Part 16
Ringtone 🔔
Ringtone 🔔
Ringtone 🔔
ဒါဒါရေချိုးနေတုန်း ဖုန်းလာတာ၃ခါရှိပြီမို့ bathrobe ဝတ်ပြီး အမြန်ထွက်ကြည့်တော့ သူမရဲ့ ချစ်လှစွာသော စိုင်း..
ဒါဒါလဲ ဖုန်းပြောရင် ကြာမှာစိုးလို့ ဖုန်းမကိုင်သေးဘဲ အသံပိတ်ကာ ရေပြန်ချိုးနေလိုက်သည်။ ရေချိုးပြီး အဝါဖျော့ရောင် ညဝတ်အင်္ကျီလေး အမြန်ဝတ်ပြီး ဖုန်းပြန်ဆက်ဖို့ကြည့်လိုက်တော့ ဒါဒါတစ်ယောက် မျက်လုံးပြူးသွားရပါတော့သည်။ အကြောင်းမှာ...
Dar Dar's mind (ဘုရား ဘုရား.. missed call 50)
ဘယ်သူလဲဝင်ကြည့်တော့ သူမပိုပြီးမှင်သက်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ မကြာသေးခင်က သူ့ကိုဖွင့်ပြောထားတဲ့ စိုင်းဖြစ်နေတာကြောင့်ပင်။ ဒါဒါပြန်ခေါ်ဖို့အလုပ် သူ့ဆီကဖုန်း‌ဝင်လာတာနဲ့ ကိုင်လိုက်တော့ သူကပဲစပြီး
🤴"Hello မမ ဘာလုပ်နေတာလဲ‌ဗျာ တခုခုဖြစ်လို့လား စိတ်ပူလိုက်ရတာ ခုကော ဘာလုပ်နေလဲ blah blah...."
စိုင်းရဲ့ မဆက်မပြတ် မေးခွန်းများကြောင့် ဒါဒါ့မှာ ဘာပြန်ဖြေရမှန်းတောင်မသိတော့လောက်အောင်ပင်
👸"နေပါဦး စိုင်းရယ် ဖြည်းဖြည်းပြောပါ ဒါဒါခုနက ရေချိုးနေတာ ပြီးတော့ ဖုန်းသံပိတ်ထားမိလို့ မကြားလို့ ခုမှဖုန်းကိုင်တော့ တွေ့လို့ပြန်ဆက်မယ်လုပ်နေတာ စိုင်းဆက်လာတာနဲ့တိုးလို့ ဘာမှလဲမဖြစ်ဘူး အပိုတွေပြောမနေနဲ့"
🤴" 'မ'ကလဲ ကျွန်တော်အပိုပြောနေတာမဟုတ်ပါဘူးဗျာ.. တကယ်စိတ်ပူသွားတာ 'မ'က ဒါတွေဘယ်သိမလဲ ကျွန်တော်ကချစ်နေရသူဆိုတော့ ဒီလိုခံစားချက်မျိုးတွေ ဖြစ်တယ်ဗျ"
ဒါဒါက ရှင်းပြပြီးဒီတိုင်းလေးပြောလိုက်တာကိုတောင် သူကရအောင်ချွဲလိုက်သေးသည်။
Dar Dar's mind (စိုင်းရေ... ဒါဒါဆိုတဲ့ ဒီအပျိုကြီးကို ဒီလောက်ပဲ ချွဲပါရှင်... ဒီကလဲ ချစ်မိနေတဲ့သူမို့ ကြာရင် အဖြေပေးမိတော့မယ် တကယ်ပဲ)
ဒါဒါလဲ စိုင်း‌ရဲ့ပြောစကားများကို နှာခေါင်းရှုံ့ကာ မျက်စောင်းလေးထိုးပြီး စိတ်ထဲကနေပြောနေလိုက်သည်။ ဒါကိုတော့ သူသိမည်မထင်။
👸"အဲ့သဘောနဲ့မပြောပါဘူး ဒီတိုင်းပြောလိုက်တာပါ ခုဆက်တာဘာကိတ်"
🤴" 'မ'ကိုပြောစရာရှိလို့"
👸"အင်းပြောလေ"
🤴" 'မ'တို့ ကျောင်းဘယ်တော့ပိတ်မှာလဲ"
👸"အဲ့တာများ မိုးကိုမေးလဲရတာကို"
ဒါဒါတမင်မေးလိုက်တာပါ။ သူနဲ့ဖုန်းပြောချင်လို့ မေးတာ ဒါဒါသိတာပေါ့။
🤴" 'မ'ကိုလဲပြောစရာရှိသေးလို့ပါ"
👸"နောက်လ၁၀ရက်နေ့"
🤴"တစ်လတောင်လိုသေးတာပေါ့နော်"
👸"အင်းပေါ့ ဘာလုပ်မို့လဲ"
🤴"ကျောင်းပိတ်ရင်... ဘာမဟုတ်တော့ဘူး ကျောင်းပိတ်တော့မှ ပြောတော့မယ်"
👸"အဲ့လိုမျိုးပြောရင် တကယ်မုန်းတာနော်"
🤴"မုန်းတော့မမုန်းပါနဲ့ 'မ'ရယ်... ဟိုလေ.. နွေရာသီကျောင်းပိတ်ရင် 'မ'နဲ့ dateချင်လို့"
👸"ခုကဘာလို့လဲ သန်ဘက်ခါဆိုလဲ ကျောင်းပိတ်တယ်လေ"
🤴"အဲ့လိုမဟုတ်ဘူးလေ 'မ'ရဲ့ ကျွန်တော်က Trip လေးထွက်ချင်လို့"
👸"နှစ်ယောက်ထဲ Trip ထွက်တာကို ဘယ်လိုစိတ်မျိုးနဲ့ စိတ်ချလက်ချလိုက်ရမှာလဲ ပြီးတော့ စိုင်းနဲ့ဒါဒါနဲ့က ချစ်သူမဟုတ်သေးဘူးနော် အဆင့်မကျော်ပါနဲ့"
🤴"ဟို ကျွန်တော်က အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး ဟို မိုးနဲ့မာန်လဲ ပါမှာပါ ကျွန်တော်တို့၄ယောက် တူတူသွားမယ်လေ ကျန်တဲ့သူတွေကငြင်းမှာမဟုတ်ဘူး မလိုက်ဘူး‌ဆိုလဲ အတင်းခေါ်လို့ရတယ် 'မ'ကတော့ 'မ'သဘောမို့ မေးတာပါ 'မ'မလိုက်ရင် ကျွန်တော်Tripမထွက်ပါဘူး"
👸"Trip ထွက်တာမထွက်တာက ဘာလို့ ဒါဒါ့သဘောထားနဲ့ ဆိုင်ရတာလဲ ဒါဒါမပါလဲ သွားလို့ရတာပဲ ဒါဒါ့ကို အမှုပတ်အောင် တမင်မလုပ်ပါနဲ့"
🤴"အဲ့လိုမဟုတ်ပါဘူးဗျာ.. 'မ'ကလဲ ကျွန်တော်က 'မ'သဘောထားကို ‌အလေးထားလို့ ‌မေးတာပါ ပြီးတော့ 'မ'ဆီက လိုက်မယ်မလိုက်ဘူးသိရမှ သူတို့ကိုပြောမှာပါ"
Dar Dar's mind (ဟင်.. ငါရစ်နေတာကို သူမသိတာလား ဒါမှမဟုတ် သိရက်နဲ့ ရှင်းပြနေတာလား တော်ပါပြီ သနားပါတယ် ဆက်မရစ်တော့ပါဘူးလေ)
👸"အင်း လိုက်မယ်လေ အများဆုံး၂ညအိပ် ၃ရက်ခရီးပဲရမှာနော်"
🤴"ဟုတ်ကဲ့ဗျ Tripကိုလိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါဆို ဒီညပဲ မိုးတို့ကိုပြောလိုက်တော့မယ်နော်"
👸"အင်း ပြောလိုက်လေ"
SZM's mind (ဟူး... တော်ပါသေးရဲ့ ငါအဖြေကောင်းလို့ မဟုတ်ရင်တော့ ငါဖုန်းblockခံရတော့မှာထင်တယ် 'မ'ရစ်တာလေးက ချစ်ဖို့ကောင်းလိုက်တာ ငစိုင်းရေ... မင်းတော့ ရစ်သမျှဖြေရှင်းပေဦးတော့)
၂ယောက်သား အနည်းငယ်တိတ်ဆိတ်သွားပြီးမှ ဒါဒါက
👸"အဲ့တာဆိုလဲ ဖုန်းချလိုက်တော့မယ်နော် အလုပ်လက်ခံထားတာလေးတွေ လက်စသတ်ရဦးမှာမို့"
🤴"ဟုတ်ကဲ့ဗျ Good nightပါ စောစောအိပ်နော် အိပ်မက်လှလှမက်ပါစေ"
👸"Good night ပါရှင့်"
ဒါဒါလဲ အလုပ်လက်စသတ်ဖို့ စာကြည့်ခန်းကို ဝင်လိုက်တော့တယ်။
စိုင်းလဲ 'မ'နဲ့စကားပြောပြီးမှ ရေချိုးကာ ညအိပ်ဝတ်စုံဝတ်ပြီး မနက်ဖြန် meeting မှာပြဖို့ project ကိုလုပ်တော့သည်။
— — — — —
ဒါဒါ ဒီနေ့တော့ ကျောင်းမှာ နောက်ဆုံးနှစ်ကလေးတွေရဲ့ နှုတ်ဆက်ပွဲရှိတာကြောင့် ပုံမှန်ထက်ပိုကာ အလှပြင်ထားလေသည်။ ပိုပြင်ထားသည်ဆိုရအောင်လဲ ဘာအပြစ်အနာဆာမှ မရှိတဲ့ မျက်နှာလေးပေါ်မှာ eye shadow လေးကို orange လေးချယ်ကာ Orange lipstick လေးဆိုးပြီး ပါးနီလေးခပ်ပါးပါးချယ်ထားတာပင်ဖြစ်သည်။ eye liner လေး အနည်းငယ်ဆွဲထားတာကြောင့် ဒါဒါ့ရဲ့ သမင်မျက်လုံးလေးပိုပေါ်ကာ အတော်ပင်လှနေတော့သည်။
ဒီနေ့ကျောင်းမှာပွဲရှိတာကြောင့် မိုးကားနဲ့တူတူ သွားမှာဖြစ်တယ်။ ဆိုင်ကယ်နဲ့ဆိုလျှင် ပြင်ဆင်လာသော အလှများပျက်ကာ ဆံပင်များ လွင့်ကာ ထိုးထိုးထောင်ထောင်ဖြစ်နေမှာစိုးသောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်မှာစိုးသည့် အကြောင်းမှာ ဆရာမတွေထဲမှာ ငယ်ပြီးလှကာအသံနေ အသံထားနှင့် ပြောတတ်သော ဒါဒါနှင့်မိုးကို Presenter လုပ်ရမည်ဟု ပြောထားတာကြောင့်ဖြစ်သည်။
ဒါဒါအလှပြင်ပြီး uniform ဝတ်ပြီးသည်နှင့် မိုးဆီကဖုန်းဝင်လာလေသည်။
🌧️"Hello မမ မိုးအိမ်အောက်ရောက်နေပြီ"
👸"ဪ.. အေးအေး လာပြီ"
ဒါဒါလဲဆင်းပြီး တီစုကိုနှုတ်ဆက်ကာ စောင့်နေတဲ့မိုးကားဆီသွားပြီး ကားပေါ်တက်လိုက်သည်။
👸"Sorry မိုးရေ.. မမကိုစောင့်နေတာ အားနာလိုက်တာ အဆင်သင့်လုပ်ရမှာကို"
🌧️"ရပါတယ် မမရယ်.. ပြောစရာလူတွေမှမဟုတ်တာ မိုးလာတာလဲ နည်းနည်းစောလို့ပါ"
👸"ဟုတ်လား အင်းပါ ဒါနဲ့ ဒီနေ့မိုးအရမ်းလှနေတယ်နော်"
🌧️"အမယ် မမကပိုလှတာပါ စိုင်းကအဲ့တာကြောင့်ကြွေတာထင်တယ် ဟိ"
👸"မိုး စကားပြောရင် သူ့အကြောင်းမပါလို့မပြီးဘူးလား ပြီးတော့ ဟိုနေ့ကလဲ Junction city မှာ တစ်ယောက်ထဲချန်ခဲ့တာ ပြီးတော့ စိုင်းရောက် လာတာပဲ ဒါတမင်ချိန်ထားတာမလား"
🌧️"မမ မိုးကိုစိတ်မဆိုးပါနဲ့နော် မိုးကလေ မမကိုစိုင်းနဲ့ သဘောတူလို့ပါ သူကလေ နည်းနည်းလေးover လုပ်တတ်တာကလွဲရင် အကုန်အဆင်ပြေပါတယ်။ ပြီးတော့ သူoverလုပ်တာက မိုးတို့အမြင်လေ သူကတော့ သူ့စိတ်ထဲရှိတဲ့အတိုင်းလုပ်တဲ့ပုံပဲ"
👸"အမလေး မိုးရယ်.. ကိုယ့်သူငယ်ချင်းကို marketing ဆင်းပေးနေတာလား အတော်ညွှန်းတယ်နော်"
🌧️"မဟုတ်ပါဘူး မမရယ်.. မိုးကတကယ်ပြောနေတာပါ သူကတကယ်လူကောင်းပါ ပြီးတော့ သူကမမအပေါ်ကိုလဲ တကယ်ချစ်မယ့်ပုံပါ ပြီးတော့ သူကခုထိ ရည်းစားတစ်ယောက်ပဲ ထားဖူးတာ အဲ့ကောင်မလေးတုန်းကဆိုလဲ အရမ်းချစ်တာ ဘေးကလူတွေအသေအားကျနေရ..."
မိုးလဲပြောရင်းနဲ့ စကားလွန်သွားမှန်းသိတာမို့ ချက်ချင်း
🌧️"ဟိုလေမမ မိုးပြောချင်တာကလေ သူက တကယ်မချစ်ဘဲ ရည်းစားစကားမပြောဘူး‌လို့ ပြီးတော့ သူကမမကိုတကယ်ချစ်တာပါ သေချာလေးစဉ်းစားပြီး အဖြေကောင်းလေးတစ်ခု ပေးလိုက်ပါမမရယ်.. နော်"
👸"အင်းပါ မမလဲ မကြာခင်အဖြေပေးဖို့စဉ်းစားနေပါတယ်"
🌧️"ဒါနဲ့ မိုးတို့ကျောင်းပိတ်ရင် Tripသွားမှာ သိပြီးပြီလား"
👸"အင်း သိတယ် မိုးရဲ့ သူပြောတာတော့ မမလိုက်မယ်ဆိုမှ မိုးတို့‌ကိုပြောမယ်လို့တော့ပြော‌တယ်"
🌧️"ဟုတ်တယ် မိုးကိုသူပြောတယ် မိုးမေ့သွားတာ ဘယ်သွားမလဲမသိဘူးနော် မမကဘယ်သွားချင်လဲ"
👸"ရပါတယ် မမကဘယ်ဖြစ်ဖြစ်အဆင်ပြေပါတယ် မိုးတို့သွားချင်တဲ့နေရာသွားပေါ့"
🌧️"မဟုတ်ဘူးလေ မမသာရွေးချယ်ခွင့်ရှိမယ်ဆို ဘယ်သွားချင်လဲလို့"
👸"အင်... ပုဂံကိုသွားချင်တယ်"
🌧️"ဟုတ်တယ်နော် မိုးလဲ မမပြောမှသတိရတော့တယ် မိုးလဲအဲ့ကိုသွားချင်တာ ဟီး"
တကယ်တော့ မိုးကို စိုင်းက သူ့'မ'သွားချင်တဲ့နေရာကို သိအောင်လုပ်ခဲ့နိုင်ရင် မာလာရှမ်းကောနဲ့ Thai tea တိုက်မယ်ဆိုလို့ မိုးကလဲ စားချင်သောက်ချင်လို့တော့မဟုတ်ပါဘူး ရှားရှားပါးပါးကျွေးတတ်တဲ့ စိုင်းကျွေးတာကို တမင်စားချင်ရုံပါ။
— — — — —
ဒါဒါတို့လဲ စကားပြောရင်းနဲ့ Uniကိုရောက်မှန်းမသိရောက်လာကြတယ်။ ရောက်တော့ စောနေသေးတာနဲ့ နားနေခန်းထဲမှာ မိတ်ကပ်နည်းနည်းပြင်ပြီး ကျောင်းကဆရာမတွေနဲ့ စကားလက်ဆုံ ကျနေလိုက်သည်။ ပြီးတာနဲ့ အခမ်းနားစဖို့ လူစုရတော့မှာကြောင့် Assembly Hallခန်းထဲကို သွားလိုက်သည်။
👸"အားလုံးပဲရှင့် မကြာခင်.. အခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက် Assembly Hallခန်းထဲသို့ ကြွရောက်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှင့်"
🌧️"အားလုံးပဲရှင့် မကြာခင်.. အခမ်းအနားစတင်တော့မှာဖြစ်တဲ့အတွက် Assembly Hallခန်းထဲသို့ ကြွရောက်ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါတယ်ရှင့်"
Hallခန်းထဲတွင် ၉နာရီထိုးတော့ လူအတော်စုံနေတာနဲ့
👸"YTUကျောင်းရဲ့ နောက်ဆုံးနှစ် 6 B.E များ၏ Major ပေါင်းစုံမှ ကျောင်းသူကျောင်းသားများအားလုံး၏ နှုတ်ဆက်ပွဲစတင်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါတယ်ရှင့်"
ဖြောင်း...ဖြောင်း... ဖြောင်း...👏👏👏
အခမ်းနားတွင် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ မေဂျာအသီးသီး၏ ဌာနမှူးများ နှုတ်ဆက်အမှာစကားပြောကြားပြီးချိန်တွင် ဒါဒါတို့နောက်ထပ်အစီစဉ်တစ်ခုကို ဆက်လက်ကြေညာပါတော့သည်။
👸"ဒီနေ့ အထူးအစီစဉ်တစ်ခု ရှိပါတယ်တဲ့ရှင် အခုပေါ့နော် တီချယ်သျှင်လေးဆီမှာ စာအိတ်လေးတစ်အိတ်ရှိပါတယ် ဘာလေးလဲ‌‌ဆိုတာ အားလုံးပဲ သိချင်နေကြပြီလားရှင့်"
(ကျောင်းသားကျောင်းသူတွေကတီချယ်သျှင်လေးလို့ခေါ်တာပါနော်)
👥"သိချင်ပါတယ်... ပြောပြပါတော့ တီချယ်သျှင်လေး တီချယ်.. သိချင်နေပါပြီ"
👸"အဲ့ဒီ surprise ကတော့......."
👥"ဟာ.... တီချယ့် ပြော‌ပြ‌ပါတော့လို့... တီချယ်သျှင်လေး..."
👸"ခုတလော အရမ်းceleဖြစ်နေတဲ့...."
👥"တီချယ်.. ပြောပါတော့.."
👸"ခနလေး နာမည်က ဟိုဘက်မှာ"
👥"ဟာ... တီချယ် မြန်မြန် ပါလိ.. တီချယ်သျှင်လေး ဒုန်း ဒုန်း ဒုန်း"
ဒါဒါလဲ ဟိုဘက်စာမျက်နှာက နာမည်ကိုကြည့်လိုက်တော့ မျက်လုံးများပြူးသည်အထိ အံ့ဩသွားရတော့သည်။ ထိုသူမှာ...
{ပျိုနည်းနည်းလေးအကျင့်ပုတ်မယ်နော် ဘယ်သူလို့ထင်လဲ ဖြေပေးခဲ့}
— — — — —
ပထမဆုံးficလေးမို့သည်းခံပြီးဖတ်ပေးကြပါလို့
ပေါ့ပေါ့ပါးပါးနဲ့ ro‌တာများမှာမို့ ဒီ ficလေးကိုစိတ်ဝင်စားတယ်ဆိုရင် အဆက်မပြတ်အောင် update တင်ပေးမှာမို့ စောင့်ပြီး အားပေးကြပါဦးလို့ Love you all 🙆
4.11.2022
NuPyoNge24
Ringtone 🔔
Ringtone 🔔
Ringtone 🔔
🤴" 'မ'ကိုပြောစရာရှိလို့"
👸"အင်းပြောလေ"
👸"နောက်လ၁၀ရက်နေ့"
🤴"ဟို ကျွန်တော်က အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး ဟို မိုးနဲ့မာန်လဲ ပါမှာပါ ကျွန်တော်တို့၎ယောက် တူတူသွားမယ်လေ ကျန်တဲ့သူတွေကငြင်းမှာမဟုတ်ဘူး မလိုက်ဘူး‌ဆိုလဲ အတင်းခေါ်လို့ရတယ် 'မ'ကတော့ 'မ'သဘောမို့ မေးတာပါ 'မ'မလိုက်ရင် ကျွန်တော်Tripမထွက်ပါဘူး"
👸"အင်း ပြောလိုက်လေ"
👸"Good night ပါရှင့်"
— — — — —
👸"ဪ.. အေးအေး လာပြီ"
— — — — —
👸"အဲ့ဒီ surprise ကတော့......."
👥"တီချယ်.. ပြောပါတော့.."
— — — — —
4.11.2022
NuPyoNge24
Comment