အခန်း ၂၂

" ဒါလေးက ငါးဆယ်သား ?...အစိတ်သားလေးနဲ့ မှားချိန်မိတာတော့မဟုတ်ဘူးမို့လား အန်တီ "

" ငါ့မောင်ဝယ်တာ ငါးဆယ်သားလေ ။ငါးဆယ်သားဝယ်ပြီး တစ်ပိဿာလောက်လိုချင်နေတာလား ။ ဒီအခွန်လွတ်စျေးထဲမယ် အစ်မလောက် အလေးမှန်တာ အစ်မဆိုင်ဘဲရှိတယ် ။ အစ်မက အခြားစျေးသည်တွေလို အပိုတွေဘာတွေထည့် ၊လောကွတ်ချော်ပြပြီး အလေးမခိုးဘူးလေ ဟင်းဟင်း ဟင်း "

ခင်မောင်ကြီးမှာ ပုဇွန်ဆိတ်ထုပ်လေးမြှောက်ပြ၍ တစ်ခွန်းပဲပြောရသေးသည် ။ သနပ်ခါးဘေးကြားနဲ့ စျေးသည်အဒေါ်ကြီးက ဘေးနားက ငါးသည်ဘက်ကို မျက်စမျက်န ချီ၍ ထေ့လုံး လှေ့လုံးများနှင့် စောင်းချိတ်နေသည်ဟု ခင်မောင်ကြီးခံစားလိုက်ရ၏ ။

" ဟဲ့ မိကောက် ။နင်ဘယ်သူ့ကို စောင်းနေတာလဲ ။ နင့်အလေး ပြည့်၊ မပြည့် နင်ချိန်ပေးလိုက်တာ မြင်ကတည်းက ဝယ်သူတိုင်းသိတယ်ဟဲ့ ။ ငါ့မောင့် ထင်တာမမှားဘူး လာ အစ်မချိန်ခွင်မှာ လာချိန်ကြည့် အဲ့ကောင်မ ချိန်ပေးလိုက်တဲ့ ၅၀သားက အစ်မချိန်ခွင်မှာ ၃၅သားဘဲ ရှိစေရမယ် "

" ဟုတ်လားအစ်မ အဲ့ဒါဆို ချိန်ပြပါဦး "

လေပေါ်မြှောက်နေတဲ့ ပုဇွန်ဆိတ်ထုပ်လေးကို ဘေးက စျေးသည်အစ်မလေးထံ လှမ်းပေးမိလိုက်သည် ။ စျေးသည်အစ်မလေးလို့ ခင်မောင်ကြီးသုံးနှုန်းရခြင်းမှာ ဘေးကစျေးသည်,သည် သူပုဇွန်ဆိတ်ဝယ်သည့် စျေးသည် မမိကောက်ဆိုသူထက် ပိုငယ်ပြီး နှစ်လိုဖွယ်ရုပ်ရည်လည်းရှိသည်မို့ ။

စျေးသည်နှစ်ယောက်ရဲ့ ရုပ်ရည်ရူပကာ ခွဲခြမ်းခြင်းကို ခဏထားပါ ။ ခုတော့ ခင်မောင်ကြီးရဲ့ ပုဇွန်ဆိတ်ထုပ်လေးက ဘေးက စျေးသည်မလေးလက်ထဲရောက်သွားလေပြီ ။

"ညီး ငါ့ပစ္စည်းကို ထိစရာမလိုဘူး  ပြန်ပေးစမ်း!!...။ ပုဇွန်တုတ်တောင်မဟုတ် ၊ ပုဇွန်ဆိတ်လေး ငါးဆယ်သား ဝယ်ပြီး ဖြစ်ပျက်နေလိုက်တာ ။ မဆိုင်တဲ့သူကလည်း စျေးဝယ်က သူ့လင်ကျလို့ ကြားထဲက သိတက်နေလိုက်တာ "

အမလေးလေး သူတို့ဘာသာ ရန်ဖြစ်တာ အေးဆေးမဖြစ်ဘူး ဒီက လူက အချောင်နေရင်း မိန်းမတစ်ယောက် ကောက်ရလိုက်သေး ။

စျေးသည်အဒေါ်ကြီးသည် စျေးသည်မလေးဆီ ရောက်သွားသည့် သူ(မ)ရဲ့ပုဇွန်ဆိတ်ထုပ်... မဟုတ်သေး ခင်မောင်ကြီးအိတ်ထဲက ငွေ၂၀၀၀ထုတ်ဝယ်ထားသည့် ပုဇွန်ဆိတ်ဆိုတော့ သူ့ပုဇွန်ဆိတ်လို့ဘဲပြောရမှာပေါ့ ။ အဲ့ဒီ ခင်မောင်ကြီးရဲ့ ပုဇွန်ဆိတ်ထုပ်လေးကို စျေးသည် မမိကောက်ဆိုသူက ဆွဲမွေ့ယမ်းကာ သူ(မ )ဘက်ကို ပြန်ဆွဲလိုက်ပြန်သည် ။

" လင်ချောချောလေးတွေ မြင်ရင် နန့်နန့်တက်ဝင်ပါချင်လိုက်တာလည်း လွန်ပါရော ... "

"ဟို အန်...."

" မိကောက် ညီး လွန်လာပြီနော် ။ ဒီ ကိစ္စထဲ ဘယ်သူ အရင် စဆွဲထည့်တာလဲ ။ ကိုယ့်ဘာသာ အလေးမပြည့်တာကို ငါ့ကို လာပြီး စောင်းချိတ်နေတာမဟုတ်ဘူးလား ။ မြွေးပွေးကိုက်မ တုတ်ထိုးမရဲ့ !!! "

" ငါက နင့်လို လင်တကာ လိုက်ပြီး မြှူဆွယ်နေတဲ့ ကောင်မ,မဟုတ်ဘူး...!!!"

ခင်မောင်ကြီးရဲ့ စကားတစ်ခွန်းမှာ စလိုက်ပါသော ရန်ပွဲသည် စျေးသည်နှစ်ယောက် ထမိန်ကို ကျစ်ကျစ်ပါအောင် ပြင်ဝတ်ကာ စျေးခုံပေါ်ကနေ လွှားခနဲ ခုန်ဆင်းလာကြပြီး စျေးသွားစျေးလာ များရဲ့ အာရုံအားလုံးကို ဖမ်းစားနိုင်မဲ့ ရန်ပွဲကြီးကြီး အသွင်ဦးတည်နေပြီမို့ ခင်မောင်ကြီးသည် ....

အိန်း.... စျေးခုံနှစ်ခုကြား ပစ်စလက်ခတ်ကျသွားသော ပုဇွန်ဆိတ်ထုပ်လေးကို အသာကောက်ပြီး ထိုနေရာမှ အပြေးလှစ်ထွက်လာရ၏ ။

" အမလေး ..နောက် ဒီစျေးသည်နှစ်ယောက်နား ယောင်လို့တောင် ဖြတ်မလျှောက်တော့ပါဘူး ၊အရေးထဲ ဒေါ်ဒေါ်ပြုံးက လေဘေး နှိုက်နေသေးတယ် .... ဗျို့ဒေါ်ဒေါ်..."

"အော် အေး...ဝယ်ခဲ့ပြီလား ငါဝယ်ခိုင်းတဲ့ ပုဇွန်"

" ဟုတ် ဒီမယ် "

သူ့ကိုကျ စျေးထဲပို့ပြီး သူ(မ) ကိုယ်တိုင်ကဖြင့် စျေးအပြင်က အထည်တန်းမှာ ဟိုဆိုင်ဝင်ကြည့် ဒီဆိုင်ဝင်ကြည့် နေခဲ့တဲ့ ဒေါ်ဒေါ်ပြုံးကို ခင်မောင်ကြီး မျက်စောင်းနုလေးထိုးကာ လက်ထဲက ပုဇွန်ဆိတ်ထုပ်ပေး ထိုးပေးလိုက်သည် ။

" ဟဲ့ နင့် ငါးဆယ်သားက အာရုံနည်းလှချည်လား ဒါလေးက ဘယ်လိုလုပ် ၅၀သားပြည့်မတုန်း ။ နင် ဘယ်ဆိုင်က ဝယ်လာတာလဲ။လိုက်ပြစမ်း  ငါလိုက်ကို ပြောအုံးမယ် "

"အမလေးလေး ...သွားမပြောလိုက်ပါနဲ့ ဒေါ်ဒေါ်ပြုံးရယ် ။ ခုချိန် သွားပြောလို့ကတော့ အလေးစာမိမလား ၊ ဓားမ စာမိမလား တစ်ခုခုဘဲ ။ "

"ဟဲ့... နင့်စျေးသည်က အဲ့လောက်တောင် အပေါက်ဆိုးလား ။ နောက်အဲ့ဆိုင်က မဝယ်နဲ့ ကြားလား "

ဖြစ်ရပြန်ပြီ နင့်စျေးသည် ။ တကယ်ပါဘဲ ။ မနက်ကတည်းက သုစေနဲ့ စိတ်အဆင်မပြေလာတာ တစ်လျှောက်လုံးက အစချီပြီး ကြုံရတဲ့ ပြဿနာက တောက်လျှောက် ။ ဒီကြားထဲ မနက်စာဘာမှ မစားရသေးတော့ ခင်မောင်ကြီးရဲ့ စိတ်အခြေနေသည် မိုင်းနပ်ပြအောင်ပင် ထိုးကျလို့နေသည် ။

"ကျွန်တော်လည်း  နောက် ဝယ်ပါဆိုတောင်မဝယ်တော့ပါဘူး "

တိုးညှင်းသည် မဟုတ်ပေမယ့် အားလျော့စွာ ပြောနေပုံလေးက ပူပေါင်းလေးကို လေလျော့ လိုက်သလိုပါဘဲ ။ မိမိတူတော်မောင် ဇေယျာက သူ့ကို ဒီကောင်လေးအကြောင်းနဲ့ သူ(မ)ရဲ့ မြေးတူလေးသုစေ အကြောင်း လှမ်းတိုင်ပင်တုန်းကဖြင့် သဘောမကျခဲ့လေဘူး ။ ဒါပေမဲ့ ဒီကို ‌ရောက်ချိန် လူလုံးတွေ့မှ သိလိုက်ရတာ သူ(မ)တူလေး သဘောကျရင်လည်း ကျချင်စရာလေးဖြစ်ပေမယ့် လူကြီးသူမတွေ မျက်လုံးထဲမှာတော့ သဘောမကျ ချင်စရာလေး ။

သူ့လက်နဲ့ထိလိုက်တိုင်း တလွဲတွေကြီးဖြစ်နေတက်ပေမယ့် ဘာနေနေ ပါးစပ်လေးက ပွစိပွစိပြောပြီး သူ(မ)ခိုင်းတာမှန်သမျှ စေတနာပါပါလေးတော့ လုပ်ပေးရှာသား ။ ကြားထဲ သူ(မ)တူလေးကို ဘယ်လို သဘောရလဲ စကားချီလိုက်တိုင်း မျက်လုံးဝိုင်းလေးတွေနဲ့ ပြူးပြီး တအံ့တအားလည်း ကြည့်တက်သေးတာ ။

ပြောလို့ပြောတာမဟုတ်ပေမယ့် သူ(မ)တူလေးသာ ဒီကောင်လေးကို သတ္တိရှိရှိ ဖွင့်ပြောလိုက်ပါက ဒီကောင်လေး ယတိပြတ် ငြင်းနိုင်မှာမဟုတ်တာ သေချာသလောက်ဘဲ ။
အင်းလေ သူ(မ) တူလေးဘက်ကကြည့်ရင်လည်း လောင်ချာမှန်ဖူးတဲ့စာသူငယ်လေးလို သူ့စိတ်ကိုလည်း သေချာ၏ မသေချာ၏ ပြန်စမ်းစစ်နေသေးတာနေမှာပေါ့ ။ ဆုံတွေ့ချိန်ကလည်း တိုတောင်းသေးတာကိုး ။

စျေးခြင်းတောင်းလေးကို ဆွဲကာ သွေးမတော်သည့် တူအရီးနှစ်ဦီး စျေးထဲမှ ငိုက်ဆိုက်ငိုက်ဆိုက်နှင့် ထွက်လာကာ အိမ်သို့ပြန်လာလိုက်ကြသည် ။

-----------------------------

" ကိုကြီး ... ဒီပုဒ် ပြိုင်ကြည့်မယ် ။ စာပြိုင်ခံပေးအုံး "

" ပေး စာအုပ် ကြည့်ပေးမယ် "

"ကိုကြီး ... ဒီအခန်းက ဘယ်နှမှတ်ဖိုးလောက်မေးနိုင်လဲဟင် "
"၂၅မှတ်တန် တစ်ပုဒ်ပါနိုင်တယ် "

"ကိုကြီး .... မိုင်နာဘာသာတွေထဲက တစ်ခုခု ကျရင်လည်း အကုန်ကျနိုင်လားဟင် "
" အွန်း ဘယ်ဘာသာကျကျ တစ်နှစ်အောက်မှာဘဲ "

"ကိုကြီး ... ဒီစာပုဒ်က ဘယ်လိုခေါင်းစဉ်တွေ ပြောင်းပြီး မေးနိုင်လဲဟင် "

ဂါး.........
ခင်မောင်ကြီး ကြားနေမြင်နေရသည့် မြင်ကွင်းကြောင့် ဂါး....ဟု အော်ဟစ်သံကြီးသည့် သူ့ရင်ထဲ ပဲ့တင်ခတ်သွားသည် ။
စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို လက်ချောင်းတွေကြားထဲ ထိုးဖွလိုက်တော့ သူ့ဘေးက သတင်းစာ ဖတ်နေသည့် ဆရာက မျက်မှောင်ကုတ်၍ လှည့်ကြည့်ပါ၏ ။ သူ့မှာတော့ သူနားမလည်သမျှကို သူ့ဘေးက မျက်နှာတည်ကြီးနဲ့ ဆရာ့ကိုသာ မေးနေရသည် ။
သုစေနဲ့ မေဂျာမတူတာ နည်းနည်းလေးမှတောင် ကောင်းမနေဘူး ။
သူနဲ့ခပ်လှမ်းလှမ်းရှိတဲ့ ခြံဝင်းထဲမှ လွှဲဒန်းပေါ်က နှစ်ယောက်သားကတော့ ကိုကြီးနဲ့ ညီမလေး ဇာတ်ကို အပီပြင်ကနေလေရဲ့ ။

ဒီချာတိတ်မလေးကို ခင်မောင်ကြီး ကောင်းကောင်းသိပါ၏ ။ သုစေ ကြိတ်ကြိုက်နေတဲ့ ချာတိတ်မလေး ။ Wellcomeပွဲမှာတုန်းက သုစေ ရှေ့တည့်တည့်မှာ ရှိနေတာလည်း ဒီချာတိတ်မလေးဘဲ ဖြစ်နေတာကိုး ။ ကြည့်စမ်း ။ နှစ်ယောက်မရှိနိုင်တဲ့ အေးစက်လွန်းတဲ့ မြောက်ဝင်ရိုးစွန်းကူးလ်ဂိုင်းကြီးက ခုတော့ သူ့ချာတိတ်မလေး မေးသမျှ ပူစာသမျှကို စိတ်ရှည်ရှည်နဲ့ ရှင်းပြ ၊ လိုက်လျောပြနေလိုက်တာ ။

သူ့ကိုကျ အနားရှိတာနဲ့ နည်းမျိုးစုံနဲ့ကို ပထုတ်နေတာ မကျေနပ်ချင်စရာကြီး ။

" ခင်မောင်ကြီး စာကို အာရုံစိုက်မယ် !"

"ဟုတ် "

အနည်းငယ် အသံမာလိုက်တော့ ပါးစပ်ထဲ လေငုံပြီး စူပုတ်သွားပုံက မူကြိုကလေးလေးနှင့်တူလှ၏ ။ လူကသာ မူကြိုရုပ်မပျောက်သေးတာကောင်မလေးချောချော မျက်စိရှေ့မှာ ရှိနေတော့ စာထဲကို အာရုံမစိုက်နိုင်တော့ ။
ဒီကောင်နှားဗူးလေးကတော့ တကယ့်မလွယ်ကြောလေးပါ ။

ဟင်း....

ထိုသို့ ဦးဇေယျာမှာ လေးလံလာသော အတွေးတွေကို ဘယ်သူမှ မကြားနိုင်သည့် သက်ပြင်းတွေကြား လွှင့်ထုတ်ပစ်လိုက် ရ၏ ။

ဟုတ်လို့သာ ပြောလိုက်ရတာ ။ခင်မောင်ကြီးခမျာ သူ့မျက်စိရှေ့ ဒန်းပေါ်က ကိုကြီးနဲ့ညီမလေးဆီက အသံတစ်စ လွင့်လာလျှင် စာရေးစားပွဲပေါ် စာအုပ်ထောင်ပြီး မျက်လုံးလှန်ကြည့်ရတာပါဘဲ ။

" ကိုကြီးလည်း ညီမဆီ စာပြန် ပြိုင်ချင်ပြိုင်လေ ညီမ ကြည့်ပေးမယ် "

" အဲ့လို လုပ်ပေးမလား ကျေးဇူးပဲ"

"ကိုကြီးကလည်း ဘာကျေးဇူးပဲလည်း ။ ညီမပြိုင်တာကိုလည်း ကိုကြီးက ကြည့်ပေးနေတာပဲကို "

ကြားရပြန်ပြီ ။အသံစာစာလေးတွေ ။
ခင်မောင်ကြီး ဘယ်လိုမှ နေလို့မရတော့ ။
အရင်တုန်းက သုစေကို သူ့ဆီ စာပြန်မလား ကြည့်ပေးမယ်ပြောတုန်းက ကျွန်တော်က ကိုယ်စာရ မရ ကိုယ်ကိုယ်တိုင်အသိဆုံးမို့ သူများဆီ ကိုယ်စာရမရ မစမ်းသပ်ချင်ပါဘူး ။ ဆိုပြီး ဘာလေးညာလေးနဲ့ လေကြီးခဲ့တဲ့ ကိုလေကျယ်ကြီးက ခုတော့ အဲ့လို လုပ်ပေးမလားနဲ့ ကျေးဇူးပါ တင်လိုက်သေး ။

ဒီချာတိတ်မလေးကလည်း တကယ့်ကို မလွယ်ကြောလေး ။ အရင်စိတ်နဲ့သာဆို ချာတိတ်မလေး ရုပ်ရည်နဲ့ ဒီလိုအပြုမူလေးတွေကြားမှာဆို ခင်မောင်ကြီးတို့ နောက်နေ့ ရည်းစားစကားပြေားဖို့ စကားတို့ စီရီပြီးနေလောက်ပြီ ။

ခင်မောင်ကြီး စိတ်ထိန်း စိတ်ထိန်း။ မင်းရောက်နေတာ အဝေးကွင်းမှာ ... ။

" ပေး ကိုကြီးစာအုပ် ။ ခုပြိုင်ကြည့်မှာ ဒီခေါင်းစဉ်မို့လား "

နှင်းဆုဝတီ လွှဲဒန်းလေးပေါ်မှ ထကာ သုစေမင်းရှေ့သို့ ဆင်းရပ်လိုက်ပြီး ခင်မောင်ကြီးဆိုသူကို ကျောပေးလိုက်သည် ။ ပြီးတော့ ကိုကြီး ကမ်းပေးတဲ့ စာအုပ်ကို ယူပြီး သူ(မ)မျက်နှာရှေ့ ဟန်ပါပါ စာကြည့်သလိုနှင့် ကာထားလိုက်သည် ။

ကဲ ခုဆို သူ(မ)ရဲ့ အကြံတွေပြည့်နှက်နေတဲ့ မျက်နှာကို သူ့လို လူစဉ်မမှီတဲ့ အစ်ကိုကြီးရော ကိုကြီးသုစေပါ မမြင်တော့ဘူးပေါ့ ဟင်း...ဟင်း.... ။

အချစ်များစွာဖြင့်
လမင်းလေး

Zawgi
" ဒါေလးက ငါးဆယ္သား ?...အစိတ္သားေလးနဲ႕ မွားခ်ိန္မိတာေတာ့မဟုတ္ဘူးမို႔လား အန္တီ "

" ငါ့ေမာင္ဝယ္တာ ငါးဆယ္သားေလ ။ငါးဆယ္သားဝယ္ၿပီး တစ္ပိႆာေလာက္လိုခ်င္ေနတာလား ။ ဒီအခြန္လြတ္ေစ်းထဲမယ္ အစ္မေလာက္ အေလးမွန္တာ အစ္မဆိုင္ဘဲရွိတယ္ ။ အစ္မက အျခားေစ်းသည္ေတြလို အပိုေတြဘာေတြထည့္ ၊ေလာကြတ္ေခ်ာ္ျပၿပီး အေလးမခိုးဘူးေလ ဟင္းဟင္း ဟင္း "

ခင္ေမာင္ႀကီးမွာ ပုဇြန္ဆိတ္ထုပ္ေလးျမႇောက္ျပ၍ တစ္ခြန္းပဲေျပာရေသးသည္ ။ သနပ္ခါးေဘးၾကားနဲ႕ ေစ်းသည္အေဒၚႀကီးက ေဘးနားက ငါးသည္ဘက္ကို မ်က္စမ်က္န ခ်ီ၍ ေထ့လုံး ေလွ႕လုံးမ်ားႏွင့္ ေစာင္းခ်ိတ္ေနသည္ဟု ခင္ေမာင္ႀကီးခံစားလိုက္ရ၏ ။

" ဟဲ့ မိေကာက္ ။နင္ဘယ္သူ႕ကို ေစာင္းေနတာလဲ ။ နင့္အေလး ျပည့္၊ မျပည့္ နင္ခ်ိန္ေပးလိုက္တာ ျမင္ကတည္းက ဝယ္သူတိုင္းသိတယ္ဟဲ့ ။ ငါ့ေမာင့္ ထင္တာမမွားဘူး လာ အစ္မခ်ိန္ခြင္မွာ လာခ်ိန္ၾကည့္ အဲ့ေကာင္မ ခ်ိန္ေပးလိုက္တဲ့ ၅၀သားက အစ္မခ်ိန္ခြင္မွာ ၃၅သားဘဲ ရွိေစရမယ္ "

" ဟုတ္လားအစ္မ အဲ့ဒါဆို ခ်ိန္ျပပါဦး "

ေလေပၚျမႇောက္ေနတဲ့ ပုဇြန္ဆိတ္ထုပ္ေလးကို ေဘးက ေစ်းသည္အစ္မေလးထံ လွမ္းေပးမိလိုက္သည္ ။ ေစ်းသည္အစ္မေလးလို႔ ခင္ေမာင္ႀကီးသုံးႏႈန္းရျခင္းမွာ ေဘးကေစ်းသည္,သည္ သူပုဇြန္ဆိတ္ဝယ္သည့္ ေစ်းသည္ မမိေကာက္ဆိုသူထက္ ပိုငယ္ၿပီး ႏွစ္လိုဖြယ္႐ုပ္ရည္လည္းရွိသည္မို႔ ။

ေစ်းသည္ႏွစ္ေယာက္ရဲ႕ ႐ုပ္ရည္႐ူပကာ ခြဲျခမ္းျခင္းကို ခဏထားပါ ။ ခုေတာ့ ခင္ေမာင္ႀကီးရဲ႕ ပုဇြန္ဆိတ္ထုပ္ေလးက ေဘးက ေစ်းသည္မေလးလက္ထဲေရာက္သြားေလၿပီ ။

"ညီး ငါ့ပစၥည္းကို ထိစရာမလိုဘူး  ျပန္ေပးစမ္း!!...။ ပုဇြန္တုတ္ေတာင္မဟုတ္ ၊ ပုဇြန္ဆိတ္ေလး ငါးဆယ္သား ဝယ္ၿပီး ျဖစ္ပ်က္ေနလိုက္တာ ။ မဆိုင္တဲ့သူကလည္း ေစ်းဝယ္က သူ႕လင္က်လိဳ႕ ၾကားထဲက သိတက္ေနလိုက္တာ "

အမေလးေလး သူတို႔ဘာသာ ရန္ျဖစ္တာ ေအးေဆးမျဖစ္ဘူး ဒီက လူက အေခ်ာင္ေနရင္း မိန္းမတစ္ေယာက္ ေကာက္ရလိုက္ေသး ။

ေစ်းသည္အေဒၚႀကီးသည္ ေစ်းသည္မေလးဆီ ေရာက္သြားသည့္ သူ(မ)ရဲ႕ပုဇြန္ဆိတ္ထုပ္... မဟုတ္ေသး ခင္ေမာင္ႀကီးအိတ္ထဲက ေငြ၂၀၀၀ထုတ္ဝယ္ထားသည့္ ပုဇြန္ဆိတ္ဆိုေတာ့ သူ႕ပုဇြန္ဆိတ္လို႔ဘဲေျပာရမွာေပါ့ ။ အဲ့ဒီ ခင္ေမာင္ႀကီးရဲ႕ ပုဇြန္ဆိတ္ထုပ္ေလးကို ေစ်းသည္ မမိေကာက္ဆိုသူက ဆြဲေမြ႕ယမ္းကာ သူ(မ )ဘက္ကို ျပန္ဆြဲလိုက္ျပန္သည္ ။

" လင္ေခ်ာေခ်ာေလးေတြ ျမင္ရင္ နန့္နန့္တက္ဝင္ပါခ်င္လိုက္တာလည္း လြန္ပါေရာ ... "

"ဟို အန္...."

" မိေကာက္ ညီး လြန္လာၿပီေနာ္ ။ ဒီ ကိစၥထဲ ဘယ္သူ အရင္ စဆြဲထည့္တာလဲ ။ ကိုယ့္ဘာသာ အေလးမျပည့္တာကို ငါ့ကို လာၿပီး ေစာင္းခ်ိတ္ေနတာမဟုတ္ဘူးလား ။ ေႁမြးေပြးကိုက္မ တုတ္ထိုးမရဲ႕ !!! "

" ငါက နင့္လို လင္တကာ လိုက္ၿပီး ျမႇူဆြယ္ေနတဲ့ ေကာင္မ,မဟုတ္ဘူး...!!!"

ခင္ေမာင္ႀကီးရဲ႕ စကားတစ္ခြန္းမွာ စလိုက္ပါေသာ ရန္ပြဲသည္ ေစ်းသည္ႏွစ္ေယာက္ ထမိန္ကို က်စ္က်စ္ပါေအာင္ ျပင္ဝတ္ကာ ေစ်းခုံေပၚကေန လႊားခနဲ ခုန္ဆင္းလာၾကၿပီး ေစ်းသြားေစ်းလာ မ်ားရဲ႕ အာ႐ုံအားလုံးကို ဖမ္းစားနိုင္မဲ့ ရန္ပြဲႀကီးႀကီး အသြင္ဦးတည္ေနၿပီမို႔ ခင္ေမာင္ႀကီးသည္ ....

အိန္း.... ေစ်းခုံႏွစ္ခုၾကား ပစ္စလက္ခတ္က်သြားေသာ ပုဇြန္ဆိတ္ထုပ္ေလးကို အသာေကာက္ၿပီး ထိုေနရာမွ အေျပးလွစ္ထြက္လာရ၏ ။

" အမေလး ..ေနာက္ ဒီေစ်းသည္ႏွစ္ေယာက္နား ေယာင္လို႔ေတာင္ ျဖတ္မေလွ်ာက္ေတာ့ပါဘူး ၊အေရးထဲ ေဒၚေဒၚၿပဳံးက ေလေဘး ႏွိုက္ေနေသးတယ္ .... ဗ်ိဳ႕ေဒၚေဒၚ..."

"ေအာ္ ေအး...ဝယ္ခဲ့ၿပီလား ငါဝယ္ခိုင္းတဲ့ ပုဇြန္"

" ဟုတ္ ဒီမယ္ "

သူ႕ကိုက် ေစ်းထဲပို႔ၿပီး သူ(မ) ကိုယ္တိုင္ကျဖင့္ ေစ်းအျပင္က အထည္တန္းမွာ ဟိုဆိုင္ဝင္ၾကည့္ ဒီဆိုင္ဝင္ၾကည့္ ေနခဲ့တဲ့ ေဒၚေဒၚၿပဳံးကို ခင္ေမာင္ႀကီး မ်က္ေစာင္းႏုေလးထိုးကာ လက္ထဲက ပုဇြန္ဆိတ္ထုပ္ေပး ထိုးေပးလိုက္သည္ ။

" ဟဲ့ နင့္ ငါးဆယ္သားက အာ႐ုံနည္းလွခ်ည္လား ဒါေလးက ဘယ္လိုလုပ္ ၅၀သားျပည့္မတုန္း ။ နင္ ဘယ္ဆိုင္က ဝယ္လာတာလဲ။လိုက္ျပစမ္း  ငါလိုက္ကို ေျပာအုံးမယ္ "

"အမေလးေလး ...သြားမေျပာလိုက္ပါနဲ႕ ေဒၚေဒၚၿပဳံးရယ္ ။ ခုခ်ိန္ သြားေျပာလို႔ကေတာ့ အေလးစာမိမလား ၊ ဓားမ စာမိမလား တစ္ခုခုဘဲ ။ "

"ဟဲ့... နင့္ေစ်းသည္က အဲ့ေလာက္ေတာင္ အေပါက္ဆိုးလား ။ ေနာက္အဲ့ဆိုင္က မဝယ္နဲ႕ ၾကားလား "

ျဖစ္ရျပန္ၿပီ နင့္ေစ်းသည္ ။ တကယ္ပါဘဲ ။ မနက္ကတည္းက သုေစနဲ႕ စိတ္အဆင္မေျပလာတာ တစ္ေလွ်ာက္လုံးက အစခ်ီၿပီး ႀကဳံရတဲ့ ျပႆနာက ေတာက္ေလွ်ာက္ ။ ဒီၾကားထဲ မနက္စာဘာမွ မစားရေသးေတာ့ ခင္ေမာင္ႀကီးရဲ႕ စိတ္အေျခေနသည္ မိုင္းနပ္ျပေအာင္ပင္ ထိုးက်လိဳ႕ေနသည္ ။

"ကြၽန္ေတာ္လည္း  ေနာက္ ဝယ္ပါဆိုေတာင္မဝယ္ေတာ့ပါဘူး "

တိုးညွင္းသည္ မဟုတ္ေပမယ့္ အားေလ်ာ့စြာ ေျပာေနပုံေလးက ပူေပါင္းေလးကို ေလေလ်ာ့ လိုက္သလိုပါဘဲ ။ မိမိတူေတာ္ေမာင္ ေဇယ်ာက သူ႕ကို ဒီေကာင္ေလးအေၾကာင္းနဲ႕ သူ(မ)ရဲ႕ ေျမးတူေလးသုေစ အေၾကာင္း လွမ္းတိုင္ပင္တုန္းကျဖင့္ သေဘာမက်ခဲ့ေလဘူး ။ ဒါေပမဲ့ ဒီကို ‌ေရာက္ခ်ိန္ လူလုံးေတြ႕မွ သိလိုက္ရတာ သူ(မ)တူေလး သေဘာက်ရင္လည္း က်ခ်င္စရာေလးျဖစ္ေပမယ့္ လူႀကီးသူမေတြ မ်က္လုံးထဲမွာေတာ့ သေဘာမက် ခ်င္စရာေလး ။

သူ႕လက္နဲ႕ထိလိုက္တိုင္း တလြဲေတြႀကီးျဖစ္ေနတက္ေပမယ့္ ဘာေနေန ပါးစပ္ေလးက ပြစိပြစိေျပာၿပီး သူ(မ)ခိုင္းတာမွန္သမွ် ေစတနာပါပါေလးေတာ့ လုပ္ေပးရွာသား ။ ၾကားထဲ သူ(မ)တူေလးကို ဘယ္လို သေဘာရလဲ စကားခ်ီလိုက္တိုင္း မ်က္လုံးဝိုင္းေလးေတြနဲ႕ ျပဴးၿပီး တအံ့တအားလည္း ၾကည့္တက္ေသးတာ ။

ေျပာလို႔ေျပာတာမဟုတ္ေပမယ့္ သူ(မ)တူေလးသာ ဒီေကာင္ေလးကို သတၱိရွိရွိ ဖြင့္ေျပာလိုက္ပါက ဒီေကာင္ေလး ယတိျပတ္ ျငင္းနိုင္မွာမဟုတ္တာ ေသခ်ာသေလာက္ဘဲ ။
အင္းေလ သူ(မ) တူေလးဘက္ကၾကည့္ရင္လည္း ေလာင္ခ်ာမွန္ဖူးတဲ့စာသူငယ္ေလးလို သူ႕စိတ္ကိုလည္း ေသခ်ာ၏ မေသခ်ာ၏ ျပန္စမ္းစစ္ေနေသးတာေနမွာေပါ့ ။ ဆုံေတြ႕ခ်ိန္ကလည္း တိုေတာင္းေသးတာကိုး ။

ေစ်းျခင္းေတာင္းေလးကို ဆြဲကာ ေသြးမေတာ္သည့္ တူအရီးႏွစ္ဦီး ေစ်းထဲမွ ငိုက္ဆိုက္ငိုက္ဆိုက္ႏွင့္ ထြက္လာကာ အိမ္သို႔ျပန္လာလိုက္ၾကသည္ ။

-----------------------------

" ကိုႀကီး ... ဒီပုဒ္ ၿပိဳင္ၾကည့္မယ္ ။ စာၿပိဳင္ခံေပးအုံး "

" ေပး စာအုပ္ ၾကည့္ေပးမယ္ "

"ကိုႀကီး ... ဒီအခန္းက ဘယ္ႏွမွတ္ဖိုးေလာက္ေမးနိုင္လဲဟင္ "
"၂၅မွတ္တန္ တစ္ပုဒ္ပါနိုင္တယ္ "

"ကိုႀကီး .... မိုင္နာဘာသာေတြထဲက တစ္ခုခု က်ရင္လည္း အကုန္က်နိဳင္လားဟင္ "
" အြန္း ဘယ္ဘာသာက်က် တစ္ႏွစ္ေအာက္မွာဘဲ "

"ကိုႀကီး ... ဒီစာပုဒ္က ဘယ္လိုေခါင္းစဥ္ေတြ ေျပာင္းၿပီး ေမးနိုင္လဲဟင္ "

ဂါး.........
ခင္ေမာင္ႀကီး ၾကားေနျမင္ေနရသည့္ ျမင္ကြင္းေၾကာင့္ ဂါး....ဟု ေအာ္ဟစ္သံႀကီးသည့္ သူ႕ရင္ထဲ ပဲ့တင္ခတ္သြားသည္ ။
စိတ္ရႈပ္ရႈပ္နဲ႕ ဆံပင္ေတြကို လက္ေခ်ာင္းေတြၾကားထဲ ထိုးဖြလိုက္ေတာ့ သူ႕ေဘးက သတင္းစာ ဖတ္ေနသည့္ ဆရာက မ်က္ေမွာင္ကုတ္၍ လွည့္ၾကည့္ပါ၏ ။ သူ႕မွာေတာ့ သူနားမလည္သမွ်ကို သူ႕ေဘးက မ်က္ႏွာတည္ႀကီးနဲ႕ ဆရာ့ကိုသာ ေမးေနရသည္ ။
သုေစနဲ႕ ေမဂ်ာမတူတာ နည္းနည္းေလးမွေတာင္ ေကာင္းမေနဘူး ။
သူနဲ႕ခပ္လွမ္းလွမ္းရွိတဲ့ ၿခံဝင္းထဲမွ လႊဲဒန္းေပၚက ႏွစ္ေယာက္သားကေတာ့ ကိုႀကီးနဲ႕ ညီမေလး ဇာတ္ကို အပီျပင္ကေနေလရဲ႕ ။

ဒီခ်ာတိတ္မေလးကို ခင္ေမာင္ႀကီး ေကာင္းေကာင္းသိပါ၏ ။ သုေစ ႀကိတ္ႀကိဳက္ေနတဲ့ ခ်ာတိတ္မေလး ။ Wellcomeပြဲမွာတုန္းက သုေစ ေရွ႕တည့္တည့္မွာ ရွိေနတာလည္း ဒီခ်ာတိတ္မေလးဘဲ ျဖစ္ေနတာကိုး ။ ၾကည့္စမ္း ။ ႏွစ္ေယာက္မရွိနိုင္တဲ့ ေအးစက္လြန္းတဲ့ ေျမာက္ဝင္ရိုးစြန္းကူးလ္ဂိုင္းႀကီးက ခုေတာ့ သူ႕ခ်ာတိတ္မေလး ေမးသမွ် ပူစာသမွ်ကို စိတ္ရွည္ရွည္နဲ႕ ရွင္းျပ ၊ လိုက္ေလ်ာျပေနလိုက္တာ ။

သူ႕ကိုက် အနားရွိတာနဲ႕ နည္းမ်ိဳးစုံနဲ႕ကို ပထုတ္ေနတာ မေက်နပ္ခ်င္စရာႀကီး ။

" ခင္ေမာင္ႀကီး စာကို အာ႐ုံစိုက္မယ္ !"

"ဟုတ္ "

အနည္းငယ္ အသံမာလိုက္ေတာ့ ပါးစပ္ထဲ ေလငုံၿပီး စူပုတ္သြားပုံက မူႀကိဳကေလးေလးႏွင့္တူလွ၏ ။ လူကသာ မူႀကိဳ႐ုပ္မေပ်ာက္ေသးတာေကာင္မေလးေခ်ာေခ်ာ မ်က္စိေရွ႕မွာ ရွိေနေတာ့ စာထဲကို အာ႐ုံမစိုက္နိုင္ေတာ့ ။
ဒီေကာင္ႏွားဗူးေလးကေတာ့ တကယ့္မလြယ္ေၾကာေလးပါ ။

ဟင္း....

ထိုသို႔ ဦးေဇယ်ာမွာ ေလးလံလာေသာ အေတြးေတြကို ဘယ္သူမွ မၾကားနိုင္သည့္ သက္ျပင္းေတြၾကား လႊင့္ထုတ္ပစ္လိုက္ ရ၏ ။

ဟုတ္လို႔သာ ေျပာလိုက္ရတာ ။ခင္ေမာင္ႀကီးခမ်ာ သူ႕မ်က္စိေရွ႕ ဒန္းေပၚက ကိုႀကီးနဲ႕ညီမေလးဆီက အသံတစ္စ လြင့္လာလွ်င္ စာေရးစားပြဲေပၚ စာအုပ္ေထာင္ၿပီး မ်က္လုံးလွန္ၾကည့္ရတာပါဘဲ ။

" ကိုႀကီးလည္း ညီမဆီ စာျပန္ ၿပိဳင္ခ်င္ၿပိဳင္ေလ ညီမ ၾကည့္ေပးမယ္ "

" အဲ့လို လုပ္ေပးမလား ေက်းဇူးပဲ"

"ကိုႀကီးကလည္း ဘာေက်းဇူးပဲလည္း ။ ညီမၿပိဳင္တာကိုလည္း ကိုႀကီးက ၾကည့္ေပးေနတာပဲကို "

ၾကားရျပန္ၿပီ ။အသံစာစာေလးေတြ ။
ခင္ေမာင္ႀကီး ဘယ္လိုမွ ေနလို႔မရေတာ့ ။
အရင္တုန္းက သုေစကို သူ႕ဆီ စာျပန္မလား ၾကည့္ေပးမယ္ေျပာတုန္းက ကြၽန္ေတာ္က ကိုယ္စာရ မရ ကိုယ္ကိုယ္တိုင္အသိဆုံးမို႔ သူမ်ားဆီ ကိုယ္စာရမရ မစမ္းသပ္ခ်င္ပါဘူး ။ ဆိုၿပီး ဘာေလးညာေလးနဲ႕ ေလႀကီးခဲ့တဲ့ ကိုေလက်ယ္ႀကီးက ခုေတာ့ အဲ့လို လုပ္ေပးမလားနဲ႕ ေက်းဇူးပါ တင္လိုက္ေသး ။

ဒီခ်ာတိတ္မေလးကလည္း တကယ့္ကို မလြယ္ေၾကာေလး ။ အရင္စိတ္နဲ႕သာဆို ခ်ာတိတ္မေလး ႐ုပ္ရည္နဲ႕ ဒီလိုအျပဳမူေလးေတြၾကားမွာဆို ခင္ေမာင္ႀကီးတို႔ ေနာက္ေန႕ ရည္းစားစကားေျပားဖို႔ စကားတို႔ စီရီၿပီးေနေလာက္ၿပီ ။

ခင္ေမာင္ႀကီး စိတ္ထိန္း စိတ္ထိန္း။ မင္းေရာက္ေနတာ အေဝးကြင္းမွာ ... ။

" ေပး ကိုႀကီးစာအုပ္ ။ ခုၿပိဳင္ၾကည့္မွာ ဒီေခါင္းစဥ္မို႔လား "

ႏွင္းဆုဝတီ လႊဲဒန္းေလးေပၚမွ ထကာ သုေစမင္းေရွ႕သို႔ ဆင္းရပ္လိုက္ၿပီး ခင္ေမာင္ႀကီးဆိုသူကို ေက်ာေပးလိုက္သည္ ။ ၿပီးေတာ့ ကိုႀကီး ကမ္းေပးတဲ့ စာအုပ္ကို ယူၿပီး သူ(မ)မ်က္ႏွာေရွ႕ ဟန္ပါပါ စာၾကည့္သလိုႏွင့္ ကာထားလိုက္သည္ ။

ကဲ ခုဆို သူ(မ)ရဲ႕ အႀကံေတြျပည့္ႏွက္ေနတဲ့ မ်က္ႏွာကို သူ႕လို လူစဥ္မမွီတဲ့ အစ္ကိုႀကီးေရာ ကိုႀကီးသုေစပါ မျမင္ေတာ့ဘူးေပါ့ ဟင္း...ဟင္း.... ။

အခ်စ္မ်ားစြာျဖင့္
လမင္းေလး

Comment