(Chapter 1 ) Part- 1 (U)

သူသိပ်သဘောကျပါတယ်ဆိုတဲ့ မိုးရာသီကိုလည်းကျော်ခဲ့ကာ အေးစိမ့်ပြီးချမ်းအေး‌သောနှင်း‌ရည်များနေရာအနှံ့ဆွတ်ဖြန်းနေတဲ့ဆောင်းရာသီကိုလည်းဖြတ်ကျော်ခဲ့ပြီးပြီ ၊ပန်းပွင့်များလှိုင်အောင်ပွင့်ပြီး ဘယ်နေရာကြည့်ကြည့်အလွမ်းဓာတ်ကိုပေးစွမ်းစေတဲ့နွေဦးကသူ့ကိုလှောင်ရီကာစောင့်မျှော်နေပြန်သည်။ဘယ်လိုလုပ်ရပါ့မလဲ နွေ၊မိုး၊ဆောင်း ဥတုတွေတစ်ခုပြီးတစ်ခုပြောင်းလဲသွား‌ခဲ့သော်လည်း သူ့ရင်ထဲကတစ်စုံတစ်ယောက်ကိုမျှော်နေခဲ့တာဟာ အခုထိမပြောင်းလဲနိုင်ခဲ့ပေ။

တက္ကသိုလ်တတိယနှစ်တောင်ရောက်‌ခဲ့ပြီ အရာအားလုံးဟာတစ်ခဏလိုပဲ ကျောင်းပိတ်လို့အိမ်ပြန်ရင် ကားလမ်းဘေးကအထက(၁)ကျောင်းကို သူလှည့်မကြည့်ပါ ။အမှတ်တရတွေအပြည့်နှင့်ကျောင်းတော်ကြီးသည် သူ့ကိုသိပ်နာကျင်ပါစေသည်။အဘယ်ကြောင့် ကံကြမ္မာဟာ ထိုကျောင်းတော်တွင်ပျော်ရွှင်စေခဲ့ပြီး ထိုကျောင်းတော်ကြောင့်ပဲနာကျင်စေခဲ့ပြန်တာလဲသူမသိ။ ပင်ပန်းတယ် ပျော်ရွှင်စေခဲ့ပြီးမှနာကျင်စေခဲ့တာဟာသူ့ကိုသိပ်ပင်ပန်းစေတယ် သူဟာသိပ်ရူးမိုက်လွန်းပါတယ် နာကျင်စေရင်တောင် ထိုအမှတ်တရတွေကိုဖက်တွယ်ထားမိသည်။

အဖြေရှာကြည့်ပြန်တော့လည်း နာကျင်စေတဲ့အမှတ်တရအားလုံးဟာ ထိုလူသားနဲ့ပတ်သတ်နေတာကြောင့် သူဖက်တွယ်ထားမိပါသတဲ့။‌

"ရဲရင့် ကားပေါ်ကဆင်းလို့ရပြီ"

"အော် အေးအေး ငါငိုက်ခနဲဖြစ်သွားလို့ကွာ "

"ရွှေနိုင်ငံကားဂိတ်တော့ရောက်ပြီ ဘယ်မှာလဲလာကြိုတဲ့လူတွေက "

ဝေလွင်ဦးမှာ ရဲရင့်ကိုတို့အရင်ကားပေါ်ကဆင်း၍ လာကြိုတဲ့လူတွေကို ရှာကြည့်ပါသော်လည်း မတွေ့ရသေးချေ ။လက်ကနာရီကို ငုံ့ကြည့်တော့လည်း သူတို့ကားဆိုက်မယ့်အချိန်ပြောထားတာအကိုက်ပင်။ဘာလို့နောက်ကျနေတာပါလိမ့် ။ လမ်းမှာတစ်ခုခုလို့ဖြစ်နေမလားဆိုပြီးဖုန်းဆက်ကြည့်တော့လည်း 'လူကြီးမင်းရဲ့ဖုန်းဘေလက်ကျန်ငွေမှာ ကုန်ဆုံးနေပါသဖြင့် ထပ်မံထည့်သွင်းပြီးမှပြန်လည်ခေါ်ဆိုပါရှင်'ဆိုတဲ့အသံသာထွက်လာသည်။

"မျိုးဇင်ဦး မင်းဖုန်းခဏငှားစမ်းကွာ ငါလာကြိုတဲ့လူတွေကို ဖုန်းဆက်ချင်လို့ "

"အေး ...ရော့!"

ဆူဆောင့်ပြီးပေးလာတဲ့ကောင်ဆီကဖုန်းယူကာဖုန်းဆက်ရသည်။

"လာကြိုတဲ့သုံးဘီးက ဆီပြတ်နေလို့ ‌အနောက်ကိုပြန်လှမ်းဆက်ပြီးဆီဝယ်ခိုင်းနေတုန်းတဲ့ .....ကောင်းရောကွာ"

"ဟာ ...အဲ့တာဆို ငါတို့ကစောင့်ရအုံးမှာပေါ့ "

"အေး ငါတို့ ရွှေနိုင်ငံစားသောက်ဆိုင်ထဲဝင်ထိုင်ပြီးစောင့်နေရအောင်လေ။ မျိုးဇင်ဦးမင်းနှုတ်ဆက်လို့မပြီးသေးဘူးလား အမနွယ်ကိုလာကြိုတဲ့လူတွေကစောင့်နေပြီကွ။"

"အေးပါကွာ ငါလာပါပြီ ...မရေသွားတော့နော် မောင့်ကြောင့် လာကြိုတဲ့သူတွေစောင့်နေကြရပြီ။အိမ်ပြန်ရောက်ရင်ဖုန်းဆက်လိုက်မယ် "

"အင်းပါ မောင် အိမ်ရောက်ရင်အနားယူအုံး ကားစီးလာတာပင်ပန်းနေမှာပေါ့ "

"ဟုတ် "

မ ပြန်သွားသည်နှင့် ဆိုင်ထဲသို့ဝင်ထိုင်နေကြသောဝေလွင်ဦးတို့ဆီသွားလိုက်သည်။ရဲရင့်ကိုကတော့ မုန့်တောင်မှာပြီးစားနေလေပြီ။

ဒီနေ့သူတို့ကျောက်ဆည်တက္ကသိုလ်အပြင် မန္တလေးတက္ကသိုလ်ကပါ ပြိုင်တူပိတ်သောကြောင့် ဖြိုးပြည့်တို့ပါ ပြန်လာလိမ့်မည်။မနေ့ကကျောင်းပိတ်ပိတ်ချင်းသူတို့ကတန်းပြန်လာသောကြောင့် မနက်ခင်းအစောတပ်ကုန်းကိုရောက်လာခြင်းဖြစ်ကာ ဖြိုးပြည့်တို့ကတော့ညနေလောက်မှရောက်လာပါလိမ့်မည်။

"ဟယ်လို ကိုကို ဘယ်အချိန်ရောက်လာလဲ မောင်လာကြိုမလို့ကားဂိတ်ကို"

'ဒီနေ့ပြန်လာလို့မရဘူး သန်ဘက်ခါလောက်မှပြန်လာမှာမောင်'

"ဟင် ဘာဖြစ်လို့လဲ ကိုကိုနေမကောင်းလို့လား"

'ငါမဟုတ်ဘူး ဖြိုးပြည့်နေမကောင်းလို့ သူအဖျားပျောက်မှငါတို့လေးယောက်လုံးအတူတူပြန်လာမှာ'

"ဖြိုးပြည့်ကဘယ်လိုဖြစ်ပြီးဖျားရတာလဲဗျာ အဲ့ကောင်က ကျန်းမာရေးကိုဂရုမစိုက်ဘူးလုံးဝကို"

"ဖြိုးပြည့် နေမကောင်းလို့တဲ့လား"

ရဲရင့်ကိုအမေးကိုဝေလွင်ဦးခေါင်းတစ်ချက်ငြိမ့်ပြီးကိုကိုနဲ့စကားပြောပြီးတာနဲ့ဖုန်းချလိုက်ရသည်။ဖြိုးပြည့်က ဒီနှစ်နေမကောင်းခဏခဏဖြစ်သောကြောင့်သူတို့မှာစိတ်ပူနေရသည်။ဘေးနားကမျိုးဇင်ဦးကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့ ဘေးလူလိုသာနေနေသောကြောင့် သူ့မှာ စိတ်တိုမှုများကိုအရှေ့ကကော်ဖီခွက်ကိုယူသောက်လိုက်ပြီးဖုံးကွယ်လိုက်ရချေ။မျိုးဇင်ဦး တကယ့်ကောင်။

"ကြွက်ဖြူဟိုဆိုင်ထဲမှာထိုင်နေတာ ကိုကြီးရဲရင့်တို့မလားကွ "

"အေး ဟုတ်တယ် ငါတို့ကိုစိတ်ဆိုးနေလောက်ပြီ ...ဟီးဟီး"

"ဦးလေး ဒီနားမှာစောင့်နေနော် ကျွန်တော်တို့ နှစ်ယောက်သွားခေါ်လိုက်မယ်"

"အေးအေး"

ရဲရင့် ဆိုင်ဘေးကိုလှမ်းကြည့်လိုက်တော့ သူတို့ဆီလာနေတဲ့ မားရဲ့တူနှစ်ကောင် ကြွက်ဖြူနဲ့ရွှေဝန်းတို့ကိုလှမ်းမြင်လိုက်သောကြောင့် သူ့ဘေးကမျိုးဇင်ဦးနှင့်ဝေလွင်ဦးကို လက်တို့လိုက်ပြီး ကျောပိုးအိတ်တွေသယ်ကာဆိုင်ထဲကထွက်လာခဲ့ကြသည်။

"ပြောစမ်းပါအုံး မင်းတို့နှစ်ကောင်က ဘာလို့နောက်ကျနေတာလဲ ။မဟုတ်ရင် ငါတို့သုံးယောက်ဆိုင်ကယ် ကယ်လီငှားပြီးပြန်လာတော့မလို့"

"ကိုကြီးမျိုးဇင်ဦးကလည်းဗျာ ကျွန်တော်တို့ကလည်း နာရီအမှန်ရောက်လာအစောထွက်သွားခဲ့တာပဲ။ ဒါပေမယ့်ကံမကောင်းချင်တော့ ထွက်သွားတဲ့သုံးဘီးက လမ်းမှာဆီပျက်သွားတော့ ကျွန်တော်တို့ကို ဖုန်းပြန်ဆက်လို့ ကျွန်တော်နဲ့ကြွက်ဖြူ နှစ်ယောက် ဆိုင်ကယ်စီးပြီးတော့ဆီပန့်ကိုဆီသွားဝယ်ပေးရသေးတယ်လေဗျာ။"

အနားရောက်တုန်းပဲရှိသေး ထိပ်ကစီးပြီးအငေါက်ခံလိုက်တာမို့ ရွှေဝန်းမှာ ပြာပြာသလဲရှင်းပြရပြန်သည်။ကိုကြီးရဲရင့်တို့သူငယ်ချင်းလေးယောက်ထဲမှာသူအကြောက်ဆုံးကကိုကြီးမျိုးဇင်ဦးပါ။ရုပ်တည်ကြီးနဲ့နေတတ်ပြီး ‌အငေါက်လဲသန်ကာ တစ်ခါတစ်လေ မျက်နှာတည်ကြီးနှင့်စတဲ့အချိန်ကျရင် သူ့မှာ ရီရမလို၊ငိုရမလိုပင်။

‌လက်ထဲကကျောပိုးအိတ်တွေကို သူရယ် ကြွက်ဖြူရယ်ခွဲယူလိုက်ပြီး ရပ်ထားတဲ့သုံးဘီးဆီကိုကြီးတို့ကိုခေါ်သွားလိုက်လေသည်။

"ငါ့တူတို့ကတော့အိမ်တစ်ခါပြန်လာ တစ်ခါပိုချောလာကြတာပဲဟေ့ "

"ဟားဟား ...ဦးမြကတော့မြှောက်ပြီဗျာ "

"မဟုတ်တာကွာ မင်းတို့ကရုပ်ချော ဥစ္စာပေါ ပညာတတ်တွေ ။ငါ့မှာသာမင်းတို့အရွယ်သမီးရှိရင် မင်းတို့နဲ့ပေးစားပြီးလောက်ပြီ။"

"ဦးမြရာ ..ကိုယ့်သမီးကိုမတွန့်တို့ဘူးလား"

"ဟုတ်တယ်"×၄

ဝေလွင်ဦးရဲ့စကားကိုကျန်တဲ့လေးယောက်လုံးကပါထောက်ခံလာကြသည်။သူတို့ပြန်လာတိုင်းဦးမြကလာကြိုကာ ဒီလိုပဲ‌စနောက်လေ့ရှိကာ သူတို့မှာလည်းပြန်စနောက်ကြသည်။

"မင်းတို့နဲ့သာဆို ငါ့သမီးမယူချင်ရင်တောင် ငါကအတင်းရိုက်ပြီးပေးစားမှာ ...ဟားဟား"

"ဟုတ်ပါပြီ ယူမှာပေါ့ ဦးမြသမီးဆိုရင် ကျွန်တော်တို့က ဟုတ်တယ်မလားဟိုကောင်‌‌တွေ"

"ဟုတ်တယ် ဦးမြ"

"ဟားဟား...ကယ်ငါ့တူတို့ မင်းတို့အိမ်တွေကလည်းမျှော်နေကြပြီ။စကားကောင်းနေတာနဲ့ပြန်ဖို့မေ့နေကြတယ် လာသုံးဘီးပေါ်တတ်ကြတော့"

" ကြွက်ဖြူနဲ့ရွှေဝန်းက သုံးဘီးနဲ့လိုက်သွား ဆိုင်ကယ်ကိုငါနဲ့ ဝေလွင်ဦးစီးခဲ့မယ်။ဝေလွင်ဦးကိုလည်းငါပဲလိုက်ပို့ပေးလိုက်မယ် မျိုးဇင်ဦးမင်းဒီနှစ်ကောင်နဲ့အတူ သုံးဘီးစီးပြီးပြန်လိုက်"

"ဟာ !! ကိုကြီးရဲရင့်"

"ဘာဟာလဲ မင်းတို့ဆိုင်ကယ်စီးပြီးပတ်နန့်ချင်နေတာငါသိတယ် ။ဒီအရွယ်ကို ဘာလို့ဆိုင်ကယ်စီးသင်ပေးထားကြလဲမသိပါဘူးကွာ"

ဆူအောင့်ပြီးသုံးဘီးပေါ်တက်သွားတဲ့နှစ်ကောင်ကိုကြည့်ပြီးခေါင်းသာယမ်းရသည်။တကယ်ကိုမျောက်နှစ်ကောင် အရင်ကျောင်းပိတ်ရက်ပြန်လာတုန်းက ဒီနှစ်သူ့ဆိုင်ကယ်ကိုယူစီးပြီး မြို့ထဲသွားတာ ဆိုင်ကယ်ဦးထုပ်မဆောင်းသောကြောင့် မော်တော်ပီကယ်က ဖမ်းထားလေသည်။ကြားထဲကရဲရင့်မှာထိုနှစ်ကောင်ကိုခေါင်းခံပြီးသွားရွေးပေးရပေ။မရွေးလို့လဲမရ ဒီနှစ်ကောင်စီးတဲ့ဆိုင်ကယ်က သူ့ဆိုက်ကယ်လေ။

အသက်၁၂ /၁၃အရွယ်တွေဆို တပ်ကုန်းမြို့ကကလေးတွေအကုန်ဆိုင်ကယ်စီးတတ်နေကြပြီဖြစ်သည်။ဆိုင်ကယ်စီးများကြသောကြောင့် ကားဆိုတာထက် ဆိုင်ကယ်ကိုပဲသုံးကာ လိုရမယ်ရကလေးတွေကိုပါသင်ပေးထားတတ်ချေ။ရွှေဝန်းနဲ့ ကြွက်ဖြူဆိုပိုတောင်ဆိုးပါလိမ့်အုံးမယ် ဒီအရွယ်ဆိုလမ်းသရဲလေးတွေသိပ်လုပ်ချင်ကြသည်လေ။

‌‌ "ဖြိုးပြည့်  နင်တကယ်ဆေးခန်းမသွားဘူးလား"

ဖြိုးပြည့် အခန်းထဲမှာစာအုပ်ဖတ်နေတုန်း ကြည်ဖြူနိုင်ကဝင်လာကာမေးလေသည်။ဒီကောင်မလေးသူ့ကိုဆေးခန်းသွားဖို့ဂျီပူတိုက်အုံးမှာပင်။

"ငါသက်သာနေပါပြီဟာ နင်ကလည်း"

ကြည်ဖြူနိုင် ဖြိုးပြည့်ကိုဆေးခန်းသွားဖို့ရာဂျီတိုက်နေတာနေ့ညတည်းကအခုထိပင်။တအားပေကပ်ပြီးနေတဲ့ကောင်ကို ကြည်ဖြူနိုင်လည်းလက်မြှောက်အရှုံးပေးချင်သလိုဖြစ်လာသည်။ သူပေါင်းမိတဲ့သူငယ်ချင်းလေးတွေကချစ်စရာကောင်းစွာခေါင်းမာပြီး သူ့ကိုစောက်မြင်ကတ်အောင်လုပ်လေ့ရှိသည်။အခုလည်းတစ်ယောက် ဟိုသုံးကောင်က ကျောက်ဆည်တက္ကသိုလ်တက်တာသောကြောင့်သူ့မျက်စိရှေ့မှာမရှိသဖြင့်မပြောရ ။သူ့မျက်စိရှေ့မှာရှိတဲ့ဒီတစ်ကောင်ကိုသာအာပေါက်အောင်ပြောနေရသည်။

"ဖြိုးပြည့်ငါမေးစရာရှိလို့ နင်အမှန်တိုင်းဖြေနော်"

မေးဖို့အကေးစကားပုလ္လခံနေတဲ့ကြည်ဖြူနိုင့်ကိုကြည့်ကာစိတ်မတော့ချေ။

"မေးမှာဖြင့်မေးစမ်းပါ"

"နင် အခုထိ မျိုးဇင်ဦးကိုသဘော..."

"အင်း"

ခပ်ဖျော့ဖျော့လေးပြုံးပြီး ခေါင်းလေးငြိမ့်ကာ‌ဖြေလာတဲ့ဖြိုးပြည့်ကိုကြည့်ပြီးသူမပါဝမ်းနည်းလာရသည်။ဖြိုးပြည့်ကအချစ်ကြီးလို့ထင်ပါရဲ့ အဲ့တာကြောင့်ဟိုကောင်က လုံးဝလစ်လျူရှု့ထားတာ။

"ငါကလည်း နေမကောင်းမကောင်းတဲ့လူကိုမှ စိတ်မကောင်းအောင်လုပ်မိပြီ ။ငါတို့သန်ဘက်ခါပြန်မှာနော် နင့်အဝတ်အစားတွေထုတ်ပြီးပြီလား။"

"အေး ထုတ်ပြီးပြီ ငါကြောင့် ပြန်ရမယ့်ရက်ကိုနောက်ဆုတ်ပြစ်ရတာ တောင်းပန်ပါတယ်ဟာ"

ရေချိုးတာကြာသွားသောကြောင့်လူက ဖျားသွားရခြင်းပင်။သူများတွေလိုကိုယ်ခန္ဓာသေးသေးလေးနဲ့ပျော့တိပျော့ဖက်မဟုတ်ဘဲနဲ့ ကျန်းမာရေးလာချူချာပြနေသောကိုယ့်ခန္ဓာကိုယ် အံ့ဩလို့မဆုံးပေ။

"မဟုတ်တာဟယ် အဲ့လိုကြီးမတွေးပါနဲ့ "

သူ့ကိုယ်သူအပြစ်တင်နေတဲ့ဖြိုးပြည့်ကိုကြည့်ပြီးတကယ်ကိုစိတ်မကောင်းဖြစ်လာရသည်။စိတ်မကောင်းဖြစ်နေပေမယ့်လည်း သူ့မျက်နှာကဆင်ကိုးစီးစားလို့မကုန်တဲ့ရုပ်ကြီးမို့အထူးတလည်မျက်နှာတွင်မပေါ်ချေ။သူဒီလောက်သန်မာနေရတဲ့သူ့ကိုယ်သူမသိငယ်ငယ်တုန်းကတိုက်ကွမ်ဒိုခါးပတ်နက်ချန်ပီယံဖြစ်ခဲ့လို့များလား။

"ကိုဖိုးပြည့်နဲ့မြသက်ဝေကကောဘယ်ရောက်သွားတာလဲ "

"သူတို့ကအိမ်အပြန်လက်ဆောင်သွားဝယ်ကြတာလေ။ ငါတောင်အိမ်အတွက် ထိုးမုန့်မှာလိုက်သေးတယ်"

ဖြိုးပြည့်တို့လေးယောက်က မန္တလေးမှာကြည်ဖြူနိုင့်မိဘတွေဝယ်ထားတဲ့အိမ်မှာနေရင်းကျောင်းတက်ကြတာဖြစ်သည်။သူတို့သုံးယောက်က တတိယနှစ်ဆိုပေမယ့်ကိုဖိုးပြည့်ကတော့နောက်ဆုံးနှစ်ပင်။အိမ်အကူပါငှားပေးထားတဲ့ကြည့်ဖြူနိုင့်မိဘတွေကြောင့်စားရေးသောက်ရေးပူးရာမလို။ကြည်ဖြူနိုင်ကတော်ရုံမျိုးရိုးထဲကမဟုတ်သောကြောင့်သူ့မိဘများကလိုလေစိတ်မရှိအောင်ထားကာ သူတို့ကတော့ဆင်ဖြူတော်မှီပြီးကြံစုတ်နေရသည်။

"ကြွက်ဖြူ နင်တို့အကိုကဘယ်မှာလဲဟဲ့ ငါ့သားကြီးကိုမတွေ့ဘူး"

အဒေါ်ကရောက်တဲ့သူ့သားမပါလို့ဆူငေါက်ဖို့ပဲသိသည်။သူတို့နှစ်ယောက်ဘယ်လိုသုံးဘီးစီးရလည်းဆိုတာကိုတော့မမေး။တစ်လမ်းလုံးကိုကြီးမျိုးဇင်ဦးကသူတို့ကိုမျက်ထောင့်နီကြီးနဲ့ကြည့်လာသည်မို့ အငွေ့ပြန်မှာတောင်ကြောက်ရသဖြင့် ရောက်သည်နှင့်သုံးဘီးကအတင်းဆင်းကာအိမ်ထဲဝင်ရုံရှိသေးအဒေါ်ကအိမ်ရှေ့ကသုံးဘီးပေါ်မှာသူ့သားမပါလို့ဦးစွာငေါက်ပြန်ချေ။တော်သေးတာပေါ့ ရွာနဲ့တပ်ကုန်းမြို့ကနာရီဝက်သာသုံးဘီးစီးရလို့သာ။

"ကိုကြီးရဲရင့်က သားတို့စီးတဲ့ဆိုင်ကယ်စီးသွားပြီးကိုကြီးဝေလွင်ဦးကိုလိုက်ပို့တယ် တီမေ"

"ဟုတ်လား အိမ်ကိုအရင်ဝင်ခဲ့တာမဟုတ်ဘူးနင့်အကိုက သားဝေလေးနဲ့လည်းစကားလေးဘာလေးပြောရတာပေါ့"

ခပ်မြန်မြန်ပင်တီမေကိုနှုတ်ဆက်ခဲ့ပြီး သူ့တို့အိမ်တွေသို့ ကြွက်ဖြူနဲ့ရွှေဝန်းမှာတကျိုးတည်းပြေးကြကုန်သည်။

"နေကောင်းတယ်မို့လား အန်တီ"

"ဟယ်တော် ...သားမျိုးဇင်က ပိုချောလာတာပဲကွယ် အန်တီမှာ မနည်းကြည့်ယူရတယ် "

အန်တီရူပရဲ့စကားကြောင့်မျိုးဇင်ဦးမှာရှက်ရှက်နှင့်ဂုတ်ပိုးကိုပွတ်နေမိသည်။

"မြှောက်ပြီ အန်တီက"

"အယ် ....အငယ်လေး ပြန်ရောက်ပြီလား ဘယ်မှာလဲ မငယ်အတွက်လက်ဆောင်"

ဘယ်ကနေထွက်လာမှန်းမသိတဲ့သူ့သမီးအလတ်မကိုကြည့်ပြီး မျက်စိထဲထောင့်မကျိုးတာကြောင့်ခေါင်းကိုခေါက်ပြစ်လိုက်သည်။ဒီလောက်ရှပ်ပြာနေတာကိုရည်းစားရှိတယ်ဆိုတာယုံတောင်မယုံချင်ပေ။ကိုယ့်သမီးကောဟုတ်‌ရဲ့လားလို့တစ်ခါတစ်လေမနည်းကြည့်ယူရသည်အမြဲပြာယာခပ်နေလို့ပင်။

ခွပ်!!

"အာ့! အမေ"

"ဒီကောင်မလေးကတော့ကလေးကုလား ခုမှပြန်လာတာကို ကလေးအမောဆို့အောင်။ ဒါပဲ ကြည့် သားမျိုးဇင်ရေ မင်းတို့အမငယ်က ကျပ်ကောပြည့်သေးရဲ့လားမသိဘူး အိမ်မှာသူကကလေးလုပ်နေတာ။"

မျိုးဇင်ဦးလက်ကိုတွဲခိုထားတဲ့မြူနှင်းဖြူမှထိပ်ခေါက်ခံလိုက်ရတဲ့အပြင် သူ့အပုပ်အပွတွေပါအပြောခံလိုက်ရတော့ မျက်နှာမှာဆူပုတ်နေသည်။ဒီကောင်လေးတွေငယ်ငယ်တုန်းကသူ့လက်ပေါ်မှာနှပ်ချီးတွဲလောင်းနဲ့ကြီးလာတဲ့ကလေးတွေမှဟုတ်ရဲ့လား ၊လည်ပြန်ငေးချင်အောင်ချောကြတဲ့အပြင် အရပ်တွေကလည်းသူ့ထက်မြင့်ကျသည်။သူတို့သူငယ်ချင်းလေးယောက်လုံးဆိုက်တူဂိုက်တူတွေနဲ့ အရပ်တွေကလည်းအတူတူပင်။မြူနှင်းဖြူကသူတို့ရဲ့ချိုင်းပဲမှီလေသည်။

"ဟွန့်.. အမေကလည်း ဒါနဲ့အမေ့သားအငယ်ဆုံးလေးအချစ်ဆုံးလေးကရော ဘယ်မှာလဲ"

"သားဝေလွင်ဦးကိုလိုက်ပို့တယ်တဲ့"

ဒေါ်ရူပ သူ့သမီးအလတ်ရဲ့စကားကိုပြုံးပြီးပြန်ဖြေလိုက်ချေ။သားသမီးသုံးယောက်မှာသမီးအကြီးဆုံးကတည်ငြိမ်သလောက် ကျန်နှစ်ယောက်ကတော့ ကြောင်နဲ့ကြွက်လိုတွေ့တာနဲ့တန်းကိုက်ကြလေသည်။အခုလည်းသူ့မောင်ကိုမတွေလိုမေးမြန်းခြင်း တွေ့ရင်သာမတည့်တာ သားငယ်ကျောင်းတက်နေတဲ့အချိန်မှာ ညတိုင်းသူ့မောင်ဆီဖုန်းဆက်နေကျ။ချိုချိုသာသာ‌မောင်နှမနှစ်ယောက်အလွမ်းသယ်ကျခြင်းမဟုတ် တမင်ဖုန်းဆက်ပြီးရန်ဖြစ်ကြခြင်းသာ။

"အန်တီ ကျွန်တော်ပြန်တော့မယ်နော်"

သူ့အရှေ့ကသားမိကိုကြည့်ပြီးသူပါလိုက်အပျော်‌တွေကူးစက်စေသည်။သူ့သူငယ်ချင်းလေးကတကယ်ကိုနွေးထွေးပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုကိုပြိုင်ဆိုင်ထားပေ။သူ့အပေါ်ကိုယ်လည်းတကယ်သားတစ်ယောက်လိုဂရုစိုက်ပြီးချစ်ပေးသောကြောင့်အန်တီရူပကသူ့အတွက်အမေလိုပင်။

"အေးအေး ညကျရင် ထမင်းစားဖို့လာခဲ့နော် အန်တီ ရဲရင့်ကိုခေါ်ခိုင်းလိုက်မယ်"

"ဟုတ် အန်တီ"

မျိုးဇင်ဦး အန်တီတို့အိမ်ကပြန်လာပြီးသည်နှင့်အမေနှင့်အမေကိုနှုတ်ဆတ်ကာကိုယ့်အခန်းထဲကိုဝင်လာလိုက်သည်။တစ်ညလုံးကားစီးလာရတာကြောင့် လူကပင်ပန်းနေကာ ခေါင်းပါကိုက်ချင်လာပေ။သူအိမ်ရောက်တာနဲ့ မကိုဖုန်းဆက်မယ်လို့ပြောခဲ့သောကြောင့် ဖုန်းဆက်ဖို့ပြင်လိုက်သည်။

'ဟယ်လို မောင်ပြန်ရောက်ပြီလား'

"မောင်အိမ်ပြန်ပါပြီခင်ဗျာ"

ဖုန်းဝင်သည်နှင့် မရဲ့အသံကသူ့ကိုစိတ်ပူသံလေးရောနှောကထွက်လာသည်မို့သူပြုံးလိုက်မိသည်။တကယ်ကို သူမကသူ့အတွက်အေးချမ်းရာလေးပင်။သူဝမ်းနည်းတဲ့အချိန်တိုင်းမှာရောပျော်ရွှင်တဲ့အချိန်မှာပါသူမဘေးနားမှာရှိနေပေးခဲ့တာ လေးနှစ်တောင်ရှိရောပေါ့။

'‌အခုမှပြန်ရောက်လာလား အဲ့တာဆို ခဏနားလိုက်ဦး ပြီးရင်ရေချိုးနော် '

'ဟုတ်ကဲ့ပါဗျာ'

ဖုန်းကျသွားသည်နှင့် သူ့မျက်လုံးမှိတ်လိုက်ပြီး အိမ်မက်ကမ္ဘာလို့အလည်သွားလိုက်လေသည်။

ရဲရင့်ဝေလွင်ဦးကိုပြန်လိုက်ပြီးသည်နှင့်အိမ်သို့တန်းပြန်ခဲ့လိုက်လေသည်။ ဆိုင်ကယ်မောင်းရင်းမျင်နှာကို လေကဝှေ့ပြီးကျီစယ်တော့ ပြုံးမိကာ အတိတ်ကနေ့ရက်များဆီသို့ပြန်သွားလိုက်သည်။

ရှင်းသန့်အောင်ပြန်သွားတဲ့နေ့ထဲက သူ့မှာတငိုငို၊တရီရီ နှင့်နေ့ရက်တိုင်းကိုဖြတ်သန်းခဲ့သည်။သူပြန်သွားမှသေချာသွားတဲ့အဖြေကကျွန်တော်သူ့ဆီသိပ်ကိုကျရှုံးကာနစ်မွန်းသွားပြီတဲ့။သူပြန်ပြီးနောက်ရက်ကျွန်တော်လည်းအိမ်သို့တန်းပြန်ကာ သူနဲ့အဆက်သွယ်တဲ့ line account လေးကို ကြည့်လိုက်တော့ online ဖြစ်မနေချေ။

အဲ့နေ့မှစ၍ ကျွန်တော်သူ့ဆီကို ကျွန်တော့်ရဲ့တစ်နေ့တာဖြစ်ပြတ်သမျှထမင်းစားရေသောက်ကအဆုံးအရူးလိုမျိုးစာရေးပို့သည်။သို့ပေမယ့် သူ့ account က နေ့ရက်များစွာကျော်ဖြတ်ပြီးသည်အထိ online ဖြစ်မလာခဲ့ပါ။‌အမှတ်မရှိတဲ့ ကျွန်တော်က အမြဲစာ‌ပို့တုန်းဖြစ်ပြီး online off နေတဲ့ account ကိုကြည့်ပြီးညတိုင်းခိုးငိုလေ့ရှိသည်။ကျွန်တော်ကဆယ်ကျော်သက်အရွယ်မှာသဘောကျခဲ့တဲ့အချစ်ဦးဆီကိုလုံးဝကိုနစ်မွန်းခဲ့တာ။

သူနဲ့ဆက်သွယ်စရာဆိုလို့ထို line account လေးပဲရှိတာ နောက်ဆုံးမျှော်လင့်ချက်လုံးတကိုယိမ်းယိုင်သွားခဲ့ကာ သူကျွန်တော့်ဆီကထွက်သွားတာ သုံးနှစ်ပြည့်တဲ့နေ့တွင် သူ့ account ကို block ကာ Delete လုပ်လိုက်သည်။ယိမ်းယိုင်နေတဲ့မျှော်လင့်ချက်ကို ဆက်ပြီးတွယ်ကပ်မနေချင်သောကြောင့် သူ့ account သာကျွန်တော့်ဖုန်းထဲကပျက်သွားပေမည့် ကျွန်တော့်နှလုံးသားထဲကတော့သူကပျောက်ကွယ်မ‌သွားပေ။ကျွန်တော်ကိုယ်တိုင်ကမမေ့ပျောက်ခဲ့တာဆိုပိုမှန်လိမ့်မည်။အောင်ပန်းသားကသိပ်ဆိုးလွန်းသည် တကယ့်‌နှလုံးသားမှာမှနေရာယူသွားတာ။

"ဟာ..အဲ့ကောင်အကြောင်းတွေးလိုက်တာနဲ့မျက်ရည်ကကျလာပြီ။ချီးပဲ...ယောက်ျားမာနထိခိုက်လိုက်တာကွာ။"

နွေဦးမှာလေရူးတွေတိုက်ကာ ရွာမြောက်ဘက်အဝင်လမ်းကပေါက်ပင်ကြီးမှာတစ်ပင်လုံးလိ‌မ္မော်သန်းနေသည်။အပင်အောက်မှာလည်း ကြွေကျနေတဲ့ပေါက်ပွင့်များကများစွာ ဆိုင်ကယ်ကိုခဏရပ်လိုက်ပြီးသူပေါက်ပွင့်တွေကိုငုံ့ကြည့်လိုက်ချေ။လိမ္မော်ရောင်ပေါက်ပွင့်များကသေချာစူးလိုက်ကြည့်လေအလွမ်းဓာတ်ကိုပိုပေးလေသည်။မဆီမဆိုင်ဟိုကောင့်ကိုသတိရမိသွားပြန်သောကြောင့်။

"တောက်စ်!! ...ငါ့ကိုလွမ်းအောင်လုပ်တဲ့ပေါက်ပွင့်တွေ နောက်နေ့မှလာကောက်ပြီး လက်ဖက်ခြောက်လုပ်သောက်ပြစ်အုံးမယ်။"

သူ့ပုံစံကအခြားသူမြင်ရင်ရူးနေသလားတောင်ထင်မိမှာပင်။မတတ်နိုင်ဟိုကောင်ကိုအတွေးထဲပါအောင်လုပ်သောကြောင့်ဒင်းတို့မှာအပြစ်ရှိသည်။ဒါ့ကြောင့်နောက်နေ့လာကောက်ပြီးလက်ဖက်ခြောက်လုပ်သောက်ပြစ်မယ်လို့ကြိမ်းကာအိမ်သို့ပြန်လာခဲ့သည်။

"အဟမ်းးးအမေရေ တံတားအောက်ကကောက်ရတဲ့အမေ့သားအငယ်ဆုံးလေးပြန်လာပါပြီရှင်။"

"မမငယ် လာမစနဲ့ ကိုယ့်မောင်လေးအိမ်ပြန်လာတာကိုမကြိုဆိုတဲ့အပြင် အမောဆို့အောင်လာလုပ်နေတာ"

သူ့ကိုအာပြဲကြီးနဲ့လာအော်နေသောမမငယ်ကိုတွန်းလွှတ်ကာ ဖေကြီးနဲ့မားဆီသွားကာနှုတ်ဆတ်လိုက်သည်။

"အဲ့တာကြောင့်မင်းကိုပြန်မလာစေချင်တာ"

"အကို သားကိုဘယ်လိုပြောလိုက်တာလဲရှင်"

"ဟုတ်တယ်ဖေကြီးရာ ကိုယ့်သားကို မားကြည့်ပါအုံးဖေကြီးကသားကိုပြောရက်လိုက်တာ အဟင့်"

ရဲရင့်ငိုချင်ယောင်ဆောင်ပြီးမားရဲ့ရင်ခွင်ထဲဝင်ကာချွဲလိုက်လေသည်။မားကလည်းသူ့နောက်ကျောကိုဖွဖွလေးပုတ်ပေးရင်း ဖေကြီးကစနောက်နေကြောင်းပြောချေ။

"အဲ့တာတွေကြောင့် ငါ့မိန်းမအချစ်တွေကိုအကုန်ယူသွားလို့ မင်းကိုပြန်မလာစေချင်တာ။မင်းမရှိတုန်းကကျတော့လည်းအလတ်မကငါ့မိန်းမအနားတစ်ဝဲလည်လည် အခုတော့မင်းပါပြန်လာပြီဆိုတော့ငါ့ဘဝကသွားပါပြီကွာ။ဒီဟာတွေပြန်သွင်းလို့ရရင်သွင်း အားးးးမိန်းမ အားး"

"ကလေးရှေ့ကိုမဟုတ်တာတွေလာမပြောနဲ့"

ဖေကြီးကိုမားကဗိုက်ကြောဆွဲလိုက်သောကြောင့် ဖေကြီးကမူပိုစွာ ဆွဲလိမ်တဲ့အားထက် ပိုပြီးအော်ပြနေသည်။

"မိန်းမရာ ကြည့်ပါအုံးဗိုက်မှာညိုပုတ်ကုန်ပြီ။နာတယ်"

"တအားနာသွားလား ကျွန်မကြည့်ပေးမယ်။ရှင်ကကလေးရှေ့ကိုမဟုတ်တာတွေပြောနေတာကို"

"တော်ပြီ ကိုယ့်အခန်းကိုပြန်တော့မယ် အတွဲတွေroတာမကြည့်နိုက်တော့ဘူး။ဦးမိုးစက်ရေ သားရှေ့မှာခွေးစားတွေကျွေးလို့ကျေးဇူးပါ"

"ဟယ်...သားကလည်းမဟုတ်..."

မားရဲ့စကားကိုပြီးအောင်နားမထောင်တော့ပဲကိုယ့်အခန်းကိုပြန်လာခဲ့လိုက်သည်။သားဖြစ်သူကအလွမ်းနာကျပါတယ်ဆိုဦးမိုးစက်တို့ကတော့တအားပဲ။

အထုပ်တွေချရေမိုးချိုးပြီးသည်နှင့် အိမ်အပေါထပ်ကဝရံတာဆီတက်ခဲ့လိုက်သည်။အရာအားလူံဟာမပြောင်းလဲသွားပေ။အိမ်အရှေ့ကဝရံတာကနေလှမ်းမြင်နေရတဲ့မှိုင်းညို့ပြီးစိမ်းစိုနေတဲ့ရှမ်းတောင်တန်းကြီးကလည်းအရင်တိုင်း စိမ်းစိုနေဆဲပင်။ကျွန်တော်ပြန်လာတိုင်းညနေရောက်ပြီဆိုတာနဲ့ ဝရံတာထွက်ပြီးရှမ်းတောင်တန်းကြီးကိုငေးကြည့်ရတာ အကျင့်လိုတောင်ဖြစ်နေသည်။သူ့ကိုမမြင်ရပေမယ့်သူရဲ့မွေးရပ်မြေဖြစ်တဲ့ရှမ်းတောင်တန်း ကြီးကိုတော့လှမ်းမြင်နေရပါသေးသည်။

"အရာအားလုံးမပြောင်းလဲသွားဘူး အရင်လိုအိမ်ဝရံတာကနေလှမ်းမြင်နေရတဲ့ရှမ်းတောင်တန်းကြီးကလည်းအိမ်ရှေ့မှာစိုက်ထားတဲ့ကျွန်းပင်တွေကြီးလာတာတောင်ကွယ်မသွားပဲလှမ်းမြင်နေရဆဲ ၊သူ့ကိုမျှော်နေတဲ့ကျွန်တော်ကလည်းဆက်မျှော်နေဆဲပါ။ပြောင်းလဲသွားတာက သူ "

29.2.2024

TaYaw NYO

Comment