Day 1

တစ်စစီပါပဲ။
ခင်ဗျားထားခဲ့တဲ့နေရာမှာ တိတ်တဆိတ် အုံ့ဆိုင်းနေရုံ။


အချိန်ခဏလေးအတွင်းမှာ
ခင်ဗျားနဲ့ ကျွန်တော် သူစိမ်းတွေဖြစ်သွားကြတယ်။
အဲ့လောက်သာလွယ်ရင် အစကတည်းက
ခင်ဗျားနဲ့ မဆုံဖို့ ဆုတောင်းခဲ့ပါရဲ့။


ကံမပါဘူးထင်တယ်
ခင်ဗျားကျွန်တော့်ကို ဘာရွေးချယ်ခွင့်မှ မပေးခဲ့ဘူး။


ကျွန်တော်ကိုက သိပ်လွယ်ခဲ့တယ်
ခင်ဗျားက ချစ်တယ် ပြောရုံနဲ့
နှလုံးသားတစ်ခုလုံး ပုံအောခဲ့တယ်။
အဲ့ဒီ့အတွက် ပြန်ရတာကတော့ တင်းမာရက်စက်ခြင်းတွေပါပဲ။


ခင်ဗျားကို ချစ်မိခြင်းဟာ မိုက်မဲတဲ့ အမှားတစ်ခု။
အကြွင်းမဲ့ယုံကြည်မိခြင်းဆိုတဲ့ အပြစ်ကိုပါ
ကျွန်တော်က ထပ်ကျူးလွန်မိသေးတယ်။
အဲ့ဒါကြောင့် ထင်တယ်။
ကံကြမ္မာက မသေမချင်း ဤလူကိုမမေ့ရဆိုတဲ့
အမိန့်ကို ချမှတ်တယ်။


ဟုတ်တယ် ခင်ဗျားကို ကျွန်တော် ချစ်ခဲ့တယ်
ဒါဟာ ကျွန်တော့်ဘဝမှာ
ကြီးစွာမှ မှားယွင်းခဲ့သော အမှန်တရားတစ်ခုပါပဲ။

Comment