အပိုင်း (၃၀)

🦋မိန်းကလေးအချစ်ပါ🦋 အပိုင်း (၃၀)

"စုလဲ့ ... ညီမလေး ...အကို့ကို အိမ်ငယ်နဲ့ အောင်သွယ် ပေးပါလို့ပါနော် "

လပြည့်က မနက်ကတည်းက စုလဲ့အဘွားတို့အိမ်ရောက်လာကာ အိမ်ငယ်နဲ့အောင်သွယ်ပေးဖို့ စုလဲ့ကို တတွတ်တွတ်ပြောနေ၏ ...

"မရဘူးလို့ ... စုလဲ့ သူငယ်ချင်းလေးကိုတော့ အလွတ်ပေးပါအကိုရယ်  ... အလည်လေးခဏလာတာကို ... အကို ပလေးချင်ရင် တခြားကောင်မလေးတွေကိုပဲ သွားပလေးပေါနော် "

သူ့အကိုအကြောင်း သိနေတဲ့ စုလဲ့ကလည်း လုံးဝငြင်းလွှတ်သည် ...

"ဟာ ... ဒီတစ်ခါအတည် ...လုံးဝပလေးတာမဟုတ်ဘူး ... အိမ်ငယ့်ကို တကယ်ကြွေသွားတာလို့နော် ... ညီမလေးကလည်း အကို့ကို အောင်သွယ်ပေးနော် ... ဘာလိုချင်လဲ ဖုန်းအသစ်လိုချင်လား လိုချင်တာကိုသာပြောလိုက် "

"တော်ပါနော် ... ဟိုတစ်နေ့ကမှ ဖုန်းအသစ်လဲထားတာ "

"အဲ့ဒါဆိုလည်း တခြားလိုချင်တာရှိရင်ပြော ... အကို့ကို အိမ်ငယ်လေးနဲ့ အောင်သွယ်ပေးပါကွာနော် "

"ဟင်း ... ဘယ်လောက်အောင်သွယ်ပေးပေး အိမ်ငယ်က ကိုလပြည့်ကို ပြန်ကြိုက်မှာမဟုတ်ဘူး ... သူ့မှာ သူအရမ်းချစ်ရတဲ့သူရှိတယ် "

"ဟင် ... နင်ပြောတော့ သူ့မှာကည်းစားမရှိဘူးဆို "

"အင်း သူတို့က အခု ခဏ လွမ်းခွဲထားကြတာ "

"ဟ ... လမ်းခွဲပါတယ်ဆို ခဏလမ်းခွဲတယ်ဆိုတာ ရှိလို့လားဟ ...လမ်းခွဲမှတော့ ပြတ်ပြီပေါ့ဟ ... နင်ငါနဲ့ အောင်သွယ်မပေးချင်လို့ သက်သက်ကပ်နေတာမလား "

"မဟုတ်ပါဘူးဆို ... အိမ်ငယ်က သူ့ကိုကြီးကိုပဲ ချစ်တာ ကိုလပြည့်ကြိုးစားလည်း အလကားပဲ ... ဖြိုးမင်းသူကိုသိတယ်မလား ... သူဆို အိမ်ငယ်နဲ့ဟိုးငယ်ငယ်တည်းက သူငယ်ချင်းတွေနောက်ပြီး ရင်ခုန်တတ်စအရွယ်တည်းက အိမ်ငယ်ကိုချစ်လာတာ ... ဒါပေမယ့် အိမ်ငယ်က လုံးဝပြန်မချစ်ဘူး သူ့ကိုကြီးတစ်ယောက်တည်းကိုပဲ ချစ်တယ်ဆိုပြီး ဖြိုးမင်းသူကို ခဏခဏ ငြင်းလွှတ်တာ ... အဲ့လိုလူကိုတောင် ပြန်မချစ်တာ ကိုလပြည့်ဆိုရင်တော့ ပြောမနေနဲ့ "

"ငါက ဘာဖြစ်နေလို့လဲ"

"အဲ့ဒါတော့ ကိုယ့်ကိုယ်ကို သိပေါ့ "

"အောင်မာ ... ကိုယ့်အကိုကိုများ ငါလုပ်လိုက်ရ ... အောင်မသွယ်ပေးချင်လည်းနေ ငါ့ဟာငါ ကြိုးစားမယ် "

"သဘောပါရှင် ... အငြင်းခံရမှ လာမပြောနဲ့နော် "

"ဟ ... လပြည့်ကို ငြင်းတဲ့ မိန်းကလေး လပြည့်ရာဇဝင်မှာ မရှိသေးဘူး "

"အာ ... အဲ့ဒါဆိုရင်တော့ အိမ်ငယ့်ကြောင့် လပြည့်ရာဇဝင်အသစ်တွေတော့ တင်ကုန်တော့မှာပဲ "

"တယ် ... ဒီကလေးမကတော့ ငါထုလိုက်ရ ... ဘာမှလည်းအားမကိုးရဘူး "

လပြည့်က စုလဲ့ခေါင်းကို လက်သီးနဲ့ရွယ်ကာ အလိုမကျစွာ ထွက်သွားတော့၏ ...
သူအောင်သွယ်မပေးတော့လည်း ဘာဖြစ်လဲ ... လပြည့်လိုက်ရင် မရတဲ့ ကောင်မလေးဆိုတာ မရှိဘူးလေ ...

............
ဆေးရုံက ခွင့်ရတာနှင့် အဆင်သင့်ပြင်ထားပြီးသား အထည်သုံးလေးစုံလောက်သာ ထည့်ထားတဲ့ အဝတ်အိတ်ကိုယူကာ အမေ့ကိုနှုတ်ဆက်ပြီး သူမရှိတဲ့ မိုးညှင်းကို ထူးခြား ကားမောင်းထွက်ခဲ့လိုက်သည် ...

သူမနဲ့တွေ့ချင်လှပြီမို့ မနားပဲ ညလုံးပေါက်မောင်းခဲ့လိုက်တာကြောင့် မနက်ကျမိုးညှင်းကို ရောက်လာခဲ့တော့သည် ...

ရောက်ရောက်ချင်း အန်တီနှင်းခက်ပေးလိုက်တဲ့ သူမရှိနေမယ့်အိမ်လိပ်စာအတိုင်းသွားကာ ထိုအနီးနားက တည်းခိုခန်းတစ်ခုမှာ ဝင်တည်းလိုက်သည် ...
လူက တစ်ညလုံး ကားမောင်းခဲ့ရတာမို့ အရမ်းအိပ်ချင်နေပေမယ့် မအိပ်ပဲ ရေအရင်ချိုးကာ အကျီလဲပြီး သူမရှိတဲ့ အိမ်ကိုသွားလိုက်၏ ...

ခြံရှေ့မှာ ကားရပ်ပြီး ဘဲလ်တီးလိုက်တော့ အိမ်ထဲမှ အန်တီတစ်ယောက်က ထွက်လာကာ ...

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ "

"ဟို ... ဒီအိမ်ကို အလည်ရောက်နေတဲ့ နှင်းအိမ်ငယ်နဲ့ တွေ့ချင်လို့ပါဗျ "

"ဪ ...  ဘွားဘွားကြီးရဲ့မြေးနဲ့အတူပါလာတဲ့ သူငယ်ချင်းတယ်  ခဏနော် ဘွားဘွားကြီးကိုသွားပြောပေးမယ် "

"ဟုတ်ကဲ့ဗျ "

ထိုအန်တီကြီး ထွက်သွားတော့ ထူးခြားခြံထဲကို လှမ်းကြည့်ကာ စောင့်နေလိုက်သည် ...
အခုလည်း သူမက သူ့ကို တွေ့ဖို့ငြင်းဆန်နေဦးမှာလား ...

ခဏအကြာ အိမ်ထဲမှ သူလွမ်းနေရတဲ့ ချာတိတ်မလေးက အညိုရောင်လက်တစ်လုံးဂါဝန်အရှည်လေးဝတ်ထားကာ အလှကြီးလှလျက် သူ့ဆီလှမ်းလာခဲ့၏ ...
ဒီကောင်မလေးကို သူမမြင်ရတာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ ...
ဘေးမှာ သူမနဲ့အတူ သူမသူငယ်ချင်းတစ်ယောက်လည်း ပါပေမယ့် ထူးခြားအကြည့်တွေကတော့ သူမတစ်ယောက်တည်းကိုသာ ဦးတည်လျက် ပြုံးပြုံးကြီး ငေးကြည့်နေ၏ ...

အိမ်ငယ်က ထူးခြားအနားကိုရောက်တော့ ခပ်တည်တည်မျက်နှာထားလေးနှင့် ...

"ကိုကြီး ဘာကိစ္စရှိလို့လဲ "

"ကိုယ်ချာတိတ်ကိုတွေ့ပြီး တောင်းပန်ချင်လို့ပါ "

"ဘာတောင်းပန်စရာရှိသေးလို့လဲ ... အိမ်ငယ်တို့က လမ်းခွဲပြီးကြပြီပဲလေ ..."

"ကိုယ်မှလက်မခံတာ ... ကိုယ်ချာတိတ်ကိုအရမ်းချစ်တယ် လုံးဝအဆုံးရှုံးမခံနိုင်ဘူး ...ကိုယ့်ကိုပြန်လက်ခံပေးပါနော် ..."

"အိမ်ငယ်ကတော့ ကိုကြီးရဲ့ အသိညီမလေးအဖြစ်ပဲ နေချင်တော့တယ် ... အခု သူများအိမ်ကိုရောက်နေတာ ခုလိုနေနေတာမကောင်းဘူး  ကိုကြီးပြန်ပါတော့ "

"ကိုယ့်ကို မနှင်ပါနဲ့ ချာတိတ်ရယ် ... ကိုယ်ချာတိတ်နဲ့တွေ့ချင်လွန်းလို့ ဒီအထိလိုက်ခဲ့ရတာ ... ကိုယ့်ကိုစကားပြောခွင့်လေတော့ ပေးပါကွာနော် "

"အိမ်ငယ်မှာ ဘာမှ ပြောစရာမရှိဘူး "

"ကိုယ့်မှာရှိတယ်လေ ...ကိုယ်တို့ တစ်နေရာရာမှာ စကားသွားပြောကြရအောင်နော် "

"အိမ်ငယ်ဘာမှနားမထောင်ချင်တော့ဘူး "

"ချာတိတ် ကိုယ်ပြောတဲ့စကားနားမထောင်ပေးဘူးဆို ကိုယ်ဒီခြံရှေ့ကနေ တစ်ဖဝါးမှမခွာပဲ စောင့်နေမှာ ... ချာတိတ် လက်မခံမချင်းပေါ့ "

ဒီမှာမှ သူမနဲ့စကားပြောခွင့်မရရင် နောက်ထပ်အခွင့်အရေးဆိုတာ ရှိတော့မှာ မဟုတ်တာကြောင့် သူကလေးဆန်ကာ ပေကပ်ကပ်လုပ်လိုက်သည် ...

"ကိုကြီး အိမ်ငယ့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ "

"အဲ့ဒါဆို ချာတိတ်ကိုယ့်နောက် ခဏလိုက်ခဲ့ပေးလေ ... ပြီးရင် ကိုယ်ပြန်လိုက်ပို့ပေးမယ် "

"လိုက်သွားလိုက်ပါ အိမ်ငယ်ရယ် သူလည်း ပြောစရာရှိလို့နေမှာပေါ့ "

သူတို့နှစ်ယောက်ကိုကြည့်ကာ ဘေးက စုလဲ့က မနေနိုင်တော့အဲ ဝင်ပြောလိုက်သည် ...
အိမ်ငယ်ကလည်း မချစ်တာလည်းမဟုတ်ပဲ တင်းခံနေတာ သိတာပေါ့ ...
သူ့ကိုကြီးပုံစံကြည့်ရတာလည်း အရင်က အိမ်ငယ့်ကို တကယ်မချစ်ဘူးထင်ထာခဲ့ပေမယ့် ခုလိုပုံစံကြည့်တော့လည်း အိမ်ငယ့်ကိုကြည့်တဲ့ သူ့မျက်ဝန်းတွေကနေ ဝမ်း‌နည်းနေတဲ့ အရိပ်အယောင်တွေကို တွေ့နေရ၏ ...
အမြဲအလုပ်ရှုတ်နေတယ်ဆိုတဲ့သူက ဒီအထိတောင် လိုက်ခဲ့တယ်ဆိုတော့ အိမ်ငယ့်ကို တကယ်အဆုံးရှုံးမခံနိုင်လို့ဆိုတာ သိသာလှပါသည် ...

"နော် ... ချာတိတ် ကိုယ်စကားပြောပြီးတာနဲ့ ပြန်ပို့ပေးမယ်လို့ ကတိပေးပါတယ် ... ခဏလေး လိုက်ခဲ့ပေးပါနော် "

အိမ်ငယ်လည်းစုလဲ့ကို စစ်ကူတောင်းသလို လှည့်ကြည့်လိုက်တော့
စုလဲ့က လိုက်သွားဖို့ ခေါင်းငြိမ့်ပြနေ၏ ...

မလိုပြန်ရင်လည်း ခြံရှေ့မှာ စောင့်နေဦးမယ်ဆိုတဲ့ ကိုကြီးကြောင့် သူများအိမ်ရောက်နေတာမို့ မကောင်းတတ်တာကြောင့် စုလဲ့ကို ခြံတံခါးဖွင့်ခိုင်းကာ ထွက်ခဲ့လိုက်သည် ...

အိမ်ငယ်ထွက်ခဲ့တော့ ကိုကြီးက ပြုံးကာ ကားတံခါးကို ဖွင့်ပေးပြီး ...

"တက် ချာတိတ် ... "

"တကယ်ခဏလေးပဲနော် "

"အွန်းပါ ... ကိုယ်ချာတိတ်ကို ဘာမှ မလုပ်ပါဘူး "

"စုလဲ့ ငါခဏလိုက်သွားမယ်နော် "

"အေးအေး "

သူမကားပေါ်ရောက်တာနှင့် အေးအေးဆေးဆေး စကားပြောလို့ကောင်းမယ့် ဆိုင်တစ်ဆိုင်ကို ထွက်ခဲ့လိုက်သည် ...

အပိုင်း (၃၁) ဆက်ရန် ...
Author -Anna Lynn

Zawgyi
🦋မိန္းကေလးအခ်စ္ပါ🦋 အပိုင္း (၃၀)

"စုလဲ့ ... ညီမေလး ...အကို႔ကို အိမ္ငယ္နဲ႕ ေအာင္သြယ္ ေပးပါလို႔ပါေနာ္ "

လျပည့္က မနက္ကတည္းက စုလဲ့အဘြားတို႔အိမ္ေရာက္လာကာ အိမ္ငယ္နဲ႕ေအာင္သြယ္ေပးဖို႔ စုလဲ့ကို တတြတ္တြတ္ေျပာေန၏ ...

"မရဘူးလို႔ ... စုလဲ့ သူငယ္ခ်င္းေလးကိုေတာ့ အလြတ္ေပးပါအကိုရယ္  ... အလည္ေလးခဏလာတာကို ... အကို ပေလးခ်င္ရင္ တျခားေကာင္မေလးေတြကိုပဲ သြားပေလးေပါေနာ္ "

သူ႕အကိုအေၾကာင္း သိေနတဲ့ စုလဲ့ကလည္း လုံးဝျငင္းလႊတ္သည္ ...

"ဟာ ... ဒီတစ္ခါအတည္ ...လုံးဝပေလးတာမဟုတ္ဘူး ... အိမ္ငယ့္ကို တကယ္ေႂကြသြားတာလို႔ေနာ္ ... ညီမေလးကလည္း အကို႔ကို ေအာင္သြယ္ေပးေနာ္ ... ဘာလိုခ်င္လဲ ဖုန္းအသစ္လိုခ်င္လား လိုခ်င္တာကိုသာေျပာလိုက္ "

"ေတာ္ပါေနာ္ ... ဟိုတစ္ေန႕ကမွ ဖုန္းအသစ္လဲထားတာ "

"အဲ့ဒါဆိုလည္း တျခားလိုခ်င္တာရွိရင္ေျပာ ... အကို႔ကို အိမ္ငယ္ေလးနဲ႕ ေအာင္သြယ္ေပးပါကြာေနာ္ "

"ဟင္း ... ဘယ္ေလာက္ေအာင္သြယ္ေပးေပး အိမ္ငယ္က ကိုလျပည့္ကို ျပန္ႀကိဳက္မွာမဟုတ္ဘူး ... သူ႕မွာ သူအရမ္းခ်စ္ရတဲ့သူရွိတယ္ "

"ဟင္ ... နင္ေျပာေတာ့ သူ႕မွာကည္းစားမရွိဘူးဆို "

"အင္း သူတို႔က အခု ခဏ လြမ္းခြဲထားၾကတာ "

"ဟ ... လမ္းခြဲပါတယ္ဆို ခဏလမ္းခြဲတယ္ဆိုတာ ရွိလို႔လားဟ ...လမ္းခြဲမွေတာ့ ျပတ္ၿပီေပါ့ဟ ... နင္ငါနဲ႕ ေအာင္သြယ္မေပးခ်င္လို႔ သက္သက္ကပ္ေနတာမလား "

"မဟုတ္ပါဘူးဆို ... အိမ္ငယ္က သူ႕ကိုႀကီးကိုပဲ ခ်စ္တာ ကိုလျပည့္ႀကိဳးစားလည္း အလကားပဲ ... ၿဖိဳးမင္းသူကိုသိတယ္မလား ... သူဆို အိမ္ငယ္နဲ႕ဟိုးငယ္ငယ္တည္းက သူငယ္ခ်င္းေတြေနာက္ၿပီး ရင္ခုန္တတ္စအ႐ြယ္တည္းက အိမ္ငယ္ကိုခ်စ္လာတာ ... ဒါေပမယ့္ အိမ္ငယ္က လုံးဝျပန္မခ်စ္ဘူး သူ႕ကိုႀကီးတစ္ေယာက္တည္းကိုပဲ ခ်စ္တယ္ဆိုၿပီး ၿဖိဳးမင္းသူကို ခဏခဏ ျငင္းလႊတ္တာ ... အဲ့လိုလူကိုေတာင္ ျပန္မခ်စ္တာ ကိုလျပည့္ဆိုရင္ေတာ့ ေျပာမေနနဲ႕ "

"ငါက ဘာျဖစ္ေနလို႔လဲ"

"အဲ့ဒါေတာ့ ကိုယ့္ကိုယ္ကို သိေပါ့ "

"ေအာင္မာ ... ကိုယ့္အကိုကိုမ်ား ငါလုပ္လိုက္ရ ... ေအာင္မသြယ္ေပးခ်င္လည္းေန ငါ့ဟာငါ ႀကိဳးစားမယ္ "

"သေဘာပါရွင္ ... အျငင္းခံရမွ လာမေျပာနဲ႕ေနာ္ "

"ဟ ... လျပည့္ကို ျငင္းတဲ့ မိန္းကေလး လျပည့္ရာဇဝင္မွာ မရွိေသးဘူး "

"အာ ... အဲ့ဒါဆိုရင္ေတာ့ အိမ္ငယ့္ေၾကာင့္ လျပည့္ရာဇဝင္အသစ္ေတြေတာ့ တင္ကုန္ေတာ့မွာပဲ "

"တယ္ ... ဒီကေလးမကေတာ့ ငါထုလိုက္ရ ... ဘာမွလည္းအားမကိုးရဘူး "

လျပည့္က စုလဲ့ေခါင္းကို လက္သီးနဲ႕႐ြယ္ကာ အလိုမက်စြာ ထြက္သြားေတာ့၏ ...
သူေအာင္သြယ္မေပးေတာ့လည္း ဘာျဖစ္လဲ ... လျပည့္လိုက္ရင္ မရတဲ့ ေကာင္မေလးဆိုတာ မရွိဘူးေလ ...

............
ေဆး႐ုံက ခြင့္ရတာႏွင့္ အဆင္သင့္ျပင္ထားၿပီးသား အထည္သုံးေလးစုံေလာက္သာ ထည့္ထားတဲ့ အဝတ္အိတ္ကိုယူကာ အေမ့ကိုႏႈတ္ဆက္ၿပီး သူမရွိတဲ့ မိုးညွင္းကို ထူးျခား ကားေမာင္းထြက္ခဲ့လိုက္သည္ ...

သူမနဲ႕ေတြ႕ခ်င္လွၿပီမို႔ မနားပဲ ညလုံးေပါက္ေမာင္းခဲ့လိုက္တာေၾကာင့္ မနက္က်မိဳးညွင္းကို ေရာက္လာခဲ့ေတာ့သည္ ...

ေရာက္ေရာက္ခ်င္း အန္တီႏွင္းခက္ေပးလိုက္တဲ့ သူမရွိေနမယ့္အိမ္လိပ္စာအတိုင္းသြားကာ ထိုအနီးနားက တည္းခိုခန္းတစ္ခုမွာ ဝင္တည္းလိုက္သည္ ...
လူက တစ္ညလုံး ကားေမာင္းခဲ့ရတာမို႔ အရမ္းအိပ္ခ်င္ေနေပမယ့္ မအိပ္ပဲ ေရအရင္ခ်ိဳးကာ အက်ီလဲၿပီး သူမရွိတဲ့ အိမ္ကိုသြားလိုက္၏ ...

ၿခံေရွ႕မွာ ကားရပ္ၿပီး ဘဲလ္တီးလိုက္ေတာ့ အိမ္ထဲမွ အန္တီတစ္ေယာက္က ထြက္လာကာ ...

"ဘယ္သူနဲ႕ ေတြ႕ခ်င္လို႔လဲ "

"ဟို ... ဒီအိမ္ကို အလည္ေရာက္ေနတဲ့ ႏွင္းအိမ္ငယ္နဲ႕ ေတြ႕ခ်င္လို႔ပါဗ် "

"ဪ ...  ဘြားဘြားႀကီးရဲ႕ေျမးနဲ႕အတူပါလာတဲ့ သူငယ္ခ်င္းတယ္  ခဏေနာ္ ဘြားဘြားႀကီးကိုသြားေျပာေပးမယ္ "

"ဟုတ္ကဲ့ဗ် "

ထိုအန္တီႀကီး ထြက္သြားေတာ့ ထူးျခားၿခံထဲကို လွမ္းၾကည့္ကာ ေစာင့္ေနလိုက္သည္ ...
အခုလည္း သူမက သူ႕ကို ေတြ႕ဖို႔ျငင္းဆန္ေနဦးမွာလား ...

ခဏအၾကာ အိမ္ထဲမွ သူလြမ္းေနရတဲ့ ခ်ာတိတ္မေလးက အညိုေရာင္လက္တစ္လုံးဂါဝန္အရွည္ေလးဝတ္ထားကာ အလွႀကီးလွလ်က္ သူ႕ဆီလွမ္းလာခဲ့၏ ...
ဒီေကာင္မေလးကို သူမျမင္ရတာ ဘယ္ေလာက္ေတာင္ ၾကာေနခဲ့ၿပီလဲ ...
ေဘးမွာ သူမနဲ႕အတူ သူမသူငယ္ခ်င္းတစ္ေယာက္လည္း ပါေပမယ့္ ထူးျခားအၾကည့္ေတြကေတာ့ သူမတစ္ေယာက္တည္းကိုသာ ဦးတည္လ်က္ ၿပဳံးၿပဳံးႀကီး ေငးၾကည့္ေန၏ ...

အိမ္ငယ္က ထူးျခားအနားကိုေရာက္ေတာ့ ခပ္တည္တည္မ်က္ႏွာထားေလးႏွင့္ ...

"ကိုႀကီး ဘာကိစၥရွိလို႔လဲ "

"ကိုယ္ခ်ာတိတ္ကိုေတြ႕ၿပီး ေတာင္းပန္ခ်င္လို႔ပါ "

"ဘာေတာင္းပန္စရာရွိေသးလို႔လဲ ... အိမ္ငယ္တို႔က လမ္းခြဲၿပီးၾကၿပီပဲေလ ..."

"ကိုယ္မွလက္မခံတာ ... ကိုယ္ခ်ာတိတ္ကိုအရမ္းခ်စ္တယ္ လုံးဝအဆုံးရႈံးမခံနိုင္ဘူး ...ကိုယ့္ကိုျပန္လက္ခံေပးပါေနာ္ ..."

"အိမ္ငယ္ကေတာ့ ကိုႀကီးရဲ႕ အသိညီမေလးအျဖစ္ပဲ ေနခ်င္ေတာ့တယ္ ... အခု သူမ်ားအိမ္ကိုေရာက္ေနတာ ခုလိုေနေနတာမေကာင္းဘူး  ကိုႀကီးျပန္ပါေတာ့ "

"ကိုယ့္ကို မႏွင္ပါနဲ႕ ခ်ာတိတ္ရယ္ ... ကိုယ္ခ်ာတိတ္နဲ႕ေတြ႕ခ်င္လြန္းလို႔ ဒီအထိလိုက္ခဲ့ရတာ ... ကိုယ့္ကိုစကားေျပာခြင့္ေလေတာ့ ေပးပါကြာေနာ္ "

"အိမ္ငယ္မွာ ဘာမွ ေျပာစရာမရွိဘူး "

"ကိုယ့္မွာရွိတယ္ေလ ...ကိုယ္တို႔ တစ္ေနရာရာမွာ စကားသြားေျပာၾကရေအာင္ေနာ္ "

"အိမ္ငယ္ဘာမွနားမေထာင္ခ်င္ေတာ့ဘူး "

"ခ်ာတိတ္ ကိုယ္ေျပာတဲ့စကားနားမေထာင္ေပးဘူးဆို ကိုယ္ဒီၿခံေရွ႕ကေန တစ္ဖဝါးမွမခြာပဲ ေစာင့္ေနမွာ ... ခ်ာတိတ္ လက္မခံမခ်င္းေပါ့ "

ဒီမွာမွ သူမနဲ႕စကားေျပာခြင့္မရရင္ ေနာက္ထပ္အခြင့္အေရးဆိုတာ ရွိေတာ့မွာ မဟုတ္တာေၾကာင့္ သူကေလးဆန္ကာ ေပကပ္ကပ္လုပ္လိုက္သည္ ...

"ကိုႀကီး အိမ္ငယ့္ကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႕ "

"အဲ့ဒါဆို ခ်ာတိတ္ကိုယ့္ေနာက္ ခဏလိုက္ခဲ့ေပးေလ ... ၿပီးရင္ ကိုယ္ျပန္လိုက္ပို႔ေပးမယ္ "

"လိုက္သြားလိုက္ပါ အိမ္ငယ္ရယ္ သူလည္း ေျပာစရာရွိလို႔ေနမွာေပါ့ "

သူတို႔ႏွစ္ေယာက္ကိုၾကည့္ကာ ေဘးက စုလဲ့က မေနနိုင္ေတာ့အဲ ဝင္ေျပာလိုက္သည္ ...
အိမ္ငယ္ကလည္း မခ်စ္တာလည္းမဟုတ္ပဲ တင္းခံေနတာ သိတာေပါ့ ...
သူ႕ကိုႀကီးပုံစံၾကည့္ရတာလည္း အရင္က အိမ္ငယ့္ကို တကယ္မခ်စ္ဘူးထင္ထာခဲ့ေပမယ့္ ခုလိုပုံစံၾကည့္ေတာ့လည္း အိမ္ငယ့္ကိုၾကည့္တဲ့ သူ႕မ်က္ဝန္းေတြကေန ဝမ္း‌နည္းေနတဲ့ အရိပ္အေယာင္ေတြကို ေတြ႕ေနရ၏ ...
အၿမဲအလုပ္ရႈတ္ေနတယ္ဆိုတဲ့သူက ဒီအထိေတာင္ လိုက္ခဲ့တယ္ဆိုေတာ့ အိမ္ငယ့္ကို တကယ္အဆုံးရႈံးမခံနိုင္လို႔ဆိုတာ သိသာလွပါသည္ ...

"ေနာ္ ... ခ်ာတိတ္ ကိုယ္စကားေျပာၿပီးတာနဲ႕ ျပန္ပို႔ေပးမယ္လို႔ ကတိေပးပါတယ္ ... ခဏေလး လိုက္ခဲ့ေပးပါေနာ္ "

အိမ္ငယ္လည္းစုလဲ့ကို စစ္ကူေတာင္းသလို လွည့္ၾကည့္လိုက္ေတာ့
စုလဲ့က လိုက္သြားဖို႔ ေခါင္းၿငိမ့္ျပေန၏ ...

မလိုျပန္ရင္လည္း ၿခံေရွ႕မွာ ေစာင့္ေနဦးမယ္ဆိုတဲ့ ကိုႀကီးေၾကာင့္ သူမ်ားအိမ္ေရာက္ေနတာမို႔ မေကာင္းတတ္တာေၾကာင့္ စုလဲ့ကို ၿခံတံခါးဖြင့္ခိုင္းကာ ထြက္ခဲ့လိုက္သည္ ...

အိမ္ငယ္ထြက္ခဲ့ေတာ့ ကိုႀကီးက ၿပဳံးကာ ကားတံခါးကို ဖြင့္ေပးၿပီး ...

"တက္ ခ်ာတိတ္ ... "

"တကယ္ခဏေလးပဲေနာ္ "

"အြန္းပါ ... ကိုယ္ခ်ာတိတ္ကို ဘာမွ မလုပ္ပါဘူး "

"စုလဲ့ ငါခဏလိုက္သြားမယ္ေနာ္ "

"ေအးေအး "

သူမကားေပၚေရာက္တာႏွင့္ ေအးေအးေဆးေဆး စကားေျပာလို႔ေကာင္းမယ့္ ဆိုင္တစ္ဆိုင္ကို ထြက္ခဲ့လိုက္သည္ ...

အပိုင္း (၃၁) ဆက္ရန္ ...
Author -Anna Lynn

Comment