အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းကဆိုဖာေပၚမွာ ရထာ့ကိုေနာက္ကေနဖက္အိပ္ေနသည့္songတို႔၏အေနအထားကို ျမင္လိုက္ရလွ်င္ျဖင့္ အရင္ကလိုနာက်င္မႈကို ေနေစာ မခံစားရေတာ့ပါ။ ဘာေၾကာင့္ရယ္မသိေပမယ့္ အနာထံုသြားလို႔ေနမည္ဟု ျဖည့္ေတြးလိုက္မိသည္။
"အာ နယ္ေဆာျပန္လာၿပီပဲ"
တံခါးေပါက္မွာရပ္ေနသည့္ ေနေစာကိုေတြ႔မွ song ထထိုင္လိုက္မိသည္။ ၿပီးေနာက္ ထမင္းစားခန္းကိုလက္ညိဳးၫႊန္ျပ၍...
"ရထာဖ်ားေနလို႔ ဘာမွလုပ္မထားဘူး၊ ကိုယ့္ဘာသာအဆင္ေျပသလိုစားရင္စားလိုက္ ဒါမွမဟုတ္ ဆိုင္မွာစားရင္စားလိုက္၊ ရတယ္မလား"
"ရထာ ဖ်ားေနတာလား"
ေသခ်ာေအာင္အေမးထပ္ျပဳေတာ့ songက ေခါင္းညိတ္ျပသည္။သက္သာရဲ႕လားလို႔ ထပ္ၿပီးေမးခ်င္ေပမယ့္လည္း ဆိုင္သူကႀကိဳက္မွန္းသိ၊မႀကိဳက္မွန္းသိ၊ အထင္လြဲအျမင္မွားေတြ႐ွိေနမွာမို႔ အေပၚထပ္ကိုသာ တက္လာခ့ဲသည္။
ရထာကဘာမွျပင္ထားမေပးေတာ့ အျပင္ထြက္စားရမည္ထင္ပါသည္။ ထို႔ထက္ ရထာသက္မွသက္သာရဲ႕လား။ စိုးရိမ္ေပမယ့္လည္း ဘာမွမလုပ္ႏိုင္သည့္ကိုယ့္ကိုယ္အား သက္ျပင္းခ်ရံုမွလြဲ၍မတတ္ႏိုင္ပါ။
ႏွစ္ႏွစ္ၿခိက္ၿခိဳက္အိပ္စက္ေနသည့္ေမာ္ဖူးမဝအား ႏိႈးခ်င္ပါေသာ္လည္း အရမ္းပင္ပန္းေနမွာမို႔ မႏိႈးရက္။ ဒါေပမယ့္လည္း ဧည့္ခန္းမွာပဲ အိပ္လို႔မျဖစ္ေပ။ ႏိႈးလည္းမႏိႈးခ်င္တာမို႔
ေနာက္ဆံုးေတာ့ ရထာ့အား ခ်ီသြားဖို႔ကိုသာဆံုးျဖတ္လိုက္ၿပီး ဆိုဖာေပၚမွဆင္းလိုက္သည္။ ၿပီးလွ်င္ေတာ့ ခႏၶာကိုယ္ေလးအား ေပြ႔ခ်ီလိုက္ေတာ့ အလႈပ္အ႐ွားေၾကာင့္ ရထာက
ႏိုးလာသည္။
"ဘာျဖစ္လို႔လဲ"
"အခန္းထဲသြားစို႔ေလ"
"ဪ အင္း"
ရထာက ျပန္ေမွးသြားသည္။ ေပြ႔ခ်ီလ်က္သား အခန္းထဲကိုေလွ်ာက္လာခ့ဲၿပီး ခုတင္ေပၚမွာ အသာတင္ေပးလိုက္သည္။ ကိုယ္ပူေသးသလားလို႔ နဖူးေပၚလက္ဖဝါးကပ္စမ္းၾကည့္ေတာ့ မပူေတာ့ပါ။နဖူးေပၚထိကပ္ထားသည့္လက္အား ရထာက လာဆုပ္ကိုင္ကာ...
"ကိုယ္မပူပါဘူး songရဲ႕၊ ေခါင္းကိုက္တာေလးပဲ႐ွိေတာ့တာ၊ မင္းလည္းေအးေဆးနားေတာ့ေလ"
"ဘယ္လိုလုပ္နားႏိုင္မွာလဲ ရထာရဲ႕၊ တကယ္သက္သာရဲ႕လား"
"သက္သာပါတယ္ကြာ လာေလ ငါ့ေဘးမွာလာလွဲ"
"စားဖို႔ ျကက္ေပါင္းျဖစ္ျဖစ္ျပဳတ္ေပးမယ္ေလ"
"ေတာ္ၿပီ မစားခ်င္ေတာ့ဘူး၊ လာပါ လာအိပ္ပါ"
ရထာက သူ႔ေဘးကို လက္ျဖင့္ပုတ္ျပသည္။
"အင္းပါ လာမယ္"
ရထာ့သေဘာအတိုင္း ေဘးမွာဝင္လွဲကာ ရထာ့ခႏၶာကိုယ္ေလးအား ဖက္ထားမိသည္။ ေႏြးေထြးေသာဤရင္ခြင္မွာ သူေလးက အားကိုးစြာခိုလွံုေတာ့ ေၾကာက္စိတ္ကင္းေအာင္ ခပ္တင္းတင္းဖက္ထားေပး၍ နဖူးထက္မွာအနမ္းပြင့္တို႔ေႂကြေစသည္။ ေမွးေနရင္းမွ ျပံဳးလာသည့္ ရထာ့ႏႈတ္ခမ္းေလးအား ျမင္ေတြ႔ရေတာ့ မထိန္းႏိုင္စြာ ထိုႏႈတ္ခမ္းထက္ပါ အနမ္းေႁခြလိုက္မိသည္။
"ေအးေဆးအိပ္ေနာ္ "
"အင္း ငါ့ကိုဒီလိုပဲဖက္ထားေပး"
"ဖက္ထားေပးမွာေပါ့ စိတ္သာခ်"
ထပ္၍ နဖူးျပင္ေလးအား ဖိနမ္းလိုက္မိသည္။ ထို႔ေနာက္တြင္ေတ့ာ အိပ္ခ်ိန္ေစာပါေသးေသာ္လည္း ႏွစ္သက္ေသာရထာ့ကိုဖက္၍သာ ခဏတာေလးျဖစ္ျဖစ္၊တေမ့တေမာျဖစ္ျဖစ္ အိပ္စက္လိုက္မိသည္။ ထိကပ္ေနသည့္ခႏၶာကိုယ္ကေနတစ္ဆင့္ ရထာ့ေဝဒနာေတြကူးလာရင္ သိပ္ေကာင္းမွာပဲလို႔ ေတြးမိသည့္အခါေတာ့ ကိုယ့္ကိုယ္ကိုေလွာင္ရယ္လိုက္မိသည္။ ကိုယ့္မွာအခ်စ္႐ူးထက္ကိုပို႐ူးေနရပါၿပီ။
....................................................................
ေရမိုးခ်ိဳးၿပီး၍ ခဏေလာက္စာအုပ္ဖတ္ဖို႔ရာ ခုတင္ေပၚလွဲလိုက္မိသည္။ စာအုပ္ဖတ္ၿပီးမွ ညစာသြားစားပါေတာ့မည္ေလ။ အခ်ိန္အနည္းငယ္ေစာေနေသးသည္။ ဖတ္မည့္စာမ်က္ႏွာကိုလွန္ေနတုန္း ဖုန္းဝင္သံေၾကာင့္ ရပ္တန္႔လိုက္မိသည္။ ေခါင္းအံုးေဘးကဖုန္းကိုယူၿပီးၾကည့္ေတာ့ deanေခၚတာပဲ။ အျမန္ကိုင္လိုက္ကာ...
"ဟယ္လို"
"ကိုယ္ေအာက္ေရာက္ေနၿပီ ထြက္ခ့ဲေတာ့
ကိုယ့္ေနေရာင္ျခည္ေလး၊ "
"အာ ဟုတ္ၿပီ ငါဆင္းလာခ့ဲမယ္"
deanက ေဖ်ာ္ရည္လာပို႔မယ္လို႔ေျပာထားသည္ကို ေမ့ေနတာပဲ။စာအုပ္ကိုခ်ထားခ့ဲကာ ေပါ့ပါးသည့္ေျခလွမ္းေတြျဖင့့္ ေအာက္ထပ္ကိုဆင္းလာခ့ဲသည္။ ဘာလို႔ေပါ့ပါးေနတာလဲလို႔ေတာ့ ကိုယ့္ကိုယ္ကိုျပန္မေမးခ်င္ေတာ့ပါ။ ေအာက္ထပ္ကိုေရာက္ေတာ့ ဧည့္ခန္းမွာရထာတို႔မ႐ွိေတာ့ပါ။ အခန္းထဲသြားၾကၿပီႏွင့္တူပါရဲ႕။ အျပင္ကိုထြက္ခ့ဲလွ်င္ပင္ ေမွာင္ရိပ္သန္းေနေတာ့သည္။
"ကိုယ့္ေနေရာင္ျခည္ေလး ေရာ့"
deanက ေကာ္ဖီဘူးကမ္းလာသည္။ ေခါင္းညိတ္အသိအမွတ္ျပဳၿပီး ထိုေကာ္ဖီဘူးအား လက္ခံမိသည္။
"အခုစာဂ်ပိုးေလးက စာအုပ္ဖတ္ေတာ့မွာေပါ့"
"ငါစာအုပ္ဖတ္မယ့္အခ်ိန္မင္းေရာက္လာတာပဲ၊ အခုေတာ့မဖတ္ေတာ့ပါဘူး ညစာသြားစားေတာ့မယ္"
"ဟင္ အိမ္မွာမစားဘူးလား"
"ရထာေနမေကာင္းလို႔ေလ ဘာမွမျပင္ထားဘူး၊ ငါလည္းမျပင္တတ္ေတာ့ အျပင္မွာပဲစားရေတာ့မယ္"
"ဒါဆိုကိုယ္လိုက္ခ့ဲမယ္ ကိုယ့္ေနေရာင္ျခည္ေလးကိုစိတ္မခ်လို႔၊ ဒီအနားမွာေတာ့ စားေသာက္ဆိုင္တစ္ခု႐ွိတယ္"
"ရပါတယ္၊ ငါ့ဘာသာသြားမယ္ရယ္"
"မဟုတ္တာ အတူသြားမယ္ေလ လာပါ ကိုယ့္ေနေရာင္ျခည္ေလးကလည္း"
ေနေရာင္ျခည္းေလးအား လက္ကေနဆြဲေခၚေတာ့ မလိုက္ခ်င္လိုက္ခ်င္ႏွင့္ပါလာသည္။ လက္ကေလးကိုဆုပ္ကိုင္ထားတာႏွင့္ အားမရသည့္အခါ ပခံုးကိုဖက္ထားလိုက္မိသည္။ မႀကိဳက္သလိုတစ္ခ်က္ေမာ့ၾကည့္လာရံုမွလြဲၿပီး က်န္တာဘာမွမတံု႔ျပန္လာ။စေတြ႔တုန္းကထက္ စိမ္းတာနည္းနည္းေလ်ာ့လာသည္မို႔ deanမွာေပ်ာ္မိသည္။ ဒီ့ထက္ပိုအဆင့္တက္လို႔ရရင္ ေကာင္းမွာပဲလို႔ေတြးမိသည့္အခါေတာ့ ကိုယ့္ေလာဘကိုမျဖစ္ႏိုင္ျခင္းဆိုတဲ့တရားနဲ႔ပဲ ေျဖသိမ့္တတ္ရပါသည္။
"ဘာဆိုင္သြားေနတာလဲ"
ေနေရာင္ျခည္ေလးက ေမးလာသည္။
"အစံုရတယ္၊ ဘာစားမွာလဲ"
"ပီဇာပဲစားေတာ့မယ္"
"ဟုတ္ပါၿပီ"
ႏွစ္ေယာက္သားစကားထပ္မဆိုျဖစ္ေတာ့ပါ။ ေႏြးေထြးသည့္ရင္ခြင္တစ္စံုမွာခိုဝင္ေနရတာမို႔ ထိုေႏြးေထြးမႈကိုအေႏွာင့္အယွက္ျဖစ္သြားမလားလို႔ စိုးရိမ္မိ၍ deanအား စကားဆက္မဆိုမိျခင္းလား။ စေတြ႔တုန္းက လက္ရဲလြန္းသည့္သူ႔ကိုအျမင္ကတ္ေ႐ွာင္ဖယ္ေနခ့ဲေပမယ့္လည္း အခုေတာ့ သူ႔ကိုလိုအပ္ေနသည္ဆိုတာ တစ္ျဖည္းျဖည္းေပၚလြင္လာရသည္။ ထိုအခ်က္အား ေနေစာေၾကာက္မိပါသည္။ အထီးက်န္သူတစ္ေယာက္အေနျဖင့္ မိမိေဘးမွာ႐ွိသည့္လူတစ္ေယာက္ကို ဖက္တြယ္ခ်င္တာမ်ား မွားေနသလားလို႔ေတြးမိသည္။ သို႔ေပမယ့္လည္း မိမိေဘးမွာ deanကလြဲရင္ ဘယ္သူမွမ႐ွိတာကိုေတာ့ လက္ခံရေပမည္။
"ဒီဆိုင္ပဲ ကိုယ့္ေနေရာင္ျခည္"
ဆိုင္ေလးကလွသည္။ မွန္နံရံေလးေတြႏွင့္ အျပင္မွာေတာ့ ပန္းပင္ေလးေတြျဖင့္လွဆင္ထားသည္။ ဆိုင္ထဲကိုဝင္လာခ့ဲၿပီး မွန္အနားက ခံုမွာႏွစ္ေယာက္သားဝင္ထိုင္ျဖစ္ၾကသည္။ စားပြဲထိုးေလးအား ပီဇာႏွစ္ခ်ပ္စီမွာၿပီးေနာက္ေတာ့ လူသူအမ်ားျဖင့္စည္ကားေနသည့္ လမ္းမထက္ကို မွန္ကေနတစ္ဆင့္ၾကည့္မိသည္။
"ဒါနဲ႔ အခုတေလာ စာဖတ္အသင္းကိုမလာျဖစ္တာ ေခါင္းေဆာင္ဘာေျပာလဲ"
deanက စကားစသည္။ အားကစားၿပိဳင္ပြဲေတြႏွင့္မို႔ deanက စာဖတ္အသင္းဘက္ကိုမလာႏိုင္ေသးပါ။
"ဘာမွမေျပာပါဘူး မင္းလည္းအလုပ္႐ႈပ္ေနတာပဲမလား"
"ဟုတ္လား ေတာ္ေသးတာေပါ့"
အခုမွ dean သက္ျပင္းခ်ႏိုင္သည္။ ခ်စ္ရေသာသူႏွင့္အတူ႐ွိဖို႔အေရးကို ဘယ္ေသာအခါမွမပ်က္စီးေစခ်င္ပါ။ မွာထားသည့္ပီဇာကို စားပြဲထိုးက လာခ်ေပးသည္။ ဗိုက္ဆာဆာႏွင့္ deanအား စကားမဆိုေတာ့ပဲ အစားကိုပဲမဲလိုက္မိသည္။ deanမွာလည္း ခ်စ္ရသူေလးႏွင့္အတူစားရတာမို႔ အကုန္လံုးဟာစားဝင္သည္။ တစ္ကိုက္စားလိုက္ ေနေရာင္ျခည္ေလးအားၾကည့္လိုက္ႏွင့္ deanဘဝဟာ နတ္ျပည္မွာ။
"ဒါနဲ႔ ကိုယ့္ေနေရာင္ျခည္ေလး ကိုယ့္ကိုေကာ္ဖီဘူးျပန္ေပးလိုက္ေနာ္"
"ဘာလို႔လဲ"
ပလုတ္ပေလာင္းစားထားတာမို႔ ေနေစာအသံဟာ မသဲမကြဲ။ လုပ္ေနသည့္ပံုစံေလးက ခ်စ္စရာေကာင္းလြန္းလို႔ deanမွာ ရယ္မိသည္။
"ညမွာေသာက္ရင္မအိပ္ဘဲေနလိမ့္မယ္ေလ၊ ကိုယ့္ကိုျပန္ေပးလိုက္"
"ဒါဆိုဘာလို႔လာေပးေသးလဲ"
"ကိုယ့္ေနေရာင္ျခည္ေလးကို ေတြ႕ခ်င္လို႔ေပါ့၊ အေျဖက ရ်င္း႐ွင္းေလး"
"ရပါတယ္ ငါကမအိပ္တာမ်ိဳးမ႐ွိပါဘူး"
"ကိုယ့္ေနေရာင္ျခည္ေလးအတြက္ပါကြာ ျပန္ေပးလိုက္ေနာ္"
"မေပးဘူး ပါးစပ္ပိတ္ၿပီး အစားသာၿမိဳစို႔ေန"
ေနေရာင္ျခည္ေလးရဲ႕ ရန္ေတြ႕သံေၾကာင့္ deanေခါင္းေမာ့ရယ္မိသည္။ ေနေစာက ျပံဳးခ်င္ေပမယ့္လည္း ေရာလာသည္ဟု deanထင္သြားမလို႔ မျပဳံးေအာင္ႀကိဳးစားထားရသည္။ ထို႔ေနာက္သူႏွင့္အတူ ညစာစားျခင္းအား မပ်င္းရေလေအာင္ deanက စကားမ႐ွိစကား႐ွာေျပာသည္။ မရယ္ရတဲ့ဟာသေတြအား ေျပာသည္။ သူ႐ွက္သြားမွာမို႔ ျပံဳးေပးထားေပမယ့္လည္း လုပ္ၾကံထားျခင္းမဟုတ္ဘဲ မိမိႏႈတ္ခမ္းက စိတ္ေစရာေပ်ာ္ရႊင္မႈေနာက္လိုက္လာခ့ဲျခင္းေၾကာင့္ ျပံဳးေနသည္ဆိုတာရိပ္မိသည္။ ျဖစ္လာတဲ့ခံစားခ်က္ေတြအား ေနေစာ မသိဟန္ေဆာင္ေနမိသည္။ သိလာရင္ပိုၿပီးနာက်င္ရလိမ့္မည္။
"စာမဖတ္ဘဲ အိပ္ေတာ့ေနာ္"
အိမ္ေ႐ွ႕ေရာက္ေရာက္ခ်င္း deanက ႏႈတ္ဆက္သည္။ ခဏေလးအေဖာ္ျပဳေပးခ့ဲေပမယ့္လည္း deanကို ေက်းဇူးတင္ရပါသည္။ အထီးက်န္မႈက တစ္ခဏေလာက္ေတာ့ သူ႔ေၾကာင့္ေပ်ာက္သြားခ့ဲရသည္ပဲ။
"အင္း မင္းလည္းေသခ်ာျပန္ဦး"
"ဟုတ္က့ဲ ကိုယ့္ေနေရာင္ျခည္ေလးရဲ႕စိတ္ပူေပးမႈေၾကာင့္ ဂ႐ုစိုက္ပါ့မယ္"
"အပိုေတြလုပ္မေနနဲ႔"
သူ႔ကိုေက်ာေပးကာ တံခါးဆီသြားေတာ့ ေျခႏွစ္လွမ္းသာလွမ္းရေသးသည္ ကိုယ့္ကိုေနာက္ကေန သိုင္းဖက္လာသည့္လက္တစ္စံု။ ေျခလွမ္းေတြက သူ႔အလိုလိုတန္႔ခနဲရပ္တန္႔သြားကာ ရင္ဘက္ေ႐ွ႕က သူ႔လက္ေတြအား ေနေစာဆုပ္ကိုင္လိုက္မိသည္။
"ေနာက္တစ္ခါ ကိုယ့္ကိုေခၚေနာ္ ကိုယ္မင္းအနားကိုလာဖို႔ အခ်ိန္တိုင္းအဆင့္ပါပဲ၊ "
deanရဲ႕စကားသံေတြက နားဝကို ခ်ိဳသာစြာတၿငိမ့္ၿငိမ့္စီးဝင္သည္။ ဂ႐ုစိုက္ေပးမႈေၾကာင့္ ၾကည္ႏူးရသည့္အခါ ေနေစာျပံဳးမိရျပန္သည္။
"ဘယ္လိုလုပ္ရမလဲကြာ လြမ္းေနျပန္ၿပီ၊ ကိုယ့္ေနေရာင္ျခည္ေလးဆီကေန ေျခတစ္လွမ္းခြာရတိုင္း အလြမ္းကတစ္ေသာင္းေလာက္႐ွိတယ္"
"အပိုေတြေျပာမေနနဲ႔ ျပန္ေတာ့"
ဖက္ထားတာကိုလႊတ္ေပးဖို႔ deanလက္ေမာင္းကို ႏွစ္ခ်က္ေလာက္ပုတ္ၿပီး သတိေပးလိုက္သည္။ မိမိဆႏၵကိုတစ္ခ်က္မွမလြန္ဆန္သည့္ deanက ဖက္ထားတာကိုခ်က္ခ်င္းလႊတ္ေပးသည္။ deanဘက္ကို ျပန္လွည့္ကာ....
"ေသခ်ာျပန္ေတာ့ "
"အင္း ကိုယ့္ေနေရာင္ျခည္လည္းဝင္ေတာ့ ေအးတယ္"
"အင္းပါ"
ဒီတစ္ႀကိမ္ေတာ့ သူ႔ကိုေက်ာေပးကာ အိမ္ထဲကိုဝင္လာခ့ဲသည္။ deanကလည္း အိမ္အျပန္လမ္းကိုစႏွင္ရေတာ့သည္။ အိမ္ေပၚကို ေနေစာအျမန္ေျပးတက္ကာ အေပၚေရာက္တာႏွင့္ ဝရန္ဒါဘက္ကိုထြက္၍ deanျပန္ရာလမ္းကိုၾကည့္လိုက္မိသည္။ ျဖည္းျဖည္းခ်င္းလမ္းေလွ်ာက္သြားေနသည့္ deanေက်ာျပင္အား ေငးေနမိသည္။ မ်က္ႏွာမလြဲခ်င္ေလာက္ေအာင္ ထိုေက်ာျပင္က ဆြဲေဆာင္သည္။ ၾကည့္ေနရင္းမွ ႐ုတ္တရက္ deanက ဒီဘက္ကိုျပန္လွည့္လာသည္မို႔ ေနေစာမွာေၾကာင္ခနဲ။ သူ႔ဘက္က လက္ကိုေျမာက္ကာ တာ့တာ့ျပလာသည္မို႔ ေနေစာလည္း ေနာက္ဆံုးအေနျဖင့္တာ့တာ့ျပကာ အိမ္ထဲျပန္ဝင္လာခ့ဲသည္။ သူခိုးလူမိသြားတာေၾကာင့္ အခန္းထဲေရာက္ခ်င္း ခုတင္ေပၚဝင္လွဲကာ မ်က္ႏွာကိုေခါင္းအံုးျဖင့္အုပ္ထားမိသည္။ ၾကည္ႏူးစရာေကာင္းမႈေၾကာင့္ ေနေစာႏႈတ္ခမ္း၌ အျပံဳးမပ်က္သည့္အခါ deanဆိုလွ်င္ ဘယ္ေလာက္ေတာင္ေပ်ာ္သြားမလဲစဥ္းစားမရ။ ထိုည၌ ေကာင္ေလးႏွစ္ေယာက္၏အျပံဳးက လမင္းႀကီးကိုမနာလိုေစပါသည္။
..................................................................
ေအာက္ထပ္ကို ဆင္းလာခ်င္း ထမင္းစားခန္းထဲမွာ ရထာတစ္ေယာက္တည္း႐ွိေနတာကို ေတြ႕လိုက္သည္ေၾကာင့္
ေက်ာင္းမသြားေသးဘဲ ထမင္းစားခန္းထဲကို ေနေစာဝင္လာခ့ဲသည္။
"သက္သာလားရထာ"
"အာ အင္း သက္သာပါတယ္၊ မေန႔ကထမင္းမစားလိုက္ရဘူးထင္တယ္ "
"ရပါတယ္ ကိုယ္အျပင္ထြက္စားလုိက္တယ္ရယ္"
"ဪ အင္းပါ"
ထိုစကားသာေျပာၿပီး ရထာက ထမင္းစားခန္းကထြက္သြားသည္။ ကိုယ့္ဘက္က ႐ိုး႐ိုးသားသား သာေၾကာင္းမာေၾကာင္းေမးေပမယ့္လည္း ရထာ့ဘက္က မ႐ိုးမသားထင္ေနပံုေပ။ songအတြက္ေၾကာင့္ ကိုယ့္ကိုခပ္ေဝးေဝးေနျခင္းက ျမန္မာမွာ႐ွိတုန္းကထက္ ပိုေတာင္ေဝးသြားသလိုပင္။ သက္ျပင္းခ်လ်က္ ေက်ာင္းသြားဖို႔ရာသာ စိတ္ထည့္လိုက္ေတာ့သည္။ အထီးက်န္ျခင္းက ထပ္၍ေနရာယူလာသည့္အခါ သက္ျပင္းခ်ျခင္းကိုသာအေဖာ္ျပဳရသည္။ အိမ္ထဲကေန ထြက္ထြက္ခ်င္း တံခါးေဘးကနံရံကိုရပ္ေစာင့္ေနသည့္ deanကို ေတြ႔ရသည္။
"ဘာလုပ္ေနတာလဲ"
deanကိုညေမးလိုက္သည္။
"အတူသြားဖို႔ေစာင့္ေနတာေလ၊ဘာျဖစ္လာတာလဲ မ်က္ႏွာလည္းမေကာင္းဘူး ကိုယ့္ေနေရာင္ျခည္ေလး"
"ဘာမွမဟုတ္ဘူး သြားစို႔"
deanအေမးကို မေျဖခ်င္သျဖင့္ မ်က္ကြယ္ျပဳမိသည္။ ေဘးကေန အရိပ္တၾကည့္ၾကည့္လိုက္လာသည့္ deanကိုလည္း အားနာရပါသည္။ ေလာကႀကီးမွာ ကိုယ္ကသူ႔ကိုအမွီျပဳမိရင္ ကိုယ့္ကိုပစ္ထားသြားမည့္လူေတြကသာမ်ားသည္။ deanလည္း ထိုအတိုင္းဆိုတာ ဧကန္မုခ်ေပ။
ထိုသို႔ပစ္ထားခံရသည္ထက္ အထီးက်န္ျခင္းကိုသာ ဖက္တြယ္ေနလိုက္ပါေတာ့မည္။ deanမွာေတာ့ ညႇိဳးေနသည့္ေနေရာင္ျခည္ေလးမ်က္ႏွာကိုၾကည့္ၿပီး မေပ်ာ္ႏိုင္ေတာ့ေပ။
...................................................................
သိမ္းျမစ္္ေဘာင္မွာထိုင္ရင္း ေလာကႀကီးကလူေတြကို ၾကည့္လိုက္ သိမ္းျမစ္ေပၚက အလီလီျဖတ္သန္းေနသာ သေဘၤာေတြကို ၾကည့္လိုက္ႏွင့္ အျမင္အာရံုကိုျပဳေနမိသည္။ အတန္းခ်ိန္ၿပီးၿပီးခ်င္း deanကိုေစာင့္မေနေတာ့ဘဲ တစ္ေယာက္တည္းပဲ သိမ္းျမစ္ေဘာင္ကိုလာကာ ခဏထိုင္ေနမိသည္။ အစုအဖြဲ႔ႏွင့္သြားေနၾကသည့္လူအုပ္ကိုျမင္ရသည့္အခါ တစ္ေယာက္တည္းထိုင္ေနသည့္ကိုယ့္ကိုယ္ကို ျပန္ၾကည့္ရင္း ရင္နာနာရယ္မိတာ အႀကိမ္ႀကိမ္။ ေတြးေငးေနရင္းမွ ဖုန္းဝင္သံကိုၾကားရသည္။ deanပဲလားဟုေတြးကာဖုန္းကိုၾကည့္ေတာ့ တကယ္ကိုdeanေပ။
"ဟယ္လို"
"ျပန္သြားၿပီလား ကိုယ့္ေနေရာင္ျခည္"
"အင္း"
"ကိုယ့္ကိုေတာ့မေစာင့္ဘူး"
deanက ညည္းညဴ သည္။ ေနေစာျပန္မေျပာမိ။ စကားတစ္ခြန္းေျပာဖို႔ကိုပင္ ေနေစာမလုပ္ႏုိင္ေတာ့ပါ။
"အဆင္ေျပရဲ႕လား ကိုယ့္ေနေရာင္ျခည္"
ရိပ္မိတဲ့deanက အဆင္ေျပရဲ႕လားဆိုသည့္စကားကို ဆိုလာသည္။
"ေျပပါတယ္ ဒါပဲ dean"
ဖုန္းခ်လိုက္မိသည္။ ၿပီးရင္ေတာ့ အသံပိတ္ကာ တစ္ေယာက္တည္းပဲ ျမစ္ေဘာင္မွာေနေနမိသည္။ တစ္ေယာက္တည္းျဖစ္ေနခ့ဲတာၾကာၿပီဆိုေသာ္လည္း က်င့္သားမရေသး။ ျမန္မာမွာဆို မိသားစုႏွင့္အတူေန၍ အထီးက်န္ျခင္းကိုေျဖေဖ်ာက္လို႔ရေပမယ့္ ဒီမွာေတာ့နည္းလမ္းမ႐ွိ။ တစ္ေယာက္တည္းသာ။ အခုအခ်ိန္မွာေတာ့ သိမ္းျမစ္ျပင္၏ လႈပ္႐ွား႐ိုက္ခတ္အသံမ်ားသည္သာ အေဖာ္ျဖစ္ေတာ့သည္။
သိမ္းျမစ္၏အလွသည္ပင္ အေဖာ္ျဖစ္ရေတာ့သည္။ ျမင္ေနရသည့္ tower bridgeပင္ အေဖာ္ျဖစ္ရပါေတာ့သည္။
အေဖာ္မဲ့ရင္ အရက္ကိုသာအေဖာ္ျပဳလိုက္ နတ္ျပည္ေရာက္ေနသလိုခံစားခ်က္ပဲတဲ့။ အထီးက်န္သူအတြက္ေတာ့ အရက္သည္ အေဖာ္။ တေျမ့ေျမ့ျဖင့္ ေလာင္ကြၽမ္းျခင္းအရသာသည္သာအေဖာ္။ ဘားထဲကိုဝင္လာသည္ႏွင့္ ဆူညံသံ႐ွိမေနပါ။ ဪ ဝင္လာတဲ့ဘားက အနည္းငယ္အထက္တန္းက်သည္ကိုး။ ဒီေန႔ေတာ့ အဝေသာက္မည္ဟုဆံုးျဖတ္ထားလွ်က္ အျပင္းစားေတြကိုခ်ခိုင္းလိုက္သည္။
"အမူးေသာက္မယ္"
ပါးစပ္ကၾကိမ္းလိုက္ၿပီး လက္ကခ်ေပးလာသည့္အျပင္းစားဆိုသည့္မူးယစ္ေစေသာအရည္မ်ားအား တစ္ခြက္ၿပီးတစ္ခြက္ေသာက္မိသည္။ ေမ့သြားစမ္း ေပ်ာက္သြားစမ္း ဒီစိတ္ေတြကိုဆိုၿပီး တစ္ခြက္ၿပီးတစ္ခြက္ တစ္ပုလင္းၿပီးတစ္ပုလင္း စိတ္ႀကိဳက္ေသာက္ေနမိသည္။ ေသာက္တာမ်ားလာသည့္အခါ ရင္ထဲကခံစားခ်က္ေတြက ေဖာ္သူမ႐ွိဘဲ ပြင့္ထြက္သည္။ နာက်င္စြာျဖင့္ ဖြင့္ထုတ္မိသည္။
"ငါလည္း...လူသား...တစ္ေယာက္ပါ...ရထာ...တစ္ဦးတည္းေသာ အားကိုးရာက...သူငယ္ခ်င္းလိုေတာင္...မခင္တြယ္ေစေတာ့ ..ငါ..တကယ္...အထီးက်န္တယ္...ရထာရာ.."
မူးလာလွ်င္ေတာ့ အက်င့္အတိုင္း တခ်င္သူကိုသာတေနတတ္သည္။ ၿပီးလွ်င္ေတာ့ မိမိလိုအပ္သည့္သူကိုဖုန္းေခၚၿပီး အထီးက်န္ေနေၾကာင္းေျပာမည္။
"ငါ..တကယ္...အထီးက်န္ေနလို႔ပါ..ငါ့ေဘးမွာတစ္ေယာက္ေတာင္ ႐ွိမေနေပးခ်င္က်ဘူးလားကြာ"
ေခါင္းကိုေမာ့ကာ ညည္းလိုက္မိသည္။ ၿပီးလွ်င္ေတာ့ ေနာက္တစ္ခြက္ေသာက္လိုက္သည္။ ေပ်ာက္စမ္းပါ ဒီစိတ္ေတြရယ္။
"ငါ အထီးက်န္လို႔ပါကြာ"
စားပြဲေပၚကို ေမွာက္ကာ က်လာသည့္မ်က္ရည္ေတြအား ေဘးစားဝိုင္းကလူေတြမျမင္ေအာင္ မ်က္ႏွာကိုလက္ဖဝါးျဖင့္အုပ္လိုက္မိသည္။ ခံစားရသည့္ေဝဒနာက ခ်စ္ျခင္းလည္းမဟုတ္၊အမုန္းလည္းမဟုတ္တဲ့ အထီးက်န္ျခင္းမို႔ ေဘးမွာတစ္ေယာက္ေယာက္ေတာ့ ႐ွိေနမွေျပလည္ေပမည္။ ဆိုေတာ့ မိမိအနားမွာမည္သူေနခ်င္သနည္း။ အေျဖက မည္သူမွမေနခ်င္ပါ။ သို႔ေပမယ့္ ေနခ်င္သည့္တစ္ဦးတည္းေသာသူ႐ွိသည္။ ထိုသူဟာdean။ သူ႔ကိုစဥ္းစားမိတာႏွင့္ ေခါင္းကိုဆတ္ခနဲ ေထာင္လိုက္မိသည္။ ဖုန္းကိုထုတ္ကာ အျမန္ပင္deanဆီ ဖုန္းဆက္လိုက္သည္။
"ဟယ္လို ကိုယ့္ေနေရာင္ျခည္ေလး ကိုယ့္ဆီဖုန္းဆက္တယ္"
တီလို႔တစ္ခါပဲ ျမည္ရေသးသည္ ကို္ယ့္ဖုန္းကိုခ်က္ခ်င္းကိုင္လိုက္သည့္ deanရဲ႕ ပထမဆံုးေျပာသည့္စကားက ေႏြးေထြးသည္။ ဘယ္လိုလုပ္မလဲ မင္းေနေရာင္ျခည္ေလးက ေအးစက္လြန္းတဲ့ခံစားခ်က္ေတြကို ခံစားေနရတာ။
"ငါအရမ္းပင္ပန္းတယ္"
"ဟင္! ကိုယ့္ေနေရာင္ျခည္ ဘယ္မွာလဲ၊ ကိုယ္လာခ့ဲမယ္ အဆင္ေျပရဲ႕လား"
'ပင္ပန္းတယ္'တဲ့ ေနေရာင္ျခည္က။ ထိုစကားၾကားရံုႏွင့္ ေသြးပ်က္လာကာ ပိုက္ဆံအိတ္ႏွင့္ကားေသာ့ကိုယူ၍ ထြက္လာခ့ဲသည္။
"ငါ wooဘားမွာ လာခ့ဲေပးပါ"
"အင္း အင္း ကိုယ္အခုလာေနၿပီ ခဏပဲေစာင့္ လာၿပီ"
"အင္းဒါပဲ"
တစ္ဖက္က ဖုန္းခ်သြားသည္။ ကားဂိုေထာင္ဆီ အျမန္သြားကာ သူ႐ွိေနသည့္ဘားကိုပဲဦးတည္ေမာင္းႏွင္ေတာ့ လက္မ်ားက စိတ္ပူမႈေၾကာင့္ ဆုတ္ခ်ည္ျဖန္႔ခ်ည္ျဖစ္ေနသည္။ ဘာမွမျဖစ္ပါေစနဲ႔။ ထိုကလပ္ကအထက္တန္းက်သည့္ကလပ္ျဖစ္တာမို႔ မူး႐ူးၿပီး႐ိုင္းတာေတြေတာ့ မ႐ွိေလာက္ပါ။ ခဏေလာက္ပဲေမာင္းလို႔အၿပီးမွာေတာ့ woo barေ႐ွ႕ကို ေရာက္ၿပီ။ ကားေသခ်ာရပ္ခ့ဲကာ ကလပ္ထဲကိုအျမန္သြားမိသည္။ ၿပီးရင္ေတာ့ ႐ွိေနမည့္မိမိခ်စ္ရသူအား အသဲအသန္႐ွာေနမိသည္။
"ကိုယ့္ေနေရာင္ျခည္ေရ"
ဘားတစ္ခုလံုးကိုမ်က္လံုးေဝ့ဝဲၾကည့္ၿပီးေနာက္မွာေတာ့ ေထာင့္က်သည့္စားပြဲဝိုင္းမွာ ထိုင္ေနသည့္ကိုယ့္ေနေရာင္ျခည္ေလးကိုေတြ႕ရသည္။ အေျပးသြားကာ စားပြဲေပၚေမွာက္ေနသည့္ သူေလးအား ပခံုးကေနေပြ႕ထူလိုက္မိသည္။
"ကိုယ့္ေနေရာင္ျခည္"
ႏူးညံ့စြာေခၚသံတစ္ခုေၾကာင့္ မူးလို႔ေမွးက်ခ်င္ေနသည့္ မ်က္ခြံတို႔အား အားတင္းဖြင့္လိုက္သည္။ ေ႐ွ႕တည့္တည့္ကမ်က္ႏွာက deanရဲ႕မ်က္ႏွာ။ မိမိေခၚသည့္အခါ ဂ႐ုတစိုက္လာေပးတဲ့သူ႐ွိသားပဲ။
"ငါ့ေဘးမွာ...ဘယ္သူမွမ႐ွိဘူး..ထင္ေနတာ dean၊ မင္းေတာ့႐ွိသားပဲ"
"ကိုယ့္ေနေရာင္ျခည္ရယ္"
သိမ္ငယ္ေနသည့္ခ်စ္ရသူအား ေပြ႔ဖက္ထားေပးမိသည္။ ျပန္ၿပီးေပြ႔ဖက္လာသည့္ ကိုယ့္ေနေရာင္ျခည္သည္ အခုေတာ့ကေလးတစ္ေယာက္လို မ်က္ရည္က်ကာသူ႔ေဘးမွာလူတစ္ေယာက္႐ွိျခင္းအတြက္ေပ်ာ္ေနသည္တဲ့လား။
"ျပန္က်စို႔ေနာ္"
"မင္းအိမ္ကိုပဲ ျပန္မယ္dean၊ ငါဟို...မျပန္ခ်င္ဘူး"
"ဟုတ္ၿပီ ဟုတ္ၿပီ လာ သြားရေအာင္"
ေျခေထာက္ေတာင္ မေထာက္ႏိုင္ေတာ့သည့္ ေနေရာင္ျခည္ေလးအား တြဲ၍ေခၚလာခ့ဲရသည္။ ဟိုအိမ္မျပန္ခ်င္ဘူးဆိုေတာ့ သေဘာအတိုင္း မိမိအိမ္သို႔ေခၚလာခ့ဲသည္။ မူးေနသည့္ေနေရာင္ျခည္ေလးအား ကားေမာင္းေနရင္း ခဏခဏလွည့္ၾကည့္မိကာ စိုးရိမ္ေနမိပါသည္။ စိတ္ဒဏ္ရာဆိုသည့္အရာက ေၾကာက္ဖို႔ေကာင္းသည္။ ထိုအရာသည္ လူကိုေတာင္ေသေစႏိုင္သည္မလား။ ကိုယ့္ေနေရာင္ျခည္ေလးေတာ့ ခံစားလို႔မျဖစ္ပါ။
အိမ္ကိုေရာက္လွ်င္ ေနေရာင္ျခည္ေလးအားတြဲ၍ အိမ္ထဲေခၚလာခ့ဲရသည္။ ၿပီးလွ်င္ေတာ့ ေအာက္ထပ္ကကိုယ့္အခန္းမွာပဲ ေနေစသည္။
"ဒီမွာလွဲလိုက္ေနာ္ အျပင္မွာ ကိုယ္႐ွိတယ္ ၊လိုတာ႐ွိရင္ ေခၚလိုက္ေနာ္"
ခုတင္ေပၚမွာ လွဲအိပ္ေစၿပီး ခဏေလာက္ထိုင္ကာ ေနေရာင္ျခည္ေလးအားေငးၾကည့္ေနမိသည္။ အၾကာႀကီး႐ွိေနရင္ ေနေရာင္ျခည္ေလးအထင္လြဲေနမွာမို႔ အခန္းထဲကထြက္ဖို႔ ထလိုက္မိသည္။ သို႔ေသာ္မိမိလက္ကို ဆုပ္ကိုင္လာသည့္ လက္တစ္ဖက္။ လွည့္ၾကည့္ေတာ့ ေနေရာင္ျခည္ေလးကႏိုးေနၿပီ။
"မင္းဘယ္သြားမလို႔လဲdean"
"အျပင္ေလ ၊ "
ေနေရာင္ျခည္ေလးက ခုတင္ေပၚကဆင္းလာကာ ေ႐ွ႕တည့္တည့္မွာလာရပ္သည္။ မူးေနလို႔ ယိုင္တိုင္တိုင္။
ထို႔ေနာက္ မိမိလက္ကိုဆုပ္ကိုင္ထားရာမွ ပါးျပင္ႏွစ္ဖက္ကိုအုပ္ကိုင္ရင္း မိမိမမွန္းဆမိေသာအျပဳအမူတစ္ခုကို ေနေရာင္ျခည္ေလးကျပဳလိုက္သည္။ နမ္းေနသည္တ့ဲလား။
မယံုၾကည္ႏိုင္ေလာက္ေအာင္ ေနေရာင္ျခည္ေလးဘက္က စနမ္းသည္တဲ့လား။ မိမိႏႈတ္ခမ္းလႊာႏွင့္ ထိကပ္ေနသည့္ ထိုႏႈတ္ခမ္းတစ္စံုေၾကာင့္ dean ေျခေထာက္ေတြမခိုင္ခ်င္ေတာ့။
"နမ္းေလ"
အနမ္းခဏရပ္ကာ ေနေရာင္ျခည္ေလးက မေက်နပ္သလိုေျပာလာသည္။ ၿပီးေနာက္ ေနေရာင္ျခည္ေလးဘက္ကပင္ အနမ္းတစ္ခုကိုထပ္ဖန္တီးျပန္သည္။ ဒီတစ္ခါေတာ့ ႏႈတ္ခမ္းႏု၏ဆြဲငင္အားအား မလြန္ဆန္ႏိုင္စြာ ေနေရာင္ျခည္ေလးပါးႏွစ္ဖက္ကေနေပြ႔ယူ၍ အနမ္းေတြအား ပို၍သိပ္သည္းေစသည္။ ထိုႏႈတ္ခမ္းေလးအား ခပ္သာသာကိုက္ရျခင္း ေထြးစုတ္ရျခင္းသည္ မိန္ေမာဖြယ္။ ခံစားခ်က္သည္မယံုႏိုင္ေအာင္ ပို၍ေကာင္းလာသည္။ ပို၍ ျပင္းထန္လာသည္။ သို႔ေပမယ့္ နမ္းေနရင္းမွ ေနေရာင္ျခည္ေလးဘက္က ရပ္တန္႔ကာ ေမာ့ၾကည့္လာသည္။
"ငါတို႔အတူေနရေအာင္ dean"
"ဟင္ "
"အတူေနရေအာင္ ငါအရမ္းအထီးက်န္တယ္"
ဒါကေတာ့ deanအတြက္ခက္ခဲသည္။ မူးေနသည့္ခ်စ္ရသူအား အခြင့္အေရးမယူခ်င္ပါ။
"ဟို ကိုယ့္ေနေရာင္ျခည္ အဲ့...အ့ဲ..ဒါက."
"မင္းလည္းငါ့ကိုမလိုအပ္ပါဘူး"
ေနေရာင္ျခည္ေလးအသံမာလာသည္။ ဘာျဖစ္တာလဲ။
"ကိုယ့္အတြက္ ကိုယ့္ေနေရာင္ျခည္က အလိုအပ္ဆံုးပါကြာ"
"ဒါဆို မျငင္းပါနဲ႔အတူေနရေအာင္"
ေတာင္းဆိုသံ။ ငယ္ေနသည့္ ေနေရာင္ျခည့္မ်က္ႏွာေလး။ ထို႔ေနာက္ deanသက္ျပင္းခ်လိုက္မိသည္။ ေသခ်ာတဲ့ဆံုးျဖတ္ခ်က္ျဖင့္ ေနေရာင္ျခည္ေလးႏႈတ္ခမ္းအားတစ္ခ်က္နမ္းကာ...
"ဒါဆို လာမယ့္မနက္ျဖန္မွာ ဒီေန႔ညကျဖစ္သမွ်ကိစၥေတြအတြက္ ကိုယ့္ကိုတာဝန္ယူခြင့္ေပးရမယ္ ကတိတည္လား"
"အင္း အတူေနမယ္"
ထိုစကားကိုသာ ေျပာျမဲ။
"ခ်စ္တယ္ ကိုယ့္ေနေရာင္ျခည္"
ႏွစ္ေယာက္သားအလို႐ွိသည္က ထိုအရာတစ္ခုသာျဖစ္သည္ဆိုေတာ့ ထိန္းခ်ဳပ္မေနေတာ့ပါ။ ေနေရာင္ျခည္ေလးႏႈတ္ခမ္းအား နမ္း႐ိႈက္လိုက္ရင္း ခုတင္ေပၚအသားလွဲေစသည္။ ႏႈတ္ခမ္းမွတစ္ဆင့္လည္ပင္းေလးကို နမ္း႐ိႈက္သည့္အခါ ေနေရာင္ျခည္ေလးထံမွ ညည္းသံတိုးတိုးေလးထြက္လာသည္။ ၿပီးလွ်င္ေတာ့ ႏွစ္ဦးသားရဲ႕အခ်စ္ခရီးစဥ္ကို စတင္သည့္အခါ နာက်င္ဟန္ျဖစ္သြားသည့္ ေနေရာင္ျခည္ေလးမ်က္ႏွာထားေၾကာင့္ အနမ္းျဖင့္အားေပးမိသည္။
"dean"
ေနေရာင္ျခည္ေလးရဲ႕ ညည္းသံ။ ကိုယ့္လႈပ္႐ွားမႈတိုင္းမွာ လိုက္ပါလာသည့္ ေနေရာင္ျခည္ေလးရဲ႕ညည္းသံဟာ သာယာနာေပ်ာ္ဖြယ္။ ကိုယ့္ရင္ခြင္မွာ ေနေရာင္ျခည္ေလးအား ခိုဝင္ေစရင္းသာ နာက်င္မႈေၾကာင့္ျဖစ္လာသည့္သာယာမႈအား ခံစားေစသည္။ နာက်င္မႈအား ကိုယ့္ရင္ခြင္မွာသာ ညည္းညဴ ပါ။ သာယာမႈေတြအား ကိုယ့္ရင္ခြင္မွာသာ ခံစားပါ။ မနက္က်လွ်င္ေတာ့ ျဖစ္သမွ်အလံုးစံု မွတ္မိပါေစေလ။
"ကိုယ္မင္းကုိခ်စ္တယ္ ကိုယ့္ေနေရာင္ျခည္"
ေနေရာင္ျခည္ေလး ႏႈတ္ခမ္းလႊာအား စုပ္ယူေထြးထားလိုက္သည္။ ထို႔ေနာက္ အခ်စ္ခရီးစဥ္အား ႏွစ္ေယာက္အတူလုပ္ေဆာင္မိပါေတာ့သည္။
....................................................................
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းကဆိုဖာပေါ်မှာ ရထာ့ကိုနောက်ကနေဖက်အိပ်နေသည့်songတို့၏အနေအထားကို မြင်လိုက်ရလျှင်ဖြင့် အရင်ကလိုနာကျင်မှုကို နေစော မခံစားရတော့ပါ။ ဘာကြောင့်ရယ်မသိပေမယ့် အနာထုံသွားလို့နေမည်ဟု ဖြည့်တွေးလိုက်မိသည်။
"အာ နယ်ဆောပြန်လာပြီပဲ"
တံခါးပေါက်မှာရပ်နေသည့် နေစောကိုတွေ့မှ song ထထိုင်လိုက်မိသည်။ ပြီးနောက် ထမင်းစားခန်းကိုလက်ညိုးညွှန်ပြ၍...
"ရထာဖျားနေလို့ ဘာမှလုပ်မထားဘူး၊ ကိုယ့်ဘာသာအဆင်ပြေသလိုစားရင်စားလိုက် ဒါမှမဟုတ် ဆိုင်မှာစားရင်စားလိုက်၊ ရတယ်မလား"
"ရထာ ဖျားနေတာလား"
သေချာအောင်အမေးထပ်ပြုတော့ songက ခေါင်းညိတ်ပြသည်။သက်သာရဲ့လားလို့ ထပ်ပြီးမေးချင်ပေမယ့်လည်း ဆိုင်သူကကြိုက်မှန်းသိ၊မကြိုက်မှန်းသိ၊ အထင်လွဲအမြင်မှားတွေရှိနေမှာမို့ အပေါ်ထပ်ကိုသာ တက်လာခ့ဲသည်။
ရထာကဘာမှပြင်ထားမပေးတော့ အပြင်ထွက်စားရမည်ထင်ပါသည်။ ထို့ထက် ရထာသက်မှသက်သာရဲ့လား။ စိုးရိမ်ပေမယ့်လည်း ဘာမှမလုပ်နိုင်သည့်ကိုယ့်ကိုယ်အား သက်ပြင်းချရုံမှလွဲ၍မတတ်နိုင်ပါ။
နှစ်နှစ်ခြိက်ခြိုက်အိပ်စက်နေသည့်မော်ဖူးမဝအား နှိုးချင်ပါသော်လည်း အရမ်းပင်ပန်းနေမှာမို့ မနှိုးရက်။ ဒါပေမယ့်လည်း ဧည့်ခန်းမှာပဲ အိပ်လို့မဖြစ်ပေ။ နှိုးလည်းမနှိုးချင်တာမို့
နောက်ဆုံးတော့ ရထာ့အား ချီသွားဖို့ကိုသာဆုံးဖြတ်လိုက်ပြီး ဆိုဖာပေါ်မှဆင်းလိုက်သည်။ ပြီးလျှင်တော့ ခန္ဓာကိုယ်လေးအား ပွေ့ချီလိုက်တော့ အလှုပ်အရှားကြောင့် ရထာက
နိုးလာသည်။
"ဘာဖြစ်လို့လဲ"
"အခန်းထဲသွားစို့လေ"
"ဪ အင်း"
ရထာက ပြန်မှေးသွားသည်။ ပွေ့ချီလျက်သား အခန်းထဲကိုလျှောက်လာခ့ဲပြီး ခုတင်ပေါ်မှာ အသာတင်ပေးလိုက်သည်။ ကိုယ်ပူသေးသလားလို့ နဖူးပေါ်လက်ဖဝါးကပ်စမ်းကြည့်တော့ မပူတော့ပါ။နဖူးပေါ်ထိကပ်ထားသည့်လက်အား ရထာက လာဆုပ်ကိုင်ကာ...
"ကိုယ်မပူပါဘူး songရဲ့၊ ခေါင်းကိုက်တာလေးပဲရှိတော့တာ၊ မင်းလည်းအေးဆေးနားတော့လေ"
"ဘယ်လိုလုပ်နားနိုင်မှာလဲ ရထာရဲ့၊ တကယ်သက်သာရဲ့လား"
"သက်သာပါတယ်ကွာ လာလေ ငါ့ဘေးမှာလာလှဲ"
"စားဖို့ ကြက်ပေါင်းဖြစ်ဖြစ်ပြုတ်ပေးမယ်လေ"
"တော်ပြီ မစားချင်တော့ဘူး၊ လာပါ လာအိပ်ပါ"
ရထာက သူ့ဘေးကို လက်ဖြင့်ပုတ်ပြသည်။
"အင်းပါ လာမယ်"
ရထာ့သဘောအတိုင်း ဘေးမှာဝင်လှဲကာ ရထာ့ခန္ဓာကိုယ်လေးအား ဖက်ထားမိသည်။ နွေးထွေးသောဤရင်ခွင်မှာ သူလေးက အားကိုးစွာခိုလှုံတော့ ကြောက်စိတ်ကင်းအောင် ခပ်တင်းတင်းဖက်ထားပေး၍ နဖူးထက်မှာအနမ်းပွင့်တို့ကြွေစေသည်။ မှေးနေရင်းမှ ပြုံးလာသည့် ရထာ့နှုတ်ခမ်းလေးအား မြင်တွေ့ရတော့ မထိန်းနိုင်စွာ ထိုနှုတ်ခမ်းထက်ပါ အနမ်းခြွေလိုက်မိသည်။
"အေးဆေးအိပ်နော် "
"အင်း ငါ့ကိုဒီလိုပဲဖက်ထားပေး"
"ဖက်ထားပေးမှာပေါ့ စိတ်သာချ"
ထပ်၍ နဖူးပြင်လေးအား ဖိနမ်းလိုက်မိသည်။ ထို့နောက်တွင်တေ့ာ အိပ်ချိန်စောပါသေးသော်လည်း နှစ်သက်သောရထာ့ကိုဖက်၍သာ ခဏတာလေးဖြစ်ဖြစ်၊တမေ့တမောဖြစ်ဖြစ် အိပ်စက်လိုက်မိသည်။ ထိကပ်နေသည့်ခန္ဓာကိုယ်ကနေတစ်ဆင့် ရထာ့ဝေဒနာတွေကူးလာရင် သိပ်ကောင်းမှာပဲလို့ တွေးမိသည့်အခါတော့ ကိုယ့်ကိုယ်ကိုလှောင်ရယ်လိုက်မိသည်။ ကိုယ့်မှာအချစ်ရူးထက်ကိုပိုရူးနေရပါပြီ။
....................................................................
ရေမိုးချိုးပြီး၍ ခဏလောက်စာအုပ်ဖတ်ဖို့ရာ ခုတင်ပေါ်လှဲလိုက်မိသည်။ စာအုပ်ဖတ်ပြီးမှ ညစာသွားစားပါတော့မည်လေ။ အချိန်အနည်းငယ်စောနေသေးသည်။ ဖတ်မည့်စာမျက်နှာကိုလှန်နေတုန်း ဖုန်းဝင်သံကြောင့် ရပ်တန့်လိုက်မိသည်။ ခေါင်းအုံးဘေးကဖုန်းကိုယူပြီးကြည့်တော့ deanခေါ်တာပဲ။ အမြန်ကိုင်လိုက်ကာ...
"ဟယ်လို"
"ကိုယ်အောက်ရောက်နေပြီ ထွက်ခ့ဲတော့
ကိုယ့်နေရောင်ခြည်လေး၊ "
"အာ ဟုတ်ပြီ ငါဆင်းလာခ့ဲမယ်"
deanက ဖျော်ရည်လာပို့မယ်လို့ပြောထားသည်ကို မေ့နေတာပဲ။စာအုပ်ကိုချထားခ့ဲကာ ပေါ့ပါးသည့်ခြေလှမ်းတွေဖြင့့် အောက်ထပ်ကိုဆင်းလာခ့ဲသည်။ ဘာလို့ပေါ့ပါးနေတာလဲလို့တော့ ကိုယ့်ကိုယ်ကိုပြန်မမေးချင်တော့ပါ။ အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းမှာရထာတို့မရှိတော့ပါ။ အခန်းထဲသွားကြပြီနှင့်တူပါရဲ့။ အပြင်ကိုထွက်ခ့ဲလျှင်ပင် မှောင်ရိပ်သန်းနေတော့သည်။
"ကိုယ့်နေရောင်ခြည်လေး ရော့"
deanက ကော်ဖီဘူးကမ်းလာသည်။ ခေါင်းညိတ်အသိအမှတ်ပြုပြီး ထိုကော်ဖီဘူးအား လက်ခံမိသည်။
"အခုစာဂျပိုးလေးက စာအုပ်ဖတ်တော့မှာပေါ့"
"ငါစာအုပ်ဖတ်မယ့်အချိန်မင်းရောက်လာတာပဲ၊ အခုတော့မဖတ်တော့ပါဘူး ညစာသွားစားတော့မယ်"
"ဟင် အိမ်မှာမစားဘူးလား"
"ရထာနေမကောင်းလို့လေ ဘာမှမပြင်ထားဘူး၊ ငါလည်းမပြင်တတ်တော့ အပြင်မှာပဲစားရတော့မယ်"
"ဒါဆိုကိုယ်လိုက်ခ့ဲမယ် ကိုယ့်နေရောင်ခြည်လေးကိုစိတ်မချလို့၊ ဒီအနားမှာတော့ စားသောက်ဆိုင်တစ်ခုရှိတယ်"
"ရပါတယ်၊ ငါ့ဘာသာသွားမယ်ရယ်"
"မဟုတ်တာ အတူသွားမယ်လေ လာပါ ကိုယ့်နေရောင်ခြည်လေးကလည်း"
နေရောင်ခြည်းလေးအား လက်ကနေဆွဲခေါ်တော့ မလိုက်ချင်လိုက်ချင်နှင့်ပါလာသည်။ လက်ကလေးကိုဆုပ်ကိုင်ထားတာနှင့် အားမရသည့်အခါ ပခုံးကိုဖက်ထားလိုက်မိသည်။ မကြိုက်သလိုတစ်ချက်မော့ကြည့်လာရုံမှလွဲပြီး ကျန်တာဘာမှမတုံ့ပြန်လာ။စတွေ့တုန်းကထက် စိမ်းတာနည်းနည်းလျော့လာသည်မို့ deanမှာပျော်မိသည်။ ဒီ့ထက်ပိုအဆင့်တက်လို့ရရင် ကောင်းမှာပဲလို့တွေးမိသည့်အခါတော့ ကိုယ့်လောဘကိုမဖြစ်နိုင်ခြင်းဆိုတဲ့တရားနဲ့ပဲ ဖြေသိမ့်တတ်ရပါသည်။
"ဘာဆိုင်သွားနေတာလဲ"
နေရောင်ခြည်လေးက မေးလာသည်။
"အစုံရတယ်၊ ဘာစားမှာလဲ"
"ပီဇာပဲစားတော့မယ်"
"ဟုတ်ပါပြီ"
နှစ်ယောက်သားစကားထပ်မဆိုဖြစ်တော့ပါ။ နွေးထွေးသည့်ရင်ခွင်တစ်စုံမှာခိုဝင်နေရတာမို့ ထိုနွေးထွေးမှုကိုအနှောင့်အယှက်ဖြစ်သွားမလားလို့ စိုးရိမ်မိ၍ deanအား စကားဆက်မဆိုမိခြင်းလား။ စတွေ့တုန်းက လက်ရဲလွန်းသည့်သူ့ကိုအမြင်ကတ်ရှောင်ဖယ်နေခ့ဲပေမယ့်လည်း အခုတော့ သူ့ကိုလိုအပ်နေသည်ဆိုတာ တစ်ဖြည်းဖြည်းပေါ်လွင်လာရသည်။ ထိုအချက်အား နေစောကြောက်မိပါသည်။ အထီးကျန်သူတစ်ယောက်အနေဖြင့် မိမိဘေးမှာရှိသည့်လူတစ်ယောက်ကို ဖက်တွယ်ချင်တာများ မှားနေသလားလို့တွေးမိသည်။ သို့ပေမယ့်လည်း မိမိဘေးမှာ deanကလွဲရင် ဘယ်သူမှမရှိတာကိုတော့ လက်ခံရပေမည်။
"ဒီဆိုင်ပဲ ကိုယ့်နေရောင်ခြည်"
ဆိုင်လေးကလှသည်။ မှန်နံရံလေးတွေနှင့် အပြင်မှာတော့ ပန်းပင်လေးတွေဖြင့်လှဆင်ထားသည်။ ဆိုင်ထဲကိုဝင်လာခ့ဲပြီး မှန်အနားက ခုံမှာနှစ်ယောက်သားဝင်ထိုင်ဖြစ်ကြသည်။ စားပွဲထိုးလေးအား ပီဇာနှစ်ချပ်စီမှာပြီးနောက်တော့ လူသူအများဖြင့်စည်ကားနေသည့် လမ်းမထက်ကို မှန်ကနေတစ်ဆင့်ကြည့်မိသည်။
"ဒါနဲ့ အခုတလော စာဖတ်အသင်းကိုမလာဖြစ်တာ ခေါင်းဆောင်ဘာပြောလဲ"
deanက စကားစသည်။ အားကစားပြိုင်ပွဲတွေနှင့်မို့ deanက စာဖတ်အသင်းဘက်ကိုမလာနိုင်သေးပါ။
"ဘာမှမပြောပါဘူး မင်းလည်းအလုပ်ရှုပ်နေတာပဲမလား"
"ဟုတ်လား တော်သေးတာပေါ့"
အခုမှ dean သက်ပြင်းချနိုင်သည်။ ချစ်ရသောသူနှင့်အတူရှိဖို့အရေးကို ဘယ်သောအခါမှမပျက်စီးစေချင်ပါ။ မှာထားသည့်ပီဇာကို စားပွဲထိုးက လာချပေးသည်။ ဗိုက်ဆာဆာနှင့် deanအား စကားမဆိုတော့ပဲ အစားကိုပဲမဲလိုက်မိသည်။ deanမှာလည်း ချစ်ရသူလေးနှင့်အတူစားရတာမို့ အကုန်လုံးဟာစားဝင်သည်။ တစ်ကိုက်စားလိုက် နေရောင်ခြည်လေးအားကြည့်လိုက်နှင့် deanဘဝဟာ နတ်ပြည်မှာ။
"ဒါနဲ့ ကိုယ့်နေရောင်ခြည်လေး ကိုယ့်ကိုကော်ဖီဘူးပြန်ပေးလိုက်နော်"
"ဘာလို့လဲ"
ပလုတ်ပလောင်းစားထားတာမို့ နေစောအသံဟာ မသဲမကွဲ။ လုပ်နေသည့်ပုံစံလေးက ချစ်စရာကောင်းလွန်းလို့ deanမှာ ရယ်မိသည်။
"ညမှာသောက်ရင်မအိပ်ဘဲနေလိမ့်မယ်လေ၊ ကိုယ့်ကိုပြန်ပေးလိုက်"
"ဒါဆိုဘာလို့လာပေးသေးလဲ"
"ကိုယ့်နေရောင်ခြည်လေးကို တွေ့ချင်လို့ပေါ့၊ အဖြေက ရျင်းရှင်းလေး"
"ရပါတယ် ငါကမအိပ်တာမျိုးမရှိပါဘူး"
"ကိုယ့်နေရောင်ခြည်လေးအတွက်ပါကွာ ပြန်ပေးလိုက်နော်"
"မပေးဘူး ပါးစပ်ပိတ်ပြီး အစားသာမြိုစို့နေ"
နေရောင်ခြည်လေးရဲ့ ရန်တွေ့သံကြောင့် deanခေါင်းမော့ရယ်မိသည်။ နေစောက ပြုံးချင်ပေမယ့်လည်း ရောလာသည်ဟု deanထင်သွားမလို့ မပြုံးအောင်ကြိုးစားထားရသည်။ ထို့နောက်သူနှင့်အတူ ညစာစားခြင်းအား မပျင်းရလေအောင် deanက စကားမရှိစကားရှာပြောသည်။ မရယ်ရတဲ့ဟာသတွေအား ပြောသည်။ သူရှက်သွားမှာမို့ ပြုံးပေးထားပေမယ့်လည်း လုပ်ကြံထားခြင်းမဟုတ်ဘဲ မိမိနှုတ်ခမ်းက စိတ်စေရာပျော်ရွှင်မှုနောက်လိုက်လာခ့ဲခြင်းကြောင့် ပြုံးနေသည်ဆိုတာရိပ်မိသည်။ ဖြစ်လာတဲ့ခံစားချက်တွေအား နေစော မသိဟန်ဆောင်နေမိသည်။ သိလာရင်ပိုပြီးနာကျင်ရလိမ့်မည်။
"စာမဖတ်ဘဲ အိပ်တော့နော်"
အိမ်ရှေ့ရောက်ရောက်ချင်း deanက နှုတ်ဆက်သည်။ ခဏလေးအဖော်ပြုပေးခ့ဲပေမယ့်လည်း deanကို ကျေးဇူးတင်ရပါသည်။ အထီးကျန်မှုက တစ်ခဏလောက်တော့ သူ့ကြောင့်ပျောက်သွားခ့ဲရသည်ပဲ။
"အင်း မင်းလည်းသေချာပြန်ဦး"
"ဟုတ်က့ဲ ကိုယ့်နေရောင်ခြည်လေးရဲ့စိတ်ပူပေးမှုကြောင့် ဂရုစိုက်ပါ့မယ်"
"အပိုတွေလုပ်မနေနဲ့"
သူ့ကိုကျောပေးကာ တံခါးဆီသွားတော့ ခြေနှစ်လှမ်းသာလှမ်းရသေးသည် ကိုယ့်ကိုနောက်ကနေ သိုင်းဖက်လာသည့်လက်တစ်စုံ။ ခြေလှမ်းတွေက သူ့အလိုလိုတန့်ခနဲရပ်တန့်သွားကာ ရင်ဘက်ရှေ့က သူ့လက်တွေအား နေစောဆုပ်ကိုင်လိုက်မိသည်။
"နောက်တစ်ခါ ကိုယ့်ကိုခေါ်နော် ကိုယ်မင်းအနားကိုလာဖို့ အချိန်တိုင်းအဆင့်ပါပဲ၊ "
deanရဲ့စကားသံတွေက နားဝကို ချိုသာစွာတငြိမ့်ငြိမ့်စီးဝင်သည်။ ဂရုစိုက်ပေးမှုကြောင့် ကြည်နူးရသည့်အခါ နေစောပြုံးမိရပြန်သည်။
"ဘယ်လိုလုပ်ရမလဲကွာ လွမ်းနေပြန်ပြီ၊ ကိုယ့်နေရောင်ခြည်လေးဆီကနေ ခြေတစ်လှမ်းခွာရတိုင်း အလွမ်းကတစ်သောင်းလောက်ရှိတယ်"
"အပိုတွေပြောမနေနဲ့ ပြန်တော့"
ဖက်ထားတာကိုလွှတ်ပေးဖို့ deanလက်မောင်းကို နှစ်ချက်လောက်ပုတ်ပြီး သတိပေးလိုက်သည်။ မိမိဆန္ဒကိုတစ်ချက်မှမလွန်ဆန်သည့် deanက ဖက်ထားတာကိုချက်ချင်းလွှတ်ပေးသည်။ deanဘက်ကို ပြန်လှည့်ကာ....
"သေချာပြန်တော့ "
"အင်း ကိုယ့်နေရောင်ခြည်လည်းဝင်တော့ အေးတယ်"
"အင်းပါ"
ဒီတစ်ကြိမ်တော့ သူ့ကိုကျောပေးကာ အိမ်ထဲကိုဝင်လာခ့ဲသည်။ deanကလည်း အိမ်အပြန်လမ်းကိုစနှင်ရတော့သည်။ အိမ်ပေါ်ကို နေစောအမြန်ပြေးတက်ကာ အပေါ်ရောက်တာနှင့် ဝရန်ဒါဘက်ကိုထွက်၍ deanပြန်ရာလမ်းကိုကြည့်လိုက်မိသည်။ ဖြည်းဖြည်းချင်းလမ်းလျှောက်သွားနေသည့် deanကျောပြင်အား ငေးနေမိသည်။ မျက်နှာမလွဲချင်လောက်အောင် ထိုကျောပြင်က ဆွဲဆောင်သည်။ ကြည့်နေရင်းမှ ရုတ်တရက် deanက ဒီဘက်ကိုပြန်လှည့်လာသည်မို့ နေစောမှာကြောင်ခနဲ။ သူ့ဘက်က လက်ကိုမြောက်ကာ တာ့တာ့ပြလာသည်မို့ နေစောလည်း နောက်ဆုံးအနေဖြင့်တာ့တာ့ပြကာ အိမ်ထဲပြန်ဝင်လာခ့ဲသည်။ သူခိုးလူမိသွားတာကြောင့် အခန်းထဲရောက်ချင်း ခုတင်ပေါ်ဝင်လှဲကာ မျက်နှာကိုခေါင်းအုံးဖြင့်အုပ်ထားမိသည်။ ကြည်နူးစရာကောင်းမှုကြောင့် နေစောနှုတ်ခမ်း၌ အပြုံးမပျက်သည့်အခါ deanဆိုလျှင် ဘယ်လောက်တောင်ပျော်သွားမလဲစဉ်းစားမရ။ ထိုည၌ ကောင်လေးနှစ်ယောက်၏အပြုံးက လမင်းကြီးကိုမနာလိုစေပါသည်။
..................................................................
အောက်ထပ်ကို ဆင်းလာချင်း ထမင်းစားခန်းထဲမှာ ရထာတစ်ယောက်တည်းရှိနေတာကို တွေ့လိုက်သည်ကြောင့်
ကျောင်းမသွားသေးဘဲ ထမင်းစားခန်းထဲကို နေစောဝင်လာခ့ဲသည်။
"သက်သာလားရထာ"
"အာ အင်း သက်သာပါတယ်၊ မနေ့ကထမင်းမစားလိုက်ရဘူးထင်တယ် "
"ရပါတယ် ကိုယ်အပြင်ထွက်စားလိုက်တယ်ရယ်"
"ဪ အင်းပါ"
ထိုစကားသာပြောပြီး ရထာက ထမင်းစားခန်းကထွက်သွားသည်။ ကိုယ့်ဘက်က ရိုးရိုးသားသား သာကြောင်းမာကြောင်းမေးပေမယ့်လည်း ရထာ့ဘက်က မရိုးမသားထင်နေပုံပေ။ songအတွက်ကြောင့် ကိုယ့်ကိုခပ်ဝေးဝေးနေခြင်းက မြန်မာမှာရှိတုန်းကထက် ပိုတောင်ဝေးသွားသလိုပင်။ သက်ပြင်းချလျက် ကျောင်းသွားဖို့ရာသာ စိတ်ထည့်လိုက်တော့သည်။ အထီးကျန်ခြင်းက ထပ်၍နေရာယူလာသည့်အခါ သက်ပြင်းချခြင်းကိုသာအဖော်ပြုရသည်။ အိမ်ထဲကနေ ထွက်ထွက်ချင်း တံခါးဘေးကနံရံကိုရပ်စောင့်နေသည့် deanကို တွေ့ရသည်။
"ဘာလုပ်နေတာလဲ"
deanကိုညမေးလိုက်သည်။
"အတူသွားဖို့စောင့်နေတာလေ၊ဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းဘူး ကိုယ့်နေရောင်ခြည်လေး"
"ဘာမှမဟုတ်ဘူး သွားစို့"
deanအမေးကို မဖြေချင်သဖြင့် မျက်ကွယ်ပြုမိသည်။ ဘေးကနေ အရိပ်တကြည့်ကြည့်လိုက်လာသည့် deanကိုလည်း အားနာရပါသည်။ လောကကြီးမှာ ကိုယ်ကသူ့ကိုအမှီပြုမိရင် ကိုယ့်ကိုပစ်ထားသွားမည့်လူတွေကသာများသည်။ deanလည်း ထိုအတိုင်းဆိုတာ ဧကန်မုချပေ။
ထိုသို့ပစ်ထားခံရသည်ထက် အထီးကျန်ခြင်းကိုသာ ဖက်တွယ်နေလိုက်ပါတော့မည်။ deanမှာတော့ ညှိုးနေသည့်နေရောင်ခြည်လေးမျက်နှာကိုကြည့်ပြီး မပျော်နိုင်တော့ပေ။
...................................................................
သိမ်းမြစ််ဘောင်မှာထိုင်ရင်း လောကကြီးကလူတွေကို ကြည့်လိုက် သိမ်းမြစ်ပေါ်က အလီလီဖြတ်သန်းနေသာ သငေ်္ဘာတွေကို ကြည့်လိုက်နှင့် အမြင်အာရုံကိုပြုနေမိသည်။ အတန်းချိန်ပြီးပြီးချင်း deanကိုစောင့်မနေတော့ဘဲ တစ်ယောက်တည်းပဲ သိမ်းမြစ်ဘောင်ကိုလာကာ ခဏထိုင်နေမိသည်။ အစုအဖွဲ့နှင့်သွားနေကြသည့်လူအုပ်ကိုမြင်ရသည့်အခါ တစ်ယောက်တည်းထိုင်နေသည့်ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း ရင်နာနာရယ်မိတာ အကြိမ်ကြိမ်။ တွေးငေးနေရင်းမှ ဖုန်းဝင်သံကိုကြားရသည်။ deanပဲလားဟုတွေးကာဖုန်းကိုကြည့်တော့ တကယ်ကိုdeanပေ။
"ဟယ်လို"
"ပြန်သွားပြီလား ကိုယ့်နေရောင်ခြည်"
"အင်း"
"ကိုယ့်ကိုတော့မစောင့်ဘူး"
deanက ညည်းညူ သည်။ နေစောပြန်မပြောမိ။ စကားတစ်ခွန်းပြောဖို့ကိုပင် နေစောမလုပ်နိုင်တော့ပါ။
"အဆင်ပြေရဲ့လား ကိုယ့်နေရောင်ခြည်"
ရိပ်မိတဲ့deanက အဆင်ပြေရဲ့လားဆိုသည့်စကားကို ဆိုလာသည်။
"ပြေပါတယ် ဒါပဲ dean"
ဖုန်းချလိုက်မိသည်။ ပြီးရင်တော့ အသံပိတ်ကာ တစ်ယောက်တည်းပဲ မြစ်ဘောင်မှာနေနေမိသည်။ တစ်ယောက်တည်းဖြစ်နေခ့ဲတာကြာပြီဆိုသော်လည်း ကျင့်သားမရသေး။ မြန်မာမှာဆို မိသားစုနှင့်အတူနေ၍ အထီးကျန်ခြင်းကိုဖြေဖျောက်လို့ရပေမယ့် ဒီမှာတော့နည်းလမ်းမရှိ။ တစ်ယောက်တည်းသာ။ အခုအချိန်မှာတော့ သိမ်းမြစ်ပြင်၏ လှုပ်ရှားရိုက်ခတ်အသံများသည်သာ အဖော်ဖြစ်တော့သည်။
သိမ်းမြစ်၏အလှသည်ပင် အဖော်ဖြစ်ရတော့သည်။ မြင်နေရသည့် tower bridgeပင်အဖော်ဖြစ်ရပါတော့သည်။
အဖော်မဲ့ရင် အရက်ကိုသာအဖော်ပြုလိုက် နတ်ပြည်ရောက်နေသလိုခံစားချက်ပဲတဲ့။ အထီးကျန်သူအတွက်တော့ အရက်သည် အဖော်။ တမြေ့မြေ့ဖြင့် လောင်ကျွမ်းခြင်းအရသာသည်သာအဖော်။ ဘားထဲကိုဝင်လာသည်နှင့် ဆူညံသံရှိမနေပါ။ ဪ ဝင်လာတဲ့ဘားက အနည်းငယ်အထက်တန်းကျသည်ကိုး။ ဒီနေ့တော့ အဝသောက်မည်ဟုဆုံးဖြတ်ထားလျှက် အပြင်းစားတွေကိုချခိုင်းလိုက်သည်။
"အမူးသောက်မယ်"
ပါးစပ်ကကြိမ်းလိုက်ပြီး လက်ကချပေးလာသည့်အပြင်းစားဆိုသည့်မူးယစ်စေသောအရည်များအား တစ်ခွက်ပြီးတစ်ခွက်သောက်မိသည်။ မေ့သွားစမ်း ပျောက်သွားစမ်း ဒီစိတ်တွေကိုဆိုပြီး တစ်ခွက်ပြီးတစ်ခွက် တစ်ပုလင်းပြီးတစ်ပုလင်း စိတ်ကြိုက်သောက်နေမိသည်။ သောက်တာများလာသည့်အခါ ရင်ထဲကခံစားချက်တွေက ဖော်သူမရှိဘဲ ပွင့်ထွက်သည်။ နာကျင်စွာဖြင့် ဖွင့်ထုတ်မိသည်။
"ငါလည်း...လူသား...တစ်ယောက်ပါ...ရထာ...တစ်ဦးတည်းသော အားကိုးရာက...သူငယ်ချင်းလိုတောင်...မခင်တွယ်စေတော့ ..ငါ..တကယ်...အထီးကျန်တယ်...ရထာရာ.."
မူးလာလျှင်တော့ အကျင့်အတိုင်း တချင်သူကိုသာတနေတတ်သည်။ ပြီးလျှင်တော့ မိမိလိုအပ်သည့်သူကိုဖုန်းခေါ်ပြီး အထီးကျန်နေကြောင်းပြောမည်။
"ငါ..တကယ်...အထီးကျန်နေလို့ပါ..ငါ့ဘေးမှာတစ်ယောက်တောင် ရှိမနေပေးချင်ကျဘူးလားကွာ"
ခေါင်းကိုမော့ကာ ညည်းလိုက်မိသည်။ ပြီးလျှင်တော့ နောက်တစ်ခွက်သောက်လိုက်သည်။ ပျောက်စမ်းပါ ဒီစိတ်တွေရယ်။
"ငါ အထီးကျန်လို့ပါကွာ"
စားပွဲပေါ်ကို မှောက်ကာ ကျလာသည့်မျက်ရည်တွေအား ဘေးစားဝိုင်းကလူတွေမမြင်အောင် မျက်နှာကိုလက်ဖဝါးဖြင့်အုပ်လိုက်မိသည်။ ခံစားရသည့်ဝေဒနာက ချစ်ခြင်းလည်းမဟုတ်၊အမုန်းလည်းမဟုတ်တဲ့ အထီးကျန်ခြင်းမို့ ဘေးမှာတစ်ယောက်ယောက်တော့ ရှိနေမှပြေလည်ပေမည်။ ဆိုတော့ မိမိအနားမှာမည်သူနေချင်သနည်း။ အဖြေက မည်သူမှမနေချင်ပါ။ သို့ပေမယ့် နေချင်သည့်တစ်ဦးတည်းသောသူရှိသည်။ ထိုသူဟာdean။ သူ့ကိုစဉ်းစားမိတာနှင့် ခေါင်းကိုဆတ်ခနဲ ထောင်လိုက်မိသည်။ ဖုန်းကိုထုတ်ကာ အမြန်ပင်deanဆီ ဖုန်းဆက်လိုက်သည်။
"ဟယ်လို ကိုယ့်နေရောင်ခြည်လေး ကိုယ့်ဆီဖုန်းဆက်တယ်"
တီလို့တစ်ခါပဲ မြည်ရသေးသည် ကို်ယ့်ဖုန်းကိုချက်ချင်းကိုင်လိုက်သည့် deanရဲ့ ပထမဆုံးပြောသည့်စကားက နွေးထွေးသည်။ ဘယ်လိုလုပ်မလဲ မင်းနေရောင်ခြည်လေးက အေးစက်လွန်းတဲ့ခံစားချက်တွေကို ခံစားနေရတာ။
"ငါအရမ်းပင်ပန်းတယ်"
"ဟင်! ကိုယ့်နေရောင်ခြည် ဘယ်မှာလဲ၊ ကိုယ်လာခ့ဲမယ် အဆင်ပြေရဲ့လား"
'ပင်ပန်းတယ်'တဲ့ နေရောင်ခြည်က။ ထိုစကားကြားရုံနှင့် သွေးပျက်လာကာ ပိုက်ဆံအိတ်နှင့်ကားသော့ကိုယူ၍ ထွက်လာခ့ဲသည်။
"ငါ wooဘားမှာ လာခ့ဲပေးပါ"
"အင်း အင်း ကိုယ်အခုလာနေပြီ ခဏပဲစောင့် လာပြီ"
"အင်းဒါပဲ"
တစ်ဖက်က ဖုန်းချသွားသည်။ ကားဂိုထောင်ဆီ အမြန်သွားကာ သူရှိနေသည့်ဘားကိုပဲဦးတည်မောင်းနှင်တော့ လက်များက စိတ်ပူမှုကြောင့် ဆုတ်ချည်ဖြန့်ချည်ဖြစ်နေသည်။ ဘာမှမဖြစ်ပါစေနဲ့။ ထိုကလပ်ကအထက်တန်းကျသည့်ကလပ်ဖြစ်တာမို့ မူးရူးပြီးရိုင်းတာတွေတော့ မရှိလောက်ပါ။ ခဏလောက်ပဲမောင်းလို့အပြီးမှာတော့ woo barရှေ့ကို ရောက်ပြီ။ ကားသေချာရပ်ခ့ဲကာ ကလပ်ထဲကိုအမြန်သွားမိသည်။ ပြီးရင်တော့ ရှိနေမည့်မိမိချစ်ရသူအား အသဲအသန်ရှာနေမိသည်။
"ကိုယ့်နေရောင်ခြည်ရေ"
ဘားတစ်ခုလုံးကိုမျက်လုံးဝေ့ဝဲကြည့်ပြီးနောက်မှာတော့ ထောင့်ကျသည့်စားပွဲဝိုင်းမှာ ထိုင်နေသည့်ကိုယ့်နေရောင်ခြည်လေးကိုတွေ့ရသည်။ အပြေးသွားကာ စားပွဲပေါ်မှောက်နေသည့် သူလေးအား ပခုံးကနေပွေ့ထူလိုက်မိသည်။
"ကိုယ့်နေရောင်ခြည်"
နူးညံ့စွာခေါ်သံတစ်ခုကြောင့် မူးလို့မှေးကျချင်နေသည့် မျက်ခွံတို့အား အားတင်းဖွင့်လိုက်သည်။ ရှေ့တည့်တည့်ကမျက်နှာက deanရဲ့မျက်နှာ။ မိမိခေါ်သည့်အခါ ဂရုတစိုက်လာပေးတဲ့သူရှိသားပဲ။
"ငါ့ဘေးမှာ...ဘယ်သူမှမရှိဘူး..ထင်နေတာ dean၊ မင်းတော့ရှိသားပဲ"
"ကိုယ့်နေရောင်ခြည်ရယ်"
သိမ်ငယ်နေသည့်ချစ်ရသူအား ပွေ့ဖက်ထားပေးမိသည်။ ပြန်ပြီးပွေ့ဖက်လာသည့် ကိုယ့်နေရောင်ခြည်သည် အခုတော့ကလေးတစ်ယောက်လို မျက်ရည်ကျကာသူ့ဘေးမှာလူတစ်ယောက်ရှိခြင်းအတွက်ပျော်နေသည်တဲ့လား။
"ပြန်ကျစို့နော်"
"မင်းအိမ်ကိုပဲ ပြန်မယ်dean၊ ငါဟို...မပြန်ချင်ဘူး"
"ဟုတ်ပြီ ဟုတ်ပြီ လာ သွားရအောင်"
ခြေထောက်တောင် မထောက်နိုင်တော့သည့် နေရောင်ခြည်လေးအား တွဲ၍ခေါ်လာခ့ဲရသည်။ ဟိုအိမ်မပြန်ချင်ဘူးဆိုတော့ သဘောအတိုင်း မိမိအိမ်သို့ခေါ်လာခ့ဲသည်။ မူးနေသည့်နေရောင်ခြည်လေးအား ကားမောင်းနေရင်း ခဏခဏလှည့်ကြည့်မိကာ စိုးရိမ်နေမိပါသည်။ စိတ်ဒဏ်ရာဆိုသည့်အရာက ကြောက်ဖို့ကောင်းသည်။ ထိုအရာသည် လူကိုတောင်သေစေနိုင်သည်မလား။ ကိုယ့်နေရောင်ခြည်လေးတော့ ခံစားလို့မဖြစ်ပါ။
အိမ်ကိုရောက်လျှင် နေရောင်ခြည်လေးအားတွဲ၍ အိမ်ထဲခေါ်လာခ့ဲရသည်။ ပြီးလျှင်တော့ အောက်ထပ်ကကိုယ့်အခန်းမှာပဲ နေစေသည်။
"ဒီမှာလှဲလိုက်နော် အပြင်မှာ ကိုယ်ရှိတယ် ၊လိုတာရှိရင် ခေါ်လိုက်နော်"
ခုတင်ပေါ်မှာ လှဲအိပ်စေပြီး ခဏလောက်ထိုင်ကာ နေရောင်ခြည်လေးအားငေးကြည့်နေမိသည်။ အကြာကြီးရှိနေရင် နေရောင်ခြည်လေးအထင်လွဲနေမှာမို့ အခန်းထဲကထွက်ဖို့ ထလိုက်မိသည်။ သို့သော်မိမိလက်ကို ဆုပ်ကိုင်လာသည့် လက်တစ်ဖက်။ လှည့်ကြည့်တော့ နေရောင်ခြည်လေးကနိုးနေပြီ။
"မင်းဘယ်သွားမလို့လဲdean"
"အပြင်လေ ၊ "
နေရောင်ခြည်လေးက ခုတင်ပေါ်ကဆင်းလာကာ ရှေ့တည့်တည့်မှာလာရပ်သည်။ မူးနေလို့ ယိုင်တိုင်တိုင်။
ထို့နောက် မိမိလက်ကိုဆုပ်ကိုင်ထားရာမှ ပါးပြင်နှစ်ဖက်ကိုအုပ်ကိုင်ရင်း မိမိမမှန်းဆမိသောအပြုအမူတစ်ခုကို နေရောင်ခြည်လေးကပြုလိုက်သည်။ နမ်းနေသည်တ့ဲလား။
မယုံကြည်နိုင်လောက်အောင် နေရောင်ခြည်လေးဘက်က စနမ်းသည်တဲ့လား။ မိမိနှုတ်ခမ်းလွှာနှင့် ထိကပ်နေသည့် ထိုနှုတ်ခမ်းတစ်စုံကြောင့် dean ခြေထောက်တွေမခိုင်ချင်တော့။
"နမ်းလေ"
အနမ်းခဏရပ်ကာ နေရောင်ခြည်လေးက မကျေနပ်သလိုပြောလာသည်။ ပြီးနောက် နေရောင်ခြည်လေးဘက်ကပင် အနမ်းတစ်ခုကိုထပ်ဖန်တီးပြန်သည်။ ဒီတစ်ခါတော့ နှုတ်ခမ်းနု၏ဆွဲငင်အားအား မလွန်ဆန်နိုင်စွာ နေရောင်ခြည်လေးပါးနှစ်ဖက်ကနေပွေ့ယူ၍ အနမ်းတွေအား ပို၍သိပ်သည်းစေသည်။ ထိုနှုတ်ခမ်းလေးအား ခပ်သာသာကိုက်ရခြင်း ထွေးစုတ်ရခြင်းသည် မိန်မောဖွယ်။ ခံစားချက်သည်မယုံနိုင်အောင် ပို၍ကောင်းလာသည်။ ပို၍ ပြင်းထန်လာသည်။ သို့ပေမယ့် နမ်းနေရင်းမှ နေရောင်ခြည်လေးဘက်က ရပ်တန့်ကာ မော့ကြည့်လာသည်။
"ငါတို့အတူနေရအောင် dean"
"ဟင် "
"အတူနေရအောင် ငါအရမ်းအထီးကျန်တယ်"
ဒါကတော့ deanအတွက်ခက်ခဲသည်။ မူးနေသည့်ချစ်ရသူအား အခွင့်အရေးမယူချင်ပါ။
"ဟို ကိုယ့်နေရောင်ခြည် အဲ့...အ့ဲ..ဒါက."
"မင်းလည်းငါ့ကိုမလိုအပ်ပါဘူး"
နေရောင်ခြည်လေးအသံမာလာသည်။ ဘာဖြစ်တာလဲ။
"ကိုယ့်အတွက် ကိုယ့်နေရောင်ခြည်က အလိုအပ်ဆုံးပါကွာ"
"ဒါဆို မငြင်းပါနဲ့အတူနေရအောင်"
တောင်းဆိုသံ။ ငယ်နေသည့် နေရောင်ခြည့်မျက်နှာလေး။ ထို့နောက် deanသက်ပြင်းချလိုက်မိသည်။ သေချာတဲ့ဆုံးဖြတ်ချက်ဖြင့် နေရောင်ခြည်လေးနှုတ်ခမ်းအားတစ်ချက်နမ်းကာ...
"ဒါဆို လာမယ့်မနက်ဖြန်မှာ ဒီနေ့ညကဖြစ်သမျှကိစ္စတွေအတွက် ကိုယ့်ကိုတာဝန်ယူခွင့်ပေးရမယ် ကတိတည်လား"
"အင်း အတူနေမယ်"
ထိုစကားကိုသာ ပြောမြဲ။
"ချစ်တယ် ကိုယ့်နေရောင်ခြည်"
နှစ်ယောက်သားအလိုရှိသည်က ထိုအရာတစ်ခုသာဖြစ်သည်ဆိုတော့ ထိန်းချုပ်မနေတော့ပါ။ နေရောင်ခြည်လေးနှုတ်ခမ်းအား နမ်းရှိုက်လိုက်ရင်း ခုတင်ပေါ်အသားလှဲစေသည်။ နှုတ်ခမ်းမှတစ်ဆင့်လည်ပင်းလေးကို နမ်းရှိုက်သည့်အခါ နေရောင်ခြည်လေးထံမှ ညည်းသံတိုးတိုးလေးထွက်လာသည်။ ပြီးလျှင်တော့ နှစ်ဦးသားရဲ့အချစ်ခရီးစဉ်ကို စတင်သည့်အခါ နာကျင်ဟန်ဖြစ်သွားသည့် နေရောင်ခြည်လေးမျက်နှာထားကြောင့် အနမ်းဖြင့်အားပေးမိသည်။
"dean"
နေရောင်ခြည်လေးရဲ့ ညည်းသံ။ ကိုယ့်လှုပ်ရှားမှုတိုင်းမှာ လိုက်ပါလာသည့် နေရောင်ခြည်လေးရဲ့ညည်းသံဟာ သာယာနာပျော်ဖွယ်။ ကိုယ့်ရင်ခွင်မှာ နေရောင်ခြည်လေးအား ခိုဝင်စေရင်းသာ နာကျင်မှုကြောင့်ဖြစ်လာသည့်သာယာမှုအား ခံစားစေသည်။ နာကျင်မှုအား ကိုယ့်ရင်ခွင်မှာသာ ညည်းညူ ပါ။ သာယာမှုတွေအား ကိုယ့်ရင်ခွင်မှာသာ ခံစားပါ။ မနက်ကျလျှင်တော့ ဖြစ်သမျှအလုံးစုံ မှတ်မိပါစေလေ။
"ကိုယ်မင်းကိုချစ်တယ် ကိုယ့်နေရောင်ခြည်"
နေရောင်ခြည်လေး နှုတ်ခမ်းလွှာအား စုပ်ယူထွေးထားလိုက်သည်။ ထို့နောက် အချစ်ခရီးစဉ်အား နှစ်ယောက်အတူလုပ်ဆောင်မိပါတော့သည်။
....................................................................