ရစ်ချက်သည် သူ၏ ရှေ့တွင် လက်နှစ်ဖက်ပိုက်လျက် ကောင်ငယ်လေးလုပ်သမျှ အပြုအမူတိုင်းကို မလွတ်တမ်း စူးစိုက်ကြည့်နေသည့် နေအခရာကြောင့် အတော်ကို ပျင်းရိလာမိသည်။
ပြီးတော့ မိမိအားလည်း ဘာကြောင့်မှန်းမသိ တစ်လမ်းလုံး ဘုကလန့်စကားတို့သာ ပြောပြီး 'သာသနာဖျက်' ဟုဆိုကာ မျက်မှောင်ကြီး ကျုံ့ကျုံ့ပြသေးသည်။
ယနေ့၌ ထူးဆန်းသည်က တစ်ခုတည်းမဟုတ်။ အလုပ်ကိစ္စဆိုလျှင် သေးသေးလေးတောင် အတိမ်းစောင်းမခံတတ်သည့် နေအခရာလိုလူမျိုးက ဒီနေ့ချိန်းဆိုမှုကို သူ့အား နီးကပ်နေမှ ချက်ချင်း ဖျက်ခိုင်းပြီး မြို့ထဲတွင် လက်ယားလက်ယား လိုက်ပတ်နေသည်။
ကာဖေးဆိုင်တွေဆိုတာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ပင် ။ နှစ်ယောက်ထဲ ဒိတ်ကြပါလို့ ပြောပေမဲ့ ကျေးညိုက သူ့အား အားနာနေပုံရသည်။ အိမ်တော်ကို ရောက်ပြီးကာမြှဖင့် လိုက်ခဲ့ပါဟု ပြောလာသည်။ ပြီးတော့ သူ့ရဲ့ ကိုယ်ရံတော်ဖြစ်ပုံရသည့် ဆပ်ပြာသည်လင်တော်မောင်ကိုလည်း တစ်ခါတည်း ခေါ်လာ၏။
တစ်လမ်းလုံးက ရစ်ချက်အတွက်တော့ ပန်းရောင်ဖဲပြားလေးတွေနှင့် ဒီကော်ရေးရှင်း လုပ်ထားသည့် ငရဲလိုပင်။
နေအခရာဆိုသည့်ကောင်ကလည်း မျက်မှောင်ကြီးကျုံ့ကြည့်လို့ကြည့်၊ ဟို ဆပ်ပြာသည်လင်တော်မောင်ကလည်း သူ့ကို ဝါးစားမတက်
စူးစိုက်ကြည့်နေသည်မှာ ကျောချမ်းစရာ !
" အားကျလို့လား "
သူ့အား မထိတထိ ပရောပရီ လာလာလုပ်သည့် ထိုကောင်လေးကို သူလစ်လျူရှုနေသည်မှာ ၄နာရီခန့်လောက်ပင်ရှိပြီဖြစ်သည်။
အခု ပျင်းလည်းပျင်းနေတော့ သူထပ်ပြီးလစ်လျူရှုမနေနိုင်တော့ !
" မင်းပါးစပ်လေးကို ပိတ်ပေးလို့
မရဘူးလားဟမ် "
သူကအဲ့လိုပြောလိုက်တော့ ထိုကောင်လေးက သူ့အား သေချာစူးစိုက်ကြည့်ကာ ,
" ကျုပ်က ရင်းနှီးချင်လို့ စကားလမ်းစ ရှာတာ"
" ငါ သိပါတယ် "
တကယ်လည်း အဲ့တာကိုတော့ သူသိပါ၏။ သို့ပေမဲ့ မဖြစ်နိုင်တဲ့ လမ်းစတွေ့ကို သူ့ဘက်က ပြန်ပြီး မီးမောင်းထိုးမပြချင်။
သူက နိုင်ငံတကာ လှည့်ပတ်နေရမဲ့ စီးပွားရေးသမား !
ချစ်တာတွေ မေတ္တာတွေ သစ္စာတွေထက် ဒေါ်လာသင်္ကေတ လေးတွေ ကိုသာ ပို စိတ်ဝင်စားတဲ့သူ။
" ငါက မရင်းနှီးချင်ဘူး ဘယ်သူနဲ့မှ "
သူက လမ်းစကို ပိတ်လိုက်တော့ ထိုကောင်လေးက ခတ္တမျှ တိတ်ဆိတ်သွားပြီး ,
" သခင်းကြီးကိုကျတော့ရော "
ကြားလိုက်ရသောစကားကြောင့် သူ ဟားကနဲပင် ရယ်ချင်သွားမိသည်။ ကလေးတစ်ယောက်လိုမျိုး သူ့ကျ ငါ့ကျ ဆိုပြီး တွက်ကပ်နေသည်မှာ အသဲယားစရာတော့ ကောင်းသည်။
" အဲ့တာ စီးပွားရေးပါတနာ .. ပြီးတော့ မိတ်ဆွေကောင်း "
" ကျုပ်လည်း မိတ်ဆွေကောင်းဖြစ်နိုင်တာပဲ "
" ငါတို့ကြားမှာရှိတဲ့ တစ်ခုခုက အဲ့လိုမဟုတ်တာ မင်းရောငါရော သိပါတယ် "
သူ့ဘက်က အဲ့လိုပြောလိုက်တော့ ထိုကောင်လေးက သူ့ကို နေရခက်စွာပြုံးပြပြီး ကျောခိုင်းသွားတော့သည်။
ဘယ်လို အဓိပ္ပာယ်ကောက်သွားသည်မသိ။
သို့သော်ငြား သူ့အပေါ်မှာ စိတ်ကွက်သွားကြောင်းတော့ ထိုကောင်လေး၏ မျက်နှာပေါ်ရှိ အင်တင်တင် အပြုံးတို့က သက်သေပင်။
ခက်လိုက်တာကွာ !
ငါပြောတာ ဘာများ မှားသွားလို့လဲ ။
____________________________________
" ဉီး နေရခက်နေလားဟင်
ကျွန်တော် တောင်းပန်ပါတယ် "
တစ်လမ်းလုံး မျက်နှာ မကောင်း ဖြစ်နေသည့် ဉီးနေအခရာကြောင့် ကျေးညိုမှာ အားတုံ့အားနာဖြစ်နေမိသည်။ ဒါပေမဲ့ ဘယ်လို လုပ်ရမလဲ စတုန်းက သွားစမိသူက သူပဲဖြစ်သော်လည်း တကယ့်တကယ့် ပြုကြလုပ်ကြတော့မယ်ဆိုတော့ သူ့စိတ်က အဆင်သင့် မဖြစ်သေး !
သူက တကယ့် အလှလေး ကျေးညိုဆိုတဲ့သူမှ မဟုတ်ဘဲ ။ သူကတကယ်တော့ သောက်ရမ်း ဖြောင့်ခဲ့တဲ့ တစ်မိုးအောက်တစ်ယောက် ဓာတ်တိုင်ကြီး ညိုမြလွင်လေ !
ဉီး အပေါ် ဘယ်လိုပဲ စိတ်ခံစားချက်တွေ ရှိနေလောက်ပါပြီလို့ဆိုဆို ဒီလို ဆက်ယှက်မှုတွေအတွက်တော့ သူအဆင်သင့်မဖြစ်သေးတာအမှန်။
ဉီး ကလည်း လူကြီးလူကောင်းပီသစွာ အနည်းငယ် နေရခက်နေသော သူ့ကို ကြည့်ပြီး ချက်ချင်း ရပ်ပေးခဲ့သည်။
ဒါပေမဲ့ ယောက်ျားချင်းပဲမဟုတ်လား !
အဲ့လို တို့လို့တန်းလန်း မတင်မကျ မပြီးမစီး ခံစားချက်တွေက ဘယ်လောက်ခံရခက်မှန်း သူသိသည်လေ။
ဒါကြောင့် ဉီး သူ့အပေါ်မှာ စိတ်ကွက်သွားတာမျိုးဖြစ်မှာလည်း စိုးသည်။
" ကိုယ့်ကို အဲ့လိုခဏခဏ မေးမေးနေတာ အပြစ်ရှိသလို ခံစားရလို့လား ကလေး "
ဉီးဘက်က သူ့ကို နူးနူးညံ့ညံ့လေး အဲ့သည်လို မေးလာတော့ သူကလည်း မဆိုင်းမတွ
ခေါင်းငြိမ့်လိုက်မိသည်။
" အဲ့လို ဖြစ်စရာမှ မလိုတာ
ကိုယ့်ဘက်က မင်းကို တရားဝင် မပိုးပန်းရသေးချိန်မှာ မင်းဘက်ကလည်း ကိုယ့်ကို အဲ့လို လက်မခံနိုင်သေးတာ သဘာဝကျပါတယ် "
" လက်မခံတာ မဟုတ် .. "
ဘယ်သူကမှ သူ့ကို ကြားဖြတ်မပြောသော်ငြား မဝံ့မရဲနှင့် အဆုံးသတ်ထိပင် မပြောရဲဖြစ်နေသဖြင့် တိုးရှိုးပျောက်ကွယ်သွားသော သူ့စကားလေးဟာ ချစ်တော့ ချစ်စဖွယ်။
သူ့ရဲ့ကြောက်နေတဲ့ ဟန်အမူအရာလေးကြောင့်ရယ်လားမသိ ၊ အရေးပိုင်ကြီးဟာ သူ့ကို စိတ်လိုလက်ရ သွားဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးပြလာသည်။
သေစမ်း ! ဉီးနေအခရာမှာ သွားစွယ်ဖွေးဖွေးလေးတွေ ရှိတာပဲ ။
သေလိုက်ပါတော့ ညိုမြလွင် ၊ မင်းစိတ်ထဲကနေ အဲ့အစွယ်တွေနဲ့ အဲ့အပြုံးတွေကို ဘယ်လိုထုတ်ဖို့ စဉ်းစားထားလဲ ! ဒီလောက် လှတာ ...
ရူးတော့မှာပဲ ။
" ဉီး ပြုံးတာ .. လှတယ် "
သူက အဲ့လို ပြောတော့ ထိုလူက ပြုံးနေတာကို ချက်ချင်းရပ်သွားပြီး သူ့အား မျက်မှောင်ကြီးကျုံ့ကာကျုံ့ကာဖြင့် ,
" ကြည့်ကောင်းတယ်လို့ ပြောရတာကွ "
" ဟင့်အင်း .. သိပ်လှတာပါဆို "
" ဒီကောင်လေးကတော့ !"
ခေါင်းကို လက်ဖြင့် ပုတ်ရန် ရွယ်တော့ ကောင်ငယ်လေးက ဇက်လေးပုသွား၏။ စကားအသုံးအနှုန်းမတတ်သော ကလေးအား နေအခရာ ဘယ်လိုဆုံးမ ရပါမည်နည်း ။
ပြီးတော့ ဒီနေ့အဖြစ်အပျက်ဟာ ကောင်လေးကိုတင် မဟုတ် သူ့ကိုယ်သူကိုပါ ထိတ်လန့်သွားစေသည်သာ ။ ဒီကောင်လေးကို သာမန်လောက် သဘောထားခဲ့ပေမဲ့ ကောင်လေးဘက်က စတင်လာခဲ့ခြင်းအပေါ် စိတ်လွတ်သလို ထိန်းချုပ်မှု ကင်းမဲ့သွားနိုင်တဲ့သူက သူဖြစ်နေခဲ့သည်။
မိန်းကလေးတွေထဲဆို ဘယ်လောက်ကြိုးစားကြိုးစား ထည့်ဖို့ မဖြစ်နိုင်တဲ့ သူ့ရဲ့ရွှေချောင်းတော်ဟာ ကောင်ငယ်လေးရဲ့ အနမ်းတွေကြောင့် ကျောက်သားကျောက်ဆောင်လို ဖြစ်လာခဲ့တာ သူ့ကိုပင် အံ့သြစေခဲ့၏။
ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ဒီကောင်လေးကြည့်ရတာ ကြောက်နေတဲ့ပုံပဲ။ ပုံမှန်ဆို နေအခရာဆိုတဲ့ကောင်က ကိုယ်ရချင်တာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာပဲ သိတဲ့သူ !
အဲ့လို အကျင့်စရိုက်တွေကို မဝံ့မရဲဖြစ်နေတဲ့ မျက်နှာလေးက ဟန့်တားနိုင်ခဲ့တာ သူ့ဘ၀မှာ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ ဖြစ်တောင့်ဖြစ်ခဲဖြစ်စဉ်တစ်ခု ။
" ဉီး ခုနက ပြောတာလေ .. ဟို .. "
" အင်း မေး "
အမြဲမဝံ့မရဲနဲ့ တွန့်ဆုတ်နေတဲ့ ကောင်လေးရဲ့ အဲ့သည်လို အပြုအမူတွေဟာ သူ့ရဲ့ ယောက်ျားသဘာဝ စိတ်ရိုင်းတွေကို လောင်စာထည့်ပေးနေသလိုလို ! အိပ်ယာပေါ်မှာလည်း အဲ့သည်အတိုင်း ကိုင်ဆောင့်ပစ်ချင်သည်အထိ ထိုကောင်လေးက အူတူတူအတတနှင့် ။
" ခုနပြောတာ ကျွန်တော့်ကို ပိုးပန်းမယ်လို့ ဆိုလိုတာလား "
" ကိုယ် အဲ့လိုတွေ မလုပ်တတ်ပေမဲ့ မင်းအပေါ် ကြင်နာပြီးနူးညံ့ပေးချင်လို့ .. မင်းမကြိုက်ဘူးလား "
" ဟင့်အင်း အရမ်းကြိုက်တယ် "
ကောင်လေးက ထိုသို့ ချက်ချင်း အဖြေပြန်လာပြီး နေအခရာ၏ ဘယ်ဘက်လက်သန်းလေးကို သူ့လက်နှစ်ဖက်နှင့် ဆွဲကိုင်သည်။
တော်တော့်ကို အသဲယားဖို့ ကောင်းတဲ့ အပြုအမူပဲ ။
" တကယ်သာယာတာပဲ အရေးပိုင် "
ရုတ်တရတ် အနားရောက်လာသည့် သူစိမ်းကြောင့် ကျေးညိုလည်း ဉီးရဲ့လက်သန်းလေးကို ဆွဲချိတ်ထားသည့် လက်တွေအား ကမမ်းကတန်း လွှတ်လိုက်မိသည်။ သို့ပေသိ ဉီးက သူ့လက်ဖဝါးလေးကို ခပ်ဖွဖွ ပြန်ဆုပ်ကိုင်လာသည်။
၎ လူစိမ်းကိုမြင်တော့ ရစ်ချက်ပါကာနှင့်အတူ မင်းချစ်လွန်းပုံတို့လည်း ကားကိုမှီ၍ စကားပြောနေရင်းမှ သူတို့အနား အမြန်လျှောက်ကြသည်။
အထိုလူစိမ်းကို သူမသိသော်ငြား ရုတ်တရတ် တင်းမာသွားသော ဉီးရဲ့ မျက်နှာအနေအထားနှင့်အတူ ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်လေထုကြောင့် ၄လူစိမ်းမှာ မိတ်ဆွေမဟုတ်ဆိုတာတော့ ကျေးညိုလည်း ရိပ်စားမိပါသည်။
" သူဠေးကြီးက မြို့ထဲကို အလည်အပတ်အဖြစ်လာရုံတော့ မဟုတ်ဘူးမလား ! "
ရစ်ချက်ပါကာ၏ ခနဲ့တဲ့တဲ့ စကားအား ဘာမှမတုန့်ပြန်ဘဲ ဉီးနေအခရာနှင့် သူ့အား မမှိတ်မသုန်ကြည့်နေသော လူကို သူ့ဘက်ကတော့ မသိတာ အသေအချာပင် ။
သို့ပေမဲ့ လည်လွန်းတာမှ မွှတ်နေသည့်
ကျေးညိုက ဒီအကြည့်တွေကို သိသည်။
ဒီလူကတော့ သူ့ကိုအသေအချာသိနေခြင်း။
သူနဲ့ဒီလူကြားမှာ တစ်ခုခုတော့ ဆက်စပ်နေခြင်း ။
သူ့အနေနဲ့ ဒီလူရဲ့ အကြည့်တွေကို ရိပ်စားနေမိသလို ဉီးကရော သိသွားလောက်မလား !
တော်ပါတော့ ... ငါ့ကို ကြည့်နေတာ ရပ်ပါတော့ ၊ ဉီး အထင်လွဲတာ မခံနိုင်ဘူးလို့ !
" ကျုပ်အနေနဲ့ အရေးပိုင်တို့
မစ္စတာပါကာတို့လို အလည်အပတ် ဘယ်ထွက်နိုင်ပါ့မလဲဗျာ ၊ အခုလည်း အနောက်နယ်ထဲက ကျွန်းဝိုင်းတစ်ခု ဈေးတန်တန်နဲ့ ရလို့ ငွေလာချေတာပါ
ဒီကလူကြီးမင်းတို့လို နေရာလေးတစ်ခုလောက် ရချင်လို့ အချိန်နဲ့အမျှ အားထုတ်နေရတာ "
သူစိမ်း၏ စကားဆုံးသည်နှင့် လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်သည့် ဉီး ကြောင့် ကျေးညို တစ်ခုခုကို အပြေးအလွှား ပြန်တွေးမိသွားသည်။
ဉီးက အပြင်ထွက်မလာခင်တုန်းက ကိုရစ်ချက်နဲ့အတူ အနောက်ကျွန်းဝိုင်းကိစ္စဆိုလား ရှင်းစရာလင်းစရာရှိတယ်ဆိုတာ ဒီသူစိမ်းနဲ့များဆိုင်နေမလားမသိ။
သူစိုးရိမ်နေပေမဲ့ ဉီးက ဟန်ဆောင်ကောင်းတဲ့လူပီသစွာ အားလုံးမရိပ်မိခင်ပင် လက်သီးဆုပ်ကိုပြန်ဖြေလျော့လိုက်ပြီး စိတ်လိုလက်ရပြုံးကာဖြင့် ,
" ထင်လို့ပါ ကိုပုဏ္ဏကရာ ကျုပ်တို့လည်း ရုန်းရင်းကန်ရင်းပါပဲ ၊ စီးပွားရေးဆိုတာ အနားဘယ်ရှိမလဲ တစ်ယောက်နဲ့တစ်ယောက်လုပ်ရင်းကိုင်ရင်း ကိုယ့်ကို လာလုပ်ရင် ပြန်ကိုင်ဖို့ ဆိုတာတွေလည်း အဆင်သင့်ရှိရသေးတယ်လေ "
" ဟား .. ဒါပေါ့ဗျာ ဒါပေါ့ "
ဉီးနေအခရာက ပြုံးကာဖြင့် စကားကို
စပြောလိုက်ပေမဲ့ စကားအဆုံးမှာတော့ ခြိမ်းခြောက်ဟန် ရာဇသံအနေအထားနှင့် ကြောက်စရာကောင်းသည်အထိ အသံရော မျက်နှာကပါ တင်းမာလိုက်လေတော့ တစ်ဖက်လူစိမ်းမှာ ဟန်ဆောင်ပြန်ရယ်ပြရာ၌ပင် မျက်နှာထားမတည်ငြိမ်နိုင်တော့ပေ။
" ကိုင်းဗျာ ဒါဆို ကျုပ်ကို ခွင့်ပြုကြဉီး
ဒီက ကျေးညိုလည်း ကျုပ်ကို ခွင့်ပြုပါဉီးဗျာ"
ထိုလူစိမ်းက ဉီး နှင့် ကိုရစ်ချက်ကို ပုံမှန်မျှ နှုတ်ဆက်ပြီး သူ့ကိုတော့ အပြုံးချိုချိုတို့နှင့် အထူးတလည် အကြည့်တို့ စုံအောင်ကြံစည်ပြီးကို နှုတ်ဆက်စကားဆိုလာသည်။
ဒီလူစိမ်းကို မြင်နေရတာ သူ့အတွက် စိမ်းသက်မနေပုံထောက် .. ! ဒီလူစိမ်းဟာ မူလ ခန္ဓာကိုယ်ပိုင်ရှင်နှင့်များ သိကျွမ်းခဲ့သလား ။
ဒါကလည်း ဖြစ်နိုင်ချေနည်းပါသည်။ အရေးပိုင်ရဲ့ ရန်သူတော်ဖြစ်လောက်သည့် သူနှင့် ကျေးညိုက ဘယ်လိုမှ ရင်းနှီးမနေနိုင် ။
ဒါပေမဲ့ သူက လူကဲခတ်တော်တဲ့သူပီသစွာ ထိုလူ သူ့ကို ကြည့်တဲ့အကြည့်တွေ ၊ ဉီး မသိအောင် ပြနေတဲ့ မျက်နှာရိပ်မျက်နှာကဲတွေ !
ဒါတွေက သူ့ကို ထိုသူဟာ သူ့အတွက်သူစိမ်းသက်သက်မဟုတ်ကြောင်း သိနေစေ၏။
" မင်း သူ့ကို သိလား "
သူထင်တဲ့အတိုင်းပဲ ၊ ဉီးက သိပ်တော်တဲ့သူမလို့ သူနဲ့ အဲ့လူကြားက တစ်စုံတစ်ခုကို ဉီးသတိမထားမိဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။
ဉီး မေးသော အမေးကို သူ့ဘက်ကလည်း မဆိုင်းမတြွဖင့် ချက်ချင်းပင်လျှင် ,
" ကျွန်တော် ခုမှ မြင်ဖူးတဲ့သူပါ "
သူ့အဖြေကို ကြားတော့ ဉီးက ဘာမှ စကားပြန်မပြော ခပ်တွေတြွေဖင့်သာ ခေါင်းငြိမ့်သည်။
သူသိပါ၏ ။ ဉီးအနေနှင့် သူ့ရဲ့လျှောက်လွှဲချက်ကို မယုံမည်မှာ တစ်ရာရာခိုင်နှုန်းအပြည့် !
ဟိုဘိုးတော်ရဲ့အကြည့်တွေက တမင်သဲလွန်စ ပေးနေသလိုကို ထင်ထင်လင်းလင်း သိသိသာသာကြီး မဟုတ်လား !
" ဘာမှ စနည်းနာစရာမလိုတော့ဘူး !
ဒီကောင် ပုဏ္ဏက လက်ချက်ပဲ တောက်"
မခံသိမခံသာ တောက်တစ်ခေါက်ခေါက်ဖြင့် ဒေါသတကြီးပြောလာသည့် ကိုရစ်ချက်ကြောင့် ကျေးညိုလည်း ဘုရားပင်တ လိုက်မိသည်။
ဒီလို မဟာ့မဟာ ရန်သူတော်ကြီးနှင့်မှ သူက မလွတ်မကင်းဖြစ်ခဲ့ပုံရသည်လေ။
ဉီးနေအခရာကတော့ မလှုပ်မယှက်တည်ငြိမ်လွန်း၏။
ဘာတွေ ဘယ်လိုတွေးတောကြံစည်နေသလဲဆိုတာတော့ ထိုလူကြီးမှတစ်ပါး အခြားသူသိနိုင်မည်မဟုတ် !
သူပြင်ဆင်ရမည်က ရက်စက်သော
လက်တုန့်ပြန်မှုအပြင် တိုက်ခိုက်ယူချင်သော တစ်စုံတစ်ခုပါ ထိုရန်သူတော်ထံတွင် ရှိနေပြီမဟုတ်လား .. !
_____________________________________
A/N: 18.2.2024