်မိုးအိမ်၏ အပေါ်နှုတ်ခမ်းကိုဖွဖွနမ်းပြီးအောက်
နှုတ်ခမ်းထူထူကိုဆွဲဆွဲစုပ်ယူလာသည်။ နှုတ်ခမ်း
နှစ်လွှာကြားကိုစူးစမ်းလာသောလျှာဖျားလေးကြောင့်
သစ်မိုးအိမ် နှုတ်ခမ်းထောင့်များကော့တက်သွားကာ
နှုတ်ခမ်းများကိုဖွင့်ဟပေးလိုက်တော့ လျှာဖျားလေးက
ရှေ့တိုးမလိုနောက်ဆုတ်မလိုဖြင့် သူ့ပိုင်ရှင်လိုယောင်
နနလေးဖြစ်နေ၏။

သစ်မိုးဘက်မှပင် ဦးဆောင်ကာနည်းလမ်းပြလိုက်
တော့ လိုက်လုပ်လာ၏။ သစ်မိုးအိမ်၏ ရွက်စိမ်း၏
နှုတ်ခမ်းလေးများ ဦးဆောင်ရာအတိုင်းအလိုက်သင့်
သာ လိုက်နေလိုက်သည်။ တစ်ခဏအကြာ ရွက်စိမ်း
က သစ်မိုးအိမ်၏လည်ပင်းကိုတင်းတင်းကြပ်ကြပ်ဖက်
ထားကာ နဖူးချင်းထိထားပြီး လေးလေးနက်နက်ဖြင့်
သစ်မိုးအိမ်ကိုကြည့်နေသည်။

ပြောလာသည်က တိုးတိုးလေး..။

"ကိုကိုက ဆိုးတယ် ရွက်စိမ်းအပိုင်ဖြစ်အောင်
သိမ်းထားမှဖြစ်တော့မယ်"

သစ်မိုးအိမ်က ကောင်လေးသူ့ကို ပိုင်စိုးပိုင်နင်း
ပြောတိုင်းသေလောက်အောင်သဘောကျသည်။
အခုတစ်ကြိမ်တွင်လည်း သူရူးပြစ်ဖို့ပင်လုံလောက်
သည်။ သစ်မိုးအိမ် အလွန်လိုက်လျောကာ အလို
လိုက်သောအသံဖြင့်ပြုံးကာပြောလိုက်သည်။

"ဒါဆိုဘာကိုစောင့်နေတာလဲ ကိုယ့်ကိုမင်းလေး
အပိုင်ဖြစ်အောင်လုပ်လိုက်တော့လေ my darling
လေး.."

သစ်မိုးအိမ်၏ မျက်ခုံးတစ်ဖက်ပင့်ကာပြောလိုက်သော
ပုံကို ကောင်လေးက သေချာကြည့်နေရင်းခေါင်းငြိမ့်
ကာ တုန့်ပြန်လာသည်။

"အွင်း"

"သားကြီး သတိရနေပြီလား"

အခန်းတံခါးဖွင့်သံနှင့်တူတူထွက်လာသော
ဦးထက်နောင် ၏ အသံကြောင့်နှစ်ယောက်သား
လူချင်းခွာလိုက်ကြသည်။ သစ်မိုးအိမ်၏ နှုတ်ခမ်းများ
က ပေါက်ပြဲကာယောင်ယမ်းနေသည်မှာ သိသိသာ
သာပင်။ သတိထားမိသွားသော ဦးထက်နောင်က
မေးလာသည်။

"သားကြီး နှုတ်ခမ်းကဘာဖြစ်တာလဲ?"

"နတ်သားလေး ဆင်းကိုက်သွားတာ daddy"

ချိုအီအီအပြုံးဖြင့် သစ်မိုးအိမ်က ဘေးတွင်ထိုင်နေ
သောကောင်လေးကို လှမ်းကြည့်ကာဖြေသည်။ ကြက်
စွပ်ပြုတ်နှင့်အသုပ်ကို စားပွဲပေါ်တင်ကာပြင်နေသော
ဦးထက်နောင်ကတော့ သစ်မိုးအိမ်ကိုလှည့်ကြည့်လာ
သည်။ ရူးနေတာလားဆိုသော အကြည့်နှင့်။

ရွက်စိမ်းကတော့မျက်နှာတည်လေးဖြင့် ဦးထက်နောင် ယူလာသော ကြက်စွပ်ပြုတ်နှင့်အသုပ်ကိုစားနေပြီး
သစ်မိုးအိမ်ကို လျစ်လျူရှုထားသည်။

ဒါကိုပင်အသည်းတယားယားဖြစ်နေမိသော
သစ်မိုးအိမ်က ခပ်တိုးတိုးရယ်မိပြန်သည်။ ဒီတစ်ခါ
တွင်တော့ ဦးထက်နောင်က သစ်မိုးအိမ်ကိုခေါင်းစ
ခြေဆုံးကြည့်သည်။

"သားကြီးနေလို့ထိုင်လို့ရော ကောင်းရဲ့လား? Daddy ဆရာဝန်သွားခေါ်ပေးရမလား"

"ကျွန်တော် အဆင်ပြေပါတယ် daddy"

"ဪ..အေး အဆင်ပြေတာကောင်းတာပေါ့"

ခေါင်းငြိမ့်ကာဖြေလာသော်လည်း ဦးထက်နောင်၏
အကဲခတ်သလိုအကြည့်များက သစ်မိုးအိမ်ကိုယ်ပေါ်
မှခွာမသွားသည်ကို ရွက်စိမ်းကိုသာကြည့်နေသော
သစ်မိုးအိမ်ကတော့ လုံးဝသတိမထားမိပေ..။

...........

"လင်းနေ ငါတို့ဒီမှာ"

တိမ်ငယ်၏ပုခုံးလေးထက်တွင် လက်တစ်ဖက်တင်
ထားသော ဒီရေလှိုင်းက လေဆိပ်ထဲမှထွက်လာကာ
သူတို့ကိုလိုက်ရှာနေသော လင်းနေကိုလှမ်းပြောလိုက်
သည်။

လင်းနေက သူ့မူပိုင်အပြုံးချိုချိုများဖြင့် သူတို့ဘက်သို့
လျောက်လာသည်။ အရပ်ရှည်ရှည်နှင့်ကြည့်ကောင်း
သော ခန္ဓာကိုယ်ရှိသောလင်းနေက လမ်းလျှောက်ရာ
တွင် စမတ်ကျသေးသည်။ လေဆိပ်ထဲကောင်မလေး
တစ်ချို့၏အကြည့်များက လင်းနေနောက်သို့ကပ်ပါ
လာသည်အထိ လင်းနေက ကြည့်ကောင်းသည်။

"Hey bro မတွေ့တာကြာပြီ"

"မင်းပြန်လာသေးတယ်နော် လင်းနေ"

တစ်ပတ်ဆိုကာ လိုက်သွားသောလင်းနေက တစ်လ
ကျော်မှပြန်လာသည်ကို ဒီရေလှိုင်း ရွဲ့ကာပြောလိုက်ခြင်း
ဖြစ်သည်။ ထိုအခါလင်းနေက အသံထွက်သည်အထိ
ရယ်သည်။ သူငယ်ချင်းနှစ်ယောက် လက်သီးချင်းတိုက်
ကာ နှုတ်ဆက်လိုက်ပြီးနှစ်ယောက်သားဖက်လိုက်ကြ
သည်။ သူတို့နှစ်ယောက်က သူငယ်ချင်းဆိုသည်ထက်
ညီအစ်ကိုလိုပင်ဖြစ်သည်။

"အလှလေးလှိုင်းက ကိုယ့်ကိုလွမ်းလို့လား"

ဒီရေလှိုင်းက ဘေးမှတိမ်ငယ်၏နားလေးနှစ်ဖက်ကို
သူ့လက်ကြီးများဖြင့်အုပ်ကာပိတ်လိုက်ပြီးမှ လင်းနေ
ကို အပြုံးမပျက်ဖြင့်ပြောလာသည်။

"ခွေးသတောင်းစား -ီးကိုအလှလေးလား"

လင်းနေက ဗိုက်နှိပ်ကာအော်ရီတော့သည်။ တိမ်ငယ်
မှာသာ အရပ်ရှည်လွန်းသောအစ်ကိုကြီးနှစ်ယောက်
ကြား မော့မော့လေးဖြစ်ကာ ဟိုကြည့်သည်ကြည့်ဖြစ်
နေရသည်။

"လာပါဦး ကိုကြီးခရမ်းချဉ်သီးလေး။ တအားလွမ်း
နေတာ..။ ပါးကြီးနှစ်ဖက်ကို ဖျစ်ညစ်ချင်နေတာ"

"တိမ်ငယ်က ကိုကြီးလင်းနေကိုလွမ်းနေတာ"

လင်းနေက သူ့ညီလေးကိုတင်းတင်းဖက်ကာ နီမြန်း
သောပါးလေးတွေက အသည်းယားစွာဖျစ်ညစ်၏။
ညီအစ်ကိုနှစ်ယောက်က ရီမောနေသော်လည်း..
မရီနိုင်သူက ဒီရေလှိုင်းဖြစ်သည်။

"ကလေးပါးတွေနာကုန်မယ် လျောက်မညစ်နဲ့!"

ဒီရေလှိုင်း တိမ်ငယ်ကို့သူ့ဘက်ပြန်ဆွဲယူကာ
မျက်နှာလေးကိုကိုင်ကာဆွဲမော့ရင် စစ်ဆေးလိုက်
သည်။

"ခရမ်းချဉ်သီး မင်းကရောဘာလို့မျက်နှာမော့ပေး
ထားရတာလဲ။ ပါးတွေတောင်နီကုန်ပြီ နာရင်နာတယ်
ပြောလေ"

"အာ.. တိမ်ငယ် အရမ်းမနာပါဘူး ကိုကြီးသူငယ်ချင်း"

"ဟိတ်ကောင် ငါ့ညီပါကွ ငါ့ညီအရင်းပါကွာ"

လင်းနေက မဲ့ရွဲ့ကာပြောသည်။ ဒီရေလှိုင်းကတော့
ခပ်တည်တည်ပင်..

"ဘယ်လိုဘဲဖြစ်ဖြစ် နာအောင်မလုပ်နဲ့!"

"ဟုတ်ပါပြီ ခွေးကောင်ရယ် မင်းနိုင်ပါတယ်"

ဒီရေလှိုင်း ပုခုံးနှစ်ဖက်ကိုအနည်းငယ် တွန့်ကာ
ဂရုမစိုက်ကြောင်းပြလိုက်သည်။ လင်းနေက သူ့
မေမေနှင့်ဖေဖေအကြောင်း မေးလာသောအခါ
အဆင်ပြေကြောင်းပြန်ဖြေနေရင်း သူငယ်ချင်း
နှစ်ယောက်စကားစပ်ရာများပြောနေမိသည်။

"ယောက်ျား ဘာလို့ကျွန်တော့်ကိုမစောင့်တာလဲ!!"

လေဆိပ်တစ်ခုလုံးကြားရနိုင်သော အသံကျယ်ကျယ်
အဆုံး လင်းနေမျက်နှာတစ်ခုလုံး နီရဲသွားကာသူ၏
လက်ချောင်းရှည်ရှည်သွားဖြင့်မျက်နှာကိုဖုံးလိုက်ယုံ
သာ တတ်နိုင်သည်။ ဒီရေလှိုင်း အသံလာရာသို့ကြည့်
လိုက်တော့ အထုပ်အပိုးများတင်ထားသော လှည်းကို
တွန်းလာသော ဝမ်ဟိုင်..။

မျက်မှန်ဝိုင်းကိုသုံးကာ ဖုံးကွယ်တော့ခြင်းမရှိသော
ကြောင့် ဝမ်ဟိုင်၏မျက်လုံးများကတောက်ပနေသည်
မှာ စူးစူးရှရှ။ နှုတ်ခမ်းတစ်ဖက်ကော့တက်နေသည်
ကိုကြည့်ခြင်းပင် တမင်တကာလူတိုင်းသိအောင်လုပ်
နေခြင်းမှန်းသိသာသည်။

ကုတ်အရှည်ဝတ်ထားကာ ရေလှိုင်းလိုဆံပင်ဖြင့်
ဝမ်ဟိုင်က ပိန်ပါးကာသင့်တင့်သောကိုယ်ထည်ရှိ
သည့်လင်းနေ၏ခါးကိုဖက်လိုက်သည်က ပိုင်စိုးပိုင်
နင်း..။ ဒီရေလှိုင်းနှင့်တိမ်ငယ်ကိုကြည့်ကာနှုတ်ဆက်
လာသည်။

"မင်္ဂလာပါ ယောက်ဖလေးနဲ့ဥက္ကဌဒီရေလှိုင်း"

"လင်းနေ ဒါကဘာလဲ?"

လင်းနေ ကိုဒီရေလှိုင်းမေးလိုက်သည်။ လင်းနေ၏
အင်းအဲလုပ်ကာ ဖြေမလာသောအခါ ဒီရေလှိုင်း..
မျက်မှောင်များတွန့်ချိုးသွားရသည်။

"ကျွန်တော်နဲ့လင်းနေနဲ့က လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးပြီးသွားပြီ။ ကျွန်တော်က လင်းနေ
ယောက်ျား"

လင်းနေ ယောက်ျားဆိုသည့်နေရာတွင် ပြောပုံက
အတော်ကိုဂုဏ်ယူနေဟန်ပင်။ ဒီရေလှိုင်း မျက်ရိုး
များကိုဖိညစ်ကာခေါင်းသာခါမိတော့သည်။ ဒီအချိုး
မပြေသော ကောင်စုတ်လေးသည် သူ့သူငယ်ချင်း
အပေါ် တစ်ကယ်ချစ်သောသူသာ မဟုတ်ပါက
ဒီရေလှိုင်း ကန်ထုတ်လိုက်မိမှာပင်။

အခုတော့ ထိုကောင်လေး၏အရိုင်းဆန်သော
မျက်လုံးများက လင်းနေကိုကြည့်သောအခါတွင်
တော့ နူးညံ့နေကာ ရေခဲရိုက်ထားသောနှုတ်ခမ်း
များကလည်း လင်းနေကိုကြည့်ကာ အတောက်ပ
ဆုံးပြုံးနေသေးသည်။

"အိမ်ရောက်ရင် အန်တီကိုပြောဖို့ အကြောင်းပြချက်
ကောင်းကောင်းရှာထားဖို့အကြံပေးချင်တယ် လင်းနေ"

ဒီရေလှိုင်း စိတ်ရင်းဖြင့်အကြံပေးချင်းဖြစ်သည်။
ဝမ်ဟိုင်ကို မျက်မှောင်ကြုတ်ကာကြည့်ရင်းပြော
လိုက်သည်။

"မင်းလည်း အချိုးပြေပြေနေဖို့မျှော်လင့်တယ်"

"ကျွန်တော်က လင်းနေကိုတန်ဖိုးထားတဲ့သူမို့
လင်းနေနဲ့ပတ်သတ်သမျှသူတွေကို အလေးထား
ဖို့တွေးထားပြီးသားပါ။ လင်းနေကပြောတယ် ခင်ဗျား
က သူ့အတွက်တော့မိသားစုဝင်ဘဲတဲ့။ ကျွန်တော်
ခင်ဗျားနဲ့ပြေလည်ချင်ပါတယ် ဥက္ကဌဒီရေလှိုင်း.."

ဝမ်ဟိုင်ဆိုသောကောင်လေးက တည်ငြိမ်လေးနက်
သောအမူအရာအပြည့်ဖြင့်ပြောလာပြီး ဒီရေလှိုင်းကို
လက်တစ်ဖက်ကမ်းပေးလာသည်။

"ကျွန်တော်တို့ပြေလည်ရအောင်.."

ဒီရေလှိုင်း ဝမ်ဟိုင်လက်ကိုဆုပ်ကိုင်လိုက်သည်။

"ကောင်းပြီ"

ဝမ်ဟိုင်က ဒီရေလှိုင်းနှင့်ပြေလည်မှုရပြီးသည်နှင့်
လင်းနေအနားပြန်ရောက်သွားသည်။ လင်းနေကို
သူ၏ရှည်လျားသောအရပ်ကြီးမှအားမနာ ချွဲနွဲ့နေပြီး
ပွတ်သီးပွတ်သပ်လုပ်နေသည်။

"လင်းနေ လင်းနေ ကျွန်တော် လိမ္မာတယ်မလားဟင်
ညကျရင်ဆုချပါနော် နော်..ကျွန်တော်အကောင်းဆုံး
ကြိုးစားမယ်လေနော်.."

ဝမ်ဟိုင်ပုံစံက ခွေးစုတ်ဖွားအရိုးတောင်းနေသလိုပင်။
တိမ်ငယ်ပင် ဝမ်ဟိုင်ပုံကိုကြည့်ကာပါးစပ်အဟောင်း
သားလေးဖြစ်နေ၏။ လင်းနေကိုယ်တိုင်လည်း ဘေး
မှကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်ကြသော သူများ
ကြောင့် မျက်နှာချောချော တစ်ခုလုံးပူထူကာ ထား
စရာနေရာမရှိဖြစ်နေရသည်။

သူအရင်တွဲဖူးသမျှကောင်မလေးများကို ရိသဲ့သဲ့လုပ်
မိသည်များ ဝဋ်လည်သည်လားမပြောတတ်။ ဒီဆိုး
ဝါးသော ဝမ်သတ္တဝါက လင်းနေကိုအမြဲတမ်း..
ရိသဲ့သဲ့လုပ်ရန်သာတွေးနေတတ်သည်။

"လင်းနေ ရှက်နေပုံလေးက ချစ်စရာကောင်းလိုက်
တာဗျာ။ ညကပုံစံလေးနဲ့မတူပေမယ့် ဒီလိုလေးလဲ
ချစ်ရတာပါဘဲသိလား"

"ဝမ်ဟိုင်!"

"ဗျာ"

"မင်း မင်း! ခရမ်းချဉ်သီးလေး လာ..ကိုကြီးနဲ့အရင်
သွားနှင့်မယ်။ ကိုကြီး ခရမ်းချဉ်သီးလေးအတွက်
လက်ဆောင်တွေဝယ်လာတယ်"

လင်းနေက သူ့ညီလေးကိုလက်ဆွဲကာရှေ့မှထွက်
သွားရင်း ဝမ်ဟိုင်နှင့်ဒီရေလှိုင်းကိုထားခဲ့တော့၏..။
ဝမ်ဟိုင်က ခပ်ဟဟရီကာညီအစ်ကိုနှစ်ဦး၏ကျော
ပြင်ကိုလှမ်းကြည့်ရင်း ဘေးမှဒီရေလှိုင်းကို တံတောင်
ဖြင့်လှမ်းတွက်သည်။

"ဘယ်လိုလဲ သူတို့ပြုံးနေတာအရမ်းလှတယ်မလား"

ဒီရေလှိုင်း အကျႌကိုခါလိုက်ရင်း မျက်မှောင်ကြုတ်
လိုက်သော်လည်း ညီအစ်ကိုနှစ်ယောက်ဘက်ကို
ကြည့်အပြီး စုကြုံ့ထားသောမျက်ခုံးများပြေလျော့
သွားရသည်။

"အင်း အရမ်းလှတယ်"

"ကျွန်တော်တို့ပါးစပ်က သူတို့ကကျွန်တော်တို့
အပိုင်လို့အော်နေပေမယ့် တစ်ကယ်က သူတို့က
ကျွန်တော်တို့ကိုပိုင်သွားတာ..။ လင်းနေအမြဲတမ်း
ပြုံးနေဖို့အတွက်ဆို ကျွန်တော်ဘာမဆိုလုပ်ပေးနိုင်
တယ်။ လင်းနေက ကျွန်တော့်နှလုံးသားပိုင်ရှင်မို့လို့
လေ.."

ဝမ်ဟိုင်က ပြောရင်း သူ့ဝဲဘက်ရင်အုံနှလုံးသားရှိ
ရာဘက်ကို သူ့လက်များဖြင့်ဖွဖွအုပ်ကာထိကိုင်ထား
သည်။

"မြန်မြန်သွားကြစို့ ကျွန်တော့်လင်းနေစိတ်ဆိုးသွား
ဦးမယ်.."

ဒီရေလှိုင်း ဝမ်ဟိုင်လုပ်သလိုဝဲဘက်ရင်အုံကိုလက်
များဖြင့်အုပ်ကိုင်ရင်း ပြုံးလိုက်မိသည်။

"အင်း သွားကြစို့.. သူတို့စောင့်နေတော့မယ်"

ကားဘေးနားတွင်ရပ်စောင့်နေသော ညီအစ်ကိုနှစ်
ယောက်ဆီသို့ သန်မာသောခြေလှမ်းများဖြင့်လျောက်
လှမ်းလာသော သူနှစ်ဦး..။ ကြည့်ကောင်းလွန်းသော
သူလေးဦးဆုံသောမြင်ကွင်းလေးက လူတကာအတွက်
မျက်စိပဒေသဖြစ်စရာကောင်းနေပြီး ထိုသူလေးဦး၏..
နှလုံးသားကိုယ်စီသည်လည်း စီးချက်ကျစွာနွေးထွေး
နေခဲ့လေသည်။

..........

(A/N- မင်းလေးတို့အတွက် ချောကလက်အစားထိုး)

JM(Feb-14-2022)
Next>>>>

Comment