Unicode
လူတစ်ယောက်နှင့် စကားပြောနေသော လက်မှတ်အရောင်းစာရေးရှိရာ ရုံ၀င်ပေါက်သို့ လုဟယ့်ရန် လျှောက်သွားခဲ့သည်။လက်မှတ်အရောင်းစာရေးက လုဟယ့်ရန် လာနေသည်ကို မြင်သောအခါ အလန့်တကြားနှင့် ပါးစပ်ထဲက ဖရဲစေ့အခွံများကို ထွေးထုတ်၍ သတိကြီးကြီးထား မေးလာသည်။
" ဘာ ....... ဘာကိစ္စများလဲခင်ဗျ ? "
သူက လုဟယ့်ရန်နှင့်ကုယွင်ချီတို့ကို နည်းနည်းကြောက်သည်။ထိုနှစ်ယောက်က ဟယ့်ဝေ့ကဲ့သို့ ရယ်ရယ်ပြုံးပြုံးမရှိလှ။အရော၀င် ချဉ်းကပ်ရန် ခက်ခဲလောက်မည်ဟူသော ဖိနှိပ်ခြယ်လှယ်သည့်ခံစားချက်မျိုးကို ပေးစွမ်းသည်။
ယခုဆိုလျှင် လုဟယ့်ရန်၏မျက်နှာအမူအရာက ယခင် လာရောက်ခဲ့သည့်နှစ်ခေါက်ထက်ပင် အေးစက်မာကြောနေသည်။
" စင်နောက်က ဘယ်မှာလဲ "
လုဟယ့်ရန်က မေးသည်။
လက်မှတ်အရောင်းစာရေးက တွန့်ဆုတ်တွန့်ဆုတ် ဖြေ၏။
" စင်နောက်လား ? အာ ....အဲဒီက အပြင်လူတွေအတွက် အဆင်မပြေ ........ "
လုဟယ့်ရန်က တစ်ခွန်းမျှ မဆိုဘဲ ပိုက်ဆံအလိပ်တစ်ခုကို လက်မှတ်အရောင်းစာရေးရဲ့အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်ပေးလိုက်သည်။
" ဒီကို ပျော်ဖို့လာကြတဲ့လူတိုင်းက အကုန် မိတ်ဆွေတွေချည်းပါပဲ။ အပြင်လူ ဘယ်ရှိလိမ့်မလဲနော်။ ကျွန်တော် အခုချက်ချင်း လူကြီးမင်းကို ခေါ်သွားပေးပါ့မယ် ! "
လက်မှတ်အရောင်းစာရေးလေးက မျက်လုံးတွေ အရောင်လက်နေသည်။သူက မိမိကိုယ်ကိုယ် စိတ်ပါလက်ပါ တက်တက်ကြွကြွ မိတ်ဆက်နေရင်း လုဟယ့်ရန်အား စင်္ကြန်ငယ်လေးတစ်ခုထံ လက်ညွှန်လမ်းပြလိုက်သည်။
" ကျွန်တော်က ရှောင်ဖန်းလို့ ခေါ်ပါတယ်။ နောက်နောင် လူကြီးမင်း ဘာပဲလိုအပ်လိုအပ် ၊ ကျွန်တော့်ကိုသာ ဆက်သွယ်လိုက်ပါ။ ဟုတ်သား ၊ လူကြီးမင်း စင်နောက်မှာ ဘယ်သူ့ကို ရှာမှာလဲဟင် ? "
လုဟယ့်ရန် : " No.17 "
အလန့်လွန်သွားသည့် ရှောင်ဖန်းတစ်ယောက် သူ့လက်ထဲက ဖရဲစေ့တစ်၀က်ခန့်ဟာ တုန်ယင်သွားသည်။
" No.17 ကို ရှာတယ် ? အခုလား ? "
လုဟယ့်ရန်က တည်ငြိမ်စွာ မေးသည်။
" ရှာမရဘူးလား "
" ဒါပေမယ့် စင်နောက်မှာ ......... big boss ရောက်နေမှာကို "
ရှောင်ဖန်းက မဝံ့မရဲ။
" ကျွန်တော်တို့ ခဏနေမှ သွားကြရင်ရော ? သူတို့ ကိစ္စပြီးတဲ့အထိ စောင့်ကြမယ်လေ "
လုဟယ့်ရန်က တစ်စုံတစ်ရာကို တွေးတောနေသည်။သူ လက်တစ်ဖက်ကို မြှောက်လျက် ရှောင်ဖန်းပခုံးကို ဖျစ်ညှစ်လိုက်၏။
" ပြီးတဲ့အထိ ? ဘာကိုလဲ "
" ဘယ်သူ သိမှာလဲဗျာ ........ စကားစမြည်ပြောတာဖြစ်ဖြစ် ၊ တခြားတစ်ခု ....... လုပ်နေတာဖြစ်ဖြစ်ပေါ့ "
ရှောင်ဖန်းအသံက ကျီစယ်စနောက်လိုဟန်။
" No.17 ရဲ့ဒီနေ့၀တ်စုံကို လူကြီးမင်း မြင်လိုက်ရဲ့နဲ့ ၊ ဝတ်စုံက အရမ်း ...... အင်း "
လုဟယ့်ရန်က ယတိပြတ် ပြောသည်။
" အဲဒီနေရာဆီ ငါ့ကို ခေါ်သွားပေး။ ကျန်တာ ငါ ကြည့်ရှင်းမယ် "
" မဟုတ်တာ ၊ မဟုတ်တာ ၊ မဟုတ်ပါဘူး ! ကျွန်တော် လူကြီးမင်းကို သေချာပေါက် ကူညီမှာပါ "
ပိုက်ဆံလိပ်ရဲ့အလေးချိန်က သူ့အင်္ကျီအိတ်ကပ်ထဲတွင် တနင့်တပိုး တည်ရှိနေသည်။ 'ငွေပေးသူက ရှင်ဘုရင်' ဆိုသည့် နိယာမကို ရှောင်ဖန်း ကောင်းကောင်း နားလည်သည်။အဖန်တလဲလဲ ဖောက်သည်ထပ်ရရန် အရည်အသွေးမြင့်ဝန်ဆောင်မှု ပေးအပ်ခြင်းက အရေးကြီးသည်မို့ ကူညီရန် မဆိုင်းမတွ ကတိပေးလိုက်သည်။
လုဟယ့်ရန် : " မင်းကို ဒုက္ခပေးရတာ အားနာပါတယ် "
" ကျွန်တော်က ကိုယ့်အလုပ်ကိုယ် လုပ်တာပါ။ လူကြီးမင်း စိတ်မပူပါနဲ့ဗျ ! "
ရှောင်ဖန်းက လုဟယ့်ရန်ကို စင်အနောက်သို့ ဦးဆောင်ခေါ်သွားသည်။စင်္ကြန်လမ်းရှည်၏ တစ်ဖက်တစ်ချက်စီတွင် အခန်းများက အစီအရီ။ထန်ဖေးယိရဲ့ဘော်ဒီဂတ်တွေက စင်္ကြန်၌ စောင့်ကြပ်မနေ။သူတို့နှစ်ယောက် ခြေဆယ်လှမ်းမျှ လှမ်းအပြီး ရှောင်ဖန်းက 'လူကြီးမင်းကို အပြစ်ပြုမိပါပြီ' ဟု ခွင့်တောင်း၍ လုဟယ့်ရန်ပခုံးကို လှမ်းဖက်လိုက်သည်။ဘေးအခန်းရှေ့က ဖြတ်လျှောက်ရစဉ် အခန်းတွင်းရှိ ဘော်ဒီဂတ်များအား ရှောင်ဖန်းက လက်ပြနှုတ်ဆက်လိုက်၏။
" ဝေ့ ! ဒီကို အသစ်တစ်ယောက်ခေါ်လာခဲ့တာ။ ငါ့ညီအစ်ကိုက အရက်သောက်ဖို့တဲ့ "
လုဟယ့်ရန်ရဲ့ခန္ဓာကိုယ်ကို ရှောင်ဖန်းက ကွယ်ပေးထားသည်။တစ်ဖက်က ရှင်းရှင်းလင်းလင်း မမြင်ရနိုင်။ဘော်ဒီဂတ်များက သိပ်အရေးမစိုက်ပါဘဲ ခေါင်းညိတ်ပြသည်။
" No.17 က ဟိုးအတွင်းအကျဆုံးအခန်းထဲမှာ ရှိတယ် "
ရှောင်ဖန်းက လက်ဖယ်ပေးကာ လမ်းဆက်လျှောက်သည်။
" အခုနေ လူကြီးမင်း သွားရှာချင်တာ သေချာရဲ့လား။ မကြားသင့်တဲ့ ..... ကြားရရင် ဘယ့်နှယ့်လုပ်မလဲ "
ရုတ်တရက် သတိရသွားဟန်ဖြင့် ရှောင်ဖန်းက လုဟယ့်ရန်ကို နောက်ပြန်လှည့်မေးသည်။
" No.17 နဲ့လူကြီးမင်းက ဘယ်လိုဆက်ဆံရေးလဲ "
လုဟယ့်ရန်ဟာ စင်္ကြန်လမ်းအဆုံးကတံခါးကို စိုက်ကြည့်နေသည်။
" သူငယ်ချင်းတွေ "
" သြော် ၊ သိပြီ "
တံခါးနား နီးကပ်လာလျှင် ရှောင်ဖန်းက ခြေဖော့လျှောက်လျက် ရှူးဟု လက်သင်္ကေတလုပ်ပြသည်။
အခန်းတံခါးက အနည်းငယ် ဟနေ၏။အထဲက စကားသံသဲ့သဲ့ကို ကြားနေရသည်။လုဟယ့်ရန်က ရှောင်ဖန်းအရှေ့သို့ ကျော်တက်ကာ တံခါး၀တည့်တည့်တွင် ရပ်လိုက်သည်။
ရှောင်ဖန်းက လုဟယ့်ရန်အတွက် ကင်းစောင့်ပေးသည့်သဖွယ် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး အကဲခတ်နေသည်။မိနစ်၀က်၀န်းကျင်အကြာ ရှောင်ဖန်းက ခပ်ကြိတ်ကြိတ် အေးသည်။
" လူကြီးမင်းရဲ့သူငယ်ချင်းအကြောင်းကို ဒီလိုမျိုး ခိုးကြောင်ခိုး၀ှက်နားထောင်နေတာ တကယ် အဆင်ပြေရဲ့လား "
လုဟယ့်ရန်က ပြန်မဖြေ။ခံစားချက်ကင်းမဲ့စွာ ရပ်နေသည်။ရပ်နေပုံမှာလည်း မားမားမတ်မတ်။ရှောင်ဖန်း တွေးလိုက်မိသည်။ထိုသူမှာ ချောင်းနားထောင်နေသူနှင့် စိုးစဉ်းမျှ မတူသည့်အပြင် အင်မတန် တည်ကြည်လေးနက်သော အသွင်သဏ္ဍာန်ပေါ်နေသည်။
" သူတို့တွေ ....... အဲဒါ ... လုပ်နေတာလား "
စပ်စုချင်စိတ်က အလေးသာသွားသည့် ရှောင်ဖန်းတစ်ယောက် ထပ်မေးမြန်းလာသည်။
လုဟယ့်ရန်က ရှောင်ဖန်းထံ ဖြတ်ခနဲ ဝေ့ကြည့်လိုက်ပေမင့် နှုတ်ဆိတ်နေမြဲ။
တံခါးအဟကြားလေးကတစ်ဆင့် ထန်ဖေးယိ၏ပခုံးအား လုဟယ့်ရန် မြင်နေရသည်။အခန်းထောင့်၌ ရှိသော ကိုယ်လုံးပြည့် မှန်အရှည်ကြီးတွင်မူ No.17 က ပုံရိပ်ထင်ဟပ်နေ၏။ No.17 တို့ ထန်ဖေးယိနှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေသည်။
"မင်း မနက်ဖြန် ကိုယ်နဲ့ မလိုက်ဘူးလား။ တစ်ခါတလေ အပြင်ထွက်ပြီး လောကကြီးကို ကြည့်တာ ကောင်းပါတယ်။ မင်းသာ စိတ်ပါရင် မင်းနဲ့အတူတူ ကစားပေးဖို့ အိုမီဂါတွေကို ကိုယ် ခေါ်ပေးနိုင်တယ် ......... "
ထန်ဖေးယိ၏မျက်၀န်းတွေက No.17 ရဲ့ခန္ဓာကိုယ်တစ်လျှောက် ရစ်၀ဲနေသည်။သူက No.17 မျက်နှာကို ထိတွေ့ရန် လက်လှမ်းလာသည်။
" ဒါပေမယ့် မင်းက ကိုယ့်အပိုင်ပဲ ဖြစ်နေဦးမှာ ....... "
No.17 က မျက်နှာကို တစ်ဖက်လွှဲလို့ ထန်ဖေးယိလက်ကို ရှောင်သည်။
" မလိုက်ဘူး "
ထန်ဖေးယိက ခပ်ဟဟ ရယ်သည်။အသံကို နှိမ့်၍ အက်ရှရှ ဆို၏။
" မင်းက အနုပညာလေးလိုပဲ။ ကိုယ် သောက်ရမ်း လုပ်ပစ်ချင်နေတာက မင်းကို ကိုယ့်ရှေ့မှာ ဒူးထောက်ထိုင်ခိုင်းထားမယ်။ မင်းရဲ့ခေါင်းကို ဖိထားမယ်။ မင်းကတော့ ကိုယ့်ကို စုပ်ပေးပေါ့။ နောက် ၊ မင်းကို စားပွဲပေါ်မှာ လှုပ်မရအောင် ချုပ်ထားလိုက်မယ်။ မင်းရဲ့တင်ပါးတွေကို ကျယ်ကျယ်ဖွင့်ပြီး ကိုယ်က မင်းအထဲကို ပြင်းပြင်းလေး သွင်း ......... "
" မင်း ထွက်သွား "
ဖြတ်ပြောလိုက်သော ရွှီကျယ့်အသံဟာ ကြားနိုင်ရုံလေးမျှ တိုးညှင်းနေခဲ့သည်။
" ပေါင်ပေ့ရယ် ၊ တစ်နေ့ကျ မင်းက ကိုယ့်အပိုင်ဖြစ်လာမှာပါ။ လောလောဆယ်က အမဲလိုက်ရတဲ့စိတ်လှုပ်ရှားမှုမှာ ကိုယ် ပျော်မွေ့နေပါသေးတယ် "
ထန်ဖေးယိက No.17 ၏လည်တိုင်ဆီသို့ ခေါင်းငုံ့တိုးကပ်လာလျက် စွဲစွဲလမ်းလမ်း ၀င်သက်ရှူရှိုက်လိုက်သည်။
" မင်း ပြေးမလွတ်ပါဘူး "
ရှောင်ဖန်း ခေါင်းလေးပြူကြည့်မည်အပြု ၊ လုဟယ့်ရန်က ရှောင်ဖန်းအင်္ကျီပခုံးစကို ဆုပ်ကိုင်ကာ ဘေးကမှောင်မှောင်မည်းမည်း အခန်းတစ်ခုထဲ ဆွဲသွင်းလိုက်သည်။နှစ်စက္ကန့်ပင် မကြာ ၊ ထန်ဖေးယိက တံခါးဖွင့်ထွက်လာသည်။
" လန့်လိုက်တာ ၊ လန့်လိုက်တာ "
ရှောင်ဖန်းက နံရံကို မှီရင်း ရင်ဘတ်ပေါ် လက်နဲ့ အုပ်သည်။
၁ မိနစ်ခန့်ရှိလျှင် လုဟယ့်ရန်က စင်္ကြန်လမ်းသို့ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။
" ငါ အထဲဝင်သွားလိုက်မယ် "
" ဟုတ်ပြီ ! ကျွန်တော် လူကြီးမင်းကိုယ်စား အပြင်မှာ လူအရိပ်အခြည် စောင့်ကြည့်ပေးနေမယ် "
လုဟယ့်ရန် မှောင်းမည်နေသော အခန်းထဲကနေ ထွက်၍ တစ်ဖက်အခန်းက တံခါးလက်ကိုင်ရိုးအား ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။
အိုဟောင်းနေသည့် တံခါးချပ်က ကျွီခနဲမြည်သံနှင့်အတူ နှေးကွေးစွာ ပွင့်အာသွားသည်။ No.17 မှာ နံရံရှေ့ တည့်တည့်ကပ်ချထားသော စားပွဲထက်တွင် တံခါးနှင့်မျက်နှာချင်းဆိုင်ထိုင်နေ၏။မျက်လုံးစည်းနှင့်အနက်ရောင်ကြိုးများကို ဖယ်ရှားထားပြီးဖြစ်သလို ဇာလက်အိတ်ရှည်နှင့် လက်ဝှေ့လက်အိတ်ကိုလည်း ချွတ်ထားပြီးချေပြီ။အထပ်တွန့်စကတ် ၊ ငွေခေါင်းလောင်းလည်ပတ်နှင့် ခြေကျဉ်းများကိုမူ ၀တ်ထားဆဲ။ခြေတံများက လေထဲတွင် တွဲလွဲကျနေသည်။ခြေချောင်းလေးများက အောက်သို့ ငိုက်စိုက်ချထား၏။ဒူးခေါင်းမှ ခြေဖဝါးအထိ ပြစ်မျိုးမှဲ့မထင် လှပကျစ်လျစ်သော ကောက်ကြောင်းက အထင်အရှား။အခန်းမီးရောင် မှိန်ယဲ့ယဲ့က ညိုဖျော့ဖျော့သမ်းနေသည်။စားပွဲပေါ်၌ ရေပုလင်းခွံများ ၊ တိုလီမုတ်စများနှင့် ရှုပ်ပွနေ၏။အနောက်ရှိ နံရံသည်ကား အက်ကွဲရာများဖြင့် စွန်းထင်းညစ်ပေနေသည်။ No.17 ဟာ အသက်မဲ့ သေဆုံးနေသော ပန်းချီလွှာတစ်ချက်ပမာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖော်ညွှန်းလျက် ထိုင်နေခဲ့သည်။
No.17 က ခေါင်းငုံ့ထားကာ အတော်လေး စိတ်ပင်ပန်းနေပါသည့်အသွင်။တံခါးဖွင့်သံ ကြားသော် ထန်းဖေးယိပြန်လာသည်အထင်နှင့် No.17 မျက်လုံးလှန်ကြည့်လိုက်သည်။မနှစ်မြို့ရွံမုန်းသော အငွေ့အသက်များက မျက်၀န်းထဲဝယ် ယှက်သမ်းနေ၏။
လုဟယ့်ရန်ဟာ တံခါး၀တွင် ရပ်လို့ သူ့အား ပြုံးပြနေသည်။
No.17 မှာ လုဟယ့်ရန်ကို မှင်သက်စွာ ငေးကြည့်နေမိသည်။တဒင်္ဂမျှအကြာ ၊ သတိ၀င်လာပြီး မျက်နှာကို လက်နှင့် တို့ထိလိုက်သည်။လက်ချောင်းထိပ်၀ယ် ဆီဆေးများ ကပ်ပါလာသည်ကို မြင်မှ အနည်းငယ် အသက်ရှူချောင်သွားလင့်ကစား သူ့ကိုယ်တွင် စကတ်၀တ်ထားမှန်း အမှတ်ရသွားသည်နှင့်တစ်ပြိုင်နက် အပေါ်၀တ်အင်္ကျီကို ပတ်ပတ်လည်၌ ဟိုဟိုသည်သည် ရှာဖွေကြည့်လိုက်သည် --- ရှုပ်ပွနေသော ပစ္စည်းစုတ်များကလွဲ အခြားမရှိ။
ထိုစဉ်အတွင်း လုဟယ့်ရန်က တံခါးကို ပိတ်ကာ သူ့ထံ လျှောက်လာခဲ့သည်။အကြင်သူ၏ ပေါင်များက No.17 ၏ ဒူးခေါင်းနှင့် ၂ စင်တီမီတာခန့်သာ ကွာတော့သည်။တစ်လှမ်းစာမျှ တိုးလိုက်မည်ဆိုပါက အကြင်သူဟာ No.17 ၏ခြေတံများအကြား၌ ရပ်ရမည်ပင်။
No.17 ရဲ့ဝင်သက်ထွက်သက်များက စိတ်လှုပ်ရှားနေသည့်သဖွယ် လေးလံသထက် လေးလံလာ၏။စားပွဲပေါ် ထောက်ထားသော လက်ချောင်းများသည်လည်း ကုပ်သွားခဲ့သည်။
" ကိုယ့်ကို မှတ်မိရဲ့လား "
လုဟယ့်ရန်က မေးသည်။
" အင်း "
အကြည့်ချင်း မဆုံမိစေရန် No.17 က မျက်လွှာချလိုက်သည်။
အသံက နှာသံစွက်၍ ရှတတလေးဖြစ်နေသည်။
စင်္ကြန်ဘက်က ပျံ့လွင့်လာသော အသံဗလံပေါင်းစုံနှင့် ခြေသံများက အခန်းကို ပိုတိတ်ဆိတ်ငြိမ်သက်အောင် ပံ့ပိုးပေးသည်။လုဟယ့်ရန်က No.17 အား တစိုက်မတ်မတ် ကြည့်နေ၏။
" အအေးမိထားတာလား "
No.17 က ခေတ္တ တွေဝေသွားလျက် ခေါင်းညိတ်ပြသည်။
" ကိုယ် ကြည့်ပါဦးမယ် "
လုဟယ့်ရန် ပြောသည်ကို နားမလည်စွာ No.17 က ခေါင်းလေးမတ်လာသည်။အဓိပ္ပါယ်ကို တွေးရခက်နေသည့်နှယ်။လုဟယ့်ရန်က No.17 လည်ပင်းရှိ ခေါင်းလောင်းလည်ပတ်ဆီ အသာအယာ မေးထိုးပြ၏။
လည်ပတ်ကို No.17 အလိုအလျောက် ထိကိုင်လိုက်မိသည်။ဤပစ္စည်းက တခြားလူများရဲ့မျက်လုံးထဲ၌ အလွန် နိမ့်ကျညစ်ညမ်းသော အရာတစ်ခုဖြစ်နေလောက်မည်ဟု သူ ထင်မှတ်ခဲ့သည့်တိုင် လုဟယ့်ရန်က ယင်းကဲ့သို့ ယူဆပုံမပေါ်။
အခန်းက မှောင်လွန်းသဖြင့် အထဲကအရာ၀တ္ထုမှန်သမျှဟာ အရိပ်ကျနေသည်။လုဟယ့်ရန်ရဲ့မျက်နှာအမူအရာကို No.17 သဲသဲကွဲကွဲ မမြင်ရချေ။သူ သိသည်က လုဟယ့်ရန် သူ့လည်ပင်းကို ကြည့်ချင်နေသည်။ No.17 က တဖြည်းဖြည်း ခေါင်းမော့ပေးလိုက်သည့်အခါ ချောမွေ့နေသော လည်တိုင်နှင့်လည်စေ့တို့က အကာအကွယ်မရှိ လုံးလုံးလျားလျား လှစ်ဟလာသည်။
သူ တစ်ခွန်းတစ်ပါဒမျှ စောဒကမတက်၀ံ့။နှုတ်ခမ်းများက ယောင်ယောင်လေး ပွင့်အာနေသည်။အပေါ်မော့ထားသော အကြည့်များဟာ လုဟယ့်ရန်အနောက်က တံခါးဘောင်သို့ ကျရောက်နေ၏။လုဟယ့်ရန်က လည်ပတ်ကို ခဏတဖြုတ် စိုက်ကြည့်၍ ခြေလှမ်းသေးသေးလေးတစ်လှမ်း တိုးလာကာ No.17 ရဲ့ခြေထောက်တွေကြား ဝင်ရပ်လိုက်သည်။
No.17 ဆတ်ခနဲ လန့်သွားရာ ပေါင်တံများကို သတိလက်လွတ် ရွေ့လိုက်မိသခိုက် တစ်ဖက်လူ၏ ခါးအား ရစ်နှောင်ဖက်ခွရန် ကြိုးပမ်းသည့်အလား လုဟယ့်ရန်အင်္ကျီအစွန်းစကို ပွတ်တိုက်သွားသည်။၎င်းကို ဂရုပြုမိသော လုဟယ့်ရန်က -
" မလှုပ်နဲ့ "
အနှီစကားသုံးလုံးဟာ ခလုတ်တစ်ခုသဖွယ် စွမ်းဆောင်နိုင်သည်။ No.17 ချက်ချင်း ရပ်တန့်သွား၏။လုဟယ့်ရန် လက်ကို မြှောက်လို့ လည်ပတ်ကို ဆွဲလိုက်သည်။လက်ညှိုးနှင့်လက်ခလယ်က လည်ပတ်နှင့် No.17 ၏လည်တိုင်ကြားသို့ လျှို၀င်ချိတ်တွယ်လျက် လည်ပတ်ကို ခပ်ကြမ်းကြမ်းလေး ပင့်မ'လိုက်သည်။ No.17 ခေါင်းက ညှင်းသဲ့သဲ့ ညည်းညူသံနှင့်အတူ ပိုမြင့်မြင့် မော့သွားရသည်။
လုဟယ့်ရန် : " လက်ဝှေ့ကို ဒီလိုမျိုး ထိုးရတယ်ဆိုတာ ကိုယ် အရင်က မသိခဲ့ဘူး "
အကြင်သူဟာ လည်ပတ်ကို စေ့စေ့စပ်စပ် ကြည့်ရှူလေ့လာပြီးနောက် သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ချပြောနေသည့်နှယ်။
လက်မကို သုံး၍ လည်ပတ်ရှိ ငွေခေါင်းလောင်းကို တောက်ချလိုက်လျှင် No.17 ရဲ့လည်စေ့က ခေါင်းလောင်းမြည်သံအတိုင်း လှုပ်ခတ်သွားခဲ့သည်။
သက်တမ်းရင့်နေပြီဖြစ်သော လေအေးပေးစက်က တဝီဝီ လည်နေသည်။အပူချိန်က အတော်လေး နိမ့်နေ၏။ No.17 ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေသည့်အလျောက် ရင်ဘတ်က အသီးလေးများဟာ လေအေးအေးအောက်၌ တင်းမာထောင်မတ်နေကြသည်။ပြင်းထန်လှတဲ့ သူ့နှလုံးခုန်သံသူ No.17 ပြန်ကြားနေရသည်။တစ်ချက်ချင်းစီက မြန်ဆန်သည်။လေးလံသည်။လုဟယ့်ရန် ကြားသွားမည်လားတောင် No.17 မသိ။
" ဒါ ...... သူဋ္ဌေး တောင်းဆိုတာပါ "
No.17 က တိုးတိုးလေး ရှင်းပြသည်။
လုဟယ့်ရန် လည်ပတ်ကို လွှတ်ပေးလိုက်သည်။နှုတ်ခမ်းစွန်းများက အပြုံးတစ်ပွင့်ပမာ ကွေးညွှတ်သွား၏။
" ကိုယ် သိပါတယ် "
ထိုလွှတ်လိုက်သည့်လက်က စားပွဲကို အားပြုဖိလိုက်သည်။ No.17 ၏ခြေထောက်တွေက လုဟယ့်ရန်ခါးတစ်၀ိုက်၌ ရှိနေသည်။လုဟယ့်ရန်ရဲ့လက်က No.17 ပေါင်ဘေး၌ ထောက်ထားသည်မို့ အနှီသူ၏တင်ပါးနှင့် နီးနီးကပ်ကပ်။စားပွဲထက်က သူတို့နှစ်ယောက်ရဲ့လက်ချောင်းတွေဟာ သီသီလေးသာ ခြားတော့သည်။လုဟယ့်ရန်က မျက်နှာအမူအရာ တည်ငြိမ်အေးဆေးနေသည်။သူက သိချင်ဟန်ဖြင့် မေးသည်။
" အခုလို၀တ်ပြီး လက်ဝှေ့ထိုးရင် သူတို့တွေက မင်းကို ပိုက်ဆံပိုပေးကြတာလား "
No.17 က ခေါင်းညိတ်ပြရင်း ရိုးရိုးသားသား ဖြေသည်။
" ပေးတယ် "
" အဲဒါ လောင်းကြေးအများဆုံးထပ်တဲ့သူကြောင့်လား ? "
ဤတစ်ကြိမ်၀ယ် No.17 က နှုတ်ဆိတ်နေသော်ငြား နှုတ်ခမ်းကို တင်းတင်းစေ့လို့ ခေါင်းညိတ်သည်။
အစကနေ အဆုံးထိ လုဟယ့်ရန်က မျက်နှာထက်တွင် စက်ဆုပ်ရွံရှာသော မည်သည့်အရိပ်အယောင်မျိုးမျှ ပြသမလာကြောင်း No.17 သတိထားမိသည်။သူ့ဆီက အဖြေရလျှင် လုဟယ့်ရန်က ဆက်မေးသည်။
" လောင်းကြေးအကြီးဆုံးထပ်တဲ့လူက မင်း ၀တ်ရမယ့် အ၀တ်အစားတွေကို ဆုံးဖြတ်နိုင်တယ်ဆိုရင် တစ်ခေါက်လောက် စမ်းကြည့်ရမလား ? "
မေးခွန်းကို ကြားရချိန် ၊ ထိုသို့ညစ်ညမ်းသည့် ၀တ်စုံအား သူ ၀တ်ရန် ဆန္ဒမရှိခဲ့သည်ကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ မျက်မှောင်လေးကြုတ်လျက် စိုးရိမ်တကြီး တားမြစ်သည်။
" ပိုက်ဆံတွေ မသုံးပါနဲ့။ နောက်တစ်ခေါက်ကျ ....... နိုင်မှာမဟုတ်ဘူးရယ် "
စကားသံက ခဏလေး ရပ်သွားခဲ့ပြီး No.17 က မေး၏။
" ဘယ်လို၀တ်စုံမျိုးနဲ့ ငါ့ ......... "
'ငါ' ဟူသော စကားလုံးက တစ်၀က်တစ်ပြတ်ဖြင့် တိုးတိတ်သွားသည်။ No.17 ၏မျက်တောင်များက တဖျပ်ဖျပ် ခတ်နေရင်း မေးမြန်းလာသည်။
" မင်း ဘယ်လို၀တ်စုံမျိုးကို မြင်ချင်တာလဲဟင် ? "
လုဟယ့်ရန်က ပြုံးတုံ့တုံ့နှင့်။
" မင်း လာဘ်ကောင်ရုပ်ပုံစံလေး၀တ်ထားကို ကိုယ် မြင်ဖူးချင်တာ။ ကျားရုပ်လေးဖြစ်ဖြစ် ၊ ဝက်၀ံရုပ်လေးဖြစ်ဖြစ် ၊ ဘာမဆိုတစ်ခုခုပေါ့ "
လုဟယ့်ရန်အသံက စိတ်ပြေလက်ပျောက် သက်တောင့်သက်သာရှိနေသည်။ No.17 က တဒင်္ဂတာလေး အံ့သြသွားလျက် ခေါင်းကို တစ်ဖက်သို့ စောင်းလို့ ဖွဖွလေး ရယ်မောလိုက်သည်။
မှောင်မှိုင်းနေသော ပန်းချီလွှာလေးက ဆေးရောင်စုံနှင့် အသက်၀င်လာခဲ့သည်။လုဟယ့်ရန်က No.17 ၏ထိုဘေးတစောင်းမျက်နှာလေးအား ကြည့်နေသည်။စက္ကန့်အနည်းငယ်မျှ အကြာ ၊ သူ အနောက်ကို ခြေတစ်လှမ်းဆုတ်ပေးလိုက်စဉ် ဖုန်းမြည်လာ၏။ဖုန်းခေါ်သူက ဟယ့်ဝေ့။လုဟယ့်ရန် လက်ဝှေ့ရုံထဲက ထွက်လာသည်မှာ မိနစ် ၂၀ ကျော်ကျော်ရှိနေပြီဖြစ်တာကြောင့် ဟယ့်ဝေ့နှင့်ကုယွင်ချီတို့ စိတ်ပူနေကြမည်မှာ မလွဲဧကန်။မကြာခင် လုမိသားစုရဲ့ဘော်ဒီဂတ်တွေက လုဟယ့်ရန် လုံခြုံနေကြောင်းကို စစ်ဆေးအတည်ပြုရန် အထဲသို့ လိုက်၀င်လာကြလိမ့်မည်။
ဖုန်းချသည့်ခလုတ်ကို နှိပ်၍ လုဟယ့်ရန် ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။သူ No.17 ၏ မျက်၀န်းများအား တည့်မတ်စွာ ကြည့်ရှူလိုက်သည်။
" ကိုယ် သွားရတော့မယ် "
လုဟယ့်ရန်ကို တစ်စက္ကန့်ပဲဖြစ်ပါစေ ထပ်မြင်တွေ့လိုသည့်အလား No.17 က ဤတစ်ကြိမ်၌မူ အကြင်သူထံ မကွယ်မ၀ှက်တမ်း ၊ မရှောင်မလွှဲတမ်း ကြည့်လာသည်။
" အင်း "
သူ ကျေးဇူးတင်စကားပြောချင်သည့်တိုင် လုဟယ့်ရန်က ထူးဆန်းတာတစ်ခုခုကို ရိပ်မိသွားမလားဆိုတာ ပူပင်ရသေးသည်။
လုဟယ့်ရန် လှည့်ထွက်သွားအံ့ဆဲဆဲ ၊ No.17 က ရုတ်တရက် ခေါ်လိုက်သည်။
" ခဏနေပါဦး "
စားပွဲပေါ်က ဆင်းကာ အ၀တ်ဗီဒိုဆီ လျှောက်သွားသည်။အောက်ဆုံးအံဆွဲမတိုင်မီ တစ်ဆင့်ကို ဖွင့်ပြီး ပစ္စည်းတစ်ခုကို ရှာနေသည်။ခါးကုန်းလိုက်သည်နှင့်တစ်ပြိုင်နက် အထပ်တွန့်စကတ်အနားစဟာ အပေါ်တက်သွားလျက် ပေါင်တံတွင် ရစ်ပတ်ထားသော ဇာသိုင်းကြိုးလေးက ဖော်ထုတ်ခံလိုက်ရသည်။လုဟယ့်ရန်က No.17 အနောက်၌ ငြိမ်သက်စွာ ရပ်ကြည့်နေသည်။
ပစ္စည်းတွေ့သော် No.17 ခါးပြန်မတ်၍ တံခါးဘက်သို့ ရှေးရှူလျှောက်လာသည်။လုဟယ့်ရန်ဆီ ပိုက်ဆံအိတ်တစ်လုံး ကမ်းပေး၏။
" နောက်ဖေးလမ်းကြားမှာ မင်း ကျကျန်ခဲ့တုန်းက ငါ ကောက်ထားခဲ့တာ "
" ကျေးဇူးတင်ပါတယ် "
လုဟယ့်ရန် ပိုက်ဆံအိတ်ကို ယူလိုက်သည်။
No.17 က အနောက်ဆုတ်ပြီး ထိုင်ခုံကို မှီလိုက်သည်။စကတ်၀တ်ထားရခြင်းရဲ့ကသိကအောက်ဖြစ်မှုနှင့် နေရခက်ခြင်းကို ဖြေဖျောက်စေရန် သူ တစ်စုံတစ်ခုအပေါ် မှီထားဖို့ လိုအပ်နေသည်။
No.17 : " မင်း ဂရုစိုက်ပြန်နော်။ ဒီနေရာက မလုံခြုံဘူး "
ဤကဲ့သို့ အန္တရယ်များသည့်နေရာကို ထပ်မလာရန် လုဟယ့်ရန်အား No.17 မပြောနိုင်ခဲ့။
လုဟယ့်ရန် : " ဟုတ်ပါပြီ "
တံခါးကို ဆွဲဖွင့်ဖွဲချင်းမှာတင် အပြင်က ဆူညံသံများဟာ အခန်းအတွင်း အလုအယက် ၀င်ရောက်လာကြသည်။တံခါးပြန်ပိတ်ပေးလိုက်သောအခါ ၎င်းဆူညံသံများ တစ်စတစ်စ လွင့်ပြယ်သွား၏။အခန်းထဲ၌ No.17 တစ်ဦးတည်းသာ အချိန်အကြာကြီး သတိလက်လွတ် မတ်တပ်ရပ်ရင်း ကျန်ရစ်ခဲ့လေသည်။
*
*
*
*
*
*
The original author has nothing to say .
This translaror has something to say ;
လုဟယ့်ရန် ၊ ဟယ့်ဝေ့နဲ့ ကုယွင်ချီတို့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်မှာ လက်တွဲဖော်ကိုယ်စီရှိပါတယ်။
လုဟယ့်ရန်×ရွှီကျယ် (Alpha×Alpha)
ကုယွင်ချီ×၀မ်ရန် (Alpha×Beta)
ဟယ့်ဝေ့×ချီကျားဟန် (Alpha×Omega)
လုရွှီ Cp ရဲ့ယွိ့ယန်နန်ကျစ်ထဲမှာ ဟယ့်ဝေ့×ချီကျားဟန်အတွဲက အနည်းအကျဉ်းလေး ပါပါတယ်။ Novel သပ်သပ်တော့ ထွက်ထားတာမရှိပါဘူး။
ကုယွင်ချီ×၀မ်ရန်ကိုတော့ မိုက်ရှန်းလောင်ရှစ်က 'ချိုးယွီယုံယဲ့' ဆိုတဲ့နာမည်နဲ့ တစ်ပုဒ်သပ်သပ်ရေးထားပါတယ်။မူရင်း၀တ္ထုကကို Ongoing ပဲရှိပါသေးတယ်။ ဘာသာပြန်သူလည်း ဖတ်ချင်တာ တစ်ပိုင်းသေနေပေမယ့် dogblood ဆိုတဲ့ tag ကြောင့် သွားမထိရဲသေးတာမို့ Complete မှပဲ ဖတ်ပါတော့မယ်။
Our Golden Triangle ❤
~~~~~~
ရှင် ...... ရှင်တို့နှစ်ယောက် ၀တ္ထုမှာပါတဲ့ Slow romance tag ကြီးကိုလည်း အားနာကြပါဦး။
Meanwhile , Slow romance tag be like ; ကျော် ... ကျော် ဘယ်ရောက်နေတာလဲခည။
Zawgyi
လူတစ္ေယာက္ႏွင့္ စကားေျပာေနေသာ လက္မွတ္အေရာင္းစာေရး႐ွိရာ ႐ုံ၀င္ေပါက္သို႔ လုဟယ့္ရန္ ေလွ်ာက္သြားခဲ့သည္။လက္မွတ္အေရာင္းစာေရးက လုဟယ့္ရန္ လာေနသည္ကို ျမင္ေသာအခါ အလန္႔တၾကားႏွင့္ ပါးစပ္ထဲက ဖရဲေစ့အခြံမ်ားကို ေထြးထုတ္၍ သတိႀကီးႀကီးထား ေမးလာသည္။
" ဘာ ....... ဘာကိစၥမ်ားလဲခင္ဗ် ? "
သူက လုဟယ့္ရန္ႏွင့္ကုယြင္ခ်ီတို႔ကို နည္းနည္းေၾကာက္သည္။ထိုႏွစ္ေယာက္က ဟယ့္ေဝ့ကဲ့သို႔ ရယ္ရယ္ျပဳံးျပဳံးမ႐ွိလွ။အေရာ၀င္ ခ်ဥ္းကပ္ရန္ ခက္ခဲေလာက္မည္ဟူေသာ ဖိႏွိပ္ျခယ္လွယ္သည့္ခံစားခ်က္မ်ိဳးကို ေပးစြမ္းသည္။
ယခုဆိုလွ်င္ လုဟယ့္ရန္၏မ်က္ႏွာအမူအရာက ယခင္ လာေရာက္ခဲ့သည့္ႏွစ္ေခါက္ထက္ပင္ ေအးစက္မာေၾကာေနသည္။
" စင္ေနာက္က ဘယ္မွာလဲ "
လုဟယ့္ရန္က ေမးသည္။
လက္မွတ္အေရာင္းစာေရးက တြန္႔ဆုတ္တြန္႔ဆုတ္ ေျဖ၏။
" စင္ေနာက္လား ? အာ ....အဲဒီက အျပင္လူေတြအတြက္ အဆင္မေျပ ........ "
လုဟယ့္ရန္က တစ္ခြန္းမွ် မဆိုဘဲ ပိုက္ဆံအလိပ္တစ္ခုကို လက္မွတ္အေရာင္းစာေရးရဲ႕အက်ႌအိတ္ကပ္ထဲ ထိုးထည့္ေပးလိုက္သည္။
" ဒီကို ေပ်ာ္ဖို႔လာၾကတဲ့လူတိုင္းက အကုန္ မိတ္ေဆြေတြခ်ည္းပါပဲ။ အျပင္လူ ဘယ္႐ွိလိမ့္မလဲေနာ္။ ကြၽန္ေတာ္ အခုခ်က္ခ်င္း လူႀကီးမင္းကို ေခၚသြားေပးပါ့မယ္ ! "
လက္မွတ္အေရာင္းစာေရးေလးက မ်က္လုံးေတြ အေရာင္လက္ေနသည္။သူက မိမိကိုယ္ကိုယ္ စိတ္ပါလက္ပါ တက္တက္ႂကြႂကြ မိတ္ဆက္ေနရင္း လုဟယ့္ရန္အား စႀကၤန္ငယ္ေလးတစ္ခုထံ လက္ၫႊန္လမ္းျပလိုက္သည္။
" ကြၽန္ေတာ္က ေ႐ွာင္ဖန္းလို႔ ေခၚပါတယ္။ ေနာက္ေနာင္ လူႀကီးမင္း ဘာပဲလိုအပ္လိုအပ္ ၊ ကြၽန္ေတာ္႕ကိုသာ ဆက္သြယ္လိုက္ပါ။ ဟုတ္သား ၊ လူႀကီးမင္း စင္ေနာက္မွာ ဘယ္သူ႕ကို ႐ွာမွာလဲဟင္ ? "
လုဟယ့္ရန္ : " No.17 "
အလန္႔လြန္သြားသည့္ ေ႐ွာင္ဖန္းတစ္ေယာက္ သူ႕လက္ထဲက ဖရဲေစ့တစ္၀က္ခန္႔ဟာ တုန္ယင္သြားသည္။
" No.17 ကို ႐ွာတယ္ ? အခုလား ? "
လုဟယ့္ရန္က တည္ၿငိမ္စြာ ေမးသည္။
" ႐ွာမရဘူးလား "
" ဒါေပမယ့္ စင္ေနာက္မွာ ......... big boss ေရာက္ေနမွာကို "
ေ႐ွာင္ဖန္းက မဝံ့မရဲ။
" ကြၽန္ေတာ္တို႔ ခဏေနမွ သြားၾကရင္ေရာ ? သူတို႔ ကိစၥၿပီးတဲ့အထိ ေစာင့္ၾကမယ္ေလ "
လုဟယ့္ရန္က တစ္စုံတစ္ရာကို ေတြးေတာေနသည္။သူ လက္တစ္ဖက္ကို ေျမႇာက္လ်က္ ေ႐ွာင္ဖန္းပခုံးကို ဖ်စ္ညႇစ္လိုက္၏။
" ၿပီးတဲ့အထိ ? ဘာကိုလဲ "
" ဘယ္သူ သိမွာလဲဗ်ာ ........ စကားစျမည္ေျပာတာျဖစ္ျဖစ္ ၊ တျခားတစ္ခု ....... လုပ္ေနတာျဖစ္ျဖစ္ေပါ့ "
ေ႐ွာင္ဖန္းအသံက က်ီစယ္စေနာက္လိုဟန္။
" No.17 ရဲ႕ဒီေန႔၀တ္စုံကို လူႀကီးမင္း ျမင္လိုက္ရဲ႕နဲ႔ ၊ ဝတ္စုံက အရမ္း ...... အင္း "
လုဟယ့္ရန္က ယတိျပတ္ ေျပာသည္။
" အဲဒီေနရာဆီ ငါ့ကို ေခၚသြားေပး။ က်န္တာ ငါ ၾကည့္႐ွင္းမယ္ "
" မဟုတ္တာ ၊ မဟုတ္တာ ၊ မဟုတ္ပါဘူး ! ကြၽန္ေတာ္ လူႀကီးမင္းကို ေသခ်ာေပါက္ ကူညီမွာပါ "
ပိုက္ဆံလိပ္ရဲ႕အေလးခ်ိန္က သူ႕အက်ႌအိတ္ကပ္ထဲတြင္ တနင့္တပိုး တည္႐ွိေနသည္။ 'ေငြေပးသူက ႐ွင္ဘုရင္' ဆိုသည့္ နိယာမကို ေ႐ွာင္ဖန္း ေကာင္းေကာင္း နားလည္သည္။အဖန္တလဲလဲ ေဖာက္သည္ထပ္ရရန္ အရည္အေသြးျမင့္ဝန္ေဆာင္မႈ ေပးအပ္ျခင္းက အေရးႀကီးသည္မို႔ ကူညီရန္ မဆိုင္းမတြ ကတိေပးလိုက္သည္။
လုဟယ့္ရန္ : " မင္းကို ဒုကၡေပးရတာ အားနာပါတယ္ "
" ကြၽန္ေတာ္က ကိုယ့္အလုပ္ကိုယ္ လုပ္တာပါ။ လူႀကီးမင္း စိတ္မပူပါနဲ႔ဗ် ! "
ေ႐ွာင္ဖန္းက လုဟယ့္ရန္ကို စင္အေနာက္သို႔ ဦးေဆာင္ေခၚသြားသည္။စႀကၤန္လမ္း႐ွည္၏ တစ္ဖက္တစ္ခ်က္စီတြင္ အခန္းမ်ားက အစီအရီ။ထန္ေဖးယိရဲ႕ေဘာ္ဒီဂတ္ေတြက စႀကၤန္၌ ေစာင့္ၾကပ္မေန။သူတို႔ႏွစ္ေယာက္ ေျခဆယ္လွမ္းမွ် လွမ္းအၿပီး ေ႐ွာင္ဖန္းက 'လူႀကီးမင္းကို အျပစ္ျပဳမိပါၿပီ' ဟု ခြင့္ေတာင္း၍ လုဟယ့္ရန္ပခုံးကို လွမ္းဖက္လိုက္သည္။ေဘးအခန္းေ႐ွ႕က ျဖတ္ေလွ်ာက္ရစဥ္ အခန္းတြင္း႐ွိ ေဘာ္ဒီဂတ္မ်ားအား ေ႐ွာင္ဖန္းက လက္ျပႏႈတ္ဆက္လိုက္၏။
" ေဝ့ ! ဒီကို အသစ္တစ္ေယာက္ေခၚလာခဲ့တာ။ ငါ့ညီအစ္ကိုက အရက္ေသာက္ဖို႔တဲ့ "
လုဟယ့္ရန္ရဲ႕ခႏၶာကိုယ္ကို ေ႐ွာင္ဖန္းက ကြယ္ေပးထားသည္။တစ္ဖက္က ႐ွင္း႐ွင္းလင္းလင္း မျမင္ရႏိုင္။ေဘာ္ဒီဂတ္မ်ားက သိပ္အေရးမစိုက္ပါဘဲ ေခါင္းညိတ္ျပသည္။
" No.17 က ဟိုးအတြင္းအက်ဆုံးအခန္းထဲမွာ ႐ွိတယ္ "
ေ႐ွာင္ဖန္းက လက္ဖယ္ေပးကာ လမ္းဆက္ေလွ်ာက္သည္။
" အခုေန လူႀကီးမင္း သြား႐ွာခ်င္တာ ေသခ်ာရဲ႕လား။ မၾကားသင့္တဲ့ ..... ၾကားရရင္ ဘယ့္ႏွယ့္လုပ္မလဲ "
႐ုတ္တရက္ သတိရသြားဟန္ျဖင့္ ေ႐ွာင္ဖန္းက လုဟယ့္ရန္ကို ေနာက္ျပန္လွည့္ေမးသည္။
" No.17 နဲ႔လူႀကီးမင္းက ဘယ္လိုဆက္ဆံေရးလဲ "
လုဟယ့္ရန္ဟာ စႀကၤန္လမ္းအဆုံးကတံခါးကို စိုက္ၾကည့္ေနသည္။
" သူငယ္ခ်င္းေတြ "
" ေၾသာ္ ၊ သိၿပီ "
တံခါးနား နီးကပ္လာလွ်င္ ေ႐ွာင္ဖန္းက ေျခေဖာ့ေလွ်ာက္လ်က္ ႐ွဴးဟု လက္သေကၤတလုပ္ျပသည္။
အခန္းတံခါးက အနည္းငယ္ ဟေန၏။အထဲက စကားသံသဲ့သဲ့ကို ၾကားေနရသည္။လုဟယ့္ရန္က ေ႐ွာင္ဖန္းအေ႐ွ႕သို႔ ေက်ာ္တက္ကာ တံခါး၀တည့္တည့္တြင္ ရပ္လိုက္သည္။
ေ႐ွာင္ဖန္းက လုဟယ့္ရန္အတြက္ ကင္းေစာင့္ေပးသည့္သဖြယ္ ပတ္ဝန္းက်င္ကို စိုးရိမ္တႀကီး အကဲခတ္ေနသည္။မိနစ္၀က္၀န္းက်င္အၾကာ ေ႐ွာင္ဖန္းက ခပ္ႀကိတ္ႀကိတ္ ေအးသည္။
" လူႀကီးမင္းရဲ႕သူငယ္ခ်င္းအေၾကာင္းကို ဒီလိုမ်ိဳး ခိုးေၾကာင္ခိုးဝွက္နားေထာင္ေနတာ တကယ္ အဆင္ေျပရဲ႕လား "
လုဟယ့္ရန္က ျပန္မေျဖ။ခံစားခ်က္ကင္းမဲ့စြာ ရပ္ေနသည္။ရပ္ေနပုံမွာလည္း မားမားမတ္မတ္။ေ႐ွာင္ဖန္း ေတြးလိုက္မိသည္။ထိုသူမွာ ေခ်ာင္းနားေထာင္ေနသူႏွင့္ စိုးစဥ္းမွ် မတူသည့္အျပင္ အင္မတန္ တည္ၾကည္ေလးနက္ေသာ အသြင္သ႑ာန္ေပၚေနသည္။
" သူတို႔ေတြ ....... အဲဒါ ... လုပ္ေနတာလား "
စပ္စုခ်င္စိတ္က အေလးသာသြားသည့္ ေ႐ွာင္ဖန္းတစ္ေယာက္ ထပ္ေမးျမန္းလာသည္။
လုဟယ့္ရန္က ေ႐ွာင္ဖန္းထံ ျဖတ္ခနဲ ေဝ့ၾကည့္လိုက္ေပမင့္ ႏႈတ္ဆိတ္ေနၿမဲ။
တံခါးအဟၾကားေလးကတစ္ဆင့္ ထန္ေဖးယိ၏ပခုံးအား လုဟယ့္ရန္ ျမင္ေနရသည္။အခန္းေထာင့္၌ ႐ွိေသာ ကိုယ္လုံးျပည့္ မွန္အ႐ွည္ႀကီးတြင္မူ No.17 က ပုံရိပ္ထင္ဟပ္ေန၏။ No.17 တို႔ ထန္ေဖးယိႏွင့္ မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္ေနသည္။
"မင္း မနက္ျဖန္ ကိုယ္နဲ႔ မလိုက္ဘူးလား။ တစ္ခါတေလ အျပင္ထြက္ၿပီး ေလာကႀကီးကို ၾကည့္တာ ေကာင္းပါတယ္။ မင္းသာ စိတ္ပါရင္ မင္းနဲ႔အတူတူ ကစားေပးဖို႔ အိုမီဂါေတြကို ကိုယ္ ေခၚေပးႏိုင္တယ္ ......... "
ထန္ေဖးယိ၏မ်က္၀န္းေတြက No.17 ရဲ႕ခႏၶာကိုယ္တစ္ေလွ်ာက္ ရစ္၀ဲေနသည္။သူက No.17 မ်က္ႏွာကို ထိေတြ႕ရန္ လက္လွမ္းလာသည္။
" ဒါေပမယ့္ မင္းက ကိုယ့္အပိုင္ပဲ ျဖစ္ေနဦးမွာ ....... "
No.17 က မ်က္ႏွာကို တစ္ဖက္လႊဲလို႔ ထန္ေဖးယိလက္ကို ေ႐ွာင္သည္။
" မလိုက္ဘူး "
ထန္ေဖးယိက ခပ္ဟဟ ရယ္သည္။အသံကို ႏွိမ့္၍ အက္႐ွ႐ွ ဆို၏။
" မင္းက အႏုပညာေလးလိုပဲ။ ကိုယ္ ေသာက္ရမ္း လုပ္ပစ္ခ်င္ေနတာက မင္းကို ကိုယ့္ေ႐ွ႕မွာ ဒူးေထာက္ထိုင္ခိုင္းထားမယ္။ မင္းရဲ႕ေခါင္းကို ဖိထားမယ္။ မင္းကေတာ့ ကိုယ့္ကို စုပ္ေပးေပါ့။ ေနာက္ ၊ မင္းကို စားပြဲေပၚမွာ လႈပ္မရေအာင္ ခ်ဳပ္ထားလိုက္မယ္။ မင္းရဲ႕တင္ပါးေတြကို က်ယ္က်ယ္ဖြင့္ၿပီး ကိုယ္က မင္းအထဲကို ျပင္းျပင္းေလး သြင္း ......... "
" မင္း ထြက္သြား "
ျဖတ္ေျပာလိုက္ေသာ ႐ႊီက်ယ့္အသံဟာ ၾကားႏိုင္႐ုံေလးမွ် တိုးညႇင္းေနခဲ့သည္။
" ေပါင္ေပ့ရယ္ ၊ တစ္ေန႔က် မင္းက ကိုယ့္အပိုင္ျဖစ္လာမွာပါ။ ေလာေလာဆယ္က အမဲလိုက္ရတဲ့စိတ္လႈပ္႐ွားမႈမွာ ကိုယ္ ေပ်ာ္ေမြ႕ေနပါေသးတယ္ "
ထန္ေဖးယိက No.17 ၏လည္တိုင္ဆီသို႔ ေခါင္းငုံ႔တိုးကပ္လာလ်က္ စြဲစြဲလမ္းလမ္း ၀င္သက္႐ွဴ႐ိႈက္လိုက္သည္။
" မင္း ေျပးမလြတ္ပါဘူး "
ေ႐ွာင္ဖန္း ေခါင္းေလးျပဴၾကည့္မည္အျပဳ ၊ လုဟယ့္ရန္က ေ႐ွာင္ဖန္းအက်ႌပခုံးစကို ဆုပ္ကိုင္ကာ ေဘးကေမွာင္ေမွာင္မည္းမည္း အခန္းတစ္ခုထဲ ဆြဲသြင္းလိုက္သည္။ႏွစ္စကၠန္႔ပင္ မၾကာ ၊ ထန္ေဖးယိက တံခါးဖြင့္ထြက္လာသည္။
" လန္႔လိုက္တာ ၊ လန္႔လိုက္တာ "
ေ႐ွာင္ဖန္းက နံရံကို မွီရင္း ရင္ဘတ္ေပၚ လက္နဲ႔ အုပ္သည္။
၁ မိနစ္ခန္႔႐ွိလွ်င္ လုဟယ့္ရန္က စႀကၤန္လမ္းသို႔ တိတ္တဆိတ္ ေခ်ာင္းၾကည့္လိုက္သည္။
" ငါ အထဲဝင္သြားလိုက္မယ္ "
" ဟုတ္ၿပီ ! ကြၽန္ေတာ္ လူႀကီးမင္းကိုယ္စား အျပင္မွာ လူအရိပ္အျခည္ ေစာင့္ၾကည့္ေပးေနမယ္ "
လုဟယ့္ရန္ ေမွာင္းမည္ေနေသာ အခန္းထဲကေန ထြက္၍ တစ္ဖက္အခန္းက တံခါးလက္ကိုင္႐ိုးအား ျဖည္းျဖည္းခ်င္း တြန္းဖြင့္လိုက္သည္။
အိုေဟာင္းေနသည့္ တံခါးခ်ပ္က ကြၽီခနဲျမည္သံႏွင့္အတူ ေႏွးေကြးစြာ ပြင့္အာသြားသည္။ No.17 မွာ နံရံေ႐ွ႕ တည့္တည့္ကပ္ခ်ထားေသာ စားပြဲထက္တြင္ တံခါးႏွင့္မ်က္ႏွာခ်င္းဆိုင္ထိုင္ေန၏။မ်က္လုံးစည္းႏွင့္အနက္ေရာင္ႀကိဳးမ်ားကို ဖယ္႐ွားထားၿပီးျဖစ္သလို ဇာလက္အိတ္႐ွည္ႏွင့္ လက္ေဝွ႔လက္အိတ္ကိုလည္း ခြၽတ္ထားၿပီးေခ်ၿပီ။အထပ္တြန္႔စကတ္ ၊ ေငြေခါင္းေလာင္းလည္ပတ္ႏွင့္ ေျခက်ဥ္းမ်ားကိုမူ ၀တ္ထားဆဲ။ေျခတံမ်ားက ေလထဲတြင္ တြဲလြဲက်ေနသည္။ေျခေခ်ာင္းေလးမ်ားက ေအာက္သို႔ ငိုက္စိုက္ခ်ထား၏။ဒူးေခါင္းမွ ေျခဖဝါးအထိ ျပစ္မ်ိဳးမွဲ႔မထင္ လွပက်စ္လ်စ္ေသာ ေကာက္ေၾကာင္းက အထင္အ႐ွား။အခန္းမီးေရာင္ မွိန္ယဲ့ယဲ့က ညိဳေဖ်ာ့ေဖ်ာ့သမ္းေနသည္။စားပြဲေပၚ၌ ေရပုလင္းခြံမ်ား ၊ တိုလီမုတ္စမ်ားႏွင့္ ႐ႈပ္ပြေန၏။အေနာက္႐ွိ နံရံသည္ကား အက္ကြဲရာမ်ားျဖင့္ စြန္းထင္းညစ္ေပေနသည္။ No.17 ဟာ အသက္မဲ့ ေသဆုံးေနေသာ ပန္းခ်ီလႊာတစ္ခ်က္ပမာ ပင္ပန္းႏြမ္းနယ္မႈေတြကို ေဖာ္ၫႊန္းလ်က္ ထိုင္ေနခဲ့သည္။
No.17 က ေခါင္းငုံ႔ထားကာ အေတာ္ေလး စိတ္ပင္ပန္းေနပါသည့္အသြင္။တံခါးဖြင့္သံ ၾကားေသာ္ ထန္းေဖးယိျပန္လာသည္အထင္ႏွင့္ No.17 မ်က္လုံးလွန္ၾကည့္လိုက္သည္။မႏွစ္ၿမိဳ႕႐ြံမုန္းေသာ အေငြ႕အသက္မ်ားက မ်က္၀န္းထဲဝယ္ ယွက္သမ္းေန၏။
လုဟယ့္ရန္ဟာ တံခါး၀တြင္ ရပ္လို႔ သူ႕အား ျပဳံးျပေနသည္။
No.17 မွာ လုဟယ့္ရန္ကို မွင္သက္စြာ ေငးၾကည့္ေနမိသည္။တဒဂၤမွ်အၾကာ ၊ သတိ၀င္လာၿပီး မ်က္ႏွာကို လက္ႏွင့္ တို႔ထိလိုက္သည္။လက္ေခ်ာင္းထိပ္၀ယ္ ဆီေဆးမ်ား ကပ္ပါလာသည္ကို ျမင္မွ အနည္းငယ္ အသက္႐ွဴေခ်ာင္သြားလင့္ကစား သူ႕ကိုယ္တြင္ စကတ္၀တ္ထားမွန္း အမွတ္ရသြားသည္ႏွင့္တစ္ၿပိဳင္နက္ အေပၚ၀တ္အက်ႌကို ပတ္ပတ္လည္၌ ဟိုဟိုသည္သည္ ႐ွာေဖြၾကည့္လိုက္သည္ --- ႐ႈပ္ပြေနေသာ ပစၥည္းစုတ္မ်ားကလြဲ အျခားမ႐ွိ။
ထိုစဥ္အတြင္း လုဟယ့္ရန္က တံခါးကို ပိတ္ကာ သူ႕ထံ ေလွ်ာက္လာခဲ့သည္။အၾကင္သူ၏ ေပါင္မ်ားက No.17 ၏ ဒူးေခါင္းႏွင့္ ၂ စင္တီမီတာခန္႔သာ ကြာေတာ့သည္။တစ္လွမ္းစာမွ် တိုးလိုက္မည္ဆိုပါက အၾကင္သူဟာ No.17 ၏ေျခတံမ်ားအၾကား၌ ရပ္ရမည္ပင္။
No.17 ရဲ႕ဝင္သက္ထြက္သက္မ်ားက စိတ္လႈပ္႐ွားေနသည့္သဖြယ္ ေလးလံသထက္ ေလးလံလာ၏။စားပြဲေပၚ ေထာက္ထားေသာ လက္ေခ်ာင္းမ်ားသည္လည္း ကုပ္သြားခဲ့သည္။
" ကိုယ့္ကို မွတ္မိရဲ႕လား "
လုဟယ့္ရန္က ေမးသည္။
" အင္း "
အၾကည့္ခ်င္း မဆုံမိေစရန္ No.17 က မ်က္လႊာခ်လိုက္သည္။
အသံက ႏွာသံစြက္၍ ႐ွတတေလးျဖစ္ေနသည္။
စႀကၤန္ဘက္က ပ်ံ႕လြင့္လာေသာ အသံဗလံေပါင္းစုံႏွင့္ ေျခသံမ်ားက အခန္းကို ပိုတိတ္ဆိတ္ၿငိမ္သက္ေအာင္ ပံ့ပိုးေပးသည္။လုဟယ့္ရန္က No.17 အား တစိုက္မတ္မတ္ ၾကည့္ေန၏။
" အေအးမိထားတာလား "
No.17 က ေခတၱ ေတြေဝသြားလ်က္ ေခါင္းညိတ္ျပသည္။
" ကိုယ္ ၾကည့္ပါဦးမယ္ "
လုဟယ့္ရန္ ေျပာသည္ကို နားမလည္စြာ No.17 က ေခါင္းေလးမတ္လာသည္။အဓိပၸါယ္ကို ေတြးရခက္ေနသည့္ႏွယ္။လုဟယ့္ရန္က No.17 လည္ပင္း႐ွိ ေခါင္းေလာင္းလည္ပတ္ဆီ အသာအယာ ေမးထိုးျပ၏။
လည္ပတ္ကို No.17 အလိုအေလ်ာက္ ထိကိုင္လိုက္မိသည္။ဤပစၥည္းက တျခားလူမ်ားရဲ႕မ်က္လုံးထဲ၌ အလြန္ နိမ့္က်ညစ္ညမ္းေသာ အရာတစ္ခုျဖစ္ေနေလာက္မည္ဟု သူ ထင္မွတ္ခဲ့သည့္တိုင္ လုဟယ့္ရန္က ယင္းကဲ့သို႔ ယူဆပုံမေပၚ။
အခန္းက ေမွာင္လြန္းသျဖင့္ အထဲကအရာ၀တၳဳမွန္သမွ်ဟာ အရိပ္က်ေနသည္။လုဟယ့္ရန္ရဲ႕မ်က္ႏွာအမူအရာကို No.17 သဲသဲကြဲကြဲ မျမင္ရေခ်။သူ သိသည္က လုဟယ့္ရန္ သူ႕လည္ပင္းကို ၾကည့္ခ်င္ေနသည္။ No.17 က တျဖည္းျဖည္း ေခါင္းေမာ့ေပးလိုက္သည့္အခါ ေခ်ာေမြ႕ေနေသာ လည္တိုင္ႏွင့္လည္ေစ့တို႔က အကာအကြယ္မ႐ွိ လုံးလုံးလ်ားလ်ား လွစ္ဟလာသည္။
သူ တစ္ခြန္းတစ္ပါဒမွ် ေစာဒကမတက္ဝံ့။ႏႈတ္ခမ္းမ်ားက ေယာင္ေယာင္ေလး ပြင့္အာေနသည္။အေပၚေမာ့ထားေသာ အၾကည့္မ်ားဟာ လုဟယ့္ရန္အေနာက္က တံခါးေဘာင္သို႔ က်ေရာက္ေန၏။လုဟယ့္ရန္က လည္ပတ္ကို ခဏတျဖဳတ္ စိုက္ၾကည့္၍ ေျခလွမ္းေသးေသးေလးတစ္လွမ္း တိုးလာကာ No.17 ရဲ႕ေျခေထာက္ေတြၾကား ဝင္ရပ္လိုက္သည္။
No.17 ဆတ္ခနဲ လန္႔သြားရာ ေပါင္တံမ်ားကို သတိလက္လြတ္ ေ႐ြ႕လိုက္မိသခိုက္ တစ္ဖက္လူ၏ ခါးအား ရစ္ေႏွာင္ဖက္ခြရန္ ႀကိဳးပမ္းသည့္အလား လုဟယ့္ရန္အက်ႌအစြန္းစကို ပြတ္တိုက္သြားသည္။၎ကို ဂ႐ုျပဳမိေသာ လုဟယ့္ရန္က -
" မလႈပ္နဲ႔ "
အႏွီစကားသုံးလုံးဟာ ခလုတ္တစ္ခုသဖြယ္ စြမ္းေဆာင္ႏိုင္သည္။ No.17 ခ်က္ခ်င္း ရပ္တန္႔သြား၏။လုဟယ့္ရန္ လက္ကို ေျမႇာက္လို႔ လည္ပတ္ကို ဆြဲလိုက္သည္။လက္ညိႇဳးႏွင့္လက္ခလယ္က လည္ပတ္ႏွင့္ No.17 ၏လည္တိုင္ၾကားသို႔ လွ်ိဳ၀င္ခ်ိတ္တြယ္လ်က္ လည္ပတ္ကို ခပ္ၾကမ္းၾကမ္းေလး ပင့္မ'လိုက္သည္။ No.17 ေခါင္းက ညႇင္းသဲ့သဲ့ ညည္းညဴသံႏွင့္အတူ ပိုျမင့္ျမင့္ ေမာ့သြားရသည္။
လုဟယ့္ရန္ : " လက္ေဝွ႔ကို ဒီလိုမ်ိဳး ထိုးရတယ္ဆိုတာ ကိုယ္ အရင္က မသိခဲ့ဘူး "
အၾကင္သူဟာ လည္ပတ္ကို ေစ့ေစ့စပ္စပ္ ၾကည့္႐ွဴေလ့လာၿပီးေနာက္ သင့္ေလ်ာ္ေသာ သုံးသပ္ခ်က္တစ္ခုကို ခ်ေျပာေနသည့္ႏွယ္။
လက္မကို သုံး၍ လည္ပတ္႐ွိ ေငြေခါင္းေလာင္းကို ေတာက္ခ်လိုက္လွ်င္ No.17 ရဲ႕လည္ေစ့က ေခါင္းေလာင္းျမည္သံအတိုင္း လႈပ္ခတ္သြားခဲ့သည္။
သက္တမ္းရင့္ေနၿပီျဖစ္ေသာ ေလေအးေပးစက္က တဝီဝီ လည္ေနသည္။အပူခ်ိန္က အေတာ္ေလး နိမ့္ေန၏။ No.17 ၏ ခႏၶာကိုယ္အေပၚပိုင္းက ဗလာက်င္းေနသည့္အေလ်ာက္ ရင္ဘတ္က အသီးေလးမ်ားဟာ ေလေအးေအးေအာက္၌ တင္းမာေထာင္မတ္ေနၾကသည္။ျပင္းထန္လွတဲ့ သူ႕ႏွလုံးခုန္သံသူ No.17 ျပန္ၾကားေနရသည္။တစ္ခ်က္ခ်င္းစီက ျမန္ဆန္သည္။ေလးလံသည္။လုဟယ့္ရန္ ၾကားသြားမည္လားေတာင္ No.17 မသိ။
" ဒါ ...... သူေ႒း ေတာင္းဆိုတာပါ "
No.17 က တိုးတိုးေလး ႐ွင္းျပသည္။
လုဟယ့္ရန္ လည္ပတ္ကို လႊတ္ေပးလိုက္သည္။ႏႈတ္ခမ္းစြန္းမ်ားက အျပဳံးတစ္ပြင့္ပမာ ေကြးၫႊတ္သြား၏။
" ကိုယ္ သိပါတယ္ "
ထိုလႊတ္လိုက္သည့္လက္က စားပြဲကို အားျပဳဖိလိုက္သည္။ No.17 ၏ေျခေထာက္ေတြက လုဟယ့္ရန္ခါးတစ္ဝိုက္၌ ႐ွိေနသည္။လုဟယ့္ရန္ရဲ႕လက္က No.17 ေပါင္ေဘး၌ ေထာက္ထားသည္မို႔ အႏွီသူ၏တင္ပါးႏွင့္ နီးနီးကပ္ကပ္။စားပြဲထက္က သူတို႔ႏွစ္ေယာက္ရဲ႕လက္ေခ်ာင္းေတြဟာ သီသီေလးသာ ျခားေတာ့သည္။လုဟယ့္ရန္က မ်က္ႏွာအမူအရာ တည္ၿငိမ္ေအးေဆးေနသည္။သူက သိခ်င္ဟန္ျဖင့္ ေမးသည္။
" အခုလို၀တ္ၿပီး လက္ေဝွ႔ထိုးရင္ သူတို႔ေတြက မင္းကို ပိုက္ဆံပိုေပးၾကတာလား "
No.17 က ေခါင္းညိတ္ျပရင္း ႐ိုး႐ိုးသားသား ေျဖသည္။
" ေပးတယ္ "
" အဲဒါ ေလာင္းေၾကးအမ်ားဆုံးထပ္တဲ့သူေၾကာင့္လား ? "
ဤတစ္ႀကိမ္၀ယ္ No.17 က ႏႈတ္ဆိတ္ေနေသာ္ျငား ႏႈတ္ခမ္းကို တင္းတင္းေစ့လို႔ ေခါင္းညိတ္သည္။
အစကေန အဆုံးထိ လုဟယ့္ရန္က မ်က္ႏွာထက္တြင္ စက္ဆုပ္႐ြံ႐ွာေသာ မည္သည့္အရိပ္အေယာင္မ်ိဳးမွ် ျပသမလာေၾကာင္း No.17 သတိထားမိသည္။သူ႕ဆီက အေျဖရလွ်င္ လုဟယ့္ရန္က ဆက္ေမးသည္။
" ေလာင္းေၾကးအႀကီးဆုံးထပ္တဲ့လူက မင္း ၀တ္ရမယ့္ အ၀တ္အစားေတြကို ဆုံးျဖတ္ႏိုင္တယ္ဆိုရင္ တစ္ေခါက္ေလာက္ စမ္းၾကည့္ရမလား ? "
ေမးခြန္းကို ၾကားရခ်ိန္ ၊ ထိုသို႔ညစ္ညမ္းသည့္ ၀တ္စုံအား သူ ၀တ္ရန္ ဆႏၵမ႐ွိခဲ့သည္ကို ထည့္သြင္းစဥ္းစားျခင္းမျပဳဘဲ မ်က္ေမွာင္ေလးၾကဳတ္လ်က္ စိုးရိမ္တႀကီး တားျမစ္သည္။
" ပိုက္ဆံေတြ မသုံးပါနဲ႔။ ေနာက္တစ္ေခါက္က် ....... ႏိုင္မွာမဟုတ္ဘူးရယ္ "
စကားသံက ခဏေလး ရပ္သြားခဲ့ၿပီး No.17 က ေမး၏။
" ဘယ္လို၀တ္စုံမ်ိဳးနဲ႔ ငါ့ ......... "
'ငါ' ဟူေသာ စကားလုံးက တစ္၀က္တစ္ျပတ္ျဖင့္ တိုးတိတ္သြားသည္။ No.17 ၏မ်က္ေတာင္မ်ားက တဖ်ပ္ဖ်ပ္ ခတ္ေနရင္း ေမးျမန္းလာသည္။
" မင္း ဘယ္လို၀တ္စုံမ်ိဳးကို ျမင္ခ်င္တာလဲဟင္ ? "
လုဟယ့္ရန္က ျပဳံးတုံ႔တုံ႔ႏွင့္။
" မင္း လာဘ္ေကာင္႐ုပ္ပုံစံေလး၀တ္ထားကို ကိုယ္ ျမင္ဖူးခ်င္တာ။ က်ား႐ုပ္ေလးျဖစ္ျဖစ္ ၊ ဝက္၀ံ႐ုပ္ေလးျဖစ္ျဖစ္ ၊ ဘာမဆိုတစ္ခုခုေပါ့ "
လုဟယ့္ရန္အသံက စိတ္ေျပလက္ေပ်ာက္ သက္ေတာင့္သက္သာ႐ွိေနသည္။ No.17 က တဒဂၤတာေလး အံ့ၾသသြားလ်က္ ေခါင္းကို တစ္ဖက္သို႔ ေစာင္းလို႔ ဖြဖြေလး ရယ္ေမာလိုက္သည္။
ေမွာင္မိႈင္းေနေသာ ပန္းခ်ီလႊာေလးက ေဆးေရာင္စုံႏွင့္ အသက္၀င္လာခဲ့သည္။လုဟယ့္ရန္က No.17 ၏ထိုေဘးတေစာင္းမ်က္ႏွာေလးအား ၾကည့္ေနသည္။စကၠန္႔အနည္းငယ္မွ် အၾကာ ၊ သူ အေနာက္ကို ေျခတစ္လွမ္းဆုတ္ေပးလိုက္စဥ္ ဖုန္းျမည္လာ၏။ဖုန္းေခၚသူက ဟယ့္ေဝ့။လုဟယ့္ရန္ လက္ေဝွ႔႐ုံထဲက ထြက္လာသည္မွာ မိနစ္ ၂၀ ေက်ာ္ေက်ာ္႐ွိေနၿပီျဖစ္တာေၾကာင့္ ဟယ့္ေဝ့ႏွင့္ကုယြင္ခ်ီတို႔ စိတ္ပူေနၾကမည္မွာ မလြဲဧကန္။မၾကာခင္ လုမိသားစုရဲ႕ေဘာ္ဒီဂတ္ေတြက လုဟယ့္ရန္ လုံျခဳံေနေၾကာင္းကို စစ္ေဆးအတည္ျပဳရန္ အထဲသို႔ လိုက္၀င္လာၾကလိမ့္မည္။
ဖုန္းခ်သည့္ခလုတ္ကို ႏွိပ္၍ လုဟယ့္ရန္ ဖုန္းကို အိတ္ကပ္ထဲ ထည့္လိုက္သည္။သူ No.17 ၏ မ်က္၀န္းမ်ားအား တည့္မတ္စြာ ၾကည့္႐ွဴလိုက္သည္။
" ကိုယ္ သြားရေတာ့မယ္ "
လုဟယ့္ရန္ကို တစ္စကၠန္႔ပဲျဖစ္ပါေစ ထပ္ျမင္ေတြ႕လိုသည့္အလား No.17 က ဤတစ္ႀကိမ္၌မူ အၾကင္သူထံ မကြယ္မဝွက္တမ္း ၊ မေ႐ွာင္မလႊဲတမ္း ၾကည့္လာသည္။
" အင္း "
သူ ေက်းဇူးတင္စကားေျပာခ်င္သည့္တိုင္ လုဟယ့္ရန္က ထူးဆန္းတာတစ္ခုခုကို ရိပ္မိသြားမလားဆိုတာ ပူပင္ရေသးသည္။
လုဟယ့္ရန္ လွည့္ထြက္သြားအံ့ဆဲဆဲ ၊ No.17 က ႐ုတ္တရက္ ေခၚလိုက္သည္။
" ခဏေနပါဦး "
စားပြဲေပၚက ဆင္းကာ အ၀တ္ဗီဒိုဆီ ေလွ်ာက္သြားသည္။ေအာက္ဆုံးအံဆြဲမတိုင္မီ တစ္ဆင့္ကို ဖြင့္ၿပီး ပစၥည္းတစ္ခုကို ႐ွာေနသည္။ခါးကုန္းလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အထပ္တြန္႔စကတ္အနားစဟာ အေပၚတက္သြားလ်က္ ေပါင္တံတြင္ ရစ္ပတ္ထားေသာ ဇာသိုင္းႀကိဳးေလးက ေဖာ္ထုတ္ခံလိုက္ရသည္။လုဟယ့္ရန္က No.17 အေနာက္၌ ၿငိမ္သက္စြာ ရပ္ၾကည့္ေနသည္။
ပစၥည္းေတြ႕ေသာ္ No.17 ခါးျပန္မတ္၍ တံခါးဘက္သို႔ ေ႐ွး႐ွဴေလွ်ာက္လာသည္။လုဟယ့္ရန္ဆီ ပိုက္ဆံအိတ္တစ္လုံး ကမ္းေပး၏။
" ေနာက္ေဖးလမ္းၾကားမွာ မင္း က်က်န္ခဲ့တုန္းက ငါ ေကာက္ထားခဲ့တာ "
" ေက်းဇူးတင္ပါတယ္ "
လုဟယ့္ရန္ ပိုက္ဆံအိတ္ကို ယူလိုက္သည္။
No.17 က အေနာက္ဆုတ္ၿပီး ထိုင္ခုံကို မွီလိုက္သည္။စကတ္၀တ္ထားရျခင္းရဲ႕ကသိကေအာက္ျဖစ္မႈႏွင့္ ေနရခက္ျခင္းကို ေျဖေဖ်ာက္ေစရန္ သူ တစ္စုံတစ္ခုအေပၚ မွီထားဖို႔ လိုအပ္ေနသည္။
No.17 : " မင္း ဂ႐ုစိုက္ျပန္ေနာ္။ ဒီေနရာက မလုံျခဳံဘူး "
ဤကဲ့သို႔ အႏၲရယ္မ်ားသည့္ေနရာကို ထပ္မလာရန္ လုဟယ့္ရန္အား No.17 မေျပာႏိုင္ခဲ့။
လုဟယ့္ရန္ : " ဟုတ္ပါၿပီ "
တံခါးကို ဆြဲဖြင့္ဖြဲခ်င္းမွာတင္ အျပင္က ဆူညံသံမ်ားဟာ အခန္းအတြင္း အလုအယက္ ၀င္ေရာက္လာၾကသည္။တံခါးျပန္ပိတ္ေပးလိုက္ေသာအခါ ၎ဆူညံသံမ်ား တစ္စတစ္စ လြင့္ျပယ္သြား၏။အခန္းထဲ၌ No.17 တစ္ဦးတည္းသာ အခ်ိန္အၾကာႀကီး သတိလက္လြတ္ မတ္တပ္ရပ္ရင္း က်န္ရစ္ခဲ့ေလသည္။
*
*
*
*
*
*
The original author has nothing to say .
This translaror has something to say ;
လုဟယ့္ရန္ ၊ ဟယ့္ေဝ့နဲ႔ ကုယြင္ခ်ီတို႔ အခ်စ္ဆုံးသူငယ္ခ်င္းသုံးေယာက္မွာ လက္တြဲေဖာ္ကိုယ္စီ႐ွိပါတယ္။
လုဟယ့္ရန္×႐ႊီက်ယ္ (Alpha×Alpha)
ကုယြင္ခ်ီ×၀မ္ရန္ (Alpha×Beta)
ဟယ့္ေဝ့×ခ်ီက်ားဟန္ (Alpha×Omega)
လု႐ႊီ Cp ရဲ႕ယြိ႕ယန္နန္က်စ္ထဲမွာ ဟယ့္ေဝ့×ခ်ီက်ားဟန္အတြဲက အနည္းအက်ဥ္းေလး ပါပါတယ္။ Novel သပ္သပ္ေတာ့ ထြက္ထားတာမ႐ွိပါဘူး။
ကုယြင္ခ်ီ×၀မ္ရန္ကိုေတာ့ မိုက္႐ွန္းေလာင္႐ွစ္က 'ခ်ိဳးယြီယုံယဲ့' ဆိုတဲ့နာမည္နဲ႔ တစ္ပုဒ္သပ္သပ္ေရးထားပါတယ္။မူရင္း၀တၳဳကကို Ongoing ပဲ႐ွိပါေသးတယ္။ ဘာသာျပန္သူလည္း ဖတ္ခ်င္တာ တစ္ပိုင္းေသေနေပမယ့္ dogblood ဆိုတဲ့ tag ေၾကာင့္ သြားမထိရဲေသးတာမို႔ Complete မွပဲ ဖတ္ပါေတာ့မယ္။
Our Golden Triangle ❤
~~~~~~
႐ွင္တို႔ ...... ႐ွင္တို႔ႏွစ္ေယာက္ ၀တၳဳမွာပါတဲ့ Slow romance tag ႀကီးကိုလည္း အားနာၾကပါဦး။
Meanwhile , Slow romance tag be like ; ေက်ာ္ ... ေက်ာ္ ဘယ္ေရာက္ေနတာလဲခည။