Part...9


အပိုင်း..၉


”ကလေးရေ...သွေး... အိပ်နေလား...အိပ်မပျော်ရင် မမ မုန့်လာပို့တာ. လာစားလိုက်ဦး... ပူတုန်းလေး...”


သွေး အိပ်ရာထဲမှာ ကွေးပြီး ဖုန်းပွတ်နေတုန်း အောက်ထပ်က မမ ဆရာမ ခေါ်သံကြောင့် ဖုန်းကို အိပ်ရာပေါ် ပစ်တင်ခဲ့ပြီး အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည် ။


အခုတလော မမ ဆရာမက ထူးဆန်းနေသလိုဘဲ။ သွေး ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ရှိလှသည် ။ သွေး အပြင်ရောက်နေရင် သူ အားရင်အားသလို ဖုန်းလှမ်းဆက်တတ်ပြီး အိမ်မှာရှိနေရင် မကြာခဏ အကြောင်းရှာပြီး လာတတ်သည် ။ ခုလည်း မုန့်လာပို့တာတဲ့ ။ သွေး ကလည်း သခင်အသံကြားတဲ့ ခွေးကလေးလို မမ ဆရာမ အသံကြားတာနဲ့ ရောက်ရာကနေ ပြေးလာတတ်နေပြီ ။


လှေကားရင်းမှာ ရပ်ပြီး သွေး ဆင်းလာတာကို မော့ကြည့်နေတဲ့ မမ ဆရာမ မျက်နှာကိုမြင်တော့ သွေး စချင်လာသည် ။ လှေကားထစ်တွေကို ခုန်ဆွခုန်ဆွ ဆင်းနေရာက လေးထစ်လောက်အကျန်မှာ ရုတ်တရက် ခုန်ချပစ်လိုက်သည် ။ ရည်ရွယ်တာက မမ လန့်စေဖို့ ။


တကယ်တမ်း မမ ဆရာမက ဘယ်လိုနေသည်မသိ ။ သွေး ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်


ရပ်တည်ဖို့ ခက်ခဲလောက်အောင် ထိတ်လန့်ပြီး ရင်တွေတုန်သွားရသည် ။ ဟုတ်တယ် ။ ရင်ခုန်တာ မဟုတ်ဘူး ။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့်သွေး ရင်တုန်သွားတာ ။


    အမှန်တကယ် သွေး ခုန်ချလိုက်တာက မမ ဆရာမနဲ့ မလှမ်းမကမ်းကို ။ သို့သော် သွေး လှေကားရင်းရောက်ခါနီးလို့ မမ ကပြုံးပြပြီး ရှေ့တိုးလာတဲ့အခါ ။ လှေကား လေးထစ် အမြင့်ကနေ အရှိန်နဲ့ ခုန်ချလာတဲ့ သွေးက ဟန်ချက်ပျက်ပြီး မမ ဆရာမရဲ့ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ။ နှစ်ယောက်လုံး လဲကျမသွားရအောင် ဟန်ချက်ထိန်းရင် သွေး လက်တွေက မမ ဆရာမရဲ့ ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားမိသည် ။ အရပ်ကွာခြားချက်ကြောင့် ပုတုတုသွေးရဲ့ မျက်နှာက မမ ဆရာမရဲ့ အိစက်ညက်ညောတဲ့ အသားစိုင်တွေနဲ့ ထိကပ်လျက် ။


သွေး ရင်ထဲမှာ မိုးကြိုးတွေ တစ်စင်းပြီး တစ်စင်း ပစ်ချနေသလို ။ သွေး မျက်နှာအပ်မိထားတဲ့ ရပ်ဝန်းက တဒုတ်ဒုတ်ခုန်လှုပ်သံက ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံး ဂီတသံလိုပင် ။ စဉ်ဆက်မပြတ် နားဆင်နေချင်မိသည် ။ တစုံတယောက်ရဲ့ ရင်ခုန်သံကို အနီးကပ် နားဆင်ဖူးတာ သွေးအတွက် ပထမဆုံးအကြိမ်ပင် ။ 

လက်လွှတ်လိုက်တော့လို့ တစုံတရာက သတိပေးနေပေမဲ့ ခန္ဓာကိုယ်က ထိုအမိန့်ကို မလိုက်နာ ။


သနပ်ခါးနံ့နဲ့ ရောနေတဲ့ ကိုယ်သင်းနံ့လေးက သွေးကို ညို့ငင်ထားလိုက်တာ ။ ဒီညှို့ကွင်ဲးထဲကနေ သွေး လွတ်မြောက်သွားမှာ ကြောက်နေမိသည် ။ သိပ်ကို ချိုအီလတ်ဆတ်တဲ့ ကိုယ်သင်းနံ့နဲ့ သိပ်ကိုနွေးထွေးတဲ့ စိတ်ကလေး ပိုင်ဆိုင်ရအောင် ရှေးဘဝက ဘယ်လိုဆုတွေများ တောင်းခဲ့သလဲ သိချင်စမ်းပါဘိ နတ်သက်ကြွေလေးရေ ။


”ဟဲ့...သွေးရေ... လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း... ဆရာမကို တိုက်မိပြီး နာသွားပြီလားမသိ...လူလိုမဆင်းဘူး...

မျောက်ကလေး...”


မေမေ့ အသံကြားမှ သွေးလက်တွေက ခါးကျဉ်ကျဉ်ကလေးကို မလွှတ်ချင်လွှတ်ချင် ။ ကိုယ်ချင်းအဝေးမှာ အနွေးဓာတ်လေး ပျောက်ဆုံးသွားရုံမက သွေး တကိုယ်လုံး လေဟာနယ်ထဲ မျောလွင့်သွား သလိုပင် ။လွတ် ဟာ လစ် လပ် သွားလိုက်တာ ။ဖြစ်နိုင်ရင် လျှပ်တပြက်   အဖြစ်အပျက်ကို ရုပ်ရှင်တွေထဲကလို စလိုးမိုးရှင်း ပြကွက်မျိုးနဲ့ အကြာကြီး ဆွဲဆန့်ထားချင်မိသည်။


”ဘာလို့ခုန်ချတာလဲ ကလေးရဲ့... ခြေထောက်နာသွားပြီလားမသိဘူး...

လမ်းလျောက်ကြည့်ပါဦး...”


    သွေး ရည်ရွယ်သလို လန့်သွားတယ် ထင်ပါရဲ့ ။ မမ ဆရာမရဲ့ အသံက တုန်ရီနေသည် ။



”သွေး...သွေး..က... မမ ဆရာမကို... စတာပါ...မနာပါဘူး မမ ဆရာမရဲ့... ဒီလောက်တော့ အေးဆေးပဲ... သွေးက ဟိုးလှေကားထိပ်ကနေတောင် ခုန်ချနေကျ...”


  စကားပြောတဲ့ အသံက ထစ်အနေသလောက်

သွေး ရင်ခုန်သံက ချောမောဖြောင့်တန်းလို့ ။


”စ စရာ ရှားလို့ဟယ်...ကျိုးပဲ့ကုန်မှဟုတ်ပေ့ဖြစ်နေမယ်...”


မဆူသာ ဆူသာ ဆူရင်း ဝေ သူ့ခေါင်းကို ခပ်ဖွဖွခေါက်ရင်း မျက်စောင်းထိုးပစ်လိုက်မိသည် ။ သူ့အပြစ်နဲ့သူမို့ ဇက်ကလေးပုပြီး လျှာတစ်လစ်ထုတ်လိုက်ပုံက ချစ်စဖွယ် ။  သူ့မေမေကတော့ ဝေ တို့ကို ကြည့်ပြီး ရယ်နေသည် ။ 


”အဲ့ကလေးက အဲ့လိုဘဲ သမီးရေ...တစက်ကလေးမှ အငြိမ်မနေဘူး...သူ အိမ်မှာရှိနေရင် တွေ့တဲ့လူကို လိုက်စနေတာ...”


”ဟုတ်ကဲ့ အန်တီ...ဝေ လည်း သူ စလွန်းလို့ ရိုးနေပါပြီ...အခုဟာက ရုတ်တရက် မို့...”


ဝေ မျက်စောင်းထပ်ထိုးတော့ သူက မျက်နှာရဲရဲကလေးနဲ့ ရယ်နေသည် ။ ဟန်ကိုယ့်ဖို့ ထိန်းရင်း စကားတွေ ပြောနေပေမဲ့ ဝေ့ရင်ထဲမှာ မငြိမ်သက်နေတာတော့ ဝေ တစ်ယောက်သာသိသည် ။


လှေကားကနေ အရှိန်နဲ့ ကျလာတဲ့ သူ့ကို ကျိုးပဲ့သွားမှာ ဝေ ကသာ စိုးရိမ်နေတာ ။ တကယ်တမ်း ကျိုးပဲ့သွားတာက သူ မဟုတ်။ဝေ သာ။ ဝေ့ ရင်ထဲမှာ တသက်လုံး  သိမ်းဆည်းထားတဲ့ အချစ်တာတမံ ကျိုးသွားလေပြီ ။


ဝေက သူ့ကို ထိခိုက်သွားမှာ စိုးရိမ်နေတာ ။ တကယ်တမ်း ထိခိုက်သွားတာက ဝေ ကိုယ်တိုင်သာ ။ ဟုတ်တယ် ။ သူ့ အပြုအမူ၊ အပြောအဆို တွေကို ချစ်စနိုးဖြစ်ပြီး အရိပ်တကြည့် ရှိခဲ့ပေမဲ့ အခု ရုတ်တရက် အထိအတွေ့မှာ ဝေ နှလုံးခိုက်သွားပြီ ။ နှလုံးသားက သတင်းပို့ချက်ကို ဦးဏှောက်က အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပေမဲ့ အခုတော့ လျှပ်ပြက်သလို ဖြစ်သွားတဲ့ အဖြစ်အပျက်မှာ ဝေ့အတွင်းစိတ်ရင်းတို့ ဖုံးဖိမရတော့ ။ ဟုတ်တယ် ။ ချစ်တယ် ။ ဝေ က။ အိန္ဒြေသိက္ခာကြီးတဲ့ ကျောင်းဆရာမလေး ဝေက၊ ကမ်းတဲ့လက်တိုင်းကို မျက်ကွယ်ပြုနိုင်ခဲ့တဲ့ ဝေ က၊ မိန်းမသားတစ်ယောက်ဖြစ်တဲ့ ဝေ က ဝေ့လိုဘဲ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဝေ့ ထက်လည်း အသက်ငယ်တဲ့ ဝါရွှေသွေးဆိုတဲ့ ကလေးမလေးကို သိပ်ကို ချစ်မိနေခဲ့ပါပြီ ။


ချစ်တယ်ဆိုတဲ့ ခြေတလှမ်းလေး ရှေ့တိုးမိယုံပါ။ သူ့ဘဝထဲကို ရောက်အောင် လှမ်းသွားမယ်လို့ မရည်ရွယ်ခဲ့သလို အခြေအနေ အကြောင်းကြောင်းတွေကလည်း စမိတဲ့ခြေလှမ်းကို ရှေ့ဆက် မတိုးနိုင်အောင် ပိတ်ဆို့ တားဆီးပြီးသား မဟုတ်လား ။ မမ လျောက်ချင်တဲ့ လမ်းက ခြေလှမ်းမစရသေး ခင်ကတည်းက တစ်ဖက်ပိတ် လမ်းကလေး ဖြစ်နေသတဲ့ ကလေးရယ် ။


တချို့သော အဖြစ်အပျက်တွေက ဖြစ်ပြီးတာနဲ့ပျက်ရတာဘဲတဲ့ကလေးရဲ့။ မမရဲ့ ရင်ထဲမှာလည်း ကလေးအပေါ် အချစ်စိတ် ဖြစ်ပေါ်ခဲ့ပေမဲ့ ရှေ့ဆက်မရမဲ့အတူတူ ပျက်အောင် ဖျက်ပစ်ရတော့မှာပေါ့လေ ။ နုတ်ကမဖွင့်ဟရဲပေမဲ့ စိတ်ထဲကနေ ဝန်ခံပါရစေ သွေးကလေးရေ ။ မမ ရှင်လေးကို သိပ်ချစ်မိသွားပါပြီကွယ် ။


     ထို ည က စ အိပ် မ ပျော် ခြင်း တွေ က ဝေ့ ည တွေ မှာ ပျော် ကြတယ် ။


T___T___T___T___T___T___T___T___T


ခြံတံခါးကို လက်လျှိုပြီး ဖွင့်နေပေမဲ့ သွေး အကြည့်တွေက တံခါးဆီမှာ မရှိ ။ မှောင်မည်း တိတ်ဆိတ်ပြီး လူသူ အရိပ်အခြေ ကင်းမဲ့နေတဲ့ ပြတင်းတံခါးတစ်ခုဆီမှာသာ သွေးအကြည့်တို့ လည်ပြန် ကျရောက်နေသည် ။


ညက တိတ်ဆိတ်နေသည် ။ အမှောင်ထုကို အံတုထားတဲ့ လမ်းမီးတချို့ရဲ့ အလင်းရောင်ကသာ  မှိန်ပျပျလင်းလို့ ။ လမ်းမီးရောင်နဲ့အပြိုင်  သွေးစိတ်ထဲလည်း အလင်းဖျော့နေတာ ကြာပြီ ။ ဟိုတစ်နေ့က အဖြစ်အပျက်ပြီးကတည်းက မမ ဆရာမက သွေး ကို မျက်နှာခြင်းမဆိုင်တော့ ။ ဖုန်းဆက်တော့ ကိုင်သည် ။ မအားလို့ပါ အကြောင်းပြသည် ။ အကြောင်းပြချက် ကောင်းကောင်းရနေတော့လည်း သွေး စောဒကမတက်သာ ။ ကလေးတွေ စာမေးပွဲ နီးနေလို့ အချိန်ပို သင်နေရတာနဲ့ အိမ်ပြန်ချိန် မမှန်လို့ ဆိုတဲ့ အကြောင်းပြချက်များဖြင့် ညနေ ကျောင်းကြိုခွင့်လေးပါ သွေး လက်လွတ်လိုက်ရသည် ။


        ပုံမှန်အတိုင်းဆိုရင် မမ ဆရာမကို ကျောင်းကြိုပြီး အိမ်ပြန်ပို့ပြီးတာနဲ့ သွေးလည်း စာသင်အိမ်တွေ သွားရပြီ ။ညဘက် သွေး ပြန်

ရောက်လောက်သည့် အချိန်ကို သိနေတဲ့ မမ ဆရာမက သူ့အိပ်ခန်း ပြတင်းပေါက်ကနေ သွေး ပြန်အလာကို အမြဲစောင့်ကြည့်နေတတ်သည် ။ သွေးကလည်း ဆိုင်ကယ်ရပ်ပြီး အိမ်ထဲဝင်ဖို့ ခြံတံခါး မဖွင့်ခင် မမ ဆရာမရဲ့ အိပ်ခန်းကို အရင်လှမ်းကြည့်ဖြစ်သည်မှာ အပြင်က ပြန်လာတဲ့အခါတိုင်းလိုလို။ အကျင့်ကိုပါနေတော့တာ ။


     မမ အရိပ်လေး ပြတင်းမှာ တွေ့တာနဲ့သွေးလက်တွေက အလိုအလျောက်မြောက်ပြီး လက်ဝှေ့


ရမ်း နုတ်ဆက်ပြီးသား ။ မမ ကလည်း သွေးကို ပြန်ပြီး လက်ပြပါသည် ။ အိပ်ခန်းမီးရောင်ကို ကျောပေးထားပေမဲ့ ခြံထဲနဲ့ လမ်းပေါ်မှာ ထွန်းထားတဲ့မီးရောင်မှိန်ပြပြအလင်းမှာ မမ မျက်နှာပေါ်က အပြုံးရိပ်ကို ဝိုးတဝါးမြင်ရသည် ။ ဖုန်းရှိနေပါရဲ့နဲ့ ဖုန်းနဲ့ မဆက်သွယ်ဘဲလက်ဟန်ခြေဟန်နဲ့ အသံတိတ် အဆက်အသွယ် လုပ်ကြသည် ။


      မအိပ်သေးဘူးလား ဆိုတဲ့ ပုံစံမျိုး သွေးက လုပ်ပြရင် မမ ဆရာမက ခေါင်းခါပြမည် ။ ပြီးတော့ အေးတယ် မြန်မြန်ဝင်တော့ဟု လက်ဟန်နှင့် လုပ်ပြမည် ။ သွေးက ဝင်တော့မယ် မမအိပ်တော့ဟု ခြေဟန်လက်ဟန်ပြန်ပြရင် မမက ခေါင်းညိတ် တာ့တာပြပြီး ပြတင်းကနေ ပျောက်သွားမည် ။ မမ ရဲ့အိပ်ခန်းမီးလေး မှောင်ကျသွားမှ သွေးလည်းအိမ်ထဲသို့ ဝင်မည် ။


   ဘယ်သူကမှ ခိုင်းစေထားခြင်း မရှိဘဲ သွေးတို့နှစ်ယောက်သာသိတဲ့ တာဝန်ကလေးပင် ။ညတိုင်း မပျက်မကွက် ထမ်းဆောင်ခဲ့ကြတာ ။  သွေးက ညစာသင်ပြီးလို့ ပြန်လာရင် မမ ဆရာမကိုသူ့အခန်းပြတင်းကနေ သွေးကို စောင့်ကြည့်နေတာ မတွေ့ရရင် အိပ်မက်ထဲထိ သွေးက ဝမ်းနည်းနေတတ်ပြီ ။ ဟုတ်တယ် ။ အခု သွေး အိပ်မက်တွေထဲအထိ ဝမ်းနည်းနေတတ်ပြီ မမ ဆရာမရေ ။ ဘာလို့များ သွေးကိုရှောင်နေရပါသလဲ ။


မှောင်မိုက်နေတဲ့ အခန်းကို သွေး အကြာကြီး စိုက်ကြည့်နေပြီးမှ ဆိုင်ကယ်ကို မစီးတော့ဘဲ တွန်းပြီးဝင်လာခဲ့သည် ။


ခေါင်းငိုက်စ်ိုက်နဲ့ ဝင်သွားတဲ့ ကျောပြင်လေးကို အမှောင်ချထားတဲ့ အခန်းထဲက တစ်စုံတစ်ယောက်က ညတိုင်း ငေးကြည့်နေကြောင်းကိုတော့ ဘယ်သူမှ မသိခဲ့ပါ ။


"""""___"""""___"""""___"""""___"""""


"သွေးရေ... အခုတလော တမှိုင်မှိုင် တတွေတွေနဲ့ ...ကြည့်ရတာ အားမရလိုက်တာ ...ကလေးတွေ စာမေးပွဲ နီးတာနဲ့ဆရာမတွေပါ ရောပြီး အားပြတ်နေတာလား...မေမေ ဝယ်ပေးထားတဲ့ အားဆေးကော မှန်မှန်သောက်ရဲ့လားသမီး..."


  "ဟုတ် သောက်ပါတယ် မေမေရဲ့...."


      မေမေ့ကို ပြန်ဖြေပြီးတာနဲ့ သွေးမေမေ့ပခုံးပေါ် ခေါင်းလေးမှီချလိုက်သည် ။ တကယ်တော့ မေမေ့သမီးက အားပြတ်နေတာ မဟုတ်ဘူး ။ လမ်းပျောက်နေတာ မေမေရဲ့ ။ တစုံတယောက်ရဲ့ မျက်နှာပေါ်က စံပယ်တင်မှဲ့ကလေး ပါးမို့ပေါ် ခုန်ခုန်တက်သွားပုံကို အနီးကပ် မငေး ရတော့ကတည်းက မေမေ့သမီး ရှေ့ဆက်ဖို့ လမ်းပျောက်နေတာ မေမေသိရဲ့လား ။



"အားဆေးဆိုမှ သတိရတော့တယ်...မေမေ့ ဆေးတွေ ကုန်နေပြီ...သွားဝယ်ပေးမလား သမီး.... သွားနိုင်ပါ့မလား..."


"သွားနိုင်ပါတယ် မေမေရဲ့...ခုတလော အိပ်ရေးပျက်လို့ပါ... သွေး အိပ်ရေးဝဝအိပ်လိုက်ရင် ကောင်းသွားမှာစိတ်မပူပါနဲ့ ...."


အိမ်ထဲက အထွက်မှာ အကြည့်တို့ကို တဖက်ခြံနဲ့ ပိတ်ထားတဲ့ ပြတင်းတံခါးဆီသို့ ပို့မိပြန်သည် ။ ပိုင်ရှင်မရှိမှန်း သိသိရဲ့နဲ့လေ ။


     အလကား ပေးနေသလား ထင်ရလောက်အောင် တိုးဝှေ့နေတဲ့ လူအုပ်ကြီးနောက်မှာရပ်ပြီး သွေး အကြည့်တို့ကို လမ်းမဘက်သို့ ပို့ထားမိသည် ။

ကိုယ့်အလှည့်ရောက်ဖို့ အကြာကြီး စောင့်ရဦးမှာဆိုတော့ ငေးမိငေးရာ ငေးနေတဲ့ သွေးရဲ့ မြင်ကွင်းထဲသို့ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ရိပ်ဝင်ရောက်လာသည် ။


     လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ကျန်တစ်ဖက်ကို ခြေလှမ်းနဲ့ဟန်ချက်ညီညီလွဲကာ မတ်မတ်ဆန့်ဆန့် လျောက်လှမ်းလာပုံက ဟိုအရင်ကလို သိပ်ကိုကြည့်လို့ ကောင်းနေတုန်းဘဲ ။


     အစ်ကို ။ ခုတလော ခေါ်ကြည့်ဖို့ မေ့နေမိတဲ့ နာမ်စားလေး ။ အသည်းအသန် မျော်နေတုန်းက မဆုံဘဲ မမျော်လင့်တော့တဲ့ အချိန်ကျမှ မျက်နှာခြင်းဆိုင် လာဆုံနေပါရောလား ။ ခုခ်ျိန်မှာ သွေး တွေ့ချင်နေတာက တစ်ယောက် ။ တွေ့နေရတာက တစ်ယောက် ။ ကံကြမ္မာက သွေး ကို သိပ်ချစ်တယ် ထင်ပါရဲ့ ။ ချစ်စနိုးနဲ့ သိပ်ကြည်စယ်လွန်းတယ် ။


     အတွေးနွံထဲ နစ်နေတဲ့ သတိလက်လွတ်အငေးနဲ့  အကြည့်တစ်ချက်အဝှေ့တို့ ခလုတ်တိုက်မိကြသည် ။ စတွေ့စကတည်းက သွေး ကြွေခဲ့ရတဲ့ အပြုံးက တည်ကြည်တဲ့ မျက်နှာပေါ်မှာ မပွင့်တပွင့် ပွင့်သည် ။


"ညီမလေး...မတွေ့တာကြာပြီ...နေကောင်းရဲ့လား...ဆေးလာဝယ်တာလား..."


      ဆက်တိုက်ထွက်လာတဲ့ မေးခွန်းတွေကို သွေး မဖြေအားသေး ။ ရိပ်ခနဲ မြင်လိုက်ရတဲ့ အဖြူအစိမ်းဝတ် ပုံရိပ်တရိပ်ဆီကို သွေး အာရုံတို့ကပ်ငြိပါသွားသည် ။ ဒီအခ်ျိန်ဆို ကျောင်းမှာ ရှိနေမှာကို သိနေပေမဲ့ အရပ်မြင့်မြင့် အဖြူအစိမ်းဝတ်တွေမြင်ရင် လိုက်ကြည့်မိသည် ။


"ဘာဆေးဝယ်မှာလဲ ညီမလေး...မှာထားပြီးပြီလား..."


   ဟုတ်ကဲ့လို့ ကယောင်ကတန်းဖြေပြီးမှ လက်ထဲမှာ ကိုင်ထားတဲ့ စာရင်းစာရွက်ကို ပြတော့ အစ်ကိုက ရယ်ပါသည် ။


"ဟားဟား....ကိုယ့်နှမကတော့ လုပ်တော့မယ် ...ဒီတိုင်းရပ်နေရင် ကြာမှာပေါ့ ...ပေးစာရွက် အစ်ကိုဝယ်ပေးမယ်..."


     အားမကိုးတော့ပါဘူးလို့ အားတင်းထားတဲ့ကြားက စာရွက်လေးဆွဲယူသွားတာကို ငေးကြည့်နေမိသည် ။


"အအေးဖြစ်ဖြစ် သွားသောက်ကြမလား ညီမလေး...ကျွန်တော်တိုက်မယ်လေ..."


ဒီတစ်ခါတော့ သွေး ပြတ်ပြတ်သားသားပင် ခေါင်းရမ်းပြလိုက်သည် ။ ဆိုင်အပြင်ကို အတူထွက်လာရင်း အစ်ကိုက သွေးကို ငုံ့ကြည့်ပြုံးပြပြန်သည် ။


"ဘယ်လိုလဲ...ဒီအတောအတွင်း အဆင်ပြေရဲ့လား...အကူအညီလိုရင် အစ်ကို့ကို အချိန်မရွေး ဖုန်းဆက်နော် ညီမလေး..."


     ဟန်ဆောင်ကောင်းလိုက်တာလို့ စိတ်ထဲက ရေရွတ်မိသည် ။ မမ ဆရာမကို လာကြိုချိန် တွေ့နေရဲ့နဲ့တောင် နုတ်မဆက်ဘဲနဲ့များ ။ သွေးခေါ်ထားတဲ့ ဖုန်းကောလ်တွေ sms တွေကို မတွေ့ဘူးလားလို့ မေးပစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ နေပါစေ ။ ပြန်သစ်မလာတော့မဲ့အတိတ်ကို ပြန်မတူးဆွချင်တော့ပါ။

"စကားနည်းနေပါလား...ဘာတွေတွေးနေတာလဲ ညီမလေးရဲ့...ဘာလဲ ချစ်သူအသစ်တွေ ဘာတွေ တွေ့နေပြီလား.. "


မေးခွန်းဆုံးတာနဲ့ သွေးက မဆိုင်းမတွပင် ပြန်မေးမိသည် ။


"အစ်ကိုရောဟင်...."


      မျက်နှာပေါ်မှာ အရိပ်တချို့ ဖြတ်ပြေးသွားပေမဲ့ ဟန်ဆောင်ကောင်းသူပီပီ ချက်ခြင်း ထိန်းချုပ်လိုက်တာ မြင်ရသည် ။


"အစ်ကိုလား....အစ်ကိုက ဟားဟား...အချစ်သစ်...အင်း ပြောရရင် တကယ် ချစ်မိတဲ့သူ တွေ့နေပါပြီဗျာ..."


     တကယ်ချစ်မိတဲ့သူ။ အချစ်သစ် ။ထို စကားနှစ်ခွန်းက သွေး အကြားအာရုံထဲမှာ တဝဲလည်လည် ။  အစ်ကိုက အချစ်သစ် တွေ့နေပြီ တဲ့လား ။ ဒါ...ဒါဆို သွေးကကော။ သွေးရဲ့အတွေးထဲ လူတစ်ယောက် ရောက်လာပြီး အမြင်အာရုံထဲမှာ အဖြူအစိမ်းဝတ် ပုံရိပ်တစ်ရိပ်က ဖျတ်ခနဲပေါ်လာသည် ။ ဟာ ဘာလဲ ။ ဘာအတွေးကြီးလဲ ။


    မဟုတ်တာတွေတွေးမိနေသောကြောင့် အတွေးနဲ့ ပုံရိပ်တွေ ပျောက်ကွယ်သွားအောင် သွေး ဦးခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းလိုက်မိသည် ။ သို့သော် ခေါင်းမူးသွားတာဘဲ အဖတ်တင်တယ် ။ ပုံရိပ်တွေက ပျောက်ကွယ်မသွားသလို သွေး ရဲ့အကြားအာရုံထဲမှာ စကားက နှစ်ခွန်းကလည်း တဝဲလည်လည် ။တချိန်က  အစ်ကိုလို့ သွေး မြတ်မြတ်နိုးနိုး ခေါ်ဖူးတဲ့သူကို မေ့သွားတဲ့အထိ ၊ ပတ်ဝန်းကျင်ကို သတိမရတော့တဲ့အထိ သွေးရဲ့ အတွေးထဲမှာ တစုံတယောက်က နေရာယူစိုးမိုးထားတော့သည် ။


T___T___T___T___T___T___T


MSPP
1232020

အပိုင္း..၉


”ကေလးေရ...ေသြး... အိပ္ေနလား...အိပ္မေပ်ာ္ရင္ မမ မုန႔္လာပို႔တာ. လာစားလိုက္ဦး... ပူတုန္းေလး...”


ေသြး အိပ္ရာထဲမွာ ေကြးၿပီး ဖုန္းပြတ္ေနတုန္း ေအာက္ထပ္က မမ ဆရာမ ေခၚသံေၾကာင့္ ဖုန္းကို အိပ္ရာေပၚ ပစ္တင္ခဲ့ၿပီး ေအာက္ထပ္သို႔ ေျပးဆင္းလာခဲ့သည္ ။


အခုတေလာ မမ ဆရာမက ထူးဆန္းေနသလိုဘဲ။ ေသြး ကို အရိပ္တၾကၫ့္ၾကၫ့္နဲ႔ ဂရုတစိုက္ ရိွလွသည္ ။ ေသြး အျပင္ေရာက္ေနရင္ သူ အားရင္အားသလို ဖုန္းလွမ္းဆက္တတ္ၿပီး အိမ္မွာရိွေနရင္ မၾကာခဏ အေၾကာင္းရွာၿပီး လာတတ္သည္ ။ ခုလည္း မုန႔္လာပို႔တာတဲ့ ။ ေသြး ကလည္း သခင္အသံၾကားတဲ့ ေခြးကေလးလို မမ ဆရာမ အသံၾကားတာနဲ႔ ေရာက္ရာကေန ေျပးလာတတ္ေနၿပီ ။


ေလွကားရင္းမွာ ရပ္ၿပီး ေသြး ဆင္းလာတာကို ေမာ့ၾကၫ့္ေနတဲ့ မမ ဆရာမ မ်က္ႏွာကိုျမင္ေတာ့ ေသြး စခ်င္လာသည္ ။ ေလွကားထစ္ေတြကို ခုန္ဆြခုန္ဆြ ဆင္းေနရာက ေလးထစ္ေလာက္အက်န္မွာ ရုတ္တရက္ ခုန္ခ်ပစ္လိုက္သည္ ။ ရည္ရြယ္တာက မမ လန႔္ေစဖို႔ ။


တကယ္တမ္း မမ ဆရာမက ဘယ္လိုေနသည္မသိ ။ ေသြး ကေတာ့ ကိုယ့္ေျခေထာက္ေပၚကိုယ္


ရပ္တည္ဖို႔ ခက္ခဲေလာက္ေအာင္ ထိတ္လန႔္ၿပီး ရင္ေတြတုန္သြားရသည္ ။ ဟုတ္တယ္ ။ ရင္ခုန္တာ မဟုတ္ဘူး ။ မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေၾကာင့္ေသြး ရင္တုန္သြားတာ ။


    အမွန္တကယ္ ေသြး ခုန္ခ်လိုက္တာက မမ ဆရာမနဲ႔ မလွမ္းမကမ္းကို ။ သို႔ေသာ္ ေသြး ေလွကားရင္းေရာက္ခါနီးလို႔ မမ ကၿပံဳးျပၿပီး ေရ႔ွတိုးလာတဲ့အခါ ။ ေလွကား ေလးထစ္ အျမင့္ကေန အရိွန္နဲ႔ ခုန္ခ်လာတဲ့ ေသြးက ဟန္ခ်က္ပ်က္ၿပီး မမ ဆရာမရဲ့ ရင္ခြင္ထဲသို႔ တန္းတန္းမတ္မတ္ ။ ႏွစ္ေယာက္လံုး လဲက်မသြားရေအာင္ ဟန္ခ်က္ထိန္းရင္ ေသြး လက္ေတြက မမ ဆရာမရဲ့ ခါးကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားမိသည္ ။ အရပ္ကြာျခားခ်က္ေၾကာင့္ ပုတုတုေသြးရဲ့ မ်က္ႏွာက မမ ဆရာမရဲ့ အိစက္ညက္ေညာတဲ့ အသားစိုင္ေတြနဲ႔ ထိကပ္လ်က္ ။


ေသြး ရင္ထဲမွာ မိုးႀကိဳးေတြ တစ္စင္းၿပီး တစ္စင္း ပစ္ခ်ေနသလို ။ ေသြး မ်က္ႏွာအပ္မိထားတဲ့ ရပ္ဝန္းက တဒုတ္ဒုတ္ခုန္လႈပ္သံက ကမ႓ာေပၚမွာ နားဝင္အခ်ိဳဆံုး ဂီတသံလိုပင္ ။ စဉ္ဆက္မျပတ္ နားဆင္ေနခ်င္မိသည္ ။ တစံုတေယာက္ရဲ့ ရင္ခုန္သံကို အနီးကပ္ နားဆင္ဖူးတာ ေသြးအတြက္ ပထမဆံုးအႀကိမ္ပင္ ။ 

လက္လႊတ္လိုက္ေတာ့လို႔ တစံုတရာက သတိေပးေနေပမဲ့ ခႏၶာကိုယ္က ထိုအမိန႔္ကို မလိုက္နာ ။


သနပ္ခါးနံ႔နဲ႔ ေရာေနတဲ့ ကိုယ္သင္းနံ႔ေလးက ေသြးကို ညို႔ငင္ထားလိုက္တာ ။ ဒီၫွို႔ကြင္ဲးထဲကေန ေသြး လြတ္ေျမာက္သြားမွာ ေၾကာက္ေနမိသည္ ။ သိပ္ကို ခ်ိဳအီလတ္ဆတ္တဲ့ ကိုယ္သင္းနံ႔နဲ႔ သိပ္ကိုေနြးေထြးတဲ့ စိတ္ကေလး ပိုင္ဆိုင္ရေအာင္ ေရွးဘဝက ဘယ္လိုဆုေတြမ်ား ေတာင္းခဲ့သလဲ သိခ်င္စမ္းပါဘိ နတ္သက္ေႂကြေလးေရ ။


”ဟဲ့...ေသြးေရ... လုပ္လိုက္ရင္ အရာရာနဲ႔ အေၾကာင္းေၾကာင္း... ဆရာမကို တိုက္မိၿပီး နာသြားၿပီလားမသိ...လူလိုမဆင္းဘူး...

ေမ်ာက္ကေလး...”


ေမေမ့ အသံၾကားမွ ေသြးလက္ေတြက ခါးက်ဉ္က်ဉ္ကေလးကို မလႊတ္ခ်င္လႊတ္ခ်င္ ။ ကိုယ္ခ်င္းအေဝးမွာ အေနြးဓာတ္ေလး ေပ်ာက္ဆံုးသြားရံုမက ေသြး တကိုယ္လံုး ေလဟာနယ္ထဲ ေမ်ာလြင့္သြား သလိုပင္ ။လြတ္ ဟာ လစ္ လပ္ သြားလိုက္တာ ။ျဖစ္ႏိုင္ရင္ လ်ွပ္တျပက္   အျဖစ္အပ်က္ကို ရုပ္ရွင္ေတြထဲကလို စလိုးမိုးရွင္း ျပကြက္မ်ိဳးနဲ႔ အၾကာႀကီး ဆြဲဆန႔္ထားခ်င္မိသည္။


”ဘာလို႔ခုန္ခ်တာလဲ ကေလးရဲ့... ေျခေထာက္နာသြားၿပီလားမသိဘူး...

လမ္းေလ်ာက္ၾကၫ့္ပါဦး...”


    ေသြး ရည္ရြယ္သလို လန႔္သြားတယ္ ထင္ပါရဲ့ ။ မမ ဆရာမရဲ့ အသံက တုန္ရီေနသည္ ။



”ေသြး...ေသြး..က... မမ ဆရာမကို... စတာပါ...မနာပါဘူး မမ ဆရာမရဲ့... ဒီေလာက္ေတာ့ ေအးေဆးပဲ... ေသြးက ဟိုးေလွကားထိပ္ကေနေတာင္ ခုန္ခ်ေနက်...”


  စကားေျပာတဲ့ အသံက ထစ္အေနသေလာက္

ေသြး ရင္ခုန္သံက ေခ်ာေမာေျဖာင့္တန္းလို႔ ။


”စ စရာ ရွားလို႔ဟယ္...က်ိဳးပဲ့ကုန္မွဟုတ္ေပ့ျဖစ္ေနမယ္...”


မဆူသာ ဆူသာ ဆူရင္း ေဝ သူ႔ေခါင္းကို ခပ္ဖြဖြေခါက္ရင္း မ်က္ေစာင္းထိုးပစ္လိုက္မိသည္ ။ သူ႔အျပစ္နဲ႔သူမို႔ ဇက္ကေလးပုၿပီး လ်ွာတစ္လစ္ထုတ္လိုက္ပံုက ခ်စ္စဖြယ္ ။  သူ႔ေမေမကေတာ့ ေဝ တို႔ကို ၾကၫ့္ၿပီး ရယ္ေနသည္ ။ 


”အဲ့ကေလးက အဲ့လိုဘဲ သမီးေရ...တစက္ကေလးမွ အၿငိမ္မေနဘူး...သူ အိမ္မွာရိွေနရင္ ေတြ့တဲ့လူကို လိုက္စေနတာ...”


”ဟုတ္ကဲ့ အန္တီ...ေဝ လည္း သူ စလြန္းလို႔ ရိုးေနပါၿပီ...အခုဟာက ရုတ္တရက္ မို႔...”


ေဝ မ်က္ေစာင္းထပ္ထိုးေတာ့ သူက မ်က္ႏွာရဲရဲကေလးနဲ႔ ရယ္ေနသည္ ။ ဟန္ကိုယ့္ဖို႔ ထိန္းရင္း စကားေတြ ေျပာေနေပမဲ့ ေဝ့ရင္ထဲမွာ မၿငိမ္သက္ေနတာေတာ့ ေဝ တစ္ေယာက္သာသိသည္ ။


ေလွကားကေန အရိွန္နဲ႔ က်လာတဲ့ သူ႔ကို က်ိဳးပဲ့သြားမွာ ေဝ ကသာ စိုးရိမ္ေနတာ ။ တကယ္တမ္း က်ိဳးပဲ့သြားတာက သူ မဟုတ္။ေဝ သာ။ ေဝ့ ရင္ထဲမွာ တသက္လံုး  သိမ္းဆည္းထားတဲ့ အခ်စ္တာတမံ က်ိဳးသြားေလၿပီ ။


ေဝက သူ႔ကို ထိခိုက္သြားမွာ စိုးရိမ္ေနတာ ။ တကယ္တမ္း ထိခိုက္သြားတာက ေဝ ကိုယ္တိုင္သာ ။ ဟုတ္တယ္ ။ သူ႔ အျပဳအမူ၊ အေျပာအဆို ေတြကို ခ်စ္စႏိုးျဖစ္ၿပီး အရိပ္တၾကၫ့္ ရိွခဲ့ေပမဲ့ အခု ရုတ္တရက္ အထိအေတြ့မွာ ေဝ ႏွလံုးခိုက္သြားၿပီ ။ ႏွလံုးသားက သတင္းပို႔ခ်က္ကို ဦးေဏွာက္က အႀကိမ္ႀကိမ္ျငင္းပယ္ခဲ့ေပမဲ့ အခုေတာ့ လ်ွပ္ျပက္သလို ျဖစ္သြားတဲ့ အျဖစ္အပ်က္မွာ ေဝ့အတြင္းစိတ္ရင္းတို႔ ဖံုးဖိမရေတာ့ ။ ဟုတ္တယ္ ။ ခ်စ္တယ္ ။ ေဝ က။ အိႁႏၵေသိကၡာႀကီးတဲ့ ေက်ာင္းဆရာမေလး ေဝက၊ ကမ္းတဲ့လက္တိုင္းကို မ်က္ကြယ္ျပဳႏိုင္ခဲ့တဲ့ ေဝ က၊ မိန္းမသားတစ္ေယာက္ျဖစ္တဲ့ ေဝ က ေဝ့လိုဘဲ မိန္းကေလးတစ္ေယာက္ျဖစ္တဲ့ ေဝ့ ထက္လည္း အသက္ငယ္တဲ့ ဝါေရႊေသြးဆိုတဲ့ ကေလးမေလးကို သိပ္ကို ခ်စ္မိေနခဲ့ပါၿပီ ။


ခ်စ္တယ္ဆိုတဲ့ ေျခတလွမ္းေလး ေရ႔ွတိုးမိယံုပါ။ သူ႔ဘဝထဲကို ေရာက္ေအာင္ လွမ္းသြားမယ္လို႔ မရည္ရြယ္ခဲ့သလို အေျခအေန အေၾကာင္းေၾကာင္းေတြကလည္း စမိတဲ့ေျခလွမ္းကို ေရ႔ွဆက္ မတိုးႏိုင္ေအာင္ ပိတ္ဆို႔ တားဆီးၿပီးသား မဟုတ္လား ။ မမ ေလ်ာက္ခ်င္တဲ့ လမ္းက ေျခလွမ္းမစရေသး ခင္ကတည္းက တစ္ဖက္ပိတ္ လမ္းကေလး ျဖစ္ေနသတဲ့ ကေလးရယ္ ။


တခ်ိဳ႕ေသာ အျဖစ္အပ်က္ေတြက ျဖစ္ၿပီးတာနဲ႔ပ်က္ရတာဘဲတဲ့ကေလးရဲ့။ မမရဲ့ ရင္ထဲမွာလည္း ကေလးအေပၚ အခ်စ္စိတ္ ျဖစ္ေပၚခဲ့ေပမဲ့ ေရ႔ွဆက္မရမဲ့အတူတူ ပ်က္ေအာင္ ဖ်က္ပစ္ရေတာ့မွာေပါ့ေလ ။ ႏုတ္ကမဖြင့္ဟရဲေပမဲ့ စိတ္ထဲကေန ဝန္ခံပါရေစ ေသြးကေလးေရ ။ မမ ရွင္ေလးကို သိပ္ခ်စ္မိသြားပါၿပီကြယ္ ။


     ထို ည က စ အိပ္ မ ေပ်ာ္ ျခင္း ေတြ က ေဝ့ ည ေတြ မွာ ေပ်ာ္ ၾကတယ္ ။


T___T___T___T___T___T___T___T___T


ၿခံတံခါးကို လက္လ်ိႈၿပီး ဖြင့္ေနေပမဲ့ ေသြး အၾကၫ့္ေတြက တံခါးဆီမွာ မရိွ ။ ေမွာင္မည္း တိတ္ဆိတ္ၿပီး လူသူ အရိပ္အေျခ ကင္းမဲ့ေနတဲ့ ျပတင္းတံခါးတစ္ခုဆီမွာသာ ေသြးအၾကၫ့္တို႔ လည္ျပန္ က်ေရာက္ေနသည္ ။


ညက တိတ္ဆိတ္ေနသည္ ။ အေမွာင္ထုကို အံတုထားတဲ့ လမ္းမီးတခ်ိဳ႕ရဲ့ အလင္းေရာင္ကသာ  မိွန္ပ်ပ်လင္းလို႔ ။ လမ္းမီးေရာင္နဲ႔အၿပိဳင္  ေသြးစိတ္ထဲလည္း အလင္းေဖ်ာ့ေနတာ ၾကာၿပီ ။ ဟိုတစ္ေန့က အျဖစ္အပ်က္ၿပီးကတည္းက မမ ဆရာမက ေသြး ကို မ်က္ႏွာျခင္းမဆိုင္ေတာ့ ။ ဖုန္းဆက္ေတာ့ ကိုင္သည္ ။ မအားလို႔ပါ အေၾကာင္းျပသည္ ။ အေၾကာင္းျပခ်က္ ေကာင္းေကာင္းရေနေတာ့လည္း ေသြး ေစာဒကမတက္သာ ။ ကေလးေတြ စာေမးပြဲ နီးေနလို႔ အခ်ိန္ပို သင္ေနရတာနဲ႔ အိမ္ျပန္ခ်ိန္ မမွန္လို႔ ဆိုတဲ့ အေၾကာင္းျပခ်က္မ်ားျဖင့္ ညေန ေက်ာင္းႀကိဳခြင့္ေလးပါ ေသြး လက္လြတ္လိုက္ရသည္ ။


        ပံုမွန္အတိုင္းဆိုရင္ မမ ဆရာမကို ေက်ာင္းႀကိဳၿပီး အိမ္ျပန္ပို႔ၿပီးတာနဲ႔ ေသြးလည္း စာသင္အိမ္ေတြ သြားရၿပီ ။ညဘက္ ေသြး ျပန္

ေရာက္ေလာက္သၫ့္ အခ်ိန္ကို သိေနတဲ့ မမ ဆရာမက သူ႔အိပ္ခန္း ျပတင္းေပါက္ကေန ေသြး ျပန္အလာကို အၿမဲေစာင့္ၾကၫ့္ေနတတ္သည္ ။ ေသြးကလည္း ဆိုင္ကယ္ရပ္ၿပီး အိမ္ထဲဝင္ဖို႔ ၿခံတံခါး မဖြင့္ခင္ မမ ဆရာမရဲ့ အိပ္ခန္းကို အရင္လွမ္းၾကၫ့္ျဖစ္သည္မွာ အျပင္က ျပန္လာတဲ့အခါတိုင္းလိုလို။ အက်င့္ကိုပါေနေတာ့တာ ။


     မမ အရိပ္ေလး ျပတင္းမွာ ေတြ့တာနဲ႔ေသြးလက္ေတြက အလိုအေလ်ာက္ေျမာက္ၿပီး လက္ေဝ႔ွ


ရမ္း ႏုတ္ဆက္ၿပီးသား ။ မမ ကလည္း ေသြးကို ျပန္ၿပီး လက္ျပပါသည္ ။ အိပ္ခန္းမီးေရာင္ကို ေက်ာေပးထားေပမဲ့ ၿခံထဲနဲ႔ လမ္းေပၚမွာ ထြန္းထားတဲ့မီးေရာင္မိွန္ျပျပအလင္းမွာ မမ မ်က္ႏွာေပၚက အၿပံဳးရိပ္ကို ဝိုးတဝါးျမင္ရသည္ ။ ဖုန္းရိွေနပါရဲ့နဲ႔ ဖုန္းနဲ႔ မဆက္သြယ္ဘဲလက္ဟန္ေျခဟန္နဲ႔ အသံတိတ္ အဆက္အသြယ္ လုပ္ၾကသည္ ။


      မအိပ္ေသးဘူးလား ဆိုတဲ့ ပံုစံမ်ိဳး ေသြးက လုပ္ျပရင္ မမ ဆရာမက ေခါင္းခါျပမည္ ။ ၿပီးေတာ့ ေအးတယ္ ျမန္ျမန္ဝင္ေတာ့ဟု လက္ဟန္ႏွင့္ လုပ္ျပမည္ ။ ေသြးက ဝင္ေတာ့မယ္ မမအိပ္ေတာ့ဟု ေျခဟန္လက္ဟန္ျပန္ျပရင္ မမက ေခါင္းညိတ္ တာ့တာျပၿပီး ျပတင္းကေန ေပ်ာက္သြားမည္ ။ မမ ရဲ့အိပ္ခန္းမီးေလး ေမွာင္က်သြားမွ ေသြးလည္းအိမ္ထဲသို႔ ဝင္မည္ ။


   ဘယ္သူကမွ ခိုင္းေစထားျခင္း မရိွဘဲ ေသြးတို႔ႏွစ္ေယာက္သာသိတဲ့ တာဝန္ကေလးပင္ ။ညတိုင္း မပ်က္မကြက္ ထမ္းေဆာင္ခဲ့ၾကတာ ။  ေသြးက ညစာသင္ၿပီးလို႔ ျပန္လာရင္ မမ ဆရာမကိုသူ႔အခန္းျပတင္းကေန ေသြးကို ေစာင့္ၾကၫ့္ေနတာ မေတြ့ရရင္ အိပ္မက္ထဲထိ ေသြးက ဝမ္းနည္းေနတတ္ၿပီ ။ ဟုတ္တယ္ ။ အခု ေသြး အိပ္မက္ေတြထဲအထိ ဝမ္းနည္းေနတတ္ၿပီ မမ ဆရာမေရ ။ ဘာလို႔မ်ား ေသြးကိုေရွာင္ေနရပါသလဲ ။


ေမွာင္မိုက္ေနတဲ့ အခန္းကို ေသြး အၾကာႀကီး စိုက္ၾကၫ့္ေနၿပီးမွ ဆိုင္ကယ္ကို မစီးေတာ့ဘဲ တြန္းၿပီးဝင္လာခဲ့သည္ ။


ေခါင္းငိုက္စ္ိုက္နဲ႔ ဝင္သြားတဲ့ ေက်ာျပင္ေလးကို အေမွာင္ခ်ထားတဲ့ အခန္းထဲက တစ္စံုတစ္ေယာက္က ညတိုင္း ေငးၾကၫ့္ေနေၾကာင္းကိုေတာ့ ဘယ္သူမွ မသိခဲ့ပါ ။


"""""___"""""___"""""___"""""___"""""


"ေသြးေရ... အခုတေလာ တမိႈင္မိႈင္ တေတြေတြနဲ႔ ...ၾကၫ့္ရတာ အားမရလိုက္တာ ...ကေလးေတြ စာေမးပြဲ နီးတာနဲ႔ဆရာမေတြပါ ေရာၿပီး အားျပတ္ေနတာလား...ေမေမ ဝယ္ေပးထားတဲ့ အားေဆးေကာ မွန္မွန္ေသာက္ရဲ့လားသမီး..."


  "ဟုတ္ ေသာက္ပါတယ္ ေမေမရဲ့...."


      ေမေမ့ကို ျပန္ေျဖၿပီးတာနဲ႔ ေသြးေမေမ့ပခံုးေပၚ ေခါင္းေလးမွီခ်လိုက္သည္ ။ တကယ္ေတာ့ ေမေမ့သမီးက အားျပတ္ေနတာ မဟုတ္ဘူး ။ လမ္းေပ်ာက္ေနတာ ေမေမရဲ့ ။ တစံုတေယာက္ရဲ့ မ်က္ႏွာေပၚက စံပယ္တင္မွဲ႔ကေလး ပါးမို႔ေပၚ ခုန္ခုန္တက္သြားပံုကို အနီးကပ္ မေငး ရေတာ့ကတည္းက ေမေမ့သမီး ေရ႔ွဆက္ဖို႔ လမ္းေပ်ာက္ေနတာ ေမေမသိရဲ့လား ။



"အားေဆးဆိုမွ သတိရေတာ့တယ္...ေမေမ့ ေဆးေတြ ကုန္ေနၿပီ...သြားဝယ္ေပးမလား သမီး.... သြားႏိုင္ပါ့မလား..."


"သြားႏိုင္ပါတယ္ ေမေမရဲ့...ခုတေလာ အိပ္ေရးပ်က္လို႔ပါ... ေသြး အိပ္ေရးဝဝအိပ္လိုက္ရင္ ေကာင္းသြားမွာစိတ္မပူပါနဲ႔ ...."


အိမ္ထဲက အထြက္မွာ အၾကၫ့္တို႔ကို တဖက္ၿခံနဲ႔ ပိတ္ထားတဲ့ ျပတင္းတံခါးဆီသို႔ ပို႔မိျပန္သည္ ။ ပိုင္ရွင္မရိွမွန္း သိသိရဲ့နဲ႔ေလ ။


     အလကား ေပးေနသလား ထင္ရေလာက္ေအာင္ တိုးေဝ႔ွေနတဲ့ လူအုပ္ႀကီးေနာက္မွာရပ္ၿပီး ေသြး အၾကၫ့္တို႔ကို လမ္းမဘက္သို႔ ပို႔ထားမိသည္ ။

ကိုယ့္အလွၫ့္ေရာက္ဖို႔ အၾကာႀကီး ေစာင့္ရဦးမွာဆိုေတာ့ ေငးမိေငးရာ ေငးေနတဲ့ ေသြးရဲ့ ျမင္ကြင္းထဲသို႔ ရင္းႏွီးေနတဲ့ ပံုရိပ္တစ္ရိပ္ဝင္ေရာက္လာသည္ ။


     လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထၫ့္ၿပီး က်န္တစ္ဖက္ကို ေျခလွမ္းနဲ႔ဟန္ခ်က္ညီညီလြဲကာ မတ္မတ္ဆန႔္ဆန႔္ ေလ်ာက္လွမ္းလာပံုက ဟိုအရင္ကလို သိပ္ကိုၾကၫ့္လို႔ ေကာင္းေနတုန္းဘဲ ။


     အစ္ကို ။ ခုတေလာ ေခၚၾကၫ့္ဖို႔ ေမ့ေနမိတဲ့ နာမ္စားေလး ။ အသည္းအသန္ ေမ်ာ္ေနတုန္းက မဆံုဘဲ မေမ်ာ္လင့္ေတာ့တဲ့ အခ်ိန္က်မွ မ်က္ႏွာျခင္းဆိုင္ လာဆံုေနပါေရာလား ။ ခုခ္်ိန္မွာ ေသြး ေတြ့ခ်င္ေနတာက တစ္ေယာက္ ။ ေတြ့ေနရတာက တစ္ေယာက္ ။ ကံၾကမၼာက ေသြး ကို သိပ္ခ်စ္တယ္ ထင္ပါရဲ့ ။ ခ်စ္စႏိုးနဲ႔ သိပ္ၾကည္စယ္လြန္းတယ္ ။


     အေတြးႏြံထဲ နစ္ေနတဲ့ သတိလက္လြတ္အေငးနဲ႔  အၾကၫ့္တစ္ခ်က္အေဝ႔ွတို႔ ခလုတ္တိုက္မိၾကသည္ ။ စေတြ့စကတည္းက ေသြး ေႂကြခဲ့ရတဲ့ အၿပံဳးက တည္ၾကည္တဲ့ မ်က္ႏွာေပၚမွာ မပြင့္တပြင့္ ပြင့္သည္ ။


"ညီမေလး...မေတြ့တာၾကာၿပီ...ေနေကာင္းရဲ့လား...ေဆးလာဝယ္တာလား..."


      ဆက္တိုက္ထြက္လာတဲ့ ေမးခြန္းေတြကို ေသြး မေျဖအားေသး ။ ရိပ္ခနဲ ျမင္လိုက္ရတဲ့ အျဖဴအစိမ္းဝတ္ ပံုရိပ္တရိပ္ဆီကို ေသြး အာရံုတို႔ကပ္ၿငိပါသြားသည္ ။ ဒီအခ္်ိန္ဆို ေက်ာင္းမွာ ရိွေနမွာကို သိေနေပမဲ့ အရပ္ျမင့္ျမင့္ အျဖဴအစိမ္းဝတ္ေတျြမင္ရင္ လိုက္ၾကၫ့္မိသည္ ။


"ဘာေဆးဝယ္မွာလဲ ညီမေလး...မွာထားၿပီးၿပီလား..."


   ဟုတ္ကဲ့လို႔ ကေယာင္ကတန္းေျဖၿပီးမွ လက္ထဲမွာ ကိုင္ထားတဲ့ စာရင္းစာရြက္ကို ျပေတာ့ အစ္ကိုက ရယ္ပါသည္ ။


"ဟားဟား....ကိုယ့္ႏွမကေတာ့ လုပ္ေတာ့မယ္ ...ဒီတိုင္းရပ္ေနရင္ ၾကာမွာေပါ့ ...ေပးစာရြက္ အစ္ကိုဝယ္ေပးမယ္..."


     အားမကိုးေတာ့ပါဘူးလို႔ အားတင္းထားတဲ့ၾကားက စာရြက္ေလးဆြဲယူသြားတာကို ေငးၾကၫ့္ေနမိသည္ ။


"အေအးျဖစ္ျဖစ္ သြားေသာက္ၾကမလား ညီမေလး...ကြၽန္ေတာ္တိုက္မယ္ေလ..."


ဒီတစ္ခါေတာ့ ေသြး ျပတ္ျပတ္သားသားပင္ ေခါင္းရမ္းျပလိုက္သည္ ။ ဆိုင္အျပင္ကို အတူထြက္လာရင္း အစ္ကိုက ေသြးကို ငံု႔ၾကၫ့္ၿပံဳးျပျပန္သည္ ။


"ဘယ္လိုလဲ...ဒီအေတာအတြင္း အဆင္ေျပရဲ့လား...အကူအညီလိုရင္ အစ္ကို႔ကို အခ်ိန္မေရြး ဖုန္းဆက္ေနာ္ ညီမေလး..."


     ဟန္ေဆာင္ေကာင္းလိုက္တာလို႔ စိတ္ထဲက ေရရြတ္မိသည္ ။ မမ ဆရာမကို လာႀကိဳခ်ိန္ ေတြ့ေနရဲ့နဲ႔ေတာင္ ႏုတ္မဆက္ဘဲနဲ႔မ်ား ။ ေသြးေခၚထားတဲ့ ဖုန္းေကာလ္ေတြ sms ေတြကို မေတြ့ဘူးလားလို႔ ေမးပစ္လိုက္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။ ေနပါေစ ။ ျပန္သစ္မလာေတာ့မဲ့အတိတ္ကို ျပန္မတူးဆြခ်င္ေတာ့ပါ။

"စကားနည္းေနပါလား...ဘာေတြေတြးေနတာလဲ ညီမေလးရဲ့...ဘာလဲ ခ်စ္သူအသစ္ေတြ ဘာေတြ ေတြ့ေနၿပီလား.. "


ေမးခြန္းဆံုးတာနဲ႔ ေသြးက မဆိုင္းမတြပင္ ျပန္ေမးမိသည္ ။


"အစ္ကိုေရာဟင္...."


      မ်က္ႏွာေပၚမွာ အရိပ္တခ်ိဳ႕ ျဖတ္ေျပးသြားေပမဲ့ ဟန္ေဆာင္ေကာင္းသူပီပီ ခ်က္ျခင္း ထိန္းခ်ဳပ္လိုက္တာ ျမင္ရသည္ ။


"အစ္ကိုလား....အစ္ကိုက ဟားဟား...အခ်စ္သစ္...အင္း ေျပာရရင္ တကယ္ ခ်စ္မိတဲ့သူ ေတြ့ေနပါၿပီဗ်ာ..."


     တကယ္ခ်စ္မိတဲ့သူ။ အခ်စ္သစ္ ။ထို စကားႏွစ္ခြန္းက ေသြး အၾကားအာရံုထဲမွာ တဝဲလည္လည္ ။  အစ္ကိုက အခ်စ္သစ္ ေတြ့ေနၿပီ တဲ့လား ။ ဒါ...ဒါဆို ေသြးကေကာ။ ေသြးရဲ့အေတြးထဲ လူတစ္ေယာက္ ေရာက္လာၿပီး အျမင္အာရံုထဲမွာ အျဖဴအစိမ္းဝတ္ ပံုရိပ္တစ္ရိပ္က ဖ်တ္ခနဲေပၚလာသည္ ။ ဟာ ဘာလဲ ။ ဘာအေတြးႀကီးလဲ ။


    မဟုတ္တာေတြေတြးမိေနေသာေၾကာင့္ အေတြးနဲ႔ ပံုရိပ္ေတြ ေပ်ာက္ကြယ္သြားေအာင္ ေသြး ဦးေခါင္းကို ခပ္ၾကမ္းၾကမ္းခါရမ္းလိုက္မိသည္ ။ သို႔ေသာ္ ေခါင္းမူးသြားတာဘဲ အဖတ္တင္တယ္ ။ ပံုရိပ္ေတြက ေပ်ာက္ကြယ္မသြားသလို ေသြး ရဲ့အၾကားအာရံုထဲမွာ စကားက ႏွစ္ခြန္းကလည္း တဝဲလည္လည္ ။တခ်ိန္က  အစ္ကိုလို႔ ေသြး ျမတ္ျမတ္ႏိုးႏိုး ေခၚဖူးတဲ့သူကို ေမ့သြားတဲ့အထိ ၊ ပတ္ဝန္းက်င္ကို သတိမရေတာ့တဲ့အထိ ေသြးရဲ့ အေတြးထဲမွာ တစံုတေယာက္က ေနရာယူစိုးမိုးထားေတာ့သည္ ။


T___T___T___T___T___T___T


MSPP
1232020

Comment