Day 3

ကျွန်တော် ဘာအမှားလုပ်မိလို့လဲ
ခင်ဗျားကမှ မချစ်နိုင်တော့တာပဲ
ဘယ်သူ့ကို သွားအပြစ်တင်ရမလဲ


ခင်ဗျားနဖူးပေါ်က ဆံလိပ်ခွေတွေဟာ
ကျွန်တော့်အတွက် အသက်ဓာတ်ဖြစ်တည်ရာပါ။
ခင်ဗျားရယ်သံတွေကသာ
ဒီကမ္ဘာမှာ ကျွန်တော်ပျော်ရခြင်းရဲ့တည်ကိန်းပါ။
ပန်းလေးတစ်ပွင့်ရှင်သန်ဖို့ နေရောင်ခြည်နဲ့ ရေလိုအပ်မယ်ဆိုရင်
ခင်ဗျားယုယမှုက နေရောင်ခြည်ဖြစ်ပြီး
ခင်ဗျားထွေးပိုက်မှုက ရေစွမ်းအားပါ။
ဒါဟာ ကျွန်တော့်ရဲ့ ရိုးသားတဲ့ ချစ်ခြင်းတွေပါ။


အချစ်ကိုမသိတဲ့သူကတော့ ဘယ်တန်ဖိုးထားမှာလဲ။
ခင်ဗျားအချစ်တည်ရာ ကျွန်တော်မဟုတ်တဲ့အတွက်
ခင်ဗျားကျွန်တော့်ကို မနှမျောတာ မဆန်းပါဘူး။
ဒါပေမယ့် ကျွန်တော့်မြတ်နိုးခြင်းတည်ရာကတော့ ခင်ဗျားဖြစ်တယ်။


ခင်ဗျားမျက်ဝန်းတွေထဲ
ကျွန်တော့်စကြာဝဋာကြီးကို တွေ့ရှိခဲ့ပေမယ့်
ကျွန်တော့်မျက်ဝန်းထဲ ကြယ်တစ်မှုန်မျှ
ခင်ဗျား မမြင်ရတဲ့အဖြစ်ကိုတော့ ဝမ်းနည်းပါတယ်။


ကျွန်တော်တို့ အစီစဉ်တကျကို လွဲခဲ့ကြပါတယ်။

Comment