𝕺𝖓𝖊

.unicode.

မိုးကတဖွဲဖွဲရွာနေကာ ကောင်းကင်တစ်ခုလုံးကလည်းအုံ့ဆိုင်းလျက်။ အချိန်ကလည်းညနေစောင်းအချိန်ဖြစ်နေလေရာ ပတ်ဝန်းကျင်တစ်ခုလုံးကမှုန်ရီကာနေသည်။ တစ်ချက်ချက်လက်ခနဲဖြစ်သွားသည့်လျှပ်စီးနှင့်အတူ မိနစ်အချို့တိုင်းမြည်ဟီးနေသည့်မိုးကြိုးသံတွေ။

အုတ်များစီတန်းခင်းထားသည့်လမ်းကား ရေတွေအိုင်ထွန်းနေပြီဖြစ်သည်။ ရေညှိများတက်နေသည့်ထိုလမ်း၏တစ်ဖက်တစ်ချက်တွင်တော့ ခြောက်ခြားဖွယ်ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ပန်းသီးပင်အသေများ။ ခရုတွေက ထိုလမ်း၏ဘောင်ပေါ်တွင်တွားသွား သွားလာနေကြသည်။ အနက်ရောင်ပိုးဂါဝန်ဝတ်ထားသည့်အမျိုးသမီးတစ်ဦးသည် လက်တစ်ဖက်ကကလေးငယ်တစ်ဦးကိုဆွဲလျက် ထိုလမ်းပေါ်၌ခပ်သုတ်သုတ်လျှောက်နေသည်။ အိုင်နေသည့်ရေစက်တို့က သူမဂါဝန်ကိုစိုစွတ်နေစေသည်။ သူမ၏ထီးကလည်းသူကိုယ်တိုင်ပင်မလုံ့တလုံ။ ဘေးကကလေးကတော့ရေအရွှဲသား။ ဒါပေမယ့်လည်းထိုအမျိုးသမီးက ဂရုစိုက်ပုံမပေါ်။

သူတို့ကမြို့တွင်းကိုဦးတည်နေကြပုံပေါ်သည်။ အမျိုးသမီး၏မျက်နှာတွင် ပူပင်သောကတို့ကအတိုင်းသား။ သို့ပေမယ့် ဘေးက ကလေးငယ်က ချမ်းလွန်း၍တုံနေသည်ကိုတော့သတိထားမိဟန်မတူပေ။ ထိုကလေး၏ခြေထောက်ငယ်တို့ကသူမ၏ခြေလှမ်းကျဲကြီးတွေကိုမှီအောင်ပြေးလိုက်နေရ၍ထုံကျင်နေပြီကိုလည်းသတိပြုမိဟန်မတူပေ။ ထိုမျှမကသေး သူမအလောတကြီးဆွဲကိုင်ထားသည့်ထိုကလေး၏လက်ကောက်ဝတ်ဟာလည်း ပွန်းပဲ့ထူပူနေပြီဖြစ်သည်။

သူမကတကယ်ကိုသတိထားမိဟန်မတူသလို။ ထိုကလေးကလည်းတစ်ခွန်းမျှမပြောခဲ့ချေ။ ကျင့်သားရနေသလို။ ရိုးသားသည့်မျက်ဝန်းတွေက ဒါကပုံမှန်ပဲလို့ကြွေးကြော်နေသလို။

ခပ်မြန်မြန်ခြေလှမ်းတွေနှင့်တရွတ်ဆွဲမတတ်ခြေထောက်သေးသေးလေးတွေသည် အမိုးစွန့်ငှားငှားတွေထိုးထွက်နေသည့် ရဲတိုက်ကြီးရှေ့အရောက် ရပ်သွားကြသည်။ အမျိုးသမီးက သက်ပြင်းအသာချသည်။ ထို့နောက်ဘေးက ကလေးငယ်ထံလှည့်ကာထိုင်ချလိုက်ရင်း

" မှာထားတာကိုမမေ့နဲ့ ဘာမှဝင်မပြောနဲ့နော် ကြားလား "

မိုးရေကြားထဲ နာရီပိုင်းလောက်အမိုးအကာမဲ့ကာဖြတ်သန်းလာရ၍ ထိုကလေးမျက်လုံးတွေကနီရဲနေသည့်တိုင် အပြစ်ကင်းလွန်းနေသည်။ အမျိုးသမီးကသက်ပြင်းချသည်။

" ဒါတွေအကုန်နင်ကောင်းဖို့အတွက်ပဲသိရဲ့လား။ နင်ဟိုမှာနေရင် သေမှာပဲ။ ဒီမှာလည်းပင်ပန်းရမှာပဲဆိုပေမယ့် လိမ်လိမ်မာမာနေရင် နင်ကောင်းစားမှာပါ "

ထို့နောက်ထိုအမျိုးသမီးကပိတ်ထားသော ရဲတိုက်တံခါးကိုငေးရင်း သက်ပြင်းချပြန်သည်။

" လက်မခံစရာအကြောင်းတော့မရှိပါဘူး။
ဆယ်နှစ်တောင်ရှိပြီဆိုပေမယ့်။ သံယောဇဥ်လက်ကျန်တွေကိုတော့ထောက်ကောင်းပါရဲ့ "

သူ့ဘာသူရေရွတ်နေသော ထိုအမျိုးသမီးကို ကလေးငယ်ကမျက်လုံးအဝိုင်းသားနှင့်ငေးကြည့်နေသည်။ ထိုအမျိုးသမီးကတစ်ချက်ပြုံး​ပြရင်းထရပ်လိုက်သည်။

ကလေး၏လက်ကိုသေချာစွာ ဆွဲကိုင်ရင်း။

" လာ သွားစို့ "

-❄🍂-

ရဲတိုက်အတွင်းပြတင်းများစွာထဲမှ အချို့ကဝါကျင့်ကျင့်အရောင်ရှိသည်။ သူ့အခန်းကပြတင်းပေါက်တွေကတော့ သာမန်ထက်ကြီးကာနှစ်ပေါင်းများစွာကြာနေပုံလည်းရသည်။

မိုးရေစက်တွေကထိုပြတင်းပေါ်ကပ်ကာစီးကျနေသည်။ တစ်စက်ချင်း တစ်စက်ချင်း။
Sunghoon ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ကာ စာအုပ်စင်ဆီလျှောက်သွားရင်းပြန်တင်ထားလိုက်သည်။ နီညိုရောင်အဖုံးနှင့်စာအုပ်တွေကို Sunghoon သဘောကျသည်။ သိပ်ပြီးရဲရင့်တဲ့ပုံစံမပေါက်ဘူးလား။
သူ့မိခင်မဆုံးခင်အထိဖတ်ပြနေကျ ပုံပြင်စာအုပ်လေးတွေအားလုံးဟာလည်း နီညိုရောင်အဖုံးတွေနှင့်သာဖြစ်သည်။

အရယ်အပြုံးမရှိသည့်မျက်နှာက ရုတ်တရတ်အနည်းငယ်ပြုံးယောင်သမ်းသွားသည်။ သူဟာဘယ်လောက်ပဲတင်းမာနေချင်ယောင်ဆောင်ပါစေဦး။ ကလေးသာဖြစ်သည်မလား။ အပေါ်မှထပ်ဝတ်ထားသည့် နီလာ​ရောင် ကတ္တီပါကိုတင်းတင်းစေ့လိုက်သည်။

" ညစာအဆင်သင့်ဖြစ်ပါပြီ အရှင့်သား "

အထိန်းတော်၏အသံကိုကြားသော်လည်း Sunghoon ဘာမျှမတုံ့ပြန်ဖြစ်ပေ။ သို့ပေမယ့် Sunghoon အကြောင်းသိပြီးသားဖြစ်သည့် အထိန်းတော်ကတော့ဘာမှထပ်လျှောက်တင်မနေပဲ တိတ်တဆိတ်ထွက်ခွာသွားသည်။

Sunghoon ကတော့ ဖြည်းဖြည်းချင်းပဲ အခန်းကနေထွက်ခွာပါမည်။ ဒီနေ့က သူ့မိခင်ဆုံးပါးခဲ့တာ နှစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်သည်လေ။ သူ့ဖခင်အရှင်မင်းကြီးကတော့ သတိတရရှိပါလိမ့်မည်လားမသိပေမယ့်။

နဂိုတည်းကတိတ်ဆိတ်သည့် Sunghoon က ပိုတိတ်ဆိတ်နေပါသည်ဟုသတိထားမိလေမလား။ ဒါမှမဟုတ်ဂရုမပြုမိပဲသာဆက်ရှိနေမလား။ မေးခွန်းပေါင်းများစွာနှင့်။ တကယ်တမ်းမှာ Sunghoon က တိုင်းပြည်ရဲ့ မင်းသားလေးဆိုတာထက်။ အိမ်ရှေ့စံဖြစ်လာမယ့်သူဆိုတာထက်။ မိခင် ဖခင်ရဲ့ ဂရုစိုက်နှစ်သိမ့်မှုတွေလိုနေသေးသည့် ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးသာဖြစ်သည်လေ။

-❄🍂-

" အဲ့...အဲ့ဒီတော့ မင်းပြောတာ သူက Erica ရဲ့သားပေါ့ "

ပုလ္လင်ပေါ်မှာထိုင်နေသည့် အရှင်မင်းကြီးကတုန်ရီစွာမေးသည်။ ရှေ့တွင်ဒူးထောက်ခစားနေသော ပိုးဂါဝန်အနက်ရောင်အမျိုးသမီးကတော့ ရိုကျိုးစွာနှင့် ဟုတ်မှန်ကြောင်းပြန်လည်လျှောက်တင်သည်။

သူမစကားကိုကြားကြားချင်း ဘုရင်ဟာရုတ်တရတ်ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။ မှုန်မှိုင်းသောရာသီဥတုနှင့်အတူ လွမ်းဆွေးတမ်းတမှုတွေကရစ်သိုင်းလိုက်သလိုမျိုး။ ထို့နောက် အမျိုးသမီး၏ဘေးက မလှုပ်မယှက်မတ်တပ်ရပ်နေသော မိုးရေတွေရွှဲနေသည့်ကလေးငယ်။

အကြောက်အလန့်မရှိမှန်းသိသာလှသော်လည်း တစ်ပြိုင်ထဲမှာအပြစ်ကင်းရိုးသားလှသည့်ထိုမျက်လုံးဝိုင်းဝိုင်းတွေ။
Erica ရဲ့မျက်လုံးလေးတွေကိုတကယ်ပဲအမွေရထားခဲ့တာပဲ။ ရေတွေစိုရွှဲနေသည့်ပိတုန်းရောင်ဆံနွယ်တွေကနဖူးပေါ်ဝဲကျနေရင်းဖြူနုနုမျက်နှာက အတင်းအကြပ်အားထုတ်စရာမလိုပါပဲနှင့်ကို အရှိန်အဝါတွေထင်ဟပ်ကာနေသည်။

ဒီအရွယ်လေးနဲ့...။

Erica က သူ့သားကိုသူနဲ့တစ်ပုံစံထဲဖြစ်အောင်ပျိုးထောင်ခဲ့တာပါလား။
ပင်ပန်းလွန်းပြီး သေလောက်အောင်နာကျင်နေခဲ့ရတာတောင် မျက်တောင်တစ်ချက်မခတ်ခဲ့သည့်အမျိုးသမီး။

အရှင်မင်းကြီး၏ရင်ထဲတစ်စုံတစ်ခုကလှုပ်နိုးသွားသလို။ သူ့ရှေ့ကခပ်ဟောင်းဟောင်းဝတ်စုံကိုဆင်မြန်းထားသည့်ထိုကလေးကိုကြည့်ကာ မရေမရာဖြစ်မှုတွေ။

တစ်ဆက်တည်းမှာပဲ ထိုရိုးသားပြီးအပြစ်ကင်းလှသည့် စူးရှရှမျက်လုံးတွေ။

သက်ပြင်းချရင်း...။

" ကောင်းပါပြီ သူ့ကိုငါကိုယ်တော်ခေါ်ထားလိုက်ပါ့မယ် "

ဟုပြောရုံကလွဲပြီး အခြားရွေးစရာမရှိခဲ့ပါချေ။

-❄🍂-

မဟော်ဂနီရောင်လက်နေသည့်လှေကား ကျွန်းလက်ရန်းကိုခပ်ဖွဖွကိုင်ကာ Sunghoon ဆင်းလာခဲ့သည်။ သူရပ်လိုက်သည့်အထပ်တွင် ထမင်းစားဆောင်ရှိသည်။
ခေါင်းပေါ်တွင်တော့ ရွှေဝါရောင်ထိန်ထိန်လင်းနေသည့် မီးဆိုင်းကြီးတစ်ခု။

မိုးကတော့တိတ်စပြုနေပြီ။

သည်ရဲတိုက်ကြီးက ကြီးမားသလောက် ခြောက်သွေ့တိတ်ဆိတ် မှုန်မှိုင်းသည်။
ရဲတိုက်နံဘေး ဝန်းခြံအတွင်းတွင်တော့သလဲပင်တွေအနှံ့အပြားရှိသည်။ သူ့မိခင်အသက်ရှိစဥ်ကစိုက်ပျိုးခဲ့တာဖြစ်သည်။ အခုတော့ အတော်လေးကြီးထွားရှင်သန်နေကြရောပေါ့။ Sunghoon ကတော့ထိုအပင်တွေဘက်ကိုခြေဦးပင်မလှည့်ဖြစ်တော့။

ထမင်းစားခန်းဆီက လှုပ်လှုပ်ရှားရှားအသံတွေကြားရသည်။ သူဖြည်းဖြည်းချင်းဝင်သွားတော့ maid တွေကခေါင်းညွတ်နှုတ်ဆက်ကြသည်။ စားပွဲရှည်ကြီးက စားစရာတွေနှင့်ပြည့်လျှံနေသော်ငြား သုသာန်တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နိုင်သည်။ ပုံမှန်အတိုင်းဆိုလျှင် သူ့ဖခင်အရှင်မင်းကြီးနှင့် သူသာ။

ဒီနေ့က....။

သူ့ဖခင်၏ လက်ဝဲဘက်တွင် သူတစ်ခါမှမမြင်ဖူးသော ကောင်လေးတစ်ဦးထိုင်နေသည်။ နီညိုရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရေခြောက်ခါစ ဆံနွယ်ထူထူပွပွတွေရှိသည့် သူနှင့်ရွယ်တူလောက်ဟုခန့်မှန်းရသည့်ကောင်လေးတစ်ဦး။

သူ့ဖခင်၏မျက်ဝန်းတွင် မမြင်ရတာကြာပြီဖြစ်သည့် စိတ်အားထက်သန်မှုတွေကို Sunghoon မြင်လိုက်ရသည့်အခါ မလိုလားအပ်သောခံစားချက်တွေခုန်တိုးလာသည်။ အရေးအကြောင်းဖွဖွတွေပေါ်စပြုနေပြီဖြစ်သောမျက်နှာကိုမီးရောင်ဝါဝါအောက်တွင် ထင်ရှားစွာမြင်နေရရင်း မျက်ဝန်းတွေထဲကနှစ်လိုမှုတွေကိုပါတစ်စွန်းတစ်စတွေ့နေနိုင်သည်။

Sunghoon ဝင်လာသည်ကိုပင်သတိထားမိဟန်မတူ။ ပုံမှန်လိုဆို ဂရုစိုက်နေမည်မဟုတ်ပါ။ ဒါပေမယ့် အခုမှရုတ်တရတ်ပေါ်လာသည့် ဘယ်ကမှန်းမသိသည့်ကောင်လေးတစ်ယောက်ကြောင့် သူ့ကိုလျစ်လျူရှူနေသည်ကိုတော့လက်မခံနိုင်ပေ။ စားပွဲဝိုင်းတွင်ဝင်မထိုင်ပဲ နေရာတွင်ရပ်နေလိုက်သည်။

အထိန်းတော်က သူ့ကိုနားမလည်သလိုကြည့်လာသည်။ သူ့အကြည့်တွေကတော့ သူ့ဖခင်နှင့် ထိုမှိန်ဝါးဝါးကောင်ကလေးဆီ၌သာ။ အထိန်းတော်ကတော့သူ့ကိုဒီတိုင်းဝင်ထိုင်လိုက်စေချင်ပုံရသည်။ သို့ပေမယ့် Sunghoon ကလက်ခံလိမ့်မည်မဟုတ်။

ထိုသို့ပေကပ်ရပ်နေရင်း ထိုကောင်လေး၏အကြည့်တွေက ဖြတ်ခနဲ Sunghoon ထံရောက်လာသည်။ Sunghoon မျက်မှောင်ကြုံ့ကာ လက်သီးဆုပ်လိုက်မိသည်။ ခေါင်းအစခြေအဆုံး တစ်စက်မှတင့်တယ်မှုမရှိသည့် ညစ်ထေထေ လူတန်းစားတန်းကမှန်းသိသာနေရင်းနှင့်တောင်

ထိုမျက်လုံးတွေ။...

ရဲတင်းလိုက်တာ။ ရာရာစစ။

ထိုကောင်လေးမျက်လုံးတွေက စူးရှပြီးအေးစက်လွန်းကာ Sunghoon ခန္ဓာကိုယ်၏အနက်ရှိုင်းဆုံးသောနေရာအထိထိုးဖောက်ဝင်ရောက်နေသလိုခံစားရသည်။

ထိုခဏမှ သူ့ဖခင်က သူရောက်နေမှန်းသတိပြုမိပုံပေါ်သည်ါ

" အော်... Sunghoonie ရောက်ပြီလား... လာ ထိုင်ဒီမှာ "

သူ၏ညာဘက်ကခုံကိုညွှန်ပြကာ Sunghoon ကိုထိုင်ခိုင်းသည်။ Sunghoon နေရာတွင်ဝင်ထိုင်သည်အထိ ထိုကောင်လေးကသူ့ကိုစိုက်ကြည့်နေဆဲ။ Sunghoon လည်းအကြည့်မလွှဲပဲ ပြန်ကြည့်နေလိုက်သည်။

မင်းဘယ်အထိတောင့်ခံနိုင်မလဲကြည့်ကြတာပေါ့။

" Sunghoon.. ဒါ Jay။ အခုကစပြီးဒီမှာနေတော့မယ်.. မင်းအတွက်လည်းညီအစ်ကိုတစ်ယောက်ရ တိုင်းပြည်အတွက်လည်း နောက်ထပ်မင်းသားတစ်ယောက်ရတာပေါ့ "

ဘာ။

နောက်ထပ်မင်းသား။
ဒီစုတ်စုတ်ပြတ်ပြတ်ကောင်က??။ မဖြစ်နိုင်တာ။ ဘယ်စျေးက သူခိုးဂျပိုးကိုခေါ်လာပြီး မင်းသားဆိုတဲ့စကားထည့်ပြောနေတာလဲ။

မင်းကြီးက Sunghoon၏ မနှစ်မြို့သလိုအကြည့်တို့ကိုသတိထားမိသော်ငြား ဂရုစိုက်သည့်ပုံမပေါ်ပေ။

ဒါပေါ့။ သူကဘယ်တုံးကဂရုစိုက်ခဲ့လို့လဲ။

Jay ဆိုသည့်ကောင်လေးကတော့သူ့ကိုအေးတိအေးစက်စိုက်ကြည့်နေဆဲ။

မုန်းလိုက်တာ။ အပြစ်ကင်းချင်ယောင်ဆောင်ပြီး မခုတ်တတ်တဲ့ကြောင်လိုလုပ်နေတာပဲ။

--

" ငါဘယ်တုန်းကမှဟန်မဆောင်ခဲ့ဘူး "

" သိတယ်...အဲ့ဒါကြောင့်ပဲ မင်းကမုန်းစရာသိပ်ကောင်းတာ "

--

ထမင်းစားခန်းကထွက်လာလာချင်း တံခါးကိုတွန်းတိုက်ခဲ့သည့် Sunghoon။ အခန်းဆီကိုဦးတည်နေတုံး အနောက်ကခြေသံဖွဖွတစ်ချို့ကိုကြားလိုက်ရ၍ မျက်မှောင်ကြုံ့မိသည်။
ဂရုမထားပဲဆက်လျှောက်နေရင်းမှ ထိုခြေသံတွေပိုပြီးနီးကပ်လာသည်ကိုခံစားရသည်။

ရုတ်တရတ်ရက်ကာ ဖျတ်ခနဲအနောက်လှည့်ကြည့်တော့

မျက်လုံးအဝိုင်းသားနှင့်သူ့ကိုငေးကြည့်နေသည် Jay။
Sunghoon မလိုမုန်းထားစွာ နှာခေါင်းရှုံ့မိသည်။ ဘယ်ကကြည့်ကြည့်ကိုညစ်ပတ်ပေရေနေတာပဲ။ မျက်နှာမှာလဲခြစ်ရာတွေနဲ့နီရဲလို့။ ဆံပင်တွေကလည်းဖွာလန်ကျဲနေသေးသည်။

တကယ်ကို ဘယ်လိုပင်ကြည့်ကြည့် Sunghoon အတွက် ထို Jayဆိုသည့်ကောင်လေးသည် ချစ်ချင်စရာတစ်ကွက်မျှရှိမနေပါချေ။

အထူးသဖြင့် သူ့ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့် မျက်လုံးကြီးတွေ။ Sunghoon အတွက်ပိုပြီးမခံမရပ်နိုင်ဖြစ်ရသည်က ထိုမျက်လုံးတွေကိုမြင်တိုင်းသူ့ရင်ထဲတစ်မျိုးတစ်မြည်ဖြစ်သွားတတ်တာမျိုးကို။

ဒါကဘာကြောင့်လဲဆိုတာကို ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည့် Park Sunghoon က အဖြေမရှာနိုင်သေးပါပေ။

" မင်းဘာလို့ငါ့နောက်လိုက်နေတာလဲ "

Sunghoon ၏ခပ်မာမာလေသံက တော်ရုံလူကိုကြောက်လန့်၍ကိုယ်ရှိန်သတ်သွားစေတတ်သော်လည်း။ ဒီသူ့ရှေ့ကအရိုင်းအစိုင်းကတော့ မျက်တောင်ပင်မခတ်ပေ။ Sunghoon ကိုသာဆက်၍စိုက်ကြည့်နေရင်း

" မင်းသားရဲ့ဘယ်ဘက်ဘေးအခန်းက ကျွန်တော့အခန်းမို့လို့ မင်းသားနောက်ကိုလိုက်သွားဖို့ ကျွန်တော့ကိုပြောလိုက်တယ် အဲ့ဒါကြောင့် "

ရှတတကွဲအက်အက်အသံက ရေရှားပါးသောအရပ်မှသစ်ရွက်တွေအချင်းချင်းတိုးဝှေ့နေသကဲ့သို့ပင်။

Sunghoon မျက်မှောင်ကြုံ့လိုက်သည်။ ဘယ်သူ့သဘောပဲ ဒီအပေအတေကိုသူနဲ့ဘေးကပ်ရပ်အခန်းမှာထားမှာလဲ။ အခုဒီလိုမျိုး ပေအချို့အကွာမှာ မျက်နှာချင်းဆိုင်ရပ်နေရတာတောင်လွန်လွန်းနေပြီကို။

" မင်းနေလို့မရဘူး "

Sunghoon ထိုသို့ပြောတော့ Jayခေါင်းလေးစောင်းသွားသည်။ သူနားမလည်ပေ။ အရှင်မင်းကြီးကသူနေရမယ်လို့သေချာပေါက်ပြောသွားသည်ပဲ။

ဒါပေမယ့် သူ့ရှေ့ကတောက်တောက်ပပနှင့် ချစ်စရာကောင်းလှသည့်မင်းသားလေးက မရဟုပြောနေလေတော့။

" အင်း "

Jay ကခေါင်းညိတ်ပြတာမို့ Sunghoon ရုတ်တရတ်ကြောင်သွားသည်။ ဒါပဲလား။ ဒီလောက်လွယ်လား။

ထို့နောက် Jay လှည့်ထွက်သွားသည်။ Sunghoon ပြန်ခေါ်ရန်ရုတ်တရတ်လက်မြှောက်လိုက်ရင်းမှ အမြန်ပြန်ရုတ်လိုက်မိသည်။ ဘာလို့ပြန်ခေါ်ရမှာလဲ။ သူ့မှာ သွားစရာနေရာရှိလို့သွားတာနေမှာပေါ့။

Sunghoon နေရာတွင်ကြောင်ရပ်နေရင်း သူလှမ်းမြင်နေရသော ခပ်လှမ်းလှမ်းမှနောက်ကျောသေးသေးလေးက တဖြည်းဖြည်းချင်းဝေးကွာသွားသည်။

-❄🍂-

" အရှင့်သား... အရှင့်သား "

ကျွန်းတံခါးကိုထုသံတစ်ခုကြားလိုက်ရသည်မို့ သစ်သားရုပ်လေးတွေကို ဆင့်တမ်းကစားနေရာက Sunghoon ရပ်လိုက်သည်။ တံခါးကိုဖွင့်တော့ အထိန်းတော်ကြီးက အထိတ်တလန့်မျက်နှာပေးမျိုးနှင့်ရပ်နေသည်။

" ဘာဖြစ်တာလဲ "

" ဟို.. မင်းသားလေး Jay ကိုဘယ်မှာမှရှာမတွေ့လို့..."

Jay ကိုမင်းသားလေးဟုသုံးနှုန်းသည်ကိုကြားလိုက်ရသည်မို့ ခေါင်းထဲမူးနောက်သွားမတတ်မအီမသာဖြစ်သွားရသော်လည်း။

ဘာ?။ ဘယ်မှာမှရှာမတွေ့ဘူး။

Sunghoonစိတ်ထဲတစ်မျိုးဖြစ်သွားသည်။ မျက်နှာချင်းဆိုင်မှာမှန်ပြတင်းအပြည့်ကြီးကိုကြည့်တော့လည်း အပြင်မှာမိုးတွေကခပ်ဖွဲဖွဲရွာနေဟန်။ မဟုတ်မှလွဲရော Sunghoon စကားကြောင့် ထွက်သွားတာတော့မဟုတ်လောက်ပါဘူးနော်။

ထိုအတွေးက သူ့ခေါင်းထဲဝင်လာလာချင်း Sunghoon မျက်လုံးတွေပြူးကျယ်ဝိုင်းစက်သွားသည်။ အရူးမှပဲအဲ့လိုလုပ်လောက်လိမ့်မယ်ဆိုပေမယ့်။ အဲ့ဒီတစ်ယောက်ရူးမနေပါဘူးလို့ အာမခံနိုင်မယ့်သူလည်းရှိမှမရှိပဲ။

ခဏချင်းပင် ရဲမက်တွေအလျိုလျို​ခြေချင်းလိမ်သွားကြသည်။

" အရှင့်သား သူ့ကိုနောက်ဆုံးတွေ့လိုက်တာဘယ်နေရာမှာများလဲ "

" ထမင်းစားခန်းနားမှာပါ "

Sunghoon ဆီကအဖြေရရချင်း ထမင်းစားခန်းအနီးတစ်ဝိုက်ကိုရှာဖွေကြတော့သည်။ Sunghoon ကတော့ရုတ်တရတ်ကြီးကိုယ့်ကိုယ်ကိုမလုံသလိုခံစားလာရသည်။ သူ့ကြောင့်များလားဟူသည့်အတွေးနှင့်အတူ အခန်းထဲတွင်ဟိုဒီလျှောက်နေမိရင်း။

စာကြည့်စင်အနားအရောက်သူရပ်ကာ အသက်ပြင်းပြင်းရှူမိသည်။ ထို့နောက်မှန်ပြတင်းအနားခပ်ဖြည်းဖြည်းလျှောက်ရင်း တွေဝေနေမိသည်။ သူ့ကြောင့်ပျောက်သွားတာများလား။ ဒါပေမယ့် တစ်ဖက်ကတွေးရင်လည်း ကိစ္စပြတ်သွားတာပဲလေ။ ဒီနေရာကသူရှိရမယ့်နေရာမှမဟုတ်ပဲ။

ထိုသို့အတွေးပေါင်းစုံပစ်ခဲနေစဥ်ကို။ Sunghoon အာရုံကိုဖမ်းစားလိုက်သည့်။ ဝန်းထဲကပုံရိပ်တစ်ခု။ နီညိုရောင်ဝတ်စုံကိုဝတ်ထားသည့် ခပ်သေးသေးကောင်လေးက ထီးအဝါရောင်ခပ်စုတ်စုတ်တစ်ချောင်းကိုဆောင်းလျက် သလဲပင်တန်းတွေကြားခပ်ဖြည်းဖြည်းလျှောက်လှမ်းနေသည်။

အဲ့ဒါ သူပဲ။

သူဘယ်ကိုသွားမလို့များလဲ။ ရဲတိုက်ဝန်းထဲကတော့အခုထိထွက်မသွားသေးဘူးပဲ။

Sunghoon ကြောင်ရပ်နေရင်းကမှ တစ်ခုခုကိုသတိရလိုက်သလိုတုန်ရီသွားရင်း။ ဝတ်ရုံကိုဆွဲဝတ်ကာ ထီးတစ်ချောင်းကိုယူလျက် အခန်းထဲမှပြေးထွက်ခဲ့သည်။

-❄🍂-

.zawgyi.

မိုးကတဖြဲဖြဲ႐ြာေနကာ ေကာင္းကင္တစ္ခုလုံးကလည္းအုံ႕ဆိုင္းလ်က္။ အခ်ိန္ကလည္းညေနေစာင္းအခ်ိန္ျဖစ္ေနေလရာ ပတ္ဝန္းက်င္တစ္ခုလုံးကမႈန္ရီကာေနသည္။ တစ္ခ်က္ခ်က္လက္ခနဲျဖစ္သြားသည့္လွ်ပ္စီးႏွင့္အတူ မိနစ္အခ်ိဳ႕တိုင္းျမည္ဟီးေနသည့္မိုးႀကိဳးသံေတြ။

အုတ္မ်ားစီတန္းခင္းထားသည့္လမ္းကား ေရေတြအိုင္ထြန္းေနၿပီျဖစ္သည္။ ေရညွိမ်ားတက္ေနသည့္ထိုလမ္း၏တစ္ဖက္တစ္ခ်က္တြင္ေတာ့ ေျခာက္ျခားဖြယ္ပုံသ႑ာန္အမ်ိဳးမ်ိဳးႏွင့္ ပန္းသီးပင္အေသမ်ား။ ခ႐ုေတြက ထိုလမ္း၏ေဘာင္ေပၚတြင္တြားသြား သြားလာေနၾကသည္။ အနက္ေရာင္ပိုးဂါဝန္ဝတ္ထားသည့္အမ်ိဳးသမီးတစ္ဦးသည္ လက္တစ္ဖက္ကကေလးငယ္တစ္ဦးကိုဆြဲလ်က္ ထိုလမ္းေပၚ၌ခပ္သုတ္သုတ္ေလွ်ာက္ေနသည္။ အိုင္ေနသည့္ေရစက္တို႔က သူမဂါဝန္ကိုစိုစြတ္ေနေစသည္။ သူမ၏ထီးကလည္းသူကိုယ္တိုင္ပင္မလုံ႕တလုံ။ ေဘးကကေလးကေတာ့ေရအ႐ႊဲသား။ ဒါေပမယ့္လည္းထိုအမ်ိဳးသမီးက ဂ႐ုစိုက္ပုံမေပၚ။

သူတို႔ကၿမိဳ႕တြင္းကိုဦးတည္ေနၾကပုံေပၚသည္။ အမ်ိဳးသမီး၏မ်က္ႏွာတြင္ ပူပင္ေသာကတို႔ကအတိုင္းသား။ သို႔ေပမယ့္ ေဘးက ကေလးငယ္က ခ်မ္းလြန္း၍တုံေနသည္ကိုေတာ့သတိထားမိဟန္မတူေပ။ ထိုကေလး၏ေျခေထာက္ငယ္တို႔ကသူမ၏ေျခလွမ္းက်ဲႀကီးေတြကိုမွီေအာင္ေျပးလိုက္ေနရ၍ထုံက်င္ေနၿပီကိုလည္းသတိျပဳမိဟန္မတူေပ။ ထိုမွ်မကေသး သူမအေလာတႀကီးဆြဲကိုင္ထားသည့္ထိုကေလး၏လက္ေကာက္ဝတ္ဟာလည္း ပြန္းပဲ့ထူပူေနၿပီျဖစ္သည္။

သူမကတကယ္ကိုသတိထားမိဟန္မတူသလို။ ထိုကေလးကလည္းတစ္ခြန္းမွ်မေျပာခဲ့ေခ်။ က်င့္သားရေနသလို။ ရိုးသားသည့္မ်က္ဝန္းေတြက ဒါကပုံမွန္ပဲလို႔ေႂကြးေၾကာ္ေနသလို။

ခပ္ျမန္ျမန္ေျခလွမ္းေတြႏွင့္တ႐ြတ္ဆြဲမတတ္ေျခေထာက္ေသးေသးေလးေတြသည္ အမိုးစြန့္ငွားငွားေတြထိုးထြက္ေနသည့္ ရဲတိုက္ႀကီးေရွ႕အေရာက္ ရပ္သြားၾကသည္။ အမ်ိဳးသမီးက သက္ျပင္းအသာခ်သည္။ ထို႔ေနာက္ေဘးက ကေလးငယ္ထံလွည့္ကာထိုင္ခ်လိဳက္ရင္း

" မွာထားတာကိုမေမ့နဲ႕ ဘာမွဝင္မေျပာနဲ႕ေနာ္ ၾကားလား "

မိုးေရၾကားထဲ နာရီပိုင္းေလာက္အမိုးအကာမဲ့ကာျဖတ္သန္းလာရ၍ ထိုကေလးမ်က္လုံးေတြကနီရဲေနသည့္တိုင္ အျပစ္ကင္းလြန္းေနသည္။ အမ်ိဳးသမီးကသက္ျပင္းခ်သည္။

" ဒါေတြအကုန္နင္ေကာင္းဖို႔အတြက္ပဲသိရဲ႕လား။ နင္ဟိုမွာေနရင္ ေသမွာပဲ။ ဒီမွာလည္းပင္ပန္းရမွာပဲဆိုေပမယ့္ လိမ္လိမ္မာမာေနရင္ နင္ေကာင္းစားမွာပါ "

ထို႔ေနာက္ထိုအမ်ိဳးသမီးကပိတ္ထားေသာ ရဲတိုက္တံခါးကိုေငးရင္း သက္ျပင္းခ်ျပန္သည္။

" လက္မခံစရာအေၾကာင္းေတာ့မရွိပါဘူး။
ဆယ္ႏွစ္ေတာင္ရွိၿပီဆိုေပမယ့္။ သံေယာဇဥ္လက္က်န္ေတြကိုေတာ့ေထာက္ေကာင္းပါရဲ႕ "

သူ႕ဘာသူေရ႐ြတ္ေနေသာ ထိုအမ်ိဳးသမီးကို ကေလးငယ္ကမ်က္လုံးအဝိုင္းသားႏွင့္ေငးၾကည့္ေနသည္။ ထိုအမ်ိဳးသမီးကတစ္ခ်က္ၿပဳံး​ျပရင္းထရပ္လိုက္သည္။

ကေလး၏လက္ကိုေသခ်ာစြာ ဆြဲကိုင္ရင္း။

" လာ သြားစို႔ "

-❄🍂-

ရဲတိုက္အတြင္းျပတင္းမ်ားစြာထဲမွ အခ်ိဳ႕ကဝါက်င့္က်င့္အေရာင္ရွိသည္။ သူ႕အခန္းကျပတင္းေပါက္ေတြကေတာ့ သာမန္ထက္ႀကီးကာႏွစ္ေပါင္းမ်ားစြာၾကာေနပုံလည္းရသည္။

မိုးေရစက္ေတြကထိုျပတင္းေပၚကပ္ကာစီးက်ေနသည္။ တစ္စက္ခ်င္း တစ္စက္ခ်င္း။
Sunghoon ဖတ္လက္စစာအုပ္ကိုပိတ္လိုက္ကာ စာအုပ္စင္ဆီေလွ်ာက္သြားရင္းျပန္တင္ထားလိုက္သည္။ နီညိုေရာင္အဖုံးႏွင့္စာအုပ္ေတြကို Sunghoon သေဘာက်သည္။ သိပ္ၿပီးရဲရင့္တဲ့ပုံစံမေပါက္ဘူးလား။
သူ႕မိခင္မဆုံးခင္အထိဖတ္ျပေနက် ပုံျပင္စာအုပ္ေလးေတြအားလုံးဟာလည္း နီညိုေရာင္အဖုံးေတြႏွင့္သာျဖစ္သည္။

အရယ္အၿပဳံးမရွိသည့္မ်က္ႏွာက ႐ုတ္တရတ္အနည္းငယ္ၿပဳံးေယာင္သမ္းသြားသည္။ သူဟာဘယ္ေလာက္ပဲတင္းမာေနခ်င္ေယာင္ေဆာင္ပါေစဦး။ ကေလးသာျဖစ္သည္မလား။ အေပၚမွထပ္ဝတ္ထားသည့္ နီလာ​ေရာင္ ကတၱီပါကိုတင္းတင္းေစ့လိုက္သည္။

" ညစာအဆင္သင့္ျဖစ္ပါၿပီ အရွင့္သား "

အထိန္းေတာ္၏အသံကိုၾကားေသာ္လည္း Sunghoon ဘာမွ်မတုံ႕ျပန္ျဖစ္ေပ။ သို႔ေပမယ့္ Sunghoon အေၾကာင္းသိၿပီးသားျဖစ္သည့္ အထိန္းေတာ္ကေတာ့ဘာမွထပ္ေလွ်ာက္တင္မေနပဲ တိတ္တဆိတ္ထြက္ခြာသြားသည္။

Sunghoon ကေတာ့ ျဖည္းျဖည္းခ်င္းပဲ အခန္းကေနထြက္ခြာပါမည္။ ဒီေန႕က သူ႕မိခင္ဆုံးပါးခဲ့တာ ႏွစ္ႏွစ္ျပည့္ေျမာက္သည့္ေန႕လည္းျဖစ္သည္ေလ။ သူ႕ဖခင္အရွင္မင္းႀကီးကေတာ့ သတိတရရွိပါလိမ့္မည္လားမသိေပမယ့္။

နဂိုတည္းကတိတ္ဆိတ္သည့္ Sunghoon က ပိုတိတ္ဆိတ္ေနပါသည္ဟုသတိထားမိေလမလား။ ဒါမွမဟုတ္ဂ႐ုမျပဳမိပဲသာဆက္ရွိေနမလား။ ေမးခြန္းေပါင္းမ်ားစြာႏွင့္။ တကယ္တမ္းမွာ Sunghoon က တိုင္းျပည္ရဲ႕ မင္းသားေလးဆိုတာထက္။ အိမ္ေရွ႕စံျဖစ္လာမယ့္သူဆိုတာထက္။ မိခင္ ဖခင္ရဲ႕ ဂ႐ုစိုက္ႏွစ္သိမ့္မႈေတြလိုေနေသးသည့္ ဆယ္ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးသာျဖစ္သည္ေလ။

-❄🍂-

" အဲ့...အဲ့ဒီေတာ့ မင္းေျပာတာ သူက Erica ရဲ႕သားေပါ့ "

ပုလႅင္ေပၚမွာထိုင္ေနသည့္ အရွင္မင္းႀကီးကတုန္ရီစြာေမးသည္။ ေရွ႕တြင္ဒူးေထာက္ခစားေနေသာ ပိုးဂါဝန္အနက္ေရာင္အမ်ိဳးသမီးကေတာ့ ရိုက်ိဳးစြာႏွင့္ ဟုတ္မွန္ေၾကာင္းျပန္လည္ေလွ်ာက္တင္သည္။

သူမစကားကိုၾကားၾကားခ်င္း ဘုရင္ဟာ႐ုတ္တရတ္ၿငိမ္သက္တိတ္ဆိတ္သြားခဲ့သည္။ မႈန္မွိုင္းေသာရာသီဥတုႏွင့္အတူ လြမ္းေဆြးတမ္းတမႈေတြကရစ္သိုင္းလိုက္သလိုမ်ိဳး။ ထို႔ေနာက္ အမ်ိဳးသမီး၏ေဘးက မလႈပ္မယွက္မတ္တပ္ရပ္ေနေသာ မိုးေရေတြ႐ႊဲေနသည့္ကေလးငယ္။

အေၾကာက္အလန့္မရွိမွန္းသိသာလွေသာ္လည္း တစ္ၿပိဳင္ထဲမွာအျပစ္ကင္းရိုးသားလွသည့္ထိုမ်က္လုံးဝိုင္းဝိုင္းေတြ။
Erica ရဲ႕မ်က္လုံးေလးေတြကိုတကယ္ပဲအေမြရထားခဲ့တာပဲ။ ေရေတြစို႐ႊဲေနသည့္ပိတုန္းေရာင္ဆံႏြယ္ေတြကနဖူးေပၚဝဲက်ေနရင္းျဖဴႏုႏုမ်က္ႏွာက အတင္းအၾကပ္အားထုတ္စရာမလိုပါပဲႏွင့္ကို အရွိန္အဝါေတြထင္ဟပ္ကာေနသည္။

ဒီအ႐ြယ္ေလးနဲ႕...။

Erica က သူ႕သားကိုသူနဲ႕တစ္ပုံစံထဲျဖစ္ေအာင္ပ်ိဳးေထာင္ခဲ့တာပါလား။
ပင္ပန္းလြန္းၿပီး ေသေလာက္ေအာင္နာက်င္ေနခဲ့ရတာေတာင္ မ်က္ေတာင္တစ္ခ်က္မခတ္ခဲ့သည့္အမ်ိဳးသမီး။

အရွင္မင္းႀကီး၏ရင္ထဲတစ္စုံတစ္ခုကလႈပ္နိုးသြားသလို။ သူ႕ေရွ႕ကခပ္ေဟာင္းေဟာင္းဝတ္စုံကိုဆင္ျမန္းထားသည့္ထိုကေလးကိုၾကည့္ကာ မေရမရာျဖစ္မႈေတြ။

တစ္ဆက္တည္းမွာပဲ ထိုရိုးသားၿပီးအျပစ္ကင္းလွသည့္ စူးရွရွမ်က္လုံးေတြ။

သက္ျပင္းခ်ရင္း...။

" ေကာင္းပါၿပီ သူ႕ကိုငါကိုယ္ေတာ္ေခၚထားလိုက္ပါ့မယ္ "

ဟုေျပာ႐ုံကလြဲၿပီး အျခားေ႐ြးစရာမရွိခဲ့ပါေခ်။

-❄🍂-

မေဟာ္ဂနီေရာင္လက္ေနသည့္ေလွကား ကြၽန္းလက္ရန္းကိုခပ္ဖြဖြကိုင္ကာ Sunghoon ဆင္းလာခဲ့သည္။ သူရပ္လိုက္သည့္အထပ္တြင္ ထမင္းစားေဆာင္ရွိသည္။
ေခါင္းေပၚတြင္ေတာ့ ေ႐ႊဝါေရာင္ထိန္ထိန္လင္းေနသည့္ မီးဆိုင္းႀကီးတစ္ခု။

မိုးကေတာ့တိတ္စျပဳေနၿပီ။

သည္ရဲတိုက္ႀကီးက ႀကီးမားသေလာက္ ေျခာက္ေသြ႕တိတ္ဆိတ္ မႈန္မွိုင္းသည္။
ရဲတိုက္နံေဘး ဝန္းၿခံအတြင္းတြင္ေတာ့သလဲပင္ေတြအႏွံ႕အျပားရွိသည္။ သူ႕မိခင္အသက္ရွိစဥ္ကစိုက္ပ်ိဳးခဲ့တာျဖစ္သည္။ အခုေတာ့ အေတာ္ေလးႀကီးထြားရွင္သန္ေနၾကေရာေပါ့။ Sunghoon ကေတာ့ထိုအပင္ေတြဘက္ကိုေျခဦးပင္မလွည့္ျဖစ္ေတာ့။

ထမင္းစားခန္းဆီက လႈပ္လႈပ္ရွားရွားအသံေတြၾကားရသည္။ သူျဖည္းျဖည္းခ်င္းဝင္သြားေတာ့ maid ေတြကေခါင္းၫြတ္ႏႈတ္ဆက္ၾကသည္။ စားပြဲရွည္ႀကီးက စားစရာေတြႏွင့္ျပည့္လွ်ံေနေသာ္ျငား သုသာန္တစျပင္ကဲ့သို႔ ေျခာက္ကပ္ကပ္နိုင္သည္။ ပုံမွန္အတိုင္းဆိုလွ်င္ သူ႕ဖခင္အရွင္မင္းႀကီးႏွင့္ သူသာ။

ဒီေန႕က....။

သူ႕ဖခင္၏ လက္ဝဲဘက္တြင္ သူတစ္ခါမွမျမင္ဖူးေသာ ေကာင္ေလးတစ္ဦးထိုင္ေနသည္။ နီညိုေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီး ေရေျခာက္ခါစ ဆံႏြယ္ထူထူပြပြေတြရွိသည့္ သူႏွင့္႐ြယ္တူေလာက္ဟုခန့္မွန္းရသည့္ေကာင္ေလးတစ္ဦး။

သူ႕ဖခင္၏မ်က္ဝန္းတြင္ မျမင္ရတာၾကာၿပီျဖစ္သည့္ စိတ္အားထက္သန္မႈေတြကို Sunghoon ျမင္လိုက္ရသည့္အခါ မလိုလားအပ္ေသာခံစားခ်က္ေတြခုန္တိုးလာသည္။ အေရးအေၾကာင္းဖြဖြေတြေပၚစျပဳေနၿပီျဖစ္ေသာမ်က္ႏွာကိုမီးေရာင္ဝါဝါေအာက္တြင္ ထင္ရွားစြာျမင္ေနရရင္း မ်က္ဝန္းေတြထဲကႏွစ္လိုမႈေတြကိုပါတစ္စြန္းတစ္စေတြ႕ေနနိုင္သည္။

Sunghoon ဝင္လာသည္ကိုပင္သတိထားမိဟန္မတူ။ ပုံမွန္လိုဆို ဂ႐ုစိုက္ေနမည္မဟုတ္ပါ။ ဒါေပမယ့္ အခုမွ႐ုတ္တရတ္ေပၚလာသည့္ ဘယ္ကမွန္းမသိသည့္ေကာင္ေလးတစ္ေယာက္ေၾကာင့္ သူ႕ကိုလ်စ္လ်ဴရႉေနသည္ကိုေတာ့လက္မခံနိုင္ေပ။ စားပြဲဝိုင္းတြင္ဝင္မထိုင္ပဲ ေနရာတြင္ရပ္ေနလိုက္သည္။

အထိန္းေတာ္က သူ႕ကိုနားမလည္သလိုၾကည့္လာသည္။ သူ႕အၾကည့္ေတြကေတာ့ သူ႕ဖခင္ႏွင့္ ထိုမွိန္ဝါးဝါးေကာင္ကေလးဆီ၌သာ။ အထိန္းေတာ္ကေတာ့သူ႕ကိုဒီတိုင္းဝင္ထိုင္လိုက္ေစခ်င္ပုံရသည္။ သို႔ေပမယ့္ Sunghoon ကလက္ခံလိမ့္မည္မဟုတ္။

ထိုသို႔ေပကပ္ရပ္ေနရင္း ထိုေကာင္ေလး၏အၾကည့္ေတြက ျဖတ္ခနဲ Sunghoon ထံေရာက္လာသည္။ Sunghoon မ်က္ေမွာင္ႀကဳံ႕ကာ လက္သီးဆုပ္လိုက္မိသည္။ ေခါင္းအစေျခအဆုံး တစ္စက္မွတင့္တယ္မႈမရွိသည့္ ညစ္ေထေထ လူတန္းစားတန္းကမွန္းသိသာေနရင္းႏွင့္ေတာင္

ထိုမ်က္လုံးေတြ။...

ရဲတင္းလိုက္တာ။ ရာရာစစ။

ထိုေကာင္ေလးမ်က္လုံးေတြက စူးရွၿပီးေအးစက္လြန္းကာ Sunghoon ခႏၶာကိုယ္၏အနက္ရွိုင္းဆုံးေသာေနရာအထိထိုးေဖာက္ဝင္ေရာက္ေနသလိုခံစားရသည္။

ထိုခဏမွ သူ႕ဖခင္က သူေရာက္ေနမွန္းသတိျပဳမိပုံေပၚသည္ါ

" ေအာ္... Sunghoonie ေရာက္ၿပီလား... လာ ထိုင္ဒီမွာ "

သူ၏ညာဘက္ကခုံကိုၫႊန္ျပကာ Sunghoon ကိုထိုင္ခိုင္းသည္။ Sunghoon ေနရာတြင္ဝင္ထိုင္သည္အထိ ထိုေကာင္ေလးကသူ႕ကိုစိုက္ၾကည့္ေနဆဲ။ Sunghoon လည္းအၾကည့္မလႊဲပဲ ျပန္ၾကည့္ေနလိုက္သည္။

မင္းဘယ္အထိေတာင့္ခံနိုင္မလဲၾကည့္ၾကတာေပါ့။

" Sunghoon.. ဒါ Jay။ အခုကစၿပီးဒီမွာေနေတာ့မယ္.. မင္းအတြက္လည္းညီအစ္ကိုတစ္ေယာက္ရ တိုင္းျပည္အတြက္လည္း ေနာက္ထပ္မင္းသားတစ္ေယာက္ရတာေပါ့ "

ဘာ။

ေနာက္ထပ္မင္းသား။
ဒီစုတ္စုတ္ျပတ္ျပတ္ေကာင္က??။ မျဖစ္နိုင္တာ။ ဘယ္ေစ်းက သူခိုးဂ်ပိဳးကိုေခၚလာၿပီး မင္းသားဆိုတဲ့စကားထည့္ေျပာေနတာလဲ။

မင္းႀကီးက Sunghoon၏ မႏွစ္ၿမိဳ႕သလိုအၾကည့္တို႔ကိုသတိထားမိေသာ္ျငား ဂ႐ုစိုက္သည့္ပုံမေပၚေပ။

ဒါေပါ့။ သူကဘယ္တုံးကဂ႐ုစိုက္ခဲ့လို႔လဲ။

Jay ဆိုသည့္ေကာင္ေလးကေတာ့သူ႕ကိုေအးတိေအးစက္စိုက္ၾကည့္ေနဆဲ။

မုန္းလိုက္တာ။ အျပစ္ကင္းခ်င္ေယာင္ေဆာင္ၿပီး မခုတ္တတ္တဲ့ေၾကာင္လိုလုပ္ေနတာပဲ။

--

" ငါဘယ္တုန္းကမွဟန္မေဆာင္ခဲ့ဘူး "

" သိတယ္...အဲ့ဒါေၾကာင့္ပဲ မင္းကမုန္းစရာသိပ္ေကာင္းတာ "

--

ထမင္းစားခန္းကထြက္လာလာခ်င္း တံခါးကိုတြန္းတိုက္ခဲ့သည့္ Sunghoon။ အခန္းဆီကိုဦးတည္ေနတုံး အေနာက္ကေျခသံဖြဖြတစ္ခ်ိဳ႕ကိုၾကားလိုက္ရ၍ မ်က္ေမွာင္ႀကဳံ႕မိသည္။
ဂ႐ုမထားပဲဆက္ေလွ်ာက္ေနရင္းမွ ထိုေျခသံေတြပိုၿပီးနီးကပ္လာသည္ကိုခံစားရသည္။

႐ုတ္တရတ္ရက္ကာ ဖ်တ္ခနဲအေနာက္လွည့္ၾကည့္ေတာ့

မ်က္လုံးအဝိုင္းသားႏွင့္သူ႕ကိုေငးၾကည့္ေနသည္ Jay။
Sunghoon မလိုမုန္းထားစြာ ႏွာေခါင္းရႈံ႕မိသည္။ ဘယ္ကၾကည့္ၾကည့္ကိုညစ္ပတ္ေပေရေနတာပဲ။ မ်က္ႏွာမွာလဲျခစ္ရာေတြနဲ႕နီရဲလို႔။ ဆံပင္ေတြကလည္းဖြာလန္က်ဲေနေသးသည္။

တကယ္ကို ဘယ္လိုပင္ၾကည့္ၾကည့္ Sunghoon အတြက္ ထို Jayဆိုသည့္ေကာင္ေလးသည္ ခ်စ္ခ်င္စရာတစ္ကြက္မွ်ရွိမေနပါေခ်။

အထူးသျဖင့္ သူ႕ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည့္ မ်က္လုံးႀကီးေတြ။ Sunghoon အတြက္ပိုၿပီးမခံမရပ္နိုင္ျဖစ္ရသည္က ထိုမ်က္လုံးေတြကိုျမင္တိုင္းသူ႕ရင္ထဲတစ္မ်ိဳးတစ္ျမည္ျဖစ္သြားတတ္တာမ်ိဳးကို။

ဒါကဘာေၾကာင့္လဲဆိုတာကို ဆယ္ႏွစ္အ႐ြယ္ေကာင္ေလးတစ္ေယာက္ျဖစ္သည့္ Park Sunghoon က အေျဖမရွာနိုင္ေသးပါေပ။

" မင္းဘာလို႔ငါ့ေနာက္လိုက္ေနတာလဲ "

Sunghoon ၏ခပ္မာမာေလသံက ေတာ္႐ုံလူကိုေၾကာက္လန့္၍ကိုယ္ရွိန္သတ္သြားေစတတ္ေသာ္လည္း။ ဒီသူ႕ေရွ႕ကအရိုင္းအစိုင္းကေတာ့ မ်က္ေတာင္ပင္မခတ္ေပ။ Sunghoon ကိုသာဆက္၍စိုက္ၾကည့္ေနရင္း

" မင္းသားရဲ႕ဘယ္ဘက္ေဘးအခန္းက ကြၽန္ေတာ့အခန္းမို႔လို႔ မင္းသားေနာက္ကိုလိုက္သြားဖို႔ ကြၽန္ေတာ့ကိုေျပာလိုက္တယ္ အဲ့ဒါေၾကာင့္ "

ရွတတကြဲအက္အက္အသံက ေရရွားပါးေသာအရပ္မွသစ္႐ြက္ေတြအခ်င္းခ်င္းတိုးေဝွ႕ေနသကဲ့သို႔ပင္။

Sunghoon မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ ဘယ္သူ႕သေဘာပဲ ဒီအေပအေတကိုသူနဲ႕ေဘးကပ္ရပ္အခန္းမွာထားမွာလဲ။ အခုဒီလိုမ်ိဳး ေပအခ်ိဳ႕အကြာမွာ မ်က္ႏွာခ်င္းဆိုင္ရပ္ေနရတာေတာင္လြန္လြန္းေနၿပီကို။

" မင္းေနလို႔မရဘူး "

Sunghoon ထိုသို႔ေျပာေတာ့ Jayေခါင္းေလးေစာင္းသြားသည္။ သူနားမလည္ေပ။ အရွင္မင္းႀကီးကသူေနရမယ္လို႔ေသခ်ာေပါက္ေျပာသြားသည္ပဲ။

ဒါေပမယ့္ သူ႕ေရွ႕ကေတာက္ေတာက္ပပႏွင့္ ခ်စ္စရာေကာင္းလွသည့္မင္းသားေလးက မရဟုေျပာေနေလေတာ့။

" အင္း "

Jay ကေခါင္းညိတ္ျပတာမို႔ Sunghoon ႐ုတ္တရတ္ေၾကာင္သြားသည္။ ဒါပဲလား။ ဒီေလာက္လြယ္လား။

ထို႔ေနာက္ Jay လွည့္ထြက္သြားသည္။ Sunghoon ျပန္ေခၚရန္႐ုတ္တရတ္လက္ျမႇောက္လိုက္ရင္းမွ အျမန္ျပန္႐ုတ္လိုက္မိသည္။ ဘာလို႔ျပန္ေခၚရမွာလဲ။ သူ႕မွာ သြားစရာေနရာရွိလို႔သြားတာေနမွာေပါ့။

Sunghoon ေနရာတြင္ေၾကာင္ရပ္ေနရင္း သူလွမ္းျမင္ေနရေသာ ခပ္လွမ္းလွမ္းမွေနာက္ေက်ာေသးေသးေလးက တျဖည္းျဖည္းခ်င္းေဝးကြာသြားသည္။

-❄🍂-

" အရွင့္သား... အရွင့္သား "

ကြၽန္းတံခါးကိုထုသံတစ္ခုၾကားလိုက္ရသည္မို႔ သစ္သား႐ုပ္ေလးေတြကို ဆင့္တမ္းကစားေနရာက Sunghoon ရပ္လိုက္သည္။ တံခါးကိုဖြင့္ေတာ့ အထိန္းေတာ္ႀကီးက အထိတ္တလန့္မ်က္ႏွာေပးမ်ိဳးႏွင့္ရပ္ေနသည္။

" ဘာျဖစ္တာလဲ "

" ဟို.. မင္းသားေလး Jay ကိုဘယ္မွာမွရွာမေတြ႕လို႔..."

Jay ကိုမင္းသားေလးဟုသုံးႏႈန္းသည္ကိုၾကားလိုက္ရသည္မို႔ ေခါင္းထဲမူးေနာက္သြားမတတ္မအီမသာျဖစ္သြားရေသာ္လည္း။

ဘာ?။ ဘယ္မွာမွရွာမေတြ႕ဘူး။

Sunghoonစိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။ မ်က္ႏွာခ်င္းဆိုင္မွာမွန္ျပတင္းအျပည့္ႀကီးကိုၾကည့္ေတာ့လည္း အျပင္မွာမိုးေတြကခပ္ဖြဲဖြဲ႐ြာေနဟန္။ မဟုတ္မွလြဲေရာ Sunghoon စကားေၾကာင့္ ထြက္သြားတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္။

ထိုအေတြးက သူ႕ေခါင္းထဲဝင္လာလာခ်င္း Sunghoon မ်က္လုံးေတြျပဴးက်ယ္ဝိုင္းစက္သြားသည္။ အ႐ူးမွပဲအဲ့လိုလုပ္ေလာက္လိမ့္မယ္ဆိုေပမယ့္။ အဲ့ဒီတစ္ေယာက္႐ူးမေနပါဘူးလို႔ အာမခံနိုင္မယ့္သူလည္းရွိမွမရွိပဲ။

ခဏခ်င္းပင္ ရဲမက္ေတြအလ်ိဳလ်ိဳ​ေျခခ်င္းလိမ္သြားၾကသည္။

" အရွင့္သား သူ႕ကိုေနာက္ဆုံးေတြ႕လိုက္တာဘယ္ေနရာမွာမ်ားလဲ "

" ထမင္းစားခန္းနားမွာပါ "

Sunghoon ဆီကအေျဖရရခ်င္း ထမင္းစားခန္းအနီးတစ္ဝိုက္ကိုရွာေဖြၾကေတာ့သည္။ Sunghoon ကေတာ့႐ုတ္တရတ္ႀကီးကိုယ့္ကိုယ္ကိုမလုံသလိုခံစားလာရသည္။ သူ႕ေၾကာင့္မ်ားလားဟူသည့္အေတြးႏွင့္အတူ အခန္းထဲတြင္ဟိုဒီေလွ်ာက္ေနမိရင္း။

စာၾကည့္စင္အနားအေရာက္သူရပ္ကာ အသက္ျပင္းျပင္းရႉမိသည္။ ထို႔ေနာက္မွန္ျပတင္းအနားခပ္ျဖည္းျဖည္းေလွ်ာက္ရင္း ေတြေဝေနမိသည္။ သူ႕ေၾကာင့္ေပ်ာက္သြားတာမ်ားလား။ ဒါေပမယ့္ တစ္ဖက္ကေတြးရင္လည္း ကိစၥျပတ္သြားတာပဲေလ။ ဒီေနရာကသူရွိရမယ့္ေနရာမွမဟုတ္ပဲ။

ထိုသို႔အေတြးေပါင္းစုံပစ္ခဲေနစဥ္ကို။ Sunghoon အာ႐ုံကိုဖမ္းစားလိုက္သည့္။ ဝန္းထဲကပုံရိပ္တစ္ခု။ နီညိုေရာင္ဝတ္စုံကိုဝတ္ထားသည့္ ခပ္ေသးေသးေကာင္ေလးက ထီးအဝါေရာင္ခပ္စုတ္စုတ္တစ္ေခ်ာင္းကိုေဆာင္းလ်က္ သလဲပင္တန္းေတြၾကားခပ္ျဖည္းျဖည္းေလွ်ာက္လွမ္းေနသည္။

အဲ့ဒါ သူပဲ။

သူဘယ္ကိုသြားမလို႔မ်ားလဲ။ ရဲတိုက္ဝန္းထဲကေတာ့အခုထိထြက္မသြားေသးဘူးပဲ။

Sunghoon ေၾကာင္ရပ္ေနရင္းကမွ တစ္ခုခုကိုသတိရလိုက္သလိုတုန္ရီသြားရင္း။ ဝတ္႐ုံကိုဆြဲဝတ္ကာ ထီးတစ္ေခ်ာင္းကိုယူလ်က္ အခန္းထဲမွေျပးထြက္ခဲ့သည္။

-❄🍂-















Comment