အခန်း ( ၁၂ )
မိုးရိပ်သည် နေခစား၏ ကားပေါ်မှ ဆင်းခဲ့ပြီးနောက် ခြေဦးတည့်ရာလျှောက်သွားနေခဲ့သည် ။ နောက်ဆုံး နေဝင်တော့မှ အိမ်ကို ပြန်ရောက်ခဲ့၏။
" ဟော သား...ပြန်ရောက်ပြီပဲ ။ ဒီနေ့ အဆင်ပြေခဲ့ရဲ့လား"
"ဟုတ်ကဲ့...မေမေ ။ သား ခဏနားလိုက်ဦးမယ် ။ ခေါင်းနည်းနည်းမူးလို့"
"အေး..အေး ။ ဆေးသောက်ဦးမလား "
"ဟင့်အင်း ။ ခဏအိပ်လိုက်ရင် သက်သာသွားမှာပါ"
"အေး...ဒါဆိုလည်း နားလိုက်ဦးလေ"
မိုးရိပ် အခန်းထဲရောက်တော့မှ ထိန်းထားသည့် စိတ်ကို လျော့ချလိုက်သည် ။ မိုးရိပ်၏ ပထမဆုံး အနမ်းကိုလည်း နေခစားက ယူခဲ့ပြီး ယခုလည်း အတင်းအကြပ် နမ်းရှိုက်ခဲ့ပြန်သည် ။ မိုးရိပ် ခဏတော့ ရင်ခုန်မိပေမယ့် စက္ကန့်အနည်းငယ်မျှသာ ၊ နေခစား၏ ဇွတ်တရွတ်ဆန်သည့် အပြုအမှုက မိုးရိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည် ။
နေခစားက မိုးရိပ်ကို ချစ်တယ်တဲ့လား ။ မိုးရိပ် ဘယ်လိုမှ မယုံကြည်နိုင် ၊ မိုးရိပ်အပေါ် အထင်အမြင်သေးသည့် အသုံးအနှုန်းတွေ ယခုချိန်ထိ ပါးစပ်ကမချသည့်အပြင် အလိုမတူဘဲ အတင်းအကြပ် စော်ကားသည့် အပြုအမှုတွေက ချစ်တာတဲ့လား ။ မိုးရိပ်သည် နေခစား၏ အချစ်ကို မယုံကြည်နိုင်သလို သူ့ကိုလည်း မုန်းတီး နာကြည်းမိသည်။
သူ့အနမ်းတွေကို ပြန်တွေးမိသွားတော့ ရင်ခုန်သံမြန်လာရသည်။ဒါ ဘာကြောင့်လဲ ။ မိုးရိပ် သူ့ကို သိပ်မုန်းတယ်လေ ။
အချစ် နှင့် အမုန်း၏ လွန်ဆွဲမှုကြားမှာ နှလုံးသားတစ်စုံက ယောက်ယက်ခက်လို့ နေခဲ့သည် ။
****
ဦးမင်းမြတ်သည် အလုပ်ပိတ်ရက်၌ နေလေးနှင့် ချိန်းထားတာမို့ စောင့်နေတုန်း တံခါးဘဲလ်တီးသံ ကြားလိုက်ရသည်။ တံခါးဖွင့်လိုက်တော့ နေလေး ရောက်နေသည်။
"လာ....နေလေး ။ မင်းကို မျှော်နေတာ "
"ဟုတ်ကဲ့...လေးလေး "
"ဘာသောက်ဦးမလဲ ။ ကော်ဖီလား ၊ အအေးလား"
"ကျွန်တော် မသောက်တော့ပါဘူး လေးလေး ။ လေးလေး ကျွန်တော့်ကို ပြောစရာရှိတယ်ဆို"
"ပြောစရာရှိတယ်လည်း မဟုတ်ပါဘူးကွာ ။ မင်းနဲ့ မတွေ့ရတာကြာပြီလေ ။ ဒါနဲ့ မင်း ရည်းစားရနေပြီလား နေလေး"
" ပြတ်သွားတာတောင်ကြာပြီ လေးလေးရဲ့"
" ဘာလို့လဲ နေလေး"
" ကျွန်တော် သူ့ကို မကြိုက်လို့ "
"ဟေ...ဒါဆို မင်းကြိုက်နေတဲ့သူရော ရှိနေပြီလား"
"အင်း...ရှိတယ်"
"ဒါဆို လေးလေးကို အကူအညီလိုရင်ပြော ။ ကူညီပေးမယ်"
"ရပါတယ်ဗျာ ။ လေးလေး အကူအညီ မလိုပါဘူး ။ ကျွန်တော်ကိုယ်တိုင် ရအောင်ယူမှာ"
"ဘယ်လို နေလေး "
နေခစား စိတ်ထဲက စကားတွေ လွှတ်ခနဲ ပြောထွက်သွားမိပြီးမှ လေးလေးကို သတိရသွားသည်။
"ဘာမှမဟုတ်ပါဘူး ။ ဒါနဲ့ လေးလေးကို မေးရဦးမယ်"
"အင်း...မေးလေ"
"လေးလေး ၊ မိုးရိပ်ကင်းကို တကယ်ချစ်တာလား"
"တကယ်ချစ်တာပေါ့ကွ နေလေးရ"
"လေးလေး သူ့အကြောင်းတွေ အကုန် သိနေတာပဲ ။ အဲ့ဒီလိုသိနေတာတောင် ဘာလို့ လက်ထပ်ဖို့ ဆုံးဖြတ်ရတာလဲ"
"ဪ....နေလေးကို လေးလေး တစ်ခု ဝန်ခံစရာရှိသေးတယ် ။ တကယ်တော့ မိုးရိပ်က နေလေး ထင်သလိုမဟုတ်ဘူး"
"ဗျာ! လေးလေး ဘာကိုဆိုလိုတာလဲ "
"ဟုတ်တယ် ။ နေလေးနဲ့ လေးလေး ဟိုတယ်မှာ တွေ့တုန်းက မိုးရိပ်နဲ့ လေးလေး ဘာမှ မဖြစ်ခဲ့ကြပါဘူး ။ မိုးရိပ် ထွက်ပြေးသွားလို့ လေးလေး စိတ်ဆိုးပြီး လျှောက်ပြောခဲ့မိတာ ။ မိုးရိပ်က တကယ်တော့ ရိုးသားပါတယ် ။ သူ ငွေကြောင့် ခဏတာ ဆုံးဖြတ်ချက်မှားသွားပေမယ့် ချက်ချင်းပြင်ခဲ့တယ် ။ အဲ့ဒါကြောင့်လည်း လေးလေး သူ့ကို တကယ်ချစ်မိသွားတာဖြစ်မယ်"
"လေးလေး"
"ဟင်"
"လေးလေး ပြောတာ တကယ်လား"
"အင်း...တကယ်ပေါ့ ။ မိုးရိပ်ကိုတောင် ဟိုတလောကပဲ တောင်းပန်ခဲ့ပြီးပါပြီ ။ နေလေးလည်း အမှန်တရားကို သိသင့်တယ်ထင်လို့လေ ။ မိုးရိပ်ကို အမြင်မကြည်တာမျိုး မဖြစ်စေချင်ဘူး ။ မကြာခင် ဆွေမျိုးတော်ရတော့မှာဆိုတော့"
နေခစား ခေါင်းထဲ ပူထူနေမိပြီ ၊ မိုးရိပ်ကို အထင်လွဲပြီး စော်ကားပြောခဲ့မိတာ သူ အမှားကြီးမှားပြီပေါ့ ။ ဒါဆို တိမ်ယံကရော ဘာလို့ မိုးရိပ်ကို ပေါက်ကရတွေ ပြောရတာလဲ ။
"လေးလေး ၊ တိမ်ယံက မိုးရိပ် အကြောင်း ကျွန်တော့်ကို ပြောသေးတယ်"
"ဪ...တိမ်ယံလား ။ မိုးရိပ်ရဲ့ သူငယ်ချင်းမဟုတ်လား ။ သူက မိုးရိပ်ကို လေးလေးနဲ့ ဆက်သွယ်ပေးတာလေ ။ မိုးရိပ် နဲ့ လက်ထပ်ပြီးရင်တော့ တိမ်ယံနဲ့ အဆက်အသွယ် ဖြတ်ခိုင်းရမယ် ။ တိမ်ယံက သူငယ်ချင်းကောင်းမဟုတ်ဘူး ။ လမ်းမှားကို ရွေးချယ်ဖို့ တွန်းအားပေးခဲ့တယ် ။ ဒါပေမဲ့ မိုးရိပ်က ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်လို့ တော်သေးတာပေါ့"
ယခုတော့ နေခစား အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့ပြီ ၊ မိုးရိပ်ကို မနာလိုသည့် တိမ်ယံက အထင်အမြင်သေးစေမည့် စကားတွေနှင့် သူတို့နှစ်ယောက်ကို သွေးခွဲခဲ့သည် ။ နဂိုတည်းက မိုးရိပ်ကို အထင်လွဲနေခဲ့သည့် သူက တိမ်ယံ့စကားတွေကို နားယောင်ပြီး မိုးရိပ်ကို အထင်သေးပြီးစော်ကားပြောဆိုခဲ့မိသည် ။
"ကိုယ် အမှားကြီးမှားခဲ့ပြီ မိုးရိပ် ။ တောင်းပန်ပါတယ်ကွာ "နေခစား စိတ်ထဲ တိတ်တဆိတ်ရေရွတ်မိသည်။
"လေးလေး ၊ မိုးရိပ် နဲ့ ဘာလို့ မြန်မြန် လက်ထပ်ချင်ရတာလဲ ။ သူက ကျောင်းမှ မပြီးသေးတာ"
"မိုးရိပ်ကို စိတ်မချလို့လေ ။ သူ လက်ခံအောင် လေးလေး မနည်းကြိုးစားခဲ့ရတာ ။ သူ အခုလို လက်ခံတုန်း မြန်မြန် လက်ထပ်မှ စိတ်အေးနိုင်မှာပေါ့"
နေခစားသည် လေးလေး ပျော်နေတာ ကြည့်ပြီး စိတ်ဓာတ်ကျမိသည်။ ယခုလို အားလုံးသိသွားတော့ မိုးရိပ်ကို အားနာစိတ်နှင့်အတူ ဘယ်လိုမှ အဆုံးအရှုံးမခံနိုင်ဘူးဆိုသော အတွေးတစ်ခုပါ တိုးလာသည်။
"ဒါနဲ့ နေလေး မင်း မိုးရိပ်ရဲ့ အကြောင်းတွေ စိတ်ဝင်တစားမေးလို့ပါလား"
"ဪ...လေးလေးနဲ့ လက်ထပ်တော့မယ့် သူပဲ ။ ကျွန်တော် သိမထားသင့်ဘူးလား"
"ဟား...ဒါပေါ့ နေလေးရာ ။ မင်း သိထားသင့်တာပေါ့"
လေးလေးကို မိုးရိပ်အပေါ် ထားရှိသည့် သူ့ ခံစားချက်တွေ ဖုံးကွယ်ထားခဲ့မိသည့်အတွက် နေခစားစိတ်မကောင်းဖြစ်မိသည်။ ဒါပေမဲ့လည်း' အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး ' လေ ။
****
မိုးရိပ် မနက်ဖြန်ဆို မင်္ဂလာဆောင်ရပြီ ၊ စိတ်ထဲ မွန်းကျပ်နေမိသည်။ ဒါကြောင့် စိတ်ပြေလက်ပျောက် တစ်ယောက်တည်း အိမ်နှင့် သိပ်မဝေးသည့် နေရာတွင်ရှိသော ပန်းခြံလေးဆီသွားပြီး ထိုင်နေမိသည်။
မနက်ဖြန်ဆို လက်ထပ်ရပြီ ။ ကိုယ် မချစ်သည့်သူတစ်ယောက်နှင့် တစ်သက်လုံး အတူနေရတော့မည်။ မိုးရိပ်သည် ဦးမင်းမြတ်ကို ယခုမချစ်သေးလည်း လက်ထပ်ပြီးရင်တော့ ချစ်နိုင်အောင် ကြိုးစားရတော့မည် ။
မိုးရိပ် အချိန်အတော်ကြာအတွေးလွန်နေပြီးမှ အသိဝင်လာချိန် မှောင်တောင်မှောင်တော့မည်။ ညနေထဲက ထွက်လာတာ မေမေ စိတ်ပူနေဦးမည် ။ မိုးရိပ် မြန်မြန်ထပြီး ပြန်ဖို့ပြင်ရတော့သည်။ ပန်းခြံထဲက ထွက်ပြီး လမ်းလျှောက်နေတုန်း ကားတစ်စီးက မိုးရိပ်ဘေးမှာ လာရပ်သည်။.ကြည့်လိုက်တော့ နေခစား ဖြစ်နေသည် ။
"မိုးရိပ်"
နေခစားက ကားပေါ်ကဆင်းပြီး မိုးရိပ်ကို
ခေါ်သည်။
မိုးရိပ် သူ့ကို မသိချင်ယောင်ဆောင်ပြီး ဆက်သွားဖို့ ပြင်တော့ မိုးရိပ်၏ လက်ကို သူ လှမ်းဆွဲထားသည်။မိုးရိပ်သည် နေခစားကို ဒေါသတကြီးကြည့်ပြီး....
"လွှတ်"
"ခဏ ကိုယ် ပြောစရာရှိတယ်"
" ငါ နားမထောင်နိုင်ဘူး"
"ခဏလေးပါ ။ ကိုယ် မိုးရိပ်ကို တောင်းပန်ချင်တာပါ "
မိုးရိပ်သည် နေခစား၏ စကားကို ကြားသော် အံ့သြပြီး သူ့မျက်နှာကို ငေးကြည့်မိသွားသည်။
"ဘာကိုတောင်းပန်ချင်တာလဲ"
"ကိုယ် တောင်းပန်ပါတယ်။ ကိုယ် အထင်လွဲပြီး ပြောခဲ့မိတာတွေ အားလုံးအတွက် ။
လေးလေးပြောတော့မှ ကိုယ် အထင်မှားမှန်း သိတော့တယ်"
"ရတယ် ၊ မလိုဘူး ။ ငါ့အတွက် မင်းရဲ့ အထင်အမြင်တွေက တကယ်တမ်းတော့ အရေးမကြီးပါဘူး ။ ဒါပေမဲ့ တစ်ခုတော့ ပြောချင်တယ် ။ မင်း နောက်တစ်ခါ သေချာမသိပဲ တစ်ဖက်သတ် အမြင်တွေနဲ့ ဘယ်သူ့ကိုမှ မစွပ်စွဲနဲ့ ။ လူတိုင်းက မင်းထင်သလို မဟုတ်ဘူး "
"အင်း...ကိုယ် မှတ်ထားပါ့မယ် ။ ကိုယ် တကယ်ပဲ နောင်တရနေပါပြီ "
"မင်း ပြောချင်တာ ဒါပဲမဟုတ်လား ။ ငါ သွားတော့မယ် ။ ငါ့ လက်ကို လွှတ်တော့ "
"ခဏလေးပါ မိုးရိပ် ။ ကိုယ့်အမှားတွေကို ခွင့်လွှတ်ပြီး ကိုယ့်အချစ်တွေကို လက်ခံပေးလို့ မရဘူးလား ။ ကိုယ် မင်းကို ချစ်တယ် "
" ငါ့ လက်ထပ်ပွဲက မနက်ဖြန် ။ နောက်ပြီး ငါ လက်ထပ်မှာက မင်းရဲ့ ဦးလေးနဲ့ ။ မင်း ဒီလို စကားတွေ မပြောသင့်ဘူး နေခစား"
"ဒါပေမဲ့ ကိုယ် မင်းကို ချစ်နေတာလေ"
မိုးရိပ်၏ လက်ကို သူ့လက်ထဲက အတင်းရုန်းလိုက်သည် ။
" ငါ သွားတော့မယ် ။ နောက်ကျနေပြီ "
မိုးရိပ် ပြောပြီး ထွက်လာခဲ့သည်။ မိုးရိပ် မနက်ဖြန်ပဲ လက်ထပ်ရတော့မည် ။သူ သည်လို စကားတွေပြောနေရန် မသင့်တော်ပေ ။ မိုးရိပ် ရွေးချယ်ခဲ့တာအတွက် နောင်တမရချင်တော့ပါ ။ ယခုလို နေခစားကို ကျောခိုင်းထွက်လာခဲ့အတွက်တော့ စိတ်ထဲမကောင်းဖြစ်နေမိသည်။
မိုးရိပ် လမ်းလျှောက်နေတုန်း ခြေသံကြားနေရသဖြင့် နေခစား လိုက်လာနေတုန်းပဲလားဟု အတွေးနှင့် လှည့်အကြည့် ။
မိုးရိပ် နှာခေါင်းမှာ လာအုပ်သည့် အဝတ်စတစ်ခု ၊ စိမ်းရွှေရွှေအနံ့ရပြီး မိုးရိပ် ကြောက်လန့်တကြား ရုန်းနေရာမှ တစ်ဖြည်းဖြည်းနှင့် မျက်ဝန်းတို့လေးလံလာပြီး အသိစိတ်ကင်းမဲ့သွားတော့သည်။ နောက်ဆုံး အသိမမဲ့ခင် မြင်တွေ့လိုက်ရတာ နေခစား၏ မျက်နှာ ။
"နေခစား ၊ သူ ဘာလုပ်တာလဲ "
****
အခန္း ( ၁၂ )
မိုးရိပ္သည္ ေနခစား၏ ကားေပၚမွ ဆင္းခဲ့ၿပီးေနာက္ ေျခဦးတည့္ရာေလွ်ာက္သြားေနခဲ့သည္ ။ ေနာက္ဆုံး ေနဝင္ေတာ့မွ အိမ္ကို ျပန္ေရာက္ခဲ့၏။
" ေဟာ သား...ျပန္ေရာက္ၿပီပဲ ။ ဒီေန႕ အဆင္ေျပခဲ့ရဲ႕လား"
"ဟုတ္ကဲ့...ေမေမ ။ သား ခဏနားလိုက္ဦးမယ္ ။ ေခါင္းနည္းနည္းမူးလို႔"
"ေအး..ေအး ။ ေဆးေသာက္ဦးမလား "
"ဟင့္အင္း ။ ခဏအိပ္လိုက္ရင္ သက္သာသြားမွာပါ"
"ေအး...ဒါဆိုလည္း နားလိုက္ဦးေလ"
မိုးရိပ္ အခန္းထဲေရာက္ေတာ့မွ ထိန္းထားသည့္ စိတ္ကို ေလ်ာ့ခ်လိဳက္သည္ ။ မိုးရိပ္၏ ပထမဆုံး အနမ္းကိုလည္း ေနခစားက ယူခဲ့ၿပီး ယခုလည္း အတင္းအၾကပ္ နမ္းရွိုက္ခဲ့ျပန္သည္ ။ မိုးရိပ္ ခဏေတာ့ ရင္ခုန္မိေပမယ့္ စကၠန႔္အနည္းငယ္မွ်သာ ၊ ေနခစား၏ ဇြတ္တ႐ြတ္ဆန္သည့္ အျပဳအမႈက မိုးရိပ္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစသည္ ။
ေနခစားက မိုးရိပ္ကို ခ်စ္တယ္တဲ့လား ။ မိုးရိပ္ ဘယ္လိုမွ မယုံၾကည္နိုင္ ၊ မိုးရိပ္အေပၚ အထင္အျမင္ေသးသည့္ အသုံးအႏႈန္းေတြ ယခုခ်ိန္ထိ ပါးစပ္ကမခ်သည့္အျပင္ အလိုမတူဘဲ အတင္းအၾကပ္ ေစာ္ကားသည့္ အျပဳအမႈေတြက ခ်စ္တာတဲ့လား ။ မိုးရိပ္သည္ ေနခစား၏ အခ်စ္ကို မယုံၾကည္နိုင္သလို သူ႕ကိုလည္း မုန္းတီး နာၾကည္းမိသည္။
သူ႕အနမ္းေတြကို ျပန္ေတြးမိသြားေတာ့ ရင္ခုန္သံျမန္လာရသည္။ဒါ ဘာေၾကာင့္လဲ ။ မိုးရိပ္ သူ႕ကို သိပ္မုန္းတယ္ေလ ။
အခ်စ္ ႏွင့္ အမုန္း၏ လြန္ဆြဲမႈၾကားမွာ ႏွလုံးသားတစ္စုံက ေယာက္ယက္ခက္လို႔ ေနခဲ့သည္ ။
****
ဦးမင္းျမတ္သည္ အလုပ္ပိတ္ရက္၌ ေနေလးႏွင့္ ခ်ိန္းထားတာမို႔ ေစာင့္ေနတုန္း တံခါးဘဲလ္တီးသံ ၾကားလိုက္ရသည္။ တံခါးဖြင့္လိုက္ေတာ့ ေနေလး ေရာက္ေနသည္။
"လာ....ေနေလး ။ မင္းကို ေမွ်ာ္ေနတာ "
"ဟုတ္ကဲ့...ေလးေလး "
"ဘာေသာက္ဦးမလဲ ။ ေကာ္ဖီလား ၊ အေအးလား"
"ကြၽန္ေတာ္ မေသာက္ေတာ့ပါဘူး ေလးေလး ။ ေလးေလး ကြၽန္ေတာ့္ကို ေျပာစရာရွိတယ္ဆို"
"ေျပာစရာရွိတယ္လည္း မဟုတ္ပါဘူးကြာ ။ မင္းနဲ႕ မေတြ႕ရတာၾကာၿပီေလ ။ ဒါနဲ႕ မင္း ရည္းစားရေနၿပီလား ေနေလး"
" ျပတ္သြားတာေတာင္ၾကာၿပီ ေလးေလးရဲ႕"
" ဘာလို႔လဲ ေနေလး"
" ကြၽန္ေတာ္ သူ႕ကို မႀကိဳက္လို႔ "
"ေဟ...ဒါဆို မင္းႀကိဳက္ေနတဲ့သူေရာ ရွိေနၿပီလား"
"အင္း...ရွိတယ္"
"ဒါဆို ေလးေလးကို အကူအညီလိုရင္ေျပာ ။ ကူညီေပးမယ္"
"ရပါတယ္ဗ်ာ ။ ေလးေလး အကူအညီ မလိုပါဘူး ။ ကြၽန္ေတာ္ကိုယ္တိုင္ ရေအာင္ယူမွာ"
"ဘယ္လို ေနေလး "
ေနခစား စိတ္ထဲက စကားေတြ လႊတ္ခနဲ ေျပာထြက္သြားမိၿပီးမွ ေလးေလးကို သတိရသြားသည္။
"ဘာမွမဟုတ္ပါဘူး ။ ဒါနဲ႕ ေလးေလးကို ေမးရဦးမယ္"
"အင္း...ေမးေလ"
"ေလးေလး ၊ မိုးရိပ္ကင္းကို တကယ္ခ်စ္တာလား"
"တကယ္ခ်စ္တာေပါ့ကြ ေနေလးရ"
"ေလးေလး သူ႕အေၾကာင္းေတြ အကုန္ သိေနတာပဲ ။ အဲ့ဒီလိုသိေနတာေတာင္ ဘာလို႔ လက္ထပ္ဖို႔ ဆုံးျဖတ္ရတာလဲ"
"ဪ....ေနေလးကို ေလးေလး တစ္ခု ဝန္ခံစရာရွိေသးတယ္ ။ တကယ္ေတာ့ မိုးရိပ္က ေနေလး ထင္သလိုမဟုတ္ဘူး"
"ဗ်ာ! ေလးေလး ဘာကိုဆိုလိုတာလဲ "
"ဟုတ္တယ္ ။ ေနေလးနဲ႕ ေလးေလး ဟိုတယ္မွာ ေတြ႕တုန္းက မိုးရိပ္နဲ႕ ေလးေလး ဘာမွ မျဖစ္ခဲ့ၾကပါဘူး ။ မိုးရိပ္ ထြက္ေျပးသြားလို႔ ေလးေလး စိတ္ဆိုးၿပီး ေလွ်ာက္ေျပာခဲ့မိတာ ။ မိုးရိပ္က တကယ္ေတာ့ ရိုးသားပါတယ္ ။ သူ ေငြေၾကာင့္ ခဏတာ ဆုံးျဖတ္ခ်က္မွားသြားေပမယ့္ ခ်က္ခ်င္းျပင္ခဲ့တယ္ ။ အဲ့ဒါေၾကာင့္လည္း ေလးေလး သူ႕ကို တကယ္ခ်စ္မိသြားတာျဖစ္မယ္"
"ေလးေလး"
"ဟင္"
"ေလးေလး ေျပာတာ တကယ္လား"
"အင္း...တကယ္ေပါ့ ။ မိုးရိပ္ကိုေတာင္ ဟိုတေလာကပဲ ေတာင္းပန္ခဲ့ၿပီးပါၿပီ ။ ေနေလးလည္း အမွန္တရားကို သိသင့္တယ္ထင္လို႔ေလ ။ မိုးရိပ္ကို အျမင္မၾကည္တာမ်ိဳး မျဖစ္ေစခ်င္ဘူး ။ မၾကာခင္ ေဆြမ်ိဳးေတာ္ရေတာ့မွာဆိုေတာ့"
ေနခစား ေခါင္းထဲ ပူထူေနမိၿပီ ၊ မိုးရိပ္ကို အထင္လြဲၿပီး ေစာ္ကားေျပာခဲ့မိတာ သူ အမွားႀကီးမွားၿပီေပါ့ ။ ဒါဆို တိမ္ယံကေရာ ဘာလို႔ မိုးရိပ္ကို ေပါက္ကရေတြ ေျပာရတာလဲ ။
"ေလးေလး ၊ တိမ္ယံက မိုးရိပ္ အေၾကာင္း ကြၽန္ေတာ့္ကို ေျပာေသးတယ္"
"ဪ...တိမ္ယံလား ။ မိုးရိပ္ရဲ႕ သူငယ္ခ်င္းမဟုတ္လား ။ သူက မိုးရိပ္ကို ေလးေလးနဲ႕ ဆက္သြယ္ေပးတာေလ ။ မိုးရိပ္ နဲ႕ လက္ထပ္ၿပီးရင္ေတာ့ တိမ္ယံနဲ႕ အဆက္အသြယ္ ျဖတ္ခိုင္းရမယ္ ။ တိမ္ယံက သူငယ္ခ်င္းေကာင္းမဟုတ္ဘူး ။ လမ္းမွားကို ေ႐ြးခ်ယ္ဖို႔ တြန္းအားေပးခဲ့တယ္ ။ ဒါေပမဲ့ မိုးရိပ္က ကိုယ္တိုင္ဆုံးျဖတ္ခ်က္ခ်နိဳင္လို႔ ေတာ္ေသးတာေပါ့"
ယခုေတာ့ ေနခစား အရာအားလုံးကို နားလည္သေဘာေပါက္သြားခဲ့ၿပီ ၊ မိုးရိပ္ကို မနာလိုသည့္ တိမ္ယံက အထင္အျမင္ေသးေစမည့္ စကားေတြႏွင့္ သူတို႔ႏွစ္ေယာက္ကို ေသြးခြဲခဲ့သည္ ။ နဂိုတည္းက မိုးရိပ္ကို အထင္လြဲေနခဲ့သည့္ သူက တိမ္ယံ့စကားေတြကို နားေယာင္ၿပီး မိုးရိပ္ကို အထင္ေသးၿပီးေစာ္ကားေျပာဆိုခဲ့မိသည္ ။
"ကိုယ္ အမွားႀကီးမွားခဲ့ၿပီ မိုးရိပ္ ။ ေတာင္းပန္ပါတယ္ကြာ "ေနခစား စိတ္ထဲ တိတ္တဆိတ္ေရ႐ြတ္မိသည္။
"ေလးေလး ၊ မိုးရိပ္ နဲ႕ ဘာလို႔ ျမန္ျမန္ လက္ထပ္ခ်င္ရတာလဲ ။ သူက ေက်ာင္းမွ မၿပီးေသးတာ"
"မိုးရိပ္ကို စိတ္မခ်လိဳ႕ေလ ။ သူ လက္ခံေအာင္ ေလးေလး မနည္းႀကိဳးစားခဲ့ရတာ ။ သူ အခုလို လက္ခံတုန္း ျမန္ျမန္ လက္ထပ္မွ စိတ္ေအးနိုင္မွာေပါ့"
ေနခစားသည္ ေလးေလး ေပ်ာ္ေနတာ ၾကည့္ၿပီး စိတ္ဓာတ္က်မိသည္။ ယခုလို အားလုံးသိသြားေတာ့ မိုးရိပ္ကို အားနာစိတ္ႏွင့္အတူ ဘယ္လိုမွ အဆုံးအရႈံးမခံနိုင္ဘူးဆိုေသာ အေတြးတစ္ခုပါ တိုးလာသည္။
"ဒါနဲ႕ ေနေလး မင္း မိုးရိပ္ရဲ႕ အေၾကာင္းေတြ စိတ္ဝင္တစားေမးလို႔ပါလား"
"ဪ...ေလးေလးနဲ႕ လက္ထပ္ေတာ့မယ့္ သူပဲ ။ ကြၽန္ေတာ္ သိမထားသင့္ဘူးလား"
"ဟား...ဒါေပါ့ ေနေလးရာ ။ မင္း သိထားသင့္တာေပါ့"
ေလးေလးကို မိုးရိပ္အေပၚ ထားရွိသည့္ သူ႕ ခံစားခ်က္ေတြ ဖုံးကြယ္ထားခဲ့မိသည့္အတြက္ ေနခစားစိတ္မေကာင္းျဖစ္မိသည္။ ဒါေပမဲ့လည္း' အခ်စ္ နဲ႕ စစ္မွာ မတရားတာ မရွိဘူး ' ေလ ။
****
မိုးရိပ္ မနက္ျဖန္ဆို မဂၤလာေဆာင္ရၿပီ ၊ စိတ္ထဲ မြန္းက်ပ္ေနမိသည္။ ဒါေၾကာင့္ စိတ္ေျပလက္ေပ်ာက္ တစ္ေယာက္တည္း အိမ္ႏွင့္ သိပ္မေဝးသည့္ ေနရာတြင္ရွိေသာ ပန္းၿခံေလးဆီသြားၿပီး ထိုင္ေနမိသည္။
မနက္ျဖန္ဆို လက္ထပ္ရၿပီ ။ ကိုယ္ မခ်စ္သည့္သူတစ္ေယာက္ႏွင့္ တစ္သက္လုံး အတူေနရေတာ့မည္။ မိုးရိပ္သည္ ဦးမင္းျမတ္ကို ယခုမခ်စ္ေသးလည္း လက္ထပ္ၿပီးရင္ေတာ့ ခ်စ္နိုင္ေအာင္ ႀကိဳးစားရေတာ့မည္ ။
မိုးရိပ္ အခ်ိန္အေတာ္ၾကာအေတြးလြန္ေနၿပီးမွ အသိဝင္လာခ်ိန္ ေမွာင္ေတာင္ေမွာင္ေတာ့မည္။ ညေနထဲက ထြက္လာတာ ေမေမ စိတ္ပူေနဦးမည္ ။ မိုးရိပ္ ျမန္ျမန္ထၿပီး ျပန္ဖို႔ျပင္ရေတာ့သည္။ ပန္းၿခံထဲက ထြက္ၿပီး လမ္းေလွ်ာက္ေနတုန္း ကားတစ္စီးက မိုးရိပ္ေဘးမွာ လာရပ္သည္။.ၾကည့္လိုက္ေတာ့ ေနခစား ျဖစ္ေနသည္ ။
"မိုးရိပ္"
ေနခစားက ကားေပၚကဆင္းၿပီး မိုးရိပ္ကို
ေခၚသည္။
မိုးရိပ္ သူ႕ကို မသိခ်င္ေယာင္ေဆာင္ၿပီး ဆက္သြားဖို႔ ျပင္ေတာ့ မိုးရိပ္၏ လက္ကို သူ လွမ္းဆြဲထားသည္။မိုးရိပ္သည္ ေနခစားကို ေဒါသတႀကီးၾကည့္ၿပီး....
"လႊတ္"
"ခဏ ကိုယ္ ေျပာစရာရွိတယ္"
" ငါ နားမေထာင္နိုင္ဘူး"
"ခဏေလးပါ ။ ကိုယ္ မိုးရိပ္ကို ေတာင္းပန္ခ်င္တာပါ "
မိုးရိပ္သည္ ေနခစား၏ စကားကို ၾကားေသာ္ အံ့ၾသၿပီး သူ႕မ်က္ႏွာကို ေငးၾကည့္မိသြားသည္။
"ဘာကိုေတာင္းပန္ခ်င္တာလဲ"
"ကိုယ္ ေတာင္းပန္ပါတယ္။ ကိုယ္ အထင္လြဲၿပီး ေျပာခဲ့မိတာေတြ အားလုံးအတြက္ ။
ေလးေလးေျပာေတာ့မွ ကိုယ္ အထင္မွားမွန္း သိေတာ့တယ္"
"ရတယ္ ၊ မလိုဘူး ။ ငါ့အတြက္ မင္းရဲ႕ အထင္အျမင္ေတြက တကယ္တမ္းေတာ့ အေရးမႀကီးပါဘူး ။ ဒါေပမဲ့ တစ္ခုေတာ့ ေျပာခ်င္တယ္ ။ မင္း ေနာက္တစ္ခါ ေသခ်ာမသိပဲ တစ္ဖက္သတ္ အျမင္ေတြနဲ႕ ဘယ္သူ႕ကိုမွ မစြပ္စြဲနဲ႕ ။ လူတိုင္းက မင္းထင္သလို မဟုတ္ဘူး "
"အင္း...ကိုယ္ မွတ္ထားပါ့မယ္ ။ ကိုယ္ တကယ္ပဲ ေနာင္တရေနပါၿပီ "
"မင္း ေျပာခ်င္တာ ဒါပဲမဟုတ္လား ။ ငါ သြားေတာ့မယ္ ။ ငါ့ လက္ကို လႊတ္ေတာ့ "
"ခဏေလးပါ မိုးရိပ္ ။ ကိုယ့္အမွားေတြကို ခြင့္လႊတ္ၿပီး ကိုယ့္အခ်စ္ေတြကို လက္ခံေပးလို႔ မရဘူးလား ။ ကိုယ္ မင္းကို ခ်စ္တယ္ "
" ငါ့ လက္ထပ္ပြဲက မနက္ျဖန္ ။ ေနာက္ၿပီး ငါ လက္ထပ္မွာက မင္းရဲ႕ ဦးေလးနဲ႕ ။ မင္း ဒီလို စကားေတြ မေျပာသင့္ဘူး ေနခစား"
"ဒါေပမဲ့ ကိုယ္ မင္းကို ခ်စ္ေနတာေလ"
မိုးရိပ္၏ လက္ကို သူ႕လက္ထဲက အတင္း႐ုန္းလိုက္သည္ ။
" ငါ သြားေတာ့မယ္ ။ ေနာက္က်ေနၿပီ "
မိုးရိပ္ ေျပာၿပီး ထြက္လာခဲ့သည္။ မိုးရိပ္ မနက္ျဖန္ပဲ လက္ထပ္ရေတာ့မည္ ။သူ သည္လို စကားေတြေျပာေနရန္ မသင့္ေတာ္ေပ ။ မိုးရိပ္ ေ႐ြးခ်ယ္ခဲ့တာအတြက္ ေနာင္တမရခ်င္ေတာ့ပါ ။ ယခုလို ေနခစားကို ေက်ာခိုင္းထြက္လာခဲ့အတြက္ေတာ့ စိတ္ထဲမေကာင္းျဖစ္ေနမိသည္။
မိုးရိပ္ လမ္းေလွ်ာက္ေနတုန္း ေျခသံၾကားေနရသျဖင့္ ေနခစား လိုက္လာေနတုန္းပဲလားဟု အေတြးႏွင့္ လွည့္အၾကည့္ ။
မိုးရိပ္ ႏွာေခါင္းမွာ လာအုပ္သည့္ အဝတ္စတစ္ခု ၊ စိမ္းေ႐ႊေ႐ႊအနံ႕ရၿပီး မိုးရိပ္ ေၾကာက္လန႔္တၾကား ႐ုန္းေနရာမွ တစ္ျဖည္းျဖည္းႏွင့္ မ်က္ဝန္းတို႔ေလးလံလာၿပီး အသိစိတ္ကင္းမဲ့သြားေတာ့သည္။ ေနာက္ဆုံး အသိမမဲ့ခင္ ျမင္ေတြ႕လိုက္ရတာ ေနခစား၏ မ်က္ႏွာ ။
"ေနခစား ၊ သူ ဘာလုပ္တာလဲ "
****