unicode•
Hyung..ကျွန်တော့်ကိုတခါလောက်ယုံပေးလို့မရဘူးလား..
.
.
.
ကောင်းကင်ထက်၌ရွေ့လျားနေတဲ့တိမ်တွေကိုသူအားကျမိခဲ့သည်။လွတ်"လပ်"သွားလာခွင့်ပေးထားတဲ့ကောင်းကင်ကြီးရှိနေလို့လေ။
စိမ်းစိုစိုမြက်ခင်းပြင်ကြီးကိုမြေညီလမ်းသွယ်လေးကပိုင်းခြားထားသည်။ဆောင်းဦးရာသီမို့လို့နှင်းရေစက်တွေကလည်း မြက်နုရွက်လေးထက်၌တွဲခိုနေသည်။
မနက်ခင်းမို့ လူအသွားနည်းသည့် လမ်းသွယ်လေးတွင် သံချေးတက်နေပြီး အရင်ထဲကသုတ်ထားတဲ့အညိုရောင်ဆေးရောင်က ပေါ်တကွက်ပျောက်တကွက်ဖြစ်နေသောစက်ဘီးတစ်စီးကတရွေ့ရွေ့သွားနေသည်။ထိုစက်ဘီးနောက်ကနေခပ်ခွာခွာလိုက်လာတဲ့စက်ဘီလေးတစ်စီး။
Jongseongနေတဲ့မြို့လေးကသာမန်မြို့လေးမို့ရွာလို့ထင်ရလောက်အောင်ထိအိမ်ခြေအနည်းငယ်သာရှိသည်။ထိုအိမ်တွေထဲမှာမှJungwonတို့အိမ်ကအချမ်းသာဆုံးအိမ်ပင်။
အေးချမ်းလွန်းတဲ့ဒီမြို့လေးမှာ မနက်ခင်းပိုင်းဆိုရင်ကျောင်းသွားတဲ့သူတစ်ချို့လောက်ပဲရှိသည်။
လမ်းတစ်ဝက်ရောက်တော့Jongseongသည်စက်ဘီးကိုရပ်ပြီးဒေါက်ထောက်လိုက်ကာနောက်ကနေလိုက်လာတဲ့စက်ဘီးကိုလှည့်ကြည့်လိုက်သည်။သူထင်တဲ့အတိုင်း အပြာနုနု စက်ဘီးအသစ်စက်"လေးကို မစီးတတ်စီးတတ်နင်းလာတဲ့ကောင်လေးကိုတွေ့တော့ မျက်ခုံးများတန်းကာစူးစိုက်ကြည့်လိုက်သည်။
"Jung..ငါ့နောက်ကဘာလို့လိုက်လာတာလဲ.."
Jongseongမေးတော့ မျက်ဝန်းလေးအဝိုင်းသားတဲ့သူ့ကိုပြန်ကြည့်လာသည်။ခိုးလိုက်လာတာပေါ်တော့မျက်နှာလေးကကြောက်နေပြီးတအံ့တသြလည်းဖြစ်နေသေးသည်။
"Jungက Hyungနောက်ကလိုက်တာမဟုတ်ပါဘူး၊ကျောင်းကိုဒီလမ်းကနေသွားရလို့လေ.."
သူဒီလိုဖြေလာမယ်ဆိုတာ Jongseongသိသည်။သူနဲ့မတွေ့ချင်လို့အစောကြီးထွက်လာတဲ့အပြင် ကျောင်းကိုသွားတဲ့လမ်းတွေအများကြီးထဲကမှလူသိပ်မသွားတဲ့ဒီလမ်းကနေသွားတာမို့ Jungwonသူ့နောက်ကိုလိုက်လာတာမှန်းသူမသိစရာအကြောင်းမရှိ။
"မလိမ်ပါနဲ့..ငါမင်းနဲ့မတွေ့ချင်လို့ လူတွေမသွားတဲ့ဒီလမ်းကနေကျောင်းကိုသွားတာလေ.."
ဒီလိုပြောလိုက်တော့Jungwonမျက်နှာလေးသည်မဲ့သွားပြီး ခေါင်းကိုကုတ်လိုက်သည်။
"ဒီနေ့တော့ထားလိုက်..နောက်နေ့ ငါ့နောက်ကမလိုက်ခဲ့နဲ့...Jung..ငါ့ကိုတစ်ခါလောက်တော့အလွတ်ပေးပါ.."
Jomgseongပြောတဲ့စကားကြောင့်Jungwonသည်မျက်နှာမဲ့ရာကနေ မျက်ဝန်းလေးကပါမျက်ရည်စများနှင့် ဝဲတက်နေသည်။
သူ Hyungကိုဒုက္ခပေးနေမိပြီလား။
အေးလွန်းတဲ့ဆောင်းရာသီမို့ ကိုယ်ငယ်လေးကလည်းခိုက်တုန်နေကာ လက်သီးလေးတင်းတင်းဆုပ်ကာတင်းထားသည်။
Jongseong သည် စက်ဘီးဒေါက်ကိုခြေထောက်နဲ့ပြန်ကန်လိုက်ကာ ထိုနေရာမှထွက်ခွာရန်ပြင်လိုက်သည်။
"Hyung.."
အနောက်ကအသံကြောင့် သူရပ်လိုက်ကာ စိတ်မရှည်သောအကြည့်နှင့်ပြန်ကြည့်လိုက်သည်။
"ဘာလဲ.."
အေးစက်စက်ပြန်ဖြေလာသောသူ၏အသံနှင့်အကြည့်ကိုကြောက်သော်လည်း Jungwonပြောမှဖြစ်မည်မို့ Hyungကိုမော်ကြည့်ကာပြောလိုက်သည်။အသံသည်လည်းတုန်ရီနေသည်။
"Jung စက်ဘီးမစီးတတ်ဘူး.."
"ဘာ!!"
အာမေဋိတ်အသံနှင့်အတူတအံ့တသြဖြစ်နေတဲ့Jongseongအကြည့်ကိုမြင်တော့ သူကြောက်ကာ အကြည့်လွဲလိုက်လေသည်။
Hyungနဲ့အတူသွားမယ်ဆိုပြီးအစောကြီးကတည်းကစောင့်နေခဲ့ပြီး Hyungထွက်လာတာနဲ့အနောက်ကနေလိုက်လာခဲ့ပေမယ့် စက်ဘီးမစီးတတ်တာကိုသူနောက်ကျမှသိသည်။သို့ပေမယ့် Hyungနောက်ကနေလိုက်မယ်ဆိုတဲ့အတွေးနဲ့နင်းလာတာ ဘယ်လိုဖြစ်ပြီးဒီနားအထိရောက်လာလဲမသိပေ။သေချာမစီးတတ်တော့ စက်ဘီးမှောက်သွားသေးသည်။ ဒူးတခုလုံးလည်းဒဏ်ရာများနှင့်ပြည့်နေသည်။
"စက်ဘီးမစီးတတ်ဘဲ ဘာလို့လိုက်လာတာလဲ..သခင်မကြီးကမင်းကိုကားနဲ့လိုက်ပို့ပေးမယ်ပြောထားတယ်မဟုတ်ဘူးလား.."
"Jung..Jung.."
မဖြေဘဲဝှေ့လည်ကြောင်ပတ်လုပ်နေတတ်တဲ့Jungwonသည်သူ့အတွက် ကံဆိုးစေတဲ့အရှုပ်ထုပ်တစ်ခုသာ။သူ့ကိုနှောင့်ယှက်ဖို့မွေးလာသလိုပင် အမြဲတွယ်ကပ်နေတတ်တဲ့Jungwonကို သူမုန်းမိသည်။
မျက်မှောင်ကျုံ့ကာစူးစိုက်ကြည့်လိုက်တော့ မျက်ဝန်းများငိုမဲ့မဲ့နှင့်ပြန်ကြည့်လာသည်။
"မင်းကိစ္စမင်းဘာသာမင်းရှင်း...ငါ့ကိုအပူလာမပတ်နဲ့.."
ထိုစကားပြောပြီး ထွက်သွားသောHyungရဲ့နောက်ကျောသည် Jungwonအတွက်ပဲခါးသက်နေတာများလား။
လေတိုက်ရင်တောင်နေမကောင်းဖြစ်တတ်တဲ့သူ့အတွက်ဒီမှာကြာကြာနေရင် မကောင်းတော့တာသိပေမယ့် သူထပ်ပြီးစက်ဘီးနင်း၍မရတော့ပေ။ခြေထောက်တစ်ခုလုံးလည်းလှုပ်လိုက်တာနဲ့ကျိုးမတတ်ပင် ခံစားရသည်။ဒီလောက်နာတာကိုတောင်မသိတော့ဘဲ ဒီအထိစက်ဘီးနင်းလာခဲ့သည့်သူ့ကိုယ်သူပဲ ပြန်အပြစ်တင်ရုံအပြင်မရှိ။
သွေးမရပ်သေးတဲ့ဒူးကအနာကို ကြည့်ကာ လမ်းသွယ်လေးထက်မှာ ကုပ်ကုပ်လေးထိုင်လိုက်သည်။ဒီလမ်းကလူအသွားအလာနည်းတာသည့်အတွက် ဒီလိုအချိန်မှာလူတစ်ယောက်တွေ့ရင်တောင် တော်တော်ကံကောင်းနေပြီမို့ ထိုကံကောင်းခြင်းသည် သူ့အတွက်ဖြစ်လာနိုင်မလားမပြောတတ်ချေ။
လေတဖြူးဖြူးတိုက်တော့ ယိမ်းနွဲ့နေတဲ့မြက်ခင်းပြင်ကြီးရယ် အနည်းငယ်လင်းလက်လာတဲ့အပြာရောင်ကောင်းကင်အောက်ဝယ်ရှိ ကောင်လေးသည် သူ၏အရာရာ ထွက်သွားသောလမ်းလေးကိုခနခနမျှော်ကြည့်နေသည်။သူ့ကိုတွေးမိပြီးပြန်လာခေါ်မလားဆိုတဲ့ မဖြစ်နိုင်တဲ့အတွေးတစ်ခုကို မိုက်ရူးစွာပိုက်ထားရင်းပေါ့။
သို့သော် ထွက်သွားတဲ့ကောင်လေးသည်ပြန်မလာခဲ့ပေ။အကြာကြီးမျှော်နေခဲ့သောသူ့ကို လောကကြီးကလှောင်ပြောင်နေမည်ကိုလည်းသူသိသည်။သို့သော် သူခံဝံ့သည်။အရာအားလုံးသည် သူတစ်ယောက်တည်းက စတင်ခဲ့တာကြောင့်မို့။
.
.
.
အဝါရောင်မီးရဲ့အလင်းရောင်ကြောင့် မှိန်ပြပြဖြစ်နေသောအခန်းတွင်းရှိမီးဖိုချောင်ထဲတွင်ဖခင်ဖြစ်သူသည် စားပြီးသားပန်းကန်တွေကိုဆေးကြောရင်းအလုပ်များနေသည်။
ရေချိုးခန်းထဲကထွက်လာတဲ့ Jongseongကိုမြင်တော့ ဖခင်သည် စားပွဲရှေ့တွင်ထိုင်လိုက်သည်။
"Jongseonga ..သခင်လေး ဒီနေ့ကျောင်းကိုမရောက်ပဲ လမ်းမှာမေ့လဲနေတာကိုသိလား.."
စိုနေတဲ့ဆံပင်ကိုရေခြောက်အောင်သုတ်နေသောJongseongသည် ဖခင်ပြောသောစကားကြောင့် တခနရပ်သွားသည်။ထို့နောက် ဘာမှမဖြစ်သလိုပင်ဆက်သုတ်ကာ စားပွဲရှေ့တွင် ဖခင်နဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
Jongseongလုပ်နေတာတွေသည် သူJungwonနဲ့ပတ်သက်ပြီးဂရုမစိုက်ဘူးဆိုတဲ့သဘောဖြစ်သည်။
"သခင်လေးကို သား တစ်ခုခုပြောလိုက်သေးလား.."
မယုံကြည်သောအကြည့်နဲ့ကြည့်ခံလာရတော့Jongseongသည် စိတ်တိုလာ၏။သို့သော်သူစိတ်တိုတာကဖခင်ကိုမဟုတ်ဘဲ သူတွေးနေသော သူမုန်းတဲ့သူကိုပင်။
"Jungကအဖေ့ကိုဘာပြောလိုက်လို့လဲ.."
သူမေးတဲ့မေးခွန်းကိုမဖြေဘဲပြန်မေးလာတဲ့Jongseongကြောင့် ခေါင်းပင်ကိုက်လာသည်။
"သခင်လေးကဘာပြောရမှာလဲ..သခင်လေးJungwonကသားကိုအစ်ကိုတစ်ယောက်လိုချစ်တာပါ..သူကတော့ လမ်းမှားပြီးရောက်သွားတာဆိုပြီးပြောတာပေါ့ ဒါမယ့် သားသူ့ကိုတစ်ခုခုလုပ်လိုက်တယ်ဆိုတာအဖေသိတယ်..!
"
ကျစ်..!
ထင်တဲ့အတိုင်းJungwonသည် သူနဲ့သူ၏ဖခင်ကြားသွေးခွဲလိုက်ပြန်ပြီ။အမြဲသူ့ဘက်စပြီးတောင်းပန်ပြီးသူအမှားဆိုပြီးပြောတတ်ရုံမက တစ်ခုခုဆိုရင်အားနည်းပြတတ်တဲ့Jungwonကြောင့်သူတို့သားအဖ2ယောက်ရန်ဖြစ်ရသည်။
"ကျွန်တော်သူ့ကိုဘာမှမလုပ်ဘူးလို့ပြောရင်လည်းအဖေယုံမှာမဟုတ်ဘူးမလား..အဖေ့ထင်ချင်သလိုထင်ဗျာ.."
"Jongseonga..သခင်လေးကိုထပ်ပြီးစိတ်ညစ်အောင်မလုပ်ဘူးလို့ကတိပေးပါသား.."
တောင်းဆိုနေတဲ့အဖေ့ရဲ့စကားကြောင့်သူပိုပြီးစိတ်ထိခိုက်သွားရသည်။အားလုံးရဲ့အမြင်မှာသူကပဲလူဆိုးတစ်ယောက်လိုပင် ဆက်ဆံခံရသည်။ဒါတွေအားလုံးJungwonကြောင့်ဆိုတာတွေးလိုက်တိုင်း မျက်ခုံးများထိစပ်သည်အထိတွန့်ချိုးကာ သွေးကြောများပင်ထောင်လာသည်။
"အဖေ ပြောစရာမရှိတော့ဘူးမလား..ကျွန်တော်အိပ်တော့မယ်.."
သူပြောတာကို သေချာမဖြေပဲထထွက်သွားပြီးအခန်းထဲသို့ ဝင်သွားတဲ့သားငယ်ရဲ့နောက်ကျောကိုကြည့်ပြီးသူနားမလည်ဖြစ်မိသည်။အရာအားလုံးကိုနားလည်ပေးတတ်တဲ့သူ၏သားသည်Jungwonအပေါ်ကိုဘာလို့နားလည်မပေးနိုင်တာလဲဆိုတာသူစဥ်းစားလို့မရပေ။
"သား..မနက်ဖြန်သခင်လေးရဲ့အကို Seoulကနေပြန်လာမယ်တဲ့ အဲဒါအဖေသွားကြိုပေးရမယ် မနက်စာကိုကိုယ့်ဘာသာပဲကြည့်စားလိုက်တော့..ကြားလား.."
အခန်းပြင်မှအော်ပြောလာတဲ့ဖခင်စကားကို သေချာနားမထောင်မိလိုက်ပေ။Seoulဆိုတဲ့အသံကြောင့် သူနားစွင့်လိုက်ပေမယ့်အရှေ့ကပြောသွားတဲ့စကားကြောင့် တည်သွားကာမျက်ဝန်းမှမီးတောက်လာပြန်သည်။
Seoulမြို့မှာတက္ကသိုလ်တက်ပြီးခနပြန်လာတော့မည့်သူသည် Jongseongအတွက်သွေးထွက်မတတ်ရွံမုန်းစရာကောင်းသောသူတစ်ယောက်ဖြစ်သည်။လက်သီးများတင်းတင်းဆုပ်လိုက်တော့ လက်တွင်ကိုင်ထားတဲ့ခဲတံအဟောင်းလေးကကျိုးမယောင်ပင်။
မှိန်ပြပြမီးသည် ဒီအချိန်ဆိုရင် လာလိုက်ပျက်လိုက်နဲ့မို့ မီးပိတ်ကာ စာရေးစားပွဲခုံမှာရှိတဲ့မီးအိမ်နှင့်စာလုပ်ရသည်။
အိမ်ငယ်လေးမှမီးလေးပိတ်သွားသောအခါ အိမ်ကြီးရှိအခန်းတစ်နေရာမှမီးသည်လည်းချက်ချင်းပိတ်သွားလေသည်။
.
.
.
မနက်အစောကြီးထဲက အိမ်ကြီးရှေ့မှာSeoulကပြန်လာမည့်သခင်ကြီးကိုကြိုရန်ရပ်စောင့်ခိုင်းထား၍မနက်စာတောင်မစားရသေးဘဲ ရပ်စောင့်နေသည်။မနက်စောစောသည် သာမန်အချိန်တွေထက်ပိုအေးသည်မို့ Jongseongတကိုယ်လုံးခိုက်ခိုက်တုန်အောင်ချမ်းနေသည်။
သူဆုရတုန်းကအဖေဝယ်ပေးထားတဲ့အနွေးထည်လေးလည်းချမ်းလှတဲ့ရာသီကိုအံမတုနိုင်တော့ချေ။လက်သီးလေးဆုပ်ပြီးအိမ်ရှေ့နားမှာရပ်စောင့်နေမိသည်။
ကားသံကြားတော့ အိမ်ကြီးထဲကသခင်မကြီးလည်းထွက်လာသည်။အသက်ကြီးသော်လည်းပါးရေတွန့်ခြင်းမရှိ၊ဝိုင်းစက်နေသောမျက်လုံးတစ်စုံ၊ပါးလွှာသောနှုတ်ခမ်း၊အေးစက်ပြီးရက်စက်လွန်းတဲ့အကြည့်ပိုင်ဆိုင်ထားသော သူမသည် ဒီမြို့ထဲမှာအလှဆုံးအကမယ်တစ်ဦးဖြစ်ခဲ့သည်။သေချာကြည့်လျှင် Jungwonသည်သူ၏မိခင်နှင့်တစ်ပုံစံတည်းတူသည်ကိုသူတွေးမိသွားသည်။
ကားသည်အိမ်ရှေ့တွင်ရပ်လိုက်ပြီး ဖခင်ဖြစ်သူသည်ကားထဲမှထွက်လာကာ ကားနောက်တံခါးကိုဖွင့်လိုက်သည်။ကားထက်မှထိုသူသည်ချက်ချင်းကားပေါ်ကမဆင်းဘဲ Jongseong၏အဖေအား မေးဆတ်ပြကာခေါ်လိုက်သည်။
Jongseon၏အဖေသည် ထိုသူထိုင်နေတဲ့ကားတံခါးရှေ့မှာလေးဘက်ထောက်လိုက်ကာခေါင်းကိုငုံ့လိုက်သည်။ထိုလူသည်သူ့ဖခင်၏ကျောပေါ်ကိုသူ၏ခြေထောက်ဖြင့်နင်းကာ ကားမှဆင်းလေသည်။
သူ့အပြုအမူကိုJeongseongမြင်တော့သွေးများဆောင့်တက်လာသည်။မျက်ခုံးတန်းများသည် တွန့်ချိုးလျက် လက်သီးကိုတင်းတင်းဆုပ်လိုက်လေသည်။
Yang Ji Sung!!
နှာတံပွပွ၊မျက်လုံးမှေးမှေးနှင့်ဘယ်လောက်ပဲမျက်နှာကိုပြုပြင် ပြုပြင်လူရုပ်မထွက်သောသူ။ဒါ့အပြင် သူ့ရုပ်ရည်နဲ့လိုက်အောင်စိတ်ဓာတ်သည်လည်းအလွန်အောက်တန်းကျလွန်းသည်။
"သား..အမေ့မှာဖြင့်သတိရနေတာ...ဘယ်လိုလဲ..Seoulမြို့မှာအဆင်ပြေရဲ့လား.."
"သားလည်းမေမေ့ကိုသတိရနေတာ..ခန မေမေ.."
Jongseongရဲ့အကြည့်ကိုမြင်သွား၍စကားရပ်ကာ Jongseongရှေ့ကိုလျှောက်လာသည်။ခနဲ့သောအပြုံးဖြင့် သူ့ကိုစိုက်ကြည့်နေသောJongseongရဲ့မျက်နှာကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်သည်။
သူထိုးလိုက်သောလက်သီးကြောင့် Jongseong
သည်မြေပြင်သို့အရှိန်ဖြင့်လဲကျသွားလေသည်။နှုတ်ခမ်းထောင့်ကိုစမ်းကြည့်တော့သွေးများပေကျန်နေသည်။ပါးစပ်ထဲတွင်အုံခဲနေသောသွေးများကိုထွေးထုတ်လိုက်ကာ Ji Sungမျက်နှာကိုပြန်မော်ကြည့်လိုက်သည်။
"ရာရာစစငါ့ကိုစိုက်ကြည့်ရဲတယ်.."
မျက်လုံးသည်သွေးကဲ့သို့နီရဲနေကာသွေးကြောသည်လည်းထောင်တက်နေသည်။သူ့အဖေကိုဒီလိုဆက်ဆံတာဘယ်သားသမီးကငြိမ်ခံနေပါ့မလဲ။
Ji Seungသည်မြေပေါ်လဲကျနေတဲ့Jongseongရဲ့အကြည့်ကိုကြည့်ရင်းတစ်ချက်လှောင်ရယ်လိုက်သည်။ကားထဲမှသားရေကြိုးကိုယူကာJongseongအားရိုက်ရန်ပြင်နေတုန်းပင် သူ၏လက်ကိုတစ်စုံတစ်ယောက်မှတားလိုက်သည်။
မျက်ဝန်းများသည်မျက်ရည်စများနှင့်ပြည့်နှက်နေသည့်အပြင် ဖွေးဆွတ်နေတဲ့အသားရောင်ရယ် သွေးမရှိသောနှုတ်ခမ်းပါးကတုန်ရီလျက် ရှိသမျှအားကုန်ထုတ်သုံးကာ သူ၏လက်ကိုလာတားနေသောJungwonမျက်နှာကိုမြင်တော့Ji Sungသည် ရွယ်ထားတဲ့လက်ကိုပြန်ချလိုက်ရသည်။
"Jungwon ..မင်းမပါနဲ့ဖယ်နေ..ဒီလိုကောင်တွေကိုမှတ်လောက်သားလောက်ဖြစ်အောင်ရိုက်ရမှာ.."
"Hyung..မလုပ်ပါနဲ့..ကျေးဇူးပြုပြီး.."
တုန်ရီနေတဲ့အသံနဲ့ပြောလေသောJungwonသည် လေတိုက်ရင်တောင်လွင့်တော့မည့်အလားပင် ခန္ဓာကိုယ်ကအလွန်ပိန်သွား၏။
"Yang Jungwon..အိမ်ထဲပြန်ဝင်..နင့်အကိုလုပ်နေတာကိုနင်ဝင်မပါနဲ့.."
အမေဖြစ်သူ၏အသံကြောင့် Jungwonသည်ဘာမှမလုပ်နိုင်ဘဲ အိမ်ထဲဝင်လိုက်ရသည်။အိမ်အဝင်ကနေHyungကိုခိုးကြည့်လိုက်တော့ Hyungကလည်းသူ့ကိုထပ်တူကြည့်နေသည်။သူထင်ထားတဲ့အတိုင်းအလွန်မုန်းတီးနေတဲ့အကြည့်များ။ထိုအကြည့်ကြောင့် Jungwonဘက်မှစပြီးအကြည့်လွဲလိုက်ရသည်။
သားရေကြိုးနဲ့တစ်ခါရိုက်တိုင်း Jongseongရဲ့ကျောသည်ကော့တက်သွားပြီး..အရိုးများကျိုးကြေမတတ် နာကျင်သွားသောမျက်ဝန်းများမျက်နှာထက်ဖြစ်ပေါ်နေသည်။
နောက်ဆုံးJongseongသည်အားပြတ်သွားကာ မြေပြင်၌လုံးလုံးလဲကျသွားသည်။Jongseong၏ဖခင်သည်မမြင်နိုင်တော့ဘဲJi sungရှေ့မှာဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကိုပူးကာ တောင်းပန်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ် သခင်လေး..Jongseongကကလေးမို့ဘာမှမသိတာပါ...ခွင့်လွှတ်ပေးပါ"
"အဖေ!!.."
သူ၏ရှေ့မှာဒူးထောက်ကာ တောင်းပန်နေတာကိုသူဘယ်လိုမှမမြင်နိုင်။တစ်ကိုယ်လုံးလည်းလှုပ်လို့မရတော့တဲ့အထိ နာကျင်နေသော်လည်းရင်ထဲကတောက်လောင်နေတဲ့မီးထက်တော့ဘယ်နာပါ့မလဲ။
"ဘာတွေဖြစ်နေကြတာလဲ?
Yang Ji Sung!!!ရောက်တာနဲ့ချက်ချင်းပြဿနာရှာပြန်ပြီလား.."
သခင်ကြီးလာတာနဲ့အကုန်လုံးတိတ်သွားလေသည်။Ji Sungသည်လက်ထဲမှသားရေကြိုးကိုနောက်ပစ်လိုက်ပြီး
"အဖေ့အလုပ်သမားတွေကအချိုးမပြေတာကို သားကဖြေရှင်းပေးနေတာပါ.."
"မင်းကဖြေရှင်းပေးရအောင် မင်းမှာဘာအဖြစ်ရှိလို့လဲ..."
သခင်ကြီးပြောတော့ သူ၏အရှိက်ကိုထိသွား၍မျက်နှာကြောတင်းကာ ဆောင့်အောင့်ပြီးထိုနေရာမှထွက်သွားလေသည်။သခင်မကြီးလည်း သခင်ကြီးအား မျက်စောင်းထိုးကာ ထိုနေရာမှထွက်သွားလေသည်။
"ကျေးဇူးပါ သခင်ကြီး.."
"မလိုပါဘူး..အဲဒီ့သားအမိက ငါ့ကြောင့်ပျက်စီးနေတာမို့လို့ မင်းဘက်ကနားလည်ပေးပါကွာ..ပြီးတော့မင်းရဲ့သားကိုလည်းသေချာဆေးထည့်ပေးလိုက်.."
Jongseongသည်ရှိတဲ့အားဖြင့်ထလိုက်ကာ ထိုနေရာမှာမြန်မြန်ထွက်ပြေးသွားလေသည်။တစ်စုံတစ်ယောက်သည်လည်း ထိုထွက်ပြေးသွားတဲ့ကောင်လေးနောက်ကိုအပြေးလိုက်သွားလေသည်။
မြေသားနီနီပေါ်ငိုယိုကာပြေးလာတဲ့လူငယ်တစ်ယောက်ကိုလမ်းကလူတွေကကြည့်နေကြသော်လည်း သူဂရုမစိုက်စွာဆက်ပြီးပြေးနေသည်။ဗလာဖြစ်နေတဲ့စိတ်နဲ့အတူထွက်ပြေးလာခဲ့ရင်း ပင်လယ်ကမ်းစပ်ထိရောက်လာခဲ့သည်။
ဝဲတက်နေသောမျက်ရည်စများကြောင့် တလက်လက်တောက်ပနေတဲ့ပင်လယ်ရေတွေကိုသူသေချာမမြင်ရတော့သလို...တိုက်ခတ်လာတဲ့အအေးဓာတ်တွေကိုလည်း သူမခံစားရပေ။
အရိုက်ခံလိုက်ရတဲ့ဒဏ်ရာတွေထက် ရင်ထဲကဖြစ်လာတဲ့ဒဏ်ရာကပိုပြီးနက်လေသည်။
ပူလောင်နေသောရင်ထဲကမီးအပူကမျက်ရည်အဖြစ်အစားထိုးလေတော့ ကျလာတဲ့မျက်ရည်စများကိုအင်္ကျီစဖြင့် အကြမ်းပတမ်းသုတ်လိုက်သည်။
တုန်လှုပ်နေသောလက်ချောင်းများသည် ပွန်းပဲ့နေကာ သွေးစများနှင့်ပင်။
ထိုလက်ချောင်းများထဲသို့လျှိုဝင်လာသောလက်ချောင်းသေးသေးသွယ်သွယ်လေးကြောင့် သူဘေးကိုလှည့်ကြည့်လိုက်သည်။
သူနဲ့ထပ်တူမျက်ရည်များနှင့်ပြည့်နေတဲ့မျက်ဝန်း၊နှာထိပ်လေးကနီရဲနေကာ သွေးမရှိသောနှုတ်ခမ်းပါးပါးလေးကတုန်လှုပ်နေသောJungwonကိုမြင်တော့ သူရဲ့ဒေါသများကအထွတ်အထိပ်သို့ရောက်သွားပြီး နီရဲနေတဲ့မျက်လုံးဖြင့်ကြည့်ကာ ဆွဲထားတဲ့လက်ကိုဖြုတ်ချလိုက်သည်။
"Hyung..Ji Sung Hyungအစား Jungတောင်းပန်ပါတယ်.."
မျက်ရည်များပြည့်နှက်နေပြီး တုန်ရီနေတဲ့အသံဖြင့်ပြောလာတဲ့Jungwonကိုကြည့်ကာ သူလှောင်ရယ်လိုက်သည်။
"တောင်းပန်တယ်ဟုတ်လား..Jung မင်းကလေ မင်းအကိုထက်ပိုဆိုးတယ်ဆိုတာသိလား..ဟန်ဆောင်မနေနဲ့ ငါ့ရှေ့ကအခုချက်ချင်းထွက်သွား!!.."
Jungwonရဲ့စကားများသည် သူ့အတွက်ဟန်ဆောင်နေသည်လို့သာသူထင်သည်။အားနည်းပြပြီး အမြဲငိုယိုနေတတ်တဲ့ဒီကောင်လေးကြောင့် သူအမြဲဒုက္ခရောက်ရသည်။
အခုလည်းသူ့ကိုလှောင်ပြောင်ဖို့လိုက်လာတာမလား။
ဒီအချိန်မှာသူ မတွေ့ချင်ဆုံးသူကိုပြောပါဆိုရင် Jungwonကိုပင်။
Jungwonသည်ကျလာတဲ့မျက်ရည်များကိုသုတ်ပစ်ကာ Jongseongရဲ့မျက်ဝန်းများကိုမော့ကြည့်သည်။
"Hyung ကျွန်တော့်ကို တစ်ခါလောက်ယုံပေးလို့မရဘူးလား.."
"အဟက်..ယုံပေးရမယ်..မင်းကိုယုံမယ်အစား အခုချက်ချင်းပင်လယ်ထဲဆင်းပြီးသေပစ်လိုက်မယ်.!!!"
အေးစက်စွာပြောလာတဲ့စကားများကို Jungwonကနာကျင်စွာခံယူသည်။ကျလာတဲ့မျက်ရည်များကိုသုတ်ပစ်ကာ အကြည့်လွဲလိုက်သည်။
Jungwonသည် ထိုနေရာမှမထွက်သွားသေးဘဲ ဘာမှမဖြစ်သလိုပင် သဲပြင်ပေါ်ထိုင်ချလိုက်ပြီး ပါလာသောဆေးသေတ္တာလေးကိုဖွင့်ကာ Jongseongရဲ့လက်ကိုအားနဲ့ဆွဲလိုက်သည်။
ပုံမှန်ဆိုရင်Jungwonရဲ့အားကို Jongseongမမှုပေမယ့် သူယခုဒဏ်ရာရထားတော့ Jungwonဘေးနားသို့ အလိုက်သင့်လေးထိုင်ကျသွားသည်။Jungwonရဲ့အပြုအမူကြောင့် ဒေါသဖြစ်နေရာကနေ အနည်းငယ်ကြောင်အသွားသည်။
ဆေးထည့်ရန်အနားသို့ကပ်လာတဲ့Jungwonလက်ကိုဆွဲကာ တားလိုက်တော့ Jungwonမျက်နှာသည် သူ့မျက်နှာနှင့်နီးကပ်သွားလေသည်။
မျက်ဝန်းလေးအဝိုင်းသားနှင့် ကြည့်လာသောJungwonကိုသူစိုက်ကြည့်လိုက်ကာ
"ဒါဘာလုပ်တာလဲ..မင်းကိုထွက်သွားဖို့ပြောနေတာလေ.."
"Hyungရဲ့ဒဏ်ရာတွေကိုဆေးထည့်ပြီးရင် ထွက်သွားပါ့မယ်.."
နှာထိပ်တွေနီရဲနေကာ မျက်လုံးဖောင်းနေသော Jungwonကြောင့် သူဘာလို့မှန်းမသိ မငြင်းဖြစ်လိုက်ပေ။Jongseongသည်လက်ကိုလွှတ်လိုက်ကာ ဟိုဘက်ကိုအကြည့်လွဲလိုက်သည်။
"ပြီးရင်ထွက်သွား.."
ထိုသိုပြောလိုက်တာနဲ့ သူ့ရဲ့မျက်နှာနားထိကပ်လာကာ သူ့နှုတ်ခမ်းထောင့်မှအနာကို သေချာစွာလိမ်းပေးနေသည်။Jungwonရဲ့အသက်ရှူသံသဲ့သဲ့ကိုပါကြားရတော့ တစ်နေရာကခနတာလှုပ်ခါသွားလေသည်။
Hyungရဲ့မျက်နှာကိုအနီးကပ်မြင်ရတော့ Jungwonရဲ့ရင်ဘက်တစ်ခုလုံးသည်ပေါက်ကွဲမတတ်ပင်။Hyungရဲ့နှာတံစင်းစင်းလေးရယ် နှင်းဆီဖူးလိုဖြစ်နေတဲ့နှုတ်ခမ်းဖူးဖူးလေးတွေကို Hyungဟိုဘက်ငေးနေတုန်းတိတ်တခိုးငေးကြည့်မိသည်။ပင်လယ်လေတွေနဲ့အတူလွင့်မျောနေတဲ့ဆံနွယ်နက်နက်လေးကိုမြတ်နိုးမိသည်။
သူတန်ဖိုးထားရတဲ့Hyungမျက်နှာလေးကိုဒီလိုအနာတရဖြစ်နေတာကိုတောင် ကာကွယ်မပေးနိုင်ခဲ့တဲ့သူ့ကိုယ်သူပဲ အပြစ်တင်မိသည်။Hyungအစားသူသာအရိုက်ခံလိုက်ရရင်ပိုကောင်းမယ်ဆိုတဲ့အတွေးသာတွေးနေမိသည်။
"အ..."
ဆေးထည့်ရင်းအနာကနာလာတော့ ဟိုဘက်ကိုငေးရာကလှည့်ကြည့်လိုက်မိလေတော့ Jungwonရဲ့မျက်နှာသည် သူ့နဲ့အလွန်နီးကပ်နေသည်။Jungwonကတော့သူ့ကိုမကြည့်ဘဲဆေးကိုဆက်လိမ်းနေတုန်းပင်။
မျက်လုံးဝိုင်းဝိုင်းလေးရယ်..နီဆွေးဆွေးဖြစ်နေတဲ့နှုတ်ခမ်းပါးပါးလေး၊နီရဲနေသောပါးမို့မို့လေးကို သူတောင်မသိဘဲအကြာကြီးငေးကြည့်နေမိသည်။
Jungwonကဒီလောက်တောင်လှတာလား..
ထိုစကားသည် သူ့အတွေး၌ဝဲလျက် တောင့်တောင့်ကြီးငေးနေမိသည်။ဘယ်သူ့ကိုမှအသေးစိတ်မကြည့်ဖူးသောသူသည် အခုတော့ သူတောင်မသိဘဲ Jungwonကိုကြည့်နေမိသည်။
ပြီးတော့Jungwonကလှတယ်တဲ့..သူ့အတွေးကိုအံ့သြစွာဖြင့် လှောင်ရယ်လိုက်သည်။
"ပြီးပြီ..ဒါဆိုကျွန်တော်သွားတော့မယ်..Hyungဒီနေရာမှာအကြာကြီးမနေပါနဲ့...ဖျားလိမ့်မယ်.."
"မင်းအပူမပါဘူး.."
သူ့အပေါ်ဒီလိုနာကျင်အောင်ပြောတတ်တဲ့Jongseongကိုကြည့်ကာ နှုတ်ခမ်းလေးကွေးလာသည်အထိပြုံးပြကာ ထွက်လာလေသည်။
Jongseongသည် ထော့နဲ့"နှင့်ထွက်သွားသောJungwonကြောင့် ပြေးလိုက်သွားရသည်။
"Jung.. ဖိနပ်မစီးဘဲဒီအထိလာတာလား..မင်းရူးသွားပြီလား.."
Jongseongပြောမှသူဖိနပ်မစီးထားမှန်းသိလိုက်ရသည်။Hyungကိုစိတ်ပူပြီးလိုက်လာတော့ ဖိနပ်စီးဖို့ကိုမေ့သွားခဲ့သည်။ဒါကြောင့်လမ်းမှာသူ့ကိုလူတွေကကြည့်နေကြတာကိုး။
"အော်.."
အော်တဲ့လား..
Jongseongသည် Jungwonကိုနားမလည်နိုင်စွာကြည့်လိုက်သည်။ခြေဗလာနဲ့မို့ ခြေထောက်မှာသွေးစို့နေတာကိုတောင်မသိဘဲ သူ့နောက်လိုက်လာတဲ့Jungwonကိုနားမလည်နိုင်တော့ပေ။
Jongseongသည် စုတ်တစ်ချက်သတ်ကလိုက်ပြီး Jungwonရှေ့မှာရပ်ကာ ကိုယ်ကိုအနည်းငယ်နှိမ့်လိုက်သည်။
"ငါ့ကျောပေါ်တက်.."
ကြောင်အစွာ တွေတွေကြီးရပ်နေတဲ့Jungwonကိုသူစိတ်မရှည်တော့။
"မြန်မြန်!!."
Jungwonသည် အားနာစွာJongseongကျောပေါ်တက်လိုက်ရသည်။
Hyungကသူ့ကိုကုန်းပိုးတယ်တဲ့လား။
မယုံနိုင်စွာပင် ကုန်းပိုးထားတဲ့Jongseongရဲ့မျက်နှာလေးကိုခိုးကြည့်လိုက်သည်။မျက်ရည်စများဝဲတက်နေသော်လည်း ဒီတစ်ခေါက်တော့ပျော်၍ဖြစ်သည်။
ပင်လယ်ကမ်းစပ်ပေါ်ကသူတို့နှစ်ယောက်သည် အလှဆုံးဖြစ်သောညနေဆည်းဆာကပင်အရှုံးပေးရလောက်အောင်လှပလွန်းနေသည်။
~~~~~
Thanks for reading!💛
~~~~~
zawgyi•
.
.
.
"Hyung.."
"ဘာလဲ.."
"ဘာ!!"
"Jung..Jung.."
.
.
.
"
ကျစ်..!
.
.
.
Yang Ji Sung!!
"အဖေ!!.."
"ဘာတွေဖြစ်နေကြတာလဲ?
"ကျေးဇူးပါ သခင်ကြီး.."
"ပြီးရင်ထွက်သွား.."
"အ..."
"မင်းအပူမပါဘူး.."
"အော်.."
အော်တဲ့လား..
"ငါ့ကျောပေါ်တက်.."
"မြန်မြန်!!."
~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for reading!💛