အခန်း ၁၃

Uni Code

ဦးထွဋ်ခေါင်တစ်ယောက်သား၏အခြေအနေအားသိရရန်အတွက်သားဖြစ်သူ၏အိမ်ကိုရောက်နေခြင်းဖြစ်သည်။ရောက်ရောက်ချင်းမကြီးမငယ်နှင့်အပူကပ်ကာချွဲနေသောသားဖြစ်သူကြောင့်ပူနေသည့်စိတ်ကလေးပင်ကြက်ပျောက်ငှက်ပျောက်ဖြစ်ရတော့သည်။

"လုပ်ပါဒယ်ဒီရာနော်…နော်…နော်လို့"

"သားရာမင်းမဖြစ်နိုင်တာတွေမပြောနဲ့"

"ဘာလို့မဖြစ်နိုင်ရမှာလဲဒယ်ဒီကရာငွေရှိရင်ဘာမဆိုဖြစ်နိုင်တယ်"

"ငွေရှိပြီးလုပ်လို့မရတဲ့အရာတွေမှအများကြီး"

"ဒါပေမယ့်ကျွန်တော်ပြောတာကလုပ်လို့ရပါတယ်"

"မင်းလုပ်ချင်တဲ့ဟာကြီးကနည်းနည်းထူးဆန်းတယ်လို့မခံစားရဘူးလားသူကလူရိုးလေးလေအဲ့ဒါတွေဘယ်လုပ်တတ်မလဲ"

"ထူးဆန်းတယ်ဘာကထူးဆန်းတာလဲကျွန်တော်သူ့ကိုပိုက်ဆံပေးမှာပဲလေအလကားတော့မခိုင်းပါဘူးနောက်ပြီးသူကလူရိုးမဟုတ်ပါဘူးငါးရိုးကြီးမထွင်ပဲစားမိရင်လည်ချောင်းမှာကန့်လန့်ဆူးနေမယ့်အကောင်"

"သူများကိုအဲ့လိုမပြောနဲ့မင်းလုပ်ချင်တဲ့ကိစ္စကအလင်္ကာ့ကိုကိုယ်တိုင်‌သွားမေးအဲ့ကိစ္စကငါကြားပွဲစားလုပ်လို့မရဘူးကာယကံရှင်ကိုယ်တိုင်ကလက်ခံတယ်ပြောမှငါခွင့်ပြုပေးမယ်"

"သူ့ကိုကျွန်တော်သွားမမေးချင်ပါဘူး"

"သားမင်းနေမကောင်းမကောင်းဘူးလားမျက်နှာကြီးရဲနေတယ်"

"ဗျ…ဗျာကောင်းပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူး"

"ကောင်းရင်လဲပြီးတာပဲ"

အချိန်တစ်ခုကြာသည်အထိသားအဖနှစ်ယောက်ဘာစကားမှဆက်မပြောပဲနှုတ်ဆိတ်နေသည်မှာအလင်္ကာကော်ဖီလာချပေးသည့်အချိန်မှစကားပြန်ပြောကြတော့သည်။

"အော်အန်ကယ့်သားကအလင်္ကာလေးကိုပြောစရာရှိလို့တဲ့"

"ပြောစရာဟုတ်လားကိုကို"

"ကိုကို…"

"ကျွန်တော့်ထက်ကြီးတဲ့ကိုကို့ ကိုအကိုအရင်းလိုချစ်ခင်မိလို့ကိုကိုလို့ခေါ်တာပါဗျ"

အလင်္ကာခပ်မြန်မြန်ရှင်းပြလိုက်ပြီးကိုကို့ဘက်လှည့်ကြည့်လိုက်တော့မျက်လုံးပြူးကာကြောင်စီစီကြီးကြည့်နေသည်။ကိုကို့ကြည့်ရတာကြောက်ဖို့ကောင်းနေတာမို့အန်ကယ့်ဘက်ပြန်လှည့်လိုက်တော့

"အော်အေးပါအေးပါမြတ်မင်း အလင်္ကာကိုပြောချင်တာရှိတယ်ဆိုပြောလေ"

"ပြောစရာကိုကိုကကျွန်တော့်ကိုပြောစရာရှိလို့လားဟင်"

"အင်း"

"ပြောလေကျွန်တော်နားထောင်ပေးမယ်"

"ငါမင်းကိုငါ့ company ကထုတ်ကုန်တစ်ခုအတွက်မော်ဒယ်အဖြစ်ငှားချင်လို့မင်းလက်ခံလိုက်ရင်ငါမင်းလိုချင်သလောက်ပိုက်ဆံပေးမယ်"

"ကိုကိုကကျွန်တော့်ကိုမော်ဒယ်ငှားချင်တာပေါ့"

"အင်း"

"ရတယ်လေကိုကို့အတွက်ပဲဟာကိုလုပ်ပေးရမှာပေါ့ပိုက်ဆံတော့ပေးစရာမလိုပါဘူးဒါပေမယ့်…"

"အားးးးမင်းမဟုတ်တာမပြောနဲ့မရဘူးမရဘူးလို့လီး!!"

အလင်္ကာကမြတ်မင်းရဲ့နားရွက်နားကပ်ကနှစ်ကိုယ်ကြားရုံစကားတစ်ခွန်းပြောလိုက်တော့ကိုကိုကမျက်နှာကြီးရဲလာကာအတင်းငြင်းလေတော့သည်။အလင်္ကာပြောလိုက်သည့်စကားမှာ'ကိုကိုကျွန်‌တော့်ပါးကိုညတိုင်းအားဘွားပေးရမယ်'ဟူ၍ဖြစ်သည်။

••••••••••••

"ကိုမြတ်နေကောင်းပြီလားဟင်"

"အင်းကောင်းပါတယ်ဘာဖြစ်လို့လဲရောင်"

မြတ်မင်း company ကိုရောက်တော့နှင်းရောင်လွင်ကအမေးရှိလာသည်။

"တခြားကိစ္စတော့မဟုတ်ပါဘူးNavarro company ကကိုမြတ်ကို Dinner ဖိတ်ထားတာလေးရှိလို့ပါကိုမြတ်ကနေမကောင်းဘူးဆိုလို့အချိန်ခဏဆိုင်းထားရတာမို့လို့အဆင်ပြေမယ်ဆိုဒီညDinnerအတွက်ကြိုပြင်ဆင်ဖို့ Navarroဘက်ကိုလှမ်းအကြောင်းကြားမလို့ပါ"

"အင်းရတယ်လေ Navarroဆိုတာလဲကိုယ်နဲ့စီးပွားဖက်တွေပဲမလားလက်ခံလိုက်ပါ"

"ဟုတ်ကဲ့ပါကိုမြတ်ဒါဆိုရောင်အကြောင်းပြန်လိုက်တော့မယ်နော်"

"ကောင်းပါပြီ…ဒါနဲ့ရောင်မနက်ဖြန်မင်းအားလား"

"ဟုတ်အားပါတယ်‌ကိုမြတ်ခိုင်းစရာရှိလို့လားဟင်"

"ခိုင်းစရာဆိုတာထက်ကိုယ်တို့ထုတ်ကုန်အတွက်မော်ဒယ်တစ်ယောက်ငှားထားတာလေအဲ့ဒါသူ့အတွက်အဝတ်အစားနဲ့ပြင်ဆင်စရာလိုတာတွေကိုပြင်ဆင်ချင်လို့ရောင်ကအဲ့ဒီကိစ္စတွေကိုကိုယ့်ထပ်ပိုနားလည်လောက်မယ်ထင်လို့အကူအညီတောင်းမလို့"

"‌အော်ရပါတယ်ရောင်လဲမနက်ဖြန်ကရုံးပိတ်ရက်ဆိုတော့ဘာအစီအစဉ်မှမရှိပါဘူးရောင်ကူညီပါ့မယ်"

"ဒါဆိုကျေးဇူးပါပဲရောင်"

"အမြဲတမ်းအဆင်သင့်ပါရှင်"

"ဟုတ်ပါပြီဗျာဟားဟား"

*ကိုမြတ်ဘာပဲဖြစ်နေနေရှင်ကကျွန်မတစ်ယောက်တည်းရဲ့အပိုင်ပဲ*

မြတ်မင်းသိက္ခာကတော့နှင်းရောင်လွင်၏အတွေးတွေကိုမကြားနိုင်သလိုသိလဲမသိနိုင်ခဲ့ပါဘူး

••••••••••••

အလင်္ကာအိမ်တွင်တစ်ယောက်ထဲရှိနေစဉ်
စတိုခန်းထဲမှသိုးမွှေးချည်လုံးအချို့နဲ့ချည်ထိုးအပ်3.0mm size တစ်ခုကိုတွေ့လိုက်ရတာကြောင့်သူ၏မိခင်မဆုံးခင်ကသင်ပေးခဲ့သောချည်ထိုးပညာရပ်အားအသုံးချကာချည်ထိုးပစ္စည်းတစ်ခုထိုးလုပ်နေလိုက်သည်။

ချည်ထိုးနေသည်မှာအချိန်မည်မျှကြာသွားသည်မသိသူချည်စဖြတ်၍အနားသပ်ပြီးသည့်အချိန်တွင်နာရီလက်တံမှာညနေငါးနာရီကိုညွှန်ပြနေလေပြီသူ၏လက်ထဲတွင်လဲနက်ပြာရောင်နှင့်အမဲရောင်ရောယှက်ထားသောချည်ထိုးပုဝါလေးဟာနူးညံ့စွာလှပလျက်အနားစများသည်လဲသေသပ်စွာရှိနေသည်။အလင်္ကာနှစ်ချိုက်စွာပြုံး၍ချည်ထိုးပုဝါလေးအားဗီရိုထဲတွင်ထိခိုက်မှူမရှိစေရန်သေချာစွာထည့်သိမ်းထားလိုက်ပြီးရေချိုးခန်းထဲဝင်ကာရေချိုးသန့်စင်လိုက်ပြီးပေါ့ပါးစွာသောအဝတ်အစားများကိုလဲလှယ်ပြီးခုတင်ပေါ်ပလက်လှဲကာအတွေးယာဉ်ကြောကိုဖြန့်ကျက်စေသည်။

*ကိုကို့မွေးနေ့ကျရင်ဒီပုဝါလေးကိုအမှတ်တရအနေနဲ့လက်ဆောင်ပေးရမယ်တန်ဖိုးကြီးပစ္စည်းတစ်ခုမဟုတ်ပေမယ့်ငါသေချာလုပ်ပေးထားတာမို့လို့ကိုကိုသဘောကျမှာပါ*ဟူသောသေးငယ်သည့်‌အတွေးလေးကိုတွေးနေရင်းမျက်ခွံများလေးလံလာကာအိပ်မက်ကမ္ဘာထဲဝယ်ပျော်ရွှင်ဖွယ်ရာအိပ်မက်လေးတစ်ခုအားမက်နေသည်ထင်၏မျက်နှာလေးမှာပြုံးရွှင်နေလေတော့သည်။

*ကျွီ*

အလင်္ကာ့အခန်းတံခါးဖွင့်ဟလာပြီးတံခါးဝမှလူတစ်ယောက်ကာအခန်းထဲသို့ခေါင်းလျှိုကြည့်ကာနှစ်လိုဖွယ်အပြုံးလေးတစ်ခုကိုဆင်မြန်းလျက်အခန်းတံခါးကိုပြန်ပိတ်၍ထွက်သွားလေတော့သည်။အလင်္ကာကတော့အိပ်မက်ကမ္ဘာထဲ၌မြူးတူးပျော်ရွှင်နေလေတော့သည်။

••••••••••••••

Feedback and vote please my dear readers 💚🍄

Zawgyi













"ကောင်းရင်လဲပြီးတာပဲ"




"ကိုကို…"





"အင်း"




"အင်း"




••••••••••••













"ဟုတ်ပါပြီဗျာဟားဟား"



••••••••••••




*ကျွီ*


••••••••••••••


Comment