ဒီလိုနဲ့ ကျောင်းတက်ရတာ တစ်လဆိုတဲ့အချိန်တောင် ဘယ်လိုကုန်မှန်းမသိကုန်လာခဲ့တယ် ဆောင်းနဲ့ ဆရာမတို့လဲ ပုံမှန်ထက် ရင်နှီးလာခဲ့တယ် ဆောင်းရဲ့ နှလုံးသားက ပြောင်းလဲနေသည်ကိုတော့ ဆောင်းကိုယ်တိုင် သတိမထားမိပေ
'ဆောင်း ငါတို့ ကျူရှင်ယူရအောင်'ဒါဒါက ပြောလာတယ်ဆိုရင်ပဲ
ဆောင်းက
' ငါ နှစ်ဘာသာပဲ ယူမှာ အင်္ဂလိပ်နဲ့ သင်္ချာပဲ ယူမှာ'
'ငါကတော့ မြန်မာတစ်ဘာသာပဲ မယူမှာ ကျန်တဲ့ငါးဘာသာယူမှာ '
'ငါလဲ နှစ်ဘာသာပဲ ယူမှာ ဆောင်းလိုပဲ'မိုးကပြောတော့
'ဟင် ငါတစ်ယောက်ထဲ ငါးဘာသာကြီးလား အာ့ဆို ငါလဲ နှစ်ဘာသာပဲ ယူမယ်'ဒါဒါက ပြောလိုက်တယ်
'အေးပါ နင့်သဘော အဆင်ပြေသလိုလုပ် ဒါနဲ့ ငါတို့ ဘယ်ကျူရှင်တက်ရမလဲ မသိ'မိုးက မေးလိုက်တော့
'ငါတို့လမ်းထဲမှာ ဒီနှစ်မှ စဖွင့်တဲ့ ကျူရှင်တစ်ခုရှိတယ်ဟ ငါတို့အဲ့မှာပဲ တက်မလား'
ဆောင်းက ကျောင်းလာရင်လမ်းထိပ်မှာ တွေ့တဲ့ ကျူရှင်ဆိုင်းဘုတ်ကို နေ့တိုင်းမြင်တွေ့ရတော့ ကျောင်းတက်လာရင်းလဲ အဆင်ပြေ သုံးယောက်လုံးရဲ့ အိမ်နဲ့လဲ မဝေးလှတာမို့ အာ့ကျူရှင်ကိုပဲ ရွေးချယ်ခဲ့တယ်
'အေးလေ အာ့ဆို ဆောင်းပြောသလိုပဲ တက်ကြတာပေါ့'
ကျောင်းဆင်းတယ်ဆို
'ရေမိုးချိုးပြီး မိဘတွေခေါ်ပြီး လာခဲ့နော် ကျူရှင်သွားအပ်ရအောင် ငါ အိမ်ကစောင့်နေမယ်' ဆောင်းကဆိုလိုက်တော့..
'အေးအေး အာ့ဆိုစောင့်နေ ပြီးမှ ဆုံမယ် တာ့တာ'
'တာ့တာ'
သူငယ်ချင်းသုံးယောက် တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကာ ဆောင်းအိမ်သို့ ပြန်လာခဲ့တယ် မေမေ့ကို အကျိုးအကြောင်းပြောပြီး ရေမိုးချိုးက ဒါဒါတို့ အလာကို စာအုပ်လေးဖတ်ရင်း စောင့်နေလိုက်တယ်...
'ဆောင်းရေ ငါတို့ရောက်ပြီနော်...'
မိုးတို့အိမ်နဲ့ဒါဒါတို့အိမ်က ဘေးချင်းကပ်ရက်ဆိုတော့ အတူရောက်လာခဲ့ကြတယ်
'ဪသမီးတို့ရောက်ပြီလား လာ ဝင် ယမင်းတို့ရော ထိုင်ကြ ဆောင်းက ပြီးတာကြာပေါ့ စာဖတ်နေလေတယ်'
'ဆောင်းရေ သမီး သမီးသူငယ်ချင်းတွေ ရောက်လာပြီနော်'
'ဟုတ်ကဲ့ မေမေ သမီးလာပြီ'ဆောင်းလဲ စာအုပ်ကို လက်မှ ချကာအောက်သို့ဆင်းလာခဲ့သည်။
'ကြာလိုက်တာ နင်တို့က'
'ဒီ့ထက်မြန်ရရင်လဲ ကျွန်မတို့လက် ပန်ကာတပ်ရုံရှိတော့တယ် ' မိုးက ပြောလိုက်တယ်ဆိုရင်ပဲ
အားလုံးက ရယ်နေကြတယ်
'ကဲ သူငယ်ချင်းတွေ ပြီးမှ စကားများကြ မေမေတို့ အလုပ်ရှိသေးတယ် ကျူရှင် အရင်သွားအပ်ရေအောင်'
ဒေါ်ခင်မာလာ ဒါဒါရဲ့ အမေက ပြောတယ်ဆို ဆောင်းတို့ ခြောက်ယောက်ကျူရှင်ကို လာခဲ့ကြတယ်
သုံးထပ်အဆောင်ရဲ့ ခြံထဲ မဝင်ခင် ဒေါ်ခင်မာလာ ခြံရှေ့တံခါးမှာရှိတဲ့ခေါင်းလောင်းလေးတီးလိုက်တယ်
ထိုအခါ ခြံထဲမှ ခြံစောင့်လို့ ထင်ရတဲ့ ဦးလေးတစ်ယောက်ထွက်လာခဲ့တယ်
'ဘာကိစ္စရှိလို့လဲခင်ဗျ'
မေမေက ဆိုင်ဘုတ်ကို ထိုးပြပြီး
'ကျူရှင်ခေါ်တယ်ဆိုလို့ ကျူရှင်လာအပ်တာပါ'
'ဪ...ဟုတ်ကဲ့ ဝင်ခဲ့ခင်ဗျ' ခြံစောင့်ဦးလေးကြီးကရှေ့ကနေ လမ်းပြသွားတဲ့အတိုင်းဆောင်းတို့တွေ နောက်ကလိုက်ခဲ့တယ် သုံးထပ်တိုက်ရဲ့ မြေညီထပ်မှ အခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့တယ် blackboardနဲ့ စာရေးခုံအနည်းငယ်သာရှိတာမို့ ဆောင်းစိတ်ထဲတွေးလိုက်မိတယ် လူအနည်းငယ်ပဲခေါ်တာထင်တယ် ပြည့်များပြည့်နေပြီလားမသိဆိုပြီး
'အမကြီးတို့ ခနထိုင်အုံးနော် ကျွန်တော်ဆရာမသွားခေါ်လိုက်အုံးမယ် သူက အပေါ်ထပ်မှာနေတာ'
'ဪ...' ဆိုပြီး ထိုဦးလေးထွက်သွားတဲ့နောက်ကို ဆောင်းတို့ကြည့်နေလိုက်တယ်
ခနနေတော့ ရင်းနှီးတဲ့ မျက်နှာလေးကိုမြင်လိုက်ရတယ်
"ဟင် တို့အတန်းပိုင်းပဲ"ဆိုပြီး ဆောင်းတွေးလိုက်မိတယ် ဒါဒါတို့ရောပင် ထိုသိုပဲတွေးနေလေပြီမလားပဲ
"ဪ...ကျူရှင်လာအပ်တယ်ဆိုလို့ ဘယ်သူများလဲလို့ ဆရာမကလေးတွေပဲ မိဘတွေရော ခေါ်လာတာကို အန်တီတို့ရော ထိုင်ကြအုံး စောင့်နေရတာ အားနာစရာတွေဖြစ်ကုန်ပြီ'
'ရပါတယ် ဆရာမရဲ့ ဆရာမက သမီးဆောင်းတို့နဲ့ သိတာလား'
'ဟုတ်ကဲ့ သူတို့တွေက ကျွန်မအတန်းကလေ'
'ဆရာမက ငယ်ငယ်ချောချောလေးပဲ အာ့မို့ဆောင်းက အမြဲပြောနေတာ သမီးတို့အတန်းပိုင်က ငယ်ငယ်ချောချောလေးတဲ့စာသင်ကလဲ အရမ်းကောင်းတာတဲ့ နေ့တိုင်း ဆရာမကို ချီးမွမ်းခန်းဖွင့်နေတာ' ဒေါ်ယဉ်နွယ်ပြောတော့
မိုးမေမေဒေါ်ယမင်းကပါ
'ဆောင်းလေးပြောတာလဲ မပြောနဲ့ ဆရာမက ဆောင်းပြောသလိုပဲကို' ထိုသို့ပြောပြီး အားလုံးရယ်နေကြလေတယ် ဆရာမကတော့ ရှက်လို့ထင်တယ် ပါးလေးတွေကို ရဲနေတာ ဆောင်းသတိထားမိတယ်
'မေမေကလဲ ဆရာမရှေ့မှာ လျှောက်ပြောနေ' ဆောင်းက နှုတ်ခမ်းလေးစူပြီး ပြောလိုက်တယ် ဆရာမကို ကြည့်တော့ သူမကိုပြုံးပြီးကြည့်နေလေတယ်
'သမီးတို့က ဘယ်ဘာသာယူမှာလဲ ဘာသာစုံယူမှာလား'
'သမီးတို့ အင်္ဂလိပ်နဲ့ သင်္ချာနှစ်ဘာသာပဲ ယူမှာရှင့်' ဆောင်းပြောလိုက်တယ်
'ဟုတ်ပါပြီ ဆရာမအချိန်ကြည့်ပေးမယ်နော် သမီးတို့အဆင်ပြေမယ့်အချိန်'
'ဟုတ်ကဲ့'
'ဆရာမက အတန်းသားအများကြီးမခေါ်ဘူး သုံးလေးယောက်ပဲ ခေါ်မယ်လိုတွေးထားတာ သမီးတို့ကသုံးယောက်ဆိုတော့ ဆရာမနောက်ထပ် မခေါ်တော့ဘူး'
'ဟုတ်ကဲ့ ဆရာမ အဆင်ပြေရင် ပြီးတာပဲရှင့် သမီးတို့က အဆင်ပြေတယ်ရှင့်'မိုးဝင်ပြောလိုက်တယ်
'အဲ့ဒါဆို ကျူရှင်ချိန်ကို ညနေ ၅နာရီကနေ ည၉နာရီထိ ခေါ်ချင်တယ် အဆင်ပြေမလား သမီးတို့အိမ်တွေနဲ့ ဝေးလား'
'မဝေးဘူးရှင့် အနီးလေး သမီးတို့အဆင်ပြေပါတယ် ဟိုးဘက်လေးငါးအိမ်ကျော်က သမီးတို့အိမ်လေ နည်းနည်းအကွာက မိုးတို့အိမ်' ဆောင်းဝင်ပြောလိုက်တယ်
'အဲ့ဒါဆို ဆရာမတို့ ခုပြောတဲ့အချိန်ပဲ သင်ကြတာပေါ့ အန်တီတို့ရော အဆင်ပြေမယ်ထင်တယ်'
'ဟုတ်ကဲ့ ရပါတယ် သမီးတို့ကို ဂရုစိုက်ပေးပ့ါအုံးဆရာမရေ ကျောင်းမှာရော ကျူရှင်မှာရော သူတို့သုံးယောက်က ဆုံရင် တအားဂျစ်တာ ဆရာမရဲ့' ဒေါ်ယဉ်နွယ်ဆိုတော့ ဆောင်းက
'မေမေကလဲ ရှောက်ပြောပြန်ပြီ'
ဆောင်းဆရာမကိုကြည့်လိုက်တော့ ဆောင်းကိုပြုံးပြီးကြည့်နေလေတယ် ဆရာမ တစ်ခါပြုံးတိုင်း ဆောင်းရဲ့ ရင်ဘက်ထဲက အကောင်ပေါက်လေးက အခုန်မြန်တာကို ဆောင်းအပြင်ဘယ်သူ့မှ မသိပါ ဘာအတွက်ကြောင့်လဲဆိုတာလဲ ဆောင်းကိုယ်တိုင်မသိ
ဆောင်းတို့ ဆရာမနဲ့ အားလုံးပြောပြီး အိမ်ကိုပြန်လာခဲ့တယ်
ဆောင်းမေမေတို့တွေ အိမ်အောက်မှာ စကားပြောနေကြတယ် ဆောင်းတို့ သူငယ်ချင်းသုံးယောက်လဲ ဆောင်းအခန်းထဲသွားပြီး ဆရာမအကြောင်းလေးတွေပြောနေမိတယ်
'ဆောင်းမ ဘယ်သူ့အကြောင်းမှ စိတ်မဝင်စားတဲ့နင်က ဆရာမအကြောင်းတွေပြောလို့ပါ့ ဘာလဲ နင်ဆရာမကို ကြိုက်နေတာလား' ဒါဒါက စလိုက်တော့
'ဒါဒါမ ပေါက်ကရတွေ ပြောမနေနဲ့ တော်ကြာမေမေတို့ကြာသွားလို့ တကယ်ထင်နေမယ်'
'ဟားဟား မကြိုက်ဘူး ပြောသေးတယ် မျက်နှာကြီးကလဲ ဖြီးလို့ပဲ ' မိုးက စတော့
'တော်တော့ နှစ်ယောက်လုံး ငရဲကြီးမယ် ဟိုက ဆရာမ ပြီးတော့ ငါတို့က မိန်းကလေးချင်း မဖြစ်နိုင်တာတွေ မပြောနဲ့' ဆောင်းမျက်နှာက မသိတာပေမယ့် မျက်နှာလေးငြိုးသွားတာကို အမြဲ အတူနေတဲ့ သူငယ်ချင်းနှစ်ယောက်က မသိဘဲ နေမလား
'ဆောင်းကလဲ ဘာလို့မဖြစ်နိုင်ရမှာလဲ အချစ်သာ တကယ်စစ်ရင် ပျိုတယ်အိုတယ်မရှိသလို ယောက်ျားလေးရယ် မိန်းကလေးရယ်လို့မရှိပါဘူး'
'ဒါမယ့် ငါ့စိတ်က မသေချာဘူး ဆရာမကို ချစ်လားဆိုတာ ဆရာမနဲ့ ဆုံရင် ရင်ခုန်တယ်ပျော်တယ် ဆရာမကိုပဲ အမြဲ တွေ့ချင်တယ် အဲ့ဒါလောက်ပဲ ငါ့ဘက်က သေချာတယ် တစ်ဘဝလုံးစာအတွက် မသေချာသေးလို့ အချစ်ဆိုတဲ့ ခေါင်းစဉ်မတပ်ပါရစေနဲ့ မိုးတို့ရယ် ငါ ဒီတိုင်းပဲ အမ မရှိလို့ အမလို သံယောဇဉ်တွယ်တာပဲနေမှာပါ '
'အေးပါ တစ်ခုခုဆို ငါတို့ အမြဲ နင့်ဘက်မှာ ရှိတယ်နော် အမြဲရင်ဖွင့်လို့ရတယ်' ဒါဒါကပြောတော့ ဆောင်းသူတို့နှစ်ယောက်ကို ရွန်းလဲ့တဲ့ အကြည့်နဲ့ကြည့်ပြီး ပြုံးပြလိုက်တယ် သူတို့လိုသူငယ်ချင်းကောင်းတွေရတာ ဆောင်းအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ မဟုတ်လား
'မိုးရတီရေ ပြန်ကြမယ် မေမေတို့...'
မိုးရဲ့အမေက အောက်ထပ်မှာ အော်ခေါ်သံကြားတော့
'ဆောင်း ငါတို့ ပြန်တော့မယ် မနက်ဖြန်မှ တွေ့မယ် တာ့တာဆောင်း...'
'တာ့တာ တာ့တာ'
ဆောင်းလက်ပြကာ
'အောက်ထပ်ထိ လိုက်မပို့တော့ဘူးနော် ငါ စာကြည့်တော့မို့'
'အေးပါ'
မိုးတို့ပြန်သွားတော့ ဆောင်းသင်ပြီးတဲ့သင်ခန်းစာတွေကိုပြန်ကြည့်နေလိုက်တယ် စာတွေကြည့်နေပေမယ့် စိတ်တွေက စာထဲမရောက်ဘဲ ဆရာမဆီပဲ ရောက်နေမိတယ် အဖြူအစိမ်းလေးနဲ့ အမြဲမြင်တွေ့နေရတဲ့ ဆရာမက ဒီနေ့ကြ စပန့်အပြာနုရောင်ဝမ်းဆက်လေးနဲ့ ပြီးတော့ ခါးအောက်ရှိတဲ့ဆံပင်လေးကို စည်းထားတယ် ဘယ်လောက်ကြည့်ကြည့်ရိုးမသွားတဲ့အလှဘုရင်မလေး ဒေါ်မေပန်းချီကို ဆောင်းမျက်လုံးထဲမှ ထုတ်မရပေ။
__________________________________________
ဒီနေ့ အဝါအသင်းဖြစ်လို့ ဆောင်းတို့သုံးယောက် ကျောင်းကို စောစီးစွာလာခဲ့ကြတယ် ကျောင်းအခန်းမှ ဘုရားပန်းအတွက် အိမ်ရှေ့တွင်စိုက်ထားသော နှင်းဆီပန်းအဝါတွေထဲက ငါးပွင့်ကို အရိုးရှည်ရှည်နဲ့ ချိုးလာခဲ့တယ် ရုတ်တရက်ဆရာမကို သတိရလို့ ဆရာမအတွက်ပါ ပန်းလေးတစ်ပွင့် လွယ်အိတ်လေးထဲမှာ ထည့်လာခဲ့တယ်အခန်းသန့်ရှင်းရေး အားလုံးလုပ်ပြီးတော့ ကျောင်းတက်ဖို့ ဆယ့်ငါးမိနစ်လောက်ပဲလိုတော့တာဖြစ်တယ်
'မိုးတို့ ငါ ဆရာမအတွက်ပန်းချိုးလာတာ ပန်းသွားပေးမို့ လိုက်အုံးမလား'
'အမယ် ဆောင်းမ တွက်လှချည်လား' ဒါဒါကစလိုက်တော့
'မဟုတ်ပါဘူး ဘုရားပန်းချိုးရင်း ဆရာမအတွက်ပါ အမှတ်ရလို့'
'အေးပါ ပြောသလိုပါပဲ'
'ဆောင်း မိုးမလိုက်တော့ဘူး မနက်က စာပြန်မနွှေးရသေးလို့ ပြန်နွှေးအုံးမယ်'
'ငါလဲ မလိုက်တော့ဘူး ဆောင်းရဲ့ ကိုစိုင်းက ဘယ်မှရှောက်မသွားနဲ့တဲ့'
'အေးပါ သူငယ်ချင်းကောင်းကြီးရယ် ရည်းစားနဲ့ သူငယ်ချင်း ရည်းစားရွေးတာမို့ ကျွန်မ မိဆောင်းက အထူးကျေးဇူးတင်ပါတယ် ငါ့ဘာသာတစ်ယောက်ထဲပဲ သွားတော့မယ်'
ထိုသိုပြောကာ ဆောင်းတစ်ယောက်ထဲထွက်လာလိုက်တယ် ဒီအချိန်ဆို ဆရာများနားနေဆောင်မှာ ဆရာမ ရောက်နေမှာအမှန်ပင်
ဆောင်းမှန်တံခါးကနေ အတွင်းလှမ်းကြည့်တော့ ဆရာမတစ်ယောက်ထဲ အခြားဆရာတွေ မရှိပေ မလာသေးတာထင်ပါတယ် စာအုပ်တစ်အုပ်နဲ့ အလုပ်ရှုပ်နေတာကိုတွေ့တယ် ခေါင်းမှာကြည့်လိုက်တော့ နှင်းဆီပန်းအနီလေးကို ပန်ထားတာတွေ့တော့ "မပေးတော့ပါဘူးလေ "ဆိုပြီး လှည့်ပြန်လာခဲ့တယ်
ပန်းချီစာဖတ်နေရင် လူရိပ်မြင်ပါတယ်ဆိုပြီး မှန်တံခါးကနေ အပြင်ကို ကြည့်လိုက်တော့ ပန်းလေးကိုင်ပြီးလှည့်ထွက်သွားတဲ့ ဆောင်းကို မြင်လိုက်တယ်
"ဒီကလေး ဘယ်သူ့အတွက် ပန်းလာပေးတာပါလိမ့် ပန်းချီပဲရှိလို့ ပြန်ထွက်သွားပုံထောက်ရင် အခြားဆရာမကို ပေးဖို့လာတာမရှိလို့ပြန်သွားတာနေမယ် သူမအစားယူထားပေးလိုက်ပါမယ်လေဆိုပြီး"ထိုင်နေရာမှ အခန်းအပြင်ထွက်ခါ...
'ဆောင်းယွန်းသံဇဉ်...'
နောက်ကနေ နေ့စဉ်ကြားနေကြ ချိုသာတဲ့အသံလေးကို ကြားတော့ ဆောင်းနောက်ကိုလှည့်ပြီး
'ဟုတ်ကဲ့ ဆရာမ သမီးကို...'
ပြောမယ့်စကားကို မပြောဘဲ လေးလေးပင်ပင်ပြောနေတော့ ပန်းချီကပဲ
'သမီး အခြားဆရာမအတွက်ပန်းပေးလာတာထင်တယ် ဆရာမကို ပေးခဲ့လေ ဆရာမယူထားပေးမယ် ဘယ်ဆရာမလဲပြော လာခါကြ ဆရာမ ပေးလိုက်မယ်'
ဟင်ဆရာမက သူများပေးမယ်အထင်လွှဲနေတာပဲ ငါဘယ်လိုပြောရမလဲ
'ဟို.....ဟို...လေ'
'ဟိုလေမနေနဲ့ ဆရာမကို အားမနာပါနဲ့ ပြောပါ ဆရာမ ပေးပေးပါ့မယ်'
'တကယ်တော့ ဒီပန်းက ဆရာမအတွက် သမီးယူလာခဲ့တာ ဆရာမခေါင်းမှာ ပန်ထားပြီးတာမို့...'
'ဪ ... ဆရာမအတွက်ကို ပြောရောပေါ့ သမီးရယ်'
ပေးဆိုပြီး ဆောင်းလက်ထဲမှ ပန်းကိုယူခါ အနည်းငယ်ရှည်နေတဲ့အရိုးကို လက်လေးနဲ့အသာအရာချိုးပြီး ဆောင်းရှေ့မှာပဲ ပန်လိုက်တယ်
'ကဲ ဘယ်လိုလဲ ဆရာမ လှလား' ဆိုပြီး ပြုံးလျှက်မေးလာတယ်
'ကမ္ဘာပေါ်မှာ ဆရာမအလှဆုံးပဲ' ဆိုပြီး ပြောလိုက်မိတယ် ရင်တွေ တအားခုန်နေတာကို ဆောင်းကိုယ်တိုင်ကလွှဲရင် အခြားသိလိမ့်မယ်မထင်ပါဘူး
'ပန်းချီရေ ပန်းတွေနဲ့ ဝိုင်းလို့ပ'
'ဟုတ်ပ ဆောင်းအတန်းက ကလေးလာပေးတာ ဆောင်းယွန်းသံဇဉ်တဲ့ ရှေ့ဆုံးက လေးလုံးလေးလေ' ဆရာမက ဆောင်းကို လေးလုံးတဲ့ ဆောင်းငိုရခက် ရယ်ရခက် ဆရာမက ခုလိုပြောတော့ ဆောင်းတစ်ယောက် ပျော်နေမိတာတော့အမှန်ပင်
အခြားဆရာမတွေ ရောက်လာတော့ ဆောင်းလဲ နေရာကြပ်လာမိတယ် ခနနေတော့ ကျောင်းတက်တော့ ကျောင်းတက်တာကို ကျေးဇူးတင်မိတယ်လေ
'ဆရာမ တစ်ခါထဲအတန်းသွားမှာမလား သမီးစာအုပ်တွေ ယူခဲ့ပေးမယ်'
'ဟုတ်ပါပြီရှင့် ခနနော် ဆရာမ သွားယူလိုက်အုံးမယ်'ထိုသို့ပြောပြီးအခန်းထဲဝင်သွားလေတယ်
စာအုပ်လေး နှစ်အုပ်ကို ခြင်းလေးထဲ ထည့်ပြီး ယူလာတဲ့ သူမ အဖြူအစိမ်းလေးနဲ့ ရင်ဖုံးလေးကိုမှ လက်ရှည်လေးနဲ့ ကတီပါ အဖြူလေးကို စီးထားတဲ့သူမ ခြေတစ်လမ်းကုဋေတစ်သန်းဆိုတာ သူမလျှောက်လာတဲ့ ခြေးလှမ်းတွေကို ပြောတာနေမယ်
ဆောင်းငေးနေမိသည်မှာ ဆရာမ အနားသို့ ရောလာတာကိုပင်မသိပေ
'ငေးပြန်ပြီနော် ဆရာမကို ဆရာမက အာ့လောက်လှလား'
ဆရာမက စကားဆိုလိုက်မှ ဆောင်းအသိဝင်လာသည်
'ဟီး'ဆိုပြီး ပြုံးပြကာ အခန်းထဲကို လျှောက်လာခဲ့တယ်
ဆရာမနောက်မှ အခန်းထဲဝင်ကာ လက်ထဲမှ ခြင်းလေးကို ဆရာမစားပွဲလေးပေါ်တင်၍ နေရာတွင်ဝင်ထိုင်လိုက်တယ်
'မင်္ဂလာပါ ကလေးတို့ '
'မင်္ဂလာပါ ဆရာမ'
'ဒီနေ့ သင်ခန်းစာအသစ်သင်မယ်နော် '
'ဟုတ်ကဲ့'
...........
စာသင်ချိန်ကုန်သွားတော့ ဆောင်းတို့သုံးယောက် ဆရာမကို နားနေဆောင်ကို လိုက်ပို့ပြီး မုန့်ဈေးတန်းလက် လာခဲ့တယ် ဆောင်းမနက်က အိပ်ယာထနောက်ကျ၍ ထမင်းမစားခဲ့ခြင်းပင်...
မုန့်ဈေးတန်း၌ ကိတ်မုန့်တစ်ခုနဲ့ pep တစ်ဘူး ဝယ်လာခဲ့တယ် ရုတ်တရက် မျက်လုံးထဲ အမှောင်ကျပြီး ရိတ်ခနဲမူးသွားတော့ လူက အနည်းကယ်ယိုင်သွားတယ်
ဒါဒါက ထိန်းပေးရင်
'ဆောင်း အဆင်ပြေရဲ့ လား ညကရော ထမင်းမစားဘူးမဟုတ်လား ဆောင်း'
'ဟုတ်တယ် ညက အတွေးပေါင်းစုံဝင်ပြီးထမင်းစားချင်စိတ်မရှိလို့'
'ပေါက်ကရတွေ မတွေးပါနဲ့ဆောင်းရယ် ထမင်းပုံမှန်စား နင့်ကျန်မာရေး နင်အသိဆုံးပဲ မဟုတ်လား'
မိုးကပါ ဆောင်းကိုတွဲရင်း စကားဆိုလိုက်တယ် ခရေပင်အောက်က ခုံတန်းလေးပေါ်မှာ ဆောင်းကို ထိုင်စေပြီး မုန့်ဆိုင်က ဝယ်ခဲ့တဲ့မုန့်တွေကို ဆောင်းအားဖောက်ပေးလိုက်တယ် စားပြီးလို့ ကျောင်းတက်ချိန်ရောက်တော့ ဆောင်းတို့ အခန်းထဲ ပြန်လာခဲ့တယ်
ဒါတွေကို အခန်းထဲကနေ ပန်းချီတစ်ယောက်ကြည့်နေတာကိုတော့ ဆောင်းတို့မသိပေ။
"ဒီကလေးက ဘာဖြစ်တာလဲ နေမကောင်းဘူးလား ခုနကပဲ အကောင်းပါ" ပန်းချီ အတွေးထဲ သူမရောက်လာတယ်
ဒီလိုနဲ့ ထမင်းစားချိန်ရောက်တော့
ပန်းချီ ဆောင်းတို့အတန်းဆီသွားမိတယ် ဆောင်းတို့သုံးယောက် သူမတို့ခုံမှာပဲ ထမင်းစားနေတာကို မြင်တော့
'သမီးတို့ ထမင်းစားနေတာလား ဆရာမကိုရော ကျွေးပ့အုံး'
ဆောင်းကြိုက်တဲ့ ပဲကုလားဟင်းနဲ့ ဇွန်အပြည့်ထည့်ကာ ပါးစပ်ထဲ ခွန့်နေတဲ့အခိုက် ဆရာမလာတော့
'အဟွတ်...အဟွတ်...'
ဘေးနားတွင်ချထားသော ရေဘူးကို ပန်းချီကောက်ကာ အဖုံးဖွင့်ပေးလိုက်တယ်
'ရော့ ရေသောက်လိုက် ဖြေးဖြေးသောက် ခလေးလဲ မဟုတ်ဘူး တီးအောင်စားနေတယ်'
ဆောင်းသောက်လက်စရေဘူးလေးကို ချပြီး
'ဆရာမက ရုတ်တရက်ရောက်လာတာကို သမီးက တီးတာပေါ့'
'ရော အဲ့ဒါဆို ဆရာမအပြစ်ပေါ့'
'ဟဲဟဲ အာ့လိုပြောတာမဟုတ်ပါဘူး ဆရာမရဲ့ ဟဲဟဲ'
'ဟုတ်ပါပြီ'
'ဆရာမ သမီးကို မေးမလို့ မနက်က နေမကောင်းလား ဘာဖြစ်တာလဲ'
ဟင် ဆရာမက ဘယ်လိုသိပြီးပြောတာပါလိမ့်ဆိုပြီး သုံးယောက်လုံးကြောင်ပြီး ဆရာမကို ကြည့်နေကြတယ်
'ဆရာမက ဘယ်လိုသိတာလဲ ဆောင်းနေမကောင်းတာကို' ဒါဒါက ဝင်မေးလိုက်တော့
'ဆရာမ နားနေခန်းကနေ မုန့်ဈေးတန်းဘက်ကြည့်နေတော့ သမီးတို့သုံးယောက်ကို မြင်တာပေါ့'
'ဪ...ဘာမှမဖြစ်ပါဘူး ဆရာမရဲ့ သမီးနည်းနည်း မူးသွားလို့ပါ'
'ဆရာမလိုက်ပို့တော့တောင် အကောင်းပါ သမီးရဲ့ ပြကြည့် ကိုယ်ရောပူနေသေးလား မူးတာေရာပျောက်ပြီလား'ဆိုပြီး ဆောင်းရဲ့ နံဖူးလေးကို သူမရဲ့ လက်လေးနဲ့ စမ်းလိုက်တယ် လက်လေးက နုနေတာပဲ လက်ချောင်းလေးတွေကလဲ သေးသေးလေးနဲ့ ဆရာမဆိုတဲ့ အတိုင်းပဲ ဆောင်းရဲ့ ရင်ဘက်ကြီးတစ်ခုလုံးကတော့ အထက်အောက်ကို ပြောင်းပြန်ဖြစ်လောက်တယ် ရင်ခုန်လွန်းလို့ ရူးတော့မယ်လို့တောင် ဆောင်းတွေးလိုက်မိတယ် နံဖူးစပ်မှာ ချွေးအနည်းငယ် စို့လာတယ်
'သက်....သက်..သာ..ပါပြီရှင့်' ဆောင်းစကားပြောတာကို အထစ်ထစ်အငေါ့ငေါ့ဖြစ်နေမိတယ် ဒါကိုဘေးကနှစ်ယောက်က မြင်တော့ ပါးစပ်ကို လက်နဲ့ကာပြီးရယ်နေလေတယ် ကူပြောမယ်ကြမဟုတ်ဘူး အတော်ချစ်စရာကောင်းတဲ့သူငယ်ချင်းတွေဟု စိတ်ထဲက တွေးလိုက်မိတယ်
'စကားတွေက ဘယ်လိုဖြစ်လို့ ထစ်နေတာလဲဖျားတော့မဖျားဘူး အစားပုံမှန်စားရဲ့လား အားနည်းနေသလိုပဲ '
'ဟုတ်ကဲ့ စားပါရှင့်'
'ဟုတ်ပါပြီ ခုက ဆေးသောက်ပြီးပြီလား ဆရာမကျောင်းဆေးခန်းခေါ်သွားပေးရမလား'
' အာ ရတယ် ဆရာမ သမီးဆေးသောက်ပြီးပြီ ခု သက်သာနေပါပြီ ဘာမှမဖြစ်ဘူး'
'ဟုတ်ပါပြီ အဲ့ဒါဆိုလဲပြီးရော ဆရာမ ပြန်တော့မယ် ဆရာမ ထမင်းစားရအုံးမှာမို့'
'ဟုတ်ကဲ့ရှင့်'
မိုးတို့ကို ပြုံးပြပြီး ထွက်သွားတဲ့ဆရာမကို ဆောင်းနောက်ကနေ မျက်စိတစ်ဆုံးကြည့်နေမိတယ်
'ဟဲ့ မိဆောင်းမ သရေတွေထိန်းအုံး'
'နာချင်နေ ငါ ဘာသရေမှ မကျဘူး'
'ပြောတာပဲ ဟားဟား'
ဆိုပြီး ရယ်နေလေသော ဒါဒါ
'ငါ ခုနက ရင်ခုန်လွန်းလို့ရူးတော့မယ်တောင်ထင်တယ်ဟ ငါတကယ်ချစ်နေမိပြီထင်တယ်'
'ကြိုးစားပေါ့ ဆရာမအချစ်ကို ရအောင်'
'အင်း အဲ့ဒီလိုလုပ်ရမယ်' ဆိုပြီးရယ်နေလေသော ဆောင်း
_________________________________________